Monday, June 22, 2015

တစ်ရက်တွင် အကျိုးကုသိုလ်ပေါင်း ၂၅ဝဝ အာခိရသ်အတွက် စုဆောင်းနည်း

(၁) နမားဇ်ငါးကြိမ်ပြီးတိုင်း    سبحان الله   ၁ဝ ကြိမ်၊ الحمدلله  ၁ဝ ကြိမ် နှင့် الله اكبر ၁ဝ ကြိမ်ကို ရွတ်ဆိုပါ။
ဤသည်မှာ လောကီ၏ အရေအတွက်အရ နမားဇ်ငါးကြိမ်ပေါင်းလျှင် ၁၅ဝ ဖြစ်သည်။ အာခိရသ်၏ အရေအတွက်၌ ကောင်းမှုတစ်ခုအစားသည် ဆယ်ဆဖြစ်၍ စုစုပေါင်း ၁၅ဝဝ ဖြစ်မည်။

(၂) အိပ်စက်ရန် အိပ်ယာပေါ်သို့ရောက်သည့်အခါ  سبحان الله ၃၃ ကြိမ်၊ الحمدلله ၃၃ ကြိမ် နှင့်  الله اكبر ၃၄ ကြိမ် (စုစုပေါင်း အကြိမ် ၁ဝဝ) ကို ရွတ်ဆိုပါ။
နှုတ်လျှာတွင်  အကြိမ် တစ်ရာသာ ရွတ်ဆိုရ၍ စဝါးဗ်အရ အာခိရသ်၌ တစ်ထောင်ရမည်။ တစ်နေ့တာအတွက် စုစုပေါင်း ၂၅ဝဝ ရရှိမည်။
မုစလ်မာန်တစ်ဦးအနေဖြင့် ထိုကျင့်ဆောက်တည်မှု စွဲမြဲစွာ ပြုကျင့်သွားပါက ကိယာမသ်နေ့၌ ကောင်းမှု၊ မကောင်းမှုတို့ကို ချိန်တွယ်သည့်အခါ ကောင်းမှုက သာပို၍အလေးသာနေမည် ဖြစ်ပေသည်။

{သုဟ်ဖာအေခဝါသီးန် မှ ကောက်နှုတ်သည်}

~အလ်မုဖီးဒ်~
ရမ်ဇာန်/ ၅/ ယောင်မုစ်စလာစားအ်/ ဟစ်ဂ်ျရီ ၁၄၃၆

Saturday, June 20, 2015

ဖတ်ရှုမှတ်သားဖွယ်ရာများ

ရိုဇာနှင့်သက်ဆိုင်သည့် ဖသာဝါအမေးအဖြေများ အပါအဝင် အခြားသော အကြောင်းအရာများစွာကို တင်ဆက်ပေးထားသည်။ မိမိဖတ်လိုသည့်အကြောင်းအရာ၏ လင့်ကို တစ်ချက်နှိပ်လိုက်ရုံဖြင့် လွယ်ကူစွာ ဖတ်ရှုမှတ်သားနိုင်ပါသည်။

*** ရိုဇာဟ် ***
ရိုဇာနှင့်သက်ဆိုင်သည့် မတ်စ်အလဟ်များနှင့် အမေးအဖြေများ

ရိုဇာထားသည့်အချိန် ဆေးထိုးခွင့် ပြုရခြင်းအကြောင်း

ရမ်ဇန်လမြတ်အတွင်း ရိုဇာမထားဘဲ နေခွင့်ရှိသူများ

ရိုဇာလည်းမပျက် မက္ကရူဟ်လည်းမဖြစ်သော အချက်များ

ဟုဂ်ျဂျသုလ်အစ္စလာမ် ဟဇရသ်မော်လာနာ ကာစင်မ် နာနောင်သဝီသခင်၏ ရမ်ဇာန်လမြတ်

ဟာဂျီ အင်မ်ဒါဒွလ်လာဟ်သခင်၏ ရမ်ဇာန်လမြတ်

ဟဇရသ်မော်လာနာ အိလ်ယားစ်သခင်၏ ရမ်ဇန်ကုန်ဆုံးပုံ

ဟဇရသ်မော်လာနာ အရှ်ရဖ်အလီထာနဝီသခင်၏ ရမ်ဇန်ကုန်ဆုံးပုံ

ဟဇရသ်မော်လာနာ အရှ်ရဖ်အလီထာနဝီသခင်၏ ရမ်ဇန်ကုန်ဆုံးပုံ (၂)
http://aaitee.blogspot.com/2014/07/blog-post_8960.html

ရမ်ဇာန်လနှင့် ရိုဇာ၏ ထူးမြတ်မှုများ
http://aaitee.blogspot.com/2014/06/blog-post_165.html

အစ္စလာမ်သာသနာတော်နှင့် ဆွိယာမ်ဥပုသ်သီလ ဆောက်တည်ခြင်းအကြောင်း

ကဒရ်ညမြတ်
http://aaitee.blogspot.com/2013/07/blog-post_29.html
ကဒရ်ညမြတ်ဆိုင်ရာ မတ်စ်အလဟ် ဓမ္မသတ်များ

ဖိသ်ရာပေးဆောင်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ
ဖိသ်ရာအကြောင်း

အီးဒ်နမားဇ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ
အီးဒ်နေ့ဆိုင်ရာ ဓမ္မသတ်များ

သရာဝီနမားဇ် တစ်ရက်ခြင်း၏ ထူးမြတ်မှုများ

*** ဟဂ်ျ အုမ္မရာနှင့် သက်ဆိုင်သော ဓမ္မသတ်များ ***
ဟဂ်ျခရီးတွင် လိုက်နာရမည့် စည်းကမ်းများ

ဟဂ်ျပြုလုပ်စဉ် ထားရှိရမည့် စိတ်ထား

အုမ္မရာအကြောင်း

ဟဂ်ျပြုလုပ်နည်း အကျဉ်းချုပ်

အမျိုးသမီးများ ဟဂ်ျပြုလုပ်ရာတွင် သတိပြုရမည့် အချက်များ

အမျိုးသမီးတို့၏ ဟဂ်ျခရီးစဉ်အတွက် အရေးကြီးလှသော မတ်စ်အလဟ်များ

ဟဂ်ျခရီးစဉ်အတွက် အရေးကြီးသော မှာတမ်းမှုတစ်ရပ်

ဟဂ်ျပြုခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ

ဟဂ်ျဂျေသမသ်သုအ် ပြုလုပ်နည်း

*** နမားဇ်အကြောင်း ***
အရေးအကြီးဆုံးသော နမားဇ်

နမားဇ်ကဇွာဖြည့်ခြင်းဆိုင်ရာ ပညတ်ချက်များ

အမျိုးသမီးများ နမားဇ်ဖတ်ရာတွင် သတိပြုရမည့်အချက်များ



နမားဇ်၌ ရကအသ်များ မေ့သွားလျှင်
http://aaitee.blogspot.com/2015/06/blog-post_5.html

ဆွလာသွသ်သစ်ဗီးဟ်
http://aaitee.blogspot.com/2015/06/blog-post_90.html

*** ဝုဇူ ***
အစ္စလာမ့်၏ ဝုဇူ
http://aaitee.blogspot.com/2015/05/blog-post_60.html
ဝုဇူဒုအာများ
http://aaitee.blogspot.com/2014/08/blog-post_16.html

*** သယမုမ် ***
http://aaitee.blogspot.com/2014/05/blog-post_15.html
သယမုမ်၏ ပညတ်ချက်
http://aaitee.blogspot.com/2014/06/blog-post.html (၁)
http://aaitee.blogspot.com/2014/06/blog-post_12.html (၂)
http://aaitee.blogspot.com/2014/06/blog-post_7580.html (၃)

*** အစ္စလာမ့်ပညာရေး ***
http://aaitee.blogspot.com/2015/03/blog-post_15.html
ဆွဟာဗာတို့၏ ပညာပို့ချရာ ဌာနများ
http://aaitee.blogspot.com/2015/03/blog-post_37.html
ပညာသင်ရန် အထူးလိုအပ်ခြင်း
http://aaitee.blogspot.com/2015/03/blog-post_21.html
ပညာရှိနှင့် ပညာမဲ့ ခြားနားမှု
http://aaitee.blogspot.com/2015/03/blog-post_83.html
အစ္စလာမ့်ပညာ သင်ယူခြင်း၏ အကျိုးရလဒ်
http://aaitee.blogspot.com/2015/03/blog-post_96.html
ပညာမဲ့သည် အမြဲ စိုးရိမ်နေရ၏
http://aaitee.blogspot.com/2015/03/blog-post_22.html
ပညာရှာဖွေသော လူတန်းစား လေးမျိုး
http://aaitee.blogspot.com/2015/04/blog-post.html
အကျိုးပြုပညာ
http://aaitee.blogspot.com/2015/04/blog-post_11.html
အဆိုးဝါးဆုံးနှင့် အကျိုးမဲ့ပညာ
http://aaitee.blogspot.com/2015/04/blog-post_94.html (၁)
http://aaitee.blogspot.com/2015/05/blog-post_14.html (၂)
အကျိုးပြု အသုံးဝင်သော ပညာ
http://aaitee.blogspot.com/2015/05/blog-post_15.html
အစ္စလာမ့်ပညာရေး အုပ်စုများ
http://aaitee.blogspot.com/2015/05/blog-post_33.html
နှောင်းခတ် အာလင်မ်များ၏ သင်တန်း
http://aaitee.blogspot.com/2015/05/blog-post_73.html
သုခမိန်တို့၏ ဂုဏ်
http://aaitee.blogspot.com/2015/05/blog-post_16.html

အလယ်ခေတ် ဆေးပညာ၏မီးရှူးတိုင်များ
http://aaitee.blogspot.com/2015/01/blog-post_25.html

အစ္စလာမ်နှင့် ပညာရေး
http://aaitee.blogspot.com/2014/11/blog-post.html

*** အစ္စလာမ်၏ လူမှုဆက်ဆံရေး ***
မြတ်နဗီပြသခဲ့သည့် မုအာရှရသ်
http://aaitee.blogspot.com/2014/10/blog-post_79.html
အစ္စလာမ့်ရှရီအသ်မှ လူမှုဆက်ဆံရေးအကြောင်း
http://aaitee.blogspot.com/2015/04/blog-post_30.html
ရှရီအသ်၏ ကဏ္ဍငါးရပ်
http://aaitee.blogspot.com/2015/05/blog-post.html
စလာမ်မေတ္တာပို့သခြင်းဆိုင်ရာ စည်းကမ်းချက်များ
http://aaitee.blogspot.com/2015/05/blog-post_10.html
လက်ဆွဲနှုတ်ဆက်ခြင်း၏ စည်းကမ်းချက်များ
http://aaitee.blogspot.com/2015/05/blog-post_30.html
ထိုင်ဝိုင်းနှင့် စပ်လျဉ်းသည့် စည်းကမ်းချက်များ
http://aaitee.blogspot.com/2015/05/blog-post_21.html
စကားပြောဆိုခြင်းဆိုင်ရာ စည်းကမ်းချက်များ
http://aaitee.blogspot.com/2015/05/blog-post_18.html
စကားနားထောင်ခြင်းဆိုင်ရာ စည်းကမ်းများ
http://aaitee.blogspot.com/2015/05/blog-post_26.html
စောင့်ဆိုင်းခြင်းဆိုင်ရာ စည်းကမ်းများ
http://aaitee.blogspot.com/2015/05/blog-post_11.html
အချင်းချင်း တွေ့ဆုံခြင်းဆိုင်ရာ စည်းကမ်းများ
http://aaitee.blogspot.com/2015/05/blog-post_0.html
ဧည့်သည်နှင့် စပ်လျဉ်းသည့် စည်းကမ်းများ
http://aaitee.blogspot.com/2015/06/blog-post_13.html
အိမ်ရှင်နှင့် စပ်လျဉ်းသည့် စည်းကမ်းများ
http://aaitee.blogspot.com/2015/06/blog-post_77.html

*** နိကာ ***
ရွှေရောင်တောက်ပသော မိသားစုဘဝကို ပိုင်ဆိုင်နိုင်မည့် အစ္စလာမ့်နည်းစနစ်များ

နိကာလမ်းညွှန်

လူငယ်ဘဝနှင့် စိတ်ဆင်ရိုင်း
http://aaitee.blogspot.com/2013/08/blog-post_22.html

အိမ်ထောင်ရှင်တိုင်း ကျင့်သုံးရမည့် အရာ
http://aaitee.blogspot.com/2014/05/blog-post_526.html

*** အခြားသော သိမှတ်ဖွယ်ရာများ ***
အလှူဒါနပြုသူတို့ လိုက်နာအပ်သည့် ဝတ္တရားများ

မြန်မာစကားပြောသူအားလုံးကို သောဝ်ဟီးဒ်ဘက်သို့ ဖိတ်ခေါ်ပါသည်။

အလ္လာဟ်အရှင်မြတ် တည်ရှိကြောင်း သက်သေလက္ခဏာများ

ဖန်ဆင်းရှင် ရှိခြင်း၏ သက်သေ

ဖန်ဆင်းရှင်ရှိကြောင်း အထောက်အထားများ

အလ္လာဟ်အရှင်မြတ် ရှိတော်မူကြောင်း အထောက်အထား

သဘာဝဆိုတာ အလ္လာဟ်ကွဒ်ရသ်ပါ

ဝိဉာဉ်တစ်ခုက တစ်သက်တာမှာ လောက ငါးခုကို ဖြတ်သန်းရခြင်း

မုစ်လင်မ်တိုင်းသိထားသင့်သည့် အမေးအဖြေများ

အီမာန်၏ အကိုင်းအလက် ၇၇ ချက်

အမေးအဖြေတစ်ခု

အချင်းချင်း ညီညွတ်ဖို့ ဘယ်လိုဆောင်ရွက်မလဲ

မဟူရာ စည်းဆာတစ်စက်

သဗ်လီးဂ်ကြိုးပမ်းမှု

အစ္စလာမ်ဘာသာအကြောင်း တစေ့တစောင်း

အစ္စလာမ်ဘာသာနှင့် ပွင့်လင်းမြင်သာမှု

ဝင်ငွေထွက်ငွေကို စည်းကမ်းရှိစွာ ထားရမည့်အကြောင်း
http://aaitee.blogspot.com/2014/05/blog-post_14.html

ဒရူးဒ်ဖတ်ကြပါ

စားသောက်ရာတွင် ကျင့်သုံးရမည့် စည်းကမ်းများ

ဒုအာကဗူလ်မဖြစ်ရခြင်း အကြောင်း
http://aaitee.blogspot.com/2013/10/blog-post_7273.html

ဒုအာပြုခြင်းနှင့် သက်ဆိုင်သည့် နည်းစနစ်များ
http://aaitee.blogspot.com/2013/12/blog-post_30.html

ဒုအာတောင်းဆုပြုခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ
http://aaitee.blogspot.com/2013/12/blog-post_241.html

အစ္စလာမ်ကပြသော တစ်ကိုယ်ရည် သန့်ရှင်းမှု
http://aaitee.blogspot.com/2013/07/blog-post_8.html

အတင်းပြောခြင်း၏ ဆုံးရှုံးမှု
http://aaitee.blogspot.com/2014/09/website-httpaaitee.html

မိမိတွင်ရှိသော စိတ်ထား၏ အမျိုးအစားများနှင့် ၎င်းတို့အား ပြုပြင်နည်း
http://aaitee.blogspot.com/2014/06/blog-post_2938.html

အချစ်ရရှိခြင်းနှင့် ဆုံးရှုံးသွားခြင်း
http://aaitee.blogspot.com/2014/09/blog-post_79.html

အရှုံးထက်သာမြတ်သော အစားချီးမြှင့်ခံရမှု
http://aaitee.blogspot.com/2014/02/blog-post_5063.html

ဘေးဗလာဒုက္ခတို့ကို ကုစားနည်း
http://aaitee.blogspot.com/2014/02/blog-post_11.html

အမြဲတောင်းခံနေရမည့် တောင်းဆုတော်
http://aaitee.blogspot.com/2014/02/blog-post_13.html

ဗေဒင်ဖတ်ခြင်း
http://aaitee.blogspot.com/2015/02/blog-post.html

မုနာဖစ်က်ဖြစ်စေသည့် လုပ်ရပ်များနှင့် အကျင့်စရိုက်များ
http://aaitee.blogspot.com/2014/02/blog-post_2466.html

*** ကျန်းမာရေး ***
အမှောင်ထုရဲ့ အလင်းဘက်အခြမ်း
http://aaitee.blogspot.com/2013/10/blog-post_15.html

ဂျလာလတင်းအကြောင်း
http://aaitee.blogspot.com/2015/03/blog-post.html

သွားကြားထိုးတံနှင့် သွားရောဂါ
http://aaitee.blogspot.com/2014/10/blog-post_49.html

အစာစားခြင်းနှင့် ကိုယ်ကာယ လေ့ကျင့်ခန်း
http://aaitee.blogspot.com/2014/10/blog-post_7.html

ပျားရည်ဖြင့် ကုသခြင်း
http://aaitee.blogspot.com/2014/06/blog-post_23.html

ပျားရည်၏ ထူးခြားမှုနှင့် ရောဂါပျောက်ကင်းမှု
http://aaitee.blogspot.com/2014/02/blog-post_8538.html

ကလေးတားခြင်းအကြောင်း
http://aaitee.blogspot.com/2014/02/blog-post_27.html

ဗိုက်အောင့်ခြင်းနှင့် အစာမကြေခြင်းအား ကုစားခြင်း
http://aaitee.blogspot.com/2014/02/blog-post_417.html

ရေသောက်ခြင်း၏ နည်းလမ်းအမှန်

မည်သည့်ရေသည် အကောင်းဆုံးဖြစ်သနည်း
http://aaitee.blogspot.com/2013/11/blog-post_5.html

အိပ်စက်ခြင်း၏ ပုံစံများအကြောင်း


*** ဗဟုသုတ ***
ငါးသတ္တဝါအကြောင်း သိကောင်းစရာ
http://aaitee.blogspot.com/2014/08/blog-post.html
ကုလားအုတ်အကြောင်း သိကောင်းစရာ
http://aaitee.blogspot.com/2014/06/blog-post_8038.html
ဉာဏ်တွေလန်းဖို့ ဉာဏ်စမ်းစို့
http://aaitee.blogspot.com/2014/06/blog-post_24.html
နဗီများတို့၏ ဂုဏ်ပုဒ်များ
http://aaitee.blogspot.com/2014/06/blog-post_15.html
မှားနေသည့် အသုံးအနှုန်း
http://aaitee.blogspot.com/2015/05/blog-post_4.html

အလ်မုဖီးဒ်

Wednesday, June 17, 2015

မခြွင်းမချန် ဇကားသ်ပေးရန်


မြန်မာနိုင်ငံတွင် နေထိုင်သည့်မုစ်လင်မ်တို့သည် အထူးသဖြင့် ဇကားသ်ကို ရဂျဗ်၊ ရှအ်ဗာန်၊ ရမ်ဇာန် .... ယင်းသုံးလတွင် ပေးဆောင်လေ့ရှိကြသည်။ အဘယ့်ကြောင့်ဆိုသော် တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က ရဂျဗ်သည် အလ္လာဟ်ရဲ့လ၊ ရှအ်ဗာန်သည် တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ရဲ့လ၊ ရမ်ဇာန်သည် အုမ္မသ်ရဲ့လဖြစ်သည်ဟု မိန့်ခဲ့သည်။ ထို့ကြောင့် ယင်းသုံးလသည် အင်မတန်မွန်မြတ်သော လများဖြစ်သည်။ ယင်းသုံးလမှာ လှူဒါန်းမှုပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်က အနည်းဆုံး စဝါးဗ်ကုသိုလ်အဆပေါင်း ခုနှစ်ရာ(၇ဝဝ)မှစ၍ မိမိနှစ်သက်သလို မရည်မတွက်နိုင်သည်အထိ ချီးမြှင့်တော်မူပေမည်။ အခြားလများမှာ ကုသိုလ်လုပ်လျှင် ၁ခုအတွက် ၁ဝဆချီးမြှင့်မည်ဟု ဆိုထားသည်။ ဒီသုံးလတွင်မူ ၁ဝဆမက ချီးမြှင့်မည် ဖြစ်ပေသည်။

