Wednesday, July 31, 2013

ဂျုမာအ်နေ့

ဂျုမာအ် ဆွလားသ် မတိုင်မီ လုပ်ဆောင်ရမည့် လုပ်ရပ်များ

၁။ ရေချိုးခြင်း။
၂။ မိမိ၌ရှိသော အဝတ်အစားများအနက် အကောင်းဆုံးအဝတ်အား ဝတ်ဆင်ခြင်း။
၃။ ရေမွှေးဆွတ်ခြင်း။
၎။ လမ်းလျောက်၍ ဗလီသွားခြင်း။ (အကယ်၍ လမ်းလျောက်ရာ၌ အခက်အခဲမရှိပါက လမ်းလျောက်ခြင်းသည် အစီးအနင်းစီး၍ သွားခြင်းထက် ပိုမိုမွန်မြတ်သည်။)
၅။ ဗလီသို့ စောစီးစွာ သွားခြင်း။
၆။ ဗလီဝင် စွန္နတ် ၂ ရကသ် ဖတ်ခြင်း။
၇။ ခွသ်ဗာဟ်ကို တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်ခြင်း

ဗလီသို့ရောက်လျင် မလုပ်ဆောင်သင့်သော လုပ်ရပ်များ

၁။ ရှေ့လိုင်းသို့ရောက်ရန် လူများအား ကျော်ခွသွားခြင်း။
၂။ ခွသ်ဗာဟ် နားထောင်နေချိန် ဒူးနှစ်ဖက်ပိုက်၍ စောင့်ကြောင့်ထိုင်ခြင်း။
၃။ ခွသ်ဗာဟ် ဟောကြားနေချိန် စကားပြောခြင်း ၊ မိမိအား စကားလာပြောသူအား အဖြေပြန်ပေးခြင်း၊ ခွသ်ဗာဟ်နားမထောင်ဘဲ အရာတစ်ခုခုအား ပြုလုပ်နေခြင်း ။

ဂျုမာအ် ဆွလားသ်ပြီးနောက် လုပ်ဆောင်ရမည့် လုပ်ရပ်များ

၁။ ဂျုမာအ်နေ့၏ ဒိုအာလက်ခံချိန်၌ ဒိုအာအား တစိုက်မတ်မတ် တောင်းခံခြင်း။ ထိုအချိန်နဲ့ ပတ်သက်ပြီး သာသနာ့ပညာရှင်များ အကြား အကွဲအလွဲ ရှိပါတယ်။ အများစုသော သာသနာ့ ပညာရှင်များက အဲဒီ အချိန်ဟာ အဆရ်ဆွလားသ် ပြီးတဲ့နောက် မဂ်ရီးဗ် အာဇန် မတိုင်ခင် နေ့ရဲ့ နောက်ဆုံးအချိန်ဖြစ်တယ်လို့ အဆိုပြုကြပါတယ်။)

ဂျုမာအ်ဆွလားသ် မတိုင်မီ (သို့) ဆွလားသ်ပြီး ဂျုမာနေ့ မည်သည့် အချိန်တွင် မဆိုပြုလုပ်နိုင်သော စွန္နတ်တော်များ

၁။ စူရဟ် ကအ်ဖ် (စူရာဟ် - ၁၈ ) ဖတ်ခြင်း။
၂။ တမန်တော်မြတ် (ဆွလ္လလ္လာဟူအလိုင်းဟိစ္စလာမ်) အပေါ် ဒရူးသ် မြားမြောင်စွာ ပို့သခြင်း

ချစ်မိတ်ဆွေ . . .

သင့်အတွက် အကျိုးတစ်ခုခု ရလိုက်တယ်ဆိုရင် သင့်မိတ်ဆွေတွေကိုလည်း မျှဝေပေးဖို့ မမေ့ပါနဲ့ . . . ။

တမန်တော်မြတ်(ဆွလ္လလ္လာဟူအလိုင်းဟိစ္စလာမ်) မိန့်တော်မူခဲ့တယ် . . .
“ ကောင်းမှုတစ်ခုခုကို ညွှန်ပြတဲ့သူဟာ ပြုလုပ်သူကဲ့သို့သော ကုသိုလ်ရရှိမယ် ”
( မွတ်စလင်မ်ကျမ်း ၊ ဟဒီးဆ်အမှတ် - ၅၀၀၇ )

အစ္စလာမ့်စာမျက်နှာ

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

ဟဇရသ်အလီနှင့်ငွေဒင်္ဂါးရှစ်ပြား

ခရီးသည်နှစ်ဦး ခရီးထွက်ခဲ့ကြတယ်။ လမ်းတစ်နေရာမှာ ခရီးတစ်ထောက်နားပြီး စားသောက်ဖို့ စီစဉ်ကြတယ်။ တစ်ဦးမှာ မုန့်ငါးချပ်ပါပြီး နောက်တစ်ဦးမှာ မုန့်သုံးချပ်ပါတယ်။ အဲဒီအချိန်မှာ နောက်ခရီးသွားတစ်ဦး ရောက်ရှိလာတယ်။ ခရီးသွားနှစ်ဦးက နောက်ရောက်လာသူကို အတူစားသောက်ဖို့ ဖိတ်ခေါ်လိုက်တယ်။ သူတို့သုံးဦးဟာ မုန့်ရှစ်ချပ်ကို အတူတကွစားကြတယ်။ စားသောက်ပြီးတဲ့အခါ နောက်ရောက်လာသူက ခရီးသည်နှစ်ဦးကို ငွေဒင်္ဂါးရှစ်ပြားပေးပြီးတော့ "ဒါဟာကျွန်တော် စားသောက်တဲ့အတွက် အစားပေးခြင်းဖြစ်ပါတယ်" လို့ပြောပြီး ထွက်ခွာသွားတယ်။ ငွေဒင်္ဂါးရှစ်ပြားကို ဝေတဲ့အခါမှာ မုန့်ငါးချပ်ပါသူက ငွေဒင်္ဂါးငါးပြားယူပြီး ငွေဒင်္ဂါးသုံးပြားကို မုန့်သုံးချပ်ပါသူကို ပေးတယ်။ အဲဒီလိုပေးတာကို မုန့်သုံးချပ်ပါသူက သဘောမတူပဲ လေးပြားစီ အညီအမျှဝေယူကြဖို့ပြောတယ်။ နောက်ဆုံး အဝေမတည့်ဘဲ ဟဇရသ်အလီထံ အဆုံးအဖြတ်ခံယူဖို့ ရောက်ရှိလာတယ်။ ဟဇရသ်အလီ က "ခင်ဗျားမိတ်ဆွေပေးနေတဲ့ ငွေဒင်္ဂါးသုံးပြားကို ယူလိုက်ပါ။ ကျန်သော ငွေဒင်္ဂါးငါးပြားကို ခင်ဗျားမိတ်ဆွေ ယူပါစေ" လို့ မုန့်သုံးချပ်ပါသူကို ပြောတယ်။ အဲဒီအခါမှာ မုန့်သုံးချပ်ပါသူက ကျွန်တော်ရသင့်ရထိုက်တာမရသရွေ့ သဘောမတူနိုင်ဘူး"လို့ ပြောတယ်။ ဟဇရသ်အလီ က "သင်ရသင့်ရထိုက်တာဟာ ငွေဒင်္ဂါး တစ်ပြားသာလျှင်ဖြစ်တယ်။ သင့်မိတ်ဆွေက ကြည်ကြည်ဖြူဖြူပေးနေတဲ့ ငွေဒင်္ဂါးသုံးပြားကို ယူလိုက်လျှင် သင်သာပါတယ်" လို့ ဆိုတယ်။ "မဖြစ်နိုင်တာ၊ ဘယ်လိုခွဲဝေလို့ ကျွန်တော်ကတစ်ပြား သူက ခုနစ်ပြားရရတာလဲဆိုတာ ကျွန်တော်သဘောပေါက်အောင် ရှင်းပြဆုံးဖြတ်ပေးပါ။ ကျွန်တော်နာခံပါ့မယ်" ဟဇရသ်အလီ ကပြောတယ်။ "ဒါဆိုရင် နားထောင် မုန့်အားလုံးရှစ်ချပ်ဖြစ်တယ်။ သင်တို့က လူသုံးယောက်နော် အဲဒီတော့ အညီအမျှခွဲဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့်ရှစ်ကို သုံးနဲ့မြှောက်လိုက် အဲဒီလိုဆိုရင် မုန့်ရှစ်ချပ်က (၂၄) ပိုင်းဖြစ်သွားမယ်။ သင်တို့ထဲမှာ ဘယ်သူက ပိုစားတယ်၊ လျှော့စားတယ် မသိရတဲ့အတွက် အားလုံး အညီအမျှပင် စားတယ်လို့ သတ်မှတ်ရလိမ့်မယ်။ အဲဒီလိုဆိုရင် သင်က သင့်မုန့်ရဲ့ကိုးပိုင်းထဲက မုန့်ရှစ်ပိုင်းကို စားတယ်။ တစ်ပိုင်းပဲပိုတယ်။ မုန့်ငါးချပ်ပါတဲ့ သင့်မိတ်ဆွေက သူ့မုန့် (၅) ချပ်ရဲ့ (၁၅) ပိုင်းထဲက ရှစ်ပိုင်းစားတော့ (၇) ပိုင်းပိုမယ်၊ အဲဒီတော့ ငွေဒင်္ဂါးပေးသွားတဲ့သူဟာ သင့်မုန့်ထဲက တစ်ပိုင်းပဲစားတယ်။ သင့်မိတ်ဆွေ မုန့်ထဲက (၇) ပိုင်းစားတယ်။ အဲဒီတော့ သင်က တစ်ပြားရသင့်တယ်။ သင့်မိတ်ဆွေက (၇) ပြား ရသင့်တယ်။ ကဲ- ရှင်းပြီလား" မုန့်သုံးချပ်ပါတဲ့သူက "ကျွန်တော်သဘောပေါက်ပါပြီ" လို့ ဖြေကြားလိုက်တယ်။

ဒီအကြောင်းအရာဟာ အစ္စလာမ့်စတုတ္ထခလီဖာကြီး ဟဇရသ်အလီ (ရသွေယလ္လားဟုအန့်ဟု) ရဲ့ဉာဏ်ပညာကြီးမြတ်ပုံကို ဖော်ပြတာလည်း ဖြစ်သလို၊ တစ်ချို့နေရာတွေမှာ တွက်ချက်ပုံ Idea အရေးကြီးကြောင်းဖော်ပြလိုတာလည်း ဖြစ်တယ်။ မုန့် ၅ ချပ်ပိုင်ရှင်ဟာ သူတို့ယူလာတဲ့အရေအတွက်ဘက်က တွက်လိုက်ပြီး မုန့်သုံးချပ်ပိုင်ရှင်ကတော့ ခရီးသွားဖော်နှစ်ဦး ဖြစ်လို့ အကျိုးအမြတ်ကို ညီတူညီမျှခွဲရမယ်ဆိုတဲ့ ဘက်က တွက်တယ်။ ဟဇရသ်အလီကတော့ အမှန်ဆုံးတွက်ပေးသူဖြစ်တယ်။ မုန့်ချပ်ပါမလာသူက သူစားတဲ့အတွက် တန်ဖိုးသင့် ပေးချေသွားတာဆိုတော့ သူစားတဲ့ ရှစ်ပိုင်းအတွက် ရှစ်ပြားပေးတယ်လို့ ယူဆလိုက်တဲ့အတွက် တစ်ပိုင်းသာပိုတဲ့ သုံးချပ်ပိုင်ရှင်အတွက် တစ်ပြားသာရတော့တာပါပဲ။

လူတိုင်းကတော့မိမိ ပိုရတဲ့ဘက်က တွက်ချင်ကြတာဓမ္မတာပဲ။ နေ့စဉ်လုပ်ကိုင်နေရတဲ့ လုပ်ငန်းတွေထဲမှာ ကျနော်တို့ရဲ့ တွက်ချက်ပုံတွေကရော တရားမျှတမှုရှိကြပါသလား။ ဘယ်လောက်ပိုတွက်ပြီး ဘယ်လောက်ပိုယူကြပြီးပြီလဲ။

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

တစ်ယောက်တည်းရှိနေချိန် Heart Attack ဖြစ်ရင် ဘယ်လို လုပ်မလဲ

Heart attack ဖြစ်သော လူအများစုဟာ တစ်ယောက်တည်းရှိနေချိန်တွင် ဖြစ်တတ်ပြီး အကူအညီမရပါက သတိလစ်မေ့မျောသွားရန် ၁၀ စက္ကန့်သာကြာပါတယ်။

ထိုကဲ့သို့ဖြစ်ချိန်တွင် လူနာကိုယ်တိုင် ချောင်းကို ခပ်ပြင်းပြင်း ဆက်တိုက်ဆိုးပေးခြင်းဖြင့် အခြေအနေကို ထိန်းထားနိုင်ပါတယ်။ ချောင်းဆိုးမည့်အကြိမ်တိုင်း မဆိုးမီအလျင် အသက်ပြင်းပြင်းရှူပါ။ ချောင်းဆိုးရာတွင်လည်း အတွင်းမှ ချွဲသလိပ်ထုတ်သကဲ့သို့ ရှည်လျားစွာနှင့် နက်နဲစွာ ဆိုးပေးပါ။ ထိုကဲ့သို့ ပြုလုပ်ရင်း အမြန်ဆုံး အကူအညီရရန် အရေးပေါ်နံပါတ်များသို့ လှမ်းအကြောင်းကြားပါ။

အသက်ပြင်းရှူခြင်းနှင့် ချောင်းပြင်းဆိုးခြင်းကို အကူအညီမလာမချင်း (သို့) ပုံမှန်အသက်မရှူမချင်း ၂ စက္ကန့် တစ်ခါပြုလုပ်ပေးပါ။

အသက်ပြင်းရှူခြင်းက အဆုပ်အတွင်းသို့ အောက်ဆီဂျင်ရောက်စေပြီး ချောင်းဆိုးခြင်းက နှလုံးကိုညှစ်စေကာ ပုံမှန်ဖြစ်စေပြီး သွေးလည်ပတ်စေပါတယ်။ ဒီလိုနည်းနှင့် ဝေဒနာရှင်ဟာ ဆေးရုံရောက်အောင် ထိန်းထားနိုင်ပါတယ်။

ဒီနည်းအား တတ်နိုင်သလောက် ဖြန့်ဝေပြောကြားပေးခြင်းဖြင့် လူ့အသက်တွေကို ကယ်တင်ရာမှာ သင်လည်းပါဝင်နိုင်ပါတယ်။

ကိုးကား – Genejostory
M-Media


အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။


နမာဇ်၏အကျိုးကျေးဇူးငါးရပ်နှင့်ပျက်ကွက်မှု၏ ပြစ်ဒဏ်တစ်ဆယ့်ငါးချက်

နမာဇ်၏အကျိုးကျေးဇူးငါးရပ်နှင့်ပျက်ကွက်မှု၏ ပြစ်ဒဏ်တစ်ဆယ့်ငါးချက်
-------------------------------------------------------------------------
ဟဒီးဆ်တော်တစ်ရပ်၌ အောက်ပါအတိုင်းလာရှိ၏။ အကြင်သူသည် နမာဇ်ဝတ်ပြုမှုကို စောင့်ထိန်းခဲ့သော်၊အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ငါမျိုးသောကျေးဇူးတော်ဖြင့် ချီးမြှောက်တော်မူသည်။
(၁) ရိုဇီရိက္ခာကျပ်းမှုကို ရုပ်သိမ်းတော်မူမည်။
(၂) ကဗရ်တွင်ခံရမည် အပြစ်ဒဏ်ကို ရုပ်သိမ်းတော်မူမည်။
(၃) ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင် အမလ်မှတ်တမ်းများကို ယင်း၏ လက်ယာလက်ထဲသို့ပေးတော်မူသည်။ (မှတ်တမ်းများ လက်ယာလက်ထဲသို့ ပေးခြင်းခံရသောသူများသည်လွန်စွာဝမ်းမြောက်ပျော်ရွှင်ကြ၍ လူတိုင်းကိုလိုက်လံပြမည့်အကြောင်း ကုရ်အာန်ကျမ်းမြတ်စူရသွလ်ဟားက္ကာဟ်တွင်လာရှိ၏။)
(၄) ဆွေရာသ်တံတားပေါ်မှ လျှပ်ပြတ်သကဲ့သို့ဖြတ်သွားရမည်။
(၅) စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ဂျန္နသ်သို့ဝင်ရမည်။
နမာဇ်ကို ပျင်းရိပျက်ကွက်သောသူမှာ ပြစ်ဒဏ်ဆယ့်ငါးမျိုးခံရမည်။ ဤလောကတွင် ငါးမျိုး၊သေခါနီးတွင်သုံးမျို၊ကဗရ်မှပြန်ထွက်သောအခါသုံးမျိုး။ ဤလောက၌ခံရမည့်ငါးမျိုးမှာ-
(၁) ထိုသူ၏သက်တမ်းမှ ဗရ်ကသ်မင်္ဂလာရုပ်သိမ်းခြင်းခံရမည်။
(၂) ထိုသူ၏မျက်နှာတွင် သူတော်ကောင်းများကဲ့သို့ နူးရ်ကျက်သရေရှိမည်မဟုတ်။
(၃) ကောင်းမှုများ၏ အကျိုးကုသိုလ်ရရှိမည်မဟုတ်ပေ။
(၄) ထိုသူတောင်းသောဆုမွန်ဒိုအာများကို လက်ခံတော်မူမည်မဟုတ်ပေ။
(၅) သူတော်ကောင်းများကတောင်းသောဆုမွန်ဒိုအာများတွင် ဝေစုရရှိမည်မဟုတ်ပေ။
သေခါနီးတွင်ခံရမည့်သုံးမျိုးမှာ-
(၁) သေးသိမ်သူအဖြစ်နှင့်သေရမည်။
(၂) ငတ်မွတ်၍သေရမည်။
(၃) ရေငတ်၍သေ၇မည်။ အဘယ်မျှရေငတ်မည်ဆိုသော် သမုဒ္ဒရာတစ်ခုလုံးကို သောက်သော်လည်း ရေငတ်ပြေမည်မဟုတ်ပေ။

ကဗရ်တွင်း၌ခံရမည့်သုံးမျိုးမှာ-
(၁) တစ်ဖက်နံရိုးများသည် နောက်တစ်ဖက်နံရိုးများတွင် ရောယှက်သွားသည်အထိ ကဗရ်မှာ ကျဉ်းမြောင်းသွားမည်။
(၂) ကရဗ်တွင်း၌ မီးရှိ့ခြင်းခံရမည်။
(၃) ကရဗ်တွင်း၌ မြွေတစ်ကောင်သည် ယင်းပေါ်၌လွှတ်းမိုးမည်၊ ထိုမြွေ၏မျက်လုံးမှာမီးဖြင့် အတိပြီးသောမျက်လုံးများဖြစ်မည်၊သံဖြင့်ပြီးသော လက်သည်းခြေသည်းများဖြစ်မည်၊ယင်းလက်သည်းခြေးသည်းများ၏ အတိုင်းအတာမှာ တစ်နေ့တာခရီးမျှရှည်လျားမည်။ ထိုမြွေ၏အသံမှာ မိုးခြုံသံကဲ့သို့ပြင်ထန်မည်။ ထိုမြွေက ဤသို့ပြောဆိုမည်။ ကျွန်ုပ်၏အရှင်မြတ်က ဤသို့အမိန့်ပေးတော်မူသည်။ အသင်သည် ဖဂျရ်နမာဇ်လစ်ဟင်းပျက်ကွက်သောကြောင့် ကျွန်ုပ်အသင့်အား နေထွက်သည်အထိပေါက်ရမည်။ ဇိုဟွရ်နမာဇ်ပျက်ကွက်သောကြောင့် အဆရ်အချိန်ထိပေါက်ရမည်။ အဆရ်နမာဇ်ပျက်ကွက်သောကြောင့် မဂ်ရစ်ဗ်အချိန်ထိပေါက်ရမည်။ မဂ်ရစ်ဗ်နမာဇ်ပျက်ကွက်သောကြောင့် အိရှာအချိန်ထိပေါင်ရမည်။ အိရှာနမာဇ်ပျက်ကွက်သောကြောင့် နံနက်အချိန်ထိပေါက်ရမည်။ ထိုမြွေသည် တစ်ခါပေါက်လိုက်လျှင် သူသေမှာမြေကြီးထဲသို့ အတောင်ခုနှစ်ဆယ်နစ်မြုပ်သွား၏။ ထိုသူသည် ကိယာမသ်ရှင်ပြန်ထမည့်နေ့အထိ ယင်းကဲ့သို့ပင် ပြစ်ဒဏ်ခံနေရမည်။
ကဗရ်မှပြန်ထွက်သောအခါခံရမည့်ပြစ်ဒဏ်သုံးမျိုးမှာ-
(၁) ပြင်းထန်စွာစစ်ဆေးမေးမြန်းခြင်းကိုခံရမည်။
(၂) အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပါ်၌ အမျက်ထွက်တော်မူမည်။
(၃) ဂျဟန္နမ်သို့သွားရမည်။
ဤသည် စုစုပေါင်းပြစ်ဒဏ်အရေအတွက်(၁၄)မျိုးဖြစ်၏။ တစ်မျိုးကို ဆင့်ပြန်သောပုဂ္ဂိုလ်က မေ့သွားဟန်တူသည်။ အခြားဆင့်ပြန်မှုတစ်ရပ်တွင် ယင်း၏မျက်နှာပေါ်၌-
(၁) အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်တာဝန်ကိုပျက်ကွက်သူ၊
(၂) အလ္လာဟ်အရှင်မြတ်၏ အမျက်တော်စူးရှခြင်းကို အထူးခံရမည်သူ၊
(၃) အသင်သည် လောကတွင် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်တာဝန်ကိုပျက်ကွက်သောကြောင့် ယနေ့သင့်အဖို့အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်ကရုဏာတော်ကို မျှော်လင့်ရန်အကြောင်းမရှိဟူ၍ စာသုံးကြောင်းရေးထားလျက်ရှိပေမည်ဟုလာရှိ၏။

