Showing posts with label ကိယာမသ် (Qiyamaat). Show all posts
Showing posts with label ကိယာမသ် (Qiyamaat). Show all posts

Sunday, December 30, 2018

မျက်နှာအဇားဗ်ကျခြင်း


လူရုပ်ကနေ ကြောင်ရုပ် ခွေးရုပ် ပြောင်းနေကြသူများ ....
ယခင်က အဇားဗ်ကျ၊ ပြစ်ဒဏ်ခတ်ခံရမှ လူတွေက ခွေးရုပ် ၀က်ရုပ် မျောက်ရုပ် စသဖြင့် ရုပ်ပြောင်းခံရတယ်။
ယခုတော့ အဇားဗ်မကျဘဲ ကိုယ့်ဘာသာကိုယ် ဒဏ်ခတ်ပြီး ကိုယ့်ရုပ်ကို ကိုယ်တိုင် ခွေးရုပ် ကြောင်ရုပ်ဖြစ်အောင် လုပ်ကြတယ်။ (ကိုယ့်အဇားဗ် ကိုယ်ချနေကြတာ)
အဖန်ဆင်းခံ အားလုံးထဲမှာ လူက အမြတ်ဆုံးလို့ အလ္လာဟ်က သတ်မှတ်ပေးထားတယ်။
ဒါပေမယ့် အဲဒီ အမြတ်ဆုံး အဆင့်အတန်းကို ရထားတဲ့ လူက နိမ့်တဲ့အဆင့်အတန်းက တိရိစ္ဆာန်တွေနဲ့ သွားတူချင်နေကြတယ်။ ကိုယ့်ကိုယ်ကိုယ် ကြောင်နားရွက်တွေ၊ ခွေးနားရွက်တွေ၊ ခွေးနှာခေါင်းတွေတပ်ပြီး တိရိစ္ဆာန်သဏ္ဍာန်တွေနဲ့ တူအောင် လုပ်ပစ်လိုက်တယ်။
ဘ၀ပေးအခြေအနေ အကြောင်းပြောရင် အမြင့်ဆုံး အကောင်းဆုံး အရာတွေနဲ့ တူလိုတယ်၊ အဲ့ဒီလို ဖြစ်လိုတယ်၊ ပိုက်ဆံဆို အချမ်းသာဆုံး၊ ဥာဏ်ဆို အကောင်းဆုံး၊ ကျန်းမာရေး အကောင်းဆုံး စသဖြင့် ဖြစ်လိုပေမယ့် အလ္လာဟ်ကိုယ်တိုင် သတ်မှတ်ပေးထားတဲ့ အကောင်းဆုံး၊ အမြတ်ဆုံး အဖန်ဆင်းခံဆိုတဲ့ ဆုကိုတော့ ခွေးရုပ် ကြောင်ရုပ်တွေနဲ့ ပြောင်းပြစ်ကြတယ်၊ တိရိစ္ဆာန်ရုပ်တွေနဲ့ တူလိုကြတယ်။
လူကို အလှဆုံး ရုပ်သဏ္ဍာန်အဖြစ် ဖန်ဆင်းထားတယ်ဆိုပြီး ကမ္ဘာ့ဖန်ဆင်းရှင် အလ္လာဟ်က ပြောထားတယ်။ လူ့ရဲ့ ရုပ်ဆင်းသဏ္ဍာန်၊ ပုံစံဟာ ကမ္ဘာပေါ်မှာရှိရှိသမျှ အရာအားလုံးထက် အလှဆုံးဖြစ်တယ်။ လူထက် လှတာ ဘာမှမရှိဘူး။ လူမှအပ ကျန်တဲ့ အလှအပတွေက အလှဆုံးလူတွေ အရသာခံဖို့ ဇိမ်ခံဖို့ ကြည်နူးဖို့ ဖန်ဆင်းပေးထားတာ။ အလှဆုံးလူက အလှဆုံးမဟုတ်တဲ့ အကောင်ပလောင်တွေ တိရိစ္ဆာန်တွေနဲ့ မတူချင်ကြပါနဲ့။ တိရိစ္ဆာန်စိတ်လို့ ပြောရင် မကောင်းတဲ့ ဘက်ကို ရည်ညွှန်းကြောင်း လူစိတ်ရှိသူတိုင်း သိတယ်၊ တိရိစ္ဆာန်ရုပ်ထွက်နေတယ် ပြောရင်လည်း မကြိုက်ကြပါဘူး။ မျက်နှာ၊ ခန္ဓာကိုယ်၊ ခြေ၊ လက် စတာတွေကို တိရိစ္ဆာန်နဲ့ တူအောင်လည်း မလုပ်ကြပါနဲ့။ တဖြေးဖြေးနဲ့ တိရိစ္ဆာန်စိတ်တွေ တိရိစ္ဆာန် စရိုက်၊ တိရိစ္ဆာန်အကျင့်တွေ ရှိလို့ ရှိမှန်းမသိအောင် နှလုံးသားထဲမှာ ၀င်အောင်းလာပါလိမ့်မယ်။ ရုပ်သဏ္ဍာန်ပြောင်းခြင်း အဇားဗ်ကို အချိန်အကုန်ခံပြီး ကိုယ့်မျက်နှာကို ကိုယ်တိုင် ပြစ်ဒဏ်မခတ်ကြပါနဲ့။
နည်းပညာတိုင်းကို အသုံးပြုဖို့ တာဝန်မရှိဘူး။ အပလီကေးရှင်းတိုင်းကို စမ်းသပ်နေဖို့ မလိုအပ်ဘူး။ နည်းပညာအသစ်တိုင်း ရှရီအသ်နဲ့ စမ်းစစ်ပြီးမှ၊ ကိုယ့်အာခိရသ်အတွက် အကျိုးရှိ၊ မရှိ စဉ်းစား ဆင်ခြင်ပြီးမှ အသုံးပြုကြပါ။ အပလီကေးရှင်းသုံးပြီး တိရိစ္ဆာန်ရုပ်ပြောင်းကာ ကိုယ့်ကိုယ်ကိုယ် ဒဏ်ခတ်နေခြင်းကို မလုပ်ပါနဲ့။
လူရုပ်ကနေ ကြောင်ရုပ် ခွေးရုပ် ပြောင်းနေကြသူများဟာ ကိုယ့်မျက်နှာကိုယ် အဇားဗ်ချနေသူတွေနဲ့ တူပါတယ် .... အဇားဗ်ကနေ ရှောင်ကြပါ။
Credit >> အလ်မုဖီးဒ်

