Showing posts with label Health. Show all posts
Showing posts with label Health. Show all posts

Friday, December 27, 2013

ဆံကေသာအလှနှင့် ရှရီအသ်၏ပုံစံ

ဆံပင်ဟုပြောလိုက်လျှင် လူတိုင်း၏ မျက်စိ၌မြင်လိုက်သည်မှာ လူသားတစ်ယောက်၏ ခန္ဓာကိုယ်အပေါ်ဆုံးတွင်ရှိ၍ ဦးခေါင်းထက်မှ ဖုံးအုပ်ထားသော အမွှေးအမြှင်များပင်ဖြစ်သည်။ ဆံပင်ရှိခြင်းသည်လည်း အလ္လာဟ်အရှင်မြတ်ချီးမြှင့်ထားသည့် နိအ်မသ်များအနက်မှ နိအ်မသ်တစ်ခုပင်ဖြစ်သည်။ အလ္လာဟ်ချီးမြှင့်ထားသည့် နိအ်မသ်ကို သူ့နေရာနှင့်သူ သုံးတတ်အောင် အလ္လာဟ်ကိုယ်တော်တိုင်ပင် နည်းစနစ်ဥပဒေများပြသထားပေသည်။ ထိုပြသထားသောဥပဒေများအတိုင်း လိုက်နာကျင့်သုံးလျှင် နိအ်မသ်သည် စဝါးဗ်၏ အကြောင်းခံဖြစ်မည်။ ထိုပုံစံကိုဆန့်ကျင်ပြီး စိတ်အလိုလိုက် ခေတ်အကြိုက်ဆောင်နေလျှင်တော့ နိအ်မသ်သည် အဇားဗ်၏ အကြောင်းခံဖြစ်သွားပေလိမ့်မည်။
ဤနေရာတွင် ဆံကေသာအလှပြုပြင်ခြင်းနှင့်ပတ်သက်၍ ရှရီအသ်ကပြသထားသော ပုံစံများကို ဥာဏ်မှီသလောက်တင်ပြပါမည်။
ဆံကေသာအလှပြုပြင်မှုတွင် အမျိုးသား၊ အမျိုးသမီး၊ ကလေး၊ လူကြီး အားလုံးပါဝင်သည်။ ခေတ်မှီခြင်းသည် ကောင်း၏။ သို့သော် ထိုခေတ်မှီခြင်းက သာသနာကပြသထားသောအမိန့်များ၊ တမန်တော်မြတ်(ဆွ)၏ လမ်းညွှန်ချက်များနှင့် တသီးတခြားစီဖြစ်မသွားရပေ။
ဆံကေသာကို ပြုပြင်ခြင်းအကြောင်းတွင် ဦးစွာ ဆံပင်ဆေးဆိုးခြင်းအကြောင်းကိုတင်ပြမည်။

ယနေ့ယောက်ျား၊ မိန်းမ ဟူသမျှ ကလေး လူကြီး အဖိုးကြီး အဖွားကြီးများပါမကျန် ဆံပင်ဆေးဆိုးနေကြသည်။ ဤသို့ဆေးဆိုးခြင်းတွင် မပိုင်သည့်ပုံစံနှင့် ပိုင်သည့်ပုံစံ နှစ်မျိုးရှိသည်။

ဆေးဆိုးခြင်းမပိုင်ရသည့်အကြောင်းမှာ ဆံပင်ဆိုးဆေးများတွင် ဖယောင်းပါဝင်သည်။ ဆိုးလိုက်သည့် ဆေးသည် ဆံသား၏အပေါ်ကို ဖုံးအုပ်လိုက်သည်။ ပင်ကိုယ်ဆံပင်ပေါ်တွင် ထိုဖယောင်းပါဝင်သည့် ဆေးတစ်ထပ်က အုပ်နေသည်။ လက်သည်းတွင် လက်သည်းနီးဆိုးထားသကဲ့သို့ပင်ဖြစ်သည်။ ယခုအသင် ဝူဇူလုပ်မည်။ ရေချိုးရန်ဖရ်ဇ်ဖြစ်၍ ရေချိုးမည်။ အသင့်၏ ဝူဇူလုပ်ခြင်း၊ ရေချိုးခြင်းတို့က မပိုင်တော့ပေ။ ဝူဇူလုပ်ရာတွင် မစဟ်သည်ဖရ်ဇ်ဖြစ်သည်။ ရေချိုးရာတွင် ဆံချည်မျှင်တစ်မျှင်စာပင်မကျန်ရပေ။ ထို့အတွက်ကြောင့် ဆံပင်ဆေးဆိုးခြင်းမပိုင်ပါ။
ဆံပင်ဆေးဆိုးခြင်းကို အစပြုလုပ်ဆောင်သူများသည် မင်းသား၊ မင်းသမီးများ နှင့် ကလပ်တက်သည့် ညငှက်များဖြစ်ကြသည်။ ဆံပင်ကိုဆေးဆိုးခြင်းသည် ၎င်းတို့နှင့်ဆင်တူအောင်ပြုခြင်းပင်ဖြစ်သည်။
အရွယ်ရောက်ပြီးသား အမျိုးသမီးအားလုံးအတွက် ဆံပင်ညှပ်ခြင်းဟရာမ်ဖြစ်သည်။ ထို့အတူ ဆံပင်ကို ဖြောင့်ခြင်း၊ ကောက်ခြင်း၊ အမျိုးမျိုးပုံဖော်ခြင်းများလည်း မပိုင်ပါ။ ဆံပင်ကို ဖယောင်းသွင်းခြင်း၊ ဆံသားပြောင်းခြင်း စသည့်အရာများသည်ခန္ဓာကိုယ်ကို ဒုက္ခဖြစ်စေသည့်အရာများဖြစ်၍ ထိုကိစ္စရပ်များသည်လည်း မပြုပိုင်ပေ။

