Tuesday, July 9, 2013

ရိုဇာဟ်နှင့်ပတ်သက်၍သိထားသင့်သောအချက်များ.

ရိုဇာဟ်နှင့်ပတ်သက်၍သိထားသင့်သောအချက်များ.

နီယသ်....
ရိုဇာဟ်စောင့်ထိန်းရာတွင်နီယသ်ပြုခြင်းသည်အလွန်အရေးကြီးလှပေသည်၊၊
နီယသ်ပြုရာတွင်နှုတ်ဖြင့်ရွတ်ဆိုမှ ပိုင်သည်မဟုတ် စိတ်ဖြင့်ရည်မှတ်လျှင်လည် လုံလောက်၏။
နှုတ်ဖြင့်နီယသ်ပြုနိုင်လျှင်ပို၍ကောင်း၏။နှုတ်ဖြင့်ဆိုခြင်းမပြုဘဲစိတ်ထဲ၌ပင်နီယသ်ပြုခြင်းဖြင့်မည်သို့မျှချို့ယွင်းချက်မရှိချေ။
''ရိုဇဟ်'' ပျက်စေသောအချက်များ
''ရိုဇဟ်''ပျက်စေသောအချက်များမှာ နှစ်မျိုးရှိ၏။ တစ်မျိုးမှာ - ''ရိုဇဟ်'' ပျက်၍ ထိုရက်အစား
ကဇွာ(၁)ရက်သာပြန်ဖြည့်ရ၏။ ဒုတိယ တစ်မျိုးမှာ ''ရိုဇဟ်''ပျက်၍ ကဇွာဖြည့်ရမည့်အပြင် ကဖ္ဖာရာဟ်လည်း ထိုက်၏။
အောက်ပါအချက်များဖြင့် ''ရိုဇဟ်'' ပျက်၍ ကဇွာသာဖြည့်ရ၏။
(၁) ''ဆွိယာမ်''စောင့်ထိန်းသောသူ၏ ပါးစပ်အတွင်းသို့ အခြား သူတစ်ဦးဦးက စားစရာ တစ်ခုခု အတင်းထိုးထည့်၍ လည်ချောင်း
အတွင်းဝင်သွားခြင်း၊
(၂) ''ဆွိယာမ်''စောင့်ထိန်းထားကြောင်း သတိရှိလျက်နှင့် ပလုပ်ကျင်း နေစဉ် ရည်ရွယ်ချက်မရှိဘဲလည်ချောင်း အတွင်း ရေဝင်သွားခြင်း၊
(၃) အန်ထွက်လာသော အန်ဖတ်များကို ပြန်လည်မျိုချခြင်း၊
(၄) လက်ထိုး၍ ပါးစပ်အပြည့်အန်ချခြင်း၊
(၅) ကျောက်ခဲ (သို့)မြေကြီး (သို့) အုတ်ခဲစ (သို့) သစ်စေ့ (သို့) စက္ကူစ စသည့် တို့ကိုတမင်မျိုချခြင်း
(၆) သွားကြားညှပ်နေသော ကုလားပဲစေ့ခန့်မျှ (သို့) ထိုထက်ကြီးသော အစားအစာတစ်ခု ကို လျှာဖြင့်ကထိုး၍ မျိုချခြင်း၊(ပါးစပ်အပြင်သို့ရောက်ပြီးမှပြန်၍မျိုချခြင်းဖြစ်လျှင်ထိုအရာသည်ကုလားပဲလုံးထက်ငယ်သော်လည်း
ရိုဇာပျက်၏)
(၇) သွားမှထွက်သော သွေးကိုမျိုချခြင်း၊ (တံတွေးနှင့်ရောသော်လည်း သွေး ကများလျှင် ပျက်၏။)
(၈) မေ့လျော့၍ စားသောက်မိပြီး ''ရိုဇဟ်'' ပျက်ပြီဟု ထင်၍ ထပ်မံ စားသောက်ခြင်း၊
(၉) အရုဏ်တက်ချိန်(စွတ်ဗ်ဟိစွာဒစ်က်)ရောက်ပြီးသောအခါ မိုး သောက်ချိန် မရောက်သေးဟု ထင်၍ စားသောက်မိခြင်း၊
(၁ဝ) ရမ်ဇန်လမှအပ၊ အခြားရက်တွင်ထားသော နဖစ်လ်''ရိုဇဟ်''ကို တမင်ဖျက်ခြင်း၊
(၁၁) နေ့အချိန်မကုန်သေးဘဲ မိုးသားများကြောင့် နေဝင်ပြီဟုထင်၍ ၀ါဖြေမိခြင်း၊
အောက်ပါအချက်များဖြင့်ရိုဇာပျက်၍ကသွာဖြည့်ရမည့်အပြင်ကဖ်ဖာရဟ်ဖြည့်ရန်လည်းတာဝန်ဖြစ်လာပေသည်။
(၁) ရမ်ဇာန်လမြတ်တွင် ရိုဇဟ်စောင့်ထိန်းထားစဉ် အာဟာရ အဖြစ် (သို့) ဆေးအဖြစ် (သို့) အရသာခံရန် သုံးစွဲလေ့ရှိသော
အစာကို တမင်စားသုံးခြင်း၊
(၂) သတိရလျက်ကိုယ်လက်နှီးနှောခြင်း၊
(၃) သွေး ထုတ်ပြီး (သို့) စူရ်မာစွဲပြီး ရိုဇဟ်ပျက်ပြီဟု ထင်၍ တမင် စားသောက်လိုက် ခြင်း။ှ
