Showing posts with label ချေပချက်. Show all posts
Showing posts with label ချေပချက်. Show all posts
Tuesday, October 11, 2016
အာရှူရာ၏အမလ်
မုအ်မင်န်တို့၏ မိခင်မွန်ကြီး ဟဇရသ်အာအိရှဟ် ရသွီယလ္လာဟုအန်ဟာထံမှ ဆင့်ပြန်ချက်လာသည်။ တမန်တော်မြတ် မုဟမ္မဒ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်က မိန့်ထားသည်မှာ ရမဿွာန်၏ ရိုဇဟ်ပြီးလျှင် အာရှူရာနေ့ (မုဟရ်ရမ်လ ဆယ်ရက်နေ့) ၏ ရိုဇဟ်သည် အမြတ်ဆုံးဖြစ်ပေသည်။ (မစ်ရှ်ကားသ်ကျမ်း)
ဟဇရသ်အိဗ်နေအဗ်ဗါးစ် ရသွီယလ္လာဟုအန်ဟုမာက ဆင့်ပြန်သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်သည် နဖိလ်ရိုဇဟ်များတွင် အာရှူရာနေ့၏ ရိုဇဟ်ကို အထူးပင် အလေးအနက်ထားပေသည်။
(အစ္စလာမီမဟီနွန်းကေး ဖဇာအေလိုအဟ်ကားမ်)
ဟဇရသ်အိဗ်နေ့အဗ္ဗားစ် ရသွီယလ္လာဟု အန်ဟုမာသခင်က ဆင့်ပြန်ထားသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်သည် မဒီနာမြို့သို့ ကြွမြန်းလာသောအခါ ယဟူဒီတို့ အာရှုရာရိုဇာထားကြသည်ကို တွေ့လေသည်။ ၎င်းတို့ ရိုဇာထားရခြင်းအကြောင်းကို မေးမြန်းရာ ဤအာရှုရာနေ့မြတ်၌ပင် အလ္လာဟ်အရှင်မြတ်က မူစာ အလိုင်ဟိစ္စလာမ်အား ဖိရ်အောန်အပေါ် အနိုင်ရမှုကို ချီးမြှင့်ခဲ့သည်။ ဤအတွက်ကြောင့် ကျွန်ုပ်ယဟူဒီတို့သည် ထိုနေ့ကို တန်ဖိုးထား လေးစားသည့်အနေဖြင့် ရိုဇာထားရခြင်း ဖြစ်ပါသည်ဟု ပြောပြပေသည်။ ထိုအခါ တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်က မိန့်သည်မှာ ငါတို့သည် မူစာ အလိုင်ဟိစ္စလာမ်နှင့် နီးစပ်မှုတွင် အသင်တို့ထက် သာပိုပေသည်။ ၎င်းနောက် ထိုနေ့တွင် ရိုဇာထားရန် အမိန့်ပေးတော်မူသည်။
ဟဇရသ်အာအိရှဟ် ရသွီယလ္လာဟုအန်ဟာ၏ ဆင့်ပြန်ချက်တစ်ခုကို အဗူဒါဝူးဒ်ကျမ်းတွင် ဖော်ပြထားသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်နှင့် ကုရိုက်ရှ်အမျိုးသားတို့သည် အစ္စလာမ့်ရှရီအသ် မကျရောက်မီကတည်းက အာရှုရာရိုဇာကို ထားခဲ့ကြသည်။ မဒီနာမြို့တော်သို့ ကြွမြန်းလာပြီးသည့် နောက်ပိုင်းတွင်လည်း တမန်တော်မြတ်သည် ကိုယ်တိုင် အာရှုရာရိုဇာ ထားသလို အခြားသူများကိုလည်း ရိုဇာထားကြရန် တိုက်တွန်းသည်။ ရမသွာန်ရိုဇာ ဖရဇ်ဖြစ်ပြီးသည့်နောက် ရမသွာန်၏ရိုဇာသာလျှင် ဖရဇ်ဖြစ်တော့သည်။ အာရှုရာရိုဇာထားရန် ဝါဂျိဗ်တာဝန်အဖြစ် မရှိတော့ပေ။ အကြင်သူသည် အာရှုရာရိုဇာကို ထားလိုက ထားနိုင်ပြီး၊ မထားလိုပါကလည်း မထားခွင့်ရှိသည်။ (အဗူဒါဝူးဒ်ကျမ်း)
အစ္စလာမ်၏ အစကနဦးပိုင်း၌ ရမသွာန်လတွင် ရိုဇာထားခြင်းအား ဖရဇ်အဖြစ်မသတ်မှတ်မီက အာရှုရာနေ့တွင် ရိုဇာထားရန် ဝါဂျိဗ်တာဝန်ဖြစ်ခဲ့သည်။ ရမသွာန်၏ အမိန့်ကျရောက်ပြီးနောက် အာရှုရာရိုဇာသည် ဝါဂျိဗ်တာဝန်အဖြစ် မကျန်ရှိတော့ပေ။
