Showing posts with label နိကာ. Show all posts
Showing posts with label နိကာ. Show all posts

Wednesday, May 14, 2014

အိမ်ထောင်ရှင်တိုင်း ကျင့်သုံးရမည့်အရာများ



(၁)။ အဗူမူစာအရှ်အရီး (ရသွီ)သခင်ဆင့်ပြန်ခဲ့သည်။ မိမိထံ၌ရှိသော ကျွန်မတစ်ဦးအား (ဘာသာရေး)ပညာရပ်များကို ကောင်းစွာ သင်ကြားပေးခဲ့သောသူတစ်ဦး၏ ထူးကဲမွန်မြတ်မှုအကြောင်းကို တမန်တော်မြတ်(ဆွ)က ဟောကြားတင်ပြတော်မူခဲ့သည်။(ဗုခါရီကျမ်း)
ဇနီး၏တာဝန်သည် ပို၍အရေးကြီးသည်။ ထို့ကြောင့် ၎င်းကို ဘာသာရေးနှင့် စပ်လျဉ်း၍ သင်ကြားပို့ချပေးလျှင် ပို၍ကုသိုလ်အကျိုး ရရှိမည်ဖြစ်သည်။

(၂)။ ဆွဟာဗဟ်ကြီး အဗူဟုရိုင်ရဟ်(ရသွီ) သခင်ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)က မိန့်ခဲ့သည်မှာ ဇနီးများနှင့် ကောင်းစွာဆက်ဆံရန် ငါကိုယ်တော် ဆုံးမပါသည်။ အသင်တို့ ယင်းအဆုံးအမကို လက်ခံကြကုန်။ အကြောင်းမှာ မိန်းမများကို နံရိုးကောက်ဖြင့် ဖန်ဆင်းထားခြင်းဖြစ်သည်။ ထိုအကောက်ကို ဖြောင့်စေရန် ကြိုးစားအားထုတ်လျှင် ကျိုးသွားမည်သာဖြစ်သည်။ ယင်းသည် တွလားက် (ကွာရှင်းခြင်း) ပင်ဖြစ်သည်။ ယခင်အတိုင်းထားလျှင် ကောက်မြဲကောက်၍ နေမည်သာဖြစ်သည်။ ထို့ကြောင့်ဇနီးများနှင့် ကောင်းစွာဆက်ဆံရန် ငါကိုယ်တော် ဆုံးမပါသည်။ ယင်းအဆုံးအမကို အသင်တို့ လက်ခံကြကုန်ဟူ၍ဖြစ်၏။ (ဗုခါရီကျမ်း)

သတိပြုရန်
ဇနီးသည် အစစအရာရာ၌ မိမိ၏အလိုတော်ကျ ဖြစ်လာမည်မဟုတ်ကြောင်းကို ဆိုလိုခြင်းဖြစ်သည်။ ထိုသို့ဖြစ်စေလိုလျှင် အချင်းပွား၍ ကွာရှင်းရသည့် အခြေအနေဆိုးသို့ ရောက်သွားနိုင်ပေသည်။ ထို့ကြောင့် မပြောပလောက်သည့် ကိစ္စများတွင် ၎င်းတို့အားခွင့်လွှတ်ရ၏။ ထို့ပြင် အမျိုးသမီးများအား အလွန်ကြပ်မတ်လျှင် သို့မဟုတ် လုံးဝလျှေုာ့ထားလျှင် ရှိုက်တွာန်က ၎င်းတို့၏နှလုံးသား၌ မသင့်တော်သည်များကို ဖြစ်ပေါ်စေရန် သွေးဆောင်ဖြားယောင်း စေတတ်သည်။ အထူးသတိထားရန် လိုအပ်ပေသည်။

(၃)။ ဟကီးမ်ဗင်န်မုအာဝီယာ သခင်က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်က အို-အလ္လာဟ်တမန်တော်(ဆွ) ဇနီးများနှင့် စပ်လျဉ်း၍ ကျွန်တော်မျိုးတို့၌ မည်သို့ တာဝန်ရှိသနည်းဟု လျှောက်ထားရာ တမန်တော်မြတ်
(ဆွ)က သင်တို့စားလျှင် ၎င်းတို့ကိုလည်းကျွေးပါ။ အသင်တို့ဝတ်ဆင်လျှင် ၎င်းတို့ကိုလည်းဝတ်ဆင်စေပါ။ မျက်နှာကို မရိုက်လေနှင့်။ ဆူပူကြိမ်းမောင်းခြင်း မလုပ်လေနှင့်။ ၎င်းတို့နှင့် မဆက်ဆံဘဲ မနေကြလေနှင့် ဟူ၍ မိန့်ကြားတော်မူလေသည်။ (အဗူဒါဝူးဒ်ကျမ်း)

(၄)။ အဗ္ဗဒုလ္လာဟ်ဗင်န်ဇမ့်ဟ် (ရသွီ) သခင် ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ) မိန့်ခဲ့သည်မှာ အသင်တို့သည် မိမိတို့၏ ဇနီးမယားများကို ကျွန်များကို ရိုက်ပုတ်သကဲ့သို့ ရိုက်နှက်ခြင်း မပြုကြကုန်လင့်။ နေ့ကုန်၍ ညရောက်လာလျှင် အသင်တို့သည် ၎င်းတို့နှင့် ကာမစပ်ယှက်မှုပြုလျှင်လည်း ပြုကြမည်ဖြစ်သည်။ (ထိုအခါ တစ်ဦး၏မျက်နှာကို တစ်ဦးက မည်သို့ ကြည့်ကြမည်နည်း။ ရှက်ဖွယ်ရာပင်မဟုတ်ပါလော။) (ဗုခါရီကျမ်း)

(၅)။ (တမန်တော်မြတ်(ဆွ)၏ ဇနီးတော်) အွမ္မိစလ်မဟ် သခင်မက ဆင့်ပြန်ခဲ့သည်။ ကျွန်မနှင့် မိုင်မူနာဟ် သခင်မသည် တမန်တော်မြတ်(ဆွ)၏ထံပါး၌ ခစားလျက်ရှိကြ၏။ ထိုစဉ် အိဗ်နိအွမ္မိမ(တ်)က်တူးမ်သခင်
(မျက်မမြင်) ရောက်ရှိလာ၏။ ဤအဖြစ်အပျက်သည် "ပရ်ဒါ" အမိန့်ကျရောက်ပြီး နောက်ပိုင်း၌ဖြစ်ခဲ့သည်။ တမန်တော်မြတ်(ဆွ)က အသင်တို့နှစ်ဦးစလုံးသည် အကွယ်၌သွားလိုက်ကြပါဟု မိန့်လေသည်။ ကျွန်မတို့ နှစ်ဦးက ထိုသူသည် မျက်မမြင်တစ်ဦးဖြစ်သည်။ ကျွန်မတို့အား မြင်တွေ့နိုင်သည်လည်းမဟုတ်၊ သိရှိနိုင်သည်လည်းမဟုတ်ဟု လျှောက်ထားရာ တမန်တော်မြတ်(ဆွ)က အသင်မတို့သည်လည်း မျက်မမြင်များဖြစ်ကြသလော။ ၎င်းကို မမြင်တွေ့ပါသလောဟုအမိန့်ရှိလေသည်။
(သိရ်မီဇီးကျမ်း - အဗူဒါဝူးဒ်ကျမ်း) 

မှတ်သားဖွယ်ရာ
ဇနီးမယားနှင့် တစိမ်းယောက်ျား တစ်ဦးနှင့်တစ်ဦး မမြင်တွေ့နိုင်အောင် ဆောင်ရွက်ခြင်းသည် လင်ယောက်ျား၏ တာဝန်ဖြစ်သည်။ အမျိုးသမီးများကို လုံခြုံစွာထားခြင်း၌ အကျိုးများစွာရှိသည်။ လင်ယောက်ျားနှင့် စပ်လျဉ်း၍ ဇနီးမယား၌ရှိသည့် တာဝန်ဝတ္တရားများအကြောင်းကို အောက်၌ ဆက်လက်ဖော်ပြလိုက်ပေသည်။

(၆)။ ဆွဟာဗဟ်ကြီး အဗူဟုရိုင်ရဟ်(ရသွီ) သခင်က ဆင့်ပြန်ခဲ့သည်။ အကယ်၍ ငါကိုယ်တော်သည် တစ်ဦးနှင့်တစ်ဦး "စဂျီဒဟ်" ဦးချခွင့်ပေးထားခဲ့လျှင် ဇနီးမယားများအား ၎င်းတို့၏ လင်ယောက်ျားကို ဦးချရန် အမိန့်ထုတ်ပြန်မည် ဖြစ်ပါသည်ဟု တမန်တော်မြတ်(ဆွ)က မိန့်ကြားခဲ့သည်။ (သိရ်မီဇီးကျမ်း)

ဤသည်ဖြင့် ဇနီး၌ ခင်ပွန်းနှင့် စပ်လျဉ်း၍ အဘယ်မျှ တာဝန်ကြီးကြောင်း သိရပေသည်။

(၇)။ ဆွဟာဗဟ်ကြီး အိဗ်နိအဘီအောင်ဖာ သခင်က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ) မိန့်ခဲ့သည်မှာ မိုဟမ္မဒ်(ဆွ)၏အသက်ကို စိုးပိုင်တော်မူသော အရှင်မြတ်ကို တိုင်တည်၍ ငါကိုယ်တော် မိန့်ကြားပါ၏။ လင်ယောက်ျား၏ တာဝန်ကို မကျေပြွန်သည့်အမျိုးသမီးသည် အလ္လာဟ်အရှင်မြတ်၏ တာဝန်ကိုလည်း ကျေပြွန်သူ မဟုတ်ဟူ၍ဖြစ်၏။ (အိဗ်နိမာဂျဟ်ကျမ်း)

နမာဇ် - ရိုဇာဟ်နှင့် စပ်လျဉ်း၍ တာဝန်ကျေလေပြီဖြစ်ရာ အလ္လာဟ်အရှင်မြတ်၏ တာဝန်ကျေပါပြီဟု မယူဆရ။ လင်ယောက်ျား၏ တာဝန်မကျေလျှင် ထိုတာဝန်သည်လည်း လက်ခံခြင်းခံရလိမ့်မည်မဟုတ်ကြောင်းကို အထူးသတိထားရပေမည်။

(၈)။ ဆွဟာဗဟ်ကြီး အိဗ်နိအိုမရ်(ရသွီ) သခင်က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)မိန့်ခဲ့သည်မှာ လင်ယောက်ျား၏အမိန့်ကို မနာခံသည့် အမျိုးသမီး၏ နမားဇ်သည် လက်ခံအတည်ပြုခြင်းခံရသည် မဟုတ်ဟူ၍ဖြစ်၏။ (တွိဗ်ရာနီကျမ်း - အောင်စွာတ်)

ထိမ်းမြားခြင်းနှင့် ဇနီးမောင်နှံတို့၏ တာဝန်ဝတ္တရားများအကြောင်းကို တင်ပြခဲ့ပြီးဖြစ်သည်။ အကြောင်းတစ်ခု, ခုက ထိမ်းမြားလက်ထပ်မှုကို အဟန့်အတားပြုနေလျှင် ထိုအခါမျိုး၌ အမျိုးသားအပေါ်၌လည်းကောင်း၊ အမျိုးသမီးအပေါ်၌လည်းကောင်း ထိမ်းမြားလက်ထပ်ရန် တာဝန်မရှိ။ ရှေ့၌ ဤအကြောင်းအရာနှင့် ပတ်သက်သော ဟဒီးစ်တော်အချို့ကို တင်ပြထားပါသည်။

(၉)။ ဆွသာဗဟ်ကြီး အဗူစအီးဒ်(ရသွီ)သခင်က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည် မိမိ၏သမီးကို တမန်တော်မြတ်(ဆွ)ထံ ခေါ်ဆောင်ခဲ့သည်။ ကျွန်တော်မျိုး၏ ဤသမီးသည် ထိမ်းမြားရန် ငြင်းဆိုလျက်ရှိသည်ဟု လျှောက်ထားလေသည်။ တမန်တော်မြတ်(ဆွ)က ထိုမိန်းကလေးအား အသင်မသည် (ထိမ်းမြားမှုနှင့်စပ်လျဉ်း၍) ဖခင်၏စကားကို နားထောင်ပါဟု အမိန့်ရှိရာ ၎င်းက ကျွန်မသည် တမန်တော်မြတ်(ဆွ)အား စစ်မှန်သည့်သာသနာတော်ကို ချီးမြှင့်၍ စေလွှတ်တော်မူသော အရှင်မြတ်ကို တိုင်တည်၍ပြောပါ။ ခင်ပွန်းနှင့်ပတ်သက်ပြီး ဇနီး၌မည်သည့်တာဝန်ရှိသည်ကို ကိုယ်တော်မြတ် မ, တင်ပြသမျှ ကာလပတ်လုံးကျမ ထိမ်းမြားမည်မဟုတ်ပါဟု လျှောက်ထားလေသည်။ ထိုအခါ တမန်တော်မြတ်(ဆွ)သည် အရေးကြီးသည့် တာဝန်ဝတ္တရားအချို့ကို ၎င်းအားတင်ပြလိုက်သည်။ ထိုစကားကိုကြားပြီးနောက်အမျိုးသမီးက" ကိုယ်တော်မြတ်ကို စစ်မှန်သည့် သာသနာတော်ဖြင့် စေလွှတ်တော်မူသော အရှင်မြတ်ကို တိုင်တည်ပြီး ကျမပြောပါ၏။ ကျွန်မသည် မည်သည့်အခါမျှ ထိမ်းမြားမည်မဟုတ်ပါ" ဟု လျှောက်ထားလေသည်။ ထိုအခါ တမန်တော်မြတ်(ဆွ) က "အမျိုးသမီးများကို ၎င်းတို့၏ခွင့်ပြုချက်မရရှိဘဲ ထိမ်းမြားပေးခြင်း မပြုလေနှင့်" ဟု အမိန့်ရှိလေသည်။ (ဘဇားရ်)

ခင်ပွန်း၏တာဝန်ကို ကျေပြွန်နိုင်မည်ဟု ၎င်းအမျိုးသမီးအနေဖြင့် မယုံကြည်ခဲ့ချေ။ ​ဤသည်ပင်၎င်း၏ အကြောင်းပြချက်ဖြစ်ပါသည်။ တမန်တော်မြတ်(ဆွ)သည် ၎င်းအား ထိမ်မြားရန်အကြပ်မကိုင်ခဲ့ချေ။

(၁၀)။ ဆွဟာဗဟ်ကြီး အောက်ဖ်ဗင်န်မာလစ်က်အရှ်ဂျအီး သခင်က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ) မိန့်သည်မှာပင်ပန်းမှုကြောင့် မျက်နှာအရောင်အသွေးပင် ပြောင်းလဲသွားသည့် အမျိုးသမီးများနှင့် ငါကိုယ်တော်မြတ်(ဆွ)သည် ကိယာမသ်နေ့၌ လက်ညှိုးနှင့်လက်ခလယ် နီးကပ်စွာရှိနေသကဲ့သို့ နီးကပ်စွာရှိနေမည်။ အလွန်ချောမောလှပသည့် မုဆိုးမကိုဆိုလိုသည်။ (၎င်း၏အချောအလှကို ကြည့်၍ ထိန်းသိမ်းစောင့်ရှောက်သည့်အတွက် မိမိဘဝကို မြှုပ်နှံထားလိုက်သည်။ သူမသည် ထိုကလေးများ အရွယ်ရောက်၍ ခွဲခွါသွားသည့်အထိ (သို့မဟုတ်)သေဆုံးသွားသည့်အထိ ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။
(အဗူဒါဝူးဒ်ကျမ်း)

ဒုတိယ အိမ်ထောင်ပြုလျှင် ကလေးများ ဒုက္ခရောက် ပျက်စီးမည်ကို စိုးရိမ်ရသောအခါမျိုးနှင့် စပ်လျဥ်း၍ အထက်ပါ ဟဒီးစ်တော်က ဆိုထားခြင်းဖြစ်သည်။ ဖော်ပြပါ ဟဒီးစ်တော်နှစ်ပါး၌ အမျိုးသမီးများ၏ အကြောင်းကြီး , ငယ်များနှင့်စပ်လျဉ်း၍ တင်ပြထားသည်။

(၁၁)။ ဆွဟာဗဟ်ကြီး ယဟ်ယားဗင်န်ဝါကစ်ဒ်သခင်က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)မိန့်ခဲ့သည်မှာ နှစ်ပေါင်းတစ်ရာ့ရှစ်ဆယ် ရောက်ရှိလာသောအခါ (တမန်တော်မြတ်၏ ခေတ်အခါသမယမှစ၍ နှစ်ပေါင်းတစ်ရာ့ရှစ်ဆယ် ကျော်လွန်ခဲ့သောအခါ) ကမ္ဘာလောကကြီး၌ ရှုပ်ထွေးပွေလီမှု များပြားလပေလိမ့်မည်။ ထိုအခါ ငါကိုယ်တော်မြတ်၏ အွမ္မသ်များအနေဖြင့် တစ်ကိုယ်တည်း (ထိမ်းမြားခြင်းမပြုဘဲ) နေထိုင်ပြီး တောင်ထိပ်များသို့ သွားရောက်နေထိုင်ရန် ငါကိုယ်တော်မြတ်က ခွင့်ပြုထားတော်မူသည်ဟူ၏။ (ရဇင်းန်)
ဟဒီးစ်တော်၏ အသေးစိပ်အလိုသဘောကို ရှေ့၌တင်ပြထားသည်။