ယနေ့အချိန်အခါတွင် ဆံပင်ဖြောင့်ခြင်း၊ ကောက်ခြင်း ကိစ္စရပ်များကို အစ္စလာမ့်သမီးပျိုများပင်လျှင် အထူးနှစ်ခြိုက်စွာ ပြုလုပ်နေကြသည်။ အစ္စလာမ့်အဆုံးအမများတွင် ဆံပင်ဖြောင့်သည့်ကိစ္စရပ်ပင် ပါသလို ဆံပင်မဖြောင့်လျှင် ယောက်ျားပင် မရကြတော့မည့်အတိုင်း အသည်းအသန်ကို ဆံပင်ဖြောင့်နေကြသည်။ ဖခင်ဖြစ်သူများကလည်း ကိုယ့်သမီးဆံပင်အလှပြင်ဆိုင်သွားမည်ဆိုလျှင် မတားမြစ်သည့်အပြင် ၎င်းဖခင်ဖြစ်သူများကပါ ယောက်ျားလေးက ဖြောင့်စရာဆံပင်မရှိလို့ ဒါရီကိုပါ အဆစ်ဖြောင့်လိုက် ကြသေးသည်။ ယင်းဆံပင်အလှပြင်ဆိုင်များတွင် ဝန်ဆောင်မှုပေးသူ အများစုသည် မိန်းမလျာ၊ အခြောက်များဖြစ်သည်။ တချို့ကလည်း အခြောက်ပြင်မှ ပိုကောင်းသည်ဟု ဆိုသူကရှိသေးသည်။ အခြောက်ဆိုသူများသည် တဏှာရာဂစိတ်အပြည့်ရှိနေသော ယောက်ျားစစ်စစ်များဖြစ်သည်ကို အသင်မတို့ သိရှိထားကြပါ။ မင်္ဂလာဆောင်မည့်သတို့သမီးကို အလှပြင်ဖို့ အဲဒီ့ထမိန်ဝတ်ထားတဲ့ ယောက်ျားများလက်ထဲကို ကိုယ့်ရဲ့သမီးကိုအပ်လိုက်သည်။ မဟ်ရ်ရွှေတနင့်တပိုးပေးထားသည့် ခင်ပွန်းဖြစ်မည့် သတို့သားခမျာရှာ မထိရ၊ မကိုင်ရသေး။ အလှပြင်ဆိုင်က အခြောက်များက သူမ၏ တစ်ကိုယ်လုံးကိုကိုင်ပြီးဖြစ်သည်။ ဤလုပ်ရပ်များသည် ပြတ်သားရှင်းလင်းစွာပင် ဟရာမ်ဖြစ်သည်။ ပြုလုပ်သူ၊ ခွင့်ပြုသူအားလုံး အပြစ်ခံရမည်ဖြစ်သည်။ အဖေ၊ ဒါဒါ၊ နာနာ တွေကလည်း ငါ့မြေးလှလာတယ် ဆိုပြီး ထိုင်ပြီး သဘောကြမနေရပေ။ တားမြစ်ရမည့်အရာကို တားမြစ်ရမည်ဖြစ်သည်။ အစ္စလာမ့်အမျိုးသမီးတစ်ဦး၏ အလှတရားများကို ကာဖိရ်အမျိုးသမီးရှေ့တွင်ပင် ပရ်ဒါပြုရမည်ဖြစ်သည်။ တစ်စိမ်းယောက်ျားရှေ့၌ဆိုလျှင် ပြောဖွယ်ရာမရှိပေ။

မှတ်ထားပါ။ ဆံပင်ကိုဖြောင့်ခြင်း၊ ကောက်ခြင်းဟူသည် မိမိ၏ပင်ကိုယ်၌ အလ္လာဟ်အရှင်မြတ်ချီးမြှင့်ထား သည့်ပုံစံကို မနှစ်သက်၍ မိမိလိုရာပုံစံကို ပြောင်းပစ်ခြင်းနှင့်တူပေသည်။ တစ်နည်းဆိုရသော် အလ္လာဟ်ဖန်ဆင်းပေးလိုက်တဲ့ဒီပုံစံက ငါနဲ့မလိုက်ဘူး။ ငါနဲ့လိုက်တာက ဒီလိုပုံစံ၊ အဲဒီတော့ ငါနဲ့လိုက်တဲ့ပုံစံကို ကိုယ့်ဘာသာကိုယ်လုပ်မယ်ဆိုပြီး အလ္လာဟ်၏ဖန်ဆင်းမှုတွင် စောဒကတတ်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ ခါလိက် ကို မခ်လူးက်က စောဒကတတ်လျှင် မည်သူနစ်နာမည်ကို သိကြပြီးဖြစ်သည်။

