Showing posts with label Tauheed. Show all posts
Showing posts with label Tauheed. Show all posts

Sunday, March 15, 2015

အစ္စလာမ့်ပညာရေး ၁


ယခုတင်ဆက်မည့် အကြောင်းအရာသည့် အစ္စလာမ့်ပညာရေး အမည်ရှိ စာအုပ်မှ သာသနာ့ပညာသင်ယူရန် အရေးကြီးခြင်းနှင့် ထူးမြတ်မှုများ၊ တမန်တော်ခေတ် ဆွဟာဗဟ်၊ သာဗိအီးန်ကြီးများနှင့် ခေတ်တိုင်းရှိ သာသနာ့ပညာလည်ပတ်ခဲ့ပုံ စသည့်အကြောင်းအရာများ ဖြစ်ပါသည်။ ဤစာအုပ်သည် မြန်မာပြည် မန္တလေးတိုင်းရှိ မော်လာနာကမ္မရွတ်ဒီးန် ဦးသန်းမောင်(ဂျာမိအီ) ဘာသာပြန်ဆိုထားသည့် အလွန်ဖတ်ကောင်းသည့် စာအုပ်ကောင်းတစ်အုပ်ပင် ဖြစ်ပါသည်။ ထိုစာအုပ်မှတဆင့် ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။ အင်န်ရှာအလ္လာဟ် အခန်းဆက်ပုံစံဖြင့် နေ့စဉ်တင်ဆက်သွားပါမည်။ မိတ်ဆွေများလည်း ၃မိနစ်ခံမျှ အချိန်ပေးကာ တင်ဆက်သည့် အခန်းများကို ဖတ်ရှုကြပါရန် ပြောလိုပါသည်။ အရှင့်အသနားတော်ဖြင့် သာသနာ့ပညာကို သင်ယူရန် အဆင်သင့်ဖြစ်သွားပါမည်။ အလ္လာဟ်အရှင်မြတ်သည် အီမာန်ရှင်တိုင်းအား သာသနာ့အသိပညာ သင်ယူခွင့်နှင့် ပြန်လည်ပို့ချနိုင်ခွင့်တို့ကို ချီးမြှင့်တော်မူပါ။ အာမီးန် (အလ်မုဖီးဒ်)

အဖွင့်စကား
ဤစာအုပ်သည် အိန္ဒိယနိုင်ငံမှ မော်လာနာအိဒ်ရီးစ်(အန်ဆွာရီ) ရေးသားပြုစုထားသည့် ဟမားရီးသအ်လီးမ် ဟူသောကျမ်းစာကို ကျွန်ုပ်က အစ္စလာမ့်ပညာရေး အမည်ဖြင့် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ ကျမ်းပြုရှင်က မိမိကျမ်းစာတွင် သာသနာ့ပညာသင်ယူခြင်း၏ မြင့်မြတ်မှုနှင့် ပညာ၏ အရေးပါမှုတို့ကို အလေးပေးပြဆိုထား၏ ။
အစ္စလာမ်ကလည်း ပညာ၏ မြင့်မြတ်မှုနှင့် အရေးပါမှုတို့ကို ဖော်ပြရာတွင် အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်ထံ ပထမဦးစွာချပေးတော်မူခဲ့သည့် (အိက်ရအ်) ဖတ်လော့။ ထို့နောက် (အလ္လမဗိလ်ကလမိ) အလ္လာဟ်အရှင်မြတ်က ရေးမှတ်ခြင်းကို သင်ပြခဲ့တော်မူခဲ့သည်ဟူသော အာယသ်တော်များပင် ဖြစ်သည်။ ဤသို့ဖတ်ခြင်းနှင့် အတူ ရေးမှတ်ခြင်းကို အထူးပြဆိုထားသည့် အမိန့်တော်များကြောင့် တမန်တော်မြတ်က မုစ်လင်မ်တိုင်း ပညာသင်ယူကြရန် ဖရ်ဇ်တာဝန်ဖြစ်ကြောင်း မိန့်ဆိုခဲ့လေသည်။
သို့ပါ၍ ကျွန်ုပ်သတိပေးလိုသည်မှာ မည်သူမဆို ပညာကို သင်ယူကြပါ။ သင်ပေးကြပါ။ မှတ်သားထားကြပါ။ ပြီးလျှင် လိုက်နာကျင့်သုံးကြပါဟူ၍ ဖြစ်ပေသည်။
အားလုံးမုစ်လင်မ် သိမြင်အဆုံး ကျင့်သုံးနိုင်ကြပါစေ။
((မော်လာနာကမ္မရွဒ်ဒီးန် ဦးသန်းမောင် (ဂျာမိအီ) ၂၈ - လမ်း၊ ရတနာပုံအိုးဘိုဗလီဝင်း၊ မန္တလေးမြို့))

အိလ်မ်ဟူသည်
အရာဝတ္ထုတစ်ခု၏ အရင်းခံဇစ်မြစ်ကို သိရှိနားလည်ခြင်း၊ ခွဲစိတ်ဝေဖန်တတ်ခြင်း၊ ယုံကြည်မှုထားရှိခြင်းကို အရဗီစာပေ၌ အိလ်မ် ပညာဟု ခေါ်ဆိုပေသည်။ အိလ်မ်၏ အများကိန်းသည် အို့လူမ် ဖြစ်၏။ အိလ်မ်၏ ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသူကို အာလင်မ် ပညာရှိသုခမိန်ဟု ခေါ်ဆိုကြပေသည်။
အာလင်မ်၏ အများကိန်းသည် အိုလမာဖြစ်၏။ အာလိမုဒ်ဒီးန် သာသနာ့ပညာရှင်ဟူသည် သာသနာ၏ အရင်းခံအဆီအနှစ်များကို ဂဃနဏနားလည်သိကျွမ်းပြီး ထိုသာသနာအပေါ် စွဲမြဲစွာ ယုံကြည်ကျင့်သုံးသူကို ခေါ်ဆိုကြ၏။ သာသနာ့ပညာနှင့် ပညတ်ချက်များကို သိကျွမ်းနားလည်မှုရှိပြီး ၎င်းအပေါ်ယုံကြည်မှု မရှိပါက ထိုသူကို အာလိမုဒ်ဒီးန် သာသနာ့ပညာရှင်ဟု မခေါ်ဆိုနိုင်ပေ။
အလားတူ သာသနာ့ပညာနှင့် ပညတ်ချက်များအပေါ် ယုံကြည်လေးစားမှုရှိပြီး သာသနာ့အဓိကအဆီအနှစ်များကို မသိနားမလည်ပါမူ ၎င်းကိုလည်း အာလိမုဒ်ဒီးန် သာသနာ့ပညာရှင်ဟု မခေါ်ဆိုနိုင်ပေ။ (အလ်မွန်ဂျိဒ် - စာ ၃၆)
အထက်ပါ ဖွင့်ဆိုချက်ကို ထောက်ရှုခြင်းအားဖြင့် အာလင်မ်တစ်ပါးဖြစ်ရှိရန်အတွက် သာသနာ့ပညာရပ်များကို အရဗီသိပ္ပံကျောင်းများ၌ စနစ်တကျသွားရောက်သင်ယူရမည်။ ဆရာသမားတစ်ဦးဦးထံ အနွံအတာခံ၍ ဆရာနှင့် လက်ပွန်းတတီး နေထိုင်ဆည်းပူးရမည်။ မိမိစီးပွားရေးလုပ်ငန်းများကို လုံးဝစွန့်လွှတ်၍ ကျောင်းတတ်သင်ယူရမည်။ ၎င်းတို့ဆောင်းပေးသော ဘောင်းထုတ်ကို ခံယူမှ အာလင်မ်ဖြစ်မည်ဟူ၍ သတ်မှတ်ချက်မရှိကြောင်း သိမြင်နိုင်ပေသည်။ သို့သော် ထိုသို့သောနည်းစနစ်များဖြင့် သာသနာ့ပညာကို သင်ယူဆည်းပူသူတို့အား သို့လဗာ ကျောင်းသားဟူ၍ ခေါ်ဆိုထိုက်သော်လည်း ၎င်းကို ပုံသေမမှတ်ယူအပ်ပေ။
ပုဂ္ဂိုလ်တစ်ဦးသည် မိမိဝမ်းစာကိုရှာဖွေနေရ၏။ အမောဖြေအပန်းဖြေ အနားယူချိန်များလည်းရှိ၏။ ထိုသူသည် ယင်းအားလပ်ချိန်များမှ  အချိန်ပိုအနည်းငယ်ထုတ်၍ သာသနာ့ပညာများကို အပတ်တကုတ်ကြိုးစားသင်ယူခဲ့၏။ ၎င်းသူကိုပင် သို့လဗာ ကျောင်းသားဟူ၍ ခေါ်ဆိုနိုင်၏။ သို့သာမက .... ထိုသူသည် ကျောင်းသားတစ်ဦး ရရှိအံ့သော ပညာအဆင့်အတန်းနှင့် ပညာ့အကျိုးကုသိုလ်များကိုလည်း ထပ်တူထပ်မျှရရှိနိုင်ပေသည်။
တမန်တော်မြတ်က အစ္စလာမ်သာသနာ့သဘောတရားတွင် မိမိတို့အရောင်းအဝယ်လုပ်ငန်းများကို စွန့်လွှတ်၍ ပညာသင်ယူမှသာ ကျောင်းသားတစ်ဦးဖြစ်ရှိနိုင်သည်။ အာလိမုဒ်ဒီးန် သာသနာ့ပညာရှင်အဖြစ်သို့ ရောက်ရှိနိုင်သည်။ ဟူသော ပြဋ္ဌာန်းချက်ကို လုံးဝမထားရှိခဲ့ပေ။
ယနေ့ ကျွန်ုပ်တို့ မျက်မှောက်ခေတ်တွင် သာဝကကြီးများ၏ စားဝတ်နေရေးနှင့် အုပ်ချုပ်ရေးသမိုင်းမှာ ထင်ရှားစွာရှိနေပေပြီ။ များစွာသော စွဟာဗဟ်သခင်ကြီးများသည် ရောင်းဝယ်ဖောက်ကားခြင်းနှင့် လယ်ယာစိုက်ပျိုးခြင်းဟူသော အလုပ်ကိုလုပ်ကိုင်၍ အသက်မွေးဝမ်းကြောင်းပြုနေခဲ့ကြပေသည်။
အထူးသဖြင့် မုဟာဂျိရ်များသည် ကုန်သည်များဖြစ်ကြ၍ အန်စွာရီများသည် လယ်သမားများဖြစ်ကြ၏။ ထိုသို့ အသက်မွေးဝမ်းကြောင်းအလုပ်ကို နေ့စဉ်နှင့်အမျှ လုံးပမ်းနေကြရစေကာမူ နမားဇ်ကို ဖရ်ဇ်ပညတ်ချက်တာဝန်တစ်ရပ်အဖြစ် မှတ်ယူသကဲ့သို့ သာသနာ့ပညာရှာဖွေဆည်းပူးခြင်းကိုလည်း ဖရ်ဇ်တာဝန်တစ်ရပ်ဟု မှတ်ယူထားကြပေသည်။ ထို့ကြောင့် စွဟာဗဟ်သခင်ကြီးများတွင် မည်သူမျှ ပညာမဲ့မဖြစ်ခဲ့ကြပေ။
တမန်တော်မြတ် ဝဖါးသ် ကွယ်လွန်ပြီးသည့်နောက် ထိုပညာတတ် စွဟာဗဟ်သခင်ကြီးများသည် မိမိတို့ပညာအရညအချင်းနှင့် မိမိတို့နေရာဒေသများတွင် အာလင်မ်ပညာရှင်များအဖြစ် ရပ်တည်နိုင်ခဲ့ကြပေသည်။ တစ်ချိန်က ထိုပုဂ္ဂိုလ်တို့သည် တမန်တော်မြတ်လက်ထပ်တော်တွင် သာသနာ့ပညာရပ်များကို သင်ယူခဲ့ကြသော ကျောင်းသားများဟု ဆိုရပေမည်။
အကယ်၍ ထိုပုဂ္ဂိုလ်တို့သည် ထိုစဉ်က သာသနာ့ပညာရပ်များ သင်ယူခြင်း သင်ကြားပို့ချခြင်းကို သီးသန့်အဖွဲ့အစည်း အသင်းအပင်းတစ်ခု၊ သို့မဟုတ် လူတစ်စု လူတန်းစားတစ်ရပ်၏ တာဝန်သာဖြစ်သည်ဟု မှတ်ယူ၍ လွတ်လွတ်ကင်းကင်း နေထိုင်ခဲ့ပါမူ ယနေ့ကျွန်ုပ်တို့ထံသို့ သာသနာ့ပညာရပ်များ ဤသို့ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိရန် အလွန်ခဲယဉ်းလှပေသည်။
အကြောင်းဆိုရသော် နှောင်းခေတ်ရှိ အပ်စ်ွဟာဗိစွတ်ဖဟ် ဦးရေသည် စွဟာဗဟ်များ၏ အရေအတွက်နှင့် နှိုင်းယှဉ်ကြည့်သော် ဂျုံစေ့နှင့် ဆားပွင့်ပမာ ခြားနားနည်းပါးနေကြောင်း တွေ့ရပေမည်။ အပ်စ်ွဟာဗိစွတ်ဖဟ်များတွင် တမန်တော်မြတ်၏ သြဝါဒတော်များကို အများဆုံးဆင့်ပြန်ပို့ချနိုင်ခဲ့သူမှာ အဗူဟိုရိုင်ရာရသွီယလ္လာဟုအန်ဟု တစ်ဦးတည်းသာလျှင် ရှိခဲ့၏။ သခင်သည် တမန်တော်မြတ်၏ ဟဒီးဒ်သြဝါဒတော်ပေါင်း ခြောက်ထောင်ခန့်ကို တစ်ဆင့်ပြန်လည် ပို့ချပေးနိုင်ခဲ့လေသည်။
အိမာမ်ဗိုခါရီသခင်ကြီးပင် စွဟီးဟ်ဟဒီးစ်တော်ပေါင်း တစ်သောင်းခန့်ကို အာဂုံဆောင်နိုင်ခဲ့၏။ ၎င်းပြင် အခြားဟဒီးစ်တော်ပေါင်းများစွာကိုလည်း ကိုယ်တိုင်စုဆောင်းရေးသားထားပေသည်။ ဤမျှ များပြားလှသော ဟဒီးစ်တော်များကို အဘယ်မှရရှိခဲ့ပါသနည်း။ စဉ်းစာကြည့်ကြလေကုန်။
သာဝကကြီးအွမ္မရ်(ရသွီ)သခင်က ဖွင့်ဆိုခဲ့သည်မှာ ကျွန်ုပ်သည် (အဝါလီ) မဒီနာဟ်မြို့အနီးတဝိုက်မှ ကျေးရွာလေးတွင်နေထိုင်ခဲ့စဉ်က တစ်နေကုန်အလုပ်ခွင်၌သာ ရှိနေခဲ့၏။ အန်စွာရီနောင်တော်များက တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် ထံ ဝင်ရောက်ခစားပြီး သင်ယူမှတ်သားခဲ့ကြသော သာသနာ့ပညတ်တော်များကို ကျွန်ုပ်က ထပ်ဆင့်သင်ယူကျက်မှတ်ခဲ့ရလေသည်။ တစ်ဖန်ကျွန်ုပ်ကလည်း တမန်တော်မြတ်ထံ တစ်လှည့်ပြန်ချဉ်းကပ်၍ ပညတ်တော်များကို ဆည်းပူးသင်ယူခဲ့ပြီး အန်စွာရီများအား တစ်ဆင့်သင်ကြား ပို့ချပေးခဲ့ပါသည်။ (ဗိုခါရီကျမ်း)
သာဝကကြီး အလီဗင်န်ဇူရ်အာ(ရသွီ)သခင်က ဖွင့်ဆိုခဲ့ပါသည်။ တမန်တော်မြတ်မကွယ်လွန်မီ ကိုယ်တော်သည် ဟဒီးစ်တော်များကို ကျွမ်းကျင်ပြီး ပညာအရည်အချင်းနှင့် ပြည့်စုံသော သူတော်စင်သာဝကပေါင်း တစ်သောင်းကျော်ခန့်ကို မွေးထုတ်ပေးခဲ့ပါသည်။ ၎င်းပုဂ္ဂိုလ်မြတ်တို့သည် အစ္စလာမ်လူထုကြီးအား ဟဒီးစ်တော်များကို အဆက်မပြတ်သင်ကြားပို့ချပေးခဲ့ပါသည်။ အကယ်၍ အပ်စ်ွဟာဗိစွတ်ဖဟ်များသာ ပညတ်ချက်များကို သင်ယူဆည်းပူး၍ အဆုံးသတ်ခဲ့ပါလျှင် ဤရာပေါင်းအနည်းငယ်မျှရှိသော အပ်စ်ွဟာဗိစွတ်ဖဟ်များက ထိုတစ်သောင်းကျော်ခန့်ရှိသော ဆွဟာဗဟ်များကို အာလင်မ်ပညာရှင်များအဆင့်သို့ ရောက်အောင် အဘယ်သို့ပို့ဆောင်နိုင်ပါအံ့နည်း။
တမန်တော်မြတ်ကွယ်လွန်ပြီးနောက် ဆွဟာဗဟ်ကြီးများ၏ သာသနာ့ပညာပို့ချရေးအဖွဲ့ဝင်များသည် ဌာနအသီးသီး၌ ရှိနေခဲ့ကြသည်။ ထိုအဖွဲ့အစည်းများတွင် များစွာသောပုဂ္ဂိုလ်တို့သည် အပ်စ်ွဟာဗိစွတ်ဖဟ်များ မဟုတ်ကြပေ။

((အင်န်ရှာအလ္လာဟ် ရှေ့အခန်းတွင် စွဟာဗဟ်တို့၏ ပညာရေးပို့ချရာ ဌာနများ အကြောင်းကို တင်ဆက်ပါမည်။))

Friday, February 27, 2015

မြတ်နဗီဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် အသက်ရှင်လျှက် ရှိနေခြင်း၏ အထောက်အထား

အောက်ပါပို့စ်ကို ကူးယူလိုသူများ စာပါအကြောင်းအရာအားလုံးအပြည့်အစုံနှင့် ရေးသားသူအမည်ပါ ထည့်သွင်းကူးပါ။

တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် အသက်ရှင်လျှက်မရှိတော့ဟု ခံယူချက်ထားကာ စောဒကတတ်သူများသို့ .....

တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည် မိမိရောင်ဇွဟ်ထဲ၌ အသက်ရှင်နေတော်မူခြင်း၏ အထောက်အထောက်များ နှင့် စောဒကတက်သူအတွက်အဖြေများ (၁)

(၁) တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) မမွေးဖွာမီ အရင်ကတည်းက ကိုယ်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)နှင့် ပတ်သက်သော သတင်းကောင်းများသည် သောင်ရသ်၊ အိန်ဂျီလ်ကျမ်းစာအုပ်များတွင်လည်း လာရှိထားသည်။ ထိုလာရှိချက်များနှင့် ပတ်သက်ပြီး မွတ်စ်လင်မ်တိုင်းလက်ခံသလို တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)မမွေးဖွားခင်အရင်ကတည်းက လက်ခံထားသူများလည်း မြောက်များစွာရှိကြသည်။ 

ကိုယ်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) လာရှိမည်နှင့်ပတ်သက်ပြီး တမန်တော်အီစာ (အလိုင်ဟစ္စလာမ်)မှ သတင်းကောင်းပေးခဲ့သည်နှင့် စပ်လျဉ်း၍ ကျမ်းမြတ်ကုရ်အာန် (၆၁း၆ ) တွင် လာရှိသည်မှာ……
" ဝအီဇ်ကားလာ အီစဗ်နူမရ်ယမ ယားဗနီးအီစ်ရားအီးလ အီးန်နီးရစူးလွလ္လာဟိ အီလိုက်ကူမ့် မူဆွဒ်ဒီကလ်လီမားဗိုက်န ယဒိုက်ယ မီနသ်သောင်ရားသိ ၀မူဗရှ်ရှီရမ့် ဗိရစူးလီန် ယအ်သီး မင်းမ်ဗအ့်ဒီးစ်မူဟူး အဟ်မဒု ဖလမ့်မား ဂျားအဟူမ့် ဗီလ်ဗိုက်ယိနားသိ ကားလူး ဟားဇား စီဟ့်ရူးမ်းမူဗီးန် " ဆိုလိုသည်မှာ….. ထိုမှတစ်ပါးပြန်လည်သတိရရှိကြလေကုန်။ အခါတစ်ပါး၌ မရ်ယမ်၏ သားတော် တမန်တော်အီစာ(အလိုင်ဟိစ္စလာမ်)သည် (ဤသို့)ပြောကြားခဲ့လေ၏။ အို.. အီစ်ရာအီလီမျိုးနွယ်အပေါင်းတို့! ဧကန်မလွဲ ငါသည်မိမိအလျင်ရှိနေသော သောင်ရသ် (ကျမ်းဂန်)ကို ဟုတ်မှန်ကြောင်း ထောက်ခံအတည်ပြုသူအဖြစ်လည်းကောင်း၊ ငါ၏နောက်တွင် " အဟ်မဒ် " ဟူသော အမည်နာမနှင့်ပွင့်အံ့သော ရစူလ်တမန်တော်တစ်ပါးနှင့်ပတ်သက်၍ သတင်းကောင်းပြောကြားသူ အဖြစ် လည်းကောင်း၊ အသင်တို့ထံ(စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ်အရှင်မြတ်၏ရစူလ် တမန်တော်ဖြစ်၏။

ကျမ်းမြတ်ကုရ်အာန်၌လာရှိသည့် တမန်တော်အီစာ(အလိုင်ဟစ္စလာမ်)နှင့် ပတ်သက်သော ဤအကြောင်းအရာသည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) မမွေးဖွားခင် နှစ်ပေါင်းငါးရာအရင်မှ အကြောင်းအရာတစ်ခုဖြစ်သည်။ ဤအာယသ်တွင်ပါရှိသည့် တမန်တော်အီစာ(အလိုင်ဟစ္စလာမ်) သတင်းကောင်းပါးထားသော ရောက်ရှိလာမည့်တမန်တော်မှာ တမန်တော်မြတ်မိုဟမ္မဒ် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ဖြစ်ကြောင်းကို မွတ်စ်လင်မ်တိုင်းကလက်ခံထားကြသည်။ ထိုအချိန်က တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည် မွေးဖွားခြင်းပင်မရှိသေးပေ။ သို့သော် ကျမ်းမြတ်ကုရ်အာန်၏ရှင်းလင်းချက်အရ မွတ်စ်လင်မ်တိုင်းက ရစူလ်တမန်တော်အဖြစ် ရောက်ရှိမည်ဆိုခြင်းကို လက်ခံထားကြသည်။ ထိုကဲ့သို့လက်ခံထားခြင်းတွင် မည်သူတစ်ဦးတစ်ယောက်မျှလည်း စောဒကတက်ခြင်း မရှိပေ။

ထိုကဲ့သို့ မမွေးဖွားမီအရင်ကပင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ရောက်ရှိမည်ကို ယုံကြည်လက်ခံမည်ဆိုလျှင် ယခု တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)၏ ဝဖားသ်နောက်ပိုင်းတွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည် မိမိရောင်ဇွဟ်တွင် ခန္ဓာကိုယ်နှင့်တကွ အသက်ရှင်လျှက်ရှိခြင်းနှင့်စပ်လျဉ်း၍ အကီဒဟ်ထားခြင်းတွင် အဘယ်သို့သော ချို့ယွင်းချက်ရှိနိုင်ပါမည်နည်း? အသင်ယုံကြည်လက်ခံထားသော အလ္လာဟ်အရှင်မြတ်သည် ဤကဲ့သို့သော ကိစ္စကို ပြုနိုင်စွမ်းရှိသည်ဟု အသင်ယုံကြည်ခြင်းမရှိပါသလား? ထိုသို့ဆိုပါက အသင်သည် အလ္လာဟ်အရှင်မြတ်ကိုပင် သံသယဝင်ပြီး လျှို့ဝှက်စွာဖြင့် အရှင်မြတ်၏ကုဒ်ရသ်များအား ငြင်းပယ်သူဟု ထင်မှတ်ရပါသည်။

ဤကိစ္စနှင့်ပတ်သက်ပြီး တစ်ဦးတစ်ယောက်က မိမိအတွေးအခေါ်အတိုင်း အမျိုးမျိုးသော စောဒကများတက်မည်ဆိုလျှင် ကျမ်းမြတ်ကုရ်အာန်၌ပါရှိသော တမန်တော်အီစာ(အလိုင်ဟိစ္စလာမ်) သတင်းကောင်းပေးသော တမန်တော်မှာ ကိုယ်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ဖြစ်ကြောင်းကို မမြင်တွေ့ရဘဲ အဘယ်ကြောင့် လက်ခံပါသနည်း။ တမန်တော်အီစာ(အလိုင်ဟိစ္စလာမ်)၏နောက်ပိုင်း နှစ်ပေါင်း ၅ဝဝ ကျော်အထိ မွေးဖွားလာခြင်းပင်မရှိသေးသော၊ တွေ့မြင်ခြင်းပင် မရှိသေးသော မိုဟမ္မဒ်သခင် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ရောက်ရှိလာမည့်သတင်းအား အဘယ့်ကြောင့် လက်ခံပါသနည်း။

** ယခု တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ရောင်ဇွဟ်ထဲ၌ အသက်ရှင်လျက်ရှိခြင်းနှင့် ပတ်သက်ပြီး အပိုင်းနှစ်ပိုင်း ခွဲပြီးမြင်ရန်လိုအပ်ပါသည်။