(၁၂)။ ဆွဟာဗဟ်ကြီးအိဗ်နိမတ်စ်အူးဒ်(ရသွီ)သခင်နှင့် အဗူဟုရိုင်ရဟ်သခင်တို့က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ်(ဆွ)က မိန့်ခဲ့သည်မှာ ခေတ်တစ်ခေတ် ဤသို့ ရောက်ရှိလာပေလိမ့်မည်။ ထိုခေတ်၌ လူတို့သည် မိမိတို့၏ ဇနီးမယားများကြောင့်လည်းကောင်း၊ သားသမီးကြောင့်လည်းကောင်း၊ မိဘကြောင့်လည်းကောင်း၊ ပျက်စီးခြင်းသို့ ရောက်ရှိကြလိမ့်မည်။ ၎င်းမထမ်းဆောင်နိုင်သည့် တာဝန်များကို ထမ်းဆောင်ရန် ၎င်းအား တိုက်တွန်းလိမ့်မည်။ သို့ဖြင့် ထိုသူသည် ထိုလုပ်ငန်းကို လုပ်ဆောင်လေတော့သည်။ နောက်ဆုံး၌ သာသနာကိုပါ လက်လွှတ် ဆုံးရှုံးရတော့သည်။ ထို့နောက် ထိုသူသည် ပျက်စီးခြင်းမလှ ပျက်စီးသွားရတော့သည်။ (ဗိုင်ဟကီကျမ်း)

သာသနာနှင့် အီမာန်ယုံကြည်မှုကို ထိခိုက်စေလိမ့်မည်ဟု စိုးရိမ်ရသော အချိန်အခါမျိုး၏အကြောင်းကို ဟဒီးစ်တော်က ဖော်ပြထားသည်။ ထိုအခါမျိုး၌ ကြံ့ခိုင်မှု နည်းပါးသူများသည် ထိမ်းမြားခြင်းမပြုဘဲ နေကြသည်။ ၎င်းတို့နှင့် စပ်လျဉ်း၍ ဟဒီးစ်တော်လာရှိခြင်းပင် ဖြစ်သည်။

(၁၃)။ ဆွဟာဗဟ်ကြီး အိယားဇွ်(ရသွီ) သခင်က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)က မိန့်ခဲ့သည်မှာ ငါးဦးသောသူသည် ဂျဟန္နမ် ငရဲဘုံသားဖြစ်သည်။ ၎င်းတို့အနက်မှ တစ်ဦးသည် ဇွဲ သတ္တိဟူ၍မရှိသူဖြစ်သည်။ သူ့ထံ၌ (သာသနာ့) အသိတရားဟူသည်မှာ မရှိ၊ အခြားသူများထံ မှီခိုစားသောက်သည်။ သူ့တွင် ဇနီးသားမယားလည်းမရှိ၊ ဥစ္စာပစ္စည်းလည်းမရှိ။(မွတ်စ္စလင်မ်ကျမ်း)

ဇနီးနှင့်စပ်လျဉ်း၍ လင်ယောက်ျားတစ်ဦးအပေါ်၌ တာဝန်ဝတ္တရားများရှိသလို သားသမီးများနှင့်ပတ်သက်၍လည်း မိဘ၌ တာဝန်ဝတ္တရားများရှိသည်။ ထိုတာဝန်များကိုကျေပြွန်မှ သားသမီးများကမိဘကို ပို၍ ပြုစုစောင့်ရှောက်မည်ဖြစ်သည်။ ဘာသာရေးဆိုင်ရာ တာဝန်ဝတ္တရားများအကြောင်းကို အထက်တစ်နေရာ၌ တင်ပြခဲ့ပြီးဖြစ်သည်။ သားသမီးများ၏ ဘဝသာယာရေးအတွက် လောကီရေးဆိုင်ရာ အတတ်ပညာကို သင်ကြားပေးရန်လည်း ဖခင်ဖြစ်သူထံ၌ တာဝန်ရှိပေသည်။

(၁၄)။  ဆွဟာဗဟ်ကြီး အိဗ်နိအုမရ်(ရသွီ) သခင်က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)မိန့်ခဲ့သည်မှာ မိမိတို့၏သားများကို လေးပစ်ခြင်းအတတ်၊ ရေကူးခြင်းအတတ်ကို သင်ကြားပေးကြကုန်။ ထို့ပြင် အမျိုးသမီးများကို ဗိုင်းငင်ခြင်းအတတ် သင်ကြားပေးကြကုန်ဟူ၍ဖြစ်၏။ (ဗိုင်ဟကီးကျမ်း)

ဖော်ပြပါ အတတ်ပညာ သုံးမျိုးကို စံနမူနာ သဘောဖြင့်သာ တင်ပြခြင်းဖြစ်သည်။လောကီရေးဆိုင်ရာ၌ လိုအပ်သည့် အတတ်ပညာကို သင်ကြားပေးရန်လည်း ဟဒီးစ်တော်က ဆိုလိုခြင်း ဖြစ်သည်။ 

------------------------------- မုစ်လင်မ်ဘဝလမ်းစဉ် ----------------------------
(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Saturday, April 26, 2014

နိကာဟ်ပြုခြင်းကြောင့် ရရှိမည့် ချမ်းသာခြင်း

ထိမ်းမြားခြင်းကို အဟန့်အတားပြုသည့် အကြောင်းကြီး, ငယ် မရှိလျှင် အမျိုးသားများနှင့်အမျိုးသမီးများအဖို့ နိကာဟ် ထိမ်းမြားလက်ထပ်ခြင်းသည် သင့်တင့်လျောက်ပတ်သည်။ အခြေအနေကိုအကြောင်းပြု၍ တစ်ခါတစ်ရံ အရေးကြီးသည့် အဆင့်သို့ရောက်ရှိလာတတ်သည်။ မည်သို့ပင်ဖြစ်စေ၊ အမျိုးသားများနှင့်အမျိုးသမီးများအဖို့ ထိမ်းများခြင်းသည် အလွန်အရေးပါသည့် ပြဌာန်းချက်ပင်ဖြစ်သည်။

၁။ အိဗ်နိအဗီနဂျီးဟ်သခင်က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)က “ဇနီးမရှိသည့်ယောက်ျားသည် အလွန်ဆင်းရဲသည့်သူပင်ဖြစ်၏။” ဟု မိန့်တော်မူရာ ဆွဟာဗဟ်ကြီးများက အလွန်ကြွယ်ဝချမ်းသာသည့်သူ ဖြစ်လျှင်လော့ဟု လျှောက်ထားကြရာ တမန်တော်မြတ်(ဆွ)အလွန်ကြွယ်ဝချမ်းသာလျှင်လည်း
(အလွန်ဆင်းရဲသည့်သူပင်ဖြစ်၏ဟု မိန့်ကြားလေသည်။) ထို့နောက် တမန်တော်မြတ်(ဆွ)က လင်ယောက်ျားမရှိသည့် မိန်းမသည် အလွန်ဆင်းရဲသူမပင်ဖြစ်၏ဟုမိန့်တော်မူရာ ဆွဟာဗဟ်ကြီးများက ပစ္စည်းဥစ္စာ အလွန်ချမ်းသာသည့် မိန်းမဖြစ်လျှင်လော့ဟု လျှောက်ထားရာ တမန်တော်မြတ်(ဆွ)က အလွန်ချမ်းသာလျှင်လည်း ဆင်ရဲသူပင်ဖြစ်သည်ဟု မိန့်ကြားတော်မူလေသည်။(ရဇင်းန်)

မှတ်သားဖွယ်ရာ

ဥစ္စာပစ္စည်းဟူသည်မှာ အေးချမ်းသာယာမှုအတွက်သာ ဖြစ်သည်။ ဇနီမယားမရှိသည့်ယောက်ျား၊ ယောက်ျားမရှိသည့် မိန်းမသည် မည်မျှပင် ကြွယ်ဝချမ်းသာစေကာမူ သာယာမှုကိုကားရရှိနိုင်မည် မဟုတ်ချေ။ ထို့ပြင် ထိမ်းမြားလက်ထပ်မှု၌ သာသနာတော်အဖို့လည်းကောင်း၊ လောကီဆိုင်ရာအဖို့လည်းကောင်း အကျိုးများစွာရှိသည်။

၂။ ဆွဟာဗဟ်ကြီး အဗ္ဗဒုလ္လာဟ်အိဗ်နိမတ်စ်အူးဒ်(ရသွေ့)သခင်ထံမှ ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)က မိန့်ခဲ့သည်မှာ အို, ပျိုရွယ်သူအပေါင်းတို့၊ အသင်တို့အနက်မှ အိမ်ထောင်ရေးတာဝန်ကို ထမ်းဆောင်နိုင်သူများသည် ထိမ်းမြားမင်္ဂလာပြုကြကုန်။ အကြောင်းမှာ ထိမ်းမြားခြင်းသည် စက္ခုအိနြေ္ဒကို ထိန်းသိမ်းပေးသည့်အရာ (သို့မဟုတ်) မျက်လွှာကို နိမ့်ကျစေသည်။ ထို့ပြင် လိင်ဖောက်ပြားမှုကိုလည်း ထိန်းသိမ်းပေးသည်ဟူ၏။ (ထိမ်းမြားမှုကြောင့် ဟရာမ် အပြစ်ထိုက်စေသည့် အကြည့်မျိုးမှလည်းကောင်း၊ ဇေနာ မတရား ကာမလိုက်စားမှုမှလည်းကောင်း လွယ်လင့်တကူ ရှောင်ရှားနိုင်သည်ကို ဆိုလိုခြင်းဖြစ်သည်။)

၃။ မုအ်မင်တို့၏မိခင်မွန် အာအေရှာသခင်မထံမှ ဆင့်ပြန်ခဲ့သည်။ အမျိုးသမီးများအား ထိမ်းမြားလက်ထပ်ကြကုန်။ ၎င်းတို့သည် အသင်တို့အဖို့ ပစ္စည်းများကိုယူဆောင်လာလိမ့်မည်ဟု တမန်တော်မြတ်(ဆွ)က မိန့်ကြားတော်မူခဲ့သည်။

ဇနီးမောင်နှံ နှစ်ဦးစလုံး၌ အသိတရား အပြည့်အဝရှိသည့်အပြင် တစ်ဦး၏ ကောင်းကျိုးကိုတစ်ဦးက လိုလားသည့်အခါမျိုး၌ ဆိုလိုသည်။ ထိုအခါမျိုး၌ ခင်ပွန်းဖြစ်သူသည် မိမိ၌အိမ်ထောင်မှု တာဝန်များပြားလာပြီဟု ယူဆကာ ငွေကြေးရရှိရန် အထူးကြိုးစား၍ ရှာဖွေမည်သာဖြစ်သည်။ ဇနီးဖြစ်သူကလည်း ယောက်ျားတို့ မလုပ်နိုင်သည့်အိမ်တွင်းမှုကိစ္စများကို စီမံဆောင်ရွက်မည်ဖြစ်၏။ ထိုသို့သောအခြေအနေမျိုး၌ အေးချမ်းသာယာမှုကို နှစ်ဦးစလုံး ရရှိမည်ဖြစ်သည်။ ပစ္စည်းဥစ္စာ၏ ရည်ရွယ်ချက်သည်လည်း ဤသည်ပင်ဖြစ်သည်။ ထို့ကြောင့် ပစ္စည်းယူဆောင်လာမည်ဟု မိန့်ထားခြင်းဖြစ်သည်။

၎။ ဆွဟာဗဟ်ကြီး အဗူဟုရိုင်ရဟ် (ရသွေ့)သခင်ထံမှ ဆင့်ပြန်ခဲ့သည်။ အကောင်းဆုံးသော အမျိုးသမီးသည် မည်ကဲ့သို့ဖြစ်သနည်းဟု တမန်တော်မြတ်(ဆွ)ထံ လျှောက်ထားမေးမြန်းရာ တမန်တော်မြတ်(ဆွ)က ခင်ပွန်းဖြစ်သူက ၎င်း၏(ဇနီး)ဘက်သို့ကြည့်သောအခါ ခင်ပွန်းဖြစ်သူအား ကြည်နူးမှုကို ပေးဆောင်သည့် အမျိုးသမီး၊ ခင်ပွန်းက ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ပေးသည့် အမျိုးသမီး၊ မိမိနှင့် ပတ်သက်၍သော်လည်းကောင်း၊ ဥစ္စာပစ္စည်းနှင့် ပတ်သက်၍သော်လည်းကောင်း၊ ခင်ပွန်းဖြစ်သူအား စိတ်ဒုက္ခမပေးသည့် အမျိုးသမီးပင် ဖြစ်သည်ဟူ၍ မိန့်ကြားတော်မူလေသည်။
(နစာအီကျမ်း)

၅။ ဆွဟာဗဟ်ကြီး အလီ(ရသွေ့) သခင်က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)၏ သမီးတော်ဖာသွိမာဟ်သခင်မ၏ လက်နှင့် ရင်၌ ကြိတ်ဆုံကြိတ်ရခြင်းကြောင့်လည်းကောင်း၊ ရေဆွဲငင်ရခြင်းကြောင့်လည်းကောင်း အရာထင်လျက်ရှိ၏။ ထို့ပြင် တံမြက်လှည်းသောကြောင့် လည်းကောင်း၊ မီးဖို၏ မီးခိုးများကြောင့်လည်းကောင်း၊ အဝတ်အစားများ ညစ်ပေလျက်ရှိ၏။
တစ်နေ့သော် (သခင်မ၏ ခမည်းတော်) တမန်တော်မြတ်(ဆွ)၏ ထံတော်သို့ကျွန်, ကျွန်မ အချို့ ရောက်ရှိလာလေ၏။ သခင်မက (ခမည်းတော်) တမန်တော်မြတ်(ဆွ)ထံမှ ကျွန်,မတစ်ယောက်ကို တောင်းလေသည်။ ထိုအခါ တမန်တော်မြတ်(ဆွ)က အို, (သမီးတော်) ဖာသွိမာဟ် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ပါလေ။ အလ္လာဟ်အရှင်မြတ်၏တာဝန်ကို ကျေပြွန်လျက်နေပါလေ။ အိမ်တွင်းမှုကိစ္စများကို လုပ်ကိုင်ဆောင်ရွက်လျက်နေပါလေဟု မိန့်ကြားလေသည်။ (ဗုခါရီကျမ်း-မွစ္စလင်မ်ကျမ်း-အဗူဒါဝူးဒ်ကျမ်း)

ဖာသွိမဟ်သခင်မထက်ပို၍ မြင့်မြတ်သည့်အမျိုးသမီး လောကတစ်ခွင်၌ ရှိပါသလား။ သခင်မ ကိုယ်တော်တိုင် အိမ်တွင်းမှုကိစ္စများကို ဆောင်ရွက်ခဲ့သည် မဟုတ်ပါလော။ အိမ်တွင်းမှုကိစ္စများကို ဆောင်ရွက်ခြင်းမရှိသည့် အမျိုးသမီးများအနေဖြင့် အထူးသတိပြုသင့်ပေသည်။

၆။ မအ်ကလ်ဗင်န်ယစားရ် သခင်က ဆင့်ပြန်သည်။ တမန်တော်မြတ်(ဆွ)က မိန့်ခဲ့သည်မှာ အလွန်ချစ်တတ်သည့် အမျိုသမီး၊ သားသမီးများ,များမွေးဖွားသည့် အမျိုးသမီးမျိုးကို ထိမ်းမြားကြကုန်။ အကြောင်းမှာ ငါကိုယ်တော်မြတ်သည် (ကိယာမသ်နေ့၌) အသင်တို့၏ အရေအတွက်များခြင်းကြောင့် အခြား အွမ္မသ်များအပေါ်၌ ဂုဏ်ယူဝင့်ကြွားပါမည် ဟူ၏။ (အဗူဒါဝူးဒ်ကျမ်း၊ နစာအီကျမ်း)

သားသမီးထွန်းကားခြင်းသည် အလွန်အကျိုးများသည်။ သားသမီးကောင်းများသည် မိဘနှစ်ပါး အသက်ထင်ရှားရှိနေစဉ် လုပ်ကိုင်ကျွေးမွေးပြုစုစောင့်ရှောက်သည်။ မိဘနှစ်ပါး ကွယ်လွန်သွားလျှင် ၎င်းတို့အဖို့ ဒိုအာဆုမွန်ကောင်း တောင်းပေးသည်။ ငယ်စဉ်ဘဝ၌ သေဆုံးသွားသည့် သားငယ်သမီးငယ်များသည် ကိယာမသ်နေ့၌ မိဘနှစ်ပါးအတွက် အသနားခံပေးမည်ဖြစ်သည်။ အရွယ်ရောက်ပြီး လူကောင်းသူကောင်းဖြစ်သည့် သားသမီးများသည်လည်း အသနားခံပေးမည်ဖြစ်သည်။ ထို့ပြင်ကမ္ဘာ့မွတ်စလင်မ်ဦးရေ တိုးပွားလာမည်ဖြစ်သည်။ ကိယာမသ်နေ့၌လည်း တမန်တော်မြတ်(ဆွ)က ဂုဏ်ယူ၍ အလွန်စိတ်ပျော်ရွှင်မည်ဖြစ်သည်။ သို့ဖြစ်၍ ထိမ်းမြားလက်ထပ်မှုမှ ရှောင်ရှား၍နေခြင်းသည် ဖော်ပြပါအကျိုးကျေးဇူးများကို ဖျက်ဆီးရာရောက်သည်။ တရားဝင် အကြောင်းပြချက်မရှိဘဲ ဟလာလ် အမျိုးသမီးများနှင့် ထိမ်းမြားမှုမ, ပြုဘဲနေခြင်းနှင့် စပ်လျဉ်း၍ အပြစ်တင်ပြောကြားထားခြင်းရှိသည်။

၇။ ဆွဟာဗဟ်ကြီး အဗူဇရ်(ရသွေ့) သခင်ဆင့်ပြန်ခဲ့သည်။ အိကားဖ်ဗင်န်ဗရှီးရ်သမီးမီး သခင်သည် တမန်တော်မြတ်(ဆွ) ထံတော်သို့ ခစားရန် ရောက်ရှိလာခဲ့ရာ တမန်တော်မြတ်(ဆွ)က အို အိကားဖ်
“အသင့်မှာ ဇနီးမယားရှိပါသလား” ဟု မေးတော်မူရာ၎င်းက မရှိပါဟု လျှောက်ထားလေသည်။ တမန်တော်မြတ်(ဆွ)က မောင်းမကောရှိရဲ့လားဟု မေးပြန်တော်မူရာ ၎င်းက "မရှိပါ" ဟု လျှောက်ထားလေသည်။ တမန်တော်မြတ်(ဆွ)က အသင့်မှာ ဥစ္စာပစ္စည်းရှိပါသလားဟု မေးတော်မူရာ ၎င်းက ဟုတ်ကဲ့ပါ။ ကျွန်တော်မျိုးမှာဥစ္စာပစ္စည်း ရှိပါသည်ဟု လျှောက်ထားလေသည်။ တမန်တော်မြတ်
(ဆွ) သို့ဖြစ်လျှင် အသင်သည် ရှိုက်တွာန်(အီဗလီးစ်)၏ ညီနောင်ပင်ဖြစ်သည်။ အကယ်၍ အသင်သည် နစွရာနီတို့မှဖြစ်လျှင် ၎င်းတို့၏ ရသေ့များမှ ဖြစ်မည်သာဖြစ်သည်။