Wednesday, July 17, 2013

ကေယာမသ် (ကမ္ဘာပျက်မည့်)အကြောင်း လင်္ကာ

ကေယာမသ် (ကမ္ဘာပျက်မည့်)အကြောင်း လင်္ကာ

ဒုစရိုက်ပွား
မိဘများကို
စော်ကားညှင်းဆဲ
အလွဲသုံးစား
အပြုများ၍
နွားကျောင်းသားနှယ်
ဂုဏ်ငယ်သူများ
ခမ်းနားတိုက်တာ
ဆောက်လာကြမှာ
ပညာမဲ့သူ
လူမတူပဲ
ကြီးကဲခေါင်းဆောင်
ပြောင်မြောက်လာပြီး
ရှေးလူကြီးဝယ်
နောက်လူငယ်က
မကောင်းထောက်လျှက်
ပြက်ရယ်ပြုလုပ်
တီး၊ မှုတ်၊ ပွဲလမ်း
အရမ်းများမည်
ချင်းရည်မဲ့သူ
ခံယူရာထူး
ဆွတ်ခူးနိုင်ဖွယ်
သွယ်သွယ်လက္ခဏာ
ပေါ်လာပါက
ကမ္ဘာပျက်ရာ
ကိယာမသ်နေ့
မရွေ့ဆိုက်ကပ်
လာလတ်ဖို့တည်း။