ဆံပင်ဖြောင့်ခြင်း၊ ကောက်ခြင်း၊ အချုပ်ဆိုရသော ဆံပင်ကို ပြုပြင်ခြင်းအားလုံးကို အလွန်ပူပြင်းသောမီးဖြင့် ဆံပင်ကို လိုအပ်သလိုပုံသွင်းယူရသည်။ ထိုကိစ္စရပ်ကို လုပ်ဆောင်ကြသူများသည် ၎င်းတို့၏လက်များကို လက်အိတ်အထူကြီးများစွတ်ထားကြသည်။ လူ၏အသားထက်ပင် နူးညံ့သောဆံပင်ကိုတော့ ဒီအတိုင်းပင် အပူပေးမီးကင်နေကြသည်။ ယင်းကဲ့သို့လုပ်ဆောင်ခြင်း၏ ဆိုးကျိုးတစ်ရပ်မှာ မိန်းကလေးများအတွက် သားအိမ်ကို ထိခိုက်စေသည်။ သားအိမ်အတွင်းရှိအလွန်နူးညံ့သော သားမျိုးဥများကို ပျက်စီးစေသည်။ ဒီ့ထက်ပို၍ မည်မျှဆိုးကျိုးများရှိသည်ကို အလ္လာဟ်အရှင်သာလျှင် သိတော်မူပေမည်။

ကိုရီးယားယဉ်ကျေးမှုအထူးထွန်းကားနေသောဗမာပြည်တွင် ယောက်ျားလေးများကလည်း ကိုရီးယားစတိုင်ဆံပင်ပုံစံများ ထားလာကြသည်။ အဲဒီ့ ဆံပင်စတိုင်များကိုကြည့်လျှင် အများစုက မိန်းမဆံပင်ပုံများဖြစ်သည်။ အမောက်ထောင်ဆံပင်၊ နဖူးအရှေ့ကိုလည်း ချထားကြသည်။ ယောက်ျားက မိန်းမပုံစံအတုခိုးလျှင် တမန်တော့်လအ်နသ်ထိမည်။ ရုပ်ရှင်မင်းသားအတုခိုးလျှင် ကိယာမသ်နေ့တွင် ၎င်းတို့နှင့် အတူရှင်ပြန်ထရမည်။
ယောက်ျားဟူသည်မှာ ကျားကျားလျားလျားရှိရမည်။ အဝေးကကြည့်လျှင်ပင် ယောက်ျားဂုဏ်ရည်များ ထင်ပေါ်နေရမည်။ ယခုအခြေအနေမှာ အနီးကပ်ကြည့်ရင်တောင် ယောက်ျားမှ ဟုတ်ရဲ့လားဟု မေးစရာဖြစ်နေသည်။

အမျိုးသမီးများသည် ဆံပင်ကို မလိုအပ်ပဲ ဖားလျားချထားခြင်းမပြုရပေ။ မြင်းမြီးပုံစည်းထားခြင်း
(ပိုနီတေးလ်ပုံစံ)၊ ချိုစောင်းစည်းခြင်း၊ ထုံးခြင်း၊ ဆံပင်များကို စုပုံပြီး ဦးခေါင်းပေါ်တင်ထားခြင်း၊ ဆံမြိတ်ချခြင်း၊ ဆံပင်အတုတပ်ခြင်း၊ ဆံပင်အတုဆံထုံးများဖြင့် အလှဆင်ယဉ်ခြင်း၊ နထင်မွှေးအတုတပ်ခြင်း၊ ဆံပင်ဆက်ခြင်း၊ သရီးစတပ်ညှပ်ခြင်း၊ အီမိုကေပုံစံများထားထားခြင်း၊ စသည့်ကိစ္စရပ်များအားလုံးသည် ဟရာမ်ဖြစ်သည်။ ဆံပင်အတုတပ်ခြင်းသည် ဟရာမ်ဖြစ်မှန်းမသိလောက်အောက်ပင် ရေပန်းစားအလုပ်ဖြစ်နေသည့်ကိစ္စရပ်ဖြစ်သည်။ ဆံပင်အတုသည် မည်မျှပင်သေးငယ်နေပါစေ၊ နထင်မှာတပ်သည့် ဆံခွေလေးပင်ဖြစ်ပါစေ ဟရာမ်ပင်ဖြစ်သည်။

ဆံပင်ကို အနက်လုံးဝဆိုးခွင့်မရှိပါ။ သို့သော်ယောက်ျားလေးအတွက်ဆိုးခွင့်ရှိသည့် အခြေအနေ ၂ရပ်ရှိသည်။ တစ်ခုမှာ စစ်တိုက်သည့်အခါတွင် မိမိ၏ ဆံပင်များဖြူနေခြင်းကြောင့် ရန်သူအပေါ်အရှိန်အဝါသက်ရောက်စေရန် ဆံပင်ကို အနက်ရောင်ဆိုး၍ ရန်သူ၏ အရှေ့တွင် ငယ်ရွယ်သူကဲ့သို့ဖြစ်စေရန်။ နောက်တစ်ခုမှာ ငယ်ရွယ်သောဇနီးကြင်ယာရှိသောကြောင့် သူမ၏ စိတ်လန်းဆန်းစေရန်။ အထက်ပါအချက် နှစ်ချက်မှအပ မည်သည့်အချက်ကြောင့်မျှ အနက်ဆိုးခွင့်မရှိပေ။ အမျိုးသမီးများအတွက်အနက်ဆိုးခွင့်မရှိပါ။ ဆံပင်ဆိုးချင်လျှင် ဒန်းဆိုးပါ။

