Showing posts with label အစ္စလာမ့်ပညာရေး. Show all posts
Showing posts with label အစ္စလာမ့်ပညာရေး. Show all posts

Saturday, March 12, 2016

အစ္စလာမ့်ပညာရေးစနစ်တစ်ခု လိုအပ်နေခြင်း


ဤလင့်မှ ရှဲနိုင်သည်။
https://www.facebook.com/almufeed.mm/posts/927385464048710:0

မြန်မာပြည်ရှိ မွစ်လင်မ်လူတန်းစားအားလုံး မိမိတို့ဘာသာရေးဆိုင်ရာ ပညာရပ်များကို သင်ယူနိုင်မည့် အစ္စလာမ့်ပညာရေးစနစ်တစ်ခု ဖြစ်ပေါ်လာရန် အလွန်လိုအပ်နေပါသည်။ လူတန်းစားအားလုံးဟူသည်မှာ ကလေး၊ လူငယ်၊ လူကြီး၊ စီးပွားရေးသမားများ၊ အိမ်ထောင်ရှင်၊ သက်ကြီးရွယ်အို၊ ၀န်ထမ်း၊ အိုင်တီပညာရှင်များ၊ ဆရာဝန်များ၊ ခေတ်ပညာရပ်များတွင် တာဝန်ထမ်းဆောင်နေသူများ စသဖြင့် အခြေအနေအစုံတွင် ပုံစံမျိုးစုံဖြင့် ကျင်လည်ရုန်းကန် နေရသူအားလုံး အစ္စလာမ့်ပညာရပ်များကို သင်ယူနိုင်မည့် စနစ်တစ်ခု မွစ်လင်မ်တို့အတွင်း ပေါ်ထွက်လာရန် အရေးတကြီးလိုအပ်ပါသည်။

မြန်မာပြည်၏ ယခုလက်ရှိ အစ္စလာမ့်ပညာရေးစနစ်တွင် လူတန်းစား နှစ်မျိုးသာ သင်ယူနိုင်သည်။ တစ်မျိုးမှာ ကလေးငယ်ဖြစ်ပြီး နောက်တစ်မျိုးမှာ မော်လ၀ီ ကျောင်းသူ၊ ကျောင်းသား ဖြစ်သည်။ ကလေးငယ် သင်ယူမှုတွင် အများဆုံး အသက်ဆယ့်နှစ် ဆယ့်သုံးခန့်အထိသာ သင်ယူနိုင်သည်။ မိန်းကလေးဖြစ်၍ အပျိုဘော်ဝင်လျှင် အစ္စလာမ့်ပညာရေးကို ဆက်လက်သင်ယူဖို့ မလွယ်ကူတော့ပါ။ ဤလူတန်းစားနှစ်ခုသည် အမှန်အားဖြင့် နည်းပါးသော လူတန်းစားဖြစ်ပြီး လူ့ဘ၀ရပ်တည်မှုတွင် အလွန်နည်းပါးသော အချိန်ကာလတစ်ခုသာ ဖြစ်၏။ လူတစ်ဦးသည် အမြဲတန်း ကလေးဖြစ်နေသည် မဟုတ်ပါ။ ကလေးဘ၀မှ ကြီးလာမည်။ အရွယ်ရောက်လာမည်။ စီးပွားရေးလုပ်မည်။ အိမ်ထောင်ပြုမည်။ ပြီးနောက်တွင် မိဘ ဟူသည်ဘ၀ကို ဖြတ်သန်းရမည်။ မိဘဟူသည့် ဘ၀သက်တမ်းသည် လူ့ဘ၀တွင် အကြာရှည်ဆုံးနှင့် ဘ၀နောက်ဆုံးအထိ ရှိနေသည့် ပုံစံဖြစ်သည်။ ထိုအတောအတွင်း အုပ်ချုပ်သူများ ပမာအားဖြင့် ဗလီဂေါပက၊ အဖွဲ့အစည်းတစ်ခုခု၏ ဥက္ကဌ၊ ဆရာသမား၊ ပညာရှင်၊ ဆရာဝန် ၊ ရုံးဝန်ထမ်း စသည်ဖြင့် ဖြတ်သန်းဦးမည်။ လူပေါင်းစုံနှင့် တွေ့ဆုံပြောဆို ဆက်ဆံနေရမည်။

ပထမဆိုခဲ့သည့် ကလေးလူတန်းစား ပညာရေးတွင် အထက်ပါ လူ့ဘ၀တွင် ကျင်လည်ကြုံတွေ့ရမည့် အခြေအနေအားလုံးကို အစ္စလာမ့်နည်းကျ သင်ပေးလို့ မရပေ။ ကလေးဘ၀ သင်ယူမှုတွင် ကလေးနှင့် လိုက်လျောညီထွေသည်များကိုသာ သင်ပေးလို့ရသလို ကလေးသည်လည်း ထိုမျှသာ နားလည်သူ ဖြစ်၏။ ကလေးတစ်ဦးကို စီးပွားရေးဆိုင် အစ္စလာမ့်အမိန့်များ၊ အိမ်ထောင်ဆိုင်ရာ အမိန့်များ သွားပြောလို့မရပေ။ သို့ဆိုလျှင် ယင်းအခြေအနေများသို့ ရောက်ရှိနေသည့် မွစ်လင်မ်တို့အနေဖြင့် မိမိတို့ထမ်းဆောင်နေရသည့် ဘ၀တာဝန်များကို အစ္စလာမ့်နည်းကျ သင်ယူဆည်းပူးလိုလျှင် အဘယ်မှာ သင်ယူရမည်နည်း။ တဖန်ကလေးဟူသည် မိသားစုတစ်ခုတွင် အရေးပါ အရာရောက်သူ မဟုတ်ပေ။ ကလေးသည် စီးပွားရှာသူမဟုတ်။ အိမ်ထောင်တာဝန်ကို ထမ်းဆောင်နေသူမဟုတ်။ ကလေးကို ကျောင်းချိန် လေးနာရီခန့်တွင် ကုရ်အာန်အသံ ကလိမဟ်အသံများ ထည့်ပေးလိုက်သည်။ အိမ်တွင် နှစ်ဆယ့်လေးနာရီ သီချင်းသံ ရုပ်ရှင်သံ ဗီဒီယိုအသံ ဆဲသံ ဆိုသံများ သွင်းပေးနေသည်။ မည်သည့်အသံက ထိုကလေးကို ပို၍ စွဲစေမည်နည်း။ အိမ်တစ်အိမ်တွင် ကလေးဦးရေထက် လူကြီးဦးရေက ပိုများပြီး ကလေးထက် လူကြီးက အရေးကိစ္စပေါင်းစုံနှင့် သာပိုကြုံတွေ့ရပေသည်။ အစ္စလာမ်တွင်လည်း အရွယ်မရောက်သေးသည့် ကလေးအတွက် အမိန့်များ သတ်မှတ်ပြဌာန်းခြင်း မရှိသေးပေ။ အရွယ်ရောက်ပြီးမှသာ အမိန့်များလိုက်နာရန် တာဝန်ရှိလာသည်။ ယခု တာဝန်ထမ်းရန်ပင် မရှိသည့်ကလေး၊ နားလည်သုံးသပ်နိုင်စွမ်း နည်းပါးသည့်ကလေးကို စာသင်သည်။ ၎င်းကလေး အရွယ်ရောက် လာသည့်အခါ ဆက်သင်ခြင်းမရှိတော့ပေ။ ယင်းကလေးငယ် အရွယ်ရောက် စဉ်းစားသုံးသပ်နိုင်ချိန်တွင် မက်သဗ်ပြီးသွားပြီဖြစ်၏။ အရွယ်ရောက်ပြီးချိန် ဆက်သိရမည်များကို သင်ယူနိုင်မည့်နေရာ ရှိရမည်။ ထိုသို့သင်ယူနိုင်ရန် အစီအစဉ်တစ်ခု ရှိရမည်။

ယခုလက်ရှိ သင်ယူနိုင်သည့် လူတန်းစားအနက် နောက်တစ်မျိုးဖြစ်သည့် မော်လ၀ီကျောင်းသူ၊ ကျောင်းသားလူတန်းစား သင်ယူနိုင်မှုတွင် လူတစ်ဦးအနေဖြင့် အချိန်ကာလတစ်ခုကို အပြီး ပေးဆပ်နိုင်မှသာလျှင် ပညာရမည်ဖြစ်သည်။ ကျောင်းပုံစံ သင်ယူရမည်။ နေ့အချိန်တစ်ခုလုံးတွင် သင်ယူရမည်။ သတ်မှတ်ထားသည့် နှစ်ကာလအပြည့် အချိန်ပေးနိုင်မှသာလျှင် သင်ယူဆည်းပူးနိုင်ပေမည်။ ထိုသင်ယူနေမှုတွင် ပါဝင်သူများကို ကြည့်ပါ။ ၎င်းတို့က ပညာတစ်ခုကို အခြေခံမှစ၍ အဆင့်တစ်ခု ရောက်သည်အထိ သင်ယူနေသည်။ အိမ်ထောင်ရေးတာဝန်၊ စီးပွားရေးတာဝန်၊ လူမှုရေးတာဝန်၊ မိသားစုအရေးတာဝန် နိုင်ငံရေးတာဝန် ရုံးတာဝန် အိမ်တာဝန်၊ ဆိုင်တာဝန် စသည့်တာဝန်များကို ထမ်းဆောင်သူများ မဟုတ်ပေ။ အကယ်၍ ထိုသို့ တာဝန်ထမ်းဆောင်သူများက မိမိတို့ တာဝန်ပိုင်းဆိုင်ရာနှင့် စပ်လျဉ်း၍ အစ္စလာမ့်အသိများ သို့မဟုတ် အခြေနေအကြောင်းကြောင့် အစ္စလာမ့်အခြေခံပညာ မသင်ခဲ့ရ၍ ယခု ထိုတာဝန်များ ထမ်းဆောင်ရင်း သင်ယူလိုသည်ဆိုလျှင် မည်သည့်နေရာတွင် သင်ယူရမည်နည်း။ ၎င်းတို့အား ကျောင်းတတ်ပေါ့ဟု ဆိုလိုက်လျှင် အစ္စလာမ်က ကျောင်းတတ်မှ ပညာရမှာလား၊ အစ္စလာမ်မှာ သည်လို နေ့ဘယ်အချိန်မှ ဘယ်အချိန်အထိ သင်ယူမှ ပညာရမည်ဟု သတ်မှတ်ထားပါသလားဟု မေးခွန်းများ ထုတ်နိုင်ပေသည်။ ထို့ပြင် ယင်းလူတန်းစား သင်ကြားမှုတွင် အိမ်ထောင်ရှင်များအနေဖြင့် ပါဝင် သင်ယူနိုင်ခြင်းမရှိပေ။ အစ္စလာမ့်သည် လောကီကိုစွန့်ပြီး ပညာကြီးပဲသင် အိလိမ်ကြီးပဲသင်ဟု လုံးဝမပြဌာန်းထားပေ။ အစ္စလာမ့်ပုံစံမှာ လောကီကို အကြောင်းခံပြီး အာခိရသ်အတွက် စ၀ါးဗ်ကို ရှာဖွေရန်ဖြစ်သည်။ ခေတ်၏ပညာရပ်များ လက်မှုပညာ စီးပွားရှာဖွေပညာများကို သင်ပြီး ထိုအရာများကို အစ္စလာမ့်နည်းနှင့် ကိုက်ညီစွာကျင့်သုံးရမည်သာဖြစ်၏။ ဆရာဝန် အင်ဂျင်နီယာ ရှေ့နေ အိုင်တီပညာ အဆုံးဆိုရသော် အင်္ဂါဂြိုလ်အထိ သွားခွင့်ရှိသည်။ ထိုအရာများကို အစ္စလာမ့်နည်းကျ အသုံးချရမည်ကိုလည်း တောင်းဆိုထားပေသည်။ ထို့ကြောင့် စီးပွားလည်း အစ္စလာမ်ကိုလည်း သင်ယူနိုင်မည့် ပုံစံ၊ အိမ်ထောင်လည်းပြု အစ္စလာမ်ကိုလည်း သင်ယူနိုင်မည့်ပုံစံ၊ ခေတ်ပညာရှင်လည်းလုပ် အစ္စလာမ်ကိုလည်း သင်ယူနိုင်မည့်ပုံစံ စနစ်တစ်ခု ရှိရပေမည်။

အစ္စလာမ်၏ အဓိပတိပညာရှင်ကြီးများဖြစ်သော အလ္လာဟ့်အချစ်တော် ဆွဟာဗာဟ် ဆွဟာဗီယဟ်ကြီးများ ခေတ်က မည်သို့ ပညာသင်ယူသည်ကို အနည်းငယ် လေ့လာကြည့်မည်။ ဆွဟာဗာဟ်တို့သည် တမန်တော်မြတ် ဆွလ္လလ္လားအလိုင်းဟိဝစလ္လမ်ထံမှ အစ္စလာမ့်ပညာကို တိုက်ရိုက် ဆည်းပူးခဲ့ရသူများဖြစ်သည်။ ဆွဟာဗဟ်တို့သည် အလုပ်လည်း လုပ်သည်။ အိမ်ထောင်လည်း ပြုသည်။ သားသမီးလည်း မွေးဖွားကြသည်။ စီးပွားလည်း ရှာဖွေသည်။ ထိုလောကီကိစ္စရပ်များအားလုံးကို ဆောင်ရွက်နေသလို တစ်ဖက်တွင် ပညာ သင်ယူသည်။ သင်ယူသူတိုင်းသည် နောက်တစ်ဖက်တွင် ပြန်သင်ပေးသူလည်း ဖြစ်၏။ ဆွဟာဗဟ်တို့တွင်လည်း ကျောင်းသား လူတန်းစား ရှိခဲ့ပါသည်။ အဆ်ွဟာဗေစုဖ်ဖဟ်ဟု ခေါ်သည်။ ၎င်းတို့သည် ပညာသင်ယူသူ သီးသန့်သာ ဖြစ်၏။ အချိန်ပြည့် ပညာကိုသာ ဆည်းပူးနေသည်။ အဓိကပြောလိုသည်မှာ ဆွဟာဗဟ်တို့တွင်လည်း ကျောင်းသား လူတန်းစားရှိသလို လူတန်းစားအစုံ သင်ယူဆည်းပူးနိုင်သည့် အခြေအနေလည်း ရှိခဲ့သည်။ ကျွန်ုပ်တို့တွင်မူ ကျောင်းသားလူတန်းစား တစ်ခုသာ သင်ယူနိုင်သည့် ပုံစံဖြစ်ပြီး ကျန်သည့် လူတန်းစားအစုံ သင်ယူနိုင်သည့် အခြေအနေမရှိပါ။

အမျိုးသမီးပိုင်းဆိုင်ရာကို ဆိုရလျှင် တမန်တော်ခေတ်ကတည်းက အာလိမဟ် ဟာဖိဇဟ် မုဖ်သီယဟ်များ ရှိခဲ့ပါသည်။ တမန်တော်ခေတ်မှစလို့ ဆွဟာဗဟ်ခေတ် အိမာမ်ကြီးများ၊ မုဟဒ္ဒိစ်၊ မုဖစ်စိရ်များ ခေတ်အထိ အစ္စလာမ့်ပညာကို ထူးချွန်ပြောင်မြောက်စွာတတ်သည့် အမျိုးသမီးအုပ်စုရှိခဲ့သည်။ ယင်းအမျိုးသမီးတို့သည် တစ်ဖက်တွင် အိမ်ထောင်ပိုင်းဆိုင်ရာတာဝန်များကို လုပ်ဆောင်ပြီး နောက်တစ်ဖက်တွင် အစ္စလာမ်ကို သင်ယူသူ၊ သင်ပေးသူများ ဖြစ်ကြပေသည်။ယနေ့လည်း မိန်းကလေးကျောင်းများ ရှိနေသည်။ ကွာခြားမှုမှာ ယခင်က အမျိုးသမီး လူတန်းစားအစုံ သင်ယူနိုင်ပြီး ယနေ့တွင်မူ ကျောင်းသူလူတန်းစား တစ်မျိုးသာ သင်ယူနိုင်သည့် ပုံစံဖြစ်နေသည်။

အထက်တွင် ဖော်ပြခဲ့သလို လူတန်းစားအမျိုးမျိုးရှိသည့်အနက် အနည်းပါးဆုံးသော လူတန်းစားအတွက်သာ အစ္စလာမ့်ပညာကို သင်ယူနိုင်ပြီး ကျန်လူတန်းစားများအတွက် သင်ယူနိုင်သည့် ပုံစံ နေရာဌာနတို့ မရှိပေ။ မြန်မာပြည်တွင် ထိုသို့ မရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပေသည်။

ကျောင်း များစွာရှိသည်။ သို့သော် လူတန်းစား အစုံ သင်ယူနိုင်သည်မဟုတ်ပေ။ ကျောင်းတွင် အချိန်ပေးနိုင်မှ ပညာရမည်။ ထိုပညာတွင်လည်း အဓိကနှင့် အဓိကကို အကူပေးသည့် ပညာရပ်များ ပါဝင်လျက်ရှိရာ ကျောင်းသားအတွက်မူ အဓိကနှင့် အဓိကကို အကူပေးသည်များ အားလုံးသိထားရန် အရေးကြီးပြီး ကျောင်းသား မဟုတ်သူအတွက် အဓိကကိုသာ သိရန် အရေးကြီးသည်။ ပမာအားဖြင့် ၀ုဇူပြုခြင်းကြောင်းကို ကျောင်းသားတစ်ဦး သင်ယူရန် ဦးစွာ အရဗီ၊ အရဗီသဒ္ဒါ၊ ၀ုဇူအမိန့်ကို ထုတ်နှုတ်သည့် အာယသ်၊ ယင်းအာယသ်မှ အမိန့်ထုတ်သည့် အုစူလ်၊ ဟဒီးစ်မှ ပြဆိုမှု၊ တဖန် အသုံးအနှုန်းပညာရပ်၊ အိမာမ်များ၏ အဆိုကွဲများ၊ အဆိုကွဲများ၏ အထောက်အထားများ။ ကျင့်သုံးမှု သမိုင်း စသည်ဖြင့် အသေးစိတ် သင်ယူရမည်။ လုပ်ရပ်တစ်ခု ပိုင်သည်ဟု ဆိုလျှင် ပိုင်ကြောင်း ဘယ်သူက ဘာအထောက်အထားနဲ့ ဘယ်လိုစကားလုံးသုံးပြီး ပြောသလဲ စသည်ဖြင့် သင်ယူရမည်။ ကျောင်းသားလူတန်းစားမဟုတ်သူအတွက် ထိုအချက်အားလုံးသိရန် မလိုအပ်ပေ။ အဓိကဖြစ်သည့် ၀ုဇူ မည်သို့လုပ်ရသနည်း။ ဘယ်အရာက ပျက်စေ၍ ဘယ်အရာက ၀ုဇူမပျက်စေသနည်း။ စသည်ဖြင့် လက်တွေ့ကျင့်သုံးရန် အဓိကကျသည့် အချက်သာ လိုအပ်သည်။

အစ္စလာမ်သည် မွေးရာမှ သေသည်အထိ တွေ့ကြုံရမည့် ကိစ္စရပ်တိုင်းအတွက် ပညတ်ချက်များ ရှိသည်ဟု ဆိုထား၏။ တဖက်တွင် မွေးရာမှ သေသည်အထိ ပညာ သင်ယူဟု ပြောထားသည်။ နောက်တဖက်တွင် မွစ်လင်မ်ယောက်ျား မိန်းမတိုင်း ပညာသင်ယူရန် ဖရ်ဇ်ဖြစ်၏ မိန့်ထားပြန်သည်။ သို့ဆိုလျှင် ကျွန်ုပ်တို့ လက်ရှိ ပညာရေးစနစ်သည် ထို ညွှန်ကြားမှုအားလုံးကို ဖော်ဆောင်ပါရဲ့လားဟူသည်ကို ကြည့်ရပါမည်။ ကျောင်းအိပ် ကျောင်းစားတတ်သူသာ ပညာသင်ရမည်။ အိမ်ထောင်မရှိသူသာ ပညာသင်ရမည်။ စီးပွားရေးမလုပ်သူသာ ပညာသင်ရမည်ဟု မကန့်သတ်ထားပေ။ မွေးရာမှ သေသည်အထိ ပညာသင်ယူဟုဆိုထားရာ လူသည် အချိန်တိုင်း ကျောင်းသား၊ ကလေး အဖြစ်နှင့်သာ ရပ်နေသည်မဟုတ်ပါ။ ကလေးဘ၀မှ လူရွယ် လူငယ် လူကြီး စသည်ဖြင့် အဆင့်ဆင့်ပြောင်းလဲသွားပါသည်။ ထိုအဆင့်တိုင်းတွင် မွစ်လင်မ်သည် ပညာသင်နေရမည်။ ထိုသို့ ပညာသင်နေရန် သင်ယူနိုင်သည့် နေရာ၊ သင်ပေးနိုင်မည့် နေရာတို့ အလွန်လိုအပ်ပေသည်။

ယခုလောလောလတ်လတ် ဖြစ်ထားသည့် အခြေအနေတစ်ခုနှင့် ဆက်စပ်ပြီး ဖော်ပြရသော် သိပ်မကြာခင်က ကုရ်အာန်ကို တခြားဘာသာစကားဖြင့် မဖတ်ပိုင် မရေးပိုင် မထုတ်ဝေပိုင်ဟု အစ္စလာမ့်ပညတ်ချက် ထွက်ပေါ်လာခဲ့သည်။ ထောက်ခံသူ မထောက်ခံသူ ဝေဖန်သူ ပြစ်တင်သူ ရှုံချသူ အားလုံးရှိခဲ့ကြသည်။ အာလင်မ်မဟုတ်သည့် လူတန်းစားအတွင်း ထိုပညတ်ချက်ကို လက်မခံသူများသည်ဟု ယူဆသည်။ ယခုပြောလိုသည်မှာ အာလင်မ်မဟုတ်သည့် လူတန်းစားများအတွင်း လက်မခံသူများ ဘာ့ကြောင့် လက်မခံကြသနည်း။ အဖြေမှာ ရှင်းပါသည်။ အရဗီကို မူရင်းအတိုင်း ကြည့်၍ပင် မဖတ်တတ်သူများ ရှိနေသောကြောင့် ဖြစ်၏။ အကယ်၍သာ မွစ်လင်မ်အားလုံး မိမိတို့၏ ကျမ်းဖြစ်သော ကုရ်အာန်ကို မူရင်းအတိုင်း ဖတ်တတ်ကြပါလျှင် ထိုသို့ အရဗီအသံထွက်ကို ထည့်ရေးပေးသူ ရှိလာမည်မဟုတ်။ အသံထွက် ထည့်မရေးလျှင် ရိုက်နှိပ်ရန်လည်း မလိုအပ်တော့ပေ။ အသံထွက်လည်း ထည့်မရေး ရိုက်နှိပ်ခြင်းလည်း မရှိတော့လျှင် ထိုအသံထွက်ကို ကြည့်ဖတ်မည့်သူလည်း မရှိပါ။ ကုရ်အာန်ကို အရဗီမူရင်းအတိုင်းမဟုတ်ဘဲ အသံထွက်ဖြင့် ဖတ်သူမရှိလျှင် ထို ဖသာဝါလည်း ထွက်လာစရာအကြောင်းမရှိတော့ပေ။ ယင်းဖသာဝါမထွက်ခဲ့လျှင် ယခုကဲ့သို့ တစ်ဦးကို တစ်ဦး ပြစ်တင်ဝေဖန်ခြင်း၊ ရှုတ်ချခြင်း တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စကားတိုက်ပွဲများ ပြုနေရခြင်းတို့လည်း မရှိတော့ပေ။ ထိုသို့မဖြစ် မရှိရခြင်းတို့သည် ပင်မလုပ်ဆောင်ချက်ဖြစ်သော ကုရ်အာန်ကို အရဗီမူရင်းအတိုင်း ဖတ်တတ်ခြင်းဟူသည့် ပညာရပ် မွစ်လင်မ်တိုင်းတွင် ရှိနေသောကြောင့်ပင် ဖြစ်၏။ ယခု ထိုသို့ မဖတ်တတ်သူများ ရှိနေသဖြင့် အပေါ်က ကိစ္စရပ်အားလုံး၏ ပြောင်းပြန်ဖြစ်သော အသံထွက်များရေးခြင်း ရိုက်နှိပ်ခြင်း ဖတ်ခြင်း ဖသာဝါပေးရခြင်းတို့ ဖြစ်လာပြီး အဆုံးတွင် အကုသိုလ်ဖြစ်သည့် တစ်ဦးနှင့်တစ်ဦး မကောင်းပြောခြင်း လွဲမှားနေသော ထင်မြင်ယူဆချက်များဖြင့် စွတ်စွဲခြင်းတို့ ဖြစ်လာရသည်။ ဤအခြေအနေတစ်ခုကို အစ္စလာမ့်ကိစ္စရပ်တိုင်းတွင် ချိန်ထိုးကြည့်ပါ။ သက်ဆိုင်ရာ အသိပညာကို သင်ယူနိုင်သည့်နေရာ မရှိသဖြင့် ရရာကို ဆွဲကိုင် လိုက်ကြပေသည်။ မြန်မာပြည်ရှိ အစ္စလာမ့်ပညာရေးစနစ်တွင် လူတန်းစားအစုံအတွက် သင်ကြားရေးများ အလွန်ပင် လစ်ဟနေပါသည်။ ထိုသို့ ပညာရေးလစ်ဟခြင်းကြောင့် မွစ်လင်မ်အများစု အကုသိုလ်နွံတွင် နစ်နေရသည်။ အကြောင်းအရင်းမှာ သက်ဆိုင်ရာပညာရပ်ကို မသင်ယူထားသောကြောင့်ပင် ဖြစ်၏။ သက္ကလီးဒ်နှင့် သက်ဆိုင်သည့် အသိပညာမရှိသဖြင့် သက္ကလီးဒ်ကို ပုတ်ခတ်သူတို့က နှစ်ခွန်းပြောလိုက်လျှင် စစ်မှန်သည့်မွစ်လင်မ်တို့ ကြောင်သွားရ၏။ ယောင်သွားရ၏။ နောက်ဆုံး အမောင် တောင်မှန်း မြောက်မှန်းမသိဘဲ အိမာမ်ကိုလက်ခံသူတို့က အိမာမ်ကို စော်ကားသူ ပုတ်ခတ်သူတို့ဖြစ်သွား၏။ ဘာ့ကြောင့်နည်း။ သက္ကလီးဒ်နှင့်ပတ်သက်သည့် အသိပညာရပ်များ မရှိ၍ ဖြစ်ပေသည်။

အထက်က ကုရ်အာန်ပိုင်းဆိုင်ရာဖတ်ရွတ်မှုကို ဆက်ရသော် ကုရ်အာန်ကို မြန်မာပြည်ရှိ မွစ်လင်မ်တစ်ဦးသည် မက်သဗ်တန်းတွင်သာ သင်ယူနိုင်ပြီး အခြားသော အသက်အရွယ် အခြေအနေတို့တွင် သင်ယူနိုင်သည့် စနစ်မရှိပေ။ ကုရ်အာန်တတ်ခြင်ရင် အရင်ကတည်းက မက်သဗ်တတ်ပေါ့ ဟု ပြောမရပါ။ အခြေအနေအရ မက်သဗ်ကို မတတ်နိုင်သူရှိသလို မက်သဗ်တော့တတ်ခဲ့ပြီး ယခုအသက် ငါးဆယ်။ စီးပွားရေးတွေလုပ်လိုက်တာ အခု ကျွန်တော် ကုရ်အာန်မဖတ်တတ်တော့ဘူး။ ပြန်သင်ချင်တယ် ဆိုလျှင် ဘယ်နေရာတွင် သင်ယူရမည်နည်း။ သက်ကြီးကုရ်အာန်သင်တန်းရှိတယ်။ ဗလီမှာမေးပေါ့ ဆရာခေါ်သင်လေ စသည်တို့သည် စည်းစနစ်မကျသည့် အဖြေများသာဖြစ်၏။ ယခုဆိုလိုချင်သည့် အစ္စလာမ့်ပညာရေးစနစ်မှာ အချိန်တိုင်း လူတန်းစားအစုံ မိမိသိလိုသည်များကို သင်ယူနိုင်မည့် ပုံစံဖြစ်သည်။ နေရာကွက်တိကွက်ကြား လက်တို့ပြီး သင်ကြသည့် ပုံစံမဟုတ်ပါ။

