Monday, September 22, 2014

အွမ္မရဟ်အကြောင်း


ဗိစ်မိစ်လ္လာဟစ်ရ်ရဟ်မာနစ်ရ်ဟီးမ်။

သတ်မှတ်ပေးထားသော အချိန်အလိုက် ဆောက်တည်ရသည့် ဖရ်ဇ်နမားဇ် ငါးကြိမ်အပြင် နဖိလ်နမားဇ်များလည်းရှိသကဲ့သို့ ကာ့ဗဟ်ကျောင်းတော်ကြီးကို ကြည်ညိုရန် သတ်မှတ်ပေးသည့် ဇစ်လ်ဟဂ်ျလ ၉ ၊၁၀၊ ၁၁၊ ၁၂ နှင့် ၁၃ရက် နေ့တို့မှအပ ကျန်ရက်များတွင်လည်း ကြည်ညိုပိုင်ခွင့် ပေးတော်မူထားပေသည်။ ဖော်ပြပါရက်များကား ဟဂ်ျပြုလုပ်ရန် ပြဌာန်းထားသောနေ့များ ဖြစ်သည်။ ထိုနေ့များမှအပ ကျန်နေ့ရက်များအနက် မည်သည့်နေ့ရက်တွင်ပင်မဆို စိတ်ဆန္ဒရှိသည်နှင့်အမျှ ကြည်ညိုနိုင်ကြသည်။ ထိုသို့ကြည်ညိုမှုပြုခြင်းကို [အွမ္မရဟ်]
ဟုခေါ်ဆိုသည်။ ဤကား အလ္လာဟ်အရှင်မြတ်၏ အလျား အနံ မရှိသည့် ကြီးမားလှသော ကျေးဇူးတော်ပင်ဖြစ်သည်။

ဟဇရသ်အီမာမ်အဗူဟနီဖဟ်နှင့် ဟဇရသ်အီမာမ်မာလစ်က်တို့က အွမ္မရဟ်ကို စွန္နသ်ဟူ၍ ဖတ္တဝါပေးသော်လည်း ဟဇရသ်အီမာမ်ရှာဖေအီနှင့် ဟဇရသ်အီမာမ်အဟ်မဒ်တို့က အွမ္မရဟ်ကို ဝါဂျစ်ဗ်ဟု ဖတ္တဝါပေးကြသောကြောင့် တစ်သက်တာတွင် တစ်ခါ မပျက်မကွက် ဆက်ဆက် အွန်မ္မရဟ် ပြုထိုက်သည်။

ဟန္နဖီပညာရှင်အချို့က အွန်မ္မရဟ်လုပ်ရန်ကို ဝါဂျစ်ဗ်တာဝန်ယူ၍ ပြဌာန်းကြပြီး၊ အချို့ကဖရ်ဇိကိဖာယဟ် ဟူ၍ ပြဌာန်းကြသောကြောင့် သွားနိုင် လာနိုင် သုံးစွဲနိုင်သူတိုင်းသည် တစ်သက်တာတွင် အနည်းဆုံး တစ်ကြိမ်တစ်ခါမျှ အွမ္မရဟ်လုပ်ရမည်။ အွမ္မရဟ်လုပ်ရန်အတွက် ကုရ်အာန်ကျမ်းမြတ် ၂း၁၉၆ တွင်လည်း (အသင်တို့သည် ဟဂ်ျနှင့် အွန်မ္မရဟ်ကို အလ္လာဟ်အရှင်မြတ်အား ရည်စူး၍သာ ပြီးပြည့်စုံအောင် ဆောင်ရွက်ကြလေကုန်) ဟု၍ ပြဌာန်းတော်မူထားပေသည်။

(ဟဂ်ျနှင့်အွမ္မရဟ်ကို ပြီးပြည့်စုံအောင် ဆောင်ရွက်ကြ ) ဟူသော အာယသ်တော်ကို
ဟဂ်ျနှင့်အွမ္မရဟ် ပြုလုပ်ရန်အတွက် မိမိအိမ်မှပင် အိဟ်ရာမ်ဝတ်ဆင်၍ ထွက်ခြင်း။ ကိုဆိုလိုသည်ဟု ဟဒီးဆ်တော်တစ်ပါးတွင် ဆင့်ပြန်ထားပေသည်။

မိမိအိမ်မှ အိဟ်ရာမ်ဝတ်ဆင်၍ ခရီးစတင်ခြင်းမှာ ကောင်းလွန်းလှပြီး ထိုသို့ခရီးစတင်ခြင်းသည် အလွန်ပင် ထူးမြတ်လှကြောင်း ဟဒီးဆ်တော်အများအပြားတွင် အတိအလင်းလာရှိသော်လည်း အိဟ်ရာမ်ဝတ်ဆင်ပြီးနောက် ဆင်ခြင်ရှောင်ကြဉ်ရမည့် ကိစ္စများကို ချိုးဖောက်မိတတ်သောကြောင့် ပညာရှင်တို့က သတ်မှတ်ထားပြီးဖြစ်သော နယ်နိမိတ်သို့ ရောက်ရှိမှသာ အိဟ်ရာမ်ဝတ်ကြရန် ပညတ်ကြပေသည်။

ထိုသို့ပညတ်ကြခြင်းမှာ ထူးမြတ်မှုများကို မခံစားစေလို၍မဟုတ်၊ အိဟ်ရာမ်ဝတ်ထားစဉ် ချိုးဖောက်မိမည့်ကိစ္စများမှထိုက်သင့်မည့်အပြစ်ဒဏ်များမှ လွတ်ကင်းကြရေးအတွက် ဖြစ်ပေသည်။

နဗီတမန်တော်မြတ် ဆွလ္လာဟုအလိုင်ဟိဝပ်စ္စလာမ် သည် ဟဂ်ျတစ်ကြိမ်သာ ဆောက်တည်တော်မူခဲ့သော်လည်း အွမ္မရဟ်လေးခါ ပြုလုပ်တော်မူခဲ့သည်။ အွမ္မရဟ်တစ်ကြိမ်ကိုမူမုရှရစ်က်တို့က မက္ကဟ်မြို့တော်သို့ မဝင်ရောက်ရန်ပိတ်ပင်ထားမြစ်ခဲ့ကြသောကြောင့် မလုပ်ခဲ့ရပေ။ အွမ္မရဟ်သုံးကြိမ်ကို ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်တော်မူခဲ့သည်။

ယာအလ္လာဟ်ကျွန်တော်မျိုးနှင့်တကွ မိသားစုအားလုံးနှင့်အတူ
မုအ်မင်န်မုစ်လင်မ်အားလုံးတို့အား
ဟဂ်ျနှင့်အွန်မ္မရဟ်
ကောင်းမွန်စွာ ပြုလုပ်နိုင်သော သောင်ဖီးက် ပေးသနားတော်မူပါ။
တောင်းဆုဒုအားများကိုအလ္လာဟ်အရှင်လက်ခံသဘောတူတော်မူပါ။ အာမီးန်၊ဆွန်းမ္မာအာမီးန်။

*** အာခိရသ် ရဲ့ နူရ် ***

အလ်မုဖီးဒ်
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။