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Monday, July 29, 2013

ကဒရ်ညမြတ်

ကဒရ်ညမြတ်အကြောင်းသိကောင်းစရာအဖြာဖြာ
==========================
>>>>>စူရာကဒရ် - မြင့်မြတ်ခြင်း ကဏ္ဍ<<<<<


ဤကဏ္ဍသည် စူရတွလ် ကဒရ်၊ ကဒရ်ဆိုသည်မှာ မြင့်မြတ်ခြင်း ကဏ္ဍမည်၏။ မက္ကဟ်မြို့တော်၌ ကျရောက်ခဲ့၏။ ဤကဏ္ဍတွင် အာယသ်တော်ပေါင်း (၅)ပါးရှိ၏။


(၁) ဧကန်မလွဲ ငါအရှင်မြတ်သည်ပင် ယင်း ကုရ်အာန် ကျမ်းတော်မြတ်ကို လိုင်းလသုလ် ကဒ်ရ် မြင့်မြတ်သော ည၌ ချပေးသနားတော်မူခဲ့၏။
(၂) စင်စစ် လိုင်းလသုလ် ကဒ်ရ် မြင့်မြတ်သော ညဥ့်သည် အဘယ်နည်းဟု အသင် သိပါသလော။
(၃) လိုင်းလသုလ်ကဒ်ရ် မြင့်မြတ်သော ညကား လပေါင်းတစ်ထောင်ထက်ပင် ပိုမို၍ ကောင်းမြတ်လှ၏။
(၄) ထိုညဥ့်၌ ကောင်းကင်တမန်များသည် လည်းကောင်း၊ ဂျစ်ဗ်ရိလ် သည်လည်းကောင်း၊ မိမိတို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ် အမိန့်တော်ဖြင့် ကောင်းမြတ်သော အရေးကိစ္စ အသီးသီးကို ယူဆောင်၍ ဆင်းသက် လာကြကုန်၏။
(၅) ထိုညဥ့်ကား နံနက်မိုးသောက်ချိန်တိုင် ငြိမ်းချမ်းသော ညပင် ဖြစ်ချေသတည်း။ (ငြိမ်းချမ်းမှုချည်း သာတည်း)။


>>>>>အထွေထွေ သိမှတ်ဖွယ်ရာ<<<<<


ကုရ်အာန် ကျမ်းတော်မြတ်၌ ကဒရ်ညမြတ်ကို လပေါင်း တစ်ထောင် (၈၃-နှစ်နှင့် ၄-လ)ထက် ထူးမြတ်ကြောင်း မိန့်ကြားထားတော်မူ၏။ ထိုညကို လက်လွတ်ခြင်း ခံရသောသူသည် အမှန်စင်စစ် ကောင်းကျိုး အလုံးစုံတို့မှ လက်လွတ်ခြင်းခံရသောသူ ပင်ဖြစ်သည်။ ယင်းည မြတ်တွင် ဗရ်ကသ် မင်္ဂလာများ မှာ ဖဂျရ်ချိန်တိုင် ကျရောက်လျက် ရှိသည်။ ထို့အတွက် လူတိုင်း သည် မိမိ အင်အားနှင့် အမျှ ကဒရ်ညမြတ်အား တစ်နှစ်ပတ် လုံးတွင် ကြိုးစား ရှာဖွေသင့်၏။ မတတ်နိုင်လျှင် ရမ်ဇာန် တစ်လလုံး၊ ဤသည်လည်း မတတ်နိုင်လျှင် ရမ်ဇာန်လ၏ နောက်ဆုံး(၁၀)ရက်၊ ထိုမျှလည်း မစွမ်းလျှင် ရမ်ဇာန်လ နောက်ဆုံး(၁၀)ရက်၏ မ'ညများ၊ နောက်ဆုံးအနေဖြင့် ရမ်ဇာန် ၂၇-ရက်ညကိုမူ ထူးခြားသော အခွင့်ရေးဟု မှတ်ယူကာ အိဗာဒသ်ပြု ရပေမည်။ ယင်းညမြတ်ကို မရလိုက်သည့်တိုင် အကျိုးစဝါးဗ်မှ လက်မဲ့ဖြစ်မည် မဟုတ်ပေ။ [၂]
လိုင်လသွလ် ကဒရ် ညမြတ်၌လည်း ရှဗ်ဗေ့ဗရာအသ် ကဲ့သို့ သီးသန့် အိဗာဒသ် ခ၀ပ်မှု သတ်မှတ်ထားခြင်း မရှိပါ။ မိမိတို့၏ စိတ်ထက်သန်ရာ မည်သည့် အိဗာဒသ် ခဝပ်မှုမျိုးကို မဆို ပြုလုပ်နိုင်သည်။ သို့ပေမယ့်လည်း ဟဇရသ် မော်လာနာ မုဖ်သီ အဗ်ဒုရှ်ရှကူးရ်၏ ရေးသားတင်ပြချက်အရ သိရှိရသည်မှာ ယင်းညတွင် ည၏ အချို့အစိတ်အပိုင်း၌ နဖလ် နမာဇ်များအား ၀တ်ပြုပြီး ကျန် အစိတ်အပိုင်းများ၌ ကုရ်အာန် ကျမ်းတော်မြတ်အား ရွတ်ဖတ် သရဇ္ဈယ်ခြင်းနှင့် ဇိကိရ် ဒိုအာများ၌ လုံပမ်း မွေ့လျော်နေရမည်။ [၃]
ရှဗေကဒရ်ဖြစ်စေ၊ ရှဗေဗရာသ်ဖြစ်စေ၊ နဖိလ် အေဗါဒသ်များကိုမူ မိမိတို့ အိမ်များတွင် ဆောက်တည်ထိုက်ပေသည်။ သို့မှသာ မိသားစု၊ ဇနီး၊ သားသမီးများပင် ကောင်းသော နမူနာကို ယူတတ်ကြမည်။ အေဗာဒသ်များ ဆောက်တည်လျက် အိပ်ငိုက်လာလျှင် အနားယူ အိပ်စက်လိုက်ပါ။ အိပ်ငိုက်လျက် ကုရ်အာန်ဖတ်နေပါက မှားယွင်းသွားနိုင်သည်။ တစ်ညလုံးမဟုတ်သော်လည်း တစ်နာရီမျှ အေဗာဒသ်ပြုခွင့် ရလျင်လည်း အကျိုးထူးပေမည်။ [၄]
ဆွလာသွသ် သောင်ဗဟ် ဖတ်၍ အရှင်မြတ်ထံ အမှားဝန်ခံ တောင်းပန်ပါ။ သေသူရှင်သူ အပေါင်း မဂ်ဖိရသ် ရရန် ဒုအာ တောင်းပါ။ အချိန်ရလျင် စူလာသွသ် သပ်စ်ဗီးဟ်လည်း ဖတ်နိုင်သည်။ ကွရ်အာန် သိလာဝသ်၊ တတိယ ကလေမဟ်၏ ဇိက်ရ်၊ ဒရူဒ် ရှရီးဖ်၊ သိဟဂ်ျဂျွဒ်၊ အေဗာဒသ် အားလုံး ပြုခွင့်ရှိသည်။ သို့သော် ဤနဖိလ် အေဗာဒသ်များကြောင့် ဖရပ်ဇ် ဂျမာအသ်များ မလွှတ်သင့်ကြောင်း မှတ်သားပါလေ။ [၄]
ကဒရ် ညဥ့်မြတ်၏ အိရှာအ် နမာဇ်နှင့် ဖဂျရ် နမာဇ်အား ဂျမာအသ်နှင့် ၀တ်ပြုသူသည်လည်း ထိုညဥ့်မြတ်၏ အကျိုး ကုသိုလ်များကို ရရှိပေလိမ့်မည်။ ထို့ထက်ပို၍ အိဗာဒ် ဆောက်တည်မှု ပြုသောသူမှာကား ၄င်းပြုသမျှနှင့် အညီ ကုသိုလ် အကျိုး စ၀ါးဗ်လည်း ပိုမို ရရှိမည်သာ ဖြစ်သည်။ ဆွဟီးဟ် မုစ်လင်မ်ကျမ်း၌ ဟဇ်ရသ် အုဆ်မားန်ဂနီ သခင်ဆင်ပြန့်သည့် "အကြင်သူသည် အိရှာအ် နမာဇ်အား ဂျမာအသ်နှင့် တကွ ဝတ်ပြုလျှင် ညဥ့်တစ်ဝက် အိဗာဒသ် ပြုလုပ်သည့် ဆဝါးဗ် ကုသိုလ် ရရှိလိုက်သူ ဖြစ်ပြီး (ထပ်မံ၍) ဖဂျရ် နမာဇ်ကိုလည်း ဂျမာအသ်နှင့် ၀တ်ပြုလိုက်သူ ဖြစ်လျှင်ကား တစ်ညတာလုံး နိုးကြားပြီး အိဗာဒသ်ပြုသော အကျိုးဆ၀ါးဗ်ကို ရရှိသူပင် ဖြစ်သည်" ဟူသော ကိုယ်တော်မြတ်၏ မိန့်ကြားချက်အား ဖော်ပြထားသည်။ (မအာရိဖုလ် ကုရ်အာန်ကျမ်း၊ တွဲ-၈၊ စာ-၇၉၃) [၅]
ဟဇ်ရသ် အာအိရှဟ် သခင်မ ကိုယ်တော်မြတ်အား ယားရစူလလ္လာဟ် အကယ်၍ ကျွန်မသည် ကဒရ်ညဥ့်မြတ်အား သိရှိခဲ့ပါလျှင် ယင်းညဥ့်၌ ကျွန်မသည် မည့်သည့် ဆုဒိုအာကို တောင်းဆိုရပါမည်နည်းဟု မေးလျှောက်ရာ ကိုယ်တော်မြတ်က


(အလ္လာဟွမ္မ အင်န္နက အဖုဝ်၀ွန်း သုဟစ်ဗ်ဗွလ် အဖ်ဝ ဖာအ်ဖု အန်းနီ)
၎င်းဒိုအာကို သင်ပေးတော်မူသည်။
၎င်းဒိုအာ၏ အဓိပ္ပာယ်မှာ . . ."အို အလ္လာဟ် အရှင်မြတ်၊ အရှင်မြတ်သည် ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသော အရှင် ဖြစ်တော်မူပါသည်။အရှင်မြတ်သည် ခွင့်လွှတ်ချမ်းသာပေးခြင်းကို နှစ်သက်တော်မူပါသည်။ သို့ရှိရာ ကျွန်တော်မျိုး/ကျွန်တော်မျိုးမအား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပါ"ဟူ၏။ (သိရ်မိဇီကျမ်း၊ မစ်ရှ်ကားသ်ကျမ်း) [၆]


>>>>>နဖိလ်ကျင့်စဉ် အချို့<<<<<


အောင်ဝါဗီးန် ဆွလားသ် မဂ်ရိဗ်နမာဇ်၏ စွန္နသ်ပြီးနောက် (၂)ရကအသ်စီ (၆) ရကအသ် ဖတ်ရ၏။ (၆)ရကအသ် ဖတ်လျှင် ၁၂-နှစ် တရားအားထုတ်သည့် စဝါးဗ်၊ (၁၂)ရကအသ် ဖတ်လျှင် ဂျန္နသ်၌ အိမ်တစ်လုံး ဆောက်လုပ်ပေးခြင်း ခံရမည် ဖြစ်ကြောင်း ဟဒီးဆ်တော်များတွင် လာရှိ၏။
သောင်ဝ်ဗဟ် ဆွလားသ် အကြင်သူသည် အပြစ်ဂုနာဟ် တစ်စုံတစ်ရာ ကျူးလွန်မိသွားပါက ဝုဇူနှင့်တကွ သောင်ဗဟ်နီယသ်ဖြင့် နမာဇ် (၂)ရကအသ် ဝတ်ပြုပြီး၊ အလ္လာဟ် အရှင်မြတ်ထံ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံမည်ဆိုလျှင် အရှင်မြတ်သည် ၄င်း၏ အပြစ်ဂုနာဟ်များအား လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူမည်။
ဟာဂျသ် ဆွလားသ် ရှရီအသ်က ခွင့်ပြုသော လိုအပ်ချက် တစ်စုံတစ်ရာ ဖြစ်ပေါ်လာ ပါက ဝုဇူနှင့်တကွ နဖိလ် နမာဇ်(၂)ရကအသ် ဝတ်ပြုပြီး၊ ဟဒီးဆ်တော်လာ ဆုမွန်ဒိုအာကို တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်သည် ၄င်း၏ လို အပ်ချက်ကို ဖြည့်ဆည်းပေးတော်မူမည်။
သဟဂ်ျဂျွဒ် ဆွလားသ် အိရှာနမာဇ်ဝတ်ပြုပြီးချိန်မှ စ၍ စဟ်ရီ နောက်ဆုံးချိန်အထိ အနည်းဆုံး (၂)ရကအသ်မှ အများဆုံး(၁၂) ရကအသ်အထိ ဝတ်ပြုနိုင်သည်။ အမြတ် ဆုံးမှာ ညထက်ဝက် သန်းခေါင်ယံ အချိန်ဖြစ်သည်။ အလ္လာဟ်အရှင် မြတ်နှင့် နီးစပ်ရန် အကြောင်းဖြစ်၏။ သူတော်စင်များ၏ လမ်းစဉ်ဖြစ်သည်။ ဂုနာဟ်များမှ တားဆီး၍ ဂုနာဟ်များကို ခွင့်လွှတ်ခြင်းလည်းခံရ၏။ ခန္ဓာ ကိုယ်ကို ကျန်းမာစေ၏။ ကဗရ်တွင် လင်းဝင်းစေ၏။


>>>>>အခြားဖတ်ရန်<<<<<


၁။ အာယသွလ်ကုရ်စီ (၄)ကြိမ် ဖတ်ပါက ကုရ်အာန် (၁)ကြိမ် ဖတ်သည့် (အကျိုး) စ၀ါးဗ် ရရှိမည်။ (သဖ်စိရိ မုဝါဟိဒွရ် ရဟ်မာန်)
၂။ စူရဟ်ဖာသိဟဟ် (၃)ကြိမ် ဖတ်ပါက ကုရ်အာန် (၂)ကြိမ် ဖတ်သည့် (အကျိုး) စ၀ါးဗ် ရရှိမည်။ (သဖ်စိရိ မုဝါဟိဒွရ် ရဟ်မာန်)
၃။ စူရဟ်သကာစွတ်ရ် (၁)ကြိမ် ဖတ်ပါက (ကုရ်အာန်) အာယသ်ပေါင်း (၁၀၀၀) ဖတ်သည့် (အကျိုး) စ၀ါးဗ် ရရှိမည်။ (မစ်ရှ်ကာသ်ကျမ်း) (ဟာကင်မ်ကျမ်း)
၎။ စူရဟ်ကဒရ် (၄)ကြိမ် ဖတ်ပါက ကုရ်အာန် (၁)ကြိမ် ဖတ်သည့် (အကျိုး) စ၀ါးဗ် ရရှိမည်။ (မွတ်စ်နဒေအဟ်မဒ်)
၅။ စူရဟ်အာဒိယဟ် (၂)ကြိမ် ဖတ်ပါက ကုရ်အာန် (၁)ကြိမ် ဖတ်သည့် (အကျိုး) စ၀ါးဗ် ရရှိမည်။ (သဖ်စိရိ မုဝါဟိဒွရ် ရဟ်မာန်)
၆။ စူရဟ်ဇိလ်ဇာလ် (၂)ကြိမ် ဖတ်ပါက ကုရ်အာန် (၁)ကြိမ် ဖတ်သည့် (အကျိုး) စ၀ါးဗ် ရရှိမည်။ (သဖ်စိရိ မုဝါဟိဒွရ် ရဟ်မာန်) (သစ်ရ်မေဇီကျမ်း)
၇။ စူရဟ်နဆ်ွရ် (၄)ကြိမ် ဖတ်ပါက ကုရ်အာန် (၁)ကြိမ် ဖတ်သည့် (အကျိုး) စ၀ါးဗ် ရရှိမည်။ (သဖ်စိရိ မုဝါဟိဒွရ် ရဟ်မာန်) (သစ်ရ်မေဇီကျမ်း)
၈။ စူရဟ်ကာဖိရူးန် (၄)ကြိမ် ဖတ်ပါက ကုရ်အာန် (၁)ကြိမ် ဖတ်သည့် (အကျိုး) စ၀ါးဗ် ရရှိမည်။ (သဖ်စိရိ မုဝါဟိဒွရ် ရဟ်မာန်) (သစ်ရ်မေဇီကျမ်း)
၉။ စူရဟ်အစ်ခ်လားဆွ် (၃)ကြိမ် ဖတ်ပါက ကုရ်အာန် (၁)ကြိမ် ဖတ်သည့် (အကျိုး) စ၀ါးဗ် ရရှိမည်။(ဗုခါရီကျမ်း)






ကျမ်းကိုး။ ။
[၁] ဖဟ်ဒ်ဘုရင် ကုရ်အာန် ကျမ်းတော်မြတ် ပုံနှိပ်တိုက်မှ ထုတ်ဝေသော ကုရ်အာန် ကျမ်းမြတ် မြန်မာဘာသာပြန်။
[၂] လမြတ်ရမဒွါန် (လက်ကမ်း စာစောင်)၊ အလ်ဟာဂ်ျမော်လာနာ ယအ်ကူးဗ် နူးရ်မုဟမ္မဒ် ဟဘီးဘ်။
[၃] ထူးကဲမြင့်မြတ်သော ညများနှင့် နဖိလ် နမာဇ်များ၊ မော်လာနာ ကာရီ ယူနွတ်စ်(မအူပင်)။
[၄] ရဂျဗ်၊ ရှအ်ဗာန်နှင့် ရှဗေဗရာသ် (လက်ကမ်းစာစောင်)။ မော်လာနာ ဟာဖိဇ် အဗ်ဒွလ်ကာဒိရ် (မဟ်မူဒီ)။
[၅] အလ်မီဇားန် အတွဲ(၄)၊ စာမျက်နှာ (၈၉)။
[၆] အလ်မီဇားန် အတွဲ(၄)၊ စာမျက်နှာ (၉၀)ပေးသနားခြင်း။
[၇] ဆွလာသ် အမျိုးအစားများ (လက်ကမ်း စာစောင်)၊ အလ်ဟာဂ်ျမော်လာနာ ယအ်ကူးဗ် နူးရ်မုဟမ္မဒ် ဟဘီးဘ်။
[၈] ဆွလာဝသ် စလာမ်၏ ဟဒီးဆ်တော်(၄၀)နှင့် (၉)မိနစ် (၉)ခသမ် စ၀ါးဗ် ရယူခြင်း။ မွဖ်သီ ကာရီ ယူစွဖ် (အဆ်အဒီ)

Aung Michel

Saturday, July 27, 2013

အလ္လာဟ်အရှင်မြတ်ရှိတော်မူကြောင်း အထောက်အထား (ကုရ်အာန်ကျမ်းလာအာယသ်တော်)

အလ္လာဟ်အရှင်မြတ် (ရဗ်-ခိုဒါ-ထာဝရအရှင်-ဖန်ဆင်းရှင်-ပရမတ်အရှင်-အသင်္ခတအရှင်) ရှိတော်မူကြောင်း အထောက်အထား

ဒီတစ်ခါတော့ ကျမ်းတော်မြတ်ကုရ်အာန်လာ အထောက်အထား တစ်ရပ်ကို ဆွေးနွေးပါ့မယ်။ ဒါဟာလည်း မသိသူကျော်သွား သိသူဖော်စား ဆိုသလိုပဲ အတွေးအခေါ်ကောင်းတဲ့လူတွေ၊ ပညာတတ်တွေ၊ သိပ္ပံပညာရပ် နှံ့စပ်ကျွမ်းကျင်သူတွေ၊ မြေကမ္ဘာအကြောင်းနဲ့ အာကာသအကြောင်း လေ့လာသူတွေ၊ မိုးလေ၀သနဲ့ ရာသီဥတု လေ့လာလိုက်စားသူတွေ၊ အမှန်တရားမြတ်နိုးသူတွေနဲ့ သစ္စာဝါဒီတွေအတွက် တွေးခေါ်မြော်မြင်စရာ အထောက်အထားတစ်ခုလည်း ဖြစ်ပါတယ်။

ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် အမှတ် ၂ အာယသ်တော်အမှတ် ၁၆၄ မှာ အလ္လာဟ်အရှင်မြတ်က ဒီလို မိန့်တော်မူထားပါတယ်။

“........ မိုးကောင်းကင်များနဲ့ ပထ၀ီမြေကို ဖန်ဆင်းတော်မူခြင်း၌ လည်းကောင်း၊ နေ့နှင့် ည ပြောင်းလဲခြင်း၌လည်းကောင်း၊ လူသားတို့အား အကျိုးဖြစ်စေသော အရာများကို တင်ဆောင်၍ ပင်လယ် သမုဒ္ဒရာများတွင် စုံဆန် သွားလာနေသော ရေယာဉ်များ၌လည်းကောင်း၊ မြေသေ မြေဟောင်း မြေသရောင်းကို ပြန်လည်ရှင်သန်စေပြီး (မြေသြဇာဖြစ်စေ၍ သစ်ပင်ဝါးပင်အမျိုးမျိုး ပေါက်ရောက်စေရန်အလို့ငှာ) မိုးကောင်းကင်မှ အလ္လာဟ်အရှင်မြတ် ရွာသွန်းစေတော်မူသော မိုးရေ၌လည်းကောင်း၊ ထိုမြေပြင်၌ ပေါက်ပွား ပြန့်နှံ့စေတော်မူသော တိရစ္ဆာန်အမျိုးမျိုး၌လည်းကောင်း၊ လေများကို တိုက်ခတ်စေတော်မူခြင်း၌လည်းကောင်း၊ မိုးနှင့်မြေကြားဝယ် (အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို) နာခံလျက်ရှိသော မိုးတိမ်များ၌လည်းကောင်း နိသမ္မဉာဏ်အရင်းခံ၍ စဉ်းစားဆင်ခြင် သိမြင်နားလည်ကြကုန်သော လူများအဖို့ မုချဧကန် (တစ်ဆူတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော် ဉာဏ်တော် ကရုဏာတော်များကိုညွှန်ပြသော) သက်သေ လက္ခဏာများရှိပေသတည်း။...........”