မွစ်လင်မ်တို့က အစ္စလာမ့်ပညာသင်ခြင်းဟု ယူဆထားသည့် ပုံစံအချို့ ရှိနေသေးသည်။ ဗယာန်၊ သဗ်လီးဂ် (ဂျမာအသ်ထွက်ခြင်း)နှင့် နွေရာသီသင်တန်းတို့ ဖြစ်၏။ ဗယာန်ဟူသည် ပညာသင်ခြင်းမဟုတ်။ အခြေအနေတစ်ခုကို အကြောင်းပြု၍ ဆုံးမခြင်းတစ်မျိုးဖြစ်သည်။ ဗယာန်သည် လူတို့၏ နှလုံးသားအတွင်း မှ ရောဂါဆိုးများကို ကုသပေးသည့် လုပ်ရပ်တစ်ခုဖြစ်၏။ ပညာသင်ခြင်းနှင့် ရောလို့မရပေ။ ပင်မရည်ရွယ်ချက်များ မတူညီပါ။ ပညာသင်ခြင်းဟူသည် ပမာအားဖြင့် နမားဇ်ဆိုလျှင် နမားဇ်တွင်ရှိသည့် ဖရ်ဇ်၊ ၀ါဂျိဗ်၊ စွန္နသ်၊ မွစ်သဟဗ်၊ မက္ကရူဟ်၊ ဟရာမ်၊ နမားဇ်ပိုင်ခြင်း မပိုင်ခြင်း ပျက်ခြင်း ဖျက်ခြင်း အချိန်ကျခြင်း မကျခြင်း ခရီးသည်နမားဇ် ရောဂါဖြစ်နေလျှင် မည်သို့နမားဇ်ဖတ်ရမည် ထိုင်ဖတ်ခြင်း မတ်တပ်ရပ်ဖတ်ခြင်း နမားဇ်တစ်ခုပိုင်ဖို့ ဘာတွေလိုသလဲ စသည်ဖြင့်ပါဝင်ခြင်းကို ပညာရပ်ဟုခေါ်သည်။ ဗယာန်ကို ပမာပြရလျှင် ထိုနမားဇ်ကို ဆောက်တည်ရမည့်အကြောင်း မွစ်လင်မ်ဖြစ်လျှင် နမားဇ်ဖတ်ရန် မည်မျှအရေးကြီးခြင်း၊ နမားဇ်ဖတ်ခြင်းကြောင့် ရရှိမည့် ကုသိုလ် မဖတ်လျှင် ခံရမည့်အပြစ် နမားဇ်ဖတ်ခြင်းကြောင့် လောကီအကျိုးရလဒ် နှလုံးသားအတွင်း အကျိုးပြုပုံ စသည်တို့ပါဝင်မည်။ ဗယာန်တွင် ပညာရပ်ကဲ့သို့ အစုံပြောခြင်းမရှိသလို ဗယာန်၏ ရည်ရွယ်ချက်နှင့်လည်း မကိုက်ညီပေ။ ဗယာန်ဟူသည် လူတို့ အကြောင်းအရာ၊ ကိစ္စတစ်ခု လုပ်ဆောင်လာရန် တရားဟောခြင်း၊ တရားရေးအေးကို ပူလောင်နေသည့်ရင်တွင်းသို့ ထည့်သွင်းပေးခြင်းဖြစ်ပြီး ပညာသင်ခြင်း မဟုတ်ပေ။ တဖန် သဗ်လီးဂ်ကို လူတို့က ပညာသင်သည်ဟု ထင်နေကြသည်။ သဗ်လီးဂ်ဟူသည့် အဓိပ္ပါယ်က ပို့ပေးခြင်းဖြစ်ပြီး သင်ယူခြင်းဟူသည့် အဓိပ္ပါယ်မပါဝင်ပါ။ သဗ်လီးဂ်တွင် လူတို့ကို နမားဇ်ဖတ်လာအောင် ဖိတ်ခေါ်မည်။ ဗလီရောက်လာအောင် ဆောင်ရွက်ပေးမည်။ အိမ်တွင်း ဘာသာရေးလုပ်ငန်းများ ဖြစ်ပေါ်လာရန် ပြောပြမည်။ မွစ်လင်မ်ဟုသာ ပြောတတ်ပြီး အစ္စလာမ်နှင့် ပတ်သတ်၍ နကန်းတစ်လုံးမျှ နားမလည်သူကို အစ္စလာမ်မှာ ဘာတွေ ဘာတွေရှိတယ်။ မွစ်လင်မ်ဆိုတာ နမားဇ်ဖတ်ရတယ်။ ရိုဇဟ်ထားရတယ်။ ဗုရ်ကအ်ဝတ်ရတယ်။ စသည်ဖြင့် အမိန့်များကို သိလာအောင် ပို့ပေးသူ ဗလီလာအောင် ဖိတ်ခေါ်သူဖြစ်၏။ သဗ်လီးဂ်လုပ်ငန်းအတွင်း နမားဇ်၏ ဖရ်ဇ်များ စွန္နသ်များ ၀ါဂျိဗ်များ မပြောပေ။ ပြောခြင်းကလည်း သဗ်လီးဂ်၏ ရည်ရွယ်ချက်နှင့် မကိုက်ညီပေ။ ကျွန်ုပ်တို့တွင် ဗယာန်ရှိသည်။ သဗ်လီးဂ်ရှိသည်။ သို့သော် ထိုအရာနှစ်ခု၏ အဓိကအချက်ဖြစ်သော ပညာ မရှိပေ။ ထိုပညာကို လူတန်းစားအစုံ သင်ယူနိုင်သည့်အခြေအနေ မရှိပေ။ လုပ်ရပ်တိုင်းတွင် သူ့နည်းသူ့ဟန် သူ့စံများ ရှိသည်။ နည်းစနစ်မကျသည့်အရာသည် ပုံထွက်လည်း မကောင်းသလို အသုံးလည်း မ၀င်ပေ။ ယနေ့ ကျွန်ုပ်တို့ ဖဇီလသ်ကို ရှာနေကြသည်။ ဘာလုပ်ရင် ဘာဖဇီလသ်ရမည်ကို သိလိုကြသည်။ ဖဇီလသ်ကို ရှရီအသ်နှင့်ကိုက်ညီမှသာ ရမည်ဖြစ်ပြီး ရှရီအသ်နှင့် မကိုက်ညီလျှင် ဖဇီလသ်မှ အဇားဗ်ဖြစ်သွားပေမည်။

နွေရာသီသင်တန်းသည်လည်း လူအချို့သာ တတ်ရောက်နိုင်ပြီး လူတန်းစားအစုံ တတ်နိုင်သည်မဟုတ်။ တဖန် နွေရာသီသင်တန်းတွင် တတ်သည့်အချိန်သည် ကျန်အချိန်များနှင့် စာလျှင် နည်းသလား များသလားဟူသည်ကို ယခုကြည့်မည်။ နွေရာသီသင်တန်းကို အများအားဖြင့် အစိုးရကျောင်းသား လူတန်းစားများသာ တတ်သည်။ တစ်နည်း ကျောင်းသား လူတန်းစား တတ်နိုင်သည့် သင်ကြားမှုပုံစံဖြစ်၏။ အချိန်အားဖြင့် တနေ့ သုံးနာရီခန့်သာဖြစ်သည်။ ထို့ထက်လည်း အနည်းငယ် ပိုချင် ပိုပေမည်။ တစ်နေ့ ၂၄နာရီတွင် ပျမ်းမျှအိပ်ချိန် ရှစ်နာရီကို ဖယ်လိုက်ပါ။ ၁၆နာရီ ကျန်မည်။ ယင်းမှ တစ်ကိုယ်ရေသုံးနှင့် မိသားစုပိုင်းဆိုင်ရာအချိန် ၅နာရီခန့်ဖယ်လိုက်လျှင် ၁၁နာရီကျန်မည်။ ထို ၁၁နာရီစာ အချိန်ပိုနေသည့် လူငယ်များကို သုံးနာရီကျော်ကျော်သာ အစ္စလာမ့်အသိပညာပေးသည်ဆိုလျှင် လုံလောက်ပါမည်။ နေ့ရော ညပါ အစ္စလာမ်နှင့် သက်ဆိုင်သည့် စာပေအသံများနှင့်သာ ရင်းနှီးပြီး အစ္စလာမ့်ကျောင်းများတွင် အချိန်ပေးတတ်လာသူများပင် တလွဲလုပ်သည်က များ၏။ ယခုလို အစိုးရကျောင်းများ အသံပေါင်းစုံအကြား နေသူများကို တစ်နေ့သုံးနာရီ သုံးလမျှသင်ပေးသည်ဆိုလျှင် မည်မျှထိရောက်မည်နည်း။ လောကီပညာရပ်များကို တစ်နှစ်ပတ်လုံး ၃၆၅ရက်ရှိသည်အနက် ရက်သုံးရာစာလောက် နေ့ရောညပါ နားထဲဝင်နေသူများကို သုံးလမျှ တစ်ခါသင် သုံးနာရီဆိုလျှင် ဆင်ပါးစပ် နှမ်းပတ်သည်နှင့် တူနေမည်။

ထို့ကြောင့် မြန်မာပြည် အစ္စလာမ့်ပညာရေးစနစ်ကို မွစ်လင်မ်လူတန်းစားအစုံ သင်ယူနိုင်သည့် စနစ်တစ်ခု ဖြစ်လာအောင် ဆောင်ရွက်ရပါမည်။ အစ္စလာမ်တွင် ကဏ္ဍတိုင်းအတွက် နည်းစနစ်များ ပြသထားသည်။ ထိုနည်းများကို အထူးပြုသင်ယူထားသည့် မော်လ၀ီ မုဖ်သီ အာလင်မ်ကြီးများက ဦးစီးကာ စည်းစနစ်ကျသည့် ပညာသင်စနစ်တစ်ခု ပြုလုပ်ရပါမည်။ ယခုဆိုလျှင် များမကြာမီ ကမ္ဘာ့နိုင်ငံတကာသို့ လှည့်ခဲ့ပြီးဖြစ်သော ဒီမိုကရေစီသည် မြန်မာပြည်သို့လည်း လာရောက်ပါတော့မည်။ ဒီမိုကရေစီသည် ဧည့်သည်မဟုတ်။ သူရောက်သွားသည့်နိုင်ငံတိုင်းတွင် အမြဲနေသည့်သူ ဖြစ်၏။ ထိုစနစ်သည် လူတိုင်း လူတိုင်းထံသို့ ရောက်ရှိလာပေမည်။ ယင်းဒီမိုကရေစီရောက်ရှိလာမှုကို အစ္စလာမ်နည်းကျ လက်ခံကျင့်သုံးမလား သို့မဟုတ် ဒီမိုကရေစီအတိုင်း မျောပါသွားကြမလားဟူသည်ကို ဝေဖန်ပိုင်းခြားနိုင်သည့် အသိပညာ မွစ်လင်မ်တိုင်းတွင် အသင့်ရှိနေရပါမည်။ အစ္စလာမ့်အသိပညာတွင် မွစ်လင်မ်တိုင်းသိရမည့် အကြောင်းအရာနှင့် သက်ဆိုင်ရာလူများသာ သိရမည့် အသိပညာဟူ၍ နှစ်မျိုးရှိသည်။ ခ၀ပ်မှု၊ ယုံကြည်မှုနှင့် လူမှုဆက်ဆံရေးပိုင်းသည် လူတိုင်းသိရမည့် အရာဖြစ်သည်။ လယ်ယာစိုက်ပျိုးသူက လယ်ယာနှင့် သက်ဆိုင်သည့် အမိန့်၊ အရောင်းအဝယ်ပြုသူက အရောင်းအဝယ်ပိုင်းဆိုင်ရာ၊ ဆရာဝန်က ကုသမှုပိုင်းဆိုင်ရာ ဂေါပကလုပ်သူက ဂေါပကနှင့် သက်ဆိုင်သည့် ပညာ၊ မော်ဇင်က အဇာန်နှင့် သက်ဆိုင်သည့် ပညာ အိမာမ်လုပ်သူက အိမာမ်နှင့်သက်ဆိုင်သည့် ပညာ စသည်တို့သည် သက်ဆိုင်ရာလူများသာ သိရမည့် ပညာရပ်များ ဖြစ်၏။ ယခုခေတ်ဆိုလျှင် ဘဏ်လုပ်ငန်းများ၊ စတော့ရှယ်ရာလုပ်ငန်းများ၊ ငွေချေးလုပ်ငန်းများ၊ အိုင်တီ၊ ဖုန်း၊ ကွန်ပျူတာ၊ ဒီဇိုင်း အင်တာနက် ဖေ့ဘွတ် စသည်များ အလွန်ကို တွင်ကျယ်လာပြီ ဖြစ်သလို မြန်မာနိုင်ငံမှ မွစ်လင်မ်များလည်း ထိုတွင်ကျယ်မှုများတွင် ပါဝင်နေပြီ ဖြစ်၏။ ၎င်းတို့ပါဝင်နေသည့် လုပ်ရပ်များတွင် အစ္စလာမ်မှ မည်သို့သင်ကြားပြသထားသည်ဟူသည် ပညာရပ်များ အလွန်လိုအပ်နေပေသည်။

ပညာရေးစနစ်တစ်ခု ပေါ်ထွန်းလာရန် အချိန်၊ လူ၊ ငွေနှင့် နေရာတို့ လိုအပ်သည်။ သင်ကြားမည့် အာလင်မ်တို့ စိတ်အေးစွာ သင်ပေးနိုင်ရန် ၎င်းတို့၏ ဘ၀အတွက် သီးသန့် စီးပွားရှာနေရန် မလိုအပ်သည့် စီစဉ်မှုမျိုး ရှိရမည်။ လူတန်းစားအစုံက အချိန်စုံတွင် လာရောက်သင်ယူနိုင်မည့် ပုံစံ၊ အဓိကအချက်များပါဝင်သည့် မိခင်ဘာသာစကားဖြစ်သော မြန်မာဘာသာဖြင့် သင်ပေးနိုင်မည့် သင်ရိုးညွှန်းတမ်းတို့ပါရှိရပါမည်။

ယခုဆိုလျှင် မြန်မာနိုင်ငံ၏ အဓိက ကဏ္ဍတစ်ခုဖြစ်သော အစိုးရပိုင်းဆိုင်ရာတွင် တိုးတက်မှုများစွာပါဝင်သည့် ပြောင်းလဲမှုတစ်ခုဖြစ်နေသည်ကို မွစ်လင်မ်အာလုံးအသိပင် ဖြစ်၏။ ထိုပြောင်းလဲမှုကို အမှီပြုပြီး နိမ့်ကျခဲ့ရသည့် မွစ်လင်မ့်ပညာရေးစနစ်ကြီးကို လူတန်းစားအစုံ ပါဝင်သင်ယူနိုင်မည့် အခြေအနေတစ်ခု ဖြစ်ပေါ်အောင် ဆောင်ရွက်မည်ဆိုလျှင် မွစ်လင်မ်တို့အတွင်း အစ္စလာမ့်အသိပညာမရှိခြင်းကြောင့် ဖြစ်ပေါ်ရသည့် ဆိုးကျိုးများစွာ လျော့သွားနိုင်မည်ဖြစ်ကြောင်း ရေးသားရင်း .... အဆုံးသတ်လိုက်ပါသည်။

အလ်မုဖီးဒ်

Saturday, May 16, 2015

သုခမိန်တို့၏ ဂုဏ်


 ၁။ အဗူအိုမာမဟ် ဗာဟေလီ(ရသွီ)သခင်က ဖွင့်ဆိုသည်မှာ တစ်နေ့တွင် တမန်တော်မြတ်ထံ ကျွန်ုပ်တို့ခစားနေကြစဉ် လူနှစ်ဦးအနက် တစ်ဦးမှာ အိဗာဒသ်ပြုသူဖြစ်၍ နောက်တစ်ဦးမှာ အာလင်မ်ပညာရှင်ဖြစ်၏။ ထိုနှစ်ဦးတွင် မည်သူက ပို၍မြတ်ပါသနည်းဟု ကိုယ်တော့အား လျှောက်တင်ကြ၏။ ကိုယ်တော်က ကျွန်ုပ်သည် သာမာန်လူတစ်ဦးထက် မြင့်မြတ်သကဲ့သို့ ဝတ်ပြုသူထက် ပညာရှင်၏မြင့်မြတ်ခြင်းက သာပို၏။ ကိုယ်တော်က ဆက်၍မိန့်တော်မူသည်မှာ ၎င်းပညာရှင်အတွက် အလ္လာဟ်အရှင်မြတ်နှင့်တကွ မိုးကောင်းကင်ရှိ ဖရိရှ်သဟ်များ၊ မြေပေါ်မှ ခပ်သိမ်းသောလူသားများ၊ တွင်းပေါက်ထဲမှ ပုရွက်ဆိတ်များ၊ သမုဒ္ဒရာနှင့် ပင်လယ်ပြင်တို့အတွင်းမှ ရေသတ္တဝါများစသည်တို့က ၎င်းတို့အတွက် ဆုမွန်ကောင်းများ တောင်းပေးနေကြသည်။ (သိရ်မီဇီ)

 ၂။ တမန်တော်မြတ်မိန့်တော်မူခဲ့သည်။ ရှိုက်သာန်သည် (အိဗာဒသ်) ဝတ်ပြုသူပေါင်းတစ်ထောင်ထက် (အာလင်မ်)သာသနာ့ပညာရှင်တစ်ဦးကို ဖျက်ဆီးရာ၌ အလွန်ခက်ခဲလှ၏။ (သိရ်မီဇီကျမ်း)
ရှိုက်သာန်၏ အမှောင့်ပယောဂနှင့် ဖျားယောင်းမှုများကို အာလင်မ်သည် မျက်စိဖြင့် သိနိုင်စွမ်းရှိ၏။ (အာဗိဒ်) ဝတ်ပြုသူတို့ကား ဝတ်ပြုရင်းနှင့်ပင် ရှိုက်သာန်၏ထောင်ချောက်သို့ ကျရောက်သွားတတ်ပေသည်။ အကြောင်းကား အာဗိဒ်သည် သာသနာ့ပညာခံမရှိသဖြင့် အရှင့်လမ်းစဉ်နှင့် ရှိုက်သာန်လမ်းစဉ်ကို မခွဲခြားနိုင်ပေ။

 ၃။ ဟစန်ဗစွရီ(ရဟ)သခင်က ဖွင့်ဆိုသည်မှာ ဗနီအစ္စရာအီလ်အမျိုးသားနှစ်ဦးတွင် တစ်ဦးသည် အာလင်မ်ပညာရှင်ဖြစ်၏။ ဖရ်ဇ်တာဝန်ကို ကျေပွန်၏။ နဖိလ်အိဗာဒသ်ကို ဝတ်ပြုခြင်းမရှိ။ လူအများကို ပညာသင်ပေးရန် အမြဲရှိနေခဲ့၏။ အခြားတစ်ဦးမှာ တစ်နေကုန် ရိုဇဟ်စောင့်၏။ တစ်ညလုံး အိဗာဒသ်ပြု၏။ ဤသူနှစ်ဦးတွင် မည်သူကပိုမြတ်ပါသနည်းဟု တမန်တော်မြတ်အား လျှောက်ထားခဲ့၏။ ကိုယ်တော်က ဖရ်ဇ်တာဝန်ကို ကျေပွန်ပြီး သာသနာ့ပညာပို့ချရန် လုံးပမ်းနေသော အာလင်မ်သည် တစ်နေကုန်ရိုဇဟ်စောင့်၍ တစ်ညလုံးအိဗာဒသ်ပြုသူထက် ပို၍မြတ်၏။ ပမာဆိုသော် သာမာန်ပုဂ္ဂိုလ်တစ်ဦးထက် ကျွန်ုပ်(ရစူလ်ကိုယ်တော်)က ပို၍မြတ်သကဲ့သို့ပင် ဖြစ်သည်။ (မိရှ်ကားသ်ကျမ်း)

 ၄။ အိဗ်နုအဗ္ဗါးစ်(ရသွီ) သခင်ကမိန့်သည်မှာ ညဥ့်တွင်သာသနာ့ပညာကို အချိန်အနည်းငယ်ယူ၍ဖတ်ခြင်း သင်ကြားခြင်းပြုလျှင် တစ်ညလုံး အိဗာဒသ်ပြုသည်ထက် ပို၍မြတ်ပေသည်။

 ၅။ အနတ်စ်ဗင်န်မာလိက် (ရသွီ)သခင်က တင်ပြခဲ့သည်။ တမန်တော်မြတ်က ဆွဟာဗဟ်သခင်များအား မည်သူသည် ရက်ရောမှုအရှိဆုံးသောသူ ဖြစ်ပါသနည်းဟု မေးမြန်းတော်မူခဲ့၏။ ဆွဟာဗဟ်များက အလ္လာဟ်အရှင်မြတ်နှင့် ၎င်း၏တမန်တော်က သာပို၍သိတော်မူပါသည်ဟု လျှောက်တင်ကြပေသည်။ ကိုယ်တော်က မိန့်တော်မူသည်မှာ ရက်ရောမှုအရှိဆုံးသောပုဂ္ဂိုလ်သည် အလ္လာဟ်အရှင်မြတ်သာ ဖြစ်တော်မူ၏။
လူသားတို့တွင် ငါကိုယ်တော်သည် ရက်ရောမှုအရှိဆုံးသော ပုဂ္ဂိုလ်ဖြစ်၏။ ငါ၏နောက်တွင် ပညာကိုသင်ယူပြီး လူအများအား ဆင့်ပြန်ပို့ချပေးခြင်း၊ ရေးသားပြန်ဆိုထုတ်ဝေခြင်း၊ သဗ်လိဗ်တွင်ပါဝင်ဆောင်ရွက်ခြင်း၊ တရားဓမ္မဟောကြားခြင်း စသည်တို့ဖြင့် ဖြန့်ဖြူးပေးသူသည် ရက်ရောမှုအရှိဆုံးသောသူပင် ဖြစ်သည်။ ဤသို့သော အာလင်မ်သည် လောကတွင် ချွေရံသင်းပင်းအစုံအလင်နှင့် ကြွမြန်းလေ့ရှိသော ဘုရင်မင်းမြတ်ကဲ့သို့ ကိယာမသ်နေ့၌ အလ္လာဟ်အရှင်မြတ်က ၎င်းအာလင်မ်အား ကြွမြန်းလာစေတော်မူမည်။ (မိရှ်ကားသ်ကျမ်း)

 ၆။ အဗ်ဒုလ္လာဟ်ဗင်န်မတ်စ်အူးဒ် (ရသွီ)သခင်က ဖွင့်ဆိုသည်မှာ လောဘသားနှစ်ဦးသည် မည်သည့်အခါမှ တင်းတိမ်မှုမရှိပေ။ တစ်ဦးသည် သာသနာ့ပညာရှင်ဖြစ်ပြီး နောက်တစ်ဦးမှာ လောကီအခွင့်အရေးသမားဖြစ်၏။ အကြောင်းကား သာသနာ့ပညာရှင်သည် လျှပ်တစ်ပျက် အသက်တစ်ရှုခန့်မျှသော အချိန်တိုင်းတွင် အရှင်မြတ်နှစ်လိုဖွယ်ရာအမှုကို ပြုလျှက်ရှိ၏။ လောကီအခွင့်အရေးသမားကား ရှရီအသ်၏အမိန့်ကို ဖီဆန်ရာတွင် ပို၍ပြုမူဆောင်ရွက်နေပေသည်။ (မိရှ်ကားသ်ကျမ်း)
 ၇။ ဂျာဗိရ်(ရသွီ)သခင်က ဖွင့်ဆိုသည်မှာ လောက၌ လူသားတို့သည် အာလင်မ်များကိုလိုလားကြသကဲ့သို့ ဂျန္နသ်၌လည်း လိုလားကြဦးမည်။ အကြောင်းကား အလ္လာဟ်အရှင်မြတ်က ဂျန္နသ်သီတို့အား အသင်တို့အလိုရှိရာတောင်းခံကြကုန်ဟု မိန့်တော်မူရာ ဂျန္နသ်သီတို့က အာလင်မ်များထံချဉ်းကပ်၍ ကျွန်ုပ်တို့ မည်သည့်အရာများကို တောင်းခံရပါမည်နည်းဟု မေးမြန်းကြမည်။ ထိုစဉ်အာလင်မ်များက အသင်တို့နှင့် ဆက်စပ်သော ဤအရာဤအရာများကို တောင်းဆိုကြကုန်ဟု လမ်းညွှန်ပေးကြပေမည်။ (ကန်ဇုလ်အမ္မာလ်ကျမ်း၊ တွဲ - ၄၊ စာ - ၃၁)

 ၈။ အိဗ်နုအုမရ်(ရသွီ)သခင်က တမန်တော်မြတ်၏မိန့်ခွန်းတော်ကို တင်ပြသည်မှာ အာလင်မ်များ ရေးသားထားသောမှင်ကို ရှဟီဒီများ၏သွေးနှင့် ယှဉ်၍ချိန်တွယ်ရာတွင် အာလင်မ်တို့၏မှင်ရည်သည် ရှဟီဒီတို့၏သွေးထက် အချိန်စီးပေမည်။ (ကန်ဇုလ်အမ္မာလ်ကျမ်း)

 ၉။ အိဗ်နုအုမရ်(ရသွီ)သခင်က ဖွင့်ဆိုသည်မှာ အာလင်မ်များ၏အဆင့်သည် ကမ္ဘာ့အစ္စလာမ်ထု၏ အဆင့်ထက် (၇ဝဝ)မြင့်၏။ အဆင့်တစ်ခုတွင် နှစ်ပေါင်း (၅ဝဝ) ဝေးကွာ၏။ (အလိုမှာ) ဂျန္နသ်တွင် အာလင်မ်များစံရမည့်အဆင့်သည် မုစ်လင်မ်တိုင်းထက် အဆင့် (၇ဝဝ) သာပို၏။ မည်သူသည် အဆင့်တစ်ခုမှ တစ်ခုသို့ သွားလိုသည်ရှိသော် နှစ်ပေါင်း (၅ဝဝ)အိဗာဒသ်ပြုပြီးမှ မိမိသွားလိုသော အဆင့်သို့ ရောက်ရှိမည်ဖြစ်သည်။ အဆင့်တစ်ခု၏ အကွာအဝေးသည် ဤမျှဝေးကွာလျှင် အဆင့်ပေါင်း (၇ဝဝ)သို့ ရောက်ရှိရန် အိဗာဒသ်၏အရေအတွက်ကား မည်မျှလိုအပ်ပါမည်နည်း။ (အဲဟ်ယာအွလ်အိုလူးမ်ကျမ်း)
 ၁ဝ။ အုမရ်(ရသွီ) သခင်က ဖွင့်ဆိုသည်မှာ သာသနာ့ပညာရှင်တစ်ဦး ကွယ်လွန်ခြင်းသည် (အာဗိဒ်) တစ်ညဥ့်လုံးဝတ်ပြု၍ တစ်နေ့လုံး ရိုဇဟ်ထားသူတစ်ထောင်ကွယ်လွန်သည်ထက် ပို၍ဝမ်းနည်းရမည်ဖြစ်၏။ အကြောင်းကား အာလင်မ်တစ်ဦးကွယ်လွန်ခြင်းသည် သူရိယနေမင်းကွယ်ပျောက်ခြင်းနှင့် တူ၏။ သူတော်စဉ်တစ်ထောင်ကွယ်လွန်ခြင်းသည် မီးခွက်တစ်ထောင်မှိတ်ငြိမ်းသွားခြင်းသာ ဖြစ်သည်။ နေလုံးကွယ်ပျောက်ခြင်းသည် ထောင်ပေါင်းများစွာသော အိမ်များကို အမှောင်လွှမ်းသွားပေသည်။ (အဟ်စနုလ်မဝါအိဇ်ကျမ်း)

