အမျိုးသမီးများအနေဖြင့် မိမိတို့၏ ဦးခေါင်းရှိဆံပင်ကို မည်သည့်နေရာကဖြစ်စေ ရိတ်ခြင်း၊ ညှပ်ခြင်းသည် ယောင်္ကျားကလေးများနှင့် ဆင်တူသွားစရာအကြောင်းရှိ၍ လုံးဝမပြုပိုင်ပေ။ ရှရီအသ်တရားတော်အရ ထိုသို့ပြုလုပ်ခြင်းအပေါ် တားမြစ်ထား၏။ သို့ရာတွင် ရှရီအသ်တရားတော်က ခွင့်ပြုချက်ပေးထားသည့် အခြေအနေတွင်တော့ ပြုပိုင်၏။
ဥပမာ- ဦးခေါင်းတွင်တစ်စုံတစ်ရာ ဝေဒနာစွဲကပ်နေပြီး ဆံပင်တွေကို မရှင်းလင်းပြစ်လျှင် အလွန်နာကျင်သည့် ဒုက္ခထဲ နစ်မြုပ်နေမည်ဆိုလျှင် ဆံပင်များရိတ်ခြင်း၊ ညှပ်ခြင်း ပြုပိုင်ပေသည်။ သို့ရာတွင် ရောဂါသက်သွားလျှင် ခွင့်ပြုချက်လည်းပြီးဆုံးသွားပေသည်။
ဟဒီးစ်တော်တစ်ရပ်တွင် ဟဇရသ်အိဗ်နေအဗ္ဗါးစ် (ရသွီ့) သခင်ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွ) အမိန့်ရှိသည်မှာ အမျိုးသမီးများနှင့် ဆင်တူရိုးမှားနေထိုင်သော အမျိုးသားများအပေါ် ၎င်းနောက် အမျိုးသားများနှင့်ဆင်တူရိုးမှားနေထိုင်သော အမျိုးသမီးများအပေါ် အလ္လာဟ်အရှင်မြတ်ဘက်မှ လအ်နသ်ကျရောက်ပေသည်။ (ဘုခါရီကျမ်း)
အခြားဟဒီးစ်တော်တစ်ရပ်တွင် ဟဇရသ် အလီ (ရသွီ့) သခင် ဆင့်ပြန်သည်မှာ တမန်တော်မြတ် (ဆွ)သည် အမျိုးသမီးများ ခေါင်းတုံး တုံးခြင်းကို တားမြစ်ထားသည်။
မိရှ်ကားသ်ကျမ်း၏ ဟာရှီယဟ်တွင် ရေးသားထားသည်မှာ အမျိုးသမီးများအား ဆံပင်ရိပ်ခြင်း၊ ညှပ်ခြင်းမှ တားမြစ်ရခြင်းမှာ လှပမှုတွင် အမျိုးသမီးများ၏ ဆံကေသာသည် အမျိုးသားများ၏ မုတ်ဆိတ်ကဲ့သို့ဖြစ်သည်။ သို့ဖြစ်ရာ မုတ်ဆိတ်ရိတ်ခြင်း ဟရာမ်ဖြစ်သလို အမျိုးသမီးများ၏ ဆံပင်ရိတ်ခြင်း၊ ညှပ်ခြင်းသည်လည်း လုံးဝမပိုင်ပေ။ ဟရာမ်ဖြစ်ပေသည်။
ဗန္ဒာဟ် စလာမသွလ္လာဟ် (မုဟမ္မဒီ)
အလ်မုဖီးဒ် (Al-mufeed)
ဆက်သွယ်ရန်
ဖုန်းထဲတွင် ထည့်သွင်းရန် Simple Islam.apk ဖိုင်ကို ကူးယူ Install လုပ်ထားပါ။