Thursday, September 25, 2014

ဟဂ်ျဂျေသမသ်သုအ် ပြုလုပ်နည်း


(၁) မီကားသ်မှ စတင်၍ အဲဟ်ရာမ် ဝတ်ဆင်ပါ။
(၂) မက္ကဟ်သို့ရောက်လျှင် သွဝါးဖ်ပြုပါ။ (သွဝါးဖ်ခုနှစ်ကြိမ် ဖြစ်သည်။ ဟဂျရေအတ်စ်ဝဒ် မှစ၍ ဟဂျရေအတ်စ်ဝဒ်၌သာ အဆုံးသတ်ပါ။ အမှတ်အသားအနေနှင့် ဟဂျရေအတ်စ်ဝဒ်အနီး အောက်ဘက်၌ လိုင်းထူးတစ်ခုဆွဲထားသည်။)
(၃) သွဝါးဖ်ပြုပြီးနောက် နမားဇ်နှစ်ရကအသ် ဝတ်ပြုရန် ဝါဂျိဗ်ဖြစ်သည်။ (မက္ကရူးဟ်အချိန်ဖြစ်နေလျှင် ချက်ခြင်းမဖတ်ပါနှင့်။ မက္ကရူးဟ်အချိန်ကျော်လွန်ပြီးနောက်မှ ဖတ်ပါ။) ကအ်ဗာဟ်ကျောင်းတော်ဘက်သို့ မျက်နှာမူကာ မကာမေအိဗ်ရာဟီးမ် အရှေ့တွင် ဝတ်ပြုပါ။
(၄) ဇမ်ဇမ်ရေ သောက်သုံး၍ စအီပြုရန်သွားပါ။ ဆွဖာတောင်မှစ၍ မရ်ဝါသို့ရောက်လျှင် တစ်ပတ်ပြည့်သည်။ ထိုပုံစံအတိုင်း ခုနှစ်ကြိမ်ပြုပါ။ ပြီးနောက် နမားဇ်နှစ်ရကအသ် ဝတ်ပြုပါ။
(၅) ပြီးနောက် အမျိုးသမီးများ ဆံပင်လက်တစ်ဆစ်ဖြတ်​ရမည်။ အမျိုးသားများသည် ခေါင်းတုံးရမည်။
ဤတွင် အွမ္မရာဟ်ပြီးဆုံးပြီဖြစ်၍ အဲဟ်ရာမ်ချွတ်လိုက်ပါ။ ယခု မက္ကဟ်ရွှေမြို့တော်တွင် ပုံမှန်အဝတ်စားဖြင့်သာ နေပါ။ သွဝါးဖ် များမြောင်စွာပြုနေပါ။ မက္ကဟ်ရွှေမြို့တော်တွင် ရှိနေစဉ် အကောင်းဆုံးသော အိဗာဒသ်မှာ သွဝါးဖ်ပြုခြင်းသာ ဖြစ်သည်။ ဖရပ်ဇ် စွန္နသ်နမားဇ်များ ဝတ်ပြုပြီးနောက် အချိန်ရလျှင် သွဝါးဖ်ပြုခြင်း၌သာ ကုန်ဆုံးပါ။

ဇိလ်ဟဂ်ျလ (၈) ရက်နေ့ရောက်လာလျှင် သွဝါးဖ်ပြုပြီး စအီပြုပါ။ ပြီးလျှင် မီနဟ်သို့ သွားပါ။
ဇိလ်ဟဂ်ျလ (၈) ရက်နေ့ ဇုဟုရ်အချိန်မှ စတင်၍ (၉) ရက်နေ့အထိ မီနာဟ်တွင်တည်းခိုပါ။
ဇိလ်ဟဂ်ျလ (၉) ရက်နေ့ နံနက်နေထွက်ချိန်၌ မီနာဟ်မှ အရ်ဖားသ်သို့သွားပါ။ နေမွန်းလွဲချိန်သို့ မရောက်မီကပင် အရ်ဖားသ်သို့ ရောက်သွားရမည်။ အရ်ဖားသ်တွင် ခဏတာအနားယူပါ။ ဇုဟုရ် အချိန်ရောက်လျှင် ဇုဟုရ်နမားဇ်ဝတ်ပြုပါ။ ပြီးလျှင် ဝုကူးဖ်ပြုပါ။ ဒိုအာများတောင်းခံပါ။ ပထမကလေမာဟ်/ ဒုတိယကလေမာဟ်/ တတိယကလေမာဟ်/ အိစ်သိဂ်ဖားရ်များကို တက်နိုင်သရွေ့ ဖတ်နေပါ။ မတ်တပ်ရပ်၍ ဖတ်နေပါ။ ညောင်းသွားသည့်အခါ ထိုင်ဖတ်ပါ။
အဆွရ်အချိန်ရောက်လာလျှင် အဆွရ်နမားဇ် ဝတ်ပြုပါ။ တဖန် နေဝင်ချိန်အထိ ထိုသို့ပင် ဇိကိရ်၊ ဒုအာ အစရှိသည်တို့တွင် နစ်မွန်းနေပါ။ နေဝင်သွားသည့်အခါ မုဇ်ဒလိဖာဟ်သို့သွားပါ။ မဂ်ရိဗ်နမားဇ် မဖတ်သေးပါနှင့်။ မုဇ်ဒလိဖာဟ်သို့ ရောက်ရှိပြီးမှသာ မဂ်ရိဗ်နှင့် အိရှာအား ပေါင်းဖတ်ပါ။ ပြီးနောက် အိပ်ချင်နေလျှင် အိပ်လိုက်ပါ။ သို့သော် နိုးကြားနေခြင်းသည် ပိုကောင်း၏။ သပ်စ်ဗီးဟ်/ ဒရူးဒ်/ အိစ်သိဂ်ဖားရ်တွင် နစ်မွန်းနေပါ။ သဟ်ဂ်ျဂျွဒ်နမားဇ် ဝတ်ပြုပါ။ နံနက် ဖဂျရ်အချိန်ရောက်သည်နှင့် နမားဇ်ဝတ်ပြုလိုက်ပါ။ ပြီးနောက် ဝုကူးဖ်ပြုပါ။ မတ်တပ်ရပ်၍ ဒိုအာတောင်းခံပါ။ ဤတွင် ဇိလ်ဟဂ်ျလ ဆယ် ရက်မြောက်နေ့သို့ ရောက်ရှိသွားပြီဖြစ်သည်။ မုဇ်ဒလိဖာဟ်မှ ကျောက်စရစ်ခဲများ ကောက်ထားပါ။ ၄၉ လုံး (သို့မဟုတ်) ၇ဝ ။ အပိုကောက်ထားလျှင် ပိုကောင်းသည်။ မုဇ်ဒလိဖာဟ်မှ မီနာဟ်သို့ ပြန်လာပါ။ ဂျမ်ရာဟ်အွက်ဗာဟ်အား ခဲ ၇ နှစ်လုံး ပေါက်ပါ။ ပြန်လာပြီးနောက် မီနာဟ်တွင် ကုရ်ဗာနီပြုပါ။ ဆံချပါ။ ယခု အဲဟ်ရာမ်ချွတ်၍ ပုံမှန်အဝတ်စားဝတ်ကာ မက္ကဟ်ရွှေမြို့တော်သို့ ပြန်လာပါ။ သွဝါးဖေဇီယာရသ် ပြုလုပ်ပါ။ ဤသွဝါးဖ်မှာ ဖရပ်ဇ်ဖြစ်သည်။ သွဝါးဖ်ပြုပြီးနောက် မီနာဟ်သို့ပြန်သွားပါ။ မီနာဟ်၌သာ ညကုန်ဆုံးပါ။ (ဇိလ်ဟဂ်ျ (၁၁) ရက်နေ့ ဖြစ်သည်။) နံနက်ထ၍ နေမွန်းလွဲပြီးနောက် ပထမရှိုက်သွာန်အား ခဲ ၇နှစ်လုံးပေါက်၍ ဘေးကပ်ကာ ဒိုအာတောင်းပါ။ ပြီးလျှင် ဒုတိယရှိုက်သွာန်အား ခဲပေါက်ကာ ဘေးကပ်၍ ဒိုအာတောင်းပါ။ ပြီးနောက် တတိယရှိုက်သွာန်အား ခဲပေါက်၍ ဒိုအာမတောင်းဘဲ ပြန်လာပါ။ ယခုမီနာဟ်၌သာ ညတာကုန်ဆုံးပါ။ (ဇိလ်ဟဂ်ျလ ၁၂ ရက်နေ့ ဖြစ်သည်။) နံနက်ထ၍ နေမွန်းလွဲပြီးနောက် ပထမနေ့ကဲ့သို့ပင် ခဲပေါက်ပါ။ ညအချိန်ကို မီနာဟ်တွင်ကုန်ဆုံးပါ။ (ဇိလ်ဟဂ်ျလ ၁၃ ရက်နေ့ဖြစ်သည်။)ပထမ နှစ်ရက်ကဲ့သို့ပင် ပြုလုပ်ပါ။ သို့သော်ယခု ခဲပေါက်ပြီးလျှင် မက္ကဟ်သို့ပြန်လာပါ။ အကယ်၍ ၁၂ ရက်နေ့၌ပင် ခဲပေါက်ကာ မက္ကဟ်ရွှေမြို့တော်သို့ ပြန်လိုက ပြန်နိုင်ပေသည်။ သို့သော် နေမဝင်ခင် မီနာဟ်မှ ထွက်ခွာရမည်။ ဤတွင် ဟဂ်ျပြီးဆုံးလေ၏။

ယာ အလ္လာဟ် ကျမ်းရှင်မော်လာနာရဖ်အသ်ကာစီမီ (ကျောင်းဆရာ ဒါရွလ်အူလူးမ်ဒီယိုဗန်)၊ ဘာသာပြန်ဆိုသူနှင့် အွမ္မသ်ထုတစ်ရပ်လုံးအား အလ္လာဟ်အရှင်မြတ် လက်ခံကဗူလ်ပြုသောဟဂ်ျကို ပြုနိုင်စွမ်း ချီးမြှင့်တော်မူပါ။ (ထိုနည်းတူ အလ်မုဖီးဒ် မိသားစုဝင်များကိုလည်း အရှင်မြတ်လက်ခံတော်မူပါ အာမီးန်) ယခုနှစ် ဟဂ်ျသွားသောသူအားလုံးအား အခြေအနေ ကိစ္စရပ်အားလုံးတွင် လွယ်ကူမှုများ ချီးမြှင့်တော်မူပါ။ အာမီးန် စွမ္မအာမီးန်
((အလ်မုဖီးဒ်မှ စီစဉ်တင်ဆက်ပါသည်))
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

အချစ်ရရှိခြင်း နှင့် ဆုံးရှုံးသွားရခြင်း


ဗိစ်မိစ်လ္လာဟိစ်ရ်ရဟ်မာနစ်ရ်ရဟီးမ်
လူတို့သည် မိမိစိတ်ဆန္ဒနှင့် အညီ ကိုက်ညီမည့်အချစ်ကို လိုလားကြသည်။ ဥပမာ - ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကိုချစ်ကြိုက်လိုက်သည် ဆိုပါစို့။ ပထမဦးဆုံးကတော့ အမြင်ပေါ့ မြင်မြင်ချင်းချစ်မိသွားခြင်း။
ပြီးနောက် ဘာသာရေးလေးစားမှုလေးကို တွေ့မြင်လိုက်ရလို့ချစ်မိသွားခြင်း။ အိမ်တွင်းမှု နိုင်နင်းစွာလုပ်ကိုင်နိုင်တဲ့ မိန်းကလေးဖြစ်နေလို့ ကြိုက်သွားခြင်း။ အရမ်းချောမောလှပလို့ ကြိုက်သွားခြင်း။ မိမိပြောစကားကို နားထောင်နိုင်စွမ်းရှိလို့ ကြိုက်သွားခြင်း။ စီးပွားဥစ္စာပေါလို့ အကြောင်းကြောင်း ကြောင့် ချစ်လိုက်ရခြင်း။ အစရှိသဖြင့်ပေါ့လေ... နည်းလမ်းအမျိုးမျိုးနှင့် မိန်းကလေးနှင့်ယောက်ျားလေး ချစ်ကြလေသတည်း။ ညားကြလေသတည်း။ ဟူ၍ဖြစ်သွားကြပါသည်။ ကောင်းပြီ အဲဒီ အချစ်တွေ၊ အိမ်ထောင်ရေးတွေ ကာလတာရှည်တည်မြဲနေအောင်၊ ဘယ်လိုတွေ ထိန်းသိမ်းမလဲ၊????? ကာကွယ်ကြမလဲ????
စဉ်းစားမိရင် မူလအစ ပြန်ပြန် ရောက်သွားတယ်။
အရင်းစစ်လျှင်အမိမြေက ဆိုသလို အလ္လာဟ့်အရှင်မြတ်အမိန့်တွေကိုပဲ လိုက်နာကျင့်သုံးမှသာ ရရှိနိုင်ပါသည်။

ယနေ့ခေတ်တွင် ခေတ်စားနေသော စကားရှိပါသည်။ ဆေးလုပ်သည်။ ဆေးလုပ်ခံရသည်။ မော်လဝီ ဆေးကုသောဆရာတိုင်းတွင် နေ့စဉ်နှင့်အမျှ လူနာအပြည့် ဒုနဲ့ဒေးဆိုရလောက်အောင်များပြားလှပါသည်။
အဲဒီလိုဘဲ ကာဖိရ်တွေထံမှာလည်း မုစ်လင်မ်တွေဆေးကုသွားကြသည်။
ဒါတွေကိုကြည့်ခြင်းအားဖြင့်ဘာတွေသိရသလဲဆိုတော့ မုစ်လင်မ်တွေရဲ့အားနည်းမှု၊ အလ္လာဟ်အမိန့်တွေအပေါ် နာခံကျင့်သုံးမှုနည်းပါးခြင်း။ ဘာသာရေးလေးစား တည်ဆောက်မှု အလွန်ရော့နည်းခြင်းများကို သိရပါသည်။
မုစ်လင်မ်တိုင်းသည် မိမိတို့ရဲ့ကုရ်အာန်ကျမ်းတော်မြတ်ကို ဌာန်ကဏ္ဍိုင်းကျကျ ပီပီသသ ဖတ်တတ်ဖို့အရေးကြီးပါသည်။ ခေတ်ပညာစာပေလည်းဖတ်တတ်ရမည်။
ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ စာလုံးတိုင်းသည် ဗရကသ်ရှိသည်။ အကျိုးထူးများစွာရှိသည်။ ရောဂါအပေါင်းရဲ့ဆေးလည်းဖြစ်သည်။ မသိသူကျော်သွား၊ သိသူဖေါ်စား။ ဆိုသကဲ့သို့ အသုံးချတတ်သူကတော့ ကောင်းစားသွားပါသည်။မသိနားမလည် အသုံးမချတတ်သူတွေကတော့ လူတကာကိုဆရာတင်၊ ဒုက္ခမျိုးစုံက လွတ်ကင်းတယ်ကိုမရှိတော့ဘူး။

ကုရ်အာန်ထဲမှ ပါရာ ၁၂၊ စူရာ-၁၂၊ အာယသ်-၃၃က စာသားကို အမျိုးသားတိုင်း နေ့စဉ်ဒရူးဒ်အဖွင့်အပိတ်နှင့်၊ ၁၁ ခေါက်ခန့်ဖတ်ထားသင့်ပါသည်။ အဘယ်ကြောင့်နည်း စူရာမိုအောင်ဝဇ်ဇိုင်သိုင်းန် မှ ပြောထားသကဲ့သို့ပင် မန်းမှုတ်တတ်သော မိန်းမများ၏ ပရိယာယ်မှ လွတ်ကင်းရန်ဟူ၍ ဖြစ်ပါသည်။
ယောက်ျားလေးများသည် ငါးစာကိုပဲမြင်သည်၊ ငါးမျှားတံကိုမမြင်တတ်ကြပေ။
သူတို့၏မဆင်ခြင်မှုကြောင့် အိမ်ရှိ မိဘ၊ မောင်နှမများ ဒုက္ခရောက်ကြရသည်။အဘယ်ကြောင့်ဆိုသော်....
မိန်းမများသည် ဆင်ခြင်မှု ဦးဏှောက်နည်းကြသည်။ လိုချင်တာကို မရ, ရအောင် ယူဖို့ပဲကြိုးစားကြသည်။ ပမာပြောရလျှင် ယောက်ျားလေးချော၍၊ ချမ်းသာ၍ အဲဒီယောက်ျားလေးကလည်း မိန်းကလေးဆို အလကားနေကြောင်နေတတ်သော၊ သို့မဟုတ် ဂျေးများလွန်းသော၊ ဇီဇာကြောင်လွန်းနေသော၊ အတွေးလွန်၊ အရွေးလွန်နေသော ယောက်ျားလေးများသည် (ယောက်ျားလေးတိုင်းတော့လည်းမဟုတ်ပါ) မိန်းမပရိယာယ်ကို မမြင်တော့ပေ။ အဲဒီမိန်းကလေးကလည်း လိုချင်တာ ရဖို့အတွက် ဆရာ ပေါင်းစုံထံမှ နည်းလမ်းပေါင်းမျိုးစုံနှင့် ပြုစားတော့သည်။ အဲဒီ ရဲ့ရိုက်ခတ်မှုက အဲဒီယောက်ျားလေးလည်းခံရတယ်။ သူနှင့်ပတ်သက်သော မိဘ ညီအစ်ကို မောင်နှမ များကလည်း ဒုက္ခရောက်ကြရတယ်။ ရောဂါဝေဒနာတွေခံစားရတယ်။ ဥပမာ-ခေါင်းကိုက်နေတတ်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်နေတတ်ခြင်း၊ ကြောင်တောင်တောင်ဖြစ်နေတတ်ခြင်း၊ အစားအသောက်မစားခြင်း၊ ငေးငိုင်နေတတ်ခြင်း၊ တစ်နေ့တစ်ခြားပိန်ချုံးလာခြင်း၊ အလိုလို ဒေါသကြီးနေခြင်း၊ မည်သူနှင့်မျှမတည့်ခြင်း၊ အဆစ်အမြစ်များ ကိုက်ခဲနေခြင်း စသဖြင့်.... နည်းမျိုးစုံဖြစ်နေတတ်ပါသည်။ ဆရာဝန်နှင့်ကုသော်လည်း အနာတစ်ခြား ဆေးတစ်ခြားဖြစ်နေတတ်သည်။ ဆေးမတိုးတော့ပဲ ၊ မန်းတဲ့ဆရာတွေနောက်လိုက် ပြန်တော့လည်း မန်းတုန်းခဏပဲ ပြီးလျှင်ရောဂါက ပြန်ဖြစ်နေတတ်သည်။ အဲဒီလိုနဲ့ပဲ လုံးလည်လိုက်ရင်းနှင့် ရောဂါကမပျောက်။ မိသားစုတွေစီးပွားပျက်တယ်။ အိမ်ထောင်ရေးတွေပြိုကွဲကြရတယ်။ စိတ်ဝမ်းကွဲတယ်။ မိသားစု အချင်းချင်းမှာ မသင့်မြတ်မှုတွေဖြစ်ကြရတယ်။ ခေတ်စကားနှင့်ပြောရရင်တော့ အဲဒီမိန်းကလေးက ပါးပါးလေး ပုတ်လိုက်တာပါဘဲ။ အကြီးအကျယ် ဒုက္ခရောက်သွားကြရတာကတော့ မိမိ မိသားစုတွေပါဘဲ။
ဒီလို အန္တရာယ်ဆိုးတွေကနေ ကာကွယ်ဖို့ လွတ်မြောက်ဖို့ အလွန်လိုအပ်ပါတယ်။ ဒါကတော့ ယောက်ျားလေးနှင့် မိန်းကလေးပြဿနာဖြစ်ပါတယ်။ ထို့အပြင်လောကထဲတွင် လူတို့၏ မနာလိုမှု၊ စီးပွါးပြိုင်ဆိုင်မှု၊ပညာထူးချွန်ကျော်ကြားလိုသူများ၏ ဂျာဒူပြုစားမှု၊ မျက်စိ၏နဇရ်၊ တို့ကလည်း လူသားကိုဒုက္ခပေးတတ်ပါသည်။ နဇရ်နဲ့ မနာလိုဝန်တိုခြင်းကို ခံရခြင်းကလည်းဂျာဒူပြုထားသူဆန်ဆန် ရောဂါဝေဒနာများ ရရှိတတ်ပါသည်။ လက္ခဏာပုံသဏ္ဍာန်တွေကတော့ မူလ ဗိုက်အောင့်တတ်သူက ဗိုက်အောင့်မပျောက်ခြင်း။ ခေါင်းကိုက်တတ်သူက ဘာပဲလုပ်လုပ်ခေါင်းကိုက်မပျောက်ခြင်း။ ခြေထောက်ကိုက်သူက နေရာပြောင်း၍ အမျိုးမျိုး ခြေထောက်ကိုက်နေတတ်ခြင်း။ ဒေါသအလွန်ကြီးခြင်း၊ မိသားစုစကားဝိုင်းဖွဲ့ပြောဆိုမိလျှင်စိတ်ဝမ်းကွဲစေမည့် အရာများမကြာခဏဖြစ်ပေါ်တတ်ခြင်း။ စိတ်နာကျည်းသွားခြင်း။ အိမ်ထောင်ရေး အဆင်မပြေမှုများစွာ ဖြစ်ပေါ်ရခြင်း။ အိမ်ထောင်ရေးတွင် လင်မယားကွဲခြင်း။ မကျေနပ်ခြင်း။ ခွင့်မလွှတ်နိုင်ခြင်းအစရှိသဖြင့် အမျိုးမျိုးဖြစ်ပေါ်စေပါသည်။ ဆရာတွေနောက်ကိုဘဲလိုက်နေလို့ကတော့မွဲမယ် အန္တရာယ်ကတော့ ပျောက်မသွားဘူး။ ဘယ်လောက်ပဲ တော်တော်။ ဘယ်လောက်ပဲ ကျော်ကြားထင်ပေါ်နေတဲ့ ဆရာတွေပဲဖြစ်ပါစေ၊ တစ်ကြိမ် တစ်ခါတည်း ကုသရုံနှင့် ပျောက်ကင်းမသွားပေ။ မိမိရဲ့ဘေးဒုက္ခက လွတ်မြောက်ဖို့ကတော့ တော်တော့်ကို မလွယ်နိုင်ပါဘူး။ အန္တရာယ်ဆိုးကတော့ တစ်ခုမဟုတ်တစ်ခု နည်းမျိုးစုံနှင့် ဖြစ်ပေါ်နေမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် စာအစမှာရေးခဲ့ပါတယ်။ အရင်းစစ်လျှင်အမိမြေက ဆိုသလို အလ္လာဟ့်အရှင်မြတ် အမိန့်တွေကိုပဲ လိုက်နာကျင့်သုံးမှသာ အောင်မြင်မှုနဲ့ ကျန်းမာမှုကို ရရှိနိုင်ပါသည်။
ဟုတ်ပါသည်။ မုစ်လင်မ်သည် မုသားမပြောရ။ မတရားလည်း မလုပ်ရ။ အတိုးအညွန့်လည်း မစားရ။ အလ္လာဟ်အရှင်မြတ်တားမြစ်ထားသည့် ဟလာလ်၊ ဟရာမ်။ ဇေနာဟ်။ အရက်... စသဖြင့်များကိုလည်း ရှောင်ကြဉ်ရန် တာဝန်တွေအများကြီးပဲ ရှိပါသည်။ လိုရင်းပြောရလျှင် အလ္လာဟ်ခိုင်းထားတာကိုလုပ်။ အလ္လာဟ်တားထားတာတွေကို ရှောင်ရမည်။ မုစ်လင်မ်ပီပီသသ နေထိုင် ကျင့်ကြံလိုက်ပါက တောင်းဆုဒုအာတိုင်း ကဗုလ်ဖြစ်မည်။ မည်သည့် ဂျာဒူ။ ဆေးဝါးကိုမှ စိုးရိမ်စရာလည်းမလို။ ကြောက်စရာလည်းမလို မန်းသည့်ဆရာတိုင်းထံ ပြေးနေရန်လည်းမလိုပါ။ မိမိတို့ကိုယ်တိုင် အလ္လာဟ်အရှင်မြတ် မုက္ခပါတ်တော်တွေကို ယုံကြည်ကိုးစား ကျင့်ကြံခြင်းဖြင့် လုံလောက်ပါသည်။ ဖတ်မှတ်ပြီးကျင့်ကြံအားထုတ်မှသာ မိမိကိုတိုက်ခိုက်နေသောရန်သူကို မိမိကိုယ်တိုင်သိမည်။ ထိုရန်သူကို အောင်မြင်နိုင်မည်ဖြစ်ပါသည်။ ဘယ်လောက်ကြာကြာ ကျင့်ရမလဲလို့ မမေးပါနှင့်။ မိမိအသက်မသေသရွေ့ အဲဒီပြုစားခိုင်းသည့် မနာလိုသူ အသက်မသေသရွေ့။ အမြဲတမ်း ဖတ်မှတ်ကျင့်ကြံနေမှသာ ရန်အပေါင်းကို အောင်နိုင်မှာဖြစ်ပါတယ်။
ရန်သူကိုကာကွယ်ရန် ကျင့်ကြံခြင်းဖြင့် မိမိဘဝလည်း သာယာမှုရရှိမည်။ အေဗာဒသ်လည်း များစွာပြုကျင့်ပြီး ဖြစ်သွားပါလိမ့်မည်။
အိမ်တိုင်းဆောင်ထားသင့်သော စာအုပ်ကောင်းများ ညွှန်းလိုက်ပါမည်။ ဝယ်ယူဆောင်ထားကြပါ။ ယုံကြည်စွာဖြင့် ကျင့်ကြံအားထုတ်ပါ။ မည်သည့်အန္တရာယ်ကိုမျှ ကြောက်နေစရာမလိုပါ။ မိမိသည် အလ္လာဟ်အရှင်မြတ်ကိုပဲ ယုံဖို့လိုပါသည်။ ဂုနာတွေကို သောဝ်ဗာဖတ်ပြီး ဖယ်ရှားပါ။ " လာဟောင်လာဝလာကုဝသ" များစွာဖတ်ပါ။ အစ္စတစ်ဂ်ဖရ်များစွာဖတ်ပါ။ နမာဇ်အချိန်မှန် ဖတ်ပါ။ အချိန်တိုင်း အလ္လာဟ်ထံပါးမှာ လိုလားချက်ကို တောင်းဆိုနေပါ။ အလ္လာဟ်နှင့် နီးစပ်မှု ရရှိဖို့ကိုလည်း ဒုအာတိုင်းမှာ တောင်းနေပါ။
အဓိကစာအုပ်မှာ မန်ဇိလ်ဖြစ်ပါတယ်။ နံက်တစ်ကြိမ်၊ ညနေတစ်ကြိမ် မှန်မှန်ဖတ်ပါ။ အနားမှာ ရေသန့်တစ်ခွက် ယူထားပါ၊ ဖတ်ပြီးလျှင် မန်းမှုတ်ပါ။ ပြီးလျှင် ထိုရေမန်းကို တစ်မိသားစုလုံး သောက်သုံးပါ။ အိမ်တွင်လည်း ပက်ဖျန်းပါ။ ဂျာဒူ၊ စုန်း၊ ပယောဂ၊ မျက်စိနဇရ် အစရှိသည်များ၏ ရန်မှ ပပျောက်သွားနိုင်ပါသည်။ နမားဇ်ငါးကြိမ်မြဲသော အာလင်မ် ဆေးကုသမန်းမှုတ်ပေးသော ဆရာများနှင့် ဆက်သွယ်၍ ရောဂါဝေဒနာများကို ပြသကုကြပါ။ တစ်ကြိမ်တစ်ခေါက်ထဲသွားပြီး ဒီဆရာ မကောင်းဘူးဆိုပြီး မထင်ပါနှင့်။ မိမိတို့ကိုယ်တိုင်လည်း အခုနတင်ပြခဲ့သလို နေ့စဉ်မှန်မှန် မန်ဇိလ်ဖတ်ပြီး ကာကွယ်ကုသပါ။ ဆရာများနှင့်လည်း ဆက်သွယ်၍ နေပါ။ အဲဒါမှ မလိုလားအပ်သော ကုသမှုထက် ကောင်းမွန်မှုကို ရရှိမှာဖြစ်ပါတယ်။ ချက်ခြင်းနှင့်တော့ ရောဂါဝေဒနာ မပျောက်တတ်ပါဘူး။ အချိန်ပေးပြီး အလ္လာဟ်အရှင်မြတ်အသနားတော်နှင့် တစ်ဖြည်းဖြည်းပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။ အလ္လာဟ့်ရဲ့ မုက္ခပါသ်တော်တွေကို ယုံကြည်ကိုးစားဖို့တော့ အထူးလိုအပ်ပါသည်။ ကာဖိရ်ဆရာများထံသွားခြင်းကို အလ္လာဟ်အရှင်မြတ်လည်း မနှစ်သက်ပေ။ ကိုယ့်ဘဝအတွက်လည်း မကောင်းဘူး။ ကာဖိရ်ဆရာတွေကုလို့ ရောဂါပျောက်တယ်လို့ထင်ရင် မိမိအီမာန်အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေရှိပါတယ်။ အဲဒီလိုကုရင်းသေသွားရင် ကာဖိရ်စရင်းဝင်သွားမှာဖြစ်ပါတယ်။ ဂျာဒုလုပ်ခံရလို့ မုစ်လင်မ်ဆရာနှင့် ကုရင်း ရောဂါမပျောက်ပဲ အသက်ပျောက်ခဲ့သော် ဂျန္နသ်ရရှိမှာဖြစ်ပါတယ်။ သတိနှင့်ယှဉ်၍ မိမိသက်တမ်းကို ထိန်းသိမ်းပါ။
အိမ်တိုင်းဆောင်ထားသင့်သော ...... သမုဒ္ဒရာအောက်မှ ပုလဲလုံးများ။ မန်ဇိလ်စာအုပ်။ အလ္လာဟ့်ဗိမာန်တော်များ။ အအ်မာလေကုရ်အာနီကျမ်း။ ကုရ်အာန်ကုထုံး ...... စသည့်စာအုပ်များအပြင် မိမိတို့သိရှိသည့် ဆရာကောင်းများ၏ စာအုပ်စာပေများကို လေ့လာစိစစ်၍ ဖတ်ရှုသင့်ပါသည်။ အာမိလ်လည်းပြုသင့်ပါသည်။ ယုံကြည်မှုခိုင်မာဖို့လည်း လိုပါသည်။ စွဲစွဲမြဲမြဲနှင့် မိမိခံစားနေရသော ဝေဒနာကို တိတိကျကျသိအောင်လုပ်ပါ။ သင့်လျော်နီးစပ်သော အာယသ်များကို ဖတ်၍ နေပါ။ မန်ဇိလ်စာအုပ်ကိုလည်း နံက်တစ်ကြိမ် မဂ်ရိဗ်ပြီး တစ်ကြိမ် မှန်မှန်ဖတ်ပါ။ မည်သည့်ရန်သူမျှ...... အလ္လာဟ့်ကလာမ်....... ထက် မကြီးကျယ်ပါ။
ရောဂါဝေဒနာရှင်များသည် မုစ်လင်မ်အာလင်မ်ပညာရှင်များထံ ဆေးကုခြင်းကို ငွေကြေးကုန်ကျသည်ဟု ဆိုနေကြသည်။ ဟိန္နဒူဆရာတွေထံ သွားရောက်ကုနေခြင်းများသည် များစွာဆိုးကျိုးရှိပါသည်။ သူတို့ကု၍ပျောက်သည်ဟု ဆွဲယုံနေလျှင် မုစ်လင်မ်တို့၏ အီမာန်အတွက် ရင်လေးဖွယ်ရာဖြစ်ပါသည်။ အကယ်၍ ရောဂါမပျောက်ပဲ အသက်ပျောက်သွားခဲ့သော် ကာဖိရ်အဖြစ်သတ်မှတ်ခြင်းခံပါမည်။ (ဤသည်မှာ ဆေးလုပ်ခြင်းနှင့် အောက်လမ်းကိစ္စများကို ညွှန်းဆိုပါသည်။ သာမာန် ဆေးကျန်းမာရေး ဆရာဝန်ကို ဆိုလိုခြင်းမဟုတ်) မိမိ၏ရောဂါသည်ကုမရသော ဂျာဒုဆေးဝါးဟု ယူဆရပြီး ထိုရောဂါဖြင့် ကာဖိရ်ဆရာထံမသွားပဲ သေဆုံးသွားခဲ့သော် ဂျန္နသ်အဆင့်တွင် ရရှိနိုင်ပါသည်။
ထို့ကြောင့်မုစ်လင်မ်တို့သည် ပါးပါးလေးအပုတ်မခံရလေ အောင်သတိဝိရိယရှိဖို့လိုပါသည်။
ယာ...အလ္လာဟ်အရှင်မြတ်ကျွန်တော်မျိုးတို့ရဲ့ အီမာန်ရှင် အမျိုးသား၊ အမျိုးသမီးတိုင်းကို ထိန်းသိမ်းတော်မူပါ။
မိသားစုတိုင်းကို အလင်မ်ပညာ ဆည်းပူးနိုင်စွမ်းပေးသနားတော်မူပါ။
အလ္လာဟ်အရှင်မြတ်၏အမိန့်တိုင်းကို နာခံနိုင်စွမ်းပေးသနားတော်မူပါ။
ဂုနာဟ်များမှ ဝေးစွာရှောင်ရှားနိုင်ပြီး၊ မိမိတို့၏အမှားများအတွက် သောဝ်ဗဟ် ပြုလုပ်နိုင်စွမ်းပေးသနားတော်မူပါ။
မုအ်မင်န် မုစ်လင်မ်တိုင်း၏တောင်းဆုဒုအာများကို အလ္လာဟ်အရှင်မြတ်လက်ခံ ကဗုလ်ပြုတော်မူပါ။
မည်သည့်အခြေအနေမျိုးတွင်မဆို အလ္လာဟ်အရှင်ထိန်းသိမ်းတော်မူပါ။
အားလုံးသောမုစ်လင်မ်များကို ချစ်ခင်သော နှလုံးသားဖြင့်.......