 ၁၁။ အွဆ်မာန်(ရသွီ)သခင်က ဖွင့်ဆိုသည်မှာ (ဂုနာဟ်) အပြစ်ကျူးလွန်သူတို့အတွက် တမန်တော်မြတ်က ပထမဦးဆုံးချွတ်ကယ်တော်မူမည်။ ထို့နောက် အာလင်မ်များက အသနားခံပေးကြမည်။ ထို့နောက် အာလင်မ်များကအသနားခံပေးကြမည်။ ထို့နောက် ရှဟီဒီများက တောင်းပန်ပေးကြလိမ့်မည်။
 ၁၂။ အဗူဟိုရိုင်ရဟ်(ရသွီ) သခင်က ဖွင့်ဆိုသည်မှာ အုမ္မသ်သားများတွင် အမွန်မြတ်ဆုံးသောသူသည် အာလင်မ်များသာဖြစ်၏။ ကောင်းမှုတစ်ခုကြောင့် ပညာမဲ့၏အပြစ်တစ်ခုချမ်းသာခွင့်ရသည်ရှိသော် အာလင်မ်အတွက် အပြစ်ပေါင်း(၄ဝ) ချမ်းသာခွင့်ရရှိမည်ဖြစ်သည်။ ဆိုလိုသည်မှာ အာလင်မ်နှင့်ဂျာဟိလ်နှစ်ဦးတို့သည် ကောင်းမှုတစ်ခုပြုလုပ်ခြင်းကြောင့် အပြစ်မှချမ်းသာရသည်ရှိသော် ဂျာဟိလ်ပညာမဲ့သည် အပြစ်တစ်ခုကို ချမ်းသာခွင့်ရရှိပြီး အာလင်မ်အတွက် အပြစ်ပေါင်း (၄ဝ) ချမ်းသာခွင့်ရရှိမည်ဖြစ်သည်။
 ၁၃။ အလီ(ရသွီ)သခင်က ဖွင့်ဆိုသည်မှာ အာလင်မ်၏နမားဇ်တစ်ရကအသ်သည် ဂျာဟိလ်၏ နမားဇ်ရကအသ်ပေါင်းတစ်ထောင်ထက် သာ၍မြတ်ပေသည်။
 ၁၄။ ဂျာဗိရ်(ရသွီ)သခင်က ဖွင့်ဆိုသည်မှာ အာလင်မ်တစ်ဦးသည် ခေါင်းအုံးကိုမှီ၍ ကျမ်းစာများကို ကြည့်ခြင်း သို့မဟုတ် သာသနာ့ပညာရပ်၌ တွေးတောနေခြင်းသည် (အာဗိဒ်) ဝတ်ပြုသူ၏ နှစ်ပေါင်း (၇ဝ) ဝတ်ပြုသောနမားဇ်ထက် ပို၍မြတ်ပေသည်။ (ကန်ဇုလ်အမ္မာလ်ကျမ်း)

 ၁၅။ အဗ်နုအဗ္ဗါးစ်(ရသွီ)သခင်က ဖွင့်ဆိုသည်မှာ အာလင်မ်နှင့် အာဗိဒ်တို့သည် (ပွလ်ဆွိရားသ်) တံတားသို့ ရောက်ကြသောအခါ အလ္လာဟ်အရှင်မြတ်က အာဗိဒ်အား အသင်သည် မိမိပြုခဲ့သော အိဗာဒသ်၏အကျိုးဖြင့် မဆိုင်းမတွ ဂျန္နသ်သို့ဝင်ရောက်လော့ဟု အမိန့်ပေးမည်။ ၎င်းနောက် အာလင်မ်အား အသင်သည် ဤနေရာ၌ ရပ်နားဦးလော့ဟု အမိန့်ပေးမည်။ ၎င်းနောက် အာလင်မ်အား အသင်သည် ဤနေရာ၌ ရပ်နားဦးလော့၊ အပြစ်ရှိသူတို့သည် ဤနေရာမှ ကျော်ဖြတ်သွားကြမည်ဖြစ်ရာ အသင်ချွတ်ကယ်လိုသူအား ငါအရှင် ချမ်းသာပေးတော်မူမည်ဖြစ်သည်ဟု မိန့်တော်မူပေမည်။ သို့ပါ၍ အာလင်မ်တို့သည် နဗီများ ရှဖာအသ်ပြုပေးရာနေရာ၌ စောင့်ဆိုင်းနေကြရပြီး အပြစ်ရှိသူတို့အား အသနားခံပေးကြမည် ဖြစ်သည်။ (အဟ်စနုလ်မဝါအိဇ်ကျမ်း)
ဤတွင် အကျိုးအကြောင်းဆက်စပ်သော အချက်နှစ်ရပ်ကို တင်ပြပါမည်။ ပထမအချက်ကား တမန်တော်များတွင် အထူးသဖြင့် အရည်အသွေးနှစ်ရပ်ရှိကြ၏။ ပထမအရည်အသွေးကား (အိဗာဒသ်) ခဝပ်ခြင်းဖြစ်၍ ဒုတိယအရည်အသွေးမှာ (သဗ်လိဂ်) ဓမ္မဖြန့်ဖြူးခြင်းပင် ဖြစ်သည်။
(အိဗာဒသ်) ခဝပ်ခြင်းအပြုအမူသည် အာဗိဒ်ဝတ်ပြုသောသူတော်စင်တို့၏ ကျင့်ဝတ်တွင် ပါဝင်၏။ (သဗ်လိဂ်) ဓမ္မဖြန့်ဖြူးခြင်းအပြုအမူသည် သာသနာ့ပညာရှင်များ၏ ကျင့်ဝတ်တွင်ပါဝင်ပေသည်။ အိဗာဒသ်ဝတ်ပြုခြင်း၏ ရလဒ်ကား ဂျန္နသ်သို့ဝင်ရောက်ရပြီး အရှင့်အားဖူးမြှော်ရစေ၏။ ဤရလဒ်ကို အာဗိဒ်များ ရရှိကြပေမည်။ သဗ်လိဂ်ဓမ္မဖြန့်ဖြူးခြင်း၏ ရလဒ်ကား (ရှဖာအသ်) ချွတ်ကယ်ရာဌာနကို ရရှိစေ၏။ ဤရလဒ်ကို မုဗလ်လိဂ်၊ ဓမ္မဖြန့်ဖြူးသူတို့ ရရှိကြပေသည်။

ဒုတိယအချက်ကား မည်သူမဆို နဗီများကဲ့သို့ အိဗာဒသ်ဝတ်ပြုခြင်းအမှုကို များစွာကျင့်သုံးခြင်း မပြုနိုင်။ သို့တစေ(သဗ်လိဂ်) ဓမ္မဖြန့်ဖြူးရေးအမှုကို နဗီများနှင့်တန်းတူ ပြုနိုင်ကြ၏။ သို့ဖြစ်ရာ (အာဗိဒ်) ဝတ်ပြုသူတို့သည် နဗီများကဲ့သို့ အိဗာဒသ်အမှုကို မတက်လှမ်းနိုင်ကြသဖြင့် နဗီများ၏နေရာတွင် ရပ်၍ ရှဖာအသ်ချွတ်ကယ်ခြင်းကို မပြုနိုင်ကြပေ။ အာလင်မ်ပညာရှင်တို့ကား နဗီများ၏လုပ်ငန်းစဉ်များ၌ တာဝန်ယူထမ်းဆောင်နိုင်စွမ်းရှိကြသဖြင့် နဗီများ၏နေရာတွင် ရပ်ခွင့်ရကြပြီး ရှဖာအသ်အသနားခံပေးခြင်း၏ အခွင့်အရေးကိုလည်း ရရှိကြပေသည်။

 ၁၆။ တမန်တော်မြတ်မိန့်တော်မူသည်မှာ အကြင်သူသည် အာလင်မ်ပညာရှင်အား ကြိုဆိုလျှင် ငါကိုယ်တော်အား ကြိုဆိုသည်မည်၏။ အာလင်မ်ပညာရှင်အား တွေ့ဆုံလျှင် ငါကိုယ်တော်အား တွေ့ဆုံသည်မည်၏။ အာလင်မ်ပညာရှင်များထံ ထိုင်လျှင် ငါကိုယ်တော်ထံ ထိုင်သည်မည်၏။ ငါကိုယ်တော်ထံထိုင်လျှင် အရှင့်ထံပါး ထိုင်သည်မည်၏။

အလ်မုဖီးဒ်
ရဂျဗ်/ ၂၆/ ယောင်မုလ/ ဟစ်ဂ်ျရီ ၁၄၃၆

(မော်လာနာကမ္မရွဒ်ဒီးန် ဦးသန်းမောင်(ဂျာမိအီ) ဘာသာပြန်ထားသည့် "အစ္စလာမ့်ပညာရေး" စာအုပ်ပါ အကြောင်းအရာကို အလ်မုဖီးဒ်က ပြန်လည်တင်ဆက်သည်။)
*** သတိပေးချက်
အထက်ပါအကြောင်းအရာကို ကူးယူလျှင် စာသားအပြည့်အစုံ မူရင်းကျမ်းရှင် ဘာသာပြန်သူနှင့် အလ်မုဖီးဒ်၏ Link ကိုပါ ထည့်သွင်းကူးယူပါ။ မိမိလိုသလောက်ကူးယူးပြီး ကိုယ်ပိုင်နာမည်တပ်နေသူများကို တွေ့ရှိရပါသည်။ မိမိမလုပ်သည်ကို လုပ်သယောင်ဆောင်ထားသဖြင့် ထိုသို့သောသူတို့သည် လိမ်လည် မုသားဆိုသူပင်ဖြစ်၏။***
အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Friday, May 15, 2015

နှောင်းခတ်အာလင်မ်များ၏ သင်တန်း


 ၁။ အိဗ်နုဂျောင်ဇီ (ရဟ)သခင်၏ သာသနာ့ပညာသင်တန်းတွင် သင်တန်းသား တစ်သိန်းကျော် တက်ရောက်သင်ယူခဲ့ပေသည်။

 ၂။ အိမာမ်ဗုခါရီ (ရဟ)သခင်၏ အာစရိယဆရာတော် အာစွင်မ် (ရဟ)သခင်ကြီးသည် ဘဂ္ဂဒါဒ်မြို့တော်သို့ကြွရောက်၍ သာသနာ့ပညာများကို ပို့ချပေးခဲ့၏။ သခင်၏သင်တန်းတွင် များစွာသော သင်တန်းသားများလည်း တက်ရောက်ခဲ့ကြ၏။ တခါတရံ ၎င်းတို့ကို ရေတွက်ကြည့်ရာ တစ်သိန်းနှစ်သောင်းခန့် ရှိပေသည်။
 ၃။ အဗူမုစ်လင်မ်ဗစွရီ (ရဟ)သခင် ဘဂ္ဂဒါးဒ်မြို့တော်သို့ ကြွလှမ်းပြီးနောက် ၎င်းမြို့တော်၏ ကွင်းပြင်ကျယ်တွင် သင်တန်းကိုအစပြုဖွင့်လှစ်ခဲ့၏။ သင်တန်းသားတို့အား ပုဂ္ဂိုလ် ခုနှစ်ဦးတို့ရပ်လျှက် သခင်ကြီး၏သင်ခန်းစာများကို အီးဒ်နေ့၌ အိမာမ်၏သက္ကဗီရ်ကို ဆင့်အော်ကြသည့်ပမာ ဆင့်အော်ရေးမှတ်စေခဲ့ရ၏။ သင်ခန်းစာပြီးဆုံး၍ သင်တန်းသားတို့၏မှင်အိုးကို ရေတွက်ကြည့်လိုက်ရာ သီးသန့်ကြားနာသူတို့မှအပ လေးသောင်းကျော်ရှိနေသည်ကို တွေ့ရပေသည်။
 ၄။ အလ္လာဟ်မဟ်ဖိရ်ယာဗီ(ရဟ)သခင်၏ သင်တန်းတွင် သင်တန်းသားမည်မျှရှိသည်ကို ခန့်မှန်းကြည့်ကြကုန်။ အဗူမုစ်လင်မ်၏ သင်တန်းတွင် ဆင့်အော်သူပုဂ္ဂိုလ် (၇)ဦးသာရှိ၏။ ၎င်း၏သင်တန်းတွင် ဆင့်အော်သူ (၃၁၆) သုံးရာတစ်ဆယ့်ခြောက်ဦး ရှိ၏။ သင်တန်းသား တစ်သိန်းနှစ်သောင်းကျော်ခန့်ရှိသည်ဟု ဆိုပေသည်။ (ဟိကာယသိဆွဟာဗဟ်)

 ၅။ ဆိုလိုင်မံန်ဗင်န်ဟရဗ်(ရဟ)သခင်သည် ရူအ်ဗဟ် (ရသွီ)သခင်၏ တပည့်တစ်ဦးဖြစ်၏။ သခင်သည် ဘဂ္ဂဒါဒ်မြို့တော်သို့ ရောက်ရှိပြီးနောက် ဟဒီးဆ်သင်တန်းကို စတင်ပျိုးထောင်ဖွင့်လှစ်ခဲ့သည်။ နယ်ပယ်အသီးသီးမှ သင်တန်းသား လေးသောင်းကျော် တတ်ရောက်ခဲ့ကြ၏။ ၎င်းတို့တွင် မုစ်လင်မ်ဘုရင်မင်းမြတ် မာမူန်ရရှိဒ်လည်း ပါဝင်၏။ သခင်ကြီးသည် ထိုသို့ပို့ချပေးရာတွင် မိမိထံ ကိုယ်တိုင်ရေးယူမှတ်သားထားသော မည်သည့်ကျမ်းစာအုပ် တစ်အုပ်မှ မရှိခဲ့ပေ။ ဟဒီးစ်ပေါင်းတစ်သောင်းခန့် နှုတ်လွတ်သင်ကြားပေးခဲ့လေသည်။

 ၆။ အိမာမ်အဗူယူစွဖ်(ရဟ)သခင်သည် အိမာမ်အဗူဟနီဖာဟ်(ရဟ) သခင်၏ တပည့်တစ်ဦးဖြစ်၏။ ၎င်းကမိန့်ဆိုသည်မှာ ကျွန်ုပ်သည် မိမိ၏သားသေဆုံးသည်ကိုပင် အချိန်မပေးနိုင်သောကြောင့် အခြားပုဂ္ဂိုလ်တစ်ဦးဖြင့် မြှပ်နှံစေခဲ့ရ၏။ အကြောင်းကား သင်္ချိုင်းသို့သွားနေလျှင် အိမာမ်အဗူဟနီဖာဟ်(ရဟ) သခင်ကြီး၏သင်တန်းသို့ တစ်ရက်တာမျှ ပျက်ကွက်ရမည်ဖြစ်၏။ ဤသည်ကို ကျွန်ုပ်လုံးဝသည်းမခံနိုင်သောကြောင့်ပင် ဖြစ်၏။

 ၇။ အဗူဟုရိုင်ရဟ်(ရသွီ)သခင်သည် ထင်ရှားသောပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ ၎င်းသည် တမန်တော်မြတ်ထံမှ ပညာများရယူရန် နဗဝီကျောင်းတော်ကို အကောင်းဆုံးနေရာအဖြစ် ရွေးချယ်ခဲ့၏။ ၎င်းသည် လေးနှစ်တိုင်တိုင် တမန်တော်မြတ်ကို ပြုစုပြီး ကိုယ်တော့်ထံမှ သြဝါဒပေါင်း ငါးသောင်းငါးထောင်ခန့် သင်ယူခဲ့၏။ ဤသို့များပြားလှသော သြဝါဒတော်တို့ကိုလည်း ကောင်းစွာထိန်းသိမ်းနိုင်ခဲ့၏။ သခင်သည် စာသင်သားဘဝတွင် ကောင်းစွာဒုက္ခခံ ကြိုးစား၍ ရေးမှတ်ထားတော်မူခဲ့၏။ တစ်ခါတွင် ဆာလောင်မှုဒဏ်ကြောင့် မူးမိုက်လဲကျခဲ့ဘူး၏။ အချို့က ၎င်းအား သူရူးဟုထင်မှတ်၍ ကိုယ်နှင့်တိုက်ကာ ထွက်သွားတတ်ကြပေသည်။

အလ်မုဖီးဒ်
ရဂျဗ်/ ၂၆/ ယောင်မုစ်စဗ်သိ/ ဟစ်ဂ်ျရီ ၁၄၃၆

(မော်လာနာကမ္မရွဒ်ဒီးန် ဦးသန်းမောင်(ဂျာမိအီ) ဘာသာပြန်ထားသည့် "အစ္စလာမ့်ပညာရေး" စာအုပ်ပါ အကြောင်းအရာကို အလ်မုဖီးဒ်က ပြန်လည်တင်ဆက်သည်။)

*** သတိပေးချက် 
အထက်ပါအကြောင်းအရာကို ကူးယူလျှင် စာသားအပြည့်အစုံ မူရင်းကျမ်းရှင် ဘာသာပြန်သူနှင့် အလ်မုဖီးဒ်၏ Link ကိုပါ ထည့်သွင်းကူးယူပါ။ မိမိလိုသလောက်ကူးယူးပြီး ကိုယ်ပိုင်နာမည်တပ်နေသူများကို တွေ့ရှိရပါသည်။ မိမိမလုပ်သည်ကို လုပ်သယောင်ဆောင်ထားသဖြင့် ထိုသို့သောသူတို့သည် လိမ်လည် မုသားဆိုသူပင်ဖြစ်၏။***

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

သာသနာ့ပညာရေးအုပ်စုများ



 ၁။ အဗူဟိုရိုင်ရဟ် (ရသွီ)သခင်က တမန်တော်မြတ်၏ မိန့်ခွန်းတော်ကို တင်ပြသည်မှာ မည်သူမဆို မုစ်လင်မ်တဦးဦး၏ လောကီရေးဒုက္ခတစ်ခုခုကို ဝေးကွာအောင်ပြုပေးလျှင် အလ္လာဟ်အရှင်မြတ်က ၎င်းအား ကိယာမသ်နေ့၏ ပြင်းပြသောဘေးဒုက္ခကြီးမှ ဝေးကွာစေတော်မူမည်။ ဆင်းရဲကြပ်တည်းသူအား ထောက်ကူမှုပြုပေးခဲ့လျှင် ၎င်းအား ဒွန္နယာနှင့် အာခိရသ်ပါလွယ်ကူမှုကို ပေးသနားတော်မူမည်။ (ဥပမာ) လူတစ်ဦးသည် အကြွေးဆပ်ရန် ခက်ခဲနေ၏။ ၎င်းကို ပြေလည်သွားစေရန် ကူညီလိုက်မည်။ သို့မဟုတ် အသင်ကကြွေးမြီရရန်ရှိသူအား ခွင့်လွှတ်ကျေနပ်လိုက်မည်။ ၎င်းအားရက်ချိန်းတိုးပေးမည်။ ၎င်းပြင် မုစ်လင်မ်တစ်ဦး၏ ဂုဏ်ကိုထောက်ထား၍ ၎င်း၏အပြစ်ကို ဖုံးကွယ်ထားမည်ဆိုလျှင် ထိုသူ့အား အလ္လာဟ်အရှင်မြတ်က လောကီ၊ လောကုတ္တရာနှစ်ဌာနတွင် ၎င်း၏ကြီးလေးသော အပြစ်ဂုနာဟ်ဟူသမျှကို ဖုံးကွယ်ထားတော်မူမည်။
မုစ်လင်မ်အချင်းချင်း ရိုင်းပင်းကူညီမှုပြုနေသမျှကာလပတ်လုံး အလ္လာဟ်အရှင်မြတ်ကလည်း ထိုသူ့အား ကူညီစောင်မလျှက်ရှိနေမည်။ အကြင်သူသည် သာသနာ့ပညာဆည်းပူးရန်အတွက် မည်သည့်လမ်းတွင်သွားရောက်ခဲ့ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအတွက်ဂျန္နသ်၏လမ်းကို လွယ်ကူမှုပြုပေးတော်မူမည်။ ၎င်းပြင် မည်သည့်အမျိုးသားအုပ်စုပင်ဖြစ်စေ ဗလီ သို့မဟုတ် ကျောင်းများတွင် စုရုံး၍ ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်မည်။ ကုရ်အာန်ကျမ်းမြတ်၏ အလိုယတ္တနှင့် အဓိပ္ပါယ်ကို ပြန်ဆိုပေးခဲ့သည်ရှိသော် ထိုအုပ်စုများအပေါ် စကီနာဟူသော ရဟ်မသ်ကို ချပေးတော်မူပေမည်။
စကီနာဟူသည် စိတ်ချမ်းမြေ့သာယာခြင်းပင် ဖြစ်၏။ ထိုသူများသည် စကီနာဟူသော ရဟ်မသ်တော်ကို ရရှိခြင်းဖြင့် လောကီစည်းစိမ်ကို စွန့်လွှတ်ခြင်း၊ အရှင်မြတ်မှအပ အခြားအရာကို ကြောက်ရွံ့စိတ် ပပျောက်ခြင်း၊ စိတ်တွင်း၌ အရှင့်နူရီတော်များ ထင်ဟပ်နေခြင်း၊ အရှင်မြတ် ကရုဏာတော်များ ခညောင်းခံရခြင်း၊ လေးဘက်လေးမျက်နှာမှ ကောင်းကင်တမန်များ ဝန်းရံစောင့်ရှောက်ခံရခြင်း၊ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ထိုအစုအစည်း၌ ပါဝင်ကြသူတို့အား မိမိ၏အထူးကောင်းကင်တမန်များအပေါ် ဂုဏ်ယူ၍ ချီးကျူးထုတ်ဖော်ပြောဆိုခြင်းတို့ကို ရရှိမည်ဖြစ်သည်။
အကြင်သူ၏ ကိုယ်ကျင့်တရားသည် အစ္စလာမ့်ဓမ္မသတ်စီရင်ထုံးများအတိုင်း မကျင့်သုံးခဲ့သော် ထိုသူသည် မြင့်မြတ်သောအမျိုးအနွယ်မှ ဖြစ်စေကာမူ ၎င်း၏အမျိုးအနွယ်သည် ထိုသူ့အတွက် အကျိုးပြုမည်မဟုတ်ပေ။ (မုစ်လင်မ်ကျမ်း)
အလိုသဘောမှာ ကိယာမသ်နေ့၌ မွန်မြတ်သော ကိုယ်ကျင့်တရားသာလျှင် အကျိုးသက်ရောက်မည်ဖြစ်သည်။ ကိုယ်ကျင့်တရားအတိုင်း ကောင်းကျိုး၊ ဆိုးကျိုးကိုလည်း ခံစားရမည် ဖြစ်သည်။ စိုင်ယိဒ်အနွယ်၊ ရှိုက်ခ်အနွယ်၊ ဗနွာလီအနွယ်၊ စူရသီအနွယ်၊ မြန်မာမွစ်လင်မ်အနွယ်ဟူသော အနွယ်အမျိုးမျိုးကို ထောက်ထား၍ အပြစ်များကို စီရင်ချမှတ်ချမ်းသာပေးမည်မဟုတ်ပေ။

 ၂။ ဟဇရသ်အဗ်ဒုလ္လာဟ်ဗင်န်အုမရ် (ရသွီ)က ဖွင့်ဆိုသည်မှာ တနေ့တွင် တမန်တော်မြတ်သည် မတ်စ်ဂျိဒီနဗဝီဝတ်ကျောင်းတော်အတွင်းမှ ကြွမြန်းလာတော်မူစဉ် ဗလီ၏တစ်နေရာ၌ စွဟာဗဟ်များ၏ အုပ်စုနှစ်စုကို တွေ့ရ၏။ တမန်တော်မြတ်က ယင်းအုပ်စုနှစ်စုသည် ကောင်းခြင်းမင်္ဂလာတို့နှင့် ပြည့်စုံမှုရှိကြသည်မှာ မှန်၏။ သို့ရာတွင် အုပ်စုတစ်ခုသည် အခြားအုပ်စုတစ်ခုထက် ထွတ်မြတ်သာပိုနေပေသည်။ အကြောင်းကား တစ်ခုသောအုပ်စုသည် အလ္လာဟ်အရှင်မြတ်ကို ဇိကိရ်တမ်းတသတိရလျှက် ထိုအရှင့်ကိုသာ စိတ်ဝင်စား အာရုံများနေကြသူတို့ပင် ဖြစ်၏။ ၎င်းတို့အတွက် အလ္လာဟ်အရှင်မြတ် အလိုတော်ရှိလျှင် မိမိတို့၏ ဆန္ဒကို ဖြည့်စွက်ပေးခြင်းခံကြရမည်ဖြစ်ပြီး အလိုတော်မရှိပါက ဆန္ဒပြည့်ဝကြမည် မဟုတ်ပေ။
ဒုတိယအုပ်စုကား ပညာရေးအုပ်စုဖြစ်၍ သာသနာ့ရေးရာများကို သင်ယူလျှက်ရှိကြ၏။ ပညာမဲ့တို့အား ပညာသင်ကြားပို့ချပေးနေကြ၏။ ငါကိုယ်တော်လည်း သာသနာ့ပညာပို့ချရန် ကြွလာတော်မူခြင်းပင် ဖြစ်သည်။ သို့ဖြစ်ရာ ဤအုပ်စုသည် ပထမအုပ်စုထက် ပို၍မြတ်သည်ဟု မိန့်တော်မူခဲ့လေသည်။
အလိုသဘောမှာ သာသနာ့ပညာပို့ချပေးနေသူတို့သည် တမန်တော်မြတ်၏ သာသနာ့ပညာပို့ချရေးလုပ်ငန်းကို ဝင်ရောက်တာဝန်ယူနေခြင်းဖြစ်ပြီး တမန်တော်မြတ်၏ လမ်းစဉ်ကို ဆောင်ရွက်နေကြသူများလည်း ဖြစ်၏။ သို့ဖြစ်ရာ ကိုယ်တော်သည် ထိုပညာရေးအုပ်စုတွင် ဝင်ရောက်ထိုင်တော်မူလိုက်သည်။ (မိရှ်ကားသ်ကျမ်း)
ဤမိန့်ခွန်းတော်အရ တမန်တော်မြတ်ကိုယ်တော်တိုင် ၎င်းတို့အုပ်စုဝင်အဖြစ်သတ်မှတ်၍ ၎င်းတို့နှင့် အတူထိုင်တော်မူသည်မှာ အာလင်မ်ပညာရှင်များအတွက် ဤသည်ထက်ထူးကဲမွန်မြတ်သောအရာ ရှိနိုင်ပါအံ့လော။


 ၃။ အနတ်စ်ဗင်န်မာလိက်(ရသွီ)သခင်က တမန်တော်မြတ်၏ မိန့်ခွန်းတော်ကို တင်ပြသည်မှာ မည်သူမဆို သာသနာ့ပညာဆည်းပူးရန် သာသနာ့ပညာပို့ချရာ တံခါးဝသို့လာခဲ့လျှင် ကြွလှမ်းခဲ့သောခြေလှမ်းတိုင်း၌ တစ်လှမ်းလျှင် တစ်နှစ်တာကျင့်သုံးခဲ့သော အကျိုးဆဝါးဗ်ကို ရရှိပေမည်။ ထို့ပြင် ၎င်း၏ခြေလှမ်းနှင့်အမျှ ဂျန္နသ်စံမြန်းရမည်။ ၎င်း၏အဆင့်အတန်းကို တိုးမြှင့်ပေးသနားတော်မူမည်။ ၎င်းသူ၏ခြေဖြင့် နင်းလျှောက်ခြင်းခံရသော မြေပထဝီကလည်း ခြေလှမ်းနှင့်အမျှ တောင်းဆုချွေနေမည်။ ကောင်းကင်တမန်များကလည်း ယင်း၏ကောင်းမှုအတွက် သက်သေခံကြမည်။ သာသနာ့ပညာဆည်းပူးသူ၏ နံနက်နှင့် ညနေခင်းသည် မင်္ဂလာရှိ၏။ အလ္လာဟ်အရှင်မြတ်သည် ၎င်းအတွက် အချိန်ဟူသမျှတွင် ခွင့်လွှတ်ချမ်းသာမှုကို ချီးမြှင့်ရန် အသင့်ရှိနေပေသည်။ (တန်ဗီဟွလ်ဂါဖီလီန်ကျမ်း)