စကြဝဠာအပေါင်းကို ဖန်ဆင်းသောအရှင်သည် တစ်ပါးတည်းသာရှိကြောင်း

ဆန်းကြယ်လှစွာသော ဤစကြဝဠာကြီးသည် အလိုအလျောက်ဖြစ်ပေါ်လာသလော။ သို့မဟုတ် ဖန်ဆင်းတော်မူသော အရှင်တစ်ပါးရှိပါသလော။ ဤကား အီမာန် (ယုံကြည်မှု) နှင့် ကွဖ်ရ်(ငြင်းဆန်မှု) အကြား ပြဿနာကြီးတစ်ရပ်ပင်။ ကျွန်ုပ်တို့သည် ဤပြဿနာကို နိသမ္မဉာဏ် အရင်းခံ၍ တွေးဆ ဆင်ခြင်အပ်ပေသည်။

စကြဝဠာကြီးသည် တင့်တယ်ခမ်းနား နေထားကျစွာ မွမ်းမံ ခြယ်လှယ်ထားသော ဥယျာဉ်ကြီးနှင့် အလားတူပေသည်။ မိုးကောင်းကင်သည် ကျယ်ပြန့်လှ၏။ ဆန်းကြယ်လှ၏။ မိုးကောင်းကင်၌ နေ၊ လ၊ ကြယ်များကား အချိန်မှန်မှန် သွားလာလျက် ရှိ၏။ ထိုသို့ သွားလာနေသည်မှာလည်း ကမ္ဘာနှင့် လူသားကောင်းကျိုးအတွက်ဖြစ်၏။

ပထဝီမြေ၌လည်း မြေပေါ်မြေအောက် သဘာဝ သယံဇာတများကား ထူးထွေ ဆန်းပြားလှ၏။ မြေပေါ်တွင် ပေါက်ရောက်လျက်ရှိသော သစ်ပင်ကြီးငယ် အမျိုးမျိုး၊ ပန်းမာလ် အဖုံဖုံ၊ စားနပ်ရိက္ခာအဖြာဖြာနှင့် မြေမှထွက်သော ရွှေ၊ ငွေ၊ ကျောက်၊ သံ၊ ပုလဲ၊ သန္တာ၊ နီလာ၊ စိန်၊ ကြောင်၊ မြ၊ ဥဿဖရား၊ ပတ္တမြား စသော အလှဆင်ရတနာများနှင့် ရေနံ၊ ဓာတ်ငွေ့၊ ဓာတ်သတ္တု စသည့် လူ့အကျိုးပြု တွင်းထွက်တို့ကား အံဖွယ်မဆုံး ဖြစ်ပေသည်။

နေနှင့်လတို့သည် ကမ္ဘာအဝှန်းကို အလင်းရောင်ပေးလျက်ရှိ၏။ ခုနှစ်သက္ကရာဇ်နှင့် နေ့ည စသည့် အချိန်ပိုင်းခြားမှုတို့သည် နေနှင့် လတို့၏ အကျိုးကျေးဇူးပင်ဖြစ်သည်။ လူတို့သည် ယေဘုယျအားဖြင့် နေ့အချိန်တွင် လုပ်ငန်းခွင်ဝင်၍ ညအချိန်တွင် အေးချမ်းစွာ အိပ်စက်ကြ၏။ နေ့နှင့်ည ဖြစ်ပေါ်နေခြင်းတွင် အကျိုးကျေးဇူးများလှ၏။

သမုဒ္ဒရာ ပင်လယ်ကြီးငယ်တို့၌ ရေယာဉ်များသည် လူသားတို့အား အကျိုးဖြစ်ထွန်းစေသည့် ပစ္စည်းများကို တင်ဆောင်၍ နိုင်ငံတကာသို့ သွားလာလျက်ရှိကြ၏။ သမုဒ္ဒရာများတွင် ဖြစ်ပေါ်လေ့ရှိသော ရေတက် ရေကျ၊ မုတ်သုန်လေတို့မှာ အံ့သြဖွယ်ကောင်းလှ၏။ (စဉ်းစားမြော်မြင်တတ်သူတို့အဖို့ ထိုနိယာမတရားကို ဖြစ်ပေါ်စေသော အရှင်တစ်ပါး ရှိကြောင်းသိနိုင်၏။)

မိုးသည် အလ္လာဟ်အရှင်မြတ်အလိုတော်ရှိရာအချိန်တွင် အလိုတော်ရှိရာနေရာ၌ ရွာသွန်း၏။ ထိုမိုးရေကြောင့် သစ်ပင်ကြီးငယ်တို့သည် ရှင်သန်လျက်ရှိ၏။ ထိုအပင်တို့ကို အမှီပြု၍ သတ္တဝါတို့ရှင်သန်ရ၏။ အစာအာဟာရ၏ ရင်းမြစ်မှာ Plant (အစိမ်းရောင်ရှိအပင်) များသာဖြစ်ကြောင်း Biology ဘာသာရပ်က ပြသ၏။

လေသည် ရာသီအလိုက် လမ်းကြောင်းပြောင်း၍ တိုက်ခတ်၏။ လေသည် ရေထုမှဖြစ်ပေါ်သော အခိုးအငွေ့ (တိမ်တိုက်) များကို ကမ္ဘာအရပ်ရပ်သို့ ပို့ဆောင်လျက်ရှိ၏။  သက်ရှိဖြစ်သော အပင်နှင့် သတ္တဝါအပေါင်းတို့ ရက်စပီရေးရှင်း (Respiration) (စွမ်းအင်အသွင်ပြောင်းခြင်း) (အသက်ဆက်ခြင်း) ပြုလုပ်ရန် လေကို ရှူရှိုက်ရ၏။ ရေနှင့်လေသည် ကမ္ဘာတွင် အရေးအကြီးဆုံး ဖြစ်သည့်အလျောက် အပေါများဆုံးလည်း ဖြစ်၏။ ဤသည်လည်း အလ္လာဟ်အရှင်မြတ်၏ မဟာကျေးဇူးတော်တစ်ခုပင်။

မိုး၊ မြေ၊ ရေ၊ လေ၊ နေ၊ လ၊ ဂြိုဟ်၊ ကြယ်၊ ပင်လယ်၊ သမုဒ္ဒရာ အစရှိသည်တို့သည် အချင်းချင်း ဆက်သွယ်လျက်ရှိကြ၏။ တစ်ခုကိုတစ်ခု ကျေးဇူးပြုလျက်ရှိကြ၏။ အားအင်ဖြည့်တင်းလျက်ရှိကြ၏။ ဤကမ္ဘာ့စက်ယန္တရားကြီးတွင် လိုလေသေးမရှိပြည့်စုံ ကုံလုံနေ၏။ ထိုမျှ ကြီးကျယ်ခမ်းနားသော ကမ္ဘာနှင့် စကြဝဠာကြီးသည် အလိုအလျောက်ပေါ်ပေါက်လာပါသလော။ သာမန် အိုးအိမ် တိုက်တာ ဂေဟာတို့သည်ပင်လျှင် ဆောက်လုပ်သူမရှိဘဲ မဖြစ်ပေါ်နိုင်လျှင် ဤကမ္ဘာနှင့် လူသားအပါအဝင် စကြဝဠာကြီးသည် ပြုလုပ်စီရင်သူမရှိပဲ မည်သို့ ဖြစ်ပေါ်လာမည်နည်း။

(သစ်ဗယာနုလ်ကုရ်အာန် (ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်း) အတွဲ ၂ စာမျက်နှာ ၃၈၊ ၃၉ ကိုမှီငြမ်းပါသည်။)

ဖန်ဆင်းတော်မူသောအရှင်သည် မုချမသွေ ရှိကိုရှိရပေမည်။ ထိုအရှင်၏ နာမတော်သည် အလ္လာဟ် ဖြစ်သည်။ ထိုအရှင့်ကို ကျွန်ုပ်တို့ လောကီမျက်စေ့ဖြင့် မမြင်နိုင်ပေ။ အသိဉာဏ် အတွေးအခေါ်ဖြင့်သာ သိနားလည်နိုင်ပေသည်။ တစ်နည်း ထိုအရှင်သည် ကျွန်ုပ်တို့၏ မမြင်ကွယ်ရာတွင် ရှိ၏။ တစ်နည်း ထိုအရှင်သည် Time and Space တို့၏ ဘောင်ကန့်သတ်မှုများမှ လွတ်ကင်း၏။ ထိုအရှင်သည် အချိန်နှင့် နေရာတို့ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်၏။ Time and Space ၏ ကန့်သတ်မှုထဲတွင်ရှိသော ကျွန်ုပ်တို့လူသားများသည် ကန့်သတ်မှုရှိသည့်အရာ အချင်းချင်းသာ မြင်ရ၊ ကြားရ၊ သိရှိရ၏။ ကန့်သတ်မှုအပြင်ဘက်ရှိ အလ္လာဟ်အရှင်မြတ်ကို မတွေ့နိုင်ပေ။ တစ်နည်း ကွန်ပျူတာ သို့ စမတ်ဖုန်းအတွင်းရှိ ဤစာသားများကို ကျွန်ုပ်တို့ မြင်ရသော်လည်း စာသားများက ကျွန်ုပ်တို့ကို မမြင်ရသကဲ့သို့ဖြစ်၏။ ဒီထက်ပို၍လည်း ကျွန်ုပ် မရှင်းပြတတ်တော့ပေ။ အရှင်မြတ်ကို သိရှိခြင်းဖြစ်ပေါ်လာရန်မှာ အရှင့်သဘောတူ နှစ်မြို့မှု ရှိရန်လည်း လိုအပ်သည်။ ဝလ္လားဟုအအ်လမ်။

အို ....... အလ္လာဟ်အရှင်မြတ် ..... ရေးသားသူ၊ ဖတ်ရှုသူ တစ်ဆင့်ပြန်လည်မျှဝေသူ အားလုံးကို အီမာန်၏အရည်အချင်း တိုးတက်မြင့်မားစေတော်မူပါ။ မယုံကြည်သူများကို ယုံကြည်သူများအဖြစ် ဟိဒါယသ်ပေးသနားတော်မူပါ။ အာမီးန်။


အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Friday, July 26, 2013

ညဉ့် အိပ်ယာဝင်ချိန် ကျင့်စဉ်များ

ဒီနေ့ တင်ပြပေးချင်တဲ့ အာမလ်ကတော့ နေ့စဉ်နေ့တိုင်း လုပ်ရမဲ့ အာမလ်ပါ

ညဉ့် အိပ်ယာဝင်ချိန် ကျင့်စဉ်များ
အလ္လာအရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏

အခါတစ်ပါးက တမန်တော်မြတ်( ဆွ) ကိုယ်တော်က ဟဇရသ် အလီ(ရသွိ) သခင်အား မိန့်တော်မူသည်မှာ အိုအလီ၊ အသင်သည် ညဥ့် စဉ်တိုင်း ၅ခုသော ကောင်းမူကို ပြုမူ၍ အိပ်စက်ပါလေ။

၁။ ဒီနားရ် ဒင်္ဂါ လေးထောင် ဆွဒကာဟ်ပေးလှူ၍ အိပ်လော့၊
၂။ ကုရ်အာန်ကျမ်းမြတ်ကို အစအဆုံး တစ်ကြီမ်ဖတ်၍ အိပ်လော့။
၃။ဂျန္နသ် ဥယျာဉ် ဘုံနန်း၏ အဖိုးအခကိုပေး၍ အိပ်လော့။
၎။ခိုက်ရန် ဖြစ်ပွားနေသူ နှစ်ဦးကို ဖြန်ဖြေ၍ အိပ်လော့။
၅။ ဟဂ်ျ တစ်ကြီမ်ပြုလုပ်၍ အိပ်လော့။

ထိုအခါ ဟဇရသ် အလီ(ရသွိ) သခင်က ပြန်လည်မေးလျှောက်သည်မှာ- ယာရစူလလ္လာဟ် ဤအရာများကား ကြီးလေးခက်ခဲလှပေစွ၊ အဘယ်မှာ ကျွန်တော်မျိုး ပြုမူပါအံနည်း၊ ထိုအခါ ကိုယ်တော်မြတ်က ထပ်ဆင့်၇ှင်းလင်း၍ မိန့်တော်မူသည်မှာ-

၁။စူရာဟ်ဖွာသေဟဟ်(အလ်ဟမ်းဒုလစ်လ္လားဟ်) အစအဆုံး လေးကြိမ်ဖတ်၍ အိပ်ပါလေ၊ဤသည်ကား ဒီနားရ် ဒင်္ဂါလေးထောင် ဆွဒကာဟ်ပေးလှူခြင်းနှင့် ညီမျှသောအကျိုးစ၀ါဗ်ကို သင်၏ အမလ်နာမလ် မှတ်တမ်းတွင် ရေးမှတ်ခြင်းခံ၇ပေအံ။

၂။စူရာဟ် အစ်ခ်လားဆွ် (ကွလ်ဟုဝလ္လားဟုအဟာဒ်) အစအဆုံး သုံးကြိမ်ဖတ်၍ အိပ်ပါလေ၊ ဤသည်ကား ကျမ်းတော်မြတ်ကုရ်အာန် အစအဆုံး တစ်ခေါက်ဖတ်သည်နှင့် ညီမျှသော အကျိုးစ၀ါဗ်ကို ရရှိပေအံ့။

၃။ဒရူးဒ်ရှရီးဖ် သုံးကြိမ်ဖတ်၍ အိပ်ပါလေ၊ ဤသည်ကား ဂျန္နသ် ဥယျာဉ်ဘုံနန်း၏အဖိုးအခကို ပေးဆောင်၇ာမည်ပေသည်။

၎။အစ်သစ်ဂ်ဖာရ်း(အပ်စ်သတ်ဂ်ဖိရွလ္လာ) ဆယ်ကြိမ် ဖတ်၍ အိပ်ပါလေ။ ဤသည်ကား ခိုက်ရန်ဖြစ်ပွားနေသူနှစ်ဦးအား သင့်မြတ်အောင် ဖြန်ဖြေပေးသည်နှင့် ညီမျှပေသည်။

၅။ တတိယကလိမဟ် (ကလိမဟ်သမ်ဂျီးဒ်)ကို လေးကြိမ်ဖတ်၍ အိပ်ပါလော့။ ဤသည်ကား ဟဂ်ျတစ်ကြိမ်ပြုလုပ်သည့် အကျိုးစ၀ါဗ်ရရှိမည်ဖြစ်ပါသည်။

စာဖတ်သူအားလုံး အမာလ်လုပ်နိုင်တဲ့စွမ်းအား အလ္လာအသျှင်ချီးမြှင့်တော်မူပါစေ။ အားမီးန်။

(ချယ်ရီမေ)

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

မပေါင်းသင့်သူများ (၁၄) ယောက်

မပေါင်းသင့်သူများ (၁၄) ယောက်
===================

(၁) မကောင်းမှုကို ပြုသူများ

(၂) မုသားပြောတတ်သူများ

(၃) ကိုယ်ကျိုးကိုသာ အလိုရှိလို့  ဆည်းကပ်လာသူများ

(၄) အယောင်ဆောင် သူတော်ကောင်းများ

(၅) နှုတ်နဲ့ သာ အဆွေခင်ပွန်းဖွဲ့ တတ်ပြီး ကိုယ်မပါတဲ့သူများ

(၆) နှုတ်ပြောတစ်ခြား အလုပ်တစ်ခြား ပြုမူပြောဆိုတတ်သူများ

(၇) အရှက်အကြောက် မရှိတဲ့သူများ

(၈) ကျေးဇူးကို မသိတတ်သူများ

(၉) မုန်းလွယ် ချစ်လွယ်သော စိတ်ရှိသူများ

(၁၀) အန္တရာယ်ပြုရအောင် ပေါင်းဖော်လာသူများ

(၁၁) စကားမတည်၊ ဒုစရိုက်အလုပ်တွေကို ပြုလုပ်ပြီး တွေ သမျှသတ္တ၀ါတွေ ကိုညှင်းဆဲတတ်သူများ

(၁၂) စကားသာပြေပြစ်ပြီး စိတ်မပါပဲ ဟန်ဆောင်ပေါင်းကာ အခွင့်အရေးရှာတတ်တဲ့ သူများ

(၁၃) မြင်မြင်သမျှကို လိုချင်မက်မောတတ်တဲ့အပြင် မိတ်ဆွေကိုပါ ဖျက်ဆီးသွားတတ်သူများ

(၁၄) နှုတ်ကသာချိုသာပြီး စိတ်ကောက်တတ်တဲ့ သူများ။

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Thursday, July 25, 2013

အစၥလာမ္ဘာသာ

အစၥလာမ္ဘာသာ
========

အစ္စလာမ်သည့် စကြဝဠာခပ်သိမ်းကုန်တို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလုံးစုံကို သိမြင်တော် မူ၍ ပြည့်စုံတော်မူသော တစ်ဆူတည်း၊ တစ်ပါးတည်းဖြစ်တော်မူသော မဟာကရုဏာရှင် ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ် ဟောကြားတော်မူအပ်သော ဒေသနာတော်မြတ်ဖြစ်ပေသည်။ နှစ်ဘဝ၏ ငြိမ်းချမ်းသာယာမှုကိုညွှန်ပြသည်။အစ္စလာမ်သည် “နာခံခြင်း”ဟူသော အထူးဝိသေဂုဏ်ပုဒ်တစ်ခုကိုဆောင်လျက်ရှိသည်။ အစ္စလာမ်၏အဓိက ရည်ရွယ်ချက်မှာ မိမိဆောင်ထားသော အစ္စလာမ်တည်းဟူသောဂုဏ်ပုဒ်ကို လူသားအားလုံးအား တပ်ဆင်ပေးရန်ပင်ဖြစ်သည်။ ထို့အတွက်ကြောင့်ပင် ခေတ်မရွေး၊ ပြည်မရွေး၊ လူမျိုးမရွေး၊ အုပ်စုမရွေး၊လူတန်းစားမခွဲ၊ ဖြူနက်မခြား အစ္စလာမ်တည်းဟူသော ဂုဏ်ပုဒ်နှင့်ပြည့်စုံကြကုန်သော ပုဂ္ဂိုလ်မွန်တို့သည်အတိတ်ခေတ်တွင်လည်း မွတ်စလင်များပင်ဖြစ်ကြသည်။ ယခုပစ္စုပ္ပန်တွင်လည်း မွတ်စလင်များပင်ဖြစ်ကြသည်။ နောင် အနာဂတ်တွင်လည်း မွတ်စလင်များပင်ဖြစ်ကြမည်။အစ္စလာမ်ဟူသောပုဒ်သည် “နာခံခြင်း”အဓိပ္ပာယ်ပေးသည် အစ္စလာမ်ဟုအမည်သမုတ်ခြင်းမှာလည်း ဤအယူဝါဒကို လက်ခံနာယူသော မွတ်စလင်တိုင်းသည် အရေးကိစ္စအဝ၀တွင် အလ္လာဟ်အရှင်မြတ်၏ ဒေသနာမြတ်များကို ဦးလည်မသုန် လိုက်နာကျင့်သုံးရခြင်းကြောင့်ပင်ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်သည် စကြဝဠာအဝန်းကို စတင်ပြုစုပျိုးထောင်တော်မူသော ပိုင်ဆိုင်စိုးမိုး စီမံ ကွပ်ကဲအုပ်ချုပ်တော်မူသော အရှင်သခင်ဖြစ်တော်မူပေရာ တစ်နည်းဆိုသော် စကြဝဠာရှင်၏ အမိန့်တော်နာခံခြင်းပင်စကြဝဠာတွင် ငြိမ်းချမ်းသာယာမှုကို ဖန်တီးရာမည်သည်။ သို့ဖြစ်ရာ အစ္စလာမ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးဝါဒဖြစ်၍မွတ်စလင်သည် ကမ္ဘာ့ငြိမ်းချမ်းရေးဝါဒီဖြစ်သည်။