ကျွန်ုပ်တို့ (အစ္စလာ့မ်) လမ်းစဉ်သည် ထိမ်းမြားခြင်းပင်ဖြစ်သည်။ အသင်တို့အနက်မှ အဆိုးယုတ်ဆုံးသောသူသည် လူလွတ်(အိမ်ထောင်မဲ့ လူတန်းစား) ပင်ဖြစ်သည်။ မိန်းမဟူသည်မှာ သူတော်စင်တို့အားဖျက်ဆီးရန်အတွက် ရှိုက်တွာန်၏ ကောင်းဆုံးလက်နက်ဖြစ်သည်။ သို့ရာတွင် အိမ်ထောင်ရှိသူများသည် ညစ်ညမ်းသောစကားများ (အပြုအမူများ) မှ (သာမန်အားဖြင့်) ကင်းစင်ကြသည်ဟု မိန့်ကြားတော်မူလေသည်။ (အဟ်မဒ်ကျမ်း) 

မှတ်သားဖွယ်ရာ

စိတ်နှလုံးသားသည် အမျိုးသမီးများဘက်သို့ ယိမ်းယိုင်သည့်အခါမျိုး၌ ဆိုလိုခြင်းဖြစ်သည်။ ထိုအခါမျိုး၌ တရားဝင် ဇနီးမယားရှိလျှင် မတရား ကာမဂုဏ်လိုက်စား၍ ဟရာမ် အပြစ်ကျူးလွန်မိမည်ကို စိုးရိမ်ရသည်။ အထက်၌ ဖော်ပြခဲ့သည့် လောကီနှင့် နောင်တမလွန် အကျိုးများကို ဇနီးမောင်နှံနှစ်ဦး အချင်းချင်း ချစ်ခင်စုံမက် တာဝန်ကျေပြွန်မှသာ ရရှိမည်ဖြစ်သည်။

(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။



Wednesday, February 19, 2014

သတို့သမီးရွေးလျှင်

အမျိုးသမီးသည် ခင်ပွန်းထက် (၄) ရပ်သောအချက်တွင် နိမ့်ကျသင့်သည်။ သို့တည်းမဟုတ်ပါက ခင်ပွန်းသည် သေးသိမ်မှုဖြစ်ရမည်။

၁။ အသက်အရွယ်

၂။ အရပ်ရှည်မှု

၃။ ပစ္စည်းရှိမှု

၎။ ဂုဏ်သရေ

အမျိုးသမီးသည် (၄) ရပ်သော အချက်တွင် ခင်ပွန်းထက်သာသင့်သည်။

၁။ လှပမှု

၂။ စည်းကမ်ရှိမှု

၃။ တပ်က်ဝါအပြစ်ရှောင်ကြဉ်မှု နှင့်

၎။ အကျင့်စာရိတ္တကောင်းမွန်မှု
(အဲဟ်ယာအ်ကျမ်း)
ပစ္စည်းကြွယ်ဝမှု နှင့် ကျန်းမာမှုတို့တွင် မိမိထက်နိမ့်ကျသူများကို ကြည့်သင့်ကြပေသည်။

(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။


Monday, January 13, 2014

ရွှေရောင်တောက်ပသောမိသားစုဘဝကိုရရှိပိုင်ဆိုင်နိုင်မည့်အစ္စလာမ့်နည်းစနစ်များ (နောက်ဆုံးပိုင်း)



(၄၁) ဘယ်လိုလုပ်ကြမလဲ 

ကျပ်တည်းရှုပ်ထွေးသော မိသားစုအရေးအခင်းများကြား၌ မွေးဖွားကြီးပြင်းခဲ့ရသော ကလေးသူငယ်တို့အဖို့ ဘယ်မှာလဲ မေတ္တာ အကြင်နာ အယုအယ။ အဲသည်လို မေတ္တာငတ်ခဲ့ရရှာသော ကလေးသူငယ်တို့၏ အနာဂတ်ကို ဘယ်လိုအရောင်တွေဆိုးကြမည်နည်း။ လေလွင့်လူငယ်တို့၏ အခြေခံဇစ်မြစ်ကတော့ မေတ္တာငတ်မွတ်မှုပြဿနာပါပဲ။ အိမ်ခွဲမထားလိုမှု အစွဲအလန်းတစ်ခုမှစ၍ ဆွေစဉ်မျိုးဆက်ကို သေးသိမ်ပျက်စီးစေကြောင်း ဆင်ခြင်သင့်လှပေသည်။ အကောင်းဆုံးအဖြေကတော့ ဘယ်အရာကိုပဲလုပ်လုပ် ဒီးန်ကို ရှေ့မှာထားလုပ်ကြဖို့ပဲဖြစ်ပေသည်။

(၄၂) ခင်ပွန်းသည် ဇနီး၏ ကစားစရာအရုပ်မဟုတ်
ဇနီး၏ မြှောက်ထိုးပင့်ကော်စကားများကြောင့် ခင်ပွန်းဖြစ်သူသည် အိမ်ခွဲနေထိုင်ရေးကို ဒေါသအလျောက် မလုပ်သင့်ပေ။ ချင့်ချိန်ကြံဆရမည်။ ချက်ခြင်းလိုက်လျောခဲ့လျှင် ဇနီးဖြစ်သူက "ငါ့ခင်ပွန်းက ငါပြောရင်ပြီးတာပဲ"ဟု မာနစွဲဝင်သွားနိုင်၏။ အမြဲဤသို့ပင် သွေးဆောင်နေခဲ့သော် ရေရှည်တွင် သားသမီးတို့၏ စာရိတ္တကိုပင် ထိခိုက်ပျက်ပြားစေနိုင်သည်။ ဇနီးတို့၏စိတ်နှလုံးသားသည် မှန်ကန်နေရမည်။ ခင်ပွန်းကို ကစားစရာအရုပ်တစ်ခုလို သဘောမထားသင့်ပေ။

(၄၃) ညီညွတ်ရေး

ခင်ပွန်းဖြစ်သူက အိမ်ခွဲရေးကိုအလိုမတူပြန်သော် ဇနီးက ဤသို့ကြိုးပမ်းအားထုတ်ပြန်သည်။ "ရှင် မိဘအိမ်မှာလည်း မနေဖြစ်၊ အိမ်အသစ်လည်းမရှာနိုင်၊ စိတ်မညစ်ပါနဲ့။ ကျမမိဘအိမ်က ကျယ်တယ်။ ရှင်လည်း အသိသားနဲ့။ ဟိုတုန်းကတည်းက အပါအမာတို့က မှာလိုက်သားပဲ။ အဆင်မပြေရင် အချိန်မရွေးဆင်းခဲ့ဆိုတာလေ။ ရှင်မေ့နေပြီလား။ " စသဖြင့် သူ့မိဘကိုယ့်မိဘ ခွဲခြား၍ပြောလာတော့မည်။

လက်ရှိအခြေအနေက သူမပြောသလောက် နေထိုင်မရသည့် အခြေအနေဆိုးလည်းမဟုတ်။ သူမက ဇွတ်တရွတ်လုပ်နေခဲ့သော် ထိုဇနီးသည် မိသားစုညီညွတ်ရေးကို ဖျက်ဆီးသူပင်ဖြစ်သည်။ အကျယ်အကျယ် မငြိမ်းဖွယ်စကားတို့ကို မဆိုမပြောပဲ ခင်ပွန်းဖြစ်သူက ယုယကြင်နာစွာဖြင့် စိတ်ရှည်ရှည်ထားပြီး ရှင်းပြရမည်။ မိသားစု ညီညွတ်ရေးကို ဦးစားပေးဆွေးနွေးသင့်သည်။

ခင်ပွန်းဆိုသည့်စကားကိုက ခင်မင်တယ်၊ လက်ပွန်းတတီး ခင်မင်ရင်းနှီးသူလို့ အဓိပ္ပါယ်ထွက်သည်။

အဆင်ပြေ ချောချောမွေ့မွေ့နဲ့ အိမ်ခွဲနေခွင့်ရပြီဆိုလျှင်လည်း မိဘများကို အဆက်မဖြတ်ရပေ။ အခါမလပ် ဆက်ဆံလည်ပတ်နေရမည်။ သူ့မိဘ ကိုယ့်ဖက်က ဝတ္တရားကျေပွန်နေရမည်။ နှစ်ဖက်မိဘ၏ ဒုအာကို ယူတတ်ပါစေ။

ဇနီးဖြစ်သူက မိမိ၏မိဘကို ပြုစုယုယတတ်လျှင် မိမိ၏ကျေးဇူးရှင်ဟု မှတ်ယူပါလေ။ အကယ်၍ သူမက ပြုစုယုယမှု မလုပ်သည်ရှိခဲ့သော် အတင်းအကြပ်မခိုင်းပါနှင့်။ ဇနီးက မပြုစုသော်လည်း မိမိ၏မိဘကို မိမိက ပြုစုပါ။ မိဘပြုစုခွင့်ရခြင်းကို နဖူးစာထူးခြင်းတစ်ရပ်ဟု မှတ်ထားပါ။

ဇနီး၏ အုပ်ချုပ်ခံယောက်ျားလည်း မဖြစ်စေနှင့်။ မိန်းမကိုနိုင်သည့် ယောက်ျားလည်းမဖြစ်စေရ။ သိမ်မွေ့စွာ ဆက်ဆံတတ်သူဖြစ်အောင် ကြိုးစားကျင့်ကြံနေထိုင်ရပါမည်။

(၄၄) သလာက်

သလာက်အကြောင်းကို တင်ပြပါမည်။ ဆင်ခြင်ကြရန်ဖြစ်သည်။ နည်းစနစ်သိရန်ဖြစ်သည်။

ယောက်ျားများသည် မိမိတို့၏ဒေါသကို ဖေါ်ထုတ်သောအားဖြင့် သလာက်ကိုသုံးဆွဲကြသည်။ သလာက်သည် နေကာ၏အဆက်ကို ဖြတ်တောက်ခြင်းဖြစ်သည်။ ယင်းလက်နက်သည် အလွန်ဆိုးရွားခါးသီး၏။ ဘယ်လိုမှ မဖြစ်နိုင်တော့သည့်အဆုံး ကွဲကွာကြရမည့်အခြေအနေတွင်(ခွင့်ပြုထားသောလည်း) သလာက်သည် အဆိုးဆုံးလုပ်ရပ်တစ်ခုဖြစ်ကြောင်းကို သိထားရမည်။

သလာက်ပေးရမည့်အချိန်မှာ ဓမ္မတာကုန်ဆုံးပြီး သန့်သောအချိန်ဖြစ်ရမည်။ သဘောမှာ ဇနီးဖြစ်သူနှင့် ပေါင်းသင်းနေထိုင်ပြီးသွားသော် နောက်တစ်လ(သန့်သည့်အချိန်)ကို စောင့်ရမည်။ ဤသို့စောင့်ဆိုင်းရခြင်းမှာ အချင်းချင်းပြေလည်မှုရစေရန်ဖြစ်သည်။

မပေးမဖြစ်သည့် အခြေအနေရောက်လျှင် ယောက်ျားဖြစ်သူက သလာက်တစ်ကြိမ်သာပေးရမည်။ အစ်ဒ်ဒသ်(သုံးလ) ကုန်ဆုံးလျှင် လင်မယားချင်းပြတ်စဲသွားပေမည်။ ဇနီးက ထိုအစ်ဒ်ဒသ်သုံးလအတွင်း အခြေအနေကောင်းလာပါက "သင်မအားပေးထားသော သလာက်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီ" ဟု ပြောလျှင်ပင် နေကာဟ်ဟူသည့် အချိတ်အဆက်မှာ ပြန်ဆက်သွားလေသည်။ (ကွာရှင်းမှုအထမမြောက်တော့ပေ။)

အကယ်၍ အစ်ဒ်ဒသ် သုံးလကုန်ဆုံးပြီးမှ နောင်တရကြလျှင် အတူပြန်လည်ပေါင်းသင်းလိုလျှင် နေကာအသစ်ပြန်ဖတ်ရမည်။

တဖန်လင်မယားချင်း သဘောထား မတိုက်ဆိုင်ပြန်လျှင် လိုက်လျောနားလည်မှုများ ဆောင်ရွက်ရမည်။ ဤအခြေအနေမှ ပြေလည်မှုမရပြန်သေးလျှင် တစ်ကြိမ်သာ သလာက်ပေးရမည်။
ထို့ကြောင့် ယခုထိသလာက်နှစ်ကြိမ်သာ ရှိသေးသည်။ အစ်ဒ်ဒသ်(သုံးလ)အတွင်း ပြန်လည်ပေါင်းသင်းလိုက ရသေးသည်။ ထို(သုံးလ)ကျော်လွန်ပါက နေကာအသစ်ပြန်လည်ဖတ်ရမည်။

တရားတော်က ဤသို့အဆင့်ဆင့်ပြဌာန်းထားခြင်း၏အကြောင်းမှာ နေကာကို ခိုင်မြဲစေလိုသောကြောင့်ပင်ဖြစ်သည်။

နောက်ဆုံး ဘယ်လိုမှ အတူပေါင်းသင်းနေထိုင်၍ မဖြစ်တော့လျှင် တတိယအကြိမ် သလာက်ပေးနိုင်သည်။ ဤတတိယအကြိမ်သည် အပြီးတိုင်ခွဲခွာလိုက်ခြင်းပင်ဖြစ်သည်။ မည်သို့မျှ ပြန်ဆက်လို့ရတော့မည်မဟုတ်ပေ။ နှစ်ဦးနှစ်ဖက်ကျေနပ်နေလျှင်လည်း ပြန်ဆက်ခွင့်မရတော့ပေ။

ယနေ့အချိန်အခါတွင် လူတို့သည် လမ်းခွဲရန်ရှိလျှင် သလာက်သုံးကြိမ်ကို တစ်ပြိုင်တည်းပေးတတ်ကြသည်။ ဤသည်မှာ မှားယွင်းပြီး အပြစ်ထိုက်သောနည်းလမ်းဖြစ်သည်။

(၄၅) ဒေါသမျိုသိပ် စိတ်ရှည်ချိုသာ

ဥပမာ။ ။ ဇနီးက တစိမ်းယောက်ျားတို့၏ဓါတ်ပုံကို စွဲစွဲမြဲမြဲ နေ့စဉ်ကြည့်ပြီဆိုပါစို့။ မကြည့်ရဘူး အပြစ်ရှိတယ်.. စသဖြင့် ပြတ်ပြတ်တောက်တောက်အမိန့်ပေးသလိုမျိုး တားမြစ်ပိတ်ပင်ဆုံးမမည့်အစား အောက်ပါအတိုင်း ချိုသာသောစကားတို့ဖြင့် စိတ်ရှည်လက်ရှည်ပြောသင့်ကြောင်း အကြံပေးလိုပါသည်။

" ဒီနေ့ ကိုယ်မြို့ထဲမှာ ဆိုင်းဘုတ်တစ်ခုတွေ့ခဲ့တယ်။ အရှက်မဲ့ဝတ်စုံနဲ့ပေါ့။ ကိုယ်အဲဒီပုံပေါ် စိတ်ရောက်ခဲ့တယ်။ အာရုံထဲက မထွက်ဘူး။ ဒါ့ကြောင့် ကိုယ့်ဇနီးကို အကြိမ်ကြိမ်သတိရဖြစ်တယ်။ အော်…..ငါ့ဇနီးရှိတာပဲ။ ဒီပုံပေါ်စိတ်ရောက်နေရင်တော့ ငါဖောက်ပြန်ရာရောက်မှာပေါ့။ တော်ပြီ နောက်ဘယ်တော့မှ ဒီလိုပုံမျိုးတွေမကြည့်တော့ဘူးလို့ ဆုံးဖြတ်လိုက်ရတယ်" ဟု ပြောကြည့်ပါ။

ဇနီးက ရုပ်ပုံကြည့်ခြင်း၊ သူစိမ်းယောက်ျားသားများအပေါ် စိတ်ရောက်ခြင်းများကို သူမအလိုလို ပြုပြင်လာစရာ အကြောင်းရှိပါတယ်။ အင်န်ရှာအလ္လာဟ် ။

ဥပမာ။ ။ ဂုံးချောတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြား ပြဿနာစကားကို သယ်ဆောင်လာတယ် ဆိုပါစို့။ အဲဒီလိုလူဟာ ဂျန္နသ်မဝင်နိုင်ဘူး။ ဟဒီးစ်တော်မှာ လာရှိတယ်လို့တိုက်ရိုက်ကြီးမပြောပဲ အောက်ပါအတိုင်းပြောကြည့်ရအောင်…..။

လူတွေဟာ တစ်ယောက်အကြောင်းတစ်ယောက် ပြောတတ်တဲ့ဝါသနာရှိတယ်။ အကောင်းပြောတာဆိုရင် ကိစ္စမရှိဘူး။ မကောင်းတဲ့စကားပြောခဲ့ရင် ကြားတဲ့သူက တစ်ဆင့်ပြန်ပြောရင် မူလစကားထက် ချဲ့ကားပြောရော။ ကာယကံရှင်က ဒေါသဖြစ်။ ဒီတော့ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝမ်းကွဲ၊ အထင်အမြင်လွဲ၊ ဆဲဆို ကြိမ်းမောင်း၊ ထုရိုက် ထိုးကြိတ်၊ ပြဿနာမျိုးစုံတတ်ကြ၊ မွတ်စ်လင်မ်အချင်းချင်း မညီညွတ်ကြတော့ဘူး။ အဲဒီတော့ ကြားစကားသယ်ဆောင်တဲ့သူက ဘယ်မျက်နှာနဲ့ အဲဒီလူနှစ်ဦးကြားမှာ နေတော့မလဲ။ ဒါ့ကြောင့် အတင်းအဖျင်းပြောတဲ့ဓလေ့၊ ဂုံးချောတတ်တဲ့ဓလေ့တွေကို တို့မွတ်စ်လင်မ်တိုင်း ပြုပြင်ရမယ်၊ ဆင်ခြင်ရမယ် ဟု ပြောပြလျှင် ဇနီးက ကျေနပ်သဘောကျမယ်။ သူမမှာ အဲလို အမူအကျင့်ရှိခဲ့လျှင် ပြင်ဆင်လာနိုင်ကောင်းပါသည်။ အလ္လာဟ်အရှင်ထိန်းသိမ်းတော်မူပါစေ။