ဆံကေသာကို ဟလာလ်ဖြစ်သောနည်းလမ်းများစွာဖြင့် ပြုပြင်ချယ်သနိုင်ပါသည်။ မိန်းကလေးများအနေဖြင့် ဆံပင်ပေါင်းတင်ခွင့်ရှိသည်။ သဘာဝပစ္စည်းများဖြင့်လည်းပေါင်းတင်နိုင်သလို ဘေးထွက်ဆိုးကျိုးမရှိသည့် ကမီကလ်ပစ္စည်းများဖြင့်လည်း ပေါင်းတင်နိုင်သည်။ (ဖယောင်းသွင်းခြင်း၊ စက်ဆွဲခြင်း မပြုရ) ဆံပင်ပျော့ဆေး သုံးဆွဲနိုင်သည်။ ယင်းပျော့ဆေးကိုလည်း အမြဲတန်းကြီးမသုံးသင့်ပါ။ ဆံပင်နက်၊ ဆံပင်သန်အောင် အကောင်းစားဆီများလိမ်းနိုင်သည်။ ဆံပင်အတွက် သံလွင်ဆီ၊ ကြက်ဆူဆီများသည် အကျိုးရှိသည်။ မိမိဆံပင်ကို သန်စွမ်းတောက်ပြောင်အောင်ထားရမည်။ ဆံပင်ကို သန့်ရှင်းစွာ၊ ရှင်းလင်းစွာထားရမည်။ သေသပ်စွာထားရမည်။ ယောက်ျားများ၏ အလှသည် မုတ်ဆိတ်ရှိခြင်းဖြစ်ပြီး၊ မိန်းမတို့၏ အလှသည် ဆံထုံး ထုံးထားခြင်းဖြစ်သည်။
(ဖြောင့်ကောက်ပြီးတီကောင်လိုတွန့်ထားသည့်ဆံပင်များမဟုတ်ပါ။)

ဆံပင်သည် ခန္ဓာကိုယ်တစ်ခုလုံ၏အပေါ်ဆုံးတွင်ရှိသောအရာဖြစ်သည်။ အပေါ်ဆုံးမှာရှိသည့်ဆံပင်က စပြီး အလ္လာဟ်အမိန့်၊ ရှရီအသ်၏ ပုံစံများကို စတင်ချိုးဖောက်ထားလျှင် ကျန်သည့်ခန္ဓာအစိတ်အပိုင်းများအတွက် ဆိုဖွယ်ရာပင်မရှိတော့ပေ။

အတုအယောင်၊ အပေါ်ယံမဟုတ်သည့် အလှ၊ ပင်ကိုယ်အလှတို့ကပင် အလှဆုံးဖြစ်သည်။ သဘာဝဖြင့် ပြုပြင်ချယ်သထားသောအလှကို အတုအပတို့ဖြင့် ဆင်ယဉ်ထားသည့်အလှအပများက လိုက်မမှီနိုင်ပါ။ အလှတရားဟူသည် ကြည့်သောသူ၏ မျက်စိအပေါ်၌သာမူတည်ပါသည်။ အသင်မက ဘယ်လောက်ပဲလှအောင်ပြင်ပြင် ကြည့်တဲ့သူက မျက်စိဇောက်ထိုးဖြင့်ကြည့်လျှင် အသင်မ ပြင်ထားသည့်အလှများသည် ချောက်ထဲသို့ ထိုးကြသွားမည်သာ ဖြစ်သည်။ ဆိုရိုးစကားရှိပါသည်..အရိုးသားဆုံးသည် အလှဆုံးပင်ဖြစ်သည်။

ပင်ကိုယ်မူလနှင့် သဘာဝကို ချစ်မြတ်နိုးသူအဖို့ သဘာဝကျသောနည်းစနစ်များက ၎င်းအတွက်အသုံးဝင်ပေမည်။ အလ္လာဟ်နှင့် အရှင့်၏ရစူလ်ကို ချစ်မြတ်နိုးသူအဖို့ အလ္လာဟ်အမိန့်နှင့် တမန်တော်မြတ်၏ နည်းစနစ်များက ထိုသူ့အတွက် အသုံးဝင်မည်ဖြစ်သည်။ အသင်သည်အီမာန်ဟူသောရတနာကို လက်ဝယ်ပိုင်ဆိုင်ထားပါလျှက် ရှရီအသ်၏ အမိန့်ပညတ်ချက်များက အသင့်အတွက် အနှောက်အယှက်ဖြစ်နေပါက ဂျဟန္နမ်၏တံခါးဝတွင် ရှိုက်သွာန်က အသင့်ကို လက်ကမ်းကြိုနေမည်ပင်ဖြစ်သည်။

