Sunday, June 29, 2014

လမြတ် ရမဿွာန်နှင့် ရိုဇဟ် (ဥပုသ်)ဆိုင်ရာ ထူးမြတ်မှုများ


• ဤလမြတ်၌ ကုရ်အာန်ကျမ်းမြတ် ကျရောက်၏။ (ကုရ်အာန်)

• ဤလမြတ်၌ အရှင်မြတ်က အထူးရဟ်မသ်တော်ကို ချပေးတော်မူ၏။ (သုဗ်ရာနီ)

• ဤလမြတ်၌ ဂျန္နသ်၏တံခါးများ ဖွင့်ထား၏။ (အဟ်မဒ်ကျမ်း)

• ဤလမြတ်၌ ဂျဟန္နမ်၏တံခါးများ ပိတ်ထားလိုက်၏။ (သိရ်မေဇီကျမ်း)

• အရ်ရိုင်ယာန်မည်သော ဂျန္နသ်တံခါးကို ရိုဇဟ်ထားသူအဖို့ ဖွင့်ပေးထားလေသည်။ ရိုဇဟ်သည် အိဗာဒသ် အပေါင်း၏ တံခါး ဖြစ်သည်။

• ဤလမြတ်၌ ရှိုင်သွာန်နှင့် ဆိုးသွမ်းသော ဂျင်န်များ ချုပ်နှောင်ခြင်းခံရ၏။ လဆန်းမှ လကုန်အထိ၊ ဖဂျရ်ချိန်မှ နေဝင်ချိန်ထိ မလာအိကဟ် (၇)သောင်းသည် ရိုဇဟ်ထားသူများ လွတ်ငြိမ်းချမ်းသာခွင့် ရရန် ဆုပန်ကြသည်။ (ဗိုင်ဟကီကျမ်း)

• ဤလမြတ်၌ နေ့ညပြုသော ဒုအာတစ်ရပ်ကို မုချအတည်ပြုမည်။ (ဗဇ္ဇာရ်)

• ဤလမြတ်၌ မုအ်မင်န်၏ စားနပ်ရိက္ခာကို မြှင့်တင်တိုးပွားပေးသည်။ (ဗိုင်ဟကီကျမ်း)

• ဤလမြတ်၌ အရှင်မြတ်ထံတော်မှ ဂျဟန္နမ် အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပြုလေသည်။ (အဟ်မဒ်ကျမ်း)

• ဤလမြတ်သည် ကိယာမသ်နေ့၌ ရိုဇဟ်ထားသူများအဖို့ အတည်ပြုခြင်းခံရသော ရှဖာအသ် (ကြားဝင် အသနားခံ၊ ပန်ကြားခွင့်) ပြုပေးမည်။

• ဤလမြတ်၏ နောက်ဆုံးည၌ ရိုဇဟ်စောင့်သူအပေါင်းအား လွတ်ငြိမ်းချမ်းသာခွင့်ပြုလေသည်။

• ရိုဇဟ်စောင့်သူသည် အရှင်မြတ်၏ဧည့်သည်ဖြစ်ရာ လူအများစစ်ဆေးခံရချိန်တွင် ၄င်းတို့သည် စားသောက်လျက် သာယာချမ်းမြေ့စွာရှိနေကြမည်။

• ဤလမြတ်၌ အရရှ်တော်ထိန်း ဖရိရှ်သာများသည် မိမိတို့အိဗာဒသ်ကိုစွန့်၍ ရိုဇဟ်သည်များ၏ ဒိုအာတွင် အာမီးန်ဆိုကြရန် အမိန့်ပေးခြင်းခံရ၏။ (ဗိုင်ဟကီကျမ်း)

• ဤလမြတ်၏ ပထမ (၁ဝ)ရက်သည် ရဟ်မသ်၊ ဒုတိယ (၁ဝ)ရက်သည် မဂ်ဖိရသ်၊ နောက်ဆုံး (၁ဝ)ရက်သည် ဂျဟန္နမ်မှ လွတ်မြောက်ခြင်းပင် ဖြစ်သည်။

• ဤလမြတ်၌ နဖိလ်ဖတ်ခြင်းသည် အခြားလ၌ဖရပ်ဇ်ကဲ့သို့၊ ဖရပ်ဇ် (၁)ကြိမ်သည် အခြားလ၏ ဖရပ်ဇ်(၇ဝ)ကြိမ် ဖတ်သည်ထက်ပို၍ အကျိုးရ၏။ (ဗိုင်ဟကီကျမ်း)

• ရိုဇဟ်သည် ငါအရှင်မြတ်အတွက်ဖြစ်သည်။ ငါအရှင်မြတ်ကပင် ယင်းရိုဇဟ်၏ အကျိုးစဝါးဗ်ကို ချီးမြှင့်တော်မူမည်။ (ဟဒီစေကွဒ်စီ)

• ရိုဇဟ်သည် အပြစ်ဒဏ်ကို ကာကွယ်စရာ ဒိုင်းဖြစ်သည်။

• ရိုဇဟ်စောင့်ခြင်းကြောင့် နှလုံးသား လင်းဝင်းသည်။

• ရိုဇဟ်ထားကြ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပေမည်။

• ရိုဇဟ်စောင့်သူ အိပ်ခြင်းသည်လည်း အိဗာဒသ်၊ တိတ်တဆိတ် နေခြင်းဖြင့် သစ်ဗီးဟ် ဖတ်သည့် အကျိုးကိုရ၏။ သို့ရှိရာ ရိုဇဟ်၏ ဒိုင်းကို မုသား၊ အတင်းစကားတို့ဖြင့် မဖျက်ဆီးကြနှင့်။

• နေ့စဉ် အိဖ်သာရီဝါဖြေချိန်ကျတိုင်း ရိုဇဟ်ဥပုသ်သည်၏ဒိုအာ ကဗူလ်ဖြစ်သည်။

• နောက်ဆုံး( ၁ဝ)ရက် အိအ်သိကာဖ် ထိုင်သူသည် ဟဂ်ျ (၂)ကြိမ်၊ အွမ်ရဟ် (၂)ကြိမ်ပြုကျင့်သည့် အကျိုးရ၏။

• အီမာန်နှင့် စဝါးဗ်ကိုမျှော်ကိုး၍ သရာဝီဟ် ဖတ်သူသည် မွေးကင်းစကလေးပမာ အပြစ်များ ကင်းစင်သွားသည်။ (နစာအီ)

• ရှိုင်သွာန် လျှောက်တတ်သော သွေးကြောများကို ဆာလောင်မှု (ရိုဇဟ်)ဖြင့် ပိတ်ဆို့ကြ။

• ဝါလွှတ်ရန် စီစဉ်ပေးသူသည် ဂိုနဟ်ကျွတ်၊ ငရဲမှလွတ်ပြီး၊ ရိုဇဟ်ထားသူကဲ့သို့ အကျိုးစဝါးဗ်ရရှိပေမည်။

• ရိုဇဟ်သည် အီမာန်ရှင် အရွယ်ရောက် အမျိုးသား၊ အမျိုးသမီးတိုင်း အပေါ်ဖရဇ်ဖြစ်သည်။

(ဆွိယာမ် ဥပုသ်ဆောက်တည်ရန်အတွက် သတ်မှတ်ထားသည့် အနည်းငယ်မျှသော နေ့ ရက်များသည် ရမဿွာန်လပင်ဖြစ်သည်။ (ထိုလ၌ အလ္လာဟ်အရှင်မြတ် အထံတော်မှ) ကုရ်အာန်ကျမ်းတော်မြတ်သည် ကျရောက်လာခဲ့ လေသည်။ (ယင်းကုရ်အာန်ကျမ်းတော်မြတ်သည်) လူသား ခပ်သိမ်း တို့အဖို့တရားလမ်းညွှန်အဖြစ်လည်းကောင်း၊ တရား လမ်းမှန်ရစေသော အမှားအမှန်ကို ခွဲခြားသိစေသော ထင်ရှားလှသည့် သက်သေခံလက္ခဏာများအဖြစ်လည်းကောင်း (ကျရောက်လာ သောကျမ်းတော်မြတ်ပင်တည်း)။ [၂]

• လမြတ်ရမဿွာန်၌ ကုရ်အာန်ကျမ်းမြတ်သည် လောင်ဟေမဟ်ဖူးဇ် မှ မိုးကောင်းကင် ပထမထပ်သို့ အစအဆုံး ကျရောက်ခဲ့၏။ ၄င်းအပြင် ကုရ်အာန်ကျမ်းမြတ်နှင့် လမြတ်ရမ်ဇာန်သည် အလွန်ပင် အပ်စပ်မှုရှိသည်။ ထိုကြောင့် ဤလမြတ်၌ အချိန်များစွာကို ကျမ်းမြတ်ရွတ်ဖတ်ခြင်းတွင် တတ်နိုင်သမျှကုန်ဆုံးစေသင့်သည်။ [၃]

• ရှရ်ဟေအေဟ်ယာအုလ် အုလူမ်ကျမ်းတွင် အိမာမ်အဘူဟနီဖဟ်သခင်က တစ်နှစ်လျှင် (၂)ကြိမ် အစ-ဆုံး ခသမ်ပြီး အောင်ဖတ်ရန်မှာ ကုရ်အာန်ကျမ်းမြတ်၏ ရပိုင်ခွင့်ဖြစ်ကြောင်း ဖော်ပြထားပေသည်။ [၃]

• တမန်တော်မြတ်သည် လမြတ်ရမဇာန်တွင် ဟဇ်ရသ်ဂျိဗ်ရာအီလ်နှင့် ကုရ်အာန်ကျမ်းမြတ်ကို အစအဆုံး ပြန်လည် ဖတ်ရွတ်တော်မူလေ့ရှိခဲ့သည်။ ထိုကြောင့် မိမိစွမ်းနိုင်သမျှ ကုရ်အာန်ကျမ်းတော်မြတ်ကို ဖတ်ရွတ်ရမည်။

• အကြင်သူသည် ကုရ်အာန်ကျမ်းမြတ်၏ အက္ခရာတစ်လုံးကို ရွတ်ဖတ်လျှင် ၄င်းသည် ကောင်းမှုတစ်ခုကို ရရှိပေသည်။ ၄င်းကောင်းမှုတစ်ခု၏အစား အကျိုးစ၀ါးဗ် (၁၀)ခုဖြစ်သည်။ အလစ်ဖ်လာမီမ်မှာ အက္ခရာ တစ်လုံးဟု ကျွန်ုပ် မဆိုလို။ အလစ်ဖ်သည် အက္ခရာ တစ်လုံး၊ လာမ်သည် အက္ခရာ တစ်လုံး၊ မီမ်သည် အက္ခရာ တစ်လုံးဖြစ်ပေသည်။ ဆိုလိုသည်မှာ ၄င်းသည် အက္ခရာ သုံးလုံးဖြစ်၍ ကောင်းမှု အကျိုးစ၀ါးဗ် (၃၀)ကို ရရှိပေသည်။ [၄]

• အိမာမေအအ်ဇမ် အိမာမ်အဘူဟနီဖဟ်သည် ရမ်ဇာန်လမြတ်၌ နေ့တွင် တစ်ကြိမ်၊ ညတွင် တစ်ကြိမ်၊ တစ်လလုံးအတွင်း သရာဝီဟ်၌ တစ်ကြိမ်၊ ပေါင်း ခြောက်ဆယ့် တစ်ကြိမ် ခသမ်ပြုလေ့ရှိကြောင်း လာရှိ၏။ အလားတူ အိမာမ်ရှာဖိအီသည်လည်း လမြတ်ရမဇာန်၌ နေ့စဉ် ခသမ် နှစ်ကြိမ်ပြုလေ့ရှိသည်။ [၅]

ကျမ်းကိုး။ ။
[၁] အလ်မအာရစ်ဖ် စာစောင် ဟစ်ဂျရီ ၁၄၂၄။
[၂] (ကုရ်အာန် စူရဟ် ဗကရဟ် ၂း ၁၈၅) ကုရ်အာန် အလင်းပြကျမ်း။
[၃] လမြတ်ရမဒွါန် (လက်ကမ်း စာစောင်)၊ အလ်ဟာဂ်ျမော်လာနာ ယအ်ကူးဗ် နူးရ်မုဟမ္မဒ် ဟဘီးဘ်။
[၄] (သိရ်မေဇီကျမ်း၊ ဟဒီးဆ် အမှတ် ၂၉၁၀) မွန်သခဗ် အဟာဒီးဆ်ကျမ်း မြန်မာဘာသာပြန်။
[၅] ဖဇာအေလေ အအ်မာလ်ကျမ်း၊ မြန်မာဘာသာပြန်၊ စာ-၈၆-၈၇

‪#‎ရမဿန်‌လက်‌ဆွဲမှ တဆင့်‌ပြန်‌လည်‌တင်‌ပြပါသည်‌။

Imran Kĥaň



သရာဝီနမာဇ်၏ တစ်ရက်ချင်းထွဋ်မြတ်မှု


ဟဇရသ်အလီ(ရသွေ့)သခင်ဆင့်ပြန်သည်မှာ ပုဂ္ဂိုလ်တစ်ဦးသည် မဟာတမန်တော်မြတ်ဆွလ္လာဟုအလိုင်းဟိဝစလ္လမ် ထံ ရမ်ဇာန်လမြတ်၌ သရာဝီနမာဇ်ဝတ်ပြုခြင်း၏အကျိုး
ကျေးဇူးနှင့်ပတ်သက်၍ လာရောက်မေးမြန်းမှုကို မိန့်ကြားတော်မူသည်မှာ …. အကြင်သူသည် လမြတ်ရမ်ဇာန်၌ သရာဝီနမာဇ်ဝတ်ပြုပါက မိခင်ဝမ်းကြောအတွင်းမှ မွေးဖွားသန့်စင်လာသော ကလေးပမာ အပြစ်ဂုနဟ်အပေါင်းမှ ကင်းစင်သွားမည်။

၁။ တစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် မိခင်ဝမ်းကြပ်အတွင်းမှ မွေးဖွားသန့်စင်လာသကဲ့သို့
အပြစ် (ဂုနဟ်) အပေါင်းမှကင်းစင်တော်မူလိမ့်မည်။

၂။ နှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ၎င်းနှင့်တကွမိဘနှစ်ပါးလုံး (အီမာန်ရှင်) ဖြစ်ပါက အပြစ် (ဂုနဟ်) အပေါင်းမှ ချမ်းသာလွတ်ငြိမ်းခွင့်ရရှိလိမ့်မည်။

၃။ သုံးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် အလ္လာဟ်အရှင်မြတ်၏ (အရ်ရှ်) ပလ္လင်တော်အောက်မှ ကောင်းကင်တမန်တစ်ပါး ကြွေးကြော်မည်မှာ “အို-အီမာန်ရှင်
သင်ရဲ့ (အအ်မာလ်)ကို အလ္လာဟ်အရှင်မြတ်အတွက်သာပြုကျင့်ပါမူ သင်၏ယခင်
မကောင်းမှုများအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူလိမ့်မည်။

၎။ လေးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကောင်းကင်ကျကျမ်းကြီးများဖြစ်သော (၁) သောင်ရားသ်ကျမ်း (၂) အင်န်ဂျီလ်ကျမ်း (၃) ဇဗူရ်ကျမ်း (၄) ကျမ်းတော်မြတ်ကုရ်အာန်ကျမ်းများကို သိလာဝသ်ပြုသကဲ့သို့ အကျိုးကျေးဇူးတော်များ ရရှိပေမည်။

၅။ ငါးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် မတ်စ်ဂျိဒေဟရာမ် နှင့် မတ်စ်ဂျိဒေအက္ကဆွာဗလီဝတ်ကျောင်းတော်ကြီးများ၌ နမာဇ်ဝတ်ပြုသကဲ့သို့ အကျိုးကျေးဇူးများရရှိပေမည်။

၆။ ခြောက်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဗိုင်သွလ်မအ်မူးရ်ကျောင်းတော်ကြီးကို သွဝါးဖ်ပြုသကဲ့သို့ အကျိုးကျေးဇူးများရရှိပေမည်။

၇။ ခုနှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် တမန်တော်မူစာ (အလိုင်း) နှင့် ဖိရ်အောင်န်၊ ဟာမန်တို့ စစ်ဖြစ်ပွားချိန် တမန်တော်မူစာ (အလိုင်း)၏ဘက်မှ ပါဝင်ကူညီသကဲ့သို့ အကျိုးကျေးဇူးများရရှိပေမည်။

၈။ ရှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် အလ္လာဟ်အရှင်မြတ်က တမန်တော် အိဗ်ရာဟီးမ်
ခလီလွလ္လာဟ်အား ချီးမြှင့်မှုမျိုးကို ချီးမြှင့်ခြင်းခံရပေမည်။

၉။ ကိုးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကိုယ်တော်မြတ် (ဆွ)သခင်၏
သက်တမ်းတော်နှင့်အညီအမျှ ကုသိုလ်အကျိုးစ၀ါးဗ်များ ချီးမြှင့်ခြင်းခံရပေမည်။

၁၀။ ဆယ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် လောကတစ်ခွင်လုံးထက် သာပို၍ကောင်းမြတ်သောအရာကို ချီးမြှင့်ခြင်းခံရပေမည်။

၁၁။ ဆယ့်တစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် စစ်မှန်သောမုအ်မင်န်ဖြစ်ပါက လောကမှ အီမာန်နှင့်တကွခေါ်ယူသော အဆင့်အတန်းမျိုးရရှိပေမည်။

၁၂။ ဆယ့်နှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကိယာမသ်နေ့တွင်
၎င်းသူ၏မျက်နှာမှာ လပြည့်ဝန်းပမာ လင်းဝင်းတောက်ပသော အဆင့်အတန်းမျိုးရရှိပေမည်။

၁၃။ ဆယ့်သုံးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကိယာမသ်နေ့တွင် မကောင်းမှုအပေါင်းမှ ထိန်းသိမ်းစောင့်ရှောက်ခြင်းခံရပေမည်။

၁၄။ ဆယ့်လေးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ကိယာမသ်နေ့ ၌ ထိုသူအား ၎င်းသရာဝီဟ်နမာဇ်ကပင် သက်သေခံတော်မူပေမည်။ ထို့ကြောင့် ၎င်းသူအား
စစ်ဆေးမေးမြန်းခြင်းမရှိ ဂျန္နတ်သုခဘုံသို့ ၀င်ရောက်ရပေမည်။

၁၅။ ဆယ့်ငါးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် အလ္လာဟ်အရှင်မြတ်၏
အရ်ရှ်ပလ္လင်တော်ကို ထမ်းထားသော ဖရိရှ်သဟ်များသည် ၎င်းသူအတွက်
အရှင်မြတ်ထံတော်ပါး၌ ရဟ်မသ်တော်များ တောင်းခံပေးသနားတော်မူပေမည်။

၁၆။ ဆယ့်ခြောက်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဂျဟန္နမ်မှ
လွတ်ငြိမ်းချမ်းသာခွင့်ရရှိပြီး ဂျန္နတ်သုခဘုံအတွင်းသို့ ၀င်ရောက်စေတော်မူပေမည်။

၁၇။ ဆယ့်ခုနှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် အမ်ဗေရာ (အလိုင်း)များ၏ အဆင့်အတန်းမျိုးရရှိပေမည်။

၁၈။ ဆယ့်ရှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် သင်နှင့် သင်၏မိဘနှစ်ပါးစလုံးကို အလ္လာဟ်အရှင်မြတ်က လက်ခံတော်မူပေမည်။

၁၉။ ဆယ့်ကိုးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဂျန္နတ်တွင် ၎င်းရရှိသောအဆင့်အတန်းထက်သာပို၍ တိုးမြှင့်ပေးခြင်းခံရပေမည်။

၂၀။ နှစ်ဆယ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် “ရှဟီဒီ” သာသနာ့သူရဲကောင်း
“ဆွာလေဟီးန်” သူမွန်သူမြတ်များကဲ့သို့ ကုသိုလ်ချီးမြှင့်ခြင်းခံရပေမည်။

၂၁။ နှစ်ဆယ့်တစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဂျန္နတ်သုခဘုံတွင် ၎င်းသူအတွက် “နူရ်” အလင်းရောင်ဖြင့်ပြုလုပ်ထားသော ဂေဟာတစ်ခု ချီးမြှင့်ခြင်းခံရပေမည်။

၂၂။ နှစ်ဆယ့်နှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည်
ကိယာမသ်ကမ္ဘာ့တစ်ရားခွင်နေ့တွင် ၎င်းအား သောကအပေါင်း စိုးရိမ်မှုအပေါင်းမှ
ကင်းဝေးစေတော်မူပေမည်။

၂၃။ နှစ်ဆယ့်သုံးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဂျန္နတ်သုခဘုံတော်အတွင်း မြို့ကြီးတစ်မြို့ ချီးမြှင့်ခြင်းခံရပေမည်။

၂၄။ နှစ်ဆယ့်လေးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် (၂၄)မျိုးသော တောင်းဆုများကို ကဗူလ်ပြု လက်ခံတော်မူပေမည်။

၂၅။ နှစ်ဆယ့်ငါးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် “ကဗရ်” အဇားဗ်ပြစ်ဒဏ်အပေါင်းမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းခံရပေမည်။

၂၆။ နှစ်ဆယ့်ခြောက်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ၎င်း၏သက်တမ်းအပြင် နှစ်ပေါင်းလေးဆယ်သာပို၍ အကျိုးစ၀ါးဗ် ချီးမြှင့်ခြင်းခံရပေမည်။

၂၇။ နှစ်ဆယ့်ခုနှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူအား “ပွလ်ဆွေရားသ်” တံတားပေါ်မှ မျက်စိတစ်မှိတ်လျှပ်တစ်ပြက်အတွင်း ဖြတ်သန်းခွင့်ပြုခြင်းခံရပေမည်။

၂၈။ နှစ်ဆယ့်ရှစ်ရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် ဂျန္နတ်ဥယျာဉ်တော်တွင် ထပ်ဆင့်တိုးမြှင့်တော်မူခြင်းခံရပေမည်။

၂၉။ နှစ်ဆယ့်ကိုးရက်ညမြောက် သရာဝီဟ်နမာဇ်ဝတ်ပြုသူသည် အလ္လာဟ်အရှင်မြတ် ကဗူလ်ပြုလက်ခံတော်မူသော ဟဂ်ျအကြိမ်ထောင်ပေါင်းများစွာပြုသကဲ့သို့ အကျိုးကျေးဇူးတော်များရရှိပေမည်။

၃၀။ သုံးဆယ်ရက်ညမြောက်၌ သရာဝီဟ်နမာဇ်မပျက်မကွက်ဝတ်ပြုသူအား အရှင်မြတ်မိန့်တော်မူမည်မှာ “အို-ငါအရှင့်ဗန္ဒဟ်၊ သင် ဂျန္နတ်သုခဘုံအတွင်းမှ မည်သည့်သစ်သီးဝလံမျိုးကိုမဆို စားသုံးလော့၊ စလ်စဗီးလ်ရေဖြင့် ရေချိုးလော့၊
ကောင်စရ်ရေကို သောက်သုံးလော့၊ သင်၏အရှင်သခင်သည်
ငါအရှင်မြတ်သာလျှင်ဖြစ်တော်မူသည်။ သင်သည် ငါ၏ဗန္ဒဟ်ကျေးကျွန်ဖြစ်သည်။


အစ္စလာမ်သာသနာတော်နှင့် ဆွီယာမ်ဥပုသ်သီလ ဆောက်တည်ခြင်းအကြောင်း (၂)


တောင်းဆုဒိုအာများလက်ခံခြင်းနှင့် ရှိုင်သွာန်များအား ချုပ်နှောင်ထားခြင်း

ဟဇ်ရသ်အလီ (ရသွီ့) သခင်က ဆင့်ပြန်ခဲ့သည်။ ရမ်ဿွာန်လ၏ ပထမညသို့ရောက်သောအခါ တမန်တော်မြတ်(ဆွ)သည် တရားစကားများမိန့်ကြားတော်မူရန်အတွက် မတ်တပ်ရပ်တော်မူသည်။ ပြီးနောက် အလ္လာဟ်အရှင်မြတ်အား ချီးမွှမ်းထောပနာပြုပြီး မိန့်ကြားတော်မူသည်မှာ အို . . . . လူသားတို့ အသင်တို့ဘက်မှ အသင်တို့ရန်သူ (ဂျင်န်နာသ်၊ ရှိုင်သွာန်)များအတွက် အလ္လာဟ်အရှင်မြတ်သည် လုံလောက်ပေသည်။ ၎င်းနောက် အလ္လာဟ်အရှင်မြတ်သည် လုံလောက်ပေသည်။ ၎င်းနောက်အလ္လာဟ် အရှင်မြတ်သည် လုံလောက်ပေသည်။ ၎င်းနောက်အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ တောင်းဆုဒိုအာများအား လက်ခံရန် ကတိပြုထားပြီးဖြစ်သည်။ ကျမ်းတော်မြတ်ကုရ်အာန်ထဲတွင် အရှင်မြတ်ကမိန့်မြွတ်ထားသည်မှာ ငါအရှင့်ထံတော်ပါး၌ တောင်းဆိုကြကုန်လော့၊ ငါအရှင်အသင်တို့၏ တောင်းဆုဒိုအာများကို လက်ခံတော်မူအံ့။ (ကုရ်အာန်)
ကောင်းစွာနားဆင်ကြလော့ အလ္လာဟ်အရှင်မြတ်သည် ဆိုးသွမ်းသောရှိုင်သွာန်တိုင်းအပေါ်၌ ဖရစ်ရှ်သာ (၇)ပါးအား ထိန်းသိမ်းရန်အတွက် သက်မှတ်ပေးထားသည်။ ဤသည်ကြောင့် ယခုမှစ၍ ရမ်ဿွာန် ကုန်ဆုံးသည်အထိ ချုပ်နှောင်ထားခြင်းခံရပေမည်။ ၎င်းနောက်ဤသည်ကိုလည်း နားဆင့်လော့ . . . ရမဿွာန်လမြတ်ရဲ့ ပထမဆုံးညမှနောက်ဆုံးညတိုင်အောင် မိုးကောင်းကင်၏ တံခါးများကို ဖွင့်လှစ်ပေးထားမည်။ ၎င်းနောက်ဤလမြတ်၌ တောင်းဆုဒိုအာများ လက်ခံသည်။ ရမ်ဿွာန်လရဲ့ နောက်ဆုံး (၁၀)ရက်၏ ပထမညကို ရောက်သောအခါ တမန်တော်မြတ် (ဆွ) သည် များသောအားဖြင့် မိမိ၏အချိန်အား အေဗာဒသ်၌သာမွှေ့လျော့နေရန်အတွက် မိမိ၏ အိမ်သူသက်ထားများနှင့် တသီးတခြား နေထိုင်ခဲ့သည်။ ညလုံးပေါက်နိုးကြားနေရန်ကြိုးပမ်းခဲ့သည်။