လင်နှင့်မယား လျှာနှင့်သွား ဟူသည့်စကားရှိသည်။ မတော်တဆ ထိခိုက်ရန်ဖြစ်တတ်ကြသည်။ သို့သော် ဒေါသမြိုသိပ် စိတ်ရှည်သည်းခံမှုကို ကျင့်သုံးရမည်။ အဘယ့်ကြောင့်ဆိုသော် မိမိတို့၏ သားသမီးများအရှေ့တွင် ရုန့်ရင့်ကြမ်းတမ်းသော အပြောအဆိုများ မဖြစ်ပေါ်စေရန်ဖြစ်သည်။ နှလုံးသား နုနယ်၊ ငယ်နုသောအချိန်၊ သေးသိမ်သောပညာဖြင့် မစဉ်းစားနိုင်သေး၊ ဆင်ခြင်နိုင်အားသေးသော ကလေးငယ်တို့၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မနစ်နာသွားစေရန်ဖြစ်သည်။

အိမ်ဝင်အိမ်ထွက် ဒုအာများကို မမေ့မလျော့ရွတ်ဆိုရမည်။ အိမ်အတွင်း စွန္နသ်တော်များ ရှင်သန်စေရန် ကြိုးပမ်းကြရပါမည်။ ရှိုက်သွာန်အတွက် နေရာထိုင်ခင်းမရှိတော့လျှင် မိသားစုအတွက် ပြဿနာအရပ်ရပ် ကင်းစင်သွားနိုင်ပေသည်။

(၄၆) ဆုံးမပုံတစ်မျိုး

ခင်ပွန်းဖြစ်သူယောက်ျားသားတို့ ပညာမဲ့မဖြစ်သင့်ပါ။ မေ့လျော့ပေါ့ပျက်ခြင်းများ မရှိသင့်ပါ။ လူကြီးမိဘတို့သည် ဆဲရေးတိုင်းထွာခြင်းကိစ္စမျိုးကို ရှောင်ကြဉ်ရမည်။ တို့တတွေ ကိုယ်တော်မြတ်ရဲ့အွမ္မသ်ဖြစ်တယ်။ တို့သားသမီးတွေကို အွမ္မသ်အရေအတွက်များစွာထဲမှာ အလ္လာဟ်က ချီးမြှင့်ထည့်သွင်းထားတယ်။ သူမွန်သူမြတ်လေးတွေဖြစ်အောင် မြေတောင်မြှောက်ပေးရမယ်။ အညွန့်မကျိုးစေရဘူး ဟု ဇနီးအား နားချနိုင်သည့် အရည်အချင်းရှိရပေမည်။

(၄၇) မိဘမေတ္တာမရခဲ့သောကလေး
သားသမီးနှင့် မိခင်တို့၏ အပြန်အလှန်မချေမငံစကားတွေ ကြားခဲ့သည်ရှိသော် ချက်ခြင်းအသင်က ဝင်ရောက်မဖြေရှင်းသေးပါနှင့်။ အကျိုးအကြောင်းကို သိအောင်လေ့လာပါ။ ပြီးနောက်မှာ အေးချမ်းစွာပြောဆိုရှင်းလင်းပေးရမည်။

သားသမီးတို့၏ရှေ့၌ ဇနီးအား အော်ဟစ်ကြိမ်းမောင်းခြင်း၊ ရိုက်နှက်ခြင်းများ မဖြစ်ပါစေနှင့်။ ဒေါသဖြစ်ခဲ့လျှင် အပြင်သို့ထွက်သွားလိုက်ပါ။ အဘယ်ကြောင့်ဆိုသော် ကလေးငယ်တို့၏ အသိအာရုံသည် ဓာတ်ပုံရိုက်သည်ထက် ပိုပြီးမှတ်နိုင်စွမ်းရှိသည်။ ၎င်းတို့၏ နှလုံးသား၌ ပုံရိပ်ထင် စွဲကပ်စေနိုင်သောကြောင့်ဖြစ်သည်။ ဓလေ့စရိုက်ကြမ်းများအကြား ကြီးပြင်းခဲ့သောကလေးငယ်တို့၏ အနာဂါတ်သည် စိတ်ပျော်ရွှင်မှု ဆိတ်သုန်းတတ်၏။ မိဘ၏ယုယမှုမဲ့ခဲ့သော ကလေးသူငယ်တို့၏ ဘဝသည် လှည့်ဖျားတတ်သူ၏ ကျော့ကွင်းသို့ ဇွတ်နင်းဝင်တတ်ပေသည်။ မိမိတို့ဇနီးမောင်နှံ၏ ပြောဆို ပြုမူဆောင်ရွက်ချက်တိုင်းသည် ကလေးငယ်များအတွက် အဓိကကျကြောင်း ဆင်ခြင်သင့်သည်။

(၄၈) နားချသင့်

ဇနီးဖြစ်သူက သားသမီးကို ဒေါသဖြစ်လျှက် ဆူပူကြိမ်းမောင်း ပြောဆိုမှုမျိုးပြုခဲ့သည်ရှိသော် အချိန်ယူ၍ နားချရမည်။ ဥပမာ ဒီနေ့ လမ်းထဲကလာတော့ ကလေးတွေဆဲဆိုနေသံကြားရတယ်။ စိတ်မကောင်းဘူး။ ဒါနဲ့အနီးအနားက မိတ်ဆွေကိုပြောဖြစ်တယ်။ မိတ်ဆွေက ကိုယ့်ကိုပြန်ပြောတယ်။ အဲဒီကလေးတွေရဲ့မိဘတွေက အမြဲဆဲဆိုနေကြသူတွေပေါ့။ ဒါ့ကြောင့် ဒီကလေးတွေ ဆဲဆိုတတ်တာ မဆန်းပါဘူးတဲ့။ သူတို့အိမ်မှာ အဆဲသင်တန်းရှိနေတယ်….လို့ ပြောတယ်။ စသဖြင့် သိုင်းဝိုင်းပြောဆိုကြည့်စေချင်သည်။ အင်န်ရှာအလ္လာဟ် ဇနီးဖြစ်သူ သတိထားဆင်ခြင်လာပါလိမ့်မည်။

ဇနီးကောင်းတို့မည်သည် မိမိခင်ပွန်းကိုတောင်းပန်တတ်ရမည်။ ဝတ္တရားပျက်ကွက်မှုများရှိခဲ့သော် ခွင့်လွှတ်ဖို့ ပြောဆိုသည့်အကျင့် မွေးမြူသင့်သည်။ အဘယ့်ကြောင့်ဆိုသော် ယောက်ျားခွင့်လွှတ်ကျေနပ်နေခိုက် ဇနီးကွယ်လွန်လျှင် ထိုဇနီးသည် ဂျန္နသ်သို့ ဝင်ရပေမည်။
(ဟဒီးစ်တော်ဖြစ်သည်။)
ဇနီးဖြစ်သူတို့သည် ဘာပဲဖြစ်ဖြစ်၊ ဘာပဲလိုအပ်လိုအပ်၊ အလ္လာဟ်ကိုသာအားကိုးရမည်။ အလ္လာဟ်ထံ၌သာ တောင်းခံသင့်သည်။ အလ္လာဟ်သည် အရာရာကို ဖြစ်စေတော်မူသော အရှင်ဖြစ်သည်။ အရာရာကို စိုးပိုင်တော်မူသောအရှင်ဖြစ်သည်။ အို….အလ္လာဟ်အရှင် အစ္စလာမ်သာသနာဝင် မွတ်စ်လင်မ်အိမ်ထောင်သည်တိုင်းအား ကောင်းသောအကျင့်အကြံများချီးမြှင့်တော်မူပါ။ ဒွန္နယာအာခေရသ် နှစ်ဌာနစလုံး အေးချမ်းသာယာချမ်းမြေ့မှု ချီးမြှင့်တော်မူပါ…………အာမီးန်။

(မော်လာနာအဗ္ဗဒွလ်ကာဒိရ်ဆွာဟိဗ် ရေးသားပြုစုတော်မူအပ်သော " စံပြမိဘနှင့် ချစ်သားလက်ဆောင် " စာအုပ်မှကောက်နှုတ်တင်ပြသည်။)
အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

ရွှေရောင်တောက်ပသောမိသားစုဘဝကိုရရှိပိုင်ဆိုင်နိုင်မည့်အစ္စလာမ့်နည်းစနစ်များ - အပိုင်း (၃)


(၃၁) အလုပ်၏သောကကိုသော့ခတ်ပါ။ 

ခင်ပွန်းသည် အလုပ်မှပြန်ခဲ့ပြီဆိုလျှင် ထိုအလုပ်၏သောကများကို အလုပ်၌သော့ခတ်ခဲ့သင့်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသောကသည် မိသားစုအတွင်းသို့ ကူးစက်ရိုက်ခတ်လာနိုင်သောကြောင့် ဖြစ်သည်။

အလုပ်အဆင်မပြေမှုကြောင့် စိတ်၏ပင်ကိုယ်၌ ဒေါသဖိစီးနေမည်ဖြစ်သည်။ ဒေါသ၏နောက်ကွယ်၌ ရှိုက်သွာန်၏ဖျားယောင်းမှုက ပူးကပ်ပါလာခဲ့ချေပြီ။ သာမာန်ခွင့်လွှတ်နိုင်သော အဆီအငေါမတည့်မှုတို့သည် ကြီးမားကျယ်ပြန့်လာနိုင်လေသည်။ ဇနီးမယားအပေါ်၊ သားသမီးအပေါ် ထိုဒေါသတို့ ယိုဖိတ်စီးကျလာမည်ဆိုမှဖြင့် ဆက်တိုက်ဆူညံပေါက်ကွဲကုန်တော့မည်။ မလိုလားအပ်သည့်ပြဿနာတို့ ဆက်တိုက်ဖြစ်ပေါ်ချေတော့မည်။

ထို့ကြောင့် အလုပ်မှပြန်ရောက်လျှင် နမာဇ်အချိန်ကိုသတိပြုလျှက် နမာဇ်အချိန်မပျက်အောင် ဂရုစိုက်ကြိုးပမ်းတာဝန်ကျေရန် အရေးကြီးပေသည်။ နမာဇ်၏ဘရကသ်ဖြင့် အရာရာကို အဆင်ပြေချောမွေ့စေရန် အလ္လာဟ်အရှင်ထိန်းသိမ်းစောင့်ရှောက်တော်မူပေလိမ့်မည်။
(နမာဇ်ဖတ်ပြီးဖြစ်ပါကလည်း ဝူဇူပြုလိုက်ပါ။ ရှိုက်သွာန်ထွက်သွားမည်။)

(၃၂) တခြားသူအားဝေဖန်ခြင်းနှင့် မိမိကိုယ်ကိုဝေဖန်ခြင်း

မိမိ၏မောင်နှမသားချင်း အိမ်ထောင်ရေးတွင်လည်း မြှောက်ထိုးပင့်ကော် ဝေဖန်လေကန် လုပ်ခြင်းမှ ရှောင်ရမည်။ ကောင်းသောစိတ်စေတနာဖြင့် မျှမျှတတ အကြံပေးသင့်သည်။ မိမိစကားကြောင့် တစ်ဖက်သားတွင် အကျိုးဖြစ်ထွန်းရမည်။ မိမိစကားကြောင့် တစ်ဖက်သားပြဿနာမတတ်စေရပေ။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ကိုယ့်အိမ်ထောင်ရေးကို တခြားတပါးသူတို့၏ မြှောက်ထိုးပင့်ကော်လုပ်မှုကြောင့် မပြေမလည်ဖြစ်မသွားရန် ထိန်းသိမ်းရမည်။ ကိုယ်ချင်းစာတရားဖြင့် ကိုယ့်စကားကြောင့် တပါးသူ၏အိမ်ထောင်ရေး မထိခိုက်စေသင့်ပေ။
(အလ္လာဟ်အရှင် လူတိုင်း၏ နှုတ်လျှာကို ထိန်းသိမ်းတော်မူပါစေ)

(၃၃) အချက်ကြီး ၆ချက်

၁- ဇနီးထံမှဝေဖန်သံတစ်ခုခုကို အတူနေမိသားစုထံမှ ကြားခဲ့ရချိန်သည် ဇဟိုရ်အချိန် ဖြစ်သည်ဆိုပါစို့။ ချက်ခြင်းမဖြေရှင်းပါနှင့်။ အစွရ်ဖတ်ပါဦး။ မဂ်ရိဗ်ဖတ်ပါဦး။ ပြီးမှ အေးအေးဆေးဆေး နားချဖြေရှင်းပါလေ။ သို့မှာသာ ဇနီး၏နှလုံးသားတွင် ခင်ပွန်းကိုလေးစားလာမည်။ အမိန့်ကို နာခံတတ်လာမည်ဖြစ်ပေသည်။

၂- မိမိ၏ညီမ (ကိုယ့်ဇနီး၏ ယောက်မ)က မိမိဇနီး၏အပြစ်တစ်စုံတစ်ရာကို တိုင်တန်းလာသည်ဆိုပါစို့။ ချက်ခြင်း ဒေါသတကြီး ဇနီးအားဆူပူခြင်းမပြုလေနှင့်။ အချိန်ကြာမှ "တချို့က စကားအရောင်းအဝယ်လုပ်တတ်ကြတယ်။ ဟိုစကားဒီပြော၊ ဒီစကားဟိုပြောနဲ့။ လူမှုရေးရှုပ်ထွေးတတ်တယ်။ ငါ့မိန်းမကတော့ ဒီအကျင့်မျိုးမရှိဘူး။ ကောင်းတယ်။ "စသဖြင့် သိုင်းဝိုင်းဖွဲ့ဆို ဆုံးမတတ်ရမည်။

၃- ဇနီးနှင့်ပတ်သက်၍ အပြစ်တချို့ကို ကြားရပြီဆိုပါစို့။ ဥပမာ… အချက် လေးချက်ခန့်ရှိမည်။ တစ်က ဘယ်လို၊ နှစ်က ဘယ်လို စသဖြင့် ဆုံးမခြင်းမပြုနှင့်။ ဖြစ်ပေါ်ရသည့်အခြေခံအကြောင်းကို အလျင်ဆုံး ရှာဖွေစဉ်းစားပါ။ ကြုံလျှင်ကြုံသလို နုညံ့ချိုသာစွာ သွယ်ဝိုက်ပြောဆိုဆုံးမသင့်ပေသည်။

၎- တစုံတရာပြောတော့မည်၊ ဆုံးမတော့မည်ဆိုလျှင် ပြီးခဲ့သည့်အတိတ်ဖြစ်ရပ်တို့ကို ပြန်မပြောလေနှင့်။ ဓါတ်ပြားဟောင်း ပြန်မဖွင့်နှင့်။ မေ့ပြစ်လိုက်ရမည်။ အနာဟောင်းကို ပြန်မဆွနှင့်။ ဇနီးမယား သားသမီးတို့ စိတ်ညစ်ရတတ်သည်။

၅- ပြောဆိုသွန်သင် ဆုံးမခြင်းများကို နေရာဒေသ ရွေးချယ်ပြောဆိုပါ။ အကျယ်အကျယ်မငြိမ်းဖွယ် မဖြစ်ရလေအောင် ကြိုးစားဖြေရှင်းသင့်သည်။ ဇနီးဖြစ်သူကလည်း မှားလျင်ဝန်ခံတတ်သည့်အကျင့်ကို မွေးမြူရမည်။

၆- အများသူငှာရှေ့တွင် ကိုယ့်မိန်းမသိက္ခာကို ထိခိုက်နစ်နာစေသော အပြောအဆိုအပြုအမူတို့ကို ရှောင့်သင့်ပေသည်။ တခြားမိန်းမက တော်ကြောင်း၊ တတ်ကြောင်း ညွှန်းဖွဲ့တင်စား မပြောကြားနှင့်။ စကားနာထိုးသည့်သဘောဖြစ်တတ်၏။ ပျော့ပြောင်းချိုသာ ကြည်နူးဖွယ်စကားတို့ဖြင့် ပြောဆိုသင့်သည်။

အထက်ပါ အချက် (၆) ချက်ကို စဉ်းစားဆင်ခြင်လိုက်နာသင့်သည်။ တခါတရံ ခင်ပွန်းဖြစ်သူ၏ ဒုစရိုက်တွင် နစ်မွန်းနေခြင်းသည် ဇနီးဖက်မှအမိန့်ဖီဆန်ရန် အကြောင်းခံဖြစ်တတ်သည်။ ခင်ပွန်းဖြစ်သူသည် သောဝ်ဗာဟ် အိစ္စသိဂ်ဖါရ်လုပ်လျက် ထိန်းသိမ်းနေထိုင်သင့်ပေသည်။

(၃၄) မေတ္တာဖွဲ့ကြိုးပမ်းမှု

ဇနီးက နမာဇ်မဖတ်။ ဖရ်ဇ်တာဝန်ကိုပါ ပျက်ကွက်သည့်အနေအထားသို့ ရောက်နေပြီဆိုလျှင် အကြမ်းပတမ်းမပြောသင့်ပါ။ တချို့က မင်းဟာနမာဇ်ကိုစွန့်တယ်။ ဖာစစ်က်ပဲ။ မင်းချက်ပြုတ်တာ မစားတော့ဘူး။ မင်းကို မုန်းတီးဆန့်ကျင်ရမယ်.. စသဖြင့် ပြင်းပြင်းထန်ထန်ပြောကြသည်။ ဤသို့မပြောသင့်ပါ။