အလ်မုဖီးဒ် (Al-mufeed)
ဆက်သွယ်ရန် haroonrangoni@gmail.com
ဖုန်းထဲတွင် ထည့်သွင်းရန် Simple Islam.apk ဖိုင်ကို ကူးယူ Install လုပ်ထားပါ။


Sunday, December 8, 2013

နှစ်ပေါင်း ၁၄၀၀ ကျော်ကြာမှတွေ့ရှိသည့် သုတေသန (ကင်ဆာ နဲ့ ပရ်ဒါ )


ကင်ဆာဘေးက ကာကွယ်ပေးမဲ့ရှရီအသ်ရဲ့လမ်းညွှန်ချက်
#######################################

(အို-နဗီတမန်တော်) အသင်သည် "မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့အား မိမိတို့၏မျက်စိများကို နှိမ့်ချထား ရမည် ဟူ၍လည်းကောင်း၊ ထို့ပြင် မိမိ တို့၏ အရှက်အင်္ဂါများကို ထိန်းသိမ်းကြရမည်ဟူ၍ လည်းကောင်း၊ ပြောကြားပါလေ။ ဤသည် ၎င်းတို့အဖို့ အစင်ကြယ်ဆုံးပင် ဖြစ်ပေသည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ပြုလုပ်သမျှတို့ကိုကောင်းစွာ သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
(ကုရ်အာန် ၂၄း၃၀)

(အို-နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူ အမျိုးသမီးတို့အား (ဤသို့) ပြောကြားပါ လေ။ ၎င်းတို့သည် မိမိတို့မျက်စိများကို အောက်သို့နှိမ့်၍စိုက်၍ ထားရှိကြရမည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏အရှက်အင်္ဂါများ ကို(ကာမေသုမိစ္ဆာစာရမှု ကျူးလွန်ခြင်းမှ) ထိန်းသိမ်းကြရမည်။ ထိုမှတစ်ပါး ၎င်းတို့သည် ပေါ်၍နေတတ်သော မိမိတို့၏အလှမှ တစ်ပါး ကျန်အလှအပတို့ကို မပေါ်ကြစေရ။ ထို့ပြင် ၎င်းတို့ သည် မိမိတို့၏အပေါ်ရုံများ(ဦးခေါင်းခြုံလွှာများ)ကို မိမိတို့၏ ရင်ဘတ်များ အပေါ်သို့ ချထားကြရမည်။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့၏အလှကို မိမိတို့၏ လင်ယောက်ျားများ၊ သို့မဟုတ် မိမိတို့၏ဖခင်များ၊ သို့မဟုတ် မိမိတို့၏လင်ယောက်ျားများ၏ ဖခင်များ၊ သို့မဟုတ် မိမိတို့၏သားများ၊ သို့မဟုတ် မိမိတို့၏လင်ယောက်ျားများ၏ သားများ၊ သို့မဟုတ် မိမိတို့၏အစ်ကိုများ၊ မောင်များ၏သား များ၊ သို့မဟုတ် မိမိတို့၏အစ်မများ၊ ညီမများ၏သားများ၊ သို့မဟုတ် မိမိတို့၏ (သာသနာဝင်)မိန်းမချင်းများ၊ သို့တည်း မဟုတ် မိမိတို့လက်ယာလက်များက ပိုင်ဆိုင်သော မိန်းမများ (၀ါ)ကျွန်မများ၊ သို့တည်းမဟုတ် ယောက်ျား များအနက်မှ (မိန်းမများကို)အလိုမရှိသော (မိမိတို့)လက်အောက်ခံများ သို့ မဟုတ် မိန်းမများ၏အတွင်းရေး လျှို့ ၀ှက်ချက်များကို မသိနား မလည်ကြသေးသော ကလေးသူငယ်များ၊ ရှေ့မှတစ်ပါး အခြား မည်သူ၏ ရှေ့၌မျှ မဖော်ကြရ။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့လျှို့ဝှက်ထား ကြသောတန်ဆာများကို(သူတစ်ပါးတို့)သိရှိရန် မိမိတို့၏ခြေများကို ဆောင့်၍မနင်းကြရ။ ထို့ပြင် အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အောင်မြင်မှုရရှိကြ အံ့သောငှာ အသင်တို့အားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် ၀န်ချတောင်းပန်ကြလေကုန်
(ကုရ်အာန် ၂၄း၃၁)