နေ့နှင့်ည လူဦးရေသိန်းပေါင်းများစွာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း

ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်မတ်စ်အူးဒ် (ရသွီ့)သခင်က ဆင့်ပြန်သည်။ ရစူလ်ကိုယ်တော်မြတ် (ဆွ) မိန့်ကြားတော်မူသည်မှာ ရမဿွာန်လ၏ ပထမညသို့ရောက်သောအခါ ဂျန္နသ်၏ တံခါးပေါက်များ ဖွင့်ခြင်းခံရပေမည်။ (၎င်းနောက် တစ်လလုံးလုံး ဤတံခါးများအား ဖွင့်လှစ်ထားမည်။) ထိုတံခါးများမှ တစ်ခုတစ်လေမျှပင် ရမ်ဿွာန်လမကုန်ဆုံးမီ ပိတ်လိမ့်မည်မဟုတ်ပေ။ ၎င်းနောက် ဂျဟန္နမ် တံခါးပေါက်များ ပိတ်ခြင်းခံရမည်။ (၎င်းနောက်တစ်လလုံးလုံး ဤတံခါးများအား ပိတ်ထားမည်။) ဤလအတွင်း၌ ဂျဟန္နမ်၏ တံခါးပေါက်တစ်ခုတစ်လေမျှပင် ဖွင့်လိမ့်မည်မဟုတ်ပေ။ ၎င်းနောက်ဆိုးသွမ်းသော ရှိုင်သွာန်များအား ချုပ်နှောင်ထားလိမ့်မည်။ ၎င်းနောက် ရမ်ဿွာန်လ၏ ညတိုင်း၌ အသံပြုသူတစ်ဦးက တစ်ညလုံး အာရုဏ်ဦးရောက်သည်အထိ အသံပြုနေမည်မှာ အို . . . ကောင်းမှုပြုလုပ်ရန် လိုလားသူအပေါင်းတို့ ကောင်းမှုများပြုလုပ်ရန် ရည်ရွယ်ရင်း ပျော်ရွှင်နေပါလော့။ အို . . . မကောင်းမှုပြုလုပ်သူတို့ မကောင်းမှုများမှ ကြဉ်ရှောင်ကြကုန်လော့။ ၎င်းနောက် ဤကဲ့သို့လည်း အသံပြုနေမည်ဖြစ်သည်။ ပြစ်မှုများမှ လွတ်ငြိမ်းချမ်းသာခွင့် ရယူလိုသူရှိပါ၏လော! ထိုသူ၏ ပြစ်မှုများကို လွတ်ငြိမ်းချမ်းသာခွင့် ချီးမြှင့်တော်မူအံ့။ သောင်ဗဟ်အမှားဝန်ခံလိုသူရှိပါ၏လော!့ ထိုသူ၏ သောင်ဗဟ် အမှားဝန်ခံမှုကို ငါအရှင်လက်ခံတော်မူအံ့။ ဆုမွန်ဒိုအာတောင်းခံလိုသူရှိပါ၏လော!့ ထိုသူ၏ တောင်းဆုဒိုအာကို လက်ခံတော်မူအံ့။ ငါအရှင်ထံမှ တစ်စုံတစ်ရာ တောင်းခံလိုသူရှိပါ၏လော့!ထိုသူ၏တောင်းဆိုမှုကို ပြည့်ဝစေတော်မူအံ့။ ၎င်းနောက် ရမ်ဿွာန်လ၏ နေ့စဉ်နေ့တိုင်း ဝါလွှတ်သည့်အချိန်၌ ခြောက်သောင်းသော လူဦးရေကို ဂျဟန္နမ်မှ လွတ်ငြိမ်းခွင့်ချီးမြှင့်ပေးသနားတော်မူအံ့။ အီဒွလ်ဖိသိရ်နေ့သို့ ရောက်လာသောအခါ အလ္လာဟ်အရှင်မြတ်သည် ရမ်ဿွာန်လအစမှ အဆုံးတိုင် နေ့စဉ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့်အရေအတွက်အားလုံးကို ပေါင်း၍ တစ်ရက်တည်း၌ပင် လွတ်ငြိမ်းချမ်းသာခွင့်ကို ချီးမြှင့်တော်မူအံ့။ (ဆိုလိုသည်မှာ အီးဒ်နေ့တွင် ခြောက်သောင်း အကြိမ်သုံးဆယ် စုစုပေါင်း (၁၈)သိန်းကို တစ်ရက်တည်းတွင် လွတ်ငြိမ်းချမ်းသာခွင့် ချီးမြှင့်တော်မူပေမည်။) (စုဗဟာနလ္လာဟ်)

လမြတ်ရမဇာန်၏ ထွတ်မြတ်မှု

ရမဿွာန်လမြတ်သည် အလွန်မွန်မြတ်သော လတစ်လဖြစ်ရုံသာမက ၎င်းလမြတ်၌ပြုကျင့်သော အမလ်အေဗာဒသ်တိုင်းသည်လည်း အလွန်အကျိုးထူးပေသည်။ ၎င်းလမြတ်၏ အေဗာဒသ်များအနက် သရာဝီးဟ်ဆွလာသ်ဝတ်ပြုခြင်းသည်လည်း အလွန်အရေးကြီး၍ အကျိုးစဝါးဗ်အမြောက်အမြားရရှိသော အေဗာဒသ်တစ်ခုဖြစ်သည်။ ၎င်းဆွလားသ်သည်ရကအသ် (၂ဝ) ဖြစ်လေသည်။ သရာဝီးဟ်ဆွလားသ်ဝတ်ပြုခြင်းသည် စွန္နသ်မုအက္ကဒဟ်ဖြစ်သည်။ အမျိုးသား/အမျိုးသမီးအားလုံးအတွက် အမိန့်ပညတ်ချက်တစ်ခုတည်းပင်ဖြစ်သည်။ သရာဝီးဟ်ဆွလားသ်သည် ရကအသ် (၂ဝ) ဖြစ်သည်။ ၎င်းပြင် ဤရကအသ် (၂ဝ)သည်လည်း တမန်တော်မြတ်(ဆွ)နှင့် အဆ်ွဟာဗ်တော်သာဝကကြီးများမှ အတည်ဖြစ်ခဲ့သည်။ ဒီ့အတွက်ကြောင့် သာဗိအီးန်များ၊ အအိမ်မာအေမုဂ်ျသဟိဒီးန် အိမာမ်အဘူဟနီဖဟ်(ရဟ)၊ အိမာမ်ရှာဖိအီ(ရဟေ့)၊ အိမာမ်အဟ်မဒ်ဗင်န်ဟန်ဗလ်(ရဟေ့) တို့ထံတွင် သရာဝီးဟ်ဆွလာသ်သည် ရကအသ် (၂ဝ) ဖြစ်သည်။ အိမာမ်မာလိက်(ရဟေ့)၏ အဆိုတစ်ခုအရလည်း သရာဝီးဟ်ဆွလာသ်သည် ရကအသ် (၂ဝ) ပင်ဖြစ်သည်။ ထိုမဇ်ဟဗ်ကြီးလေးခု၏ အိမာမ်ကြီးလေးပါးသည် သရာဝီးဟ်ဆွလာသ်အား 
ရကအသ် (၂ဝ)ထက်လျော့နည်း၍ မရွေးချယ်ခဲ့ပေ။ ဤအဆိုသည် ဖေကာဟ်ဓမ္မသတ်ပညာရှင်အများစု၏ အဆိုဖြစ်သည်။ ယနေ့တိုင်အောင် ကမ္ဘာ့အရှေ့ဖျားမှကမ္ဘာ့ အနောက်ဖျားတိုင်အောင် လောကတစ်ခွင်လုံးတွင်  အွမ္မသ်အများအပြား ညီညွတ်သော အမလ်ဖြစ်သည်။ ယနေ့တိုင်အောင် မတ်စ်ဂျိဒ်ဟရာမ်ကအ်ဗဟ်ကျောင်းတော်ကြီးနှင့် မဒီနဟ်ရွှေမြို့တော်ရှိ မတ်စ်ဂျိဒီနဗဝီဝတ်ကျောင်းတော်ကြီးတို့တွင် သရာဝီးဟ်ဆွလာသ်ရကအသ် (၂ဝ)သာလျှင် ဝတ်ပြုကြသည်။ သရာဝီးဟ်ဆွလာသ်(၈) ရကအသ်ဝတ်ပြုသူသည် အလွန်နည်းပါး၍ ဤသည်လည်း မှားယွင်းမှုတစ်ခုသာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အကြင်ရိဝါယသ်တွင်(၈)ရကအသ်ဟုလာရှိသည်။ ထိုရိဝါယသ်သည်သဟ်ဂျွဒ်ဆွလားသ်ကို ဆိုလိုသည်။ သရာဝီးဟ်ဆွလာသ်ကိုဆိုလိုခြင်းမဟုတ်ပေ။ ဤဆွလားသ် (၂)မျိုးသည် သီးခြားစီဖြစ်သည်။
ဟဒီးစ် ဟဇရသ်အိဗ်နုအဗ်ဗါးစ် (ရသွီ)သခင်က ဆင့်ပြန်ခဲ့သည်။ ရမ်ဿွာန်လမြတ်တွင် နဗီတမန်တော်မြတ်(ဆွ)သည် သရာဝီးဟ်ဆွလာသ် ရကအသ်(၂ဝ)နှင့် ဝိသ်ရ်ဆွလားသ်အား ၀တ်ပြုလေ့ရှိခဲ့သည်။ ကြည့် - ဖိက်ဟီးမစာအိလ်ကျမ်း၊ စာမျက်နှာ၊ ၂၇၇-၂၇၈၊ တွဲ-၁
သရာဝီးဟ်ဆွလာသ်သည် ရကအသ် (၂ဝ) ဖြစ်ကြောင်းလာရှိသည့်အခြားသော ဟဒီးစ်တော် အမြောက်အမြားလာရှိပေသေးသည်။ဟဒီးစ်ကျမ်းကြီးများတွင်လေ့လာနိုင်သည်။

ရိုဇဟ် ပျက်စေသောအချက်များ

ရိုဇဟ် ပျက်စေသောအချက်များမှာ နှစ်မျိုးရှိ၏။ တစ်မျိုးမှာ - ရိုဇဟ်ပျက်၍ ထို(၁)ရက်အစား ကဿွာ(၁)ရက်သာ ပြန်ဖြည့်ရ၏။ ဒုတိယတစ်မျိုးမှာ ရိုဇဟ်ပျက်၍ ကဿွာဖြည့်ရမည့်အပြင် ကဖွာရာဟ်လည်း ထိုက်၏။
အောက်ပါအချက်များဖြင့် ''ရိုဇဟ်'' ပျက်၍ ကဿွာသာဖြည့်ရ၏။(၁) ရိုဇာစောင့်ထိန်းသောသူ၏ ပါးစပ်အတွင်းသို့ အခြားသူတစ်ဦးဦးက စားစရာတစ်ခုခု အတင်း ထိုးထည့်၍ လည်ချောင်းအတွင်း ဝင်သွားခြင်း။
(၂) ရိုဇာစောင့်ထိန်းထားကြောင်း သတိရှိလျက်နှင့် ဝူဇူလုပ်နေစဉ် (သို့) ရေချိုးစဉ်လည်ချောင်းအတွင်း ရေဝင်သွားခြင်း။
(၃) အန်ထွက်လာသော အန်ဖတ်များကို ပြန်လည်မျိုချခြင်း။
(၄) လက်ထိုး၍ ပါးစပ်အပြည့် အန်ချခြင်း။
(၅) ကျောက်ခဲ (သို့)မြေကြီး (သို့) အုတ်ခဲစ (သို့) သစ်စေ့ (သို့) စက္ကူစ စသည့် လူသားများ စားလေ့ မရှိသောအရာကိုမျိုချခြင်း။
(၆) သွားကြားညှပ်နေသော ကုလားပဲစေ့ခန့်မျှ (သို့) ထိုထက်ကြီးသော အစားအစာ တစ်ခုကို လျှာဖြင့် ကလော်၍ မျိုချခြင်း။
(၇) ရောဂါတစ်စုံတစ်ရာကြောင့် ဤမျှခန့်သွေးများ (သို့) ပြည်များ သွားမှထွက်လာ၍ လည်ချောင်းထဲဝင်သွားခြင်း၊ အကြင်သွေး (သို့) ပြည်သည် အချိန်အဆ၌ တံတွေးနှင့်တန်းတူဖြစ်သွားခြင်း၊ (သို့) တံတွေးထက်ပို၍များသွားခြင်း။
(၈) မေ့လျော့၍ စားသောက်မိပြီး ရိုဇဟ်ပျက်ပြီဟုထင်၍ ထပ်မံစားသောက်ခြင်း။
(၉) အရုဏ်တက်ချိန် (စွတ်ဗ်ဟိစွာဒစ်က်) ရောက်ပြီးသောအခါ မိုးသောက်ချိန် မရောက်သေးဟု ထင်၍ စားသောက်မိခြင်း။
(၁ဝ) ရမ်ဿွန်လမှအပ အခြားရက်တွင်ထားသော နဖစ်လ်ရိုဇဟ်ကို တမင်ဖျက်ခြင်း။
(၁၁) နေ့အချိန်မကုန်သေးဘဲ မိုးသားများကြောင့် နေဝင်ပြီဟုထင်၍ အိဖ်သာရီ ပြုမိခြင်း။
(၁၂) မိမိ၏ဇနီးသည်အား နမ်းရှုံ့ခြင်းကြောင့် သုတ်ရည်ထွက်သွားခြင်း။
(၁၃) နားနှင့်နှာခေါင်းတွင်းသို့ စိုသောဆေးအားထည့်ခြင်း၊ (သို့) ခြောက်သွေ့သော ဆေးမှုံ့ထည့်ခြင်း၊ ၎င်းဆေးသည် လည်ချောင်းနှင့်ဦးနှောက်ထဲသို့ ရောက်သွားရန် ယုံကြည်ချက်ရှိနေခြင်း။
(၁၄) အိမ်ပျော်နေသူ အေဟ်သေလာမ် (အိမ်မက်မက်ပြီး) ဖြစ်၍ရိုဇာဟ်ပျက်ပြီထင်၍ဝါဖြေလိုက်ခြင်း။
(၁၅) ပါးစပ်အပြည့်အံခြင်း။
(၁၆) လောဘန် (သို့) အမွှေးတိုင်၊ ခြင်ဆေးခွေ၊ ဆေးတံအခိုး၊ ဆေးလိပ်အငွေ့ အစရှိသည့်အရာများ၏ အငွေ့ကိုရည်ရွယ်ပြီး နှာခေါင်းတွင်းသို့ ရှုရှိုက်ခြင်း၊ လည်ချောင်းတွင်းသို့ဝင်သွားခြင်း။
(၁၇) ပါးစပ်ထဲသို့ မျက်ရည်(သို့) ချွေးစက်များဝင်ရောက်သွားခြင်း၊ ၎င်းအရာများ၏ အရသာကို သိရှိခံစားရပြီးနောက် မျိုချလိုက်ခြင်း။
(၁၈) မိမိ၏လက်ကို အကြောင်းပြု၍ မိမိ၏ ရှဟ်ဝသ် (ရမ္မက်ဆန္ဒ) အားဖြည့်ဆည်းခြင်း။
(၁၉) သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ပြင်ပရှိအရာတစ်ခုခုကို ပါးစပ်တွင်ထည့်၍ မျိုချခြင်း။
(၂၀) ဂက်(စ)ပန့် (INHALER) ရင်ကြပ်ပန်းနာ ဝေဒနာရှင်များအရေးပေါ်အသုံးပြုရသော ရှုသွင်းဆေးအသုံးပြုခြင်း။
(၂၁) နစ်ဝါးရ် (ကွမ်းစားဆေး) ငုံထားခြင်း။

(ရိုဇာကဖ္ဖာရာထားရခြင်းသည် အချက် ၂ချက်ကြောင့်ဖြစ်သည်။ 
(၁) ရမဇာန်လမြတ်၏ ရိုဇာအား တမင်တကာ (မည်သည့်အကြောင်းခံမှ မရှိဘဲ) ဖျက်လိုက်ခြင်းနှင့် (၂) ရိုဇာရှိသည်ကို သိလျှက်နှင့် ဇနီးမောင်နှံပေါင်းသင်းဆက်ဆံလိုက်ခြင်းတို့ကြောင့် ဖြစ်သည်။)

*********************************
ရမ်ဇာန်လမြတ်၏ ရိုဇာဆိုင်ရာ မတ်စ်အလာများကို အင်န်ရှာအလ္လာဟ် ထပ်မံတင်ပြပါ့မည်။ ရေးသားသူနှင့် ဖတ်ရှုသူအားလုံးကို ရမဇာန်လမြတ်၏ အခွင့်ထူးများကို အပြည့်အဝရရှိနိုင်ခွင့် အလ္လာဟ်အရှင်မြတ်ချီးမြှင့်တော်မူပါစေ။ အာမီးန်

အလ်မုဖီးဒ်
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။


ရမသွာန်​ လက်​​ဆောင်

အစ္စလာမ်သာသနာတော်နှင့် ဆွိယာမ်ဥပုသ်သီလ ဆောက်တည်ခြင်းအကြောင်း (၁)



နိဒါန်း
မွတ်စလင်မ်သူတော်စဉ်အပေါင်းတို့ခင်ဗျား
များမကြာမီအချိန်တွင် လမြတ်ရမဇာန်ကို ပိုင်ဆိုင်ရတော့မည်ဖြစ်ပါသည်။ ဦးစွာ ရမ်ဿွာန်ဆိုသည်မှာ အဘယ်နည်း ဆွောင်မ် (သို့) ဆွီယာမ်ဆိုသည်မှာ အဘယ်နည်းဟူသည်ကို သိရှိထားရန် မွတ်စလင်မ်များအတွက် လွန်စွာအရေးကြီးလှပေသည်။

အာရဗီစာပေ၌ ဥပုသ်ဆောက်တည်ခြင်းကို “ဆွောင်မ်” ဟူ၍လည်းကောင်း၊ “ဆွီယာမ်” ဟူ၍လည်းကောင်း ခေါ်ဆို၏။ ထိုစကားလုံး(ပုဒ်)များ၏ မူရင်းအဓိပ္ပါယ်မှာ ဆိုင်းငံ့ခြင်း၊ တားဆီးခြင်းဟူ၍ဖြစ်သည်။ အစ္စလာမ့်တရားတော် ကျင့်စဉ်များတွင် ဥပုသ်ဆောက်တည်ခြင်း၏ အနက်သဘောမှာ အောက်ပါအတိုင်းဖြစ်ပေသည်။
“ဆွောင်မ်” ဟူသည် စိတ်ပြဋ္ဌာန်းချက်ဖြင့် နေ့အချိန်၌ စားခြင်း၊ သောက်ခြင်း၊ မေထုန်မှီဝဲခြင်းများမှ ဆိုင်းငံ့ခြင်းကိုဆိုလိုပါသည်။
((ကြည့် (ဟိဒါယဟ်ကျမ်း))
“ရမ်ဿွာန်” လမြတ်သည် အစ္စလာမ်သာသနာတော်၏ လများအနက် န၀မမြောက်လဖြစ်သည်။

“ရမ်ဿွာန်” ဟူသော စာလုံးသည် လောင်ကျွမ်းခြင်းဟူသည့် အနက်အဓိပ္ပါယ်ပေးသော (ရ မ ဿွ) ဟူသောစကားမှ ဆင်းသက်လာသည်။ “ရမ်ဿွာန်”ဟု အမည်မှည့်ခေါ်ရခြင်းအကြောင်းမှာ ယင်းလတွင် ဥပုသ်ဆောက်တည်ခြင်းသည်လည်းကောင်း၊ ဥပုသ်ဆောက်တည်ခြင်းဖြင့် အပြစ်ဒုစရိုက်များ လောင်ကျွမ်းသွားသည်ကို အကြောင်းပြု၍သော်လည်းကောင်း “ရမ်ဿွာန်”ဟူ၍ အမည်နာမ မှည့်ခေါ်ခြင်း ဖြစ်တန်ရာ၏။
((ကြည့် (ဗယာနွလ် ကုရ်အာန်ကျမ်း))
“ဆွီယာမ်” ဥပုသ်ဆောက်တည်ခြင်းသည် အစ္စလာမ်သာသနာ၏ မဏ္ဍိုင်ကြီး (၅)ခုတွင် တစ်ခုအပါအ၀င်ဖြစ်သည်။
ကျမ်းတော်မြတ်ကုရ်အာန်တွင် အလ္လာဟ်အရှင်မြတ်က မိန့်မြွက်ထားသည်မှာ
အို . . . အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အလျင်ရှိခဲ့ကြကုန်သောသူတို့အပေါ်ဝယ် ဥပုသ်သီတင်းဆောက်တည်ရန် ပညတ်တော်ကို ပြဋ္ဌာန်းတော်မူဘိသကဲ့သို့ပင် အသင်တို့အပေါ်၌လည်း ဥပုသ်သီတင်းဆောက်တည်ရန် အမိန့်တော်ကို ပြဋ္ဌာန်းအတည်ပြုတော်မူခဲ့လေပြီ။ သို့ရှိရာ(ဥပုသ်သီတင်းဆောက်တည်မှသာလျှင်)
အသင်တို့သည် (ပြစ်မှုဒုစရိုက်တို့မှ) ရှောင်ကြဉ်မှုရရှိပေအံ့။ (ကုရ်အာန်ကျမ်း)

“ဟဒီးစ်”
ဟဒီးစ်တော်တွင်လာရှိသည်မှာ -
ဥပုသ်ဆောက်တည်ခြင်းမှအပ လူသားတို့၏ အမလ်ကျင့်ဆောင်မှုများသည် ကျင့်ဆောင်သူတို့အဖို့သာဖြစ်သည်။ ဥပုသ်ဆောက်တည်ခြင်းမှာမူကား ငါအရှင်မြတ်နှင့်သာသက်ဆိုင်၏ ထိုဥပုသ်ဆောက်တည်ခြင်း၏ အကျိုးစဝါးဗ်ကိုလည်း ငါအရှင်မြတ်ကိုယ်တော်တိုင် ချီးမြှင့်တော်မူအံ့။
ကြည့် (မိရှ်ကားသ်ကျမ်း)
ဥပုသ်သီတင်းဆောက်တည်ကြသူများသည် အထူးသဖြင့် မိမိတို့ နှုတ်လျှာများကို မုသားပြောခြင်း၊ လိမ်လည်ခြင်း၊ ကုန်းချော ကုန်းတိုက်ခြင်းများမှ အထူးရှောင်ကြဉ်ရမည်။
ဟဒီးစ်တော်တွင်လာရှိသည်မှာ - အကြင်သူတစ်ဦးတစ်ယောက်သည် ဥပုသ်ဆောက်တည်နေပါလျှက် မုသားပြောဆိုခြင်း၊ လိမ်လည်းခြင်းအမှုတို့ကိုပြုအံ့။ ထိုသူ၏ အစားအသောက်ဖြတ်ထားခြင်း
(ဥပုသ်ဆောက်တည်ခြင်း) ကို အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မမူချေ။
((ကြည့် (မိရှ်ကားသ်ကျမ်း))
“ဆွောင်မ်” ဥပုသ်သီလဆောက်တည်ခြင်း၏သမိုင်း
ဆွောင်မ် ဟူသော ဥပုသ်သီလဆောက်တည်ခြင်းသည် အစ္စလာမ်သာသနာတော်၏ ကျော်ကြားသော“အိဗာဒသ်” ကျင့်စဉ်များအနက် တစ်ပါးဖြစ်သည်။

ကမ္ဘာ့လူသားတို့၏ဖခင် ဟဇ်ရသ်အာဒမ် (အလိုင်)သည် ကမ္ဘာမြေပြင်သို့ ဆင်းသက်လာသောအခါ ထိုတမန်တော်ကြီး၏ အိဗာဒသ်ကျင့်စဉ်များအနက် “အိုင်ယာမိဗီးဇ်” (လစဉ် ၁၃-၁၄-၁၅) ရက်များ၌ “ဆွောင်မ်” ဥပုဒ်ဆောက်တည်ရန် “ဖရဇ်” ဖြစ်ခဲ့၏။ (ကြည့် - မအာရိဖုလ်ကုရ်အာန်ကျမ်း၊ တွဲ-၁)