ပြောရမည့်ပုံစံမှာ "အခုတလော ကိုယ့်အိမ်ထဲကိုယ်ဝင်ရမှာ စိုးရိမ်နေသလိုပဲ။ ဒီးန်နဲ့ ဝေးကွာရမဲ့အကြောင်းတွေပဲ စဉ်းစားနေမိတယ်။ ကိုယ့်မိတ်ဆွေအိမ်တစ်အိမ်ကို ရောက်ခဲ့တယ်။ စားခဲ့ သောက်ခဲ့ အိပ်ခဲ့တယ်။ ဇိကိရ်လုပ်ခွင့် ရခဲ့တယ်။ သဟဂျွဒ်လည်း ဖတ်ခဲ့တယ်။ စိတ်ပျော်နေခဲ့တယ်။ စိုးရိမ်ထိတ်လန့်မှုလည်း မဖြစ်ခဲ့ဘူး။ ကိုယ်တစ်ခု စဉ်းစားမိတယ်။ တို့မိသားစုလည်း အဲလိုမျိုးပျော်ရွှင်ရအောင် ကိုယ့်အမလ်ကိုကိုယ် ဆန်းစစ်ကြည့်ရအောင်။ အလ္လာဟ်မနှစ်သက်တာတွေ တို့မှာဘာရှိသလဲ။ ရှိခဲ့ရင်လဲ အလ္လာဟ်ထံပါးမှာ ခွင့်လွှတ်ဖို့ အသနားခံကြမယ် "…..။ ဒီလိုပုံစံမျိုးလေးပြောလိုက်ရင် နားခံသာတယ်။ ကိုယ်တခြားမှာအိပ်ပြီး။ ဥပမာ ဗလီမှာ၊ သူငယ်ချင်းအိမ်မှာ ဆိုရင် အော်….. ငါ့ယောက်ျား ငါနမာဇ်မရှိလို့ အိမ်မှာမပျော်ရှာဘူးဆိုပြီး အင်န်ရှာအလ္လာဟ် နမာဇ်ဖတ်လာဖို့ အကြောင်းရှိလာပါလိမ့်မယ်။

မဂ္ဂဇင်းစာစောင်များမှ သူစိမ်းတရံစာဓာတ်ပုံများကြည့်ခြင်းသည် ဂျဟန္နမ်၏လောင်စာဖြစ်၏။ စွဲလမ်းစိတ်နှင့်ကြည့်လျှင် ယင်းတို့နှင့်အတူ ရှင်ပြန်ထရလိမ့်မည်။ သို့သော် ယင်းတို့ကိုသတိမမူပဲ အမှတ်တမဲ့နေခြင်းက ကောင်း၏။ ဇနီးသည် သူမ၏တာဝန်ပိုင်းကိုသာသိသည်။ လောကီရေးရာ မကျွမ်းကျင်မှုသည် အပြစ်မဟုတ်ချေ။ အကယ်၍ အပြစ်တစုံတရာတွေ့ခဲ့သော်လည်း ချက်ခြင်းအပြစ်မတင်ပါနဲ့ဦး။ သင်၏စိတ်နှင့် ဆန့်ကျင်ခဲ့သော်လည်း ချက်ခြင်းအပြစ်မတင်ပါနဲ့။ ဤအချက်ကိုပင် တမန်တော်မြတ်(ဆွ)က မိန့်သည်။ မိန်းမများကို ကွေးကောက်သောနံရိုးဖြင့် ဖန်ဆင်းထားသည်။ တစုံတရာကို မနှစ်သက်လျှင် အခြားတစုံတရာကိုတော့ နှစ်သက်နိုင်သည်။ သင်မျက်မုန်းမကျိုးပါနှင့်။ သင်နှစ်သက်စရာတော့ သင့်ဇနီးမှာ ရှိနေပေမည်။ ထိုအရာကိုပင် အကောင်းဟု မှတ်ယူပါလေ။ မိမိစိတ်နှင့် မတိုက်ဆိုင်မှုတစ်ခုကိုပဲ စွဲကိုင်ပြီး အပြစ်တင်မနေပါနှင့်။ လောကတွင် အကောင်းနှင့်အဆိုး၊ အမှားနှင့်အမှန်၊ ဒွန်တွဲနေပေမည်။ အကောင်းကိုသာ အသင်ရှုမြင်ပါ။ စိတ်ချမ်းမြေ့မှုရပေလိမ့်မည်။ တတ်နိုင်သမျှ ရိုက်နှက်ခြင်းကိုရှောင်ပါ။ ရိုက်ခြင်းသည် စရိုက်ဆိုးသည်။ စရိုက်ဆိုးကို ပြင်ရမည်။

(၃၅) ဆင့်ကဲလိုက်နာရမည့် အချက် (၃) ချက်

ဇနီးသည်အား ပြင်ပေးရမည့် ဒီးန်နှင့်လွဲချော်နေသောအပြစ်ကိုတွေ့လျှင် အောက်ပါအတိုင်း ဆင့်ကဲ အချက် ၃ ချက်ကို လိုက်နာရမည်။ တရားတော်၏ဆုံးမညွှန်ကြားချက်ဖြစ်သည်။

၁- အကျိုးအကြောင်းပြောပြဆုံးမရမည်။

၂- အတူမအိပ်ပဲ အိပ်ယာခွဲအိပ်ပါ။

၃- နာကျင်သည့်ဝေဒနာ ရသည်ခန့်မဟုတ်ပဲ ရိုက်ခွင့်ပြုသည်။

ခင်ပွန်း၏ခွင့်ပြုချက်မရှိပဲ ဇနီးသည် မိမိ၏မိဘအိမ်သို့ပင် မသွားရချေ။ (သို့သော် မိမိ၏မိဘနှင့် ကိုယ်ချင်းစာနာစိတ်မွေးပါ။ ကိုယ့်အမ၊ ညီမကို သူ့ရဲ့ခင်ပွန်းက မိဘအိမ်ကိုလာခွင့်မပြုလျှင် အကို၊ မောင် ဖြစ်နေသည့်ကိုယ်က မည်သို့ခံစားရမည်နည်း။ မိမိရဲ့မိဘ မည်သို့ခံစားရမည်နည်း။ ထိုအတိုင်းပင် မိမိ၏ဇနီးသည်လည်း နှလုံးသားရှိသောလူသားတစ်ဦးပင်ဖြစ်သည်။ သူမ၏မိဘကိုလည်း မိမိ၏မိဘသဖွယ် သဘောထားခံယူထားရမည်ဖြစ်သည်။) သို့သော် သူမ၏မိဘ မိမိအိမ်သို့ရောက်လာလျှင် တားဆီးခွင့်မရှိချေ။ တစ်ပတ်တစ်ကြိမ်ခန့်တော့ ခွင့်ပြုထားရမည်။ ဇနီးအားကျွေးမွေးဝတ်ဆင်ပေးသည့်အပြင် လုံလောက်ရုံ အရေးပေါ်အသုံးစရိတ်ကိုလည်း ပေးထားသင့်သည်။ တရားတော်အရ ဖြုံးတီးခွင့်မပြုသော်လည်း ကြပ်တည်းအောင် မလုပ်ရချေ။
(အိပ်ယာခွဲအိပ်ခြင်းသည် အဆက်အဆံမဲ့ မခေါ်မပြောဖြစ်ခြင်းကို မဆိုလိုပါ။)

(၃၆) ကိုယ်ပိုင်အိမ်ခန်း

ခင်ပွန်း၏ အခြေအနေအလျှောက် အိမ်(သို့မဟုတ်) အိမ်ခန်းရှိရမည်။ တဲဖြစ်စေ၊ တိုက်ဖြစ်စေ ရှိသင့်ပေသည်။ လျှပ်စစ်ပစ္စည်း အသုံးအဆောင်ထားနိုင်သည်။ မြင်သူတိုင်း စိတ်ချမ်းမြေ့စေနိုင်သည့် ဆေးရောင်ခြယ်သမှုကို ခွင့်ပြုထားသည်။ သို့သော် ကြွားဝါလိုသောဆန္ဒဖြင့် ဖြုံးတီးခြင်းကို တရားတော်ကလက်မခံကြောင်း သိထားရမည်။

(၃၇) မိဘတို့၏တာဝန်

သတို့သား၏မိဘများသည် မည်သည့်ကိစ္စမဆိုဆောက်ရွက်သည့်အခါ ယုံကြည်ရသောအာလင်မ်ပညာရှင်ထံ စုံစမ်းမေးမြန်းပြီးမှ ဆောက်ရွက်သင့်သည်။ အချို့က နိကာဟ်ပြုပြီးသွားလျှင် သားနှင့်ချွေးမ အိမ်ခွဲနေခြင်းကို အမင်္ဂလာဟု ထင်မှတ်မှားကြသည်။ ဘေးပတ်ဝန်းကျင်က ကဲ့ရဲ့မည်ကို စိုးရိမ်ကြသည်။ ကြီးလေးသောပြစ်မှုဟု ယူဆကြသည်။ တရားတော်က ထိုသို့ပြဌာန်းမထားချေ။ အဆိုးဟုမဆိုထားပါ။ သို့သော် ပတ်ဝန်းကျင်၏ ထိုးနှက်မှုဒဏ်ကြောင့် အစဉ်အလာဆိုးတစ်ခုဖြစ်ခဲ့၏။ (ဤအရာများသည် လူမျိုးခြားတစ်ခု၏ထုံးစံဖြစ်သည်။) အစ္စလာမ်နှင့် မသက်ဆိုင်ပါ။

ဇနီးက တသီးတခြားနေလိုကြောင်းတောင်းဆိုပါက မိဘများသည် ဟန့်တားပိုင်ခွင့်မရှိချေ။ ယနေ့ခေတ်တွင် နိကာဟ်ပြီးသည်နှင့် ခွဲနေဖို့အလွန်ကောင်းသည်။ "ချွေးမ မကောင်းပါ။ သအ်ဝီးဇ်ပေးပါ" ဟု ထာနဝီသခင်ကြီးအား လာရောက်တိုင်ကြားသူတစ်ဦးကို သခင်ကြီးက တသီးတသန့် ခွဲဝေပေးလိုက်ပါ။ နာခံတတ်လာပေလိမ့်မည်။.. ဟု မိန့်ဖူး၏။

မိဘတာဝန်ပျက်မည်ကိုစိုးရွံ၍ တချို့မိဘများက အိမ်ခွဲမပေးကြချေ။ တသက်လုံး ဒုက္ခတွင်း၌နေကြလေသည်။ တချို့များဘယ်လောက်အထိ အယူသီးသွားကြသလဲဆိုသော် အိမ်ခွဲပေးလိုက်သည်နှင့် ဗရကသ်ထွက်သွားသည်ဟု ယုံကြည်၏။ အမှန်စင်စစ် ဗရကသ်၊ ရဟ်မသ်နှင့် ကင်းကွာခြင်း၏အဓိက အချက်မှာ မိသားစုအတွင်း ရန်ငြိုးထားခြင်း၊ မုန်းတီးခြင်းပင်ဖြစ်သည်။

(၃၈) ချွေးမမှအိမ်စေသို့

ငြီးငြူသံတစ်ချို့ ကြားရသည်။ နေကာဖြစ်သည့်တစ်ရက်သာလျှင် မိမိဇနီးနှင့်အတူ ညစာတို့ နံနက်နရှ်သာတို့စားခဲ့ရသည်။ နောက်ပိုင်းတွင် ဇနီးက အမေ၊ အမ၊ ဘာဘီတို့နှင့်အတူသာ စားရသည်။ မိမိကတော့ ဖခင်နှင့်သာစားနေရသည်ဟု ပြောလာသည်ကို ကြားရကြုံရသည်။ ဤသည်မှာ ယုယကြည်စယ်မှု ပျော်ရွှင်မှုကင်းမဲ့စေသော အချက်များဖြစ်ပေသည်။

ဇနီးခမျာ အိပ်ယာမှနိုးထသည်နှင့် မီးဖိုချောင်ဝင်ရသည်။ ဤတွင် အတူနေမိသားစုက တစ်ယောက်တစ်ပေါက်ဖြစ်နေပြီ။ အနည်းငယ်ကြန့်ကြာမှုကို သည်းမခံကြတော့ချေ။ ကြည့်စမ်း၊ အိပ်လို့ကို မဝနိုင်ကြဘူး။ ခလေးတွေကျောင်းချိန်နီးနေပြီ။ မီးပူတိုက်မပေးရသေးဘူး။ ထမင်းချိုင့်မပြင်ရသေးဘူး စသဖြင့် အပြစ်တင်သံ အစုံကိုကြားနေရသည်။ တနေ့လုံး အိမ်မှုကိစ္စကို ဇယ်ဆက်သလိုလုပ်နေရခြင်းကြောင့် ဖရဇ်နမာဇ်လွတ်၊ သပ်စ်ဗီးလွတ်၊ သာလင်မ်လွတ်ဖြစ်တော့သည်။ မောသည့်အတွက်ကြောင့် စောစောအိပ်………။ သည်တော့ လင်မယားဘဝပျော်ရွှင်မှု ဘယ်မှာလဲ။ စဉ်းစားသင့်၏။ ချွေးမဘဝက အိမ်မှာ အိမ်စေတစ်ယောက်တိုးလာသည့် သဘောထက်မပိုတော့ချေ။

(၃၉) ချွေးမအိမ်စေ သားအိမ်မနေ

ချွေးမအဖြစ်က အထက်ပါအခြေအနေသို့ ရောက်နေပြီဆိုပါစို့။ သားဖြစ်သူမှာ ဒီးန်ရှိနေလျှင် ကိစ္စမရှိ။ ကြိတ်မှိတ်သည်းခံနေပေမည်။ သည်းခံသော်ငြားလည်း တခြားရောဂါများ ဝင်ရောက်လာနိုင်၏။ စိတ်ပိုင်းဆိုင်ရာဝေဒနာများ ဖြစ်တတ်သည်။ ထိုသို့မဟုတ်ပဲ သားဖြစ်သူတွင် ဒီးန်အားနည်းသည်ဆိုလျှင် အပြင်လောကတွင် ပျော်ရွှင်ဖွယ်ရာမိန်းမကို ရှာပေတော့မည်။ ဇေနာကျူးလွန်မည်။ မိဘမျက်နှာကို အိုးမည်သုတ်ပေတော့မည်။

ကိုယ့်မိသားစုနှင့် ချွေးမ သဟဇာတမဖြစ်ကြောင်းကို သိရှိပြီးနောက် မိဘဖြစ်သူတို့သည် တသီးတခြားထားနိုင်ရန် စီစဉ်သင့်ပေသည်။ ထိုသို့မတတ်နိုင်သေးလျှင် အိပ်ခန်းသီးခြား အိုးခွဲစားသင့်ပေသည်။ ချွေးမသည် ကိုယ့်မိဘသဖွယ် မိမိတို့အား သဘောထားဆက်ဆံတတ်သူဖြစ်လျှင် သူမအတွက် ဒုအာဆုမွန်ကောင်းများ တောင်းပေးသင့်ပါသည်။ သားနှင့်ချွေးမ၏ အိမ်ထောင်ရေးကိစ္စတွင် ဝင်ရောက်စွက်ဖက်ရန်မသင့်ပေ။ အခြားသော အတူနေချွေးမ၊ သားမက်တို့နှင့် ခွဲထားရန်သာ အထူးကြိုးစားသင့်ပါသည်။

(၄၀) ဘာကြောင့်ဤသို့

ယခုခေတ်အခါတွင် ရှာဒီစရိတ်ကြီးမားလှပါသည်။ လူမှုရေးပဲ။ တစ်သက်တာအတွက် တစ်မင်္ဂလာပဲ။ သူက သမီးဦးမို့ ခမ်းခမ်းနားနားလေးလုပ်မှ သူက သားဦးမို့ ဆန်းဆန်းပြားပြားလေးလုပ်မှ စသဖြင့် ငွေကုန်ကြေးကျခံ အကြွေးတင်ခံပြီး မင်္ဂလာအခန်းအနားကျင်းပပေးနေကြခြင်းသည် ဖက်ရှင်တစ်ခုလိုဖြစ်နေသည်။ အမှန်တကယ်လိုအပ်သည့် မင်္ဂလာဦးအတွက် နေအိမ်ကိစ္စကို လုံးဝမစဉ်းစားကြချေ။

သည်တော့ နေအိမ်ကိစ္စအစဉ်မပြေတော့ ဘာတွေဖြစ်လာသနည်း။ တစ်အိမ်ထဲမှာ မိသားစု နှစ်စုသုံးစု တချို့ လေးငါးစု နေခဲ့ကြရသည်။ အမျိုးသမီးများစုဝေးပြီဆိုလျှင် ဖစ်သနာဟ် ဖြစ်တော့မည်မဟုတ်ပါလား။

ယခုအချိန်အခါသမယ၌ မေတ္တာတို့သည်လည်း ပြယ်လွယ်လှ၏။ ယောက္ခမကလည်း ချွေးမကို သမီးလိုသဘောမထားနိုင်။ ချွေးမကလည်း ယောက္ခမကို မိဘလိုသဘောမထားနိုင်ကြတော့။ ဆွေမျိုးခြင်း နိကာဟ်ပြုပေးလျှင်တောင်မှ ဆက်ဆံရေးတွေ စိမ်းကားနေကြကုန်၏။
အဖြေကားရှင်းပါသည်။ သာသနာကို မျက်ကွယ်ပြုသောကြောင့်ပင်ဖြစ်သည်။

(မော်လာနာအဗ္ဗဒွလ်ကာဒိရ်ဆွာဟိဗ် ရေးသားပြုစုတော်မူအပ်သော " စံပြမိဘနှင့် ချစ်သားလက်ဆောင် " စာအုပ်မှကောက်နှုတ်တင်ပြသည်။)

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

ရွှေရောင်တောက်ပသောမိသားစုဘဝကိုရရှိပိုင်ဆိုင်နိုင်မည့်အစ္စလာမ့်နည်းစနစ်များ - အပိုင်း (၂)