အထက်ဖော်ပြပါ အာယသ်တွေကတော့ အီမာန်ရှင် အမျိုးသမီးများအား "ပရ်ဒဟ်" အရှက်အိနြေ္ဒလုံခြုံစွာ ထိန်းသိမ်းရန်(သို့) ဗုရ်ကအ်ဝတ်ဆင်မှုကျင့်သုံးရန် ရှရီအသ် တရားတော်ကညွှန်ကြားလိုက်ခြင်းပါပဲ။ ဤသို့ (ဟေဂျာဘ်) ကာအိနြေ္ဒလုံခြုံသော ဝတ်စားဆင်ယင်မှု ကျင့်သုံးမှုကို အမျိုးသမီးအခွင့်အရေး ချိုးဖောက် သည်ဟု အနောက်တိုင်းက ဒီမိုကရက်တစ်တွေနဲ့ လူအခွင့်အရေးလှုပ်ရှားသူတွေက ရှုံချ စွပ်စွဲခဲ့ကျသော်လည်း အလွန်အရေးပါသော အကျိုးထူးကို နှစ်ပေါင်း ၁၄၀၀ ကျော်တဲ့အခါမှသာ ခေတ်မီဆရာဝန်ကြီးများကသုတေသနပြုချက် နှင့် ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျစ်ဒါမြို့၊နေရှင်နယ်ဂရ်ဒ်ဆေးရုံရှိ ကင်ဆာ ရောဂါသုတေသီများဌာန(Oncology Department) မှ ကျွမ်းကျင်သူ ဆရာဝန်ကြီးများ၏ လေ့လာသုတေသနပြုချက်အရ လုံခြုံသည့် ဝတ်စားဆင်ယင်မှု အမြဲဝတ်ဆင်ထားသော အမျိုးသမီးများတွင် အရေပြား၊ ပါးစပ်နှင့် လည်ချောင်း ကင်ဆာဖြစ်ပွားမှုနှုန်း လွန်စွာနည်းပါးကြောင်း နိုင်ငံထုတ်သတင်းစာကတစ်ဆင့် တရားဝင်ရေးသားဖော်ပြခဲ့ပါသည်။
ကင်ဆာရောဂါဆိုင်ရာ အထူးအရာရှိ ဒေါက်တာ ကမလ်မလာကရ်၏ အဆိုအရ(၃)နှစ်တိုင်လေ့လာ သုတေသနပြု မှတ်တမ်းတင်ခဲ့ရာ ရီယာဒ်၊ ဂျစ်ဒါနှင့် အနီးပတ်ဝန်းကျင်ဒေသများရှိ အမျိုးသမီးများသည် အရေပြား၊ ပါးစပ်နှင့်လည်ချောင်းကင်ဆာဖြစ်ပွားမှုကြောင့် ဆေး ရုံသို့ရောက်ရှိလာရသူ အလွန်နည်းပါးကြောင်း၊ ဤသို့ဖြစ်ရသည့် အဓိကအကြောင်းရင်းမှာလည်း အစ္စလာမ့် ရှရီအသ်လမ်းညွှန်ချက်ဖြစ်သော ကာအိနြေ္ဒလုံခြုံသည့် အဝတ်အစား (ပရ်ဒဟ်)ကို လိုက်နာကျင့်သုံး ဝတ်ဆင် သောကြောင့်ပင်ဖြစ်၏။
ယနေ့ ခေတ်သိပ္ပံသုတေတန၊ ဆေးလောက၊ တရားဥပဒေ၊ လူ့အခွင့်အရေး အဆင့်အတန်းတိုးတတ်ခြင်း၊ စသည့်အရာများကို အစ္စလာမ်ရဲ့လမ်းညွှန်ချက်တွေ နဲ့ ယှဉ်လိုက်ရင် နှစ်ပေါင်း ၁၄၀၀ ကျော်ကြာအောင် နောက်ကျလျက်ပင်ရှိပါသေးသည်
(( လရောင်စိုးမိုး))

Tuesday, October 15, 2013

အမှောင်ထုရဲ့အလင်းဘက်ခြမ်း (ကျန်းမာရေးဆောင်းပါး)

အလင်းရောင်ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ကွဒ်ရသ်တော်ဖြစ်သလို အမှောင်ဟာလည်း လူသားတွေအတွက် အရှင့်ကျေးဇူးတော်တစ်ခုပဲဆိုတာ ..............


အမှောင်ထုရဲ့အလင်းဘက်ခြမ်း

လူသားတွေဟာ အမှောင်ကြောက်တတ်ကြပါတယ်။ အမှောင်ထုရဲ့ နက်ရှိုင်းမှုကြောင့် စိတ်ဓာတ်ကျ၊ စိတ်ညစ်ညူးမှုတွေ ဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် အမှောင်ထုဟာ အဆိုးတွေပဲ ပေးစွမ်းနေတာ မဟုတ်ပါဘူး။ အမှောင်ထုရဲ့ ကောင်းကျိုးတွေများစွာရှိပါတယ်။ အောက်ဖော်ပြပါ အချက်တွေကတော့ အမှောင်ထုရဲ့ အကျိုးကျေးဇူးတချို့ပဲဖြစ်ပါတယ်။

(၁) အမှောင်က သင့်ကို ပိုမြန်စေတယ်လို့ ခံစားရစေတယ်။

သင်ဟာ အပြေးသမားတစ်ယောက်ဆိုပါက ညနေဘက် မှောင်ရီပျိုးချိန်မှာ ပြေးကြည့်ပါ။ သင်ပြေးနေကျနှုန်းအတိုင်း ပြေးနေရင်တောင် နေ့ဘက်ပြေးတာထက် ပိုမြန်နေသလို ခံစားရကာ ပျံသန်းနေလား အောက်မေ့ရလောက်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ညဘက်မှာ ကျွန်မတို့ဟာ အနီးအနားမှာ ရှိတဲ့ အရာတွေကိုသာ မြင်ရတာကြောင့်ပါ။ အဲဒီအခါ ကျွန်မတို့ရဲ့ ပြေးနှုန်းအပေါ် ခံယူချက်ပြောင်းလဲသွားသလို ကျွန်မတို့ ပြေးနေကျထက် ပိုမြန်နေသလို ခံစားသွားရပါတယ်။ ဒီလိုခံစားရတာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ပိုမို မြင့်မားလာပြီး ပုံမှန်ထက် ပိုမြန်မြန်ပြေးအောင် တွန်းအားပေးရာရောက်ပါတယ်။