 အလ္လာဟ်တာဝန်ယူထားလျှင် 
အလ္လာဟ်အရှင်မြတ်၏ ချီးမြှင့်မှုကြောင့် ဇကားသ်ပေးရန် တာဝန်ထိုက်သူအဖို့ ဇကားသ်မပေးမနေရ ဖရဇ်ဖြစ်သည်။ အကယ်၍ ဇကားသ်တာဝန်ထိုက်ပါလျက် ဇကားသ်မထုတ်ခဲ့လျှင် ယင်းဥစ္စာပစ္စည်းကို အလ္လာဟ်အရှင်မြတ် တာဝန်ယူမည်မဟုတ်ပေ။ ဇကားသ်ပေးဆောင်ထားသည့် ဥစ္စာပစ္စည်းကို အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ပေးမည်ဖြစ်သည်။ အလ္လာဟ်ကိုယ်တော်တိုင် တာဝန်ယူထိန်းသိမ်းခဲ့လျှင် မည်သည့်အရာ၊ မည်သူကမှ လာရောက်ဖျက်ဆီးလို့ မရနိုင်သလို အလ္လာဟ်တာဝန်မယူဘူးဟု မိန့်ထားသည့်အရာကိုလည်း မည်သူကမှ ထိန်းသိမ်းကာကွယ်နိုင်မည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံး ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်တော်မူသော အရှင်ဖြစ်ပေသည်။

 အလ္လာဟ်အရှင်မြတ်၏ ထိန်းသိမ်းမှု 
နမ်ရူးဒ်ဘုရင်ဆိုးနဲ့တကွ တိုင်းသူပြည်သားအားလုံးတို့က လောင်စာတွေစုပြီး ကွင်းပြင်ထဲမှာ ဧရာမမီးပုံကြီးပြုလုပ်သည်။ ထိုမီးပုံထဲသို့ တမန်တော်အိဗ်ရာဟီးမ် အလိုင်းဟိစ္စလာမ်ကို ပစ်ထဲ့ကာ မီးတင်ရှို့ခဲ့သည်။ သို့သော် တမန်တော်အိဗ်ရာဟီးမ်သည် မီးပုံထဲတွင် မီးမလောင်ဘဲ ပန်းခြံသဖွယ် အေးဆေးစွာ လမ်းလျှောက်နေခဲ့သည်။ ဤသည် အလ္လာဟ်အရှင်မြတ်၏ ထိန်းသိမ်းမှုပင်ဖြစ်သည်။ အလ္လာဟ်ထိန်းသိမ်းပြီဆိုလျှင် ဘုရင်အပါအဝင် တစ်နိုင်ငံလုံးပေါင်းပြီး ဒုက္ခပေးလည်း မရနိုင်တော့သလို လောင်ကျွမ်းစေသည့် မီးသည်ပင် မည်သို့မျှ အစွမ်းအစမရှိတော့ပေ။ တမန်တော်အိဗ်ရာဟီးမ် အလိုင်းဟိစ္စလာမ် မီးပုံထဲသို့ ပစ်ထည့်ခံရချိန်တွင် အလ္လာဟ်အရှင်မြတ်က မီးကိုတိုက်ရိုက် ဖရိရှ်သဟ်ပင် ကြားခံခြင်းမရှိဘဲ " ယာနားရု ကူးနီ ဘရ်ဒေါင်း ဝစလာမန် အလာအိဗ်ရာဟီးမ်" အိုမီး အသင်သည် ငါ့ရဲ့ ချစ်မိတ်ဆွေအိဗ်ရာဟီးမ်အတွက် ခံနိုင်ရည်ရှိသည်အထိ အေးမြပါ ဟု မိန့်တော်မူသည်။ ဗရ်ဒန် ဟူသည် အေးခြင်းကို ခေါ်သည်။ လုံးဝအေးစက်ပြီး လူသားအနေဖြင့် ခံနိုင်ရည်မရှိတော့ပေ။ ထို့ကြောင့် ဗရ်ဒါန် စာလုံးနှင့် အတူ စလာမန်ကိုပါ တွဲသုံးထားသည်။ စလာမန်ဟူသည် ခံနိုင်ရည်ရှိသလောက်သာ အေးစေရန်ဖြစ်သည်။ ထို့ကြောင့် ထိုမီးပုံကြီးသည် တမန်တော်အိဗ်ရာဟီးမ် အလိုင်းဟိစ္စလာမ်အတွက် ပန်းခြံသဖွယ် ဖြစ်သွားခဲ့ပေသည်။
ထို့ကြောင့် ကျွန်ုပ်တို့ထံတွင်ရှိသည့် ဥစ္စာပစ္စည်းကိုလည်း အလ္လာဟ်မှအပ အခြားမည်သူကမျှ ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းမရှိပါ။
 ဇကားသ်နှင့် ပတ်သက်၍ မိန့်ထားခြင်း 
ကျမ်းတော်မြတ်ကုရ်အာန်တွင် "အကီးမုစ်ဆွလားသ် ဝအားသုဇ် ဇကားဟ်" အသင်တို့ နမားဇ်ဖတ်ကြ။ ဇကားသ်ပေးကြ။ ဟုမိန့်ထားသည်။ ထို့သို့ နမားဇ်နှင့် ဇကားသ်ကို တွဲ၍ အမိန့်ပေးထားခြင်းသည် ကုရ်အာန်၌ နေရာပေါင်း ၈ဝကျော်တွင် လာရှိထားသည်။ ဤသို့နမားဇ်နှင့် ဇကားသ်ကို တွဲ၍ မိန့်ထားခြင်းကြောင့် ဇကားသ်ထုတ်ရန် ဖရဇ်ဖြစ်နေသူသည် ဇကားသ်မထုတ်ခဲ့သော် ၎င်း၏နမားဇ်ကိုလည်း အလ္လာဟ်လက်ခံမည် မဟုတ်ပေ။
 ဇကားသ်၏ အဓိပ္ပါယ် 
ဇကားသ်၏ အဓိပ္ပါယ်မှာ သန့်ရှင်းခြင်း၊ ဘရ်ကသ် တိုးပွားခြင်းဟူ၍ ဖြစ်သည်။ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာထဲမှ တစ်နှစ်ကိုတစ်ခါ ဆင်းရဲသားကိုပေးဆောင်ရန် ဒါနကြေးကို အလ္လာဟ်အရှင်မြတ်ဘက်မှ သတ်မှတ်လိုက်ခြင်းကို ဇကားသ်ဟုခေါ်ဆိုသည်။ ဇကားသ်သည် မိမိပိုင်သည့် ပစ္စည်းဥစ္စာကို မိမိကိုယ်တိုင် သန့်ရှင်းအောင်ပြုလုပ်ထားခြင်းပင် ဖြစ်သည်။ အကယ်၍ ဇကားသ်မထုတ်ခဲ့လျှင် ဆင်းရဲသား၏ ရပိုင်ခွင့်ဒါနကြေး ပါနေသည့်အတွက် ထိုပစ္စည်းဥစ္စာသည် ၎င်းသူအတွက် ကောင်းကျိုးမပေးတော့ပေ။

 ဇကားသ်ပေးလှူခြင်း၏ အကျိုး 
တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်တော်မူသည်မှာ အလှူဒါနပြုခြင်းဖြင့် ငါးခုသော အကျိုးကျေးဇူးကို မုချရရှိမည်။ (၁) လှူဒါန်းသူ၏ ပစ္စည်းများ တိုးပွားလာစေမည်။ (၂) လှူဒါန်းသူ၏ ရောဂါပျောက်ကင်းစေရန် ဆေးဝါးတစ်လက် ဖြစ်၏။ (၃) လှူဒါန်းသူအပေါ် ကျရောက်လာမည့် ဘေးဒုက္ခများကို ဖယ်ရှားပေးမည်။ (၄) လှူဒါန်းသူသည် ဆွရားသ် ဆံချည်မျှင်မက သေးသွယ်သောတံတားပေါ်မှ လျှပ်စီးပမာ ဖြတ်သန်းသွားနိုင်မည်။ (၅) လှူဒါန်းသူသည် စာရင်းစစ်ဆေးခြင်းမခံရဘဲ ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည် ဖြစ်၏။

 ဇကားသ်မထုတ်ခဲ့လျှင် 
" ဝလ်လဇီးန ယပ်(က)နေဇူးနဇ် ဇဟဗ ဝလ်ဖိဒ်ဒွဟ် ဝလာယွန်(န)ဖိကူးနဟ ဖီးစဗီးလစ်လ်လာ ဖဘရှ်ရှိရူးနဟ ဗိအဇားဗင်န် အလီးမ်" အသင်ထံ၌ သိမ်းဆည်းထားသည် ရွှေ၊ ငွေတို့ကို အလ္လာဟ်လမ်းမှာ အလ္လာဟ်သတ်မှတ်ထားသည့်အတိုင်း မလှူခဲ့လျှင် ထိုသူများကို ငါအလ္လာဟ်အရှင်မြတ်၏ ကြောက်မက်ဖွယ်ရာ အဇားဗ်ပြစ်ဒဏ်များအကြောင်းကို ဝမ်းသာစရာ သတင်းကောင်းအဖြစ်ပေးလိုက်ပါ။ ဆက်လက်မိန့်ထားသည်မှာ " ယောင်မာ ယုဟ်မာအလိုင်းဟား ဖီးနားရိ ဂျဟန္နမ် ဖသုက်ဝါဗိဟာ ဂျိဗာဟုဟွမ် ဝဂျုနုး ဗုဟွမ်း ဝဇုဟူးရုဟွမ်း၊ ဟားဇား မာကနတ်စ်သုမ် လိအန်ဖုစိကွမ် ဖဇူးကူ မာကွန်သွမ် သပ်က်နေဇူးန်" ထိုနေ့တွင် ယင်း ရွှေ၊ ငွေကို ဂျဟန္နမ်ငရဲမီးတွင် ဖုတ်မြှိုက်ပြီး ထိုသူတို့၏ နဖူးများ၊ နံဘေးများ၊ ကျောကုန်းများတွင် ထိုသို့ မီးဖုတ်ထားသည့် ရွှေ၊ ငွေများဖြင့် တံဆိပ်ခတ်နှိပ်ခြင်း ခံကြရမည်။ ဥစ္စာပစ္စည်းကို ရှာဖွေစုဆောင်းပြီး အလ္လာဟ်အရှင်မြတ်လမ်းတော်၌ မလှူဒါန်း မသုံးစွဲသောသူများ (ဥပမာ- ဇကားသ်မပေးသူများ၊ သုံးစွဲရန် မုချတာဝန်ရှိသော ကိစ္စများတွင် သူများ) သည် နောင်ကိယာမသ်နေ့တွင် ၎င်းတို့စုဆောင်းထားခဲ့ကြသည့် ရွှေငွေများကို မီးမြှိုက်၍ ၎င်းတို့၏ နဖူး၊ နံဘေး၊ ကျောကုန်းများတွင် တံဆိပ်ခတ်နှိပ်တော်မူမည်။
မလှူရက်၊ မပေးရက် စေးနှဲသော သူတစ်ယောက်ထံတွင် အလ္လာဟ်အရှင်မြတ်လမ်းတော်၌ အလှူဒါနပြုရန် မေတ္တာရပ်ခံလျှင် ထိုသူ၏ နဖူးသည်ရှုံ၍ သွားလေသည်။ ဆက်လက် မေတ္တာရပ်ခံလျှင် ဘေးသို့လှည့်လိုက်သည်။ ထို့နောက်တဖန် ထပ်မံ၍ မေတ္တာရပ်ခံလျှင် ကျောခိုင်းသွားလေတော့သည်။ ထို့အတွက်ကြောင့်ပင် ထိုနေရာများကို အထူးသဖြင့် တံဆိပ်ခတ်နှိပ်တော်မူခြင်း ဖြစ်သည်။ (စူရာသောဝ်ဗာဟ် အမှတ် ၉၊ အာယသ် ၃၄၊ ၃၅) ဇကားသ်ပေးရန် တာဝန်ထိုက်နေသူသည် ဇကားသ်မပေးဆောင်ခဲ့သော် ထိုသို့ပြစ်ဒဏ်ခံရပေမည်။

 ဖြစ်ရပ်တစ်ခု 
အလ်လာမဟ်အဗ်ဒွရ်ရဟ်မားန် ဆဖူရီသခင်က နဇ်ဟသွလ်မဂျာလိစ်ကျမ်းတွင် မက္ကဟ်မြို့၌ အမှန်တကယ်ဖြစ်ခဲ့သော ဖြစ်ရပ်တစ်ခုကို ရေးသားခဲ့လေသည်။ လူတစ်ဦးသည် စုဆောင်းထားသော ရွှေဒင်္ဂါး (၂ဝဝ) တိတိကို မိတ်ဆွေတစ်ဦးထံ နှစ်ပေါင်းများစွာ အပ်နှံထားခဲ့ပြီး ကွယ်လွန်သွားခဲ့၏။ ထိုအပ်နှံခြင်းခံရသော ပုဂ္ဂိုလ်သည် ကွယ်လွန်သူ၏ သားထံ ရွှေဒင်္ဂါးနှစ်ရာကို ပြန်ပေးလိုက်ရာ သားဖြစ်သူက မိမိဖခင်သည် ရွှေဒင်္ဂါးနှစ်ရာထက် ပို၍အပ်နှံခဲ့သည်ဟုဆိုက တရားစွဲလိုက်သည်။ တရားသူကြီးမှလည်း နှစ်ဦးနှစ်ဖက် မည်သို့မျှ ဖြေရှင်းပေးမရသည့်အဆုံး သေသူ၏ကဗရ်ကို ပြန်ဖော်ရန် အမိန့်ထုတ်ပြန်ခဲ့လေသည်။ ကဗရ်မှ အလောင်းကို စစ်ဆေးသည့်အခါ ကျောတွင် ဒင်္ဂါးအရွယ်အစားရှိ မီးနှင့် သားရေပြားကို ဖောက်ထားခြင်းခံရသော အပေါက်ပေါင်း နှစ်ရာတိတိကို တအံ့သြတွေ့မြင်ရလေသည်။ အဘယ့်ကြောင့်ဆိုသော သေသူသည် မိမိပိုင်ရွှေဒင်္ဂါးကို ဇကားသ်မပေးခဲ့သောကြောင့်ဖြစ်၏။ အပ်နှံထားသည့် ဒင်္ဂါးအရေအတွက် အမှန်ကိုလည်း သိရှိသွားရပေသည်။

 ဂျဟန္နမ်၏ မီး 
တမန်တော်အာဒမ် အလိုင်းဟိစ္စလာမ် ကမ္ဘာပေါ်သို့ ရောက်ရှိလာပြီးနောက် ချက်ပြုတ်ရန် မီးမရှိခဲ့ပေ။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်ထံ မီးလိုအပ်ကြောင်း လျှောက်ထားလေသည်။ အလ္လာဟ်အရှင်မြတ်က ကောင်းကင်တမန်ဂျိဗရာအီးလ်ကို ဂျဟန္နမ်မှ မီးယူသွားပေးရန် အမိန့်ပေးလိုက်သည်။ ထိုအခါ ဂျိဗ်ရီးလ်ကောင်းကင်တမန်သည် ဂျဟန္နမ်၏ တံခါးမှုးဖြစ်သူ မာလိက်ထံမှ မီးပေးရန် တောင်းသည်။ မာလိက်က မေးသည်။ မီးကို ဘယ်လောက်အတိုင်းအတာလောက် ယူမလဲ။ စွန်ပလွံတစ်စေ့စာ ဟုဖြေလိုက်သည်။ ထိုမျှခန့် မီးယူသွားလျှင် ကမ္ဘာတစ်ခုလုံး ပြာဖြစ်သွားပေလိမ့်မည်။ ထိုအခါ တစ်ဝက်ရမလားဟု မေးသည်။ တစ်ဝက်လည်း မရပါ။ သို့ဆိုလျှင် ဘယ်လောက်အတိုင်းအတာ ယူသွားရမလဲ။ မာလိက်က ပြောသည်မှာ တစ်စိတ်(တစ်ဝက်ရဲ့ တစ်စိတ်)စာ ယူသွားပါ။ ထိုတစ်စိတ်စာကိုလည်း ဒီအတိုင်းမယူသွားနှင့်။ ဒီအတိုင်းယူသွားလိုက်လျှင် ထိုတစ်စိတ်စာမီးကြောင့် ကမ္ဘာပေါ်တွင် မည်သည့်အပင်မှ ပေါက်တော့မည် မဟုတ်ပါ။ ယင်းတစ်စိတ်စာကို ရေဖြင့် အကြိမ်ပေါင်း ၇ဝ ဆေးလိုက်ပါ။ ထိုသို့ဆေးကြောပြီးသားမီးကို ယူသွားပြီး ကမ္ဘာပေါ်မှာ ချပြီးသည်နှင့် တစ်ပြိုင်တည်း ချက်ခြင်းပြန်မယူလာပြီး ဂျဟန္နမ်မှာ ပြန်လာထားလိုက်ပါ။ (အလ္လာဟ်ဟုအပ်က်ဗရ် ဂျဟန္နမ်၏ မီး ထိုမျှပြင်းထန်ပေသည်။)
ဂျိဗ်ရာအီးလ်သခင်သည် ထိုသို့ အကြိမ်ပေါင်း ၇ဝ ဆေးပြီးသားမီးကို ကမ္ဘာမြေကြီးပေါ်ချပြီး ချက်ခြင်းပင် ပြန်မယူသွားလိုက်သည်။ မီးချလိုက်သည့် မြေကြီးသည် မာကြောသည့် ကျောက်သားများ၊ ကျောက်တောင်များ ဖြစ်သွားခဲ့လေသည်။