(၁၆) စကားချိုသာပျားသကာ 

ချိုသာနုညံ့မှုမရှိသော စကားတို့သည် ရွေ့လျားနေသောပြဒါးပမာဖြစ်၏။ ရေပွက်ပမာ ကြာရှည်မခံချေ။ ဇနီးမောင်နှံ ချိုသာပျော်ရွှင်နေလျှင် မိသားစုတစ်ခုလုံးလည်း သွေးလည်ပတ်သကဲ့သို့ ပျော်ရွှင်မှုများ စီးဝင်နေပေမည်။ တချို့ဇနီးတို့နှုတ်လျှာကြမ်းကြသည်မှာ ခင်ပွန်းဖြစ်သူ၏ချိုသာမှု မရှိခြင်းကြောင့်လည်း ဖြစ်တတ်ပေသည်။ မိမိ၏မိတ်ဆွေ၊ သူငယ်ချင်းအချင်းချင်း၊ အိမ်ထောင်သည်တိုင်းအား ချိုသာနူးညံ့ကြရန် တိုက်တွန်းသတိပေးရမည်။ အဆင်မပြေမှုများ ကြုံတွေ့ရသော်လည်း တုန်လှုပ်မနေသင့်ပေ။ အခြေအနေဆိုသည်မှာ ပြောင်းလဲတတ်စမြဲဖြစ်၏။ အခြေအနေပြောင်းတိုင်း သဘောထားမပြောင်းသင့်ချေ။ အချိုမကျွေးနိုင်လျှင်သာရှိပါစေ။ စကားကိုတော့ ချိုပါလေ။

(၁၇) ပြုပြင်ခြင်း

ကိုယ်က ကိုယ့်ဇနီးအပေါ် မည်သို့ပြောဆိုဆက်ဆံနေသနည်း။ အကယ်၍ တစ်စုံတစ်ယောက်က ကိုယ့်အပေါ် ထိုနည်းအတိုင်း ဆက်ဆံသည့်အခါ ကိုယ်ဘယ်လိုခံစားရသနည်း။ ချိန်ထိုးစဉ်းစားကြည့်သင့်သည်။ သို့တည်းမဟုတ် ခံရသူဇနီး၏နေရာ၌ မိမိနေပြီး ခံစားကြည့်သင့်သည်။ ချိုသာသောစကားကို ပြောရန် ဒုအာတောင်းပါ။

လျှာဆိုသည်မှာ အရိုးမရှိချေ။ သို့သော် ထိုနှုတ်လျှာကြောင့် အနာမခြောက်နိုင်သောဒဏ်ရာများကို ဖြစ်စေတတ်ပါသည်။ ထို့ကြောင့် မိမိကိုယ်ကိုမိမိ ပြုပြင်လျှက် ချိုသာသောစကားကို ပြောဆိုသောအလေ့အကျင့်ကောင်းကို မွေးမြူထားရမည်။

(၁၈) နှုတ်စကားဆိုး တုတ်ဓားမိုး

ခင်ပွန်းက အားလုံးကောင်း၏။ သို့သော်ပါးစပ်ဆိုးသည်။ ကောင်းခဲ့သမျှအားလုံး သဲထဲရေသွန်ဖြစ်ကုန်၏။ ခရီးသွားလျှင် လွမ်းစရာ၊ တမ်းတစရာများကို ချန်ထားနိုင်ရမည်။ ဇနီးဖြစ်သူ အထီးကျန်မဖြစ်စေခဲ့ရာ။ ပန်းကလေးများသည်ပင် တစ်နေ့ထက်ပို၍ လန်းဆန်းနိုင်ပေသည်။ ဇနီးအား ပန်းကလေးတစ်ပွင့်ပမာ ထာဝစဉ်လန်းဆန်းနေစေရန် ပြုစုနိုင်သူမှာ ခင်ပွန်းပင်ဖြစ်သည်။ အသိပညာ၊ အတတ်ပညာ၊ ဘွဲ့ ဒီဂရီ မည်မျှပင်ရထားသူဖြစ်ပါစေ....နှုတ်လျှာကြမ်းသူသည် အန္တရာယ်များ၏။ ဆင်ခြင်ပြုပြင်သင့်လှသည်။

(၁၉) မငြင်းနှင့်
အသေးအဖွဲကိစ္စများအား အရေးတယူ စဉ်းစားအငြင်းပွားနေတတ်လျှင် အဘယ်မှာ ချမ်းမြေ့ဖွယ်အိမ်ထောင်ရေးကို ရနိုင်ပါမည်နည်း။ နေရာတိုင်း ဇနီး၏စကားကို မငြင်းပယ်သင့်ပါ။ ဒါအီ(အလ္လာဟ်ဖက်သို့ ဒအ်ဝသ်ပေးသူ)၏ အရည်အချင်းမှာ ဒေါသကိုချုပ်တည်းနိုင်ခြင်း၊ သည်းခံခြင်း၊ သဘောထားကြီးခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ အတွေးအခေါ်မှန်ကန်ခြင်း၊ သိမ်မွေ့ခြင်း၊ အွမ္မသ်၏သောက အစဉ်ရှိနေခြင်း၊ နမာဇ်ပြီးတိုင်း ဒုအာတောင်းခြင်းတို့ဖြစ်၏။ နှုတ်ထွက်စကားတိုင်း ဒီးန်သာသနာအတွက်ဖြစ်ကြောင်း ဇနီးကလက်ခံယုံကြည်နေစေရမည်။

(၂၀) အသေးစားကေယာမသ်

ချစ်လျှင် အပြစ်မမြင်တတ်။ အချစ်ဓာတ်သည် အစွမ်းထက်လွန်းသည်။ ဇနီးအား ချစ်စကားအမြဲပြောသင့်သည်။ ရှက်စရာကိစ္စမဟုတ်ပါ။ အချစ်ကို အမြစ်တွယ်အောင်ကြိုးစားသင့်၏။ ဇနီး၏ အဝတ်လျှော်ဖွတ် ချက်ပြုတ်ခြင်းများကို အပြစ်တင်မကဲ့ရဲ့ပါနှင့်။ ဆားငံလျှင်တောင်မှ သည်းခံကြိတ်မှိတ်စားသင့်သည်။ အကောင်းမမြင် အပြစ်တင်လျှင်တော့ အသေးစားကေယာမသ်ဖြစ်လိမ့်မည်။

(၂၁) စိတ်ဓါတ်ကိုမြှင့်တင်

လင်မယားအချစ်သည် ပန်းကဲ့သို့ဖြစ်သည်။ ပင့်ကူအိမ်ကဲ့သို့ဖြစ်၏။ နုနယ်၏။ အနည်းငယ်မျှ စကားခက်ထန်မာကြောလာလျှင်ပင် သလာက်ဆိုသည့် အန္တရာယ်က ရှေ့မှာရှိနှင့်ပြီးဖြစ်သည်။ ယခင်ပျော်ရွှင် ခဲ့သည်များ အရာမထင်ဖြစ်ကုန်တော့သည်။ စိတ်ပြေသောအခါ နောင်တရလျှက် ရှက်နေတတ်ပါသည်။ သလာက်သုံးကြိမ်ကို ကျည်သုံးတောင့်လို့ မှတ်ယူသတိပြုပါ။ အသက်တစ်ရာအရွယ်မှ ကလေမာဖတ်လျှင်လည်း မွတ်စ်လင်မ်ဖြစ်၏။ အိုကြီး၊ အိုမအရွယ်ရောက်မှ သလာက်ပေးလျှင်လည်း အထမြောက်ကြောင်း ဆင်ခြင်ကြပါကုန်။

(၂၂) ဇနီးသာလျှင် အနွံအတာခံသူ

အိမ်ထောင်သက် ရင့်လာသည်နှင့်အမျှ ဇနီးမောင်နှံတို့သည် ရင်းနှီးသထက်ရင်းနှီးလာ၏။ ပြုစုယုယမှုပိုလာ၏။ တဖြည်းဖြည်း ဇနီးသည် မိခင်နှင့်တူလာ၏။ ဆင်းရဲကြပ်တည်းဒုက္ခရောက်သည်ဖြစ်စေ အခြေအနေတိုင်းမှာ ပြုစုယုယသူဖြစ်၏။ တဏှာရာဂကြောင့်မဟုတ်ပဲ တကယ့်မေတ္တာစစ်ဖြင့် သန့်ရှင်းသောပြုစုမှုဘဝသို့ ရောက်ခဲ့လေ၏။ ဇနီးကို တကယ့်ဘဝအဖော်မွန်အဖြစ် မှတ်ယူအပ်ပေသည်။

(၂၃) နံရိုးကွေးကွေး

တချို့ခင်ပွန်းတို့သည် ကိုယ့်ဇနီးအား ခေတ်ဆန်ဆန် အလှအပဆင်ယင်ထုံးဖွဲ့မှုတို့ဖြင့် တွေ့မြင်လိုလှသည်။ ဇနီးက ရိုးရိုးယဉ်ယဉ်နေတတ်၏။ ဤသို့မတိုက်ဆိုင်မှုကို စိတ်မဆိုးသင့်။ မိန်းမသည် နံရိုးကွေးကွေးဖြင့် ဖန်ဆင်းခြင်းခံရသည်ဟု ဟဒီးစ်တော်ကမိန့်ဆိုထားသည်။ ယင်းကိုဖြောင့်အောင်ကြိုးစားလျှင် ကျိုးရုံသာရှိပေတော့မည်။ ကိုယ့်စိတ်တိုင်းကျ ပြုပြင်လျှင် ကျိုးရုံသာရှိပေတော့မည်။ ကိုယ့်စိတ်တိုင်းကျ ပုံသွင်းလျှင်လည်း ပြတ်တောက်သွားနိုင်သည်။ မူလဇာတိကိုက ကွေးကွေးကောက်ကောက်ရှိနှင့်ပြီး ဖြစ်သည်။ ဇနီးခမျာ ခေတ်မဆန်ခြင်းကိုက ရိုးသားကြောင်းထင်ရှားနေပြီ။ ကိုယ့်အမြင်မှာ လျှပ်ပေါ်လော်လီ ခေတ်နှင့် မညီသော်လည်း ကိုယ့်အတွက်အသက်ပါပေးမည့် ဇနီးကောင်းအဖြစ်ယုံကြည်သင့်ပေသည်။

(၂၄) ဇနီး၏ကောင်းခြင်း

ဇနီးခမျာ နာမကျန်းဖြစ်နေရှာ၏။ ထိုအခြေအနေတွင် မိမိ၏ခင်ပွန်းလည်း တိုက်တိုက်ဆိုင်ဆိုင် ထပ်တူထပ်မျှ နာမကျန်းဖြစ်ခဲ့သော် မိမိ၏မကျန်းမာမှုကိုမေ့ဖျောက်လျှက် လင်ယောက်ျားကို ပြုစုတတ်လေသည်။ ခင်ပွန်းကို အချိန်မရွေးခူးခပ်ကျွေး၏။ ဧည့်သည်လာသော် အကြွင်းအကျန်ကိုသာ မငြီးမငြူ စားသောက်တတ်၏။ ဝန်တိုငြူစူသည်မရှိ။ သန်းခေါင်သန်းလွဲ ညကြီးအချိန်မတော် ခင်ပွန်းပြန်ရောက်လာလျှင်လည်း အိပ်ယာမှလူးလဲထလျှက် ခင်ပွန်းအား လိုလေသေးမရှိ ပြုစုတတ်ကြ၏။ ထို့ကြောင့် ခင်ပွန်းကောင်းတို့သည် ဇနီးကောင်းအား အရာရာဦးစားပေးကြရမည်။

(၂၅) ခင်ပွန်း၏ဝတ်စုံ

ဇနီးကောင်းသည် ခင်ပွန်းကောင်း၏ ဝတ်စုံဖြစ်သည်။ အဝတ်တန်ဆာသည် လူ၏အရှက်ကို ဖုံးကွယ်ပေးသည်။ ဇနီးကောင်းသည် ခင်ပွန်း၏လျှို့ဝှက်ချက်များ၊ အားနည်းချက်များကို သိထားသူဖြစ်သည်။ ထို့ကြောင့် ခင်ပွန်း၏ လူမှုရေးသိက္ခာကို ထိန်းကျောင်းထားသူလည်းဖြစ်သည်။ သားသမီးတို့အား ပြုစုစောင့်ရှောက်သူလည်း ဖြစ်သည်။ လူသည် မိမိဝတ်စုံကိုလုံအောင်ဝတ်သကဲ့သို့ ဇနီးကောင်းတို့သည်လည်း ခင်ပွန်း၏ ဘဝတစ်ခုစာအတွက် လုံခြုံပေးနေကြောင်း ခင်ပွန်းကောင်းတို့ သိနားလည်ထားရပေမည်။ စင်စစ် ဇနီးကောင်းတို့မည်သည်မှာ ခင်ပွန်းကောင်းတို့၏ လှပတန်ဖိုးရှိသော ဝတ်စုံများပင်ဖြစ်ပေသည်။

(၂၆) နွဲ့ဆိုး

တခါတရံ ဤသို့သောဇနီးက တယုတယနွဲ့ဆိုး ဆိုးလာလျှင် သည်းခံ၊ ခွင့်လွှတ်၊ ယုယမှုပေးသင့်၊ မသင့်ကို ခင်ပွန်းတို့ စဉ်းစားသင့်ပေသည်။ အိမ်မှုကိစ္စဗဟီရများတွင် တနေကုန်မအားလပ်ရှာသော ဇနီးကောင်းတို့အား ခင်ပွန်းကောင်းများသည် အထူးကျေးဇူးတင် နားလည်သဘောပေါက်သင့်လှပါသည်။ ဆီလိုအပေါက်ရှာပြီး ပြစ်တင်စကားမဆိုသင့်ချေ။ အပေးအယူ ရှင်နှင့်ကျမ ဘဝတစ်ခုကို လှပစွာ ပြုစုပြိုးထောင်နိုင်ကြပါစေ။

(၂၇) စရိုက်ဆိုးရခြင်းအကြောင်း

ခင်ပွန်း၏ဆိုးသွမ်းမှုကို ခံနိုင်သူဇနီးကောင်းတို့သည် ငိုစရာရှိလျှင် အလ္လာဟ်ရှေ့မှောက်တွင် ငိုယိုဒုအာတောင်းခံလိမ့်မည်။ ဤသို့ သူမ၏ကောင်းခြင်းကိုက သင့်အတွက်မကောင်းတော့ပါ။ ထို့ပြင် ခင်ပွန်း၏ အပြစ်အနာအဆာတို့ကို ဘယ်သူ့ကိုမျှမပြောပဲ မြိုသိပ်နိုင်သည်ပဲထား၊ သူမ၏ဒေါသတို့ကို သားသမီးထံပို့မည်။ သားသမီးအား ရိုက်နှက်မာန်မဲ မလုပ်သည်ထားဦး။ ခင်ပွန်းအား ရုန့်ရင့်ကြမ်းတမ်းသောစကားတို့ဖြင့် ထိုးနှက်ပေလိမ့်မည်။ ထိုသို့စရိုက်ဆိုးရခြင်း၏ အရင်းခံအချက်သည် ခင်ပွန်း၏အပြစ်ချည်းပင်ဖြစ်သည်။ ထို့ကြောင့်အရာရာသည် ခင်ပွန်းသည်၏ တာဝန်သာဖြစ်ကြောင်း တွေ့မြင်သုံးသပ်ဆုံးဖြတ်လို့ရပေလိမ့်မည်။ (အလ္လာဟ်အရှင် ခင်ပွန်းတိုင်းအား ကောင်းမြတ်သော အရည်အချင်းများ ပေးသနားတော်မူပါစေ။) အာမီန်း

(၂၈) မီးလောင်ရာလေပင့်

ပတ်ဝန်းကျင် မိဘဆွေမျိုး မောင်နှမသားချင်း သူငယ်ချင်းတို့၏ မြှောက်ထိုးပင့်ကော်လုပ်ပေးခြင်းတို့ကြောင့် ပြိုကွဲပြတ်တောက် ဒုက္ခရောက်ကျရသော အိမ်ထောင်ပေါင်းလည်း နည်းလှသည်မဟုတ်။ ထို့ကြောင့် ခင်ပွန်းကောင်းနှင့် ဇနီးကောင်းတို့သည် ကြားစကားများကို သတိထားဆန်းစစ် ဆင်ခြင်သင့်ပါသည်။ ယုံကြည်ထားရမည့်အချက်မှာ မိမိတို့နှစ်ယောက်သာလျှင် မိမိတို့၏ဘဝတစ်လျှောက်လုံးအတွက် အဓိကဖြစ်သည်။ ကိုယ့်မိသားစုအရေးကို ကိုယ်လင်မယားအေးဆေးစွာ ညှိနှိုင်းတိုင်ပင် ဆွေးနွေးရမည်။ ဘေးစကားများအကြား ကတောက်ကဆဖြစ်ကြရလျှင် မိမိတို့ထက်ညံ့ဖျင်းသူ မရှိတော့ကြောင်း ယုံမှတ်ထားစေချင်သည်။ မည်သို့ပင်ဖြစ်စေ လူရေးလူရာကို နားလည်တတ်ရန်မှာ စာများများဖတ်သင့်ပါသည်။ အစ္စလာမ်သာသနာသည် အပိုအလိုမရှိ အရာရာတိုင်းအတွက် ကွက်တိပြဋ္ဌာန်းပြီးဖြစ်သည်။

(၂၉) အကြောင်းမဲ့အပြစ်တင်ခြင်းကို ဆင်ခြင်ပါ။

ဇနီးဖြစ်သူ အီမာန်အားနည်းလျှင် ဒီးန်၏အသိ ချို့တဲ့လျှင် လက္ခဏာဗေဒင်ဆရာတို့ထံ ရောက်တတ်ပေသည်။ စိတ်တည်ငြိမ်ရန် လင်သားကကိုယ်ပြုသမျှ နုကြစေရန် အန္တရာယ်အသွယ်သွယ်မှ လွတ်ကင်းရန် စသဖြင့် ရှိရ်က်(အလ္လာဟ်နှင့်ယှဉ်တွဲကိုးကွယ်ခြင်း) လုပ်ငန်းများကို လုပ်ပေတော့မည်။
(ထိုအဖြစ်မျိုး၌သေဆုံးခဲ့လျှင် ဒွန္နယာနှင့် အာခေရသ် နှစ်ဌာနစလုံး ရှုံးကြပေတော့မည်။)
ထိုအဖြစ်ဆိုးမှထိန်းသိမ်းရန် ခင်ပွန်းကောင်းတို့၏ တာဝန်ပင်ဖြစ်ပေသည်။ ဇနီးအတွက်စိတ်ညစ်စရာများ မဖန်တီးနှင့်။ လင့်မျက်နှာတစ်ရွာထင်ပြီး အားလုံးကိုစွန့်ခဲ့သည်မဟုတ်ပါလား။ အပြစ်တင်လျှင် ချစ်ခင်မှုလျော့စေပါသည်။