ပထမသည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ဤဒွန္နယာ၏ သက်တမ်းအဆုံးထိ နေခဲ့သောအကြောင်းဖြစ်ပြီး ဒုတိယမှာ ဤဒွန္နယာမှခွဲခွဲသွားပြီးသောအခါ၌လည်း အာလမေဗရ်ဇခ်တွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် ခန္ဓာကိုယ်နှင့်တကွအသက်ရှင်လျက်ဖြင့် မိမိရောင်ဇွဟ်ထဲတွင်ရှိနေကြောင်းကို ခွဲခြားနားလည်ရန်လိုအပ်ပါသည်။

(၂) ကမ္ဘာကျော်စာအုပ်ဖြစ်သည့် သဇ်ကီရသူလ်အောဝ်လီယာကျမ်း စာအုပ်ထဲတွင် ဟဇ်ရသ် ရှိုင်းခ်ဖရီးဒူရ်ဒီးန်အတ်ွတွားရ်(ရဟမသုလ္လာအလိုင်းဟ်)သခင်ကြီးက အီမာမ်အဘူဟနီဖဟ် (ရဟမသုလ္လာအလိုင်းဟ်) သခင်ကြီးနှင့် ပတ်သက်ပြီး ရေးသားခဲ့သည်မှာ ………. တစ်နေ့သောအခါ အီမာမ်အဘူဟနီဖဟ်သည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ ရောင်သွာသို့ဇေယာရသ်ပြုရန် ရောက်ရှိလာသောအခါ ကိုယ်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)၏ ရောင်ဇွဟ်ရှေ့၌ " အတ်စ်စလားမုအလိုက်ကာ ယားစိုက်ယိဒလ်မွရ်စလီးန်" ဆိုလိုသည်မှာ …. " အို… ရစူလ်တမန်တော်များ၏ခေါင်းဆောင်! ကိုယ်တော့်အပေါ်သို့ အလ္လာဟ်အရှင်မြတ်ဘက်မှ ငြိမ်းချမ်းသာယာမှု အဖြာဖြာကျရောက်ပါစေ" ဟူ၍ စလာမ်မေတ္တာပို့သခဲ့ပါသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)၏ ရောင်ဇွဟ်ထဲမှ ….…. " ဝအလိုက်ကတ်စ်စလားမူ ယားအီမာမလ်မွတ်စ်လီးမီးန်" ဆိုလိုသည်မှာ …." အို… မွတ်စ်လင်မ်များ၏ခေါင်းဆောင် အသင့်အပေါ်သို့လည်း အလ္လာဟ်အရှင်မြတ်ဘက်မှ ငြိမ်းချမ်းသာယာမှုအဖြာဖြာ ကျရောက်ပါစေ" ဟု အသံထွက်ပေါ်လာခဲ့ပါသည်။

ဤကဲ့သို့ အဖြေထွက်ပေါ်လာခြင်းနှင့် ပတ်သက်ပြီး အကလ်အသိဥာဏ်ကောင်းသော လူသားဖြစ်မည်ဆိုပါက ဤသည် အသက်ရှင်လျှက်ရှိခြင်း၊ မရှိခြင်းနှင့်ပတ်သက်ပြီး ဆုံးဖြတ်နိုင်သော လုံလောက်သည့် အချက်တစ်ခုဖြစ်ပါသည်။ အသံသည် ခန္ဓာကိုယ်နှင့်ရူးဟ် ပေါင်းစပ်ပြီးဖြစ်ပေါ်လာသော အရာတစ်ခုဖြစ်ပါသည်။ ရူးဟ်ဝိညာဉ်တစ်ခုတည်းဖြင့် ထိုကိစ္စကို ပြုလုပ်နိုင်မည်မဟုတ်ပါ။ အကြင်သူက မိမိကိုယ်ကိုဟနဖီဟုပြောဆိုပြီး အီမာမ်အဘူဟနီဖဟ်သခင်ကြီး၏ ဤအကြောင်းအားမသိရှိဘဲ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ရောင်သွာထဲ၌ ဇင်န်ဒဟ် အသက်ရှင်လျှက်ရှိနေခြင်းနှင့်ပတ်သက်ပြီး စောဒကတက်ပါက ထိုသူ့အား ဟနဖီဟု မည်ကဲ့သို့သတ်မှတ်ရပါမည်နည်း။

အထက်ပါအကြောင်းအရာများအတွက်ကြောင့် အဟ်လေစွန္နသ်ဝလ်ဂျမာအသ်စွန္နီမွတ်စ်လင်မ်များက ဟယာသူန့်နဗီ (တမန်တော်မြတ်သည် ရှင်လျှက်ပင်ရှိနေသည်) ကို မိမိတို့၏ အကီဒဟ်ခံယူချက် ပြုလုပ်ထားသည်။ အဟ်လေစွန္နသ်ဝလ်ဂျမာအသ် စွန္နီမွတ်စ်လင်မ်များတွင် ဤအကီဒဟ်ကို မယုံကြည်သူသည် ဗာသွိလ်မမှန်ကန်သူပင် ဖြစ်သည်။

ထပ်မံ၍ဥပမာပေးရမည်ဆိုလျှင်
(၃) အကြင်သူသည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ ရောင်ဇွဟ်ရှေ့တွင် ဒရူးဒ် စလာမ် စလာဝသ် ပို့သသည်။ ထိုဒရူးဒ်စလာမ်များကို တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ကိုယ်တော်တိုင် မိမိနားနှင့်ကြားသိရှိသည် ဟူ၍ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ ဟဒီးဆ်များတွင်လာရှိထားသည်။ အကယ်၍ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အသက်ရှင်လျှက်မရှိပါက ထိုကဲ့သို့ကြားသိရန် မည်သည့်အကြောင်းရှိပါသနည်း။

(၄) အချို့ဟဒီးဆ်များတွင်လာရှိသည်မှာ တနင်္လာနေ့တွင် တမန်တော်မြတ် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ဖရိရှ်သဟ်ကောင်းကင်တမန်များက အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အတိုင်း ဤအွမ္မသ်များ၏အမလ်များကို တမန်တော်ထံသို့ပို့သသောအခါ တမန်တော်မြတ် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် မိမိအွမ္မသ်များ၏ ကောင်းမွန်သော အမလ်များကိုသိရှိပြီး ပျော်ရွှင်ဝမ်းသာ၍ မကောင်းသောအမလ်များကိုသိရှိသောအခါ ဝမ်းနည်းတော်မူပါသည်ဟု လာရှိထားသည်။ အကယ်၍ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် သေဆုံးကွယ်လွန်သွားသည်ဆိုပါက ထိုအမလ်များကို တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ထံသို့ ပို့သရန် မည်သည့်အကြောင်းရှိပါသနည်း?

တမန်တော်များသည် အလ္လာဟ်အရှင်မြတ်၏ အထူးဗန်ဒဟ်များဖြစ်သည့်အတွက် သာမာန်လူသားများနှင့် မည်သို့မျှ နှိုင်းယှဉ်စဉ်းစား၍မဖြစ်နိုင်ပေ။ ထိုကဲ့သို့ စဉ်းစားခြင်းသည် ရှိုက်သွာန်၏လှုံဆော်မှုသာဖြစ်သည်ကို သဘောပေါက်ရန်လိုအပ်ပါသည်။

(၅) နဗီတမန်တော်များသည် ဝဖါးသ်ဖြစ်သွားပြီးနောက်တွင် ချက်ချင်းပင် ဇင်န်ဒဟ် ပြန်လည်ရှင်သန်သွားသည်။ အလားတူ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည်လည်း ဝဖါးသ်ဖြစ်ပြီးနောက်တွင် ချက်ချင်းပြန်လည်၍ ဇင်န်ဒဟ် ရှင်သန်သွားသည်။ နဗီတမန်တော်များ၏ ဤဇင်န်ဒဂီသက်တမ်းသည် ဒွန္နယာလောက၏ သက်တမ်းထက် ပို၍အဆင့်မြင့်မားသည်။ အချို့သော ဟဒီးဆ်တော်များတွင်လာရှိထားသည်မှာ…. "အလ်အမ်ဗီယားအု ဟူမ့်ဖီလ်ကူဗူးရိ ယူဆွလ္လူးန်" ဆိုလိုသည်မှာ ….. နဗီတမန်တော်များသည် ၎င်းတို့၏ကဗရ်များတွင် နမားဇ်ဖတ်ကြသည် ဟူ၏။ အကယ်၍ အသက်သေဆုံးသည်ဟု ထင်မှတ်ပါက မည်ကဲ့သို့နမားဇ်ဖတ်နိုင်မည်နည်း။ နမားဇ်သည် ခန္ဓာကိုယ်နှင့်ရူးဟ်ဝိညာဉ်တို့ ပေါင်းစပ်ပြီးမှ ပြုလုပ်နိုင်သောအမလ်ဖြစ်သည်။ ဤသည်ကိုငြင်းပယ်ပါက ဤဟဒီးဆ်နှင့်အလားတူဟဒီးဆ်များအားလုံးကို ငြင်းပယ်ရာရောက်သည်။ ဟဒီးဆ်ကိုငြင်းပယ်သူသည် အဘယ်ကဲ့သို့သောသူဖြစ်သည်ကို သဘောပေါက်ရန်လိုအပ်ပါသည်။

တမန်တော်မူစာ(အလိုင်းဟိစ္စလာမ်)ကို တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ကိုယ်တော်တိုင်က ကဗရ်ထဲတွင် နမားဇ်ဖတ်နေသည်ကို မေ့အ်ရားဂ်ျညတွင် တွေ့မြင်ခဲ့ပါသည်။

(၆) သာဗီအီတစ်ပါးဖြစ်သော ဟဇ်ရသ်စအီးဒ်ဗီန်မူစိုင်ယဗ်သခင်(ရဟမသုလ္လာအလိုင်းဟ်) က အမိန့်ရှိခဲ့သည်မှာ… "ဟရှ်ရဟ်" အခင်းဖြစ်ပွားမှုတွင် မတ်စ်ဂျိဒေနဗဝီ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ ဗလီဝတ်ကျောင်းတော်၌ မည်သူတစ်ဦးတစ်ယောက်မျှလည်း အနားမကပ်နိုင်၍ အဇာန်နှင့်နမားဇ်မှာ မဖြစ်နိုင်ခဲ့ချေ။ ထိုအချိန်၌ ကျွန်တော်သည် ရောင်ဇွဟ်တော်ထဲမှ မှောင်နေသောနေရာတွင် ဝင်ရောက်ပုန်းခိုလျက်ရှိခဲ့ပါသည်။ ကျွန်တော်ပုန်းခိုနေသော နေရာတွင် အမှောင်ထုကြီးစိုးနေ၍ အချိန်များကိုခွဲခြား၍ သိနိုင်ခြင်းမရှိခဲ့ပေ။ သခင်ကြီးအား တပည့်များက ထိုအချိန်တွင် ၎င်းနေရာ၌ နမားဇ်များကို အဘယ်သို့ဝတ်ပြုခဲ့ပါသနည်း ဟု မေးမြန်းကြပေသည်။ ထိုအခါသခင်ကြီးက နမားဇ်အချိန်များတွင် ရောင်ဇွဟ်တော်အတွင်းထဲမှ သတိပေးချက်အသံတစ်မျိုးကို ကြားရပါသည်။ ကျွန်တော်သည် ၎င်းသတိပေးချက်အသံကိုကြားပြီး နမားဇ်အချိန်များကို ခန့်မှန်း၍ နမားဇ်ဝတ်ပြုခဲ့သည်ဟု အမိန့်ရှိခဲ့သည်။ (ဒါရမီကျမ်း)

အသံထွက်ပေါ်လာခြင်းသည် ခန္ဓာကိုယ်နှင့်ရူးဟ်ဝိညာဉ်ပေါင်းစပ်ပြီးမှ ထွက်ပေါ်လာနိုင်သော အရာဖြစ်၍ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ရောင်ဇွဟ်ထဲ၌ ခန္ဓာကိုယ်နှင့်တကွ ရှင်သန်နေခြင်းတွင် အဟ်လေစွန္နသ်ဝလ်ဂျမာအသ်၏အကီဒဟ်ဖြစ်သော ဟယာသူန့်နဗီဖြစ်ခြင်းတွင် မည်သည့်ဒွိဟသံသယမျှ ကျန်ရှိတော့မည်မဟုတ်ပေ။

(၇) ဟဒီးဆ်တစ်ပုဒ်တွင်လာရှိသည်မှာ.. အကြင်သူက တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)၏ ရောင်ဇွဟ်အနားတွင် စလာမ်ပို့သပါက တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ကိုယ်တော်တိုင် စလာမ်၏ အဖြေအားပေးလျှက်ရှိပါသည် ဟူ၏။ စလာမ်ပေးသောအခါ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က ရူးဟ်နှင့်ပင် စလာမ်ယူကြောင်း မည်သည့်အထောက်မျှမရှိပေ။ ဗရ်ဇခ်၏ရှင်သန်မှုတွင် လူသားအားလုံးအတွက် ရူးဟ်ဝိညာဉ်သာ ရှိပါသည်။ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ ရှင်သန်ခြင်းမှာမူ မည်သည့်လူသားများ၏ရှင်သန်ခြင်းနှင့်မျှလည်း တူမည်မဟုတ်ပေ။ ဤအကြောင်းကို ရှိုင်းခ်အဗ်ဒူလ်ဟတ်က်မုဟဒ်ဒီစေဒဲဟ်လဝီက မိမိကျမ်းစာအုပ်ဖြစ်သော "ဂျဇ်ဗူလ်ကူလူးဗ်" ကျမ်းစာအုပ်တွင် အကျယ်တဝင့်ရေးသားထားပေသည်။

အို….စောဒကတက်သူ! ဤသည် ဟဒီးဆ်များပင်ဖြစ်သည်။ အသင်သည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သေဆုံးကွယ်လွန်သွားပြီဟု ယုံကြည်ယူဆလိုက်ပါက ဤဟဒီးဆ်များကိုလည်း ငြင်းပယ်လိုက်ရာ အလိုလိုရောက်ရှိသွားမည်ဖြစ်သည်။

(၈) မည်သည့်အချိန် မိုင်ယသ်အား ကဗရ်ထဲမြှုပ်နှံပြီးနောက်တွင် ဖရိရှ်သာနှစ်ပါးရောက်ရှိလာပြီး သေဆုံးသူအား မေးခွန်းသုံးခုမေးမြန်းသည်။ ထိုမေးခွန်းသုံးခုထဲတွင် ဒုတိယမေးခွန်း၌ သေဆုံးသူအား တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ကိုပြသပြီး "မားသကူးလု ဖီးဟာဇရ်ရဂျူလိ" …ဆိုလိုသည်မှာ “ဤပုဂ္ဂိုလ်နှင့်ပတ်သက်ပြီး အသင်၏ဖြေကြားချက်မှာ အဘယ်သို့ရှိပါသနည်း" ဟူသော မေးခွန်းပါဝင်သည်။

ဤနေရာတွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အား ပြသပြီးမေးမြန်းမည်ဖြစ်သောကြောင့် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သေဆုံးကွယ်လွန်သွားသည်ဟု ယုံကြည်ပါက တမန်တော်မရှိတော့သည့်အတွက် မည်သူ့ကိုပြသပါမည်နည်း? တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည် ရူးဟ်အဖြစ်သာရှိနေပြီး ခန္ဓာကိုယ်နှင့်ရှင်သန်မှုမဟုတ်ပါက "ဟာဇရ်ရဂျူလိ" ဟု (လက်ရှိတည်ရှိသောစကားလုံးညွှန်းဆိုမှုဖြင့်) ပြောဆိုနိုင်မည်မဟုတ်ပေ။ ခန္ဓာကိုယ်နှင့် ရူးဟ်ဝိညာဉ်ပေါင်းစပ်မှသာလျှင် ထိုကဲ့သို့ ပြောဆိုနိုင်မည်ဖြစ်ပါသည်။

အသင်သည် ဦးနှောက်ကောင်းသူဖြစ်ပါလျှင် သေချာစွာစဉ်းစားပြီး အမှန်ကိုရှာဖွေတွေ့ရှိပါလိမ့်မည်။ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)အား ပြသပြီးမေးမြန်းရာတွင် မေးမြန်းခံရသူသည် အီမာန်ရှင်ဖြစ်ပါက တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ကို တွေ့မြင်သိရှိပြီး " အရှ်ဟဒုအန်လားအိလားဟ အီလ္လလ္လားဟု ဝအရှ်ဟဒုအန္န မုဟမ္မဒန် အဗ်ဒုဟူး ဝရစူးလုဟူး" ဆိုလိုသည်မှာ…"အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာမရှိ။ မိုဟမ္မဒ်သခင် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်၏ ဗန်ဒဟ်အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်တော်မူပါသည်" ဟု ဖြေကြားမည်။ မေးမြန်းသောဖရိရှ်သာနှစ်ပါးက ၎င်းအီမာန်ရှင်၏အဖြေကိုကြားသိပြီး အသင်သည် ဤကဲ့သို့ဖြေကြားမည်ကို ကျွန်တော်တို့သိရှိကြပါသည် ဟု ပြန်လည်ပြောကြားမည်။ ဤဟဒီးဆ်သည် သိရ်မီဇီကျမ်းတွင်လာရှိသည်။ အလားတူ မစ်ရှ်ကားသ်ကျမ်းစာအုပ် အိစ်ဗားသေအဇာဗေကဗရ်၏အခန်း၌လည်း ကဗရ်ထဲတွင် သေဆုံးကွယ်လွန်သူအား တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ကို ပြသခြင်း၊ သေဆုံးသူကတွေ့ခြင်း၊ မြင်ခြင်း၊ သိရှိခြင်းများနှင့်ပတ်သက်သောရိဝါယသ် ဆင့်ဆိုမှုများကိုလည်း အကျယ်တဝင့်လေ့လာနိုင်သည်။

ဤဟဒီးဆ်များအရ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည် ရောင်ဇွဟ်ထဲတွင် ခန္ဓာကိုယ်နှင့်တကွ ရှင်သန်နေသည်ဟူသည်မှာ စစ်မှန်သောအထောက်အထားတစ်ခုဖြစ်ပါသည်။ သို့ပါ၍ ဟယာသူန့်နဗီ၏ကိစ္စတွင် မည်သည့်ဒွိဟသံသယမျှ မရှိပေ။ အကြင်သူက ဤကဲ့သို့သောအထောက်အထားများအား မတွေ့မမြင် မစဉ်းစားခဲ့ပဲ လက်တစ်ဆစ်စာတောင်မရှိသော မိမိအကလ်အသိဥာဏ်ကိုအသုံးပြုပြီး အမျိုးမျိုးသော စောဒကများကိုတက်ကာ ထိုယုံကြည်ရမည့်အကြောင်းအရာအား ငြင်းဆိုပါက ယင်းကိစ္စအတွက် ၎င်းသူနှင့် အလ္လာဟ်အရှင်မြတ်သာ ရှင်းလင်းရမည့်အကြောင်းကိစ္စဖြစ်သည်။

(၉) ဟဇရသ်အဘူဘကရ်ဆီဒ်ဒီးက်(ရသွိ)သခင်ကြီးသည် ဟီဂ်ျရီ(၁၃)ခုနှစ်၊ ဂျူမာဒလ်အာခစ်ရ်လ(၂၂) ရက်၊ တနင်္လာနေ့နှင့်အင်္ဂါနေ့အလယ်ကြားညတွင် သက်တော်(၆၃)နှစ်အရွယ်၌ ဝဖါးသ်ပြု အလ္လာဟ့်အမိန့်ခံသွားခဲ့သည်။ သခင်ကြီး၏နောက်ဆုံးစကားမှာ…. ရဗ်ဗိ သဝဖ်ဖနီး မွတ်စ်လိမန် ဝအလ်ဟစ်က်နီး ဘိစ်ဆွားလိဟီးန် ။ ဆိုလိုသည်မှာ….. အို … အလ္လာဟ်အရှင်မြတ်! ကျွန်တော်မျိုးအား မွတ်စ်လင်မ်အဖြစ်နှင့် ဝဖါးသ်ချီးမြှင့်တော်မူပြီး သူတော်စင် သူတော်ကောင်းများ၏ အုပ်စုတွင် ထည့်သွင်းပေးတော်မူပါ ဟူ၏။

သခင်ကြီးက မကွယ်လွန်မီအလျင် ... မိမိဂျနာဇဟ်ကို တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)၏ ရောင်ဇွဟ်တော်၏ အခန်းရှေ့သို့ယူဆောင်သွားပြီး အတ်စ်စလားမု အလိုက်က ယားရစူးလလ္လားဟိ ဟားဇား အဘူးဘတ်က်ရီန် ယတ်စ်သအ်ဇိနု အသအ်ဇိနု လဟူး ဖိဒ်ဒုခူးလိ ။ ဆိုလိုသည်မှာ .... အတ်စ်စလားမုအလိုက်က ယားရစူးလလ္လားဟ်! ဤသည်မှာ အဘူဘကရ်ဖြစ်ပါသည်။ ၎င်းကအခွင့်တောင်းခံပါသည်။ ကိုယ်တော်သည် ၎င်းအား ဝင်ခွင့်ပြုပါသလော ဟု တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ထံမှ ခွင့်တောင်းရန်အတွက်လည်းကောင်း၊ အကယ်၍ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ထံမှ ခွင့်ပြုပါလျှင် မိမိဂျနာဇဟ်ကို တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)၏ ဘေးတွင် ဒဖန်ပြုလုပ်ရန်၊ သို့မဟုတ်ပါက အများမွတ်စ်လင်မ်တို့အား ဒဖန်ပြုလုပ်သော ကဗရ်စသားန်သင်္ချိုင်းသို့ယူဆောင်သွား၍ ဒဖန်ပြုလုပ်ရန်အတွက် မှာကြားခဲ့ပါသည်။
သခင်ကြီးအလ္လာဟ့်အမိန့်ခံသွားသောအခါ သခင်ကြီး၏မှာကြားချက်အတိုင်း သခင်ကြီး၏ဂျနာဇဟ်ကို တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အခန်းရှေ့သို့ယူဆောင်လာ၍ အခွင့်တောင်းခံကြရာ အကွယ်မှအသံပေးသူ၏ "အဒ်ခိလုလ် ဟဘီးဗ အလလ်ဟဘီးဗ်" ဆိုလိုသည်မှာ…. " အသင်တို့သည် ချစ်သူအား ချစ်သူထံသို့ ယူဆောင်လာပေးကြပါ " ဟူသောကြေငြာချက်ကို ရှင်းလင်းစွာ ကြားသိခဲ့ကြပေသည်။ ထို့ကြောင့် သခင်ကြီးအား တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)၏အနီးအနားတွင် ဒဖန်ပြုလုပ်ခဲ့ကြပေသည်။ (နဇ်ဟသူလ်မဂျာလိစ်ကျမ်း၊ အတွဲ-၂၊ စာမျက်နှာ-၂၆၄)

အို…. တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)အား မိမိရောင်ဇွဟ်တွင် အသက်ရှင်လျှက်ရှိနေခြင်းအား ငြင်းဆန်စောဒကတက်သူ!
အသင်သည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ဝဖါးသ်ဖြစ်ပြီးနောက်တွင် မိန့်ကြားခဲ့သော ဟဇ်ရသ်အဘူဘကရ် (ရသွိ)သခင်၏မိန့်ခွန်းအား အထောက်အထားပေးနေခဲ့သည်။ အသင်ပေးသော အထောက်အထားသည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည် လောကတွင်သက်တမ်းစေ့ပြီး လူသဘာဝအတိုင်း ဝဖါးသ်ဖြစ်သွားခဲ့ကြောင်း ဖြစ်ပါသည်။ အဘူဘက္ကရ်ဆွီဒီးက်(ရသွိ)သခင်၏ မည်သည့်စကားလုံးတွင်မျှ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် မိမိရောင်ဇွဟ်တွင် ခန္ဓာကိုယ်နှင့်တကွအသက်ရှင်လျက်မရှိဟု မိန့်ကြားခဲ့သည့် မည်သည့်အထောက်အထားမျှ မရှိပေ။ ထို့ကြောင့်သာ သခင်ကြီးက မိမိကွယ်လွန်ချိန်တွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ထံပါးတွင်ဒဖန်ဖြစ်ရန်အတွက် ခွင့်တောင်းခဲ့ခြင်းဖြစ်ပါသည်။ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ အမိန့်တော်အတိုင်း ဝင်ခွင့်ရရှိသောအခါ အဘူဘက္ကရ်(ရသွိ) ၏ ဂျနာဇဟ်အား တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ဘေးတွင် ဒဖန်ပြုခဲ့ခြင်းဖြစ်ပါသည်။
ထိုကဲ့သို့ ဟဇ်ရသ်အဘူဘကရ်ဆွီဒီးက် (ရသွိ)သခင်ကြီးက တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏အနီးနားတွင် မိမိအား ဒဖန်ရန်အတွက် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏အခန်းရှေ့တွင် အခွင့်တောင်းခံခိုင်းခဲ့သည်ကို အသင် အဘယ်ကြောင့်မသိရှိပါသနည်း။ တမန်တော်မြတ်(ဆွ)သည် ခန္ဓာကိုယ်နှင့်တကွရှင်သန်ခြင်းမဟုတ်ဟု ထင်မြင်ယူဆပါက ထိုဝင်ခွင့်တောင်းခံခြင်းမှာ မည်သို့မျှဖြစ်နိုင်ရန်အကြောင်းမရှိပေ။ သို့ပါသောကြောင့် အသင့်၏စောဒကသည် ဗာသွီလ်အပေါ်သို့ရောက်ရှိနေသည်ကို သတိပြုရန်လိုအပ်ပါသည်။