မုဟမ္မဒ်(ဆွ)နှင့်ကုရ်အာန်ကျမ်းတော်မြတ်
========================

အလ္လာဟ်အရှင်မြတ်သည် ယခင်နှစ်ပေါင်း(၁၄၀ဝ)ကျော်က ကမ္ဘာသူ ကမ္ဘာသားအားလုံးကို ကရုဏာ တရားပွားများ၍ နှစ်ဘဝ၏ သုခချမ်းသာအဖြာဖြာကို ရစိမ့်သောငှာ တမန်တော်အပေါင်းတို့၏ အချုပ် ဖြစ်သောတမန်တော်မြတ် မုဟမ္မဒ်အား (ကောင်းချီးမင်္ဂလာအဖြာဖြာသည် တမန်တော်မြတ်အပေါ်သို့ သက်ရောက်ပါစေ)နောက်ဆုံးတမန်တော်အဖြစ် စေလွှတ်တော်မူ၍ ကျမ်းဂန်အပေါင်းတို့၏ အချုပ်ဖြစ်သော ကုရ်အာန်ကျမ်းမြတ် ကိုလည်း တမန်တော်မုဟမ္မဒ်ထံသို့ ချပေးသနားတော်မူခဲ့ပေသည်။ ကုရ်အာန်ကျမ်းမြတ်သည် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်ဖြစ်သည်။ တမန်တော်မြတ်သည်မိမိကျရောက်လာခဲ့သော ကုရ်အာန်ကျမ်းလာ အာယသ်တော်များကို အချိန်မလင့်စေဘဲ စနစ်တကျ ရေးမှတ်စေတော်မူခဲ့သည်။ အာဂုံဆောင်စေတော်မူခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်ကို စလယ်ဆုံး အာဂုံဆောင်ထားကြသော (ဟာဖစ်ဇ်)အာဂမဓရတို့၏ နှလုံးသားများတွင်လည်းကောင်း တည်ရှိနေပေသည်။ ကမ္ဘာအရပ်ရပ်တွင် ကုရ်အာန်ကျမ်းမြတ်အစောင်ပေါင်းအသင်္ချေ၊ အသင်္ချာရှိငြားသော်လည်း တစ်စောင်နှင့်တစ်စောင်အကြား ပုဒ်၊ပဒ၊ သရ၊ သုညမှအစ ကွဲပြားမှုအလျင်းမရှိဘဲ ပကတိအတိုင်း လုံးလုံးလျားလျား တစ်မျိုးတည်း တစ်စားတည်းပင်ရှိနေသည်မှာ ကုရ်အာန်ကျမ်းမြတ်၏ ထူးခြားချက်တစ်ရပ်ဖြစ်သည်။ ဤသည် “ကုရ်အာန် ကျမ်းမြတ်ကိုငါအရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူ၍ ယင်းကျမ်းမြတ်ကို ငါအရှင်မြတ်ကိုယ်တော်တိုင် ထိန်းသိမ်း စောင့်ရှောက်တော်မူမည်”ဟူသော ဗျာဒိတ်တော်၏ကျေးဇူးပင်ဖြစ်သည်။ (ကုရ်အာန် ၁၅း၉ ကိုရှု) “ကုရ်အာန်” ဟူသောပုဒ်သည် များစွာရွတ်ရသောကျမ်းဟု အနက်ပေးထားသည်။ ကုရ်အာန်ကျမ်းမြတ်သည် နာမည်နှင့်အညီယနေ့တိုင် ကမ္ဘာတွင်အများဆုံးရွတ်ဖတ်သရဇ္ဈာယ်ရသောကျမ်းတစ်ဆူလည်းဖြစ်ပေသည်။ တမန်တော်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို ဦးထိပ်ထားကာ အစ္စလာမ်အယူဝါဒကို လက်တွေ့ကျင့်သုံး ပြသတော်မူခဲ့သည်။ တိုတောင်းလှစွာသော (၂၃)နှစ်အတွင်း တိရစ္ဆာန်တမျှ ဆိုးသွမ်းမိုက်မဲ လမ်းလွဲလျက်ရှိနေခဲ့ကြသောသူများအား အမှောင်ခွင်း၍ အလင်းသို့ ဆောင်တော်မူခဲ့သည်။ လူ့ဘဝတွင် လူရိုင်း တို့အားယဉ်ပါးစေတော်မူခဲ့သည်။ လူ့ဘဝတွင် အောက်ဆုံးအဆင့်သို့ရောက်ရှိနေခဲ့ကြသော သူတို့အား လူ့ဘဝအထွတ်အထိပ်သို့ တင်ဆောင်ပေးတော်မူခဲ့သည်။ တမန်တော်မြတ်သည် အစ္စလာမ် အယူဝါဒကို မိမိကိုယ်တိုင်ကျင့်သုံး ပြသတော်မူခဲ့သည်သာမက စံပြမွတ်စလင်အုပ်စုကြီးတစ်ခုလုံးကိုလည်း မွေးထုတ်ထားတော်မူခဲ့ ပေသည်။အစ္စလာမ်အယူဝါဒသည် တစ်နေ့တစ်ခြား ပျံ့ပွားလာခဲ့ပေရာ ယနေ့မွတ်စလင်တို့သည် ကမ္ဘာအရပ်ရပ်တွင် ပျံ့နှံ့လျက်ရှိကြပေသည်။

အစ္စလာမ်၏ယုံကြည်ချက်များမှာ
=================

(၁) အလ္လာဟ်အရှင်မြတ်အား ယုံကြည်ခြင်း။

(၂) ထိုအရှင်မြတ်၏ ကောင်းကင်တမန်များကို ယုံကြည်ခြင်း။

(၃) ထိုအရှင်မြတ်၏ ကျမ်းဂန်များကို ယုံကြည်ခြင်း။

(၄) ထိုအရှင်မြတ်၏ တမန်တော်များကို ယုံကြည်ခြင်း။

(၅) စကြဝဠာပျက်ဆီးဆိတ်သုဉ်းမည့်နောက်ဆုံးနေ့ကို ယုံကြည်ခြင်း။

(၆) သေပြီးနောက် ရှင်ပြန်ထရမည်ကိုယုံကြည်ခြင်းဟူ၍ဖြစ်သည်။

အစ္စလာမ်၏ အမြစ်တရားငါးပါးမှာ
==================

(၁) အလ္လာဟ်အရှင်မြတ်မှတပါး ကိုးကွယ်ရာဟူ၍အလျဉ်းမရှိသည်ကိုလည်းကောင်း၊ တမန်တော်မြတ် မုဟမ္မဒ်သည် ထိုအရှင်မြတ်၏ တမန်တော်ဖြစ်သည်ကိုလည်း ယုံကြည်သက်သေခံခြင်း။

(၂) ဆွလာသ်ဆောက်တည်ခြင်း (ဝတ်ပြုခြင်း)။

(၃) ဇကားသ်ပေးလှူခြင်း။

(၄) ဆွီယာမ် ဥပုသ်ဆောက်တည်ခြင်း။

(၅) ဟဂ်ျပြုခြင်းဟူ၍ဖြစ်လေသည်။

အစ္စလာမ်၏ယုံကြည်ချက်များကို လက်ခံယုံကြည်သူ မွတ်စလင်တစ်ဦးသည် တမန်တော်မြတ် ချမှတ်တော်မူသည့် ကျင့်စဉ်ကျင့်ရပ်များနှင့်အညီ တစ်နေ့လျှင်ငါးကြိမ် ဆွလာသ်ဆောက်တည်ရသည်။ စားဝတ်နေရေးအတွက်လိုအပ်သည်ထက်ပိုသော ဥစ္စာပစ္စည်းများထဲမှ ဆင်းရဲသားများအား ဇကားသ် ပေးလှူရသည်။ တစ်နှစ်တွင် တစ်လ ဆွီယာမ်ဥပုသ်ဆောက်တည်ရသည်။ ခရီးစရိတ်တတ်နိုင်လျှင် တစ်သက် တစ်ခါမက္ကာမြို့တော်သို့ သွားရောက်၍ ဟဂ်ျပြုရသည်။ ဤသည်ကား အစ္စလာမ်၏ အခြေခံယုံကြည်ချက်များနှင့်ကျင့်စဉ်များဖြစ်ပေသည်။

လူတန်းစားမခွဲ
========

အစ္စလာမ်အယူဝါဒတွင် လူတန်းစားခွဲခြားမှုအလျဉ်းမရှိ။ အဖြူသည် အနက်ထက်မသာ၊ ကိုယ်ကျင့်တရား ကောင်းခြင်းအားဖြင့် တစ်ဦးထက်တစ်ဦးသာနိုင်ပေသည်။ “အို-လူသားအပေါင်းတို့၊ အသင်တို့အရှင်သခင်သည် တစ်ပါးတည်း၊ အသင်တို့၏ဖခင်သည် တစ်ဦးတည်း၊ အာရဗ်လူမျိုးသည် အခြားလူမျိုးထက်မသာ၊ အနီသည် အနက်ထက်မသာ၊ အနက်သည် အနီထက်မသာ၊ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေခန့်ညား၍ စင်ကြယ်သန့်ရှင်း အပြစ်ကင်းခြင်း အားဖြင့်သာလျှင် တစ်ဦးထက်တစ်ဦးသာသည်။ ”

“စလာမ်”မေတ္တာ
========

မွတ်စလင်များသည် တစ်ဦးနှင့်တစ်ဦးတွေ့ဆုံကြသည့်အခါ (အတ်စ္စလာမုအလိုင်ကွန်မ်) “အသင်တို့အပေါ်၌ ငြိမ်းချမ်းသာယာမှု အစုစုသက်ရောက်ပါစေ”ဟု မေတ္တာပို့သကြသည်။ မေတ္တာပို့သခြင်း ခံရသူများကလည်း (ဝအလိုင်ကု မုစ္စလာမ် ဝ-ရဟ်မတုလ္လာဟ်၊ ဝ-ဗုရကာတူဟူ)၊ “အသင်တို့အပေါ်၌လည်းငြိမ်းချမ်းသာယာမှုအစုစု သက်ရောက်ပါစေ။ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်နှင့် မင်္ဂလာတော်များ လည်းသက်ရောက်ပါစေ”ဟု မေတ္တာတုံ့ပြန်ကြပေသည်။ ဤသို့ဖြင့် မွတ်စလင်တို့စုဝေးရာဌာနများတွင်မေတ္တာသံများသည်ပဲ့တင်ထပ်မျှဖြစ်ရှိနေပေသည်။ “ကျွန်ုပ်သည် မိမိ၏အရှင်အား တိုင်တည်ပြောအံ့။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားမယုံကြည်သမျှကာလပတ်လုံး အလ္လာဟ်အရှင်မြတ်အား ယုံကြည်နိုင်ကြမည်မဟုတ်။ ကျွန်ုပ်သည် အသင်တို့အား အသင်တို့အချင်းချင်း ချစ်ခင်ရန်လမ်းစဉ် ညွှန်ပြမည်။ ထိုလမ်းစဉ်ကား အခြားမဟုတ်။ အသင်တို့ အချင်းချင်း ဖြူစင်ပွင့်လင်းစွာ စလာမ်မေတ္တာကို ပို့သကြကုန်”

မွတ်စလင်ဂုဏ်ရည်
========

အစ္စလာမ်အယူဝါဒကို လက်ခံနာယူကျင့်သုံးသူတစ်ဦးသည် -

(၁) ယုံကြည်ချက် မှန်ကန်ရမည်။

(၂) ပတ်ဝန်းကျင်နှင့် ဆက်ဆံမှုပြေပြစ်ရမည်။

(၃) သူတစ်ပါးအကျိုးဆောင်ရမည်။

(၄) သီလကောင်းရမည်။

(၅) ဇွဲသတ္တိရှိရမည်။

ဤအကြောင်းနှင့်စပ်လျဉ်း၍ ကုရ်အာန်ကျမ်းမြတ်တွင် အောက်ပါအတိုင်း မိန့်ဆိုထားတော်မူသည်။ “အရှေ့ဘက်၊ အနောက်ဘက်သို့ မျက်နှာမူခြင်းသည် ကောင်းမြတ်သည်မဟုတ်။ ကောင်းမြတ်သောသူမွန်သူမြတ်တို့ကား အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ ကောင်းကင်တမန်များကိုလည်းကောင်း၊ ကျမ်းဂန်များကိုလည်းကောင်း၊ တမန်တော်အပေါင်းကိုလည်းကောင်း ယုံကြည်ကြသည်။ ထို့ပြင် ၄င်းတို့သည် မိမိတို့ဥစ္စာ ပစ္စည်းများကို ခုံမင်ကြပါလျက် ဆွေဆင်းရဲ မျိုးဆင်းရဲများကို လည်းကောင်း၊ မိတဆိုး ဖတဆိုးများကိုလည်းကောင်း၊ ဆင်းရဲသားများကိုလည်းကောင်း၊ ဒုက္ခသည် ဧည့်သည်များကိုလည်းကောင်း၊ လက်ဖြန့်တောင်းခံစားနေကြရှာသော သူတောင်းစားများကိုလည်းကောင်း၊ ကျေးကျွန်များကို ကျွန်ဘဝမှ လွတ်မြောက်စေရာတွင်လည်းကောင်း လှူဒါန်းပေးကမ်း ကြသည်။ ထို့ပြင် ၄င်းတို့သည် ဆွလာသ်ဝတ်ပြုကြသည်။ ဇကားသ်ပေးလှူကြသည်။ ကတိတည်ကြသည်။ ထို့ပြင်တဝ ၄င်းတို့သည် ဆင်းရဲနွမ်းပါးသည့်အခါတွင်လည်းကောင်း၊ ရောဂါဖိစီးသည့်အခါတွင်လည်းကောင်း၊ စစ်မက်ဖြစ်ပွားနေကြသည့် အခါတွင်လည်းကောင်း ကြံ့ခိုင်စွာရပ်တည်နေကြသည်။ ဤဂုဏ်ရည်များနှင့်ပြည့်စုံသူများသည် သစ္စာဝါဒီများဖြစ်ကြပေသည်။ ဤပုဂ္ဂိုလ်များသာလျှင် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေခန့်ညားသော သူမွန်သူမြတ်အားဖြစ်ကြပေသည်။ ”(ကုရ်အာန် ၂း၁၇၇)

အစရှိသဖြင့်တို့ဖြစ်ကြပါသည်။

Aung Michel

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။


Tuesday, July 23, 2013

နိုင်ငံတကာသို့ရောက်ရှိနေသူ မြန်မာပြည်က မွတ်စလင်များအတွက် ဘာသာရေးစာအုပ် Link များ


သစ်ဗယာနုလ်ကုရ်အာန် (212MB) ရှိပါတယ်။ ဒါက ဆရာကြီးဃာဇီလက်ထက်က ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်းဆိုတဲ့နာမည်နဲ့ ၂၈ အုပ်ပါ။

https://docs.google.com/file/d/0B9rQKHXUD_2KNkcyOXpNZnQwcWM/edit?usp=sharing

မဒီနာဟ်ကုရ်အာန် နှစ်အုပ်တွဲ စူရာအမှတ်စဉ်နှင့် အသင့်စီပြီး လင့်ခ် (63) MB ရှိပါတယ်။ ဒါက ဆော်ဒီနိုင်ငံထုတ် ကျမ်းမြတ်ကုရ်အာန်ဘာသာပြန် ပါ။

https://docs.google.com/file/d/0B9rQKHXUD_2KVVNzMFZoakFSQW8/edit?usp=sharing

ဒီးန်ကီးဘာတင်း -  ဒီစာအုပ်ကတော့ အစ္စလာမ့်ပညတ်ချက် မဆ်အလာ များကို စုစည်းရေးသားထားတဲ့စာအုပ်ပါ။

https://docs.google.com/file/d/0B3E99lCpDfC3dWpNX1Nab09YV0k/edit

သမုဒ္ဒရာအောက်မှ ပုလဲလုံးများ - ဒီစာအုပ်က ကျမ်းတော်မြတ်ကုရ်အာန်လာ အာယသ်တော်များနဲ့ အခြား သူတော်စဉ်တို့၏ ကျင့်စဉ်များ စုစည်းထားတဲ့ အအ်မာလ်ပိုင်းဆိုင်ရာစာအုပ်ပါ။

https://www.box.com/shared/k5op16q8n3

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင် ဝန်ကြီးဟောင်း M.A. ရာရှစ်

တကသ/ဗကသ ဥက္ကဌ ဦးရာရှစ် မိတ်ဆက်

ယနေ့ဒီမိုကရေစီဖေါ်ဆောင်နေသည့်ခေတ်ကြီးတွင် အဖွဲ့အစည်း သမဂ အမျိုးမျိုးတို့ဖွဲ့စည်းနေကြသည်ကို တွေ့နေရသည်။ ယင်းတို့တွင် တကသိုလ် ကျောင်းသားများ သမဂ္ဂ သည် လည်း တစ်ခုအပါ အ၀င်ဖြစ်ပေရာ ယခုအခါတွင် ပြန်လည်ဖွဲ့စည်းနေကြလေပြီးဖြစ်သည်။ သို့ဖြစ်ပေရာ မူလ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ မည်သို့မည်ပုံ ဖြစ်ပေါ်လာသည် ကို သိရှိစေရန် သမိုင်းမှတ်တိုင် တစ်ခုတိုကတင်ပြလိုက်ပါသည်။

အမ်အေ၊ ရာရှစ်

အိမ်ယာဆောက်လုပ်ရေးနှင့် အလုပ်သမားဝန်ကြီးဟောင်း၊

ယခု ကုန်သွယ်မှု တိုးတက်ရေးနှင့် အလုပ်သမားဝန်ကြီး၊

အသက် -၄၃-နှစ်

ပညာအရည်အချင်း

၁။ ရန်ကုန်တက္ကသိုလ် ဘီ၊အက်၊စီ၊(သိပ်္ပံတန်း)

၂။ ဘီ၊အယ်လ်၊ ၀တ်လုံစာမေးပွဲကိုလည်းအောင်မြင်ခဲ့သည်။

တာဝန်ဆောင်မှုများ၊

၃။ အလုပ်သမား အစည်းအရုံးအများအဖွဲ့ချုပ်(ဗမာနိုင်ငံ)၏

ဒုတိယ ဥက္ကဌ။

၎။ ထွက်ကုန်ပူးပေါင်းဆောင်ရွက်ရေးနှင့် တိုးတက်ရေးကော်မတီ ဥက္ကဌ။

၅။ ဗမာပြည် ကမ္ဘာ့ရေးရာအသင်း ဥက္က ဌ။

၆။ တက္ကသိုလ်ကောင်စီတွင် လူမျိုးစုလွှတ်တော်ကိုယ်စားလှယ်။

၇။ လူမှုဖူလုံရေးအဖွဲ့ဥက္ကဌ။

၈။ ဆိပ်ကမ်းအလုပ်သမား ဘုတ်အဖွဲ့ဥက္ကဌ။

၉။ ကုန်သွယ်မှုတိုးတက်ရေးနှင့် အလုပ်သမားဝန်ကြီး။


တိုင်းပြည်အတွက် ဆောင်ရွက်ချက်များ

ကျောင်းသားခေတ်

၁၀။ ရန်ကုန်တက္ကသိုလ်ကျောင်းသား များသမဂ္ဂ ကို စတင်တည်ထောင်ရန် ဦးဆောင်သော ပုဂိ္ဂိုလ် တစ်ဦးဖြစ် သည့်ပြင်၊ သမဂ်္ဂစည်းမျဉ်းဥပဒေရေးဆွဲရာ၌ အမှုဆောင်လူကြီး အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

၁၁။ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဆောက်အဦးကို ကျောင်းသားများလက်သို့ ရောက်ရှိရေးအတွက် အထူးတလည် ဆောင်ရွက်ပေးခဲ့သည်။

၁၂။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ပထမဆုံးအထွေထွေအတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၃။ ၁၉၃၆ ခုနှစ် တက္ကသိုလ်ကျောင်းသားများသမဂ္ဂတွင် ၀န်ကြီးချုပ်ဦးနု ဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့စဉ်က ဒုတိယ ဥက်္ကဌအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဗိုလ် ချုပ်အောင်ဆန်း၊ ၀န်ကြီး ဦးကျော်ငြိမ်းတို့လည်း အမှုဆောင်အဖြစ် ပါဝင်ဆောင် ရွက်ခဲ့ကြပါသည်။

၁၄။ ၁၉၃၇ ခုနှစ်တွင် ၁၁။ တက်္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဥက္ကဌ အဖြစ်ဆောင် ရွက်ခဲ့သည်။ ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်းမှာ သမဂ္ဂ၏ ဒုတိယ ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့ ပါသည်။

၁၅။ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများညီလာခံကျင်းပရေးနှင့် ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ်္ဂတည်ထောင်ရေးအတွက် စတင်ဦးဆောင်ခဲ့ပါသည်။ ထိုပထမ ညီလာ ခံကြီး တွင်ဝန်ကြီးချုပ် ဦးနု က ဥက်္ကဌအဖြစ်ဆောင်ရွက်ပြီး၊ အမ်၊ အေ၊ ရာရှစ် က ဧည့်ခံကော်မတီဥက်္ကဌ အဖြစ်ဆောင်ရွက်ခဲ့ပါသည်။

၁၆။ ထိုညီလာခံကြီးက ရွေးကောက်တင်မြှောက်သဖြင့် ပထမဆုံး ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ်္ဂ၏ ဥက်္ကဌ အဖြစ် ဆောင်ရွက်ခဲ့ပါသည်။

၁၇။ ကျောင်းထွက်ပြီးနောက် ၀တ်လုံအဖြစ်လုပ်ကိုင်ဆောင်ရွက်လျက် တိုင်းပြည်တာဝန် ကို တစ်ဖက်တစ်လမ်းဆောင်ရွက်ခဲ့သည်။

၁၈။ လက်ရှိတိုင်းပြည်ခေါင်းဆောင်များနှင့် ရှေးနှစ်ပေါင်းများစွာကပင် ခင်မင်ရငှ်းနှီးသော မိတ်ဆွေမျာုးဖြစ်ခဲ့သည့်ပြင် မျိုးချစ်စိတ်ဓါတ်ရှိသူတစ်ဦးဖြစ်ပါသည်။

၁၉။ အလုပ်သမားရေးရာဘက်တွင် အထူးစိတ်ဝင်စားခဲ့သည့်အလျောက် ၊သံလျှင် ဘီ- အို-စီ ရေနံချက်စက်ရုံအလုပ်သမားများ သမဂ်္ဂနှင့်ဆက်သွယ်မှုရရှိခဲ့ပြီး၊ ၄င်းသမဂ်္ဂ ၏စေတနာ့ဝန်ထမ်း ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သည်။

၂၀။ ဈေးဆိုင်အလုပ်သမားများ၊ သက်သာချောင်ချိရေးအသင်း ဥက်္ကဌ အဖြစ်ဆောင်ရွက် ခဲ့စဉ်၊ ဈေးဆိုင်အလုပ်သမားများနှင့်တကွ၊ အလုပ်တိုက်ကြီးများမှ အလုပ်သမားများ အတွက် အလုပ်ချိန်ကန့်သတ်ခြင်း၊ အပါတ်စဉ် ရက်အားပေးခြင်းများ ရရှိအောင် ဆောင်ရွက်ပေးခဲ့သည်။

၂၁။ ၁၉၄၇ ခုနှစ်တွင် အလုပ်သမားရေးရာ ဥပဒေ ရေးဆွဲရေးကော်မတီ၏ ဥက်္ကဌ အဖြစ် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရွေးချယ်ခဲ့သည်။ အစိုးရထံသို့ အစီရင်ခံစာ(၁၂ ) စောင်တင်သွင်းခဲ့သည်။ နိုင်ငံတွင်းရှိ အလုပ်သမားဥပဒေအားလုံးကို ပြင်ဆင်ရေး ဆွဲပြီးခဲ့သည့်အပြင် ဥပဒေသစ်များကိုလည်း ရေးဆွဲခြင်းပြုခဲ့သည်။

၂၂။ ၁၉၄၇ ခုနှစ်တွင် ၀ါဏိဇ်္ဇပဋိပက်္ခခုံရုံး၏ အဖွဲ့ဝင် လူကြီးအဖြစ်လည်းကောင်း၊

၂၃။ ၁၉၄၈ ခုနှစ်တွင် ၄င်းခုံရုံး၏ဥက်္ကဌအဖြစ် ၀န်ကြီးရာထူးလက်ခံသည့်နေ့တိုင်း ဆောင် ရွက်ခဲ့သည်။ အရေးပါအရာရောက်သော စီရင်ချက်ပေါင်းများစွာပေးခဲ့၍အလုပ် သမားများအတွက် အခွင့်အရေးများ များစွာရရှိခဲ့သည်။

