Wednesday, May 22, 2013

မွတ်စလင်မ်တိုင်း သိထားသင့်သည့် အမေးအဖြေများ (၄)


၎။ မွေးဖွားလာစ ကပင် တဦးနှင့်တဦး မတူမညီ ဖြစ်ရသည့် အကြောင်းမှန်ကို ရှင်းပြပါ။

၎။ [ဖြေ]- လူ့လောကတွင် ရုပ်ဆင်းအင်္ဂါ လှပပြည့်စုံသူ၊ ရုပ်ဆင်းအင်္ဂါမပြည့်စုံ ချို့ယွင်း အကျည်းတန်သူ၊ ချမ်းသာသူ၊ ဆင်းရဲသူ၊ ဉာဏ်ပညာကြီးမားသူ၊ ဉာဏ်ပညာနည်းပါးသူ စသည်ဖြင့် ကွဲပြားခြားနားမနေဘဲ အားလုံးသည် တပြေးညီတည်း ချမ်းသာပြည့်စုံနေပါက ကိုယ်ချင်းစာတရား၊ မေတ္တာတရား၊ အကြင်နာတရား၊ ဥပေက္ခာတရား၊ မုဒိတာတရား၊ ဂါရဝတရား၊ အလှူဒါနတရား စသည်များ မကျင့်သုံးနိုင်တော့ပါ။ ထိုသို့ အနိမ့်အမြင့် ကွဲပြားခြားနားစွာ ဖန်တီး ထားမှသာလျှင် ထိုတရားမြတ်၊ တရားကောင်းများကို တစ်ဦးအပေါ်တစ်ဦး ကျင့်သုံးနိုင်ပြီး လူသားတို့အတွင်းမှ သူတော်သူမြတ်၊ သူတော်ကောင်းများ ဖြစ်ပေါ်လာနိုင်ပါမည်။ ထိုသို့ဖြစ်ပေါ်လာစေရန် တန်ခိုးတော် အနန္တ၊ ဉာဏ်တော် အနန္တဖြင့် ပြည့်စုံတော်မူသော ထာဝရအရှင် ဖန်ဆင်းရှင်က လူ့လောက၌ စမ်းသပ် စစ်ဆေးရန် မတူမညီ ကွဲပြားခြားနားစွာ ဖန်တီးထားရခြင်းဖြစ်ပါသည်။

(Simple Islam) (Islamic Teachings) ဆက်သွယ်ရန် - haroonrangoni@gmail.com