(၁ဝ) ဟဇ်ရသ်အဘူဒ်ဒရ်ဒါးအ်(ရသွိ)သခင်ကြီးက တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်မှာ… အသင်တို့သည် သောကြာနေ့တွင် ငါတမန်တော်အပေါ် ဒရူးဒ်များစွာပို့သကြပါ။ ထိုနေ့သည် ငါတမန်တော်မြတ်ထံသို့ မလာအိကဟ်ကောင်းကင်တမန်များက အသွားအလာအများဆုံးရှိသော နေ့ပင်ဖြစ်ပါသည်။ အသင်တို့ထဲမှ တစ်ဦးဦးကပို့သသော ဒရူးဒ်များကို မုချဧကန် ငါတမန်တော်မြတ်ထံသို့ ပို့ကြပါသည်။ ထိုအချိန်တွင်ဆွဟာဗဟ်များက ယားရစူးလလ္လားဟ်! ကိုယ်တော်၏ဝဖါးသ်ပြုပြီးနောက် အဘယ်သို့ဖြစ်မည်နည်း ဟု မေးမြန်းကြပေသည်။ တမန်တော်မြတ်(ဆွ)က မုချဧကန် အလ္လာဟ်အရှင်မြတ်သည် မြေကြီးအား တမန်တော်များ၏ခန္ဓာကိုယ်ကိုစားခြင်းမှ ဟရာမ်ပြုထားတော်မူ၏။ အလ္လာဟ်အရှင်မြတ်၏ တမန်တော်များသည် ကဗရ်ထဲတွင်လည်း အသက်ရှင်လျက်ပင်ရှိကြပါသည်။ ၎င်းတို့သည် အလ္လာဟ့်ထံမှ ရီဇစ်က်ရိက္ခာကိုလည်း ရရှိကြပေသည် ဟု ဖြေကြားတော်မူ၏။ (အိဗ်နေမာဂျဟ်ကျမ်း)

တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် ရောင်ဇွဟ်ထဲ၌ ခန္ဓာကိုယ်နှင့်ရှင်သန်ခြင်းမဟုတ်ပါက အထက်ပါဟဒီးဆ်၏ ရီဇစ်က်ရိက္ခာဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို ပြန်လည်ရှင်းပြရန်လိုအပ်ပါသည်။ 

ခန္ဓာကိုယ်နှင့်ရူးဟ်ဝိညာဉ် ပေါင်းစပ်ပြီးမှသာလျှင် စားသောက်ခြင်းအလုပ်ကို ပြုလုပ်နိုင်ပါသည်။ ရူးဟ်ဝိညာဉ်ဖြင့်သာ ရှင်သန်သည်ဟုယူဆပါက အလ္လာဟ်အရှင်မြတ်ထံမှရရှိသော ရီဇစ်က်ရိက္ခာများအား မည်ကဲ့သို့စားသောက်နိုင်ပါမည်နည်း။ အိဗ်နေမာဂျဟ်ကျမ်းတွင်ပါရှိသော တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ အထက်ပါ ဟဒီးဆ်တော်မှာ မှားယွင်းသည်ဟု အသင်ငြင်းဆိုပါမည်လား။ ဖြေပေးစေချင်ပါသည်။

တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် မိမိရောင်ဇွဟ်ထဲ၌ အသက်ရှင်နေတော်မူခြင်း၏ အထောက်အထောက်များနှင့် စောဒကတက်သူအတွက် အဖြေများ  အပိုင်း (၂)

(၁) ဟိဂ်ျရီ (၆ဝဝ)ခုနှစ်တွင် ဘဂ်ဒါးဒ်မြို့၌ အလွန်နာမည်ကျော်ကြားသော ရှိုင်းခ်စိုင်ယဒ်အဟ်မဒ် ရီဖါအီ (ရဟမသုလ္လာအလိုင်းဟ်) အမည်ရှိ အဲဟ်လွလ္လာဟ်ဝလီသူတော်စင်ကြီးတစ်ဦးရှိခဲ့သည်။ သခင်ကြီး၏ ခေတ်ကာလနှင့် ဂေါင်စူလ်အအ်ဇွမ်ရှိုင်းခ်အဗ်ဒူလ်ကာဒိရ်ဂျီလာနီ (ရဟ်မသုလ္လလ္လာအလိုင်းဟ်) သခင်ကြီး၏ ခေတ်ကာလသည် တစ်ခုတည်းပင်ဖြစ်သည်။
ဟဇ်ရသ်ရှိုင်းခ်စိုင်ယဒ်အဟ်မဒ် ရီဖါအီ(ရဟ်မသုလ္လာအလိုင်းဟ်) သခင်ကြီးသည် သစောင်ဝုဖ် အတွင်းပြုပြင်ရေးလမ်းစဉ် နှင့်ပတ်သက်၍ အလ်ဗူရ်ဟားနူလ်မူအိုက်ယဒ်ဟု နာမည်ကျော်ကြားသော ကျမ်းစာအုပ်ကို ပြုစုရေးသားခဲ့သူ ဖြစ်သည်။ နှစ်တစ်နှစ်၌ သခင်ကြီးသည် မက္ကဟ်မြို့တွင် ဟဂ်ျပြုပြီးနောက် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ကို ဇိယာရသ်ပြုရန်အတွက် မဒီနဟ်မြို့ရှိ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)  ၏ ရောင်ဇွဟ်တော်ရှေ့သို့ရောက်ရှိလာပြီး အောက်ပါကဗျာနှစ်ပုဒ်ကို ရွတ်ဆိုခဲ့သည်။
(၁) ၀ဖီ ဟားလသိလ် ဘုအ်ဒိ ကွန့်သု ရူးဟိ အူရ်စိလုဟား* သုကဗ်ဗိလုလ်အရ်ဒွ ၀ဟိယ အန့်နီး နားအီဘသီး။
(၂) ၀ဟားဇိဟီး ဒေါက်လသုလ် အရှ်ဘားဟိ ကဒ်ဟဒွရသ် * ဖမ်ဒုဒ် ယမီးနက ကိုက်သဟွဇ်ဇွ ဘိဟား ရှဖသီး။
ဆိုလိုသည်မှာ ..... 
(၁) ယားရစူးလလ္လားဟ်! ကျွန်တော်သည် ရပ်ဝေးဒေသတွင်ရှိခဲ့စဉ်က မိမိရူးဟ်ဝိညာဉ်အား ကိုယ်တော့်ထံသို့စေလွှတ်လေ့ရှိခဲ့ပါသည်။ ထိုရူးဟ်ဝိညာဉ်က ဤနေရာသို့လာရောက်ပြီး ကိုယ်တော့်ရောင်ဇွဟ်တော်၏မြေကို ကျွန်တော့်အစား နမ်းရှုပ်လေ့ရှိခဲ့ပါသည်။
(၂) ယားရစူးလွလ္လားဟ်! ကျွန်တော့်ခန္ဓာကိုယ်၏ အစိတ်အပိုင်းများအားလုံးမှာ ယခုအချိန်တွင် ကိုယ်တော်ထံသို့ ရောက်ရှိလာပြီး ဖြစ်သည်။ သို့ပါ၍ ကျွန်တော့်နှုတ်ခမ်းမှာ အရသာခံစားရန်အတွက် ကိုယ်တော်သည် မိမိယာဘက်လက်တော်ကို ကမ်းလင့်ပေးတော်မူပါ .... ဟူ၏။
သခင်ကြီးက အထက်ပါ ကဗျာနှစ်ပုဒ်ကိုရွတ်ဖတ်သောအခါ ရောင်ဇွဟ်တော်ထဲမှာ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏လက်တော် ထွက်လာခဲ့ပါသည်။ သခင်ကြီးသည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ လက်တော်ကိုကိုင်၍ နမ်းရှုပ်ပြီးနောက် ထိုနေရာ၌ပင် သတိလစ်ပြီး လဲကျသွားခဲ့ပါသည်။ သခင်ကြီးသည် သတိပြန်လည်လာသောအခါ မိမိနဖ်စ်ကိုချေမှုန်းရန်အတွက် မတ်စ်ဂျိဒေနဗဝီတွင် ဝင်ထွက်သွားလာနေကြသူများက ၎င်းတို့၏ခြေထောက်များဖြင့် နင်းသွားကြစေရန် ခန္ဓာကိုယ်ကို မတ်စ်ဂျိဒေနဗ၀ီ၏ လှေခါးပေါ်၌ လှဲချခဲ့သည်။
ထိုအချိန်တွင် ဤဖြစ်အင်ကို လူပေါင်းကိုးသောင်းတို့က မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ကြသည်။ ထိုသို့တွေ့မြင်ကြသူများထဲတွင် ဂေါင်စူလ်အအ်ဇွမ်ရှိုင်းခ်အဗ်ဒူလ်ကာဒိရ်ဂျိလာနီ(ရဟမသလုလ္လာဟိအလိုင်းဟ်)သခင်ကြီးလည်း ပါဝင်သည်ဟူ၍ ဟကီမွလ်အွမ္မသ် ဟဇ်ရသ်မော်လာနာရှားဟ်အရှ်ရဖ်အလီထာန၀ီ(ရဟ်မသုလ္လာဟိအလိုင်းဟ်)သခင်ကြီးက မိမိ၏ မ၀ါအိဇ်ွတွင် အမိန့်ရှိခဲ့သည်။ (အလ်ဗွရ်ဟားနူလ်မူရှိုက်ယဒ်ကျမ်း)

မှတ်ချက် 
တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည် မိမိရောင်ဇွဟ်ထဲ၌ ခန္ဓာကိုယ်နှင့်တကွ အသက်ရှင်လျက် မရှိနေခဲ့ပါက ကိုယ်တော်မြတ်၏လက်သည် အဘယ်သို့ထွက်လာပြီး ထိုသူတော်စင်ကြီးအား နှုတ်ဆက်ခဲ့ပါသနည်း။ ထိုနေရာတွင်ရှိခဲ့သော လူပေါင်းကိုးသောင်းက ထိုဖြစ်အင်ကိုတွေ့မြင်ခဲ့သည်။ ဤသည် ဟီဂ်ျရီ(၆၀၀)ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော အကြောင်းအရာ တစ်ခုဖြစ်သည်။ ထိုတွေ့မြင်သူများတွင် ဂေါင်စူလ်အအ်ဇွမ်ရှိုင်းခ်အဗ်ဒူလ်ကာဒိရ်ဂျိလာနီ(ရဟ်) သခင်ကြီးလည်း ပါဝင်ခဲ့သည်။
 
အကယ်၍ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည် ခန္ဓာကိုယ်နှင့်ရူးဟ်ဝိညာဉ်တို့ ပေါင်းစပ်ပြီး ရှင်သန်နေသည်မဟုတ်ဘဲ ရူးဟ်ဝိညာဉ်သာရှင်သန်နေသည်(သို့မဟုတ်)ဒွန္နယာ၏ရှင်သန်ခြင်းမျိုးမဟုတ်ဘဲ ရူးဟ်ဝိညာဉ်၏ ရှင်သန်ခြင်းမျိုးဖြင့် ရှင်သန်နေသည်ဟု ပြောမည်ဆိုပါက အဆိုပါလက်သည် ထွက်ပေါ်လာနိုင်စရာ အကြောင်းမရှိပါ။ လက်ဟူသည် ရူးဟ်ဝိညာဉ်နှင့်ခန္ဓာကိုယ် တွဲစပ်ပြီးမှသာ လှုပ်ရှားနိုင်သောအရာဖြစ်သည်။ ထိုကိစ္စအား ရှင်းလင်းစွာ နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။

ထို့နည်းတူစွာ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) မေအ်ရားဂ်ျသို့ ကြွမြန်းခြင်းနှင့်ပတ်သက်ပြီး ရူးဟ်ဝိညာဉ်နှင့်ဖြစ်ခဲ့သည်ဟု ဆိုသော အချို့ပညာရှင်များ၏အဆိုများကို အဟ်လေစွန္နသ်ကလက်မခံပေ။ ရူးဟ်နှင့်သွားသည်ဆိုသော မေအ်ရားဂ်ျသည် မှန်ကန်မှုမရှိပေ။ ယခုတမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က မိမိရောင်ဇွဟ်၌ ရူးဟ်နှင့်ခန္ဓာကိုယ်ပေါင်းစပ်ပြီး ရှင်သန်နေခြင်းမှာ ဒွိဟသံသယလုံးဝမရှိ၍ ဟယာသူန့်နဗီ၏အကီဒဟ်ကို အဟ်လေစွန္နသ်က လက်ခံထားလျက်ရှိပါသည်။

ဤအကီဒဟ်ကိုဆန့်ကျင်သူသည် မမှန်ကန်သောဗာသွီလ်အယူအဆပေါ်တွင်ရှိနေသူပင် ဖြစ်၏။
ထိုအကြောင်းအရာများသည် မှားယွင်းသည်ဟုအသင်ပြောဆိုမည်ဆိုပါက အသင်သည်မိမိ၏ သဘောအတိုင်းသာ ဖြစ်မည်။ ငြင်းဆန်သူအတွက် မည်သည့်ဆေးမှမရှိပေ။


(၂) ဟဇ်ရသ် အလ္လာမဟ်အဘူအဗ်ဒူလ္လာဟ်ရှရ်ဖူဒ်ဒီးန်ဗီန်မိုဟမ္မဒ်စအီးဒ် ဘူဆွိုက်ရီး (ရဟ်)သခင်ကြီးသည် နာမည်ကျော်ကြားသော ကဗျာဆရာကြီးနှင့် အလွန်ကြီးကျယ်သောပညာရှင်ကြီးတစ်ဦး ဖြစ်ခဲ့ပါသည်။ ထိုပညာရှင်ကဗျာဆရာကြီးသည် မိမိခေတ်တွင်ရှိသော ဘုရင်မင်းမြတ်ကြီး၏ အထူးကဗျာဆရာကြီး တစ်ဦးလည်းဖြစ်သည်။
အလ္လာမဟ် ဘူဆွိုက်ရီး(ရဟ်)သခင်ကြီးသည် လေဖြတ်ပြီးမကျန်းမမာဖြစ်သွားသောအခါ …. ကျွန်တော်သည် မိမိသက်တမ်းတစ်လျှောက်လုံးကို ဘုရင့်ချီးကျူးမှုတွင် ကုန်ဆုံးစေခဲ့သည်။ ယခုနောက်ဆုံးအချိန်တွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)၏ ချီးကျူးမှုနှင့်ပတ်သက်၍ ကဆွီဒဟ်ကဗျာရေးသားမည်…  ဟု ရည်ရွယ်ကာ ကဆွီဒဟ်ဗူရ်ဒဟ်ကို စပ်ဆိုသီကုံးခဲ့သည်။
သခင်ကြီးသည် အဆိုပါကဆွီဒဟ်ကို ရေးသားပြီးနောက် ညအချိန်တွင် အိပ်ပျော်သွားရာ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ကို အိပ်မက်မြင်မက်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က အိပ်မက်ထဲမှာ မိမိလက်တော်ဖြင့် သခင်ကြီး၏ခန္ဓာကိုယ်ကို ပွတ်သပ်ပေးပြီး စောင်တစ်ထည်ခြုံလွှမ်းသွားပေးခဲ့သည်။ သခင်ကြီး အိပ်ရာမှနိုးသောအခါ လေဖြတ်နေသောခန္ဓာကိုယ်မှာ ပကတိအတိုင်း ကောင်းမွန်ပြီး ကျန်းမာသွားခဲ့သည့်အပြင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က အိပ်မက်ထဲတွင် ခြုံလွှမ်းသွားပေးခဲ့သော စောင်ကိုလည်း လက်ဝယ်ရရှိခဲ့သည်။
နံနက်မိုးလင်းပြီးနောက် သခင်ကြီးက အပြင်ထွက်ပြီးလမ်းလျှောက်သွားနေသောအခါ သူတော်စင်ကြီး တစ်ပါးက သခင်ကြီးအား အထက်ပါ ကဆွီဒဟ်ကဗျာကို ရွတ်ဆိုပြရန်အတွက် တောင်းဆိုလေ၏။ သခင်ကြီးသည် ထိုကဆွီဒဟ်ကဗျာကို ရေးဖွဲ့ခဲ့သောအကြောင်းအား ယခုအချိန်အထိ မည်သူတစ်ဦးတစ်ယောက်ကိုမျှလည်း အသိပေးခြင်းမရှိသေးပေ။ ထို့ကြောင့် အဆိုပါသူတော်စင်ကြီးထံမှ ၎င်းကဆွီဒဟ်ကဗျာအကြောင်းကို ကြားသိပြီး အလွန်အံ့သြစွာဖြင့် သူတော်စင်ကြီးအား အသင်သည် ထိုအကြောင်းကို အဘယ်သို့သိပါသနည်း ဟု မေးမြန်းလေ၏။
ထိုအခါသူတော်စင်ကြီးက ဤအကြောင်းကို ကျွန်တော့်အား တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ကိုယ်တော်တိုင်က အိပ်မက်ထဲတွင် အမိန့်ရှိတော်မူခဲ့၍ ကျွန်တော်သိနေရခြင်းဖြစ်သည် ဟု ပြောပြခဲ့ပါသည်။ (အိတ်ွရူလ်ဝရ်ဒဟ် ရှရ်ဟေကဆွီဒဟ်ဗူရ်ဒဟ်ကျမ်း)
မှတ်ချက်
ကဆွီဒဟ်ဗူရ်ဒဟ်သည် အလွန်ကျော်ကြားသော ကဆွီဒဟ်တစ်ပုဒ်ဖြစ်သည့်အပြင် ၎င်း၏အကျိုးကျေးဇူးများသည်လည်း မြောက်များစွာရှိပါသည်။ ကဆွီဒဟ်ဗူရ်ဒဟ်အားရေးသားခဲ့သော အလ္လာမဟ် ဘူဆွိုက်ရီး(ရဟ်)သခင်ကြီးအား ခြုံလွှမ်းပေးခြင်းခံရသောစောင်ကို သခင်ကြီးက လက်ဝယ်ရရှိခဲ့ခြင်းကိစ္စမှာ အဘယ်သို့နည်း။ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည် သေဆုံးကွယ်လွန်သွားသည်ဟု ယုံကြည်ပါက ထိုကိစ္စသည် အဘယ်သို့ဖြစ်နိုင်ပါမည်နည်း။ မုချဧကန် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် မိမိရောင်ဇွဟ်ထဲတွင်ခန္ဓာကိုယ်နှင့်တကွ အသက်ရှင်လျက်ရှိမှသာ ထိုကိစ္စကိုပြုလုပ်နိုင်မည်ဖြစ်သည်။

အို…စောဒကတက်သူ! အသင်သည် အလ္လာဟ်အရှင်မြတ်၏အချစ်ဆုံး တမန်တော် မိုဟမ္မဒ်ဒူရ်ရစူးလွလ္လာဟ် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အား မည်ကဲ့သို့သော အမြင်ဖြင့်ကြည့်ရှုနေခဲ့သည်ကို သတိထားရန် လိုအပ်ပါသည်။

(၃) သူတော်စင်ကြီးတစ်ပါးသည် ဟဂ်ျ၏ ရည်ရွယ်ချက်ဖြင့် မိမိနေရာဌာနမှ ထွက်ခွာပြီး အီရားက်နိုင်ငံ ဘဂ်ဒါးဒ်မြို့သို့ ရောက်ရှိလာခဲ့သည်။ သူတော်စင်ကြီးသည် မိမိပိုင် ဥစ္စာပစ္စည်းများထဲမှ အချို့သောပစ္စည်းများကို ဇာဟစ်ဒ်ဒွန္နယာလောက၏ ဥစ္စာပစ္စည်းများကို မက်မောတွယ်တာခုံမင်ခြင်း ကင်းမဲ့သူပုဂ္ဂိုလ်တစ်ဦးထံ၌ အမာနသ်အဖြစ် အပ်နှံထားခဲ့သည်။
သူတော်စင်ကြီးက အဆိုပါဇာဟစ်ဒ်ထံမှ ထွက်ခွာနေချိန်၌ ဇာဟစ်ဒ်က သူတော်စင်ကြီးအား သခင်ကြီးသည် ဟဂ်ျပြုပြီးနောက် မဒီနဟ်မြို့သို့ရောက်ရှိသောအခါ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အား ကျွန်တော့်ဘက်မှ စလာမ်မေတ္တာပို့သပြီးနောက် အကယ်၍ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ နံဘေး၌ အဘူဘကရ်နှင့်အူမရ်တို့မရှိခဲ့ပါလျှင် ကျွန်တော်သည် နှစ်စဉ်နှစ်တိုင်း ဇိယာရသ်အတွက် ကိုယ်တော့်ထံသို့ လာရောက်ရန်ဆန္ဒရှိကြောင်း တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သို့ လျှောက်တင်ပေးပါရန် မှာကြားလိုက်လေ၏။
သူတော်စင်ကြီးသည် အစီအစဉ်အတိုင်း ဟဂ်ျပြုပြီးနောက် ဇိယာရသ်ပြုရန်အတွက် မဒီနဟ်မြို့သို့ရောက်ရှိလာသောအခါ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ကို အိပ်မက်မြင်မက်လေ၏။
အိပ်မက်ထဲတွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က ထိုသူတော်စင်ကြီးအား ဘဂ်ဒါးဒ်မြို့မှ ဇာဟစ်ဒ်၏မှာကြားချက်များကို မေးမြန်းတော်မူ၏။ သူတော်စင်ကြီးက တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အား အဆိုပါ ဇာဟစ်ဒ် မှာကြားထားသည့်အတိုင်း တစ်ခုမကျန် အားလုံးကို ပြောပြခဲ့သည်။
ထိုအချိန်တွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က ဟဇ်ရသ်အလီ(ရသွိ)သခင်အား ၎င်းဇာဟစ်ဒ်ကို ဖမ်းဆီးလာရန်အတွက် အမိန့်ရှိတော်မူ၏။ ဟဇ်ရသ်အလီ(ရသွိ)သခင်က တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ အမိန့်တော်အရ ထိုဇာဟစ်ဒ်ကို ချက်ချင်းပင် ဖမ်းဆီးခေါ်ဆောင်လာခဲ့၏။ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က ၎င်းဇာဟစ်ဒ်ကို သေဒဏ်ပေးရန်အတွက် အမိန့်ရှိတော်မူ၏။
ဟဇ်ရသ်အလီ(ရသွိ)သခင်က ၎င်းကို သုတ်သင်ရှင်းလင်းလိုက်ရာမှ သွေးစက်သုံးစက်မှာ အိပ်မက်မြင်မက်သူ သူတော်စင်၏အ၀တ်ပေါ်၌ ထိပေခဲ့သည်။ သူတော်စင်သည် အိပ်ရာမှနိုးသောအခါ မိမိအ၀တ်ပေါ်၌ ထိုသွေးသုံးစက်ကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရ၍ ၎င်းအ၀တ်ကို အထောက်အထားအဖြစ် သိမ်းဆည်းထားခဲ့သည်။
ဟဂ်ျနှင့်ဇိယာရသ်၏ကိစ္စများ ပြီးဆုံးသွားခဲ့ပြီးနောက် သူတော်စင်ကြီးသည် အပြန်ခရီးတွင် မိမိအပ်နှံထားသော ပစ္စည်းများကိုပြန်ယူရန်အတွက် ဘဂ်ဒါးဒ်မြို့ရှိ အဆိုပါဇာဟစ်ဒ်ထံသို့ သွားရောက်ရာ ၎င်းဇာဟစ်ဒ်ကို မတွေ့မြင်ရတော့ပေ။ သို့သော်လည်း ထိုနေရာတွင် ၎င်းဇာဟစ်ဒ်နှင့် ရုပ်ဆင်းသဏ္ဍန်တူသော ပုဂ္ဂိုလ်တစ်ဦးကိုတွေ့မြင်၍ စုံစမ်းမေးမြန်းရာမှ ထိုသူမှာ အဆိုပါဇာဟစ်ဒ်၏ သားတော်မောင်ဖြစ်ကြောင်းကို သိရှိခဲ့ရ၏။
သူတော်စင်ကြီးက ထိုသူအား ဇာဟစ်ဒ်၏အကြောင်းအရာများကို မေးမြန်းသောအခါ ၎င်းက မိမိဖခင်မှာ အိပ်ပျော်နေစဉ်အချိန်၌ ကျွန်တော်များ၏အလယ်ကြားမှ ရုတ်တရက်လုယူသွားသကဲ့သို့ ယူသွားခြင်းခံလိုက်ရပေသည်။ ထိုအချိန်မှစ၍ ယခုအချိန်အထိ ဖခင်၏သတင်းအစအနမျှပင် မရရှိခဲ့ပါ ဟု ပြောပြလေသည်။
ထိုအချိန်တွင် သူတော်စင်ကြီးက အဆိုပါ ဇာဟစ်ဒ်နှင့်ပတ်သက်၍ မဒီနဟ်မြို့တွင်မြင်မက်ခဲ့သော အိပ်မက်ကို ဇာဟစ်ဒ်၏သားတော်မောင်အား အသေးစိတ်ပြောပြပြီး မိမိအ၀တ်ပေါ်၌ ထိပေခဲ့သောသွေးစက်များကို ထုတ်ပြခဲ့ပါသည်။
ဇာဟစ်ဒ်၏သားတော်မောင်က သူတော်စင်ကြီးအား ၎င်းအပ်နှံထားသောပစ္စည်းများကို ပြန်လည် ပေးအပ်ပြီးနောက် မိမိဖခင်၏လမ်းစဉ်ဖြစ်သော ဟဇ်ရသ်အဘူဘကရ်(ရသွိ)နှင့် ဟဇ်ရသ်အူမရ်(ရသွိ)သခင်ကြီးတို့အား ပုတ်ခတ်ရှုတ်ချခြင်းမှ အပြီးအပိုင် သောင်ဝ်ဗဟ် ပြုလုပ်လိုက်လေတော့သည်။ (နဇ်ဟသူလ်မဂျာလိစ်ကျမ်း၊ အတွဲ-၂၊ စာမျက်နှာ-၂၆၁)