တမန်တော် နူးဟ် (အလိုင်)သည် အစဉ်အမြဲလိုလို “ဆွောင်မ်” ဥပုသ်ဆောက်တည်ခဲ့သည်။ ကြည့် - ဟုဂ်ျဂျသုလ္လာဟိ ဗာလိဂဟ်ကျမ်း၊ တွဲ-၁)

ဂျူးလူမျိုးတို့သည် “သရှ်ရီးန်” မုဟရ်ရမ်လ (၁ဝ)ရက်နေ့ တစ်ရက်သာ ဥပုသ်သာဆောက်တည်ကြသည်။ ထိုနေ့ကို “အာရူရာ” နေ့ဟုခေါ်ကြသည်။ ထိုနေ့တွင် တမန်တော်မူဆာ (အလိုင်)သည် သောင်ရသ်ကျမ်းလာ အမိန့်ပညတ်တော် ဆယ်ပါးရရှိခဲ့သည်။ သောင်ရသ်ကျမ်း၌ ထိုနေ့တွင် ဥပုသ်ဆောက်တည်ရန် လေးနက်စွာ တိုက်တွန်းထား၏။ (အဟ်ဘားရ်ကျမ်း)

တမန်တော် ဒါနိယားလ် (အလိုင်)သည် ရက်သတ္တသုံးပတ် ဥပုသ် ဆောက်တည်ခဲ့သည်။ (ဝါနီအဲလ်ကျမ်း)

တမန်တော် အိလ်ယားစ် (အလိုင်)သည် ရက်ပေါင်းလေးဆယ် နေ့/ည ဥပုသ်ဆောက်တည်ခဲ့သည်။
(စလာသွီးနိအောင်ဝလ်ကျမ်း)

တမန်တော်ယဟ်ယား(အလိုင်) နှင့် ၎င်း၏ အွမ္မသ်နောက်လိုက်များသည်လည်း ဥပုသ်ဆောက်တည်ခဲ့ကြ၏။ (မိရှ်ကားသ်ကျမ်း)

တမန်တော်အီစာ(အလိုင်)သည် ရက်လေးဆယ် ဥပုသ်ဆောက်တည်တော်မူခဲ့သည်။ (မသ်သာကျမ်း)

ဥပုသ်ဆောက်တည်ရသောရက်၊ ဆောက်တည်ပုံ ဆောက်တည်နည်းများ၊ ဆောက်တည်ရသောလများ၊ ဆောက်တည်ရသောစည်းကမ်းများ မည်သို့ပင်ကွဲပြားခြားနားစေကာမူ ဥပုသ်ဆောက်တည်မှုမပါသော သာသနာဟူ၍ ဤကမ္ဘာ၌ရှိမည်မထင်ပါ။
ကျမ်းတော်မြတ်ကုရ်အာန်က “ဆွောင်မ်” ဥပုဒ်ဆောက်တည်မှု၏ သမိုင်းအား (کَمَاکُتِبَ عَلَی الَّذِیْنَ مِنْ قَبْلِکُمْ)  “အသင်တို့ထက်အလျင်ရှိခဲ့သောသူတို့အပေါ် ပြဋ္ဌားန်တော်မူဘိသကဲ့သို့” ဟူ၍ တိုတိုတုတ်တုတ်ပင် ဖေါ်ပြထားသည်။ ဤသည်ကို ထောက်ရှုခြင်းအားဖြင့် တမန်တော်မြတ်ဆွလ္လာဟုအလိုင်းဟိဝစလ္လမ် မပွင့်မီ ပွင့်ပေါ်ခဲ့သမျှသော နဗီတမန်တော်များနှင့် ၎င်းတို့၏ နောက်လိုက်များအပေါ် “ဆွလားသ်”နည်းတူ ဥပုသ်ဆောက်တည်ရန်လည်း “ဖရ်ဇ်” ဖြစ်ခဲ့ကြောင်း ပေါ်လွင်နေပေသည်။ ကောင်းကင်ကျ ကျမ်းမရသော ဘာသာများ၌လည်း ဥပုဒ်ဆောက်တည်မှု အကျိုးကို လက်ခံလျက် မိမိဘာသာဝင်များကို ဥပုသ်ဆောက်တည်ရန် တိုက်တွန်းဆော်သြကာ ဥပုသ်ဆောက်တည်မှုကို ဘာသာရေး၏ တစ်စိတ်တစ်ဒေသအဖြစ် သတ်မှတ်ထားကြောင်းတွေ့ရပေသည်။

“ဆွောင်မ်” ဥပုသ်ဆောက်တည်မှု၏ အဓိကရည်ရွယ်ချက်

ကျမ်းတော်မြတ်ကုရ်အာန်က ဥပုဒ်ဆောက်တည်မှု၏ အကြီးမားဆုံး ရည်ရွယ်ချက်အား (لَعَلَّکُمْ تَتَّقُوْنَ) “ပြစ်မှုဒုစရိုက်များမှ ရှောင်ကြဉ်မှုဖြစ်လာကြရန်” ဟူ၍ ဖော်ပြထားသည်။ လက်တွေ့၌လည်း ဥပုသ်ဆောက်တည်ခြင်းကြောင့် လူသား၏စိတ်အတွင်း၌ “သက္က၀ါ” (အပြစ်ရှောင်ကြဉ်လိုစိတ်) တရားပေါက်ဖွားကာ ကောင်းမှုပြုချင်စိတ်များ ပေါ်လာပြီး မကောင်းမှုများရှောင်ကြဉ်ရန် သောကဖြစ်လာလေ့ရှိပေသည်။

ရမဇာန်မုဘာရက်

ကမ္ဘာအဝှမ်းတွင်ရှိကြသော အစ္စလာမ်သာသနာဝင်အပေါင်းတို့အတွက် ငြိမ်းချမ်းသော လမြတ်ရမဇာန်ဖြစ်ပါစေလို့ အလ်မုဖီးဒ်မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ရမဇာန်လမြတ်မှာ အမလ် အိဗာဒသ်များလည်း ပြည့်ဝစွာပြုလုပ်ခွင့်ရရှိကြပါစေ။ ထို့အတူ တောင်းဆုဒုအာ အားလုံးကိုလည်း အလ္လာဟ်အရှင်မြတ် လက်ခံကဗူလ်ပြုတော်မူပါစေ။

Tuesday, June 24, 2014

ဉာဏ်တွေလန်းဖို့ ဉာဏ်စမ်း ဖတ်စို့

အစ္စလာမ့်ကလေးသူငယ်များနှင့် စဉ်းစားအဖြေရှာမှုကိုနှစ်သက်သော အစ္စလာမ့်လူငယ်များအနေဖြင့် မိမိတို့အစ္စလာမ်သာသနာတွင်ရှိသော ဉာဏ်စမ်းပဟေဋိများကိုဖတ်ရှုလေ့လာ၍ ဗဟုသုတတိုးပွားစေရန် အလ်မုဖီးဒ်မှ ရည်ရွယ်တင်ဆက်လိုက်ပါသည်။

"ပဟေဋိ စကားမေးမြန်းချက်" 

အဆာကိရ် သခင်၏သား ဟာဖိဇ်သခင်က မိမိ၏ သမိုင်းစာအုပ်ထဲတွင် ဟမ္မာဒ်၏သား မိုဟမ္မဒ်အမည်ဖြင့် ပုဂ္ဂိုလ်တဦး၏ ပေးစာအကြောင်းကို မှတ်တမ်းတင်ခဲ့လေသည်။
ထိုစာသည် ဟဇရသ် အဗ္ဗားစ် (ရသွီ) သခင်ဘက်မှ ရေးသားထားသောစာဖြစ်သည်။ ထိုပေးစာထဲတွင် ဟဇရသ်အိဗ်နေ့အဗ္ဗားစ်သခင်အား မေးမြန်းထားရာ သခင်က မေးခွန်းအားလုံးကို ဖြေကြားထားပေသည်။ ဟဇရသ်အိဗ်နေ့အဗ္ဗားစ်သခင်အား မေးမြန်းထားသော မေးခွန်းများနှင့် သခင်၏ဖြေကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

မေးခွန်း။ အသားလည်းမရှိ၊ သွေးလည်းမပါ၊ သို့သော် စကားပြောသော အရာသည် အဘယ်အရာနည်း။
အဖြေ။ ဂျဟန္နမ်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ကေယာမသ်နေ့တွင် ဂျန္နသီသုခဘုံသားများကို ဂျန္နသ်သို့ ဝင်စေပြီး ဂျဟန္နမီငရဲဘုံသားများကို ဂျဟန္နမ်သို့ ပစ်ချပြီးသောအခါ ဂျန္နသ်သို့ဝင်ရန် သုခဘုံသားများနှင့် ဂျဟန္နမ်သို့ကျရန် ငရဲဘုံသားများ မရှိတော့သောအချိန်တွင် အလ္လာဟ်အရှင်မြတ်က အို, ဂျဟန္နမ် ငရဲဘုံ အသင်၏ဝမ်းဗိုက် ပြည့်ပြီလောဟု မေးမြန်းသောအခါ - ဂျဟန္နမ်ငရဲဘုံက အဖြေပေးသည်မှာ နောက်ထပ်ငရဲဘုံကျရန် ငရဲသားများရှိသေးသလား ဟု (ဂျဟန္နမ်) ငရဲဘုံက မေးမြန်းတောင်းခံပေမည်။

မေးခွန်း။ အသားလည်းမရှိ၊ သွေးလည်းမ, ပါ သို့သော်ပြေးလွှားသောအရာသည် အဘယ်အရာနည်း။
အဖြေ။ တမန်တော်မူစာ(အလိုင်ဟစ္စလာမ်)သခင်၏ အဆွာတောင်ဝှေးဖြစ်သည်။ ဖိရ်အောင်န် ဘုရင်၏ နန်းတော်တွင် မှော်ပယောဂါ အတတ်ပညာရှင်များနှင့် ယှဉ်ပြိုင်စဉ် ၎င်းအဆွာတောင်ဝှေးက (မြွေနဂါးကြီး) သဏ္ဍန်ဖြင့် ပြေးလွှားနေပေ၏။

မေးခွန်း။ အသားလည်းမရှိ၊ သွေးလည်းမ,ပါ သို့သော် စကားပြောဆိုသောအခါ အဖြေပေးသည့် အရာနှစ်ခုသည် အဘယ်အရာနည်း။
အဖြေ။ မိုးနှင့်မြေ ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အကြင်အခါဝယ် အမိန့်ပေးသည်မှာ -"အသင်တို့သည် အလိုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လာကြ" ဟုမိန့်တော်မူရာတွင် ၎င်းတို့က အဖြေပေးကြသည်မှာ - ကျွန်ုပ်တို့ လှိုက်လှိုက် လှဲလှဲ ရောက်ရှိလာကြပါပြီ ဟု မိုးနှင့်မြေက အဖြေပေးခဲ့ကြသည်။

မေးခွန်း။ အသားလည်းမရှိ၊ သွေးလည်းမ,ပါ၊ သို့သော် အသက်ရှူရှိုက်သော အရာသည် အဘယ်အရာနည်း။

အဖြေ။ နံနက်ခင်း အာရုံဦးအချိန်ဖြစ်၏။ အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းတော်မြတ်ထဲတွင် 
(ဝပ်စ်ဆုဗ်ဟေ အိဇာ သနဖ်ဖပ်စ်) "အသက်ရှူရှိုက်သော နံနက်ခင်း၏ ကစမ်" ဟုမိန့်ထားတော်မူ၏။

မေးခွန်း။ အလ္လာဟ်အရှင်မြတ် စေလွှတ်ခဲ့သော စေတမန်ထဲတွင် လူသားလည်းမဟုတ် ဂျင်န်အနွယ်ဝင်လည်းမဟုတ်သော စေတမန်တော်သည် မည်သူနည်း။
အဖြေ။ ကျီးကန်း ဖြစ်သည်။
ထိုကျီးကန်းကို စေတမန်တော်အဖြစ် စေလွှတ်ခြင်းနှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန်ထဲတွင် (ဖဗအစလ္လာဟု ဂိုရားဗိုင်ယ် ယဗ်ဟစု ဖိလ်အရ်ဿွ်) ဟု မိန့် ထားတော်မူ၏။ မိမိ၏ နောင်တော်ဟာဗီးလ်ကို သတ်ပြီးနောက် ဘာလုပ်ရမှန်းမသိဖြစ်နေသော ကာဗီးလ်အား မြေမြှုပ်နည်းကို သင်ပြရန် ကျီးကန်းကို စေလွှတ်ခဲ့၏။ 
ထိုကျီးကန်းသည် အဖော်ကျီးကို ကိုက်သတ်ပြီးနောက် ကာဗီးလ်အား သဂြိုဟ်နည်းကို ပြသခဲ့သည်။
ထိုကျီးကန်း သင်ပြသည့်အတိုင်း အစ်ကိုဖြစ်သူကာဗီးလ်က မိမိ၏နောင်တော်ဟာဗီးလ်ကို (ဒဖန်) မြုပ်နှံ၍ သဂြိုဟ်ခဲ့လေ၏။

မေးခွန်း။ လူတစ်ယောက်သေဆုံးပြီးနောက် မည်သည့်သက်ရှိ သတ္တဝါ၏ အကြောင်းခံဖြစ် အသက်ရှင်စေ ခြင်းခံရသနည်း။

အဖြေ။ နွားသတ္တဝါ၏ အကြောင်းခံဖြစ်ခဲ့သည်။
ထိုအကြောင်း ကျမ်းမြတ်ကုရ်အာန် ပါရာ (၁) တွင်ပါရှိသည်။ အလိုသဘောမှာ -ဗနီအစ္စရာအီးလ်မျိုးနွယ်ထဲမှ လူတစ်ယောက် အသတ်ခံရသောအခါ သတ်သူကိုမ, သိရ၍ လူများပူဆွေးသောက ရောက်နေကြ၏။ ထိုသို့သောအခါ အလ္လာဟ်အရှင်မြတ်က ထိုသူများကို မိန့်တော်မူသည်မှာ - နွားတစ်ကောင်ကို လည်လှီး၍ ထိုနွား၏ အသားအစိတ်အပိုင်းတစ်ခုနှင့် အသတ်ခံရသူကို သွားထိပါဟု မိန့်တော်မူ၏။ ဤနည်းအတိုင်းပြုလုပ်ရာ သေဆုံးသူအသက်ရှင်လာပြီး မိမိအားသတ်ခဲ့သော လူသတ်သမားကို ဖေါ်ထုတ်လိုက်ပေသည်။

မေးခွန်း။ ဥလည်း မဥ (ဟိုက်ဇ်) ရာသီပန်းလည်း မပွင့်သော တိရစ္ဆာန်သည် မည်သည့် တိရစ္ဆာန်ဖြစ်သနည်း။

အဖြေ။ ဝသ်ွဝါသ်ွဟုခေါ်သော ငှက်တစ်ကောင်ဖြစ်သည်။ ထိုငှက်ကို တမန်တော် အီစာ(အလိုင်ဟစ်္စလာမ်) သခင်က အသက်ရှင်အောင်ပြုလုပ်၍ ပျံလွှတ်လိုက်လေသည်။
(ဟယာသွလ်ဟိုင်ဝါးန်၊ စာ-၄၂၅/၄၂၆၊တွဲ-၂) 
သမိုင်းနောက်ခံအစ္စလာမ့်ဗဟုသုတစွယ်စုံကျမ်းမှ ကောက်နှုတ်တင်ပြပါသည်။

(အလ်မုဖီးဒ်)
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Monday, June 23, 2014

ကုလားအုတ်အကြောင်းသိကောင်းစရာ

အရဗီအဘိဓာန်တွင် ကုလားအုတ်ကို အိဗိလ်ဟု ခေါ်ဆိုပါသည်။ ၎င်း၏အများကိန်းမှာ အာဗားလ်ဖြစ်သည်။
လေးနှစ်အရွယ်နှင့် ကိုးနှစ်အရွယ်ကြားရှိ ကုလားအုတ်အား ဂျိဇ်အဟ်ဟုလည်းကောင်း၊ ဗအီးရ်ဟုလည်းကောင်း ခေါ်ဆိုပါသည်။
"တမန်တော်မြတ်ဆွလ္လာဟုအလိုင်းဟိဝစလ္လမ် မိန့်ချွေတော်မူသည်မှာ ရှိလေသမျှသော အဟိတ်တိရိစ္ဆာန်များအနက် ကုလားအုတ်သည် အိမ်သားများအတွက် ဂုဏ်သရေကြီးမားမှုကို ဖြစ်စေပြီး ဆိတ်များသည် ဗရကသ်မင်္ဂလာ၏ အကြောင်းခံများ ဖြစ်ကြသည်။ ၎င်းပြင် မြင်းများကို မွေးမြူခြင်းဖြင့် ကောင်းကျိုးများစွာ ဖြစ်ထွန်းပေမည်။"
(အိဗ်နေမာဂျာဟ်ကျမ်း)

ကုလားအုတ်၏ ထူးခြားမှုများ

ကုလားအုတ်၏ ထူးခြားချက်များအနက် အချို့ကို ဖော်ပြရသော် ...
(၁)။ အလွန်လေးပင်သော ဝန်ထုပ်ဝန်ပိုးများကို တင်ဆောင်နိုင်ခြင်း
(၂)။ အမိန့်နာခံမှု၏ အတိုင်းအတာ ဤမျှအံ့သြလောက်သည်မှာ ကြွက်တစ်ကောင်က ၎င်း၏ပါးချပ်(နဖား)ကြိုးကို ကိုက်ချီဆွဲယူသွားပါက အနောက်မှ ကောက်ကောက်ပါအောင် လိုက်သွားခြင်း
(၃)။ ၎င်း၏ကျောကုန်းပေါ်၌ ဤမျှကျယ်ဝန်းသည့်နေရာရှိသည်မှာ လူသားသည် မိမိ၏ခရီးဆောင်ပစ္စည်းများနှင့်အတူ အိုး၊ ခွက်၊ ပန်းကန်များ၊ အိပ်ယာခင်းများကိုပါတင်ဆောင်၍ ခရီးထွက်နိုင်ခြင်း။
(၄)။ အထူးခြားဆုံးအချက်တစ်ချက်မှာ ၎င်းသည်မည်မျှပင် ရေဆာလောင်စေကာမူ ရေအငတ်ခံနိုင်ခြင်း။ ထို့ကြောင့် (၁ဝ)ညခရီးပင်ဖြစ်လင့်ကစား ရေမသောက်ဘဲနေနိုင်သည်။ ကျမ်းမြတ်ကုရ်အာန်၌ ၎င်းနှင့်စပ်လျဉ်း၍ ဤသို့လာရှိ၏။ "ဘာလဲ ထိုသူတို့သည် ကုလားအုတ်အား မည်မျှထူးခြားအံ့ဩဖွယ်ရာကောင်းလောက်အောင် ဖန်ဆင်းထားသည်ကို မကြည့်ကြလေသလော"

ကုလားအုတ်နှင့်စပ်လျဉ်း၍ ဟဒီးစ်ဩဝါဒတော်များ

(၁)။ နဗီတမန်တော်မြတ်ဆွလ္လာဟုအလိုင်ဟိဝစလ္လမ် မိန့်ခြွေခဲ့သည်မှာ ကုလားအုတ်အား မကောင်းမပြောကြနှင့်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် သွေး၏ပတ်တီးဖြစ်ပြီး လူသူမြတ်အတွက် အမှတ်တံဆိပ်ဖြစ်သည်။
အလိုသဘောမှာ ကုလားအုတ်များအား အသေစားသေ ပြစ်ဒဏ်ကျခံရမည့်သူ၏ အစားတွင် သတ်ဖြတ်ရပါသည်။ ယင်းကြောင့် ထိုသေဒဏ်ကျခံရမည့်သူမှာ ပြစ်ဒဏ်မှ လွတ်မြောက်သွားလေသည်။

(၂)။ တမန်တော်မြတ်(ဆွ) မိန့်ကြားတော်မူသည်မှာ ကျမ်းမြတ်ကုရ်အာန်အား နေ့စဉ်မပြတ် ဖတ်ရွတ်ကြကုန်လော့။ အကြောင်းမှာ ယင်းကုရ်အာန်ကျမ်းမြတ်သည် ရင်ဘတ်များမှ ဤမျှ အလျှင်အမြန်ထွက်သွားမည်မှာ ကုလားအုတ်သည်ပင် ဤမျှလောက် ချည်နှောင်ထားသော ကြိုးမှ လွတ်သွားမည်မဟုတ်ပါ။

(၃)။ ဟဇရသ်အိဗ်နေအုမရ်ဆင့်ပြန်ခဲ့သော ဟဒီးစ်တော်၌ လာရှိသည်မှာ ကုရ်အာန်ကျမ်းတော်မြတ်ဖတ်ရွတ်သူသည် ချည်နှောင်ထားသော ကုလားအုတ်နှင့် ပမာတူသည်။ အကယ်၍သခင်က ၎င်းအားစောင့်ကြပ်နေလျှင် ထိုအတိုင်းရှိနေမည်။ ထိုသို့မဟုတ်ဘဲ လွှတ်ထားလိုက်မည်ဆိုပါက သွားလိုရာ ထွက်သွားပေမည်။
အလားတူပင် ကုရ်အာန်ကျမ်းမြတ်ဖတ်ရွတ်သူသည် နေ့ညမပြတ် ဖတ်ရွတ်နေမည်ဆိုပါက ထိန်းသိမ်းစွာရှိနေမည်။ အကယ်၍ ယင်းကျမ်းတော်မြတ်ကို ကျက်မှတ်ခြင်း၊ ဖတ်ရွတ်ခြင်းမပြုဘဲ လျစ်လျှုရှုထားမည်ဆိုပါက ရင်ဘတ်အတွင်းမှ ထွက်သွားပေမည်။
ကုလားအုတ်၏ အကျင့်ဓလေ့များ

(၁)။ တစ်နှစ်ပတ်လုံး တစ်ကြိမ်သာ မိတ်လိုက်ခြင်း

(၂)။ အချိန်ကြာမြင့်စွာ မိတ်လိုက်တတ်ခြင်း

(၃)။ သုံး နှစ်တစ်ကြိမ် သားပေါက်ခြင်း

(၄)။ အခြားသတ္တဝါများနှင့် မတူဘဲ ရန်ငြိုးထားတတ်ခြင်း၊ အကောက်ကြံတတ်ခြင်း

(၆)။ အဆူးပါသောအပင်များကို အားရပါးရ စားသောက်တတ်ခြင်း

(၇)။ ဒေါသဖြစ်နေသည့်အချိန် အစာကို လျောံစားခြင်းတို့ ဖြစ်သည်။
ဗဟုသုတ 
တိရိစ္ဆာန်သုတေသီများ၏ အဆိုအရ သိရှိရသည်မှာ ကုလားအုတ်များ၏ ထူးခြားချက်သည် မိမိ၏မွေးသမိခင် (ကုလားအုတ်မ) အပေါ် မိတ်လိုက်ခြင်း မပြုပေ။
တစ်ခါက လူတစ်ယောက်သည် လက်တွေ့သိချင်စိတ်ဖြင့် ကုလားအုတ်မတစ်ကောင်အား အဝတ်ခြုံပေးလိုက်သည်။ ၎င်းနောက် ယင်းကုလားအုတ်မ၏ သားပျိုကို လွှတ်ပေးလိုက်သည်။ မိတ်လိုက်သည့် ရာသီချိန်ဖြစ်၍ မိတ်လိုက်လေသည်။ ပြီမြောက်၍ မိမိ၏ မိခင်မှန်းသိရှိသွားသောအခါ အကွက်ခြောင်း၍ သခင်အား ကိုက်သတ်လိုက်သည်။ ထို့နောက် မိမိကိုယ်ကိုလည်း အဆုံးစီရင်၍ သတ်သေလိုက်သည်။
ကုလားအုတ်နှင့် စပ်လျဉ်း၍ (ရှရီအသ်) တရားတော်၏ ပညတ်ချက်များ

ပညတ်ချက် (၁) ကုလားအုတ်အသားစားခြင်း ဟလာလ် ဖြစ်၏။
ပညတ်ချက် (၂) အေမာမ်အဗူဟနီ၊ အေမာမ်မာလိက်သခင်နှင့် ရှာဖိအိအေမာမ်သခင်ကြီးများ၏ အဆိုအရ ဝုဇူရှိသူသည် ကုလားအုတ်သား စားလိုက်ပါက ဝူဇူမပျက်ချေ။
ပညတ်ချက် (၃) သို့သော် ဟမ်ဗလီ၊ အစ္စဟားက်အိဗ်နေရာဟ်ဝိုင်နှင့် အိမာမ်ဗိုင်ဟကီတို့ထံတွင် ဝုဇူပျက်၏။

ကုလားအုတ်နှင့် စပ်လျဉ်း၍ ဇကားသ်တာဝန်
ကုလားအုတ်နှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ဇကားသ်ပေးရန် တာဝန်ရှိသည်။

ကုလားအုတ် (၅) ကောင် = ဆိတ် (၁) ကောင်
ကုလားအုတ် (၁ဝ) ကောင် = ဆိတ် (၂) ကောင်
ကုလားအုတ် (၁၅) ကောင် = ဆိတ် (၃) ကောင်
ကုလားအုတ် (၂ဝ) ကောင် = ဆိတ် (၄) ကောင်
အကယ်၍ ကုလားအုတ် အကောင်ရေ (၂ဝ)ထက်ကျော်သွားပါက အောက်ပါအတိုင်း ဇကားသ်ပေးရန် တာဝန်ရှိ၏။ 

