Sunday, September 13, 2015

အိမ်သာသွားသည့်အခါ ပြုလုပ်ရမည့် စည်းကမ်းများ


မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/753117174808874

- ဦးခေါင်းတွင် ဦးထုပ်၊ ပုဝါ စသည်တို့ ဆောင်းပြီးမှ သွားပါ။
- အိမ်သာတံခါး အပြင်ဖက်တွင် ဒုအာဆိုပါ။
بسم الله اللهم اني اعوذبك من الخبث والخبا ءث

- အလ္လာဟ်၊ ရစူလ်၊ အာယသ်များ ရေးသားထားသည့် လက်စွပ်၊ စသည်တို့ဝတ်ဆင်ထားလျှင် အိမ်သာအပြင်တွင် ချွတ်သွားပါ။
- အိမ်သာအတွင်းသို့ ဘယ်ခြေထောက်ဖြင့် ဝင်ပါ။
- အိမ်သာသွားသည့်အခါ ကစ်ဗ်လဟ်ဖက်သို့ ကျောပေးခြင်း၊ မျက်နှာမူခြင်း မပြုရ။
- ကလေးသူငယ်များကို ကစ်ဗ်လဟ်ဖက်သို့ မျက်နှာမူ၊ ကျောပေး၍ အိမ်သာသွားစေခြင်း၊ ဆေးကြောပေးခြင်းတို့သည် မက္ကရူးဟ်ဖြစ်သည်။
- အိမ်သာထဲတွင် မသက်ဆိုင်သည့် ကိစ္စရပ်များ မပြုလုပ်ရ။ (ကွမ်း၊ ဆေးလိပ် စားသောက်နေခြင်း၊ ပီကေဝါးခြင်း၊ သတင်းစာဖတ်ခြင်း သို့မဟုတ် အခြားတခုခုဖတ်နေခြင်း၊ သီချင်းဆိုခြင်း၊ အကြောင်းမဲ့ ဟိုဟိုဒီဒီ လိုက်ကြည့်နေခြင်း။ စဉ်းစားတွေးတောမှုပြုနေခြင်း။ အိမ်သာဟူသည် လိုအပ်ချက်ပြီးနောက် အမြန်ပြန်ထွက်ရမည့်နေရာဖြစ်၏။)
- အိမ်သာအတွင်း အလ္လာဟ်အမည်နာမကို မတသရ။ နှာချေလျှင် စိတ်ထဲမှသာ အလ်ဟမ်ဒုလစ်လ်လဟ် ဆိုပါ။
- အိမ်သာသွားနေစဉ် /ရေချိုးနေစဉ် စကားပြောခြင်းမပြုရ။
- အိမ်သာအရှေ့တွင် စကားရပ်ပြောခြင်းမပြုရပါ။ အိမ်သာသွားဖို့ တံခါးရှေ့ရောက်သည်နှင့် ဒုအာဖတ်၍ အိမ်သာအတွင်းသို့ ဝင်ရမည်။
- အရှက်အင်္ဂါကို မကြည့်ရ။ (လိုအပ်ချက်ရှိမှသာ လိုအပ်သည်ခန့်သာ ကြည့်နိုင်သည်။)
- မစင်ကို မကြည့်ရ။ ကြည့်ခြင်းဖြင့် အမြင်အားနည်းမှု ဖြစ်စေသည်။
- မတ်တပ်ရပ်၍ ကျင်ငယ်မစွန့်ရ။ ကလေးငယ်များကိုလည်း ထိုသို့ပြုခြင်းမှ တားရမည်။
- ကျင်ငယ်စွန့်သည့်အခါ ဆီးစက်ငယ်များ မပေကျံစေရန် ဂရုစိုက်ရမည်။
- အိမ်သာအတွင်း နှာခေါင်းနှိုက်ခြင်း၊ နှာခေါင်းသန့်ရှင်းခြင်းတို့ မပြုရ။
- ဆေးကြောမှုပြုသည့်အခါ ဘယ်လက်ကို အသုံးပြုရမည်။
- ကျင်ကြီး ကျင်ငယ်စွန့်ပြီးနောက် ဆေးကြောသန့်စင်ရန် လက်ကို အသုံးမပြုမှီအရင်ဆုံး လက်နှစ်ဖက်ကို လက်ကောက်ဝတ်အထိ ဆေးလိုက်ပါ။
- အိမ်သာသွားပြီးနောက် အကောင်းဆုံးမှာ ရေဖြင့်ဆေးခြင်းဖြစ်ပြီး တစ်ရှူးပေပါကို အသုံးပြုပြီးလျှင်လည်း ရေဖြင့်ထပ်မံ ဆေးပါ။
- သန့်စင်မှုပြီးပါက အနည်းငယ်ခြောက်အောင် စောင့်ပါ။
- အိမ်သာမှ မထွက်မီ ပြန်ကြည့်ပါ။ ရေလောင်းရန်လိုအပ်လျှင် လောင်း၍ဆေးကြောခဲ့ပါ။ မိမိကြောင့် နောက်လူများ စိတ်ဒုက္ခမရောက်စေရပေ။
- အိမ်သာမှ ညာခြေဖြင့်ထွက်ပါ။
- အိမ်သာအပြင်ရောက်လျှင် ဒုအာဆိုပါ။
غفرانك الحمدلله الذي اذهب عني الاذى وعافانى

- အိမ်သာမှ ထွက်ပြီးလျှင် လက်နှစ်ဖက်ကို ဆပ်ပြာဖြင့် ဆေးပါ။
- အိမ်သာ ရေချိုးခန်း တဆက်တည်းဖြစ်လျှင် အိမ်သာအတွက် လိုက်ကာ သို့မဟုတ် စည်းတခု ခြားထားသင့်၏။ အကာတခုခုဖြင့် ကာလိုက်ခြင်းက ပိုကောင်း၏။ သို့မှာသာ အိမ်သာအတွင်းဝင်သည့် စည်းကမ်းများကို လိုက်နာနိုင်မည်။ အကာ၊ စည်း၊ လိုက်ကာတို့ ပြုလုပ်ရန်မလွယ်ကူပါက မိမိရည်ရွယ်ချက်အတိုင်း လုပ်ဆောင်ရမည်။ ဆိုလိုသည်မှာ မိမိ ရေချိုးခန်းအတွင်းဝင်ခြင်းက အိမ်သာတက်ရန်လား ? သို့မဟုတ် ရေချိုးမျက်နှာသစ်ရန်အတွက်လား ဟူသည်ကို ခွဲခြားရမည်။ အိမ်သာတတ်ရန် ရည်ရွယ်လျှင် အိမ်သာသွားသည့်စည်းကမ်းများ ကျင့်သုံးလုပ်ဆောင်ရပေမည်။
-><-><-
ဒုအာပုံကို နေ့စဉ်ဒုအာ(apk)မှ ကူးယူးသည်။

အလ်မုဖီးဒ်
ရဂျဗ်လ/ ၃ရက်/ ကြာသပတေး/ ဟစ်ဂ်ျရီ ၁၄၃၆ ခုနှစ်။

အလ်မုဖီးဒ်၏ Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။