(၃၀) စာနာစိတ်

အကြောင်းမညီညွတ်သဖြင့် စိတ်ကောက်စိတ်ဆိုးပြီး ဇနီးဖြစ်သူသည် မိဘအိမ်သို့ပြန်သွားသည်ဆိုပါစို့။ ဘယ်လိုလုပ်မလဲ….။ မာနချင်းပြိုင်ကြမှာလား? ကောင်းပြီး၊ ဤအဖြစ်မျိုး ကိုယ့်ညီမ၊ ကိုယ့်အမ ကြုံရပါပြီတဲ့။ ဘယ်လိုခံစားရမလဲ။ စာနာစိတ်မွေးတတ်သူတစ်ဦးအဖို့ အရာရာကိုလွယ်ကူစွာ ဖြေရှင်းနိုင်ကြောင်း ယုံကြည်ကြပါကုန်။
************************************************************************

(မော်လာနာအဗ္ဗဒွလ်ကာဒိရ်ဆွာဟိဗ် ရေးသားပြုစုတော်မူအပ်သော " စံပြမိဘနှင့် ချစ်သားလက်ဆောင် " စာအုပ်မှကောက်နှုတ်တင်ပြသည်။)

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

ရွှေရောင်တောက်ပသောမိသားစုဘဝကိုရရှိပိုင်ဆိုင်နိုင်မည့်အစ္စလာမ့်နည်းစနစ်များ - အပိုင်း (၁)


(၁) နေကာ၏အလှ
မိမိနေကာဟ်ဖြင့် ရရှိထားသောဇနီးသည် ရုပ်ရည်ချောမောလှပသူ ဖြစ်ချင်မှဖြစ်မည်။ အသားအရည် ဖြူဖွေးတောက်ပြောင်နေသူ ဖြစ်ချင်မှဖြစ်မည်။ သို့သော် သူမထံတွင် အလှအပါင်းတို့၏ထိပ်ခေါင် ဒီးန်ကို လေးစားလိုက်နာခြင်းဟူသည့် မကိုဋ်သရဖူရှိနေလျှင် ထိုဇနီးသည် လှ၏။ ရုပ်ရည်ချောမောလှပ၍ ဒီးန်မရှိသောဇနီးထက် အဆပေါင်းသိန်းသန်းမက လှပနေမည်ဟု အသင်ယုံကြည်ထားပါလေ…။

ဇနီးအား ဒီးန်နှင့်ပတ်သက်၍ လွတ်လပ်မှုမပေးရပါ။ ခင်ပွန်းမှ အမြဲတန်း ကြပ်မတ်ကွတ်ကဲပေးရမည်။ လွတ်လပ်မှုရလျှင် ထိုဇနီးသည် ပရမ်းပတာဖြစ်သွားမည်။

လူငယ်ဘဝ အိမ်ထောင်သည်တစ်ဦးအနေဖြင့် အချိန်တန်အိမ်ပြန်သင့်သည်။ အပြင်မှာ အချိန်မဖြုန်းသင့်၊ အပျော်မရှာသင့်၊ ဇနီးကိုသာလျှင် စုံမက်မြတ်နိုးနေရမည်။

(၂) ဇနီးမယားဘဝကြင်ဖော်

ကိုယ့်လင်မယားချင်း နားလည်တတ်ရမည်။ စိတ်သဘောခြင်းတိုက်ဆိုင်အောင် ကြိုးစားရမည်။ အပြန်အလှန် ယုံကြည်မှုရှိရမည်။ ကိုယ့်လင်မယားကိစ္စကို အပြင်လူမသိစေနှင့်။
(မျက်နှာပျက် သိက္ခာကျရမည့်အဖြစ်မျိုး ကြုံတတ်၏။)

သာမာန် မဖြစ်စလောက် မမုန်းလောက်သည်ကို ရေးကြီးခွင်ကျယ်လုပ်၍ အပြစ်ကြီးဟု မယူမှတ်လေနှင့်။ ဇနီးသည်၌ အကျင့်ပျက်များဝင်လာသည်ရှိသော် ပြင်းပြင်းထန်ထန် ဟန့်တားပြုပြင်ပေးရမည်။ ကိုယ်တိုင်လည်း သူစိမ်းမိန်းမတို့နှင့် အရောမဝင်အပ်။ မတ်နှင့် ခဲအိုတို့သည် ဇနီးတစ်ယောက်အဖို့ မော့သ် (သေမင်း) ပင်ဖြစ်၏။ သာသနာ့စည်းကမ်း ဖော်ညွှန်းချက်ကို ဇနီးကိုယ်တိုင် လိုက်နာကျင့်သုံးရမည်။

လင်မယားတိုင်ပင်ဆွေးနွေးရမည်။ ခင်ပွန်း၏ ဆုံးဖြတ်မှုဖြစ်စေရမည်။ ဇနီးကောင်းဖြစ်ဖို့ ခင်ပွန်းတွင် တာဝန်ရှိ၏။ ပြေလည်သိမ်မွေ့သောအပြောအဆိုတို့ဖြင့် ပြုပြင်ထိန်းသိမ်းလျှက် လှပသောအိမ်ထောင်သည်ဘဝကို ထူထောင်နိုင်ရမည်။ ဤသည်မှာ မယား၏ကျွန်ဖြစ်ခြင်းမဟုတ်။ အလ္လာဟ်နှစ်သက်သော ယောက်ျားကောင်းတစ်ယောက်၏ အရည်အချင်းပင်ဖြစ်သည်။

(၃) အိမ်ထောင်ဖက်ရွေးနည်း

တစ်သက်တာလုံးအတွက် ဘဝကြင်ဖော်ရွေးရသည့်ကိစ္စသည် ခက်ခဲလှ၏။ အလွယ်တကူ မလုပ်သင့်ပေ။ စဉ်းစားချင့်ချိန်ရမည်။ သတ္တိနည်းလွန်းပြန်လျှင်လည်း အဆိပ်အတောက်ဖြစ်တတ်၏။ ဘယ်လိုရွေးကြမလဲ? "ရတာမလို လိုတာမရ" အဖြစ်မျိုးလည်း ကြုံတတ်၏။ ပြီးပြီးရော ကမန်းကတန်းစီစဉ်ကြပြန်လျှင်လည်း "စလယ်ဝင်ဖင်မမည်းခင်ကတည်းကကွဲ" ဖြစ်တတ်ပြန်၏။ သလားက် (ယောက်ျားလေး) ဖက်မှ ကွာရှင်းခြင်း၊ ခုလအ် (မိန်းကလေးဖက်မှ ကွာရှင်းခွင့်တောင်းခံခြင်း) များဖြစ်တတ်၏။ သည်တော့… အကောင်းဆုံးဖြစ်အောင် ဘယ်လိုရွေးကြမလဲ…?

ပထမ… အလ္လာဟ်အရှင်မြတ်ထံတောင်းခံရမည်။ ဆွလာသွလ်ဟာဂျသ် နမာဇ်ဖတ်ရမည်။ ရို့ကျိုးစွာ အကြိမ်ကြိမ်တောင်းခံရမည်။

ဒုတိယ… အထင်အမြင် ဆင်ခြင်စဉ်းစားရန်ကို အလ္လာဟ်ထံမှာပဲ မျှော်လင့်ယုံကြည်စွာ တောင်းခံပါ။ အင်န်ရှာအလ္လာ မုချမလွဲမသွေ အိမ်ထောင်ဖက်ကောင်းရမည်ဟု ယုံကြည်ချက်ဖြင့် ဆက်ဆက်တောင်းခံပါ။

တတိယ… ဒီးန်သာသနာ လေးစားလိုက်နာသော၊ အမြော်အမြင်ရှိသော၊ ဝါရင့်အတွေ့အကြုံရှိသော အမာနသ်ကို ဖုံးကွယ်တတ်သောသူ တစ်ဦးဦးထံ၌ အကြံယူ အကူအညီတောင်းခံပါ။

စတုတ္ထ… အိစ်သိခါရဟ် (အလ္လာဟ်ထံ အကြံဥာဏ်တောင်းခံခြင်း) ပြုလုပ်ရမည်။ အလ္လာဟ်အကူအညီ ရယူမှုပြုရမည်။ တစ်ရက် တစ်ကြိမ်ကျ၊ ခုနှစ်ရက်တိုင်တိုင် ပြုကျင့်ခွင့်ရှိသည်။ အင်န်ရှာအလ္လာဟ် စိတ်နှလုံးသား၌ ထင်ရှားပီပြင်စွာမြင်နိုင်ပေသည်။ မုချမလွဲမသွေ အလ္လာဟ်သည် ကူညီတော်မူသော အရှင်ဖြစ်၏။

ဖေါ်ပြပါ လေးချက်ဖြင့် အိမ်ထောင်ဖက်ကို ရွေးချယ်ကျေနပ်နိုင်ကြပါစေ။ (ဖေါ်ပြပါ အကြံပြုချက်သည် ကျား/မ မရွေးကျင့်သုံးရန်ဖြစ်သည်။)

(ယောက်ျားလေးတစ်ယောက်သည် သူ၏ ဘဝလက်တွဲဖော်ကို သူကိုယ်တိုင်ရွေးချယ်ရမည်။ ရွေးချယ်နိုင်စွမ်းရှိရမည်။ မိဘကပေးစားလို့ ဟူသောခေါင်းစဉ်တတ်ပြီး ခေါင်းညိမ့်ယူခြင်းသည် ခေါင်းရှောင်ခြင်းပင်ဖြစ်သည်။ ယောက်ျားဟူသည်မှာ ခေါင်းဆောင်နိုင်သောအရည်အချင်းရှိရမည်။ မိမိနှစ်သက် သဘောကျသူတွေ့လျှင် အားလုံးက လက်ခံအောင်တင်ပြနိုင်ရမည်။ မှတ်ထားရမည်မှာ ဇနီးဟူသည် ခင်ပွန်းဖြစ်သူ လင်သား ယောက်ျားအတွက်ပင်ဖြစ်သည်။ မိမိနှင့် အဆင်ပြေရန်၊ မိမိဒီးန်၊ ဘဝ စသည့်အရာတွေအတွက် မည်မျှအကျိုးဖြစ်ထွန်းမည်ကို စဉ်းစားပြီး ရွေးချယ်ရမည်။ ထိုဇနီးသည် အားလုံးနှင့် အဆင်ပြေချင်မှ ပြေနိုင်မည်။ မိန်းမဟူသည် ခင်ပွန်းနှင့်သာ အမြဲတန်းအတူနေရမည့်သူ ဖြစ်သည်။ ကျန်ရှိသောသူများနှင့် အမြဲတန်းအတူနေရမည့်သူ မဟုတ်ပါ။……
(စကားချပ်…)

(၄) မိန်းကလေး၏ အရည်အချင်း

၁- ဒီးန်သာသနာ လေးစားလိုက်နာသူဖြစ်ရမည်။ သို့မှာသာ ဂုဏ်ယူမြတ်နိုးစရာကောင်းသော သားသမီးရတနာများ ထွန်းကားမည်။ လင်မယားဘဝ တည်တံ့ခိုင်မြဲ ကြည်နူးရမည်။

၂- ဆွေဂုဏ်မျိုးဂုဏ် ရှိရမည်။ ဆွေဂုဏ်မျိုးဂုဏ်ဟူသည် အကျင့်သီလကောင်းခြင်းကို ဆိုလိုသည်။ မွေးဖွားကြီးပြင်းရာ ဘဝပတ်ဝန်းကျင်သည်လည်း ဒီးန်သာသနာကို လေးစားလိုက်နာသည့် အသိုက်အဝန်းဖြစ်ရမည်။ မြေကောင်းမှ အသီးအပွင့်ကောင်းမည်။ မျိုးစေ့မှန်မှ အပင်သန်မည်။ ဘယ်ကျောင်းထွက်လည်းဆိုသည်ထက် ဘယ်အိမ်ထောင်စုကလည်းဆိုသည်ကို အလေးထားလေ့လာရမည်။ ယင်း၏မိဘများ အချင်းချင်းဆက်ဆံရေးကို လေ့လာရမည်။ ဒီးန်သာသနာရေးလေးစားလိုက်နာမှုကို လေ့လာရမည်။ ဆွေမျိုးဝန်းကျင်ကို လေ့လာရမည်။

(၃) ရွေးချယ်ပုံ

ချောမောလှပခြင်း၊ ရုပ်ရည်ကို မျက်စေ့ဖြင့်လေ့လာကြည့်ခြင်းကို သာသနာက ခွင့်ပြုသည်။ ကြည့်ပြီးနောက် သာမာန်ချွတ်ယွင်းချက်မျှဖြင့် ပယ်ချခြင်းကိုမပြုသင့်။ သမီးရှင်များကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ထို့ကြောင့် ပါဝင်ပတ်သက်သူတို့ထံမှ ဦးဆုံးလေ့လာသတင်းယူသင့်သည်။ ကျေနပ်လောက်မှ ကြည့်သင့်၏။ ကြည့်ပြီးနောက် ကျေနပ်သဘောတူသင့်ပေသည်။ အကြောင့်မဲ့သက်သက် မပယ်သင့်။
(သို့သော်ပယ်ချခွင့်တော့ရှိသည်။)

(၄) မင်္ဂလာဦးည

မင်္ဂလာဦးညသည် အရာရာတိုင်းအတွက် အဓိကအကျဆုံး ညမင်္ဂလာဖြစ်သည်။ ဒီးန်သည် အရေးအကြီးဆုံးဖြစ်သည်။ "ရှင်မရေ… ဒီနေ့နေကာမှာ ရှင်မအလွန်လှပါတယ်။ ကိုယ့်ဘက်က ပြောမှားဆိုမှား၊ တစုံတရာ မကျေနပ်စရာများတွေ့ခဲ့လျှင် သည်းခံခွင့်လွှတ်ပါ။ ဘယ်သူ့ကိုပဲဖြစ်ဖြစ်၊ ကိုယ့်အမေ၊ အစ်မ၊ မရီးတို့ကို သည်းခံခွင့်လွှတ်ပါ။ အာခိရသ်မှာ ရှင်မအစားရပါလိမ့်မယ်။" စသဖြင့် ချိုသာစွာပြောဆိုလျှက် အလျှင်ဦးဆုံး နားလည်မှုယူသင့်ပေသည်။ ကိုယ့်ဘက်ကိုလည်း ပြေလည်စွာဆက်ဆံရန် ကြိုတင်ညှိနှိုင်း မှာကြားတောင်းပန်ထားသင့်၏။

(မင်္ဂလာဦးဇနီးမောင်နှံ၏ မင်္ဂလာည၌ ထားရမည့်နိယသ်၊ တောင်းရမည့်ဒိုအာတို့ကို လေ့လာကျက်မှတ် လိုက်နာကျင့်သုံးရပေမည်။)

(၅) ယောက္ခမ နှင့် ချွေးမ သင့်မြတ်နည်း

ခင်ပွန်းဖြစ်သူသည် ဇနီးမှတဆင့် တခါတရံသင့်မြတ်သည့်လက်ဆောင်ကို ပေးအပ်စေသင့်သည်။ ထိုနည်းအတိုင်းပင် ဇနီး၏ မိဘမောင်နှမများထံသို့လည်း ပြုမူဆောင်ရွက်သင့်သည်။ ဆုမွန်ဒုအာရစရာပင်ဖြစ်သည်။

အခြားသော သင့်မြတ်စေသည့် နည်းများစွာရှိပါသည်။ အထူးသဖြင့် ငြင်းခုံခြင်းကို ရှောင်ရမည်။ ပြုံးရွှင်ချိုသာစွာ ဆက်ဆံရမည်။ တစ်ဖက်သားကို ဦးစားပေးဆက်ဆံသင့်သည်။ အေစ်က်ရာမ်ပင်ဖြစ်သည်။

(၆) ဇနီးအားတားမြစ်ရန်မလိုအပ်သည်များ

ဇနီးသည် အကီဒဟ်ခံယူချက်ကောင်း၏။ ဗစ်ဒ်အသ် (သာသနာ၌မရှိသည့်အရာကို ကျင့်သုံးခြင်း) မှ ကင်းစင်သည်။ မှားယွင်းမှုအစဉ်အလာများသို့ လမ်းမပြမိပါစေနှင့်။

ဤသို့ပင် ဇနီးဖြစ်သူက ပရ်ဒါ (အကာအကွယ်) သတ်မှတ်ချက်ကို စောင့်စည်း၏။ ပရ်ဒါကင်းမဲ့သူ၊ ဒီးန်ကို မလေးစားသူတို့နှင့် အရောတဝင်မရှိပါစေနှင့်။ ရှရီအသ်နှင့် ဆန့်ကျင်သည့်အသိုင်းအဝိုင်းသို့ မပို့ဆောင်လေနှင့်။ မိမိတို့ဇနီးမောင်နှံမလာလျှင် စိတ်ဆိုးနေမှာပဲဟု အားနာစိတ်ဖြစ်မသွားပါနှင့်။

ထို့ကြောင့် ဒီးန်သာသနာတော်၌ရှိနေသောဇနီး၏ ကောင်းသောပြုမူကျင့်ဆောက်တည်မှုများကို ခင်ပွန်းက မတားရ၊ မဖျက်ရချေ…။

(၇) ဇနီးဒီးန်လေးစားရန် ခင်ပွန်းဦးဆောင်

ဒီးန်နှင့်ပတ်သက်၍ ကိုယ့်ဇနီးချွတ်ချော်နေသည်ကိုတွေ့လျှင် မဆူမဆဲ၊ မလှောင်မပြောင်လေနှင့်။ ယဉ်ကျေးစွာ ပဲ့ပြင်သွန်သင်ဆုံးမသင့်သည်။ ဦးစွာပထမ စစ်မှန်သောအာလင်မ်သာသနာ့ပညာရှင်များထံ ပညတ်ချက်အမှန်ကို မေးမြန်းလေ့လာဆည်းပူးသင်ယူသင့်သည်။