၂၄။ ဆိပ်ကမ်းအလုပ်သမားများ စီမံကိန်းရေးဆွဲရေးကော်မတီဥက်္ကဌအဖြစ်ဆောင်ရွက်ပြီး ထိုစီမံကိန်းကို အကောင်အထည်ဖေါ်နိုင်ခဲ့ရာ၊ ဆိပ်ကမ်းအလုပ်သမားများ အလုပ် မှန်မှန်လုပ်ရပြီး၊ သတ်မှတ်ထားသော လစာနှုန်းထားရရှိသည့်ပြင် ဆေးဝါးကုသခြင်း အိုနာစာရံပုံငွေရရှိခြင်းစသည့် အခွင့်အရေးများရရှိလျက်ရှိသည်။ ထိုစီမံကိန်းသည် အာရှတိုက်အရှေ့တောင်ဒေသတွင် အကောင်းဆုံးစီမံကိန်းတစ်ရပ်ဖြစ်သည်ဟု ချီး မွမ်းခြင်းခံရသည်။

၂၅။ လူမှုဖူလုံရေးလုပ်ငန်းကို စတင်ဦီးစီးဆောင်ရွက်ခဲ့သည်။ (၄)နှစ်နီးပါး ပဏာမ လုပ်ငန်းမျးဆောင်ရွက်ပြီး၊ ရန်ကုန်မြို့တွင် ၁၉၄၆ ခုနှစ်၊ ဇန်္န၀ါရီလ ၁ ရက်နေ့မှ စတင်လုပ်ကိုင်နိုင်ခဲ့သည်။ အခြားဒေသများသို့ ချဲ့ထွင်ရန်စီစဉ်လျက်ရှိသည်။

၂၆။ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရေးဆွဲခြင်းနှင့်ပတ်သက် ၍ကော်မတီအမျိုးမျိုးတွင် ပါဝင်ခဲ့သည်။

၂၇။ ရေနံမြေ စုံစမ်းရေးကော်မရှင်၊ ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး စုံစမ်း ရေးကော်မရှင်အဖွဲ့ဝင်လူကြီးအဖြစ်လည်းကောင်း၊ အစိုးရစာပုံနှိပ်တိုက်စုံစမ်းရေး ကော်မရှင်ဥက်္ကဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

၂၈။ ၁၉၄၇ ခုနှစ် ဒေလီမြို့ အာရှညီလာခံသို့လည်းကောင်း၊ ၁၉၅၅ ခု၊ ဘန်ဒေါင်းကွန် ဖရင်းသို့လည်းကောင်း၊ ဗမာပြည်ကိုယ်စားလည်အဖြစ် တက်ရောက်ခဲ့သည်။

၂၉။ ၁၉၄၈-ခု၊ ၁၉၅၀-ခု၊ ၁၉၅၁-ခု နှင့်၁၉၅၄-ခုနှစ်များတွင် အပြည်ပြည်ဆိုင် ရာအလုပ် သမား အဖွဲ့ချုပ်ကြီး၏ ညီလာခံသို့ တက်ရောက်ခဲ့သည်။ ၁၉၅၁ ခုနှင့် ၁၉၅၄-ခု နှစ်တွင် ဗမာပြည်ကိုယ်စားလှယ်အဖွဲ့၏ခေါင်းဆောင်အဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၅၀ ခုနှစ်တွင်လည်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ကြီး၏ရေနံကော်မ တီသို့ ဗမာကိုယ်စားလှယ်အဖွဲ့၏ခေါင်းဆောင်အဖြစ်တက်ရောက်ခဲ့သည်။ ထိုအဖွဲ့ ချုပ်ကြီးတွင် လူသိများပြီး လေးစားခြင်းခံရသူတစ်ဦးဖြစ်သည်။

၃၀။ ရန်ကုန်တက်္ကသိုလ်ကောင်စီတွင် ကျောင်းသားသမဂ်္ဂကိုယ်စားလှယ်အဖြစ် ပထမဆုံး ပါဝင်ဆောင်ရွက်ခဲ့ရသည်။ ၄င်းနောက် အဆက်ပြတ်ဆိုသလို ကောင်စီလူကြီးဖြစ် ခဲ့သည်။ ၃၁။ ၁၉၅၁ ခုနှစ်၊က လူမျိုးစုလွှတ်တော်သို့ ပြိုင်ဘက်မရှိ ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။

အိမ်ယာဆောက်လုပ်ရေးဝန်ကြီးအဖြစ်

၃၂။ လူမှန်သမျှ အဓိကအလိုရှိအပ်သည့် ၀တ် စား နေ တည်းဟူသောအရေးသုံးပါး အနက် စစ်ဘေး၊ စစ်ဒဏ်ကို နှစ်ကြိမ်တိုင်တိုင်အလူးအလဲ ခံလိုက်ရသော ဗမာလူ ထု၏အိုးအိမ်မဲ့ပြဿနာကိုဖြေရှင်းရန် အိမ်ယာဆောက်လုပ်ရေးဝန်ကြီးအဖြစ် ပထမ ဦးစွာဆောင်ရွက်ခဲ့ပါသည်။ ပြည်သူ့အိုးအိမ်ပြန်လည်ထူထောင်ရေးဘုတ်အဖွဲ့ဥက်္ကဌ အဖြစ်ဆောင်ရွက်ကာ ဗမာတပြည်လုံးတွင် အိမ်ယာဆောက်လုပ်ရေးလုပ်ငန်းများ ကို လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။

ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးအဖြစ်

၃၃။ ၁၉၅၄ ခုနှစ်ကုန်လောက်ကစ၍ ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးရာထူးကို လက်ခံ ဆောင်ရွက်ခဲ့ရသည်။ ထိုအချိန်က ဗမာပြည်သည် ဆန်ကိစ်္စနှင့်ပတ်သက်၍ အထူး အရေးကြီးနေသောအချိန်ဖြစ်နေသည့်အတိုင်း ထိုပြဿနာများကို ၄င်း၏လုပ်ရည် ကိုင်ရည်အစွမ်းဖြင့် ဖြေရှင်းပေးနိုင်ခဲ့ပါသည်။

၃၄။ ဆန်ဟောင်းများ အားလုံးလိုလိုပင် ယခုအခါရောင်းချပြီးဖြစ်သည့်ပြင် ဖေါက်သည် နိုင်ငံသစ်များကိုပါ ရရှိအောင် ဆောင်ရွက်လျက် ““ဆန်””ပြဿနာကို အတော်ပြေ လည်စွာ ဖြေရှင်းနိုင်ခဲ့ပါသည်။

၃၅။ ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ကြီးပြန်လည်ဖွဲ့စည်းရေး တိုးတက်ကောင်းမွန် ရေးအတွက် အထူး လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါသည်။

၃၆။ ၄င်း၏စီမံဆောင်ရွက်ချက်အရ နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့၏ လက်ကျန်စပါးစာရင်းးကို မနှစ်က ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့၏ရာဇ၀င် တွင် ပထမအကြိမ်အဖြစ် စစ်ဆေးခြင်းကို ပြုနိုင်ခဲ့ပါသည်။

၃၇။ ပြီးခဲ့သောစပါးပေါ်ချိန်မှစ၍ နိုင်ငံတော်ကောက်ပဲသီးနှံအဖွဲ့က ၀ယ်ယူပြီးသောစပါး ဘိုးငွေများကို တောင်သူလယ်သမားများအား သုံးရက်အတွင်းပြေလည်အောင်ချေ ရန် စီမံဆောင်ရွက်ပေးခဲ့ပါသည်။

၃၈။ ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးဌာနကို ပြန်လည်ပြုပြင်ခဲ့သည့်ပြင်၊ သွင်းကုန်လိုင် စင်ထုတ်ပေးရေးစနစ်နှင့်ပတ်သက်၍ အထူးပြုပြင်လုပ်ကိုင်ခဲ့ပြီး၊ ယခုအခါ သွင်း ကုန်လိုင်စင်များကို စနစ်သစ်ဖြင့် အချိန်မှန်ထုတ်ပေးလျက်ရှိနေပါသည်။

၃၉။ သွင်းကုန်လိုင်စင်ထုတ်ပေးရာတွင် မြန်မာတိုင်းရင်းသားကုန်သည်များ ရာခိုင်နှုန်း (၉၀)အထိ တိုးတက်ရရှိအောင် ဆောင်ရွက်ပေးခဲ့ပါသည်။

၄၀။ ရုရှားပြည်၊ တရုပ်ပြည်၊နှင့် အရှေ့ဥရောပနိုင်ငံများနှင့်ကုန်သွယ်လုပ်ငန်းတိုးတက် ရေးအတွက် အထူးတလည်ကြိုးပမ်းဆောက်ရွက်လျက်ရှိသည့်အတိုင်း ယခုအခါ ထိုနိုင်ငံများက ဗမာဆန်များကိုဝယ်ယူလျက်ရှိပါသည်။ ၄င်း၏ကြိုပမ်းမှုဖြင့် ဗမာ ပြည်ကဆန်များကို ဂျပန်ကျွန်း၊ မလေးကျွန်းနှင့်အင်ဒိုနီရှားနိုင်ငံတို့ကို ငွေလက် ငင်းစနစ်ဖြင့် ရောင်းချနေသည်မှာ အခုအခါ အတော်တိုးတက်လျက်ရှိပါသည်။

၄၁။ ဗမာနိုင်ငံတော်အတွက် အထူးမစ်ရှင်အဖွဲ့အမျိုးမျိုးတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

(က) ၁၉၅၂ ခုနှစ်က ၀ါရှင်တန်မြို့သို့ တီ-စီ-အေ ကိစ်္စနှင့် မစ်ရှင်အဖွဲ့ကိုခေါင်း ဆောင်ကာ၊ ကိစ်္စရပ်များကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။
(ခ ) ၁၉၅၄ ခုနှစ်က အလုပ်သမားအစည်းအရုံးအဖွဲ့ချုပ်(ဗမာနိုင်ငံ)၏တရုပ်ပြည် သွားမစ်ရှင်အဖွဲ့ကို ခေါင်းဆောင်ခဲ့ပါသည်။
(ဂ) ၁၉၅၄ ခုနှစ်က အိနိ္ဒယပြည်သို့ဆန်တန်ချိန်(၉)သိန်းရောင်းချရေးနှင့်ပတ်သက် ၍အစီစဉ်များသွားရောက်လုပ်ကိုင်ပေးခဲ့ပါသည်။
( ဃ) ၁၉၅၅ ခုနှစ်က အိနိ္ဒယပြည်မှ ငွေကုဋေ(၂၀)ချေးယူရန်ကိစ်္စကို အောင်မြင်စွာ သွားရောက်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ (သို့သော်၊ ဆန်အရောင်း အ၀ယ် ကောင်း သဖြင့် ထိုချေးငွေ ကို ယခုတိုင် မယူသေးပါ။)
(င) ၁၉၅၅ ခုနှစ်၊က နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု ခေါင်းဆောင်သော ယိုးဒယား နိုင်ငံသွား ချစ်ကြည်ရေး မိတ်ဆက်မစ် ရှင်တွင် ပါဝင်ဆောက်ရွက်ခဲ့ပါသည်။
(စ) ကမ်္ဘာ့အရပ်ရပ်သို့ ခရီးလှည့်လည်ခဲ့ပြီး ဗမာပြည်နှင့်သင့်လျော်သည့် ကိစ်္စရပ် များကိုလေ့လာပြီး၊ လုပ်ငန်းရပ်များကို ဆောက်ရွက်လျက်ရှိပါသည်။

၄၂။ အထူးသဖြင့် ရန်ုကုန်အလယ်ပိုင်းလူမျိုးစုလွှတ်တော်အမတ်လောင်း လက်ရှိကုန်သွယ် မှုတိုးတက်ရေးဌာန နှင့်အလုပ်သမားဝန်ကြီး အမ်-အေ-ရာရှစ်သည် ဖွဲ့စည်းအုပ်ချုပ် ပုံအခြခံဥပဒေအရ၊ ဗမာ တိုင်းရင်းသား အဖြစ်ခံ ယူထားပြီးဖြစ်သဖြင့် ဗမာပြည်တွင် အသက်ထက်ဆုံးနေထိုင်လျက် ဗမာလူထုနှင့် ဆိုး တူကောင်းဘက် ဆောင်ရွက် လုပ် ကိုင်နေထိုင်သွားမည့် ပုဂ်္ဂိုလ်တစ်ဦးလည်းဖြစ်ပါသည်။

အမှုဆောင်အဖွဲ့။ ဖ၊ဆ၊ပ၊လ ရွေးကောက်ပွဲ အနိုင်ရရှိရေးကော်မီတီ ရန်ုကုန်အလယ်ပိုင်း(လူမျိုးစု)မဲဆန်္ဒနယ်။ အမှတ်(၃၃)အီဗင်ဆင်လမ်း၊ ရန်ကုန်မြို့။

၁၉၅၆ ခုနှစ် THE GUARARDIAN စာစောင်တွင်အမှတ်(၁၄) တွင် ဒေါက်တာ မောင်မောင် ရေးသားခဲ့သည့် MR.RASCHID ဆိုသည့် ဆောင်းပါးကို ဘာသာပြန်တင်ပြလိုက်ပါ သည်

Aung Michel

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။


Monday, July 22, 2013

အိအ်သိကားဖ် အကြောင်း


အိအ်သိကားဖ် အကြောင်း
ရမဿွာန်လ၏ နောက်ဆုံးဆယ်ရက်တွင် ခပ်သိမ်းကုန်သော အရာတို့ကို အဆက်ဖြတ်၍ အလ္လာဟ်အရှင်မြတ်၏ အိမ်တော်၌ ၀င်ရောက်နေထိုင်ခြင်းကို “အိအ်သိကားဖ်” ဟုခေါ်၏။ အိအ်သိကားဖ်ပြုရန် အကောင်းဆုံး အချိန်မှာ ရမဿွာန်လ၏ နောက်ဆုံးဆယ်ရက်ဖြစ်၏။ အိအ်သိကားဖ်ထိုင်သူသည် နေ့ရော ညပါ ဗလီထဲတွင်နေထိုင်ရ၏။ ကျင်ကြီး၊ ကျင်ငယ်စွန့်လိုသော် ဗလီအပြင်သို့ ထွက်ခွင့်ရှိ၏။ ပြီးလျှင်ပြီးချင်း မိမိ အိအ်သိကားဖ်ထိုင်သောနေရာ ဗလီအတွင်းသို့ ချက်ချင်းပြန်ဝင်ရ၏။ အချုပ်မှာ မိမိခန္ဓာကိုယ်တစ်ခုလုံးနှင့် အချိန်အားလုံးကို အလ္လာဟ်အရှင်မြတ်အား ၀တ်ပြုဆည်းကပ်ရန် ပုံအပ်ထားခြင်းဖြစ်၏။

အိအ်သိကားဖ်၏ အကျိုးကျေးဇူးများ
(၁) အိအ်သိကားဖ် ထိုင်ခြင်းဖြင့် အချင်းချင်း မတွေ့ဆုံရခြင်း၊ ဈေးသို့မသွားမလာရခြင်းကြောင့် မြောက်များစွာသော အကုသိုလ်တို့မှ လွတ်ကင်းသွား၏။
(၂) အလ္လာဟ်အရှင်မြတ်၏ နှစ်မြို့မှုအတွက် ထိုအရှင်မြတ်၏ အိမ်တော်၌ လာရောက်တည်းခိုနေထိုင်ခြင်းသည် အိဗာဒသ်ပြုလုပ်ခြင်းဖြစ်၏။ ထို့ကြောင့် အိအ်သိကားဖ်ရက်များတွင် အချိန်အားလုံးအတွက် စ၀ါးဗ်အကျိုးရရှိ၏။ အိပ်စက်နေလျှင်လည်း အိဗာဒသ်ပြုခြင်း၏ အကျိုးစ၀ါးဗ်ကို ရရှိနေမည်ဖြစ်၏။
(၃) အိအ်သိကားဖ်ထိုင်သူသည် အချိန်တိုင်း “ဂျမာအသ်”နှင့် ဆွလာသ်ဝတ်ပြုခြင်းတို့ကို စောင့်မျှော်တောင့်တနေခြင်းကြောင့် အချိန်ပြည့် ဆွလာသ်ဝတ်ပြုခြင်း၏ အကျိုးစ၀ါးဗ်ကိုရ၏။
(၄) အိအ်သိကားဖ်အခြေအနေမှာ မလာအိကာ ကောင်းကင်တမန်များ၏ အခြေအနေနှင့် အလားတူဖြစ်၏။
(၅) ဗလီဝတ်ကျောင်းတော်သည် အလ္လာဟ်အရှင်မြတ်၏ အိမ်တော်ပင်ဖြစ်ပေရာ အိအ်သိကားဖ်ထိုင်သူကား အလ္လာဟ်အရှင်မြတ်၏ အိမ်နီးနားချင်းဖြစ်ရုံသာမက ထိုအရှင့်အိမ်တော်၌ ဧည့်သည်တော်ပင်ဖြစ်ပေသည်။
(၆) အိအ်သိကားဖ်ထိုင်နေသောရက်များတွင် လူမမာကိုသွားရောက်မေးမြန်းခြင်း၊ အိမ်နီးနားချင်းကို ဈေးမှပစ္စည်းဝယ်ပေးခြင်း၊ လူမမာအားပြုစုခြင်း၊ ဂျနာဇဟ်၌ပါဝင်ခြင်းနှင့် ဗလီအပြင်သို့ထွက်၍ ဆောင်ရွက်ရသော ကုသိုလ်ကောင်းမှု ဟူသမျှကို ပြုလုပ်ဆောင်ရွက်ခွင့် မရှိတော့ပေ။ သို့သော် ယင်းကုသိုလ်ကောင်းမှုတို့ကို ပထမကတည်းက ပြုလုပ်ခဲ့သည်ရှိသော် အိအ်သိကားဖ် ထိုင်နေသောအခါ၌ ယင်းကောင်းမှုများကို မပြုလုပ်ရသော်လည်း အကျိုးစ၀ါးဗ်ကိုမှု ရရှိပေမည်။
(၇) အိအ်သိကားဖ်ထိုင်ခြင်းသည် တမန်တော်မြတ်၏ စွန္နသ်တော်ကို ကျင့်သုံးရာလည်းရောက်၏။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ်သည် တစ်ခါတစ်ရံ တစ်လလုံး အိအ်သိကားဖ်ထိုင်တော်မူ၍ နောက်ဆုံးနှစ်တွင် ရက်ပေါင်းနှစ်ဆယ် အိအ်သိကားဖ်ထိုင်တော်မူခဲ့၏။ သို့သော် ရမ်ဿွာန်လနောက်ဆုံး ၁၀-ရက်တွင် ကိုယ်တော်သည် ထာဝစဉ် အိအ်သိကားဖ် ထိုင်တော်မူလေ့ရှိခြင်းကြောင့် အစ္စလာမ့်ပညာရှင်များက ရမ်ဿွာန်လ နောက်ဆုံး ၁၀-ရက်တွင် “ အိအ်သိကားဖ် ” ထိုင်ခြင်းသည် “စွန္နသ် မုအက္ကဒဟ်” ဖြစ်ကြောင်း အမိန့်ရှိကြ၏။

မှတ်ချက်
ရမဿွာန်လနောက်ဆုံး ၁၀-ရက်၌ “ အိအ်သိကားဖ် ” ထိုင်ခြင်းသည် စွန္နသ် မုအက္ကဒဟ် အလလ်ကိဖာယဟ် ဖြစ်၏။ တစ်ရပ်ကွက်လုံးရှိ မွတ်စလင်မ်များအနက် တစ်ဦးတစ်ယောက်မျှပင် “ အိအ်သိကားဖ် ” မထိုင်ခဲ့သော် အားလုံးတွင် တာဝန်ရှိ၏။ ၁၀-ရက် “ အိအ်သိကားဖ် ” ထိုင်ခြင်းသည် အချိန်ပြည့် အိဗာဒသ်ပြုနေခြင်းဖြစ်ပေရာ ယင်း ၁၀-ရက် အတွင်း၌ ကဒရ်ညနှင့် ကြုံတွေ့ခဲ့သော် ယင်းည၏ အလွန်ကြီးမားသော အကျိုးစ၀ါဗ်ကိုလည်း ရရှိပေမည်။

အိအ်သိကားဖ်နှင့် စပ်လျဉ်း၍လာရှိသော ဟဒီးစ်တော်များ

ဟဒီးစ်တော် (၁) -း-
နဗီတမန်တော်မြတ်သည် ကွယ်လွန်တော်မူသည်အထိ ရမ်ဿွာန်လမြတ်၏ နောက်ဆုံး (၁၀)ရက်တွင် “အိအ်သိကားဖ်” ထိုင်တော်မူလေ့ရှိခဲ့ကြောင်း ထို့ပြင်ကိုယ်တော်မြတ်၏ ကြင်ရာတော်များသည် ကိုယ်တော်၏ နောက်တွင် “အိအ်သိကားဖ်” ထိုင်တော်မူခဲ့ကြောင်းကို အာအိရှာ (ရသွီ့)သခင်မက ပြောပြ၏။

ရှင်းလင်းချက် (က) -း-
ရမ်ဿွာန်လမြတ်၏ နောက်ဆုံး (၁၀)ရက်တွင် “အိအ်သိကားဖ်”ထိုင်ခြင်းမှာ ကွယ်လွန်တော်မူသည် အထိ နဗီတမန်တော်မြတ် (ဆွ) အစဉ်အမြဲကျင့်ဆောင်တော်မူခဲ့သော ကျင့်စဉ်တစ်ရပ်ဖြစ်၏။ သို့အတွက် ကြောင့် ယင်း“အိအ်သိကားဖ်”သည် “စွန္နသ် မုအက္ကဒဟ်” ဖြစ်၏။ ထိုအချိန်က များစွာသော ဆွဟာဗီသာဝက တို့သည် “အိအ်သိကားဖ်” မထိုင်ခဲ့ပေ။ သို့ရာတွင် ကိုယ်တော်မြတ် (ဆွ) သည် မနှစ်မြို့ခြင်းလည်း မရှိခဲ့ပေ။ သို့ဖြစ်ခြင်းကြောင့် အချက်နှစ်ချက်သည် ပေါ်လွင်ထင်ရှား၏။ (၁) “အိအ်သိကားဖ်” ထိုင်ခြင်းမှာ “၀ါဂျိဗ်” မဟုတ်ပေ။ (၂) “အိအ်သိကားဖ်”ထိုင်ခြင်းသည် စွန္နသ် မုအက္ကဒဟ် အလလ်ကိဖာယဟ် ဖြစ်သည်။ ယင်းစွန္နသ်၏ သဘောမှာ အချို့ကကျင့်ဆောင်ခြင်းဖြင့် အခြားသူများအပေါ်မှာလည်း တာဝန်ကျေပွန်သွား၏။