ကုလားအုတ် (၂၅) ကောင် = တစ်နှစ်သား (၁) ကောင်
ကုလားအုတ် (၃၆) ကောင် = နှစ် နှစ်သား (၁) ကောင်
ကုလားအုတ် (၄၆) ကောင် = သုံး နှစ်သား (၁) ကောင်
ကုလားအုတ် (၆၁) ကောင် = လေးနှစ်သား (၁) ကောင်
ကုလားအုတ် (၇၆) ကောင် = နှစ် နှစ်သား (၂) ကောင်
ကုလားအုတ် (၉၁) ကောင် = သုံးနှစ်သား (၂) ကောင်
ကုလားအုတ် (၁၂၁) ကောင် = သုံးနှစ်သား (၃) ကောင် စသဖြင့် ဇကားသ်ထုတ်ရန် ဝါဂျိဗ်တာဝန်ထိုက်သည်။
** မှတ်ချက်။ တစ်နှစ်သားဟု ဆိုရာ၌ ကုလားအုတ်သားပေါက်ကို ဆိုလိုပါသည်။

ဆေးဖက်ဝင်ပုံများ

(က) ကုလားအုတ်အမွှေးများကို မီးရှို့ပြာချ၍ သွေးထွက်သည့်နေရာကို ဖိသိပ်လိုက်လျှင် သွေးတိတ်သွားမည်။
(ခ) အကယ်၍ ကုလားအုတ်ကျင်ငယ်အား အရက်မူးနေသူကို တိုက်ကျွေးလိုက်မည်ဆိုပါက ချက်ခြင်း အမူးပြေသွားမည်။
(ဂ) ကုလားအုတ်အသားသည် ကာမအားကို တိုးပွားစေသည်။ 

ကုလားအုတ်အား အိပ်မက်လျှင် 
အကယ်၍ တစ်ဦးတစ်ယောက်သည် ကုလားအုတ်အား အိပ်မက်လျှင် အောက်ပါအတိုင်း နမိတ်သဘောကောက်ယူနိုင်သည်။
(၁) မည်သူမဆို အိပ်မက်၌ ကုလားအုတ်များစွာကို ပိုင်ဆိုင်သည်ဟု မြင်မက်လျှင် "ဂုဏ်သိက္ခာ၊ ရာထူး ရရှိအံ့" "ဥစ္စာပစ္စည်း တိုးပွားအံ့"

(၂) အကယ်၍ အိပ်မက်၌ ဆိတ်အုပ်များကို ပိုင်ဆိုင်သည်ဟု မက်ပါက အထက်ပါအတိုင်း အဓိပ္ပာယ်ရသည်။

(၃) အကယ်၍ တစ်ဦးတစ်ယောက်သည် အိပ်မက်၌ ကျောင်းစားသော သတ္တဝါများ (ကုလားအုတ်၊ ကျွဲ၊ နွား) အစရှိသည့် သတ္တဝါများကို မြင်မက်ပြီး အစာစားရန်အတွက် ၎င်းတို့ကို လွှတ်ပေးလိုက်သည်ဟု မြင်မက်လျှင် "ဆထက်ထမ်းပိုး ဥစ္စာတိုးပွားအံ့"

(၄) မြို့တစ်မြို့၌ နေရာအနှံ ကုလားအုတ်များရှိနေသည်ကို အိပ်မက်ပါက ယင်း၏ အလိုသဘောမှာ "ထိုမြို့၌ ဘေးဒုက္ခ ဆိုက်ရောက်အံ့" (သို့မဟုတ်) တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်အံ့။

(၅) ကုလားအုတ်အသားစားသည်ဟု မြင်မက်ပါက " ရောဂါ တစ်စုံတစ်ရာ စွဲကပ်အံ့" ရံဖန်ရံခါ ၎င်း၏ ဆန့်ကျင်ဘက်လည်း ဖြစ်တတ်သည်။

ကုလားအုတ်နှင့် စပ်လျဉ်း၍ ဆင့်ပြန်၍ လာရှိသော ဟဒီးစ်တော်များ
(၁) ဟဇရသ်ဇိုက်ဒ်ဗင်န်စာဗိသ်သခင်က ပြောကြားသည်မှာ အခါတပါးက ကျွန်ုပ်သည် တမန်တော်မြတ်ဆွလ္လာဟုအလိုင်းဟိဝစ္စလမ်နှင့်အတူ ဂဇ်ဝါတိုက်ပွဲတစ်ခု၌ အတူပါဝင်၍ လိုက်ခဲ့သည်။

သို့နှင့် ကျွန်ုပ်တို့သည် မဒီနာမြို့တော်ရှိ လမ်းမကြီးအပေါ်သို့ ရောက်ရှိလာသောအခါ ကျေးတောသားတစ်ဦးက ကုလားအုတ်တစ်ကောင်အား နဖားကြိုးဆွဲ၍ လာနေသည်ကို တွေ့မြင်ရလေ၏။ ၎င်းနောက် ထိုသူသည် တမန်တော်မြတ်ထံပါးသို့ ချဉ်းကပ်လာပြီး စလာမ် နှုတ်ခွန်းဆက်သလေ၏။ ကိုယ်တော်ကလည်း တုံ့ပြန်နှုတ်ခွန်းဆက်တော်မူလေသည်။ ထိုစဉ်အခါမှာပင် လူတစ်ဦးရောက်ရှိလာပြီး "အိုတမန်တော် ဤကျေးတောသားသည် ကျွန်တော်မျိုး၏ ကုလားအုတ်အား ခိုးယူလာခြင်းဖြစ်သည်" ဟု လျှောက်ထားလေသည်။ အဆိုပါ လူစိမ်း၏ စကားကို ကြားပြီး ကုလားအုတ်သည် အော်မြည်လေတော့သည်။ ၎င်း၏ အော်မြည်သံသည် တစုံတရာပြောကြားနေသယောင်ရှိသည်။
တမန်တော်မြတ်ကြီးသည် ကုလားအုတ်၏ အော်မြည်သံကို ဂရုတစိုက်နားစွင့်တော်မူပြီးနောက် ထိုလူစိမ်းဘက်လှည့်၍ အသင်မိမိ၏ ကြွေးကျော်ချက်ကို ပြန်လည်ရုပ်သိမ်းပါလေ။ အဘယ့်ကြောင့်ဆိုသော် ကုလားအုတ်က အသင်လိမ်လည်၍ ကြွေးကျော်နေသည်ကြောင်း ပြောဆိုနေပါသည်။" ဟု မိန့်ချွေတော်မူလိုက်သည်။ ထိုအခါမှ လူစိမ်းလည်း မိမိ၏အမှားအပေါ် ဝန်ခံချက်ပေးလိုက်လေသည်။
(သွဗ်ရာနီကျမ်း)

(၂) ဟဇရသ်အဗ်ဒွလ္လာဟ်အိဗ်နုအုမရ်သခင်က ဆင့်ပြန်မိန့်ဆိုသည်မှာ လူတစ်စုသည် ပုဂ္ဂိုလ်တစ်ဦးအား တမန်တော်မြတ်ထံတော်ပါး ဆွဲခေါ်လာပြီး ၎င်းတို့၏ ကုလားအုတ်မအား ခိုးယူသူဟု တိုင်ချက်ဖွင့်လေသည်။ သို့သော် တမန်တော်မြတ်ကြီးသည် ထိုသူအား ပြန်လွှတ်ပေးရန် မိန့်ကြားတော်မူလိုက်သည်။
၎င်းသည် အောက်ပါဒရူးဒ်တော်အား ဖတ်ရွတ်လျှက် ထွက်ခွာသွားလေ၏။


ယင်းစာပိုဒ်၏ အလိုသဘောမှာကား " အိုအလ္လာဟ်အရှင်မြတ် တမန်တော်မြတ်ကြီးမုဟမ္မဒ်ဆွလ္လာဟုအလိုင်းဟိဝစ္စလမ်အပေါ်သို့ အရှင်မြတ်ထံတော်ပါးမှ ဆွလာဝသ်မေတ္တာတော် ချမ်းမြေ့မှု အပေါင်းသော်လည်းကောင်း၊ ဗရကသ်မင်္ဂလာ အဖြာဖြာသော်လည်းကောင်း၊ ၎င်းပြင်စလာမသ်ငြိမ်းချမ်းသာယာမှုအပေါင်း မပြတ်မစဲ ကျရောက်ပါစေသား။"

ထိုသူထွက်ခွာသွားပြီးနောက် ကုလားအုတ်မသည် ဤပုဂ္ဂိုလ်ခိုးသူမဟုတ်ကြောင်း ထုတ်ဖော်လိုက်သည်။ သို့ဖြင့် ကိုယ်တော်မြတ်သည် ၎င်းသူအားရှာဖွေ၍ ခေါ်ဆောင်လာရန် အမိန့်ရှိလိုက်သည်။ ဤသို့ဖြင့် ဗဒရ်စစ်ပွဲတွင် ပါဝင်ခဲ့ကြသော ဆွဟာဗာကြီးများသည် ထိုသူအားရှာဖွေ၍ တမန်တော်မြတ်ထံ ခေါ်ဆောင်လာသည်။ အထံတော်ပါးသို့ ရောက်ရှိလာသော် တမန်တော်မြတ်က " အသင် ထွက်ခွာသွားစဉ် မည်သည့်စာသားများ ဖတ်ရွတ်ပါသနည်း။" ဟု မေးမြန်းရာ ၎င်းက အဆိုပါ ဒရူးဒ်တော် စာသားများကို ရွတ်ဖတ်ပြလေသည်။
ထိုအခါ တမန်တော်မြတ်ကြီးက အသင်ဖတ်ရွတ်လိုက်သော ဒရူးဒ်တော်ကြောင့် မဒီနာဟ်မြို့တစ်ခွင်ရှိလမ်းများတွင် ဖရိရှ်သာကောင်းကင်တမန်များ အစုလိုက် ပြည့်နှက်သွားရသည်ဟု မိန့်ကြားတော်မူပြီး တစ်ဆက်တည်းပင် အသင်သည် ပွလ်စွေရာသ် တံတားပေါ်မှ လပြည့်ဝန်းမျက်နှာအဖြစ် ဖြတ်ကျော်ရပေလိမ့်မည်ဟု မိန့်ကြားတော်မူလိုက်သည်။ (သွဗ်ရာနီကျမ်း)

လက်တွေ့ ဆေးဖက်အသုံးဝင်ပုံများ

(က) ကုလားအုတ်သား စားသုံးခြင်းဖြင့် ဆီးပူညောင်းကျရောဂါအား သက်သာမှု ရရှိစေသည်။

(ခ) ကုလားအုတ်၏ အဆုတ်ကို စားသုံးခြင်းဖြင့် မျက်နှာတွင် ဖြစ်ပေါ်သော ညှင်းကွက်များကို ပျောက်ကင်းစေသည်။

(ဂ) ကုလားအုတ်ဆီသည် လိပ်ခေါင်းရောဂါအတွက် အကျိုးရှိ၏။

(ဟယာသုလ်ဟိုင်ဝါးန်ကျမ်း)

(အလ်မုဖီးဒ်)

Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။


ပျားရည်ဖြင့် ကုသခြင်း

ပျားရည်အသုံးပြု၍ ဝမ်းပိတ်ရန်ကုသခြင်း

ဆွဟီဗုခါရီကျမ်းနှင့် မုစ်လင်မ်ကျမ်းရှင်တို့က ဟဒီးစ်တော်တစ်ရပ်တွင် ဖော်ပြထားသည်မှာ လူတစ်ယောက်သည် တမန်တော်မြတ်၏ အပါးသို့ အခစားဝင်ရောက်၍ ကျွန်တော့်အစ်ကို ဗိုက်မကောင်းဖြစ်၍ ဝမ်းလျှောနေပါသည်ဟု လျှောက်ထားလိုက်သည်။ ကိုယ်တော်မြတ်က သွားရောက်၍ ပျားရည်ကို တိုက်ကျွေးပါဟု အမိန့်ရှိလိုက်လေသည်။ ထိုသူသည် တစ်ဖန်ပြန်လာ၍ ၎င်းနည်းအတိုင်းကုသသောအခါ ပို၍ ဝမ်းလျှောမှု ဖြစ်ပေါ်လာပါသည်ဟူ၍ လျှောက်ထားလေသည်။ တမန်တော်မြတ်က အသင် သွားချေဦး၊ ပျားရည်ထပ်တိုက်ပါဟု အမိန့်ရှိပြန်သည်။ ဤသို့ဖြင့် ၎င်းပုဂ္ဂိုလ်သည် ၂ ကြိမ်၊ ၃ကြိမ် ပြန်လာပြီး ရောဂါ ထပ်တိုးကြောင်းကိုသာ လျှောက်ထားလေသည်။ နောက်ဆုံးတွင် ကိုယ်တော်မြတ်က အမိန့်ရှိသည်မှာ အလ္လာဟ်အရှင်မြတ်သည် အမှန်ကို မိန့်တော်မူ၏။ အသင့်အကို၏ ဝမ်းဗိုက်သည် မုသားဆောင်နေသည်။ အချို့ဆင့်ပြန်ချက်များတွင် လာရှိသည်မှာ ထိုသူသည် ပြန်သွား၍ ပျားရည်ကို ထပ်တိုက်သောအခါ ဝမ်းလျှောမှု ပျောက်ကင်းသွားလေသည်။

အကျိုးကျေးဇူး

တမန်တော်မြတ်က အလ္လာဟ်အရှင်မြတ်သည် အမှန်ကို မိန့်တော်မူ၏။ အသင့်အစ်ကို၏ ဝမ်းဗိုက်သည် မုသားဆောင်နေသည်ဟု ပြောခြင်း၏ အလိုသဘောမှာ ထိုသူ၏အစ်ကို ဝမ်းဗိုက်တွင် မကောင်းသော အစာများ စုဝေးနေသောကြောင့် ၎င်းတို့ကို ဝမ်းသွားခြင်းဖြင့် ထွက်သွားစေရန် အရေးကြီးသည်ကို ဝဟီဖြင့် သိရှိပြီးဖြစ်သည်။ ထို့ပြင် ပျားရည်သည် ဝမ်းသွားစေသောကြောင့် ဤနည်းဖြင့် ၎င်းသူကျန်းမာလာမည်ကို ယုံကြည်သောကြောင့်ဖြစ်သည်။

သိမှတ်ဖွယ်ရာ
ဤနေရာတွင် သိရှိထားရမည်မှာ အစ္စလာမ် သာသနာ့ပညာရှင်များက သွစ်ဗေနဗဝီ (ကိုယ်တော်မြတ်၏ ကုထုံး) နှင့် သွစ်ဗေဂျာလီနူးစ် (ဂျာလီနူးစ်ကုထုံး - ယခုခေတ် ဆေးနည်းလည်းပါဝင်သည်) တို့ကို တတ်နိုင်သမျှ ညီညွတ်စေရန် အားထုတ်ကြရပေမည်။ စင်စစ်တွင်မူ နှစ်ခုစလုံးမှာ အလွန်ခြားနားနေသည်။ အဘယ့်ကြောင့်ဆိုသော် သွစ်ဗေနဗဝီသည် အလ္လာဟ်အရှင်မြတ်၏ ဝဟီဗျာဒိတ်တော်ဖြစ်သည်။ ဒုတိယကုထုံးမှာ အသိဉာဏ်ဖြင့် ဆင်ခြင်မှု၊ လက်တွေ့စမ်းသပ်မှုတို့မှ ရရှိလာသော ကုထုံးမျှသာဖြစ်သည်။ ဤအတွက်ကြောင့် ကုထုံးနှစ်မျိုးမှာ မိုးနှင့်မြေလောက် ကွာခြားသွားလေသည်။

သွစ်ဗေနဗဝီဖြင့် ကုထုံးနည်းသည် အီမာန်ကြံခိုင်၍ ယုံကြည်ချက်ခိုင်မာသော သူများသာလျှင် ပျောက်ကင်းချမ်းသာမှုကို ရရှိနိုင်ပေမည်။

အချို့ကာဖိစ်ရ်များက စောဒကတတ်ကြသည်မှာ ပျားရည်သည် ဝမ်းသွားစေသဖြင့် ဝမ်းပိတ်စေရန် မည်သို့အသုံးဝင်မည်နည်း။ ၎င်းတို့အား ဤသို့အဖြေပေးရမည်။ ဝမ်းလျှောခြင်းသည် တစ်ခါတစ်ရံ အစာမကြေခြင်းကြောင့် ဖြစ်ပြီး တစ်ခါတစ်ရံတွင်မူ အစာအိမ်တွင် မကောင်းသောအရာများ စုဝေးနေခြင်းကြောင့်ဖြစ်သည်။ ဤသို့ အစာအိမ်၌ မကောင်းသောအရာများ စုဝေးနေခြင်းကြောင့် ဝမ်းလျှောနေသောအခြေအနေတွင် ဝမ်းပိတ်အောင်ပြုလုပ်ပါက လူကို ထိခိုက်စေနိုင်သည်။ ဤအခြေအနေတွင် ဝမ်းသွားခြင်းဖြင့် မကောင်းသောအရာများကို ထုတ်ပစ်ရန် အရေးကြီးပေသည်။ ၎င်းတို့ကို ထုတ်ပစ်ရန်အတွက် ပျားရည်ကို အထူးသဖြင့် ရေနွေးဖြင့် စပ်၍တိုက်ပါက ရောဂါမှပျောက်ကင်းရန်အတွက် အကျိုးထူးပေသည်။ ဤအတွက်ကြောင့်ပင် တမန်တော်မြတ်က အမိန့်ရှိခဲ့သည်မှာ ဝေဒနာသည်အား သွားရောက်၍ ပျားရည်တိုက်ကျွေးပါ။ သို့မှသာလျှင် မကောင်းသာအရာများ ထွက်သွားပြီး ရောဂါဝေဒနာသည် ပြန်လည်ကောင်းမွန်လာပေမည်။
အလ္လာဟ်နှင့် အလ္လာဟ့်ရစူလ်သည် အမှန်ကိုသာ မိန့်ကြားတော်မူသည်။
(သွစ်ဗ်ဗေနဗဝီကျမ်း)

အလ်မုဖီးဒ်

Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။
 

Sunday, June 15, 2014

အစ္စလာမ့်ဗဟုသုတ

အမည်နှင့် ဘွဲ့ထူးများအကြောင်း


နဗီများ၏ အမည်နှင့် ဘွဲ့များကို ဖော်ပြထားပါသည်။
၁။ တမန်တော်အာဒမ်(အလိုင်ဟိစ္စလာမ်) - ဆွဖီယွလ္လာဟ်၊ ခလီဖသွလ္လာဟ်

၂။ တမန်တော်မြတ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်) - ဇွလ်ဇဘီဟိုင်းန်၊ ဟဗီဗွလ္လာဟ်
တမန်တော်မြတ်၏ ဘွဲ့ထူး ဂုဏ်ပုဒ်များစွာ ရှိသည်။ ထိုထဲမှ ဇွလ်ဇဗီဟိုင်းန် ဘွဲ့သည် မျိုးရိုးစဉ်ဆက်နှင့် သက်ဆိုင်သည်။ ဇွလ်ဇဗီဟိုင်းန် ဟူသည် .... ဇဗဟ်နှစ်ကြိမ်ပြုခံရသူဟု အဓိပ္ပါယ်ရသည်။ ဇဗဟ်နှစ်ကြိမ်၏ သဘောမှာ တမန်တော်မြတ် မုဟမ္မဒ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် တမန်တော် အိစ်မာအီးလ် မျိုးနွယ်မှ ဆင်းသက်လာသူဖြစ်သည်။ တမန်တော်အိစ်မာအီးလ်သည် ၎င်းအားဇဗာပြုရန် အမိန့်ချမှတ်ခံရသူ ဖြစ်သည်။ ဤသည်မှာ ဇဗာနှစ်ကြိမ်အနက်မှ တကြိမ်၏ အကြောင်းအရာ ဖြစ်သည်။ နောက် ဇဗာတကြိမ်မှာ တမန်တော်မြတ်၏ ဖခင်ကြောင့် ဖြစ်သည်။

၃။ တမန်တော်အိဒ်ရီးစ်(အလိုင်ဟိစ္စလာမ်) - ဟကီမွလ်ဟွက်မာအ်

၎။ တမန်တော်အိစ်မာအီးလ်(အလိုင်ဟိစ္စလာမ်) - ဇဘီဟွလ္လာဟ်

၅။ တမန်တော်မူစာ(အလိုင်ဟိစ္စလာမ်) - ကလီမွလ္လာဟ်

၆။ တမန်တော်အီစာ(အလိုင်ဟိစ္စလာမ်) - မစီးဟွလ္လာဟ်

၇။ တမန်တော်အိဗ်ရာဟီးမ်(အလိုင်ဟိစ္စလာမ်) - ခလီလွလ္လာဟ်၊ ဇွလ်ဟစ်ဂ်ျရသိုင်းန်။ ယင်းဘွဲ့ထူးအမည်ဖြင့် ကျော်ကြားခဲ့ရခြင်းမှာ တမန်တော်သည် ဟစ်ဂ်ျရသ်ပြောင်းရွှေ့မှု နှစ်ကြိမ်ပြုလုပ်ခဲ့ဖူးသူဖြစ်သည်။ ပထမအကြိမ်မှာ အီရတ်မှ ကူဖာဖက်သို့ တစ်ကြိမ်၊ ဒုတိယအကြိမ်မှာ ကူဖဟ်မှ ဆီးရီးယားနိုင်ငံဖက်သို့တစ်ကြိမ် ပြောင်းရွှေ့ခဲ့ခြင်းကြောင့်ဖြစ်သည်။

၈။ ကောင်းကင်တမန် ဂျိဗ်ရအီးလ်(အလိုင်ဟိစ္စလာမ်) - ရူဟွလ်အမီးန်

၉။ ကောင်းကင်တမန် အိဇ်ရာအီးလ်(အလိုင်ဟိစ္စလာမ်) - ဟာဇိမီးလ်လဇ်ဇားသ်

၁ဝ။ အေမာမ်မဲဟ်ဒီ - ဆွာဟိဗုဇ်ဇမားန်

၁၁။ ဟဇရသ်ဇွလ်ကရ်နိုင်းန် - မာလိကုလ်မုလ်ကိအာဒေလာဟ်

၁၂။ ဟဇရသ်အဗ္ဗားစ်(ရသွီရလ္လာ) - ခါသိမုလ်မုဟာဂျိရီးန်

၁၃။ ဟဇရသ်ဟန်ဇွလာဟ်(ရသွီရလ္လာ) - ဂစီးလေမလာအိကဟ်။ ၎င်းဘွဲ့ထူးဖြင့်ကျော်ကြားရခြင်းမှာ သခင်ကြီးသည် ရှဟီးဒ်အဖြစ် ကွယ်လွန်သည့်အချိန်တွင် ကောင်းကင်တမန်တော်များကိုယ်တိုင် သခင်ကြီးအား ရေချိုးပေးခဲ့သောကြောင့်ဖြစ်၏။

ထိုဆွဟာဗဟ်ကြီးဟန်ဇွလာသခင်အား ဖရစ်ရှ်သာများရေချိုးပေးရခြင်း၏ အကြောင်းအရင်းမှာ သခင်ကြီးသည် ဂျနာဗသ်ရေချိုးရန်တာဝန်ထိုက်နေသူဖြစ်ခဲ့သည်။ သာမာန်အားဖြင့် ရှဟီးဒ်အဖြစ် ကွယ်လွန်သူအား ရေချိုးပေးရန်မလိုအပ်သော်လည်း ဂျနာဗသ်ရေချိုးရန်တာဝန်ထိုက်နေသည်ကို အခြားသောဆွဟာဗဟ်များက မသိရှိကြ၍ ဖရစ်ရှ်သာများက ရေချိုးပေးရခြင်းဖြစ်ပေသည်။

(သိရ်မီဇီ၊ ဟိဒါယာဟ်၊ တွဲ - ၁၊ စာ - ၁၂၃)

၁၄။ ဟဇရသ်ခါလိဒ်ဗင်န်ဝလီးဒ်(ရသွီရလ္လာ) - ဆိုက်ဖွလ္လာဟ် (အလ္လာဟ်အရှင်မြတ်၏ ဓါးလွယ်တော်) ၎င်းဘွဲ့ထူးအမည်အား တမန်တော်မြတ်ကိုယ်တော်တိုင် ချီးမြှင့်တော်မူခဲ့ခြင်းဖြစ်သည်။

၁၅။ ဟဇရသ်ဟုဇိုင်ဖာဗင်န်ယမားန်(ရသွီရလ္လာ) - ဆွာဟေဗေစ်စိရ်

၁၆။ ဟဇရသ်အဗ်ဒွလ္လာဟ်ဗင်န်အဗ္ဗားစ်(ရသွီရလ္လာ) - ဟိဗ်ရွလ်အုမ္မဟ်

၁၇။ ဟဇရသ်ဇက်ဝါးန်(ရသွီရလ္လာ) - နာဂျီယဟ်

၁၈။ ဟဇရသ်ခိုဇိုင်မာဟ်(ရသွီရလ္လာ) - ဇွလ်ရှဟာဒသိုင်းန်

၁၉။ ဟဇရသ်ခရ်ဘားက်(ရသွီရလ္လာ) - ဇွလ်ယဒိုင်းန်။ ယင်းသို့ဘွဲ့ထူးရခြင်းမှာ ၎င်းသခင်သည် အင်မတန်မှရက်ရောသူ ဖြစ်လေသည်။ ၎င်းသခင်၏ အမည်အရင်းမှာ အမီးရ်ဖြစ်ပြီး ဂုဏ်ပုဒ်အမည်မှာ အဗူမုဟမ္မဒ်ဖြစ်သည်။