***အာခိရသ်ရဲ့နူရ်***
အလ်မုဖီးဒ် မှ စီစဉ်တင်ဆက်သည်။

ဟဂ်ျပြုခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ (၃)


ဗိုင်သွလ္လာဟ် (ကအ်ဗာကျောင်းတော်) တွင် ခစားခြင်း
မက္ကာဟ်ရွှေမြို့တော်သို့ရောက်ရှိ၍ တည်းခိုခန်း အစရှိသည်တို့တွင် နေရာထိုင်ခင်း စီစဉ်ပြီးနောက် တက်နိုင် သမျှ အမြန်ဆုံး ဟရမ်ကျောင်းတော်သို့ အခစားဝင်ပါ။
- ဗိုင်သွလ္လာဟ်အား မြင်တွေ့သည်နှင့် စိတ်ရောကိုယ်ပါ ခယရိုကျိုး၍ ဒိုအာပြုပါ။ ဤအချိန်သည် ဒုအာကဗူလ်ပြုလက်ခံသော အချိန်ဖြစ်သည်။
- အကယ်၍ ဟဂ်ျဂျေအိဖ်ရာဒ်အတွက် အဲဟ်ရာမ်ဝတ်ဆင်ထားပါက ဗိုင်သွလ္လာဟ်သို့ ဝင်ရောက်ခစားသည်နှင့် သွဝါးဖေကုဒူးမ် ပြုလုပ်ပါ။
- အကယ်၍ ဟဂ်ျဂျေသမသ်သိုအ် နှင့် ဟဂ်ျဂျေကိရားန်၏ အဲဟ်ရာမ်ဝတ်ဆင်ထားပါက ဦးစွာပထမ သွဝါးဖေအွမ္မရာဟ် ပြုလုပ်ပါ။
- ဟဂ်ျဂျေသမသ်သိုအ် ပြုလုပ်သူအတွက် သွဝါးဖေကူဒူမ်၏ အမိန့်မရှိပေ။
- ဟဂျဂျေကိရားန် ပြုသူသည် အွမ္မရာဟ်ပြုပြီးနောက် သွဝါးဖေကူဒူးမ် ပြုရမည်။
- ဟဂ်ျဂျေသမသ်သိုအ် ပြုလုပ်သူသည် သွဝါးဖေအွမ္မရာဟ် ပြုလုပ်ပြီးနောက် အွမ္မရာဟ် ပြီးမြောက်စေရန်အတွက် ဆွဖာ နှင့် မရ်ဝါအား စအီပြုရမည်။
- ဟဂျဂျေကိရားန် ပြုသူမှာလည်း ထိုနည်းတူစွာပင် အွမ္မရာဟ် ပြုရမည်။
- အမျိုးသမီးများအတွက် ရမလ် (လျင်မြန်စွာလျှောက်လှမ်းခြင်း) နှင့် အိဇ်သွေဗာအ် (အမျိုးသားများ အဲဟ်ရာမ်ခြုံထည်ကို ညာဘက်ဂျိုင်းမှထုတ်၍ ဘယ်ဘက် ပုခုံးပေါ်တင်ခြင်း) မရှိပေ။ အချို့အမျိုးသမီးများသည် သွဝါးဖ်ပြုရာတွင် အမျိုးသားများကဲ့သို့ပင် ရမလ်ပြုကြသည်။ ဤသို့ပြုခြင်းမှာ မှားယွင်းသည်။ ရှောင်ကြဉ်ရမည်။ - သွဝါးဖ်၏အစနှင့် အဆုံးသည် ဟဂျရေအတ်စ်ဝဒ် (ကျောက်နက်တုံး) အား နမ်းရှုံခြင်းဖြင့် ဖြစ်သည်။
- ဟဂျရေအတ်စ်ဝဒ် ၏ အရှေ့ အောက်အခင်းပေါ်၌ မူသွားဖ် (သွဝါးဖ်ပြုရာနေရာ) တစ်ခုလုံးတွင် အနက်ရောင်ဖြင့် လိုင်းဆွဲထားသည်။ ထိုအနက်ရောင် လိုင်းအနားသို့သွား၍ ဤပုံစံဖြင့် မတ်တပ်ရပ်ပါ။ ဟဂျရေအတ်စ်ဝဒ်သည် မိမိ၏ညာဘက်တွင် ရှိနေရမည်။ တဖန် သွဝါးဖ်၏နိယသ်ကို ဤသို့ပြုလုပ်ပါ။ အို အလ္လာဟ် ကျွန်တော်မျိုး/မသည် အရှင်မြတ်၏ သန့်ပြန့်လှသောအိမ်တော်အား သွဝါးဖ်ခုနှစ်ပတ် ပတ်ရန် ရည်ရွယ်ပါသည်။ အရှင်မြတ်၏ နှစ်မြို့မှုအတွက်သာ ဖြစ်သည်။ ထို့ကြောင့် ၄င်းကို ကျွန်တော်မျိုး/မ အတွက် လွယ်ကူစေတော်မူပါ။
- နိယသ်ပြုပြီးနောက် ညာဘက်သို့လျှောက်ပါ။
- ဟဂျရေအတ်စ်ဝဒ်၏ အရှေ့တည့်တည့်သို့ ရောက်လာလျှင် မျက်နှာနှင့် ရင်ဘက်အား ဟဂျရေအတ်စ်ဝဒ် ဘက်သို့လှည့်၍ အနက်ရောင်လိုင်းပေါ် မတ်တပ်ရပ်လိုက်ပါ။ နမားဇ်ဝတ်ပြုလျှင် လက်မြှောက်သကဲ့သို့ မြှောက်၍ " بسم الله الله أكبر ولله الحمد" ရွတ်ဆိုကာ လက်ချလိုက်ပါ။
- ထို့နောက် ဟဂျရေအတ်စ်ဝဒ်အား နမ်းရှုံပါ။ နမ်းရှုံရမည့် ပုံသဏ္ဍန်မှာ အကယ်၍ ဟဂျရေအတ်စ်ဝဒ်အထိ ရောက်ရှိနေပါက မိမိ၏ပါးစပ်အား လက်နှစ်ဖက်ကြားတွင် ထားပါ။ နမားဇ်တွင် စဂ်ျဒါဟ်ပြုသကဲ့သို့ပင် ဖြစ်သည်။ တဖန် ညှင်သာစွာဖြင့် နမ်းရှုံပါ။
- အကယ်၍ လူစုလူဝေးရှိနေ၍ ဟဂျရေအတ်စ်ဝဒ်အထိ မရောက်နိုင်လျှင် အနက်ရောင် လိုင်းပေါ်တွင် မတ်တပ်ရပ်ကာ အဝေးမှပင် လက်နှစ်ဖက်အား ဟဂျရေအတ်စ်ဝဒ် ဘက်သို့မူ၍ (လက်နှစ်ဖက်ကို ဟဂျရေအတ်စ်ဝဒ်ဘက်သို့ ဆန့်ထုတ်ကာ အရိပ်အမြွက်ဖြင့်) နမ်းရှုံလိုက်ပါ။ စိတ်ထဲတွင် ဟဂျရေအတ်စ်ဝဒ်အား နမ်းရှုံနေသည်ဟု အာရုံပြုပါ။ နမ်းရှုံချိန်တွင် ဤဒိုအာရွတ်ဆိုပါ။الله أكبر ﻻ اله إلا الله و الصلوة و السلام على رسول الله
- အဝေးမှ နမ်းရှုံလျှင်လည်း အနီးမှနမ်းရှုံသကဲ့သို့ပင် စဝါးဗ်အပြည့်အဝ ရမည်ဖြစ်သည်။ ထို့ကြောင့် လူအများကြားတွင် တိုးဝှေ့ခြင်း မပြုပါနှင့်။ အထူးသဖြင့် အမျိုးသမီးများသည် တက်နိုင်သ၍ အမျိုးသားများနှင့် မရောထွေးစေရန် သတိပြုသင့်သည်။
- နမ်းရှုံခြင်းပြုပြီးနောက် ချက်ချင်းပင် မိမိ၏မျက်နှာ၊ ရင်ဘက်နှင့် ခြေဖဝါးအား ဟဂျရေအတ်စ်ဝဒ်၏ ညာဘက်ခြမ်းမှနေ၍ ပြန်လျှောက်ပါ။
- သွဝါးဖ်ပြုနေချိန် မိမိအရှုအား ဗိုင်သွလ္လာဟ်တော်အား မကြည့်စေဘဲ မျက်လွှာချထားပါ။ အဝိုင်းတွင်သာလျှောက်နေပါ။
- သွဝါးဖ်တစ်ပတ်ပြုပြီး ဒုတိယအကြိမ် အနက်ရောင်လိုင်းပေါ်သို့ ရောက်လာလျှင် တဖန်ပြန်ပြီး မျက်နှာနှင့် ရင်ဘက်အား ဟဂျရေအတ်စ်ဝဒ် ဘက်သို့မူကာ နမ်းရှုံပါ။ ထိုနည်းအတိုင်းပင် ခုနှစ်ပတ် အပြည့်ပြုပါ။
- သွဝါးဖ်ခုနှစ်ပတ်လုံးတွင် ဝူဇူနှင့်တကွရှိနေရန် အရေးကြီးသည်။ အကယ်၍ ပထမလေးပတ်တွင် ဝူဇူပျက်သွားခဲ့လျှင် ဝူဇူပြုကာ အစမှတဖန် သွဝါးဖ်ပြုရမည်။
- အကယ်၍ ပထမလေးပတ်ပြီးမှ ဝူဇူပျက်ခဲ့လျှင် ဝူဇူပြုကာ အစမှပြန်လုပ်လိုက လုပ်နိုင်သည်။ မလုပ်လျှင်လည်း အကြောင်းမဟုတ်ပေ။
- သွဝါးဖ်ပြုနေရင်း ဇိကိရ်၊ သပ်စ်ဗီးဟ်၊ သာသနာ့ရေးရာနှင့် မိမိကျက်မှတ်ထားသော ဒုအာများ ရွတ်ဆိုနိုင်သည်။ သတ်မှတ်ထားသည့် ဒိုအာသာဖတ်ရန် အရေးမကြီးပေ။ သတိထားရမည်မှာ မိမိ၏ ဒုအာဖတ်သံသည် ကျယ်လောင်၍ အခြားသူများ၏ အေဗာဒသ်တွင် အနှောင့်ယှက်မဖြစ်စေရပေ။ ယခုခေတ်တွင် သဝါးဖ်ပြုချိန်၌ အုပ်စုဖွဲ့ကာ ကျယ်လောင်စွာဖြင့် ဒုအာများရွတ်ဆိုကြသည်။ ဤသည်မှာ လုံးဝမှားယွင်းသော ပုံစံဖြစ်သည်။
- သွဝါးဖ်ခုနှစ်ပတ်လုံး ပြီးမြောက်သွားလျှင် ဝါဂျေဗုသ်သွဝါးဖ် နမားဇ်နှစ်ရကအသ် ဝတ်ပြုရန် အရေးကြီးသည်။ မက္ကရူဟ်အချိန် ဖြစ်နေလျှင် သွဝါးဖ်ဆက်ပြုနေပါ။ မက္ကရူဟ်အချိန် ကျော်လွန်ပြီးမှသာ သွဝါးဖ်များအားလုံး၏ နမားဇ်များကို အစဉ်လိုက်ဝတ်ပြုပါ။
- သွဝါးဖ်နမားဇ်အား မကားမေအိဗ်ရာဟီးမ်၏ အနီးနားတွင်ဖတ်ခြင်းမှာ စွန္နသ်ဖြစ်သည်။ ပထမရကအသ်တွင် စူရဟ်ကာဖိရူးန် နှင့် ဒုတိယရကအသ်တွင် စူရဟ်အိခ်လားစွ် ဖတ်ပါ။ အကယ်၍ မကားမေအိဗ်ရာဟီးမ်အနားတွင် နေရာမရပါက မည်သည့်နေရာတွင်မဆို နမားဇ်ဝတ်ပြုလိုက်ပါ။
- သွဝါးဖ်ပြုပြီးနောက် မူလ်သဇမ် (ဟဂျရေအတ်စ်ဝဒ် နှင့် ဗိုင်သွလ္လာဟ်၏ တံခါးအကြား နှစ်ကိုက်ခွဲခန့်တွင် ကအ်ဗာဟ်ကျောင်းတော်၏ နံရံရှိသည်။) နားတွင် ဒိုအာတောင်းခံခြင်း မုစ်သဟဗ်ဖြစ်သည်။ ဤသည်မှာ ဒိုအာ ကဗူလ်ဖြစ်သော သီးသန့်နေရာဖြစ်သည်။
- သွဝါးဖ်ပြုပြီးနောက် ဇမ်ဇမ်ရေသောက်သုံးခြင်း မုစ်သဟဗ်ဖြစ်သည်။ ဇမ်ဇမ်ရေ သောက်သုံးချိန်တွင်လည်း ဒိုအာတောင်းခံလျှင် ဒိုအာကဗူလ် ဖြစ်သည်။