ရှင်းလင်းချက် (ခ) -း-
ကိုယ်တော်မြတ် (ဆွ) ၏ ကြင်ရာတော်များသည် မိမိတို့အိမ်များတွင် “အိအ်သိကားဖ်”ထိုင်ခဲ့ကြ၏။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဟဒီးစ်တော်၌ အကျယ်တ၀င့် မလာရှိပေ။ သို့သော် ကြင်ရာတော်များသည် ဗလီ၌ “အိအ်သိကားဖ်” ထိုင်ရန် စီစဉ်ကြသောအခါ ကိုယ်တော်မြတ်က ၎င်းတို့အားတားမြစ်တော်မူခဲ့ကြောင်း အမျိုးသမီးများ ဗလီ၌ “ အိအ်သိကားဖ် ” ထိုင်ခြင်းကို မနှစ်သက်တော်မူခဲ့ကြောင်း အခြားဟဒီးစ်တော်များတွင် လည်းလာရှိ၏။ (မိရ်ကားသ် မွလ္လာအလီ ကာရီကျမ်း) သို့အတွက်ကြောင့် ဓမ္မသတ် ပညာရှင်များက အမျိုးသမီး များအဖို့ အိမ်၌ “အိအ်သိကားဖ်” ထိုင်ခြင်းသည် မုစ်သဟဗ် ဖြစ်သည် ဟူ၍လည်းကောင်း၊ အမျိုးသမီးများသည် “ အိအ်သိကားဖ် ” ထိုင်ရန်အတွက် မိမိတို့ခင်ပွန်ထံမှ အခွင့်တောင်းခံရန် အရေးကြီးသည် ဟူ၍လည်းကောင်း အမိန့်ရှိကြ၏။

ဟဒီးစ်တော် (၂) -း-
နဗီတမန်တော်မြတ် (ဆွ) သည် “ အိအ်သိကားဖ် ” ထိုင်တော်မူစဉ် မကျန်းမာသူများကို မေးမြန်တော်မူ လေ့ရှိခဲ့ကြောင်း၊ ကိုယ်တော်သည် မိမိသွားရင်းရပ်နားဆိုင်းငံ့ခြင်း ပြုတော်မမူဘဲ လူမမာအား အခြေအနေကို မေးမြန်းလေ့ရှိခဲ့ကြောင်း အာအိရှာ (ရသွီ့)သခင်မက ပြောပြ၏။

ရှင်းလင်းချက် -း-
ဟဒီးစ်တော်၌ (ဖယမုရ်ရုကမာဟုဝ)ဟူသော စကားလုံးလာရှိ၏။ ထို့နောက် (ဖလာယုဟရ်ရိဂ်ျ ) ဟူသော စကားလုံးလာရှိ၏ ယင်းစကားလုံးများ၏ သဘောမှာ ကြွမြန်းတော်မူစဉ် မေးမြန်းတော်မူသည်။ ယင်းကိစ္စအတွက် ရပ်နားဆိုင်းငံ့ခြင်း ပြုတော်မမူဟူ၍ ဖြစ်၏။ ထို့ကြောင့် “အိအ်သိကားဖ်” ထိုင်သူသည် ကျင်ကြီး၊ ကျင်ငယ်စွန့်ရန်ထွက်လျှင် လူမမာအား မေးမြန်းရန်သော်လည်းကောင်း ဂျနာဇာဆွလာသ်၌ ပါဝင်ခွင့်ရလျှင်သော်လည်းကောင်း၊ ဆိုင်းငံ့ရပ်နားခြင်း မပြုရလျှင် လူနာကိုမေးပိုင်ခွင့် ဂျနာဇာဆွလာသ်၌ ပါဝင်ခွင့်ရှိ၏။ သို့မဟုတ်လျှင် ပြုပိုင်ခွင့်မရှိဟု အိမာမ်ကြီး(၄)ပါးတို့က အမိန့်ရှိကြ၏။ “ အိအ်သိကားဖ် ” ထိုင်သူ၌ လူမမာအား မေးမြန်းရန်နှင့် ဂျနာဇာဆွလာသ် အတွက် ဗလီအပြင်သို့ ထွက်ခွင့်မရှိပါ။ ထွက်လျှင် “ အိအ်သိကားဖ် ” ပျက်သွား၏။

ဟဒီးစ်တော် (၃) -း-
အိဗ်နုအဗ္ဗါးစ် (ရသွီ့)သခင်က နဗီတမန်တော်မြတ်(ဆွ)၏ မိန့်ကြားချက်ကို ဤသို့ပြောပြ၏။ “ အိအ်သိကားဖ် ” ထိုင်သူမှာ မကောင်းမှုဒုစရိုက်များမှ ကြဉ်ရှောင်သူဖြစ်သည်သာမက( အပြင်၌ ) အခြားကောင်းမှုများ ပြုသူတို့ကဲ့သို့ အကျိုးစ၀ါးဗ်ကိုလည်းရရှိ၏။

ရှင်းလင်းချက် -း-
“ အိအ်သိကားဖ် ” ထိုင်သူသည် “ အိအ်သိကားဖ် ” ကြောင့် အခြားကုသိုလ်ကောင်းမှုတို့ကို ပြုနိုင်ခြင်းမရှိချေ။ ဥပမော လူမမာကိုသွားရောက်မေးမြန်းခြင်း မပြုနိုင်ချေ၊ ဂျနာဇာဆွလာသ်၌ သွားရောက်ပါဝင်ခြင်းမပြုနိုင်ချေ၊ မိတ်ဆွေများနှင့် တွေ့ဆုံခွင့်လည်းမရပေ၊ အိမ်သူအိမ်သား၊ သားသမီးတို့နှင့်တွေ့ဆုံ၍ ၎င်းတို့၏ကျေနပ်မှုကိုလည်းပြုနိုင်ခြင်းမရှေိချေ၊ စင်စစ်သော်ကား ယင်းကိစ္စအားလုံးသည် ရှရီအသ်တရားတော်တွင် ကုသိုလ်ကောင်းမှုများပင်ဖြစ်ကြ၏။ သို့ဖြစ်ပေရာ “ အိအ်သိကားဖ် ” ကြောင့် ယင်းကုသိုလ်ကောင်းမှုတို့ကို မပြုနိုင်သော်လည်း အလ္လာဟ်အရှင်မြတ်က “ အိအ်သိကားဖ် ” ထိုင်သူအား ထိုကောင်းမှုများ၏ အကျိုးစ၀ါးဗ်များကို ချီးမြှင့်တော်မူ၏။

အိအ်သိကားဖ်၏ ထူးမြတ်မှုများ -း-
(၁) ရမ်ဿွာန်လ၏ နောက်ဆုံး ၁၀-ရက်တွင် “ အိအ်သိကားဖ် ” ထိုင်သူများမှာ ဟဂ်ျနှင့်အွမ္မရဟ် နှစ်ကြိမ်ပြုသော အကျိုးစ၀ါးဗ်ကို ရရှိမည်ဟု ဟဒီးစ်တော်တွင်လာရှိ၏။
(၂) အကြင်သူသည် ယုံကြည်စွာ အကျိုးစ၀ါးဗ်ကို မျှော်ကိုးလျက် “ အိအ်သိကားဖ် ” ထိုင်၏။ ထိုသူမှာ မိမိ၏ ယခင် (သေးငယ်သော) အပြစ်ငရဲများအတွက် လွတ်ငြိမ်းချမ်းသာခွင့် ရပေသည်ဟု ဟဒီးတော်တွင်လာရှိ၏။

အိအ်သိကားဖ်နှင့်သက်ဆိုင်သော ပညတ်တော်များ -း-
ပညတ်တော် (၁) -း-
“ အိအ်သိကားဖ် ” နှင့် စပ်လျဉ်း၍ အချက်သုံးချက် အရေးကြီး၏။ (၁) ဂျမာအသ်ဖြင့်ဆွလာသ်ဝတ် သော ဗလီ၌နေထိုင်ခြင်း၊ (၂) “ အိအ်သိကားဖ် ” ၏ နီယသ်ပြု၍ နေထိုင်ခြင်း၊ နီယသ်ရည်စူးမှုမပြုဘဲ နေထိုင် ခြင်းကို “ အိအ်သိကားဖ် ” ဟုမခေါ်ပေ။ နီယသ် ရည်စူးချက် တရားဝင်အံ့သောငှာ နီယသ်ပြုသူသည် မွတ်စလင်မ်ဖြစ်ရန်နှင့် အသိဥာဏ်ရှိသူဖြစ်ရန်မှာလည်းအရေးကြီးသည်ဖြစ်ခြင်းကြောင့် အသိဥာဏ်ရှိခြင်းနှင့်၊ မွတ်စလင်မ်ဖြစ်ခြင်းတို့သည်လည်း နီယသ်ပြုခြင်း၌ အကျုံးဝင်၏။ (၃) (ဟိုင်းဇွ်) ခေါ် ဓမ္မတာရာသီသွေး ပေါ်ခြင်း၊ မီးနေသွေးပေါ်ခြင်း၊ နှင့် သံဝါသမှုကြောင့် ရေချိုးရန်ထိုက်နေခြင်းများမှ ကင်းရှင်းရမည်။

ပညတ်တော် (၂) -း-
 အထူးမြတ်ဆုံးသော “ အိအ်သိကားဖ် ”မှာ ကအ်ဗဟ်ကျောင်းတော်၌ထိုင်သော “ အိအ်သိကားဖ် ” ဖြစ်သည်။ ထို့နောက် နဗီတမန်တော်မြတ် (ဆွ)၏ ဗလီဝတ်ကျောင်းတော်၌ ထိုင်သော “ အိအ်သိကားဖ် ” ဖြစ်သည်။ ထို့နောက် ဗိုင်သွလ်မုကဒ္ဒပ်စ်၏ ဗလီဝတ်ကျောင်းတော်၌ထိုင်သော “ အိအ်သိကားဖ် ” ဖြစ်သည်။ ထို့နောက် ဂျမာအသ်ဖြင့် ဆွလာသ်ဝတ်ပြုနေသော ဂျာမေ့အ်ဗလီဝတ်ကျောင်းတော်၌ “ အိအ်သိကားဖ် ” ထိုင်ခြင်း၊ အကယ်၍ ရပ်ကွက်တစ်ခုတွင် ဂျမာအသ်ဖြင့် ဆွလာသ်ဝတ်သော ဗလီဝတ်ကျောင်းတော် (၂)လုံးရှိခဲ့သော် ဂျမာအသ်ဖြင့် ဆွလာသ်ဝတ်ပြုသူများသော ဗလီဝတ်ကျောင်းတော်၌ “ အိအ်သိကားဖ် ” ထိုင်ခြင်းသည် သာပို၍မြတ်ပေသည်။

ပညတ်တော် (၃) -း-
“ အိအ်သိကားဖ် ” သည် (၃) မျိုးရှိ၏။ ၎င်းတို့မှာ (၁) ၀ါဂျိဗ် အိအ်သိကားဖ်၊ (၂) စွန္နသ် မုအက္ကဒဟ် အိအ်သိကားဖ်၊ (၃) မွတ်စ်သဟဗ် အိအ်သိကားဖ် တို့ဖြစ်လေသည်။ ကိုးထားသော“ အိအ်သိကားဖ် ” သည် ၀ါဂျိဗ်ဖြစ်၏။ ဥပမာ တစ်ဦးတစ်ယောက်က မိမိသည် အလ္လာဟ်အရှင်မြတ်အား ရည်စူး၍ “ အိအ်သိကားဖ် ” ထိုင်ပါမည်။ သို့မဟုတ် ကျွန်တော်မျိုး၏ မည်သည့်အလုပ်ကိစ္စ အထမြောက်လျှင် “ အိအ်သိကားဖ် ” ထိုင်ပါမည်ဟု ကိုးခြင်း။

ရမ်ဿွာန်လနောက်ဆုံး ၁၀-ရက်တွင် “ အိအ်သိကားဖ် ” ထိုင်ခြင်းသည် စွန္နသ် မုအက္ကဒဟ်ဖြစ်သည်။ နဗီတမန်တော်မြတ် (ဆွ) သည် အမြဲ “အိအ်သိကားဖ် ”ထိုင်တော်မူခဲ့ကြောင်းခိုင်လုံသော ဟဒီးစ်တော်တွင် လာရှိ၏။ သို့သော် ယင်းစွန္နသ်မုအက္ကဒဟ်မှာ အချို့သောသူများ၏ ဆောင်ရွက်ခြင်းကြောင့် အခြားသူတို့ အပေါ်၌လည်း တာဝန်ကျေပွန်သွား၏။

ရမ်ဿွာန်လနောက်ဆုံး ၁၀-ရက်မှ အပ ရမ်ဿွာန် ပထမ ၁၀-ရက်၌ဖြစ်စေ၊ ဒုတိယ ၁၀-ရက်၌ဖြစ်စေ၊ အခြားမည်သည့်လတွင်ဖြစ်စေ၊ “ အိအ်သိကားဖ် ” ထိုင်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်၏။

ပညတ်တော် (၄) -း-
ဝါဂျိဗ် ဖြစ်သော “ အိအ်သိကားဖ်” တွင် ရိုဇဟ်သည်အရေးကြီး၏။ တစ်ဦးတစ်ယောက်သည် အိအ်သိကားဖ် ထိုင်လျှင် ထိုသူအပေါ်၌ ရိုဇဟ်စောင်ထိန်းရန်လည်း အရေးကြီး၏။ ထိုသူကအကယ်၍ ကျွန်ုပ် ရိုဇဟ်စောင့်ထိန်းခြင်းပြုမည်မဟုတ်ဟု နီယသ်ရည်စူးသော်လည်း ရိုဇဟ်စောင့်ထိန်းရန် တာဝန်ရှိပေမည်။ ထို့ကြောင့်တစ်ဦးတစ်ယောက်သည် ညအချိန်တွင် အိအ်သိကားဖ်ထိုင်ရန် နီယသ်ပြုခဲ့လျှင် မှန်ကန်မည် မဟုတ်ပေ။ အချီးနှီးပင်ဖြစ်မည်။ အကြောင်းမှာ ညအချိန်တွင် ရိုဇဟ်စောင့်ထိန်းခြင်း မပြုရသောကြောင့် လည်းကောင်း၊ အကယ်၍နေ့နှင့်ည နှစ်ခုစလုံးကို နီယသ်ပြုခဲ့သော် သို့မဟုတ် ရက်အနည်းငယ်အတွက် နီယသ်ပြုခဲ့လျှင် ညလည်းပါဝင်သွားမည်ဖြစ်၍ ည၌လည်း အိအ်သိကားဖ် ထိုင်ရန်အရေးကြီးအံ့။ အကယ်၍ တစ်နေ့တည်းအတွက် အိအ်သိကားဖ် ထိုင်ရန်ကိုးထားလျှင် ညပါဝင်မည်မဟုတ်ပေ။ သက်သက် အိအ်သိကားဖ် ထိုင်ရန်အတွက် သီးသန့်ရိုဇဟ်ထားရန်မလိုပေ။ မည်သည့်အတွက်ကြောင့် ရိုဇဟ်ထား သည်ဖြစ်စေ ယင်းရိုဇဟ်သည် အိအ်သိကားဖ် ထိုင်ရန်အတွက်လည်း လုံလောက်ပေသည်။

ဥပမာ အကြင်သူသည် ရမ်ဿွာန်လ၌ အိအ်သိကားဖ် ထိုင်ရန် ကိုးခဲ့လျှင် ရမ်ဿွာန်လ၌ ထားသော ရိုဇဟ်သည် ယင်းအိအ်သိကားဖ် အဖို့လည်းလုံလောက်ပေသည်။ သို့သော်ယင်း ရိုဇဟ်မှာ ၀ါဂျိဗ်ရိုဇဟ်ဖြစ် ပေမည်။ နဖိလ်အဖြစ်ထားသော ရိုဇဟ်မှာ လုံလောက်မည်မဟုတ်ပေ။ ဥပမာ အကြင်သူတစ်ဦး တစ်ယောက် သည် နဖိလ်ရိုဇဟ်ထား၏။ ထို့နောက်ထိုသူသည် ထိုနေ့၌ပင် အိအ်သိကားဖ် ထိုင်ရန်ကိုးခဲ့လျှင် ပိုင်မည် မဟုတ်ပေ။ အကယ်၍ အကြင်သူတစ်ဦးတစ်ယောက်သည် ရမ်ဿွာန် တစ်လလုံး အိအ်သိကားဖ် ထိုင်ရန် ကိုးပြီးနောက် အကြောင်းအားလျော်စွာ ရမ်ဿွာန်လ၌ အိအ်သိကားဖ် မထိုင်နိုင်ခဲ့လျှင် ၎င်း၏အစား အခြားမည်သည့်လ၌မဆို အိအ်သိကားဖ် ထိုင်ခဲ့သော် တာဝန်ကျေပွန်သွားပေမည်။ သို့ရာတွင် ယင်း အိအ်သိကားဖ် တွင်လည်း ဆက်တိုက် ရိုဇဟ်ထားရန် လိုအပ်ပေမည်။

ပညတ်တော် (၅) -း-
စွန္နသ်ဖြစ်သော အိအ်သိကားဖ်မှာ ရိုဇဟ်နှင့်ပင် ပြုရသောကြောင့် ယင်း အိအ်သိကားဖ်အတွက် ရိုဇဟ်ကိုလည်း စည်းကမ်းချက်အနေဖြင့် သတ်မှတ်ရန် မလိုချေ။

ပညတ်တော် (၆) -း-
မွတ်စ်သဟဗ်ဖြစ်သော အိအ်သိကားဖ်အတွက် ရိုဇဟ်စောင့်ထိန်းရမည်ဟူသော စည်းကမ်းချက်မရှိချေ။

ပညတ်တော် (၇) -း-
ဝါဂျိဗ် အိအ်သိကားဖ်မှာ အနည်းဆုံးတစ်နေ့ဖြစ်နိုင်၏။ ထို့ထက်ပို၍ နီယသ်ပြုသမျှ ဖြစ်နိုင်၏။ စွန္နသ် အိအ်သိကားဖ်၏ အချိန်ပိုင်းမှာ ရမ်ဿွာန်လ နောက်ဆုံး ၁၀-ရက်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် စွန္နသ် အိအ်သိကားဖ်ကို ရမ်ဿွာန်လ၏ နောက်ဆုံး ၁၀-ရက်တွင် ထိုင်ရသောကြောင့်ပင်။ နဖိလ် အိအ်သိကားဖ် အတွက် အချိန် ပိုင်းခြား သတ်မှတ်ထားခြင်းမရှိချေ။ တစ်မိနစ် သို့မဟုတ် ထို့ထက်လျော့နည်း ၍လည်း အိအ်သိကားဖ် ထိုင်ခွင့်ရှိ၏။

ပညတ်တော် (၈) -း-
အိအ်သိကားဖ် ထိုင်နေစဉ် နှစ်မျိုးသော အလုပ်ကို ပြုလုပ်ခြင်းသည် ဟရာမ်ဖြစ်၏။ ၀ါဂျိဗ် အိအ်သိကားဖ် နှင့် စွန္နသ် အိအ်သိကားဖ် တို့တွင် ယင်းအလုပ်နှစ်မျိုးအား ပြုလုပ်ခြင်းဖြင့် အိအ်သိကားဖ် ပျက်သွားပေမည်။ ယင်း အိအ်သိကားဖ်တို့ကို ပြန်၍ကဇွာဖြည့်ရပေမည်။ မွတ်စ်သဟဗ် အိအ်သိကားဖ် ဖြစ်လျှင်မူကား ပြီးဆုံးသွားပေမည်။ အဘယ်ကြောင့်ဆိုသော မွတ်စ်သဟဗ် အိအ်သိကားဖ် အတွက် အချိန်ကာလသတ်မှတ်ချက်မရှိသဖြင့် ပြန်၍ကဇွာဖြည့်ရန်လည်း တာမရှိသောကြောင့်ပင်။ ပထမ အလုပ်မှာ အိအ်သိကားဖ် ထိုင်နေသောနေရာမှ အကြောင်းမဲ့အပြင်ထွက်ခြင်း၊ အကြောင်းဟူသည် သဘာဝအရဖြစ်စေ၊ တရားတော်အရဖြစ်စေ နှစ်မျိုးစလုံး အကျုံးဝင်၏။ ဥပမာ - ကျင်ကြီး၊ ကျင်ငယ်စွန့်ခြင်း၊ ရေချိုးရန် တာဝန်ရှိခြင်း၊ ထမင်းပို့မည်သူမရှိလျှင် စားသောက်ရန် ထွက်ခြင်းတို့သည် သဘာဝအရ လိုအပ်သော အကြောင်းပြချက်များတွင် ပါဝင်၏။ ရှရီအသ်တရားတော်အရ အကြောင်းပြချက်မှာ ဥပမာ ဂျူမုအာ ဆွလာသ် ၀တ်ပြုရန် ထွက်ခြင်း။

ပညတ်တော် (၉) -း-
မိမိ အိအ်သိကားဖ် ထိုင်သော ဗလီမှတရားဝင် အကြောင်းတစ်စုံတစ်ရာကြောင့် အပြင်သို့ထွက်လျှင် ကိစ္စပြီးသောအခါ ဆိုင်းငံ့ခြင်းမပြုရချေ။ ထို့ပြင် အတတ်နိုင်ဆုံး ဗလီအနီးအနားတွင် ကိစ္စကိုပြီး မြောက်စေရမည်။