မှတ်ချက်
အို … စောဒကတက်သူ! ထိုအကြောင်းအရာများအား အသင်သည် သိရှိပြီးနောက်လည်း တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် မိမိရောင်ဇွဟ်ထဲတွင် အသက်ရှင်လျက်ရှိကြောင်းကို ငြင်းဆန်ပါမည်လော…? တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် သေဆုံးကွယ်လွန်သွားပါက ထိုသွေးသုံးစက်၏ အထောက်အထားသည် မည်ကဲ့သို့ ကျန်ရှိနေခဲ့ပါမည်နည်း? အို..စောဒကတက်သူ! အသင်သည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) မိမိရောင်ဇွဟ်ထဲ၌ အသက်ရှင်လျက်ရှိကြောင်းကို ငြင်းဆန်နေမည်ဆိုပါကလည်း အသင့်သဘောသာဖြစ်ပါသည်။ ငြင်းဆန်သူအတွက် မည်သည့်ဆေးမျှမရှိပေ။

(၄) ဟဇ်ရသ် အဘူဟာမိဒ်ကဇ်ဝီနီး(ရဟ်)သခင်ကြီးက အမိန့်ရှိခဲ့သည်မှာ…. အရပ်ဒေသတစ်ခုမှ သားအဖနှစ်ဦးသည် ခရီးထွက်ခဲ့ကြရာဝယ် လမ်းခုလတ်၌ ဖခင်မှာ ၀ဖါးသ်ပြု အလ္လာဟ့်အမိန့်ခံသွားရာ ရုတ်တရက် ကွယ်လွန်သွားသောဖခင်၏ဦးခေါင်းမှာ လူ့ဦးခေါင်းမှ ခီန်ဇိးန်ဝက်တိရစ္ဆာန်၏ဦးခေါင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။
သားဖြစ်သူမှာ မိမိဖခင်နှင့်ပတ်သက်၍ ယင်းအဖြစ်မျိုးကိုတွေ့မြင်သောအခါ အလွန်ဝမ်းနည်းကြေကွဲစွာဖြင့် အလ္လာဟ်အရှင်မြတ်၏ထံတော်ပါးတွင် ငိုယိုတိုင်တည်ရင်းဖြင့် အိပ်ပျော်သွားလေ၏။ ထိုအချိန်တွင် ၎င်းအိပ်မက်မြင်မက်သည်မှာ ပုဂ္ဂိုလ်တစ်ဦးက ၎င်းအား… အသင့်ဖခင်မှာ အတိုးစားသူဖြစ်၍ စည်းကမ်းအတိုင်း ၎င်း၏ဦးခေါင်းသည် ခီန်ဇီရ်ဝက်တိရစ္ဆာန်၏ဦးခေါင်းဖြစ်သွားခဲ့ပေသည်။ သို့သော်လည်း အသင့်ဖခင်သည် သက်ရှိထင်ရှားရှိခဲ့စဉ်က တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အပေါ်သို့ ဆွလားသ် ဒရူးဒ်ပို့သလေ့ရှိ၍ ယနေ့ ၎င်း၏ဤအခြေအနေမျိုးတွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က ၎င်းအတွက် ရှဖာအသ်ပြု အသနားခံခဲ့တော်မူသောကြောင့် ငါသည် ၎င်း၏ဦးခေါင်းကို ယခင်အတိုင်း လူ့ဦးခေါင်းအဖြစ် ပြန်လုပ်ပေးလိုက်သည် ဟု အမိန့်ရှိခဲ့သည်။
သားဖြစ်သူမှာ အိပ်ရာမှနိုးသောအခါ ဖခင်၏ဦးခေါင်းမှာ ခီန်ဇီရ်ဝက်တိရစ္ဆာန်၏ ဦးခေါင်းအဖြစ်မှ လူ့ဦးခေါင်းအဖြစ်သို့ ပြန်လည်၍ပြောင်းလဲသွားသည်ကို တွေ့မြင်ခဲ့ပြီး အလ္လာဟ်အရှင်မြတ်ကို မြောက်များစွာ ကျေးဇူးတင်ခဲ့သည်။ (နဇ်ဟသူလ်မဂျာလိစ်ကျမ်း၊ အတွဲ-၂၊ စာမျက်နှာ-၁၄၁)
*******ငြင်းပယ်သူအတွက်ကား မည်သည့်ဆေးမှမရှိပေ။*********

(၅) ဟာဖီဇ်အဘူနအီးမ်(ရဟ်)က ဟဇ်ရသ်စွဖ်ယာန်စောင်ရီ(ရဟ်)သခင်ကြီးထံမှ ဤသို့ဆင့်ပြန်ခဲ့၏။
ဟဇ်ရသ်စွဖ်ယာန်စောင်ရီ(ရဟ်)သခင်ကြီးက အမိန့်ရှိခဲ့သည်မှာ ..တစ်နေ့သ၌ ကျွန်တော်သည် အပြင်သို့ထွက်လာခဲ့သောအခါ လုလင်ပျိုတစ်ဦးသည် မိမိခြေလှမ်းတိုင်းတွင်
အလ္လာဟွမ္မ ဆွလ်လိအလား မုဟမ္မဒီန် ၀အလား အားလိမိုဟမ္မဒ် ဟု ဆိုနေလျက်ရှိသည်ကို တွေ့မြင်ခဲ့ရသည်။ ကျွန်တော်က ၎င်းအား မိတ်ဆွေ! အသင်သည် အီလ်မ်အသိပညာကို တတ်သိသောကြောင့် ဤကဲ့သို့ ခြေလှမ်းတိုင်းမှာ ဒရူးဒ်ရွတ်ဆိုနေပါသလော သို့မဟုတ် မတတ်သိဘဲ ရွတ်ဆိုနေပါသလော ဟု မေးမြန်းခဲ့၏။
ထိုအခါလုလင်ပျိုက ကျွန်တော့်အား အသင် အဘယ်သူပါနည်း ဟုမေးမြန်းလေ၏။ ထိုအခါကျွန်တော်က စွဖ်ယာန်စောင်ရီ ဖြစ်ကြောင်းဖြေကြားရာ ၎င်းက အီရားက်၏စွဖ်ယာန်လော ဟု ထပ်မံမေးမြန်းလေ၏။ ကျွန်တော်က ဟုတ်မှန်ပါသည်ဟု ဖြေကြားရာ ၎င်းက အို…စွဖ်ယာန်! အသင်သည် အလ္လာဟ်အရှင်မြတ်ကိုသိပါသလော ဟု မေးမြန်းလေ၏။ ကျွန်တော်က သိပါသည်ဟု ဖြေကြားရာ ၎င်းက အို..စွဖ်ယာန်! အသင်သည် အဘယ်နည်းဖြင့် အလ္လာဟ်အရှင်မြတ်ကိုသိပါသနည်း ဟုမေးမြန်းပြန်ရာ ကျွန်တော်က
အလ္လာဟ်အရှင်မြတ်သည် ညအချိန်ကို နေ့အချိန်ဖြင့်လည်းကောင်း၊ နေ့အချိန်ကို ညအချိန်ဖြင့်လည်းကောင်း အပြောင်းအလွဲပြုလုပ်ခြင်းနှင့်မိခင်ဝမ်းကြာတိုက်၌ သန္ဓေသားကို တည်စေခြင်းဖြင့် အလ္လာဟ်အရှင်မြတ်ကို သိခဲ့ပါသည် ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။
ထိုအခါ လုလင်ပျိုက ကျွန်တော့်အား အို..စွဖ်ယာန်!အသင်သည် အလ္လာဟ်အရှင်မြတ်အား အရှင်မြတ်နှင့် ထိုက်သင့်သောနည်းဖြင့် မသိခဲ့သေးပါ ဟူ၍ ပြောဆိုလေ၏။ ထိုအခါ ကျွန်တော်က ၎င်းအား အို…လုလင်ပျို! အသင်သည် အလ္လာဟ်အရှင်မြတ်ကို အဘယ်နည်းဖြင့်သိခဲ့ပါသနည်း ဟု မေးမြန်းရာ ၎င်းက..
“ဟမမ်သု ဖဖစခ ဟီမ့်မသီး ၀အဇမ်သူ ဖနကဒွ အဇီးမသီး ဖအရဖ်သု အန္န လီး မုဒဗ်ဗိရန် ယူဒဗ်ဗိရုနီး“
ဆိုလိုသည်မှာ.. ကျွန်တော်သည် အလုပ်ကိစ္စတစ်စုံတစ်ရာကို ပြုလုပ်ရန်အတွက် စိတ်ကူးပါက ကျွန်တော့်စိတ်ကူးခြင်းကို ပယ်ဖျက်လိုက်သည်။ ကျွန်တော်သည် အလုပ်ကိစ္စတစ်စုံတစ်ရာကို ဆောင်ရွက်ရန်အတွက် စိတ်ထဲတွင် အပြီးအပိုင်ဆုံးဖြတ်ပါက ကျွန်တော့်ဆုံးဖြတ်ချက်ကို ဖြတ်တောက်လိုက်ပါသည်။ ဤအကြောင်းအရာများဖြင့် ကျွန်တော်သည် မိမိအနောက်တွင် အရာအားလုံးကို စီမံဖန်ဆင်းသောအရှင်မြတ်က စီမံလျက်ရှိကြောင်းကို သိရှိခဲ့ပါသည် ဟု ရှင်းပြလေ၏။
တစ်ဖန် ကျွန်တော်က ၎င်းအား အသင်သည် မိမိခြေလှမ်းတိုင်းတွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အပေါ် အဘယ်ကြောင့် ဆွလားသ်ဒရူးဒ်ကို ပို့သလျက်ရှိပါသနည်း ဟု မေးမြန်းရာ ၎င်းက မိမိဖြစ်အင်ကို အောက်ပါအတိုင်းပြောပြခဲ့ပါသည်။
ကျွန်တော်သည် မိမိမိခင်နှင့်အတူ ဟဂ်ျပြုရန်အတွက် ထွက်ခွာလာခဲ့၏။ မက္ကဟ်မြို့သို့ ရောက်ရှိပြီး တည်းခိုနေစဉ် ရုတ်တရက် မိခင်ကြီး၏၀မ်းဗိုက်မှာ ဖောင်းတက်လာကာ မျက်နှာမှာလည်း မည်းနက်သွားခဲ့ပါသည်။ ထိုအချိန်တွင် ကျွန်တော်သည် မိမိမိခင်မှာ ကဗီရဟ်ငရဲတွင် ပါဝင်နေသည်ကို သိရှိခဲ့ပါသည်။
သို့ပါ၍ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ထံတော်ပါးတွင် လက်မြှောက်၍ ဒိုအာဆုမွန်တောင်းဆို သောအခါ သီဟာမဟ် ဟူသောနယ်မြေဘက်မှ မိုးတိမ်တစ်ကွက်မှာ ကျွန်တော်တို့ရှိနေသောနေရာ တည့်တည့်သို့ ရွေ့လျားရောက်ရှိလာလေ၏။
ထိုမိုးတိမ်ပေါ်မှ ၀တ်ဖြူစင်ကြယ်ဝတ်ဆင်ထားသော ပုဂ္ဂိုလ်တစ်ပါးဆင်းသက်လာပြီး မိမိလက်ဖြင့် ကျွန်တော့်မိခင်၏မျက်နှာနှင့်ဝမ်းဗိုက်ကို ပွတ်သပ်လိုက်သောကြောင့် မိခင်၏မျက်နှာနှင့် ၀မ်းဗိုက်မှာ အကောင်းပကတိ ပြန်ဖြစ်သွားခဲ့ပါသည်။
ကျွန်တော်က ထိုပုဂ္ဂိုလ်အား ကျွန်တော့်မိခင်နှင့် ကျွန်တော်၏ဤဒုက္ခကို ကယ်တင်ပေးသောအသင်မှာ အဘယ်သူပါနည်း ဟု မေးမြန်းရာ ၎င်းက ကျွန်ုပ်သည် အသင်၏တမန်တော် မုဟမ္မဒူရ်ရစူးလွလ္လားဟ် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ဖြစ်ပါသည်ဟု ဖြေကြားလေး၏။
ထိုအခါ ကျွန်တော်က တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အား ယားရစူးလလ္လားဟ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ! ကျွန်တော့်ကို ဆုံးမပါ ဟု လျှောက်ထားရာ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က အသင်သည် မိမိခြေလှမ်းတိုင်းမှာ
အလ္လာဟွမ္မ ဆွလ်လိအလား မုဟမ္မဒီန် ၀အလား အားလိ မုဟမ္မဒ် ဟူသော ဒရူးဒ်ကိုရွတ်ဖတ်ပါ ဟု အမိန့်ရှိခဲ့သည်။ ထိုအချိန်မှစ၍ ကျွန်တော်သည် ၎င်းကျင့်စဉ်ကို အမလ်လုပ်လျက်ရှိသည် ဟု ဖြေကြားလေသည်။ (နဇ်ဟသူလ်မဂျာလိစ်ကျမ်း၊ အတွဲ-၂၊ စာမျက်နှာ-၁၄၂)

မှတ်ချက်
အို…ငြင်းဆန်သူ….. တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် ဇင်ဒဟ်အသက်ရှင်သန်သည့် အဖြစ်ရှိမနေခဲ့ပါက ထိုကဲ့သို့သောအကြောင်းအရာများ မည်ကဲ့သို့ပေါ်ပေါက်လာနိုင်ပါမည်နည်း။ ငြင်းဆန်သူအတွက်မည်သည့် ဆေးမှမရှိပေ။

အထက်ပါအကြောင်းအရာများသည် သဇ်ကိရသူလ်ရစူးလ်စာအုပ်ထဲမှ အကြောင်းအရာများဖြစ်ပါသည်။ ထိုစာအုပ်ထဲမှ နောက်ဆုံးအကြောင်းအရာတစ်ခုကို တင်ပြချင်ပါသေးသည်။ ထိုအကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်သည်။
တမန်တော်မြတ်(ဆွ)၏အတ္ထုပ္ပတ္တိစာအုပ်ကို စီစဉ်ရေးသားခဲ့သူ ကျွန်တော် မော်လာနာမိုဟမ္မဒ်မိုဟမ္မဒ်အဗ္ဗါးစ်(ကာစီမီ)သည် (၁၉၆၁)ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ဒါရူလ်အူလူးမ်ဒီယိုဗန်ဒ် ကျောင်းတွင် ကျွန်တော့်အား သဖ်စီရေဗိုင်ဒွါဝီကျမ်းစာအုပ်ကို သင်ကြားပေးသော ကျေးဇူးရှင် ဆရာတော်ကြီး ဟဇ်ရသ်မော်လာနာစိုင်ယဒ်ဖခ်ရူလ်ဟစန်(ရဟ်)ထံမှ အောက်ပါအကြောင်းအရာကို ကြားသိခဲ့ရသည်။
ဆရာကြီး မော်လာနာ စိုင်ယဒ်ဖခ်ရူလ်ဟစန်(ရဟ်)က ပြောပြသည်မှာ…..
ဟဇ်ရသ် ခါဂျဟ်နိဇွာမုဒ်ဒီးန် အောင်လီယဟ်(ရဟ်)သခင်ကြီး၏ တပည့်ဖြစ်သူ ဟဇ်ရသ်အမီးရ် ခူစ်ရို(ရဟ်)သည် သခင်ကြီး၏ ခလီဖဟ်လည်း ဖြစ်ခဲ့၏။ တစ်နေ့တွင် တပည့်ဖြစ်သူ ဟဇ်ရသ်အမီးရ်ခူစ်ရို(ရဟ်)သည် မိမိ၏ဆရာဖြစ်သူ ဟဇ်ရသ်ခါဂျဟ်နိဇွာမုဒ်ဒီးန်အောင်လီယဟ်(ရဟ်)သခင်ကြီး ထံသို့ မိမိစီစဉ်ရေးသားထားသော စာအုပ်တစ်အုပ်ကိုယူလာ၍ ပြခဲ့၏။ အမီးရ်ခူစ်ရို(ရဟ်)သည် ထိုစာအုပ်ကို ဟဇ်ရသ်ရှိုင်းခ်စအ်ဒီ(ရဟ်)သခင်ကြီး စီစဉ်ရေးသားထားသော ဂုလီစ်သားန်စာအုပ်နှင့် ယှဉ်ပြိုင်ရန်အတွက် ရေးသားခဲ့ခြင်းဖြစ်သည်။
ဆရာကြီးသည် တပည့်ဖြစ်သူက စီစဉ်ရေးသားထားသောစာအုပ်ကိုကြည့်ရှုပြီး ဤစာအုပ်ကို ရေထဲတွင် မျှောလိုက်ပါ ဟု အမိန့်ရှိတော်မူ၏။ ထို့ကြောင့်တပည့်ဖြစ်သူ အမီးရ်ခူစ်ရို(ရဟ်)သည် မိမိ စီစဉ်ရေးသားထားသော စာအုပ်ကို ရေထဲတွင်မျှောလိုက်၏။
ထို့နောက် သူသည် ၎င်းစာအုပ်ထက်အဆင့်မြင့်သော စာအုပ်တစ်အုပ်ကို အလွန်ကြိုးစား၍ရေးသားပြီး မိမိဆရာကြီးထံသို့ ယူလာ၍ပြပြန်လေ၏။ ထိုအခါ ဆရာကြီးက မိမိတပည့်အား ဤစာအုပ်ကို မီးရှို့လိုက်ပါ ဟု အမိန့်ရှိတော်မူ၏။
၎င်းနောက် ဆရာကြီးသည် မိမိတပည့်ဖြစ်သူ အမီးရ်ခူစ်ရို(ရဟ်)အား မိမိအနား၌ လာထိုင်ရန်ခေါ်လေ၏။ တပည့်ဖြစ်သူ အမီးရ်ခူစ်ရို(ရဟ်)က မိမိဆရာကြီး၏အနားတွင် သွားထိုင်လေ၏။ ထိုအခါ ဆရာကြီးသည် မိမိအမာမဟ်ခေါင်းပေါင်းကို ဖြည်၍ ဟဇ်ရသ်အမီးရ်ခူစ်ရို(ရဟ်)၏ဦးခေါင်းတွင် တစ်ဝက်အုပ်ပေးပြီး မိမိဦးခေါင်းတွင် တစ်ဝင်အုပ်ထားလိုက်၏။ ထို့နောက် အမီးရ်ခူစ်ရို(ရဟ်)အား
အို..ခူစ်ရို! အဘယ်အရာကို တွေ့မြင်နေရပါသနည်း ဟု မေးမြန်းလေ၏။ ထိုအခါ အမီးရ်ခူစ်ရို(ရဟ်)က မဒီနဟ်မြို့ကို တွေ့မြင်နေရပါသည် ဟု ဖြေကြားလေ၏။ ဆရာကြီးက အမီးရ်ခူစ်ရို(ရဟ်)သခင်အား အသင် ဤအတိုင်း ဆက်လက်၍ ကြည့်ရှုနေပါ ဟု အမိန့်ရှိလေ၏။
တဖြည်းဖြည်းနှင့် အမီးရ်ခူစ်ရို(ရဟ်)သည် မတ်စ်ဂျိဒေနဗ၀ီ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ ဗလီဝတ်ကျောင်းတော်ကို တွေ့မြင်နေရပြီဖြစ်ကြောင်း မိမိဆရာကြီးအား ပြောဆိုအသိပေးလေ၏။
ထို့နောက် အမီးရ်ခူစ်ရို(ရဟ်)သည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ ရောင်ဇွဟ်တော်ကို တွေ့မြင်လာရလေ၏။ ဆက်လက်၍ သူသည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ကို တွေ့မြင်ရလေ၏။ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် ရွှေပုလ္လင်ပေါ်တွင် ထိုင်နေတော်မူ၏။ ဂုလီစ်သားန် ကျမ်းစာအုပ်ကို စီစဉ်ရေးသားခဲ့သူ ဟဇ်ရသ် ရှိုင်းခ်စအ်ဒီ(ရဟ်)သခင်ကြီးသည် ယပ်တောင်တစ်ချောင်းဖြင့် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ကို ဘေးမှယပ်ခပ်ပေးနေပြီး ဂုလီစ်သားန်စာအုပ်ထဲမှ ဘလဂလ်အူလာ ဘိကမားလိဟီး…. ဟူသော ကဗျာကို ရွတ်ဆိုနေလေ၏။
တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က ဟဇ်ရသ် ရှိုင်းခ်စအ်ဒီ(ရဟ်)သခင်ကြီးအား အို..စအ်ဒီ! ထိုကဗျာကို ဆက်လက်ရွတ်ဆို၍ ငါကိုယ်တော်မြတ်ကိုယပ်ခတ်ပေးနေပါ ဟု မိန့်ကြားတော်မူ၏။
ထိုအချိန်တွင် ဆရာကြီး ဟဇ်ရသ်ခါဂျာနိဇွာမုဒ်ဒီးန်အောင်လီယဟ်(ရဟ်)သခင်ကြီးသည် မိမိတပည့် ဖြစ်သူ အမီးရ်ခူစ်ရို(ရဟ်)၏ဦးခေါင်းပေါ်မှ မိမိအမာမဟ်ခေါင်းပေါင်းကို ပြန်လည်ရုပ်သိမ်းလိုက်ရာ အမီးရ်ခူစ်ရို(ရဟ်) မြင်တွေ့နေရသော မြင်ကွင်းမှာ ပျောက်ကွယ်သွားခဲ့၏။
ထို့နောက် ဟဇ်ရသ်ခါဂျဟ်နိဇွာမုဒ်ဒီးန်အောင်လီယဟ်သခင်ကြီးသည် မိမိတပည့်ဖြစ်သူ အမီးရ်ခူစ်ရို(ရဟ်)အား အို…ခူစ်ရို! တွေ့ပြီးလား၊ ဂုလီစ်သားန်စာအုပ်ကို စီစဉ်ရေးသားခဲ့တဲ့ ရှိုင်းခ်စအ်ဒီ(ရဟ်) ဆိုတာ အဲဒီလိုပုဂ္ဂိုလ်ဖြစ်တယ်၊ သူ့စာအုပ်ထဲက ဘလဂလ်အူလာ ဆိုတဲ့ကဗျာလေးကို တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ဟာ ဘယ်လောက်များနှစ်သက်တော်မူသလဲဆိုတာ တွေ့ပြီလား၊ အဲဒီကဗျာလေးကြောင့် သူ့စာအုပ်နဲ့ သူ့ရဲ့အဆင့်အတန်းဟာ ဘယ်လောက်အထိမြင့်မားသွားတယ်ဆိုတာ တွေ့ပြီလား၊ မင်းဟာ အဲဒီလိုပုဂ္ဂိုလ်ရဲ့စာအုပ်နဲ့ ယှဉ်ပြိုင်ဖို့အတွက် စာအုပ်ရေးတာ အလွန်မှားတယ်၊ မင်းရဲ့စာအုပ်ဟာ အရေးအသားတွေ ဘယ်လောက်ပဲမြင့်မားပေမယ့် ရေနဲ့ပဲထိုက်တန်တယ်၊ မီးနဲ့ပဲထိုက်တန်တယ်၊ အဲဒါကြောင့် ငါကမင်းစာအုပ်ကို ရေထဲမျှောခိုင်းတာ၊ မီးရှို့ခိုင်းတာဖြစ်တယ်၊ အို…ခူစ်ရို! နောက်နောင်ကို ဒီလိုမလုပ်ပါနဲ့ ဟူ၍ ဆုံးမစကားများမိန့်ကြားတော်မူလေ၏။

မှတ်ချက်…………အထက်ပါအကြောင်းအရာများသည် ပုံပြင်မဟုတ်ပါ ။

တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) မိမိရောင်ဇွဟ်ထဲ၌ ဇင်ဒဟ်အဖြစ်ရှိခြင်းနှင့် ပတ်သက်ပြီး
မိမိအသိဥာဏ်အတိုင်း တိုင်းတွာပြီး စောဒကတက်သော စောဒကတက်သူ!
ရှင်သန်ခြင်းနှင့်သေဆုံးခြင်း နှစ်မျိုးတွင် ရှင်သန်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်နှင့်တကွ ရူးဟ်ဝိညာဉ်ပါ ရှင်သန်နေခြင်းဖြစ်ပြီး သေဆုံးခြင်းဆိုသည်မှာ ခန္ဓာကိုယ်ထဲမှ ရူးဟ်ဝိညာဉ်ထွက်သွားခြင်းကို မောသ်သေဆုံးခြင်းလို့ ခေါ်ပါသည်။ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) နှင့်ပတ်သက်ပြီး အဟ်လေစွန္နသ်ဝလ်ဂျမာအသ်၏ အကီဒဟ်မှာ ခန္ဓာကိုယ်နှင့်ရူးဟ်ဝိညာဉ်ပါ အတူတကွ ရှင်သန်ခြင်းအဖြစ် လက်ခံထားသည်။ ဒွန္နယာ၏ရှင်သန်ခြင်း၊ ဗရ်ဇခ်၏ရှင်သန်ခြင်း စသည့်စောဒကများသည် ဤအကီဒဟ်နှင့် မည်သို့မျှမသက်ဆိုင်ပေ။
အသင့်အနေဖြင့် ထပ်မံပြီး စောဒကတက်မည်ဆိုပါက ထိုစောဒကများအတွက် အဖြေများအား ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့ရှိ ဒါရူးလ်အူးလူးမ်၏ ရှိုင်ခုလ်ဟဒီးစ်ဖြစ်သော မုဖ်သီသကီးအွတ်စ်မာနီသခင်နှင့် မင်န့်ဟာဂျူလ်ကူရ်အာန်၏ အကြီးအကဲဖြစ်သော မော်လာနာဒေါက်တာစိုင်ယိဒ်မိုဟမ္မဒ်တွာဟေရူးလ်ကာဒရီတို့ထံသို့ မေးမြန်းပါရန် လမ်းညွှန်ပေးလိုက်ပါသည်။
အမှန်တရားဘက်တော်သူ