 ၄။ ဟစန်ဗဆွရီ (ရဟ)က ဖွင့်ဆိုသည်မှာ အကြင်သူသည် သာသနာ့ပညာဆည်းပူးရန် နေအိမ်မှထွက်ခွာခဲ့သော် ဖရိရှ်သဟ်များက တောင်ပံများခင်းပေးကြ၏။ မြေပြင်ရှိတိရိစ္ဆာန်များ၊ မိုးမြေကြား လေဟာပြင်တလွှားမှ ငှက်သတ္တဝါများ၊ ရေပြင်တခွင်မှ ရေသတ္တဝါများနှင့် ခပ်သိမ်းကုန်တို့သည် ၎င်းအတွက် ချမ်းသာမှုကို တောင်းခံပေးကြမည်။ ၎င်းသူကွယ်လွန်ခဲ့သော် အလ္လာဟ်အရှင်မြတ်က ရှဟီဒီ (၇၂)ဦး၏ အကျိုးကို ချီးမြှင့်ပေးတော်မူမည်။ (အဟ်စနွလ်မဝါအိဇ်ကျမ်း)

 ၅။ အိဗ်နုစီရီးန်(ရဟ)က မိန့်ဆိုခဲ့သည်။ ကျွန်ုပ်သည် တစ်နေ့တွင် ဗဆွရဟ်မြို့ရှိ ဗလီကြီးတစ်လုံးသို့ ဝင်ရောက်သွားစဉ် ဝိုင်းဖွဲ့ထိုင်နေကြသော လူတစ်စုကို တွေ့ရ၏။ ၎င်းတို့သည် သာသနာ့ပညတ်ချက်များကို အချင်းချင်းအမေးအဖြေပြု၍ ရေးသားမှတ်ယူနေကြ၏။ ထိုစဉ်ကျွန်ုပ်က ယင်းထိုင်ဝိုင်း၌ပါဝင်၍ ငါမသိသော သာသနာ့ရေးရာများကို ကြားနာပြီး လိုက်နာကျင့်သုံးရလျှင် မိမိအတွက်အကျိုးရှိမည်ဟု စိတ်အာရုံတွင် အတွေးနယ်ချဲ့ရင်း ဆက်လက်၍ လျှောက်လှမ်းသွားခဲ့ရာ ထိုထိုင်ဝိုင်းနှင့် ဝေးကွာသွားသောကြောင့် ပါဝင်ခြင်းမပြုခဲ့ရပေ။
သို့နှင့် ကျွန်ုပ်သည် ထိုည၌အိပ်စက်ရာ အိပ်မက်တွင် လူတစ်ဦးရောက်ရှိလာပြီး အိုး .... အိဗ်နုစီရီးန် အသင်သည် ထိုထိုင်ဝိုင်းသို့ ဝင်ထိုင်ခဲ့လျှင် များစွာကောင်းလေစွ! အကြောင်းကား ထိုထိုင်ဝိုင်းတွင် ဂျိဗ်ရီးလ်ကောင်းကင်တမန်ကြီးလည်း ကိုယ်တိုင်ပါဝင်လျက်ရှိသည်ဟု ပြောပြခဲ့လေသည်။ (သန်ဗီဟွလ်ဂါဖီလီန်ကျမ်း)

 ၆။ အဗူဇရ်သခင် (ရသွီ)က ဖွင့်ဆိုသည်မှာ တရားစောင့်စည်းသော အာလင်မ်များ၏အသိုင်းအဝိုင်းတွင် တစ်ကြိမ်မျှ ဝင်ရောက်နေထိုင်ခြင်းသည် နဖိလ်နမားဇ်ရကအသ်တစ်ထောင်ဖတ်ခြင်း၊ ဝေဒနာရှင်တစ်ထောင်ကို သွားရောက်မေးမြန်းခြင်းနှင့် ဂျနာဇဟ်ပေါင်းတစ်ထောင်ကို လိုက်ပါပို့ဆောင် မြုပ်နှံခြင်းတို့ထက် ပို၍မြတ်ပေသည်။ (အဲဟ်ယာအုလူးမ်ကျမ်း)

အလ်မုဖီးဒ်
ရဂျဗ်/ ၂၅/ ယောင်မုလ် ဂျုမုအဟ်/ ဟစ်ဂ်ျရီ ၁၄၃၆


(မော်လာနာကမ္မရွဒ်ဒီးန် ဦးသန်းမောင်(ဂျာမိအီ) ဘာသာပြန်ထားသည့် "အစ္စလာမ့်ပညာရေး" စာအုပ်ပါ အကြောင်းအရာကို အလ်မုဖီးဒ်က ပြန်လည်တင်ဆက်သည်။)


*** သတိပေးချက်
အထက်ပါအကြောင်းအရာကို ကူးယူလျှင် စာသားအပြည့်အစုံ မူရင်းကျမ်းရှင် ဘာသာပြန်သူနှင့် အလ်မုဖီးဒ်၏ Link ကိုပါ ထည့်သွင်းကူးယူပါ။ မိမိလိုသလောက်ကူးယူးပြီး ကိုယ်ပိုင်နာမည်တပ်နေသူများကို တွေ့ရှိရပါသည်။ မိမိမလုပ်သည်ကို လုပ်သယောင်ဆောင်ထားသဖြင့် ထိုသို့သောသူတို့သည် လိမ်လည် မုသားဆိုသူပင်ဖြစ်၏။***

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

အကျိုးပြု အသုံးဝင်သောပညာ


 ၁။ ဟစန်သခင် (ရသွီ)က တမန်တော်မြတ်၏ မိန့်ခွန်းတော်ကို တင်ပြခဲ့သည်မှာ အကြင်သူ သာသနာ့ပညာကို ဆည်းပူးရှာဖွေရင်း ကွယ်လွန်သွားခဲ့၏။ ထိုသူသည် သာသနာ့ပညာဖြင့် အစ္စလာမ်သာသနာတော်ကြီးကို ရှင်သန်ထက်မြက်စေလိုသော ဦးတည်ချက်ဖြင့် ပညာရှာဖွေမှုပြုခဲ့သော် ၎င်းသည် ဂျန္နသ်၌ နဗီများ၏အဆင့်အတန်းနှင့် တစ်ဆင့်မျှသာခြား၍ စံစားရမည်ဖြစ်သည်။ (ဒါရိမီကျမ်း)

ဂျန္နသ်တွင် အဆင့်အတန်းပေါင်း ၁ဝဝ ရှိသည်။ အပေါ်ဆုံးအဆင့်သည် နဗီများစံမြန်းရာ ဌာနဖြစ်၏။ ထိုအဆင့်၏ အောက်အဆင့်သည် သာသနာ့ပညာရှာဖွေဆည်းပူးသူများ စံမြန်းရာဌာနဖြစ်သည်။ ကျန်သောအဆင့်အတန်းများမှာ သူတော်စင်အသီးသီးတို့၏ စံမြန်းရာဌာနများပင် ဖြစ်လေသည်။

 ၂။ အလီသခင် (ရသွီ)က တမန်တော်မြတ်၏မိန့်ခွန်းတော်ကို တင်ပြသည်မှာ သာသနာ့ရေးရာကို နားလည်သူသည် လူကောင်းလူတော်ဖြစ်၏။ သာသနာ့အကြောင်းသိလိုသူများက ၎င်းထံသွားရောက်လျှင် သွားရကျိုးနပ်မည်။ ၎င်းအားအလေးမမူခဲ့သော် ၎င်း၏စိတ်ကို အလ္လာဟ်အရှင်မြတ်က ထိုသူနှင့်ဝေးကွာစေလိုက်သည်။ (မိရှ်ကားသ်ကျမ်း)
 ၃။ အဗူဟိုရိုင်ရဟ် (ရသွီ)သခင်က တမန်တော်မြတ်၏ မိန့်ခွန်းတော်ကို တင်ပြသည်မှာ အလ္လာဟ်အရှင်မြတ်သည် နှစ်တစ်ရာမြောက်တိုင်း အွမ္မသ်အတွက် သာသနာ့အကျိုးကို သက်ရောက်စေရန် ပုဂ္ဂိုလ်တစ်ဦးကို (ဖွားမြင်) စေလွှတ်တော်မူပေသည်။ ထိုပုဂ္ဂိုလ်သည် လူသား၏မှားယွင်းသောအယူအဆကို သန့်စင်စေပြီး သာသနာတော်မြတ်ကို အသစ်တဖန် ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်သည်။ (အဗူဒါဝူးဒ်ကျမ်း)
 ၄။ အကြင်သူ တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ သြဝါဒတော်ကို ကြားနာမှတ်ယူပြီး တစ်ပါးသူတို့ထံ တိကျမှန်ကန်စွာပြန်လည်ပို့ချပေးခဲ့သော် ကိုယ်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က အလ္လာဟ်အရှင်မြတ်သည် ၎င်းအား သာယာစိုပြေမှုကို ပေးသနားတော်မူပါစေဟု ဒုအာပြုပေးတော်မူခဲ့လေသည်။ (မုစ်နဒ်အဟ်မဒ်ကျမ်း)

အလ်မုဖီးဒ်
ရဂျဗ်/ ၂၅/ ယောင်မုလ် ဂျုမုအဟ်/ ဟစ်ဂ်ျရီ ၁၄၃၆

(မော်လာနာကမ္မရွဒ်ဒီးန် ဦးသန်းမောင်(ဂျာမိအီ) ဘာသာပြန်ထားသည့် "အစ္စလာမ့်ပညာရေး" စာအုပ်ပါ အကြောင်းအရာကို အလ်မုဖီးဒ်က ပြန်လည်တင်ဆက်သည်။)
 *** သတိပေးချက် 
အထက်ပါအကြောင်းအရာကို ကူးယူလျှင် စာသားအပြည့်အစုံ မူရင်းကျမ်းရှင် ဘာသာပြန်သူနှင့် အလ်မုဖီးဒ်၏ Link ကိုပါ ထည့်သွင်းကူးယူပါ။ မိမိလိုသလောက်ကူးယူးပြီး ကိုယ်ပိုင်နာမည်တပ်နေသူများကို တွေ့ရှိရပါသည်။ မိမိမလုပ်သည်ကို လုပ်သယောင်ဆောင်ထားသဖြင့် ထိုသို့သောသူတို့သည် လိမ်လည် မုသားဆိုသူပင်ဖြစ်၏။***

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Thursday, May 14, 2015

အဆိုးဝါးဆုံးနှင့် အကျိုးမဲ့ပညာ (၂)


 ၁၁။ ဇိယာဒ်ဗင်န်ဟုဇိုင်ရ်(ရဿွိ)သခင်က ဖွင့်ဆိုခဲ့သည်။ တစ်နေ့တွင် သာဝကကြီးအုမရ်သခင် (ရသွီ) က အို ဇိယာဒ် အစ္စလာမ့်အခြေခံအုတ်မြစ်များအား မည်သည့်အရာက ဖြိုဖျက်သည်ကို အသင်သိပါသလောဟု မေးမြန်းခဲ့၏။ ကျွန်ုပ်က မသိကြောင်းလျှောက်တင်ရာ အုမရ်သခင် (ရသွီ) က မိန့်သည်မှာ ..... သုံးမျိုးသောအရာသည် အစ္စလာမ့်မဏ္ဍိုင်များကို ဖြိုဖျက်ပစ်လေသည်။
(၁) အာလင်မ်များ၏ တိမ်းချော်မှု။
(၂) မုနာဖိက်များသည် ကျမ်းမြတ်ကုရ်အာန်နှင့် အငြင်းပွားနေခြင်း။
(၃) အယူလွဲမှားသော ဘုရင်များ၏ အာဏာစက် လွှမ်းမိုးခြင်းတို့ပင် ဖြစ်သည်။ (ဒါရိမီကျမ်း)

အုမရ်သခင် (ရသွီ) ၏မိန့်ခွန်းတွင် အုတ်မြစ်ဟူသည် အစ္စလာမ့်မဏ္ဍိုင်ကြီးငါးခုကိုသာ ဆိုလိုပေသည်။ အာလင်မ်များ၏ တိမ်းချော်မှုကား သာသနာ့ပညာများကို တတ်မြောက်ထားကြသော အာလင်မ်တို့သည် ပျင်းရိပျင်းတွဲမှုတို့ကြောင့် သဗ်လိဂ် သာသနာ့ဖွံ့ဖြိုးမှုလှုပ်ရှားရေးလမ်းစဉ်များကို စွန့်လွှတ်ကြလျှင် ၎င်းမဏ္ဍိုင်ကြီး ငါးခုသည် ရှင်သန်ထက်မြတ်မှုမရှိတော့ဘဲ ရှုပ်ထွေးမှုအန္တရာယ်များသာ ရောပြွန်းလာကြမည်ဖြစ်သည်။

မုနာဖိက်များ၏ အငြင်းပွားခြင်းဆိုရာ၌ မုနာဖိက်တို့သည် ကလိမဟ်(လာအိလာအိလ္လလ္လာဟု)ကို ရွတ်ဆိုကြပြီး မိမိတို့သည် တင်းပြည့်အစ္စလာမ်ဖြစ်ကြောင်း ဝန်ခံပြောဆိုကြမည်။ ၎င်းတို့စိတ်တွင်းဝယ် အမှားလမ်းစဉ်များ တရားသစ်တီထွင်ကြံဆမှုများဖြင့် ဖုံးအုပ်လွှမ်းခြုံလျှက် ရှိနေကြမည်။ ထိုအမှားလမ်းစဉ်နှင့် ဗိဒ်အသ်တရားသစ်တီထွင်သူများကို ပျိုးထောင်ရှင်သန်စေရန် ကုရ်အာန်ကျမ်းမြတ်၏ ယူဆချက်နှင့် ဟဒီးစ်သြဝါဒတော်များကို မသိနားမလည်ဘဲ လွယ်လင့်တကူ ထင်သလို အဆိုအမျိုးမျိုးထုတ်ကာ မှားယွင်းသောအထောက်အထားများဖြင့် ယှဉ်ပြပြောဆိုကြပေမည်။
အမှန်စင်စစ် ထိုသူများသည် လမ်းမှားသူများ ဖြစ်ကြကုန်၏။ ၎င်းပြင် အမှားအယွင်းနှင့် အခြေအမြစ်မရှိသော အကိုးအကားများကို တင်ပြသူတို့သာ ဖြစ်ကြကုန်၏။ သို့သာမက ကျမ်းတော်မြတ်၏ အနက်အဓိပ္ပါယ် အကျယ်ဖွင့်ဆိုချက်များကို မှားယွင်းစွာ ပြန်ဆိုထုတ်နှုတ်၍ လူထုအား တင်ပြဟောကြားကာ လမ်းမှားသို့ တွန်းပို့ကြမည်သာ ဖြစ်သည်။ အုမရ်သခင် (ရသွီ) မြွက်ဆိုခဲ့သည့် ဤဖြစ်လတ္တံသော အကြောင်းတရားများသည် ယခုခေတ်လူသားများနှင့် တစ်လုံးချင်း တစ်ပိုဒ်ချင်း အံ့ဝင်ဂွင်ကျ တိုက်ဆိုင်ကိုက်ညီနေပေသည်။

 ၁၂။ အဗူဒရ်ဒါအ်သခင် (ရသွီ)က ဖွင့်ဆိုခဲ့သည်။ ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်ရှေ့တော်ဝယ် အဆိုးရွားဆုံးအဆင့်၌ရှိသူသည် မိမိပညာအပေါ် ကျင့်သုံးခြင်းမပြုခဲ့သူပင် ဖြစ်သည်။ (ဒါရိမီကျမ်း)

 ၁၃။ ဟစန်သခင် (ရသွီ) က ဖွင့်ဆိုခဲ့သည်။ ပညာသည် နှစ်မျိုးရှိ၏
ပထမအမျိုးသည် စိတ်နှလုံးသား၏ နက်ရှိုင်းသော နေရာအထိ အနယ်ထိုင်ပြီး အကျိုးပြုသောပညာဖြစ်၏။ ဒုတိယအမျိုးအစားမှာ နှုတ်လျှာအပေါ်၌သာ ရှိ၏။ ၎င်းသည် စိတ်နှလုံးအတွင်းသို့ ဝင်သွားသောအချိန်၌လည်း (အမလ်) ကျင့်သုံးလိုက်နာမှုမရှိသည့် အကျိုးမဲ့ပညာပင် ဖြစ်သည်။ ဤသို့သောပညာသည် အာဒမ်အလိုင်ဟိစ္စလာမ်၏ သားမြေးတို့အပေါ် အလ္လာဟ်အရှင်မြတ်၏ ထောက်ကွက်ပင်ဖြစ်သည်။ (ဒါရိမီကျမ်း)
ရှိုက်ခ်အဗ်ဒွလ်ဟတ်က် (မုဟဒီးဆ်) ဒေလဝီသခင်ကြီးက ရေးသားခဲ့သည်မှာ အကျိုးပြုပညာဟူသည် ထိုသို့သော ပညာ့ရောင်ခြည်ဖြင့် စိတ်နှလုံးကို လင်းဝင်းတောက်ပစေပြီး ယင်းစိတ်နှလုံးအား အနှောက်အယှက်အတားအဆီးပြုသော အရာဟူသမျှကို ဖယ်ရှားပပျောက်သွားစေသည်။ တစ်နည်းအားဖြင့် အဆိုးရှောင်၍ အကောင်းဆောင်ရန်များကို ထိုပညာရပ်၏စွမ်းရည်ဖြင့် ရှင်းလင်းစွာ ခွဲခြားသိမြင်နိုင်ပေသည်။

အကျိုးပြုပညာသည် နှစ်မျိုးရှိ၏။
 (၁) အိလ်မုမုအာမိလဟ် လက်တွေ့ကျင့်သုံးမှာသာ ရရှိနိုင်သောပညာ
 (၂) အိလ်မုမုကာရှိဖဟ် ကျင့်သုံးမှု၏အကျိုးရလဒ်ကို အလိုအလျောက် ရရှိနိုင်သောပညာတို့ပင် ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်သည် မိမိဗန္ဒာဟ်များအနက် ထိုက်တန်သူတို့၏နှလုံးသားဝယ် သာသနာ့ပညာကို ကိန်းဝပ်စေတော်မူ၏။ ထိုသို့သောပညာသည် ၎င်းသူအား (ဆွာဟိဗိကရှ်ဖ်) အသိအမြင်ပေါက်သူတစ်ဦးဖြစ်သွားခြင်းကြောင့် အကျိုးပြုပညာဟု ခေါ်ဆိုကြပါသည်။
ဒုတိယအမျိုးမှာ နှုတ်လျှာပေါ်မှ ပညာဟူ၏။ ၎င်းသည် ကျင့်စဉ်ကျင့်ရပ်များအပေါ် ပညာ၏အကျိုးသက်ရောက်မှုမရှိ။ စိတ်ကိုလည်း လင်းဝင်းစေခြင်းမပြုနိုင်။ ထိုသို့သောပညာရပ်ကို အသုံးမဝင် အချည်းအနှီးအကျိုးမဲ့ပညာဟု ခေါ်ဆိုကြပေသည်။

 ၁၄။ တမန်တော်မြတ် မိန့်တော်မူခဲ့သည်။ သာသနာ့ပညာကို လောကီအပေါ် လုံးပမ်းရယူလိုသောဆန္ဒဖြင့် သင်ယူလျှင် ထိုသူသည် ကိယာမသ်နေ့၌ ဂျန္နသ်၏ရနံ့ကိုပင် ရှုရှိုက်ရမည်မဟုတ်ပေ။ (အဗူဒါဝူးဒ်ကျမ်း/ မုစ်နဒ်အဟ်မဒ်ကျမ်း/ အိဗ်နုမာဂျဟ်ကျမ်း)

 ၁၅။ တမန်တော်မြတ် မိန့်တော်မူခဲ့သည်။ သာသနာ့အကြောင်းချင်းရာများကို မေးမြန်းလာသူအား တတ်သိနားလည်ပါလျှက် ဖြေကြားရှင်းလင်းပြဆိုခြင်းမပြုဘဲ သိုဝှက်ဖုံးကွယ်ထားလျှင် ကိယာမသ်နေ့၌ထိုသူ့ကို အရှင်မြတ်က မီးပါးချပ်ကြိုး တပ်ဆင်ပေးတော်မူအံ့။
 ၁၆။ တမန်တော်မြတ် မိန့်တော်မူခဲ့သည်။ သာသနာ့ပညာဖြင့် သာသနာ့ပညာရှင်များအပေါ် ကြီးကျယ်ကျော်စောလိုခြင်း၊ ပညာမဲ့သူများကြားဝယ် ပညာ့အစွမ်းပြလိုခြင်း၊ သာသနာ့ပညာဖြင့် လူထုကို နောက်လိုက်ပုဂ္ဂိုလ်စွဲများအဖြစ် ပြုလိုသောဆန္ဒထားရှိခြင်း စသောသဘောတို့ဖြင့် ပညာသင်ယူခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ဂျဟန္နမ်ထဲသို့ ချစေတော်မူမည်ဖြစ်သည်။ (သိရ်မီဇီကျမ်း)
 ၁၇။ တမန်တော်မြတ် မိန့်တော်မူခဲ့သည်။ ကျမ်းမြတ်ကုရ်အာန်ကို မိမိစိတ်ထင်ရာဘာသာပြန်ဆိုခြင်း အကျယ်ဖွင့်ဆိုခြင်းများပြုလျှင် ထိုသူသည် ဂျဟန္နမ်ငရဲသို့ ဝင်ရောက်ရမည် ဖြစ်သည်။ (မိရှ်ကားသ်ကျမ်း)
 ၁၈။ တမန်တော်မြတ် မိန့်တော်မူခဲ့သည်။ အို ..... လူအပေါင်းတို့ သင်တို့သည် ငါ၏သြဝါဒတော်များကို စည်းကမ်းမဲ့ပြောဆိုဟောကြားခြင်းမှ ရှောင်ရှားကြကုန်လော့။ ငါ၏သြဝါဒဖြစ်ကြောင်းကို အမှန်တကယ်စိစစ်၍ တိကျခိုင်လုံမှုရှိမှာသာ ဟောကြားပို့ချကြလော့။ မည်သူမဆို ငါ့အားယုံကြည်ပါလျှက် ငါ၏သြဝါဒတော်များကို လုပ်ကြံပြောဆိုလျှင် ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်ရမည်ဖြစ်သည်။ (သိရ်မီဇီကျမ်း)

 ၁၉။ တမန်တော်မြတ် မိန့်တော်မူခဲ့သည်။ ပညာမဲ့တစ်ဦးအား မှားယွင်းသော (မတ်စ်အလဟ်) တရားကျင့်စဉ်တစ်ခုကို သင်ပြလျှင် ထိုအမှားသည် သင်ပြသူ၏တာဝန်သာဖြစ်သည်။ (အဗူဒါဝူးဒ်)

 ၂ဝ။ ကဖိလ်ဗင်န်အိယားဇ်သခင် (ရသွီ)က ဖွင့်ဆိုခဲ့သည်။ သူဌေးသူကြွယ်များနှင့် ပူးတွဲသွားလာနေသော အာလင်မ်သည် အဆိုးဝါးဆုံးသော အာလင်မ်ဖြစ်၏။ အာလင်မ်သာသနာ့ပညာရှင်များနှင့်အတူ ဝင်ထွက်သွားလာနေသော သူဌေးသူကြွယ်သည် အကောင်းဆုံးသော ဓနရှင်ပင်ဖြစ်သည်။

 ၂၁။  အာလင်မ်များသည် ယခုခေတ် အုမ္မသ်သားများအတွက် ဆရာဝန်များပင်ဖြစ်၏။ ဒွန္နယာ၏ ဥစ္စာပစ္စည်းသည် ဤအုမ္မသ်သားများ၏ ရောဂါဖြစ်၏။ ဆရာဝန်ကိုယ်တိုင်က ရောဂါရယူနေလျှင် ထိုဆရာဝန်သည် လူထုအား မည်သို့ကုစားနိုင်မည်နည်း။ ထို့အတူ ဒွန္နယာကိုမက်မောနေသော အာလင်မ်သည် အုမ္မသ်၏ရောဂါကို မည်သို့ကုသနိုင်မည်နည်း။

 ၂၂။ အိမာမ်အောင်ဇာအီသခင် (ရဟ)က မိန့်ဆိုခဲ့သည်။ (နဝါဒီးစ်)က အိုအရှင် ကာဖိရ်များ၏ နံစော်သောအနံ့နှင့် ပုပ်သိုးသောအနံ့ဆိုးတို့သည် ကျွန်တော်မျိုး၏ဦးနှောက်ကို ပျက်စီးစေပါသည်ဟု အလ္လာဟ်အရှင်မြတ်ထံ လျှောက်ထားတော်မူမည်။ ဤအပေါ် အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ အိုလမာဆိုးများ၏ ဝမ်းဗိုက်မှ ဆိုးဝါးသောအနံ့သည် ထိုအနံထက်ပင် ပို၍နံစော်သည်ဟူ၏။
 ၂၃။ အနတ်စ်သခင်(ရသွီ)က တမန်တော်မြတ်၏ မိန့်ခွန်းတော်ကို တင်ပြသည်မှာ ကျွန်ုပ်၏အုမ္မသ်သားများမှ အိုလမာဆိုးတို့၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးကြပါစေ။ အကြင်သူတို့သည် သာသနာ့ပညာကို အရောင်းအဝယ်ပြုလုပ်ကြသည်။ သာသနာ့ပညာဖြင့် လောကီစည်းစိမ်ကို အမြတ်ထုတ်ကြသည်။ အိုးအရှင် ထိုအိုလမာဆိုးတို့၏ စီးပွားရေးတွင် အကျိုးသက်ရောက်ခြင်း ပြုပေးတော်မမူပါနှင့်ဟု တောင်းဆုပြုခဲ့လေသည်။ (မုစ်သွရိဖ်ကျမ်း)
အလ်မုဖီးဒ်
ရဂျဗ်/ ၂၅/ ယောင်မုလ် ဂျုမုအဟ်/ ဟစ်ဂ်ျရီ ၁၄၃၆

(မော်လာနာကမ္မရွဒ်ဒီးန် ဦးသန်းမောင်(ဂျာမိအီ) ဘာသာပြန်ထားသည့် "အစ္စလာမ့်ပညာရေး" စာအုပ်ပါ အကြောင်းအရာကို အလ်မုဖီးဒ်က ပြန်လည်တင်ဆက်သည်။)

 *** သတိပေးချက် 
အထက်ပါအကြောင်းအရာကို ကူးယူလျှင် စာသားအပြည့်အစုံ မူရင်းကျမ်းရှင် ဘာသာပြန်သူနှင့် အလ်မုဖီးဒ်၏ Link ကိုပါ ထည့်သွင်းကူးယူပါ။ မိမိလိုသလောက်ကူးယူးပြီး ကိုယ်ပိုင်နာမည်တပ်နေသူများကို တွေ့ရှိရပါသည်။ မိမိမလုပ်သည်ကို လုပ်သယောင်ဆောင်ထားသဖြင့် ထိုသို့သောသူတို့သည် လိမ်လည် မုသားဆိုသူပင်ဖြစ်၏။***

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Saturday, April 11, 2015

အဆိုးဝါးဆုံးနှင့် အကျိုးမဲ့ပညာ


၁။ တမန်တော်မြတ်မိန့်တော်မူသည်မှာ အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်နေ့တွင် ပထမဦးစွာ စစ်ကြောမေးမြန်းရန်အတွက် လူတန်းစားသုံးမျိုးကို မိမိရှေ့တော်မှောက်သို့ သွင်းစေတော်မူမည်။