ပညတ်တော် (၁၀) -း-
မိမိ အိအ်သိကားဖ် ထိုင်သော ဗလီကို မေ့လျော့၍ပင် တစ်မိနစ် သို့မဟုတ် ထို့ထက်လျော့နည်း၍ စွန့်လွှတ်ခွင့်မရှိပေ။

ရေးသားသူ >> အလ်အဗ်ဒ် စလာမသွလ္လာဟ် (ဟကီမီ - မုဟမ္မဒီ)
အလ်မုဖီးဒ်

Sunday, July 21, 2013

မေးခွန်းငါးခု အဖြေငါးခု

၁။ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာကို ဖန်ဆင်းသည်ဟု ဆိုရာတွင် ဘယ်အကျိုးကို မျှော်ကိုးပြီး ဖန်ဆင်းပါသနည်း။

၁။ [ဖြေ]- အလ္လာဟ်အရှင်မြတ်သည် ပရမတ္တဖြစ်သည်။ လူသည် အနတ္တဖြစ်၏။ အနတ္တသဘောမှာ ပရမတ္တအလိုကို နာခံရခြင်း၊ ကိုယ့်အလိုအတိုင်းမဖြစ်ဘဲ သူ့အလိုအတိုင်းဖြစ်ရခြင်းကို ခေါ်သည်။ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာအပါအဝင် စကြာဝဠာတစ်ခုလုံးကို လူသားအကျိုးအတွက်သာ ဖန်ဆင်းတော်မူ၏။ လူသားကို အလ္လာဟ်ရှင်မြတ်အား ကိုးကွယ်ဝတ်ပြုရန် ဖန်ဆင်းတော်မူခြင်း ဖြစ်၏။ တစ်နည်းအားဖြင့် ကမ္ဘာသည် လူ့လောက လူ့ဘုံဖြစ်၍ လူသားမွေးဖွား ရှင်သန် နေထိုင်ရန် ဝတ္ထုပစ္စည်း သယံဇာတ အပြည့်အစုံဖြင့် သဟဇာတဖြစ်စွာ အကျိုးပြုသော ဂုဏ်ဒြပ်ရှိသကဲ့သို့ ကမ္ဘာ၏ နမူနာကိုယူ၍ လူသားသည် လူသား အချင်းချင်းအပေါ် အကျိုးပြုတတ်ရန် မျှော်ကိုးပြီး ကမ္ဘာကို အလ္လာဟ်အရှင်မြတ်က ဖန်ဆင်းထားခြင်းဖြစ်ပါသည်။



၂။ မွေးဖွားလာစ ကပင် တဦးနှင့်တဦး မတူမညီ ဖြစ်ရသည့် အကြောင်းမှန်ကို ရှင်းပြပါ။

၂။ [ဖြေ]- လူ့လောကတွင် ရုပ်ဆင်းအင်္ဂါ လှပပြည့်စုံသူ၊ ရုပ်ဆင်းအင်္ဂါမပြည့်စုံ ချို့ယွင်း အကျည်းတန်သူ၊ ချမ်းသာသူ၊ ဆင်းရဲသူ၊ ဉာဏ်ပညာကြီးမားသူ၊ ဉာဏ်ပညာနည်းပါးသူ စသည်ဖြင့် ကွဲပြားခြားနားမနေဘဲ အားလုံးသည် တပြေးညီတည်း ချမ်းသာပြည့်စုံနေပါက ကိုယ်ချင်းစာတရား၊ မေတ္တာတရား၊ အကြင်နာတရား၊ ဥပေက္ခာတရား၊ မုဒိတာတရား၊ ဂါရဝတရား၊ အလှူဒါနတရား စသည်များ မကျင့်သုံးနိုင်တော့ပါ။ ထိုသို့ အနိမ့်အမြင့် ကွဲပြားခြားနားစွာ ဖန်တီး ထားမှသာလျှင် ထိုတရားမြတ်၊ တရားကောင်းများကို တစ်ဦးအပေါ်တစ်ဦး ကျင့်သုံးနိုင်ပြီး လူသားတို့အတွင်းမှ သူတော်သူမြတ်၊ သူတော်ကောင်းများ ဖြစ်ပေါ်လာနိုင်ပါမည်။ ထိုသို့ဖြစ်ပေါ်လာစေရန် တန်ခိုးတော် အနန္တ၊ ဉာဏ်တော် အနန္တဖြင့် ပြည့်စုံတော်မူသော ထာဝရအရှင် ဖန်ဆင်းရှင်က လူ့လောက၌ စမ်းသပ် စစ်ဆေးရန် မတူမညီ ကွဲပြားခြားနားစွာ ဖန်တီးထားရခြင်းဖြစ်ပါသည်။



၃။ ထာဝရဘုရားလို့ မြန်မာတွေသိနေတဲ့ God နှင့် ဟိန္ဒူဘုရား ဗြဟ္မာကြီးတို့ကလည်း ဒီကမ္ဘာကြီးကို သူတို့ ဖန်ဆင်းထားတယ်လို့ ပြောနေကြပါတယ် ။ သူတို့ကို ကမ္ဘာပေါ်မှာရှိတဲ့ လူအတော်များများကလည်း ထောက်ခံနေကြပါတယ် ။ ဒီကမ္ဘာကြီးကို အဲသည် ဖန်ဆင်းရှင် နှစ်ပါးနှင့် အလ္လာဟ်အရှင်မြတ်တို့ အတူတူပူးပေါင်းပြီး ဖန်ဆင်းကြတာလား ။ တစ်ပိုင်းစီခွဲပြီး ဖန်ဆင်းခဲ့တာလား၊ ကျမ်းစာ အထောက်အထားနှင့်တကွ ရှင်းပြပေးပါ ။



၃။ [ဖြေ]- ကျမ်းမြတ်ကုရ်အာန်သည် ၎င်းနှင့်ကိုက်ညီသော ရှေးကျမ်းများ၏ အဆိုကို လက်ခံပါသည်။ အကြောင်းမှာ ကုရ်အာန်ကျမ်းမြတ်သည် ရှေးကျမ်းများကို ထောက်ခံသောကျမ်းဖြစ်သည်။ "…ဤကျမ်းတော်သည် ရှေးကျမ်းတော်များကို ထောက်ခံအတည်ပြု၏။…" (ကျမ်းမြတ်ကုရ်အာန် -အခန်း ၅၊ အပိုဒ် ၄၈)။ "လူမျိုးတိုင်းအတွက် တရားဓမ္မ ဟောကြားသော တမန်တော် တစ်ပါးစီ ရှိ၏။" (ကျမ်းမြတ်ကုရ်အာန် - အခန်း ၁ဝ၊ အပိုဒ် ၄၇)။ လူမျိုးတိုင်းကို သူတို့နှင့်သက်ဆိုင်သော ဘာသာစကားအားဖြင့် တမန်တော်များ စေလွှတ်ခဲ့ခြင်းကြောင့် အသီးတစ်ရာ အညှာတစ်ခုပမာ အလ္လာဟ်ရှင်မြတ်ကိုပင် God ၊ Jehova ၊ Brahman (မဟာဗြဟ္မာ)၊ မိုးနတ်မင်း စသည်ဖြင့် သက်ဆိုင်ရာ ဘာသာစကားဖြင့် ဖော်ပြခြင်းဖြစ်သည်။ ထို့ကြောင့် ဤကမ္ဘာအပါအဝင် စကြာဝဠာခပ်သိမ်းကို အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းက ဖန်ဆင်းခဲ့ခြင်းဖြစ်ကြောင်း အထောက်အထား ခိုင်လုံပါသည်။


၎။ အလ္လာဟ်အရှင်မြတ်ကို မည်သူဖန်ဆင်း ခဲ့သနည်း။ အလ္လာဟ်အရှင်မြတ် အဖြစ်သို့ ရောက်ရှိလာသည့် အလ္လာဟ်အရှင်မြတ်၏ အတ္ထုပ္ပတ္တိကို ဖော်ပြပါ။

၎။ [ဖြေ] - ဖန်ဆင်းခြင်းသည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ စကြဝဠာခပ်သိမ်း၌ မည်သူထံတွင်မှ မရှိသော အရာဖြစ်သည်။ လူသည် တီထွင်မှု (invent) လုပ်သည်။ သို့သော် သူတီထွင် လုပ်ကိုင်သမျှ အရာအားလုံးသည် နိယာမဥပဒေသအားဖြင့် ရှိပြီးသားဖြစ်သည်။ လူသည်ဖော်ထုတ် တွေ့ရှိရုံမျှ ဖြစ်သည်။ ဥပမာအားဖြင့် လျှပ်စစ်မီးသီး ပြုလုပ်သော နည်းပညာသည် ရှိပြီးသားဖြစ်၏။ အက်ဒီဆင် (Edison) သည် ၎င်းနည်းပညာကို ရှာဖွေတွေ့ရှိသူသာ ဖြစ်သည်။ ဖန်ဆင်းသူမဟုတ်။ ဗုဒ္ဓသည် သစ္စာတရားကို တွေ့ရှိသူသာဖြစ်သည်။ ဖန်ဆင်းသူမဟုတ်။ ဆိုလိုသည်မှာ ဖန်ဆင်းခြင်း သဘောသည် ဖန်ဆင်းခံတို့နှင့် လုံးဝ ကွဲပြားခြားနားမှု ရှိသည်။ ဖန်ဆင်းရှင် ဟူသည် အကြောင်း အရာအားလုံး၏ အစကနဦး အကြောင်းကို ပြုလုပ်သူ (Creator) ပင်ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းသူကို ထပ်မံ ဖန်ဆင်းခြင်းရှိခဲ့ရမည် ဟူသော အတွေးမှာ အဓိပ္ပာယ်မရှိချေ။ ဖန်ဆင်းခြင်း မခံရသူအဖို့ အတ္ထုပ္ပတ္တိ လည်းမလိုချေ။
Allah cannot be created. Allah Created everything.

၁။ ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းခင်က အလ္လာဟ်အရှင်မြတ်သည် ဘယ်နေရာမှာ နေပါသနည်း?

၁။ [ဖြေ] - လူသားသည် ပင်ကိုယ်သဘာဝအရ မိမိဘာသာ လွတ်လပ်စွာ ရပ်တည်နိုင်သော
သဘောမရှိချေ။ သူ၏ ရပ်တည်မှုအတွက် ပတ်ဝန်းကျင်ဖြစ်သော နေ၊ လေ၊ ရေ၊ မြေကြီး၊ အာကာသ စသောအရာများကို မှီခိုရသည်။ နေ၊ လေ၊ ရေ၊ မြေကြီး၊ အာကာသ စသော အရာများသည် မြဲသော သဘောမရှိ။ မမြဲသော အရာများအပေါ် မှီခိုရသော လူသားသည်လည်း မမြဲ။ ထို့ကြောင့် ထာဝရ တည်မြဲသော အလ္လာဟ်အရှင်မြတ်သည် မမြဲသောနေရပ်တစ်ခု၌ ရှိရမည်ဟု မှတ်ထင်ခြင်းမှာ အကျိုးအကြောင်း မဆီလျော်ချေ။ အချိန်၊ နေရာ (သို့) အာကာသ၊ ကောင်းကင်၊ မြေကြီး စသည်တို့သည် အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းခံများသာ ဖြစ်သည်။ သို့ဖြစ်ရာ ဖြစ်တည်စေသူ အလ္လာဟ်အရှင်မြတ် သည် အဖန်ဆင်းခံ တစ်ခုခုအတွင်း၌ ရှိရမည် ဆိုသည်မှာ ယုတ္တိမရှိချေ။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့ တွေးခေါ်သော နေရာဌာန၌မရှိ။ ထို့ကြောင့် အလုံးစုံကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်သည် မမြဲသော ကောင်းကင်နှင့်မြေကြီးအပေါ် မှီခိုမနေဘဲ ယင်းတို့ကို မဖန်ဆင်းခင်ကပင် တည်ရှိနေ၏။

Allah escapes from time and space. Allah created time and space. Allah cannot be limited with time and space.

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Saturday, July 20, 2013

Facebook တွင် report လုပ်နည်း


Facebook မှာ ဘာသာရေးဆိုင်ရာ စော်ကားဆဲဆိုတာ၊
အလ္လာဟ်အရှင်မြတ်ကို၊ တမန်တော်တွေကို စော်ကားဆဲဆိုထားတာတွေ့ရင် comment ထဲမှာ မန့်ပြီးတော့ (လုံးဝ) ပြန်မဆဲပါနဲ့၊

ကိုယ်တွေပဲ သိက္ခာကျပါတယ်။

Facebook Admin ကို Report ( ရီပို့ ) သာလုပ်လိုက်ပါ။

♦♦♦ မှတ်ထားဖို့က Report ( ရီပို့ ) လုပ်သူများဖို့ပါပဲ။ ♦♦♦
♦♦♦ မှတ်ထားဖို့က Report ( ရီပို့ ) လုပ်သူများဖို့ပါပဲ။ ♦♦♦
♦♦♦ မှတ်ထားဖို့က Report ( ရီပို့ ) လုပ်သူများဖို့ပါပဲ။ ♦♦♦

Report ( ရီပို့ ) လုပ်သူများလေလေ စော်ကားဆဲဆိုသူတင်ထားတဲ့ ပို့စ်သာမက စော်ကားဆဲဆိုသူရဲ့ account (အကောင့်) ပါ

ပြုတ်ကျသွားဖို့ အခွင့်အလမ်း ပိုများလေလေဖြစ်ပါတယ်။

Facebook မှာကျွန်တော်တို့ကို ကြိုက်တာတင်ခွင့်၊ ရေးခွင့်ပေးထားပါတယ်။ ဒါပေမယ့် အများထင်နေကြသလိုမျိုး

စည်းမဲ့ကမ်းမဲ့တော့ မဟုတ်ပါ။ လူတစ်ယောက် တင်တဲ့အကြောင်းအရာ၊ ဓာတ်ပုံ စတာတွေဟာ မူပိုင်ခွင့်နဲ့ငြိစွန်းရင်၊

လူမျိုးရေးဘာသာရေးတိုက်ခိုက်မှုဖြစ်ရင်၊ လိင်ပိုင်းဆိုင်ရာ ရိုင်းစိုင်းမှုတွေပါရင်၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေဆိုရင် Report( ရီပို့ )

လုပ်ပြီး ဖျက်ဖို့တောင်းဆိုနိုင်ခွင့်တွေ ပေးထားပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့
အထက်ပါအကြောင်းအရာမျိုးတွေ တစ်စုံတစ်ယောက်က သူ့ Facebook မှာ တင်တဲ့အခါမှာ ၀ိုင်းပြီးတော့ ဆဲနေမယ့် အစား

Facebook ဆီ Report ( ရီပို့ ) ၀ိုင်းတင်ပြီး ဖျက်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။ Report ( ရီပို့ ) တင်တဲ့သူများရင် Facebook က

ဖျက်ပေးမှာ အသေအချာပါပဲ။ Facebook ရဲ့ အယူအဆကတော့ ရှင်းပါတယ်။ အများက လက်မခံရင် သူတို့ဘက်က

ဖျက်ပေးမယ်ဆိုတာပါပဲ။

♦♦♦♦♦♦ ဘာသာရေးကို စော်ကားတာပါလာရင် Report ( ရီပို့ ) လုပ်နည်းကို ပြောပြပါမယ်။ ♦♦♦♦♦♦

၁ ♦
ဘာသာရေးစော်ကားထားတာပါတဲ့ ပို့စ်ရဲ့ ညာဘက်ထောင့်မှာရှိတဲ့ မျှားသင်္ကေတခလုတ်လေး ကိုနှိပ်ပြီး Report Story or Spam

ကို ရွေးပေးပါ။
သူ့ပို့စ် ပျောက်သွားပြီး စာတန်းတစ်တန်း ပေါ်လာပါမယ်။
If this story is abusive, please (file a report.) ကိုထပ်ရွေးပါ။ ခဏစောင့်ပါ။
----------------------
၂♦
အဲဒီအခါ Window (လေးထောင့်ကွက်) တစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။ ရွေးစရာ ၇ ခုလောက်ထဲက
Hate Speech (ရိုင်းစိုင်းကြမ်းတမ်း အမုန်းပွားစေတဲ့ စကားဖြစ်တယ်) ဘေးက အ၀ိုင်းလေးကို ရွေးလိုက်ပါ။
----------------------
၃ ♦ သူ့ကိုရွေးလိုက်ရင်တော့ အောက်မှာ လေးထောင့်ကွက်လေးနဲ့ နောက်ထပ် ရွေးစရာတွေ ထပ်ပေါ်လာပါလိမ့်မယ်။
* Target a Race or Ethnicity (လူမျိုးရေးတိုက်ခိုက်မှု)
* Target a religious group (ဘာသာရေးတိုက်ခိုက်မှု)
* Targets based on gender or orientation (ယောကျာ်းဖြစ်မှု၊ မိန်းမဖြစ်မှုကို တိုက်ခိုက်မှု)
* Targets people with disability or disease (မသန်မစွမ်းသူများကို တိုက်ခိုက်မှု)
အထက်ပါ ၄ ခု ထဲက Target a religious group (ဘာသာရေးတိုက်ခိုက်မှု) ကိုရွေးလိုက်ပါ။ Continue ကို ဆက်နှိပ်ပါ။
----------------------
၎ ♦
အဲဒီအခါ နောက်ထပ် Window တစ်ခု ထပ်ပေါ်လာပါလိမ့်ဦးမယ်။
* Message ( ပို့စ်တင်သူအမည်) to remove
* Unfriend , block or hide ( ပို့စ်တင်သူအမည်) from News Feed
အောက်မှာမှ လေးထောင့်ကွက်ကလေးနဲ့ Report to Facebook ဆိုတာလေး တွေ့ပါလိမ့်မယ်။
----------------------
၅ ♦
မဖြစ်မနေလုပ်ရမှာကတော့ အောက်ဆုံးက Report to Facebook ကို အမှန်ခြစ်ပြီး Continue ကို ဆက်နှိပ်ပါ။

နောက်ဆုံး Okay ပေါ်လာရင်တော့ Report တင်တာ အောင်မြင်သွားပါပြီ။
Okay ကို နှိပ်ပြီးထွက်ပါ။
----------------------
မှတ်ထားဖို့က Report ( ရီပို့ ) လုပ်သူများဖို့ပါပဲ။ သူတင်ထားတဲ့ post သာမက တင်သူရဲ့ Facebook Account ပါ

ပြုတ်ကျသွားမှာပါ။

♦♦♦ မှတ်နည်းအတို ♦♦♦

♦ ကိုယ်မနှစ်သက်တဲ့ ဘာသာရေးစော်ကားထားတာပါတဲ့ Status ရဲ့ ညာဘက်ထောင့်မှာရှိတဲ့ မျှားသင်္ကေတ ခလုတ်လေး

ကိုနှိပ်ပြီး Report Story or Spam ကို ရွေးပေးပါ။
သူ့ status ပျောက်သွားပြီး စာတန်းတစ်တန်းပေါ်လာပါမယ်။
If this story is abusive, please (file a report.) ကိုထပ်ရွေးပါ။ ခဏစောင့်ပါ။
♦ Hate Speech ရွေးလိုက်ပါ။ လေးထောင့်ကွက်လေးနဲ့ နောက်ထပ် ရွေးစရာတွေ ထပ်ပေါ်လာပါလိမ့်မယ်
♦ Target a religious group (ဘာသာရေးတိုက်ခိုက်မှု) ကိုရွေးလိုက်ပါ။ Continue ကို ဆက်နှိပ်ပါ။
♦ အောက်ဆုံးက Report to Facebook ကို အမှန်ခြစ်ပြီး Continue ကို ဆက်နှိပ်ပါ။
♦ Okay ပေါ်လာရင်တော့ Report တင်တာ အောင်မြင်သွားပါပြီ။
Okay ကို နှိပ်ပြီးထွက်ပါ။

Credit to: ဆွေမွန်


အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။




အမျိုးသမီးများ ဆံပင်အရှည်ထားခြင်းနှင့် ညှပ်ခြင်း

အမျိုးသမီးများ ဆံပင်အရှည်ထားခြင်းနှင့် ညှပ်ခြင်း

    အမျိုးသမီးများအနေဖြင့် မိမိတို့၏ ဦးခေါင်းရှိဆံပင်ကို မည်သည့်နေရာကဖြစ်စေ ရိတ်ခြင်း၊ ညှပ်ခြင်းသည် ယောင်္ကျားကလေးများနှင့် ဆင်တူသွားစရာအကြောင်းရှိ၍  လုံးဝမပြုပိုင်ပေ။ ရှရီအသ်တရားတော်အရ ထိုသို့ပြုလုပ်ခြင်းအပေါ် တားမြစ်ထား၏။ သို့ရာတွင် ရှရီအသ်တရားတော်က ခွင့်ပြုချက်ပေးထားသည့် အခြေအနေတွင်တော့ ပြုပိုင်၏။
       
   ဥပမာ- ဦးခေါင်းတွင်တစ်စုံတစ်ရာ  ဝေဒနာစွဲကပ်နေပြီး ဆံပင်တွေကို မရှင်းလင်းပြစ်လျှင် အလွန်နာကျင်သည့် ဒုက္ခထဲ နစ်မြုပ်နေမည်ဆိုလျှင် ဆံပင်များရိတ်ခြင်း၊ ညှပ်ခြင်း ပြုပိုင်ပေသည်။ သို့ရာတွင် ရောဂါသက်သွားလျှင် ခွင့်ပြုချက်လည်းပြီးဆုံးသွားပေသည်။
   
    ဟဒီးစ်တော်တစ်ရပ်တွင် ဟဇရသ်အိဗ်နေအဗ္ဗါးစ် (ရသွီ့) သခင်ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွ) အမိန့်ရှိသည်မှာ အမျိုးသမီးများနှင့် ဆင်တူရိုးမှားနေထိုင်သော အမျိုးသားများအပေါ် ၎င်းနောက် အမျိုးသားများနှင့်ဆင်တူရိုးမှားနေထိုင်သော  အမျိုးသမီးများအပေါ် အလ္လာဟ်အရှင်မြတ်ဘက်မှ လအ်နသ်ကျရောက်ပေသည်။ (ဘုခါရီကျမ်း)