ဗုခါရီနှင့် မွတ်စ်လင်မ်ကျမ်းတွင် အဗ်ဒွလ္လာဟ်ဗင်န်မူစာ ရသွီယလ္လာဟု အန်ဟု၏ ဆင့်ပြန်ချက်ကို ပြန်လည်ဖော်ပြထားသည်မှာ ရစူလွလ္လာ ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်သည် အာရှုရာနေ့၏ ရိုဇာကို အခြားနေ့များ၏ ရိုဇာထက်၊ ရမသွာန်လမြတ်၏ ရိုဇာကို အခြားလများ၏ ရိုဇာထက် သာပို၍ ဦးစားပေးတော်မူခဲ့သည်။ မွတ်စ်လင်မ်ကျမ်းတွင် ဟဇရသ်ဂျာဗိရ်ဗင်န်စမုရဟ် ရသွီယလ္လာဟု အန်ဟု၏ ဆင့်ပြန်ချက်ကို အောက်ပါအတိုင်း ဖော်ပြထားသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်သည် ကိုယ်တိုင်လည်း အာရှုရာ၏ ရိုဇာကို ထားတော်မူသည်။ ကျွန်ုပ်တို့ကိုလည်း ထိုနေ့တွင် ရိုဇာထားကြရန် တိုက်တွန်းတော်မူသည်။ ၎င်းနောက် ကျွန်ုတို့အား ထိုနေ့တွင်ရိုဇာထားမည်ဟု ဝန်ခံခိုင်းလေသည်။ သို့သော် ရမသွာန်လ၏ရိုဇာ ဖရဇ်ဖြစ်ပြီးနောက်တွင် ကိုယ်တော်သည် အာရှုရာရိုဇာနှင့် ပတ်သက်၍ အမိန့်မပေးတော့ပေ။ တားမြစ်တော်မူခြင်းလည်း မရှိ။ ကျွန်ုပ်တို့ထံမှာ အာရှုရာရိုဇာနှင့်ပတ်သက်၍ မည်သည့်ဝန်ခံချက်မှ ယူခြင်းလည်း မရှိတော့ပေ။ ဖော်ပြပါရိဝါယသ်များဖြင့် သိရသည်မှာ အာရှုရာနေ့မြတ်၏ ရိုဇာသည် ယခုအချိန်တွင် ဝါဂျိဗ်၊ ဖရ်ဇ်တော့မဟုတ်တော့ပေ။ သို့သော် မြတ်နဗီ (ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်)၏ စွန္နသ်တော် နှင့် အကျိုးကျေးဇူးများလှသော အမလ်တစ်ခုတော့ မုချဖြစ်ပေသည်။
အာရှူရာ၏ ရိုဇဟ်သည် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် စွဲမြဲစွာ ထားခဲ့သည့် စွန္နသ်ရိုဇဟ်များထဲမှ ဖြစ်ပါသည်။ စွန္နသ်ကို အကောင်အထည်ဖော်သည့်အနေဖြင့် မုစ်လင်မ်တိုင်း စွန္နသ်ကို ကျင့်သုံးရပါမည်။ အာရှူရာကို ရိုဇာနှစ်လုံးထားရခြင်းအကြောင်းကို ဆက်လက်ဖော်ပြပါမည်။
ဟဇရသ်အိဗ်နေအဗ်ဗါးစ် ရသွီယလ္လာဟုအန်ဟုမာက ဆင့်ပြန်သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်သည် ဟစ်ဂ်ျရီ ဆယ်ခုနှစ်တွင် တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိဝစလ္လမ်သည် ကိုယ်တိုင် ရိုဇာထားသည်။ အဆ်ွဟာဗ်တော်များကိုလည်း ရိုဇဟ်ထားကြရန် အမိန့်ပေး၏။ တဆက်တည်း မိန့်သည်မှာ ရှေ့နှစ်တွင်လည်း ဤနေ့နှင့် ကြုံရပါမူ မုဟ်ရ်ရမ်လ၏ ကိုးရက်နှင့် ဆယ်ရက် သို့မဟုတ် ဆယ်ရက်နှင့် ဆယ့်တစ်ရက်တို့တွင် ရိုဇဟ်ထားမည်။ သို့မှသာ ယဟူဒီနှင့် မုစ်လင်မ်တို့တွင် အာရှူရာရိုဇဟ်ထားပုံခြင်း ကွာခြားသွားပါမည်။ (အစ္စလာမီမဟီနွန်းကေး ဖဇာအေလိုအဟ်ကားမ်)
အာရှူရာရိုဇာကို နှစ်လုံးထားရခြင်းမှာ မုစ်လင်မ်နှင့် မုစ်လင်မ်မဟုတ်သူများတွင် ကွဲပြားမှု၊ ခြားနားမှုရှိစေရန် ဖြစ်ပေသည်။
