Wednesday, August 30, 2017

စုပေါင်းဒုအာဖိတ်ခေါ်ခြင်း


အွန်လိုင်း မုစ်လင်မ် မိသားစုများ စုပေါင်း ဒုအာဖတ်ဖို့ ဖိတ်ခေါ်ပါတယ်။

ဖိနှိပ်ရက်စက်ခံနေရတဲ့ မုစလ်မာန်တွေနဲ့ အစ္စလာမ့်လုပ်ရပ်များကို ပိတ်ပင်နေမှုတို့အတွက် စုပေါင်း ဒုအာဖတ်ပေးပါ။

တဦးချင်းစီ မြှားတစင်းစီ ပစ်ပေးကြမယ်ဆိုရင် အင်န်ရှာအလ္လာဟ် ပစ်မှတ်ကိုတော့ တချက်မဟုတ် တချက် ထိမှာပါ။

မွတ်စ်လင်မ်တို့အားလုံး ဒုအာရဲ့ လက်နက်ကို အသုံးချပြီး ရက်စက်ဖိနှိပ် ညှင်းပမ်းနှိပ်စက်မှုများကို အတူလက်တွဲ တွန်းလှန်ပေးမယ်လို့ မျှော်လင့်ပါတယ်။

မွတ်စ်လင်မ် ညီနောင် ညီအမတွေ ရက်စက်ခံနေရတာတွေ မွတ်စ်လင်မ့် ကလေးသူငယ်လေးတွေရဲ့ ပညာရေးတွေကို ပိတ်ပင်တာတွေကို ပုံကြည့်ရုံမဟုတ်ပဲ ဒုအာနဲ့ ကူညီပေးကြပါလို့ အလ်မုဖီးဒ်က ပန်ကြားအပ်ပါတယ်။

ဒုအာများရဲ့ အသံထွက်နဲ့ ဖတ်နည်းများကို ပုံတပုံခြင်းစီမှာ ဖော်ပြပေးထားပါတယ်။ ပြည်တွင်း ပြည်ပ ညီအကိုမောင်နှမများအားလုံးကို အတူလက်တွဲပြီး အခေါက်ရေ မည်မျှမဆို ဖတ်ပေးပါ။ အလ်မုဖီးဒ်အဖွဲ့သားများကလည်း ဖတ်ပါမယ်။ မွတ်စ်လင်မ်ထုတစ်ရပ်လုံးဟာ လူ့ခန္ဓာကိုယ်တခုပမာပါပဲ၊ လက်သန်းထိလည်း တကိုယ်လုံး နာကျင်သလို ဆံပင်တချောင်းအနှုတ်ခံရလည်း တကိုယ်လုံး ခံစားရပါတယ်။ အစ္စလာမ်၊ အီမာန်နဲ့ မွတ်စ်လင်မ်တို့အား ရက်စက်နေမှုများကို စုပေါင်းဒုအာနဲ့  စတင်အကူအညီပေးကြပါ။

အလ်မုဖီးဒ်
30/8/2017