    အခြားဟဒီးစ်တော်တစ်ရပ်တွင် ဟဇရသ် အလီ (ရသွီ့) သခင် ဆင့်ပြန်သည်မှာ တမန်တော်မြတ် (ဆွ)သည် အမျိုးသမီးများ ခေါင်းတုံး တုံးခြင်းကို တားမြစ်ထားသည်။

    မိရှ်ကားသ်ကျမ်း၏ ဟာရှီယဟ်တွင် ရေးသားထားသည်မှာ အမျိုးသမီးများအား ဆံပင်ရိပ်ခြင်း၊ ညှပ်ခြင်းမှ တားမြစ်ရခြင်းမှာ လှပမှုတွင် အမျိုးသမီးများ၏ ဆံကေသာသည် အမျိုးသားများ၏ မုတ်ဆိတ်ကဲ့သို့ဖြစ်သည်။ သို့ဖြစ်ရာ မုတ်ဆိတ်ရိတ်ခြင်း ဟရာမ်ဖြစ်သလို အမျိုးသမီးများ၏ ဆံပင်ရိတ်ခြင်း၊ ညှပ်ခြင်းသည်လည်း လုံးဝမပိုင်ပေ။ ဟရာမ်ဖြစ်ပေသည်။


ဗန္ဒာဟ် စလာမသွလ္လာဟ် (မုဟမ္မဒီ)

အလ်မုဖီးဒ် (Al-mufeed)
ဆက်သွယ်ရန်
ဖုန်းထဲတွင် ထည့်သွင်းရန် Simple Islam.apk ဖိုင်ကို ကူးယူ Install လုပ်ထားပါ။

Friday, July 19, 2013

အိအ်သိကားဖ်၏ မစာအိလ်နှင့် ဖဇွာအိလ်များ


* အိအ်သိကားဖ် ထိုင်ခြင်း၏ ဖဇီလသ်
အကြင်သူက စိတ်စေတနာဖြူစင်စွာဖြင့် (ပြစားရန် နိယသ်မပါဘဲ) ရမဿွာန်လမြတ်၏ နောက်ဆုံး ၁၀ ရက်တွင် အိအ်သိကားဖ်ထိုင်ခဲ့ပါက အလ္လာဟ်အရှုင်မြတ်သည် ၎င်းကျူးလွန်ခဲ့သည့် ဂိုနာဟ်အားလုံးကို ခွင့်လွှတ်ချမ်းသာ ပေးတော်မူမည်။ အိအ်သိကားဖ်ထိုင်သူအား ဟဂ်ျနှစ်ကြိမ် အွမ်ရာနှစ်ကြိမ် ပြုလုပ်သည့် စ၀ါးဗ်ကို ချီးမြှင့်တော်မူမည်။ (ဗိုင်ဟကီ)
ရက်ပေါင်း ၄၀ အစ္စလာမ့်ဒေသအား ကင်းစောင့်သည့် စ၀ါးဗ်ရရှိမည်။ အကြင်သူသည် အစ္စလာမ့်ဒေသအား ရက်ပေါင်း ၄၀ ကင်းစောင့်ခဲ့ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်း၏ အပြစ်ဂိုနာဟ်များအား မအ်ဖ်ပြုတော်မူမည်။ ထိုသူသည် မွေးကင်းစ ကလေးတစ်ဦးပမာ ဖြစ်သွားပေမည်။

အကြင်သူသည် အလ္လာဟ်အရှင်မြတ် နှစ်သက်ရန်အတွက် တစ်ရက်အိအ်သိကားဖ်ထိုင်လျှင် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က ထိုသူနှင့်ဂျဟန္နမ်၏ အကြားတွင် မိုးနှင့်မြေ၏ ကွာခြားမှုထက် ကြီးမားကျယ်ပြန့်သော တံတိုင်းကြီးသုံးခု ကာဆီးပေးတော်မူမည်။ (သွဗ်ရာနီ)

မွတ်စလ်မာန်ညီနောင်တစ်ဦး၏ လိုအပ်ချက် အခက်အခဲအား လိုက်လံကူညီ ဆောင်ရွက်ပေးခြင်းသည် ၁၀ နှစ် အိအ်သိကားဖ် ထိုင်ခြင်းထက်ပိုသော စ၀ါးဗ်ကို ရရှိစေသည်။ (သွဗ်ရာနီ)

စကားနည်းခြင်းသည် ဆင်ခြင်တုံတရားဖြစ်သည်။
အအိပ်နည်းခြင်းသည် အိဗာဒသ်ဖြစ်သည်။
အစားနည်းခြင်းသည်ကျန်းမာခြင်းဖြစ်သည်။
လူတို့နှင့် ရောနှောမှု လျော့နည်းခြင်းသည် စိတ်ချမ်းသာမှုပင်ဖြစ်သည်။
အိအ်သိကားဖ်ထိုင်သူသည် အိအ်သိကားဖ်၌ရှိနေစဉ် စက္ကန့်တိုင်း မိနစ်တိုင်း အေဗာဒသ်ပြုနေကြောင်း ရေးမှတ်ခြင်းခံရသည် ၎င်း၏အိပ်စက်ခြင်း စားသောက်ခြင်းနှင့် လှုပ်ရှားခြင်း စသည်များပင် အေဗာဒသ်၌ အပါဝင်ဖြစ်သည်။
* အိအ်သိကားဖ် ဆိုင်ရာ မတ်စ်အလာများ
အိအ်သိကားဖ် ၏ မူရင်း အဓိပ္ပါယ်မှာ အရာတစ်ခုခုကို မြဲမြံစွာ ဆုပ်ကိုင်ခြင်း၊ မိမိ၏ နဖ်စ်(စိတ်)ကို ထိုအရာပေါ်တွင် စုစည်းစေခြင်း ဖြစ်သည်။
ရှရီအသ်တွင် အိအ်သိကားဖ်ကို အိအ်သိကားဖ်၏ နိယသ်နှင့်တကွ ရိုဇာဟ်ထားပြီး ဗလီတွင်နေထိုင်ခြင်းကို သုံးနှုန်းသည်။ အိအ်သိကားဖ် သုံးမျိုးရှိသည်။ (၁) ၀ါဂျိဗ် (၂) စွန္နသ် (၃) နဖိလ်(မွတ်စ်သဟဗ်)
၁။ ၀ါဂျိဗ်ဖြစ်သည့် အိအ်သိကားဖ်
နဇရ်ကိုးထားသည့် အိအ်သိကားဖ်ဖြစ်သည်။ ရောဂါပျောက်ကင်းလျှင်၊ အလုပ်ကိစ္စအောင်မြင်လျှင်၊ (သို့မဟုတ်) မည်သည့်အကြောင်းကိစ္စမဆို မိမိဆန္ဒအတိုင်း ဖြစ်မြောက်အောင်မြင်ခဲ့လျှင် အိအ်သိကားဖ် ထိုင်မည်ဟု ရည်စူးလိုက်ပါက ၎င်းသူအတွက် အိအ်သိကားဖ်ထိုင်ရန် ၀ါဂျိဗ်ဖြစ်သွားသည်။

အကယ်၍ နဇရ်ကိုးရာတွင် ရက်မည်မျှ အိအ်သိကားဖ်ထိုင်မည်ဟု သတ်မှတ်ခဲ့ပါက မိမိ သတ်မှတ်ထားသည့် အတိုင်း ပြည့်ဝအောင်ပြုလုပ်ရန် အရေးကြီးသည်။ တစ်ရက်၊ တစ်ပတ်၊ တစ်လ မည်မျှပင် ရည်စူး၍ ကိုးသည်ဖြစ်စေ မိမိရည်စူးထားသည့်အတိုင်း ပြည့်ဝအောင်လုပ်ဆောင်ရန် ၀ါဂျိဗ်ဖြစ်သည်။ ၀ါဂျိဗ် ဖြစ်သော အိအ်သိကားဖ်တွင် ရိုဇာဟ်ပါထားရန် ၀ါဂျိဗ်ဖြစ်သည်။

၂။ စွန္နသ်ဖြစ်သည့် အိအ်သိကားဖ်
ရမဿွာန်လမြတ်၏ နောက်ဆုံး ၁၀ ရက်တွင်ထိုင်သည့် အိအ်သိကားဖ် ဖြစ်သည်။ စွန္နသိမုအက္ကဒဟ် အလလ်ကိဖာယာ ဖြစ်သည်။ (ဆိုလိုသည်မှာ) ရပ်ကွက်ဗလီတွင် အနည်းဆုံး နှစ်ဦး သုံးဦး အိအ်သိကားဖ်ထိုင်ခြင်းဖြင့် ရပ်ကွက်တွင်ရှိသော မွစ်လင်မ်အားလုံးဘက်မှပါ တာဝန်ကျေသွားသည်။ အကယ်၍ တစ်ဦးမှ အိအ်သိကားဖ်ထိုင်ခြင်း မရှိပါက ရပ်ကွက်တစ်ခုလုံးရှိ မွတ်စလ်မာန်များအပေါ် စွန္နသိမုအက္ကဒဟ်ကို စွန့်လွှတ်ခြင်း၏ ပြစ်ဒဏ်ထိုက်မည်။ ဤအိအ်သိကားဖ်တွင်လည်း ရိုဇာဟ်ထားရန် အရေးကြီးသည်။

၃။ မွတ်စ်သဟဗ်ဖြစ်သည့် အိအ်သိကားဖ်
မွတ်စ်သဟဗ် အိအ်သိကားဖ်အတွက် ရိုဇာဟ်ထားရန် အရေးမကြီးပါ။ တစ်နေ့လုံး အိအ်သိကားဖ်ထိုင်ရန်လည်း မလိုအပ်ပေ။ အလျင်းသင့်သလို အိအ်သိကားဖ်၏ နိယသ်ပြုနိုင်ပေသည်။ ဥပမာ ဗလီအတွင်းသို့ ၀င်လိုက်သည်နှင့် အိအ်သိကားဖ်၏ နိယသ်ပါပြုလိုက်ခြင်း၊ ဂျာအေနမာဇ်အပေါ်သို့ မတ်တပ်ရပ်လိုက်သည့်အခါ အိအ်သိကားဖ်၏ နိယသ်ပါပြုလိုက်ခြင်း၊ ဤသည်တို့မှာ မွတ်စ်သဟဗ် အိအ်သိကားဖ်ဖြစ်ပြီး စ၀ါးဗ်လည်းရရှိမည်ဖြစ်သည်။ ရိုဇာဟ်ထားရမည့်ရှရသ် (စည်းကမ်းချက်) မပါရှိပါ။

* ၀ါဂျိဗ် နှင့် စွန္နသ်အိအ်သိကားဖ်၏ မစာအိလ်များ
- အိအ်သိကားဖ်ထိုင်သည့် ဗလီသည် နမားဇ် ၅ ကြိမ် ဂျမာအသ်နှင့်တကွ ၀တ်ပြုသည့်ဗလီ ဖြစ်ရမည်။
- အိအ်သိကားဖ်၏ နိယသ်ဖြင့် ထိုင်ခြင်းဖြစ်ရမည်။ မည်သည့်နိယသ်မျှမပါဘဲ ဗလီတွင် နေထိုင်ပါက အိအ်သိကားဖ် အထမမြောက်ပါ။ (အိအ်သိကားဖ် အတွက် နိယသ်အရေးကြီးသည်။)
- အိအ်သိကားဖ်ထိုင်သူအတွက် ဇနီးနှင့် ပေါင်းသင်း ဆက်ဆံခွင့်မရှိ။ ဟရာမ်ဖြစ်သည်။ နေ့အချိန်၊ ညအချိန်၊ မေ့၍ဖြစ်စေ၊ သိလျှက်နှင့်ဖြစ်စေ၊ မနီထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ အခြေအနေတိုင်းတွင် အိအ်သိကားဖ်ပျက်သည်။
- ဇနီးအား နမ်းလိုက်ခြင်း (သို့မဟုတ်) ဖက်လိုက် ခြင်းကြောင့် မနီထွက်သွားပါက အိအ်သိကားဖ်ပျက်သည်။ မနီမထွက်ပါက အိအ်သိကားဖ် မပျက်ပါ။
- ပျက်သွားသော အိအ်သိကားဖ်အား ကဇွာပြန်ဖြည့်ရန် ၀ါဂျိဗ်ဖြစ်သည်။
- အိအ်သိကားဖ်ထိုင်သူသည် ရှရီအသ် (သို့မဟုတ်) ကိုယ်ရေးကိုယ်တာ အတွက် အရေးကြီးလိုအပ်ချက်မရှိဘဲ သိလျှက်ဖြစ်စေ၊ မေ့လျော့၍ဖြစ်စေ ဗလီမှ အပြင်သို့ထွက်လိုက်ပါက အိအ်သိကားဖ်ပျက်သည်။ မုအ်သကိဖ် (အိအ်သိကားဖ်ထိုင်သူ)သည် မိမိအိအ်သိကားဖ်ထိုင်သည့်ဗလီမှ အပြင်သို့ ထွက်ခြင်းသည် မပိုင်ပါ။ နေ့ ည အိအ်သိကားဖ်ထိုင်ရန် သတ်မှတ်ထားသည့် နေရာတွင်သာ နေရမည်ဖြစ်သည်။
- ရေချိုးရန် ၀ါဂျိဗ်ထိုက်သွားခြင်း၊ အိစ်သိန်ဂျာလုပ်ရန် နှင့် ၀ူဇူပြုရန် လိုအပ်လာသည့် အခါတွင် လိုအပ်သည့်အချိန်ခန့်မျှသာ မိမိအိအ်သိကားဖ်ထိုင်သည့် နေရာမှ အပြင်သို့ထွက်ရမည်။
- မိမိ၏ စားဝတ်နေရေးအတွက် အရောင်းအ၀ယ်ပြုလုပ်နေရသည်။ ထိုရောင်းဝယ်နေခြင်းကို မပြုလုပ်ပါက အိမ်တွင်ရှိသော ဇနီး၊ သားသမီးတို့အတွက် အိမ်စရိတ်အခက်ခဲရှိမည်။ ကိုယ်စားခိုင်းရန်လည်း လူမရှိပါက ဗလီအတွင်းမှပင်နေ၍ အရောင်းအ၀ယ်ပြုလုပ်နိုင်သည်။ ဗလီအတွင်းသို့ ရောင်းဝယ်သည့်ပစ္စည်းများ ယူဆောင်လာခွင့် မရှိ။ ဤပုံစံသည် ကိုယ်တိုင်မလုပ်လျှင် လုပ်မည့်သူ မရှိ၊ ကိုယ်စားလှယ်မရှိ၊ ယုံကြည်စိတ်ချရမည့်သူမရှိ၊ စသည့်အခြေအနေများအတွက် ဖြစ်သည်။ သို့မဟုတ်ပါက မလိုအပ်ပဲ အရောင်းအ၀ယ်စကားပြောခဲ့လျှင် အိအ်သိကားဖ်ပျက်သည်။
- အိအ်သိကားဖ် ထိုင်သည့်အချိန် ကောင်းမွန်သည့်စကားများ၊ ဘာသာရေးကိစ္စရပ်များကိုသာလျှင် ပြောဆိုရမည်။ လုံးဝစကားမပြောဘဲ နေခြင်းကို စ၀ါးဗ်ရသည်ဟု မှတ်ယူ၍ နှုတ်ဆိတ်စွာနေပါက မက္ကရူဟ်ဖြစ်သည်။ ဤသို့ မှတ်ယူခြင်းမရှိပါက တိတ်ဆိတ်စွာနေခြင်းသည် မက္ကရူဟ် မထိုက်ပါ။ (နှုတ်လျှာ၏ ဂိုနာဟ်များမှ ရှောင်ရှားရန်အတွက် တိတ်ဆိတ်စွာနေခြင်းသည်လည်း အိဗာဒသ်ပင်ဖြစ်သည်။)
- လိုအပ်ချက်မရှိဘဲ ဗလီမှ အပြင်သို့ တစ်မိနစ်စာခန့်မျှ ထွက်ခဲ့လျှင်လည်း ၎င်း၏ အိအ်သိကားဖ် ပျက်သည်။
- နေ့အချိန်အတွက် အိအ်သိကားဖ်ထိုင်မည်ဟု ရည်စူးလျှင် ၎င်းအတွက် ထိုနေ့၏ညတွင်ပါ အိအ်သိကားဖ် ထိုင်ရမည်။
- ၃ ရက် အိအ်သိကားဖ်ထိုင်မည်ဟု ကိုးထားလျှင် ဆက်တိုက်ထိုင်ရန် ရည်စူးသည်ဖြစ်စေ မရည်စူးသည်ဖြစ်စေ ၃ ရက်ဆက်တိုက် ထိုင်ရမည်။
- အိအ်သိကားဖ်ထိုင်သူသည် နမားဇ်၊ ဇိကိရ်၊ သိလာဝသ်၊ ဒိုအာ၊ များတွင် နစ်မွန်းနေရပါမည်။ အစ္စလာမ့်အသိပညာများ ဆည်းပူးခြင်း၊ ပြန်လည်သင်ကြားပေးခြင်းတို့ကြောင့် အိအ်သိကားဖ်မပျက်ပါ။
- အမျိုးသမီးများ အနေဖြင့် မိမိတို့အိမ်၏ နမားဇ်ဖတ်သည့် နေရာ (သို့မဟုတ်) သီးသန့်နေရာတစ်ခု ပြုလုပ်၍ အိအ်သိကားဖ် ထိုင်နိုင်ပါသည်။ အိမ်၏ ကိစ္စများကို လိုအပ်ပါက လိုအပ်သည်ခန့်မျှ စီမံခန့်ခွဲမှု ပြုနိုင်ပါသည်။ အပိုစကားများပြောခြင်း၊ မလိုအပ်ပဲ အိအ်သိကားဖ်ထိုင်ရန် သတ်မှတ်ထားသည့်နေရာမှ အပြင်သို့ထွက်ခြင်း၊ ဟိုင်းဇ်၊ နိဖားစ် သွေးဆင်းလာခြင်း၊ မိမိ၏ ခင်ပွန်းနှင့် အတူနေလိုက်ခြင်း၊ တို့ကြောင့် အိအ်သိကားဖ် ပျက်သည်။
ဟိုင်းဇ်၊ နိဖားစ် နှင့် အခြား အိအ်သိကားဖ်ပျက်စေသည့် အချက်များကြောင့် ပျက်သွားသော အိအ်သိကားဖ်ကို ပြန်ဖြည့်ရမည်ဖြစ်သည်။ ရောဂါသွေးကြောင့် အိအ်သိကားဖ်မပျက်ပါ။
အထက်တွင် တင်ပြခဲ့သော မတ်စ်အလာများသည် ၀ါဂျိဗ် နှင့် စွန္နသ် အိအ်သိကားဖ် အတွက်ဖြစ်ပါသည်။
(ကူဒူရီကျမ်း)
အနှစ်ချုပ်
အိအ်သိကားဖ်ထိုင်ခွင့်ရှိသူ၏ အရည်အချင်းများကား မွတ်စ်လင်မ် ဖြစ်ရမည်၊ အသိညဏ်ရှိသူဖြစ်ရမည်၊ အိအ်သိကားဖ်နိယသ်ပြုရမည် ဂျမာအသ်ဖြစ်သော ဗလီ၌ဖြစ်ရမည်။

- စွန္နသ်နှင့် ဝါဂျိဗ် အိအ်သိကားဖ်တွင် ရိုဇာနှင့်တကွထိုင်ရမည် သံဝါသပြုမှုမှသန့်ရှင်းပြီးဖြစ်ရမည်။

- အမျိုးသမီးသည် ခင်ပွန်း၏ခွင့်ပြုချက်ရှိရမည်။ ဟိုက်ဇ်၊ နေဖါးစ်မှ သန့်ရှင်းသူဖြစ်ရမည်။

- အကယ်၍အမျိုးသမီးများ အိအ်သိကားဖ်ထိုင်နေစဉ် ဓမ္မတာရာသီပေါ်လာလျှင် အိအ်သိကားဖ်မှ ထွက်လိုက်ရမည်။ (၎င်းကို ဖြည့်စွက်ရန် ဝါဂျိဗ်ဖြစ်သည်)

- အမျိုးသမီးများသည် မိမိတို့အိမ်အတွင်း နမားဇ်ဝတ်ပြုသည့်နေရာတွင် အိအ်သိကားဖ် နိယသ်ပြု၍ ထိုင်ရ၏။ အိစ်သိင်န်ဂျာသွားခြင်းနှင့် လိုအပ်၍၀ူဇူပြုရခြင်းမှအပ အခြားမည်သည့်ကိစ္စအတွက်မျှ ထိုနေရာမှ ထွက်သွားခွင့်မရှိပါ။ အိမ်ရှေ့ခန်း သို့မဟုတ် အိမ်အတွင်းရှိ အခြားအစိတ်အပိုင်းများသို့လည်း သွားခွင့်မရှိပါ။

- အိမ်တွင်းနမာဇ်ဝတ်ပြုရန် သီးသန့်နေရာ သတ်မှတ်ထားခြင်းမရှိလျှင် အိအ်သိကားဖ် မထိုင်မီ သီးသန့်နေရာသတ်မှတ်ပြီး ထိုင်နိုင်ပါသည်။

- အိအ်သိကားဖ် ထိုင်နေစဉ် ဧည့်သည်နှင့်တွေ့ရန် ဧည့်ခန်းသို့ထွက်၍ စကားစမြည်မပြောရ (ဤသို့ပြောလိုက်ပါက အိအ်သိကားဖ်ပျက်သည်။)

- ချက်ပြုတ်ခန်းထဲဝင်၍ ချက်ပြုတ်ခြင်းမပြုရ။ သို့သော် မိမိအိအ်သိကားဖ်ထိုင်နေရာမှ အိမ်မှုကိစ္စများကို ညွှန်ကြားနိုင်သည်။)

- အိအ်သိကားဖ် နီယသ်ပြု၍ ထိုင်သူအားလုံးကို စွန္နသ်တော်နှင့် ကိုက်ညီသော၊ အလ္လာဟ်အရှင်မြတ် လက်ခံကဗူလ်ပြုသော အိအ်သိကားဖ်မျိုး ထိုင်နိုင်စွမ်းပေးသနားတော်မူပါစေ။ အာမီးန်။

Cradite. အလ်မုဖီးဒ် (http://aaitee.blogspot.com) မှ ရေးသားသည်။