(၂) အမှောင်က သင့်ကို စိတ်ဓာတ်ကျနိုင်ခြေ လျော့နည်းစေတယ်

ဒီလိုပြောလို့ သင့်အနေနဲ့ အံ့အားသင့်ကောင်း သင့်နေပါလိမ့်မယ်။ ကျွန်မတို့အားလုံးသိထားတာက အမှောင်က စိတ်ဓာတ်ကျစေနိုင်တယ်ဆိုတာကိုပါ။ ဒါပေမယ့် လေ့လာချက်တစ်ခုအရ အိမ်မွေးပူးတွေကို ညဘက် အမှောင်ထဲမှာမအိပ်စေဘဲ မီးထွန်းပြီး အိပ်ခိုင်းတဲ့အခါ နောက်ရက်တွေမှာ သိပ်မမြူးဘဲ သိပ်မဆော့ဘဲနေတာကို တွေ့ရပါတယ်။ ရှစ်ပတ်လောက် အလင်းထဲအိပ်ခိုင်းကြည့်တဲ့အခါ သူတို့ရဲ့ ဦးနှောက်ဖွဲ့စည်းပုံပြောင်းလဲသွားတာကို တွေ့ရပါတယ်။ စိတ်ခံစားမှုကို ထိန်းချုပ်ပေးတဲ့ Hippocampas လို့ခေါ်တဲ့ ဦးနှောက်အစိတ်အပိုင်း ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ မယ်လတိုနင်ဟော်မုန်းဟာ ဒီအစိတ်အပိုင်းတွေကို ကောင်းမွန်စေနိုင်ပြီး ညအမှောင်ထုက မယ်လတိုနင်ဟော်မုန်းများများ ထွက်ရှိစေနိုင်ပါတယ်။

(၃) အမှောင်က သင့်ရဲ့ အချစ်စိတ်တွေ နိုးကြွစေတယ်

အမှောင်ထုက သင့်ရဲ့ အချစ်စိတ်နဲ့ လိင်စိတ်တွေကို နိုးကြွစေကာ သင့်ရဲ့ မျိုးပွားနိုင်စွမ်းကိုလည်း မြင့်မားစေပါတယ်။ အမေရိကန်နိုင်ငံမှ လေ့လာချက်အရ မျိုးပွားမှု အခက်အခဲရှိတဲ့ အမျိုးသမီး ၄၈ ယောက်ကို ညအိပ်ရာမှာ အလင်းရောင်လုံးဝမဝင်ဘဲ ပိန်းပိတ်အောင် မှောင်တဲ့အခန်းထဲမှာ အိပ်စေရာမှာ အမျိုးသမီး ၂၆ ယောက်ဟာ ကိုယ်ဝန်ရသွားကြောင်း တွေ့ရှိရပါတယ်။

(၄) အမှောင်က ကင်ဆာကာကွယ်မှုကို ပိုကောင်းစေတယ်။

လုံးဝမှောင်တဲ့ အခန်းထဲအိပ်တဲ့ အမျိုးသမီးတွေဟာ မီးထွန်းထားတဲ့ အခန်းထဲအိပ်စက်တဲ့ အမျိုးသမီးတွေနဲ့ယှဉ်ရင် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ၂၂ ရာခိုင်နှုန်းအထိလျော့နည်းတာကို တွေ့ရပါတယ်။ အကြောင်းရင်းသေချာမသိပေမယ့် မှောင်နေချိန်မှာ ညအိပ်ဟော်မုန်း မယ်လတိုနင်များများထွက်တာကြောင့် ဖြစ်နိုင်ပါတယ်။ မယ်လတိုနင်ဟာ ကင်ဆာနဲ့ ဆက်စပ်နေတဲ့ ဆဲလ်ပွားမှုကို ဖြစ်ပေါ်စေတဲ့ အရာ ဖြစ်ပေါ်မှုကို လျှော့ချပေးကာ ကင်ဆာရှိနေရင်တောင် ကင်ဆာဆဲလ်တွေကို ဖျက်ဆီးနိုင်တဲ့ သဘာဝဆဲလ်တွေကို လှုံ့ဆော်ပေးပါတယ်။

ဒါ့အပြင် လတ်တလော လေ့လာတွေ့ရှိချက်အရ ညဘက်အလင်းတွေဟာ ကျွန်မတို့ရဲ့ မျိုးရိုးဗီဇ ပြုပြင်ပုံတွေအပေါ်လည်း သက်ရောက်မှုရှိတာကို တွေ့ရပါတယ်။ အစမ်းသပ်ခံကြွက်လေးတွေကို ညဘက်မှာ အလင်းရောင် တစ်နာရီလောက်ပြရုံနဲ့ သူတို့ရဲ့ ဗီဇအရေအတွက် ၃၀၀ လောက်ဟာ ထကြွလာကြပါတယ်။ အဲဒီထဲကမှ ၇၈ ခုဟာ ကင်ဆာဖြစ်ပေါ်မှုနဲ့ ဆက်စပ်နေကြောင်း တွေ့ရှိရပါတယ်။