အလ်မုဖီးဒ်
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Thursday, March 13, 2014

သဗ်လီးဂ်ကြိုးပမ်းမှု

အမှန်တရား၏ စကားများကို အခြားသူများထံသို့ ပို့ဆောင်ခြင်း၊ သာသနာဖြန့်ချိမှုပြုခြင်းများသည် အဆုံးမရှိတာဝန်ပင်ဖြစ်သည်။ ဤအလုပ်ကိုဆောင်ရွက်ရန်မှာ အရှင်မြတ်၏ အမိန့်တော်ပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ လုပ်ငန်းကို ပြုလုပ်သူသည် အရှင်မြတ်၏ ထိန်းသိမ်းဆောင်ရှောက်မှုအတွင်း၌ ရှိ၏။ အကယ်၍သာ စိတ်အတွင်း၌ အလ္လာဟ်အရှင်မြတ်၏ ကူညီစောင်မမှုသည် ကျွန်ုပ်တို့နှင့် အတူရှိသည်ဟူသော ယုံကြည်ချက်ဝင်ရောက်လာပါက ကြောက်ရွံစရာ၊ ထိတ်လန့်စိုးရိမ်ဖွယ်ရာ အဘယ်မှာရှိမည်နည်း။ အစိုးရ၏ အနိမ့်ဆုံးဝန်ထမ်းသည် အစိုးရအလုပ်ကို ထမ်းဆောင်နေစဉ် ၎င်းတွင်မည်မျှ သတ္တိရှိသည်ကို တွေ့ရပေမည်။ ယင်းသို့ဖြစ်ပေါ်လာသော သတ္တိတို့သည် အစိုးရ၏ ဝန်ထမ်းဖြစ်မှုနှင့် အစိုးရ၏ တာဝန်များထမ်းဆောင်ရခြင်းကြောင့် ပေါ်ပေါက်လာရသည်။ အလားတူပင် သာသနာ့လုပ်ငန်းများ ထမ်းဆောင်ကြစဉ်တွင် ကျွန်ုပ်တို့၏ စိတ်အတွင်း၌လည်း ဤသို့သောယုံကြည်ချက်များရှိရမည်။

သဗ်လီးဂ်သည် အားလုံးအပေါ်၌အရေးကြီးသည်

အလ္လာဟ်အရှင်မြတ်သည် ခေတ်ကာလအား ကစမ်ကျိန်ဆို၍ “လူသားအားလုံးသည် ပျက်စီးဆုံးရှုံးခြင်းတွင်ရှိသည်။ သို့သော် အီမာန်ရှင်များ၊ ၎င်းနောက်အမလ်ပြုကျင့်သူများနှင့် အခြားသူတို့အား အမှန်တရားနှင့် ဆွဗရ်တရားရနိုင်ရန် နှိုးဆော်သူများသည် ထိုပျက်စီးဆုံးရှုံးခြင်း၌မပါဝင်” ဟု မိန့်ကြားတော်မူသည်။


အထက်ပါ အာယသ်တော်တွင် ဤအွမ္မသ်ကို ဦးတည်ပြောဆိုခြင်းဖြစ်ပြီး “လိန္နားစ်” လူသားထုအကျိုးအတွက်ဟူ၍ သုံးနှုန်းထားသည်။ “လိလ်မွတ်စ်လိမီးန်” မုစ်လင်မ်ထုအကျိုးအတွက်ဟူ၍ သုံးနှုန်းမထားပေ။

သဗ်လီးဂ်အတွက် ဂျမာအသ်ပုံစံ

အိန္ဒိယနိုင်ငံတွင် လက်ရှိ ဒအ်ဝသ်သဗ်လီးဂ်လုပ်ငန်းကို နှစ်အနည်းငယ်အလျင်က ဟဇရသ်မော်လာနာအိလ်ယားစ်က ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်း၏ နှလုံးသားအတွင်းဝယ် ထိုသဗ်လီးဂ်လုပ်ငန်း၏ နည်းလမ်းများကို ထည့်သွင်းပေးတော်မူခဲ့၏။ သခင်ကြီးသည် သဗ်လီးဂ်လုပ်ငန်းအတွက် ဂျမာအသ်ပုံစံဖြင့် ပြုလုပ်ရန် ရွေးချယ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် လူအချို့စုပေါင်း၍ စကားတစ်လုံးပြောလျှင် (သို့) အလုပ်တစ်ခုလုပ်လျှင် အထူးစူးရှမှုဖြစ်သည်မှာ ဓမ္မတာပင်ဖြစ်သည်။ စကားတစ်မျိုးတည်းကို လူများစွာက အချိန်များစွာအတွင်းပြောဆိုကြလျှင် ယင်းစကား၏ စူးရှသက်ဝင်မှုသည် တစ်ချိန်မဟုတ်တစ်ချိန် ဖြစ်ပေါ်လာမည်ပင်။

အလ္လာဟ်အရှင်မြတ်က စူရာယာစီးန်တွင် “ငါအရှင်မြတ်က ၎င်းတို့ထံသို့ ရစူလ်နှစ်ပါးအားစေလွှတ်တော်မူခဲ့ရာ ၎င်းတို့က ယင်းရစူလ်နှစ်ပါးအား ငြင်းဆိုဆန့်ကျင်ခဲ့ကြသည်။ သို့ရှိရာ ငါအရှင်မြတ်သည် တတိယရစူလ်တစ်ပါးကို စေလွှတ်၍ ၎င်းတို့အပေါ်ကျေးဇူးပြုခဲ့သည်။ သို့ရှိရာ ၎င်းတို့က ကျွန်ုပ်တို့သည် သင်တို့ထံစေလွှတ်ခြင်းခံရသော ရစူလ်များဖြစ်ကြသည်” ဟု ပြောကြသည်ဟု မိန့်ကြားထားသည်။

ဤအတွက်ကြောင့် မော်လာနာအိလ်ယားစ်သည် ဒအ်ဝသ်လုပ်ငန်းအတွက် ဂျမာအသ်ပုံစံကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဂျမာအသ်အစုအရုံးဖြင့်နေသော အသိုက်အဝန်းတွင် တစ်ဦးတစ်ယောက်သောသူ၏ စကားမှာ စူးရှသက်ဝင်မှုမဖြစ်နိုင်သည်ကို စဉ်းစားဆင်ခြင်၍ မော်လာနာသည် ဂျမာအသ်ပုံစံဖြင့် ကြိုးပမ်းမှုကို စတင်ခဲ့သည်။ လူအချို့သည် ပုဂ္ဂိုလ်တစ်ဦးထံသို့ သွားရောက်ကြရသည်။ ပခုံးတွင် အိပ်ယာလိပ်ကို ထမ်းပိုး၍ ခြေလျင်လည်း လျှောက်ကြရသည်။ ကြိုးပမ်းမှု၊ မောပန်းမှုတို့၏ လက္ခဏာများမှာ ၎င်းတို့၏ မျက်နှာတွင်ပေါ်လွင်နေပြီး ဖိတ်ခေါ်ခံရသူက “ဤသူတို့သည် ကျွန်ုပ်ထံအဘယ့်ကြောင့်လာကြရသနည်း။ ကျွန်ုပ်နှင့် ထိုသူတို့အကြား မည်သို့မျှ ပတ်သက်မှုမရှိသော်လည်း အဘယ့်ကြောင့် ဒုက္ခခံ၍ ကျွန်ုပ်ထံလာကြသနည်း။ ၎င်းတို့ပြောဆိုသည့်စကားများမှာ မုချပင် အမှန်ဖြစ်ရမည်” ဟု စဉ်းစားမိပေမည်။
ဤသို့ ဂျမာအသ်ဖြင့် ဒုက္ခခံလျှက် သွားရောက်ကြိုးပမ်းမှုသည် လွန်စွာစူးရှသက်ရောက်မှုရှိသည်။

သဗ်လီးဂ်ဂျမာအသ်နှင့် ကြီးမားသောပြောင်းလဲမှု

တစ်နေရာ၌ရေးသားထားသည်ကို ကျွန်ုပ်ဖတ်ခဲ့ဖူးသည်။ သဗ်လီးဂ်လုပ်ငန်းအား အလ္လာဟ်အရှင်မြတ်သည် မော်လာနာအိလ်ယားစ်ဆွာဟိဗ်၏ နှလုံးသားအတွင်းဝယ် ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းပေးတော်မူခဲ့သည်။ သင်ပေးသင်ယူခြင်း၊ မိမိကိုယ်မိမိပြုပြင်ခြင်း၊ ခရီးသွားလာလှည့်လည်ခြင်း၊ ဝိညာဉ်ပိုင်းဆိုင်ရာစိတ်ပါဝင်စားမှု၊ ခန္ဓာကိုယ်ကျန်းမာရေး စသောအရာအားလုံး ပါဝင်ပေသည်။ ယခုခေတ်အခါတွင် ဤလုပ်ငန်းသည် လွန်စွာအကျိုးပြုသောလုပ်ငန်းဖြစ်ပြီး ပြုလုပ်ရန်အရေးကြီးသော လုပ်ငန်းတစ်ခုလည်းဖြစ်သည်။ ထို့ကြောင့်လည်း ဤလုပ်ငန်းသည် အရှိန်အဟုန်ကြီးစွာဖြင့်ပင် ကြီးမားသောတိုးတက်ပြောင်းလဲမှုများဖြစ်ပေါ်လာနေသည်။ အိန္ဒိယနိုင်ငံ၏ ဒေသတိုင်းနှင့် ကမ္ဘာ့နိုင်ငံများတွင်လည်း မည်သည့်နေရာသို့ရောက်ရောက် သဗ်လီးဂ်ဂျမာအသ်များနှင့် သဗ်လီးဂ်မရ်ကဇ်များကို တွေ့ရသည်။ ဗိဒ်အသ်လုပ်ရပ်များသည် ကမ္ဘာသို့ဖြန့်ချိနေသောဤလုပ်ငန်းကြောင့် အရာမရောက်တော့ပါ။ ထိုလုပ်ငန်းအတွင်းဝယ် ပြဿနာအရှုပ်ထွေးများမရှိ၊ အကျိုးမဲ့လုပ်ရပ်များလည်း မရှိ၊ ဤသဗ်လီးဂ်လုပ်ငန်းသည် ကမ္ဘာကြီးတစ်ခုလုံးသို့ ပျံ့နှံနေပြီး နေ့စဉ်နှင့်အမျှ တိုးတက်လာနေသည်။

သဗ်လီးဂ်တွင် အပြင်ထွက်ရခြင်း၏ အကျိုး

သဗ်လီးဂ်လုပ်ငန်းတွင် လူသားကို ၎င်း၏အိမ်မှ အပြင်သို့ ထုတ်ယူလိုက်သည်။ အိမ်၏မိသားစုအသိုက်အဝန်းမှ ထွက်၍ အလ္လာဟ်အရှင်မြတ်၏အိမ်တော် ဗလီသို့ရောက်လာရလေသည်။ ထိုဗလီတွင် အသိုက်အဝန်းတစ်ခုကို ရရှိသည်။ အိမ်၏ အသိုက်အဝန်းနှင့် ဗလီ၏ အသိုက်အဝန်းမှာ လွန်စွာခြားနားလှပါသည်။ ဗလီမှ ၎င်းအား ဒါအီ(ဖိတ်ခေါ်ကြိုးပမ်းသူ) ဖြစ်လာစေသည်။ ထို့နောက် အာမိလ်(ကျင့်ဆောင်သူ) ဖြစ်သွားသည်။

သဗ်လီးဂ်၏ရည်ရွယ်ချက်

ဟဇရသ်စွဖ်ယားန်စောင်ရီ(ရဟ)က “ကျွန်ုပ်သည် ပညာသင်ယူစဉ်က အလ္လာဟ်အရှင်မြတ်နှစ်မြို့မှုအတွက်မဟုတ်ပဲ ပညာသင်ယူခဲ့ပါသည်။ သို့သော် ပညာတတ်မြောက်ပြီးသောအခါတွင် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်အတွက်ဖြစ်သွားသည်” ဟု မိန့်တော်မူသည်။ ဤသဗ်လီးဂ်လုပ်ငန်းတွင် ရည်ရွယ်ချက်မှာ နှလုံးသားသန့်စင်ခြင်း၊ လောကီရေးရာဟူသရွေ့တို့၏ စွဲလန်းစုံမက်ခြင်းမှ ပပျောက်စေခြင်း၊ နဖ်စ်စိတ်ရိုင်းမှ သန့်ရှင်းလာစေခြင်း၊ နှလုံးသားကြည်လင်ရှင်းလင်းစေခြင်း၊ ဝိဉာဉ်ပိုင်းဆိုင်ရာအင်အားများရှင်သန်လာစေခြင်း၊ ရှိုက်သွာန်ဖက်မှလာသော မကောင်းသောစိတ်ဓာတ်များ ပပျောက်သွားစေခြင်း တို့ဖြစ်သည်။

အဖြူရောင်ကိုယ်ကျိုးစွန့်မှု

ယခုခေတ်အခါတွင် များစွာသောကြိုပမ်းမှုများ ရှိကြပါသည်။ သို့သော်လည်း မိမိပုံစံနှင့် မိမိတို့ လှုပ်ရှားနေခြင်းဖြစ်သည်။ ဤသဗ်လီးဂ်ကြိုပမ်းမှုတွင် ရာထူးလည်းမရှိ၊ ကုလားထိုင်လည်းမရှိ၊ မိမိတို့ဥစ္စာငွေကြေးကိုသုံးစွဲပြီး ကြိုပမ်းနေကြခြင်းသာဖြစ်သည်။ ဤကြိုးပမ်းမှုသည် ယနေ့မျက်မှောက်ခေတ်တွင် သာသနာအားထိန်းသိမ်းရန်အတွက် အလွန်ကြီးမားသော ခိုလှုံရာရိပ်မြုံတစ်ခုဖြစ်သည်။

ခိုလှုံရာရိပ်မြုံနှစ်ခု

ကျွန်ုပ်တို့ဖြတ်သန်းနေရသော ယနေ့ခေတ်အခါတွင် မုစ်လင်မ်များအဖို့ ခိုလှုံရာ ရိပ်မြုံနှစ်ခုရှိသည်။ တစ်ခုမှာ သာသနာ့စာသင်ကျောင်း(မဒ်ရစာ)များဖြစ်ပြီး နောက်တစ်ခုမှာ သဗ်လီးဂ်လုပ်ငန်းဖြစ်သည်။ သာသနာ့ပညာသင်ကြားပေးသူတို့မှာ အပြင်ကလူများကို ခေါ်ဆောင်လာပြီး တစ်နေရာတွင်စုစည်း၍ သာသနာ့ပညာရပ်များပို့ချကြသည်။ သဗ်လီးဂ်လုပ်ငန်းမှာ စုစည်းပြီးလူများကို တစ်နေရာမှတစ်နေရာသို့ ခေါ်ဆောင်သွားကြသည်။

ဒအ်ဝသ်လုပ်ငန်း၌ပါဝင်ခြင်း

သဗ်လီးဂ်လုပ်ငန်းသည် ချို့ယွင်းချက်အလျဉ်းမရှိသော ခိုင်ခံသော အခြေခံလုပ်ငန်းဖြစ်သည်။ လူတို့၏ အတက်အကျသည် ထိုလုပ်ငန်းပေါ်၌မူတည်သည်။ သဗ်လီးဂ်လုပ်ငန်းနှင့် ထိတွေ့မှုရှိပြီး မိမိတို့အချိန်များအား ထိုလုပ်ငန်း၌အသုံးချသူများသည် ထပ်ဆင့်တိုးမြှင့်၍ အချိန်ပေးရမည်။ ယခင်က အချိန်အနည်းငယ်သာပေးခြင်းဖြစ်ပါက ယခုအချိန်ကို ပို၍ ပေးရမည်။ သဗ်လီးဂ်လုပ်ငန်း၌ ကြိုးစား၍ စိတ်ရောကိုယ်ပါ ပါဝင်ကြရမည်။ သဗ်လီးဂ်လုပ်ငန်းအပေါ်တွင် ကိုယ်တိုင်ကြိုးပမ်း အမလ်ကျင့်ဆောင်ခြင်းများပြုနိုင်ရန် ကြိုးစားရမည်။ အဘယ့်ကြောင့်ဆိုသော် အကြီးဆုံးသော အထောက်အထားသည် အမလ်ကျင့်ဆောင်ခြင်းသာဖြစ်ပြီး အမလ်ကျင့်ဆောင်မှုသည် ကြီးမားစွာသော စူးရှသက်ဝင်မှုကိုဖြစ်စေသည်။

ဒအ်ဝသ်လုပ်ငန်း၏အကျိုး

ယနေ့ကမ္ဘာတွင် အထူးသဖြင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင် မုစ်လင်မ်များအတွက် တိုးတက်မှု၊ အောင်မြင်မှု၏လမ်းသည် ဒအ်ဝသ်လုပ်ငန်းသာဖြစ်သည်။ ဤလုပ်ငန်းအား ပြုလုပ်ကြသူများသည် ဂုဏ်ပေးလေးစားခြင်းခံရသည်။

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အားလုံးအား သဗ်လီးဂ်လုပ်ငန်း၌ ပါဝင်နိုင်ရန် သောင်ဖီးက်စွမ်းအားချီးမြှင့်တော်မူပါစေ။ (အာမီးန်)


ဟဇရသ်ရှိုက်ခွလ်ဟဒီးစ်မော်လာနာရှမ်စွတ်ဒိုဟာ (ကျောင်းအုပ်ဆရာကြီး ဂျာမိအဟ်စူဖီယဟ် ရန်ကုန်)
(( အလ်မီဇားန်- အတွဲ ၈ မှ ဆရာသခင်ကြီး၏ ဆောင်းပါးအား အလ်မုဖီးဒ်မှ ပြန်လည်ဝေမျှ တင်ပြခြင်းဖြစ်သည်။ ))

Thursday, February 13, 2014

ဂျုမုအာ လက်ဆောင်

ဗိစ်မိလ္လာဟိရ်ရဟ်မာန်းနိရ်ရဟီးမ်

စူရာဟ်ကဟဖ်နှင့်စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာများ

စူရာကဟဖ် (ဥမင်လိုဏ်ခေါင်းအကြောင်း) သည် မက္ကာဟ်မြို့တွင် ကျရောက်ခဲ့ပြီး အာယသ်တော် ၁၁၀ နှင့် ရုကူ ၁၂ ခုပါဝင်သည်။

စူရာကဟဖ်၏ ထူးခြားမှုများနှင့် အကျိုးကျေးဇူးများ

မွတ်စ်လင်မ်၊ အဗူဒါဝူးဒ်၊ သိရ်မီဇီ၊ နစာအီ၊ မွစ်နဒေအဟ်မဒ် ကျမ်းများတွင် ဟဇရသ်အဗွဒ်ဒရ်ဒါအ်(ရသွေ့)သခင်ထံမှ ဆင့်ပြန်ချက်လာရှိသည်။ အကြင်သူသည် စူရာကဟဖ်၏ ပထမ ၁၀ အာယသ်ကို အလွတ်ကျက်မှတ်ထားပါက ဒဂ်ျဂျာလ်၏ ပြဿနာဆိုးမှ ထိန်းသိမ်းမှုရရှိမည်။ အချို့ဆင့်ပြန်ချက်တွင် စူရာကဟဖ်၏ နောက်ဆုံး ၁၀ အာယသ်ဟု ပါရှိပေသည်။

စူရာကဟဖ်၏ ပထမအာယသ်များနှင့် နောက်ဆုံးပိုင်းအာယသ်များကို ဖတ်ရွတ်ပါက ထိုသူ့အတွက် ၎င်း၏ခြေထောက်မှစ၍ ဦးခေါင်းထိ နူရ်တစ်ခုဖြစ်သွားသည်။ စူရာဟ်တစ်ပုဒ်လုံးကို ရွတ်ဖတ်လျှင် ထိုသူ့အတွက် မြေပထဝီမှ မိုးကောင်းကင်အထိ နူရ်ရရှိမည်ဖြစ်သည်။

ဂျုမုအဟ်သောကြာနေ့မြတ်တွင် စူရာကဟဖ်ကို သိလာဝသ်ပြုလျှင် ထိုသူ၏ ခြေထောက်မှစ၍ မိုးကောင်းကင်၏အမြင့်ဆုံးအထိ နူရ်ရရှိမည်ဖြစ်ပြီး ထိုနူရ်သည် ကိယာမသ်နေ့တွင် အလင်းရောင်အဖြစ် အသုံးဝင်မည်ဖြစ်သည်။ ထို့ပြင် ပထမသောကြာမှ ယခုသောကြာအထိ ကျုးလွန်မိခဲ့သော ဂုနာဟ်များအားလုံး လွတ်ငြိမ်းချမ်းသာခွင့် ချီးမြှင့်ခြင်းခံရမည်ဖြစ်သည်။ သောကြာနေ့တွင် စူရာကဟဖ်ကို ဖတ်ပါက ထိုနေ့မှစ၍ နောက် ၈ ရက်အထိ ဖစ်သ်နာ( ပြဿနာများနှင့် ဂုနာဟ်ကျုးလွန်ခြင်း ) များမှ ထိန်းသိမ်းမှုရရှိမည်။ ဒဂ်ျဂျာလ်ပေါ်ထွက်လာလျှင်လည်း ၎င်း၏ ဖစ်သ်နာမှ ထိန်းသိမ်းမှုရရှိမည်ဖြစ်ပေသည်။

တမန်တော်မြတ်(ဆွ)၏ မိန့်ဆိုချက်အား ဟဇရသ်အနတ်စ်(ရသွေ့)သခင်မှ ဆင့်ပြန်ထားသည်မှာ စူရာကဟဖ်သည် တစ်ချိန်တည်းတွင် တစ်ပုဒ်လုံး တစ်ပြိုင်တည်းကျရောက်သောစူရာဖြစ်သည်။ စူရာကဟဖ်ကို ချပေးရာတွင် ဖရိရှ်သာပေါင်း ၇သောင်း ယူဆောင်ဆင်းသက်လာပေသည်။ ဤသည်ကပင် စူရာကဟဖ်၏ ထွတ်မြတ်မှုအား ဖော်ကျူးနေပေသည်။

စူရာကဟဖ်ကျရောက်ရခြင်း၏ အကြောင်း

အိမာမ်အိဗ်နေဂျရီးရ်သွစ်ဗ်ရီ(ရဟ)က ဟဇရသ်အိဗ်နေအဗ္ဗါးစ်(ရသွေ့)၏ ရိဝါယသ်ကို ဆင့်ပြန်ထားသည်မှာ မက္ကာဟ်ရွှေမြို့တော်တွင် တမန်တော်မြတ်(ဆွ) ၏ နဗူဝသ်၏ သတင်းများကျော်ကြားနေသည်။ ဤသို့ကျော်ကြားခြင်းကို မနှစ်မြို့သော မက္ကာဟ်သားကုရိုက်ရှ်တို့က မိမိတို့လူနှစ်ယောက်ဖြစ်သည့် နသွရ်ဗင်န်ဟာရိစ်နှင့် အွတ်က်ဗာဟ်ဗင်န်အဗီမုအီးဒ် တို့ကို မဒီနာမြို့ရှိ ယဟူဒီပညာရှင်များထံသို့ စေလွှတ်လိုက်သည်။ ထိုယဟူဒီတို့သည် အရင်ကောင်းကင်ကျကျမ်းများဖြစ်သည့် သောဝ်ရာသ်၊ အင်န်ဂျီးလ် တို့ကို တတ်ကျွမ်းသူများဖြစ်ကြသည်။ ထိုသူတို့က တမန်တော်မြတ်(ဆွ)နှင့် ပတ်သက်၍ မည်သို့များ ထင်မြင်ချက်ပေးမည်နည်းဟူသည့် အတွေးဖြင့် စေလွှတ်လိုက်ခြင်းဖြစ်သည်။ ယဟူဒီပညာရှင်တို့က မက္ကာဟ်သားနှစ်ဦးအား ပြောပြလိုက်သည်မှာ အသင်တို့အနေဖြင့် နဗီဟုပြောဆိုနေသူအား မေးခွန်း ၃ ခုမေးမြန်းပါ။ အကယ်၍ ထိုမေးခွန်းများ၏ အဖြေကို မှန်ကန်စွာ ဖြေဆိုနိုင်ပါက ထိုသူသည် အလ္လာဟ်နဗီအစစ်ဖြစ်သည်ဟု အသင်တို့မှတ်ယူလိုက်ပါလေ။ မှန်ကန်စွာ မဖြေနိုင်ပါက ထိုသူသည် နဗီအတုပင်ဖြစ်သည်။ မေးမြန်းရမည့် မေးခွန်းများမှာ (၁)။ ရှေးယခင်က မိမိတို့မြို့မှ ထွက်သွားသော လူငယ်များ၏ အကြောင်းအရာနှင့် အခြေအနေကို မေးပါ။ ဤသို့မေးခိုင်းရခြင်းမှာ ထိုလူငယ်တို့၏ အဖြစ်အပျက်သည် အံ့သြဖွယ်ရာ ကိစ္စရပ်ပင်ဖြစ်သည်။ (၂)။ ကမ္ဘာ၏ အရှေ့အရပ်နှင့် အနောက်အရပ်အပါအဝင် ကမ္ဘာတစ်ခုလုံးသို့ ခရီးထွက်ခဲ့သော ပုဂ္ဂိုလ်၏ အကြောင်းကို မေးမြန်းပါ။ (၃)။ ရူးဟ်ဝိညာဉ်သည် မည်ကဲ့သို့သော အရာဖြစ်သည်နှင့် စပ်လျဉ်း၍ မေးမြန်းပါ။