ပထမ ရှဟီဒီကို ခေါ်ယူ၍ အို ... လူသား ငါအရှင်သည် အသင့်အား စည်းစိမ်အချို့ကို ပေးတော်မူခဲ့၏။ အချို့သော စည်းစိမ်တို့ဖြင့် အသင့်အားတင့်တယ်စေခဲ့သည်မှာ မှန်ပါ၏လော ဟု မေးမြန်းတော်မူမည်။ ရှဟီဒီသည် ချီးမြှင့်ခံခဲ့ရသော စည်းစိမ်ဥစ္စာပစ္စည်းအားလုံးကို တစ်ခုမကျန် မိမိမျက်မှောက် မြင်တွေ့နေရဘိအလား သတိရလာမည်။ အလ္လာဟ်အရှင်မြတ်က အို လူသား ထိုသို့ချီးမြှင့်ခဲ့သော စည်းစိမ်တော်များကို အသင်မည်သို့ အသုံးပြုခဲ့ပါသနည်းဟု စစ်မေးတော်မူမည်။
ရှဟီဒီက အို အရှင် ကျွန်တော်မျိုးသည် အရှင့်ကလေမဟ် ဂုဏ်တော်များကို နှံ့စပ်ကျယ်ပြန့်သွားစေရန် ကာဖိရ်များနှင့် ဂျိဟာဒ်သာသနာ့စစ်ပွဲဆင်နွှဲခဲ့ပါသည်။ ထိုသို့ဆင်နွှဲရင်း ကျဆုံးခဲ့ရပါသည်။ ဟု လျှောက်တင်လိမ့်မည်။
အလ္လာဟ်အရှင်မြတ်က အို လူသား အသင်မုသားဆို၏။ အသင်စစ်ပွဲဆင်နွှဲခဲ့သည်မှာ ငါအရှင့်အတွက် စစ်တိုက်ခဲ့ခြင်းမဟုတ်။ သူတစ်ပါးတို့၏ နှုတ်ဖျားမှ ဤသူသည် အလွန်သတ္တိကောင်းသည်။ အာဇာနည်သူရဲကောင်းကြီးတစ်ဦးဖြစ်သည်ဟူသော ကျော်စောအမွှန်းတင်ခံယူလိုသည့်ဆန္ဒဖြင့် စစ်တိုက်ခဲ့ခြင်းမျှသာဖြစ်သည်။ အသင့်ဆန္ဒအတိုင်း လူတို့က အသင့်အား ချီးမွှမ်းခဲ့ပေပြီ။ သို့ဖြစ်ရာ အသင့်၏ဆန္ဒလည်း ပြည့်ဝခဲ့ပြီဖြစ်သည်။ အို ဖရိရှ်သာအပေါင်းတို့ ဤအယောင်ဆောင်ရှဟီဒီကို ဝမ်းလျားမှောက်ဒရွတ်တိုက်ဆွဲ၍ ဂျဟန္နမ်ငရဲဘုံသို့ သွတ်သွင်းကြလော့ဟု မိန့်တော်မူမည်ဖြစ်သည်။
ဒုတိယ -- ပညာသင်ယူပို့ချခဲ့သော အာလင်မ်တစ်ပါးကို ရှေ့တော်သွင်း၍ စစ်မေးတော်မူမည်။ အို လူသား ငါအရှင်သည် လောက၌ အသင့်အား အချို့သောစည်းစိမ်ဥစ္စာများနှင့် အိလင်မ်အသိပညာများကို ပေးသနားတော်မူခဲ့၏။ ၎င်းတို့ကို မည်သည့်နေရာတွင် အသုံးချခဲ့ပါသနည်း ဟု မေးတော်မူမည်။ ထိုအာလင်မ်က ချီးမြှင့်ရရှိခဲ့သော စည်းစိမ်ဥစ္စာများနှင့် အိလင်မ်အသိပညာတို့ကို သတိရလာပြီး အို အရှင် ကျွန်တော်မျိုးသည် အရှင့်အတွက်ရည်စူး၍ သာသနာ့ပညာရပ်များကို ဆည်းပူးခဲ့ပါသည်။ အရှင်နှစ်လို့ဖွယ်ဖြစ်ရန် လူသားများကို တဆင့်ပို့ချပေးခဲ့ပါသည်။ အရှင်သဘောတူလက်ခံတော်မူရန် ကျမ်းမြတ်ကုရ်အာန်ကိုလည်း ရွတ်ဖတ်သရဇ္ဇယ်ခဲ့ပါသည်။ ဟု လျှောက်တင်ပေမည်။
အလ္လာဟ်အရှင်မြတ်က အို လူသား အသင်မုသားဆို၏။ အသင်ပညာသင်ယူခဲ့သည်မှာ မှန်သော်လည်း ငါအရှင့်အတွက် ဆည်းပူးခဲ့ခြင်းမဟုတ်။ လူအများက အသင့်အား ကုရ်အာန်အဖတ်ကောင်းသူ အသံကောင်းထုတ်၍ ဟစ်ဆိုတတ်သူဟု ထင်ပေါ်ကျော်ကြား အမွှန်းတင် ခံယူလိုသောဆန္ဒဖြင့် သင်ယူခဲ့ခြင်းသာ ဖြစ်သည်။ အို ဖရိရှ်သာတို့ ဤပြစားကျော်ကြားလိုသော အယောင်ဆောင်အာလင်မ်ကို တုပ်နှောင်၍ သေးသိမ်သူအဖြစ်နှင့် ဝမ်းလျားမှောက် ဒရွတ်ဆွဲလျက် ဂျဟန္နမ်ငရဲဘုံသို့ သွတ်သွင်းလိုက်လော့ ဟု မိန့်တော်မူမည်ဖြစ်သည်။
တတိယ -- လောက၌ အလ္လာဟ်အရှင်မြတ်က ပစ္စည်းဥစ္စာများ ချမ်းသာစေခဲ့သော သူကြွယ်တစ်ဦးကို ရှေ့တော်မှောက်သွင်းစေမည်။ အို လူသား ငါအရှင်မြတ်သည် အသင့်အား စည်းစိမ်များပေးတော်မူခဲ့၏။ ၎င်းပြင် အသင်နေထိုင်ရန် အိမ်ယာတိုက်တာနှင့် သွားလာရန်အစီးအနင်းများ သုံးစွဲရန်အမွေပစ္စည်းများကိုလည်း ပိုင်ဆိုင်စေခဲ့၏။ ၎င်းတို့ကို အဘယ်နေရာတွင် သုံးစွဲခဲ့ပါသနည်းဟု မေးတော်မူမည်။
သူကြွယ်သည် ထိုအချင်းအရာအားလုံးကို သတိရလာပြီး မှန်ကန်ကြောင်းဝန်ခံလျှက် ၎င်းတို့ကို အလ္လာဟ်အရှင်မြတ်အတွက် ရည်စူး၍ ဗလီဝတ်ကျောင်းတော်များနှင့် အစ္စလာမ်ဘာသာရေးကျောင်းဆောင်ကြီးများ ဆောက်လုပ်လှူဒါန်းခဲ့ပါသည။ သာသနာ့ပညာရှင်များကိုလည်း ဖေးမကူညီခဲ့ပါသည်ဟု လျှောက်တင်လိမ့်မည်။
အလ္လာဟ်အရှင်မြတ်က အို လူသား၊ အသင် မုသားဆို၏။ အသင်သည် လူအများက အလွန်ချမ်းသာသူ သာသနာ့ရေးရာများတွင် အလွန်ရက်ရောသူဖြစ်သည်ဟု ကျော်ကြားမော်ကြွားလိုသော ဆန္ဒဖြင့် သုံးစွဲခဲ့ခြင်းသာ ဖြစ်သည်။ သင့်ဆန္ဒကား လောကတွင် ပြည့်ဝခဲ့လေပြီ။ အို ဖရိရှ်သဟ်အပေါင်းတို့ ဤသူအား ဝမ်းလျားမှောက် ဒရွတ်ဆွဲ၍ ဂျဟန္နမ်ထဲသို့ ပစ်ချလိုက်လော့ဟု မိန့်တော်မူမည် ဖြစ်သည်။ (မုစ်လင်မ်ကျမ်း)
၂။ တမန်တော်မြတ် မိန့်တော်မူခဲ့သည်။ ကျွန်ုပ်၏အုမ္မသ်သားများတွင် များစွာသောသူတို့သည် သာသနာ့ပညာကို ဆည်းပူးကြလိမ့်မည်။ ကျမ်းမြတ်ကုရ်အာန်ကိုလည်း သင်ယူကြလိမ့်မည်။ ၎င်းတို့က ပြောမည်။ ကျွန်ုပ်တို့သည် လောကီစည်းစိမ်သားတို့ထံ သွားရောက်၍ ၎င်းတို့ထံမှ လိုအပ်သည်ခန့် ပစ္စည်းဥစ္စာများရယူပြီး သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ကြမည်။ သို့ရာတွင် ထိုစည်းစိမ်ရှင်တို့၏ သြဇာလွှမ်းမိုးခြင်းကို ကျွန်ုပ်တို့လုံးဝလက်ခံကြမည်မဟုတ်ဟူ၍ ပြောဆိုကြပေအံ့။
တမန်တော်မြတ်သည် ဤဖြစ်လတ္တံသော တရားတော်ကို ဟောကြားပြီးနောက် ဆက်လက်၍ မိန့်တော်မူသည်မှာ ထိုသူများသည် လောကီစည်းစိမ်တွင် နစ်မွန်းနေသောသူတို့ထံ သွားရောက်၍ မိမိသာသနာကို ကာကွယ်စောင့်ရှောက်ကြမည်မှာ ဖြစ်နိုင်ဖွယ်မရှိချေ။ အကြောင်းကား ဆူးပင်မှ ဆူးသာရရှိနိုင်၏။ လောကီသားများတွင်လည်း ညစ်ညမ်းသောလမ်းစဉ်မှအပ မည်သည့်ကောင်းကျိုးကိုမျှ ရနိုင်မည်မဟုတ်ပေ။ (မိရှ်ကားသ်ကျမ်း)

မုဟမ္မဒ်ဗင်န်စလ်မာန်(ရသွီ)သခင်က ဖွင့်ဆိုသည်မှာ တရားမဲ့သောသူကြွယ်များ၏ တံခါးဝတွင်ရပ်၍ အကူအညီတောင်းခံသူထက် မစင်ပုံတွင်နားသောယင်က ပို၍မြတ်လေသည်။ အကြောင်းကား ကျွန်ုပ်၏ဖခင်က ကျွန်ုပ်အား အသင်အာလင်မ်ဖြစ်ရန် ငါမလိုလားပါ။ အသင်အာလင်မ်ဖြစ်ခဲ့သော် တရားမဲ့သော သူဌေးသူကြွယ်များ၏ တံခါးတွင်သွားရောက်၍ရပ်မည်ကို ငါစိုးရိမ်ပူပင်မိသည်ဟု ပြောဆိုဆုံးမခဲ့ပေသည်။
၃။ အဗ်ဒုလ္လာဟ်ဗင်န်မတ်စ်အူးဒ်(ရသွီ)သခင်က မိန့်ဆိုခဲ့သည်။ အကယ်၍ ပညာရှင်သည် မိမိတတ်မြောက်ထားသောပညာကို ထိန်းသိမ်းပြီး သာသနာ့ပညာ၏အဖိုးအနဂ္ဃ(တန်းဖိုးအဆင့်အတန်း)ကို သိရှိသူတို့အား သင်ကြားပို့ချပေးလျှင် ဧကန်အမှန် ထိုသူသည် တစ်ချိန်တွင် စစ်မှန်သောသာသနာ့ခေါင်းဆောင်ဖြစ်လာမည်။ သို့တစေ ယခုခေတ် မော်လဝီမော်လာနာအချို့တို့သည် မိမိတတ်မြောက်ထားသော ပညာရပ်တို့ကို လောကီသားတို့အလိုကျ လိုက်လျောနေကြသဖြင့် ၎င်းတို့၏အသုံးချခြင်းကို ခံနေကြရလေပြီ။ ယင်းအာလင်မ်တို့သည် ၎င်းတို့ရှေ့မှောက်တွင် အမှန်တရားကိုဖုံးကွယ်၍ မိမိတို့အလိုပြည့်ဝရေးအတွက် ၎င်းတို့အားဖက်တွယ်ပူးကပ် ဖော်လံဖားနှုတ်ချိုသွေးနေကြသူများ ဖြစ်ကြပေသည်။
လောကီသားတို့၏ ဆွဲဆောင်ချက်နှင့် ၎င်းတို့၏လေကြောပေါ်ဝယ် ခေါင်းတညိတ်ညိတ်ဖြင့် မျောပါနေကြသည်။ ဤသူတို့၏နောက်ဆုံးရလဒ်ကား ဂုဏ်သိက္ခာမဲ့သူအဖြစ်နှင့် လူထု၏စိတ်တွင် သေးသိမ်ယုတ်ညံ့သူအဖြစ် အသိအမှတ်ပြုခြင်းကိုသာ ခံကြရမည်ဖြစ်သည်။
၎င်းပြင် တမန်တော်မြတ်ထံမှ ကျွန်ုပ်ကိုယ်တိုင်ကြားနာခဲ့ရ၏။ အကြင်သူသည် မိမိ၏အကျိုးနှင့် မက်လုံးဟူသမျှကို စွန့်လွှတ်၍ တစ်ခုတည်းသော အာခိရသ်တမလွန်ရေးရာလမ်းစဉ်နောက်သို့ ကြိုပမ်းမည်ဆိုပါက ထိုသူ၏လောကီရေးရာဟူသမျှတို့ကို အလ္လာဟ်အရှင်မြတ်က မိမိကရုဏာတော်ဖြင့် ကိုယ်တိုင်ဖြည့်စွမ်းပေးတော်မူမည်။ အကြင်သူသည် လောကီရေးတွင် ကြိုးပမ်းမည်ရှိသော် အလ္လာဟ်အရှင်မြတ်သည် လောက၏ မည်သည့်ထောင်ချောက်မျိုးတွင်မဆို ထိုသူကျရောက်ဆုံးရှုံးသွားပါက ဂရုဏာထားတော်မူမည်မဟုတ်ပေ။ (အိဗ်နုမာဂျဟ်ကျမ်း၊ ဗိုင်ဟကီကျမ်း)
၎။ တမန်တော်မြတ်မိန့်တော်မူခဲ့သည်။ ပညာ၏ ဒုက္ခဟူသည် မေ့လျော့ခြင်းပင် ဖြစ်၏။ ၎င်းပြင် တရားတော်ကို လိုက်နာကျင့်သုံးမှုမရှိသောသူတို့၏ ရှေ့တွင် တရားစာပေဟောပြောခြင်းသည် ပညာကို တိမ်ကောစေ၏။ (ဒါရိမီကျမ်း)
၅။ အဟ်ဝါစ်ဗင်န်ဟကမ်(ရသွီ)သခင်က မိမိဖခင်ထံမှတစ်ဆင့် ကြားသိခဲ့ရသော မိန့်ခွန်းတော်ကို ထုတ်ဖော်ပြောဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်ထံခစား၍ အဆိုးဟူသည် မည်သို့ပါနည်းဟု လျှောက်ထားလေ၏။ တမန်တော်မြတ်က အသင်တို့ အဆိုးနှင့်စပ်လျဉ်း၍ မေးမြန်းခြင်းမပြုကြကုန်နှင့်။ အကောင်းကိုသာ မေးမြန်းကြကုန်ဟု မိန့်တော်မူလေသည်။
ထိုစကားကို သုံးကြိမ်မိန့်တော်မူပြီးနောက် တမန်တော်မြတ်က အသင်တို့နားဆင်ကြကုန်လော့။ ဆိုးယုတ်ခြင်းတွင် အဆိုးဝါးဆုံးသောသူများသည် အာလင်မ်ဆိုးများသာ ဖြစ်၏။ ကောင်းခြင်းတွင် အကောင်းဆုံးသောသူများသည် တရားစောင့်စည်းကြသော အာလင်မ်များသာ ဖြစ်ကြကုန်၏။
အကြောင်းကား အာလင်မ်များ၏ ကောင်းမှု၊ မကောင်းမှုတို့သည် လူထုသို့ကူးစက်ပျံနှံကာ ထင်ဟပ်သွားမည်ဖြစ်၏။ တရားတော်ကို စောင့်စည်းသော အာလင်မ်ကောင်းများ ဖြစ်ခဲ့သော် လူတို့သည် အသွင်ပြောင်း၍ အစဉ်ကောင်းလာနိုင်၏။ အကယ်၍ တရားမဲ့ယုတ်ညံ့သော အာလင်မ်ဆိုးများ ဖြစ်ပါမူ လူတို့သည်လည်း အဆိုးနယ်တွင် အဆိုးများသာထင်ဟပ်၍ ပိုမိုဆိုးဝါးသွားနိုင်သည်ဟု မိန့်တော်မူခဲ့ပေသည်။ (ဒါရိမီကျမ်း)
၆။ တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်တော်မူသည်မှာ အို.... လူအပေါင်းတို့ သောကချောက်တွင်းမှ ကင်းဝေးရန် ဆုပန်ကြကုန်။ ဆွဟာဗဟ်သခင်များက သောကချောက်တွင်းဟူသည် မည်သို့ပါနည်းဟု မေးလျှောက်ကြ၏။ ကိုယ်တော်က ၎င်းသည် ဂျဟန္နမ်ငရဲဘုံမှ အလွန်ကြောက်မက်ဖွယ်ကောင်းသော ဌာနတစ်ခုပင်ဖြစ်သည်။ ထိုဌာနရှိငရဲဘုံကပင် ၎င်းနှင့်ကင်းဝေးရန် နေ့စဉ်အကြိမ်ပေါင်း (၄ဝဝ)တိတိ ဆုပန်နေသည်ဟု မိန့်တော်မူခဲ့လေသည်။
ဆွဟာဗဟ်သခင်များက အို ... တမန်တော် ထိုဌာနသို့ မည်သူများဝင်ရောက်ကြရပါမည်နည်းဟု မေးလျှောက်ကြပြန်၏။ ကိုယ်တော်က ထိုဌာနသည် ကျမ်းမြတ်ကုရ်အာန်ကို အသံကောင်းဟစ်ကြွေး၍ တစ်ပါးသူအား နားဝင်ချို သာယာစေလိုသူတို့အတွက် ဖြစ်သည်ဟု မိန့်တော်မူခဲ့လေသည်။ (သိရ်မီဇီ)
အိဗ်နုမာဂျဟ်ကျမ်းတွင်လည်း ဤသို့လာရှိထား၏။ အလ္လာဟ်အရှင်မြတ်ရှေ့တော်ဝယ် အရှင့်အမျက်တော်စူးရှခြင်း အခံရဆုံးသောသူ နှစ်လို့ဖွယ်အမဲ့ဆုံးသောသူကား တရားမဲ့သူကြွယ်များ၏ တံခါးသို့သွားရောက်၍ ၎င်းတို့အား ဖက်လဲတစ်ကင်းပြုသော ကာရီများပင်ဖြစ်ကြောင်း ပြဆိုထားပေသည်။
၇။ ဟဇရသ်အလီ(ရသွီ)သခင်က တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ မိန့်ခွန်းတော်ကို တင်ပြခဲ့သည်။ မကြာမှီ လူသားများအပေါ် ခေတ်တခေတ်ကျရောက်လာလိမ့်မည်။ ထိုခေတ်တွင် အစ္စလာမ်သာသနာသည် အမည်မျှသာ ကျန်ရှိလတ္တံ။ ကုရ်အာန်ကို အာဂုံဆောင်ထားသူ ဟာဖိဇ်များသည် ပလူကောင်များနှယ် များပြားစွာရှိကြမည်ဖြစ်သော်လည်း ကျမ်းမြတ်ကုရ်အာန်၏ အနက်အဓိပ္ပာယ် အလိုသဘောများကို လိုက်စားခြင်း(ရှာဖွေဆည်းပူးခြင်း)နှင့် ကိုယ်ကျင့်တရားစောင့်စည်းခြင်းတို့ကား ရှိကြမည်မဟုတ်ပေ။ အစ္စလာမ်ဦးရေမှာလည်း တိုးပွားများပြားလာလတ္တံ။ သို့ရာတွင် ၎င်းတို့၏ နေထိုင်သွားလာ ဝတ်စားဆင်ယဉ်မှုများသည် အစ္စလာမ်ယဉ်ကျေးမှုနှင့် မိုင်ပေါင်းများစွာ ဝေးကွာခြားနားနေလတ္တံ။
၎င်းတို့၏ ဗလီဝတ်ကျောင်းတော်များမှာ အလွန်တရာခမ်းနားသိုက်မြိုက်မည်ဖြစ်ပြီး ဟိဒါယသ်တရားလမ်းစဉ်များ ကင်းမဲ့နေလတ္တံ။ ကမ္ဘာတစ်ဝန်းလုံး၌ အဆိုးသွမ်းဆုံးသောသူများမှာ အိုလမာသာသနာ့ပညာရှင်များသာ ဖြစ်ကြလတ္တံ။ ဤအိုလမာဆိုးများကြောင့် ရှုပ်ထွေးမှုရန်မီးများ ဖြစ်ပေါ်နေလတ္တံ။ (သဘောမှာ) အာလင်မ်ဆိုးများသည် တရားမဲ့သော ပြည့်ရှင်ဘုရင်များ၊ ဗြူရိုကရက်အစိုးရများကို ကူညီကြမည်ဖြစ်သည်။ နောက်ဆုံးတွင် ၎င်းရန်မီးများသည် ထိုအာလင်မ်များဘက်သို့ပင် ပြန်လှည့်သွားကြမည်သာ ဖြစ်လတ္တံ။ ထိုတရားမဲ့ဘုရင်ဆိုးများ တရားမဲ့အစိုးရတို့သည် ထိုအာလင်မ်ဆိုးများအပေါ် သြဇာလွှမ်းမိုးပြီး ၎င်းတို့ကို ရုပ်သေးရုပ်များပြုလုပ်ကာ နည်းမျိုးစုံဖြင့် ဒုက္ခပေးကြမည်ဟု မိန့်ဆိုခဲ့လေသည်။ (ဗိုင်ဟကီကျမ်း)
၈။ ဇိယာဒ်ဗင်န်လဗိဒ်(ရသွီ)သခင်က ဖွင့်ဆိုခဲ့သည်။ တနေ့တွင် တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် ဖြစ်ပေါ်လတ္တံသော ရှုပ်ထွေးမှုအန္တရာယ် အရေးအခင်းအချို့ကို မိန့်တော်မူခဲ့၏။ လူသားတို့ထံမှ သာသနာ့ပညာရှင်များ ကွယ်ပျောက်သွားချိန်တွင် ယင်းလူသားတို့အပေါ် အဘက်ဘက်မှ ဒုက္ခသုခများ ကျရောက်လာမည်ဖြစ်လတ္တံ။
ဤသို့သော မိန့်ဆိုချက်အပေါ် ကျွန်ုပ်သည် တအံသြဖြစ်၍ အို ...... ကိုယ်တော် သာသနာ့ပညာသည် မည်သို့ကွယ်ပျောက်နိုင်ပါမည်နည်း။ ကျွန်ုပ်သည်ပင် ကုရ်အာန်ကျမ်းမြတ်ကို သင်ယူပြီး မိမိ၏သားသမီးများကို ဆင့်ပြန်သင်ကြားလျက်ရှိပါသည်။ ထိုသားသမီးတို့ကလည်း ၎င်းတို့၏ရင်သွေးများကို ဆင့်ပြန်ပို့ချမည်သာဖြစ်သည်။ ဤနည်းဖြင့် ကိယာမသ်နေ့တိုင်ရှိနေမည်ဖြစ်ရာ ကျွန်တော်မျိုးတို့ထံမှ ပညာသည် မည်သို့ကွယ်ပျောက်သွားအံနည်းဟု လျှောက်တင်ခဲ့လေသည်။
ကိုယ်တော်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က အို ဇိယာဒ်၊ ငါသည် ယခင်က အသင့်အား မဒီနာသားတို့တွင် အတော်ဆုံး အသိအကြွယ်ဆုံးဟု မှတ်ယူမိသည်။ ယခုသော် အသင်ကား မည်သို့လျှောက်တင်ဘိသနည်း။ ရဟူဒီ၊ နစွရာနီလူမျိုးတို့သည် သောင်ရာသ်ကျမ်း၊ အင်န်ဂျီလ်ကျမ်းများကို မဖတ်ခဲ့ကြသလော။ အမှန်ပင် ၎င်းတို့သည် ထိုကျမ်းစာများကို ဖတ်ခဲ့ကြ၏။ သို့ရာတွင် ၎င်းကျမ်းပါပညတ်ချက်များအပေါ် လိုက်နာခြင်းမရှိခဲ့ကြပေ။ (သိရ်မီဇီ)
ဤသို့ပင် ကျမ်းမြတ်ကုရ်အာန်ကိုလည်း အနက်အဓိပ္ပါယ်နှင့်တကွ ဖတ်ရှုနားလည်းခြင်း၊ ကျင့်သုံးလိုက်နာခြင်းမရှိကြလျှင် ဟာဖိဇ် ကျမ်းမြတ်ကုရ်အာန်ကို ကျေညက်အောင် သင်ယူတတ်မြောက်ရုံမျှဖြင့် သာသနာ့ပညာသည် အဓွန့်ရှည်နိုင်မည် မဟုတ်ပေ။
၉။ တမန်တော်မြတ်မိန့်တော်မူခဲ့သည်။ သာသနာ့ပညာကို သင်ယူတတ်မြောက်ပြီး ၎င်းအပေါ်လိုက်နာကျင့်သုံးမှုမရှိပါက ၎င်းပညာသည် အလ္လာဟ်အရှင်မြတ်အတွက် သုံးစွဲခြင်းမပြုသော ပစ္စည်းဥစ္စာနှင့် တူ၏။ (မုစ်နဒ်အဟ်မဒ်ကျမ်း၊ ဒါရိမီကျမ်း)
၁ဝ။ ဟဇရသ်အုမရ်သခင်က သာသနာ့ပညာရှင်သည် မည်သူဖြစ်သနည်းဟု ကအဗ်ဗင်န်အဟ်ဗရ်သခင်အား မေးမြန်းခဲ့၏။ သခင်က မိမိတတ်မြောက်နားလည်ထားသော သာသနာ့ပညာရပ်နှင့်အညီ ကျင့်သုံးနေထိုင်သူတို့ပင် ဖြစ်သည်ဟု ဖြေကြားတော်မူခဲ့လေသည်။ တစ်ဖန် အုမရ်သခင်က အိုလမာများ၏စိတ်တွင်းမှ ပညာ၏ရောင်ခြည်သည် မည်သည့်အရာကိုဖယ်ရှားပေးတော်မူပါသနည်းဟု မေးမြန်းခဲ့၏။ ကအဗ်ဗင်န်အဟ်ဗရ်သခင်က လောကီရမ္မက်လောဘကို ထုတ်ပစ်ဖယ်ရှားတော်မူပေသည်ဟု ဖြေကြားပေးခဲ့လေသည်။
(မော်လာနာကမ္မရွဒ်ဒီးန် ဦးသန်းမောင်(ဂျာမိအီ) ဘာသာပြန်ထားသည့် "အစ္စလာမ့်ပညာရေး" စာအုပ်ပါ အကြောင်းအရာကို အလ်မုဖီးဒ်က ပြန်လည်တင်ဆက်သည်။)

*** သတိပေးချက် အထက်ပါအကြောင်းအရာကို ကူးယူလျှင် စာသားအပြည့်အစုံ မူရင်းကျမ်းရှင် ဘာသာပြန်သူနှင့် အလ်မုဖီးဒ်၏ Link ကိုပါ ထည့်သွင်းကူးယူပါ။ မိမိလိုသလောက်ကူးယူးပြီး ကိုယ်ပိုင်နာမည်တပ်နေသူများကို တွေ့ရှိရပါသည်။ ထိုသူတို့သည် မိမိမလုပ်သည်ကို လုပ်သယောင်ဆောင်ထားသဖြင့် လိမ်လည် မုသားဆိုသူပင်ဖြစ်၏။***

အကျိုးပြုပညာ


စိတ်ပညာနှင့် အတွေးအခေါ်ပညာတို့သည် လောကကြီးကို အလွန်သေးသိမ်ပြီး အကုသိုလ်ဆူးညှောင့်ခလုတ်များနှင့် ပြည့်နှက်နေသည့် ဌာနတစ်ခုအဖြစ် သိမြင်နေ၏။ တမလွန်တွင် ခံစားရမည့်ပြစ်ဒဏ်များကို မျှော်တွေးကြောက်ရွံနေ၏။ လောကီကို စုံမက်၍ လောကနောက်သို့ တကောက်ကောက်လိုက်ပါနေသောသူတို့အား ဆင်ခြင်တုံတရားကင်းမဲ့သူများအဖြစ် သိမြင်တတ်၏။