 ရက်ရောမှုကို နှစ်သက်သော အရှင်မြတ် 
အလ္လာဟ်အရှင်မြတ်သည် ရက်ရောတော်မူသော အရှင်ဖြစ်သကဲ့သို့ ရက်ရောခြင်းကို အလွန်နှစ်သက်၍ စေးနှဲတွန့်တိုခြင်းကို လုံးဝမနှစ်မြို့ပေသည်။
အီစာအလိုင်းဟိစ္စလာမ်၏ အခါသမယတွင် ဖြစ်ခဲ့သော အကြောင်းအရာတစ်ခုကို ဖြစ်သည်။ တစ်နေ့ အီစာအလိုင်းဟိစ္စလာမ် လမ်းလျှောက်သွားရင်း လမ်းတွင် အရိုးခေါင်းတစ်ခုကို တွေ့လေသည်။ အီစာအလိုင်းဟိစ္စလာမ်၌ အသေကို ရှင်အောင်လုပ်နိုင်သော မုအ်ဂျိဇာကို အလ္လာဟ်က ချီးမြှင့်ပေးထားသည်။ ထို့ကြောင့် နဗီကြီးသည် မိမိကို အလ္လာဟ်ချီးမြှင့်ထားသည့် မုအ်ဂျဇာဟ်ဖြင့် အရိုးခေါင်းကို "ကွန်(န)ဗိအိဇ်နိလ်လာဟ်" အလ္လာဟ်အရှင်မြတ်အမိန့်ဖြင့် ထစမ်းဟု မိန့်လိုက်ရာ အရိုးခေါင်းက ထလာပြီး ထိုသူသည် ဘုရင်တစ်ပါးဖြစ်သည်ကို တွေ့ရလေသည်။ အီစာအလိုင်းဟိစ္စလာမ်က ခင်ဗျားဘယ်သူလဲ ဟုမေးလိုက်သည်။ ဘုရင်က ကျွန်တော် နှစ်ငါးရာအလျင်က ဘုရင်တစ်ပါးဖြစ်သည်။ ကျွန်တော့်ရဲ့ ဦးခေါင်းကို အလ္လာဟ်အရှင်မြတ်က ခင်ဗျားလျှောက်တဲ့လမ်းပေါ်မှာ ပြစ်ချစေခဲ့ခြင်းဖြစ်သည်။ ခင်ဗျားနာမည်ဘာလဲဟု အီစာနဗီက မေးရာ ဂျမ်ဂျဟ်ဖြစ်ကြောင်း ဖြေလေသည်။ ခင်ဗျားက ဘယ်လိုဘုရင်လဲဟု ဆက်လက်မေးမြန်းလေသည်။ ထိုအခါ ကျွန်တော်သည် အင်မတန်ကြီးကျယ်သည့် ဘုရင်တစ်ပါးဖြစ်သည်။ ဘယ်လောက်အထိ ကြီးကျယ်သလဲဆိုရင် ကျွန်တော်က ဘယ်သာသနာ၊ ဘယ်ဘုရား တစ်ခုကိုမှ လက်မခံခဲ့ပါ။ သို့သော် ကျွန်တော်သည် အလွန်ရက်ရော၊ ပေးကမ်းသူတစ်ဦးဖြစ်ပေသည်။
ကျွန်တော်၏ နန်းတော်ရှေ့တွင် ကြီးမားသော အဆောက်တစ်ခု တည်ဆောက်ထားပြီး နေ့၊ ည မည်သူမဆို လာရောက်စားသောက်နိုင်သည်။ ကမ္ဘာတွင် ကျွန်တော်သည် နှစ်ပေါင်းသုံးရာ (၃ဝဝ) အသက်ရှင်နေထိုင်ခဲ့ပြီး ထိုသက်တမ်းတလျှောက် တစ်ခါမျှ ခေါင်းမကိုက်ဖူးခဲ့ပါ။ သေသွားတဲ့အခါမှာတော့ ကဗရ်ထဲမှာ ပြစ်ဒဏ်ပေးခြင်းကို နှစ်ပေါင်းငါးရာ (၅ဝဝ) အထိ ကောင်းကောင်း ခံစားနေရပါသည်။ ကျွန်တော်၏ ရက်ရောမှုကို အကြောင်းခံပြီး အလ္လာဟ်အရှင်မြတ်က ကမ္ဘာပေါ်တွင် နောက်တစ်ကြိမ် ရှင်သန်မှုချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုလို ကျွန်တော့်၏ ဦးခေါင်းကို နဗီ့ရဲ့ခြေတော်ရှေ့သို့ ရောက်စေခဲ့ခြင်း ဖြစ်သည်။
၎င်းပုဂ္ဂိုလ်သည် အီစာအလိုင်းဟိစ္စလာမ်ထံ အီမာန်ယူပြီး နောက်ထပ် ကိုးဆယ့်ကိုး(၉၉) နှစ် အသက်ရှင်နေထိုင်ကာ ဗလီအတွင်း၌ပင် (၉၉)နှစ်လုံး နေထိုင်သွားခဲ့သည်။ ဤသည်မှာ ရက်ရောမှု၏ ရလဒ်ပင် ဖြစ်သည်။

 စေးနှဲတွန့်တိုမှုကို မနှစ်သက်ခြင်း 
တစ်ခါက အိန္ဒိယပြည်တွင် စက်ရုံပိုင်ရှင် သူဌေးတစ်ဦးရှိသည်။ စက်ရုံ၊ ကား၊ သင်္ဘော၊ ရွှေ၊ ငွေ မြောက်မြားစွာပိုင်ဆိုင်ပေသည်။ ထို့အတူ ချောမောလှပသော ဇနီးတစ်ဦးကိုလည်း ရရှိထားရုံမက သားသမီးလည်း မရှိခဲ့ပေ။ တစ်နေ့ ၎င်း၏ ခြံရှေ့တွင် ခြံစောင့်မရှိချိန် ဆင်းရဲသားတစ်ဦးသည် အလွန်အမင်းဆာလောင်လျှက် ခြံတံခါးလည်း ဖွင့်ထားပြီး ခြံစောင့်လည်းမရှိသည်ကို တွေ့၍ အိမ်အတွင်းထဲအထိ ဝင်လာ၍ စားသောက်ခန်းအထိရောက်လာလိုက်သည်။ ထိုအချိန် စားပွဲပေါ်တွင် ကြက်ကောင်လုံးကင်အပါအဝင် စားဖွယ်အစုံအလင်တို့ကို စားသောက်ရန်အဆင့်သင့် ပြုလုပ်ထားပြီး သူဌေးမင်းတစ်ဦးတည်းသာ ထိုင်နေချိန်ဖြစ်သည်။ ဆင်းရဲသားက အနည်းငယ် ပေးကျွေးပါရန် တောင်းပန် အသနားခံရှာသည်။ သူဌေးမင်းသည် သူ့အိမ်အတွင်းထဲအထိ ဝင်ရောက်လာသော စုတ်ပြတ်နုံချာသည့် ဆင်းရဲသားကို မြင်၍ ဒေါသထွက်ကာ ပေးကျွေးရမည့်အစား အော်ဟစ်ငေါက်ငမ်း၍ တုတ်ဖြင့် ရိုက်နှက်လွှတ်လိုက်လေသည်။

သတိပြုရမည်မှာ တောင်းရမ်းခြင်းကို အစ္စလာမ်က မနှစ်သက်သလို တောင်းရမ်းသူကို အော်ဟစ်ငေါက်ငမ်းခြင်းကိုလည်း မနှစ်သက်ပေ။ ဟဒီးစ်တော်၌ လာရှိသည်မှာ အလ္လာဟ်အရှင်မြတ်က လူသားကို ပြောမည်။ အို လူသား ငါအလ္လာဟ်အရှင် အသင်ရှေ့ကို လာခဲ့တယ်။ အသင်ဘာ့ကြောင့် မပေးခဲ့သနည်း။ ထိုအခါ လူသားက ယာအလ္လာဟ် အလ္လာဟ်ဘယ်တုန်းက လာခဲ့တာလဲ။ ထိုအခါ အသင့်ရှေ့ကို တောင်းရမ်းသူတစ်ဦးအဖြစ်နှင့် လာခဲ့သည်။ အသင်မပေးခဲ့ပေ။ ထို့အတူ ကျမ်းမြတ်ကုရ်အာန်၌ (( ဝအမ်မတ်(ဆ) ဆာအိလ ဖလာ သန်ဟရ်)) တောင်းရမ်းသူကို မငေါက်ငမ်းပါနှင့်ဟု ပါရှိထားသည်။ ထို့ကြောင့် မိမိအနေနှင့် ပေးနိုင်က ပေးလိုက်ရမည်။ မပေးနိုင်ပါက ချိုသာစွာပင် ပြန်လည်ပြောဆိုလိုက်ရမည်။

ဤသို့နှင့် ကာလအနည်းငယ်၌ သူဌေး၏ စီးပွားရေးပျက်လာလေသည်။ ရှိသမျှသော ပိုင်ဆိုင်မှုများသည် ခွဲခွာခြင်းဟူသည့်လမ်းသို့လျှောက်၍ ယခင်ပိုင်ဆိုင်ခဲ့သူနှင့် မဆိုင်သလိုပင် လှည့်ပြန်ထွက်သွားလေတော့သည်။ ထိုထဲတွင် သူဌေး၏ ဇနီးလည်း ပါဝင်သည်။ သူဌေးအခြေအနေမကောင်းသဖြင့် ကောင်းမွန်သည့် အိုးအိမ်သစ်ထူထောင်ရန် လမ်းသစ်ရှာသွားသည်။ သူဌေးဟောင်းကြီးလည်း အခြေအနေမကောင်းသဖြင့် မြို့ပြောင်းကာ တောင်းရမ်းစားသောက်ရင်းဖြင့် အသက်ဆက်ရလေတော့သည်။
နေ့၊ လ၊ ရက်တို့ ပြောင်းလဲလာပြီးနောက် တစ်ရက်သောအခါတွင် အင်မတန်ကြွယ်ဝချမ်းသာသော သူဌေးတစ်ဦး၏ အိမ်ရှေ့သို့ ရောက်သွားခဲ့သည်။ အင်မတန် ဆာလောင်မွတ်သိပ်နေသည်။ ၎င်း၏ ခြံဝင်းတံခါးတွင်လည်း ခြံစောင့်ကိုလည်း မတွေ့ရ၊ တံခါးကလည်း ပိတ်မထား။ သို့နှင့် အိမ်အတွင်းထဲသို့သာ တောက်လျှောက်ဝင်သွားလိုက်သည်။ အိမ်ပိုင်ရှင် သူဌေးကိုတွေ့ရသောအခါ စားသောက်လိုပါကြောင်း၊ မစားရသည်မှာ ရက်များစွာရှိပြီဖြစ်သဖြင့် အနည်းငယ်ကျွေးမွေးပါရန် အသနားခံလေသည်။ ထိုအချိန် စားပွဲခင်းတွင်လည်း စားသောက်ဖွယ် အစုံအလင်နှင့်အတူ ကြက်ကောင်လုံးကြော်တစ်ကောင်လည်း ပါဝင်ပေသည်။ သူဌေးက လာတောင်းသူအား ခနထိုင်ရန် ပြောပြီး မိမိဇနီးကို ကြက်ကြော်တစ်ခြမ်း လာတောင်းသူအား သွားပေးလိုက်ရန် ပြောလိုက်သည်။ ဇနီးကလည်း ခင်ပွန်းပြောစကားအတိုင်း ပန်းကန်ထဲထည့်၍ သူတောင်းစားအရှေ့သွားချပေးရင်း မျက်နှာကို စေ့စေ့ကြည့်မိလေသည်။ အိမ်ထောင်မပြောင်းခင်က ခင်ပွန်းဟောင်းသူဌေးဖြစ်သည်ကို တွေ့လိုက်ရသဖြင့် လန့်ဖြန့်ကာ အော်ပြီး အိမ်တွင်းပြေးဝင်လာလိုက်သည်။ ဘာဖြစ်သလဲဟု ခင်ပွန်းဖြစ်သူမေးရာ ရှင့်ထံလာတောင်းတဲ့ သူတောင်းစားက တခြားသူမဟုတ်။ ကျွန်မ၏ ပထမခင်ပွန်းဟောင်း သူဌေးပင်ဖြစ်သည်ကို ပြောပြလေသည်။ ထိုအခါ သူဌေးက ၎င်းသူထံသွား၍ထိုင်ပြီး ခင်ဗျား ကျွန်တော့မှတ်မိသလား။ ခင်ဗျားအိမ်မှာ တစ်ခါက လာတောင်းခဲ့ဖူးသူက ကျွန်တော်ပါပဲ။ သေချာကြည့်ပါဦး။ အဲ့ဒီ့တုန်းက ခင်ဗျား ကျွန်တော့ကို အော်ဟစ် ငေါက်ငမ်း ရိုက်လွှတ်ခဲ့တယ်။ ဒီကနေ့ ခင်ဗျားပိုင်ဆိုင်သကဲ့သို့ ကျွန်တော့ကို ပြန်ချီးမြှင့်ထားပြီး ခင်ဗျားဇနီးကိုပါ ပေးလိုက်ပြီ။ ဒါပေမဲ့ ခင်ဗျား အေးဆေးစွာ စားသုံးပါ။ ဘာမှ အားမနာပါနှင့်ဟု ပြောလေသည်။
ဤသည်တို့မှာ စေးနှဲတွန့်တိုမှု၏ ရလဒ်ပင်ဖြစ်လေသည်။

 မြတ်နဗီ ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် အလွန်ရက်ရောသူဖြစ်ခြင်း 
နှစ်ဌာန၏ ခေါင်းဆောင်ဖြစ်သော တမန်တော်မုဟမ္မဒ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် ဥစ္စာဓနချမ်းသာသူမဟုတ်ပေ။ သို့သော တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် အလွန်ရက်ရော ပေးကမ်းသူဖြစ်သည်။ တစ်ခါက တမန်တော်မြတ်ထံ အကြီးအကဲတစ်ဦးက လှပသောခြုံစောင်လေးတစ်ခု လက်ဆောင်ပေးလိုက်သည်။ တမန်တော်မြတ် ထိုခြုံစောင်လေးကို ခြုံထားသည်။ ဆွဟာဗဟ်တစ်ပါးရောက်လာရာ အို .... ကိုယ်တော် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် ခြုံစောင်လေး အလွန်လှတယ်။ ကျွန်တော် အလွန်သဘောကျပါတယ် ဟုသာ ပြောလိုက်ပြီး စကားဖြတ်လိုက်သည်။ တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် ကိုယ်ပေါ်မှ စောင်ကို ဆွဟာဗဟ်လက်ထဲ ထည့်ပေးလိုက်သည်။ ဤမျှ ရက်ရောစွာပေးကမ်းသော တမန်တော်ဖြစ်သည်။

 မလှူဒါန်းခြင်း၏ ဆိုးကျိုး 
ဖီကီးဟ်အဗွလ်လိုက်စ် စမရ်ကန်ဒီ(ရဟမသုလ္လာဟိအလိုင်းဟ်) က ဗုစ်သာနွလ်အာရိဖီးန်ကျမ်း၌ ရေးသားထားသည်။ လူတစ်ယောက်သည် ကအ်ဗဟ်၏ ဂိလားဖ်ခြုံထည်ကို ကိုင်ကာ ဒုအာတောင်းနေသည်။ ယာအလ္လာဟ် ကျွန်တော့ကို မအ်ဖ်ခွင့်လွှတ်မှုပေးပါ။ ယာအလ္လာဟ် ကျွန်တော့ကို မအ်ဖ်ခွင့်လွှတ်မှုပေးပါ .... ဟု တောင်းနေသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် သဝါးဖ်ပြုပြီးနောက် ထိုသူ့ကို တွေ့သဖြင့် မိန့်သည်မှာ အသင် ဒီအတိုင်း အလ္လာဟ်ထံကနေ တိုက်ရိုက်မားအ်ဖ်လုပ်လို့တောင်းနေမည့်အစား ယာအလ္လာဟ် ကျွန်တော်လှူဒါန်းခဲ့တဲ့ ဆွဒကဟ်အလှူဒါနကို အကြောင်းခံပြီး မားအ်ဖ်ချီးမြှင့်ပါ .... ဟုတောင်းပါ။ ယာရစူလလ္လာဟ် ကျွန်တော်မလှူဘူး။ အလှူအတန်းမပြုဘူး။ တမန်တော်က အသင်ဘယ်သူလဲဟု မေးလိုက်သည်။ ၎င်းသူက ကျွန်တော် ဘယ်မြို့၊ ဘယ်ရွာက သူဌေးကြီးတစ်ဦးပါ။ ကျွန်တော့ကို လှူဒါန်းမှုအကြောင်းပြောလျှင် ကျွန်တော့အသည်းကို လှံဖြင့် ထိုးသကဲ့သို့ ခံစားရပါသည်။ ကျွန်တော် ဘယ်တော့မှ မလှူပါဟု ပြန်လျှောက်တင်သည်။ ထိုအခါ တမန်တော်မြတ်က အသင် ဒီဂိလားဖ်ကို ကိုင်ပြီး ငိုငိုပြီးဒုအာလုပ်၊ အသင့်ရဲ့ မျက်ရည်တွေက မြစ်ချောင်းပမာစီးဆင်းပြီး အပင်တွေပေါက်လာ၍ အဲ့ဒီအပင်တွေကို ကမ္ဘာ့လူသားတွေက စားသုံးသည်ဖြစ်ပါစေ အသင့်ကို အလ္လာဟ်ခွင့်မလွှတ်ဘူးဟု မိန့်တော်မူလေသည်။ ((စေးနှဲမှုက ထိုမျှ ကြောက်စရာကောင်းလှပါသည်။))

 ဇကားသ်ပေးရာ၌ ထိမ်ချန်ခြင်း 
ဇကားသ်ပေးရာ၌ အကောင်းဆုံးမှာ ကျသင့်သည့် နှုန်းထားထက် နည်းနည်းပိုပေးလိုက်ရမည်။ ကျသင့်သည့်နှုန်းထားကို အပြည့်အဝမပေးဘဲ ထိမ်ချန်မှုပြုထားပါက အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံး သိရှိမြင်တွေ့နေတော်မူသည့်အရှင်ဖြစ်ပေသည်။ ဇကားသ်၌ ထိမ်ချန်ခြင်း၊ ဇကားသ်ပေးရန် ကျန်သောအရာသည် ကောက်ရိုးပုံ၌ မီးအနည်းငယ် တို့ထားခြင်းနှင့် တူပေသည်။ မပေးဘဲထိမ်ချန်ထားသည့် ဇကားသ်အပါအဝင် ကျန်ရှိပစ္စည်းများပါ ပျက်စီးသွားပေလိမ့်မည်။ ထိုကြောင့် ဇကားသ်ကို အတိအကျ မထိမ်ချန်ဘဲ ပေးကမ်းလိုက်ရမည်။ ကျသင့်နှုန်းထားထက် အနည်းငယ် ပိုပေးလိုက်ရမည်။

 ဇကားသ်ပေးရာ၌ ကုသိုလ်နှစ်ဆရမည့် ပုံစံ 
ဆွေမျိုးသားချင်းများကို ပေးခြင်းနှင့် အစ္စလာမ့်ပညာသင်ယူနေသူနှင့် အစ္စလာမ်အတွက် ကြိုးပမ်းနေသူများကို ပေးကမ်းခြင်းသည် ကုသိုလ်နှစ်ဆရပေမည်။ ဆွေမျိုးကိုပေးခြင်းတွင် ဇကားသ်ပေးခြင်းကြောင့် ကုသိုလ်တစ်ခု၊ ဆွေမျိုးသားချင်းကို ကူညီခြင်းကြောင့် ကုသိုလ်တစ်ခု ပေါင်းနှစ်ခုရမည်။ အစ္စလာမ့်ပညာဆည်းပူသူနှင့် အစ္စလာမ့်ပညာရေးကျောင်းများ အစ္စလာမ်အတွက် ကြိုးပမ်းနေသူများကို ဇကားသ်ပေးခြင်းသည်လည်း ထိုနည်းတူပင်ဖြစ်၏။

 ဇကားသ်ပေးပြီး အကျိုးအမြတ် မရယူရ 
အချို့နွမ်းပါးသူတို့သည် ဇကားသ်ရယူရန် ပေးကမ်းနိုင်သည့် အိမ်များသို့ လာကြသည်။ အိမ်ရှိ အလုပ်များကို ဝိုင်းလုပ်ပေးသည်။ သို့မဟုတ် ထိုသို့သောသူများလာပါက မိမိဖက်မှ တခုခုခိုင်းစေမည်။ ထိုသို့ခိုင်းပြီးမှ ဇကားသ်ပေးခြင်းမပြုသင့်ပါ။ ဇကားသ်တွင် ထိခိုက်မှုရှိသည်။ ထို့ကြောင့် ၎င်းတို့လုပ်ခအတွက် သီးသန့်အရင်ပေးလိုက်ရမည်။ ပြီးမှ ဇကားသ်ကို သပ်သပ်ပေးရမည်။

 ဇကားသ်မပေးထိုက်သူ 
ဇကားသ်ထုတ်ရန် သတ်မှတ်စံညွှန်း ပြည့်မှီပြီးသူများ။ ဇကားသ်ထုတ်သူ၏ အထက်ဆက်၊ အောက်ဆက်အကုန်၊ ဇနီးမှ ခင်ပွန်းသို့၊ ခင်ပွန်းမှ ဇနီးသို့ ဇကားသ်မပေးထိုက်ပါ။ ထိုသူတို့ကို ဇကားသ်ပေးလျှင် ဇကားသ်အထမမြောက်ပါ။ နောက်တစ်ကြိမ် ဇကားသ်ထပ်ထုတ်ရမည်။
ဇကားသ်ဟူသည် အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင်သတ်မှတ်ထားသည့် အလှူဒါနဖြစ်သည်။ ပေးသူကလည်း ပျော်ရွှင်ဂုဏ်ယူစွာပေးကမ်းရမည်။ ပေးခြင်းခံရသူကိုလည်း ပေးသူက အထင်သေးအမြင်သေးခြင်း လုံးဝမပြုရပါ။ မိမိ၏ ဇကားသ်ကို ယူမည့်သူမရှိလျှင် အဘယ်သို့ပြုမည်နည်း။ ထို့ကြောင့် ဇကားသ်ပေးခြင်းခံရသူကို ကျေးဇူးပါပြန်တင်သင့်ပါသည်။ ထို့အတူ ဇကားသ်ယူသူအတွက်လည်း မည်သို့မျှ ဝမ်းနည်း၊ စိတ်မကောင်းဖြစ်ဖွယ် မရှိပါ။ ဇကားသ်ဟူသည် အလ္လာဟ်ဖက်မှ တိုက်ရိုက်သတ်မှတ်ချီးမြှင့်သည့် နိအ်မသ်ပင်ဖြစ်သည်။ ပေးသူ၊ ယူသူနှစ်ဦးနှစ်ဖက် ဂုဏ်ရှိစွာပင် ပြုမူဆက်ဆံရမည်ဖြစ်ပြီး ပေးသူကလည်း အလ္လာဟ့်အမိန့်နာခံနိုင်ခြင်းအပေါ်ကျေးဇူးတင်ရမည်ဖြစ်ပြီး ယူသူအဖို့လည်း မိမိကို အလ္လာဟ်ဖက်မှ ချီးမြှင့်သည်ဟု သဘောပိုက်ကာ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ရပါမည်ဟု ပြောကြားရင်းဖြင့် နိဂုံးချုပ်အပ်ပါသည်။
........။........။........။........။........။........