၂ဝ။ ဟဇရသ်အဗ်ဒွလ်မူသွာလိဗ်(ရသွီရလ္လာ) - မုသ်ွအေမုသ်သွိုးရ်။

၂၁။ ဟဇရသ်ဂျအ်ဖရ်သွိုင်ယားရ် (အဖ - အဗူသွာလိဗ်) (ရသွီရလ္လာ) - ဇွလ်ဂျနာဟိုင်းန်။
၎င်းသခင်အား ကိုယ်တော်မြတ်ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်က အတောင်ပံနှစ်ဖက်ပိုင်ရှင်ဟု မှည့်ထားလေသည်။ အကြောင်းအရင်းမှာ ဆွဟာဗာကြီး ဂျအ်ဖရ်သခင်သည် မောဝ်သဟ်တိုက်ပွဲတွင် ရန်သူများနှင့် တိုက်ခိုက်နေစဉ် သခင်ကြီး၏ လက်နှစ်ဖက်လုံး လက်မောင်းနေရာမှ ခုတ်ဖြတ်ခံလိုက်သည့်တိုင်အောင် ဆွဟာဗဟ်ကြီးသည် ရန်သူများအား အလျှော့မပေးဘဲ တိုက်ပွဲဝင်၍ နောက်ဆုံးတွင် ရှဟီးဒ်ဖြစ်သွားလေသည်။ ၎င်းဆွဟာဗာကြီးနှင့် စပ်လျဉ်း၍ တမန်တော်မြတ်က ငါကိုယ်တော်သည် ဂျအ်ဖရ်အား ဂျန္နသ်သုခဘုံတွင် တောင်ပံနှစ်ဖက်ဖြင့် လှည့်လည်နေသည်ကို တွေ့မြင်ရသည်ဟု မိန့်တော်မူလေသည်။

(ဟာရှီယာဟ်ဗုခါရီ၊ တွဲ ၂၊ စာ ၁၆၁)

၂၂။ (မေးခွန်း) ဟဇရသ်ဟာရှင်မ် (တမန်တော်မြတ်ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်၏ ဘေးတော်)၏ အမည်အရင်းမှာ မည်သို့ဖြစ်၍ အဘယ်ကြောင့် "ဟာရှင်မ်" ဟူ၍ အမည်တွင်ရပါသနည်း။

(အဖြေ) အမည်အရင်းမှာ အမရွလ်အုလာအ်ဖြစ်သည်။ အမည်တွင်ရခြင်း၏ အကြောင်းအရင်းမှာ အရဗ်နိုင်ငံတွင် တစ်ချိန်က အကြီးမားဆုံးကပ်ဘေးတစ်ခုဆိုက်ခဲ့ရာ လူနှင့် သတ္တဝါအများအပြား အစာရေငတ်ပြတ်၍ သေကြကုန်လေသည်။
ထိုအခါ တမန်တော်မြတ်၏ ဘေးတော်ဖြစ်သူ ဟဇရသ်ဟာရှင်မ်သည် လူတို့၌ခံစားနေကြရသည့် ၎င်းဒုက္ခအား မကြည့်ရှုနိုင်သောကြောင့် မိမိ၏ ကိုယ်ပိုင်ဥစ္စာဓန ကြေးငွေတို့ကိုယူ၍ ဆီးရီးယားနိုင်ငံသို့ထွက်ခွာလာခဲ့ပြီး အာတာ၊ ဂျုံမုန့်နှင့် ရိုတီမုန့်ချပ်အများအပြားကိုဝယ်ယူကာ မက္ကာဟ်ရွှေမြို့တော်သို့ ပြန်လည်ရောက်ရှိလာသောအခါ ကုလားအုတ်အကောင်ရေမြောက်များစွာကို ဇဗာဟ်ပြု၍ အိုးကြီးအိုးငယ်အသွယ်သွယ်ဖြင့် အသားစွပ်ပြုတ်ဟင်းရည်ချက်ကာ ၎င်းဟင်းရည်ထဲသို့ မုန့်ချပ်များအား ချိုးဖဲ့ထည့်စေပြီး ရောမွှေကာ လူတို့အားကျွေးမွေးဧည့်ခံလေသည်။
ထိုအချိန်မှ စ၍ ၎င်းသခင်အား ဟာရှင်မ်ဟူသော ဘွဲ့ထူးအမည်ဖြင့် လူတို့၏နှုတ်ဖျားတွင် ခေါ်တွင်မှုပြုလာလေသည်။ ဟာရှင်မ်ဟူသော အဓိပ္ပာယ်မှာ ချိုးဖဲ့သူဟူ၍ ဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော သခင်ကြီးသည် မုန့်ချပ်များကို ချိုးဖဲ့၍ ဟင်းရည်တွင်ထည့်ကာ ကျွေးမွေးဧည့်ခံသောကြောင့် ဤဘွဲ့ထူးအမည်ဖြင့် ကျော်ကြားခဲ့ခြင်းဖြစ်သည်။

(ဟဗီဗုစ်စီးရ်)

၂၃။ (မေးခွန်း) ဟဇရသ်ဟာရှင်မ်၏ သားတော် အဗ်ဒွလ်မုသ်သွလိဗ် (တမန်တော်မြတ်၏အဖိုး) ၏ အမည်အရင်းမှာ မည်သို့ဖြစ်၍ အဘယ့်ကြောင့် အဗ်ဒွလ်မုသ်သွလိဗ်ဟူ၍ အမည်တွင်ရပါသနည်း။

(အဖြေ) အမည်အရင်းမှာ ရှိုင်ဗသွလ်ဟမ်ဒ်ဖြစ်သည်။ ရှိုင်ဗာဟ်ဟူသော အဓိပ္ပာယ်မှာ အဖိုးအိုနှင့် ဆံပင်ဖြူစွတ်သူကို ခေါ်ဆိုပါသည်။ အဘယ့်ကြောင့်ဆိုသော် သခင်ကြီးဖွားမြင်သောအခါ ဆံပင်မှာ ဖြူစွတ်နေသောကြောင့် ဤသို့အမည်တွင်ရစ်ခဲ့လေသည်။

အဗ်ဒွလ်မုသ်သွလိဗ်ဟူသောအမည် တွင်ရခြင်းမှာ တစ်နေ့သောအခါ မဒီနာဟ်မြို့တော်တွင် ကလေးတစ်စု မြှားပစ်တမ်းကစားနေကြစဉ် ၎င်းနေရာသို့ ခရီးသွားတစ်ဦး မမျှော်လင့်ဘဲ ရောက်ရှိလာပြီး ထိုခရီးသွားပုဂ္ဂိုလ်သည် ခေတ္တအနားယူရန် ဆန္ဒဖြင့် ကလေးများကစားနေသည့်နေရာ၏ အနားတွင် ထိုင်လေသည်။

ထိုစဉ်၌ ကလေးအုပ်စုမှ ကလေးတစ်ဦး၏မြှားသည် တည့်မတ်စွာ ပစ်မှတ်အားထိမှန်ကာ စိုက်ဝင်သွားလေသည်။ ၎င်းအဖြစ်အပျက်ကို ကြည့်နေသော ခရီးသွားပုဂ္ဂိုလ်က တွေ့မြင်သွားရာ ထိုကလေးအားခေါ်ကာ ချီးကျူးလေ၏။

ထို့နောက် ကလေး၏အမည်နှင့် ဖခင်၏အမည်ကို မေးမြန်းရာ ၎င်းကလေးသည် မိမိ၏အမည်မှာ ရှိုင်ဗသွလ်ဟမ်ဒ်ဖြစ်ကြောင့်နှင့် ဖခင်၏အမည်မှာ ဟာရှင်မ် (မနားဖ်၏သား ဟာရှင်မ်)ဖြစ်ကြောင်း ပြောဆိုလေသည်။

ထိုခရီးသွားပုဂ္ဂိုလ်သည် မက္ကာဟ်မြို့သားဖြစ်၍ မက္ကာဟ်မြို့သို့ပြန်ရောက်သောအခါ ကလေးနှင့်ဆွေမျိုးတော်စပ်သူ ဟာရှင်မ်၏အကို မုသ်သွလိဗ်အား ကလေး၏ထူးချွန်မှုနှင့်ပတ်သက်၍ ပြောဆိုလေသည်။

ထိုအခါ ကလေး၏ဦးလေးဖြစ်သူ မုသ်သွလိဗ်သည် အလျင်အမြန်ပင် ကုလားအုတ်စီးနင်း၍ တူဖြစ်သူ ရှိုင်ဗသွလ်ဟမ်ဒ်ကို မဒီနာမြို့တော်မှ မက္ကာဟ်မြို့တော်သို့ ခေါ်ဆောင်လာသည်။ မက္ကာဟ်မြို့အတွင်းသို့ရောက်ရှိသောအခါ လူတို့က (ဟားဇာ အဗ်ဒွလ်မုသ်သွလိဗ်) ဤကလေးသူငယ်သည် မုသ်သွလိဗ်၏ ငွေဝယ်ကျွန်ဖြစ်သည်ဟု၍ ခေါ်ဝေါ်ကြရာ ဦးလေးဖြစ်သူသည် မိမိ၏တူတော်မောင်ဖြစ်ကြောင်း ရှင်းပြပြောဆိုသော်လည်း လူတို့က လက်မခံလဲ ဤသည် မုသ်သွလိဗ်၏ကျေးကျွန်ဟု အစပြုခေါ်ဆိုရာမှ အမည်တွင်ရစ်ခဲ့လေသည်။

(ဟဗီးဗုစ်စီးရ်)
ဟဇရသ်မုဖ်သီကာရီယူစွဖ် (အဆ်အဒီ) ထုတ်ဝေသည့် "အစ္စလာမ့်ဗဟုသုတစွယ်စုံကျမ်း" မှ ကောက်နှုတ်ဖော်ပြပါသည်။

(အလ်မုဖီးဒ်)
စာသားကော်ပီယူသူများ credit အပြည့်ကူးပါ။

Website:        http://aaitee.blogspot.com
Facebook:      http://www.facebook.com/almufeed.mm
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။



Thursday, June 12, 2014

ရှဗေဗရာသ်လက်ဆောင်

ရှအ်ဗာန်လမြတ်၏ ၁၄ ရက်နှင့် ၁၅ရက်တို့၏ ကြားညဖြစ်သော ရှဗေဗရာသ်ညမြတ်သည် ကျွန်ုပ်တို့ထံသို့ ဆိုက်ရောက်လာခဲ့ပါပြီ။ ရှဗေဗရာသ်ညမြတ်မှာ အဖန်ဆင်းခံတို့ရဲ့ ရှေ့လာမဲ့တစ်နှစ်တာနဲ့ပတ်သက်ပြီးတော့ ပြုလုပ်ရမဲ့တာဝန်တွေကို ဖရိရှ်သာတွေကို အလ္လာဟ်အရှင်မြတ်က လွှဲပြောင်းပေးအပ်ပါတယ်။ ဒီလိုညထူးညမြတ်နဲ့ ကြုံဆုံရသူဟာ အလွန်မှဖူးစာကောင်းသူဖြစ်ပြီး သူ့အနေနဲ့ ဒီညမြတ်ရဲ့ ထွတ်မြတ်မှုများ၊ ကောင်းခြင်းများကို ပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။
ဒီလိုညမြတ်မှာ အကောင်းဆုံးက တညလုံးနိုးကြားစွာရှိနေပြီး နမားဇ်၊ ဒုအာ၊ ဇိကိရ်၊ သိလာဝသ်တို့မှာ နစ်မွန်းနေခြင်းပဲဖြစ်ပါတယ်။ အခြားအခြားသော နေ့၊ ရက်တွေမှာ ညတိုင်းအိပ်စက်အနားယူခဲ့ပြီဖြစ်လို့ ဒီလို အခွင့်ထူးတွေချီးမြှင့်မဲ့ညမှာ မုစ်လင်မ်တို့အနေနဲ့ သောဝ်ဗာပြု အမှားဝန်ခံပြီး မိမိရဲ့ လိုလားချက်တွေ၊ ဖြစ်ချင်တာတွေ၊ နဖူးစာကောင်းသူဖြစ်ဖို့၊ စသည့်ဆန္ဒများကို အလ္လာဟ်ရှေ့မှာ ထုတ်ဖော်ကာ ဆုတောင်းချွေရမှာပါ။ ကိုယ့်ရဲ့ရှေ့တနှစ်တာလုံးနဲ့ပတ်သက်ပြီး အလ္လာဟ်အရှင်မြတ်က ဖရိရှ်သာတွေကို တာဝန်တွေ၊ ကိုယ်ဘာတွေဖြစ်မယ်ဆိုတာတွေကို အပ်နှင်းနေတဲ့အချိန်မှာ ကောင်းသောအရာများကို ရရှိသူဖြစ်ဖို့ ဒုအာတောင်းဆိုနေသင့်ပါတယ်။
အမျိုးသမီးများအနေဖြင့် ဒီလိုညမြတ်မျိုးကို ကိုယ်မသန့်တဲ့အခြေအနေနဲ့ ကြုံဆုံရခဲ့တယ်ဆိုရင်လည်း ဘာမှဝမ်းနည်းစရာမရှိပါဘူး။ ကိုယ်မသန့်တဲ့အမျိုးသမီးအတွက် နမားဇ်နဲ့ ကုရ်အာန်သိလာဝသ်၊ ရိုဇာဟ်တို့မှအပ ကျန်အိဗာဒသ်တွေအားလုံးကို ပြုလုပ်နိုင်ပါတယ်။ ဒုအာတွေတောင်းဆိုနိုင်ပါတယ်။ ဇိကိရ်ပြုနိုင်တယ်။ ဒရူးဒ်ရှရိဖ်တွေဖတ်နိုင်ပါတယ်။ မုနာဂျသိမပ်က်ဗူးလ်ကျမ်းကို ဖတ်ရွတ်နိုင်ပါတယ်။ ဒီလိုညမြတ်တွေမှာ အဓိကကတော့ မိမိတို့ရဲ့ဟာဂျသ် လိုအင်ဆန္ဒတွေကို အလ္လာဟ်ထံကနေတောင်းခံခြင်းဖြစ်ပြီး ဒုအာကဗူလ်ပြုတဲ့ ညမြတ်တွေဖြစ်ပါတယ်။
ထို့ကြောင့် ဘယ်လိုအခြေအနေမှာပဲရှိနေပါစေ စိတ်ထဲမှ လှိုက်လှဲစွာဆုဒုအာတွေကို တောင်းခံကြဖို့တိုက်တွန်းအပ်ပါသည်။
အောက်တွင် ရှဗေဗရာသ်ညမြတ်၏ ကျင့်စဉ်များကို ဖော်ပြထားပါသည်။ ထိုကျင့်စဉ်တို့သည် နဖိလ်ကျင့်စဉ်များဖြစ်၍ လုပ်ကိုလုပ်ရမည်ဟု မရည်ရွယ်ပါ။ အချို့သောဒုအာတို့သည် သူတော်စင်တို့၏ လက်စွဲကျင့်စင်များဖြစ်၍ ၎င်းတို့တောင်းခံခဲ့သည့် ဒုအာတို့ကို ပြန်လည်တင်ပြထားခြင်းဖြစ်သည်။
အလ္လာဟ်အချစ်တော် ဝလီသူတော်စင်တို့ တောင်းခံခဲ့သည့်ဒုအာကို မိမိအနေဖြင့် တောင်းခံမည်ဆိုပါကလည်း အရှင့်အသနားတော်ဖြင့် ကဗူလ်ပြုလက်ခံခြင်းခံရမည်ဖြစ်ပါသည်။ 
----------------------------------------------------------------------------------------------------
လွတ်လပ်ရေးညဥ့်မြတ်
ဤလမြတ်၏ ၁၄နှင့်၁၅ ရက်နေ့၏ကြားညဥ့်သည်၊ အလွန်ထူးကဲမြင့်မြတ်လှသောညဥ့်ကြီးညဥ့်မြတ်ပင်ဖြစ်ပေသည်။ ထိုညဥ့်မြတ်သည်
လိုင်လသွလ်ဗရာအသ်,, ယှဗေဗရာအသ်,, လွတ်လပ်ရေးညဥ့်မြတ်
ဟုကျော်ကြားလေသည်။ အလ္လာဟ်(စုဗ်ဟာနဟုသအာလာ)အရှင်မြတ်၏ မုအ်မင်န် မုစ်လင်မ် ဗန္ဒာနှင့်ဗန္ဒီများ မိမိတို့မေ့မှား၍ကျူးလွန်မိခဲ့သည့်' ဂုနာဟ်'များမှ လွတ်မြောက်ချမ်းသာခွင့်နှင့် ငရဲမီးမှလွတ်လပ်ခွင့် ရရှိသောကြောင့် "လိုင်လသုလ်ဗရာအတ်" လွတ်လပ်ရေးညဥ့်ဟု ခေါ်ဆိုခြင်းဖြစ်သည်။

ကလေး၊ လူကြီးမရွေး၊ အမျိုးသား၊ အမျိုးသမီးမခြားနား၊ မုစ့်လင်မ်ထုတစ်ရပ်လုံးသည် အမလ်၊ အိဗာဒသ်နှင့် ဒရူးဒ်၊ အိစ်သိဂ်ဖါရ်များဖြင့် ၄င်းညမြတ်ကြီးကို အသက်သွင်းရှင်သန်စေရမည်။ ညဥ့်အချိန်ကို အမလ် အိဗာဒသ်ဖြင့် ကုန်ဆုံးစေပြီး နေ့အချိန်တွင် ရိုဇာဟ်ဥပုသ် စောင့်ထိန်းကြသည်။

◆◆ ဝဇီဖာနှင့် ဒုအာများ ◆◆
ဤလ၏ ၁၄ ရက်နှင့် ၁၅ ရက်ကြားညသည် ယှဗေဗရာအသ် ညမြတ်ဖြစ်သည်။ ထို့ကြောင့် ၄င်းညမြတ်တွင် အထူးအစီအစဉ်အဖြစ် အမလ်၊ အိဗာဒသ်အချို့ကို ပိုမို၍ဆောက်တည်ရပေမည်။ နဖိလ်နမားဇ် များစွာဝတ်ပြုခြင်း၊ ကုရ်အာန်သိလာဝသ်ပြုခြင်း၊ ဒရူးဒ်၊ အိစ်သိဂ်ဖါရ်များစွာဖတ်ခြင်း၊ တောဝ်ဗာဝန်ချတောင်းပန်ခြင်း၊ သေဆုံးကွယ်လွန်သွားသူတို့အား ဆဝါးဗ်ပို့သခြင်း တို့သည် ဤညမြတ်၌ ပို၍လုပ်ဆောင်ရမည့် အမလ်များဖြစ်ပါသည်။ နဖိလ်နမားဇ်ဖတ်ပြီးနောက် စဂ်ျဒဟ်ဦးချ၍ အောက်ပါဒုအာကို များမြောင်စွာဖတ်သင့်ပါသည်။

 



လိုင်လတုလ်ဗရာအသ် ညဥ့်မြတ်၌ဖတ်ရန်ဒုအာ
◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆
ဒုအာ၏အကျိုးကျေးဇူး။ ။ ။သူတော်စင်အကြီးအကဲအချို့တို့သည်' ယှဗေဗရာအသ်' ညဥ့်မြတ်၌ 'မဂ်ရိဗ်ဆွလာသ်' ဝတ်ပြုပြီးနောက် 'စူရဟ်ယာစီးန်' သုံးကြိမ်ဖတ်လေ့ရှိခဲ့သည်။

ပထမအကြိမ် -- ဘေးဘယာ၊ ဒုက္ခအန္တရာယ်ကင်းရှင်းရန်
ဒုတိယအကြိမ် -- အသက်ရှည်စေရန်
တတိယအကြိမ် -- အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သည့် အဖန်ဆင်းခံလူသား၏ ကျေးဇူးခံမဖြစ်စေရန်တို့အတွက် ဖြစ်ပါသည်။

ယာစီးန်စူရဟ် တစ်ကြိမ်ဖတ်ပြီးတိုင်း အောက်ပါဒုအာကို တစ်ကြိမ်ဖတ်လေ့ရှိခဲ့သည်။ ဤကဲ့သို့ဒုအာတောင်းခြင်းအားဖြင့် မြင့်မြတ်မှန်ကန်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ဗန္ဒဟ်များ၏ ဟာဂျာတ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသနားတော်မူပြီ တစ်နှစ်ပတ်လုံး ဘေးဒုက္ခအန္တရာယ်ခပ်သိမ်းတို့မှ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်တော်မူပေသည်။ 


အခြားသော ကျင့်စဉ်များကို ဆက်လက်ဖော်ပြထားပါသည်။






မုစ်လင်မ်အပေါင်းတို့၏ ဆုဒုအာတို့ကို အလ္လာဟ်အရှင်မြတ် လက်ခံကဗူလ်ပြုတော်မူပါစေ။
မိတ်ဆွေများအနေဖြင့်လည်း မိမိတို့၏ ဒုအာများတွင် အလ်မုဖီးဒ်မိသားစုဝင်များအတွက်လည်း ထည့်သွင်းသတိရပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။








မိမိတွင်ရှိသော စိတ်အမျိုးအစားများနှင့် ၎င်းတို့အား ပြုပြင်နည်း

နဖ်စ် (၅) မျိုးအကြောင်း 

အာရိဖ်ဗိလ္လာဟ် ဟဇရသ်မော်လာနာ ရှားဟ်ဟကီးမ်မုဟမ္မဒ်အခ်သရ်(ရဟေ့)သခင်ကြီး ဟောကြားတော်မူသော ကျမ်းမြတ်ကုရ်အာန်၌ ပါရှိသည့် ငါးမျိုးသော နဖ်စ်များအကြောင်း

ခပ်သိမ်းကုန်သော စကြာဝဠာအပေါင်းအား စိုးမိုးပိုင်ဆိုတော်မူသော အလ္လာဟ်အရှင်မြတ်သခင်သည် ကျမ်းတော်မြတ်ကုရ်အာန်ထဲ၌ နဖ်စ် (လူသားတို့၏ အတွင်းစိတ်) အား ငါးမျိုးသော အမည်နာမများဖြင့် မှည့်ခေါ်သမုတ် မိန့်ကြားထားတော်မူလေသည်။ ၎င်းတို့မှာ (၁)၊ နဖ်စေအမ္မာရဟ် (၂)နဖ်စေလောဝ်ဝါမာဟ် (၃)နဖ်စေမုသ်မအင်န်နဟ် (၄)နဖ်စေရာဇွီယဟ် (၅)နဖ်စေမရ်ဇွီယဟ် တို့ဖြစ်ပါသည်။

(နဖ်စ် ဟူသည် လူ့နှလုံးသာအတွင်းဖြစ်ပေါ်နေသော စိတ်ကိုခေါ်ဆိုပါသည်။ စိတ်ပိုင်းဆိုင်ရာ ခံယူချက်၊ ခံစားချက်၊ လိုလားချက်တို့ကိုမူတည်ပြီး စိတ်၏အမျိုးအစားများကို ခွဲခြားဖေါ်ပြသည်။ ရှေ့ဆက်တင်ပြမည့် အကြောင်းအရာအားလုံးတွင် ယင်းစိတ်ကို နဖ်စ်ဟူ၍ သုံးနှုံးသွားမည်ဖြစ်သည်။)

(၁)။ နဖ်စေအမ္မာရဟ်

နဖ်စေအမ္မာရဟ်သည် နဖ်စ်၏ ပထမဦးဆုံးအမည်ဖြစ်သည်။ ၎င်းစိတ်သည် လူသားအား ဂုနာဟ်အကုသိုလ်အမှောင်ထဲသို့ ကျရောက်သွားစေရန် အချိန်တိုင်းတွန်းအားပေး ပို့ဆောင်နေလျက်ရှိပေသည်။ အချိန်တိုင်း အလ္လာဟ်အရှင်မြတ်မနှစ်သက်သော ဂုနာအကုသိုလ်များကို ကျူးလွန်စေရန် စေ့ဆော်လျှက်ရှိပေသည်။ တပ်မက်ရန်မသင့်တော်သော ယုတ်ညံ့လှသည့် ရမက်ဆန္ဒများအား ကြံဆောင်မိစေရန် တွန်းပို့နေပေသည်။ ၎င်းစိတ်၏ စေ့ဆော်မှုအောက်၌ အသိမဲ့စွာဖြင့် တပ်မက်ရန်မသင့်သိအရာများအား စွဲလန်းမိနေခြင်း၊ ထိုသို့စွဲလန်းမိခြင်းအား ချိုမြိန်နှစ်လို့ဖွယ် သာယာမှုဟု ထင်မှတ်ခြင်း၊ ၎င်းမက်ဆန္ဒများ၏ ခေါ်ဆောင်ရာသို့ အသိမဲ့စွာ စီးမျောပါဝင်နေခြင်းတို့သည် နဖ်စေအမ္မာရဟ်အား မလွန်ဆန်နိုင်ခြင်းသာ ဖြစ်ပေတော့သည်။ ၎င်း နဖ်စေအမ္မာရဟ်၏ စေ့ဆော်တိုက်တွန်းမှုအောက်တွင် အသိမဲ့စွာရှင်သန်နေခြင်းသည် လောကီ၊ လောကုတ္တရာနှစ်ဌာနစလုံး၌ ဆုံးရှုံးရမည့် အကြောင်းတရားပင် ဖြစ်ပေတော့သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သခင်နှင့် ဝေးကွာစေမည့် နဖ်စေအမ္မာရဟ်၏တောင်းဆိုစေခိုင်းမှုတို့အား ဥပက္ခာပြုကျောခိုင်းပစ်ရန် အလွန်ပင်အရေးကြီးလှပေသည်။ နဖ်စေအမ္မာရဟ်အား ချိုးနှိမ်ပစ်ရန် အဘယ်မျှအရေးကြီးကြောင်းကို သဘောပေါက်နားလည်သင့်ပေသည်။ ၎င်း နဖ်စေအမ္မာရဟ်၏ ရမက်ဆန္ဒများအား ချိုးနှိမ်စွန့်လွှတ်ပစ်ရန် တခုတည်းသောနည်းလမ်းသာရှိပေသည်။ ၎င်းမှာ အလ္လာဟ့်အချစ်တော် သူတော်စင်သူတော်မြတ်တို့ထံပါးသို့ သွားရောက်ခစားပြီးသကာလ မိမိကိုယ်မိမိ ဆရာသခင်များထံ အပ်နှံ၍ ကုစားမှသာလျှင် ဖြစ်နိုင်ပေသည်။ ထိုသူတော်စင်သူတော်မြတ် အရှင့်အချစ်တော်များရှိရာ ခါန်ကာဟ်(အတွင်းပိုင်းရောဂါများကုသပေးမည့်နေရာ)၌သာ သွားရောက်ခိုလှုံမှသာလျှင် အောင်မြင်နိုင်ပေမည်။