ခင်ပွန်းဖြစ်သူသည် အလ္လာဟ့်လမ်းတွင် သုံးကျိလ္လာ (ခေါ်) လေးလအချိန်ပေးသင်ယူခဲ့သော်လည်း ဇနီးဖြစ်သူခမျာ တစ်ရက်တစ်လေမျှပင် ထိုပတ်ဝန်းကျင်မျိုးရဖူးသည်မဟုတ်ပေ။ ခင်ပွန်းသည် ဟရာမ်၊ ဟလာလ် ခွဲခြားသိနားလည်ထားသော်လည်း ဇနီးခမျာ သိရှာသေးမည်မဟုတ်ပါ။ ကိုယ့်ကိုသူတစ်ပါးက နားလည်အောင် စိတ်ရှည်ခဲ့သကဲ့သို့ ကိုယ်ကလည်းကိုယ့်ဇနီးအပေါ် စိတ်ရှည်စွာ စောင့်ဆိုင်းနားချ သင်ပြသင့်သည်။ သူမ၏ အတွင်းစိတ်၌ ရှရီအသ်ပညတ်ချက်များကို တောင့်တလာသည့်အခါ ခွဲခြားသင်ပြသင့်သည်။ မနှစ်မြို့စရာတွေ့တိုင်း ပြစ်တင်ကြိမ်းမောင်းမှုပဲပြုလုပ်နေလျှင် သူမသည် ဒီးန်နှင့် ပိုမိုဝေးကွာသွားနိုင်ကြောင်း သတိပြုရမည်။ ထို့ကြောင့် တတ်သိသူများ၏အတွေ့အကြုံဖြင့် သိမ်းသွင်းရသည်။ အထူးသဖြင့် စာပေမပြတ်ဖတ်ပါလေ…။

(၈) ရှာဒီပြုလုပ်ပြီးသွားသည်နှင့် လိုက်နာရမည့်အချက် (၃)ချက်

နေကာရှာဒီပြီးနောက် သားသမီးရကြဦးမည်။ အိမ်ထောင်ဦးစီး၊ သားသမီးများ၏ဖခင်၊ ဇနီး၏ခင်ပွန်းဖြစ်သူသည် အောက်ဖေါ်ပြပါ အချက်(၃)ချက်ကို လေးစားလိုက်နာရမည်။

၁- မျက်စေ့ကိုထိန်းရမည်။ အတုအယောင် အလှအပများသည့်ခေတ်၊ မိတ်ကပ်ခေတ်တွင် ကိုယ့်ဇနီးသည်သာ အလှဆုံးအဖြစ်ခံယူထားပါလေ။ ကိုယ့်ဇနီးအပြင် အခြားတပါးကိုငြိတွယ်မိပြီဆိုပါက နူရ်နှင့်ရူဟာနီယသ်တို့ ပျက်ပြယ်ကုန်လိမ့်မည်။ အရှင်မြတ်က ထိုကဲ့သို့သူ၏သိက္ခာကို ကျစေတော်မူ၏။ အကြည့်မှားလျှင် အကျဉ်းတန်မည်ဟု မှတ်ယူပါလေ။

၂- အရှင်မြတ်သည် စုံတွဲကိုသတ်မှတ်တော်မူ၏။ ယင်းအတိုင်းပင် ဗန္ဒာဟ်ကကျေနပ်ရပေမည်။ မည်သည့်အခြေအနေမှာပင်ဖြစ်စေ ရှူကုရ် (အလ္လာဟ်ကို ကျေးဇူးတင်ခြင်း) ပြုနေရမည်။ ကိုယ့်ဇနီးထက်သာသူ မရှိဟု မှတ်ယူထားပါ။

၃- မိဘမောင်နှမ ဆွေမျိုးသားချင်းများထံ မျှော်လင့်ချက်မထားပါနှင့်။ အရှင်မြတ်ကိုသာ အားထားယုံကြည်ပါ။ ဒုက္ခဆိုသည်မှာ ဆွေမျိုးရင်းချာများကြောင့်သာ ကြုံရတတ်၏။ အင်န်ရှာအလ္လာဟ် ဒုက္ခသည် အမြန်ဆုံးပျောက်ကွယ်ပါလိမ့်မည်။

(၉) အတွေးများကို သန့်ရှင်းပါ။
ဇနီးသည် မိမိသတ်မှတ်သော ပုံစံအတိုင်း အပြည့်အဝမလိုက်နာသည့်အခါ "မချစ်တော့ဘူးလား၊ မိမိကထားရမဲ့ ဝတ္တရားတွေကို ပျက်ကွက်တော့မှာလား။ ပျော်အောင်ထားဖို့ မကြိုးစားတော့ဘူးလား။" သို့ဖြင့်လျှင် စိတ်ချမ်းသာမှုရတော့မည်မဟုတ်ပါ။

သင်စဉ်းစားရွေးချယ် တွေးယူသတ်မှတ်ခဲ့သောစနစ်၊ ပုံစံတို့သည် သင်၏အသိုင်းအဝိုင်း နှီးနွယ်ပတ်သက်သမျှနှင့် တွေ့ကြုံသည့်ပုံစံဖြင့်သာလျှင်ဖြစ်ပေမည်။ ထိုပုံစံကိုသင်က သဘောကျကျေနပ်နှစ်သက်သော်လည်း သင့်ဇနီးက ရုတ်တရတ်ပြောင်းလဲလိုက်နာဖို့ ခက်ကောင်းခက်နေပေမည်။ ဤအချက်ကို သင်စိတ်ကွက်မည်ဆိုပါကသင်မှားချေပြီ။

ထို့ကြောင့် မိမိဖြစ်စေချင်သည့် အကျင့်အမူ၊ ဓလေ့စရိုက်တို့ကို သည်းခံစိတ်ရှည်လျှက် ဇနီးအားတွဲခေါ်ရမည်။ သို့မှသာ နှစ်ကိုယ်တူညီမျှ ချစ်ကြည်ပျော်ရမည့်အနေအထားသို့ ရောက်ပေမည်။ တစ်ဖက်စွန်းမရောက်ရပါ…။ မိမိအတွေးအထင်တို့ကို သန့်ရှင်းစင်ကြယ်ထားရမည်။

ဇနီးကို မိမိနှစ်သက်သဖြင့် နေကာရှာဒီဖြစ်ခဲ့၏။ မိမိနှင့် အကျင့်အမူဓလေ့စရိုက်မကိုက်ညီမှုကို အခြေခံလျှက် အပြစ်မမြင်ထိုက်ပေ။ မိန်းမသားတစ်ယောက်၏အသိတရားနှင့် ယောက်ျား၏အတွေးအမြင်တို့ကို ထပ်တူပြုမရနိုင်ကြောင်း သတိပြုရမည်။

အချို့အမျိုးသမီးတို့သည် ခင်ပွန်းအားစိတ်အတွင်းမှချစ်၏။ ကိုယ်နှုတ်အမူအယာဖြင့် မပြတတ်ပေ။ ခင်ပွန်းအိမ်သို့ပြန်ရောက်လာလျှင် ကျေနပ်ပီတိဖြစ်တတ်သော်လည်း ထိုကြည်နူးမှုအား ထုတ်ဖော်မပြတတ်ခြင်းမျိုးကို ဆိုလိုသည်။

တခါတရံ အိမ်မှုကိစ္စကြောင့် ဇနီး၏ဝတ္တရားပျက်ကွက်မှုရှိခဲ့သော် နားလည်ခွင့်လွှတ်သင့်သည်။ သို့မှသာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်လျှက် သာယာပျော်ရွှင်သောအိမ်ထောင်သည်ဘဝကို ထူထောင်နိုင်မည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ခင်ပွန်းသည် ဒီးန်အရေးကို ရှေ့ထား၊ နားလည်မှုကိုကြိုးပမ်း၊ မိမိ၏အတွေးအထင်တို့ကို သန့်စင်ပြီး ဦးဆောင်သင့်ကြောင်း သတိပေးအပ်ပါသည်။

(၁၀) မိမိဇနီးကို မြတ်နိုးတန်ဖိုးထား

မိမိ၏ဇနီးကို အောက်ပါအကြောင်းနှစ်ချက်ကြောင့်ပင်လျှင် မြတ်နိုးတန်ဖိုးထားသင့်ပေသည်။

၁- ကိုယ့်ပိုင်ဆိုင်မှုအတွင်းသို့ သူမရောက်ရှိနေထိုင်ခြင်း။

၂- သူမသည်လည်း မွတ်စ်လင်မ်တစ်ဦးဖြစ်နေခြင်း။

အမှတ် ၁ ကိုစဉ်းစားကြည့်ရအောင်

ကိုယ်ပိုင်ဆိုင်ထားသောအရာ။ ကိုယ့်လက်ခုပ်ထဲကရေ၊ ကိုယ်ပြုသမျှနုရသည့် သူမ၏ဘဝ အဘယ့်ကြောင့်အနိုင်ကျင့်မည်နည်း။ မြတ်နိုးတန်ဖိုးမထားသင့်ပေဘူးလား။

အမှတ် ၂ အချက်ကို ဆန်းစစ်ကြည့်ဦးစို့။

သူမသည် မွတ်စ်လင်မ်ဖြစ်၏။ ဒီးန်၏အရေးကို ဆောင်ရွက်၏။ အရှင်မြတ်ရှေ့မှောက်၌ မည်သူက မည်သူထက် သာပိုမြင့်မြတ်သည်ဟု အသေအချာပြောဆိုရနိုင်သည်မဟုတ်။ အရှင်မြတ်သည် နှိပ်စက်ညှင်းပန်းခြင်းခံရသူ၏ သာမန်အမလ်ကိုပင် ကဗူလ်ပြုလျှက် အဆင့်ကိုတိုးမြှင့်တော်မူ၏။

(၁၁) ဇနီးကောင်းတို့၏ ထူးခြားမှုနှစ်ရပ်။

ဇနီးကောင်းပီသသူတို့တွင် ထူးခြားမှုနှစ်ရပ်ရှိလေသည်။

၁- အောက်ခြေသိမ်းပြုစုခြင်း

၂- အရှက်သိက္ခာရှိခြင်း

ယောက်ျားသားတစ်ယောက်၏ သန့်ရှင်းမှုကို ရာနှုန်းပြည့်အမှတ်ပေးရန်ခဲယဉ်းသည်။ သို့သော်မြင့်မြတ်သောအမျိုးသမီးတစ်ဦး၏ ကိုယ်ကျင့်သီလစင်ကြယ်မှုကို စူရဟ်နူရ်၏ အာယသ်တော်ကို ကိုးကားလျှက် အချို့ပညာရှင်များက တင်ပြကြလေသည်။

(၁၂) ဇနီးကိုချစ်ကြ

လင်မယားချင်း စိတ်ဝမ်းကွဲတဲ့အခါမျိုး၌ ပေါင်းလို့မဖြစ်တော့ဘူး။ ချစ်လို့မရတော့ဘူးဟု ပြောတတ်ကြသည်။ ဇနီး၏အပြစ်ကို စာလုံးမည်းကြီးဖြင့် နဖူးပေါ်ရေးပြကြ၏။ (ထို့ကြောင့်မိမိတို့ကိုယ်တိုင်လည်း ရွံ့ရှာမုန်းတီးစိတ်မဖြစ်ကြစေရန် အစဉ်ချစ်ကြည်ရန် ဒုအာဆုမွန်တောင်းကြပါ။ အများသူငှာ ဇနီးမောင်နှံအတွက်လည်း ဒုအာပြုပေးသင့်ကြသည်။)

သည်ကမ္ဘာမှာ ကိုယ့်ဇနီးကလွဲလျှင် ဖွဲနှင့်ဆန်ကွဲဟု မှတ်ယူနိုင်ရမည်။ အရှင်မြတ်သတ်မှတ်ပေးသော သပ်က်ဒီးရ်၏အီမာန်(ယုံကြည်နိုင်စွမ်း) ကို မြှင့်တင်နိုင်ရန်ကြိုးပမ်းသင့်သည်။

(၁၃) ဟရာမ်မှရှောင်နည်း

အရှင်မြတ်သည်ဟလာလ်နည်းဖြင့် နေကာရှာဒီပေးခဲ့၏။ ထိုဇနီးဖြင့် ပေါင်းသင်းနေထိုင်ခြင်းပင်လျှင် ဆွဒကဟ်၏အကျိုးကိုရ၏။ (ဟလာလ်ဇနီးမရှိလျှင် ဇေနာထဲ၌နစ်မွန်းမည်။ ဂုနာထိုက်မည်။ ဟဒီးစ်)

သူစိမ်းအမျိုးသမီး၏အသံကိုကြားလျှင်၊ ရုပ်ကိုမြင်လျှင်၊ အတွေးမှားခဲ့လျှင် ချက်ခြင်းထိန်းချုပ်ပါ။ နောင်မကြားမမြင် မမှားစေရန် ထိန်းချုပ်ပါ။ အကယ်၍ ထိုအချိန် ဇနီးထံသွားရန် လွယ်ကူပါက ဇနီးထံသွားပြီး မိမိ၏စိတ်ဆန္ဒဖြစ်ပေါ်မှုကို ဖြည့်စည်းလိုက်ပါ။

(ကိုယ်ချင်းစာနိုင်ရန် ဥပမာတစ်ခုပေးမည်။ စဉ်းစားပါကုန် သင့်၏ သမီးသည်သာမန်သာလှ၏၊ စရိုက်ကြမ်း၏၊ သားမက်သည်လှ၏၊ အရည်အချင်းရှိ၏၊ သို့သော်သားမက်က သမီးကိုရိုက်သော်မည်သို့ခံစားရမည်နည်း။ ထိုသို့မဟုတ်ပဲ သားမက်ကသမီး၏ အနွံတာခံအလိုလိုက်ခဲ့သော် မည်မျှဝမ်းသာကြည်နူးမည်နည်း။ သို့ဖြစ်ရာ သင်၏ဇနီးသည်လည်း တစ်ဦးတစ်ယောက်၏သမီးဖြစ်ကြောင်းစာနာစိတ်မွေးသင့်သည် မဟုတ်ပါလား။ မည်သို့ပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်နှစ်သက်မြတ်နိုးစေရန် ကြိုးစားနေထိုင်ဆက်ဆံသင့်သည်။)

(၁၄) အပြုံးသည်စွန္နသ်

ကိုယ်တော်(ဆွ) သည်အိမ်သို့ကြွမြန်းလာတိုင်း ပြုံးရွှင်နေတတ်သည်။ စဉ်းစားကြည့်ပါ။ ကိုယ်တော်၌ အွမ္မသ်၏သောက၊ မွတ်စ်လင်မ်တို့၏ အရေးကိစ္စ၊ ကိုယ်စားလှယ်များအားဒအ်ဝသ်ပေးခြင်း၊ ဂျေဟားဒ်ပြီးတိုင်း နောက်ဂဇ်ဝါအတွက်ပြင်ဆင်ခြင်း စသဖြင့် အဘယ်မျှအလုပ်တွေများပြားပါသနည်း။ သို့သော် ကိုယ်တော်သည် အိမ်သို့ပြန်ရောက်တိုင်း ပြုံးနေတတ်ပါသည်။

ယခုခေတ်အခါတွင် အများအားဖြင့် ယောက်ျားသားတို့သည် အိမ်ပြန်ရောက်လျှင် ဖိရ်အောင်န်ကဲ့သို့ ဖြစ်နေတတ်သည်။ မျက်နှာကဆူပုတ်၊ မျက်စေ့နီမြန်းလျှက် ဒေါမာန်ပွနေသည်။ မာနအရှိန်တို့ဖြင့် ဟိန်းဟောက်လျှက် နမ်ရူးဒ်ကဲ့သို့ အိမ်သို့ဝင်တတ်ကြသည်။ ယင်းလုပ်ရပ်တို့သည် စွန္နသ်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပေသည်။

တချို့ကလည်း သူတော်စဉ်ပမာ မုရာကဗာဟ်ဖြင့် မျက်စေ့ကိုပိတ်လျှက်နေတတ်၏။ ဤသည်ကို ဒီးန်သာသနာရေးလိုက်စားသည်ဟု အထင်မှားကြသည်။ မိမိဇနီးကို ရွှင်ပြုံးချိုသာစွာ ဆက်ဆံခြင်းသည် နဖိလ်နမာဇ်ဖတ်သည်ထက်သာမြတ်ကြောင်း သိရမည်။

အကျင့်စာရိတ္တအကောင်းဆုံးသူမှာ ကိုယ့်ဇနီးနှင့်ပြုံးရွှင်ချိုသာစွာ ဆက်ဆံသူပင်ဖြစ်သည်။

(၁၅) ဇနီးတွင်စိတ်ဆိုးခွင့်ရှိခြင်း

ကလေးက သူ့အားအချစ်ပိုရန် ဟန်ဆောင်ငိုသည်လည်းရှိ၏။ မိတ်ဆွေသူငယ်ချင်း အချင်းချင်းလည်း စိတ်ဆိုးဟန်ပြပြီး ကိုယ့်ဘက်စိတ်ဝင်စားစေရန် ဟန်ဆောင်ငိုသည်လည်းရှိသည်။ (ပြီးမှ ဒအ်ဝသ်ပေး၏၊ မင်းအလိုကိုလည်း လိုက်မည်။ ဗလီကိုလည်း မင်းလိုက်ရမည်။) ဤသို့ပင် ဇနီးသည်နှင့်ဆက်ဆံရာတွင်လည်း အပေးအယူ နားလည်မှု ကျင့်သုံးသင့်ပါသည်။ ဇနီးခမျာ မိမိ၏ခင်ပွန်းကိုမှ စိတ်မဆိုး၊ နွဲ့ဆိုးမဆိုးရလျှင် ဘယ်သူ့ထံသွားပြီး ဆိုးနွဲ့ခွင့်ရှိပါသနည်း။ ခင်ပွန်းကောင်းများ ဆင်ခြင်စဉ်းစားကြပါကုန်။

(မော်လာနာအဗ္ဗဒွလ်ကာဒိရ်ဆွာဟိဗ် ရေးသားပြုစုတော်မူအပ်သော " စံပြမိဘနှင့် ချစ်သားလက်ဆောင် " စာအုပ်မှကောက်နှုတ်တင်ပြသည်။)

(အလ်မုဖီးဒ်)

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။