မုစလ်မာန်တိုင်း တိကျသေချာစွာ အရှင့်အမိန့်များနာခံနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၇/ ၆/ ၂ဝ၁၅။ တနင်္ဂနွေနေ့၊ မစီဒီးခါန်း စွန္နီဂျာမေ့မတ်စ်ဂျိဒ်၌ ဟောကြားသည့်ဗယာန်ကို စာသားဖြင့် ပြန်လည်တင်ဆက်ခြင်း ဖြစ်ပါသည်။

** သတိပေးချက်။ အထက်ပါအကြောင်းအရာကို ကူးယူလျှင် အလ်မုဖီးဒ်မှ ကူးယူကြောင်း ထည့်သွင်းရေးသားပါ။ တစ်ဝက်တစ်ပျက် မိမိလိုသလောက် ကူးယူခြင်း လုံးဝခွင့်မပြုပါ။ မိမိ မလုပ်သည့်အရာကို လုပ်သယောင်ဆောင်ခြင်းသည် လိမ်လည်မှုဖြစ်၏။ ထို့ကြောင့် ဒီးန်ဖြန့်ချိလိုလျှင်လည်း မှန်ကန်သည့် နည်းလမ်းဖြင့်သာ ဖြန့်ချိပါ။ စာသားကူး၍ အမည်ပြောင်းတပ်သည့် လုပ်ရပ်မျိုး မပြုပါနှင့်။

ဇကားသ်နှင့်သက်ဆိုင်သည့် မတ်စ်အလဟ်များကို နီးစပ်ရာအာလင်မ်များထံတွင် မေးမြန်းပါရန် အကြံပြုအပ်ပါသည်။

အလ်မုဖီးဒ်
ရှအ်ဗာန်/ ၃ဝ/ ယောင်မုလ်ခမီးစ်/ ဟစ်ဂ်ျရီ ၁၄၃၆


Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

ရိုဇီချောင်လည်ရန်


Sunday, June 14, 2015

နမားဇ်အတွင်းမှ အခေါ်အဝေါ်များ

ဆွလားသ်
ဆွလားသ်ဟူသောစာလုံးသည် အရဗီဘာသာဖြစ်၍ အဓိပ္ပါယ်မှာ မေတ္တာပို့သခြင်း၊ ကရုဏာ၊ ကောင်းချီးမင်္ဂလာ၊ ဆုမွန်တောင်းခံခြင်း။ နမားဇ် တို့ဖြစ်သည်။

နမားဇ်
နမားဇ်ဟူသည့် စာလုံးမှာ ဖါရစီဘာသာဖြစ်၏။ အဓိပ္ပါယ်မှာ ကျေးကျွန်ပီသမှုကို ပြသခြင်း၊ ကိုးကွယ်ဆည်းကပ်ခြင်း၊ မျှော်လင့်အားကိုးခြင်း၊ ရို့ကျိုးနှိမ့်ချခြင်း၊ အောက်ကျို့ခြင်း၊ အစ္စလာမ်ကို ယုံကြည်သက်ဝင်သူတို့က အလ္လာဟ်အရှင်မြတ်ကို ခဝပ်ဆည်းကပ်ခြင်း။

နမားဇ်အတွင်းမှအခေါ်အဝေါ်များ
- နမားဇ်တွင် ပထမဦးဆုံး ဆိုရသည့် အလ္လာဟုအပ်က်ဗရ်ကို "သပ်က်ဗီရေသဟ်ရီမဟ်" ဟုခေါ်သည်။
- စနာ၊ စူရာများဖတ်နေသည့် အခြေအနေကို "ကိယာမ်" ဟုခေါ်သည်။
- ပြီးနောက် ဦးညွှတ်ရသည်။ ထိုအခြေအနေကို "ရုကူ" ဟုခေါ်သည်။
- ရုကူမှ ပြန်ထ၍ ခန္ဓာကိုယ်ဖြောင့်မတ်သွားသည်အထိ မတ်တပ်ရပ်လိုက်ရသည်။ ထိုသို့ ရပ်လိုက်အနေအထားကို "ကောဝ်မဟ်" ဟုခေါ်သည်။
- ထို့နောက် ဦးချရသည်။ ဦးချခြင်းကို "စဂ်ျဒဟ်" ဟုခေါ်သည်။ စဂ်ျဒဟ် နှစ်ကြိမ်ပြုရသည်။
- ထိုနှစ်ကြိမ်အကြားတွင် တစ်ခါထိုင်ရသည်။ ထိုသို့ ထိုင်ခြင်းကို "ဂျလ်စဟ်" ဟုခေါ်ပါသည်။
- နမားဇ်တွင် နောက်ဆုံးအပြီးသတ်ထိုင်ခြင်းကို "ကအ်ဒဟ်" ဟုခေါ်သည်။

**အလ်မုဖီးဒ်**
ရှအ်ဗာန်/ ၂၇/ ယောင်မုလ်အိစ်နိုင်းန်/ ဟစ်ဂ်ျရီ ၁၄၃၆

Saturday, June 13, 2015

အမွေးအမှင် ရှင်းလင်းခြင်းဆိုင်ရာ ပညတ်ချက်များ

(၁) ဂျနာဗသ် (ခန္ဓာကိုယ်မသန့်သည့်) အခြေအနေတွင် (ဟိုင်းဇ်ကာလပြီးဆုံးသွားခြင်း၊ နိဖားစ်ကာလ ပြီးဆုံးသွားခြင်း၊ လင်မယား အတူနေပြီးနောက်ပိုင်း ။ ယင်းကာလအားလုံးသည် ဂျနာဗသ်၏ ကာလဖြစ်ပေသည်။) လက်သည်း၊ ခြေသည်းညှပ်ခြင်း၊ ချိုင်းမွေး၊ ချက်အောက်မွေးများကို ရှင်းလင်းခြင်း၊ ခန္ဓာကိုယ်၏ အခြားသောအမွေးအမှင်များကို ရှင်းလင်းခြင်းသည် မက္ကရူဟ် (မနှစ်မြို့ဖွယ်) ဖြစ်သည်။ (အာလမ်ဂီရီမုဆ်သွဖာအီ တွဲ ၆၊ စာမျက်နှာ ၂၃၈ / ဟဝါလာ ဗဟစ်ရှ်သီးဇေဝရ်)

(၂) လူသား၏ ကိုယ်ခန္ဓာမှ အမွေးအမှင်တစ်ခုကို နှုတ်လိုက်ပါက ထိုအမွေး၏ အရင်းပိုင်းသည် မသန့်ဖြစ်၏။ အကြောင်းမှာ ယင်းအမွေး၏ အရင်း၌ရှိနေသော အဆီကြောင့်မသန့်ဖြစ်ရခြင်း ဖြစ်၏။ (ရှာမီကျမ်း)

(၃) တစ်ပတ်တွင်တစ်ကြိမ် ချက်အောက်မွေးနှင့် ချိုင်းမွေး အစရှိသည်တို့ကို ရှင်းလင်းပြီး ခန္ဓာကိုယ်အား သန့်ရှင်းစွာထားခြင်းသည် မုစ်သဟဗ်ဖြစ်၏။ တစ်ပတ် တစ်ကြိမ် မပြုလုပ်နိုင်သော် ၁၅ ရက်တွင် တစ်ကြိမ် ရှင်းလင်းမှု ပြုလုပ်ရမည်။ ထိုမျှလည်း မတတ်နိုင်မူ အလွန်ဆုံး ရက်ပေါင်း ၄ဝ အထိ ခွင့်ရှိသည်။ (ဆိုလိုသည်မှာ ရက်ပေါင်း ၄ဝ အတွင်း ရှင်းလင်းမှုပြုရမည်။ ) ရက် ၄ဝ ထက် ကျော်လွန်ခွင့် မရှိပေ။ ရက် ၄ဝ ကျော်သည်အထိ အမွေးများ လက်သည်း ခြေသည်းများကို သန့်ရှင်းခြင်းမပြုပါက ဂုနာ(အပြစ်)ထိုက်သည်။
အကောင်းဆုံးမှာ သောကြာနေ့တွင် ရှင်းလင်းမှုပြုခြင်းဖြစ်သည်။ (အမျိုးသားများသည် သောကြာနေ့ ဂျုမုအဟ်နမားဇ်မတိုင်မီ သန့်ရှင်းမှုပြု၍ ရေချိုးသန့်စင်ပြီး ဂျုမုအဟ်ဆွလားသ်ဝတ်ပြုရန် သွားရမည်။) အမျိုးသမီးများအနေဖြင့်လည်း တတ်နိုင်ပါက သောကြာနေ့၌ပင် ရှင်းလင်း၊ သန့်ရှင်းမှုပြုပါက ကောင်းမွန်ပါသည်။ သို့သော် အခြားနေ့များတွင်လည်း လုပ်ဆောင်ခွင့်ရှိသည်။ မိမိအတွက် သောကြာနေ့သည် အခက်အခဲဖြစ်မည်။ အလုပ်အကိုင်၊ သွားစရာ၊ ချက်ပြုတ်လျှောက်ဖွပ်ရန် ကိစ္စများရှိနေပါက အခြားသောနေ့ရက်များတွင် သန့်ရှင်းမှုပြုလိုက်ခြင်းက ပိုကောင်းပေသည်။

အမျိုးသမီးများအနေဖြင့် ချက်အောက်မွေး၊ ချိုင်းမွေးများကို သန့်ရှင်းမှုပြုရာတွင် ထုံး၊ အမွေးချွတ်ပေါင်ဒါ၊ ကရီးမ်၊ စသည့်အရာများကို သုံးဆွဲခွင့်ရှိသည်။ ဘလိပ်ဓားသုံးခြင်းသည် အမျိုးသမီးတို့အတွက် မသင့်မြတ်ပေ။ အမျိုးသမီး၏ ထွတ်မြတ်မှုနှင့် ဆန့်ကျင်သည်။ သို့သော် ဘလိပ်ဓားဖြင့် ရှင်းလင်းမှုပြုခဲ့သော် ပိုင် တော့ ပိုင်ပေသည်။ သို့သော် မသင့်လျော်ပေ။

အကောင်းဆုံးမှာ ယင်းအမွေးများကို ထုံးဖြင့် နှုတ်ခြင်းဖြစ်သည်။ နှုတ်ခြင်းဖြင့် အမွေးပြန်ထွက်သည့်အချိန် ကြာမြင့်မည်။ အမွေးထွက်ခြင်း နည်းပါးပြီး ကျဲသွားမည်။ (( အပျိုဖော်ဝင်စ မိန်းကလေးငယ်များကို နှုတ်သည့် အကျင့်ပြုပေးနိုင်က ပိုကောင်း၏။ အမွေးနုနယ်သည်ဖြစ်၍ နှုတ်ရလွယ်ကူသည်။ ချွတ်ဆေးသုံးပြီးသား အမွေးများ၏ အရင်းသည် ခိုင်သဖြင့် နှုတ်ပါက အနည်းငယ် နာကျင်ပေသည်။)) အမွေးချွတ်ဆေးများသုံးခြင်းသည် လျှင်မြန်စွာ အမွေးများပြန်ထွက်လာသည်။ နှုတ်ခြင်းသည် အသားအရည်ကိုလည်း သာဘာဝအတိုင်း နူးညံ့နေစေသည်။ ပိုမို၍ သန့်ရှင်းမှုဖြစ်စေသည်။ ဆေးသုံးခြင်းသည်လည်း ပြုပိုင်သည့် ကိစ္စဖြစ်သည့်အပြင် ပြုခိုင်းထားသည်လည်း ဖြစ်သည်။

(၄) လက်သည်းညှပ်ရာတွင် ဤပုံစံဖြင့် ညှပ်ခြင်းသည် ကောင်း၏။ ညာလက်၏ ရှဟာဒသ်လက်ညှိုး မှစတင်ပါ။ အစဉ်လိုက် ညှပ်သွားပါ။ ညာလက်သန်းတွင် အဆုံးသတ်ပါ။ ထို့နောက် ဘယ်ဘက်လက်သန်းမှ ဆက်ညှပ်ပြီး ဘယ်ဘက်လက်မတွင် အဆုံးသတ်ပါ။ ပြီးနောက် ညာဘက်လက်မကို ညှပ်ပါ။ (ယင်းသို့ ညှပ်သည့်နည်းကို ဒုအာတောင်းလျှင် လက်ဖြန့်သည့် ပုံစံဖြင့် မှတ်သားနိုင်သည်။) ယင်းသို့ ညှပ်သည့်ပုံစံသည် အကောင်းဆုံးဖြစ်သည်။ (ညာမှ စတင်၍ ညာ၌ပင် အဆုံးသတ်သောကြောင့် ဖြစ်သည်။) အခြားသော ပုံစံဖြင့်လည်း ညှပ်နိုင်ပေသည်။ (ဗဟစ်ရှ်သီးဇေဝရ် (အခ်သရီ) ၊ အတွဲ ၁၁/ စာမျက်နှာ ၁၁၆)
သတိပြုရန်မှာ လက်သည်းခြေသည်းညှပ်နည်းအတွက် စွန္နသ်ဖြင့် သီးသန့်လာရှိထားခြင်းမရှိပေ။ အထက်ပါနည်းသည် ဖိကာဟ်ပညာရှင်များက ပြသထားခြင်းဖြစ်သည်။ ကျင့်သုံးပိုင်ခွင့်ရှိသည်။ ညာမှ စ၍ ညာတွင် အဆုံးသတ်ခြင်းကို ကျင့်သုံးထားခြင်းဖြစ်သည်။
ခြေသည်းကို ဝုဇူပြုရာ၌ ခြေချောင်းများခိလာလ်လုပ်သည့် အစဉ်လိုက်ပုံစံဖြင့် ညှပ်နိုင်သည်။ ညာခြေသန်းမှ စတင်ပြီး ဘယ်ခြေသန်းတွင် အဆုံးသတ်မည်။

(၅) ညှပ်ပြီးသွားသော လက်သည်း၊ ခြေသည်းများနှင့် အမွေးအမှင်များကို မြေကြီးတွင် မြှပ်နှံလိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။ ဤသို့ မပြုလုပ်နိုင်ပါက သန့်ပြန့်၍ လုံခြုံသည့်နေရာတွင် စွန့်ပစ်ပါ။ ညစ်ပေသောနေရာသို့ မစွန့်ပစ်ပါနှင့်။ ရောဂါဝင်ရောက်လာမည်ကို စိုးရိမ်ရသည်။ ဗဟစ်ရှ်သီးဇေဝရ် (အခ်သရီ) ၊ အတွဲ ၁၁/ စာမျက်နှာ ၁၁၆)
တိုက်ခန်းနှင့် နေသူများအတွက် ပန်းအိုး (သို့မဟုတ်) အိုးငယ်တစ်ခုတွင် မြေကြီး (သို့) သဲထည့်ထားပြီး ယင်းအိုးအတွင်းသို့ ခြေသည်း၊ လက်သည်းများကို မြှပ်နှံနိုင်ပေသည်။

(၆) လက်သည်းကို သွားဖြင့်ကိုက်ခြင်းသည် မက္ကရူးဟ်ဖြစ်သည်။ ယင်းအကျင့်ကြောင့် ခရုသင်းရောဂါစွဲကပ်လာမည်။
အထူးသဖြင့် ကလေးသူငယ်များသည် ဤသို့ပြုလုပ်တတ်သောကြောင့် ဂရုစိုက်၍ နူးညံစွာတားမြစ်ရမည်ဖြစ်သည်။ ထို့အပြင် ရုပ်ရှင်မင်းသမီးများ၏ ကိုယ်ဟန်အမူအယာတွင် ယင်းသို့ လက်သည်းကိုက်သကဲ့သို့ ပုံသဏ္ဍာန်ကို ပြုလုပ်လေ့ရှိသည်။ ဤသည်မှာ မကောင်းသည့်အကျင့်ဖြစ်သည်။ အီမာန်ရှင် အမျိုးသမီးသည် ဤသို့လုံးဝ မလုပ်ဆောင်ရပေ။ ရုပ်ရှင်မင်းသမီးသည် မုစ်လင်မ်ပင်ဖြစ်လင့်ကစား သူမ၏ ဟန်ပန် သဏ္ဍာန်တို့ကို အတုမခိုးရပါ။ အတုခိုးလိုလျှင် ဆွဟာဗီယာများ သူတော်စင်မများ တမန်တော်မြတ်ကြီး၏ သမီးများနှင့် ကြင်ယာတော်များ၊ ဟဇရသ်ခဒီဂျာသခင်မ၊ ဟဇရသ်ဖာသွေမာသခင်မ ဟဖရသ်အာအေရှာသခင်မ တို့၏ လုပ်ဆောင်ပုံ၊ ပြောဆို၊ ဝတ်စားဆင်ယဉ်ပုံ ဘဝရှင်သန်နေထိုင်ပုံတို့ကို အတုခိုးပါ။ မိမိတို့မှာရှိသည့် သမီးငယ်များကိုလည်း ထိုကဲ့သို့သော သခင်မများကို ချစ်တတ်လာအောင် သင်ကြားပေးပါ။ စဝါးဗ်ရမည့် ကိစ္စရပ်ဖြစ်သည်။ ထို့ပြင် သာသနာမှ တားမြစ် သတိပေးထားသည့်ကိစ္စကို လုံးဝမလုပ်ဆောင်ရန် သတိပြုနေရမည်ဖြစ်သည်။

(၇) လက်မွေး၊ ခြေမွေးနှင့် ခြေသလုံးမွေးများ မုတ်ဆိတ်မွေး၊ ပါးမွေးများကို အမျိုးသမီးအနေဖြင့် ရှင်းလင်းပိုင်ခွင့်ရှိပါသည်။ ချွတ်ဆေးဖြင့် သန့်ရှင်းလှပအောင် ပြုခွင့်ရှိသည်။
-----။-----။-----။-----

အလ်မုဖီးဒ်
ရှအ်ဗာန်/ ၂၆/ ယောင်မုလ်အဟဒ်/ ဟစ်ဂ်ျရီ ၁၄၃၆


အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

ဆွလာသွသ်သပ်(စ)ဗီးဟ်

နဖိလ်နမားဇ်များ၌ ဆွလာသွသ်သပ်(စ)ဗီးဟ်သည် ထူးမြတ်မှုများစွာရှိကြောင်း လာရှိထားပေသည်။
ဟဇရသ်အဗ်ဒွလ်လဟ်ဗင်န်အဗ္ဗါးစ် (ရသွီ) ပြောသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က မိမိ၏ဦးလေးဖြစ်သူ ဟဇရသ်အဗ်ဗါးစ်ဗင်န် အဗ်ဒွလ်မုသ်သွလစ်ဗ် (ရသွီ)ကို မိန့်တော်မူသည်မှာ အိုချစ်လှစွာသော ဦးလေး !! ကျွန်ုပ်အနေဖြင့် ဦးလေးကို အကောင်းဆုံးသောလက်ဆောင်တစ်ခု၊ သတင်းကောင်းတစ်ခု၊ အလွန်အကျိုးရှိသော အရာတစ်ခုနှင့်ပတ်သက်ပြီး ပြောပြရမည်လား။ ထိုအရာကို ပြုလုပ်ပါက အလ္လာဟ်အရှင်မြတ်က ရှေ့ပြစ်၊ နောက်ပြစ်၊ ပြစ်မှုဟူသမျှကို ခွင့်လွှတ်ချမ်းသာမှု ပေးတော်မူမည်။
ထိုလုပ်ရပ်မှာ ဤသို့ဖြစ်သည်။ လေးရကအသ်နဖိလ် ဆွလာသွသ်သပ်(စ)ဗီးဟ်ကို ဤကဲ့သို့ဖတ်ပါ။