(၅) အမှောင်က သင့်ကို ကိုယ်အလေးချိန် လျော့ကျစေနိုင်တယ်။

ညဘက်စောစောအိပ်ရာဝင်သူတွေဟာ ညဘက်နောက်ကျမှအိပ်ရာဝင်သူတွေထက် ကယ်လိုရီ ၁၀၄၀ ကီလိုဂျိုးရှိ အစာပိုစားမိလေ့ရှိတာကို တွေ့ရပါတယ်။ ဒါ့အပြင် ညဘက်အိပ်ချိန်မှာ အလင်းရောင် အနည်းငယ် တွေ့ရုံနဲ့တင် အစားအစာကို ချေဖျက်နိုင်စွမ်းလျော့နည်းစေတာကိုလည်း တွေ့ရပါတယ်။ သုတေသနပြုချက်အရ အစမ်းသပ်ခံကြွက်လေးတွေကို ညဘက် အလင်းရောင်အောက်မှာ အိပ်စက်စေတဲ့အခါအမှောင်ထဲ အိပ်စေတာထက်စာရင် ကိုယ်အလေးချိန် ၅၀ ရာခိုင်နှုန်းပိုတက်လာတာ တွေ့ရပါတယ်။

(၆) အမှောင်က ဆယ်ကျော်သက်တွေကို စိတ်ပိုကြည်လင်စေနိုင်တယ်။ 

သင့်မိသားစုနဲ့ ပတ်ဝန်းကျင်မှာ ဆယ်ကျော်သက်အရွယ်တွေရှိရင် သတိထားကြည့်ပါ။ ညတာရှည်တဲ့ ဆောင်းတွင်းဘက်တွေမှာ ပိုပြီးလိမ္မာတာ ပိုပြီးစိတ်ကြည်နေတာကို သတိထားမိပါလိမ့်မယ်။ ညဘက်ထွက်တဲ့ မယ်လတိုနင်ဟော်မုန်းဟာ ဆယ်ကျော်သက်တွေအတွက် အရမ်းအရေးကြီးပါတယ်။ ညတာရှည်ပြီး ချမ်းအေးတဲ့ ဆောင်းတွင်းမှာ ဆယ်ကျော်သက်တွေဟာ ခပ်စောစော အိပ်တတ်ကြကာ အိပ်ရေးဝလေ့ရှိပါတယ်။ အဲဒီအခါ သူတို့ရဲ့ ပင်ပန်းမှုတွေကို လျော့ကျစေရုံမက သူတို့ခံစားရတဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ခံစားချက်တွေ လျော့နည်းစေကာ ကိုယ်ခံစွမ်းအားကိုလည်း ကောင်းစေပါတယ်။ ညဘက် စောစောအိပ်လို့ မနက် စောစောထတဲ့အခါ တွေ့ရတဲ့ မနက်ခင်းအလင်းရောင်ဟာလည်း ဆယ်ကျော်သက်တွေအတွက် အင်မတန်အရေးကြီးပါတယ်။

အမှောင်ရဲ့ အကျိုးအာနိသင် ပိုမိုအစွမ်းထက်စေဖို့

အမှောင်ရဲ့ အကျိုးကျေးဇူးတွေကို အကောင်းဆုံးဖြစ်စေဖို့ ဆိုရင် သင့်အနေနဲ့ ပိန်းပိတ်အောင်မှောင်နေတဲ့ အခန်းထဲမှာအိပ်မှဖြစ်မှာပါ။ ဖုန်းအားသွင်းကြိုးကလင်းတဲ့အလင်းရောင်၊ ဒီဂျစ်တယ်နာရီက လင်းတဲ့အလင်းရောင်၊ USB ကလင်းတဲ့အလင်းရောင်၊ ပြတင်းပေါက်ကနေ တိုးဝင်လာတဲ့ လမ်းမီးစတဲ့ အလင်းရောင်အနည်းငယ်ကအစ မဝင်စေရပါဘူး။ အိပ်ချိန်မှာ အလင်းရောင်မှန်သမျှ မရှိအောင်ဂရုပြုပါ။ ဖြစ်နိုင်ရင် အိပ်ချိန်မတိုင်ခင် နှစ်နာရီအလိုမှာ အလင်းစူးရှတဲ့ Laptop တွေ၊ Tablet တွေ၊ စမတ်ဖုန်းတွေ အသုံးမပြုပါနဲ့။

ဒေါက်တာနုမြတ်

အလင်းရဲ့ အကျိုးကျေးဇူးတွေကိုခံစားသလို အမှောင်ရဲ့ အကျိုးကျေးဇူးတွေကိုလည်း ရယူရင်း အရှင့်ကို ရှူကွရ်ပြုပါသည်။ အောက်လ္လာဟွမ္မ လကရ်ဟမ်ဒု ဝလကရှ်ရှုက်ရ်။

အလ်မုဖီးဒ်


Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။