ဆွဖာနှင့် မရ်ဝါအား စအီပြုခြင်း
သွဝါးဖ်ပြုပြီးနောက် စအီပြုပါက ဟဂျရေအတ်စ်ဝဒ်အား နမ်းရှုံပြီးနောက် အနက်ရောင်လိုင်းတည့်တည့်မှ လျှောက်သွားပါ။ ယင်းအနက်လိုင်းမှ အနည်းငယ်အကွာဝေးတွင် ဆွဖာတောင်၏ နေရာရှိသည်။
- ဆွဖာတောင်ပေါ်သို့ ဗိုင်သွလ္လာဟ်ကျောင်းတော်အား မြင်နိုင်ရုံခန့်သာ တက်ပါ။ ထို့ထက်ပို၍ အပေါ်တက်ခြင်း မက္ကရူဟ် ဖြစ်သည်။
- ဤနေရာတွင် ဦးစွာပထမ ကိဗ်လဟ်ဘက်သို့ မျက်နှာမူကာ စအီ၏ နိယသ်ပြုပါ။ တဖန် ဒိုအာတောင်းသကဲ့သို့ လက်မြှောက်ပါ။ လက်မြှောက်ပြီးလျှင် ဇိကိရ် ဒိုအာ အစရှိသည်တို့ပြုပါ။ ဤနေရာသည်လည်း ဒိုအာလက်ခံသော နေရာများတွင် ပါဝင်သည်။
- အများအားဖြင့် အချို့သူများသည် နမားဇ်အစတွင် လက်မြှောက်သကဲ့သို့ မြှောက်ကြသည်။ ဤသို့ မပြုအပ်ပေ။
- တဖန် ဆွဖာမှ မရ်ဝါသို့ သွားပါ။ မရ်ဝါရောက်လျှင် တပတ်ပြည့်သည်။ ဆွဖာတွင် ပြုသကဲ့သို့ပင် မရ်ဝါတွင်လည်း လက်မြှောက်ကာ ဇိကိရ် ဒိုအာများပြုပါ။
- ဆွဖာနှင့် မရ်ဝါကြားတွင် မီးစိမ်းနေရာ၌ အမျိုသမီးများသည် လျှင်မြန်စွာ လျှောက်လှမ်းခြင်းမပြုရ။ ပုံမှန်လျှောက်နှုန်းအတိုင်းသာ လျှောက်ပါ။ ပြေးခြင်းလည်းမပြုရပေ။ အစိမ်းရောင်တိုင် အနီးတွင်
ဤဒိုအာရွတ်ဆိုရန် ဆင့်ပြန်ချက် တစ်ရပ်လာရှိပေသည်။
رب اغفر وارحم إنك أنت الاعزوالاكرم (
အို အလ္လာဟ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ဂရုဏာတော် ( မဂ်ဖိရသ်နှင့် ရမသ်ကို) ချီးမြှင့်တော်မူပါ။ မုချဧကန် အရှင်မြတ်သည်သာလျှင် အရာခပ်သိမ်းအား လွှမ်းမိုးတော်မူပြီး အားလုံးထက်သာပို၍ ရက်ရောတော်မူသော အရှင်မြတ် ဖြစ်တော်မူပါသည်။
- စအီပြုနေရင်း ဝူဇူပျက်သွားခဲ့လျှင် ဝူဇူပြန်လုပ်ရန် မလိုပေ။ အကယ်၍ ဝူဇူပြန်လုပ်ခဲ့လျှင်လည်း စအီအား အစမှတဖန် ပြုလုပ်ရန်မလိုပေ။ ကျန်ရှိသောစအီအား ဆက်လုပ်ပါ။ စအီအစတွင် ဝူဇူပျက်သည်ဖြစ်စေ၊ နောက်မှပျက်သည် ဖြစ်စေ အမိန့်တစ်မျိုးတည်းပင် ဖြစ်သည်။
- စအီပြုပြီးလျှင် မတ်စ်ဂျိဒိဟရာမ်ကျောင်းတော်အတွင်း တစ်နေရာ၌ နဖိလ်နှစ်ရကအသ် ဝတ်ပြုခြင်းသည် မုစ်သဟဗ် ဖြစ်သည်။
- ***မှတ်သားထားရမည်မှာ စအီသည် ဟဂ်ျ သို့ အွမ္မရာဟ်နှင့် တွဲလျှက်သာ ပြုခွင့်ရှိသည်။ ဟဂ်ျ သို့ အွမ္မရာဟ် မပြုလုပ်ဘဲ သီးသန့် နဖိလ်စအီ ပြုခွင့်မရှိပါ။ အချို့သူများသည် နဖိလ်သွဝါးဖ်ပြုသကဲ့သို့ပင် နဖိလ်စအီလည်း ပြုလုပ်ကြသည်။ ဤသို့ပြုခြင်းသည် လုံးဝမှားယွင်း၏။
ဆံသခြင်း
စအီပြုပြီးနောက် ဟဂ်ျဂျေသမသ်သိုအ်ပြုလုပ်သူများ ဆံချကာ (အမျိုးသားဖြစ်လျှင် ခေါင်းတုံးခြင်း၊ အမျိုးသမီးဖြစ်လျှင် လက်တစ်ဆစ် ဆံပင်အောက်ပိုင်းအား ညှပ်ခြင်း) အဲဟ်ရာမ်ချွတ်လိုက်ပါ။
မတ်စ်အလဟ်အဲဟ်ရာမ်ချွတ်ရန်အတွက် ခင်ပွန်းက ဇနီးအားလည်းကောင်း၊ ဖခင်မှ သမီးကိုလည်းကောင်း ဆံပင်လက်တဆစ်ခန့် ညှပ်ပေးခွင့်ရှိသည်။ အမျိုးသမီးများ အချင်းချင်းလည်း ညှပ်ပေးနိုင်သည်။
* မှတ်သားထားရမည်မှာ ဆံသခြင်းမပြုပဲ(ဆံသခြင်းမပြုသရွေ့) အဲဟ်ရာမ်၏စည်းကမ်းများ ကျန်နေအုံးမည်။ (အဲဟ်ရာမ်၏ စည်းကမ်းအတိုင်း နေထိုင်ရမည်။)
* အွမ္မရာဟ်ပြုသူ ဟဂ်ျပြုသူသည် ကျင့်စဉ်များအားလုံး ဆောင်ရွက်ပြီး၍ ဆံချရန်သာကျန်နေလျှင် မိမိဆံပင်အား ကိုယ်တိုင်လည်းညှပ်ခွင့်ရှိသည်။ သို့သော် ဆံပင်မညှပ်မီ လက်သည်း၊ ခြေသည်း အစရှိသည်တို့ကို မညှပ်ရပေ။ ညှပ်ခဲ့လျှင် ဒမ်ထိုက်မည်။

အွမ္မရဟ်ပြုပြီးနောက် မက္ကာဟ်ရွှေမြို့တော်တွင် တည်းခိုခြင်း
- အွမ္မရဟ် အပြည့်ဝပြုပြီးနောက် ဟဂ်ျဂျေသမသ်သိုအ်ပြုသူသည် ဟလာလ်ဖြစ်သွားသည်။ ယခု မက္ကဟ်ရွှေမြို့တော်တွင် တည်းခိုခွင့်ရရှိနေခြင်းကို မင်္ဂလာတစ်ပါးဟု မှတ်ယူပါ။ တတ်နိုင်သရွေ့ သွဝါးဖ်ပြုခြင်း၊ နမားဇ် နှင့် သိလာဝသ်၊ ဇိကိရ် အစရှိသည်တို့အား စွဲမြဲစွာပြုနေပါ။ မက္ကာဟ်ရွှေမြို့တော်တွင် ကောင်းမှုတစ်ခု ပြုလုပ်ခြင်း၏ အကျိုးစဝါးဗ်သည် အဆ ပေါင်းတစ်သိန်းရရှိမည် ဖြစ်သည်။
- ဟဂ်ျမပြုလုပ်ခင် ကြားကာလအတွင်း နဖိလ်အွမ္မရာဟ်များ ပြုလုပ်လိုက ပြုနိုင်ပေသည်။ သို့သော် အဲဟ်ရာမ်ဝတ်ဆင်ရန်အတွက် မတ်စ်ဂျိဒိဟရာမ်ကျောင်းတော်အပြင် မတ်စ်ဂျိဒိအာအေရှာဟ် (သို့မဟုတ်) ဂျအ်ရာနာဟ်သို့ သွားရမည်။
မိနာဟ်သို့ထွက်ခွာခြင်း
ယောင်မွသ်သရ်ဝီယာဟ် - ဇိလ်ဟဂ်ျလ (၈) ရက်နေ့ ညမှစ၍ပင် မိနာဟ်သို့ ထွက်ခွာသွားရမည်။ ဇိလ်ဟဂ်ျလ (၇) ရက်နေ့ ညနေမှပင် အဲဟ်ရာမ် အစရှိသည်တို့အား အသင့်ပြုရမည်။ သို့မှသာ မုအလ်လိမ်မှ စီစဉ်ထားသောကားများနှင့် မိနာဟ်သို့ သွားနိုင်မည်။ အဘယ့်ကြောင့်ဆိုသော နားမလည် အတွေ့အကြုံမရှိသူအတွက် မုအလ်လိမ်မှ စီစဉ်ပေးထားသောကားများမှလွဲ၍ မိနာဟ်သို့ ရောက်ရှိရန် အလွန်ပင်ခဲယဉ်းလှသည်။ သို့သော် နားလည်တတ်ကျွမ်းပြီး အတွေ့အကြုံရှိသူအတွက် (၈) ရက်နေ့ မနက်ဖဂျရ်ပြီးမှ အေးဆေးစွာ ထွက်ခွာလိုက ထွက်ခွာပါ။
- ဟဂ်ျ၏အဲဟ်ရာမ်အား မက္ကာဟ်ရွှေမြို့တော်၌ပင် မိမိတည်းခိုရာနေရာ၌ ဝတ်ဆင်နိုင်သည်။ သို့သော် မတ်စ်ဂျိဒိဟရာမ်သို့သွား၍ နိယသ်နှင့် သလ်ဗီယာဟ်ဖတ်လျှင် ပိုကောင်း၏။
- မိနာဟ်သို့သွားရန် အဝတ်အစားတစ်စုံ၊ ဖျာ(အခင်း) တစ်ချပ်၊ ထီးတစ်ချောင်းနှင့် မုန့်ခြောက် အနည်းငယ် (ဘီစကွတ် အစရှိသည်တို့) ယူဆောင်သွားပါ။ လိုအပ်သလောက်သာ ပစ္စည်းသယ်ပါ။
- မိနာဟ်တွင် (၈) ရက်နေ့မှ (၉)ရက်နေ့ မနက်အထိနေ၍ နမားဇ်ငါးကြိမ်ဝတ်ပြုခြင်းသည် စွန္နသ်ဖြစ်၏။
- မိနာဟ်တွင် ယခုလက်ရှိတဲများမှာ ခေတ်မီစွာဆောက်လုပ်ထားသည်။ တဲများတွင် ရေအေးစက်များလည်း တပ်ဆင်ထားသည်။ သို့သော် တဲအားလုံးမှာ တပုံစံတည်းဖြစ်နေ၍ မိမိတဲအား အမှတ်သားပြုကာ မှတ်ထားပါ။ မိမိတဲမှ အဝေးသို့မသွားပါနှင့်။ ပျောက်သွားနိုင်ဖွယ်ရှိသည်။ အမည်ကဒ်ပြားအား အမြဲတစေ မိမိကိုယ်နှင့်အတူဆောင်ထားပါ။
- တဲများတွင် အမျိုးသမီး/ အမျိုးသားများ မရောနှောစေနှင့်။ ကြားတွင် ကန့်လန့်ကာခြားကာ နှစ်ပိုင်းခွဲလိုက်ပါ။ ဤအချက်သည် အလွန်အရေးကြီး၏။
- ဇိလ်ဟဂ်ျလ (၉)ရက်နေ့ ဖဂျရ်နမားဇ်အချိန်မှစ၍ (၁၃) ရက်နေ့ အဆွရ်နမားဇ်အထိ ဖရပ်ဇ်နမားဇ်ပြီးတိုင်း အမျိုးသားများမှာ ကျယ်လောင်စွာဖြင့် အမျိုးသမီးများမှာ တီးတိုးစွာဖြင့် တစ်ကြိမ် သပ်က်ဗီရေသရှ်ရီးက်ဖတ်ခြင်း ဝါဂျိဗ်ဖြစ်သည်။
" သက်ဗီရေ သရှ်ရီးက် " : الله أكبر، الله أكبر، ﻻ إله إلا الله والله أكبر، الله أكبر ولله الحمد
အရ်ဖားသ်ကွင်းပြင်တွင်
မုအလ်လီမ်ကားများမှ ညထဲကပင် အရ်ဖားသ်ကွင်းပြင်သို့ စတင်ခေါ်ဆောင် သွားလေသည်။ သို့သော် စွန္နသ်တော်မှာ ဖဂျရ်ဖတ်ပြီးမှ အရ်ဖားသ်ကွင်းပြင်သို့ ထွက်ခွာရမည်။
အရ်ဖားသ်သို့သွားနေချိန်၌ စိတ်ရောကိုယ်ပါ သလ်ဗီယာဟ် တသနေပါ။ အချစ်ရူးတစ်ဦးပမာ အလ္လာဟ်အရှင်မြတ်၏ ထံတော်ပါးမှ ဂရုဏာတော်အား မျှော်ကိုးလျှက် အရ်ဖားသ်ကွင်းပြင်ဆီသို့ ခရီးနှင်ပါ။ ဤနေ့သည်သာလျှင် ဟဂ်ျကျင့်စဉ်၏ အထူးနေ့ရက် ဖြစ်ပါသည်။
- အရ်ဖားသ်တွင် မိမိတည်းခိုရမည့် နေရာအား ဦးစွာ စုံစမ်းသိရှိထားလျှင် ပိုကောင်း၏။ အချို့အချိန်အခါများတွင် မူအလ်လီမ်၏ ကားများသည် ကားလမ်းကြောင်း ပိတ်ဆို့မှုကြောင့် ကြန့်ကြာတတ်သည်။ ထို့ကြောင့် အရ်ဖားသ်တွင် ဝူကူးဖ်ပြု (စောင့်ဆိုင်း) ရမည့်အချိန်သည် အများအားဖြင့် ကားပေါ်တွင် ထိုင်လျှက်ပင် ကုန်ဆုံးသွားတတ်သည်။ မိမိ၏တည်းခိုရမည့်နေရာအား ကြိုတင်သိရှိထားလျှင် အရ်ဖားသ်၌ မည်သည့်နေရာတွင်မဆို ဆင်းကာ ခြေလျှင်ဖြင့် တဲသို့သွားနိုင်သည်။ မိနာဟ်မှ Taxi ဖြင့်လည်း လာနိုင်သည်။
- အရ်ဖားသ်တွင် နားခိုရမည့် ဖရပ်ဇ်အချိန်မှာ မွန်းလွဲပြီးနောက်ပိုင်းမှ စတင်သည်။ ထို့ကြောင့် မွန်းတည့်ချိန်မရောက်ခင်ကတည်းက ကြိုတင်အသင့်ပြင် ထားသင့်သည်။ သို့မှသာ နောက်ပိုင်းအချိန်များ လစ်ဟင်းတော့မည်မဟုတ်ပေ။
- နေဝင်ချိန်အထိ အရ်ဖားသ်တွင်နေရန် ဝါဂျိဗ်ဖြစ်သည်။
- အရ်ဖားသ်တွင် ရှိနေချိန်၌ အချိန်ပြည့် ဒုအာ/ သလ်ဗီယာဟ် နှင့် အခြားသောအိဗာဒသ်များတွင် ကုန်ဆုံးရမည်။ တန်ဖိုးရှိလှသော အချိန်အား ပျင်းရိမှုများတွင် မကုန်ဆုံးစေပါနှင့်။ နေမဝင်မီပင် မုအလ်လီမ်များသည် ဟာဂျီတို့အား ကားပေါ်သို့ထိုင်စေလိုက်သည်။ သို့သော် နေဝင်ပြီးမှသာ ကားများထွက်ခွာသည်။ ကားပေါ်တွင်လည်း ဒုအာ၊ ဇိကိရ်တို့ ဖတ်မြဲဖတ်နေပါ။
- နေဝင်သွားသော်လည်း အရ်ဖားသ်တွင် မဂ်ရိဗ် မဖတ်ရပေ။
မုဇ်ဒလိဖာဟ်သို့ ထွက်ခွာခြင်း
- နေဝင်ပြီးနောက် အရ်ဖားသ်မှ မုဇ်ဒလိဖာဟ်သို့ ထွက်ခွာရမည်။
- မုဇ်ဒလိဖာဟ်သို့ ရောက်သောအခါ မဂ်ရိဗ်နှင့် အိရှာ (နမားဇ်နှစ်ကြိမ်) အား အိရှာအချိန်တွင် ပေါင်းဖတ်ရမည်။ ဤနမားဇ်နှစ်ကြိမ်အား ပေါင်းဖတ်ခြင်းသည် ဝါဂျိဗ်ဖြစ်၏။ တဦးတည်းဖတ်သည် ဖြစ်စေ။ အေမာမ်နှင့်တကွ ဖတ်သည်ဖြစ်စေ။
- မုဇ်ဒလိဖာဟ်၏ (ဤ)ညသည် အလွန်ပင်မင်္ဂလာအပေါင်းနှင့် ပြည့်စုံလှသော ညဖြစ်သည်။ သာသနာ့ပညာရှင်အချို့က ဤညအား ရှဗေကဒရ်ထက်ပင် မွန်မြတ်သည်ဟု ဖေါ်ပြထားသည်။ ဤညအား အိပ်စက်ခြင်းဖြင့်သာ မကုန်ဆုံးစေနှင့်။
- များသောအားဖြင့် မုဇ်ဒလိဖာဟ်တွင် ကောင်းကင်အောက်၌ အကာအရံမဲ့စွာ မိမိတို့၏ ဖျာအခင်းပေါ်၌သာ နေရတတ်သည်။ သေခြာကောင်းမွန်သော စီမံမှုများရှိနေသော်လည်း ရေအစရှိသည်တို့၏ နည်းပါးမှုနှင့် ကြုံရတတ်သည်။ ထို့ကြောင့် အရ်ဖားသ်မှပင် ရေ အစရှိသည်တို့အား စီစဉ်ထားလျှင် အကောင်းဆုံးဖြစ်သည်။ စားသောက်ဖွယ်ရာ အချို့ကိုလည်း မိမိနှင့်အတူ ယူဆောင်လာပါ။
- ဟနဖီမဇ်ဟဗ်ဝင်များအတွက် မုဇ်ဒလိဖာဟ်တွင် နားခိုရမည့် အဓိကအချိန်မှာ ဇိလ်ဟဂ်ျလ ဆယ်ရက်မြောက်နေ့ နံနက်အာရုဏ်ဦးအချိန်မှ နေထွက်ချိန်၏ ကြားကာလ ဖြစ်သည်။ ထို့ကြောင့် ပထမဦးဆုံး အချိန်တွင် ဖဂျရ်နမားဇ်ဝတ်ပြု၍ အချိန်ရသလောက် မုဇ်ဒလိဖဟ်တွင် ရှိနေရမည်။ ခယရိုးကျိုးစွာဖြင့် သိလာဝသ်ပြုခြင်း၊ ဒုအာ ဇိကိရ် ဒရူးဒ်ဖတ်ခြင်း အစရှိသည်တို့တွင် နစ်မွန်းနေပါ။
- မုဇ်ဒလိဖာဟ်၌ရှိစဉ် ကိဗ်လာဟ် သတ်မှတ်ရန် အလွယ်ကူဆုံးနည်းလမ်းမှာ ကအ်ဗာဟ်ကျောင်းတော်၏ အနီးရှိ တောင်တစ်လုံးပေါ်၌ အလွန်မြင့်မားလှသည့် တာဝါကြီးတစ်ခု ဆောက်လုပ်ထားသည်။ ၄င်းတာဝါပေါ်တွင် အဖြူရောင် မီးချောင်းထွန်းထားသည်။ ဤမီးအား မက္ကာဟ်ရွှေမြို့တော်၏ အနီးပတ်ဝန်းကျင် မိုင်ပေါင်းများစွာမှပင် မြင်တွေ့နိုင်သည်။ ညအခါ ကိဗ်လာဟ် သိရှိနိုင်ရန် ဤနည်းလမ်းမှာ အလွယ်ကူဆုံးဖြစ်သည်။ မုဇ်ဒလိဖာဟ်၏ မည်သည့်နေရာ၌ပင် ရှိနေပါစေ ဤမီးအားတွေ့မြင်၍ ကိဗ်လာဟ်အား သတ်မှတ်လိုက်ပါ။
- မုဇ်ဒလိဖာဟ်တွင် ရှိုက်သွာန်အား ခဲပေါက်ရန်အတွက် ကြနာစေ့ခန့် ကျောက်စလစ်ခဲများအား စုဆောင်းလိုက်ပါ။ ကျောက်စလစ်ခဲများ မသန့်လျှင် ဆေးကြော၍ သန့်စင်လိုက်ပါ။

မုဇ်ဒလိဖာဟ်မှ အပြန်
ဇိလ်ဟဂ်ျလ ဆယ်ရက်နေ့တွင် မုဇ်ဒလိဖာဟ်မှ မီနာဟ်သို့ ထွက်ခွာရမည်။ အကယ်၍ သတ္တိနှင့် အင်အားရှိလျှင် မိနာဟ်တွင် မိမိတည်းခိုရမည့်နေရာအား ကောင်းစွာသိရှိထားလျှင် အိုမင်းမစွမ်းသူများနှင့် အမျိုးသမီးများ အတူမပါလျှင် မုဇ်ဒလိဖာဟ်မှ မီနာဟ်အထိ ဘတ်စ်ကားများဖြင့် ခရီးနှင်မည့်အစား လမ်းလျှောက်ခြင်းက ပိုလွယ်ကူသည်။ အချိန်များစွာလည်း ကျန်မည်ဖြစ်သည်။
ရှိုက်သွာန်ခဲပေါက်ခြင်း
ဇိလ်ဟဂ်ျလ (၁၁/၁၂) ရက်နေ့ နေမွန်းလွဲပြီးနောက် ဂျမရားသ် သုံးခုလုံးအား ရမီပြုရမည်။ သို့သော် လူများသောအချိန် မသွားပါနှင့်။ လူနည်းပါး ကျဲသွားသည့်အချိန်၌ အေးဆေးစွာ ရမီပြုပါ။
- နေမွန်းမလွဲမီ ရမီပြုခြင်းမပိုင်ပေ။ ဤအချက်အား သတိပြုသင့်သည်။
- အိုမင်းမစွမ်းသူနှင့် အမျိုးသမီးများ ညအခါရမီပြုလျှင် မက္ကရူဟ်မဖြစ်ပေ။ သို့သော် ညအခါတွင် ရမီပြုနိုင်သူများသည် အခြားသူအား မိမိ၏ကိုယ်စား ပြုခိုင်းခွင့်မရှိပေ။ ဤအချက်ကိုလည်း လွန်စွာ သတိထားသင့်သည်။ အချို့သူများသည် ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ မိမိ၏ကိုယ်စား အခြားသူအား ရမီပြုခိုင်းကြသည်။ ဤသို့ပြုခိုင်းသူများ၏ ရမီသည် အထမမြောက်ပေ။ ထိုသူများသည် ရမီလွတ်သွားသည့်အတွက် ဒမ်ထိုက်သည်။
- ခဲလုံးအား အဝိုင်းခတ်ထားသည့်အတွင်းသို့ ဝင်အောင်ပစ်ပါ။ အပြင်သို့မကြစေရ။
- ဂျမ်ရာဟ်အွက်ဘာဟ် နှင့် ဂျမ်ရာဟ်ဝူစ်သွာအား ရမီပြုပြီးနောက် ကိဗ်လာဟ်ဘက်သို့မျက်နှာမူ၍ ဒိုအာတောင်းခြင်းသည် မွစ်သဟဗ်ဖြစ်သည်။ ဂျမ်ရာဟ်အွခ်ရာအ်အား ခဲပေါက်ပြီးနောက် ဒိုအာတောင်းရန် အမိန့်မလာရှိပေ။
- မီနာဟ်တွင် နေထိုင်သည့်ရက်များသည် အထူးတလည် ဇိကိရ်ပြုနေရမည့် နေ့ဖြစ်သည်။ ဤကာလအတွင်းတွင် အမလ်အိဗာဒသ်ကို အထူးအလေးထားပြုလုပ်ပါ။
- ဇိလ်ဟဂ်ျလ (၁၂) ရက်နေ့ နေမဝင်မီအလျှင် မီနာဟ်မှ မက္ကာဟ်သို့ထွက်ခွာရမည်။
- အကယ်၍ ဇိလ်ဟဂ်ျလ(၁၃) ရက်နေ့ နံနက်အာရုံဦးအချိန်ထိ မီနာဟ်တွင် ရှိနေလျှင်(၁၃) ရက်နေ့၏ ရမီသည်လည်း ဝါဂျိဗ်ဖြစ်သည်။
မက္ကာဟ်ရွှေမြို့တော်သို့အပြန်နှင့် သွဝါးဖေဝေဒါအ်
- မက္ကာဟ်ရွှေမြို့တော်သို့ ပြန်လာပြီးနောက် နေရပ်ဋ္ဌာနီသို့ ပြန်လိုသူများသည် မပြန်မီအလျှင် သွဝါးဖေဝေဒါအ် ပြလုပ်ခြင်းသည် ဝါဂျိဗ်ဖြစ်၏။ အကြောင်းမဲ့စွန့်လွှတ်ခဲ့လျှင် ဒမ်ထိုက်မည်။
- သွဝါးဖေဇီယာရသ်ပြီးနောက် ပြုခဲ့သောနဖိလ်သွဝါးဖ်များသည် သွဝါးဖေဝေဒါအ်၏ ကိုယ်စားဖြစ်နိုင်သည်။
- တစ်ဦးတစ်ယောက်သည် သွဝါးဖေဝေဒါအ် မပြုလုပ်ဘဲ မီကားသ်မှ အပြင်သို့ထွက်သွားလျှင် ဒမ်ထိုက်မည်။ ဒမ်မှ လွတ်ကင်းနိုင်မည့်ပုံစံမှာ ဒုတိယတဖန် အွမ္မရာဟ်၏ အဲဟ်ရာမ်ဝတ်ဆင်၍ ဟရာမ်သို့လာပါ။ ဦးစွာအွမ္မရာဟ် ပြုပါ။ တဖန် သွဝါးဖေဝေဒါအ် ပြုပါ။ သီးသန့် သွဝါးဖေဝေဒါအ်အတွက် အပြင်မှ အွမ္မရာဟ်၏ အဲဟ်ရာမ်မဝတ်ဆင်ဘဲ လာခြင်းသည် မပိုင်ပါ။ ဤမတ်စ်အလဟ်အား ကောင်းစွာ နားလည်ထားရမည်။
- အမျိုးသမီးသည် မသန့်ဖြစ်နေလျှင် သွဝါးဖေဝေဒါအ် လုပ်စရာမလိုအပ်တော့ပေ။ သွဝါးဖ် မပြုလုပ်ပဲ နေရာဋ္ဌာနီသို့ ပြန်ခွင့်ရှိသည်။
- မက္ကာဟ်ရွှေမြို့တော်တွင် နေထိုင်ခွင့်ရသလောက်အချိန်အား တန်ဖိုးထားပါ။ သွဝါးဖ်နှင့် အွမ္မရာဟ်များ များမြောင်စွာ ပြုပါ။ ပြန်ချိန်၌ အလွန်ဝမ်းနည်းကြေကွဲမှုဖြစ်ပါ။ ဗိုင်သွလ္လာဟ်အား ခွဲခွာရခြင်းအတွက် ငိုကြွေးပါ။
((ကျမ်းကိုး မစာအိလိမုကလ်မုလုလ်မုဒလ်လလ်
ပြန်ဆိုသူ Shareat Ya Shahadat ))
အလ်မုဖီးဒ်မှ တင်ဆက်သည်။