၎င်းပြင် မာနထောင်ခြင်း အယောင်ဆောင်ခြင်း မလိုတမာပြုခြင်း စိတ်ကြီးဝင်ကာ ထင်ရာစိုင်းနေခြင်း၊ လောဘ၊ ဒေါသ၊ မောဟနှင့် လောကကြီးကို စုံမက်ဖက်တွယ်နေခြင်းတို့သည် လောက၏အပြစ်တရားများသာဖြစ်သည်ဟူ၍ စိတ်တွင် ကွင်းကွင်းကွက်ကွက် မြင်နိုင်စွမ်းလည်းရှိကြ၏။ ထိုသို့သောပညာရပ်များကို အတွေးအခေါ်ပညာ စိတ်ပညာဟူ၍ ခေါ်ဝေါ်ကြ၏။ ယင်းပညာရပ်သည် အကျိုးပြုပညာရပ်ဖြစ်၍ လောကီသားတို့အဖို့ ဆာလောင်မွတ်သိပ်သူအတွက် အေးမြကြည်လင်သော ရေတစ်ခွက်ဖြစ်ပြီး ဝေဒနာရှင်တို့အတွက် ဆေးတစ်လက်ပင်ဖြစ်လေသည်။
လောကီကိုစုံမက်သူတို့သည် ဆိုင်ကော်လော်ဂျီ ဖီလိုဆော်ဖီပညာရပ်နှင့် ရှရီအသ်သာသနာ့ကျင့်စဉ်တရားတော်များအပေါ် ဆန့်ကျင်၍ ဘောင်လွတ်သည့်ပညာရပ်များကို လုံးပန်းအားထုတ်နေခဲ့သော် ဝေဒနာရှင်တစ်ဦးအတွက် အစားမရှောင်ခြင်းကြောင့် ရောဂါတိုးပွားလာရသကဲ့သို့ပင် ဖြစ်သွားပေမည်။
အကြောင်းကား ဤသို့သာသနာ့စည်းလွတ်ပညာရပ်များကို သင်ယူပါက စိတ်၏လယ်ယာ၌ ရန်ညှိုးထားခြင်း အမုန်းထားခြင်း စိတ်စေရာလိုက်စားခြင်းနှင့် လိမ်လည်လှည့်ဖြားခြင်းတည်းဟူသော မျိုးစေ့တို့ကို ပျိုးလိုက်သည်နှင့်တူပေသည်။ ထိုပညာမျိုးကို လုံးပန်းရယူသည်နှင့်အမျှ မကောင်းမှုလက္ခဏာများသည်လည်း ခိုင်မာစွဲမြဲရင့်ကျက်သွားပေတော့သည်။ (ကီမီယာအိ စအာဒသ်ကျမ်း)
(မော်လာနာကမ္မရွဒ်ဒီးန် ဦးသန်းမောင်(ဂျာမိအီ) ဘာသာပြန်ထားသည့် "အစ္စလာမ့်ပညာရေး" စာအုပ်ပါ အကြောင်းအရာကို အလ်မုဖီးဒ်က ပြန်လည်တင်ဆက်သည်။)
*** သတိပေးချက် အထက်ပါအကြောင်းအရာကို ကူးယူလျှင် စာသားအပြည့်အစုံ မူရင်းကျမ်းရှင် ဘာသာပြန်သူနှင့် အလ်မုဖီးဒ်၏ Link ကိုပါ ထည့်သွင်းကူးယူပါ။ မိမိလိုသလောက်ကူးယူးပြီး ကိုယ်ပိုင်နာမည်တပ်နေသူများကို တွေ့ရှိရပါသည်။ ထိုသူတို့သူ ၎င်းတို့မလုပ်သည်ကို လုပ်သယောင်ဆောင်ထားသဖြင့် လိမ်လည် မုသားဆိုသူပင်ဖြစ်၏။***

ပညာရှာဖွေသော လူတန်းစား (၄) မျိုး


(၁) ပညာရှာဖွေစဉ် လောက၏ဥစ္စာပစ္စည်းကို လိုသည်ထက်ပို၍ စုဆောင်းခြင်းမပြုသောဆင်းရဲသားနှင့် သာသနာ့ပညာရှာဖွေစဉ် ပညာကိုသင်ယူ၍ ဥစ္စာပစ္စည်းတို့ကိုလည်း နည်းများမဆို တစ်နည်းတစ်ဖုံဖြင့် စုဆောင်းခြင်းပြုသောဆင်းရဲသား၊ ဤဆင်းရဲသားတို့ ဆည်းပူးရယူထားသောပညာသည် ဥစ္စာပစ္စည်းကို စောင့်ထိန်းရန် အကြောင်းခံတစ်ခုပင်ဖြစ်၏။ ထိုပညာကြောင့် လောကတွင်ဂုဏ်ကျက်သရေ စံတင်လောက်သော အရည်အသွေးတစ်ခုရရှိသည်သာမက အာခိရသ်တမလွန်အခါ၌လည်း မိမိအတွက် အကျိုးထူးခံစားရမည်ဖြစ်သည်။
(၂) ရိက္ခာအသင့်အတင့်ပင် ဖူလုံခြင်းမရှိသော်လည်း ရှိသမျှနှင့် ရောင့်ရဲတင်းတိမ်စွာနေထိုင်ပြီး သာသနာ့ပညာရှာဖွေသောဆင်းရဲသား၊ ၎င်းသည် မုစ်လင်မ်တို့စောင့်စည်းအပ်သော ရောင့်ရဲတင်းတိမ်ခြင်း၏ အကျိုးအမြတ်ကို သိရှိနားလည်ပြီး မိမိသည်ဓနကြွယ်ဝသူများထက် နှစ်ပေါင်း (၅ဝဝ) အလျင် စော၍ ဂျန္နသ်သို့ဝင်ရောက်ရမည်ကို ယုံကြည်သူဖြစ်၏။ ထိုသူဆည်းပူးတတ်မြောက်ထားသော ပညာသည် လောကတွင် သာယာတင့်တယ်စေပြီး အာခိရသ်တွင် အကျိုးထူးခံစားရမည်ဖြစ်သည်။
(၃) သာသနာ့ပညာကို သင်ယူသော ကျောင်းသား၊ ၎င်းသည် သာသနာ့ပညာသင်ယူနေစဉ် ဟလာလ်ရိုဇီကိုသာစားသုံး၍ လိုအပ်သောထောက်ပံ့ကြေးများကို မုစ်လင်မ်လူထုထံမှ သို့မဟုတ် သာသနာ့ဘဏ္ဍာတော်မှ ရယူမည်။ သာသနာ့ပညာတတ်မြောက်ခဲ့သော် ဟရာမ်ရိုဇီရှာဖွေရေးမှ ရှောင်ကျဉ်မည်။ ၎င်းပြင် သာသနာပျက် သူကြွယ်များထံ မည်သည့်အချိန်မှ လက်မဖြန့်ဟူသော ခံယူချက်အပြည့်အဝထားရှိခဲ့သော် ၎င်းသည် အာခိရသ်တွင် အကျိုးထူးခံစားရမည် ဖြစ်၏။ အထက်ပါလူတန်းစား သုံးမျိုးတို့၏ သာသနာ့ပညာသင်ယူခြင်း လောကီလုပ်ငန်းနှင့် သာသနာ့ရေးရာများတွင် အမွန်မြတ်ဆုံးနှင့် အကျိုးစဝါးဗ်အများဆုံး ရရှိနိုင်မည် ဖြစ်သည်။
(၄) အလုပ်လက်မဲ့ ကျောင်းသား၊ ၎င်းက အာလင်မ်ဖြစ်မြောက်လာလျှင် ထိုပညာဖြင့် လောကီစည်းစိမ်ရှာဖွေမည်ဟု ရည်ရွယ်ချက်ထားရှိသူဖြစ်၏။ ၎င်းသည် တရားမဲ့ကျင့်သုံးနေထိုင်သော ဘုရင်တို့၏ တံခါးဝတွင်ဖြစ်စေ၊ ထိုခေတ်အခါရှိ တိုင်းပြည်၏ ဘဏ္ဍာန်တော်ဝင်ငွေများမှာ သေရည်အရက်ရောင်းချရာမှ ဖြစ်စေ၊ မတရားအခွန်ကောက်ခံ၍ ဖြစ်စေ၊ ဟရာမ်လုပ်ငန်းများ၏ ဝင်ငွေများမှဖြစ်စေ ရရှိထားစေကာမူ မိမိသာပိုင်ဆိုင်ရမည်ဆိုပါက သာသနာ့ပညာများအပေါ် သေးသိမ်သော အမူအရာကို ပြကာ ၎င်းတို့ထံမှ ပစ္စည်းရရှိရေးအတွက် သွားရောက်၍ မတ်တပ်ရပ်မည်သာ ဖြစ်ပေသည်။
၎င်းသည် ဤသို့သောပညာဖြင့် နာမည်ထင်ပေါ် ကျော်ကြားလိုမည်။ ဤသို့သော ပညာဖြင့် ဂုဏ်သိက္ခာကြီးမားထည်ဝါလိုမည်ဆိုပါက ဤသို့သောသာသနာ့ပညာကို ဆည်းပူးရယူခြင်းထက် အခြားလက်မှုပညာတစ်ခုခုကို ဖြစ်စေ၊ အရောင်းအဝယ်တစ်ခုခုကို ဖြစ်စေ၊ သင်ယူလုပ်ကိုင်ခြင်းက ပို၍ကောင်းပေသည်။
အကြောင်းကား ဤသို့သောလူတန်းစားများသည် လူ့ရှိုက်သာန်တစ်မျိုးပင် ဖြစ်၏။ ပညာမဲ့တို့သည် ၎င်းတို့ကိုကြည့်၍ လမ်းမှားသို့ ရောက်သွားနိုင်ကြသည်။ ဆိုလိုသည်မှာ ပညာမဲ့အသိဉာဏ်ခေါင်းပါးသူတို့က ဤအာလင်မ်ကြီးများသည် ဟရာမ်လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြု၍ လုပ်ကိုင်စားသောက်နေကြလျှင် ငါတို့ဂျာဟိလ်များအတွက်မူ မည်သည့်အပြစ်မှ ထိုက်မည်မဟုတ်ဟု မှတ်ချက်ချကာ ယင်းအပြစ်များကို အသက်ထက်ဆုံး ကျူးလွန်မိုက်မှားကြမည်မှာ မုချမလွဲပေ။
ဤသို့ သိက္ခာမစောင့်စည်းကြသော အာလင်မ်ဆိုး အာလင်မ်ညံ့တို့သည် လောကတွင် နည်းပါးနိုင်သမျှ ကောင်းမည်ဖြစ်၏။ ဤသို့သော အာလင်မ်ဆိုးတို့အား ပြောလိုသည်မှာ လောက၏ ရမ္မစည်းစိမ်တို့ကို လောကပညာဖြင့်သာ ရှာဖွေကြပါကုန်။ သာသနာ့ပညာကို ခုတုံးလုပ်၍ သာသနာ့အရေခြုံပြီး သာသနာ့လုပ်ငန်းများကို အလွဲသုံးစားပြုလျက် မသမာသော နည်းမျိုးစုံတို့ဖြင့် စီးပွားရှာဖွေခြင်း မပြုကြလေကုန်နှင့်။
အကယ်၍ တစ်ဦးတစ်ယောက် ကျွန်ုပ်၏ပညာသည် ကျွန်ုပ်အား လောကီရမ္မကိုဖြစ်စေမည့် လုပ်ငန်းများမှ ဖယ်ရှားစေခဲ့သည်။ ၎င်းပြင် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်အတွက် ပညာကို ဆည်းပူးသင်ယူခဲ့ရာ ထိုပညာသည် ကျွန်ုပ်အား အရှင့်လမ်းသို့တွန်းပို့ပေးခဲ့သည်ဟု ပြောဆိုခဲ့သော် ထိုသူ၏ပညာရပ်သည် ကျမ်းမြတ်ကုရ်အာန်နှင့် စွန္နသ်လမ်းစဉ်၏ ပညာရပ်များသည်ဖြစ်၏။ ထိုသူတို့သည် ထိုပညာရပ်ကို ထိန်းသိမ်းနိုင်စွမ်းလည်း ရှိ၏။ လောကီစည်းစိမ်နှင့ လောဘဒေါသမောဟများကိုလည်း ရွံရှာမည်ဖြစ်၏။ ထိုသူတို့သည် လောကီစည်းစိမ်ကို ကျောခိုင်းခဲ့ကြသော သူတော်စင်တို့အား တွေ့ဘူး၊ ကြုံဘူးကြသူများလည်း ဖြစ်ကြ၏။ ၎င်းတို့၏ စိတ်တွင်းဝယ် သူတော်စင်များ၏ နောက်လိုက်များသာ ဖြစ်လိုကြပေသည်။
ဤသို့ ပညာ၏တန်ဖိုးအနဂ္ဃကို သိရှိကြလျှင် သာသနာ့ပညာနိုးကြားသောခေတ်၌ ပညာဂုဏ်နှင့် နာမည်ကျော်ကြားသူတစ်ဦး ဖြစ်နိုင်၏။ ထိုအခါပညာသည် သင့်နောက်သို့မလိုက်ဘဲ အသင်သည် ပညာနောက်သို့သာ လိုက်မည်ဖြစ်သည်။ သို့သော် ယခုခေတ်တွင် ဆိုက်ကော်လော်ဂျီနှင့် ဖီလိုဆော်ဖီ စသည့်ပညာရပ်များကို သင်ယူပို့ချနေသော ဆရာသမားနှင့် ကျောင်းသားတို့သည် ထိုပညာရပ်များကို လောက၏ညွှတ်ကွင်းအဖြစ် ပြုလုပ်ထားကြပေသည်။ ထိုသူများနှင့် ဆက်ဆံခြင်း၊ ထိုသူတို့ထံမှ ပညာသင်ယူခြင်းသည်လည်း လောဘနှင့် လောကီစည်းစိမ်ကို စွန့်လွှတ်ပေးနိုင်စွမ်းမရှိပေ။
ထိုပုဂ္ဂိုလ်တို့သည် လောကုတ္တရာ အကျိုးပြုပညာရှင်များမဟုတ်။ လောကီရေးခေတ်ပညာရှင်များသာ ဖြစ်ကြပေသည်။ ၎င်းတို့၏ အာခိရသ်အရေးကို တွေးဆလျှင် အကျိုးကုသိုလ်များ လုံးဝပါဝင်ခြင်းမရှိ။ ဆုံးရှုံးမှုတွင် နစ်မွန်းနေကြသည်မှာ ထင်ရှားပေသည်။
အကယ်၍ ထိုသူသည် သာသနာကိုမြတ်နိုးမည်။ သာသနာ့ပညာရှင် သူတော်စဉ်များ၏ လမ်းစဉ်ကို ကျင့်သုံးပြီး တစ်ပါးသူအား ကြောက်မက်ဖွယ်ကောင်းသော လောကီထောင်ချောက်မှ လွတ်မြောက်စေလိုသော ဆန္ဒဖြင့် သတိပေးခြင်း၊ ကယ်တင်ခြင်းပြုလျှင် ကောင်းလေစွ။ သို့ဖြစ်ရာ ထိုသို့သောသူနှင့် ဆက်ဆံခြင်းသည် အကျိုးရှိ၏။ ထိုသူ့ထံမှ ပညာသင်ယူခြင်းသည် သင့်လျော်မွန်မြတ်လှ၏။ ထိုသူထံမှ အကျိုးပြုအတတ်ပညာကို သင်ယူခြင်းသည် အမွန်မြတ်ဆုံးလုပ်ငန်းပင် ဖြစ်၏။ သို့သာမက အိဗာဒသ်အပေါင်းတွင် အသာဆုံး၊ အမြတ်ဆုံး အိဗာဒသ်ပင် ဖြစ်လေသည်။ (အိမာမ်ဂဇာလီရဟ်မသုလ္လာဟ်)

(မော်လာနာကမ္မရွဒ်ဒီးန် ဦးသန်းမောင်(ဂျာမိအီ) ဘာသာပြန်ထားသည့် "အစ္စလာမ့်ပညာရေး" စာအုပ်ပါ အကြောင်းအရာကို အလ်မုဖီးဒ်က ပြန်လည်တင်ဆက်သည်။)

*** သတိပေးချက် အထက်ပါအကြောင်းအရာကို ကူးယူလျှင် စာသားအပြည့်အစုံ မူရင်းကျမ်းရှင် ဘာသာပြန်သူနှင့် အလ်မုဖီးဒ်၏ Link ကိုပါ ထည့်သွင်းကူးယူပါ။ မိမိလိုသလောက်ကူးယူးပြီး ကိုယ်ပိုင်နာမည်တပ်နေသူများကို တွေ့ရှိရပါသည်။ ထိုသူတို့သူ ၎င်းတို့မလုပ်သည်ကို လုပ်သယောင်ဆောင်ထားသဖြင့် လိမ်လည် မုသားဆိုသူပင်ဖြစ်၏။***

Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Saturday, March 21, 2015

ပညာမဲ့သည် အမြဲစိုးရိမ်နေရ၏



ပညာဆည်းပူးရန် လူတိုင်းအပေါ် မည်မျှအရေးကြီးကြောင်း သိခဲ့ကြလေပြီ။ သို့ဖြစ်ရာ ပညာမဲ့ အသိတရားနှင့်သုတခေါင်းပါးသူတို့သည် စိုးရိမ်မှုတွင် အမြဲရှိနေတတ်၏။


အကြောင်းကား ပညာမဲ့သည် ကိစ္စတစ်ခုနှင့်ရင်ဆိုင်ရသော် ပညာခေါင်းပါးမှုကြောင့် စိတ်ထင်ရာ ဇွတ်အတင်းလုပ်ကိုင်တတ်၏။ ထိုသို့ပြုလုပ်ခဲ့သည်ကိုပင် မိမိပညာမဲ့ခြင်းကြောင့်ဖြစ်သည်ဟု မယူဆခဲ့ပေ။
ဥပမာ အိမ်ထောင်ရှင်တစ်ဦးသည် ဇနီးဖြစ်သူအား ဓမ္မတာလာပြီးနောက် ရေချိုးသန့်စင်ခြင်းမပြုမှီ ပျော်ပါးပြီးမှ အပြစ်ထိုက်ကြောင်းသိရပါသည်ဟုဆိုလျှင် ၎င်းသူကို (မအ်ဇူရ်) ချွတ်ယွင်းချက် အားနည်းချက်ရှိသည်ဟု မဆိုနိုင်ပေ။

အလားတူ နံနက်အာရုံမတက်မှီ ဓမ္မတာရပ်စဲသွားသောအမျိုးသမီးသည် အိရှာနမားဇ်ကို ကသွာမဖြည့်ခဲ့လျှင် ၎င်းသူမသည် ဓမ္မတာအကြောင်းနှင့် နမားဇ်၏အဆိုအမိန့်များကို သိရှိနားလည်သူဟူ၍ မထင်မှတ်အပ်ပေ။

အမျိုးသားတစ်ဦးသည် မိမိဇနီးကို ဓမ္မတာရက်အတွင်း သွလားက်ပေးလိုက်ပြီးမှ ထိုရက်တွင် သွလားက်မပေးပိုင်ကြောင်းသိရသည်ဟုဆိုပါလျှင် ထိုသူ၏ချွတ်ယွင်းချက်ကို လက်မခံသင့်ပေ။ အကြောင်းကား ကိယာမသ်နေ့တွင် ထိုသို့သောသူများကို အလ္လာဟ်အရှင်မြတ်က ငါ့တမန်တော်မဖွားမှီမဆွကပင် သာသနာ့ပညာသင်ယူရန် ဖရသ်ွတာဝန်ဖြစ်ကြောင်း သတိပေးနှိုးဆော်ခဲ့သည်ကို အသင်တို့ အဘယ့်ကြောင့်မလိုက်နာခဲ့သနည်း။ အဘယ်ကြောင့် ဟရာမ်ဒုစရိုက်အမှုတွင် နစ်မွန်းခဲ့သနည်းဟု မေးတော်မူမည်။

ထို့အတူ တရားတော်နှင့်ဆန့်ကျင်သော အရောင်းအဝယ်ပြုလုပ်ခဲ့ကြသော ကုန်သည်တို့သည် အရှင့်ထံမှောက်ရောက်ကြသောအခါ အို .... အရှင် ကျွန်တော်မျိုးတို့ မသိနားမလည်သည့်အတွက် ရောင်းဝယ်မိပါသည်ဟု လျှောက်ထားအသနားခံကြသည်ကို အလ္လာဟ်အရှင်မြတ်က လက်ခံတော်မူမည်မဟုတ်ပေ။

သို့ပါ၍ ပညာသင်ယူရန် ပျင်းရိခြင်းကြောင့် အသိပညာခေါင်းပါးခြင်းတို့သည် မည်သည့်အချိန်တွင်ဖြစ်စေ ကြောက်ရွံစိုးရိမ် နေကြရမည်သာဖြစ်၏။ သို့သော် လူသားတို့၏ အကျိုးပြုလုပ်ငန်းများနှင့် ပညာသင်ကြားပို့ချရေးဟူသော လုပ်ငန်းစဉ်များမှာ အမွန်မြတ်ဆုံး အကျိုးစဝါးဗ်အများဆုံးရရှိသည်ဖြစ်၍ ကျွန်ုပ်တို့ မျက်ကွယ်မပြုအပ်ပေ။

(မော်လာနာကမ္မရွဒ်ဒီးန် ဦးသန်းမောင်(ဂျာမိအီ) ဘာသာပြန်ထားသည့် "အစ္စလာမ့်ပညာရေး" စာအုပ်ပါ အကြောင်းအရာကို အလ်မုဖီးဒ်က ပြန်လည်တင်ဆက်သည်။)

သာသနာ့ပညာသင်ယူခြင်း၏ အကျိုး


(၁) တမန်တော်မြတ်မိန့်တော်မူခဲ့သည်။ طلب العلم فريضة على كل مسلم
[သွလဗုလ် အိလ်မိ ဖရီးဒွသူန် အလာကုလ်လိ မုစ်လိမင်န် ဝမုစ်လိမဟ်]
(အိဗ်နေမာဂျဟ်ကျမ်း)
သာသနာ့ပညာသင်ယူခြင်းသည် မုစ်လင်မ်တိုင်းအပေါ်၌ ဖရ်ဇ်တာဝန်ဖြစ်၏။
ဆိုလိုသည်မှာ သာသနာ့ပညာရပ်နှင့် သုတအသွယ်သွယ်ကိုဆည်းပူးခြင်းသည် မုစ်လင်မ်တိုင်းအပေါ်၌ ဟဂ်ျတာဝန် ဇကားသ်တာဝန်များကဲ့သို့ မလုပ်မနေရ ဖရ်ဇ်တာဝန်ပင်ဖြစ်သည်။

(၂) အကြင်သူသည် သာသနာ့ပညာရှာဖွေရန်အတွက် အိမ်မှထွက်ခွာလျှင် အိမ်သို့ပြန်မရောက်မချင်း (ဂျိဟားဒ်) သာသနာ့စစ်ပွဲဆင်နွှဲသော သူရဲကောင်းများရရှိသည့် အကျိုးစဝါးဗ်ကို ရရှိမည်ဖြစ်သည်။ (သိရ်မီဇီ)
ဆိုလိုသည်မှာ မည်သူမဆို သာသနာ့ပညာသင်ယူရန် ကျောင်းသို့သွားမည်။ မိမိမြို့ရွာများကိုစွန့်၍ တစ်နိုင်ငံတစ်မြို့နယ် တစ်နေရာ တစ်ဒေသသို့ သွားရောက်သင်ယူမည်။ ကုရ်အာန်ကျမ်းတော်မြတ်နှင့် ဟဒီးစ်ကျမ်းတော်များကို ပြန်ဆိုဟောကြားသော ဗလီများသို့ သွားရောက်တရားနာမည်ဆိုပါက ထိုသို့သွားရောက်ကြားနာသင်ယူရာမှ မိမိအိမ်သို့ ပြန်၍ မရောက်မချင်း ကြာညောင်းခဲ့သော အချိန် စက္ကန့် မိနစ် နာရီ ရက် လ နှစ် ကာလများအတွက် ရရှိသည့် အကျိုးစဝါးဗ်ကို မိမိ၏ (နာမာအိအအ်မာလ်) ကိုယ်ကျင့်တရားမှတ်တမ်းတွင် ဤသူသည် အရှင့်လမ်း၌ ဂျိဟားဒ်ပြုခဲ့သူဖြစ်ကြောင်း အရှင်မြတ်က သက်ဆိုင်ရာ ဖရိရှ်သာဟ်တို့အား ရေးမှတ်ထားစေတော်မူမည်။
နေ့စဉ် တစ်မနက် သို့မဟုတ် တစ်ညနေခန့် ကုရ်အာန်ကျမ်းတော်မြတ်နှင့် ဟဒီးစ်ကျမ်းတော်များမှ သာသနာ့ပညာရှင်များ၏ ဟောကြားပို့ချချက်တို့ကို သွားရောက်၍ နာကြားသောသူများ သို့မဟုတ် တရားကျမ်းဂန်များကို ကိုယ်တိုင်ရွတ်ဖတ်နေသူများသည် နေ့စဉ် ဂျိဟားဒ်၏အကျိုးကို ရယူနေကြရသူများဖြစ်သည့်အတွက် အဘယ်မျှဝမ်းသာစရာကောင်းပါသနည်း။ အဘယ်မျှ နဖူးစာထူးကဲလှပါသနည်း။ စဉ်းစားကြည့်ကြကုန်။

(၃) တမန်တော်မြတ် မိန့်တော်မူခဲ့သည်။ မိမိကိုယ်ကို သာသနာ့ပညာရှာဖွေစည်းပူးသူအဖြစ် သတ်မှတ်ထားလျှင် ထိုသူသည် မိမိကျူးလွန်မိခဲ့သော ဒုစရိုက်အပြစ်ငယ်များကို (ကဖ္ဖာရာဟ်) ချေဖျက်လိုက်မည် ဖြစ်၏။
အလိုသဘောမှာ သာသနာ့ပညာဆည်းပူးသူအဖြစ် သတ်မှတ်ထားခြင်းကြောင့် ရရှိသည့်အကျိုးစဝါးဗ်များသည် ထိုအပြစ်များကို ချေမှုန်းဖျောက်ဖျက်လိုက်သည်မှာ ပိန်းရွက်ပေါ်မှ ရေစက်ရေပေါက်များ လျောကျသွားသည့်နှယ် ကင်းစင်သွားပေသည်။

(၄) တမန်တော်မြတ် မိန့်တော်မူခဲ့သည်။ မုအ်မင်န်များ၏ ဝမ်းဗိုက်သည် အသက်ငင်ချိန်ရောက်သည့်တိုင် သာသနာ့ပညာဖြည့်စွမ်းခြင်းကို တင်းတိမ်ရောင့်ရဲမှု မရှိကြပေ။ ကွယ်လွန်ပြီးချိန်တွင်လည်း ဂျန္နသ်၌ စံမြန်းရပေမည်။ (သိရ်မီဇီကျမ်း)
ဆိုလိုသည်မှာ အကြင်သူသည် အမြဲတစေ သာသာနာ့ပညာကို ရှာဖွေဆည်းပူသူဖြစ်နေသောကြောင့် ဂျန္နသ်၏မင်္ဂလာသတင်းကို သိနေရသူဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ဤသို့ပညာရှာဖွေသူတို့အား အီမာန်ရှိသူအဖြစ်နှင့် ရုပ်သိမ်းမည်ဟူသော အသိဖြင့် စိတ်ချမ်းသာမှုကို ပေးထားတော်မူ၏။

ထို့ကြောင့် အစ္စလာမ်သာသနာကို မြတ်နိုးကြသော သူတော်စင်အချို့တို့သည် မိမိကိုယ်တိုင် သာသနာ့ပညာကို သင်ယူလျှက်ရှိကြ၏။ ဤသည်မှာ သာသနာ့ပညာသင်ယူရသော အကျိုးစဝါးဗ်၏ အဟုန်ကြောင့် မိမိသည် အစ္စလာမ်ဘဝနှင့် ကွယ်လွန်လိုသဖြင့် မိမိသက်တမ်းကို သာသနာ့ပညာရေး၌သာ အားပြုလုံးပမ်းနေခြင်း ဖြစ်ပေသည်။

ယခုခေတ်၌ လူသားတို့၏ တီထွင်ကြံဆမှုများသည် နေ့စဉ်နှင့်အမျှ ဒီရေအလားတိုးတက်လျက်ရှိပေရာ သာသနာ့ပညာပြန့်ပွားရေးအတွက် လွယ်ကူသော နည်းလမ်းတို့မှာလည်း များစွာရှိနေပေသည်။ သို့ဖြစ်ရာ အသင်သည် သာသနာ့ပညာကို အမှန်တကယ်တတ်မြောက်ရန် လိုလားသူဖြစ်ပါက အသင်နေထိုင်ရာမြို့တွင် မည်သည့်နေရာ အရပ်၌ ရှိသည်ဖြစ်စေ ကုရ်အာန်ကျမ်းတော်မြတ်နှင့် ဟဒီးစ်ကျမ်းတော်များ ပို့ချရာဌာနသို့ နေ့စဉ်သွားရောက် ကြားနာသင်ယူရပေမည်။