ကုရိုက်ရှ်နှစ်ဦးတို့သည် မက္ကာဟ်မြို့သို့ပြန်ရောက်လာပြီးနောက် အကြောင်းစုံကို မိမိညီနောင်များအားပြန်ပြောလိုက်လေသည်။ တဖန်ဤသူတို့သည် ကိုယ်တော်မြတ်(ဆွ)၏ ထံပါးသို့သွားရောက်၍ မေးခွန်းများကို မေးမြန်းလေသည်။ ကိုယ်တော်သည် ကြားနာပြီးသည့်နောက် ထိုမေးခွန်းတို့၏ အဖြေကို မနက်ဖြန်ပေးမည်ဟု ဖြေကြားလိုက်သည်။ သို့သော် အင်န်ရှာအလ္လာဟ် ပြောရန် မေ့လျော့သွားတော်မူပေသည်။ ထိုကုရိုက်ရှ်တို့သည်လည်း ပြန်သွားကြလေသည်။ တမန်တော်မြတ်(ဆွ) ထိုမေးခွန်းတို့၏ အဖြေကို ပေးရန် အရှင့်ဘက်မှ ဝဟီကို စောင့်စားတော်မူနေပေသည်။ သို့သော် ကိုယ်တော်ကတိပေးလိုက်သည့်အတိုင်း နောက်တနေ့တွင် မည်သည့်ဝဟီမှ မကျပေ။ ၁၅ ရက်ကြာသည်အထိ ထိုအတိုင်းပင် ရှိနေသည်။ ဂျိဗ်ရာအီးလ်(အလိုင်) လည်း မလာရောက်ပေ။ မက္ကာဟ်သား ကုရိုက်ရှ်တို့ သည်လည်း လှောင်ပြောင်သရော်ကြပေသည်။ ထိုသို့ ဝဟီမလာခြင်းကြောင့် ကိုယ်တော်မြတ်(ဆွ) သည် အလွန်ပင် ပူဆွေးသောက ရောက်ရလေသည်။

၁၅ ရက်ပြည့်ပြီးသည့်နောက် ဟဇရသ်ဂျိဗ်ရီးလ်(အလိုင်)သည် စူရာကဟဖ်ကို ယူဆောင်၍ ဆင်းသက်လာလေသည်။ စူရာထဲတွင် ဝဟီနောက်ကျရခြင်း၏ အကြောင်းကိုလည်း တင်ပြထားသည်။ နောက်နောင်တွင် ကိစ္စရပ်တစုံတရာနှင့် ပတ်သက်၍ ကတိပေးမည်ဆိုပါက အင်န်ရှာအလ္လာဟ် ဟုပြောပါ။ တမန်တော်မြတ်(ဆွ) ၏ ထိုမေ့မှားမှုကို သတိပေးသည့်အနေဖြင့် ဝဟီကျရောက်ခြင်းအား ၁၅ ရက်အထိ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပေသည်။ ထိုကိစ္စနှင့် ပတ်သက်၍ စူရာကဟဖ်၏ အာယသ်တော် " ဝလာသကူလန်န်န လိရှိင်းအင်န် အိန္နီးဖားအိလွန်းဇာလိကာ ဂဒန် အိလ္လာအိုင်ယ်းယရှာအလ္လာဟ်" ဖြင့် သတိပေးမိန့်ကြားထားပေသည်။

(ဤအကြောင်းရာမှာ သိရသည်မှာ ယနေ့ကျွန်ုပ်တို့သည် မိမိသို့သဘောဆန္ဒဖြင့် ဘာလုပ်လိုက်မည်။ ဘယ်လိုလုပ်လိုက်မည်။ စသဖြင့် အသံကောင်းဟစ်ကြသည်။ သို့သော် အင်န်ရှာအလ္လာဟ် ဟု စက္ကန့်ဝက်မျှပင်မကြာသော စာသားကို ရွတ်ဆိုရန် မေ့လျော့ထားကြသည်။ အလ္လာဟ်အရှင်မြတ်က မိမိအချစ်တော်တမန်တော်မြတ် (ဆွ)ကိုပင် အင်န်ရှာအလ္လာဟ် ကို မမေ့ရန် အထူးသတိပေးမိန့်ကြားထားသည်။ စာသားသည် သေးငယ်သော်လည်း အဘယ်မျှ အရေးကြီးသည်ကို လိုက်နာရန် အသိတရားရှိသူတိုင်း ခန့်မှန်းနိုင်ပါသည်။ စကားချပ်)

ယင်းစူရာကဟဖ်ထဲတွင် အဆ်ွဟာဗေကဟဖ် ခေါ် လူငယ်များအကြောင်းကိုလည်း ပြည့်ဝစွာ ပြောပြထားသည်။ ထို့ပြင် ကမ္ဘာအနှံ ခရီးဆန့်ခဲ့သော မွတ်စ်လင်မ်ပြည့်ရှင်ဘုရင်ကြီး ဇွလ်ကရ်နိုင်းန်၏ အကြောင်းကိုလည်း အကျယ်တဝန့်ဖော်ပြထားပေသည်။ ၎င်းနောက် ရူးဟ်ဝိညာဉ်နှင့် ပတ်သက်သည့် အဖြေကိုလည်း ဖော်ပြထားပေသည်။

"ကဟ်ဖ်" ဆိုသည်မှာ
တောင်တွင်ရှိသော လိုဏ်ခေါင်းကို ခေါ်ဆိုသည်။ ထိုလိုဏ်ခေါင်းသည် ကျယ်ဝန်းပါက ကဟဖ် ဟုခေါ်ပြီး ကျယ်ဝန်းမှု မရှိလျှင် ဂါးရ် ဟု ခေါ်ပေသည်။
လိုဏ်ခေါင်း၌ ဝင်ရောက်၍ ပုန်းအောင်းခဲ့ကြသော သူများကို အဆ်ွဟာဗေကဟဖ်(ဂူတွင်းသားလူများ) ဟုခေါ်ဆိုပြီး ဤစူရာတွင် ယင်းလူငယ်များအကြောင်းပါရှိသောကြောင့် စူရာကဟဖ်ဟု ခေါ်တွင်လေသည်။ (အင်န်ရှာအလ္လာဟ် အဆ်ွဟာဗေကဟဖ်၏ အကြောင်းကို သီးသန့်တင်ပြပါ့မည်။)

စူရာကဟဖ်တွင် အဆ်ွဟာဗေကဟဖ်၊ တမန်တော်မူစာ နှင့် ခိဇိရ် (အလိုင်) တို့တွေ့ဆုံကြခြင်းအကြောင်း။ ထို့ပြင် ဇွလ်ကရ်နိုင်းန်ဘုရင်အကြောင်း၊ ယာဂျုးဂ်ျမာဂျုးဂ်ျလူမျိုးများအကြောင်း၊ ကမ္ဘာကြီး၏ အရှေ့နှင့် အနောက်အရပ်တို့အကြောင်း၊ မဂ်ျမအွလ်ဗဟ်ရိုင်းန် ခေါ် မြစ်နှစ်သွယ် ဆုံစည်းရာဒေသ နှင့် အာဗေဟယားသ် ခေါ် ရေရှင်အကြောင်း စသည့်အကြောင်းအရာများပါရှိသည်။ ထို့ပြင် မုအ်မင်န်တို့အတွက် ဆုံးမစကားများ၊ ဂရုပြုလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဒုအာနှင့် အလ္လာဟ်အရှင်မြတ်၏ ကွဒ်ရသ်တော် စိုးပိုင်တော်မူသော အရှင်ဖြစ်ကြောင်းတို့ ပါဝင်သော စူရာတစ်ပုဒ်ပင်ဖြစ်ပေသည်။

ကုရ်အာန်၏ စာလုံးတိုင်း စာလုံးတိုင်း၏ အဓိပ္ပာယ်ရသနှင့် အလိုသဘောဖွင့်ဆိုချက်တို့ကိုနားလည်ပြီး ဖတ်ရွတ်ရသော အရသာသည် ပြောပြရန် စကားလုံးပင်မရှိလောက်အောင် အလွန်ထူးခြားပေသည်။ ထို့ကြောင့် စစ်မှန်သည့်အာလင်မ်များမှ ပြန်ဆိုထုတ်ဝေထားသည့် ကုရ်အာန်ဘာသာပြန်များကို လေ့လာမှတ်သားကြစေလိုပါသည်။ မိမိဖတ်ရွတ်လိုက်သည့် အာယသ်က ဘယ်လိုအဓိပ္ပာယ်မျိုးကို ဖော်ဆောင်နေတာလဲဆိုတာကို သိရှိနားလည်နေရမည်ဖြစ်သည်။ အကယ်၍ အခြေအနေမပေးသေးလျှင် အရှင့်ထံမှ ဒုအာတောင်းခံနေပါ။ မိမိ၏ စိတ်ထဲတွင်လည်း ထိုသို့နားလည်ချင်သည့် စိတ်ကို အမြဲမွေးထားပါ။ အင်န်ရှာအလ္လာဟ် တစ်ချိန်ချိန်တွင် အလ္လာဟ်အရှင် အသင့်အား ထိုသို့နားလည်ခွင့်ရမည့် အခွင့်အရေးအား ချီးမြှင့်မည်ဖြစ်သည်။

စူရာကဟဖ်၏ အိပ်မက်သဘော

အိပ်မက်ထဲတွင် စူရာကဟဖ်အား သိလာဝသ်ပြုလုပ်သည်ဟု မြင်မက်ခြင်း၏ အလိုသဘောမှာ "ထိုကဲ့သို့မြင်မက်သူသည် အသက်ရှည်မှုကို ရရှိလိမ့်မည်ဖြစ်သည်။ ထို့နောက် ထိုသူ၏အခြေအနေသည် ကောင်းမွန်လိမ့်မည်ဖြစ်၏။ ထို့နောက် ထိုသူသည် သွားရောက်စတည်းချမည့် လူမျိုးစုထံမှ အကျိုးကျေးဇူးအား ရရှိခံစားရလိမ့်မည်ဖြစ်၏။ "

(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Thursday, January 30, 2014

ဖန်ဆင်းရှင် ရှိခြင်း၏ သက်သေ

စဉ်းစားစမ်းပါ

ကျွန်ုပ်တို့လူသားများသည် ပထဝီမြေကြီးအပေါ်တွင်သွားလာ လှုပ်ရှားနေကြသည်ဟု ထင်ကြသည်။ သို့သော်အမှန်မှာ ကျွန်ုပ်တို့သည် ပထဝီမြေကြီးအောက်ဘက်၌ ဇောက်ထိုးတွဲလျားကျလျက်ရှိ နေကြသည်။ တစ်နည်းဆိုရလျှင် ပထဝီမြေကြီးသည် စကြာဝဠာကြီးတွင် ဘောလုံးကဲ့သို့တွဲလျားချိတ်ထားခံရ၍။ ပတ်ပတ်လည်တွင် လူသားများနေထိုင်လျက်ရှိနေကြ၏။ အချို့သည် မြန်မာနိုင်ငံဟု ခေါ်တွင်သော အစိတ်အပိုင်းပေါ်တွင် ရှိကြ၏။ အချို့က အာရေးဗီးယားဟု အမည်တွင်သော အစိတ်အပိုင်းပေါ်တွင်ရှိနေကြ၏။ တစ်ဖန်ပထဝီမြေကြီးသည် ရပ်တန့်လျက်ရှိသည် မဟုတ်၊ တစ်နာရီလျှင်မိုင်တစ်ထောင်နှုန်းဖြင့် အဆက်မပြတ်လည်ပတ်လျက်ရှိနေ၏။ ကမ္ဘာကြီးသည်အထက်ပါနှုန်းဖြင့် အဆက်မပြတ်လည်ပတ်လျက် ရှိနေသဖြင့် ဘီးတစ်ခုပေါ်တွင် ကျောက်စရစ်ခဲများစီထား၍ အားကုန်လှည့် လိုက်ပါက ကျောက်စရစ်ခဲများ လွင့်စဉ်သွားသကဲ့သို့ ကျွန်ုပ်တို့သည်လည်း လွင့်စဉ်သွားသင့်သည်။ သို့သော်ဤသို့ လွင့်စဉ်ခြင်းမရှိ၊ အဘယ်ကြောင့်ဆိုသော် တစ်ဖက်တွင် ပထဝီမြေကြီးသည် အချိုးကျကျ ကျွန်ုပ်တို့အားဆွဲငင် ထား၍၊ အခြားတစ်ဖက်တွင် လေထုကြီးသည်လည်းအချိုးကျကျကျွန်ုပ်တို့အား ဖိထားသောကြောင့်ဖြစ်သည်။ အထက်ပါအရာ နှစ်ခုသည် ကမ္ဘာပေါ်တွင် ရှိရှိသမျှသောအရာဝထ္ထုများကို ပထဝီမြေကြီးမည်သော ဘောလုံးပေါ်တွင်လေးဘက်လေးရံမှ ချိတ်ဆွဲထားနိုင်လေသည်။ လေထုကြီးသည် လူသားတို့၏ ခန္ဓာကိုယ်၏ တစ်လက်မပတ်လည်နေရာပေါ်တွင် ၁၅.၅ ပေါင်နှုန်းဖြင့် ဖိထား၏။ ဤသို့ဖိထားခြင်းကို ကျွန်ုပ်တို့လူသားများကမသိကြချေ။ အဘယ်ကြောင့်ဆိုသော် ကျွနု်ပ်တို့ ခန္ဓာကိုယ် အတွင်းရှိ သွေးကြောများအတွင်းရှိသွေးများသည် လည်းတစ်လက်မပတ်လည်လျှင် ၁၅ပေါင် ၈အောင်စနှုန်းဖြင့် တွန်းလျက်ရှိနေသောကြောင့်ဖြစ်သည်။

ကျွန်ုပ်တို့လူသားများသွားလာလှုပ်ရှားနေကြသော ဤပထဝီမြေကြီးသည် မိမိလမ်းကြောင်းပေါ်တွင် ၂၄ နာရီ လျှင်တစ်ပတ်ရစ်ပတ်ပြီး၊ နေ သည်မိမိလမ်းကြောင်းပေါ်တွင် တစ်နာရီလျှင်မိုင် တစ်ထောင်နှုန်းဖြင့် လည်ပတ်လျက်ရှိသည်။ အကယ်၍၊ တစ်နာရီလျှင်မိုင်နှစ်ရာနှုန်းသာ ရစ်ပတ်ပါက နေ့တာနှင့်ညတာများသည် လက်ရှိအချိန်ထက် ဆယ်ဆစီရွေ့လျားသွားမည်ဖြစ်သည်။ ထိုအခါ နေနှင့်ကြာမြင့်စွာ ထိတွေ့မှုကြောင့် သစ်ပင်မြက်ပင်များ လောင်ကျွမ်းသွားမည်ဖြစ်သည်။ အလောင်မခံရသော အပင်များရှိနေပါကလည်း ရှည်လျားသောညတာ၏ နှင်းရည်များဖြင့် ပျက်စီးသွားချေမည်။

ကျွန်ုပ်တို့အဖို့ အသက်ရှင်နိုင်ရန် အရေးပါသည့်အခန်းကဏ္ဍ၌ပါဝင်နေသော နေ သည်တစ်သောင်းနှစ်ထောင်ဖာရင်ဟိုက် ဒီဂရီ ပူလျက်ရှိပြီး ပထဝီမြေထက်မိုင်ပေါင်းသိန်းကိုးရာသုံးဆယ် ဝေးလံ၏။ အံ့သြစရာ ကောင်းသည်မှာ ကမ္ဘာနှင့်နေ သည်နီးကပ်လာခြင်းမရှိဘဲ၊ ပုံမှန်ဝေးလျက်ရှိနေ၏ ဤအချက်သည် ကျွန်ုပ်တို့အဖို့ အလွန်အရေးပါလျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော်၊ အကယ်၍ နေ သည်ယခုတည်ရှိနေသော နေရာမှအတိုင်းအတာတစ်ဝက်လောက် နီးကပ်လာပါက မြေပထဝီအပေါ်ရှိ စက္ကူများသည်ပင် လောင်ကျွမ်းသွားပေမည်။ တစ်ဖန် နေ သည်ယခုတည်ရှိနေသော နေရာမှအထက်သို့ နှစ်ဆမျှဝေးကွာသွားပါက အအေးဓာတ်လွန်ကဲ၍ လူသားများအသက်ရှင်နိုင်ကြမည်မဟုတ်ချေ။

ဤကဲ့သို့ပင်၊ အကယ်၍ မြေပထဝီ နှင့် နေ ၏အကြားအလယ်တွင် နေ ထက် အပူဓါတ်အဆပေါင်းတစ်သောင်းများသော ကြယ် တစ်ပွင့် ရောက်လာပါက ကျွန်ုပ်တို့နေထိုင်ကြသော ပထဝီမြေကြီးသည် မီးဖိုကြီးသဖွယ်ဖြစ်သွားချေမည်။

တစ်ဖန်ဤ ပထဝီမြေကြီးသည် တစ်နှစ်လျှင်စက်ဝိုင်း ၂၃ ခုပြုလုပ်လျက် စကြာဝဠာကြီး၏ အောက်ဘက်သို့ညွတ်၍ ရွေ့လျားလျက်ရှိသည်။ ဤသို့နိမ့်ဆင်းလာမှုကြောင့် ကျွန်ုပ်တို့သည် ရာသီဥတုအမျိုးမျိုးကို ရရှိကြသည်။ ရာသီဥတုပြောင်းလွဲမှုကြောင့် ပထဝီမြေကြီးသည် သစ်ပင်များပျိုးနိုင်၊ ပေါက်နိုင်သော အရည်အချင်းကို ရရှိလေသည်။ ထိုသို့အရည်အချင်းရရှိလာသည့်အတိုင်း လူသားများသည် အသီးအနှံများကို ရရှိကြလေသည်။

အထက်၌တင်ပြခဲ့သည့်အတိုင်း အကယ်၍၊ ပထဝီမြေကြီးသည် အောက်ဘက်သို့ညွတ်ကိုင်း၍ မလာပါကဝင်ရိုးစွန်းနှစ်ဖက်သည် အမှောင်အတိဖြစ်နေမည်ဖြစ်သည်။ တစ်ဖန် သမုဒ္ဒရာအတွင်းရှိ အခိုးအငွေ့များသည် ပထဝီမြေကြီး၏ တောင်ဘက်သို့၎င်း၊ မြောက်ဘက်သို့လည်းကောင်း ရွေ့လျားသွားမည်ဖြစ်သည်။ ထိုအခါ ပထဝီမြေကြီးသည် ရေခဲပြင်ဖြစ်သွားချေမည်။ သို့မဟုတ် လွင်တည်းခေါင်ဖြစ်ချေမည်။ ဤနည်းနှင်နှင် ပထဝီမြေကြီးသည် အကယ်၍ ညွတ်ကိုင်းလာခြင်းမရှိပါက။ ၎င်းအပေါ်တွင် လူသားများနှင့်အခြားသက်ရှိသတ္တဝါများသည် အသက်ရှင်နိုင်မည်မဟုတ်ချေ။

ယခုအချိန်အထိ ပထဝီမြေကြီး စနစ်တကျ လည်ပတ်လျက် ရှိနေခြင်းမှာ၊ ဤကမ္ဘာကြီးကို စီမံနေသူ တစ်ဦးရှိကြောင်း ညွှန်ပြလျက်ရှိသည်။ အကယ်၍ စီမံသူတစ်ဦးမရှိပါက ဤကဲ့သို့ စနစ်တကျ လည်ပတ်နိုင်မည် မဟုတ်ချေ။ ဤသို့စနစ်တကျဖြစ်ရန် စီမံနေသူသည် အလ္လာဟ်အရှင်မြတ် ဖြစ်သည်ကို
---- အို ---- လူသား---- 
အသင်စိတ်အေးအေးနှင့်စဉ်းစားစမ်းပါ။

(မော်လာနာဟာရူးန်လူလာသ်-မဟ်မူဒီ-)

(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် အလ်မုဖီးဒ် ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Wednesday, January 15, 2014

အလ္လာဟ်အရှင်မြတ်တည်ရှိကြောင်း သက်သေနိမိတ်လက္ခဏာများ

ဒီလောကကြီးမှာ သက်ရှိများရပ်တည်နိုင်ရန် ဂေဟစနစ်ကို အံ့မခန်းကျယ်ပြန့်ကြီးမားတဲ့ စီမံကိန်းနဲ့ မျှတစွာဖန်တည်းတည်ဆောက်ထားခြင်းဟာ မုချ စီမံခန့်ခွဲနေတဲ့ အမြော်အမြင်ကြီးတဲ့ ဖန်ဆင်းရှင်ရှိနေတယ်ဆိုတာ တစ်ထစ်ချယုံကြည်လက်ခံစေပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီဂေဟစနစ် ချို့ယွင်းသွားတာနဲ့ သက်ရှိတို့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီးဖြစ်ပေါ်စေပါတယ်။

ဥပမာအားဖြင့် သြစတြေးလျနိုင်ငံမှာ ယခင်က ဆူးရှိတဲ့ရှားစောင်းပင်တွေဟာ တောကြီးတွေလို နေရာအနှံ့ပျံ့နှံ့လာပါတယ်။ အဲဒီအချိန်က သြစတြေးလျနိုင်ငံစတင်ထူထောင်နေတဲ့အချိန်ဖြစ်ပါတယ်။ နိုင်ငံရဲ့မြေကျယ်ပြန့်သလောက် ဒီရှားစောင်းပင်တွေဟာ အထိန်းအကွပ်မဲ့ တိုးပွားလာပါတယ်။ အခြေချနေထိုင်သူတွေဟာ သူတို့ရဲ့လယ်မြေတွေ၊ အိမ်မြေတွေကိုလည်း လွှမ်းမိုးသွားတဲ့အတွက် ရှင်းမနိုင်တော့ဘဲ ရွာတွေကို စွန့်ခွာသွားကြရတယ်။

တစ်ဖက်မှာ ဒီရှားစောင်းပင်ကိုပဲအစာအဖြစ်စားတတ်တဲ့ပိုးတစ်မျိုးရှိတယ်။ အဲဒီပိုးတွေမရှိတဲ့အတွက် ဒီအပင်တွေအထိန်းအကွပ်မဲ့ တိုးပွားနေတာပါ။ နောက်ပိုင်းမှာ ပညာရှင်တွေဟာ အခြားနေရာကနေ ရှားစောင်းပင်စားတဲ့ပိုးတွေကို ယူလာပြီးလွှတ်ပေးလိုက်ပါတယ်။ များမကြာမီမှာပဲ ပိုးတွေဟာ ရှားစောင်းပင်တွေကိုအနိုင်ရသွားပါတယ်။ လူတွေလည်း ရှားစောင်းပင်ဒုက္ခကနေ လွတ်မြောက်သွားကြပါတယ်။ လိုအပ်တဲ့အတိုင်းအတာတစ်ခုအထိသာ ရှားစောင်းပင်တွေရှင်သန်လျက်ရှိပါတယ်။ အဲဒီလိုထိန်းချုပ်နိုင်ဖို့ ပိုးအနည်းငယ်ပဲလိုပါတယ်။

ကမ္ဘာပေါ်မှာ အဲဒီလို အပြန်အလှန်ထိန်းချုပ်ထားတဲ့ ဂေဟစနစ်ကို ကျယ်ကျယ်ပြန့်ပြန့်တွေ့ရမှာဖြစ်ပါတယ်။ လူတွေ၊ တိရစ္ဆာန်တွေ၊ သစ်ပင်တွေ အသက်ရှင်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့အကာအကွယ်နဲ့ ထိန်းကွပ်မှုတွေ ဂေဟစနစ်အဖြစ်စီမံထားမှုတွေကို ဒီကမ္ဘာကြီးမှာ နေရာအနှံ့တွေ့မြင်နိုင်ပါတယ်။

အချို့ပိုးမွှားတွေဟာ အချိန်တိုအတွင်းမှာ အကောင်ရေများစွာ အလျင်အမြန်ပေါက်ဖွားပြီး တကမ္ဘာလုံးကို လွှမ်းမိုးသွားနိုင်တဲ့အခြေအနေရှိပါတယ်။ ဒါပေမယ့် အဲဒီပိုးမွှားတွေဟာ တကမ္ဘာလုံးကို ဘာကြောင့်မလွှမ်းမိုးသွားရတာလဲ။