Wednesday, September 24, 2014

ဟဂ်ျခရီးစဉ်အတွက် အရေးကြီးသော မှာတမ်းမှုတစ်ရပ်


အရေးကြီးသောမှာတမ်းမှုတစ်ရပ်
ဟဂ်ျကုမ္ပဏီဘက်မှ အခက်အခဲကြုံလာ၍ များသောအားဖြင့် အခန်းတစ်ခုတည်း၌သာ လူအများစုစည်းနေစေသည်။ မဲဟ်ရာမ်၊ နာမဲဟ်ရာမ် (နိကာပြုပိုင်သူနှင့် မပြုပိုင်သူ) အားလုံး ရောနှောနေကြရသည်။ ဤသည်မှာ အလွန်ပင် စိတ်ဒုက္ခရောက်၍ အန္တရာယ်အရှိဆုံးနှင့် အပြစ်အကြီးဆုံးသော ကိစ္စရပ်ဖြစ်သည်။ ထို့ကြောင့် ဦးစွာပထမ အမျိုးသားနှင့် အမျိုးသမီး သီးသန့်ခွဲထားနိုင်လျှင် သီးသန့်ခွဲထားရမည်။ အစကတည်းက ခရီးသည်အချင်းချင်း ဤသို့ညှိနှိုင်းလိုက်လျှင် အကောင်းဆုံးဖြစ်သည်။ မည်သည့်အခက်အခဲမှလည်း မရှိတော့ပေ။

သို့သော် ဖော်ပြပုံစံ မဖြစ်နိုင်သည့်အဆုံး တစ်ခန်းတည်းတွင်သာ လူအများစုနေရမည်ဆိုလျှင် အနိမ့်ဆုံး ကန့်လန့်ကာ (လိုက်ကာ) ခြားနေရမည်။ သို့မှသာ အတိုင်းအတာတစ်ခုအထိ အတားအဆီးဖြစ်နိုင်မည်။ မင်္ဂလာရှိလှသော ဟဂ်ျခရီးစဉ်အားလည်း မကောင်းသောအရှုနှင့် အရှက်ကင်းမဲ့မှုများမှ ထိန်းသိမ်းရာရောက်မည်။

အလွန်မှပင် ဝမ်းနည်းဖွယ်ရာဖြစ်သည်။ ဟာဂျီအများစုသည် ဤကိစ္စအား လုံးဝသတိမထားကြပေ။ တည်းခိုခန်းများတွင် သူစိမ်းအမျိုးသားနှင့် အမျိုးသမီးသည် သွေးသားအရင်းအချာများကဲ့သို့ပင် အရော်တဝင်နေကြသည်။ အချို့အချိန်အခါများတွင်မူ သူစိမ်းအမျိုးသားနှင့် အမျိုးသမီး တစ်ခန်းတည်းတွင်း နှစ်ဦးတည်းနေရသည့် အဖြေအနေမျိုးလည်း ကြုံရသည်။ ဤသည်လုံးဝ ဟရာမ်ဖြစ်သည်။ ဤသို့ သတိမမူခြင်းများမှ အတတ်နိုင်ဆုံးရှောင်ကြဉ်ရန် အထူးလိုအပ်ပေသည်။ အမျိုးသမီးသည် မိမိ၏ ဆံပင်အားလည်း သူစိမ်းများ မမြင်တွေ့စေရန် ဖုံးအုပ်ထားရမည်။ ((အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အားလုံးအား ထိန်းသိမ်းတော်မူပါစေ။ အာမီးန်))

(( ကျမ်းကိုး မစာအိလိမုကလ်မိလုလ်မဒလ်လလ်
ပြန်ဆိုသူ Shareat Ya Shadat
အလ်မုဖီးဒ် မှ တင်ဆက်သည်))
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

နောက်ကွယ်အတင်းပြောခြင်း ၏ ဆုံးရှုံးမှု


ဗိစ်မိစ်လ္လာဟစ်ရ်ရဟ်မားန်နစ်ရ်ရဟီးမ်
ဟဇရသ်ထာနဝီသခင် ရဟ်မသွလ္လာအလိုင်မိန့်ကြားတော်မူသည်။ အတင်းပြောဆိုမှုကြောင့် အာရုံခံစားမှုကို ဒုက္ခရောက်စေတယ်။
ဟဇရသ် ထာနဝီ(ရဟ)က အတင်းပြောဆိုရာမှာ လူတို့ဟာ ဘာအရသာရှိတယ်ဆိုတာကို မသိရပေမယ့် တစ်ခဏလောက်တော့ ကိုယ့်စိတ်ထဲမှာ စိတ်ချမ်းသာမှု ရယူလိုက်တယ်။ တကယ်လို့ အဲဒီအတင်းပြောခံရသူ သိသွားရင် သူ့ကိုအငြိုးအတေးထားရင်း သက်တမ်းတစ်လျှောက်လုံး စိတ်ဒုက္ခခံစားနေရမှာပါ။ နည်းနည်းပါးပါးလောက် ခံစားတတ်တဲ့ နှလုံးသားရှိရင် အတင်းပြောဆိုတာနဲ့ အတူတူနှလုံးသားမှာ အကုသိုလ်ကြောင့် အမှောင်ထု ဖြစ်ပေါ်ရတတ်တယ်။ တစ်ယောက်ယောက်က လည်ပင်းကို ဖျစ်ညစ်လိုက်သလို ပြင်းပြင်းထန်ထန် ခံစားရတတ်တယ်။ (အန်ဖှာစေအီစာ-စာ-၁၅၂)

ကျွန်တော်တို့ရဲ့ စိတ်ဓာတ်နဲ့ အာရုံခံစားမှုတွေ ပျက်စီးနေလို့ ကျွန်တော်တို့ အပြစ်ကျူးလွန်ကြပေမဲ့ အပြစ်တွေရဲ့ မှောင်မိုက်မှုကို မခံစားတတ်ကြရဘူး။ အလ္လာဟ်သအာလာက သန့်ရှင်းသန့်ပြန့်အောင် ပြုလုပ်ပေးထားသူတွေရဲ့ နှလုံးသားဟာ သာမာန်အပြစ်ကိုတောင် သူတို့အပေါ် တောင်နဲ့ဖိထားသလို မှောင်မိုက်မှုဒဏ်ကို ခံစားရတတ်တယ်။ မောင်လာနာရူမီး(ရဟ)သခင်က -
"တကယ်လို့ နှလုံးသားရဲ့ ပန်းဥယျာဉ်မှာ ကောက်ရိုးမျှင်တစ်မျှင်စာလောက် လျော့နည်းသွားရုံပဲ စာလီက် (အတွင်း၊ အပြင်ပြုပြင်သူ) ၏ နှလုံးသားအပေါ် ထောင်ပေါင်းမကတဲ့ သောကပူဆွေးမှု ဆိုက်ရောက်ရတော့တယ်လို့ ထောက်ပြခဲ့တယ်။

မောင်လာနာရရှိဒ်အဟ်မဒ်ဂန်ဂိုဟီး (ရဟ)သခင်ရဲ့အဖြစ်အပျက်
မောင်လာနာရရှီးဒ်အဟ်မဒ်ဂန်ဂိုဟီး (ရဟ)သခင်နှင့်ပတ်သက်ပြီး ရှိုင်ခွလ်ဟဒီးဆ် ဟဇ်ရသ် မောင်လာနာ မုဟမ္မဒ် ဇကရီယာ(ရဟ) သခင်ရဲ့ ကျမ်းစာအုပ်တစ်အုပ်မှာဒီလိုဖတ်လိုက်ရတယ်။ တစ်ခါမှာ သခင်ကြီးဟာ အတော်ကို သောကဖြစ်ရင်း ထိုင်နေတယ်။ သောကပင်လယ်ထဲမှာ ကျရောက်နေသလိုထင်ရတယ်။ ဟဇ်ရသ်ကို ကျောင်းသားတစ်ယောက်က "ဟဇ်ရသ်၊ သခင်ကြီးမျက်နှာမှာ သောကဖြစ်နေတာ တွေ့ရပါတယ်။ ကျန်းမာရေးကော ကောင်းပါသလားလို့ မေးမြန်းလိုက်တော့ သခင်က ဟုတ်တယ်၊ သောကဖြစ်နေတယ်။ လို့ပြန်ဖြေခဲ့တယ်။ အဲဒီကျောင်းသားက ဟဇ်ရသ် ဘယ်လိုမျိုးသောက ဖြစ်နေပါသလဲလို့ ထပ်ခါထပ်ခါ မေးမြန်းခဲ့တယ်။ အဲဒီအချိန်မှာ ဒါရွလ်အုလူမ်းဒီယိုဗန်ကျောင်းတော်မှာ ကျောင်းဆင်းပွဲဖြစ်နေတယ်။ ဆရာကြီးကအမိန့်ရှိတယ်။ နမာဇ်ဖတ်ဖို့ ဗလီရောက်သွားတဲ့အခါ သတ်က်ဗီးရ်အူလာ လွတ်သွားခဲ့တယ်။ အီမာမ်ရဲ့ အလ္လာဟုအက္ကဗရ် သံကို မကြားလိုက်ရဘူး။ (၃၅) နှစ်ထဲမှာ ဒီလို သတ်က်ဗီးရ်အူလာလွတ်သွားတာ ပထမဦးဆုံးအကြိမ် ဖြစ်တယ်လို့ ဖြေကြားခဲ့တယ်။ မိတ်ဆွေတို့ ခန့်မှန်းကြည့်ကြစမ်း။ သတ်က်ဗီးရ်အူလာလွတ်တဲ့ အလိုသဘောဟာ ကိရာအသ်ကြားရပြီး ရုကူအ်မှာပါဝင်လိုက်တာဖြစ်တယ်။ ဒီလိုဖြစ်ရင် တိကျခိုင်လုံတဲ့အဆိုအရ သပ်က်ဗီးရ်အူလာမှာ အကျုံးဝင်ပါတယ်။ ဒါပေမယ့် အဲဒီလို ရရှိပါလျှက်နဲ့ သပ်က်ဗီးရ်အူလာ လွတ်သွားရတယ်ဆိုပြီး ဒီလောက် ဝမ်းနည်းပူဆွေးမှု ဖြစ်ခဲ့တယ်။
ကျွန်တော်တို့ရဲ့ အာရုံနံစားမှု ကင်းမဲ့ခြင်း
ကျွန်တော်တို့အနေနှင့် ဂျမာအသ်အတော်များများ လက်လွှတ်ကြရတယ်။ နမာဇီတော်တော်များများဟာ မပ်စ်ဗူးက် ရကအသ်လွတ်သူ ဖြစ်လိုက်ရပြီး နမားဇ်ကို ဖြည့်လိုက်ကြရပေမယ့် အဲဒီလို ဖြစ်လိုက်ရမှုအတွက် ဘယ်လိုမှ ခံစားမှုမရှိကြတာ ကျွန်တော်တို့ထဲမှာ ခံစားမှုကင်းမဲ့နေလို့ပါ။ (အလ္လာဟ်ထံခိုလှုံပါ၏)
အလ္လာဟ်သအာလာသည် မိမိ၏ အသနားတော်နဲ့ အဲဒီအဖြစ်က ကင်းဝေးတော်မူပါစေ။ (အာမီးန်)

***အာခိရသ်ရဲ့နူရ်***
((အလ်မုဖီးဒ်မှ ပြန်လည်တင်ပြသည်))

Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Tuesday, September 23, 2014

ဟဂ်ျပြုလုပ်စဉ် ထားရှိရမည့် စိတ်ထား


သာသနာ့ပညာရှင်အပေါင်းတို့၏ အကြီးအကဲဖြစ်သူ ဟဇရသ်ရှစ်ဘလီသခင်ကြီးသည် ဟဂ်ျပြုလုပ်ပြီးနောက် ပြန်လာသော မိမိ၏တပည့်ရင်းချာ တစ်ဦး၏ ဟဂ်ျ်ခရီးစဉ်နှင့် ကျင့်စဉ် ကျင့်ရပ်များကို ဤသို့စိစစ်ပြီး လိုအပ်သည်များကို ဤသို့ညွှန်ပြသင်ပေးခဲ့သည်။

(၁) မေး။ ။ သင် ဟဂ်ျ်လုပ်မည့်နိယသ် သေသေချာချာ လုပ်ခဲ့သလား။
ဖြေ။ ။ ဟုတ်ကဲ့၊ ကျွန်တော် ဟဂ်ျလုပ်ရန် နိယသ် တိတိကျကျ လုပ်ခဲ့ပါသည်။

(၂) မေး။ ။ နိယသ်လုပ်စဉ် မိမိ၏သက်တမ်း တစ်လျှောက်လုံးတွင် ဟဂ်ျ၏ အနှစ်သာရနှင့်ဆန့်ကျင်စွာ ပြုခဲ့သည့်အမှု အစုစုကိုပယ်ဖျက်ပစ်ရမည့် ရည်ရွယ်ချက်ထားရှိခဲ့သလား။
ဖြေ။ ။ ထိုရည်ရွယ်ချက်မျိုး မထားမိခဲ့ပါ။

(၃) မေး။ ။ သို့ဆိုလျှင် သင်သည် ဟဂ်ျအတွက် နိယသ်မလုပ်ခဲ့ပေ၊ ဆက်လက်၍ အိဟ်ရာမ်ဝတ်ရန် ကိုယ်ခန္ဓာမှ အဝတ်အစားများချွတ်ခဲ့သလား။
ဖြေ။ ။ ဟုတ်ကဲ့၊ အဝတ်အစားအားလုံးချွတ်ခဲ့ပါသည်။

(၄) မေး။ ။ ကိုယ်ခန္ဓာမှ အဝတ်အစားများ ချွတ်စဉ်က အလ္လာဟ်အရှင်မြတ်မှ တစ်ပါးအရာ အားလုံးကို စွန့်ခွာလိုက်သလား။
ဖြေ။ ။ မစွန့်ခွာမိလိုက်ပါ။

(၅) မေး။ ။ သို့ဆိုက သင်သည်ကိုယ်ခန္ဓာမှ အဝတ်အစားများမချွတ်ခဲ့ပေ။ ဆက်လက်၍ အိတ်ရာမ် ဝတ်ရန်အတွက် ရေချိုး၊ ဝုဇူပြုကာ သန့်ပြန့်မှု ရယူလိုက်သလား။
ဖြေ။ ။ ဟုတ်ကဲ့၊ ရေချိုး ဝဇူပြုကာ သန့်ပြန့်မှု ရယူခဲ့ပါသည်။

(၆) မေး။ ။ ထိုသို့ ရေချိုး၊ ဝဇူပြုစဉ်က ညစ်ညမ်းမှုအစုစု၊ ပြစ်မှုအဖုံဖုံတို့မှ သန့်စင်မှု ရလိုက်သလား။
ဖြေ။ ။ ထိုသို့မရခဲ့ပါ။

(၇) မေး။ ။ သို့ဆိုလျှင် သင်သည် သန့်ပြန့်မှုမရခဲ့ပေ။ ဆက်လက်၍ လဗ်ဗိုက်ရွတ်ဆိုခဲ့သလား။
ဖြေ။ ။ ဟုတ်ကဲ့....လဗ်ဗိုက် ရွတ်ဆိုခဲ့ပါတယ်။

(၈) မေး။ ။ အလ္လာဟ်အရှင်မြတ်ထံတော်မှ လဗ်ဗိုက် အတွက် ပြန်ထူးသံ ရလိုက်သလား။
ဖြေ။ ။ မရခဲ့ပါ။

(၉) မေး။ ။ သို့ဆိုလျှင် သင်သည် လဗ်ဗိုက် မရွတ်ခဲ့ပေ။ ဆက်လက်၍ ဟရမ်ပရဝုဏ်အတွင်းသို့ ရောက်ခဲ့ သလား။
ဖြေ။ ။ ရောက်ခဲ့ပါသည်။

(၁ဝ) မေး။ ။ သို့ရောက်ခဲ့စဉ်က ဟရာမ်ဟူ၍တားမြစ်ထားသည့် အမှုကိစ္စဟူသမျှ လုံးဝစွန့်လွှတ်လိုက်ရန် စိတ်ပိုင်းဖြတ်လိုက်သလား။
ဖြေ။ ။ ထိုသို့ စိတ်ပိုင်းဖြတ်မှု မပြုမိခဲ့ပါ။

(၁၁) မေး။ ။ သို့ဆိုလျှင် သင်သည် ဟရမ်အတွင်းသို့ မဝင်ရောက်ခဲ့ပေ။ ဆက်လက်၍ မက္ကဟ်မြို့တော်ကို ဖူးမြော်ခဲ့သလား။
ဖြေ။ ။ ဟုတ်ကဲ့၊ ဖူးမြော်ခဲ့သလား။

(၁၂) မေး။ ။ ထိုအချိန်တွင် နောင်တမလွန်ဌာနကို တွေးမိလိုက်သလား။ 
ဖြေ။ ။ မတွေးမိခဲ့ပါ။

(၁၃) မေး။ ။ ထိုသို့ဆိုလျှင် သင်သည် မက္ကာဟ်မြို့တော်ကို မဖူးမြော်ခဲ့ရပေ။ ဆက်လက်၍ မတ်စ်ဂျစ်ဒေဟရာမ် အတွင်းသို့ ဝင်ရောက်ခဲ့သလား။
ဖြေ။ ။ ဟုတ်ကဲ့ ဝင်ရောက်ခဲ့ပါသည်။

(၁၄) မေး။ ။ ထိုသို့ဝင်ရောက်ခဲ့စဉ်က အလ္လာဟ်အရှင်မြတ်ထံတော်ပါးသို့ ဝင်ရောက် ချဉ်းကပ်ရပေပြီ ဟူသောအတွေး ဝင်မိသလား။
ဖြေ။ ။ ထိုသို့သောအတွေး အလျဉ်းမဝင်ခဲ့ပါ။

(၁၅) မေး။ ။ သို့ဆိုလျှင် အသင်သည် မတ်စ်ဂျဒ်ဒေ ဟရာမ်အတွင်းသို့ဝင်ရောက်ခဲ့ခြင်း မရှိပေ၊ ဆက်လက်၍ ကဟ်ဗဟ်ကျောင်းတော်ကို ဖူးမြော်ခဲ့သလား။
ဖြေ။ ။ ဖူးမြော်ခဲ့ပါသည်။။

(၁၆) မေး။ ။ ထိုသို့ဖူးမြော်ရစဉ် ထိုကျောင်းတော်သို့ ခရီးထွက်လာခြင်း၏ ရည်ရွယ်ချက်ကို သတိရစဉ်းစားမိသလား။
ဖြေ။ ။ သတိမရ၊ မစဉ်းစားမိခဲ့ပါ။

(၁၇) မေး။ ။ သို့ဆိုလျှင် သင်သည်ကဟ်ဗဟ်ကျောင်းတော်ကို မဖူးမြော်ခဲ့ပေ။ ဆက်လက်၍ သဝါဖ်လှည့်စဉ်က ရမလ်လုပ်ခဲ့သလား။
ဖြေ။ ။ ဟုတ်ကဲ့ လုပ်ခဲ့ပါသည်။

(၁၈) မေး။ ။ထိုသို့ရမလ်လုပ်စဉ်က မိမိသည်လောကီ ရမ္မက်အသီးသီးကိုစွန့်ကာ လွတ်ကျွတ်လာပြီလာပြီ ဟူသော အတွေးဝင်ခဲ့သလား။
ဖြေ။ ။ထိုသို့မတွေးမိခဲ့ပါ။

(၁၉) မေး။ ။ သို့ဆိုလျှင် သင်သည် ရမလ်မပြုခဲ့ပေ။ ဆက်လက်၍ ဟဂျရေအတ်စ်ဝပ်ဒ် အပေါ်လက်တင်ကာနမ်းရှုံ့ခဲ့သလား။
ဖြေ။ ။ ဟုတ်ကဲ့ နမ်းရှုံ့ခဲ့ပါသည်။

(၂၀) မေး။ ။ ထိုသို့နမ်းရှုံ့ခဲ့စဉ်က သင့်နှလုံးသားတွင် ပီတိဖြစ်ခဲ့သလား။ ဟဂျရေအတ်စ်ဝပ်ဒ်အပေါ် လက်တင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် မုဆာဖဟ်လုပ်သူပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်နှင့် မုဆာဖဟ်လုပ်သူတွင် ပီတိဝေဖြာနေမည် ဟူ၍ ဟဒီးစ်တော်တွင် လာရှိကြောင်းသင်သိသလား။
ဖြေ။ ။ ပီတိဖြာသည့်လက္ခဏာပင် မတွေ့မိခဲ့ပါ။

(၂၁) မေး။ ။ သို့ဆိုက သင်သည် ဟဂျရေအပ်စ်ဝပ်ဒ်အပေါ် လက်မတင်ခဲ့ပေ။ ဆက်လက်၍ မကာမိအိဗရာဟည်မ်တွင် နဖိလ်နှစ်ရကသ် ဖတ်ခဲ့သလား။
ဖြေ။ ။ ဟုတ်ကဲ့ ဖတ်ခဲ့ပါသည်။

(၂၂) မေး။ ။ ထိုသို့ဖတ်ခွင့်ရခြင်းသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် သင်၏အဆင့်မြင့်တက်ခြင်းပင် ဖြစ်သည်။ ထိုသို့အဆင့်မြင့်တက်မှုမှ ကျရောက်လာသော တာဝန်ဝတ္တရားများကို သင်ကျေပွန်ခဲ့သလား။ ထိုနေရာနှင့် ကိုက်ညီအပ်စပ်သော လျော်ကန်သည့် ကျင့်စဉ်များပြုခဲ့သလား။
ဖြေ။ ။ မည်သည့်ကျင့်စဉ်ကိုမျှ အထူးအလေးထားကာ မပြုမိခဲ့ပါ။

(၂၃) မေး။ ။ သို့ဆိုလျှင် သင်သည် မကာမိအစ်ဗ်ရာဟည်မ်တွင် နမားဇ် မဖတ်ခဲ့ပေ။ ဆက်လက်၍ ဆွဖာဟ်နှင့်မရဝါကြားတွင် စအီပြုလုပ်ရန် ဆွဖာဟ်တောင်ပေါ်သို့ တက်ခဲ့သလား။
ဖြေ။ ။ တက်ခဲ့ပါသည်။

(၂၄) မေး။ ။ ထိုတောင်ပေါ်တွင် မည်သည့်အမလ်ပြုခဲ့သနည်း။
ဖြေ။ ။ သပ်က္ကဗီရ် ခုနစ်ခါ ရွတ်ဆိုကာ ဟဂ်ျကဗွလ်ဖြစ်ရေးအတွက် ဒုအာပြုခဲ့ပါသည်။

(၂၅) မေး။ ။ သပ်က္ကဗီရ်ရွတ်ဆိုစဉ်က ဖရစ်ရှ်တာများ၏ သပ်က္ကဗီရ်ရွတ်ဆိုသံ ကြားခဲ့သလား၊ သပ်က္ကဗီရ်၏အနှစ်သာရအပေါ် သတိမူမိခဲ့သလား။
ဖြေ။ ။ ဖရစ်ရှ်တာများ၏ သပ်က္ကဗီရ်ရွတ်ဆိုသံကိုလည်း မကြားမိခဲ့ပါ၊ သပ်က္ကဗီရ်၏အနှစ်သာရကိုလည်း သတိမမူမိခဲ့ပါ။

(၂၆) မေး။ ။ သို့ဆိုလျှင် သင်သည် သပ်က္ကဗီရ်မရွတ်ဆိုခဲ့ပေ။ ဆက်လက်၍ ဆွဖာဟ်တောင်တော်မှ ပြန်ဆင်းခဲ့သလား။
ဖြေ။ ။ ဆင်းခဲ့ပါသည်။

(၂၇) မေး။ ။ သို့ဆင်းသက်ခဲ့စဉ်က သင်၏နှလုံးသားရှိ ညစ်ညမ်းမှုများ ကင်းစင်သန့်ရှင် သွားကြောင်း ခံစားမိသလား။
ဖြေ။ ။ မခံစားမိခဲ့ပါ။