အသင်နေထိုင်ရာဒေသတွင် သာသနာ့ပညာသင်ယူပို့ချမှုမရှိပါက ပို့ချနိုင်မည့် သင်တန်းများကို စီစဉ်ရပေမည်။ ယင်းသို့မစီစဉ်နိုင်ပါက ကျမ်းစာများတတ်ကျွမ်းပြီး တရားမှန်လိုက်စားသည့် သာသနာ့ပညာရှင်တစ်ပါးထံ ချဉ်းကပ်လျှက် နေ့စဉ်မှန်မှန် သာသနာ့ပညတ်ချက်များကို တစ်ပိုဒ်စီသင်ယူကျက်မှတ်ရမည်။ ဤတွင် တစ်ပါတ်ကြာသော် ပညတ်ချက် (၇) ပိုဒ် ရရှိ၍ တစ်နှစ်ပြည့်မြောက်ချိန်တွင် ပညတ်ချက်ပေါင်း (၃၆ဝ) တတ်မြောက်ထားသည့် အာလင်မ်တစ်ပါးဖြစ်သွားနိုင်ပေသည်။

ဤသို့လည်း မတတ်နိုင်ပါက နေ့စဉ် သာသနာ့ပညတ်ချက် သို့မဟုတ် ကျင့်စဉ်တစ်ခုစီကို ဖြစ်စေ၊ ဟဒီးစ်တော်တစ်ပိုဒ်စီကိုဖြစ်စေ ဘာသာပြန်ဆိုထားသော သာသနာ့စာပေ တစ်အုပ်အုပ်ကိုဖြစ်စေ ဖတ်ရှုရမည်။


(၅) တမန်တော်မြတ် မိန့်တော်မူခဲ့သည်။ သာသနာ့ပညာကို ဆည်းပူးရန် ကြိုးစားသူသည် ကြိုးစားမှုအောင်မြင်ခဲ့သော် အကျိုးစဝါးဗ်နှစ်ခုရရှိမည်။ မအောင်မြင်ခဲ့သော် အကျိုးစဝါးဗ်တစ်ခုရရှိမည် ဖြစ်သည်။ (ဒါရိမီကျမ်း)

သို့ဖြစ်ပေရာ မည်သည့်အချိန်အခါမျိုး၌ပင်ဖြစ်စေ၊ ပညာရှာဖွေရေးအတွက် အမြဲလုံးပမ်းနေရမည်။ ပညာရှာဖွေနေစဉ် အသက်ဆုံးရှုံးသွားသည်ရှိသော် အလွန်နဖူးစာကောင်းသည့် ကံထူးရှင်တစ်ဦးဟူ၍ ရေးမှတ်မည်ဖြစ်သည်။
မည်သူသည် သာသနာ့ပညာ သို့မဟုတ် ကျမ်းမြတ်ကုရ်အာန်ကို သင်ယူရန်အတွက် သင်တန်းပို့ချရာဌာနများ၊ ဗလီများ ကျောင်းများသို့ သွားသည်။ အကြောင်းတစ်ခုခုကြောင့် သင်တန်းပိတ်ထားသဖြင့် မသင်ခဲ့ရသော် ထိုသူသည် အကျိုးစဝါးဗ်တစ်ခု ရရှိမည်ဖြစ်ပြီး ကြားနာသင်ယူခဲ့ရသည်ရှိသော် အကျိုးစဝါးဗ်နှစ်ခု ရရှိမည်ဖြစ်သည်။

(၆) ဟဇရသ်အာအိရှဟ်သခင်မက တမန်တော်မြတ်၏ မိန့်ခွန်းတော်ကို တင်ပြခဲ့သည်။ အလ္လာဟ်အရှင်မြတ်က ကိုယ့်တော့်အား ဝဟီဖြင့် အသိပေးတော်မူခဲ့သည်။ သာသနာ့ပညာ ဆည်းပူးရှာဖွေရန် ခရီးထွက်သူအတွက် ဂျန္နသ်၏လမ်းကို ငါအရှင်လွယ်ကူစွာ ပြပေးတော်မူမည်။ ထိုသူ၏စက္ခုနှစ်ကွင်းမှ အလင်းကိုနှုတ်သိမ်းခံရလျှင် စက္ခုနှစ်ကွင်းအစား ဂျန္နသ်ကိုပေးတော်မူမည်။ သာသနာ့ပညာအပေါ် အာရုံပြု ကျိုးပမ်းခြင်းသည် များစွာသော အိဗာဒသ်ပြုခြင်းထက် ပို၍မြတ်သည်ဟု တမန်တော်မြတ်မိန့်တော်မူခဲ့လေသည်။ (ဗိုင်ဟကီကျမ်း)

(၇) မအာဇ်ဗင်န်ဂျဗလ်(ရသွီ)သခင်က တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ မိန့်ခွန်းတော်ကို တင်ပြသည်မှာ အို .... လူသားအပေါင်းတို့ သာသနာ့ပညာကို ဆည်းပူးသင်ယူကြကုန်။ အရှင့်အတွက် သာသနာ့ပညာကို သင်ယူရခြင်းသည် အလွန်အကျိုးများလှ၏။ သာသနာ့ပညာကို ရွတ်ဆိုဖတ်အံခြင်းသည် ကြီးကျယ်သော သပ်စ်ဗီဟ်ကို ရွတ်ဆိုတန်းတနေခြင်းသာ ဖြစ်သည်။ ထို့အတူ သာသနာ့ပညာအပေါ် အမေးအဖြေပြုလုပ်ခြင်းသည် ကြီးမာသော ဂျိဟာဒ် တရားသောစစ်ပွဲကို ဆင်နွှဲနေခြင်းဖြစ်၏။ သာသနာ့ပညာကို ရှာဖွေခြင်းသည် ကြီးကျယ်သောအိဗာဒသ်ကို ပြုလုပ်နေခြင်းဖြစ်၏။ သာသနာ့ပညာကို သင်ကြားပေးခြင်းသည် ကြီးမားသော စွဒကဟ် အလှူဒါနကြီးတစ်ခု ပြုလုပ်နေခြင်းဖြစ်၏။ လူသားတို့သည် ပညာဖြင့်သာ အမြင့်ဆုံးသော အဆင့်အတန်းကို ရယူနိုင်သည်ဟု မိန့်တော်မူခဲ့လေသည်။ (မုစ်သွရိဖ်ကျမ်း။ တွဲ - ၁။ စာ - ၂ဝ)

(၈) အဗူဒရ်သခင်က တမန်တော်မြတ်၏ မိန့်ခွန်းတော်ကို တင်ပြသည်မှာ သာသနာ့ပညာဆည်းပူးရန်အတွက် ခရီးထွက်သူအပေါ် အလ္လာဟ်အရှင်မြတ်က ဂျန္နသ်၏လမ်းကို အစားပေးတော်မူမည်။ ဖရိရှ်သဟ်များကလည်း မိမိတို့တောင်ပံများကို ထိုသူသွားရာလမ်း၌ ခင်းပေးတော်မူမည်။ ယင်းအာလင်မ်များအတွက် မိုးမြေတစ်ခွင်သာမက သမုဒ္ဒရာရေတစ်ပြင်လုံးမှ ခပ်သိမ်းကုန်သော အဖန်ဆင်းခံအပေါင်းတို့ကလည်း ၎င်းသူလွတ်ငြိမ်းချမ်းသာမှုရစေရန် အမြဲဆုတောင်းပေးနေကြမည်ဖြစ်သည်။

အာလင်မ်သာသနာ့ပညာရှင်များသည် နဗီတမန်တော်များ၏ အမွေစားများဖြစ်ကြသောကြောင့် ဆူဖီသူတော်စင်များထက်ပင် မြင့်မြတ်ကြ၏။ ပုံဆောင်ရသော် လပြည့်ညဥ့်၌ လင်းဝင်းတောက်ပနေကြသည့် ကြယ်တာရာများထက် ဆကဲပို၍ ထိန်ဝင်းသာယာလျှက်ရှိသော လမင်းကြီးကဲ့သို့ပင် ဖြစ်သည်။
အကြောင်းကား တမန်တော်များသည် ရွှေငွေဥစ္စာ ရတနာများကို အမွေမပေးခဲ့ကြပေ။ သာသနာ့ပညာများကိုသာ မျှဝေပေးခဲ့ကြ၏။ သို့ဖြစ်ရာ သာသနာ့ပညာများကို သင်ယူရရှိခဲ့သောသူသည် တမန်တော်များထံမှ တန်ဖိုးမဖြတ်နိုင်သည့် အလွန်နှစ်လို့ဖွယ်ကောင်းသော အမွေဝေစုကြီးကို ရယူလိုက်ခြင်းပင်ဖြစ်သည်ဟု မိန့်ဆိုခဲ့လေသည်။ (သိရ်မီဇီ + အိဗ်နူမာဂျဟ်ကျမ်း)

(၉) တမန်တော်မြတ် မိန့်တော်မူခဲ့သည်။ အသင်တို့သည် (ဖရာအိဿွ်) အဓိကလိုက်နာကျင့်သုံးရမည့် ကျင့်စဉ်များကို ဆည်းပူးကြလော့။ ကုရ်အာန်ကျမ်းမြတ်ကိုလည်း သင်ယူကြလော့။ အခြားသူများကိုလည်း သင်ကြားပို့ချပေးလော့။ အကြောင်းကား ကျွန်ုပ်၏ သက်တမ်းသည် စိတ်ချ၍မရတော့ပေ။ (သိရ်မီဇီကျမ်း)

(၁ဝ) တမန်တော်မြတ် မိန့်တော်မူခဲ့သည်။ အသင်တို့သည် လူသားများအတွက် စိမ်းလန်းစိုပြေစေသည့် ပညာ၏ စမ်းချောင်းများ ဖြစ်ကြကုန်လော့။ လူသားတို့တွင် အမှန်တရားကို ရယူနိုင်သည့် ဓမ္မဗိမာန်များ ဖြစ်ကြကုန်လော့။ အိမ်များ၌အိပ်စက်ရာတွင် နူးညံ့သိမ်မွေ့ပြီး စည်းစိမ်ရှိသော မွေ့ယာများ ဖြစ်ကြကုန်လော့။ ညဥ့်နက်အမှောင် သန်းခေါင်ယံအချိန်တွင် နိုး၍ အရှင့်ထံကျိုးငဲ့ဆုတောင်းရသော အရသာကို မြည်းစားနိုင်ကြသည့် အမှောင်၏မီးအိမ်များ ဖြစ်ကြကုန်လော့။ အသင်တို့၏ စိတ်ကို သစ်လွင်သန့်ရှင်းစေမည့် အဝတ်အထည်များကို ဟောင်းနွမ်းဖာထေးခြင်းမျိုးနှင့် ရှိနေလိုသူများ ဖြစ်ကြကုန်လော့။ အထက်ဝေဟင်အာကာခွင်၌ ထင်ပေါ်ကျော်ကြားရသူများအဖြစ် ရှိစေပြီး ပထဝီတစ်ခွင်အောက်မြေပြင်၌ တိမ်မြုပ်ဖုံးကွယ်နေသူများအဖြစ် ရှိကြကုန်လော့။

လောက၌ နာမည်ကျော်ကြားလိုမှုမရှိသောသူသည် တစ်ပါးသူထံလက်မဖြန့်ဘဲ ကိုယ့်အားကိုယ်ကိုးဖြင့် လုပ်ကိုင်စားသောက်ကြသူတို့အား မိုးကောင်းကင်ရှိ ဖရိရှ်သဟ်များက ဤသူသည် အရှင့်ဗန္ဒဟ်သူတော်စင်ဖြစ်ကြောင်း လက်ညှိုးထိုးခံရသူအဖြစ် ရှိကြကုန်လော့ဟု မိန့်တော်မူခဲ့လေသည်။ (ဂျမအွလ်ဖဝါအိဒ်ကျမ်း)

ဤအနည်းငယ်မျှဖော်ပြခဲ့သော ဟဒီးစ်တော်များကို ကြည့်ရှုသုံးသပ်ခြင်းဖြင့် လူတိုင်းသည် သာသနာ့ပညာသင်ယူရန် မည်မျှအရေးကြီးကြောင်း မှန်းဆနိုင်ပေပြီ။ အကြောင်းကား နမားဇ်ဆောက်တည်ရာ၌ သာသနာ့ပညာကို တိကျမှန်ကန်စွာ မိမိအနေဖြင့် တတ်မြောက်ထားခြင်းမရှိလျှင် ပြည့်စုံလုံလောက်သော နမားဇ်၏တာဝန်ကိုကျေပွန်ရန် မည်သို့ဖြစ်နိုင်ပါအံ့နည်း။ အလားတူ ရိုဇဟ်၏အကြောင်းတရားများကို နားမလည်ခဲ့သော် ရိုဇဟ်၏ မှန်ကန်သောတာဝန်ကို မည်သို့ချနိုင်ပါအံ့နည်း။ ဤသို့ပင် မိမိထံတစ်ရာထက်ပိုသော ငွေကြေးများရှိထားသူ ရွှေငွေလက်ဝတ်ရတနာများ စုဆောင်းရရှိထားသူသည် ဇကားသ်၏ပညတ်ချက်ကို သိနားလည်မှုမရှိခဲ့သော် မည်သူ့ကို ဇကားသ်ပေးထိုက်၊ မပေးထိုက် မည်သူသည် ဇကားသ်စားပိုင်၊ မစားပိုင် မည်သူ့ကိုပေးလျှင်တာဝန်ကျ မကျ မည်၍ မည်မျှ အချိုးကျပေးရမည်ကို နားလည်သိရှိနိုင်မည် မဟုတ်ပေ။

အိမ်ထောင်ပြုရာ၌လည်း လင်ဝတ်၊ မယားဝတ်များ မည်သို့ရှိသည်။ မည်သည့်အချိန်အခါမျိုးတွင် သွလားက်ကွာရှင်းမှု ပြုထိုက်၊ မပြုထိုက် မည်သည့်အခါမျိုးတွင် ပေါင်းသင်းဆက်ဆံခြင်း ပိုင်၊ မပိုင် စသည့်အရေးကြီးလိုအပ်သော အိမ်ထောင်ရေးကဏ္ဍများမှာ ဖရ်ဇ်တာဝန်ဖြစ်လာတော့သည်။ ဤသည်တို့မှာ သာသနာ့ပညာတတ်မြောက်ထားမှသာ သိနိုင်မည်ဖြစ်ပေသည်။

ထိုသို့ပင် ကုန်သည်တစ်ဦးသည်လည်း ရောင်းဝယ်ရေးနှင့် စပ်လျဉ်းသည့် စည်းကမ်းချက်များကို နားလည်ထားမှသာ မည်သို့ရောင်းလျှင် ပိုင်မပိုင်ဟူသည်ကို သိရှိနိုင်မည်ဖြစ်သည်။

အုမ္မရ်သခင်သည် ဈေးမှကုန်သည်များကို ကြာပွတ်နှင့်ရိုက်၍ ရောင်းဝယ်ရေးပညာကို သင်ယူစေခဲ့၏။ စီးပွားရေးပညာကို နားမလည်ပါက ဈေးရောင်းခြင်း မပြုကြကုန်နှင့်။ ထို့သို့နားမလည်ဘဲ ရောင်းဝယ်မှုပြုပါက မတရားသော အတိုးအမြတ်နှင့် ဟရာမ်ကိုကျူးလွန်စားသုံးမိသူများ ဖြစ်ကုန်ကြမည်ဟု သတိပေးမိန့်ဆိုခဲ့လေသည်။

ထိုသို့ စီးပွားရေးအမိန့်ပညတ်ချက်များကို မသိနားမလည်လျှင် ရှာဖွေရရှိသမျှသော အကျိုးအမြတ်တို့သည် ဟရာမ်ဖြစ်မဖြစ် ဟလာလ်စစ်စစ်ကို သိနိုင်ကြမည်မဟုတ်ပေ။ ဤနည်းတူ (ကီနာ) ကောက်ကျစ်စဉ်းလဲခြင်း၊ (ဟစဒ်) မလိုတမာအမုန်းထားခြင်းတို့ကို အကောင်းဟူ၍ ယူဆမှတ်ထင်ခြင်းတို့သည်လည်း ဟရာမ်ဖြစ်၏။ ထိုအချက်အလက်များကို ခွဲခြားသိရှိရန် (ဖရ်ဇေအိုင်န်) အရေးကြီးသော တာဝန်ပင် ဖြစ်၏။ သို့ပါ၍ ကျွန်ုပ်တို့သည် (ဂျာဟိလ်)မသိနားမလည်ခြင်းဟူသောအချက်ကို ဖယ်ရှားပြီး (အိလင်မ်) အသိပညာကို သင်ယူရန် အလွန်အရေးကြီးလှပေသည်။

(မော်လာနာကမ္မရွဒ်ဒီးန် ဦးသန်းမောင်(ဂျာမိအီ) ဘာသာပြန်ထားသည့် "အစ္စလာမ့်ပညာရေး" စာအုပ်ပါ အကြောင်းအရာကို အလ်မုဖီးဒ်က ပြန်လည်တင်ဆက်သည်။)

ပညာသင်ရန် အထူးလိုအပ်ခြင်း


ကျွန်ုပ်တို့သည် သာသနာ့ပညာကို ဤမျှအရေးတကြီးဆည်းပူးရန် အဘယ့်ကြောင့်လိုအပ်ရပါသနည်းဟု စဉ်းစားဆင်ခြင်တတ်သူတိုင်း အလိုအလျောက် မေးခွန်းထုတ်တတ်ကြပေသည်။အဖြေကား - လောက၌ အရာဝတ္ထုတိုင်းတွင် နှစ်မျိုးသောအင်အားစုရှိသည်ကို တွေ့မြင်ရပေမည်။ ပထမအမျိုးအစားသည် ရဟ်မာနီ ကြင်နာမှုအင်အားဖြစ်ပြီး ဒုတိယအမျိုးအစားသည် ရှိုက်သွာနီ ခက်ထန်မှုအင်အားပင် ဖြစ်သည်။ ဤအင်အားစုနှစ်ခု၏ နည်းလမ်းသည်လည်း တခြားစီပင်ဖြစ်ပေသည်။ ကျမ်းမြတ်ကုရ်အာန်တွင် ---
وهدينه النجدين
(ဝဟဒိုင်း နားဟွန်(န) နဂ်ျဒိုင်း(န))
ငါအရှင်သည် လမ်းနှစ်သွယ်ကို ညွှန်ပြထားတော်မူ၏ ဟု မိန့်ဆိုထားပေသည်။ ဤတွင် ပထမအင်အားစုသည် လူသားတို့၏ မိတ်ဆွေဖြစ်၍ ကောင်းမှုကို လိုလားသည်။ ဒုတိယအင်အားစုသည် လူသားတို့၏ ရန်သူဖြစ်၍ ဒုစရိုက်မှုကို လိုလားပေသည်။

ပထမအင်အားစုအပေါ်၌ လူသားများ လိုက်နာကျင့်သုံးပါက အစမှ အဆုံးတိုင် သာယာအေးချမ်းမှုကို ခံစားရရှိနိုင်မည်ဖြစ်သည်။ ဒုတိယအင်အားစုအပေါ် လူသားများ လိုက်နာကျင့်သုံးပါမူ အတိုင်းအတာမရှိသော နစ်နာမှုနှင့် မဟာဆုံးရှုံးမှုကြီးကို ခံစားကြရပေမည်။

သို့ပါ၍ ကျွန်ုပ်တို့အတွက် ပထမဆုံးအရေးကြီးသော လိုအပ်ချက်ကား အဘယ်အရာသည် ကျွန်ုပ်တို့အတွက် မိတ်ဆွေဖြစ်သည်။ အဘယ်အရာကား ကျွန်ုပ်တို့အတွက် ရန်သူဖြစ်သည်။ အဘယ်အရာကား ကျွန်ုပ်တို့အတွက် အကျိုးပြုစေသဖြင့် လိုက်နာယုံကြည်ရန် ထိုက်သည်။ အဘယ်အရာကား နစ်နာစေသဖြင့် တော်လှန်သွေဖီထိုက်သည်တို့ကို ဂဃနဏ ခွဲခြားသိရှိနိုင်ရန် အထူးလိုအပ်လှပေသည်။

ထင်ရှားသော မျက်မြင်သာဓကတစ်ခုကို တင်ပြပါမည်။ ကျွန်ုပ်တို့အား အမိဝမ်းတွင်းမှဖန်ဆင်း၍ မွေးဖွားသန့်စင်စေခဲ့သောအရှင်သည် မည်သူနည်း။ ထိုအရှင်ထက်မည်သူက ကောင်းကျိုးကို ပို၍ လိုလားစေပါမည်နည်း။ ထိုအရှင် ကျွေးမွေးစောင့်ရှောက်တော်မူသကဲ့သို့ မည်သူက ကျွေးမွေးစောင့်ရှောက်နိုင်ပါမည်နည်း။ ထိုအရှင်ကဲ့သို့ မည်သူက အေးချမ်းသာယာသောလမ်းကို ညွှန်ကြားပြသနိုင်ပါမည်နည်း။

အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ ----

أَلَا لَهُ ٱلْخَلْقُ وَٱلْأَمْرُ ۗ تَبَارَكَ ٱللَّهُ رَبُّ ٱلْعَٰلَمِينَ

ဖန်ဆင်းမှုနှင့် အမိန့်အာဏာသည် ထိုအရှင့်ထံ၌သာ ရှိ၏။ စကြာဝဠာကို ဖန်ဆင်းတော်မူသောအရှင်သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူချေသတည်း။ (၇:၅၄)

ဤအာယသ်တော်တွင် ခလ်က်ဟူသည် ကမ္ဘာအဝန်းကို ဖန်ဆင်းတော်မူသော အရှင်ပင်ဖြစ်၏။ အမရ်ဟူသည် ဖန်ဆင်းခံတို့အပေါ် အမိန့်ပေးလမ်းညွှန်ခြင်းကို ခေါ်ဆိုပေသည်။

ထိုအရှင်သည် ကျွန်ုပ်တို့အား ဖန်ဆင်းပြီးနောက် အကောင်းအဆိုး လမ်းနှစ်သွယ်ကို ညွှန်ကြားပြသပေးလိုက်၏။ သို့ဖြစ်ရာ ကျွန်ုပ်တို့ကိ ကျွေးမွေးစောင့်ရှောက်၍ အကောင်းဆုံးလမ်းညွှန်မှုကို ပေးတော်မူသော ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့အတွက် အားထားရန် အကောင်းဆုံးသောအဖော်မွန်ပေတည်း။

ဒုတိယအင်အားစုနှင့် စပ်လျဉ်း၍ ကုရ်အာန်ကျမ်းမြတ်တွင် လာရှိထားသည်မှာ -

يَٰبَنِىٓ ءَادَمَ لَا يَفْتِنَنَّكُمُ ٱلشَّيْطَٰنُ كَمَآ أَخْرَجَ أَبَوَيْكُم مِّنَ ٱلْجَنَّةِ

အို အာဒမ်၏ သားမြေးအပေါင်းတို့ အသင်တို့ကို ရှိုက်သွာန်က လှည့်စားဖြားယောင်ပြီး ဒုက္ခပေးသောလမ်းစဉ်နောက်သို့ မလိုက်ကြကုန်နှင့်။ အသင်တို့၏ မိဘနှစ်ပါးသည် ရှိုက်သာန်၏ လှည့်ဖျားနှောက်ယှက်ခြင်းကို (သတိမမူ) ကျူးလွန်မိခဲ့ကြသဖြင့် ဂျန္နသ်အတွင်းမှ နှင်ထုတ်ခြင်းခံခဲ့ကြရလေသည်။ (၇: ၂၇)

ထိုသို့သော ရှိုက်သာန်၏ နှောက်ယှက်မှုများမှ ကင်းဝေးနိုင်ရန်အလို့ငှာ ရှိုက်သာန်နောက်သို့ မလိုက်ကြကုန်နှင့်ဟု မိန့်ဆိုထားပေသည်။ ကျမ်းမြတ်ကုရ်အာန် ပါရဟ်(၂၂)တွင်လည်း ဤသို့လာရှိထားပေသည်။

إِنَّ ٱلشَّيْطَٰنَ لَكُمْ عَدُوٌّ فَٱتَّخِذُوهُ عَدُوًّا ۚ إِنَّمَا يَدْعُوا۟ حِزْبَهُۥ لِيَكُونُوا۟ مِنْ أَصْحَٰبِ ٱلسَّعِيرِ

အို အာဒမ်၏ သားမြေးအပေါင်းတို့ မုချ ရှိုက်သာန်သည် အသင်တို့၏အကြီးမားဆုံးသော ရန်သူပင်ဖြစ်၏။ သို့ဖြစ်ရာ ၎င်းရှိုက်သာန်ကို ရန်သူဟူ၍ မှတ်ယူပြီး သတိကြီးစွာထားကြကုန်၊ ၎င်းသည် အသင်တို့ကို ဒုက္ခအဖုံဖုံတွင် နစ်မွန်းဆုံးရှုံးသွားစေရန် အစွမ်းကုန်ကြိုးစားအားထုတ်လျှက် ရှိနေပေသည်။ (၃၅:၆)

အကြောင်းကား ရှိုက်သာန်သည် အလ္လာဟ်ဟို့အရှင်မြတ်၏ အမျက်တော်ဒဏ်ခံရပြီး မလ်အူးန်ကျိန်စာသင့်သူအဖြစ် ရောက်ရှိသွားသောအခါ ၎င်းက အလ္လာဟ်အရှင်မြတ်ထံ ဤသို့လျှောက်တင်ခဲ့လေသည်။

قَالَ فَبِمَآ أَغْوَيْتَنِى لَأَقْعُدَنَّ لَهُمْ صِرَٰطَكَ ٱلْمُسْتَقِيمَ ○ ثُمَّ لَءَاتِيَنَّهُم مِّنۢ بَيْنِ أَيْدِيهِمْ وَمِنْ خَلْفِهِمْ وَعَنْ أَيْمَٰنِهِمْ وَعَن شَمَآئِلِهِمْ ۖ وَلَا تَجِدُ أَكْثَرَهُمْ شَٰكِرِينَ ○

အို ကျွန်တော်မျိုး၏အရှင် ဤလူသားအာဒမ်ကြောင့် အရှင်ထံတွင် ကျွန်တော်မျိုး သေးသိမ်ရှုံချခြင်း ခံခဲ့ရ၏။ သို့ဖြစ်ရာ ကျွန်တော်မျိုးသည် ၎င်းလူသားတို့အား အရှင့်လမ်းတော်မှ သွေဖည်စေ၍ သေးသိမ်ခြင်းအဖြစ်သို့ ရောက်ရှိသွားစေရန် အစွမ်းကုန်နှောင့်ယှက်ပါမည်။ ထိုသို့ ဖျက်ဆီးရာတွင် ရှေ့နောက် ဝဲယာနှင့် အဘက်ဘက်မှ နည်းမျိုးစုံ အဖုံဖုံတို့ဖြင့် အနှောင့်အယှက်ပေးပါမည်။ အမှန်တရားဘက်မှ တိမ်းချော်လွဲမှားစေပြီး မိမိအသင်းသို့ သွတ်သွင်းပါမည်ဟု လျှောက်တင်ခဲ့လေသည်။ (၇:၁၆/၁၇)

သို့ပါ၍ ကျွန်ုပ်တို့ကောင်းကျိုးကို မလိုလားသောရှိုက်သာန်အား သွေဖည်တော်လှန်ရမည် ဖြစ်သည်။ ဤတွင် စာဖတ်သူသည် အင်အားစုနှစ်ခုအပေါ် အဘယ်အရာသည် အကျိုးဖြစ်စေ၍ အဘယ်အရာသည် နစ်နာဆုံးရှုံးစေသည်ကို ခွဲခြားသိမြင်နိုင်လေပြီ။ သို့ရှိရာ မိမိအတွက် ကောင်းမှုကုသိုလ်နှင့် အကျိုးသက်ရောက်စေမည့် အကြောင်းတရားများကို အကြွင်းမဲ့ယုံကြည်လက်ခံ၍ မိမိအတွက်နစ်နာဆုံးရှုံးစေမည့် အကုသိုလ်လုပ်ငန်းများကို အဆိုင်းမတွဖယ်ရှားတွန်းလှန်ပစ်ကြရမည် ဖြစ်ပေသည်။