ဟဇရသ်မော်လာနာ ရှားဟ်ဟကီးမ်မုဟမ္မဒ်အခ်သရ်(ရဟေ့)သခင်ကြီး၏ ရှိုင်းခ်ဖြစ်သူ ရှားအဗ်ဒုလ်ဂနီဖုလ်ပူရီ(ရဟေ့) သခင်ကြီး မိန့်ဆိုခဲ့သည်မှာ "တစ်ဦးတစ်ယောက်သည် မုန့်အချိုပြုလုပ်သူနှင့် ကာလကြာရှည်စွာ ပေါင်းသင်းနေထိုင် ရင်းနှီးကျွမ်းဝင်မှုရှိနေသော်လည်း မုန့်အချိုတစ်ခုမျှပင် စားဖူးခဲ့ခြင်းမရှိသော် စင်စစ်၎င်းသူသည် မုန့်အချိုပြုလုပ်သူအား တန်ဖိုးမထားခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့ပင် တစ်ဦးတစ်ယောက်သည် အရှင့်အချစ်တော် ဝလီသူတော်စင် သူတော်မြတ်တို့ထံ သွားရောက်ချဉ်းကပ်ကာ ပြုပြင်၍ရနေပါလျှက်အလ္လာဟ်အရှင်မြတ်၏ အကြောက်တရားနှင့်ပတ်သက်၍ စိုးစဉ်းမျှသင်ယူခဲ့ခြင်းမရှိသော် ၎င်းသည် သူတော်စင်သူတော်မြတ်တို့၏ တန်ဖိုးအား မသိတတ်နားမလည်ခြင်းပင်ဖြစ်သည်။ ၎င်းသည် တရားတော်မှတားမြစ်ထားသော မပြုပိုင်သောလုပ်ရပ်များထဲ၌ သတိကင်းလွတ်အသိမဲ့စွာ ပျော်ရွှင်မြဲပျော်ရွှင်နေလျှက် ထိုသူ့ကဲ့သို့ သစ္စာတရားကင်းမဲ့သူ အဘယ်မှာ ရှိနိုင်တော့မည်နည်း။

(၂)။ နဖ်စေလောင်ဝ်ဝါမဟ်

အကယ်၍ နဖ်စေအမ္မာရဟ်အား ပြုပြင်ရန်မဖြစ်နိုင်ဖူးဆိုပါက အလ္လာဟ်အရှင်မြတ်သည် လူသားတို့၏ စိတ်အတွင်း၌ ၎င်းနဖ်စေအမ္မာရဟ်အား ထည့်သွင်းဖန်ဆင်းမည်မဟုတ်ပါ။ ထို့ပြင် နဖ်စ်အား ငါးမျိုးသောအမည်နာမများဖြင့် မှည့်ခေါ်သမုတ် မိန့်ကြားမည်လည်းမဟုတ်ပါ။ အကယ်၍ တစ်ဦးတစ်ယောက်သည် နဖ်စေအမ္မာရဟ်၏ စေခိုင်းမှုတို့အား မနာခံလိုပဲ မိမိစိတ်နှလုံးသားကို သန့်စင်ပြုပြင်ရန် ခိုင်မာစစ်မှန်သောရည်ရွယ်ချက်ဖြင့် အလ္လာဟ့်အချစ်တော် သူတော်စင်သူတော်မြတ်တို့ထံပါးသို့ ခစားချဉ်းကပ်အပ်နှံ၍ ပြုပြင်မည်ဆိုသော် ထိုသူ၏ နဖ်စေအမ္မာရဟ်သည် အမ္မာရဟ်အဆင့်မှ လောဝ်ဝါမဟ်အဆင့်သို့ မုချကူးပြောင်းရောက်ရှိသွားပေလိမ့်မည်။ ဆိုလိုသည်မှာ ၎င်းသည် ရှောင်ကြဉ်နေသည့်ကြားမှ ဂုနာဟ်အကုသိုလ်တစ်စုံတစ်ရာ ကျူးလွန်မိသွားပါက ရှက်ကြောက်လာပြီး နောင်တရတတ်ပေလိမ့်မည်။ ထို့ပြင်မိမိကိုယ်ကို ဤကဲ့သို့ အပြစ်ကျူးလွန်မိသွားခြင်းအပေါ် ယူကျူံးမရဖြစ်၍ အပြစ်တင်မိပေလိမ့်မည်။ အရှင်မြတ်သခင်၏ ပေးကမ်းချီးမြှင့်ထားသော စည်းစိမ်များကို ရယူခံစားပြီး၊ အရှင်မြတ်သခင် ပေးကမ်းကျွေးမွေးသော ရိုဇီရိက္ခာများကိုစားသုံးပြီး၊ အရှင်မကြိုက်သော လုပ်ရပ်များကျူးလွန်မိသွားခြင်းအပေါ် ရှက်ရွံနေလျှက် နောင်တကြီးစွာရနေပေလိမ့်မည်။ အလ္လာဟ်အရှင်မြတ်သခင်သည် တစ်ဦးတစ်ယောက်အား မိမိအချစ်တော်ဝလီသူတော်စင် ပြုလုပ်ပေးလိုပါက ၎င်းသူအား ဂုနာဟ်များကျူးလွန်မိခြင်းအပေါ်ရှက်ရွံနောင်တရသည့်စိတ် ထည့်သွင်းပေးသနားတော်မူ၏။ ဤသို့ဖြစ်ခြင်းသည်ပင်လျှင် ဝလီ(အလ္လာဟ်အချစ်တော်) ဖြစ်ခြင်း၏ နမိတ်လက္ခဏာပင်ဖြစ်သည်။ ထို့အတူ စိတ်ရိုင်းကိုချိုးနှိမ်ခြင်း၏ တိုးတက်မှုအစလည်းဖြစ်ပေသည်။ တစ်နည်းဆိုရသော် အမ္မာရဟ်အဆင့်မှ လောဝ်ဝါမဟ်အဆင့်သို့ ကူးပြောင်းရောက်ရှိသွားခြင်းပင်ဖြစ်သည်။ လောဝ်ဝါမဟ်အဆင့်သို့ ကူးပြောင်းရောက်ရှိသွားသူသည် မိမိမှားယွင်းမှုများနှင့် ကျူးလွန်ဖောက်ဖျက်မှုများအပေါ် ရှက်ရွံ၍ နောင်တရလာမည်ဖြစ်ပြီး စစ်မှန်သော သောဝ်ဗာဝန်ချတောင်းပန်မှုပြု၍ ထိုအပြစ်များမှ သန့်စင်မှု ရရှိသွားစေရန် ကြိုးပမ်းပေလိမ့်မည်။ ထိုကဲ့သို့ အမ္မာရဟ်အဆင့်မှ လောဝ်ဝါမဟ်အဆင့်သို့ ကူးပြောင်းသွားခြင်းသည် အလ္လာဟ်အချစ်တော်ဖြစ်စေရန် ပထမဦးဆုံးခြေလှမ်းပင် ဖြစ်ပေတော့သည်။ အထောက်အထားအားဖြင့် " ဝလာအွတ်က်ဆိမု ဗင်န်နဖ်စေ့လ် လောဝ်ဝါမဟ်" ဟူသောအာယသ်တော်သည် ကျမ်းတော်မြတ်ကုရ်အာန်၌ အတိအလင်းလာရှိထားပေသည်။ အရှင်မြတ်သည် နဖ်စေလောဝ်ဝါမဟ်အား ကိုင်တွယ်ကျိန်ဆို၍ မိန့်ထားတော်မူပေသည်။ အဘယ့်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ဗန္ဒာတို့၏ ကောင်းမှုအစုစုတို့အား အလွန်တန်ဖိုးထားတော်မူသော အရှင်ဖြစ်တော်မူပေသည်။ အလွန်တရာနည်းပါး၍ မပြောပလောက်သော ပြုကျင့်ဆောက်တည်မှုလေးကိုပင် တန်ဖိုးထားတော်မူ၍ မြောက်များစွာသော အကျိုးအစားများ ပေးကမ်းချီးမြှင့်ထားတော်မူပေသည်။ ထို့ကြောင့် အရှင်မြတ်ရွံရှာမုန်းတီးတော်မူသည့် ဂုနာဟ်အကုသိုလ် ဒုစရိုက်များကို အပြီးတိုင်စွန့်လွှတ်၍ အရှင်မြတ်ထံတော်သို့ ဦးလှည့်လာသည်ဆိုယုံနှင့်ပင် အလွန်တရာတန်ဖိုးထားတော်မူသည်ကို ဖော်ပြပါအာယသ်တော်အား ကြည့်ရှုခြင်းဖြင့် သိနိုင်ပေသည်။ ထို့အပြင် "ဂုနာအကုသိုလ်တစ်စုံတစ်ရာကျူးလွန်မိပြီး ရှက်ရွံနောင်တရ၍ ငိုယိုမြည်တမ်းသည့်အသံအား ကျယ်လောင်သော သပ်စ်ဗီဖတ်သံထက်ပို၍ ငါအရှင်နှစ်သက်တော်မူသည်ဟု ဟဒီဆေ့ကုဒုစီတစ်ပုဒ်၌လည်း လာရှိထားပေသည်။

(၃)။ နဖ်စေမုသ်မအင်န်နားဟ်

နဖ်စေမုသ်မအင်န်နားဟ်သည် တတိယအဆင့်ဖြစ်သည်။ ဒုတိယအဆင့်ဖြစ်သော လောဝ်ဝါမာဟ်မှ တဆင့်တက်လာ၍ မုသ်မအင်န်နားဟ်အဆင့်သို့ ရောက်ရှိသည့်အခါ ဖြစ်ပေါ်လာသောလက္ခဏာသည် အရှင်မြတ်အား တသသတိရနေလျှက် တည်ငြိမ်အေးချမ်းမှုကို ခံစားရပေမည်။ အရှင်နှစ်သက်ခြင်းမှ ဝေးကွာစေမည့် ဂုနာဟ်ဒုစရိုက်တို့အား မုန်းတီးရွံရှာတတ်လာပေမည်။ ဂုနာများကို တစ်ခုမကျန်စွန့်လွှတ်ပစ်၍ မြူမှုန်ခံမျှပင်ရှိသော်ဂုနာအား စိတ်အတွင်းသို့ပင် ဝင်ရောက်ခွင့် ပြုနိုင်တော့မည်မဟုတ်ပေ။ တိတိကျကျရှောင်ကြဉ်နေသည့်ကြားမှ မတော်တဆကျူးလွန်မိသွားပါကလည်း စိုးစဉ်းမျှ တည်ငြိမ်နေလိမ့်မည်မဟုတ်သည့်အပြင် ဆတ်ဆတ်ခါတုန်လှုပ်ခြောက်ခြားသွားပေလိမ့်မည်။ အရှင်မြတ်အားမေ့လျော့လျှက် မျက်တမှိတ်တစ်စက္ကန့်မျှပင် နေနိုင်လိမ့်မည်မဟုတ်ပါ။ မိမိအာရုံနှလုံးသွေးကြောများထဲမှပင် အရှင်မြတ်အား အမြဲမပြတ်သတိရတသနေပေလိမ့်မည်။ အရှင်မြတ်အား စွဲလန်းတသ သတိရနေခြင်းသည်သာလျှင် ထိုသူ၏ဘဝနှင့် ရှင်သန်ခြင်းဖြစ်ပြီး အရှင်မြတ်အား မေ့လျော့နေခြင်းသည် သေဆုံးခြင်းနှင့် တူနေပေလိမ့်မည်။ အရှင်မြတ်အား မေ့လျော့လျှက်နေမည်ဆိုပါက လောက၌ရှိရှိသမျှသော စည်းစိမ်အရသာအမျိုးမျိုးတို့သည် ထိုသူ့အတွက် မည်သို့မျှ စွဲဆောင်မှုပေးနိုင်တော့မည်မဟုတ်ပါ။ အလ္လာဟ်အရှင်မြတ်အား ကျေးဇူးမတင်ရမခြင်း မည်သည့်စည်းစိမ်ကိုမျှ စည်းစိမ်ဟုပင် ထင်မှတ်တော့မည်မဟုတ်ပေ။ အရှင်မြတ်အား တသ သတိရနေလျှက် တည်ငြိမ်အေးချမ်းနေသော စိတ်နှလုံးသားကိုပင် နဖ်စေမုသ်မအင်န်နားဟ်ဟု ခေါ်လေသည်။ ဆိုလိုသည်မှာ နဖ်စေအမ္မာရဟ်နှင့် နဖ်စေလောဝ်ဝါမာတို့ကြောင့် ဖြစ်ပေါ်ခံစားနေရသည့် မတည်မငြိမ်မှုများ၊ မခံမရပ်နိုင်ဖြစ်မှုများသည် အရှင်မြတ်အား အောက်မေ့တသ သတိရလိုက်သောအခါ တည်ငြိမ်အေးချမ်းမှုနှင့် ပြောင်းလဲသွားခြင်းပင်ဖြစ်သည်။ ၎င်းပြင် အရှင်မြတ်အား တသသတိရခြင်းတွင် မြဲမြံစွာရပ်တည်သွားနိုင်ပေလိမ့်မည်။ သို့ဆိုလျှင် ၎င်းစိတ်အား နဖ်စေမုသ်ွမအင်န်နားဟ်ဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။

အလ္လာဟ်မာဟ်ကာဇီစနာအွလ္လာဟ် ပါနီပသီသခင်ကြီးက သဖ်စီးရေ့မဇ်ွဟရီကျမ်းတါင် မိန့်ဆိုထားသည်မှာ အလ္လာဟ်အရှင်မြတ်ကိုသာ အမြဲမပြတ်သတိရတသနေလျှက် အရှင်မြတ်၏ အမိန့်နာခံမှုအတွင်း၌သာ ပျော်မွေ့တည်ငြိမ်အေးချမ်းလျှက်ရှိသောစိတ်ကို နဖ်စေမုသ်ွမအင်န်နားဟ်ဟု ခေါ်ပေသည်။ ပမာဆိုသော် ငါးဟူသောသတ္တဝါသည် ရေအတွင်း၌သာ ရှင်သန်ပျော်မွေ့လေ့ရှိသည်။ အကယ်၍ ၎င်းတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်စုံတစ်ရာသည် ရေပြင်သို့ရောက်ရှိနေပါက မုချသေလုမြောပါးခံစားရပေမည်။ ထို့ကြောင့်ငါးသည် ရေထဲ၌ရှိနေလျှက် တည်ငြိမ်အေးချမ်းရှိနေသကဲ့သို့ပင် မုအ်မင်န်၏ ခေါင်းအစခြေအဆုံး အစိတ်အပိုင်းအားလုံးသည်လည်း အရှင်မြတ်အား သတိရ တသနေခြင်း၌သာ ပျော်ဝင်နေလျှက် တည်ငြိမ်အေးချမ်းမှုကို ရယူရန်အရေးကြီးသည်။ အကယ်၍ မိမိခန္ဓာကိုယ်အစိတ်အပိုင်းတခုခုသည် ဖီဆန်ခြင်းအမှု၌ နစ်မြောပါဝင်သွားသော် ငါးသည် ရေနှင့်ကင်းကွာသွားသကဲ့သို့ သေလုမျောပါးခံစားရပေမည်။

ဗိဇိက်ရိလ္လာဟ် ဟူသောစာပိုဒ်အား အပေါ်ယံအဓိပ္ပာယ်ဖွင့်ဆိုရမည်ဆိုပါက အရှင်မြတ်အား သတိရတသခြင်းဖြင့်ဟု အဓိပ္ပာယ်ရသော်လည်း စင်စစ်မှာမူ ဖီဇိက်ရိလ္လာဟ် အရှင်မြတ်အားသတိရတသခြင်း၌ ဟု အဓိပ္ပာယ်ရပေသည်။ ဆိုလိုသည်မှာ သတိရတသခြင်းအမှုအတွင်းသို့ ထဲထဲဝင်ဝင် နက်ရှိုင်းစွာ နစ်မျောစီးဝင်ရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် နဖ်စေမုသ်ွမအင်န်နားဟ်သည် အရှင်မြတ်သခင်အား အောက်မေ့တသ သတိရခြင်းဟူသော ကိစ္စရပ်၌ နစ်မျောစီးဝင်သောစိတ်အစုံကို ခေါ်ဆိုပေသည်။အဘယ်မျှစီးဝင်နေသနည်းဆိုသော် ၎င်းစိတ်နှလုံးသားပိုင်ရှင်သည် ခမ်းနားထည်ဝါ ကြီးကျယ်လွန်းလှပါသည်ဆိုသော ထီးနန်းစည်းစိမ်များ၊ ရာထူးဂုဏ်ရှိန် ဥစ္စာဓနများကိုပင် စိုးစဉ်းမျှ မက်မောနေတော့မည်မဟုတ်။ အချုပ်အားဖြင့်ဆိုရသော် နဖ်စေမုသ်ွမအင်န်နားဟ်ဆိုသည်မှာ သိမ်ဖျဉ်းယုတ်ညံ့သောစိတ်အဖြစ်မှ ကောင်းမြတ်တည်ငြိမ်သောစိတ်အဖြစ်သို့ ကူးပြောင်းသွားခြင်း၊ တစ်နည်းဆိုရသော် အမိန့်ဖီဆန်ခြင်းပြုရန် သိမ်းသွင်းစည်းရုံးခြင်းခံရသောဘဝမှ လွတ်မြောက်၍ ထာဝရအေးချမ်းတည်ငြိမ်သောဘဝသို့ ကူးပြောင်းရောက်ရှိသွားသော စိတ်နှလုံးသားကို ခေါ်ဆိုပေသည်။

(၄) နဖ်စေရာဇွီယဟ်

နဖ်စေရာဇွီယဟ်ဆိုသည်မှာ လူသား၏ဘဝသက်တမ်းကုန်ဆုံးချိန်သို့ရောက်လာသောအခါ ခန္ဓာကိုယ်မှ ဝိဉာဉ်မထွက်မီ အရှင်မြတ်ဘက်တော်မှ " ယာအိုင်ယ်ယသုဟန်(န်)နဖ်စုလ် မုသ်ွမအင်န်နားဟ် အိရ်ဂျေအီ အိလာရဗ်ဗိကိ ရာဒွိရသမ်မရ်ဒွီးယားဟ်"

"အို ငါအရှင်မြတ်အား အမြဲမပြတ်သတိရလျက် အစဉ်အမြဲပျော်ရွှင်အေးချမ်းတည်ငြိမ်လျှက်ရှိသော နှလုံးသားပိုင်ရှင်၊ အသင်၏ အရှင်မြတ်ဘက်တော်သို့ ပြန်လာလော့။ ယခုအသင့်အား စမ်းသပ်မှုပြီးဆုံးခဲ့လေပြီ။ ထို့ကြောင့် ယခုစမ်းသပ်ခံနေရာ(စာမေးပွဲခန်း)မှ ပြန်လာလော့။ မိမိအား ဖန်ဆင်းမွေးမြူစောင့်ရှောက်တော်မူသော အရှင်မြတ်ဘက်တော်သို့ ပြန်လာလေလော့" ဟု မိန့်ကြားတော်မူလိမ့်မည်။ အရဗီဘာသာစကား၌ အိရ်ဂျေအီသည် အမိန့်ပေးကြိယာဖြစ်သည်။ ပြန်လာပါဟု အဓိပ္ပာယ်ရသည်။ ယင်းကြိယာပုဒ်သုံးနှုံးထားခြင်းဖြင့် ကျွန်ုပ်တို့သည် ယခုစာမေးပွဲဖြေဆိုလျှက်ရှိနေကြသည်။ ဤဒွန္ဒယာလောကသည် ကျွန်ုပ်တို့အတွက် စာမေးပွဲခန်းပင်ဖြစ်သည်ဟု သိရှိရပေသည်။ အချုပ်ဆိုရသော် နဖ်စေရာဇွီယဟ်ဆိုသည်မှာ အရှင်မြတ်သခင်၏ ရက်ရောစွာပေးကမ်းချီးမြှင့်ထားသော စည်းစိမ်များကြောင့် ကျေနပ်ပျော်ရွှင်လျှက်ရှိသောစိတ်အစုံကို ခေါ်ဆိုပေသည်။

(၅)။ နဖ်စေမရ်ဇွီယဟ် 

နဖ်စေမရ်ဇွီယဟ်ဆိုသည်မှာ အရှင်မြတ်ကျေနပ်နှစ်သက်ခြင်းခံရသော စိတ်ကို ခေါ်ဆိုပေသည်။ ဤနေရာ၌ အလ္လာဟ်အရှင်မြတ်သည် ရာဇွီဆိုသောစာပိုဒ်အား အရင်မိန့်ကြားတော်မူ၍ ဗန်ဒဟ်၏ ပျော်ရွှင်ကျေနပ်ခြင်းကို ဦးစားပေးရှေ့တန်းတင် မိန့်ကြားထားပေသည်။ ထို့နောက်တွင်မူ မရ်ဇွီယဟ်စာပိုဒ်အားမိန့်ကြား၍ မိမိ၏ပျော်ရွှင်ကျေနပ်မှုအား နောက်၌ထား၍ မိန့်ထားပေသည်။ စင်စစ်ကျွန်ုပ်သည် အရှင်သခင်ထက်နိမ့်ကျသကဲ့သို့ ကျွန်ုပ်၏ပျော်ရွှင်နှစ်သက်မှုသည်လည်း သခင်၏ ပျော်ရွှင်နှစ်သက်မှုထက် နိမ့်ကျသည်မှာ အထင်အရှားပင်ဖြစ်သည်။ ထိုသို့အရှင်မြတ်၏ ကျေနပ်နှစ်သက်ခြင်းသည် မြင့်မြတ်နေပါလျက် အဘယ့်ကြောင့်နောက်၌ထား၍ မိန့်ကြားထားရပါသနည်းဆိုသော် နိမ့်ရာမှ မြင့်ရာသို့လှမ်းတက်ရသည့် သဘောတရားအတိုင်းပင်ဖြစ်သည်။ ပမာဆိုရသော် တက္ကသိုလ်ဝင်တန်းသို့ တက်ရောက်ပြီးမှသာ တက္ကသိုလ်အဆင့်သို့ ရောက်ရှိသကဲ့သို့ပင် ဖြစ်ပေသည်။ နောက်တနည်း ပမာပေးရသော် အကြီးနှင့် အငယ်ယှဉ်လာသည့်အခါ အကြီးသည် အငယ်အား ဦးစားပေးငှဲ့ညှာတတ်သည့် သဘောသဘာဝရှိပေသည်။ ဖခင်ဖြစ်သူသည် မိမိ၏သားငယ်အား မုန့်ပေး၍ ပျော်ရွှင်စေပြီး မိမိပျော်ရွှင်မှုထက် သားငယ်၏ပျော်ရွှင်မှုအား ဦးစားပေးသကဲ့သို့ပင် အရှင်မြတ်သည်လည်း ဗန်ဒဟ်၏ပျော်ရွှင်မှုကို ဦးစားပေးရှေ့တန်းတင် မိန့်ဆိုထားခြင်းဖြစ်ပေသည်။

နဖ်စ်အား မည်သို့ပြုပြင်တည့်မတ်ရမည်နည်း

နဖ်စ်အား အောင်မြင်စွာအနိုင်ယူချိုးနှိမ်ပစ်ရန် အကောင်းဆုံးနည်းလမ်းစနစ်ပုံစံမှာ

(၁) အလ္လာဟ်အချစ်တော် ဝလီသူတော်စဉ်တစ်ပါးပါးထံတွင် မိမိကိုယ်မိမိ ဝကွပ်အပ်နှံပစ်လိုက်ရမည်။

(၂) သူတော်စင်ဆရာသခင်ဖက်မှ ရွတ်ဖတ်ရန်သတ်မှတ်ပေးထားသော ဇိကိရ်များကို အာရုံတစိုက် မပျက်မကွက်ဖတ်နေရမည်။

(၃) ဂုနာဟ်အပြစ်ဟူသ၍မှ ရာနှုံးပြည့်ရှောင်ကြဉ်လျက်ရှိနေရမည်။

(၄) ဂုနာဟ်ဖြစ်ပေါ်လာနိုင်စရာ အကြောင်းခံများမှလည်း အထူးတလည် ရှောင်ကြဉ်လျက်ရှိနေရမည်။