အလ်ဟမ်ဒုနှင့် စူရဟ်ဖတ်ပြီးသည့်အခါ (တတိယကလိမဟ်) " စွဗ်ဟားနလ္လားဟိ ဝလ်ဟမ်ဒုလစ်လ်လားဟိ ဝလားအိလားဟ အိလ္လလ်လားဟု ဝလ္လားဟုအပ်(က)ဗရ် " ကို မတ်တပ်ရပ်လျက်နှင့် ၁၅ကြိမ်ဖတ်ပါ။
ရုကူအ်၏ သပ်စ်ဗီးဟ်ပြီးနောက် ထိုကလိမဟ်ကို ၁ဝကြိမ်ဖတ်ပါ။
ရုကူအ်မှ ပြန်ထ၍ ကောဝ်မဟ်တွင် ၁ဝကြိမ်၊
စဂ်ျဒဟ်တွင် ၁ဝကြိမ်၊
စဂ်ျဒဟ်မှ ပြန်ထ၍ (စဂ်ျဒဟ်နှစ်ခုအကြားတွင်) ၁ဝကြိမ်၊
ဒုတိယစဂ်ျဒဟ်တွင် ၁ဝကြိမ်၊
ဒုတိယစဂ်ျဒဟ်မှ ပြန်ထ၍ (နောက်ရကအသ်သို့ မသွားမီ) ထိုင်ပြီး ၁ဝကြိမ်။ ဖတ်ပါ။
တစ်ရကအသ်တိုင်းတွင် ၇၅ကြိမ်ရှိမည်ဖြစ်ပြီး လေးရကအသ်တွင် အကြိမ်ပေါင်း သုံးရာ(၃ဝဝ) ရှိမည်။

ဤနည်းစနစ်ကို သင်ပြပြီးနောက် တမန်တော်မြတ်က ဆက်လက်မိန့်သည်မှာ အကယ်၍ တတ်နိုင်ပါက ယင်းနမားဇ်ကို နေ့စဉ်တစ်ခေါက်ဖတ်ပါ။ ဤမျှမနိုင်လျှင် ဂျွမ်အဟ်တွင်(တစ်ပတ်) တစ်ကြိမ်ဖတ်ပါ။ ဤမျှလည်း မနိုင်လျှင် တစ်လ တစ်ကြိမ်ဖတ်ပါ။ ဤမျှလည်း မနိုင်လျှင် တစ်နှစ်လျှင် တစ်ကြိမ်ဖတ်ပါ။ ထိုသို့လည်း မတတ်စွမ်းနိုင်ခဲ့ပါမူ တသက်တာတွင် အနည်းဆုံးတစ်ကြိမ် ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ။

ဟဇရသ်အဗ်ဒုလ္လာဟ်ဗင်န်အဗ္ဗါးစ်(ရသွီ)သည် စွလာသွသ်သစ်ဗီးဟ်ကို ဂျွမ်အဟ်နေ့တိုင်း ဖတ်လေ့ရှိသည်။ အဗုလ်ဂျဝါးဇ်(ရဟ) သာဗီအီသခင်သည် နေ့စဉ် ဇုဟုရ်အဇာန်ဆိုသည့်အချိန် ဗလီသို့ရောက်လာပြီးနောက် ဂျမာအသ်မစမီအထိ ယင်းနမားဇ်ကို ဖတ်နေသည်။ ဟဇ်ရသ်အဗ်ဒုလ်အဇီးဇ်ဗင်န်အဗူရဝါးဒ် (ရဟ)က မိန့်သည်မှာ ဂျန္နသ်ကိုလိုလားသောသူအဖို့ စွလာသုသ်သပ်စ်ဗီးဟ်ကို စွဲမြဲမှုထားရမည်။ အဗူအုစ်မားန်ဟီရီ(ရဟ) မိန့်သည်မှာ ပူဆွေးမှုနှင့် ဘေးဒုက္ခအခက်အခဲတို့မှ လွတ်မြောက်ရန်အတွက် စွလာသုသ်သပ်စ်ဗီးဟ်ထက် ပိုကောင်းသောအရာကို မတွေ့ဖူးပါ။ (ထိုသို့သော အကြောင်းကိစ္စတို့အတွက် စွလာသုသ်သပ်စ်ဗီးဟ်သည် အကောင်းဆုံးနှင့် အထိရောက်ဆုံးပင် ဖြစ်သည်။)
စွလာသုသ်သပ်စ်ဗီးဟ်အတွက် ရည်စူးမှု (နိယသ်) ပြုနည်း
ကျွန်ုပ်သည် ကစ်ဗ်လဟ်ဘက်သို့မျက်နှာမူ၍ အလ္လာဟ်အရှင်မြတ်အတွက် စွလာသုသ်သပ်စ်ဗီးဟ် နိဖိလ်လေးရကအသ်ဖတ်မည်ဟု ရည်စူးပါသည်။ အလ္လာဟ်ဟုအပ်(က)ဗရ်

စွလာသုသ်သပ်စ်ဗီးဟ်နှင့်ပတ်သက်၍ သိထားရမည့် ပညတ်ချက်များ
၁။ ဤနမားဇ်အတွက် သီးသန့်စူရာ သတ်မှတ်ထားခြင်းမရှိပါ။ နှစ်သက်ရာစူရာကို တွဲဖတ်နိုင်သည်။ အချို့ဆင့်ပြန်ချက်များတွင် အာယသ် ၂ဝခန့် ကိရာအသ်ဖတ်ရန်လာရှိထားသည်။
၂။ နမားဇ်အတွင်း သပ်စ်ဗီးဟ်ကို နှုတ်ဖြင့် ရေတွက်မှုလုံးဝမပြုရပါ။ နှုတ်ဖြင့်ရေတွက်လိုက်လျှင် နမားဇ်ပျက်သွားမည်။ (ဆိုလိုသည်မှာ တစ်ခါဖတ်ပြီးလျှင် ၁၊ နှစ်ခါဖတ်ပြီးလျှင် ၂။ ၎င်းပုံစံဖြင့် ရေတွက်ခွင့်မရှိခြင်း ဖြစ်၏။) မိမိလက်ချောင်းများ ရှိနေသည့်နေရာ၌ပင် လက်ချောင်းကလေးများကို ဖိ၍ ရေတွက်သွားရမည်။
၃။ တစ်နေရာရာ၌ သပ်စ်ဗီးဟ်ဖတ်ရန် မေ့သွားမည်။ ကျန်သွားမည်ဆိုပါက နောက်တစ်နေရာ၌ ပြန်ဖြည့်ဖတ်လိုက်ရမည်။ သို့သော် အောက်ပါနေရာတို့တွင် သပ်စ်ဗီးဟ်ဖြည့်ခြင်း မပြုရပါ။
- ရုကူမှ ပြန်ထသည့်အချိန်
- စဂ်ျဒဟ်နှစ်ခုကြား ထိုင်သည့်အချိန်
- ပထမနှင့် တတိယရကအသ်ပြီးနောက် ထိုင်သည့်အချိန်။
အထက်ပါအခြေအနေတို့တွင် ၎င်းနေရာ၌ဖတ်ရမည့် ဆယ်ကြိမ်ကိုသာ ဖတ်လိုက်ပါ။ ဖော်ပြပါ အခြေအနေသုံးမျိုးမှအပ ကျန်အခြေအနေတို့တွင် သပ်စ်ဗီးဟ်အစားဖြည့်နိုင်သည်။

သိမှတ်ဖွယ်
၁။ ယင်းနမားဇ်ကို နဖိလ်ဖတ်ရန် မက္ကရူးဟ်ဖြစ်သည့်အချိန်မှအပ ကျန်အချိန်အားလုံးတို့တွင် ဖတ်နိုင်ပါသည်။ (ဖဂျရ်နှင့် အဆွရ်ပြီး၊ နေထွက်၊ မွန်းတည့်။ ၎င်းအချိန်တို့တွင် နဖိလ်ဖတ်ခြင်း မက္ကရူးဟ်ဖြစ်သည်။)
၂။ ထိုနမားဇ်ကို မွန်းတိမ်းပြီးသည့်နောက် ဇုဟုရ်နမားဇ်ထက်အရင် ဖတ်ပါက အကောင်းဆုံးဖြစ်သည်။ ဟဒီးစ်တော်တစ်ရပ်တွင် မွန်းတိမ်းပြီးနောက်ဟူသည့် စာသားပါရှိခြင်းကြောင့် ဖြစ်ပါသည်။ မွန်းတိမ်းပြီးတွင် အချိန်မရခဲ့ပါကလည်း အခြားမည်သည့်အချိန်တွင်မဆို ဖတ်နိုင်သည်။
၃။ အချို့ဆင့်ပြန်ချက်များတွင် နမားဇ်အတွင်း ဖတ်ရသည့်ကလိမာလေးခု - စုဗ်ဟာနလ်လာဟိ ဝလ်ဟမ်ဒုလိလ်လားဟိ ဝလားအိလားဟ အိလ်လလ်လားဟု ဝလ်လာဟုအပ်က်ဗရ် နှင့်အတူ ဝလာဟောဝ်လာ ဝလာကူးဝသ အစ်လ်လာ ဗိစ်လ်လားဟိလ် အလီယစ်လ်အဇွီးမ် ကိုပါ ထည့်သွင်းဖော်ပြထားသဖြင့် သပ်စ်ဗီးဟ်တွင် ထို (လာဟောဝ်လာ) ကိုတွဲစပ်လိုက်ပါက အကောင်းဆုံးပင်ဖြစ်သည်။
၎။ ဒုတိယနှင့် စတုတ္ထရကအသ်တွင် အသ်ဟိယားသ်မဖတ်မီ သပ်စ်ဗီကို ဆယ်ကြိမ်ဖတ်ရမည်။ ထို့အတူ ရုကုအ်၊ စဂ်ျဒဟ်တို့၏ ဇိကိရ်များဖတ်ပြီးပါက သပ်စ်ဗီကို ဆယ်ကြိမ်ဖတ်ရမည်။
၅။ ဆွလာသွသ်သပ်(စ)ဗီးဟ်ဖတ်ရန် ဒုတိယနည်း
စနာဖတ်ပြီးနောက် (စူရာဖာသိဟာမဖတ်မီ) သပ်စ်ဗီကို ၁၅ကြိမ်နှင့် စူရာဖာသိဟာနှင့် စူရာတွဲပြီးနောက် ၁ဝကြိမ်ဖတ်လိုက်ပါ။ ကျန်သည့်အခြေအနေအားလုံးတွင် ပထမနည်းအတိုင်းဖတ်သွားရမည်။ သို့သော် ယခုနည်းတွင် ဒုတိယစဂ်ျဒဟ်ပြီးနောက် ၁ဝကြိမ်ထိုင်ဖတ်ရန်မလိုအပ်တော့ပေ။ ဒုတိယစဂ်ျဒဟ်၌ပင် ၇၅ကြိမ်ပြည့်ပြီး ဖြစ်သည်။ (ပထမနည်းနှင့် ဒုတိယနည်း ကွာခြားမှုမှာ ပထမနည်းတွင် နမားဇ်၏ ကိယာမ်၌ သပ်စ်ဗီ ၁၅ကြိမ် ရှိပြီး စဂ်ျဒဟ်နှစ်ခုပေါင်းတွင် အကြိမ် ၄ဝပါဝင်မည်။ ဒုတိယနည်းတွင် ကိယာမ်၌ ၂၅ကြိမ်ပါပြီး စဂ်ျဒဟ်၂ခုပေါင်း အကြိမ် ၃ဝသာရှိမည်။)
နည်းနှစ်မျိုးလုံးဖြင့် ဖတ်ခြင်းက အကောင်းဆုံးဖြစ်သည်ဟု အာလင်မ်ပညာရှင်များက ရေးသားထားသည်။ (တစ်ခေါက်ဖတ်လျှင် နည်းတစ်မျိုး၊ နောက်တစ်ခေါက်ကို နောက်နည်းတစ်မျိုးဖြင့် ဖတ်ခြင်းကို ဆိုလိုပါသည်။ လေးရကအသ်အတွင်း နှစ်မျိုးလုံးအသုံးပြုခြင်းမဟုတ်ပါ။)
အိမာမ်အဗူဟနီဖာ၏ တပည့်၊ အိမာမ်ဗုခါရီ၏ ဆရာများ၏ဆရာဖြစ်သူ ဟဇရသ်အဗ်ဒုလ်လာဗင်န်မုဘာရက်သည် ဆွလာသွသ်သပ်(စ)ဗီးဟ်ကို ဖော်ပြပါဒုတိယနည်းဖြင့် ဖတ်လေ့ရှိခဲ့သည်။
ပညတ်ချက်။ စဂ်ျဒဟ်စဟ်ဝဲပြုရလျှင် ယင်းစဂ်ျဒဟ်၌ သပ်စ်ဗီမဖတ်ပါနှင့်။ သို့ရာတွင် နမားဇ်အတွင်း သပ်စ်ဗီဖတ်ရန်မေ့ကျန်ခဲ့သည်။ တစ်ရကအသ်တွင် ၇၅ကြိမ် မပြည့်ခဲ့ပါလျှင် (ယခုအထိလည်း မဖြည့်ရသေးပါက) စဂ်ျဒဟ်စဟ်ဝဲ၌ ဖြည့်စွက်လိုက်ပါ။
-------။-------။-------။-------
{သုဟ်ဖာအိခဝါသီးန်မှ ကောက်နှုတ်ပြန်ဆိုသည်။}
အလ်မုဖီးဒ်
ရှအ်ဗာန်/ ၂၆/ ယောင်မုလ်အဟဒ်/ ဟစ်ဂ်ျရီ ၁၄၃၆


အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

အိမ်ရှင်နှင့် စပ်လျဉ်းသည့် စည်းကမ်းများ



၁။ ထမင်းစားသုံးနေသည့် ဧည့်သည်အား ဇွတ်အဓမ္မ ထပ်မထည့်ပေးသင့်။ ဇွတ်အတင်း မစားခိုင်းသင့်။
၂။ ထမင်းစားပွဲတွင် ဟင်းပန်းကန်များ၌ ဟင်းလျာများ လိုအပ်ပါက ဟင်းထပ်ဖြည့်ရန်အတွက် ဟင်းပန်းကန်များကို ယူဆောင်မသွားရ။ အခြား ပန်းကန်လွတ်တွင် ဟင်းလျာများ ထည့်၍ ယူလာကာ ဟင်းပန်းကန်များတွင် ဖြည့်ထည့်ရမည်။
၃။ မိမိ၏ အကြီးအကဲများကို ထမင်းစားဖိတ်ရာတွင် ၎င်း၏အသိုင်းအဝိုင်းရှိ ပုဂ္ဂိုလ်များ၊ သက်ဆိုင်ပတ်သက်သူများကိုပါ ဖိတ်ကြားလိုသော် အကြီးအကဲအား သက်ဆိုင်သူများကိုပါ ခေါ်လာရန် မပြောသင့်ချေ။ သက်ဆိုင်သူများကိုခေါ်လာရန် အကြီးအကဲမှာ မေ့ကောင်း မေ့သွားနိုင်သည်။ ထို့ပြင် အကြီးအကဲမှ တဆင့်ဖိတ်ကြားစေခြင်းသည် အရိုအသေကင်းမဲ့ရာ ရောက်သည်။ အကယ်၍ မိမိအကြီးအကဲနှင့် သက်ဆိုင်သူများကိုပါ ဖိတ်ကြားလိုပါက အကြီးအကဲထံ ခွင့်ပန်ပြီးမှ ဖိတ်ကြားသင့်သည်။ အကြီးအကဲနှင့် သက်ဆိုင်သူများကလည်း မိမိတို့၏ အကြီးအကဲထံတွင် ခွင့်ပန်ပြီးမှ အဆိုပါဖိတ်ကြားခြင်းကို လက်ခံသင့်ပေသည်။
၎။ ဧည့်သည်အား ဧည့်ဝတ်ပြုရာတွင် ပျူပျူငှာငှာ လှိုက်လှိုက်လှဲလှဲပြုပါ။ ဖြစ်နိုင်သမျှ အစားအသောက်များ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေးမွေး ဧည့်ခံပါ။ သုံးရက်တိုင် ဖွယ်ဖွယ်ရာရာ ကျွေးမွေးဧည့်ခံခြင်းမှာ အိမ်ရှင်ပြုကျင့်ရမည့် ဝတ္တရားဖြစ်သည်။
၅။ ဧည့်သည်ထံသို့ စားသောက်ဖွယ်ရာများ ပေးပို့သည့်အခါ ဖုံးအုပ်၍ ပေးပို့ပါ။
၆။ ဧည့်သည်ပြန်သည့်အခါတွင် အိမ်တံခါးပေါက်အထိ ဧည့်သည်အား အိမ်ရှင်က လိုက်ပါပို့ဆောင်ခြင်းမှာ စွန်နသ်ဖြစ်သည်။
၇။ အိမ်ရှင်သည် ဧည့်သည်ထမင်းစားသုံးနေသည့်အခါ ဧည့်သည်မည်သို့မည်ပုံ စားသုံးနေသည်၊ မည်မျှစားသုံးနေသည်ကို အပေါ်စီးမှ ချောင်းမြောင်းကြည့်မနေရ။ ဧည့်သည် လွတ်လပ်စွာစားသုံးနိုင်ရန် ထားသင့်သည်။ အချို့အိမ်ရှင်များသည် ဧည့်သည်အနီးတွင် ရစ်သီရစ်သီလုပ်ကာ ဧည့်သည်မည်မျှ စားသုံးနေသည်။ မည်သို့မည်ပုံစားသုံးသည်ကို ကြည့်တတ်ကြပေသည်။ အိမ်ရှင်၏ ဤသို့သော အပြုအမူကြောင့် ဧည့်သည်စိတ်အနှောင့်အယှက်ဖြစ်စေသဖြင့် ဤသို့မပြုသင့်ချေ။
၈။ ထမင်းစားရန် လက်ဆေးသည့်အခါ ဦးစွာဧည့်သည်လက်ကို ဆေးကြောပေးရမည်။ အိမ်ရှင်၏ လက်ကိုနောက်မှဆေးကြောသင့်သည်။ ထိုနည်းတူပင် ထမင်း၊ ဟင်း၊ အစားအစာ စသည်တို့ကို ဧည့်သည်ရှေ့သို့ ဦးစွာချပေးရမည်။ ပြီးမှ အိမ်ရှင်၏ရှေ့သို့ ချပေးရမည်။
၉။ ထမင်းစားဝိုင်း၌ ဧည့်သည်များကို နေရာယူစေသည့်အခါ အသိုင်းအဝိုင်းအုပ်စုတစ်စုတည်းမှာ ပုဂ္ဂိုလ်များကို တစ်စုတစ်ဝိုင်းတည်းတွင် နေရာယူစေသင့်၏။ ထမင်းဝိုင်းတွင် အားမနာရသည့် အသိုင်းအဝိုင်း၊ မိမိနှင့်ရင်းနှီးသည့် ပုဂ္ဂိုလ်များနှင့် အတူထိုင်ကာ စားသောက်ရသည်မှာ ကျေနပ်စရာ ကောင်း၏။ တစ်ဦးကိုတစ်ဦး အားနာစရာလည်း မလိုတော့ချေ။ အသိုင်းအဝိုင်းမတူညီသည့် အချင်းချင်း မရင်းနှီးသည့် ပုဂ္ဂိုလ်တို့အား တစ်စုတည်း တစ်ဝိုင်းတည်းနေရာယူစေပါက စားသောက်ရာတွင် တစ်ဦးကိုတစ်ဦး အားနာနေရပြီး အားရကျေနပ်စွာ စားသုံးနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အိမ်ရှင်သည် ဖေါ်ပြပါအချက်ကို ဂရုပြုသင့်သည်။ လူစိမ်းဧည့်သည်တစ်ဦးတစ်ယောက်အား ၎င်းနှင့် မရင်းနှီးသည့် ဧည့်သည်အသိုင်းအဝိုင်းတစ်ခုခု၏ ဝိုင်းတွင် နေရာချထားပေးလိုပါက ဧည့်သည်ဟောင်းအုပ်စု၏ ခွင့်ပြုချက်ကိုယူပြီးမှ ပြုလုပ်သင့်သည်။ အကြောင်းကား တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုမရှိပါက စားသောက်ရာတွင် စိတ်မလွတ်လပ်ဘဲ ရှိနေတတ်သောကြောင့် ဖြစ်၏။
၁ဝ။ မုအာဝိယဟ်သခင်(ရသွီ)၏ ထမင်းဝိုင်းမှာ လွန်စွာကြီးမားကျယ်ပြန့်လှ၏။ ဆင်းရဲသား ကျေးတောသား မြို့သား ခရီးသည် မိဘမဲ့ အားလုံးကို ထမင်းဝိုင်းသို့ ပင့်ဖိတ်ကာ ကျွေးမွေးလေ့ရှိ၏။ တစ်ခါက ကျေးတောသားတစ်ယောက်သည် အဆိုပါထမင်းဝိုင်း၌ စားသုံးနေစဉ် ထမင်းကို ပလုပ်ပလောင်း စားသောက်နေလေသည်။ ထိုအခါ မုအာဝိယဟ်သခင်က အဆိုပါကျေးတောသားအား ထမင်းလုတ်သေးသေးစားသောက်ရန်နှင့် အလုတ်ကြီးကြီး စားသောက်ပါက လည်ပင်းတွင်နင်ကာ ဒုက္ခတွေ့တတ်ကြောင်း ပြောဆိုဆုံးမလေသည်။ ကျေးတောသားမှာ မုအာဝိယဟ်သခင်၏ ဆုံးမစကားကို ကြားလျှင်ကြားချင်း ဆက်လက်မစားတော့ဘဲ ခင်ဗျားရဲ့ ထမင်းဝိုင်းမှာ လူရည်မွန် သိက္ခာရှိသူတွေထိုင်ပြီး ထမင်းမစားသင့်ဘူး။ ခင်ဗျားဟာ ဧည့်သည်တွေ ထမင်းလုတ်ကြီးကြီးစားသလား၊ ငယ်ငယ်စားသလားဆိုတာကို တစ်ချိန်လုံး စောင့်ကြည့်နေတဲ့ လူပဲ။ ဟုဆိုကာ ထပြန်သောအခါ မုအာဝိယဟ်သခင်က အဆိုပါကျေးတောသားအား ကျွန်ုပ်ယခုလို ပြောဆိုဆုံးမခြင်းဟာ ခင်ဗျားရဲ့ကောင်းကျိုးကို လိုလား၍သာ ပြောဆိုဆုံးမခြင်းဖြစ်ပါတယ်။ ဟု ကြိမ်ဖန်များစွာ ပြောပြနားချသော်လည်း ကျေးတောသားမှာ မုအာဝိယဟ်သခင်၏ စကားကို လက်မခံတော့ဘဲ ခင်ဗျားမည်သည့် ရည်ရွယ်ချက်နှင့်ပြောပြော ကျွန်ုပ်လက်မခံနိုင်၊ အဆုံးမှာတော့ ခင်ဗျားဟာ ဧည့်သည်တွေ မည်၍မည်မျှ မည်သို့မည်ပုံ စားနေသည်ကို လိုက်ကြည့်နေသူပဲ။ အမှန်မှာ အိမ်ရှင်ဟာ ဧည့်သည်တွေ လွတ်လပ်စွာစားပါစေတော့ဆိုတဲ့ စေတနာနဲ့ ဧည့်သည်တွေစားနေကြတာကို လွှတ်ထားသင့်တယ်။ သို့သော် ဧည့်သည်တွေ ဘာလိုအပ်နေတယ်ဆိုတာလောက်တော့ ကြည့်ပေါ့ ဘယ်ဧည့်သည်က ထမင်းလုတ် ဘယ်လောက်ကြီးကြီးစားတယ်။ ဘယ်ဧည့်သည်က ဘယ်လောက်ထမင်းလုတ် ငယ်ငယ်စားတယ်ဆိုတာကို ကြည့်စရာ ဘာလိုလဲ ဟုဆိုကာ ကျေးတောသားသည် ထမင်းဝိုင်းမှာ ထွက်ခွာသွားလေတော့သည်။
၁၁။ ဧည့်သည်နှစ်မျိုးရှိ၏။ ပထမဧည့်သည်ကား တကူးတက တစ်ဦးတစ်ယောက်ထံ ရည်ရွယ်၍ လာသည့်ဧည့်သည်ဖြစ်ပြီး ယင်းဧည့်သည်မျိုးအား ဧည့်ခံရန် အိမ်ရှင်အပေါ် မပြုမနေရတာဝန်ဖြစ်၏။ ဒုတိယဧည့်သည်ကား တစ်ဦးတစ်ယောက်ထံ ရည်ရွယ်၍လာသည့် ဧည့်သည်မဟုတ်ဘဲ တစ်နေရာရာသို့ အလုပ်တစ်ခုခုဖြင့်လာရင်း လမ်းကြုံ၍ တစ်ဦးတစ်ယောက်ထံ ဝင်လည်သည့် ဧည့်သည်ဖြစ်၏. ဤသို့သောသူမှာ ဧည့်သည်မဟုတ် ခရီးသည်မျှသာ ဖြစ်သဖြင့် ၎င်းအား ဧည့်ခံရန်မှာ ၎င်းဝင်လည်သည့်အိမ်ရှင်အပေါ် တာဝန်မရှိ။ လမ်းခုလပ်ရှိ တစ်ဦးတစ်ယောက် သို့မဟုတ် တစ်အိမ်အိမ်မှ ဧည့်ခံလိုက်ရုံဖြင့် အားလုံးအတွက် တာဝန်ကျေသွားလေသည်။ ဆိုလိုရင်းမှာ ဤသို့သောဧည့်သည်အား တစ်ဦးတစ်ယောက် ဧည့်ခံလိုက်ခြင်းမှာ ဖရ်သွိကိဖာယာ တာဝန်ဖြစ်၏။
၁၂။ ကျွန်ုပ်အား ဒါကာမြို့ပိုင်က ဖိတ်၍ ဒါကာရောက်ခဲ့စဉ်က ဘင်္ဂလားပြည်နယ်အနှံတွင်ရှိသည့် အာလင်မ်ပညာရှင်တော်တော်များများ ကျွန်ုပ်နှင့်တွေ့ဆုံရန် လာကြလေသည်။ ကျွန်ုပ်နှင့်တွေ့ဆုံရန် လာသည့်ပုဂ္ဂိုလ်အားလုံးကို ကျွန်ုပ်က ခင်ဗျားတို့ ကျွန်ုပ်နှင့်တွေ့ဆုံရန် လာကြသူအားလုံး ဈေးမှာထမင်းဝယ်စားကြပါ။ ဟုပြောသည်ကို မြို့ပိုင်ကသိသောအခါ စီမံခန့်ခွဲရန် တာဝန်ယူထားသည့် ဦးလေးတော်စပ်သူအား မြို့ပိုင်က ဆရာကြီးနှင့် လာရောက်တွေ့ဆုံသူအားလုံးကို မိမိအိမ်က တာဝန်ယူကျွေးမွေးလိုက်ပါဟု ဆိုလေသည်။ စီမံခန့်ခွဲသူ မြို့ပိုင်ဦးလေးက ကျွန်ုပ်ထံ လာရောက်ခွင့်ပန်သည့်အခါ ကျွန်ုပ်က ဒီပုဂ္ဂိုလ်တွေဟာ ကျွန်ုပ်နှင့် လာတွေ့သူတွေပါ။ ကျွန်ုပ်တပည့်နောက်လိုက်တွေ မဟုတ်ဘူး။ သူတို့ကို ထမင်းကျွေးမွေးဧည့်ခံလိုက ခင်ဗျားကိုယ်တိုင် သူတို့ဆန္ဒကိုမေးပြီး ဧည့်ခံကျွေးမွေးနိုင်ပါတယ် ဟု ပြောသဖြင့် ဧည့်သည်အားလုံးကို တစ်ယောက်ချင်း လိုက်လံရှာဖွေဖိတ်ခေါ်ပြီး ထမင်းကျွေးမွေးဧည့်ခံလေသည်။ ကျွန်ုပ်နှင့်အတူထိုင်လျက် ထမင်းစားသုံးကြလေသည်။ ကျွန်ုပ်ကသာ ကျွန်ုပ်နှင့်လာတွေ့သည့်ဧည့်သည်အားလုံး ကျွန်ုပ်နှင့် အတူမစားကြဘဲ ဈေးသွားပြီး ဝယ်စားကြပါဟု မပြောခဲ့လျှင် ကျွန်ုပ်နှင့် တွေ့ရန်လာသည့် ဧည့်သည်အားလုံးလိုလို အတူထမင်းစားကြမည်မှာ အမှန်ပဲ။ အိမ်ရှင်တွေက ကျွန်ုပ်ထံလာပြီး ဧည့်သည်အားလုံးကိုပါ ဧည့်ခံပါရစေဟု ခွင့်ပန်ကြ၍ ကျွန်ုပ်ကလည်း ခွင့်ပြုခဲ့၏။ ထိုအခါ ကျွန်ုပ်က ကျွန်ုပ်နှင့် လာရောက်တွေ့ဆုံသူအားလုံးအား ကဲကြည့်ပါဦး။ ကျွန်ုပ်နှင့် ကပ်မြှောင်လုပ်ပြီး ထမင်းဝိုင်းဝင်စားတာနဲ့ ခုလို ထမင်းဖိတ်ကျွေးခံရတာနဲ့ ဘယ်အရာက ပိုပြီး သိက္ခာရှိသလဲ ဟု မေးလိုက်၏။
၁၃။ ကျွန်ုပ်တို့အားလုံးသည် အရာရာတွင် အစ္စလာမ့်အဆုံးအမအတိုင်း လိုက်နာကျင့်သုံးသင့်၏။ ဧည့်သည်အား ပျူငှာစွာဆက်ဆံရာတွင်လည်း အစ္စလာမ့်စည်းဘောင်ကို မကျော်လွန်သင့်။ အပိုမဖြုန်းတီးသင့်။ အစ္စလာမ့်အဆုံးအမအတိုင်းလိုက်နာမှ မုစ်လင်မ်တို့ သိက္ခာရှိကြလိမ့်မည်။ သို့သော် မျက်မှောက်ခေတ်တွင် မုစ်လင်မ်တို့သည် ဥရောပတိုက်သားများကို အထင်ကြီးပြီး သူတို့၏ ဝတ်စားဆင်ယဉ်မှု၊ သူတို့၏ လူမှုဆက်ဆံရေး၊ သူတို့၏ လူနေမှုစနစ် သူတို့၏ ရောင်းဝယ်ဖောက်ကားမှုစနစ်၊ စသည်တို့ကို အတုယူကာ တိုးတက်မှုရယူလိုကြသည်။ တိုးတက်လိုကြသည်။ အမှန်စင်စစ် မုစ်လင်မ်တို့၏ သိက္ခာ၊ မုစ်လင်မ်တို့၏ တိုးတက်ရေးလမ်းကြောင်းသည် အစ္စလာမ့်စည်းစနစ်ထဲမှာသာရှိသည်ကို မုစ်လင်မ်တို့ သတိမမူမိကြပေ။
၁၄။ အဆင့်အတန်းတူ သူငယ်ချင်းနှစ်ယောက် ဧည့်သည်အဖြစ် တပြိုင်တည်းလာရောက်သည့်အခါ ကျွန်ုပ်သည် အဆိုပါဧည့်သည်နှစ်ဦးအား ဧည့်ခံကျွေးမွေးသည့်အခါ တစ်ပြေးညီ၊ တန်းတူရည်တူ ကျွေးမွေးဧည့်ခံလေ့ရှိ၏။ ခွဲခြား၍ ကျွေးမွေးဧည့်ခံခြင်းကို မသင့်လျော်ဟု ကျွန်ုပ်ထင်၏။ တစ်ယောက်ကို တစ်မျိုးမဖြစ်ရလေအောင် အမြဲဂရုစိုက်ကာ ဧည့်ခံကျွေးမွေးလေ့ရှိ၏။
၁၅။ အိမာမ်ရှာဖိအီသခင်သည် တစ်ခါက ပုဂ္ဂိုလ်တစ်ဦးထံ ဧည့်သည်အဖြစ် ရောက်ရှိလေသည်။ အိမ်ရှင်ပုဂ္ဂိုလ်၏ အလေ့အထမှာ ဧည့်သည်လာသည့်အခါတိုင်း ဧည့်သည်အတွက်ချက်ပြုတ်ရမည့် စားဖွယ်ရာများ၏ စာရင်းကို ကြိုတင်ရေး၍ မိမိ၏ကျေးကျွန်အား ချက်ပြုတ်ရန် စေခိုင်းတတ်၏။ အိမာမ်ရှာဖီအီသခင်က အဆိုပါစာရင်းကို ကျေးကျွန်လက်မှ ရယူလျက် မိမိနှစ်သက်ရာ စားဖွယ်တစ်မျိုးကို ချက်ပြုတ်မည့်စာရင်းတွင် ဖြည့်စွက်ရေးသားလိုက်လေသည်။ ချက်ပြုတ်၍ ပြီးစီးသောအခါ အိမ်ရှင်သည် မိမိအလေ့အထအတိုင်း စားဖွယ်ရာများနှင့် စာရင်းကိုကြည့်သောအခါ စားဖွယ်ရာတစ်မျိုးကို အပိုတွေ့ရှိလေသည်။ အိမ်ရှင်ပုဂ္ဂိုလ်က မိမိကျေးကျွန်းအား မေးသောအခါ ကျေးကျွန်က ဧည့်သည်အိမာမ်ရှာဖီအီသခင်ကိုယ်တိုင်က ဖြည့်စွက်ရေးပေးသည့်အတွက် ချက်ပြုလာရကြောင်း ဖြေကြားလျှင် အိမ်ရှင်သည် အိမာမ်ရှာဖီအီသခင်၏ အမိန့်ကိုနာခံသည့် ကျေးကျွန်အား လွန်စွာကျေနပ်သဖြင့်လည်းကောင်း၊ ဝမ်းမြောက်အားရလှသဖြင့်လည်းကောင်း ကျေးကျွန်အား သူကောင်းပြုလိုက်လေတော့သတည်း။
၁၆။ ကျွန်ုပ်ထံတွင် ရံဖန်ရံခါ ဧည့်သည်များ စုပြုံရောက်လာတတ်ကြသည်။ အချို့ဧည့်သည်များမှာ တစ်ဦးနှင့်တစ်ဦး မသိကျွမ်းကြ။ မရင်းနှီးကြ။ ယခုမှ တွေ့ကြုံကြသူများ ဖြစ်ကြလေသည်။ ကျွေးမွေးဧည့်ခံသည့်အခါ ကျွန်ုပ်ကိုယ်တိုင် ပါဝင်စားသောက်ခြင်း မပြုနိုင်ပါက အချင်းချင်း သိကျွမ်းရင်းနှီးပြီးသော ဧည့်သည်များကို တစ်သုတ်၊ မသိကျွမ်းမရင်းနှီးသူများကို တစ်သုတ် ခွဲ၍ ဧည့်ခံကျွေးမွေးလေ့ရှိသည်။ အကြောင်းမှာ ဧည့်သည်တို့၏ သဘာဝစိတ်ဓါတ်များသည် မတူညီတတ်ကြ။ အချို့ဧည့်သည်များသည် မိမိနှင့် မသိသူများ မရင်းနှီးသူများအတူထိုင်လျက် စားသုံးရသည်ကို မလွတ်လပ်သလိုဖြစ်ပြီး တစ်စုံတစ်ယောက် မိမိကိုတားဆီးထားသည့်နှယ် ခံစားကြရတတ်သောကြောင့် ဖြစ်၏။
ကျွန်ုပ်ကိုယ်တိုင် ဧည့်သည်များနှင့် ပါဝင်စားသောက်သည့် အခါတွင်မူ အချင်းချင်း ရင်းနှီးသည့်ဧည့်သည် မရင်းနှီးသည့်ဧည့်သည်ဟူ၍ ခွဲမနေတော့ဘဲ တစ်သုတ်တည်းတွင် ထိုင်စေကာ အားလုံးကို ဧည့်ခံကျွေးမွေးလေ့ရှိ၏။ အဘယ့်ကြောင့်ဆိုသော် ဧည့်သည်များအချင်းချင်း မရင်းနှီးမသိကျွမ်းစေကာမူ ကျွန်ုပ်အိမ်ရှင်ကိုယ်တိုင် အားလုံးနှင့်အတူပါဝင်စားသောက်နေသဖြင့် အားလုံးအတွက် ကျွန်ုပ်သည် သိကျွမ်းစရာ အကြောင်းခံဖြစ်၍နေသောကြောင့် ဖြစ်၏။ ထိုအခါတွင် ဧည့်သည်အားလုံးနှင့် ကျွန်ုပ်အိမ်ရှင်ကိုယ်တိုင် အစကပင် သိကျွမ်းပြီးဖြစ်ရကား စားသောက်ရာတွင်လည်း မည်သူ့အတွက်မှ အားနာစရာ ရှက်အမ်းအမ်းဖြစ်စရာ မလိုတော့ချေ။
ဤသည်မှာ ကျွန်ုပ်ထံလာသော ဧည့်သည်များအား ထောက်ထားငဲ့ညှာ ဦးစားပေးခြင်းဖြစ်၏။ သို့ရှိရာ ကျွန်ုပ်သည် ဆက်ဆံရာ၌ကြမ်းတမ်းကြောင်း ကြမ်းတမ်းသူတစ်ယောက်ဖြစ်ကြောင်းသာလျှင် ပြင်ပတွင် ကျော်ကြားနေပြီး ဤသို့သော ဧည့်သည်များနှင့် ညှာတာစွာ၊ ထောက်ထားစွာ ဦးစားပေးကာ ဆက်ဆံခြင်းများကို မည်သူမှ သိလည်းသိကြမည်မဟုတ်။ ကြားပင်ကြားဖူးကြမည် မဟုတ်ပေ။