(၂၈) မေး။ ။ သို့ဆိုလျှင် သင်သည် ဆွဖာဟ်တောင်တော်သို့ အတက်အဆင်း မပြုခဲ့ပေ။ ဆက်လက်၍ ဆွဖာဟ်နှင့်မရ်ဝါအကြားတွင် စအီလုပ်ခဲ့သလား။
ဖြေ။ ။စအီလုပ်ခဲ့ပါသည်။

(၂၉) မေး။ ။ ထိုသို့စအီပြုလုပ်စဉ်က သင့်နှလုံးသားသည် ပစ္စည်းဥစ္စာ အရာဟူသမျှမှ ကင်းလွတ်ကာ အလ္လာဟ်အရှင်မြတ်အပေါ်တွင်သာ အာရုံထားခဲ့သလား။
ဖြေ။ ။ မထားမိခဲ့ပါ။

(၃၀) မေး။ ။ ထိုသို့ဆိုလျှင် သင်သည် စအီမပြုလုပ်ခဲ့ပေ။ ဆက်လက်၍ မရ်ဝဟ်တောင်တော် ပေါ်သို့တက်ခဲ့သလား။
ဖြေ။ ။တက်ခဲ့ပါသည်။

(၃၁) မေး။ ။ ထိုတောင်တော်ပေါ်သို့ရောက်ခဲ့စဉ်က သင့်အပေါ် စကီနာကျခဲ့သလား။ ထိုသို့ကျရောက်ကြောင်းခံစား မိသလား။
ဖြေ။ ။ မခံစားမိခဲ့ပါ။

(၃၂) မေး။ ။ ထိုသို့ဆိုလျှင် သင်သည် မရ်ဝဟ်တောင်တော်ပေါ်သို့ မတက်ခဲ့ပေ။ ဆက်လက်၍ မီနာ သို့သွားခဲ့သလား။
ဖြေ။ ။ သွားခဲ့ပါသည်။

(၃၃) မေး။ ။ မီဏာသို့ရောက်နေစဉ် အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်တော်ကို မက်ထား မျှော်ကိုးမိခဲ့သလား။
ဖြေ။ ။မက်ထား မျှော်ကိုးမှု မပြုမိခဲ့ပါ။

(၃၄) မေး။ ။ သို့ဆိုလျှင် သင်သည် မီဏာသို့မရောက်ခဲ့ပေ။ ဆက်လက်၍ မီဏာတွင်ရှိသော မတ်စ်ဂျိဒိခိုက်ဖ်သို့ ရောက်ခဲ့သလား။
ဖြေ။ ။ ရောက်ခဲ့ပါသည်။

(၃၅) မေး။ ။ ထိုဗလီတော်ထဲတွင် ရှိနေစဉ်က အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရိုကျိုးမှု ပိုလာသလား။
ဖြေ။ ။ ကြောက်ရွံ့ရိုကျိုးမှု ပိုလာခြင်း မရှိခဲ့ပါ။

(၃၆) မေး။ ။ သို့ဆိုလျှင် သင်သည် မတ်စ်ဂျိဒီခိုက်ဖ်သို့ မရောက်ခဲ့ပေ။ ဆက်လက်၍ အရဖာတ်ကွင်းပြင်တော်သို့ရောက်ခဲ့သလား။
ဖြေ။ ။ ရောက်ခဲ့ပါသည်။

(၃၇) မေး။ ။ အရဖာတ် ကွင်းပြင်တော်သို့ ရောက်နေစဉ် ဤလောကသို့ ရောက်လာရသည့်အကြောင်း၊ ရောက်ရှိနေခိုက်တွင် မည်သည့်အမှုပြုလုပ်နေကြောင်း၊ မည်သည့်နေရာသို့ ပြန်သွားရမည်ဖြစ်ကြောင်း စသည်တို့ကို တွေးတောစဉ်းစားမိသလား။
ဖြေ။ ။ မတွေးတော မစဉ်းစားမိခဲ့ပါ။

(၃၈) မေး။ ။ သို့ဆိုလျှင် သင်သည် အရဖာတ်ကွင်းပြင်တော်သို့ မရောက်ခဲ့ပေ။ ဆက်လက်၍ မွဇ်ဒလ်ဖဟ်သို့ သွားရောက်ခဲ့သလား။
ဖြေ။ ။ သွားရောက်ခဲ့ပါသည်။

(၃၉) မေး။ ။ မွဇ်ဒလ်ဖဟ်တွင် အလ္လာဟ်အရှင်မြတ်မှအပ မည်သည့် စိတ်ကူးစိတ်သန်းမှမပါသည့် ဇိကိရ်မျိုး ပြုခဲ့သလား။
ဖြေ။ ။ ထိုသို့သော ဇိကိရ်မျိုး မပြုမိခဲ့ပါ။

(၄၀) မေး။ ။ သို့ဆိုလျှင် သင်သည် မွဇ်ဒလ်ဖဟ်သို့ မရောက်ခဲ့ပေ။ ဆက်လက်၍ မီဏာသို့ သွားကာ ကုရ်ဗာနီ လုပ်ခဲ့သလား။
ဖြေ။ ။ လုပ်ခဲ့ပါသည်။

(၄၁) မေး။ ။ ကုရ်ဗာနီလုပ်နေစဉ် မိမိ၏စိတ်ရိုင်းကိုပါ ဇဗဟ်လုပ်လိုက်သလား။
ဖြေ။ ။ မလုပ်မိခဲ့ပါ။

(၄၂) မေး။ ။ သို့ဆိုလျှင် သင်သည် ကုရ်ဗာနီမလုပ်ခဲ့ပေ။ ဆက်လက်၍ ရမီလုပ်ခဲ့သလား။
ဖြေ။ ။ လုပ်ခဲ့ပါသည်။

(၄၃) မေး။ ။ ကျောက်စရစ်ခဲတစ်လုံးပေါက်တိုင်း သင့်ထံမှ မနာခံလိုသည့် ဥာဉ်ဆိုးများ လွင့်ပါးသွားပြီး၊ တွေးခေါ် မြော်မြင်ဆင်ခြင်မှုမြင့်မားလာကြောင်း သတိထားမိသလား။
ဖြေ။ ။ ထိုသို့ သတိမထားမိခဲ့ပါ။

(၄၄) မေး။ ။ သို့ဆိုလျှင် သင်သည် ရမီ မပြုခဲ့ပေ။ ဆက်လက်၍ တဝါးဖိဇိယာုရသ် လုပ်ခဲ့သလား။
ဖြေ။ ။ လုပ်ခဲ့ပါသည်။

(၄၅) မေး။ ။ ထိုတဝါးဖ်လုပ်နေစဉ် သင့်တွင် တင်ရှိနေသော တာဝန်များ သိမြင်လိုက်သလား။ သင့်အပေါ်သို့ ရဟ်မသ်မိုး ရွာသွန်းခဲ့သလား။ (ဟဂ်ျ၊ အွန်မ္မရဟ် လုပ်သူတို့မှာ အလ္လာဟ်အရှင်မြတ်အား တွေ့ဆုံကြခြင်းဖြစ်သည်။ လာရောက်တွေ့ဆုံသူအား ဧည့်ခံပြုစုရန်မှာ အတွေ့ခံသူ ဧည့်သည်၏ တာဝန်ဖြစ်သည်။ ဟူသောတမန်တော်မြတ် ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လာမ်၏ ဟဒီးစ်တော်ကို ကိုးကား မေးမြန်းခြင်းဖြစ်သည်။ )
ဖြေ။ ။ ကျွန်တော့်တွင် မည်သို့မျှ ထိတွေ့ခံစားမိခဲ့ခြင်း မရှိပါ။

(၄၆) မေး။ ။ သို့ဆိုလျှင် သင်သည် တဝါးဖိဇိယာရတ် မလုပ်ခဲ့ပေ။ ဆက်လက်၍ ဟိလာလ် လုပ်ခဲ့သလား။
ဖြေ။ ။ လုပ်ခဲ့ပါသည်။

(၄၇) မေး။ ။ ထိုအချိန်တွင် ဟလာလ်နည်းဖြင့်သာ အသက်မွေးရန် စိတ်ပိုင်းဖြတ်လိုက်သလား။
ဖြေ။ ။ မပိုင်းဖြတ်မိခဲ့ပါ။

(၄၈) မေး။ ။ သို့ဆိုလျှင် သင်သည် ဟိလာလ်မပြုခဲ့ပေ။ ဆက်လက်၍ အလ်ဝေဒါအီတဝါးဖ် လုပ်ခဲ့သလား။
ဖြေ။ ။ လုပ်ခဲ့ပါသည်။

(၄၉) မေး။ ။ ထိုအချိန်တွင် သင်သည် မိမိ၏ စိတ်အလို၊ ကိုယ်အလိုများကို မလိုက်တော့ရန် ယတိပြတ် အဓိဌာန်ပြုခဲ့သလား။
ဖြေ။ ။ မပြုမိခဲ့ပါ။

(၅၀) မေး။ ။ ထိုသို့ဆိုက သင်သည်အလ်ဝေဒါအီတဝါးဖ်မလုပ်ခဲ့ပေ၊ ထို့နောက် ဆရာသခင်ကြီးက ဆက်လက်၍ ငါ ယခု သင့်ကို မေးမြန်း သင်ကြားပေးသည့်အတိုင်း ဟဂ်ျလုပ်ရန် တစ်ဖန် သွားရောက်လော့......ဟုမှာကြားတော်မူလိုက်ပေသည်။

*ချစ်ကြည်တွယ်တာနေသူတို့ မည်သို့ ဟဂ်ျလုပ်ကြကြောင်း ရေးရေးမျှ သိမြင်စေရန် တစ်စေ့တစ်စောင်းမျှသာ ရေးသားဖော်ပြခြင်းဖြစ်သည်။ 
အလ္လာဟ်အရှင်မြတ်သည်မိမိ၏အသနားတော်သက်သက်ဖြင့် ဤသေးသိမ်သူ ကျွန်ုပ်နှင့် သင်စာရှုသူအား ထိုဟဂ်ျမျိုးလုပ်ဆောင်နိုင်ခွင့် ချီးမြှင့်ပေးသနားတော်မူပါစေ......အာမီးန်.....။
အမှန်စင်စစ် ဤခရီး၏ ခရီးစဉ်တစ်လျှောက်လုံးတွင် လောကီရမ္မက်ကို ချေဖျက်ကာ အလ္လာဟ်အရှုင်မြတ်နှင့်သာ စဉ်ဆက်မပြတ် ခိုင်မာစွာ ဆက်သွယ်မိရေးအတွက် ကြိုးပမ်းနေရပေမည်။

Credit, ဖဇာအိလေ့ဟဂ်ျကျမ်းမှ ကူးယူဖော်ပြပါသည်။ (အလ်မုဖီးဒ်)

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Monday, September 22, 2014

အမျိုးသမီးများ၏ ဟဂ်ျခရီးစဉ်အတွက် အရေးကြီးလှသော မတ်စ်အလဟ်များ


အမျိုးသမီးများ၏ ဟဂ်ျခရီးစဉ်အတွက် အရေးကြီးလှသော မတ်စ်အလဟ်များ

အမေး။ ကျွန်မသည် ဟဂ်ျပြုရန် ရည်ရွယ်ထားပါသည်။သို့သော် ဟဂ်ျကာလအတွင်း ကိုယ်မသန့် ဖြစ်သွားမည်ကို စိုးရိမ်နေရသည်။အကယ်၍ ဤသို့ဖြစ်သွားပါက မည်သို့ပြုရမည်နည်း။ မတ်စ်ဂျိဒိနဗဝီတွင် နမားဇ်အကြိမ်လေးဆယ်နှင့်ပက်သက်၍ မည်သို့ပြုရမည်နည်း။
အဖြေ။ အသင်မ၏ သောကသည် မတ်စ်အလဟ် နားမလည်သောကြောင့် ဖြစ်ပါသည်။ ဟဂ်ျ၏ ကျင့်စဉ်များတွင် ဗိုင်သွလ်လဟ်(ကအ်ဗာဟ်ကျောင်းတော်) ၏ သွဝါးဖ်မှလွဲ၍ ကျန်လုပ်ဆောင် ချက်အားလုံးအား အမျိုးသမီးများသည် မသန့်သောကာလအတွင်း ပြုနိုင်ပါသည်။

- အကယ်၍ ဟဂ်ျ (သို့) အွမ္မရာဟ်၏ အဲဟ်ရာမ် မရုံမီအလျှင် ကိုယ်မသန့်ရက်များစတင်သွားပါက ရေချိုး၍ အဲဟ်ရာမ်ရုံလိုက်ပါ။အဲဟ်ရာမ်ရုံပြီးသည့်နောက် ဖတ်ရသည့် နမားဇ်နှစ်ရကအသ်အား မဖတ်ပါနှင့်။
- ဟာဂျီသည် မက္ကဟ်ရွှေမြို့တော်သို့ ရောက်ရှိပြီးနောက် ပထမဆုံးပြုလုပ်ရသည့်သွဝါးဖ် (ဤသည်ကို သွဝါးဖေကူဒူးမ် ဟုခေါ်ပါသည်။) ပြုလုပ်ခြင်းသည် စွန္နသ် ဖြစ်သည်။အမျိုးသမီးသည် မိမိ၏ မသန့်ရက်အတွင်း သွဝါးဖေကူဒူးမ် မလုပ်ရပေ။ မိနာဟ်သို့ မသွားမီအလျှင် သန့်ပြန့်မှုရရှိသွားပါက သွဝါးဖေကူဒူးမ် ပြုလုပ်လိုက်ပါ။မသန့်ဖြစ်နေပါကလည်း အကြောင်းမဟုတ်ပေ။ ကဖ်ဖာရာဟ် မထိုက်ပေ။
- ဇိလ်ဟဂ်ျလ ဆယ်ရက်မြောက်နေ့တွင် သွဝါးဖေဇီယာရသ် ပြုရပေမည်။ဤသည်မှာ ဟဂ်ျ၏ဖရပ်ဇ်အချက် ဖြစ်သည်။ အကယ်၍ အမျိုးသမီးသည် မသန့်သောကာလဖြစ်နေပါက သွဝါးဖေဇီယာရသ်အား ဆိုင်းငံထားပါ။ သန့်ပြန့်ပြီးနောက်မှသာ သွဝါးဖေဇီယာရသ် ပြုပါ။
- မက္ကဟ်ရွှေမြို့တော်မှ နှုတ်ဆက်ထွက်ခွာချိန် သွဝါးဖေဝေဒါအ်ပြုရသည်။ ဤသည်မှာ ဝါဂျိဗ်ဖြစ်ပေသည်။ အကယ်၍ အမျိုးသမီးသည် မသန့်သောကာလဖြစ်နေပါက ဤသွဝါးဖ်ကိုမပြုလုပ်ရ။ ဝါဂျိဗ်တာဝန်မှာလည်း ပျက်ပြယ်သွားပေမည်။
- ကျန်ရှိသော အမလ်များဖြစ်သည့် မိနာဟ် / အရ်ဖားသ် / မွဇ်ဒလိဖာဟ် အစရှိသည်များတွင် လုပ်ဆောင်ရသောအအ်မာလ်များအတွက်အမျိုးသမီးသည် သန့်ပြန့်ရန် မလိုအပ်ပေ။
- အကယ်၍ အမျိုးသမီးသည် အွမ္မရာဟ်၏ အဲဟ်ရာမ်ရုံထားပါက သန့်ပြန့်သွားသည့်အချိန်ထိ သွဝါးဖ်နှင့် စအီ မပြုလုပ်ရပေ။ဤပုံသဏ္ဍန်တွင်သူမသည် အွမ္မရာဟ်၏ ကျင့်ဆောင်ချက်များ ပြုလုပ်ရန် အခွင့်မကြုံလိုက်ဘဲ (ဟဂ်ျပြုရန်အတွက်) မိနာဟ်သို့ထွက်ခွာရန် အချိန်ကြရောက်လာပါက အွမ္မရာဟ်၏ အဲဟ်ရာမ်အားချွတ်၍ ဟဂ်ျ၏ အဲဟ်ရာမ်ရုံလိုက်ပါ။ ဆိုလိုသည်မှာ နဖိလ်မဖတ်တော့ဘဲ ဝူဇူပြု၍ ဟဂ်ျ၏အဲဟ်ရာမ်အတွက် နိယသ် ပြုလိုက်ပါ။အွမ္မရာဟ်၏ အဲဟ်ရာမ်ချွတ်လိုက်ရသည့်အတွက် နောက်မှ (သန့်ပြန့်သွားသည့်အခါမှ) အွမ္မရာဟ် ပြန်လုပ်ပါ။
- မတ်စ်ဂျိဒိနဗဝီတွင် နမားဇ်အကြိမ်ပေါင်း လေးဆယ်ဖတ်ရွတ်ရန်မှာ အမျိုးသားများအတွက် မွစ်သဟဗ်ဖြစ်သည်။အမျိုးသမီးများတွက် မဟုတ်ပေ။ *** အမျိုးသမီးများအတွက် မက္ကာဟ်ရွှေမြို့တော်နှင့်
မဒီနာဟ်ရွှေမြို့တော်တွင်လည်း ဗလီထက်စာလျှင် မိမိ၏တည်းခိုရာနေရာ၌သာ နမားဇ်ဖတ်ခြင်းက သာပို မွန်မြတ်ပေသည်။

မတ်စ်အလဟ်
အကယ်၍ အမျိုးသမီးသည် အဲဟ်ရာမ်၏အခြေအနေတွင် ဟိုက်ဇ် (သို့မဟုတ်) နိဖားစ် ရက်များနှင့် ကြုံလာပါက သန့်ပြန့်သည့်အချိန်ထိစောင့်ဆိုင်းရမည်။
- သန့်ပြန့်ပြီးသည့်နောက်မှသာ သွဝါးဖ်နှင့်စအီ ပြုရပေမည်။
- ပြီးလျှင် ဆံပင်ညှပ်၍ အွမ္မရာဟ် အပြည့်ပြုလုပ်ပါ။
- အကယ်၍ အွမ္မရာဟ်ပြုပြီးသည့်နောက် ဇိလ်ဟဂ်ျလ (၈) ရက်မြောက်နေ့တွသ် ဟဂ်ျ၏အဲဟ်ရာမ်ရုံပြီးနောက်မှ ဟိုက်ဇ် (သို့) နိဖားစ် ဖြစ်ပေါ်လာပါက ဟဂ်ျ၏ကျင့်ဆောင်ချက်များအားလုံး ပြုလုပ်လိုက်ပါ။ ဝုကူဖေအရဖာဟ်/ ဝုကူဖေမုဇ်ဒလိဖာဟ်/ ခဲပေါက်ခြင်း/ သလ်ဗီယာဟ် နှင့် ဇိကိရ် အားလုံးပြုပိုင်သည်။ အကယ်၍ ဟဂ်ျ၏သွဝါးဖ်နှင့်စအီပြုပြီးနောက်မှ ဟိုက်ဇ် (သို့) နိဖားစ်ဖြစ်လာလျှင် သွဝါးဖေဝေဒါအ်၏ အမိန့် ပျက်ပြယ်သွားပေမည်။အဘယ့်ကြောင့်ဆိုသော် ဟိုက်ဇ်နှင့် နိဖားစ်သွေး ဆင်းနေသောအမျိုးသမီးအတွက် သွဝါးဖေဝေဒါအ် မရှိတော့ပေ။
မတ်စ်အလဟ်
အမျိုးသမီးများသည် ဟိုက်ဇ် (သို့) နိဖားစ်၏အခြေနေတွင်ရှိပါက သွဝါးဖေဗိုင်သွလ္လာဟ်(ကအ်ဗာဟ်၏ သွဝါးဖ်) နှင့် စအီပြုခြင်းမှလွဲ၍ ကျန်ရှိသော ကျင့်ဆောင်မှုများအားလုံး ပြုပိုင်သည်။သွဝါးဖေဗိုင်သွလ္လာဟ်(ကအ်ဗာဟ်၏ သွဝါးဖ်) မပြုလုပ်ရသည့်အကြောင်းမှာ သွဝါးဖ်အတွက် သန့်ပြန့်မှုရှိရန် အရေးကြီးသည်။ စအီမပြုရသည့်အကြောင်းမှာ စအီသည် သွဝါးဖ်မပါဘဲ မပိုင်သည့်အတွက် ကြောင့်ဖြစ်သည်။
မတ်စ်အလဟ်
အမျိုးသမီးများသည် လူများပြားလှသောအခြေအနေတွင် တိုးကြိတ်ကာ ဟဂျရေအတ်စ်ဝဒ် ကျောက်နက်တုံးအား နမ်းရှုံ့ခြင်းသည် မပိုင်ပေ။
(အဘယ့်ကြောင့်ဆိုသော် အမျိုးသမီးအတွက် ဟဂ်ျရေအတ်စ်ဝဒ်ကျောက်နက်တုံးအား နမ်းခြင်းထက် မိမိ၏ ပရ်ဒါအားဂရုပြုရန်၊ ပရ်ဒါအား အလေးထားရန် ပို၍ အရေးကြီးပေသည်။ လူများနှင့် တိုးကြိတ်သွားရောက်လျှင် ယောက်ျားများနှင့် မိမိ၏ ခန္ဓာကိုယ်ထိတွေ့မှုကြားတွင် ပရ်ဒါအား ထိန်းသိမ်းနိုင်မည်မဟုတ်တော့ပေ။ အမိန့်များနှင့် ယင်း၏အဆင့်အတန်း၊ လုပ်ဆောင်ချက်တိုင်း၏ အဆင့်အတန်းကို အမျိုးသမီးတိုင်း ခွဲခြားစွာ သိမြင်ရန် အလွန်အရေးကြီးပေသည်။ သာသနာက မပြုပိုင်။ မလုပ်ရဟု တားမြစ်ထားသည့် အရာကို လူအများက လုပ်ဆောင်နေပါကလည်း ယင်းမပြုပိုင်သည့်ကိစ္စသည့် ပြုပိုင်သည့်ကိစ္စအဖြစ်သို့ ပြောင်းလဲမသွားပေ။ မပြုပိုင်သည့်ကိစ္စကို ပိုင်သယောင်နှင့် ကျင့်သုံးသူအတွက် ဂုနာ၏ပြစ်ဒဏ်ကို ခံရမည်။ ထိုအထဲတွင် အမိန့်ကို သိရှိသူကလည်း ရောယောင်သွားပါက နှစ်ဆခံရမည်ဖြစ်သည်။)
မတ်စ်အလဟ်
ကိုယ်တော်သခင် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ရောင်ဿွာတော်တွင် အခစားဝင်ရန်အတွက် လူအများကြားတိုးကြိတ်၍ သွားရောက်ခြင်းသည် မပိုင်ပေ။ အထူးသဖြင့် အမျိုးသမီးများသည် အမျိုးသားများ၏ အစုအဝေးတွင် ဝင်ရောက်တိုးဝှေ့ခြင်းသည် ဟရာမ်ဖြစ်သည်။ ဤသို့အခြေအနေမျိုးတွင် အဝေးမှပင် ဒရူးဒ် နှင့် စလာမ်ကို ဖတ်လိုက်ရပေမည်။

အရဖားသ်ကွင်းပြင်တွင် ဟိုက်ဇ်လာနေသောအမျိုးသမီးသည် ကုရ်အာန်အာယသ် အစရှိသည်တို့အား ရွတ်ဖတ်ခြင်း