တန်ခိုးတော်ရှင်ဟာ ဒီကမ္ဘာအတွက် ဂေဟစနစ်ကို ချမှတ်ထားတဲ့အတွက်ပဲဖြစ်ပါတယ်။

အလ္လာဟ်အရှင်မြတ်ဟာ ပိုးမွှားတွေကို လူတွေလို အသက်ရှုဖို့အဆုတ်မပေးထားပါဘူး။ ပိုးမွှားတွေဟာ လေပြွန်တစ်ခုတည်းနဲ့အသက်ရှုရပါတယ်။ ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားလာသလောက် လေပြွန်ကလိုက်၍မကြီးပါ။ အဲဒါကြောင့် ပိုးမွှားတွေဟာ အရွယ်အစားကြီးမားမှုမရှိကြသလို များစွာပျံ့နှံ့မှုလည်းမရှိတော့ပါ။

အကယ်၍ တန်ခိုးတော်ရှင်က အဲဒီလိုစီမံထားပေးခြင်းမရှိပါက လူတွေဒီလောကမှာ အသက်ရှင်ရပ်တည်နိုင်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ပါ။ ဘာကြောင့်လဲဆိုရင် ဘာမဟုတ်တဲ့ ပိုးမွှားလေးတစ်ကောင်ဟာ ခြင်္သေ့တွေ ကျားတွေလို အကောင်းကြီးတွေဖြစ်သွားနိုင်ပါတယ်။ သူတို့ရဲ့လျင်မြန်တဲ့ပေါက်ဖွားမှုကြောင့် အချိန်တိုအတွင်းမှာ တကမ္ဘာလုံးကို လွှမ်းမိုးသွားနိုင်ပါတယ်။

ဒီကမ္ဘာကြီးမှာ အဲဒီလိုဂေဟစနစ်နဲ့ သက်ရှိတို့အပေါ်စီမံခန့်ခွဲထားမှုဟာ သဘာဝအလျောက်တိုက်ဆိုင်၍ဖြစ်နေရပါတယ်လို့ ဒွိဟစိတ်နဲ့ ထင်မှတ်နိုင်ရန် အပုံဆယ်သိန်းပုံတစ်ပုံခန့်မျှပင် မဖြစ်နိုင်စကောင်းပါ။
(အလ်မုဖီးဒ်)

Tuesday, January 7, 2014

သဘာဝဆိုတာ အလ္လာဟ့်ကုဒ်ရသ်ပါ


ခင်ဗျားလက်က ကိုင်ထားတဲ့ တယ်လီဖုန်းထဲက နာရီလေးဟာ ဘာ့ကြောင့် အချိန်မှန်ပြနေသလဲ။

ကမ္ဘာလောကကြီးကို အလင်းရောင်ပေးတဲ့ နေမင်းကြီးဟာ ဘာ့ကြောင့် အချိန်မှန်ဝင်ထွက်နေသလဲ။

နာရီထဲမှာ Circuit လေးတခုရှိတယ်။ အဲဒီဆားကစ်ထဲမှာ အချိန် နဲ့ပတ်သက်တဲ့ ပရိုဂရမ် (ညွှန်ကြားချက်) ထည့်ထားတယ်။ ဒါ့ကြောင့် အချိန်မှန်ပြနေတယ်။

နေမင်းကြီးဟာ အလ္လာ့ဟ်အမိန့်ကို နာခံပြီး အလ္လာဟ်အရှင်မြတ်ရဲ့ အလိုတော်အရ ဝင်ထွက်ခြင်းအမှုကိုဆောင်ရွက်ရတယ်။ ဒါ့ကြောင့် အရှေ့ဘက်ကနေ ထွက်ပြူပြီး အနောက်ဘက်ကို ငုပ်လျှိုးဝင်ရောက်သွားတယ်။

ဒါကို ငြင်းပယ်တဲ့သူဟာ နေမင်းကို ဘယ်သူ ဝင်ထွက်စေလဲဆိုတာကို ရှင်းပြရလိမ့်မယ်။ သဘာဝလို့တော့ ရောမချလိုက်ပါနဲ့။ သဘာဝဆိုတာ အလ္လာဟ် ဖန်ဆင်းထားတာပါ။ သဘာဝကို လက်ခံရင် အလ္လာဟ်အရှင်မြတ်ကို သွယ်ဝိုက်ပြီးလက်ခံတာပဲ။ အဲဒါကြောင့် ကိုးကွယ်ခြင်းခံထိုက်တော်မူတဲ့ အရှင်ဟာ နေမင်းကို ဝင်စေထွက်စေတဲ့ အရှင်သာလျှင်ဖြစ်တယ်။ အဲဒီအရှင် နှစ်သက်တဲ့ လမ်းစဉ်ကို အစ္စလာမ်လို့ခေါ်တယ်။ အဲဒီအရှင်ဟာ တရားတော်မူတယ်။ သူ့ကိုမယုံကြည်သူတွေကိုလည်း ကျွေးမွေးတယ်။ သူ့ကို ယုံကြည်သူတွေကိုလည်း ကျွေးမွေးတယ်။ စောင့်ရှောက်တယ်။ သူ့ကို ယုံကြည်လာအောင် ကုဒ်ရသ်လို့ခေါ်တဲ့ တန်ခိုးတော်တွေ ပြသထားတယ်။ ပင်လယ်နှစ်ခုထဲက ရေတွေ မပေါင်းစည်းတာ... ရေချိုနဲ့ ရေငန် မရောတာ... ဇမ်ဇမ်ရေတွင်းက ရေဟာ ကုန်ခမ်းတယ်မရှိတာ... ကုရ်အာန်ကျမ်းကို ဖျက်ဆီးတဲ့လူ ဘယ်လောက်ရှိရှိ မူလအတိုင်းကျန်တာ.. မြေပြင်မှာ တောင်တွေစိုက်ထူထားတာ... မြေကြီးအောက်မှာ ရတနာတွေ ရောက်စေတာ.... မွေးကင်းစကလေးတွေကို မိဘတွေ ချစ်တာ.... မိခင်ရဲ့ သွေးဟာ နို့ရည်ပြုဂလင်းက ထွက်တာနဲ့ ကလေးငယ်အတွက် နို့ရည်ချိုဖြစ်သွားတာ..... ကမ္ဘာကြီးဟာ ဒေါက်တိုင်မရှိပဲ လည်နေတာ.. လူတို့ အာကာသကို ခရီးဆန့်နိုင်တာ...... စတဲ့ အံ့မခန်းအရာတွေဟာ အလ္လာဟ်အရှင်မြတ်ရဲ့ တန်ခိုးတော်တွေပါ။ လူရဲ့ မျက်စေ့၊ နှာခေါင်း၊ နား၊ အဆုတ်၊ ဦးနှောက်၊ အရိုး၊ .... စတဲ့အရာတွေအားလုံးဟာလည်း အရှင်မြတ်ရဲ့ တန်ခိုးတော်တွေပါပဲ။ လေကို အတိုင်းအဆမရှိ ပေးထားတာ... ရေကို ဖော့ဂုဏ်ရှိစေတာ... ကမ္ဘာမှာ ဆွဲအားရှိပြီး နေကို လှည့်ပတ်နေတာ.... မိခင်ရဲ့ သားအိမ် အမှောင်ခန်းထဲမှာ လူကို မမှားမယွင်း ပုံဖော်ပေးတာ.... အဲဒါတွေဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော်တွေပါ။

ဒါ့ကြောင့် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ကြပါ။ အစ္စလာမ်ဘာသာဝင်ဖြစ်ခွင့်ရအောင် ဆုတောင်းပါ။ ပီသတဲ့ အစ္စလာမ် ဘာသာဝင်ဖြစ်ခွင့်ရအောင် ကြိုစားကြပါ။ သင့်ထံ အစ္စလာမ့် ဖိတ်ခေါ်ချက် ရောက်ရှိလာပါက မငြင်းဘဲ လက်ခံဖို့ ကြိုးစားပါ။ သင်နှင့် သင့်မိသားစု သင့်ပတ်ဝန်းကျင် ထာဝရ ကောင်းစားရေးအတွက် အစ္စလာမ်ဘာသာကို လက်ခံပါ။ အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ပါ။ အစ္စလာမ်သည် တစ်ဘဝ သာသနာမဟုတ် ။ ထာဝရသာသနာဖြစ်ပါတယ်။

အလ်မုဖီးဒ်

Sunday, December 1, 2013

အစ္စလာမ်သာသနာမှန်ကန်ကြောင်းခိုင်လုံးကြောင်း လက်ခံလာတဲ့သူတဦး တိုးလာပြီ

အလ်ဟမ်ဒုလိလ္လာဟ်

နီပေါနိုင်ငံရဲ့ နာမည်ကြီးရုပ်ရှင်သရုပ်ဆောင်နဲ့ မော်ဒယ်တစ်ဦးဖြစ်တဲ့ ပူဂျာလာမာ ဟာ ဗုဒ္ဓဘာသာမှ အစ္စလာမ်ဘာသာသို့ကူးပြောင်း

ဗုဒ္ဓဘာသာမိသားစုမှကြီးပြင်းလာတဲ့ ပူဂျာမာလာ ဟာ အစ္စလာမ်ဘာသာသို့ကူးပြောင်းသွားတဲ့အတွက် ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းမှာ အလွန်မှအံ့သြသွားကြပါတယ်။ သူမဟာ မကြာမီက ဒူဘိုင်းနဲ့ကာတာနိုင်ငံတို့ကို ရက်တိုခရီးထွက်ခဲ့ပါတယ်။ ခရီးမှအပြန် ခတ်မန္ဒူ ရောက်တာနဲ့ အစ္စလာမ်ဘာသာသို့ကူပြောင်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

မီဒီယာများမှ သူမအား အစ္စလာမ်သာသနာမှာ ဘာထူးခြားချက်တွေတွေ့လို့ကူပြောင်းရပါသလဲလို့မေးတဲ့အခါ ကျွန်မဟာ ဗုဒ္ဓဘာသာမျိုးနွယ်မှဆင်းသက်လာသူဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဟာကျွန်မရဲ့အသွေးအသားထဲအထိ ၀င်ရောက်လျက်ရှိပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်အရင်က ကျွန်မဟာ အခြားဘာသာတွေကိုလည်းလေ့လာမယ်လို့ စိတ်ကူပေါက်ခဲ့ပါတယ်။ အဲဒါနဲ့ ကျွန်မဟာ ဟန္ဒင်္ူဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာတွေကို နှိုင်းယှဉ်လေ့လာခဲ့ပါတယ်။ အဲဒီလိုလေ့လာနေခိုက်မှာပဲ ကျွန်မဟာ ဒူဘိုင်းနဲ့ကာတာနိုင်ငံတွေကိုလည်း ခရီးထွက်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာရှိတဲ့မုစ်လင်မ်တွေနဲ့အစ္စလာမ့်ယဉ်ကျေးမှုတွေကိုတွေ့ရပြီး အတော်ပဲစိတ်ဝင်စားခဲ့ပါတယ်။ အစ္စလာမ်ဘာသာမှာ အခြားဘာသာတွေနဲ့မတူတဲ့ အထူးခြားဆုံးအချက်က သောက်ဟီးဒ် လို့ခေါ်တဲ့ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းဖြစ်ကြောင်းသက်ဝင်ယုံကြည်ခြင်းပဲဖြစ်ပါတယ်။ အဲဒီယုံကြည်ချက်ကို ကျွန်မဟာ အဲဒီနိုင်ငံတွေမှာရှိတဲ့မုစ်လင်မ်တွမှာ ခိုင်ခိုင်မာမာရှိနေတာကိုတွေ့ခဲ့ရပါတယ်။ အဲဒီလိုမျိုးယုံကြည်ချက်ကို အခြားဘာသာတွေမှာ မတွေ့ရပါဘူး။ ဒီနေ့ကမ္ဘာနဲ့အ၀ှမ်းမှာ အစ္စလာမ်ဘာသာအပေါ်ဆန့်ကျင်ဝါဒဖြန့်မှုတွေက ကျွန်မကို အစ္စလာမ်ကိုပိုပြီးစိတ်ဝင်စားစေခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အစ္စလာမ်နဲ့ပိုပြီးနီးကပ်အောင်ပြုလုပ်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ တကယ်တမ်းအစ္စလာမ်ကိုလေ့လာမိတဲ့အခါ ၀ါဒဖြန့်တာတွေနဲ့ လားလားကြီးဆန့်ကျင်နေတာတွေ့ရပါတယ်။ အစ္စလာမ်သာသနာဟာ ကမ္ဘာပေါ်မှာရှိတဲ့လူသားတွေရဲ့အကြပ်အတည်းဟူသရွေ့ကို အလွန်တရားမျှတာစွာနဲ့ ငြိမ်းချမ်းစွာဖြေရှင်းပေးနိုင်မယ့် တစ်ခုတည်းသောသာသနာဖြစ်ကြောင်း ကျွန်မရဲရဲကြီးကြေညာရဲပါတယ်။

သတင်းထောက်က သူမရဲ့နာမည်အတိုင်း ပူဂျာ လို့ခေါ်တဲ့အခါ သူမက ကျေးဇူးပြုပြီး ကျွန်မကို ပူဂျာ လို့မခေါ်ပါနဲ့။ အဲဒီနာမည်ဟာ ကျွန်မရဲ့ အတိတ်ကနာမည်ဖြစ်ပါတယ်။ အခုကျွန်မနာမည်ဟာ အာမိနာ ဖှာရူကီ ဖြစ်ပါတယ်လို့ သတင်းထောက်ကို ပြောကြားခဲ့ပါတယ်။ သူမကဆက်ပြီးပြောပါတယ်။ ကျွန်မအစ္စလာမ်သာသနာလက်မခံမီအချိန်က ဆေးလိပ်နဲ့အရက်ဟာ ကျွန်မရဲ့အဖော်ပါ။ စိတ်ညစ်တိုင်း သောက်ပါတယ်။ တခါတရံ သောက်တာများလို့သတိပါလစ်ဖူးပါတယ်။ ကျွန်မရဲ့လေးဖက်လေးတန်မှာ အမှောင်ထုသာလွှမ်းမိုးလျက်ရှိပါတယ်။ ဒါပေမယ့်အစ္စလာမ်လက်ခံပြီးတဲ့နောက်ပိုင်း အေးမြတဲ့လေကိုရှုရှိုက်ခွင့်ရခဲ့ပါပြီ။ အရက်နဲ့ဆေးလိပ်ကို အပြီးအပိုင် သောင်ဗဟ်လုပ်ပြီး စွန့်လွှတ်ခဲ့ပါပြီ။ သတင်းထောက်က အစ္စလာမ်လက်ခံပြီးတဲ့နောက်ပိုင်း ဆွေမျိုးအသိုင်းအ၀ိုင်းက ဘယ်လိုဆက်ဆံကြပါသလဲလို့ မေးတော့ ကျွန်မအစ္စလာမ်လက်ခံပြီးတဲ့နောက် ကျွန်မရဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းကို အသိပေးခဲ့ပါတယ်။ အထူးသဖြင့် ကျွန်မအမေဟာ ကျွန်မကို အပြည့်အ၀ကူညီအားပေးခဲ့ပါတယ်။ ကျွန်မရဲ့ယခင်ကမကောင်းတဲ့အခြေအနေအားလုံးစွန့်လွှတ်ပြီး ကောင်းမွန်သန့်ရှင်းတဲ့အခြေအနေဘက်ကို ပြောင်းသွားတာတွေ့ပြီ အမေ့မှာ အလွန်ပဲပျော်ရွှင်ခဲ့ရပါတယ်။ အမေက ကျွန်မကို သမီး မင်းဟာအလွန်မှန်ကန်တဲ့လမ်းကိုရွေးချယ်ခဲ့ပါတယ်။ သမီးရဲ့ပျော်ရွှင်မှုကိုတွေ့ရပြီး အမေ့မှာ စိတ်သက်သာရာရပါတယ်လို့အမေကပြောပါတယ်။ 1.2.2013 အိန္ဒိယနိုင်ငံထုတ် အင်န်ကေလားဗ်အူရ်ဒူနေ့စဉ်သတင်းစာမှ ကူယူပြန်ဆိုဖော်ပြပါသည်။

Credit to >>>>>ဖထီ ဖိုးခွား
အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။




Wednesday, November 27, 2013

အီမာန်ဟူသည်

အစ္စလာမ်ဟူသည် လူလုပ်သာသနာတစ်ခုမဟုတ်ပေ။ အစ္စလာမ်ဘာသာသည်

၁။ ယုံကြည်ချက်ပိုင်းဆိုင်ရာ ပြည့်ဝမှု၊

၂။ ခဝပ်ကိုးကွယ်မှုပိုင်းဆိုင်ရာ ပြည့်ဝမှု၊

၃။ အပေးအယူပိုင်းဆိုင်ရာ ပြည့်ဝမှု၊

၎။ အနေအထိုင် (လူမှုဆက်ဆံရေး) ပိုင်းဆိုင်ရာ ပြည့်ဝမှု၊

၅။ ကိုယ်ကျင့်တရား (အကျင့်စာရိတ္တ) ပိုင်းဆိုင်ရာ ပြည့်ဝမှု

ဟူသော လူသားတို့အတွက်မဖြစ်မနေ လိုအပ်သည့် ပြီးပြည့်စုံသည့် ကျင့်ဝတ်များစုစည်းရာ အလွန်ထူးမြတ်သော၊ စံပြဖြစ်တော်မူသော၊ တုနှိုင်းမဲ့သော၊ ကောင်းခြင်းအဖြာဖြာနှင့် ပြည့်စုံတော်မူသော၊ ထာဝရ ပရမတ္တအရှင် ကိုယ်တော်တိုင် သဘောတူပြီးဖြစ်တော်မူသော၊ အစစ်အမှန်ဖြစ်တော်မူသော ဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံတော်မူသည့် သာသနာတော်မြတ်ကြီး ဖြစ်သည်။ ဂုဏ်ထူးဝိသေသ မြောက်မြားစွာနှင့် ပြည့်စုံထူးကဲ ကောင်းမွန်ထွတ်လွတ် သန့်စင်ဝင်းပ ထွန်းတောက်ရွှန်းလဲ့တော်မူသော အစ္စလာမ်သာသနာတော်မြတ်၏ ပင်မ အဓိက မဏ္ဍိုင်မှာ ယုံကြည်ချက်ပိုင်းဆိုင်ရာ ထူးမြတ် သန်ရှင်း ပြည့်ဝကြည်လင်ခြင်းပင် ဖြစ်ပေသည်။ အစ္စလာမ်ဘာသာဝင်တို့သည် ယုံကြည်ချက် (အီမာန်) နှင့် ယုံကြည်မှုစွမ်းအား (ယကီးန်) ပြည့်ဝမှု တိုးတက်သည်ထက် တိုးတက်အောင် ကျင့်ကြံအားထုတ်ရသည်။

အစ္စလာမ်ဘာသာဝင်တစ်ဦး ဖြစ်လာဖို့ ရွတ်ဆိုရသော စာသား (ကလိမာဟ်) သည် တိုတောင်းလှသော်လည်း အဓိပ္ပာယ် အနှစ်သာရမှာ မိုးနှင့်မြေကြား နေရာလပ်မကျန်အောင် ဖြည့်လျှင်လည်း ပိုလျှံနေဦးမည်ဖြစ်သည်။

ကလိမာဟ် (လားအိလားဟ အိလ္လလ္လားဟု ... မုဟမ္မဒွရ် ရစူးလွလ္လာဟ်)
**************************************************
လားအိလားဟ .... မြင်တွေ့သမျှအရာအားလုံး၊ မမြင်တွေ့သမျှ အရာအားလုံး၊ လူသားအားလုံး၊ မိုးမြေနေလ စကြဝဠာနှင့် ကြယ်တာရာ၊ ပင်လယ်၊ မြစ်၊ အင်း၊ ရေ၊ မီး၊ ဓား၊ လှံ၊ အဏုမြူ၊ စသည့် ခပ်သိမ်းကုန်သော အရာတို့တွင် ကိုယ်ပိုင်အင်အား နှင့်စွမ်းအားမရှိ၊ မည်သူ့ထံမှာမျှ (သေစေ၊ ရှင်စေ၊ အောင်မြင်စေ၊ ဆုံးရှုံးစေ၊ အရေးသာစေ၊ အရေးနိမ့်စေ၊ တိုးတက်စေ၊ ဆုတ်ယုတ်စေသော) အင်အား မရှိ။ မည်သူ့ထံမှာမျှ ကိုးကွယ်ခြင်းကို ခံထိုက်သော၊ ဦးချခြင်းကိုခံထိုက်သော၊ အားကိုးခြင်းခံထိုက်သော၊ ပုံအပ်ခြင်းခံထိုက်သော၊ တသခြင်းခံထိုက်သော၊ တသခြင်းကို ကြားနိုင်သော၊ ကောင်းမှုနှင့် မကောင်းမှုတို့၏ အစားကိုပေးနိုင်သော၊ အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်သော၊ သေသူကို ရှင်စေသော၊ ရှင်သူကို သေစေသော၊ သုခဘုံကို ပို့ဆောင်ပေးနိုင်သော၊ ငရဲဘုံသို့ ကျရောက်စေနိုင်သော အရည်အချင်းမရှိ။

အိလ်လာ..... သို့သော် ......

အလ္လာဟ်.... ပရမတ္တအရှင်၊ အမြဲရှင်နေတော်မူသော အရှင်၊ ပဋိသန္ဓေနေခြင်း ကင်းတော်မူသောအရှင်၊ မွေးဖွားခံရခြင်း... ကြီးထွားရခြင်း.... မှီခိုအားထားရခြင်း သေဆုံးကွယ်လွန်ရခြင်း တို့မှ ထွတ်လွတ် သန့်စင်တော်မူသောအရှင်၊ တုနှိုင်းမဲ့ ဖြစ်တော်မူသော၊ အလွန့်အလွန်သန့်စင်တော်မူသော ၊ နာမတော်တစ်ပါး၊ ဂုဏ်တော် ၉၉ ပါး နှင့်ပြည့်စုံတော်မူသော အရှင် ဖြစ်တော်မူသည့် ထာဝရအရှင် အလ္လာဟ် အရှင်မြတ်ထံမှာသာလျှင် (အထက်အပိုဒ်ပါ) စွမ်းအားများ ရှိတော်မူသည်။ (အထက်အပိုဒ်ပါ) အရာအားလုံးကို ပြုလုပ်နိုင်စွမ်းတော်မူသည်။

အနှစ်ချုပ်ပြောရလျှင် လားအိလားဟ ... အိလ်လလ္လာဟု ..... ၏ အဓိပ္ပာယ်သည် အင်မတန် ကျယ်ပြန့်သည်။ အတိုချုပ်အားဖြင့် အလ္လာဟ်အရှင်မြတ်မှတပါး အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိ။ ဟူ၍ ဖြစ်သည်။

အစ္စလာမ်သည် အရဗီစကား ...လာ... ဖြင့်စသည်။ အဓိပ္ပာယ်မှာ မဟုတ်၊ မရှိ ဟူ၍ဖြစ်သည်။ မြင်လေသမျှ အရာတိုင်းနှင့် မမြင်လေသမျှ အရာတိုင်းကိုငြင်းရသည်။ ထိုသို့ ငြင်းလိုက်ခြင်းဖြင့် လောကီကာမဂုဏ်နှင့် ကိလေသာ တဏှာတို့ကိုပါ ငြင်းပြီးသားဖြစ်သွားလေသည်။ လူသား၏ နှလုံးသား သန့်ရှင်းသွားသည်။ လူတိုင်းသည် အညစ်အကြေးဟု ဆေးပစ်မည့် အရာနှစ်မျိုးပေါင်းစပ်ခြင်းဖြင့် ဖြစ်ပေါ်ခဲ့သည်။ ထိုအညစ်မှဖြစ်ပေါ်သည့် လူသားအချင်းချင်း တစ်မူးပိုရှူကာ သူ့ငါကိုးကွယ်၊ ငါ့သူကိုးကွယ်ဟူသော အတ္တအခြေခံဝါဒကို ရိုက်ချိုးခြင်းဖြစ်သည်။ လူတိုင်းတွင် ညစ်လွန်းသည့် စွန့်ထုတ်ရမည့်အရာကို အစဉ်မပြတ်လွယ်ထားရခြင်းကလည်း မည်မျှ ညစ်ညမ်းလွန်းသည်ကို ပေါ်လွင်စေသည်။ အညစ်နှစ်ခုပေါင်းစပ်ဖြစ်ပေါ်လာသော လူသားတိုင်း၏ နှလုံးသားတွင် ကိလေသာ၊ တဏှာ၊ ရာဂ၊ လောဘ၊ မာန၊ အတ္တ၊ ကုန်းချော၊ မုသား၊ ..... စသည့်ရောဂါများ ခိုဝင်နေတတ်သည်။ လူသား၏နှလုံးသားတွင်း ခိုအောင်းနေသော ထိုအရာများကို ဖယ်ခွာရှောင်ကွင်းပစ်မှသာလျှင် စစ်မှန်သော ပရမတ္တအရှင် ဝင်ရောက်နိုင်ပေမည်။ ခွက်တစ်ခုထဲမှာ ရေနွေးကြမ်းရှိနေလျှင် နွားနို့ ထည့်လို့မရသလို နှလုံးသားတွင် အတ္တဝါဒ ကြီးစိုးမိုက်မဲနေပါက သန့်စင်ထွတ်လွတ်တော်မူသည့် ပရမတ္တအရှင် အလ္လာဟ် ဝင်ရောက်မည်မဟုတ်ပေ။ အစ္စလာမ်သာသနာဝင်ဖြစ်ဖို့ ညစ်ညမ်းသည့်အရာမှန်သမျှကို ငြင်းထုတ်၊ ရှင်းထုတ်ရသည်။ သင့်နှုတ်လျှာမှ ... လာအိလားဟ.... ဟုအရဗီဘာသာဖြင့်ရွတ်ဆို၍ နှလုံးသားမှ အညစ်အကြေးများကို ထုတ်ပယ်လိုက်သည်ဟု စဉ်းစားလိုက်ပါ။ မြင်လေသမျှအရာတိုင်းနှင့် မမြင်လေသမျှ အရာတိုင်းမှ သင်သည် ကင်းစင်သွားပြီဟု ခံစားကြည့်ပါ။ ထိုအပြုအမူသည် အဆင့်အလွန်မြင့်ပါသည်။ ထို့နောက် ... အိလ်လလ္လာဟ်.... ဟုရွတ်ဆို၍ ပရမတ္တအရှင်၏ နာမတော်ကို နှလုံးသားအတွင်း ဝင်ရောက်ကိန်းအောင်းစေပါ။ နောက်တဖန် ထိုသို့ ပြုမူကြည့်ပါ။ တစ်နေ့လျှင် အကြိမ်တစ်ရာခန့် ထိုသို့ပြုမူခံစားကြည့်ပါ။ ကာလတစ်ခုအတွင်း အညစ်အကြေးများမှ သန့်ရှင်းသွားသည့် နှလုံးသားတစ်ခုကို သင်ပိုင်ဆိုင်သွားလိမ့်မည်ဖြစ်သည်။ သန့်ရှင်းသော နှလုံးသားတွင် သန့်ရှင်းသော အလ္လာဟ်အရှင်မြတ် ဝင်ရောက်လာပေမည်။ နှလုံးသားတိုင်းက အလ္လာဟ်အရှင်မြတ်ကို သိသည်။ သို့သော် ထိုအသိသည် မီးခဲပြာဖုံးပမာ ဖုံးအုပ်နေသည်။ ထိုပြာများကို ရှင်းထုတ်လိုက်သည်နှင့် အီမာန်ရတနာ ပွင့်လန်းကာ လူသားသည်လည်း အီမာန်၏နူရ်ဖြင့် တင့်ဆန်းလာရပေတော့သည်။