 ဧည့်သည်နှင့်စပ်လျဉ်း၍ အိမ်ရှင်လုပ်ဆောင်ရမည့် ဝတ္တရားများ 
၁။ ဧည့်သည်များကို ဧည့်ဝတ်ကျေပွန်ခြင်းမှာ အစ္စလာမ်ဘာသာ၏ စည်းကမ်းချက်ဖြစ်၏။ ကောင်းမြတ်သော အကျင့်လည်းဖြစ်၏။ နဗီတမန်တော်မြတ်များ သူတော်စင်သူတော်ကောင်းများ၏ ကျင့်ထုံးလည်း ဖြစ်သည်။ ဧည့်သည်လာသည့်အခါ ပျူငှာပြုံးရွှင်စွာ ခရီးဦးကြိုပြုပါ။
၂။ ဧည့်သည် မိမိအိမ်သို့ရောက်လာပြီးနောက် ၎င်းအတွက် နေရာထိုင်ခင်းကို စီစဉ်ခင်းကျင်းပါ။
၃။ ဧည့်သည်စိတ်ချမ်းသာစွာ ရှိစေရန် ဂရုစိုက်ပါ။ ဧည့်သည် မိမိအိမ်သို့ ရောက်လာသည့်အခါ လိုအပ်လာပါက အသုံးပြုနိုင်ရန် အိမ်သာ၊ ရေချိုးခန်းတို့ကို လိုက်ပြထားပါ။
၎။ ဧည့်သည် မိမိအိမ်သို့ ရောက်လျှင်ရောက်ခြင်း အိမ်တွင်အသင့်ရှိသည့် စားသောက်ဖွယ်ရာများနှင့် ဦးစွာဧည့်ဝတ်ပြုပါ။ နောက်တွင် (ချောင်လည်သူ၊ တတ်နိုင်သူဖြစ်ပါက) အခြားစားသောက်ဖွယ်ရာများဖြင့် ထပ်ဆင့်ဧည့်ခံခြင်းမှာ ဧည့်ဝတ်ကျေသည့် အစဉ်အလာကောင်းတစ်ရပ်ဖြစ်၏။
၅။ ဧည့်သည်အား ဧည့်ခံကျွေးမွေးရာတွင် အဖိုးတန်စားသောက်ဖွယ်ရာများကို စီစဉ်ရန် အရေးမကြီးပေ။ လွယ်လင့်တကူ စီမံချက်ပြုတ်နိုင်သည့် အစားအစာများကို ချက်ပြုတ်ကျွေးမွေးလိုက်လျှင် လုံလောက်၏။
၆။ အိမ်ရှင်သည် ဧည့်သည်ရှေ့တွင် စားသောက်ဖွယ်ရာများကို ချပေးရုံဖြင့် မလုံလောက်ပေ။ ဧည့်သည်စားသုံးသည်၊ မစားသုံးသည်ကိုလည်း တစေ့တစောင်း အကဲခတ်နေသင့်ပြီး ဧည့်သည်ကို အားမနာဘဲ စားသုံးဖို့ ပြောရန်လည်းကောင်း၊ လိုအပ်သည်များကို ဖြည့်ဆည်းပေးရန်လည်းကောင်း ဧည့်သည်၏အနားတွင် ရှိနေသင့်သည်။ သို့သော် ဧည့်သည်မည်မျှ စားသုံးနေသည်။ မည်ကဲ့သို့ စားသုံးနေသည်ကို ချောင်းမြောင်းမကြည့်ရပေ။ ဤသို့ ချောင်းမြောင်းကြည့်ခြင်းမှာ ဧည့်ခံခြင်း၏ စည်းကမ်းနှင့်လည်း မညီညွတ်၊ ဧည့်သည်အတွက်လည်း ရှက်စရာအကြောင်းဖြစ်ပေသည်။
--------။--------။--------
အလ်မုဖီးဒ်
ရှအ်ဗာန်/ ၂၆/ ယောင်မုလ်အဟဒ်/ ဟစ်ဂ်ျရီ ၁၄၃၆

**သတိပေးချက်
(မုဖ်သီနူးရ်မိုဟမ္မဒ်ဆွာဟိဗ် ဘာသာပြန်သော အစ္စလာမ်နှင့် လူမှုဆက်ဆံရေး စာအုပ်မှ ကူးယူတင်ဆက်သည်။ အထက်ပါ အကြောင်းအရာများကို ကူးယူသူများအနေဖြင့် အကြောင်းအရာ အစမှ အဆုံးအထိ ကူးယူပြီး အလ်မုဖီးဒ်မှ ကူးယူကြောင်း ထည့်သွင်း ဖော်ပြပါ။ မူလ စာရေးသူနှင့် ဘာသာပြန်ဆိုသူအပါအဝင် အလ်မုဖီးဒ်၏ စာမျက်နှာလင့်ခ်တို့ကိုပါ ပူးတွဲ ဖော်ပြပါ။ တခြားပုံစံ လုံးဝခွင့်မပြုပါ။ တဝက်တပျက် လိုသလောက်ကူးယူးကာ ကိုယ်ပိုင်အမည်တပ်ခြင်း၊ ကိုယ်တိုင်ရေးသယောင် ပုံစံလုပ်ဆောင်ခြင်းများကို တွေ့ရှိနေပါသည်။ ထိုသူတို့သည် မိမိကိုယ်တိုင်လုပ်ဆောင်ခြင်းမရှိသည့်အရာကို ဟန်ဆောင်ထားသဖြင့် လိမ်လည်သူများ၊ အမာနသ်ကို အလွဲသုံးသူများသာ ဖြစ်သည်။ ဒီးန်ပြန့်ပွားလိုလျှင် မှန်ကန်သည့်နည်းလမ်းဖြင့် ဖြန့်ချိပါ။)

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

ဧည့်သည်နှင့် စပ်လျဉ်းသည့် စည်းကမ်းချက်များ


၁။ တစ်ဦးတစ်ယောက်ထံ ဧည့်သည်အဖြစ် ရောက်ရှိသည့်အခါ စားသောက်ပြီး၍ ဖြစ်စေ၊ ရိုဇဟ်ဥပုသ် စောင့်ထိန်းထားခြင်းကြောင့်ဖြစ်စေ အကြောင့်တစ်ခုခုကြောင့် စားရန် ဆန္ဒမရှိပါက မိမိထမင်းစားမည်မဟုတ်ကြောင်းကို အိမ်ရှင်အား ချက်ခြင်း အသိပေးရမည်။ ယင်းသို့ ကြိုတင်အသိမပေးဘဲနေပါက အိမ်ရှင်သည် ဧည့်သည် မိမိထံတွင် စားသုံးမည်ဟူသောအထင်ဖြင့် ထမင်းဟင်းများ ချက်ပြုတ်လိမ့်မည်။ ချက်ပြုတ်ပြီးကာမှ မိမိမစားလိုကြောင်း အသိပေးလျှင် ချက်ထားသည်များ အလဟဿဖြစ်ရုံမက ဒုက္ခခံရကျိုးလည်း နပ်မည်မဟုတ်သဖြင့် အိမ်ရှင်မှာ စိတ်ဆင်းရဲလိမ့်မည်။ ထို့ကြောင့် ဤအချက်ကို ဂရုစိုက်သင့်သည်။
၂။ မိမိတည်းခိုနေသည့်အိမ်မှ တစ်နေရာသို့ သွားရောက်လည်ပတ်သည့်အခါ အိမ်ရှင်အား မိမိမည်သည့်နေရာသို့သွားသည်ကို အသိပေးကာ သွားရမည်။ သို့မဟုတ်က ထမင်းစားချိန်တွင် အိမ်ရှင်အဖို့ ၎င်းအားလိုက်လံရှာဖွေခြင်းဖြင့် ဒုက္ခရောက်လိမ့်မည်။
၃။ ဧည့်သည်သည် မိမိတည်းခိုနေသည့် အိမ်ရှင်အား အသိပေးခြင်းမရှိဘဲဖြစ်စေ၊ အိမ်ရှင်၏ ခွင့်ပြုချက်ရယူခြင်းမရှိဘဲဖြစ်စေ တစ်ဦးတစ်ယောက်၏ ဒအ်ဝသ်ထမင်းစားဖိတ်ခြင်းကို လက်ခံခြင်းမပြုရ။
၎။ ဧည့်သည်သည် မိမိရောက်ရှိနေသည့် ဒေသရှိ စီမံခန့်ခွဲခြင်းဆိုင်ရာ အမှုကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရပေ။ အကယ်၍ အိမ်ရှင်က စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တစ်ခုခုကို စီမံလုပ်ဆောင်ရန် တာဝန်ပေးအပ်ပါက အကြောင်းမဟုတ်ပေ။
၅။ ဧည့်သည်သည် အချည်းအနှီးလုပ်ရပ်များကို မလုပ်အပ်။ ဧည့်သည်တစ်ဦးသည် အခြားဧည့်သည်တစ်ဦးဦးအား "ထမင်းခူးပြီးပြီ" "ထမင်းအဆင်သင့်ဖြစ်ပြီ" ဟူ၍ ပြောခြင်းမှာ ဧည့်သည်ဝတ္တရားမဟုတ်သည့်အတွက် ဤသို့ပြောဆိုဖိတ်ခေါ်ခြင်းမှာ အချည်းအနှီးလုပ်ရပ်ပင် ဖြစ်၏။
၆။ ဧည့်သည်သည် မိမိရှောင်ကြဉ်သည့် အစားစာ (ဥပမာ - အစပ်၊ အငန်မစား) ကို မိမိတည်းခိုသည့်အိမ်သို့ ရောက်လျှင်ရောက်ချင်း အိမ်ရှင်အား အသိပေးရမည်။ အချို့သူများသည် ထမင်းဟင်းများ ခူးခပ်ပြီးကာမှ ဟိုဟာမစားနိုင်၊ သည်ဟာမစားနိုင် စသည်ဖြင့် ဟန်လုပ်ကြသည်ကို တွေ့ရတတ်သည်။ ဤသို့မပြုအပ်ပေ။
၇။ တစ်ဦးတစ်ယောက်ထံ ဧည့်သည်အဖြစ်သွားသည့်အခါ အိမ်ရှင်ထံမှ မည်သည့်အရာကိုမှ မတောင်းဆိုရ။ ရံဖန်ရံခါ ဧည့်သည်တောင်းသည့် အရာဝတ္ထုမှာ တန်ဖိုးမကြီးသော်ငြားလည်း အိမ်ရှင်ထံတွင် မရှိသောကြောင့် အိမ်ရှင်က မပေးနိုင်၊ မဖြည့်ဆည်းနိုင်သည့်အပေါ် အကြောင်းမဲ့ အိမ်ရှင်က အရှက်ရတတ်သည်။
၈။ ဧည့်သည်သည် အိမ်ရှင်ထံ ထမင်းစားပြီး ဝမ်းဗိုက်ပြည့်သွားပါက မုန့်၊ ထမင်းအနည်းငယ်နှင့် ဟင်းအနည်းငယ်တို့ကို ချန်ထားခဲ့သင့်၏။ အကယ်၍ ဗိုက်ပြည့်သွားပါလျက် ကုန်စင်အောင်စားသုံးလိုက်ပါက အိမ်ရှင်က ဧည့်သည်အတွက် ထမင်း၊ မုန့်၊ ဟင်းများ ဧည့်ခံသည်မှာ နည်းသွားသည်ဟု ထင်မြင်ကာ ရှက်ကိုးရှက်ကန်းဖြစ်လိမ့်မည်။
၉။ တစ်ဦးဦးသည် အခြားသူတစ်ဦး၏ အိမ်သို့ ထမင်းစားဖိတ်ထား၍ သွားနေသည့်အခါမျိုးတွင် ထိုသူနှင့်အတူ ၎င်းသွားမည့်အိမ်နားအထိ လိုက်မသွားသင့်ပေ။ အဘယ့်ကြောင့်ဆိုသော် အိမ်နားရောက်သည့်အခါ ထမင်းစားဖိတ်သူအိမ်ရှင်က မိမိအားလည်း မသင့်လျော်သဖြင့် မခေါ်ချင်ခေါ်ချင် အတူထမင်းခေါ်စားပေလိမ့်မည်။ အချို့က အားနားပါးနား လက်ခံတတ်ကြပြီး အချို့က လက်မခံတတ်ကြပေ။ လက်ခံသူများသည် အိမ်ရှင်၏ အမှန်တကယ် ကျေကျေနပ်နပ်နှင့် ကျွေးသည့်ထမင်းကို စားရခြင်းမဟုတ်ပေ။ လက်မခံဘဲ ငြင်းပယ်ခဲ့သူများ၏ အပြုအမူကြောင့် အိမ်ရှင်ဖြစ်သူမှာ ရှက်အမ်းအမ်း ဖြစ်ရတတ်သည်။ မည်သို့ပင်ဖြစ်စေ သူတပါး မိမိကြောင့်ဒုက္ခဖြစ်ရခြင်းကို အထူးဆင်ခြင်သင့်ပေသည်။
၁ဝ။ တစ်နေရာရာရောက်၍ ၎င်းနေရာရှိ အိမ်ရှင်သူတော်စင်တစ်ပါးထံမှ မိမိလိုလားသည့် အရာဝတ္ထုတစ်ခုခုကို တောင်းယူရန်လိုအပ်ပါက (ဥပမာ- သူတော်စင်ထံမှ အမြတ်တနိုးအနေဖြင့် ဗရ်ကသ်မင်္ဂလာနှင့် ပြည့်စုံသည့်ပစ္စည်းတစ်ခုခုကို ရယူလိုလျှင်) အခြေအနေကို သုံးသပ်၍ မိမိရယူလိုသည့်ပစ္စည်းကို အဆင်သင့်ပြုလုပ်ပေးလိုက်နိုင်သည့် အချိန်ရရှိစေရန် ကြိုတင်ပြောပြရမည်။ အချို့သောသူတို့သည် တစ်ချိန်လုံးနှုတ်ဆိတ်နေပြီး မိမိပြန်ကာနီးအချိန်ရောက်သည့်အခါမှာ ပြောပြသည့်အတွက် အချိန်နည်းနေသောကြောင့် သူတော်စင်မှာ အကျပ်အတည်းနှင့် ရင်ဆိုင်ရတတ်သည်။ ဧည့်သည်လိုလားသည့်ပစ္စည်းမှာ အသင့်အနေအထားတွင် မရှိသဖြင့် ပေးလိုက်ချင်လျက် မပေးလိုက်နိုင်သဖြင့် စိတ်မကောင်းဖြစ်ရတတ်သည်။ ဤသို့ သူတပါးအား အကျပ်အတည်းဖြစ်စေခြင်းမှာ မကောင်းပေ။ တဖန် သူတော်စင်တစ်ပါးပါးထံမှ ၎င်း၏သုံးပြီးပစ္စည်းတခုခုကို ဗရ်ကသ်လိုလား၍ တောင်းဆိုသည့်အခါ ဂရုပြုသင့်သည်မှာ အဆိုပါပစ္စည်းသည် အမှန်တကယ် သူတော်စင်အသုံးမလိုတော့သည့် ပစ္စည်းမျိုးဖြစ်ရမည်။ အကောင်းဆုံးနှင့် အလွယ်ကူဆုံးနည်းလမ်းမှာကား သူတော်စင်ထံမှ ဗရ်ကသ်ရယူလိုပါက ပစ္စည်းတစုံတရာ မတောင်းခံဘဲ မိမိပိုင်ပစ္စည်းကို သူတော်စင်ထံပေး၍ အသုံးပြုစေပြီး သူတော်စင်သုံးစွဲပြီးကာမှ ဗရ်ကသ်ရရှိရန် ပြန်ယူသင့်ပေသည်။ ဤသို့ပြန်လည်ရယူမည့်အကြောင်းကိုလည်း သူတော်စင်အား ကြိုတင်ပြောပြထားသင့်သည်။

 ဧည့်သည်ဝတ္တရား 
၁၁။ ရက်ရောသူတစ်ဦးဦးက ထမင်းစာဖိတ်၍ ထမင်းဝိုင်းတွင် အစာအစားအမျိုးမျိုး ခင်းကျင်းထားပါက ဧည့်သည်အနေဖြင့် မိမိနှင့်မတည့်သည့်အစားအစာ၊ ဆရာဝန်က မစားသင့်ဟု တားမြစ်ထားသည့်အစာမှလွဲ၍ ကျန်အစားအစာများကို စားသုံးရမည်။
၁၂။ ထမင်းဝိုင်းတွင် အတွေးနက်ရှိုင်းစေမည့်၊ ခက်ခဲနက်နဲပြီး တွေးတေားစဉ်းစားရမည့် စကားမျိုးကို မဆိုသင့်ပေ။ စိတ်လက်ပေါ့ပါးစေမည့် စကားမျိုးကိုသာ ဆိုသင့်သည်။ အကြောင်းကား နက်နဲခက်ခဲသည့်စကားမျိုးကို စတင်လိုက်ပါက ထမင်းစားသည့် အရသာ ပျောက်ရတတ်သည်။ အစားဘက်သို့ အာရုံမရောက်တော့ဘဲ အဆိုပါစကားကို တွေးတောစဉ်းစားနေရသဖြင့် အာရုံပြောင်းသွားတတ်သည်။ ဤသို့ ခက်ခဲနက်နဲသည့်စကားမျိုးကို တစ်ဦးတယောက်ပြောလာပါက ယင်းဘက်သို့ နားမစွင့်သင့်။ နားစွင့်ကာ အာရုံစူးစိုက်နားထောင်လျှင် ထမင်းမြိန်တော့မည် မဟုတ်ချေ။
၁၃။ ဧည့်သည်စားသုံးရန် ခင်းကျင်းထားသည့် ထမင်းဝိုင်းမှ အစားအစာများကို တစ်ဦးတစ်ယောက် လာရောက်တောင်းခံပါက ဧည့်သည်အနေဖြင့် လာရောက်တောင်းရမ်းသူကို ပေးကမ်းပိုင်ခွင့်မရှိချေ။
၁၄။ စားဖွယ်ရာတစ်ခုခုကို ပန်းကန်တွင်ထည့်၍ ပေးပို့လာသည့်အခါ ယင်းစားဖွယ်ရာကို မိမိပန်းကန်တွင် ပြောင်းထည့်၍ စားသုံးရမည်။ စားဖွယ်ရာပေးပို့လာသည့်ပန်းကန်ဖြင့် မစားသုံးပိုင်ချေ။ သို့သော် စားဖွယ်ရာကို အခြားပန်းကန်တခုခုတွင် ပြောင်းထည့်လိုက်ပါက အရသာ အဆင်းသဏ္ဍာန်ပြောင်းလဲသွားနိုင်ပါက ယင်းပန်းကန်ဖြင့်ပင် စားသောက်ပိုင်၏။
၁၅။ စားဝိုင်းတစ်ခုတည်း၌ စားသုံးကြစဉ် ထမင်း သို့မဟုတ် ဟင်းတစုံတရာ ကုန်သွားလျှင် ဧည့်သည်က မိမိ၏ရှေ့တွင်ရှိသည့် ထမင်း၊ ဟင်း တစုံတရာကို လိုအပ်သည့်ဘက်သို့ ရွှေ့ပြောင်းပေးခွင့်ရှိ၏။ သို့ရာတွင် အခြားစားဝိုင်းများတွင် ထမင်း၊ ဟင်း စသည့်အရာတခုခု ပြတ်လပ်သည်ကို သိ၍ ဧည့်သည်အနေဖြင့် မိမိရှေ့ရှိ ထမင်း၊ ဟင်းစသည်တို့ကို ရွှေ့ပြောင်းမပေးပိုင်ပေ။
၁၆။ အလုပ်ကိစ္စတစ်ခုခုဖြင့်သွားရင်း ကြုံကြိုက်သဖြင့် မိမိ၏မိတ်ဆွေတစ်ဦးထံ ဝင်ရောက်ခဲ့သော် ရောက်လျှင်ရောက်ချင်း မိတ်ဆွေဖြစ်သူအား မိမိအလုပ်တစ်ခုဖြင့် တစ်နေရာသို့ လာရောက်ရင်း လမ်းကြုံ၍ ဝင်လာကြောင်းကို ဦးစွာပြောလိုက်သင့်သည်။ သို့မဟုတ်က အဆိုပါမိတ်ဆွေက သင်သည် ၎င်းထံသို့ တကူးတကလာသည်ဟု ထင်မှတ်ကာ ၎င်းလုပ်လက်စအလုပ်ကို စွန့်လွှတ်၍ ဧည့်ဝတ်ပြုနေရပေလိမ့်မည်။ ထိုသို့ ဧည့်ဝတ်ပြုရသည့်အတွက် ၎င်း၏အလုပ်ကို ဖျက်ရတတ်သည်။
၁၇။ ဧည့်သည်သည် မိမိ၏တစ်နေတာ အလေ့အထများ (ဥပမာ- မည်သည့်အချိန် ရေချိုးတတ်သည်။ ထမင်းစားတတ်သည်။ မည်သည့်အချိန်၌ မည်သည့်အလုပ်ကို လုပ်သည်) ကို ကြိုတင်၍ အိမ်ရှင်အား ပြောပြထားသင့်သည်။ ထမင်းစားပွဲရှေ့ရောက်မှ မိမိ၏ထမင်းစားချိန် စသည်တို့ကို ပြောခြင်းမှာ လူမှုရေးနားမလည်ခြင်း၊ လူမှုရေးကို ဆန့်ကျင်ခြင်း ဖြစ်ရုံမက အိမ်ရှင်လည်း ဒုက္ခရောက်ရတတ်သည်။
၁၈။ အိမ်ရှင်က ဧည့်သည်စားရန် ကွမ်းယာပို့လိုက်ပါက ဧည့်သည်သည် မိမိကိုယ်တိုင် စားသုံးနိုင်သော်လည်း မိမိအနီးရှိ အခြားသူများကို မကျွေးပိုင်ချေ။ အခြားသူများအတွက် အိမ်ရှင်ထံသို့ ကွမ်းယာတောင်းဆိုခြင်းလည်း မပြုပိုင်ပေ။ ရံဖန်ရံခါ ဤသို့သောအပြုအမူများကြောင့် အိမ်ရှင်စိတ်အနှောင့်အယှက်ဖြစ်ရတတ်သည်။
၁၉။ အကြီးအကဲများ၊ အာလင်မ်ပညာရှင်များ အထူးဂရုပြုရမည့်အချက်မှာ မိမိနှင့်အတူ အခြားသူများကို အတူခေါ်သွားခြင်းဖြင့် အိမ်ရှင်အတွက် ခက်ခဲအောင်မပြုရပေ။ ယနေ့မျက်မှောက်ကာလတွင် ပစ္စည်းဥစ္စာနှင့်စပ်လျဉ်း၍ ဆင်ခြင်တုံတရားနည်းပါးသဖြင့် လူမှုဆက်ဆံရေးပျက်ပြားနေသည်ကို တွေ့ကြရပေမည်။