မတ်စ်အလဟ် (၁) 
အမျိုးသမီးသည် ဟိုက်ဇ် (သို့) နိဖားစ်သွေး ဆင်းနေသောကာလအတွင်း ကုရ်အာန်ကျမ်းတော်မြတ်၏ မည်သည့်အာယသ်တော်ကိုမဆို သိလာဝသ်၏နိယသ်ဖြင့် ဖတ်ပိုင်ခွင့်မရှိပေ။သို့သော် အလ္လာဟ်အရှင်မြတ်၏ ချီးမွမ်းထောပနာပြုသော အာယသ်တော်များနှင့် ဒုအာ၏အာယသ်တော်များအား ဇိကိရ်နှင့် ဒုအာ၏နိယသ်ဖြင့် ဖတ်ပိုင်ပေသည်။
မတ်စ်အလဟ် (၂) 
ဟိုက်ဇ် (သို့) နိဖားစ်ဖြစ်နေသောအမျိုးသမီးနှင့် ရေချိုးရန်တာဝန်ထိုက်နေသူ (အမျိုးသား/သမီး) သည် ဗလီထဲသို့သွားခြင်း၊ ကအ်ဗာဟ်ကျောင်းတော်အား သွဝါးဖ်ပြုခြင်း၊ ကုရ်အာန်ကျမ်းတော်မြတ်ဖတ်ရွတ်ခြင်းနှင့် ထိတွေ့ခြင်းသည် မပိုင်ပေ။
မတ်စ်အလဟ် (၃) 
စူရဟ်ဖာသေဟဟ်တစ်ပုဒ်လုံးကို ဒုအာနိယသ်ဖြင့်ဖတ်ခြင်း (သို့) ကုရ်အာန်ကျမ်းလာဒုအာများကို သိလာဝသ် နိယသ်ဖြင့်မဟုတ်ဘဲ ဒုအာနိယသ်ဖြင့်သာဖတ်ရွတ်ခြင်း ပိုင်သည်။အပြစ်မထိုက်ပေ။ဥပမာ
((ရဗ္ဗနာ အာသိနာ)) အစရှိသည်တို့အား ဒုအာ၏နိယသ်ဖြင့် ဖတ်ခြင်းသည် ပိုင်ပါသည်။ အရဖားသ်ကွင်းပြင်တွင်လည်း ထိုနည်းတူစွာပင် ဖတ်ပိုင်သည်။ စူရာအိခ်လားစ်ွတစ်ပုဒ်လုံးကိုလည်း ဇိကိရ်၏နိယသ်ဖြင့် ဖတ်ပိုင်သည်။ သိလာဝသ် နိယသ်ဖြင့်မဖတ်ရ။
ﻻ اله الا انت سبحانك اني كنت من الظالمين
ဤအာယသ်တော်အားလည်း ဇိကိရ်၏နိယသ်ဖြင့် ဖတ်ပိုင်သည်။သို့သော် အာယသ်တော်များအား လက်ဖြင့် တိုက်ရိုက်ထိတွေ့ခွင့်မရှိပေ။
မတ်စ်အလဟ် (၄) 
ဝူကူဖေအရဖာဟ်အတွက် သန့်ပြန့်ခြင်းသည် အရေးမကြီးပါ။ အကယ်၍အမျိုးသမီးသည် ဟိုက်ဇ် (သို့) နိဖားစ်၏ အခြေအနေတွင်ရှိပါ ဝူကူဖေအရဖာဟ် ပိုင်ပေသည်။

အမျိုးသမီးများ ဟဂ်ျကာလအတွင်း ဟိုက်ဇ် (ဓမ္မတာ) ဖြစ်လာလျှင် မည်သို့ပြုရမည်နည်း။

မတ်စ်အလဟ် (၁)
ဟရမိုင်းန်ရှရီဖိုင်းန် (မတ်စ်ဂျိဒိဟရာမ် နှင့် မတ်စ်ဂျိဒိနဗဝီ) တွင် နမားဇ်အပြည့်အဝ ဝတ်ပြုနိုင်ရန်ရည်ရွယ်၍ ဓမ္မတာမဖြစ်စေရန် တားဆီးသောဆေးဝါးများ သုံးစွဲခြင်းသည် ပိုင်ပါသည်။ (ယင်းသို့သုံးစွဲခြင်းသည် အကယ်၍ သုံးစွဲသူအနေဖြင့် မိမိ၏ကျန်းမာရေးကို ထိခိုက်နိုင်သည်ဟု ယူဆ ယုံကြည်ပါက မသုံးဆွဲရပေ။ ထို့ပြင် ယင်းသို့ အရင်က သုံးစွဲဖူးသည်။ သုံးစွဲသည့်အခါ ကျန်းမာရေးလည်း ထိခိုက်ဖူးပါက မိမိ၏ကျန်းမာရေးကို အထိခိုက်ခံကာ ထိုဆေးဝါးများသုံးစွဲခြင်းသည် မပိုင်ပါ။ (တည်းဖြတ်သူမှ တင်ပြခြင်းဖြစ်သည်။)
မတ်စ်အလဟ် (၂)
အမျိုးသမီးသည် ဓမ္မတာဖြစ်နေသည့်အတွက် စအီပြုခြင်းကို သွဝါးဖ်ထက်အလျှင် ပြုလုပ်ခြင်းသည်မပိုင်ပါ။ သန့်ပြန့်ပြီးမှသာ သွဝါးဖ်နှင့် စအီပြုလုပ်၍ အဲဟ်ရာမ်ချွတ်ရပေမည်။ သန့်ပြန့်သည့်ရက် မရောက်မခြင်းအဲဟ်ရာမ်မချွတ်ရပေ။
မတ်စ်အလဟ် (၃)
သွဝါးဖ်ပြုနေရင်း ဓမ္မတာဖြစ်လာလျှင် သွဝါးဖ်ပြုနေခြင်းအားရပ်ဆိုင်းလိုက်ပါ။ဓမ္မတာပြီးဆုံးသွားမှသာ အစမှတဖန် သွဝါးဖ်ပြန်လုပ်ပါ။
မတ်စ်အလဟ် (၄)
ဇိလ်ဟဂ်ျလ (၁၂) ရက်မြှောက်နေ့ နေမဝင်မီသန့်ပြန့်သွားပြီး ရေချိုးကာ သွဝါးဖ်အပြည့် (သွဝါးဖ် ၇ ပတ်) သို့ လေးပတ်ခန့် လုပ်နိုင်ပါလျှက် မပြုလုပ်ခဲ့လျှင် ဒမ်ထိုက်သည်။ ဤမျှအချိန်မရခဲ့လျှင်ဒမ်မထိုက်ပေ။
မတ်စ်အလဟ် (၅)
မိမိဓမ္မတာဖြစ်ပေါ်မည့်အချိန်အား ခန့်မှန်းနိုင်သည်။ ယခု ဓမ္မတာမဖြစ်မီ သွဝါးဖ်အပြည့် (သို့) လေးပတ် ပြုနိုင်ပါလျှက် မပြုဘဲနေလိုက်သည်။ ပြီးနောက် ဓမ္မတာဖြစ်လာသည်။တဖန် ကုရ်ဗာနီအီးဒ်ပြီးမှ သန့်ပြန့်လျှင် ဒမ်ဝါဂျိဗ်ထိုက်မည်။အကယ်၍ သွဝါးဖ်လေးပတ်ခန့်ပြုနိုင်မည့်အချိန်မရခဲ့လျှင် ဒမ်မထိုက်ပေ။

အမျိုးသမီးသည် အဲဟ်ရာမ်မှထွက်ရန်အတွက် ဆံပင်မည်မျှ ညှပ်ရမည်နည်း။ 

အမေး။ ဟဂ်ျတွင် အမျိုသားများသည် ကုရ်ဗာနီပြုပြီးနောက် ခေါင်းတုံးကြသည်။ အမျိုးသမီးအနေဖြင့် ဆံပင်မည်မျှ ညှပ်ရမည်နည်း။ဆံပင်အောက်ဖက်မှ ညှပ်ရမည်လား။ (သို့) နဖူးဆံစမှလည်း ညှပ်နိုင်ပါသလား။
အဖြေ။ အမျိုးသမီးသည် မိမိ၏ ဆံပင်အားလုံးကိုစုစည်း၍ အောက်ဖက်မှ လက်တစ်ဆစ်ညှပ်ရမည်။ ကိုယ်တိုင်လည်းညှပ်နိုင်သလို အခြားအမျိုးသမီးအားလည်း ညှပ်ခိုင်းနိုင်သည်။ မိမိ၏မဲဟ်ရမ် (နိကာဟ်မပြုပိုင်သော သွေးသားအရင်းအချာ) အမျိုးသားများအားလည်း ညှပ်ပေးခိုင်းနိုင်သည်။ အွမ္မရာဟ်ပြုသည့် အရေအတွက်နှင့်အညီ ဆံပင်ညှပ်ရန် အရေးကြီးသည်။

အမျိုးသမီးများအတွက် ခေါင်းတုံးခြင်းကို တားမြစ်ထားခြင်းသည် အဘယ့်ကြောင့်နည်း။

ဟဇရသ်အလီသခင် (ရသွီယလ္လာဟုအန်ဟု) နှင့် ဟဇရသ်အာအေရှာသခင်မ (ရသွီယလ္လာဟုအန်ဟာ) တို့ထံမှဆင့်ပြန်ချက်လာရှိသည်မှာ တမန်တော်မြတ်ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်သည် အမျိုးသမီးများအား ခေါင်းတုံးခြင်းမှ တားမြစ်တော်မူခဲ့သည်။
ဟဇရသ်အိဗ်နေအဗ္ဗားစ်သခင် (ရသွီယလ္လာဟုအန်ဟု) ထံမှ ဤသို့ဆင့်ပြန်ချက်လာရှိသည်။ အမျိုးသမီးများအတွက် ခေါင်းတုံးခြင်းမရှိ။ (ဟဂ်ျတွင်) ဆံပင်ညှပ်ရန်သာလိုအပ်သည်။
ရှင်းလင်းချက်
အမျိုးသမီးများသည် အဲဟ်ရာမ်မချွတ်မီခေါင်းတုံးရန်မှာ အချက်နှစ်ချက်ကြောင့်မလိုအပ်ပေ။
(၁) ခေါင်းတုံးလိုက်ခြင်းဖြင့် အမျိုးသမီးသည် ကျက်သရေမဲ့ (အလှအပမဲ့) ဖြစ်သွားသည်။ မုစ်လဟ်ဟုခေါ်သည့် ရုပ်ဆင်းသဏ္ဍန်ကို ဖျက်စီးခြင်းဖြစ်သောကြောင့် လုံးဝမပိုင်ပေ။
(၂) ခေါင်းတုံးလိုက်ခြင်းဖြင့် အမျိုးသမီးသည် အမျိုးသားများနှင့် ပုံစံတူသွားသည်။ အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ ပုံစံတူပြုလုပ်ခြင်းသည် လုံးဝမပြုပိုင်ပေ။

သွဝါးဖေဇိယာရသ်ပြုနေချိန် ဓမ္မတာ(ဟိုက်ဇ်)ဖြစ်လာလျှင် မည်သို့ပြုရမည်နည်း။

မတ်စ်အလဟ် (၁)
သွဝါးဖေဇိယာရသ်သည် ဟဂ်ျ၏ အရေးကြီးလှသော ရုကူန်တစ်ခုဖြစ်ပေသည်။ သွဝါးဖေဇိယာရသ် မပြုလုပ်ဘဲ နေရပ်ဋ္ဌာနီ (မိမိနေထိုင်သည့်နိုင်ငံ) သို့ ပြန်သွားခဲ့လျှင် ထိုအဲဟ်ရာမ်ဖြင့်သာမက္ကာရွှေမြို့တော်သို့ပြန်လာ၍ သွဝါးဖေဇိယာရသ် ပြုရပေမည်။ သွဝါးဖေဇိယာရသ်ကို မပြုလုပ်သရွေ့ ခင်ပွန်းနှင့် ဇနီး နှစ်ဦးစလုံး အဲဟ်ရာမ်၏ အခြေအနေတွင်သာ ရှိနေမည်။(နှစ်ဦးအတူပေါင်းသင်းဆက်ဆံနေထိုင်ခွင့် မရှိသေးပေ။) သွဝါးဖေဇိယာရသ် မပြုလုပ်ပါက ဟဂ်ျလည်းပိုင်မည်မဟုတ်။ ဒမ်ဖြင့်လည်းအစားထိုးနိုင်မည်မဟုတ်ပါ။ တစ်ဖန်ပြန်သွား၍ သွဝါးဖ်ပြုရပေမည်။သွဝါးဖ်အား ဆိုင်းငံခဲ့သည့်အတွက် ဒမ်ပေးရမည်။အမျိုးသမီးသည် ဤရက်ပိုင်းအတွင်း မသန့်ရှင်းပါက ခရီးစဉ်အား ဆိုင်းငံထားပါ။သန့်ပြန့်၍ သွဝါးဖ်မပြုလုပ်မခြင်း မက္ကာဟ်ရွှေမြို့တော်မှ မထွက်ခွာရပေ။ ဓမ္မတာအားရပ်ဆိုင်းစေရန် ဆေးဝါးများ ကြိုတင်သုံးစွဲခွင့်ရှိသည်။၏
မတ်စ်အလဟ် (၂) 
အမျိုးသမီးသည် ဓမ္မတာအားတားစီးစေရန် ဆေးဝါးသုံးစွဲခြင်းအား ခံနိုင်ရည်ရှိမည်။ အန္တရာယ်လည်းမဖြစ်။ ယခင်ကတည်းက သုံးစွဲဖူးသောအတွေ့ကြုံလည်းရှိမည်ဆိုလျှင် ဓမ္မတာတားစီးဆေးဝါးများသုံးစွဲခြင်းပိုင်သည်။
မတ်စ်အလဟ် (၃)
ဓမ္မတာလာနေသောကြောင့် သွဝါးဖေဇိယာရသ်အား အချိန်မီမလုပ်နိုင်လျှင် ဒမ်ဝါဂျိဗ်မထိုက်ပေ။ သန့်ပြန့်ပြီးလျှင် သွဝါးဖေဇိယာရသ်ပြုရမည်ဖြစ်သည်။
မတ်စ်အလဟ် (၄)
သွဝါးဖ်ပြုလုပ်နေသည့်အချိန်အတွင်း ဝူဇူပျက်သွားလျှင် ထိုနေရာ၌သာသွဝါးဖ်အား ရပ်လိုက်ပါ။ဝူဇူပြု၍ ထိုနေရာမှပင် သွဝါးဖ်ပြန်လုပ်ပါ။သို့သော် အစမှတဖန် သွဝါးဖ် ပြန်လုပ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ (စအီပြုခြင်းတွင် ဝူဇူအရေးမကြီးပေ။)

မတက်သာ၍ ဓမ္မတာကာလအတွင်း သွဝါးဖေဇိယာရသ်ပြုခြင်း 

အမေး။ ယခုခေတ်အခါသမယတွင် ဟဂ်ျခရီးစဉ်အတွက် ပြန်လည်ထွက်ခွာမည့်ရက်များ သတ်မှတ်ထားပြီးသားဖြစ်၍ ရှေ့တိုးနောက်ဆုတ်ပြုလုပ်ရန်မှာ မလွယ်ကူလှပေ။ မတက်စွမ်းနိုင်သည့်အခြေအနေမျိုးတွင်အမျိုးသမီးသည် ဓမ္မတာလာနေစဉ်အတွင်း သွဝါးဖေဇိယာရသ်ပြုခွင့်ရှိပါသလား။
အဖြေ။ ဓမ္မတာလာနေစဉ်အတွင်း ဟဂ်ျ၏အရေးကြီးလှသောရုကူန်ဖြစ်သည့် သွဝါးဖေဇိယာရသ်ပြုခြင်းသည် အလွန်ကြီးလေးသောအပြစ်ထိုက်သည်။ မသန့်ရှင်းသောအခြေအနေတွင် မတ်စ်ဂျိဒိဟရာမ်ထဲသို့ဝင်ရောက်ခြင်း၊ ဗလီထဲတွင် အချိန်ကြာမြင့်စွာနေခြင်း၊ အစရှိသည့်လုပ်ရပ်တို့သည် ဟရာမ်ဖြစ်ပေသည်။ထို့ကြောင့် သန့်ပြန့်ပြီးမှသာ သွဝါးဖေဇိယာရသ်ပြုပါ။မတ်စ်အလဟ်နားမလည်၍ ဓမ္မတာလာနေစဉ်အတွင်း သွဝါးဖ်ပြုမိပါက အမိန့်အရ သွဝါးဖ်ပိုင်သွားပေမည်။ အဲဟ်ရာမ်မှလည်း ဟလာလ် ဖြစ်သွားမည်။ သို့သော် ကုလားအုတ် (သို့) နွားတစ်ကောင် ဖိဒ်ယဟ်ပေးရန်အရေးကြီးသည်။ မတ်စ်အလဟ်သိလျှက်နှင့် (သွဝါးဖ်ပြုခွင့်မရှိခြင်းကို သိလျှက်နှင့်) ဓမ္မတာလာနေစဉ်အတွင်း သွဝါးဖ်ပြုခွင့်မရှိပေ။တမင်သိလျှက်နှင့် ဓမ္မတာလာနေစဉ်အတွင်း သွဝါးဖ်ပြုခြင်းနှင့် နောက်မှဖိဒ်ယဟ် ပေးလိုက်ခြင်းသည် လုံးဝ လုံးဝမပိုင်ပေ။ ဤအပြစ်သည် ဖိဒ်ယဟ်ဖြင့် လွတ်ငြိမ်းခွင့်မရပေ။

သွဝါးဖေဝေဒါအ်ပြုချိန် ဓမ္မတာဖြစ်ခြင်း

မတ်စ်အလဟ် (၁) 
ဓမ္မတာဖြစ်နေသောအမျိုးသမီးသည် မက္ကဟ်ရွှေမြို့တော်မှမထွက်ခွာမီအလျှင် သန့်ပြန့်ခဲ့လျှင် ပြန်လှည့်လာ၍ သွဝါးဖ်ပြုရန် ဝါဂျိဗ်ဖြစ်သည်။ အကယ်၍ ထွက်ခွာပြီးနောက်ပိုင်းမှ သန့်ပြန့်လျှင် ပြန်လှည့်ရန် ဝါဂျိဗ်မထိုက်ပေ။ သို့သော် "မီကားသ်" မ ကျော်လွန်မီ မက္ကဟ်မြို့တော်သို့ပြန်ဝင်လာလျှင် သွဝါးဖ်ပြုရန်ဝါဂျိဗ်ထိုက်မည်။
မတ်စ်အလဟ် (၂)
အမျိုးသမီးသည် ဟဂ်ျမှပြန်လာချိန်၌ ဓမ္မတာဖြစ်သွားသည်။ သွဝါးဖေဝေဒါအ် မပြုနိုင်တော့ပေ။ ထိုနေရာ၌ ထပ်မံတည်းခိုရန်လည်းမဖြစ်နိုင်တော့ပေ။ အကြောင်းအမျိုးမျိုးကြောင့် ပြန်ရတော့မည်ဖြစ်၍ သွဝါးဖေဝေဒါအ် မပြုလုပ်နိုင်တော့လျှင် ဒမ်ပေးဆောင်ရန်လည်း တာဝန်မရှိပေ။
ဓမ္မတာဖြစ်နေသော အမျိုးသမီးပေါ်၌ သွဝါးဖေဝေဒါအ် ဝါဂျိဗ်မထိုက်ပေ။ အကယ်၍ အခွင့်သင့်မည်ဆိုပါက သန့်ပြန့်ပြီးနောက် သွဝါးဖေဝေဒါအ်ပြုလုပ်၍ ပြန်ခြင်းက ပိုကောင်းပေသည်။
မတ်စ်အလဟ် (၃) 
ဟိုက်ဇ် နှင့် နိဖားစ်ဖြစ်နေသောအမျိုးသမီးသည် သွဝါးဖေဝေဒါအ် မပြုလုပ်ဘဲ ဗလီ(မတ်စ်ဂျိဒိဟရာမ်)၏ နယ်နမိတ်အပြင်မှသာ ဒိုအာတောင်း၍ လှည့်ပြန်ရမည်။

သွဝါးဖ်ခုနှစ်မျိုးနှင့်သက်ဆိုင်သော အမိန့်များ 

မတ်စ်အလဟ်
ဂျနာဗသ် (ကိုယ်ခန္ဓာမသန့်ရှင်းချိန်) သို့မဟုတ် ဟိုက်ဇ်၊ နိဖားစ် ဖြစ်နေစဉ်ကာလအတွင်း အကယ်၍ သွဝါးဖ်ပြုခဲ့လျှင် သွဝါးဖ်၏အမျိုးစားခုနှစ်မျိုး၏အမိန့်သည် အောက်ပါအတိုင်းဖြစ်သည်။

(၁) "သွဝါးဖေဇိယာရသ်" ပြုမိလျှင်ဟရာမ်နယ်နမိတ်အတွင်း၌ပင် နွား (သို့) ကုလားအုတ်တစ်ကောင် ဖိဒ်ယဟ်ပေးရမည်။ အကယ်၍ သွဝါးဖ်သုံးပတ် (သို့) သုံးပတ်ထက်ပိုခဲ့လျှင် ဒမ်ထိုက်မည်။ သို့သော် သန့်ပြန့်ပြီးချိန် သွဝါးဖ်ပြန်ပြုခဲ့လျှင် ဒမ်ပေးဆောင်ရန်မလိုတော့ပေ။
(၂) "သွဝါးဖေအွမ္မရာဟ်" ပြုမိလျှင် ဒမ် (ဆိတ်တစ်ကောင်) ကုရ်ဗာနီပေးရမည်။ သို့သော် သန့်ပြန့်ပြီးချိန် သွဝါးဖ်ပြန်ပြုခဲ့လျှင် ဒမ်ပေးရန်မလိုတော့ပေ။
(၃) " သွဝါးဖေဝေဒါအ်" ဟိုက်ဇ် နှင့် နိဖားစ်ဖြစ်နေသော အမျိုးသမီးသည် "သွဝါးဖေဝေဒါအ်" ပြုလုပ်ရန် မလိုအပ်တော့ပေ။သို့သော် ဂျနာဗသ်ဖြစ်နေချိန် "သွဝါးဖေဝေဒါအ်" ပြုခဲ့လျှင် ဒမ်ထိုက်မည်။သို့သော် သန့်ပြန့်ပြီးချိန် သွဝါးဖ်ပြန်ပြုခဲ့လျှင် ဒမ် ပေးရန်မလိုတော့ပေ။
(၄) "သွဝါးဖေနဇရ်" (မိမိရည်ရွယ်ချက်ပြည့်ဝလျှင် သွဝါးဖ်ပြုမည်ဟု ရည်ရွယ်ထားခြင်း) သည် ဝါဂျိဗ်ဖြစ်သည်။ ဖေါ်ပြပါအခြေအနေများတွင် "သွဝါးဖေနဇရ်" ပြုမိလျှင် ဒမ်ထိုက်မည်။ သို့သော်သန့်ပြန့်ပြီးချိန် သွဝါးဖ်ပြန်ပြုခဲ့လျှင် ဒမ် ပေးရန်မလိုတော့ပေ။
(၅) "သွဝါးဖေကူဒူးမ်" ဖေါ်ပြပါအခြေအနေများတွင် "သွဝါးဖေကူဒူးမ်" ပြုခဲ့လျှင် ဒမ်ထိုက်မည်။ သို့သော် သန့်ပြန့်ပြီးချိန် သွဝါးဖ်ပြန်ပြုခဲ့လျှင် ဒမ် ပေးရန်မလိုတော့ပေ။
(၆) "သွဝါးဖေနဖိလ်"
(၇) "သွဝါးဖေသဟိယ်ယဟ်" ဤနှစ်မျိုးလုံးအတွက် တစ်မျိုးတည်းသာဖြစ်သည်။ ဖေါ်ပြပါအခြေအနေများတွင် ဤသွဝါးဖ်များပြုမိပါက ဒမ် ဝါဂျိဗ်ထိုက်မည်။ သို့သော်သန့်ပြန့်ပြီးချိန် သွဝါးဖ်ပြန်ပြုခဲ့လျှင် ဒမ် ပေးရန်မလိုတော့ပေ။ အဘယ့်ကြောင့်ဆိုသော် "သွဝါးဖေနဖိလ်" သည်လည်း "သွဝါးဖေကူဒူးမ်" ကဲ့သို့ပင်ဖြစ်သည်။

((ကျမ်းကိုး // မစာအိလိမုကမ်မိလုလ်မုဒလ်လလ်
ဘာသာပြန်ဆိုသူ :: Shareat Ya Shahadat
အလ်မုဖီးဒ် မှ စီစဉ်တင်ဆက်သည်။))

Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

အမျိုးသမီးများဟဂ်ျပြုလုပ်ရာတွင် သတိပြုရမည့် အချက်များ


ဟဂ်ျပြုလုပ်မည့် အမျိုးသမီးများအားလုံး ဟဂ်ျနှင့်သက်ဆိုင်သည့် ပညတ်ချက်များကို လွယ်ကူစွာဖတ်ရှုလေ့လာနိုင်ရန် အာလေမာတစ်ပါးမှ ဘာသာပြန်ဆိုထားသည့် "အမျိုးသမီးများနှင့် သက်ဆိုင်သည့် ဟဂ်ျ၏ပညတ်ချက်များ" ကို စုစည်းပြီးတင်ပြလိုက်ပါသည်။
ဟဂ်ျပြုလုပ်မည့်သူများနှင့် ပြုခွင့်မရသေးသည့် အမျိုးသမီးများအားလုံးအနေဖြင့် ယင်းပညတ်ချက်များကို သေချာစွာ သိရှိနားလည်ထားရန် အရေးကြီးပါသည်။ ထို့ကြောင့် တစ်ကြိမ်ဖတ်ရုံဖြင့် တင်းတိမ်မနေဘဲ ခနခန ဖတ်ရှုထားပါရန် ပန်ကြားလိုပါသည်။
((အလ္လာဟ်အရှင်မြတ်သည် ဘာသာပြန်သူမိသားစု၊ အလ်မုဖီးဒ်မိသားစုဝင်များအပါအဝင် ဖတ်ရှုသူမုစလ်မာန်အားလုံးကို ဟဂ်ျဂျေမဗ်ရူးရ်ပြုလုပ်နိုင်ခွင့် ချီးမြှင့်တော်မူပါ။ ထို့ပြင် ဟဂ်ျပြုမည့်သူအားလုံး၏ ဟဂ်ျကိုလည်း အရှင့်အသနားတော်ဖြင့် ကဗူလ်ပြုတော်မူပါ အာမီးန်))