သဘာဝကို အလ္လာဟ်အရှင်မြတ် အုပ်ချုပ်တော်မူသည်။ သဘာဝကို အလ္လာဟ်အရှင်မြတ် ဖန်ဆင်းတော်မူသည်။ သဘာဝ နိယာမများသည် အလ္လာဟ်အရှင်မြတ်၏ ဓလေ့တော်ဖြစ်သည်။ သဘာဝကိုလေ့လာခြင်းသည် အလ္လာဟ်အရှင်မြတ်၏ တန်ခိုးပြာဋိဟာတော်ကို လေ့လာခြင်းဖြစ်သည်။ သဘာဝကို သင်ယူခြင်းသည် (အတ္တကင်းစင်သော နှလုံးသားပိုင်ရှင်အဖို့) အလ္လာဟ်အရှင်မြတ်ကို သိနိုင်ရန် အကြောင်းခံဖြစ်သည်။ သဘာဝကိုလက်ခံခြင်းသည် အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်ကို လက်ခံခြင်းဖြစ်သည်။ သဘာဝကို ယုံကြည်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်ကို ယုံကြည်ခြင်းဖြစ်သည်။ သဘာဝကို နားလည်လာသရွေ့ အလ္လာဟ်အရှင်မြတ်ကို သိရှိရန် နီးစပ်လာပြီဟု ဆိုနိုင်သည်။ သဘာဝသည်လည်း အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်ဖြစ်သလို သဘာဝနှင့် ဆန့်ကျင် ဖြစ်ပေါ်ခြင်းသည်လည်း အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်ပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ကို ယုံကြည်သူများရှိသလို မယုံကြည်သူများရှိခြင်းသည် သဘာဝပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ထိုသို့ပင် ဖြစ်ပေါ်စေတော်မူခဲ့သည်။ သဘာဝတစ်ခုလုံးသည် အရှင့်ဖန်ဆင်းမှုဖြစ်သည်။ လူသား၏ ဦးနှောက်တွင် အပေါင်းအင်အားစု ဝါ ပရမတ္တအရှင်ကို လက်ခံသော အင်အားစုနှင့် အနုတ်အင်အားစု ဝါ အတ္တဝါဒကိုလက်ခံသော အင်အားစုတို့ လွန်ဆွဲကြသည်။ နှလုံးသားတွင်းမှ တဏှာကိုမပယ်ထားပါက အနုတ်အင်အားစုအနိုင်ရပြီး အတ္တဝါဒ ကြီးစိုးသည်။ နှလုံးသားတွင်းမှ တဏှာကို ပယ်ထားပါက အပေါင်းအင်အားစု အနိုင်ရပြီး အလ္လာဟ် ... ပရမတ္တအရှင် ကိုလက်ခံကာ အီမာန်ရရှိသည်။ ထို့ကြောင့် မွေးကင်းစ ကလေးတိုင်းသည် ပရမတ္တဝါဒီ (အီမာန်ရှင်) ဖြစ်ပြီး အရွယ်မရောက်မီ ကွယ်လွန်က မွတ်စလင်မ်အဖြစ်နှင့် ကွယ်လွန်သည်မည်၏။ လူတို့၏ ခန္ဓာကိုယ်သည်လည်း သဘာဝကိုလွန်ဆန်၍ မရသဖြင့် အီမာန်ရှင် (မွတ်စ်လင်မ်) မည်၏။ အသိဥာဏ်နှင့် နှလုံးသားကိုသာလျှင် ငြင်းဆန်နိုင်သော အခွင့်အရေး (အရည်အချင်း) ပေးအပ်ထားသဖြင့် အတ္တဝါဒီဖြစ်နိုင်သလို ပရမတ္တဝါဒီလည်းဖြစ်နိုင်၏။ ပရမတ္တအရှင် ဖြစ်တော်မူသော၊ နိစ္စထာဝရအရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို စက္ကန့်မလပ် နာခံရခြင်းကြောင့် လူသားတိုင်း၏ ကာယခန္ဓာသည် ထာဝရ မွတ်စလင်မ်အဖြစ်ရပ်တည်၏။ (စက္ကန့်တိုင်း နှလုံးခုန်နေခြင်းသည် အရှင့်အမိန့်အရဖြစ်သည်။ အရှင့်အမိန့် မရှိတော့သည့်စက္ကန့်တွင် နှလုံးသည် ရပ်တန့်သွားသဖြင့် ကာယခန္ဓာသည် ဝိညာဉ်ကင်းမဲ့ကာ အနိစ္စသဘောသို့ ဆိုက်ရောက်၏) အလ္လာဟ်အရှင်မြတ်ကို ငြင်းလိုပါက သင့်စိတ်နှင့် နှလုံးသားကသာ ငြင်းလို့ရမည်။ သင့်ကာယ ခန္ဓာက ငြင်းလို့ရမည်မဟုတ်။ စိတ်နှင့် နှလုံးသားကို မည်သည့်အရာက မွတ်စလင်မ်ဖြစ်ခြင်းမှ တားဆီးသနည်း ဆိုသော် ပတ်ဝန်းကျင် အသိုင်းအဝိုင်းဖြစ်၏။ နှလုံးသားသည် ခုံမင်သည့်သဘောရှိသည်။ အတ္တပတ်ဝန်းကျင်တွင် ကျင်လည်ကျက်စားရသော နှလုံးသားသည် အတ္တအညစ် ဖုံးအုပ်၏။ ထိုအညစ်ကို ဖယ်ခွာမှသာ အမှန်မြင်သော သဘောရှိ၏။ ထို့အပြင် အလ္လာဟ်အရှင့်အလိုတော်ရှိမှလည်း အီမာန်ရရှိနိုင်၏။ အလ္လာဟ်အရှင်မြတ်သည် လူသားအားလုံးတို့ကို မြင်သာထင်သာရှိစေသောငှာ သဘာဝရတနာဖြင့် အရှင့်တန်ခိုးတော်ကို လှစ်ဟ ပြသထားသည်။ အပေါင်းအင်အားစု ကြီးစိုးသောသူက သဘာဝကိုလေ့လာလျှင် အလျင်အမြန် အီမာန်ရ၏။ အနုတ်အင်အားစုကြီးစိုးသောသူက သဘာဝကို လေ့လာလျှင် ကိုယ်တိုင်က မလိုလားသဖြင့် အီမာန်ရရေးနှောင့်နှေး၏။

ကလိမာဟ် ... ပထမပိုင်းဖြစ်သော လားအိလားဟ အိလ္လလ္လာဟ်၏ အပုံတစ်သန်းပုံ တစ်ပုံမပြည်တပြည့်မျှ ရှင်းပြခွင့်ရရှိခြင်းကို အရှင့်ကျေးဇူးတော်ဟု မှတ်ယူပါသည်။ အီမာန်ရှင်အဖြစ် အလ္လာဟ်အရှင်မြတ်ကို သိရှိခွင့်ပေးအပ်ခြင်းအပေါ် အရှင့်အပေါ် အတိုင်းမသိ ကျေးဇူးတင်ရှိပါသည်။ တင်ပြသူ၊ ဖတ်ရှုသူအားလုံးတို့အား ပြည့်ဝသော အီမာန်ရှင်အဖြစ် သေဆုံးကွယ်လွန်သည့်အထိ အရှင်မြတ်လက်ခံတော်မူပါ။ အာမီးန်။

စွဗ္ဗဟားနလ္လာဟိ ဝဗိဟမ်ဒိဟီ စွဗ္ဗဟားနလ္လားဟိလ်အဇွီးမ်။
Mohammed Bilarl Rangooni တင်ပြသည်။
အလ်မုဖီးဒ်
ဆက်သွယ်ရန် haroonrangoni@gmail.com

Sunday, November 24, 2013

မွတ်စ်လင်မ်တို့၏ အီမာန်

ဗိစ်မိလ္လာဟိရ်ရဟ်မာန်းနိရ်ရဟီးမ်
************************
မွတ်စလင်

စလာမ်ဆိုလျှင်အဖြေပြန်ပေးပါ။

ကိုယ့်အတွက်အကျိုးရှိပါသည်။

မွတ်စလင်တွေ အလ္လာဟ်အသျှင်မြတ်ရဲ့အမိန့်

တစ်စုံတစ်ရာကြားလျှင်ကြားကြားခြင်းဘဲ နာခံလိုက်ပါ။

အောင်မြင်မှုရရှိပါသည်။

အလ္လာဟ်အမိန့်ကိုနာခံပြီဆိုလျှင် တစ်တွေမတိမ်းလိုက်နာပါ။

လိုက်နာပြီဆိုလျှင်လည်း ဘ၀တစ်လျှောက်လုံးအတွက်ဖြစ်ပါစေ။

အစ္စလာမ်ဘာသာသည် လူတိုင်းနာလည်နိုင်သောဘာသာဖြစ်ပါသည်။

လူတိုင်းအတုခိုးလွယ်သောဘာသာလည်းဖြစ်ပါသည်။

ကျင့်သုံးသူတိုင်းလည်းအောင်မြင်မှုရကြပါသည်။

မနာလိုမှုအများဆုံးခံရသောဘာသာလည်းဖြစ်ပါသည်။

အောင်မြင်မှုများစွာရရှိသောကြောင့် မနာလိုသူများက

ဖျက်စီးခြင်းများစွာပြုကြပါသည်။ ရက်စက်မှုများစွာလည်းပြုကြပါသည်။

ဒါပေမဲ့လည်းအလ္လာဟ်ကအစားပေးတော်မူသောအသျှင်ဖြစ်ပါသည်။

ကြောက်ရွံ့ရမည့်သူသည်အလ္လာဟ်သာလျှင်ဖြစ်ပါသည်။

အလ္လာဟ်ကလွဲလျှင် လောကမှာကြောက်ရမဲ့သူတစ်ဦးတစ်ယောက်မျှမရှိပါ။

ဘယ်တော့မှရှိမည်မဟုတ်သလို ဘယ်တော့မှဖြစ်လာမှာလည်းမဟုတ်ပါဘူး။

အထိုက်အလျောက်ခေတ္တခဏနီးရာဓါးပြေးကြောက်ရသော်လည်း အစစ်အမှန်မဟုတ်ပါ အကြောင်းအရာကိုဖယ်ရှားလိုက်လျှင် အစစ်အမှန်ကိုတွေ့ရမည်သာဖြစ်ပါသည်။

အလ္လာဟ်ကိုဘဲကြောက်ပါ။ အမိန့်တွေကိုနာခံပါ။ပြောင်းလဲမှုတွေဖြစ်လာမည်အင်ရှာအလ္လာဟ်ဟူတအာလာ၊

အာမိန်း အာမိန်း အာမိန်း။

အလ်မွန်သကေမု အလ်မွန်သကေမု အလ်မွန်သကေမု

သောကြာ သုံးပတ် နေထွက်ပြီးတိုင်းကိဗလာဘက်မျက်နှာမူပြီး ခြောက်ရာသုံးခေါက် အပတ်စဉ်ဖတ်ပါ။

အောင်မြင်မှုမရမခြင်းကျင့်ကြံနေပါ။ လက်စားခြေမဲ့သူသည် အလ္လာဟ်သာလျှင်ဖြစ်ပါသည်။

နေ့စဉ်နေ့တိုင်းလည်း အရေအတွက်မဲ့ အလ်မွန်သကေမု ကိုဖတ်မြဲဖတ်နေပါ။

စိုးရိမ်ရသောအခြေအနေတိုင်းအတွက် အလ်ဟဖီးဇု ကိုယုံကြည်မှုအပြည့်ဖြင့် များစွာဖတ်ရွတ်ပါ။

ဝါဟစ်ဒ်အေလာဂ်ျ 

နှစ်ပေါင်းတစ်ထောင့်လေးရာအလျင်က ကမ္ဘာကြီးသည် ကွဖ်ရ်ငြင်းဆန်မှု၊ တရားလမ်းမှားမှု၊အသိပညာကင်းမဲ့မှုနှင့်မိုက်မဲမှု၏အမှောင်များ ၀ိုင်းရံဖုံးအုပ်ခြင်းခံနေကြရသည်။ မက္ကဟ်မြို့တော်ဒေသရှိ ကျောက်ထူထပ်သောတောင်များအကြားမှ တရားလမ်းမှန်၏လပြည့်ဝန်းသည် ပေါ်ထွန်းလာခဲ့ပြီး အရှေ့၊အနောက်၊တောင် မြောက်တည်းဟူသော ကမ္ဘာကြီး၏အရပ်ဒေသတိုင်းကို မိမိ၏နူးရ်ရောင်ခြည်ဖြင့် လင်းဝင်းစေခဲ့လေသည်။ ဤသို့ဖြင့်(၂၃)နှစ်မျှသော အချိန်ကာလအနည်းငယ်အတွင်း၌လူသားတို့ကို အောင်မြင်မှု၏အထွတ်အထိပ်သို့ရောက်စေခဲ့သည်မှာ ကမ္ဘာ့ရာဇ၀င်သမိုင်းက အလားတူအောင်မြင်မှုမျိုးကို တင်ပြနိုင်စွမ်းအလျဥ်းမရှိခဲ့ပေ။

တရားလမ်းညွှန်မှု၊ ပြုပြင်မှု၊ အောင်မြင်မှု၏ မီးရှူးတန်ဆောင်ကို မွတ်စလင်များလက်တွင်းသို့အပ်နှင်းခဲ့ရာ မွတ်စလင်များသည် ယင်းအလင်းရောင်ထဲ၌ တိုးတက်အောင်မြင်မှု၏လမ်းမကြီးပေါ်တွင် အစဉ်အမြဲလျှောက်လှမ်းနိုင်ခဲ့ကြသည်။ ထို့ပြင်ရာစုနှစ်ပေါင်းများစွာက ကမ္ဘာပေါ်တွင် ထူးကဲသောအရှိန်အ၀ါဖြင့် စိုးမိုးအုပ်ချုပ်နိုင်ခဲ့ကြရာ ဆန့်ကျင်ဘက်အင်အားစုတိုင်းမှာ အစိတ်စိတ်အမွှာမွှာချည်းသာဖြစ်ခဲ့ရပေသည်။ ဤသည်ကား မည်သူမျှမငြင်းပယ်နိုင်သော အဖြစ်မှန်တစ်ရပ်ပင်တည်း။

သို့ဖြစ်သော်လည်း ယင်းဖြစ်ရပ်သည် ဟောင်းနွမ်းသောအကြောင်းအရာတစ်ရပ်အဖြစ်နှင့်သာ ကျန်ရှိလေတော့သည်။ ယင်းအကြောင်းကို ထပ်တလဲလဲထုတ်ဖေါ်ခြင်းမှာ စိတ်ကျေနပ်မှုကိုမပေးနိုင်သည့်အပြင်အသုံးဝင်အကျိုးရှိမှုကိုလည်း မဖြစ်စေနိုင်ပေ။ အကြောင်းကားလက်ရှိအတွေ့အမြင်များ၊ အဖြစ်အပျက်အကြောင်းအရာများမှာ ကျွန်ုပ်တို့၏ ယခင်ကကျင့်ကြံနေထိုင်မှုနှင့် ရှေးသူတော်စင်မွတ်စလင်များ၏မော်ကွန်းဝင်ဆောင်ရွက်ချက်များပေါ်တွင် အရုပ်ဆိုးသောအစွန်းအထင်းများ ဖြစ်စေလျက်ရှိခြင်းကြောင့် ဖြစ်သည်။

မွတ်စလင်တို့၏ နှစ်ပေါင်းတစ်ထောင့်လေးရာကြာမြင့်သော ရာဇ၀င်သမိုင်းကျမ်းများ၏စာမျက်နှာ လေ့လာသောအခါ ကျွန်ုပ်တို့သည် ဂုဏ်ရှိခြင်း၊ ကြီးကျယ်မြင့်မြတ်ခြင်း၊ တန်ခိုးအရှိန်အ၀ါရှိခြင်းများကို တစ်ဦးတည်းပိုင် ဆိုင်ခဲ့သူများနှင့် ဆက်ခံထိုက်သူများဖြစ်ခဲ့ကြောင်းကို တွေ့မြင်ကြရ၏။ သို့သော်ထိုရာဇ၀င်သမိုင်း၏စာမျက်နှာများမှ မျက်နှာ လွှဲ လိုက်၍လက်ရှိအခြေအနေကို လေ့လာကြည့်ရှုသောအခါ၊ ကျွန်ုပ်တို့သည် လွန်စွာဂုဏ်ရည်ပျက်ခြင်းနှင့် လျော့နည်းချို့တဲု့ခြင်းတို့တွင် ကျရောက်နေသည်ကို တွေ့မြင်ရပေသည်။ အားအင်လည်းမရှိ၊ပစ္စည်းဥစ္စာလည်းမရှိ၊ တန်ခိုးအရှိန်အ၀ါလည်းမရှိ၊ အချင်းချင်းညီရင်းအစ်ကိုပမာ ချစ်ခင်ရင်းနှီးခြင်းလည်းမရှိဖြစ်ကြကုန်၏။ အကျင့်စာရိတ္တများနှင့် ကျင့်ဆောင်အားထုတ်မှုများသည်လည်း မကောင်းတော့ပေ။

မကောင်းမှုဟူသရွေ့ ကျွန်ုပ်တို့၌ှရှိနေသည့်အပြင် ကောင်းမှုတိုင်းမှလည်းမိုင်ပေါင်းများစွာဝေးကွာလျက်ရှိနေကြသည်။ သူတစ်ပါးတို့သည် ကျွန်ုပ်တို့၏ ဤအဖြစ်ဆိုးပေါ်တွင် ၀မ်းမြောက်ဝမ်းသာဖြစ်ကြရုံသာမက ကျွနု်ပ်တို့၏လျော့နည်းချို့တဲ့မှုကို ထုတ်ဖေါ်ကဲ့ရဲ့လျက်ရှိနေကြသည်။ ကျွန်ုပ်တို့ကို ပြက်ရယ်ပြုနေကြ၏။ ထိုမျှနှင့်မပြီးသေးပါ။ ခေတ်သစ်ယဉ်ကျေးမှုကို ကြိုက်နှစ်သက်သော ကျွန်ုပ်တို့၏ရင်သွေးငယ်များပင်လျှင် အစ္စလာမ်သာသနာတော်၏ မွန်မြတ်သောစည်းကမ်းစနစ်များကို ပြောင်လှောင်နေကြတော့သည်။ စကားတိုင်းကိုဝေဖန်သောမျက်စိဖြင့်ကြည့်နေကြ၏။ ထို့ပြင် ရှရီအသ်တရားတော်ကို ကျင့်သုံးထိုက်သောအရာမဟုတ်ကြောင်းနှင့် အကျိုးမဲ့အချည်းအနှီးဖြစ်ကြောင်း ထင်မှတ်နေကြသည်။

အလွန်အံ့သြဖွယ်ရာမှာ ဤသို့ဖြစ်နေ၏။ ကမ္ဘာကိုဖွံ့ဖြိုးအောင်စိုပြေအောင်ပြုပေးနိုင်ခဲ့သောသူတို့သည် ယနေ့အဘယ်ကြောင့် မိမိတို့ကိုယ်တိုင်ငတ်မွတ်ခြောက်သွေ့နေပါသနည်း။ ကမ္ဘာကိုယဉ်ကျေးမှုနှင့်ဖွံ့ဖြိုးသာယာမှု၏ သင်ခန်းစာသင်ကြာပေးသောသူတို့သည် ယနေ့အဘယ်ကြောင့်ယဉ်ကျေးမှုမရှိဘဲ ဖွံ့ဖြိုးသာယာမှုမရှိဘဲဖြစ်နေကြသနည်း။

ယနေ့ အခြေအနေမှာကား ဆိုးရွားသည်ထက်ဆိုးရွားနေပြီး အနာဂတ်ကာလ၏ အခြေအနေမှာအတိတ်ကာလ၏အခြေအနေထက်မပို၍ စိုးရိမ်ဖွယ်ဖြစ်နေကြောင်းမြင်နေကြရသဖြင့် ကျွန်ုပ်တို့၏စိတ်ငြိမ်စွာထိုင်နေခြင်းနှင့် လက်တွေ့ကြိုးပမ်းအားထုတ်မှုမပြုခြင်းတို့မှာ ခွင့်မလွှတ်နိုင်သောပြစ်မှု တစ်ရပ်ဖြစ်ပေသည်။

သို့ရာတွင် ကျွန်ုပ်သည် လက်တွေ့ဆောင်ရွက်ရန် ခြေမလှမ်းမီ ဤသို့ ဂုဏ်ရည်ပျက်ပြားခြင်းတည်းဟူသောပြစ်ဒဏ်ကို ကျွန်ုပ်တို့အဘယ်ကြောင့်ခံစားနေကြရသည်ကို ဦးစွာပထမစဉ်းစားရန်လိုအပ်ပေသည်။

စင်စစ်မှာကား ယနေ့တိုင် ကျွန်ုပ်တို့ရောဂါဝေဒနာ၏အရင်းအမြစ်ကို ပြည့်စုံစွာ စီစစ်ရှာဖွေပြီးမှန်ကန်သော ကုသနည်းကိုမသိရှိနိုင်ဘဲ ပြုပြင်ရေးနှင့်စပ်လျဥ်း၍ ကျွန်ုပ်တို့ဖွင့်ဟပြောကြားခြင်းမှာအလွန်တရာမှားယွင်းမှုတစ်ရပ်ပင်ဖြစ်ချေသည်။

ကျွန်ုပ်တို့သည် ကျမ်းမြတ်ကုရ်အာန်အားဖြင့် မိမိတို့၏ရောဂါအရင်းအမြစ်ကိုသိအောင်ပြုလုပ်ကာ ထိုကျမ်းမြတ်၏လမ်းညွှန်ချုက်များကိုသာ မူတည်၍ ကုစားခြင်းပြုရန် လိုအပ်လှပေသည်။

ကုရ်အာန်၊၄၈း၂၂

အကယ်၍ ကာဖစ်ရ်ဖြစ်သူများက အသင်တို့အား တိုက်ခိုက်ခဲ့ကြပါလျှင် ယင်းတို့သည် မုချကျောခိုင်း၍ ပြေးကြမည်သာဖြစ်၏။ ထို့နောက် ယင်းတို့သည် မည်သည့်အပေါင်းအဖေါ်နှင့်မည်သည့်ကူညီစောင်မသူကိုမျှရရှိခဲ့ကြမည်မဟုတ်ပေ။

ကုရ်အာန်၊၃၀း၄၇

ထိုမှတစ်ပါး မုအ်မင်န်များအား ကူညီစောင်မရန်မှာ အလ္လာဟ်(စွဗ်ဟာနလ္လာ)၏တာဝန်ဖြစ်ကြောင်း၏နှင့် မုအ်မင်န်များသာ လျင် အစဉ်အမြဲဂုဏ်ရည်တိုးတက်နေမည်ဖြစ်ကြောင်းဖြင့်လည်းလာရှိပေသည်။

ထိုမှတစ်ပါးအီမာန်စွဲယူယုံကြည်သူတို့အား ကူညီ မ,စတော်မူရန် ငါအရှင်မြတ်အပေါ်၌တာဝန်ရှိပေ၏။

ကုရ်အာန်၊၃း၁၃၉

အသင်တို့အားလုံးသည် ဇွဲမာန်မလျှော့ကြကုန်နှင့်။ ငြိုငြင်ပူပန်မှုလည်းမဖြစ်ကြကုန်နှင့်။အကယ်၍ အသင်တို့သည်(ပြည့်ဝသော) မုအ်မင်န်များဖြစ်ကြပါလျှင် အသင်တို့သာလျှင် လွှမ်းမိုးအောင်မြင်ကြပေမည်။

ဝါဟစ်ဒ်အေလာဂ်ျ
အလ်မုဖီးဒ်