 ဧည့်သည်တို့ သတိချပ်စရာ 
၂ဝ။ ဧည့်သည်တစ်ယောက် အိမ်ရှင်၏အိမ်ဖော်အား ရေယူခဲ့ ဟူ၍ အာဏာသံပါပါ ရေတောင်းလိုက်သည်ကို ဆရာကြီးကကြားသဖြင့် မိန့်ကြားသည်မှာ အာဏာသံပါပါ ဖော်ပြပါအတိုင်း ရေတောင်းသည်မှာ လူမှုဆက်ဆံရေးဆိုင်ရာ စည်းကမ်းနှင့် မညီပေ။ အကယ်၍လိုအပ်သဖြင့် အိမ်ဖေါ်ထံ ရေတောင်းလိုပါကလည်း ကျေးဇူးပြု၍ ရေအနည်းငယ်လောက် ယူလာပေးပါ ဟု ယဉ်ယဉ်ကျေးကျေးတောင်းရမည်။

 အရာရာတွင် ဝိရိယရှိဖို့လို 
၂၁။ ဧည့်သည်တစ်ယောက်သည် အိရှာစွလားသ်အပြီး ညဘက်အေးသဖြင့် ခြုံရန် တစ်နေရာမှ ဂွမ်းကပ်ယူဖို့သွားလိုကြောင်း ဆရာကြီးထံခွင့်ပန်သည့်အခါ ဆရာကြီးက ဧည့်သည်အား ခင်ဗျား ဂွမ်းကပ်ယူပြီး ပြန်ရောက်လာလို့ တံခါးခေါက်ပြီး နှိုးလျှင် အိပ်စက်အနားယူနေတဲ့ ဧည့်သည်အားလုံး နိုးကုန်ပြီး ဒုက္ခရောက်ကြမှာပေါ့ ဟုဆိုကာ အဆိုပါဧည့်သည်ခြုံရန် စောင်ပေးပြီး မိတ်ဆွေက ဂွမ်းကပ်သွားယူဖို့ တစ်နေကုန် မစဉ်းစားမိဘူးလား။ အခု အားလုံးအိပ်ခါနီးကျမှ သတိရသကိုး။ ဒီကိစ္စအရေးကြီးတယ်ဆိုရင် စောစောက သွားယူထားမှပေါ့။ အလုပ်တိုင်းအတွက် သတိရှိသင့်တယ်ဟု ဆုံးမလေသည်။
 ခေတ်သစ်လူမှုဆက်ဆံရေးစနစ် 
၂၂။ ယခုခေတ်တွင် လူမှုဆက်ဆံရေးစနစ်မှာ အသစ်ဖြစ်၍ နေပေပြီ။ အကယ်၍ စီစဉ်မှုလွယ်ကူစေရန် သဘောဖြင့် ဧည့်သည်အား နေ့ရက် မည်မျှတည်းခိုမည်။ မည်သည့်နေ့ရက်တွင် ပြန်မည်နည်းဟု မေးလျှင် ဤသို့မေးမြန်းခြင်းကို မကောင်းပြောကြ၊ မကောင်းမြင်ကြပေသည်။ ထိုနည်းတူပင် အချို့သောဧည့်သည်များသည် အိမ်ရှင်အား အသိမပေးဘဲ မိမိဘာသာ မိမိတို့ ထမင်းအစီအစဉ် လုပ်တတ်ကြပေသည်။ တဖက်တွင် အိမ်ရှင်ကလည်း ဧည့်သည် မိမိတို့ထံတွင် ထမင်းစားလိမ့်မည်ဟူသည့်အထင်ဖြင့် အစီအစဉ်ပြုလုပ်ထားသည်။ ထမင်းစားချိန်ရောက်မှ ဧည့်သည်က မိမိတို့ဘာသာမိမိတို့ စီစဉ်ပြီးဖြစ်ကြောင်း ပြောကြသည့်အခါ အိမ်ရှင်၏ ပင်ပန်းကြီးစွာ ချက်ပြုထားခြင်းတို့မှာ သဲထဲရေသွန်ဖြစ်ပြီး အိမ်ရှင်စိတ်ဆင်းရဲရသည်။ ထိုနည်းတူပင် ဧည့်သည်တစ်ဦးသည် ဆရာကြီးထံလာရောက်ပြီး မိမိနှင့်အတူ ထမင်းပါလာကြောင်း ကြိုတင်မပြောထားဘဲ ဆရာကြီးက ထမင်းစီစဉ်ပြီးမှာ မိမိထံပါလာသော ထမင်းထုပ်ကို ဖြည်ကာစားသည့်အခါ ဆရာကြီးက ထမင်းထုပ် မိမိနှင့်အတူယူလာကြောင်း ဘာဖြစ်လို့ ကြိုတင်မပြောရသလဲ။ ခုတော့ ကျွန်ုပ်တို့က ခင်ဗျားကြိုတင်မပြောလို့ ခင်ဗျားအတွက် ထမင်းစီစဉ်ရတာ ပင်ပန်းရတယ်၊ စိတ်ဆင်းရဲရတယ်။ ခင်ဗျားထမင်းထုပ်ကို ဒီမှာမစားဘဲ အခြားတစ်နေရာရာမှာ သွားစားပါ ဟု ပြောခဲ့သည်။ ထို့နောက် ဆရာကြီးက သင်ခန်းစာအဖြစ် အောက်ပါအတိုင်း ပြောပြလေသည်။

ကျွန်တော် ခရီးထွက်ရင်း စဟာရန်ပူးရ်မြို့သို့ရောက်ပြီး ရက်အနည်းငယ် တည်းခိုရမည့်အခါ ထမင်းချိန်မရောက်မီ ကြိုတင်၍ ကျွန်တော်တို့ မည်သည့်အနေရာ မည်သည့်အိမ်တွင် ထမင်းစားမည်ဖြစ်ကြောင်း သို့မဟုတ် မိမိနှင့်အတူ ထမင်း ဟင်းများ ပါလာပါကလည်း မိမိတို့နှင့်အတူ ထမင်းဟင်းများ ပါလာကြောင်း အိမ်ရှင်ကို အသိပေးလိုက်သည်။ သို့မဟုတ် ချက်ပြု၍ ယူလာခဲ့သည့် ထမင်းဟင်းတို့ကို အိမ်ရှင်ထံသို့ ပို့ပေးလိုက်ပြီး ကျွန်ုပ်တို့ ယူဆောင်လာသည့် ထမင်းဟင်းတို့ကို အိမ်ရှင်တို့စားသုံးကြရန်နှင့် အိမ်ရှင်တို့ ချက်ထားသည့် ထမင်းဟင်းများကို ကျွန်ုပ်တို့ထံသို့ ပို့ပေးနိုင်ကြောင်း သို့မဟုတ်လျှင် ကျွန်ုပ်တို့ ယူဆောင်လာသည့် ထမင်းဟင်းနှင့် အိမ်ရှင်တို့၏ ထမင်းဟင်းများကို ပေါင်းစပ်လျက် တပျော်တပါး စားကြရန်ဖြစ်ကြောင်း အိမ်ရှင်ထံသို့ ကြိုတင်အကြောင်းကြားထားလိုက်သည်။ ဧည့်သည်အတွက် အချိန်တိုတိုအတွင်း ထမင်း၊ ဟင်းစီမံရသည့် ဒုက္ခမှကင်းဝေး၊ အိမ်ရှင်ထံသို့ ဧည့်သည်ယူဆောင်လာသည့် ထမင်း ဟင်းလျာတို့ကြောင့် အိမ်ရှင်တို့ကို မထိခိုက်မနစ်နာစေဘဲ ဤသို့ ထမင်းလက်ဆုံကြသည့်အတွက် ပို၍ပင် ပျော်ရွှင်ပီတိဖြစ်ကြရသည်။ ထို့ပြင် အိမ်ရှင်တို့ချက်ပြုတ်ထားသည့် အစားအစာများလည်း အလကား မဖြစ်တော့ချေ။

 မော်လာနာ မုဇဖ္ဖရ်ဟုစိုင်းန်၏ ရိုးသားသည့် ကျင့်ထုံး 
၂၃။ မော်လာနာမုဇဖ္ဖရ်ဟုစိုင်းန်သခင် (ရဟမသုလ္လာဟိအလိုင်းဟ်)သည် မိမိရောက်သည့်နေရာတိုင်းတွင် မိမိမည်သူ့ထံတွင် တည်းခိုမည်။ ရက်မည်မျှကြာအောင် တည်းခိုမည်ကို ကြိုတင်ပြောလေ့ရှိ၏။ တခါက ဆရာကြီးသည် မော်လာနာရရှီးဒ်အဟ်မဒ် ဂန်ဂိုဟီသခင်ထံတွင် တည်းခိုနေစဉ် နံနက်မိုးလင်းသည့်အခါ ဆရာကြီးက အိမ်ရှင်ဖြစ်သူ ဂန်ဂိုဟီသခင်အား ရိုးသားစွာပြောဆိုလေသည်။ ကျွန်ုပ် ရာမ်ပူးရ်မြို့သို့ ခရီးစောစောထွက်စရာရှိတယ်။ မိုးလင်းစာချက်ပြုတ်ရာတွင် ကြာရှည်မည်ဆိုပါက ကျွန်ုပ်ခရီးဖင့်လိမ့်မယ်။ ညက ထမင်း ဟင်းများကျန်ခဲ့လျှင် အထူးတလည် ချက်ပြုတ်မနေတော့ဘဲ မနေ့ညက ထမင်းကျန် ဟင်းကျန်ကိုသာ ထည့်ပေးလိုက်တော့ ဟု ပြောဆိုပြီး ဂန်ဂိုဟီးသခင်ထံမှ မတ်ပဲဟင်းနှင့် မုန့်တို့ကိုယူ၍ ထွက်ခွာသွားလေတော့သည်။ ရာမ်ပူးရ်မြို့သို့ရောက်သောအခါ ဟကီးမ်ဇွိယာအုဒ်ဒီးန်ဆိုသူအား မော်လာနာဂန်ဂိုဟီကောင်းကြောင်းကို ပြောသောအခါ ဟကီးမ်ကြီးက မည်သည့်အတွက်ကောင်းကြောင်းကို မေးရာ မနေ့ညက ထမင်းကျန် ဟင်းကျန်တို့ကို ယူလာခိုင်းသဖြင့် ယူလာသောကြောင့် ကောင်းမွန်သူဖြစ်ရကြောင်းကို ရိုးသားပွင်းလင်းစွာ ပြောပြလေသည်။
(ဖေါ်ပြပါဖြစ်စဉ်အရ သိရသည်မှာ ရှေးက ပုဂ္ဂိုလ်တို့သည် အချင်းချင်းရိုးသားပွင့်လင်းစွာဆက်ဆံကြသဖြင့် အစစ အဆင်ပြေလွယ်ကူမှု ရှိကြသည်မှာ ပေါ်လွင်ပေသည်။)
 မော်လာနာရရှီးဒ်အဟ်မဒ် ဂန်ဂိုဟီ၏ အိမ်ရှင်အား ထောက်ထားပုံ 
၂၄။ တခါက မော်လာနာရရှီးဒ်အဟ်မဒ် ဂန်ဂိုဟီသည် မော်လာနာယအ်ကူးဗ် နာနောင်သဝီ၏ သားဖြစ်သူ ဟကီးမ်မုအီနွဒ်ဒီးန်သခင်ထံ ဧည့်သည်အဖြစ် ရောက်လာခဲ့၏။ ဆရာကြီးနှင့် အိမ်ရှင်ဖြစ်သူတို့မှာ အလွန်ရင်းနှီးသူများ ဖြစ်ကြလေသည်။ ကံအားလျော်စွာ ၎င်းနေ့တွင် အိမ်ရှင်ထံတွင် ဘာမှစားစရာလည်း မရှိ။ ချက်စရာ ဆန်၊ ဂျုံ စသည့်ပစ္စည်းများလည်း မရှိသဖြင့် အိမ်ရှင်ဖြစ်သူက ဆရာကြီးအား တောင်းပန်ရင်း စကားဆိုသည်မှာ ဒီနေ့ ကျွန်တော့်အိမ်မှာ ဘာမှစားစရာမရှိတဲ့အတွက် ဘာမှမစားဘဲ နေရမဲ့နေ့ပဲ။ ဆရာကြီး ဒီမှာရှိကြောင်း ဒီအရပ်ဒေသမှာ ရှိတဲ့သူတွေကို ပြောပြလိုက်ရင် ဆရာကြီးကို တစ်ယောက်ယောက် အိမ်ကိုဖိတ်ပြီး ကျွေးမွေးပြုစုမှာ ဖြစ်ပါတယ်။ အဲဒီသူတွေဟာ ဆရာကြီးကို အရင်ကလည်း ကျွေးမွေးခဲ့ကြဖူးတယ်။ ဒီတော့ ဆရာကြီးကို တစ်ယောက်ယောက်က ကျွေးမွေးလိုတဲ့ဆန္ဒရှိလျှင် အဲဒီ့ပုဂ္ဂိုလ်ရဲ့ ဆန္ဒအရ ဒအ်ဝသ်ပေးခြင်းကို လက်ခံလိုက်ရမလား။ ဟု မေးသည့်အခါ ဆရာကြီးက ကျွန်တော်ဟာ ခင်ဗျားရဲ့ ဧည့်သည်ပဲ။ အိမ်ရှင်ရဲ့ အခြေအနေဟာ ဧည့်သည်ရဲ့ အခြေအနေပဲ။ အိမ်ရှင်အငတ်နေရင် ဧည့်သည်လည်း အငတ်နေရမှာပေါ့။ ဟု ဆိုကာ ဘာမှမစားဘဲ အငတ်နေလေတော့၏။

 ဧည့်သည်အတွက် ပို့လိုက်သည့်ထမင်း အခြားသူကို မကျွေးပိုင် 
၂၅။ အာလင်မ်ပညာရှင်တပါးလည်းဖြစ်၊ အကြောက်တရားလက်ကိုင်ထားသူ သပ်က်ဝါရှင်လည်း ဖြစ်သူတစ်ဦးသည် ထာနဝီသခင်ထံတွင် ဧည့်သည်အဖြစ် လာရောက်တည်းခိုနေလေသည်။ တစ်ရက်တွင် အဆိုပါဧည့်သည်စားသုံးရန်အတွက် ဆရာကြီးအိမ်မှ ထမင်းပို့လိုက်ရာ ဧည့်သည်ပညာရှင်က မိမိနှင့်အတူ အခြားသူတစ်ဦးကိုလည်း ထမင်းကျွေးမွေးလေတော့သည်။ ဧည့်သည်အနေဖြင့် ဤသို့ ဧည့်သည်မဟုတ်သူအား ကျွေးပိုင်ခွင့်မရှိသည်ကို အဆိုပါအာလင်မ်က ဂရုမမူပေ။ လူ့အသိုင်းအဝိုင်းတွင် ဤသို့ပြုမူသည်ကို အပြစ်ဟူ၍ပင် မယူဆတော့ချေ။ ဆရာကြီး၏ တပည့်က အဆိုပါအာလင်မ်အား ဤကိစ္စမှာ ရှရီအသ်နှင့် ဆန့်ကျင့်မနေဘူးလားဟု မေး၍ သတိပေးသည့်အခါတွင်လည်း ၎င်းအာလင်မ်က ဂရုမစိုက်ဘဲ ငါကိုယ်တိုင် ဆရာကြီးရဲ့ သဘောထားကို မေးကြည့်ဦးမည် ဟု ပြောလိုက်လေသည်။ ဆရာကြီးက ဤအကြောင်းကို သိထားသဖြင့် ၎င်းအာလင်မ်၏ အမေးကို စောင့်ကြည့်နေသော်လည်း ၎င်းက မမေးလာသဖြင့် ဆရာကြီးကိုယ်တိုင်ကပင် အစပြုမေးကာ ဆုံးမစကားပြောခဲ့ရလေသည်။
(ဤအကြောင်းအရာမှာ အာလင်မ်ပညာရှင်ကောင်းတစ်ယောက်၏ ဖြစ်ရပ်ဖြစ်၏။ အာလင်မ်ပညာရှင်မဟုတ်သူ သာမာန်ပုဂ္ဂိုလ်များ၏ အခြေအနေကား စဉ်းစားနေစရာ မလိုတော့။ ရိုးရိုးသာမာန် လူတန်းစားများ၏ ဘာသာရေးကိုင်းရှိုင်းမှု၊ မိမိကိုယ်မိမိ ပဲ့ပြင်မှု၊ တည့်မတ်မှုအတွက် ဘယ်မှာ မျှော်လင့်ချက်ထားနိုင်တော့မည်နည်း။)
--------။--------။--------
အလ်မုဖီးဒ်
ရှအ်ဗာန်/ ၂၆/ ယောင်မုလ်အဟဒ်/ ဟစ်ဂ်ျရီ ၁၄၃၆

(မုဖ်သီနူးရ်မိုဟမ္မဒ်ဆွာဟိဗ် ဘာသာပြန်သော အစ္စလာမ်နှင့် လူမှုဆက်ဆံရေး စာအုပ်မှ ကူးယူတင်ဆက်သည်။ အထက်ပါ အကြောင်းအရာများကို ကူးယူသူများအနေဖြင့် အကြောင်းအရာ အစမှ အဆုံးအထိ ကူးယူပြီး အလ်မုဖီးဒ်မှ ကူးယူကြောင်း ထည့်သွင်း ဖော်ပြပါ။ မူလ စာရေးသူနှင့် ဘာသာပြန်ဆိုသူအပါအဝင် အလ်မုဖီးဒ်၏ စာမျက်နှာလင့်ခ်တို့ကိုပါ ပူးတွဲ ဖော်ပြပါ။ တခြားပုံစံ လုံးဝခွင့်မပြုပါ။ တဝက်တပျက် လိုသလောက်ကူးယူးကာ ကိုယ်ပိုင်အမည်တပ်ခြင်း၊ ကိုယ်တိုင်ရေးသယောင် ပုံစံလုပ်ဆောင်ခြင်းများကို တွေ့ရှိနေပါသည်။ ထိုသူတို့သည် မိမိကိုယ်တိုင်လုပ်ဆောင်ခြင်းမရှိသည့်အရာကို ဟန်ဆောင်ထားသဖြင့် လိမ်လည်သူများ၊ အမာနသ်ကို အလွဲသုံးသူများသာ ဖြစ်သည်။ ဒီးန်ပြန့်ပွားလိုလျှင် မှန်ကန်သည့်နည်းလမ်းဖြင့် ဖြန့်ချိပါ။)
အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။