ဗိစ်မိလ္လာဟိရ်ရဟ်မားန်နိရ်ရဟီးမ်
အောက်၌ဖော်ပြမည့် စည်းကမ်းချက်များသည် အမျိုးသမီးများအတွက် သီးသန့်ဖြစ်သည်။

(၁) အမျိုးသမီးများအတွက် ချုပ်ထားသောအဝတ်အထည် ဝတ်ဆင်ခြင်း ပိုင်သည်။
(၂) အမျိုးသမီးများသည် သလ်ဗီယာ ရွတ်ဆိုရာ၌ ဖြည်းဖြည်းနှင့် တိုးတီးစွာရွတ်ဆိုရမည်။
(၃) ကိုယ်မသန့်သောကာလ (ဟိုက်ဇ်(ရာသီလာနေခြင်း)၊ နိဖားစ်(ကလေးမွေးဖွားပြီးနောက် သွေးဆင်းနေခြင်း) တွင် ဒုအာနှင့် သလ်ဗီယာရွတ်ဆို၍ အဲဟ်ရာမ်ဝတ်ဆင်ခွင့်ရှိသည်။
(၄) ဦးခေါင်းရှိဆံပင်များအား အဝတ်စတစ်ခုဖြင့် ချည်နှောင်ထားသင့်သည်။ သို့မှသာ ဆံပင်ကျွတ်မည်မဟုတ်ပေ။ ဤသို့ ဆံပင်ကို အဝတ်ပိုင်းဖြင့်ချည်နှောင်ထားခြင်းသည် မုစ်သဟဗ်ဖြစ်သည်။
(၅) ဆွဖာနှင့် မရ်ဝါတောင်အား စအီပြေးချိန်တွင် အမျိုးသမီးများအနေဖြင့် မီးစိမ်းနှစ်ခုကြားတွင် ပြေးရန်မလိုအပ်ပေ။ (သာမန်သာ လျှောက်လှမ်းရမည်။)
(၆) အဲဟ်ရာမ်ချွတ်သောအခါ ဆံပင်၏အောက်ဆုံးမှ လက်တစ်ဆစ်ခန့်သာ ညှပ်ခြင်းသည် လုံလောက်ပေသည်။
(၇) ကိုယ်မသန့်သောအခြေအနေမျိုးတွင် သွဝါးဖ်မှလွဲ၍ ကျန်ရှိသော ဟဂ်ျ၏ရုကူန်များအားလုံးကို ပြုပိုင်သည်။
(၈) ဇိလ်ဟဂ်ျလ (၁၁)ရက်၊ (၁၂)ရက်နေ့များတွင် မသန့်ရှင်းပါက သွဝါးဖေဇိယာရသ်ကို သန့်ပြန့်သွားချိန်အထိ ဆိုင်းငံထားလိုက်ပါ။ ဒမ်ပေးဆောင်ရန် မလိုအပ်ပေ။
(၉) ဂျိဒ်ဒဟ် (သို့မဟုတ်) မက္ကဟ်ရွှေမြို့တော်သို့ရောက်ရှိပြီးမှ ခင်ပွန်း (သို့မဟုတ်) မိမိနှင့်အတူလိုက်လာသည့် မဲဟ်ရမ်တစ်ဦးဦး သေဆုံးသွားသည်။ သို့မဟုတ် ခင်ပွန်းမှ သွလားက်ပေးလိုက်ပါက လက်ရှိအခြေအနေအတိုင်းဖြင့် ဟဂ်ျ၏ ရုကူန်များအား ဆက်လက်ပြုပိုင်သည်။
(၁ဝ) အကယ်၍ အမျိုးသမီးများသည် ပြန်လည်ထွက်ခွာမည့်အချိန်များတွင် ကိုယ်မသန့်ရက်များဖြစ်လာပါက သူမအပေါ်တွင် သွဝါးဖေဝိဒါအ်၏ တာဝန်မရှိတော့ပေ။
(၁၁) အိစ်သွိဗာအ်ခေါ် အဲဟ်ရာမ်၏ခြုံထည်အား ညာဘက်ဂျိုင်းအောက်မှထုတ်၍ ဘယ်ဖက်ပုခုံးပေါ်တင်ခြင်းသည် အမျိုးသမီးများအတွက် မလိုအပ်ပေ။ (မလုပ်ဆောင်ရပေ။)
(၁၂) အမျိုးသမီးများသည် သွဝါးဖ်၏ ပထမသုံးပတ်တွင် ရမလ်(အောင်နိုင်သူပုံစံဖြင့် ရင်ကော့၍ မြန်မြန်သွက်သွက်ဖြင့် လျှောက်လှမ်းခြင်း) ပြုရန်မလိုအပ်ပေ။

အမျိုးသမီးများ၏ အဲဟ်ရာမ်

(၁) အမျိုးသမီးများ၏ အဲဟ်ရာမ်နှင့် ဟဂ်ျပြုလုပ်ပုံသည်လည်း အမျိုးသားများကဲ့သို့ပင်ဖြစ်ပါသည်။ ကွာခြားချက်မှာ အမျိုးသမီးများသည် ချုပ်ထားသော အဝတ်အစားများ ဝတ်ဆင်ခွင့်ရှိသည်။ ဦးခေါင်းနှင့် ဆံပင်များကို ဖုံးအုပ်ထားရန်လည်း အရေးကြီးပါသည်။ မျက်နှာကိုသာ အဝတ်စမထိစေရပါ။
(၂) အမျိုးသမီးများသည် ခြေအိတ်၊ လက်အိတ် ဝတ်ဆင်ခွင့်ရှိသည်။ မဝတ်လျှင် ပိုကောင်းသည်။ လက်ဝတ်၊ လက်စားများလည်း ဝတ်ဆင်ခွင့်ရှိသည်။
(၃) ဟိုက်ဇ်(ဓမ္မတာ)ဖြစ်နေချိန်နှင့် နိဖားစ်(မီးတွင်းသွေး) ဆင်းနေချိန်တွင်လည်း အဲဟ်ရာမ်ရုံခွင့်ရှိသည်။ သို့သော် ဤအခြေအနေတွင် နဖိလ်နှစ်ရကအသ် မဖတ်ရပေ။
(၄) ဟိုက်ဇ်နှင့် နိဖားစ်ဖြစ်နေချိန်တွင် နမားဇ်ဖတ်ပိုင်ခွင့်မရှိသည့်အတွက် ဝုဇူပြုလုပ်၍ (သို့မဟုတ်) ရေချိုး၍ ကိဗ်လဟ်ဖက်သို့ မျက်နှာမူ၍ သလ်ဗီယာရွတ်ဆိုလိုက်ရမည်။
(၅) ဦးခေါင်းအား ဖုံးအုပ်ရန် ဝါဂျိဗ်ဖြစ်သော်လည်း မျက်နှာနှင့် အဝတ်စ မထိရပေ။ ဦးခေါင်းမှအဝတ်စအား တွဲလျားချထားခြင်းက ပိုကောင်း၏။
(၆) အမျိုးသမီးများသည် အဲဟ်ရာမ်ဝတ်ဆင်ထားချိန်၌ ဦးခေါင်းပေါ်တွင် ပုဝါအသေးတစ်ထည် ချည်ထားသင့်သည်။ သို့မှသာ ဆံပင်ပေါ်မည်မဟုတ်ပေ။ ဤသို့ပုဝါအသေးချည်ထားရန် အမိန့်သည် ပရ်ဒါ၏ အမိန့်တွင် အကျုံးဝင်သည်။ နဖူးဆံစမှ ဆံပင်များနှင့် ဦးခေါင်းတစ်ခုလုံးရှိဆံပင်များ ဖုံးအုပ်နေရန်အတွက်ဖြစ်သည်။ ယင်းသို့ ပုဝါအသေးချည်ထားခြင်းသည် အဲဟ်ရာမ်၏ အမိန့်ထဲမှမဟုတ်ပေ။ ထို့ကြောင့် အကယ်၍ ဦးခေါင်းပေါ်သွားမည်ဆိုပါက ဒမ် အစရှိသည်များ ပေးဆောင်ရန်မလိုအပ်ပေ။ ပုဝါချည်ထားခြင်းသည် သူစိမ်းအမျိုးသားများရှေ့တွင် ဝါဂျိဗ်ဖြစ်သည်။ သွေးသားအရင်းမဟုတ်သည့် သူစိမ်းအမျိုးသားများရှေ့တွင် ဆံပင်များပေါ်နေခြင်း၊ ဦးခေါင်းပေါ်နေခြင်းတို့သည် ဟရာမ်ဖြစ်သည်။
(၇) အမျိုးသမီးများ၏ ဦးခေါင်းထက်ရှိပုဝါသည် အဲဟ်ရာမ်တွင်အကျုံးမဝင်သည့်အတွက် ရေချိုးချိန် (သို့မဟုတ်) ဝုဇူပြုချိန်တွင် ချွတ်လိုက်ပါက ဒမ်မထိုက်ပေ။ ဤသို့ပုဝါချည်ထားခြင်းဖြင့် ဆံပင်လည်း မကျွတ်တော့ပေ။
(၈) ရာသီပန်းပွင့်နေချိန်နှင့် မီးယပ်သွေးဆင်းနေချိန်တွင် သွဝါးဖ်လှည့်ခြင်း/ စအီပြေးခြင်းနှင့် / နမားဇ်ဝတ်ပြုခြင်းမှလွဲ၍ ဟဂ်ျ၏ကျန်ရှိသည့်ကျင့်စဉ်များအားလုံးပြုပိုင်သည်။ အကယ်၍အဲဟ်ရာမ်မဝတ်ဆင်မီအလျှင် မသန့်ဖြစ်သွားပါက ရေချိုး၍ အဲဟ်ရာမ်ဝတ်ဆင်ပြီး သွဝါးဖ်/ စအီ/ နမားဇ်မှလွဲ၍ ကျန်ကျင့်စဉ်များအားလုံး ပြုလုပ်ပါ။
(၉) အမျိုးသမီးသည် သလ်ဗီယာအား ကျယ်လောင်စွာမဖတ်ရပေ။ မိမိကြားနိုင်လောက်သည့် အသံဖြင့်သာရွတ်ဆိုရမည်။
(၁ဝ) အဲဟ်ရာမ်ဝတ်ဆင်ထားချိန် လက်တွင်ဒန်းဆိုးလိုက်ပါက ဒမ်ပေးဆောင်ရမည်။
(၁၁) အဲဟ်ရာမ်ဝတ်ဆင်ထားချိန် အစားအသောက်ချက်ပြုတ်သောကြောင့် အမွှေးအမျှင်များလောက်ကျွမ်းပါက ဆွဒ်ကဟ်ပေးရမည်။ အကယ်၍ ရောဂါကြောင့် (သို့မဟုတ်) အိပ်ပျော်နေသောအခြေအနေမျိုးတွင် လောင်ကျွမ်းခဲ့ပါက ဒမ်မထိုက်ပေ။
(၁၂) အမျိုးသမီးများသည် အဲဟ်ရာမ်ဝတ်ဆင်ရန်အတွက် အထူးသီးသန့်အဝတ်အစား ဝတ်ဆင်ရန် မလိုအပ်ပေ။ ထို့ကြောင့် ချုပ်ထားသော အဝတ်အထည်များအား နေ့စဉ်ဝတ်ဆင်သကဲ့သို့ပင် ဝတ်ဆင်နိုင်သည်။ မည်သည့်အရောင်ပင်ဖြစ်ပါစေ ဝတ်ဆင်ခွင့်ရှိသည်။ အမျိုးသမီးတို့၏ အဲဟ်ရာမ်တွင် မျက်နှာမဖုံးအုပ်ခြင်းနှင့် လက်အိတ်မဝတ်ဆင်ခြင်းက ပိုကောင်းသည်။ သို့သော် သူစိမ်းအမျိုးသားများရှေ့တွင် မျက်နှာအား အရာတစ်ခုခုဖြင့်တားဆီးထားရမည်။ အဝတ်စဖြင့် လက်အားဖုံးအုပ်ခြင်းသည်လည်း ပိုင်ပေသည်။
(၁၃) အဲဟ်ရာမ်ဝတ်ဆင်ရန်အတွက် ဂုစုလ်ပြု(ရေချိုးခြင်း)သည် စွန္နသေမုအက္ကဒဟ် ဖြစ်သည်။ ဝုဇူပြုခြင်းသည်လည်း စွန္နသ်၏ ကိုယ်စားဖြစ်သည်။ သို့သော် ရေချိုးခြင်းမှာ သာမြတ်ပေသည်။ ဤသို့ရေချိုးလိုက်ခြင်းသည် သာသနာ့အမိန့်အရ မသန့်သည့်အခြေအနေမှ သန့်သွားသည့်သဘောမျိုးမဟုတ်ပေ။ ထို့ကြောင့် ဓမ္မတာလာနေချိန်နှင့် မီးတွင်းသွေးဆင်းနေချိန်တို့တွင် ရေချိုးပြီး အဲဟ်ရမ်ဝတ်ဆင်သင့်ပေသည်။ (ကျန်းမာရေး၏ အခြေအနေကိုလည်း သတိပြုရပေမည်။)
(၁၄) အဲဟ်ရာမ်ဝတ်ဆင်ထားချိန်တွင် နိကာဟ်ပြုခြင်း ပိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် အဲဟ်ရာမ်သည် နိကာဟ်ပိုင်ခြင်းအား အတားအဆီးဖြစ်စေသောအရာမဟုတ်ပေ။ သို့သော် အခန်းအပ်၍ အတူနေခွင့်မရှိသေးပေ။
(၁၅) အဲဟ်ရာမ်ဝတ်ဆင်ထားချိန်တွင် ကိုယ်လက်နှီးနှောခြင်းမပိုင်သကဲ့သို့ပင် ယင်းအခြေအနေသို့ ရောက်ရှိစေနိုင်သည့် လုပ်ရပ်များလည်း မပိုင်ပေ။ ဟရာမ်ပင်ဖြစ်သည်။ ဥပမာ - နမ်းခြင်း၊ ခန္ဓာကိုယ်ပူးကပ်နေခြင်း စသည်တို့ဖြစ်သည်။

အမျိုးသမီးတို့အတွက် အဲဟ်ရာမ်ဝတ်ဆင်ရမည့် ပုံစံ

အမျိုးသမီးများသည် အဲဟ်ရာမ်ဝတ်ဆင်ရန်အတွက် ချုပ်ထားသော အဝတ်စားများကို ချွတ်ရန်မလိုအပ်ပေ။ အမျိုးသမီးတို့၏ အဲဟ်ရာမ်မှာ ဦးခေါင်းဖုံးအုပ်ခြင်းနှင့် မျက်နှာ ဖေါ်ထားခြင်းသာ ဖြစ်သည်။ (ယခုနောက်ပိုင်းတွင် သီးသန့်ခေါင်းချည်ပုဝါတစ်မျိုးအား အမျိုးသမီးများသည် မိမိတို့၏ဦးခေါင်းတွင် ချည်နှောင်ကြသည်။ ထိုပုဝါအား အဲဟ်ရာမ်တွင်ပါဝင်သည်ဟု မှတ်ယူနေကြသည်။ ဤသို့မှတ်ယူခြင်းသည် မှာယွင်း၏။ ဤခေါင်းချည် ပုဝါသည် အဲဟ်ရာမ်၌မပါဝင်ပေ။)

* အဲဟ်ရာမ်အသင့်ပြုပြီးပါက မက္ကရူဟ်အချိန်မဟုတ်ခဲ့လျှင် အဲဟ်ရာမ်နိယသ်ဖြင့် နဖိလ်နှစ်ရကအသ် ဝတ်ပြုပါ။ ပထမရကအသ်တွင် စူရာဟ်ဖာသေဟဟ်နှင့် ဒုတိယရကအသ်တွင် စူရာဟ်အိခ်လားစွ် ဖတ်ခြင်းမှာ အကောင်းဆုံးဖြစ်သည်။ 
* အမျိုသမီးသည် အဲဟ်ရာမ်ဝတ်ဆင်ချိန်၌ ကိုယ်မသန့်ဖြစ်နေလျှင် နမားဇ်ဝတ်မပြုဘဲ နိယသ်ပြု၍ သလ်ဗီယာဟ် ရွတ်ဆိုကာ အဲဟ်ရာမ်ဝတ်ဆင်လိုက်ပါ။
* ထို့နောက် ဟဂ်ျ၏အမျိုးစားသုံးမျိုး (အိဖ်ရာဒ်/ ကိရာန်/ သမသ်သိုအ်)အနက် မည်သည့်အမျိုးစား ဟဂ်ျပြမည်ဟု ရည်ရွယ်ထားမည်။ ဥပမာ
အိဖ်ရာဒ်ပြုရန် ရည်ရွယ်ထားလျှင် ဤဒိုအာရွတ်ဆိုပါ။ "اللهم إني أريد الحج فيسرلي و تقبله مني " (အို အလ္လာဟ်ကျွန်တော်မျိုး/မ ဟဂ်ျသီးသန့်ပြုရန် ရည်ရွယ်ပါသည်။ ၄င်းဟဂ်ျအား ကျွန်တော်မျိုး/မ အတွက် လွယ်ကူစေတော်မူပါ။ လက်ခံတော်မူပါ။) 
အကယ်၍ "ကိရာန်" ပြုရန် ရည်ရွယ်ထားလျှင် ဤဒိုအာရွတ်ဆိုပါ။ "اللهم إني أريد الحج والعمرة فيسرهما لي وتقبله مني (အို အလ္လာဟ် ကျွန်တော်မျိုး/မသည် ဟဂ်ျနှင့်အွမ္မရဟ် နှစ်မျိုးလုံးပြုရန် ရည်ရွယ်ထားပါသည်။ ၄င်းအား ကျွန်တော်မျိုး/မ အတွက်လွယ်ကူစေတော်မူပါ။ လက်ခံတော်မူပါ။)
အကယ်၍ "သမသ်သိုအ်" ပြုရန် ရည်ရွယ်ထားလျှင် ဤသို့ရွတ်ဆိုပါ။ "اللهم إني أريد العمرة فيسر لي وتقبلها مني (အို အလ္လာဟ် ကျွန်တော်မျိုး အွမ္မရာဟ်ပြုရန် ရည်ရွယ်ပါသည်။ ၄င်းအားလွယ်ကူစေပါ။ လက်ခံတော်မူပါ။) ယခုအခါ အများစုမှာ "ဟဂ်ျဂျေသမသ်သိုအ်" ပြုကြသည်။ ဤတွင် လွယ်ကူမူလည်းရှိသည်။ 
(ဟဂ်ျတွင် အမျိုးအစားသုံးခုရှိသည်။ ၁/ ကိရာန် (အဲဟ်ရာမ် တစ်ခုတည်းဖြင့် အုမ္မရာနှင့် ဟဂ်ျကို တဆက်တည်းပြုခြင်းဖြစ်သည်။ ၂/ သမသ်သုအ် (အုမ္မရာအတွက် အဲဟ်ရာမ် သီးသန့်ဖြစ်သည်။ ဟဂ်ျအတွက် အဲဟ်ရာမ်သီးသန့်ဖြစ်သည်။) ၃/ ကိရာန် (အုမ္မရာမပါဝင်ဘဲ ဟဂ်ျသီးသန့်ပြုလုပ်ခြင်းဖြစ်သည်။)
* ထို့နောက် အမျိုးသမီးသည် တီးတိုးစွာဖြင့် သုံးကြိမ် "သလ်ဗီယာဟ်" ရွတ်ဆိုရမည်။
" သလ်ဗီယာဟ် " : لبيك اللهم لبيك، لبيك ﻻشريك لك لبيك، إن الحمد والنعمة لك والملك، ﻻشريك لك
အဓိပ္ပာယ်။ (အသင့်ရောက်ရှိပါပြီ။ အို အလ္လာဟ် ကျွန်တော်မျိုး/မ ရောက်ရှိပါပြီ။ ရောက်ရှိပါပြီ။ အသင်အရှင်မြတ်နှင့် တုဖက်နှိုင်းယှဉ်ဖွယ်ရာမရှိ။ ကျွန်တော်မျိုး/မ ရောက်ရှိပါပြီ။ ချီးမွမ်းထောပနာပြုခြင်းအပေါင်းနှင့် နိအ်မသ်အပေါင်းတို့သည် အရှင်မြတ်အတွက်သာ ဖြစ်သည်။ အရှင်မြတ်နှင့် တုဖက်နှိုင်းယှဉ်ဖွယ်ရာမရှိ။)
* နိယသ်နှင့်တကွ သလ်ဗီယာဟ်ဆိုပြီးနောက် ယခု မုဟ်ရီမ် (အဲဟ်ရာမ်ဝတ်ဆင်ထားသူ) အစစ်အမှန် ဖြစ်သွားပေသည်။ အဲဟ်ရာမ်ဝတ်ဆင်ထားချိန်တွင် လိုက်နာရမည့် စည်းမျဉ်းများအားလုံး ကျင့်သုံးရတော့မည် ဖြစ်သည်။ မှတ်သားထားရမည်မှာ အဲဟ်ရာမ်အတွက် နိယသ်တခုတည်းသာ လုံလောက်သည်မဟုတ်။ သလ်ဗီယာဟ်တခုတည်းဖြင့်လည်း မလုံလောက်ပေ။ သလ်ဗီယာဟ်နှင့် နိယသ် တပြိုင်တည်းဖြစ်ရန် အရေးကြီးသည်။
* သလ်ဗီယာဟ် ဆိုပြီးနောက် မိမိတောင်းလိုသောဒိုအာကို တောင်းခံပါ။ အောက်ပါဒိုအာ တောင်းခြင်းမှာ မုစ်သဟဗ်ဖြစ်သည်။ "اللهم إني أسألك رضاك و الجنة و أعوذ بك من غضبك والنار " (အလ္လာဟွမ္မ အင်န်နီ အပ်စ်အလုက ရိဿွာက ဝလ်ဂျန္နသ ဝအအူးဇုဗိက မင်န်ဂဿွဗိက ဝပ်န် နားရ်) အို အလ္လာဟ် ကျွန်တော်မျိုး/မသည် အရှင်မြတ်၏ နှစ်မြို့မှုနှင့် ဂျန္နသ်သုခဘုံအား လိုလားတောင့်တပါသည်။ ၄င်းနောက် အရှင်မြတ်၏ အမျက်ဒေါ်သနှင့် ဂျဟန္နမ် အပါယ်ငရဲဘုံမှ ခိုလုံမှုတောင်းခံပါ၏။
* အဲဟ်ရာမ်ဝတ်ဆင်ပြီးသည်နှင့် ဟလာလ်ဖြစ်သော အရာများအနက်မှ အချို့အရာများသည် ဟရာမ်ဖြစ်သွားပေသည်။ ဥပမာ အမွှေးအကြိုင် သုတ်လိမ်းခြင်း/ ဆံပင်/ လက်သည်း ခြေသည်း ညှပ်ခြင်း/ မျက်နှာဖုံးအုပ်ခြင်း/ သန်းသတ်ခြင်း/ တိရိစ္ဆာန်အမဲလိုက်ခြင်း/ ဇနီးသည်နှင့် ကိုယ်လက်နှီးနှောခြင်း/ (သို့) အရှက်မဲ့သောစကားများပြောဆိုခြင်း အစရှိသည်တို့ ဖြစ်သည်။
* ဟဂ်ျဂျေသမသ်သိုအ် ပြုလုပ်မည်ဆိုလျှင် မက္ကာဟ်ရွှေမြို့တော်သို့ ရောက်ရှိပြီးနောက် သွဝါးဖ် မစတင်မီအလျှင် သလ်ဗီယာဟ်ရွတ်ဆိုခြင်းအား ရပ်ဆိုင်းလိုက်ပါ။
* ဟဂ်ျဂျေအိဖ်ရာဒ် နှင့် ဟဂ်ျဂျေကိရာန် တွင် သလ်ဗီယာဟ်အား ဇိလ်ဟဂ်ျလ (၁ဝ) ရက်နေ့ကို ဂျမ်ရာဟ်အွက်ဗာဟ် (ရှိုက်သွာန်အကြီးအား ခဲပေါက်ခြင်း) ၏ ရမီလုပ်သည်အထိ ရွတ်ဆိုနေရမည်။
* သလ်ဗီယာဟ်ရွတ်ဆိုရမည့် အချိန်အခါတိုင်းတွင် အကြိမ်ရေများစွာနှင့် စိတ်ဓါတ်တက်ကြွစွာ၊ စိတ်အားထက်သန်စွာဖြင့် ဆိုမြဲဆိုနေရမည်။ ရွတ်ဆိုနေချိန်တွင် အဓိပ္ပါယ်အား အာရုံစူးစိုက်နေရမည်။ အချစ်ရူးတစ်ဦးသည် မိမိ၏ကျေးဇူးရှင်သခင်၏ ထံပါးတွင် ဖရိုဖရဲဖြစ်ကာ လျှောက်သွားနေသည်ဟု အာရုံပြုပါ။