ကျွန်ုပ်တို့သည် ယင်းအင်အားစုနှစ်မျိုးစလုံး၏ လမ်းစဉ်ကို ကွဲပြားခြားနားစွာ သိမြင်နိုင်ရန် အရေးကြီးလှ၏။ မည်သည့်အရာသည် အမှန်တရား၏ အကျိုးကိုသက်ရောက်စေပြီး မည်သည့်အရာသည် နစ်နာဆုံးရှုံးမှုဖြစ်စေသည်ဟူ၍ ခွဲခြားသတ်မှတ်ရန်အတွက် ကျွန်ုပ်တို့တွင် မှတ်ကျောက်တစ်ခု လိုအပ်ပေသည်။ ထိုမှတ်ကျောက်ပေါ်တွင် အကောင်းအဆိုးကိုတင်၍ စမ်းသပ်ပွတ်တိုက်မှသာ ခွဲခြားသိမြင်နိုင်မည်ဖြစ်သည်။ ထိုမှတ်ကျောက်ကား ပညာပင်ဖြစ်၏။ ထိုပညာဖြင့်သာ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ ပညတ်ချက်ဖြစ်သော ကောင်းကျိုးနှင့် ရှိုက်သာန်၏ အနှောင့်အယှက်ဖြစ်သော ဆိုးကျိုးလမ်းစဉ်တို့ကို သိစွမ်းနိုင်ပေသည်။

ဤတွင် စာဆိုတော် ရှိုက်ခ်စအ်ဒီ(ရဟ)သခင်ကြီးက လင်္ကာတစ်ပုဒ်ကို ဤသို့ စပ်ဆိုကျူးရင့်ခဲ့ပေသည်။
(ကျိုးရှမအ် အဇ်ပယေး အိလ်မ်ဗာယသ် ဂိုရာခ်သ် + ကေးဗေအိလ်မ် နသဝါန်ခိုသာ ရာရှနာခ်သ်)
ဖယောင်းအရည်ပျော်ကျသည်သို့ အသိပညာမြတ်ရတနာကို မလွဲမှန်စွာ ဆည်းပူးပါလော့ အကြောင်းသော်ကား ပညာနတ္ထိမြင်မရှိက တစ်ပါးအလ္လာဟ် မြတ်ခိုသာကို သိမြင်စွမ်းအား မရှိငြားတည်း။

အလိုသဘောကား .... ပညာမဲ့လျှင် ဖန်ဆင်းရှင်ကို မသိနိုင်သောကြောင့် အသက်ပင်သေဆုံးသွားပါစေ ပညာကိုသာ ရှာဖွေသင်ယူရမည်ဟူ၏။

{မော်လာနာကမ္မရွဒ်ဒီးန် ဦးသန်းမောင်(ဂျာမိအီ) ဘာသာပြန်ထားသည့် "အစ္စလာမ့်ပညာရေး" စာအုပ်ပါ အကြောင်းအရာကို အလ်မုဖီးဒ်က ပြန်လည်တင်ဆက်သည်။)

Sunday, March 15, 2015

ဆွဟာဗဟ်တို့၏ ပညာပို့ချရာ ဌာနများ


ဆွဟာဗဟ်တို့၏ ပညာပို့ချရေးဌာနများ

မဒီနဟ်မြို့တော်တွင် သာသနာ့ပညာများပို့ချပေးခဲ့သည့် ထက်ပေါ်ကျော်ကြားသော တက္ကသိုလ်ကျောင်းကြီး (၅) ကျောင်းရှိခဲ့ပေသည်။
ပထမ အကြီးကျယ်ဆုံးနှင့် အခမ်းအနားဆုံးသော ကျောင်းတော်ကြီးမှာ အာအိရှဟ်(ရသွီ) သခင်မကြီး၏ ကျောင်းတော်ပင်ဖြစ်သည်။ အာအိရှဟ်(ရသွီ) သခင်ကြီးသည် ပညာအရည်အချင်းနှင့် ပြည့်စုံသော သာသနာ့သုခမိန် သူတော်စင်ကြီးတစ်ပါးဖြစ်၏။ သခင်မသည် (၉)နှစ်တိုင်တိုင် တမန်တော်မြတ်၏ မြောက်သားတော်အဖြစ် ရှိနေခဲ့၏။ တမန်တော်မြတ်ကွယ်လွန်ချိန်တွင် သခင်ကြီး၏ သက်တော်မှာ ၁၈ နှစ်မျှသာ ရှိနေပါသေးသည်။ တမန်တော်မြတ်၏ မြောက်သားတော်အဖြစ်ရှိနေစဉ် တမန်တော်မြတ်ထံမှ နက်နဲသိမ်မွေ့လှသည့် များစွာသော သာသနာ့ပညာရပ်များကို ဆည်းပူးသင်ယူခဲ့ပေသည်။
သာဝကကြီးအဗူမူစာ (ရသွီ) သခင်က ဖွင့်ဆိုခဲ့သည်။ ဆွဟာဗဟ်အချို့တို့သည် တစ်ခါတစ်ရံ ဖသာဝါ ဓမ္မသတ်စီရင်ထုံးနှင့် နက်နဲသော မတ်စ်အလဟ်ပညတ်ချက်များကို ဖြေရှင်းပေးရာတွင် နားမလည်နိုင်သည့် အခက်အခဲများ ရှိနေခဲ့ကြ၏။ ၎င်းကို အာအိရှဟ် (ရသွီ) သခင်မကြီးထံ တင်ပြလျှောက်ထားလျှင် သခင်မကြီးက ယင်းအဖြေများကို လွယ်လင့်တကူ ဖြေရှင်းပေးနိုင်ခဲ့လေသည်။ (မိရှ်ကားသ်ကျမ်း)
ဒုတိယအကြီးဆုံး  ကျောင်းတော်ကြီးမှာ ဇိုင်ဒ်ဗင်န်ဆာဗိသ်သခင်ကြီး၏ ကျောင်းတော်ပင်ဖြစ်သည်။ ၎င်းပညာရှိကြီးသည် အစီးအနင်းဖြင့် သွားလာလေ့ရှိ၏။ ထိုအစီးအနင်းကို အဗ်ဒုလ္လာဟ်အိဗ်နုအဗ္ဗါးစ်သခင်ကဲ့သို့သော ဟဒီးစ်ပါရဂူကြီးများကိုယ်တိုင်ကပင် လေးစားရိုသေစွာဖြင့် သိမ်းဆည်းပေးရသည့် ပုဂ္ဂိုလ်မြတ်တစ်ပါးပင်ဖြစ်သည်။ ၎င်းပုဂ္ဂိုလ်ကွယ်လွန်၍ မြေနှံသဂြုင်္ိလ်သောအခါ အိဗ်နုအဗ္ဗါးစ်သခင်က ပညာသည်နောင်တွင် ဤသို့ဤနှယ်ပျောက်ကွယ်သွားပေမည်။ ယနေ့ ပညာ၏ အကြီးမားဆုံးသော အစိတ်အပိုင်းတစ်ခုမှာ မြေသို့မြုပ်နှံသဂြုင်္ိလ်လိုက်ရလေပြီ ဟု ကြေကွဲဝမ်းနည်းစွာဖြင့် ပြောဆိုခဲ့လေသည်။
ထို့အတူ ဟဒီးစ်ပါရဂူကြီး အဗူဟုရိုင်ရဟ်သခင်ကလည်း ယနေ့ကျွန်ုပ်တို့၏ အာလင်မ်ပညာရှင်ကြီးတစ်ပါး ပျောက်ကွယ်သွားရလေပြီဟု ယူကြုံးမရ ဝမ်းနည်းစွာ ပြောဆိုခဲ့လေသည်။
တတိယကျောင်းတော်ကြီးမှာ ဟဒီးစ်ပါရဂူကြီး အဗူဟုရိုင်ရဟ်သခင်၏ ကျောင်းတော်ကြီးပင်ဖြစ်သည်။ သခင်ကြီးထံ ပညာသင်ယူနေကြသော တပည့်ပေါင်းမှာ (၆ဝဝ) ခန့် ရှိပေသည်။
စတုတ္ထကျောင်းတော်ကြီးမှာ ဂျာဗိရ်ဗင်န်အဗ်ဒုလ္လာဟ်သခင်၏ ကျောင်းတော်ကြီးဖြစ်ပါသည်။ သခင်ကြီး၏ အထူးသီးသန့်သင်ကြားပို့ချရာဌာနသည် မတ်စ်ဂျိဒီနဗဝီ တမန်တော်မြတ်၏ ဝတ်ကျောင်းတော်ဖြစ်တွင်ဖြစ်သည်။
ပဉ္စမကျောင်းတော်မှာ အဗူစအီးဒ်ခူရ်ရာမီသခင်၏ ကျောင်းတော်ကြီးပင်ဖြစ်သည်။
ဆဋ္ဌမကျောင်းတော်မှာ သာဝကကြီး အုမရ်သခင်၏ သားတော် အဗ္ဗဒုလ္လာဟ်သခင်၏ ကျောင်းတော်ပင်ဖြစ်သည်။ သခင်သည် နှစ်ပေါင်း (၆ဝ) တိုင်တိုင် သာသနာ့ပညာများကို သင်ကြားပို့ချပေးခဲ့လေသည်။

ဗစွရဟ်မြို
ဗစွရဟ်မြို့တွင် တမန်တော်မြတ်အား အထူးဝတ်ကြီးဝတ်ငယ်ပြုစုခဲ့ရသော ပုဂ္ဂိုလ်မြတ်ကြီး အနတ်စ်သခင်က (၁၁) နှစ်တိုင်တိုင် သာသနာ့ပညာကို ဖြန့်ဖြူးပို့ချပေးခဲ့ပါသည်။

ဟမ်(စွ)မြို့
ဟမ်(စွ)မြို့သည် ဆီးရီးယားနိုင်ငံ၏ မျက်နှာဖုံးမြို့ကလေးတစ်မြို့ဖြစ်ပြီး မအာဇ်ဗင်န်ဂျဗလ်သခင် နေထိုင်ရာမြို့လည်း ဖြစ်သည်။
တစ်နေ့တွင် အုမရ် (ရသွီ) သခင်အား လူထုကြီးက မိမိ၏အရိုက်အရာဆက်ခံနိုင်သော ပုဂ္ဂိုလ်တစ်ဦးကို ရွေးချယ်သတ်မှတ်ထားပါရန် လျှောက်ထားကြစဉ် အုမရ် (ရသွီ) သခင်က အကယ်၍ မအားဇ်ဗင်န်ဂျဗလ်သခင် (ရသွီ) သည် ယခုအချိန် အသက်ထင်ရှားရှိနေပါက ၎င်းကို ကျွန်ုပ်၏ခလီဖာ ကိုယ်စားလှယ်အဖြစ် ရွေးချယ်မည်ဖြစ်သည်ဟု လေးစားစွာ ဂုဏ်ပြုပြောဆိုခဲ့လေသည်။
အဗူမုစ်လင်မ်ခေါင်လာနီသခင် (ရဟ) က ဖွင့်ဆိုခဲ့သည်။ ကျွန်ုပ်သည် ဟမ်(စွ)မြို့၏ ဂျာမိဗလီကြီးတစ်ခုသို့ ရောက်သောအခါ ဗလီ၏ အသက် (၃ဝ) ခန့်ရှိ ဆွဟာဗဟ်ရွယ်တူများ ဝန်းရံလျှက် ၎င်းတို့အလယ်တွင် လုလင်ပျိုတစ်ဦးက ထိုင်၍ သာသနာ့ပညာများ ဖြန့်ဖြူးနေသည်ကို မြင်ခဲ့ရသည်။ ဆွဟာဗဟ်အသီးသီးသည် ၎င်းလုလင်ပျိုအား မတ်စ်အလဟ်နှင့် ဖသာဝါဓမ္မသတ်များကို မေးမြန်းလျှောက်ထားနေကြ၏။ ကျွန်ုပ်က ထိုလုလင်ပျိုအကြောင်းကို မေးမြန်းစုံစမ်းကြည့်သောအခါ မအားဇ် (ရသွီ) ဖြစ်ကြောင်း သိရှိရလေသည်။

ဒမိရှ်(က်)မြို့
ဒမိရှ်(က်)မြို့တွင် အဗူဒရ်ဒါအ်(ရသွီ)သခင်ကြီးကိုယ်တိုင် သာသနာ့ပညာရပ်များကို ဖြန့်ဖြူးခဲ့၏။ သခင်ကြီးသည် တမန်တော်မြတ်လက်ထက်တော်၌ ကုရ်အာန်ကျမ်းတော်မြတ်တစ်အုပ်လုံးကို အာဂုံဆောင်ကျက်မှတ်နိုင်ခဲ့လေသည်။
သခင်ကြီး သွားလာသောအခါ အနောက်မှ များစွာသော တပည့်တို့ လိုက်ပါလျှက်ရှိကြ၏။ ဤသည်ကို တွေ့မြင်ရသူတို့က ဘုရင်မင်းမြတ်တစ်ပါး ကိုယ်ရံတော်များစွာ ခြံရံလျှက် တိုင်းခန်းလှည့်လည်နေသည်ဟု ထင်မှတ်ခဲ့လေသည်။

မက္ကဟ်မြို့
မက္ကဟ်မြို့တော်တွင် သာသနာ့ပညာကို သူတော်စင်ကြီး အိဗ်နူအဗ္ဗားစ်သခင်က သင်ကြားပို့ချပေးခဲ့၏။ သခင်သည် ကျမ်းစာများ ရေးသားပြုစုရာ၌ အထူးကျွမ်းကျင်မှုရှိသောကြောင့် ၎င်းအား ဗဟ်ရုလ်အိလ်မ် ပညာ့ပင်လယ်ဟူသော ဘွဲ့ဖြင့် ချီးကျူးဂုဏ်ပြုခေါ်ဝေါ်ခဲ့ကြလေသည်။ သခင်သည် ကျမ်းမြတ်ကုရ်အာန်ကို အနက်ဖွင့်ဆိုရာ၌ အထူးကျွမ်းကျင်ပြီး အရည်အချင်းနှင့် ပြည့်ဝသော ပညာရှင်ကြီးတစ်ပါး ဖြစ်ပေသည်။
တစ်နေ့၌ တမန်တော်မြတ်ဆွလ်လလ်လားဟုအလိုင်းဟိဝစလ္လမ်သည် ကိုယ်လက်သန့်စင်ရန် ကြွသွားတော်မူစဉ် အိဗ်နူအဗ္ဗားစ်(ရသွီ) သခင်က မိမိ၏အသိတရားဖြင့် ခွက်တလုံးတွင် ရေထည့်၍ ရိုသေလေးစားစွာ တမန်တော်မြတ်အား ဆက်သတော်မူလေသည်။ ထိုစဉ် တမန်တော်မြတ်က ကိုယ်လက်သန့်စင်ပြီးချိန်တွင် အို အလ္လာဟ်အရှင်မြတ် ဤပုဂ္ဂိုလ်အား ကျမ်းမြတ်ကုရ်အာန်၏ အနက်အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည့်ပညာရပ်များ ပေးသနားတော်မူပါဟု ဆုတောင်းပေးခဲ့လေသည်။

မိစွစ်ရ်မြို့
အဗ်ဒုလ္လာဟ်ဗင်န်အမရ်ဗင်န်အာစွ်(ရသွီ)သခင်သည် မိစွစ်ရ်မြို့သားတစ်ဦးဖြစ်၍ ၎င်းမြို့၌ပင် သာသနာ့ပညာရပ်များကို ဖြန့်ဖြူးပေးခဲ့သည်။ ၎င်းသည် တမန်တော်မြတ်လက်ထက်၌ များစွာသော ဟဒီးစ်တော်တို့ကို ကျက်မှတ်၍ ကျမ်းစာတစ်စောင်အဖြစ် စုဆောင်းရေးသားနိုင်ခဲ့သော သုတေသီကြီး တစ်ဦးဖြစ်ပေသည်။

အနှစ်ချုပ်
စွဟာဗဟ်သခင်များ၏ ပညာသင်ယူခြင်း သင်ကြားပို့ချခြင်းအကြောင်းများကို ဤသို့ အကျဉ်းချုပ်တင်ပြခြင်းအားဖြင့် သိလောက်ပေပြီ။ သို့တစေ ထိုခေတ်ထိုအခါက စနစ်တကျ သင်ကြားပို့ချပေးခဲ့သော ကျောင်းများ မရှိခဲ့ပေ။ တက္ကသိုလ်၊ ကောလိပ်ကျောင်းများလည်း ဤသို့မထွန်းကားကြသေးပါ။ ထိုခေတ်က ထိုစနစ်ဖြင့် အစ္စလာမ်သာသနာ့ပညာရပ်များကို သင်ကြားပို့ချပေးခဲ့သော အကြီးဆုံးသော ဌာနကြီးမှာ မဒီနဟ်မြို့တော်ပင်ဖြစ်သည်။

ထိုမြို့သည် အစ္စလာမ်ဘုရင်များ စိုးမိုးအုပ်ချုပ်ခဲ့သည့် နေရာဒေသပင်ဖြစ်သော်လည်း ကောလိပ်ကျောင်းများ၊ ယူနီဗာစတီကျောင်းများ၊ အခြေခံကျောင်းလေးများဟူ၍ သီးခြားအဆောက်အဦးများ မရှိခဲ့ပေ။ ၎င်းပြင် ကျောင်းသားများ၏ ကျောင်းခေါ်ချိန်စာရင်းကိုလည်း ယခုကဲ့သို့ စနစ်တကျ စီစဉ်ထားခြင်း မပြုခဲ့ကြပေ။

ထိုခေတ်တွင် အာအိရှာသခင်မကြီးနှင့် အဗူဟုရိုင်ရာသခင်ကြီးတို့သည် မိမိတို့နေထိုင်ရာဒေသများမှနေ၍ သာသနာ့ပညာရပ်များကို သင်ကြားပို့ချပေးခဲ့ကြလေသည်။

ဂျာဗိရ်သခင်ကြီးကလည်း မတ်စ်ဂျိဒီနဗဝီ ဝတ်ကျောင်းတော်မှနေ၍ ပို့ချပေးခဲ့၏။ အချို့မုစ်လင်မ်တို့သည် မိမိတို့အရည်အသွေးအလိုက် မိမိတို့မြို့နယ်၊ ရပ်၊ ရွာဒေသများတွင် ပညာသင်ကြားပေးသူ ဆရာအဖြစ်လည်းကောင်း၊ အချို့တို့သည် ပညာသင်ယူသူ စာသင်သားအဖြစ်လည်းကောင်း ရှိခဲ့ကြပေသည်။ ထို့အတူ သာဗိအီန်များ၏ သမိုင်းတစ်လျှောက်လုံးတွင်လည်း အထက်နည်းအတိုင်းရှိခဲ့ကြသည်ကို ဖော်ပြထားပေသည်။

ရှိုက်ခ် ဆရာသခင်ပညာရှင်ကြီးများသည် ဗလီ သို့မဟုတ် ကွင်းပြင်ကြီးများတွင် စုဝေးကြပြီး သာသနာ့ပညာရပ်များကို ပို့ချပေးခဲ့ကြပေသည်။ သင်တန်းသားတစ်စုတွင် လူဦးရေပေါင်း လေးသောင်းခန့်ရှိ၏။ အချို့အုပ်စုတွင် တစ်သိန်းကျော်ခန့် တက်ရောက်သင်ယူလေ့ရှိကြပေသည်။

သို့ရှိရာ ထိုခေတ်၌ သာသနာ့ပညာပို့ချရာ သင်တန်းများသို့ တက်ရောက်လာကြသော အုပ်စုတစ်စုတွင် ရေးမှတ်ကြသူများ၏ ကလောင်နှင့် မှင်အိုးများကို မှန်းဆတွက်ချက်ရသော် လေးသောင်းကျော်ခန့်ရှိမည်ဖြစ်ပြီး ကြားနာသူများ၏ အရေအတွက်သည် မည်မျှများပြားမည်ကို မှန်းဆ၍ မရပေ။

ယနေ့ကျွန်ုပ်တို့ခေတ်တွင် ပညာသင်ယူနေကြသော လူထုကြီးတစ်ရပ်လုံးသည် ၎င်းတို့ကဲ့သို့ သာသနာ့ပညာနိုးကြားမှု၊ ဇွဲလုံလတက်ကြွမှု၊ စိတ်ဓါတ်ကြံခိုင်မှုရှိကြမှာသာ သာသနာ့ပညာပို့ချရေးသင်တန်း၏ ရည်ရွယ်ချက်သည် မမျှော်မှန်းနိုင်သော အောင်မြင်မှုပန်းတိုင်သို့ တက်လှမ်းနိုင်ကြမည် ဖြစ်သည်။ ဤသို့သော သာသနာ့ပညာရပ်များကို ဖြန့်ဖြူးရာတွင် လိုသည်ထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် ပို့ချပေးနိုင်မှသာ သာသနာ့အဆီအနှစ်များကိုလည်း စိတ်အာရုံပြည့် ဖော်ကြူးနိုင်မည်ဖြစ်သည်။

အကယ်၍ သာသနာ့ပညာသင်ယူခြင်းသည် သီးသန့်အဖွဲ့အစည်းများနှင့် ကျောင်းသားများ၏ တာဝန်သာဖြစ်သည်။ သို့မဟုတ် သာသနာ့ပညာသင်ယူရန် မိမိတို့အလုပ်အကိုင်များကို စွန့်လွှတ်၍ ကျောင်းတတ်ကြရမည်ဟု သတ်မှတ်ပြဌာန်းထားခဲ့ပါလျှင် သိန်းနှင့်ချီ၍ရှိနေသော တပည့်တို့၏ စားဝတ်နေရေးကို ဆရာတစ်ဦးတည်းက မည်သို့တာဝန်ယူနိုင်ပါမည်နည်း။

သို့ပါ၍ အောက်ဖော်ပြမည့် အကြောင်းအရာတစ်ခုသည် ကျွန်ုပ်၏ စိတ်ဆန္ဒတွင် လုံလောက်သော အထောက်အထားတစ်ခုဖြစ်မည် ထင်၍ တင်ပြလိုက်ပေသည်။
စိုလိုင်မံဗင်န်ဟရဗ်(ရသွီ)သခင်ကြီးသည် ဘဂ္ဂဒါဒ်မြို့၌ သာသနာ့ပညာရပ်များကို သင်ကြားပို့ချပေးခဲ့၏။ ၎င်း၏တပည့်ပေါင်း လေးသောင်းခန့်ရှိ၏။ ခလီဖဟ်မာမွန်ရရှီးဒ်သည်ပင် ၎င်း၏သင်တန်းသို့ မပျက်မကွက် တက်ရောက်လေ့ရှိခဲ့ပေသည်။ မာမွန်ရရှီးဒ်သည် အစ္စလာမ်နိုင်ငံ၏ အကြီးဆုံးသော ဧကရာဇ်မင်းမြတ်ကြီးတစ်ပါးဖြစ်၏။ ဤသို့ တိုင်းပြည်တာဝန်ကို ထမ်းဆောင်လျှက် စိုလိုင်မံဗင်န်ဟရဗ်(ရသွီ) သခင်ကြီး၏ သင်တန်းသို့ တက်ရောက်သင်ယူခဲ့သည်ကို ထောက်ရှုလျှင် ၎င်းတို့၌ သာသနာရေးစိတ်ဓာတ် မည်မျှတက်ကြွသည် မည်မျှပြင်းထန်သည်ကို တိုင်းတာ၍ မရနိုင်ပေ။ ကျွန်ုပ်တို့၏ သာသနာရေးပညာနိုးကြားမှုစိတ်ဓါတ်သည်လည်း ထိုပုဂ္ဂိုလ်များ၏ စိတ်ဓါတ်ကဲ့သို့ပင် ဖြစ်ကြရပေမည်။

သို့သော် ယနေ့ကျွန်ုပ်တို့ခေတ်တွင် ဥစ္စာပစ္စည်းအနည်းငယ်မျှ စုဆောင်းချမ်းသာလာခဲ့သော် သာသနာ့ပညာသင်ယူရန် ရှက်ကြောက်နေကြ၏။ အောက်တန်းကျသည်ဟု မှတ်ယူနေကြ၏။ သာသနာ့ပညာအနည်းငယ်တတ်မြောက်သွားလျှင်လည်း ဆက်လက်သင်ယူရန် ရှက်နေကြပေသည်။အစိုးရဌာနများ၊ ရုံးကန္နားများတွင် အမှုထမ်းဆောင်ရမည်ဆိုပါက မည်သည့်ပညာမျိုးကိုမဆို လိုသည်ထက်ပို၍ ကြိုစားအားထုတ်ကြသည်မှာ လုံးဝရှက်ကြောက်ခြင်း မရှိကြတော့ပေ။ ကျွန်ုပ်တို့မုစ်လင်မ်များတွင် ဤသို့ ကုမရသော ရောဂါဆိုးစွဲကပ်နေသည်မှာ ဆိုးဝါးလှပေသည်။

ပညာဟူသည် ဆုံးခန်းမရှိသော ပင်လယ်၊ သမုဒ္ဒရာတို့နှင့် တူ၏။ ထိုသို့သောပညာများကို ရရှိကြရန် ကျွန်ုပ်တို့အစ္စလာမ်ဘာသာဝင်တိုင်း အမျိုးသား၊ အမျိုးသမီး၊ ပျို/အိုမရွေး အာလင်မ်၊ ဂျာဟိလ်မခြား၊ ကုန်သည်များ လယ်ယာလုပ်သားများ၊ အလုပ်ကြမ်းနှင့် လက်အောက်ခံလုပ်သားများ၊ ဝန်ထမ်းအရာရှိများ စသည့် လူတန်းစား အလွှာအသီးသီးတို့သည် အသွေးအရောင်၊ အဆင့်အတန်းမခွဲခြားပဲ သာသနာ့ပညာကို လုံးပမ်းအားထုတ်ဆည်းပူးကြရန် အထူးလိုအပ် လှပေသည်။ ဤသို့သော သာသနာ့ပညာရပ်များကို အလေးထားသင်ယူ၍ ဆင့်ပွားပို့ချ ဖြန့်ဖြူးပေးနိုင်ကြရန် နေ့စဉ် အချိန်ပိုထုတ်ကြရမည်။

သာသနာ့ပညာကို တတ်သိနားလည်ပြီး လေးစားလိုက်နာကြသည့် အာလင်မ်များထံချဉ်းကပ်၍ နာယူမှတ်သားကြရမည်။ အမြဲတစေ အိပ်ယာမဝင်မီ ငါးမိနစ်အချိန်ခန့်မျှဖြစ်စေ ဖတ်ရှုကြရမည်။ ကျွန်ုပ်တို့သည် နေ့စဉ် စားခြင်း၊ သောက်ခြင်း၊ အိပ်ခြင်းနှင့် အလုပ်ဝင်အလုပ်ဆင်းချိန်တို့တွင် အချိန်ကို ကန့်သတ်၍ သီးခြားသတ်မှတ်ထားသကဲ့သို့ သာသနာ့ပညာသင်ယူရန်အတွက် မိမိအပေါ်၌ အချိန်တစ်ချိန်ကို ဖရ်ဇ်တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ထားကြရမည်။
အကြောင်းကား တမန်တော်မြတ်က ----------
طلب العلم فريضة على كل مسلم ومسلمة
{သွလဗုလ် အိလ်မိ ဖရီးဒွသွန် အလာကုလ်လိ မုစ်လိမင်န် ဝမုစ်လိမဟ်}
မုစ်လင်မ်အမျိုးသား၊ အမျိုးသမီးတိုင်းအပေါ် သာသနာ့ပညာဆည်းပူးသင်ယူရန် (ဖရ်ဇ်) မပြုမနေရတာဝန်တစ်ရပ် ဖြစ်သည်ဟု မိန့်တော်မူထားပေသည်။

မော်လာနာကမ္မရွဒ်ဒီးန်ဦးသန်းမောင်(ဂျာမိအီ) ဘာသာပြန်သည့် အစ္စလာမ့်ပညာရေး စာအုပ်ပါအကြောင်းအရာကို အလ်မုဖီးဒ်မှ ပြန်လည်တင်ဆက်သည်။