မှတ်ချက်--- ရမ်ဇာန်လတွင်စောင့်ထိန်းရသောဖရပ်ဇ်ရိုဇာဟ်ကိုဖျက်ခြင်းဖြင့်သာကဖ်ဖာရာဟ်ဖြည့်ရ၏။
အခြားရိုဇဟ်ကိုဖျက်ခြင်းဖြင့်ကဖ်ဖာရဟ်မဖြည့်ရပေ။ရမ်ဇာန်လ၏ကသွာရိုဇဟ်ကိုဖျက်ခြင်းဖြင့်ပင်ကဖ်ဖာရဟ်မဖြည်
ရပေ။
ရမ်ဇာန်လတွင်ရိုဇဟ်ပျက်သွားသော်လည်းနေ၀င်ချိန်အထိ စားသောက်မှုကိုရပ်ဆိုင်းထားသင့်ပေသည်။
ရိုဇဟ်၏ ကဖ်ဖာရဟ်....ရိုဇဟ်ဖျက်လိုက်ခြင်းကြောင့် ထိုက်လာသောကဖ်ဖာရဟ်မှာ နှစ်လဆက်တိုက်ရိုဇဟ်စောင့်ထိန်းရမည်။ ထိုသို့
နှစ်လဆက်တိုက်ရိုဇဟ် မစောင့်ထိန်းနိုင်လျှင် ဆင်းရဲသား (၆ဝ) အား ထမင်းနှစ်နပ်အဝကျွေးရမည်။
ဆင်းရဲသား (၆ဝ) အား
တစ်ဦးလျှင် ဂျုံ စေ့ ၁ ပိဿာ ၆ဝ သားစီပေး ရမည်။ (သို့) ဂျုံစေ့ ၁ ပိဿာ ၆ဝ သား၏ တန်ဖိုးကို ပေးရမည်။ (သို့မဟုတ်ပါက) ထို တန်ဖိုးနှင့်ညီမျှသော
အခြားပစ္စည်း ဥပမာ ဆန်၊ ဆီ၊ ပဲစသည်တို့ပေးနိုင်၏။
ကဇွာ ရိုဇဟ်....စောနိုင်သမျှ စော၍ ကဇွာပြုလိုက်ခြင်းမှာအကောင်း ဆုံးဖြစ်သည်။ အကြောင်းမဲ့နှောင့်နှေးစေခြင်းမှာ မကောင်းချေ။ တစ်ဆက်တည်း
စောင့် လိုလျှင် စောင့်ထိန်းနိုင်ပြီး ရက်ခြား၍ စောင့်ထိန်းလိုလျှင်လည်း ပိုင်၏။
ရိုဇဟ်တွင် မကရူးဟ် ဖြစ်စေသောအချက်များ....
(၁) တစ်စုံတစ်ရာဝါးခြင်း၊ ငုံထားခြင်း။
(၂) အစားအစာ တစ်စုံတစ်ရာကို မြီးခြင်း၊ (ခင်ပွန်းကိုကြောက်ရသောအမျီုးသမီး အနေဖြင့် ပြုခွင့်ရှိ၏။ သို့သော် ချက်ခြင်းထွေးပစ်ရမည်)
(၃) ပလုတ်ကျင်းရာတွင်လည်းကောင်း၊ နှာခေါင်းဆေးရာတွင် လည်း ကောင်း၊ ရေများစွာ ထည့်ခြင်း။
(၄) တံထွေးများကိုငုံထားပြီး မျိုချခြင်း။
(၅) အတင်းပြောခြင်း၊ မုသားပြောခြင်း၊ ဆဲရေးတိုင်းထွာခြင်း။
(၆) ရေချိုးရန်တာဝန်ထိုက်ပါလျှက်ရေမချိုးဘဲ ကြာမြင့်စွာနေခြင်း။
(၇) မီးသွေးခဲ၊ သွားတိုက်ဆေးဖြင့် သွားတိုက်ခြင်း။
(၈)မောပန်း ၍ နုန်းသောအသွင်ကိုဖော်ပြခြင်းစသည်တို့ဖြစ်သည်။
ရိုဇဟ် မကရူးဟ် မဖြစ်သောအချက်များ.....
(၁) စူရ်မာဆွဲခြင်း၊
(၂) ကိုယ်ပေါ် (သို့) ခေါင်းပေါ် ဆီလိမ်းခြင်း၊
(၃) ကိုယ်အေးစေရန် ရေချိုးခြင်း၊
(၄) (မစ္စဝါးက်) တံပူတိုက်ခြင်း၊
(၅) (အခိုးအငွေ့မရှိသော) ရေမွှေးနှင့် နံ့သာရှုခြင်း၊ လိမ်းခြင်း၊
(၆) မေ့လျော့၍စားသောက်မိခြင်း၊
(၇) မရည်ရွယ်ဘဲ အလိုအလျောက်အန်ခြင်း၊
(၈) မိမိတံထွေးကိုမျိုချခြင်း၊
(၉) မရည်ရွယ်ဘဲ လည်ချောင်းအတွင်းသို့ ယင်ကောင် (သို့မဟုတ်) မီးခိုးဝင်သွားခြင်း။ ဖော်ပြပါအချက်များသည် ရိုဇာဟ် လည်းမပျက်၊
မကရူးဟ်လည်မဖြစ်ပေ၊
မှတ်ချက်......သအ်လီမွလ်အစ္စလာမ်အတွဲ(၄)မှကူးယူဖော်ပြခြင်းဖြစ်ပါသည်။

ဖေ့ဘုတ် စာမျက်နှာပိုင်ရှင် ချစ်ညီမ ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

အလ်မုဖီးဒ်