အမျိုးသမီးများ၏ အဲဟ်ရာမ်နှင့်သက်ဆိုင်သည့် မတ်စ်အလဟ်များ

အမျိုးသမီးများအနေဖြင့်အဲဟ်ရာမ်အပေါ်မှ မစဟ်ပြုလုပ်ခြင်း ပိုင်ပါသလား။
အမေး။ အမျိုးသမီးများသည် ခေါင်းခြုံသည့်ပုဝါအား သေချာတိကျစွာ ခြုံလိုက်သည့်အခါ ဆံပင်ပေါ်နေခြင်း၊ ဦးခေါင်းအစိတ်အပိုင်းများ ပေါ်နေခြင်းတို့ လုံးဝမရှိပေ။ ယင်းခြုံထည်အား ခဏခဏချွတ်ရန်လည်း မလွယ်ကူလှသည့်အတွက် ထိုခြုံထည်ပုဝါအပေါ်မှပင် မစဟ်ပြုလုပ်လျှင် ပိုင်ပါသလား။
အဖြေ။ အမျိုးသမီးများ၏ဦးခေါင်းပေါ်တွင်ချည်ထားသော ပုဝါအသေးသည် အဲဟ်ရာမ်တွင် မပါဝင်ပေ။ ဤပုဝါအသေးချည်ရသည့် ရည်ရွယ်ချက်မှာ ဆံပင်များ ရှုပ်ထွေးခြင်းမဖြစ်ရန်နှင့် ဆံပင်မကျွတ်စေရန် ဖြစ်သည်။ ဤပုဝါအသေးအား မချွတ်ဘဲမစဟ်ပြုခွင့်မရှိ။ ပုဝါကိုချွတ်၍ ဦးခေါင်းပေါ်၌မစဟ်ပြုရန် အရေးကြီးလှသည်။ ပုဝါမချွတ်ဘဲ ပုဝါပေါ်မှ မစဟ်ပြုလုပ်ခဲ့ပါက ဝူဇူမပိုင်ပေ။ ဝူဇူမပိုင်သည့်အတွက် နမားဇ်လည်း အထမမြောက်ပေ။ သွဝါးဖ်/ ဟဂ်ျ/ အွမ္မရဟ် မည့်သည့်လုပ်ရပ်မှ ပိုင်မည်မဟုတ်ပေ။ဦးခေါင်းပေါ် မစဟ်ပြုခြင်းသည် ဖရပ်ဇ်တာဝန်ဖြစ်သည်။ မစဟ်မပိုင်ပါက ဝူဇူလည်း ပိုင်မည်မဟုတ်ပေ။ (ထို့ကြောင့် ပုဝါအပြည့်ခြုံထားသည့် အမျိုးသမီးများအနေဖြင့် မစဟ်ပြုပါက ပုဝါအတွင်းသို့ လက်ထည့်၍ မစဟ်ပြုလုပ်ရမည်။ မစဟ်တွင်သတိပြုရမည့်အချက်မှာ ဦးခေါင်းကိုမစဟ်ပြုခြင်းဖြစ်ရမည်။ တွဲလျားကျနေသည့် ဆံပင်များကို မစဟ်ပြုခြင်း မဖြစ်စေရပေ။ ပုဝါအသေး၏ အတွင်းအထိ လက်ထည့်၍ ဦးခေါင်းကို မစဟ်ပြုလုပ်ရပေမည်။)

မတ်စ်အလဟ်
အမျိုးသမီးများသည် ဟဂ်ျကာလအတွင်း ဦးခေါင်းတွင် ပုဝါအသေးချည်ထားခြင်းအား အဲဟ်ရာမ်တွင်ပါဝင်သည်ဟု ထင်မှတ်နေကြသည်။ဤသည် မှားယွင်းသည်။တစိမ်းအမျိုးသားများမှ
ဦးခေါင်းနှင့် မျက်နှာအားပရ်ဒါဟ်ပြုရမည်မှာ သီးသန့်ဖရပ်ဇ် တာဝန်ဖြစ်သည်။ဆံပင်များကျွတ်မည်ကို စိုးရိမ်၍ ပုဝါချည်ခြင်းသည် ပိုင်ပါသည်။

အမျိုးသမီးများသည် အဲဟ်ရာမ်ဝတ်ဆင်ထားချိန်တွင် မျက်နှာဖေါ်ထားခွင့်ရှိပါသလား။
(၁) အဲဟ်ရာမ်ဝတ်ဆင်ထားချိန်တွင် မျက်နှာဖုံးအုပ်ခွင့်မရှိပေ။ သို့သော်လည်း ပရ်ဒါဟ်မဲ့နေထိုင်ရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ တက်နိုင်သရွေ့ ပရ်ဒါဟ်ပြုမြဲပြုနေရပေမည်။ Cap ဦးထုပ်ဆောင်း၍ ဦးထုပ်ပေါ်မှ နိကာဗ်ချည်ကာ ပရ်ဒါဟ်လုပ်နိုင်သည်။ မျက်နှာအား အဝတ်စဖြင့်မထိစေရန်သတိပြုရမည်။ သို့မဟုတ်ပါက အမျိုးသမီးသည် ယပ်တောင် အစရှိသည်တို့အား (ကိုင်)ဆောင်ထားကာ အမျိုးသားများရှိသောနေရာတွင် မိမိ၏ မျက်နှာကို အကာအကွယ်ပြုလိုက်ပါ။ ဟဂ်ျ၏ ရှည်လျှား၍ လူများလှသောခရီးစဉ်တွင် အမျိုးသမီးသည် အမြဲပရ်ဒါဟ်ပြုလုပ်ရန်ခက်ခဲမည်မှာမုချပင် ဖြစ်သည်။ သို့သော်လည်း တက်နိုင်သရွေ့ ပရ်ဒါဟ်ပြုရမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် လွတ်ငြိမ်းချမ်းသာခွင့် ပြုတော်မူသောအရှင်ဖြစ်ပေသည်။
(၂) အမျိုးသမီးသည် အဲဟ်ရာမ်ဝတ်ဆင်ထားချိန်၌ အိပ်ပျော်နေသည့်အချိန် (သို့မဟုတ်) လေဖြင့်လွင့်ကာ မျက်နှာအပေါ်သို့ ဗုရ်ကအ်/ နိကာဗ်/ ဦးခေါင်းခြုံထည်/ ပုဝါ အစရှိသည်တို့ ထိသွားပါက တစ်နာရီအတွင်းဆိုလျှင် စွံပလွန်သီး ဆွအ်တစ်ဝက် (၆ဝ)ကျပ်သား ဆွဒ်ကာဟ်ပေးရန် ဝါဂျိဗ်တာဝန်ဖြစ်သည်။ အကယ်၍ ကြိမ်ဖန်များစွာ ထိလာပါက စွန်ပလွံလက်တစ်ဆုပ် ဆွဒကာဟ်ပေးရမည်။

ကျမ်းကိုး // မစာအိလိမုကမ်မိလုလ်မုဒလ်လလ်
ဘာသာပြန်ဆိုသူ :: Shareat Ya Shahadat

အလ်မုဖီးဒ်
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

အွမ္မရဟ်အကြောင်း


ဗိစ်မိစ်လ္လာဟစ်ရ်ရဟ်မာနစ်ရ်ဟီးမ်။

သတ်မှတ်ပေးထားသော အချိန်အလိုက် ဆောက်တည်ရသည့် ဖရ်ဇ်နမားဇ် ငါးကြိမ်အပြင် နဖိလ်နမားဇ်များလည်းရှိသကဲ့သို့ ကာ့ဗဟ်ကျောင်းတော်ကြီးကို ကြည်ညိုရန် သတ်မှတ်ပေးသည့် ဇစ်လ်ဟဂ်ျလ ၉ ၊၁၀၊ ၁၁၊ ၁၂ နှင့် ၁၃ရက် နေ့တို့မှအပ ကျန်ရက်များတွင်လည်း ကြည်ညိုပိုင်ခွင့် ပေးတော်မူထားပေသည်။ ဖော်ပြပါရက်များကား ဟဂ်ျပြုလုပ်ရန် ပြဌာန်းထားသောနေ့များ ဖြစ်သည်။ ထိုနေ့များမှအပ ကျန်နေ့ရက်များအနက် မည်သည့်နေ့ရက်တွင်ပင်မဆို စိတ်ဆန္ဒရှိသည်နှင့်အမျှ ကြည်ညိုနိုင်ကြသည်။ ထိုသို့ကြည်ညိုမှုပြုခြင်းကို [အွမ္မရဟ်]
ဟုခေါ်ဆိုသည်။ ဤကား အလ္လာဟ်အရှင်မြတ်၏ အလျား အနံ မရှိသည့် ကြီးမားလှသော ကျေးဇူးတော်ပင်ဖြစ်သည်။

ဟဇရသ်အီမာမ်အဗူဟနီဖဟ်နှင့် ဟဇရသ်အီမာမ်မာလစ်က်တို့က အွမ္မရဟ်ကို စွန္နသ်ဟူ၍ ဖတ္တဝါပေးသော်လည်း ဟဇရသ်အီမာမ်ရှာဖေအီနှင့် ဟဇရသ်အီမာမ်အဟ်မဒ်တို့က အွမ္မရဟ်ကို ဝါဂျစ်ဗ်ဟု ဖတ္တဝါပေးကြသောကြောင့် တစ်သက်တာတွင် တစ်ခါ မပျက်မကွက် ဆက်ဆက် အွန်မ္မရဟ် ပြုထိုက်သည်။

ဟန္နဖီပညာရှင်အချို့က အွန်မ္မရဟ်လုပ်ရန်ကို ဝါဂျစ်ဗ်တာဝန်ယူ၍ ပြဌာန်းကြပြီး၊ အချို့ကဖရ်ဇိကိဖာယဟ် ဟူ၍ ပြဌာန်းကြသောကြောင့် သွားနိုင် လာနိုင် သုံးစွဲနိုင်သူတိုင်းသည် တစ်သက်တာတွင် အနည်းဆုံး တစ်ကြိမ်တစ်ခါမျှ အွမ္မရဟ်လုပ်ရမည်။ အွမ္မရဟ်လုပ်ရန်အတွက် ကုရ်အာန်ကျမ်းမြတ် ၂း၁၉၆ တွင်လည်း (အသင်တို့သည် ဟဂ်ျနှင့် အွန်မ္မရဟ်ကို အလ္လာဟ်အရှင်မြတ်အား ရည်စူး၍သာ ပြီးပြည့်စုံအောင် ဆောင်ရွက်ကြလေကုန်) ဟု၍ ပြဌာန်းတော်မူထားပေသည်။

(ဟဂ်ျနှင့်အွမ္မရဟ်ကို ပြီးပြည့်စုံအောင် ဆောင်ရွက်ကြ ) ဟူသော အာယသ်တော်ကို
ဟဂ်ျနှင့်အွမ္မရဟ် ပြုလုပ်ရန်အတွက် မိမိအိမ်မှပင် အိဟ်ရာမ်ဝတ်ဆင်၍ ထွက်ခြင်း။ ကိုဆိုလိုသည်ဟု ဟဒီးဆ်တော်တစ်ပါးတွင် ဆင့်ပြန်ထားပေသည်။

မိမိအိမ်မှ အိဟ်ရာမ်ဝတ်ဆင်၍ ခရီးစတင်ခြင်းမှာ ကောင်းလွန်းလှပြီး ထိုသို့ခရီးစတင်ခြင်းသည် အလွန်ပင် ထူးမြတ်လှကြောင်း ဟဒီးဆ်တော်အများအပြားတွင် အတိအလင်းလာရှိသော်လည်း အိဟ်ရာမ်ဝတ်ဆင်ပြီးနောက် ဆင်ခြင်ရှောင်ကြဉ်ရမည့် ကိစ္စများကို ချိုးဖောက်မိတတ်သောကြောင့် ပညာရှင်တို့က သတ်မှတ်ထားပြီးဖြစ်သော နယ်နိမိတ်သို့ ရောက်ရှိမှသာ အိဟ်ရာမ်ဝတ်ကြရန် ပညတ်ကြပေသည်။

ထိုသို့ပညတ်ကြခြင်းမှာ ထူးမြတ်မှုများကို မခံစားစေလို၍မဟုတ်၊ အိဟ်ရာမ်ဝတ်ထားစဉ် ချိုးဖောက်မိမည့်ကိစ္စများမှထိုက်သင့်မည့်အပြစ်ဒဏ်များမှ လွတ်ကင်းကြရေးအတွက် ဖြစ်ပေသည်။

နဗီတမန်တော်မြတ် ဆွလ္လာဟုအလိုင်ဟိဝပ်စ္စလာမ် သည် ဟဂ်ျတစ်ကြိမ်သာ ဆောက်တည်တော်မူခဲ့သော်လည်း အွမ္မရဟ်လေးခါ ပြုလုပ်တော်မူခဲ့သည်။ အွမ္မရဟ်တစ်ကြိမ်ကိုမူမုရှရစ်က်တို့က မက္ကဟ်မြို့တော်သို့ မဝင်ရောက်ရန်ပိတ်ပင်ထားမြစ်ခဲ့ကြသောကြောင့် မလုပ်ခဲ့ရပေ။ အွမ္မရဟ်သုံးကြိမ်ကို ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်တော်မူခဲ့သည်။

ယာအလ္လာဟ်ကျွန်တော်မျိုးနှင့်တကွ မိသားစုအားလုံးနှင့်အတူ
မုအ်မင်န်မုစ်လင်မ်အားလုံးတို့အား
ဟဂ်ျနှင့်အွန်မ္မရဟ်
ကောင်းမွန်စွာ ပြုလုပ်နိုင်သော သောင်ဖီးက် ပေးသနားတော်မူပါ။
တောင်းဆုဒုအားများကိုအလ္လာဟ်အရှင်လက်ခံသဘောတူတော်မူပါ။ အာမီးန်၊ဆွန်းမ္မာအာမီးန်။

*** အာခိရသ် ရဲ့ နူရ် ***

အလ်မုဖီးဒ်
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

ဟဂ်ျခရီးတွင် လိုက်နာရမည့် စည်းကမ်းများ။


ဗိစ်မိလ္လာဟိရ်ရဟ်မားန်နိရ်ရဟီးမ်

သာသနာ့ပညာရှင်များက ဟဂ်ျခရီးနှင့် ဟဂ်ျလုပ်စဉ်တွင် လိုက်နာဆောင်ရွက်ရသောစည်းကမ်း၊ နည်းလမ်းများကို အစ္စလာမ့်စာအုပ်စာပေများတွင် အကျယ်တဝင့် ရေးသားထုတ်ဝေထားသည်ဖြစ်ရာ တစ်သက်တာတွင် တစ်ခါသာလုပ်ရသော ဟဂ်ျအတွက် စိတ်ထဲမှရည်သန်ကာ ခရီးမထွက်မီ ခရီးသွားစည်းကမ်း၊ ဟဂ်ျလုပ်သည့်နည်းလမ်းများ ရေးသားပါရှိသည့် ထိုစာအုပ်စာပေများကို လေ့လာဖတ်ရှုမှတ်သားအပ်ပေသည်။
သို့မှသာ စရိတ်စကများစွာသုံးစွဲ ကုန်ကျခံရသည့် ဟဂ်ျခရီးစဉ်လည်းမှန်၊ ကောင်းမြတ်သည့် ဟဂ်ျလည်း ဖြစ်ပေမည်။

လေ့လာမှတ်သားမှုမပြုဘဲ အသိမဲ့ပြုသော လုပ်ဆောင်မှုတို့သည် ဟဂ်ျခရီးကို ဖျက်ဆီးရာရောက်ပေမည်။ ဖြစ်နိုင်သည်နှင့်အမျှ ထိုစာအုပ်စာပေများကို ခရီးစဉ်တစ်လျှောက်လုံးတွင် ဆောင်သွားကာ လိုအပ်တိုင်းလေ့လာပါမှ ကျင့်စဉ်များကို တိကျမှန်ကန်စွာ လုပ်ဆောင်နိုင်ပေမည်။

ကျောင်းသားဘဝက ဖတ်ကြားသင်အံခဲ့သည့် မစာအိလ်များမှာလည်း ထိတွေ့မှုကင်းသည်နှင့်အမျှ မေ့ပျောက်တတ်ခြင်းကြောင့် ပညာရှင်များသည် လည်းထိုစာအုပ်စာပေနှင့်အတူ ခရီးထွက်သင့်ပေသည်။
အကြိမ်ကြိမ်အခါခါ ဟဂ်ျလုပ်ထားသူသည် ပထမဆုံးအကြိမ် ဟဂ်ျပြုလုပ်သော ပညာရှင်ထက် မစာအိလ်အရာတွင် သာလွန်ကျင်လည်သည်ကို တွေ့ရပေသည်။

သင်တို့သည်(ဟဂ်ျပြုလုပ်ရန် ခရီးထွက်ရာတွင်) စားနပ်ရိက္ခာ (ခရီးစရိတ်) စသည်များကို (လုံလောက်စွာ) ဆောင်ယူကြလေကုန်၊ အမှန်စင်စစ် အမွန်မြတ်ဆုံးသော စားနပ်ရိက္ခာ၊ (ခရီးစရိတ်) မှာ (ဒုစရိုက်မှုတို့မှလည်းကောင်း ၊ အကြောင်းမဲ့ သက်သက် လက်ဖြန့်တောင်းရမ်း စားသောက်သုံးစွဲခြင်းမှလည်းကောင်း)ရှောင်ကြဉ်ခြင်းပင်။ (၂း၁၉၇)

ဟဂ်ျလုပ်ရန် သွားရောက်စဉ် ခရီးစရိတ်နှင့် စားသောက်နေထိုင်စရိတ် လုံလောက်စွာယူဆောင်သွားရန် အထက်ပါအာယသ်တော်တွင် အမိန့်ပေးတော်မူထားသည်။
" အလ္လာဟ်အရှင်မြတ်အပေါ် တဝပ်က္ကလ်လုပ်ကာ ခရီးထွက်ခြင်းမှာ လူတိုင်းအတွက်မဟုတ်၊ အချို့တို့သည် စရိတ်စကမယူဆောင်ဘဲ မိမိကိုယ်မိမိ သဝပ်ကုလ်လုပ်သူဟု ခံယူကာ ဟဂ်ျခရီးထွက်ကြပြီး ရောက်ရာနေရာတွင် တောင်းရမ်းကြသောကြောင့် ထိုအယသ်တော် ကျရောက်ရခြင်းဖြစ်သည်"
ဟု ဟဒီးဆ်တော်များတွင် လာရှိသည်။

" ငါ ဟဂ်ျလုပ်ဖို့ သွားနေတာ၊ ငါ့ကို အလ္လာဟ်က မ ကျွေးဘဲထားပါ့မလား" စသည်ဖြင့် ဟဂ်ျခရီးစဉ်ကို စရိတ်စကမပါဘဲ စတင်ခဲ့သူအချို့က စောဒကတက်ကြသည့်အတွက် "ခရီးစရိတ်ယူဆောင်ကြ သူတစ်ပါးရှေ့မှောက် အောက်မကျို့စေရသည့် စရိတ်စကသာလျှင် အကောင်းမြတ်ဆုံးဖြစ်သည်။" ဟူသော သဘောပါသည့် အထက်ပါ အာယသ်တော် ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အာယသ်တော်က သိက္ခာကျစေမည့် တောင်းရမ်းစားသောက်မှုမပြုရန် တားမြစ်ခြင်းဖြစ်ကြောင်း၊ ဒွရ်ရိမာန်စူရ်ကျမ်းတွင် ဆင့်ပြန်ထားသည်။

အလွန်အဆင့်မြင့်၊ အလွန်အရေးပါ အရာရောက်လှသည့် သဝပ်က်ကွလ်အကြောင်း ကောင်းစွာသိနားလည်ရန်လိုပေသည်။
တဝပ်က်ကွလ်သည် လက်ရုံးရည်မဟုတ်၊ နှလုံးရည်ကိုဆိုလိုခြင်းဖြစ်သည်။

မိမိ၏ပြည့်စုံချမ်းသာမှုထက် အလ္လာဟ်အရှင်မြတ်၏ စွမ်းဆောင်တော်မူမှုအပေါ် အာရုံအပြည့်အဝ ထားတတ်သူသာလျှင် တဝပ်က်ကွလ်ကို လက်ကိုင်ပြုသင့်သည်။ ထိုသို့သောအခြေအနေ အဆင့်အတန်းမရှိလျှင် တဝပ်က်ကွလ်လုပ်ရန် မစဉ်းစားအပ်ပေ။

တဝပ်က်ကွလ် နှင့်စပ်လျဉ်း၍ ပညာယူအပ်သော ဖြစ်ရပ်မှန်နှစ်ခုကို ချိတ်ဆက်မိသော ကျမ်းဂန်များတွင် တွေ့ရှိရပေသည်။ ထင်ရှားကျော်ကြားလှသော ဖြစ်ရပ်မှန်တစ်ခုမှာ ဟဇရသ်အဗူဗကရ်(ရသွေ့)ယလ္လာဟုအန်န်ဟု သခင်ကြီး၏အကြောင်းဖြစ်သည်။

သဗူးက်ကြိုးပမ်းမှုအတွက် တမန်တော်မြတ် ဆွာလ္လလ္လာဟု အလိုင်ဟိ ဝပ်စ္စလ္လမ် ရံပုံငွေကောက်ခံတော်မူစဉ်က သခင်ကြီးသည် အိမ်ရှိပစ္စည်းအားလုံး အကုန်သိမ်းကြုံးယူဆောင် ထည့်ဝင်တော်မူခဲ့သည်။

အလားတူပင် ပုဂ္ဂိုလ်တစ်ယောက်ကလည်း သဗူးက်ကြိုးပမ်းမှုအတွက် ရံပုံငွေအဖြစ် ဥတစ်လုံးမျှရှိသော ရွှေတုံးတစ်တုံး ဆက်ကပ်ပြီးနောက်" ဤပစ္စည်းမှအပ ကျွနု်ပ်ထံတွင် မည်သည့်ပစ္စည်းမျှမရှိတော့ပါ၊ ဤပစ္စည်းကို ဆွဒကဟ်အဖြစ်လက်ခံတော်မူပါ" ဟူ၍လျှောက်ထားသဖြင့်
ကိုယ်တော်မြတ် ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်သည် မျက်နှာတော်လွှဲလိုက်ပေသည်။ ထိုသူသည် မျက်နှာတော်လွှဲရာဘက်မှ တစ်ဖန် တင်ဆက်လျှောက်ထားပေးအပ်သဖြင့် ကိုယ်တော်သည် မျက်နှာတော် လွှဲလိုက်ပြန်ပေသည်။ ထိုသို့စတုထ္ထအကြိမ် လျှောက်ထားပြန်သောအခါ ကိုယ်တော်သည် ထိုပစ္စည်းကိုယူကာတစ်အားကုန် လွှင့်ပစ်တော်မူလိုက်ပြီးနောက်
အချို့သူတို့သည် မိမိ၏ရှိသမျှပစ္စည်းတို့ကို ဆွဒကာပေးလိုက်ကြပြီးနောက် အများတကာ၏ရှေ့တွင် လက်ဖြန့်တတ်ကြသည်" ဟု ကြိမ်းဝါးတော်မူလိုက်ပေသည်။
ဖော်ပြပါ ဖြစ်ရပ်မှန်နှစ်ခုမှ သဝပ်က်ကွလ်၏သဘောကို ကောက်ယူနိုင်ပေသည်။
ဆင်းရဲမွဲတေသော်လည်း မညည်းညူ၊ လူတို့ထံမှလည်း မတောင်းရမ်း၊ သီးခံမြဲ သီးခံနေသူသည်သာလျှင် ဧကန်အမှန် သဝပက်ကွလ် ပြုနိုင်သူဖြစ်သည်။
အခြားသူများအပေါ် တာဝန်ပိစေသူ၊ သီးခံမှုမရှိသူ၊ ကျေးဇူးမသိတတ်သူများအနေနှင့် စရိတ်စကမယူဆောင်ဘဲ သဝပ်က်ကွလ်ပြုကာ ခရီးမထွက်သင့်သောကြောင့်

(အလ်ဟဂ်ျဂျ အရှ်ဟူးရွံန်မ် မာ့လူးမာတွံန် ဖမဏ်းဖွရဒွဖီးဟင်န္နလ် ဟဂ်ျဂျ ဖလာရဖဆာ) ဟူသော အာယသ်တော်ကို ဟဂ်ျခရီး၏ အဓိက စည်းကမ်းတစ်ရပ်အဖြစ် ပြဌာန်းထားပါသည်။

ဖဇာအိလေ့ဟဂ်ျ မှကူးယူတင်ပြပါသည်။

***အာခိရသ်ရဲ့နူရ်***