(၅) ကိုယ်တော်မြတ် (ဆွလ္လားဟုအလိုင်ဟိဝစလ္လမ်)၏ စွန္နသ်လမ်းစဉ်အပေါ် မြဲမြံခိုင်မာစွာ ရပ်တည်လျက် ကျင့်ဆောင်အကောင်အထည်ဖော်ရမည်။

(၁) အလ္လာဟ်အချစ်တော် ဝလီသူတော်စဉ်တစ်ပါးပါးထံတွင် မိမိကိုယ်မိမိ ဝကွပ်အပ်နှံပစ်လိုက်ရမည်။

မိမိနှင့်သင့်တော်ရာ မိမိစိတ်အားထက်သန်ရာ သူတော်စင်တစ်ပါးပါး၏ထိုင်ဝိုင်းကို သေချာကျနစွာရွေးချယ်ပါ။ ၎င်းသူတော်စင်ဆရာသခင်၏ထံပါး၌ အတူရှိနေလျှက် မိမိနဖ်စ်ကို ချိုးနှိမ်နိုင်ရန် ကြိုးစားအားထုတ်ပါ။ အမျိုးသမီးများအတွက်မူ ထိုဆရာသခင်၏ ဩဝါဒမိန့်မှာချက်များအား ဂရုတစိုက်နားထောင်မှတ်သားပြီး ဆရာသခင်ရေးသားထားသော စာအုပ်စာပေများကို အစဉ်တစိုက်ဖတ်ရှုလျက်နေပါ။ သို့မှာသာ အမျိုးသားများနည်းတူ အမျိုးသမီးများလည်း သောတအာရုံဖြင့် အကျိုးခံစားခွင့်ရရှိပေလိမ့်မည်။ စကားလုံးများ၏အကြောင်းခံဖြင့် သောတအာရုံမှတဆင့် နှလုံးသားထဲသို့ အကျိုးထူးအကျိုးမြတ်များ စီးဝင်ရောက်ရှိလာပေလိမ့်မည်။ ထိုမှတဆင့် တဖြည်းဖြည်းတရွေ့တရွေ့တိုးတက်လာမည်မှာ သူတော်စင်မကြီး ရာဗိအဟ်ဗတ်ဆ်ွရီယဟ်သခင်မကြီးကဲ့သို့ပင် ဖြစ်သွားနိုင်ပေမည်။ (အင်န်ရှာအလ္လာဟ်)

ဟဇရသ်ဂျလာလွဒ်ဒီးန်ရူမီး(ရဟ)သခင်ကြီး မိန့်တော်မူထားသည်မှာ အလ္လာဟ်အချစ်တော်များထံ ချဉ်းကပ်ခစား၍ မိမိစိတ်ရိုင်း၏ တောင်းဆိုမှုများအား အောင်မြင်စွာချိုးနှိမ်ပစ်ရန် ကြိုးပမ်းပါ။ စိတ်ရိုင်းမှ တောင်းဆိုလျက်ရှိနေသော ဆိုးရွားလှသည့်ရမက်များအား လုံးဝကျောခိုင်းစွန့်လွှတ်ပစ်ရန် အားထုတ်ပါ။ တပ်မက်ရန်မသင့်သော စိတ်အလိုရမက်များ၏ ညှို့ယူခံနေရခြင်းမှ လွတ်မြောက်မှုရရန် လေ့ကျင့်အားထုတ်လျက် သာယာလှပသော အနာဂတ်လာကသစ်တစ်ခုစီသို့ လျှောက်လှမ်းပါ။ လှပသော အနာဂတ်လောကသစ်တစ်ခု ဖန်တီးပါ။ မလျော်ကန်သော ရမက်ဆန္ဒများအား ချိုးနှိမ်ပစ်လိုက်ရမည်ဆိုပါက မိမိဘဝတွင် ကြည်နူးပျော်ရွှင်ဖွယ်ရာ တစ်ခုမျှပင် ကျန်တော့မည်မဟုတ်ဟု မထင်မှတ်လိုက်လေနှင့်။ ဦးစွာ အသင်၏ နဖ်စ်အား ချိုးနှိမ်ပစ်လိုက်ပါ။ သို့မှသာ စစ်မှန်သောပျော်ရွှင်မှုများစွာဖြင့် အသင့်ဘဝနှင့် အနာဂတ်သည် ရှင်သန်လန်းဆန်းလာမည်မှာ အမှန်ပင်ဖြစ်သည်။ တဆက်တည်းမှာပင် အနာဂတ်လောကသစ်တစ်ခုသည်လည်း ပီပြင်စွာရုပ်လုံးပေါ်လာပေလိမ့်မည်။ ဆိုလိုသည်မှာ အသင်ကိုယ်တိုင် အရှင့်အချစ်တော်သူတော်စင်တစ်ပါး မုချဖြစ်သွားပေလိမ့်မည်။ အသင့်၏ ဗရကသ်ဖြင့် သိန်းပေါင်းများစွာသော အရှင့်အချစ်တော် သူတော်မွန် သူတော်မြတ်များ ပေါ်ပေါက်လာနိုင်စရာအကြောင်းရှိပေသည်။ မိမိ၏ နဖ်စ်ကိုချိုးနှိမ်မှသာ အလွန်လှပသော ဘဝသစ်တစ်ခု ပေါ်ပေါက်လာပေလိမ့်မည်။

(၂) သူတော်စင်ဆရာသခင်ဖက်မှ ရွတ်ဖတ်ရန်သတ်မှတ်ပေးထားသော ဇိကိရ်များကို အာရုံတစိုက် မပျက်မကွက်ဖတ်နေရမည်။

ဆရာသခင်ဘက်မှပေးသော ဇိကိရ်များအား အမြဲမပျက်မကွက်ဖတ်ရွတ်လျက်နေပါ။ သို့သော် ဇိကိရ်တော်များကို အကြိမ်အရေအတွက်များပြားခြင်းကြောင့် မပြုနိုင်လျှင် လျော့၍ပြုပါ။ ပမာဆိုသော် အကြိမ် ၁ဝဝ မဖတ်နိုင်ပါက ၁ဝ ကြိမ်ခန့်ဖတ်လိုက်ပါ။ ပျက်ကွက်ခြင်းအလျဉ်းမပြုပါနှင့်။

(၃) ဂုနာဟ်အပြစ်ဟူသ၍မှ ရာနှုံးပြည့်ရှောင်ကြဉ်လျက်ရှိနေရမည်။

မိမိထံမှ ဂုနာအပြစ်တခုခုမဖြစ်ပေါ်စေရန်နှင့် မိမိကိုယ်တိုင်လည်း ဂုနာဟ်ပြစ်မှုများမှ ကင်းဝေးစွာရှောင်ကြဉ်၍ နေထိုင်ရန် အထူးသတိထားဆောင်ရွက်ရပေမည်။

(၄) ဂုနာဟ်ဖြစ်ပေါ်လာနိုင်စရာ အကြောင်းခံများမှလည်း အထူးတလည် ရှောင်ကြဉ်လျက်ရှိနေရမည်။
အဘယ့်ကြောင့်ဆိုသော် လောက၌ ဂုနာအကုသိုလ်များ ဖြစ်ပေါ်စေနိုင်သောနေရာများနှင့် အကြောင်းခံများ အလွန်များပြားလှသည့်အတွက်ကြောင့် လွယ်ကူစွာပြစ်မှုများဖြစ်ပေါ်နိုင်လေသည်။ ထို့ကြောင့် ထိုပြစ်မှုကိစ္စရပ်များမှ ရှောင်ရှားနေထိုင်ရန် အရေးကြီးပေသည်။ အချို့နေရာများ၌ ရှောင်ရှားနေရခြင်းကြောင့် လောကအမြင်ဖြင့် ဆုံးရှူံးခံရမည်ဆိုသော် ခံယူလိုက်ပါ။ သို့သော် အရှင်မြတ်၏ စိတ်ဆိုးမှုကို မခံယူပါနှင့်။

(၅) ကိုယ်တော်မြတ် (ဆွလ္လားဟုအလိုင်ဟိဝစလ္လမ်)၏ စွန္နသ်လမ်းစဉ်အပေါ် မြဲမြံခိုင်မာစွာ ရပ်တည်လျက် ကျင့်ဆောင်အကောင်အထည်ဖော်ရမည်။

ကိုယ်တော်မြတ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ လမ်းစဉ်အပေါ် မြဲမြံခိုင်မာစွာ ရပ်တည်လျက်နေပါ။ ဤသည်မှာ အစ္စလာမ့်တရားတော်မြတ်နှင့် အရှင့်အချစ်တော်တို့၏ လမ်းစဉ်အတွက် မရှိမဖြစ်အသက်သွေးကြောပင်ဖြစ်သည်။ ထို့အပြင် အလ္လာဟ်အရှင်မြတ်၏အချစ်တော်ဖြစ်စေရန် အလွယ်ကူဆုံးနှင့် အနီးစပ်ဆုံးလမ်းစဉ်လည်းဖြစ်ပေသည်။

အလ်မုဖီးဒ်


သယမုမ်နှင့်သက်ဆိုင်သည့် ပညတ်ချက်များ (၃)

(( ဆက်လက် တင်ပြခြင်းဖြစ်ပါသည် ...... ))
ပညတ်ချက် (၂၁)။ ကြေးဖြင့်ပြုလုပ်ထားသည့် ပန်းကန်၊ ခွက်၊ ခေါင်းအုံး၊ အိပ်ယာခင်း၊ အဝတ်၊ ပိတ်စ အစရှိသည်တို့ဖြင့် သယမုမ်ပြုခွင့်မရှိပေ။ သို့သော် ထိုအရာများအပေါ်တွင် လက်ဖြင့်ရိုက်လိုက်ပါက ဖုန်မှုန့်များ ပြန်ခါထွက်လာပြီး လက်ဖဝါးနှစ်ဖက်လုံးအပေါ် ဖုန်များလူးပေသွားနိုင်သည်အထိ ဖုန်ရှိနေလျှင် သယမုမ်ပြုခွင့်ရှိသည်။ ဖုန်အနည်းငယ်သာရှိလျှင် သယမုမ်ပြုခွင့်မရှိပေ။ မြေအိုး၊ မြေရေတကောင်း၊ စသည့်မြေဖြင့်ပြုလုပ်ထားသည့် အိုးခွက်တို့အပေါ်မှလည်း သယမုမ်ပြုခွင့်ရှိသည်။ ထိုအရာများထဲတွင် ရေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ။ သို့သော် စဥ့်ရည်၊ အရောင်တင်ဆီ စသည့် အရည်တစုံတရာ သုတ်လိမ်းထားခြင်း မရှိရပေ။ သုတ်လိမ်းထားပါက သယမုမ်ပြုခွင့်မရှိပါ။

ပညတ်ချက် (၂၂)။ ကျောက်တုံး၊ ကျောက်ခဲအပေါ်တွင် ဖုန်လုံးဝမရှိသည့်အခါတွင်လည်း ထိုကျောက်ဖြင့် သယမုမ်ပြုခွင့်ရှိသည်။ ထို့အတူ ရေဖြင့်ကောင်းစွာဆေးထားပါကလည်း သယမုမ်ပြုခွင့်ရှိပေသည်။ လက်အပေါ်ဖုန်ပေကပ်ရန် အရေးမကြီးပါ။ ဤအတိုင်းပင် အုတ်ကျက် အပေါ်မှလည်း သယမုမ်ပြုခွင့်ရှိသည်။ ဖုန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ။

ပညတ်ချက် (၂၃)။ ရွှံဖြင့် သယမုမ်ပြုပိုင်သော်လည်း မသင့်လျော်ပေ။ အကယ်၍ ရွှံမှအပ တခြားအရာမရရှိပါက ဤကဲ့သို့ပြုလုပ်ပါ။ မိမိ၏ အဝတ်အစားပေါ်တွင် ရွှံများသုတ်လိမ်းလိုက်ပါ။ ထိုရွှံခြောက်သွားသော်အခါမှ သယမုမ်ပြုလိုက်ပါ။ သို့သော် ရွှံခြောက်သည်အထိစောင့်ဆိုင်းပါက နမားဇ်အချိန် ကဇွာဖြစ်သွားမည်စိုးရိမ်ရလျှင် ရှိသည့်အခြေအနေအတိုင်းပင် သယမုမ်ပြုလိုက်ပါ။ နမားဇ်ကို ကဇွာမပြုပါနှင့်။

ပညတ်ချက် (၂၄)။ မြေပေါ်တွင် ကျင်ငယ် အစရှိသည့် မသန့်သည့်အရာများပေကျံနေသည်။ သို့သော် နေရောင်ကြောင့် ခြောက်သွေ့ပြီး အနံအသက်လည်း မရှိတော့ပါက ထိုမြေသည် သန့်ပေသည်။ ထိုနေရာတွင် နမားဇ်ဝတ်ပြုခွင့်ရှိသည်။ သို့သော် ယင်းမြေဖြင့် သယမုမ်ပြုခွင့်မရှိပါ။ သယမုမ်ပြုခွင့်မရှိခြင်းဟူသည် ထိုမြေနေရာက ယင်းသို့မသန့်ဖြစ်ထားသည်ကို သိရှိထားမှသာလျှင်ဖြစ်သည်။ သိရှိထားခြင်းမရှိပါက မည်သည့်သံသယမျှထားရန် မလိုအပ်ပေ။

ပညတ်ချက် (၂၅)။ ဝုဇူပြုခြင်း၏ အစားတွင် သယမုမ်ပြုခွင့်ရှိသလို ရေချိုးခြင်းကို မတတ်စွမ်းနိုင်သည့် အခါတွင်လည်း သယမုမ်ပြုခွင့်ရှိသည်။ ဤအတိုင်းပင် အမျိုးသမီးအနေဖြင့် ရာသီသွေးကာလပြီးဆုံးသွားခြင်း၊ မီးတွင်းသွေး ပြီးဆုံးသွားသည့်အခါ ရေချိုးရန် အခက်အခဲရှိပါက သယမုမ်ပြုခွင့်ရှိသည်။ (ရေကိုမသုံးစွဲနိုင်ခြင်း၏ စည်းကမ်းချက်တို့နှင့်ကိုက်ညီရပေမည်။) ဝုဇူနှင့် ဂုစူလ်၏ သယမုမ်ပြုနည်းမှာ နည်းစနစ်တစ်ခုတည်းပင်ဖြစ်သည်။

ပညတ်ချက် (၂၆)။ သင်ကြားပေးရန်အတွက် သယမုမ်ပြုလုပ်ပြသည်။ စိတ်ထဲတွင် မိမိအတွက် သယမုမ်ပြုလုပ်သည်ဟု ရည်စူးထားခြင်းမရှိ။ သင်ကြား၊ ပြသရန်အတွက်သာ ရည်ရွယ်သည်။ သို့ဆိုလျှင် ထိုသူ(သင်ကြားပေသူ) အတွက် သယမုမ်အထမမြောက်ပေ။ သယမုမ်အထမြောက်ရန် ရည်စူးချက်သည် ဖရ်ဇ်ဖြစ်သည်။ မိမိအတွက် သယမုမ်ပြုလုပ်သည်ဟု ရည်စူးချက်မရှိဘဲ တခြားသူအား သင်ကြားပြသပေးသည့် ရည်ရွယ်ချက်သာရှိလျှင် သယမုမ်အထမမြောက်ပါ။

ပညတ်ချက် (၂၇)။ သယမုမ်ပြုလုပ်သည့်အချိန် စိတ်ထဲမှ " ကျွန်ုပ်သည်သန့်ရှင်းမှု ရရန်အတွက် သယမုမ်ပြုပါသည်။ (သို့) နမားဇ်ဝတ်ပြုရန်အတွက် သယမုမ်ပြုပါသည်။" ဟု ရည်စူးခြင်းဖြင့် လုံလောက်သည်။ သယမုမ် အတည်ဖြစ်သည်။ ဝုဇူ၏အစား၊ ရေချိုးခြင်း၏အစား သယမုမ်ပြုပါသည်ဟု ရည်စူးရန်မလိုအပ်ပေ။

ပညတ်ချက် (၂၈)။ ကုရ်အာန်ကိုင်တွယ်ရန်အတွက် ပြုလုပ်ထားသော သယမုမ်ဖြင့် နမားဇ်ဖတ်ခွင့်မရှိပါ။ နမားဇ်တစ်ကြိမ်အတွက် ပြုလုပ်ထားသော သယမုမ်ဖြင့် နောက်ထပ်နမားဇ်ဖတ်ခွင့်ရှိသည်။ ထိုသယမုမ်ဖြင့် ကုရ်အာန်ကိုလည်း ကိုင်တွယ်ခွင့်ရှိသည်။

ပညတ်ချက် (၂၉)။ ရေချိုးခြင်း၊ ဝူဇူပြုခြင်း နှစ်မျိုးစလုံးဝါဂျိဗ်ထိုက်နေသူအတွက် နှစ်ခုလုံး၏အစား သယမုမ်တစ်ကြိမ်ပြုလျှင် လုံလောက်ပေသည်။ နှစ်ခုအတွက် သီးခြားစီသယမုမ်ပြုရန် မလိုအပ်ပေ။

ပညတ်ချက် (၃၀)။ သယမုမ်ပြုလုပ်၍ နမားဇ်ဝတ်ပြုလိုက်သည်။ ပြီးနောက် နမားဇ်အချိန်မကုန်ဆုံးမီမှာပင် ရေရရှိလာသည်ဆိုလျှင် နမားဇ်ကိုပြန်လည်ဝတ်ပြုရန် ဝါဂျိဗ်မဖြစ်ပေ။ သယမုမ်ဖြင့်ဖတ်ခဲ့သည့် နမားဇ်သည်မှန်ကန်ပေသည်။

ပညတ်ချက် (၃၁)။ ရေရှိသည့်နေရာသည် ရှရ်အီတစ်မိုင်ထက်မဝေးပေ။ သို့သော်နမားဇ်အချိန်ကုန်ရန် အလွန်နီးကပ်နေသည်။ ရေယူရန်သွားပါက နမားဇ်ကဇွာဖြစ်သွားမည်ကို စိုးရိမ်ပြီး သယမုမ်ပြုခွင့်မရှိပေ။ ရေရအောင်သွားယူရမည်။ ထို့နောက် ကဇွာနမားဇ်ဖတ်ရမည်။

ပညတ်ချက် (၃၂)။ ရေရှိပါလျှက် ရေကိုသုံးစွဲနိုင်ပါလျှက် ကုရ်အာန်ကျမ်းမြတ်ကိုင်တွယ်ရန် သယမုမ်ပြုခွင့်မရှိပါ။

ပညတ်ချက် (၃၃)။ အချိန်အနည်းငယ်စောင့်ဆိုင်းလျှင် ရေရနိုင်မည်ဟု မျှော်လင့်ရပါက အကောင်းဆုံးပုံစံမှာ နမားဇ်ကို ပထမဦးဆုံးမုစ်သဟဗ်အချိန်တွင် ဝတ်မပြုပါနှင့်။ ရေရသည်အထိ စောင့်ပါ။ သို့သော် မက္ကရူးဟ်အချိန်အထိ မရောက်ရှိစေပါနှင့်။ ရေရသည်အထိမစောင့်ပဲ ပထမဆုံးအချိန်မှာပင် ဝတ်ပြုလိုက်ပါကလည်း နမားဇ်ပိုင်ပေသည်။

ပညတ်ချက် (၃၄)။ ရေသည် အနီးအနား၌ပင်ရှိနေသည်။ ရေသွားယူပါက ကား၊ ရထားထွက်သွားမည်ကို စိုးရိမ်ရသည်။ ထိုအခြေအနေမျိုးတွင်လည်း သယမုမ်ပြုခွင့်ရှိသည်။ (ဥပမာ ကားဖြင့်သွားရာတွင် ခရီးတထောက်ရပ်နားသည်။ ရထားသည် ဘူတာတစ်ခုခုတွင်ရပ်လိုက်သည်။ ထိုအခါ မိမိအနေဖြင့် ရေရှိသည့်နေရာသို့သွား၍ ရေယူသည့်အချိန် ကား၊ ရထားတို့ ပြန်လည်ထွက်ခွာသွားမည်ကို စိုးရိမ်ရပါက ထိုအခါ သယမုမ်ပင်ပြုလိုက်ပြီး နမားဇ်ဖတ်နိုင်သည်ကို ဆိုလိုပါသည်။) မြွေအစရှိသည့် အသက်အန္တရာယ်ပြုမည့် အရာများကြောင့် ရေကိုရယူနိုင်ခြင်း မရှိပါကလည်း ထိုအခြေအနေတွင် သယမုမ်ပြုခွင့်ရှိပေသည်။

ပညတ်ချက် (၃၅)။ ခရီးဆောင်ပစ္စည်းများနှင့်အတူ ရေကိုထား ထားသည်။ ရေရှိနေသည်ကို သတိမရဘဲ သယမုမ်ဖြင့် နမားဇ်ဝတ်ပြုလိုက်သည်။ ပြီးမှ မိမိ၏ ပစ္စည်းများနှင့်အတူ ရေရှိသည်ကိုသတိရလျှင် သယမုမ်ဖြင့် ဖတ်ခဲ့သောနမားဇ်ကို ပြန်ဖတ်ရန် ဝါဂျိဗ်မဖြစ်ပေ။

သယမုမ်ပျက်စေသည့်အချက်များ
ပညတ်ချက် (၃၆)။ ဝုဇူပျက်စေသည့်အချက်အားလုံးဖြင့် သယမုမ်လည်း ပျက်ပေသည်။ ထို့အတူ ရေသုံးစွဲနိုင်ခြင်းကြောင့်လည်း သယမုမ်ပျက်စေသည်။ ဤအတိုင်းပင် သယမုမ်ပြု၍ (ခရီးတွင်) ရှေ့ဆက်သွားရာ ရှရ်အီတစ်မိုင်အတွင်း ရေတွေ့ရှိခြင်းဖြင့်လည်း သယမုမ်ပျက်သွားပေသည်။

ပညတ်ချက် (၃၇)။ ဝုဇူအတွက်ပြုထားသောသယမုမ်သည် ဝူဇူပြုနိုင်သည်ခန့်ရေရရှိပါက သယမုမ်ပျက်မည်။ ဂုစုလ်၏အစားဖြစ်မူ ဂုစုလ်ပြုနိုင်သည်ခန့် ရေရရှိလျှင် သယမုမ်ပျက်၏။ ရေအနည်းငယ်သာရရှိခြင်းဖြစ်ပါက သယမုမ်မပျက်ပေ။ (ဝုဇူပြုနိုင်သည်ခန့်၊ ဂုစုလ်ပြုနိုင်သည်ခန့်ဟု ဆိုရာဝယ် ဖရ်ဇ်အချက်ကို လုပ်ဆောင်နိုင်သည်ကို ဆိုလိုသည်။ ဝုဇူ၏ ဖရ်ဇ် လေးချက်ကို တစ်ကြိမ်ဆီဆေးကြောနိုင်လျှင် ဝုဇူပြုနိုင်သည်ဟု မှတ်ယူမည်။ ခန္ဓာကိုယ်တစ်ခုလုံး ဆံချည်မျှင်တစ်မျှင်မကျန် ရေတစ်ကြိမ်ချိုးနိုင်လျှင် ဂုစုလ်အတွက် လုံလောက်သည်ဟု မှတ်ယူမည်။)

ပညတ်ချက် (၃၈)။ လမ်းခရီးတွင် ရေရသည်။ သို့သော် သယမုမ်ပြုထားသူသည် ရေရသည်ကို မသိရှိပေ။ ထို့အတူ ၎င်းရောက်နေသည့်နေရာတွင် ရေရရှိနေသည်ကိုလည်း မသိရှိမူ ထိုသူ့၏ သယမုမ်မပျက်ပေ။ ဤအတိုင်းပင် လမ်းခရီးတွင် ရေရရှိသည်။ ရေရသည်ကိုလည်းသိရှိသွားသည်။ သို့သော် ကား၊ ရထား အစရှိသည့် စီးနင်းနေသည့်ယာဉ်မှ ဆင်းသက်ရန် အခွင့်အရေးမရပါကလည်း ထိုသူ့၏ သယမုမ်မပျက်ပေ။

ပညတ်ချက် (၃၉)။ ကျန်းမာရေးချို့ယွင်းမှုကြောင့် သယမုမ်ပြုသည်။ ကျန်းမာမှုရရှိလာသည့်အခါ ရေချိုးခြင်း၊ ဝုဇူပြုခြင်းတို့က ထိခိုက်မှုမဖြစ်စေတော့သည့်အချိန်တွင် သယမုမ်ပျက်၏။ ဝုဇူ၊ ဂုစုလ်ပြုရန် ဝါဂျိဗ်ဖြစ်သည်။

ပညတ်ချက် (၄၀)။ ရေမရသည့်အတွက် သယမုမ်ပြုလိုက်သည်။ တဖန် ရေသုံးစွဲလျှင် ပိုမိုဆိုးရွားနိုင်သည့် ရောဂါမျိုးဖြစ်လာသည်။ ထိုရောဂါရရှိပြီးသည့်နောက်မှ ရေရရှိလာလျှင် ရေမရှိခြင်းကြောင့်ပြုလုပ်ထားသော သယမုမ်သည် ပျက်သွားမည်ဖြစ်သည်။ သယမုမ်အသစ်ပြန်လုပ်ရမည်။

ပညတ်ချက် (၄၁)။ ရေချိုးရန်ဝါဂျိဗ်ထိုက်နေသည့်အတွက်ကြောင့် ရေချိုးလိုက်သည်။ သို့သော် ခန္ဓာကိုယ်တစ်နေရာတွင် ရေမရောက်ရှိဘဲ ခြောက်သွေ့ပြီးကျန်နေခဲ့သည်။ ရေလည်းကုန်သွားပြီဖြစ်သည်။ ယခုထိုသူသည် သန့်ပြန်သူမဖြစ်သေးပေ။ ထို့အတွက်ကြောင့် သယမုမ်ပြုရမည်ဖြစ်သည်။ အကယ်၍ တစ်နေရာရာမှ ရေရရှိပါက ထိုခြောက်သွေ့နေသည့်နေရာကို ဆေးကြောလိုက်ပါ။ အစအဆုံး ရေပြန်ချိုးရန် မလိုအပ်ပါ။

ပညတ်ချက် (၄၂)။ (အပေါ်ပညတ်ချက်နှင့် တဆက်တည်းဖြစ်သည်။) ဝုဇူပျက်သွားပြီးသည့်နောက်မှ ရေရရှိလာသည်။ သို့ဆိုလျှင် ဦးစွာခြောက်သွေ့ကျန်ခဲ့သည့်နေရာကို ဆေးကြောလိုက်ပါ။ အကယ်၍ရေသည် ဝုဇူအတွက်သာလုံလောက်ပြီး ခြောက်သွေ့ကျန်ခဲ့သည့်နေရာကို ဆေးကြောရန်မလုံလောက်ပါက ဝုဇူသာလျှင်ပြုလိုက်ပါ။ ထိုနေရာအတွက် ဂုစုလ်၏ သယမုမ်သာပြုလိုက်ပါ။ အကယ်၍ ဂုစုလ်အတွက် သယမုမ်ကို ပြုပြီးဖြစ်ပါက ထပ်မံပြုလုပ်ရန်မလိုအပ်တော့ပေ။ ပထမပြုထားသည့် သယမုမ်သည် လုံလောက်ပါသည်။

ပညတ်ချက် (၄၃)။ အဝတ်အစား (သို့) ခန္ဓာကိုယ်သည် ညစ်ပေနေသည်။ ဝုဇူပြုရန်လည်း လိုအပ်နေသည်။ သို့သော် ရေအနည်းငယ်သာရှိပေသည်။ (နှစ်မျိုးလုံးပြုလုပ်ရန် မလုံလောက်ပေ။) သို့ဆိုလျှင် ခန္ဓာကိုယ်၊ အဝတ်အစား၏ ညစ်ပေမှုကို ဆေးကြောလိုက်ပါ။ ဝုဇူအစား သယမုမ်ပြုလုပ်ပါ။
*********
ကျမ်းကိုး။ ။ ဗဟစ်ရှ်သီးဇေဝရ်ကျမ်း(အခ်သရီ) ပထမတွဲ အခန်း(၂) စာ၊ ၆၆ မှ ၇၁
((အလ်မုဖီးဒ် မှ ဘာသာပြန်ဆိုသည် / အမှားအယွင်းနှင့် ချွတ်ချော်မှု တစုံတရာတွေ့ရှိပါက ဘာသာပြန်ဆိုသူ၏ အားနည်းမှုကြောင့်သာ ဖြစ်ပါသည်။ အီးမေးလ် (သို့) Page ချက်ဘောက်စ် မှ မေးမြန်းနိုင်ပါသည်။))
အလ်မုဖီးဒ်
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

သယမုမ်နှင့် သက်ဆိုင်သည့် ပညတ်ချက်များ (၂)

ဗိစ်မိလ္လာဟိရ်ရဟ်မာန်းနိရ်ရဟီးမ်
(မစာအိလ် မလေ့လာမီ သိရှိထားရမည့် အချက်အချို့)
ယခုတင်ပြမည့်အကြောင်းအရာသည် သယမုမ်ပိုင်းဆိုင်ရာ ပြုခွင့်ရှိခြင်း၊ မရှိခြင်း၊ သယမုမ်ပြုပိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ သာသနာမှပြသထားသည့် ပညတ်ချက်စည်းကမ်း နည်းလမ်းများကို တင်ပြမည်ဖြစ်ပါသည်။ ပညတ်ချက်ဟူသည် တနည်းဆိုရသော် ဥပဒေပင်ဖြစ်သည်။ ဥပဒေဟူသောဆောင်ပုဒ်အောက်၌ ရေးသားထားသောစာသားများသည် သာမာန်စာသား စာပေများနှင့် မတူညီပါ။ စာသားအဓိပ္ပာယ်၊ စကားလုံးသုံးစွဲပုံ အစရှိသည့်အရာတို့သည် နက်နဲပါသည်။ ထို့ကြောင့် ဥပဒေ၊ ပညတ်ချက်များပါဝင်သည့် အကြောင်းအရာတို့ကို ဖတ်ရှုမည်ဆိုပါက သာမာန်အကြောင်းအရာများပါဝင်သည့် စာပေများကဲ့သို့ မြန်ဆန်စွာနှင့် ရုပ်လုံးပေါ်လောက်ရုံသာ ဖတ်ရှုမည်ဆိုပါက နားလည်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် အကြံပေးလို့သည်မှာ မတ်စ်အလာ(ပညတ်ချက်)များကို ဖတ်ရှုလေ့လာမည်ဆိုပါက အေးဆေးစွာနှင့် အကြောင်းအရာ တစ်ခုကို နားလည်သဘောပေါက် မှတ်မိသည်အထိ နှစ်ကြိမ်၊ သုံးကြိမ်ဖတ်ရမည်။ မိမိနားလည်သည့်ပုံစံနှင့် မတ်စ်အလာမှပြသထားသည့် ပုံစံတို့ လွဲနေပါက စစ်မှန်သည့် အဲဟ်လေစွန္နသ်လမ်းစဉ်ကိုကျင့်သုံးပြီး မိမိနှင့် မဇ်ဟဗ်ခြင်းတူညီသည့် အာလင်မ်ကို မေးမြန်းပါ။
အောက်၌တင်ပြမည့် မတ်စ်အလာများတွင် အခြေအနေတစ်ခု၏ ပင်ရင်းအခြေအနေတို့ကို အခြေခံကာ ပညတ်ချက်များ ပြသထားခြင်းဖြစ်သည်။ ဥပမာ ရေတွင်းဟု အများဆုံးသုံးနှုန်းထားသည်။ ထို့အတူ ခရီးထွက်ခြင်းဟု ဆိုရာဝယ် တောလမ်းခရီးမှ ခြေကျင်လျှောက်သွားခြင်း၊ ခရီးသွားယာဉ်တွင် ရထား၊ အစရှိသည့် ပင်ရင်းပုံစံတို့ဖြင့် ပြသထားသည်။ ထို့ကြောင့် ရေတွင်းအမိန့်တွင် ယခုခေတ်၏ ရေစင်များ၊ ရေတိုင်ကီများ ပါဝင်သည်။ ခရီးထွက်ခြင်းတွင် ခရီးထွက်သည့် ပုံစံအားလုံးကိုဆိုလိုသည်။ ရထားခရီးစဉ်ဟု ဆိုထားခြင်းတွင် ရထား၊ ကား၊ လေယာဉ် စသည့် စီးနင်းနိုင်သည့်ယာဉ်အားလုံးကိုဆိုလိုပါသည်။
အောက်၌တင်ပြထားသည့် မတ်စ်အလာ အမိန့်ပညတ်ချက်တို့တွင် ဖတ်ရှုသူအနေဖြင့် နားမလည်၊ သဘောမပေါက်ခြင်း၊ မိမိဖြစ်ပေါ်နေသည့်အခြေအနေသည် တင်ပြထားသည့် ပညတ်ချက်များ၌ ပါဝင်နေခြင်းမရှိ၊ ဖတ်ရှုသူအနေဖြင့်လည်း သိရှိလိုလျှင် မိမိနှင့်နီးစပ်သည့် အာလင်မ်ကိုသော်လည်ကောင်း၊  (သို့မဟုတ်) haroonrangoni@gmail.com သို့လည်ကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

သယမုမ်ပြုခွင့်ရမည့် ပုံစံများ
(အောက်၌တင်ပြမည့် ပညတ်ချက်များသည် အဲဟ်လေစွန္နသ်ဝလ်ဂျမာအသ်လမ်းစဉ်မှ ဟနဖီမဇ်ဟဗ်ဝင်များအတွက် ဖြစ်ပါသည်။)

သယမ်မုမ်ပြုခြင်းနှင့် စပ်လျဉ်၍ ထပ်မံသိရှိထားရမည့် ပညတ်တော်များ

ပညတ်ချက် (၁)။ တောထဲသို့ရောက်သွားသည်။ ရေဘယ်မှာရှိသည်ကိုလည်း လုံးဝမသိရှိပေ။ လမ်းညွှန်ပြောပြပေးမည့်သူလည်း မရှိ။ မေးမြန်းစုံစမ်းရန်လည်း ဘယ်သူမျှမရှိပေ။ ထိုသို့သော်အခြေအနေတွင် သယမုမ်ပြုခွင့်ရှိသည်။

အကယ်၍ ရေရှိသည့်နေရာကို လမ်းညွှန်ပေးနိုင်သည့် သူကိုတွေ့မည်။ ၎င်းကလည်း ရှရီအသ်မှ သတ်မှတ်ထားသည့် တစ်မိုင်ပတ်လည်အတွင်း ရေရှိသည့်နေရာကိုပြောပြမည်။ သို့မဟုတ် တခြားသောအကြောင်းခံတစ်ခုခုဖြင့် ရေရှိနိုင်ကြောင်းသိရှိရမည်။ (တိရိစ္ဆာန်တို့၏ ခြေရာကို အကြောင်းခံ၍၊ ငှက်များပျံသန်းသည့် ဘက်ကိုအခြေခံ၍) ရှရ်အီတစ်မိုင်အတွင် ရေရှိနိုင်ကြောင်း တိကျစွာမှတ်ယူနိုင်မည်ဆိုပါက ရေကိုဤမျှရှာဖွေရမည်။ ထိုသူနှင့် အပေါင်းအပါတို့ ရေရှာဖွေရာတွင် မည်သည့်အခက်အခဲမျှ မရှိနိုင်ပါက ရေမရှာဖွေပဲ သယမုမ်ပြုခွင့်မရှိပေ။ ရှရ်အီတစ်မိုင်အတွင်း ရေမုချရှိမည်ဟု ယုံကြည်ရပါက ရေရှာဖွေရန် ဝါဂျိဗ်ဖြစ်ပါသည်။
ရှရ်အီ ၁မိုင်သည် အင်္ဂလိပ်မိုင်နှင့် ၈ ပုံ ၁ ပုံ ပိုပါသည်။ (၉ ဖာလုံနှင့် ၂ဝ ကိုက်ဖြစ်ပါသည်။)

ပညတ်ချက် (၂)။ ရေရှိသည့်နေရာကိုသိသွားသည်။ သို့သော် ရှရ်အီ ၁မိုင်ထက် ပိုဝေးပါက ဤမျှလောက် ဝေးလံသည့်နေရာသို့ သွားရောက်၍ ရေရယူရန် အရေးမကြီးပေ။ သယမုမ်ပြုခွင့်ရှိသည်။

ပညတ်ချက် (၃)။ မြို့နှင့် ၁ မိုင်ဝေးသည့်နေရာသို့ရောက်ရှိနေသည်။ မိမိရောက်ရှိနေသည့်နေရာ၏ ၁ မိုင်အတွင်းတွင် ရေမရရှိနိုင်ပါကလည်း သယမုမ်ပြုခွင့်ရှိသည်။ ခရီးသည်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ။

ပညတ်ချက် (၄)။ မိမိသွားနေသည့် လမ်းတွင် ရေတွင်းတွေ့သည်။ သို့သော် ခပ်ယူရန် ကြိုး၊ ပုံး အစရှိသည်တို့ကို မရရှိပါကလည်း သယမုမ်ပြုခွင့်ရှိသည်။

ပညတ်ချက် (၅)။ ရေရရှိလိုက်သည်။ အလွန်နည်းသည်။ သို့သော် မျက်နှာ၊ လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်တို့ကို တစ်ကြိမ်စီဆေးနိုင်လောက်သည်အထိ ရေရှိပါက သယမုမ်ပြုခွင့်မရှိပေ။ ဝုဇူ၏ ဖရ်ဇ်အစိတ်အပိုင်းအားလုံးကို တစ်ကြိမ်စီဆေး၍ ဦးခေါင်းကို မစဟ်ပြုလိုက်ပါ။ အကယ်၍ ထိုမျှခန့်ပင်မရှိပါက သယမုမ်ပြုပါ။

ပညတ်ချက် (၆)။ ကျန်းမာရေးအရ ရေသုံးစွဲနိုင်ခြင်းမရှိ။ ရေသုံးစွဲပါက ရောဂါထပ်တိုးမည်။ နေကောင်းရန် နှောင့်နှေးကြန့်ကြာမည်ကို စိုးရိမ်ရပါက သယမုမ်ပြုခွင့်ရှိသည်။ သို့သော် ရေအေးမဟုတ်ဘဲ ရေနွေးကို သုံးစွဲနိုင်ပါက ရေနွေးဖြင့် ဝုဇူ၊ ဂုစုလ်ပြုရန် ဝါဂျိဗ်ဖြစ်ပေသည်။ သို့သော် ရေနွေးလည်း မရရှိနိုင်သည့် နေရာဖြစ်ပါက သယမုမ်ပြုခွင့်ရှိသည်။

ပညတ်ချက် (၇)ရေသည် အနီးအနားတွင်ရှိသည်။ ရှရ်အီတစ်မိုင်မျှလည်း မဝေးပေ။ ရေယူ၍ ဝုဇူပြုရန် ဝါဂျိဗ်ဖြစ်သည်။ အမျိုးသမီးများအနေဖြင့် ယောကျာ်းများရှိခြင်းကို ရှက်၍ ရေမယူဘဲ သယမုမ်ပြုခွင့်မရှိပါ။ ရှရီအသ်၏ အမိန့်တစ်ခုကိုလက်လွှတ်ဆုံးရှုံးဖို့ ပရ်ဒါကို အကြောင်းခံခြင်းသည် မပြုပိုင်သည်သာမက ဟရာမ်လည်းဖြစ်ပေသည်။ ဗုရ်ကအ်ခြုံ၍ (သို့) လုံခြုံသည့် ခြုံထည်ကို ခြုံကာ ရေသွားယူရန် ဝါဂျိဗ်ဖြစ်သည်။ ယင်းသို့ယူဆောင်ရာတွင်လည်း မျက်နှာ၊ လက်၊ ခြေ တို့ကို အကြောင်းမဲ့ မဖော်ရပေ။

ပညတ်ချက် (၈)။ ရေဖြင့် ဝုဇူမပြုနိုင်သရွေ့ သယမုမ်ကို ဆက်တိုက်ပြုနေခွင့်ရှိသည်။ သယမုမ်ပြုရသည့်ရက်သည် မည်မျှပင်ကြာရှည်ပါစေ မည်သည့်သံသယမျှ ရှိစရာမလိုပါ။ ဝုဇူပြုခြင်းနှင့် ရေချိုးခြင်းတို့ကြောင့် ရရှိသည့် သန့်ရှင်းမှုအတိုင်းပင် သယမုမ်ကသန့်ရှင်းမှုကို ပေးပါသည်။ သယမုမ်ပြုခြင်းဖြင့် ကောင်းစွာမသန့်ရှင်းနိုင်။ အနည်းငယ်သာ သန့်ရှင်းသည်ဟု မမှတ်ယူရပါ။

ပညတ်ချက် (၉)။ ရေကို ဝယ်ယူသုံးစွဲရမည်။ ရေ၏ တန်ကြေးသည် မြင့်မားနေပါက သယမုမ်ပြုခွင့်ရှိသည်။ သို့သော် မိမိထံပါးတွင် ငွေရှိသည်။ ခရီးစရိတ်ထက်လည်း ပိုလျှံနေသည်ဆိုပါက ရေဝယ်ယူရန် ဝါဂျိဗ်ဖြစ်သည်။ ရေရောင်းသည့်ဈေးနှုံးန်းသည် မည်သူမျှမရောင်းသည့်ဈေးဖြင့် မတန်တဆ ဈေးတင်ရောင်းနေပါက ထိုအခြေအနေတွင် ရေဝယ်ယူရန် ဝါဂျိဗ်မဖြစ်ပေ။ သယမုမ်ပြုခွင့်ရှိသည်။ မိမိထံတွင်ရှိသည့် ငွေကြေးသည် လမ်းခရီးစရိတ်ထက် အပိုမရှိပါက သယမုမ်ပြုခွင့်ရှိသည်။

ပညတ်ချက် (၁၀)။ အအေးဓာတ် အလွန်ပြင်းထန်နေမည်။ ရေများပင် ခဲနေမည်။ ထိုအခြေအနေမျိုးတွင် ရေချိုးပါက သွေးခဲ၍ သေနိုင်မည်။ နာမကျန်းဖြစ်သွားမည်ကို စိုးရိမ်ရသည်။ ရေတော့ချိုးနိုင်သည်။ သို့သော် ရေချိုးပြီးနောက် အနွေးဓာတ်ရယူရန် စောင်၊ အစရှိသည့်အရာများလည်း မရှိပါက ဤသို့သော် အခြေအနေတွင် သယမုမ်ပြုခွင့်ရှိပေသည်။

ပညတ်ချက် (၁၁)။ ခန္ဓာကိုယ်တစ်ဝက်ထက်ပို၍ ဒဏ်ရာများရှိနေမည်။ သို့မဟုတ် ရေယုံ၊ ရေကျောက် ကဲ့သို့ အနာများပေါက်နေပါကလည်း ထိုအခြေအနေတွင် ရေချိုးရန် ဝါဂျိဗ်မဖြစ်ပေ။ သယမုမ်ပြုနိုင်ပါသည်။

ပညတ်ချက် (၁၂)။ ကွင်းပြင်တစ်ခုတွင် သယမုမ်ပြု၍ နမားဇ်ဖတ်လိုက်သည်။ သို့သော် ရေသည် ၎င်းနှင့် အနီးအနားမှာပင်ရှိနေသည်။ ရေရှိသည်ကို မသိပေ။ သယမုမ်ဖြင့် ၎င်းတို့ဖတ်လိုက်သည့် နမားဇ်သည် မှန်ကန်ပေသည်။ ၎င်းတို့၏ အနီးအနား၌ပင် ရေရှိသည်ကို သယမုမ်ဖြင့် နမားဇ်ဝတ်ပြုပြီးမှ သိရှိလျှင်လည်း နမားဇ်ပြန်ဖတ်ရန် အရေးမကြီးပေ။

ပညတ်ချက် (၁၃)။ ခရီး၌ တစ်ဦးတစ်ယောက်ထံတွင် ရေရှိပါက ၎င်းထံမှတောင်းခံလျှင် မုချပေးမည်ဟု စိတ်ထဲမှ ယုံကြည်ချက်ခိုင်မာလျှင် ရေမတောင်းပဲ သယမုမ်ပြုခွင့်မရှိပေ။ ဤသို့မဟုတ်ဘဲ တောင်းလျှင် မပေးနိုင်ဟု စိတ်ထဲမှ ယုံကြည်နေလျှင် ရေမတောင်းပဲ သယမုမ်သာပြု၍ နမားဇ်ဝတ်ပြုခွင့်ရှိသည်။ သို့သော် နမားဇ်ဖတ်ပြီးသည့်နောက် ၎င်းသူထံမှ ရေတောင်းလိုက်သည်။ ထိုသူကလည်း ရေပေးလိုက်သည်ဆိုပါက ပထမဖတ်ခဲ့သည့်နမားဇ်ကို ဝူဇူဖြင့် ပြန်လည်ဖတ်ရွတ်ရမည်။

ပညတ်ချက် (၁၄)။ ဇမ်ဇမ်ရေပုံးများတွင် ဇမ်ဇမ်ရေများရှိနေလျှက်ဖြင့် သယမုမ်ပြုခွင့်မရှိပေ။ ဇမ်ဇမ်ပုံးများကိုဖွင့်၍ ထိုရေဖြင့် ရေချိုး၊ ဝုဇူပြုခြင်းများကို ပြုရမည်ဖြစ်သည်။

ပညတ်ချက် (၁၅)။ ရေရှိသည့်သူထံ ရေတောင်းရန်သွားသောအခါ လမ်းတွင် အခက်အခဲဖြစ်မည်။ သို့မဟုတ် သွားနေရင်း ရေဆာလောင်မှုကြောင့် အခက်အခဲတစ်ခုခု၊ အသက်အန္တရာယ် စိုးရိမ်ရပါက ထိုအခြေအနေတွင် ဝုဇူမပြုဘဲ သယမုမ်ပြုခွင့်ရှိသည်။ ထို့အတူ မိမိထံတွင်ရှိနေသောရေကို သုံးစွဲလိုက်ပါက ရေဆာလောင်မှုအတွက် သောက်သုံးရန် ရေမကျန်ရှိနိုင်တော့ပါက ထိုအခြေအနေတွင် သယမုမ်ပြုခွင့်ရှိသည်။

ပညတ်ချက် (၁၆)။ ရေချိုးလျှင် ကျန်းမာရေးထိခိုက်နိုင်သည်။ ဝုဇူပြုလျှင် အခက်အခဲမရှိပါက ရေချိုးခြင်း၏ အစား သယမုမ်ပြုလိုက်ပါ။ (သယမုမ်ကို ဦးစွာပြုပါ။ ထို့နောက်မှ ဝုဇူပြုပါ။) ဂုစုလ်အတွက် သယမုမ်ပြုပြီးသည့်နောက် ဝုဇူပျက်သွားပါက ဝုဇူအတွက် သယမုမ်မပြုရပေ။ ဝုဇူသာပြန်လုပ်ရမည်။

ပညတ်ချက် (၁၇)။ သယမုမ်ပြုသည့် နည်းလမ်းမှာ လက်နှစ်ဖက်ကို သန့်ပြန့်သော မြေကြီးပေါ်တွင် ရိုက်ပုတ်လိုက်ပါ။ ထို့နောက် မျက်နှာတစ်ခုလုံးကို ပွတ်သပ်လိုက်ပါ။ ဒုတိယအကြိမ် မြေကြီးကို ရိုက်ပုတ်ပါ။ လက်နှစ်ဖက်ကို တံတောင်ဆစ်အပါအဝင် ပွတ်လိုက်ပါ။ လက်ချောင်းများကိုလည်း ခိလာလ်ပြုပါ။ ကျပ်နေသည့် လက်စွပ်တို့ကို ချွတ်ထားပါ။ ပွတ်သပ်ရာတွင် ဆံချည်မျှင် တစ်မျှင်စာမျှ မကျန်ရှိအောင် ဂရုပြုရမည်။ ကျန်ရှိခဲ့ပါက သယမုမ် မပိုင်ပါ။

ပညတ်ချက် (၁၈)။ မြေကြီးအပေါ်လက်ရိုက်ပြီးသည့်နောက် လက်ကိုပြန်ခါလိုက်ရမည်။ သို့မှသာ လက်နှင့် မျက်နှာတို့တွင် ဖုံမှုန့်များပေကပ်မည်မဟုတ်ပေ။ ဖုံနှင့် မြေကြီးများပေ၍ မျက်နှာပုံစံမပျက်သွားစေရန်ဖြစ်ပေသည်။

ပညတ်ချက် (၁၉)။ မြေကြီးအပြင် မြေကြီးအမျိုးအစားမှဖြစ်သည့် အုတ်၊ သဲ၊ ကျောက်၊ ထုံး၊ ဘိလပ်မြေ၊ မြေနီမှုန့်၊ စုရ်မာ၊ အစရှိသည့်အရာတို့ဖြင့် သယမုမ်ပြုခွင့်ရှိသည်။ မြေအမျိုးအစားမှ မဟုတ်သည့်အရာတို့ဖြင့် သယမုမ်ပြုခွင့်မရှိပေ။ ရွှေ၊ ငွေ၊ ကြေး၊ သတ္တု၊ ထို့အတူ အသီးအနှံများ။ အကယ်၍ ထိုအရာများအပေါ်တွင် မြေကြီး ဖုန်မှုန့်များပေကျံနေပါက ထိုပုံစံမျိုးတွင် ထိုအရာများပေါ် သယမုမ်ပြုခွင့်ရှိသည်။

ပညတ်ချက် (၂ဝ)။ မီးတွင် လောင်ကျွမ်းသွားခြင်း၊ ပျော်ဝင်သွားခြင်းမရှိသည့်အရာသည် မြေအမျိုးအစားဖြစ်သည်။ လောင်ကျွမ်းပြာဖြစ်သွားသောအရာသည် မြေအမျိုးအစားမှ မဟုတ်ပေ။ ထို့အတူ ပြာအပေါ်တွင်လည်း သယမုမ်ပြုခွင့်မရှိ။
(တတိယအပိုင်းကို ဆက်လက် လေ့လာပါရန်)

ကျမ်းကိုး။ ။ ဗဟစ်ရှ်သီးဇေဝရ်ကျမ်း(အခ်သရီ) ပထမတွဲ အခန်း(၂) စာ၊ ၆၆ မှ ၇၁
((အလ်မုဖီးဒ် မှ ဘာသာပြန်ဆိုသည် / အမှားအယွင်းနှင့် ချွတ်ချော်မှု တစုံတရာတွေ့ရှိပါက ဘာသာပြန်ဆိုသူ၏ အားနည်းမှုကြောင့်သာ ဖြစ်ပါသည်။ အီးမေးလ် (သို့) Page ချက်ဘောက်စ် မှ မေးမြန်းနိုင်ပါသည်။))
အလ်မုဖီးဒ်
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။