ဟဇရသ်အဗူကသာဒဟ် ရသွီယလ္လာဟုသအာလာအန်ဟုထံမှ ဆင့်ပြန်သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်မိန့်သည်မှာ အရဖာနေ့၏ ရိုဇဟ်သည် ထိုနေ့တွင် ရိုဇဟ်ထားသူ၏ နှစ် နှစ်စာ (ရိုဇဟ်ထားသည့် နှစ်နှင့် ပြီးခဲ့သည့်နှစ်၏) ပြစ်မှုငယ်များအတွက် အစားပေးချေမှုဖြစ်စေသည်။ အာရှူရာရိုဇဟ်သည် တစ်နှစ်စာ ပြစ်မှုများအတွက် အစားပေးချေမှု ဖြစ်စေပါသည်။ (မုစ်လင်မ်ကျမ်း)
(အစ္စလာမီမဟီနွန်းကေး ဖဇာအေလိုအဟ်ကားမ်)
** အာရှူရာအမလ်မှ သင်ယူစရာ
အာရှူရာ၏ အထူးအမလ်မှာ ရိုဇဟ်ထားခြင်းဖြစ်ပြီး ယင်းရိုဇဟ်ကို ယဟူဒီများလည်း ထားကြောင်း အထက်တွင်ဖော်ပြခဲ့ပါသည်။ သို့သော် ရိုဇဟ်ထားတာခြင်း တူသော်လည်း ထားပုံခြင်းမတူအောင် တမန်တော်မြတ်က လမ်းညွှန်ခဲ့သည်။ ကောင်းမှုပြုပုံခြင်းပင် အခြားသောဘာသာတစ်ခုနှင့်မတူပေ။ အဓိကမှာ အစ္စလာမ့် လုပ်ဆောင်ချက်အားလုံးသည် အခြားဘာသာတစ်ခုခုနှင့် မတူညီကြောင်းကိုပင် ဤအာရှူရာရိုဇဟ်က ပြသထားသည်။ ယနေ့အခါတွင် အများစုသော အစ္စလာမ့်ကောင်းမှုများသည် မုစ်လင်မ်တို့၏ လုပ်ရပ်များကြောင့် အခြားသော ဘာသာများနှင့် တူသွားရပေတော့သည်။ ပမာဆိုရသော် မတ်စ်ဂျိဒ်တွင် နမားဇ်ဖတ်ခိုင်းထားခြင်းသည် တစ်နေ့ငါးကြိမ်၊ တစ်ပတ် သုံးဆယ့်ငါးကြိမ်ဖြစ်သည်။ ဗလီသို့ တစ်ပတ် သုံးဆယ့်ငါးကြိမ်ရောက်ရမည်။ တစ်ပတ်တစ်ကြိမ် ဗလီတက်ခြင်းလုပ်ရပ်မျိုး အစ္စလာမ်တွင် မရှိပါ။ သို့သော် မုစ်လင်မ်တို့သည် တစ်ပတ် တစ်ကြိမ်၊ တစ်နှစ် နှစ်ကြိမ်မျှသာ ဗလီတက်ရမည်ဟု ခံယူထားသည်။ ဤသည်မှာလည်း အစ္စလာမ်က ကွဲပြားအောင် ခွဲခြားထားပေးမှုအား မုစ်လင်မ်တို့က ရောနှောလိုက်သည့် လုပ်ရပ်တစ်ခုဖြစ်သည်။ ဒုတိယပမာကို ပြရသော် ဗလီသို့ သွားရန်၊ ဗလီတွင် နမားဇ်ဖတ်ရန်တာဝန်သည် ယောက်ျားသားများအတွက်ဖြစ်ပြီး မိန်းမသားတွင် ယင်းတာဝန်မရှိပါ။ အခြားသူများတွင် ဝတ်ကျောင်းများ၌ ယောက်ျား၊ မိန်းမ ရောနှောကာ ဘုရားဝတ်ပြုကြသည်။ အစ္စလာမ်က နေရာတစ်ခုခုတွင် ယောက်ျား၊ မိန်းမ ရောနေခြင်းကို မနှစ်သက်ပေ။ ထို့ပြင် တာဝန်ပိုင်းဆိုင်ရာ၊ ကုသိုလ်ရပုံခြင်းတို့တွင် ယောက်ျားမိန်းမတို့အား ပေးအပ်ထားသည့် တာဝန်အတိုင်း ကျေပွန်လျှင် ကုသိုလ်ရမည်ဟု မိန့်ပြီးသားဖြစ်သည်။ ထို့ကြောင့် ယောက်ျားများနည်းတူ မိန်းမများလည်း ဗလီသို့လာ၍ နမားဇ်ဖတ်နေရန် မလိုပေ။ အခြားသူများ၏ ဘာသာရေးဆိုင်ရာ အဆောက်အဦးများတွင် ဤသို့ခြားနားထားမှုလည်း မရှိ။ ယောက်ျားများ မိန်းမများ အားလုံး ရောပြွန်းနေသည်။ အစ္စလာမ်ကို ဤပုံစံများကို မနှစ်သက်ပါ။ သို့သော် မုစ်လင်မ်အမည်ခံ အုပ်စုတို့က မတူအောင် ခြားထားသည်များကို တူအောင် လိုက်တူနေကြသည်။ ဟဂ်ျကဲ့သို့သော မွန်မြတ်သည့် ခဝပ်မှုမျိုးတွင်ပင် မိန်းမသားများသည် ယောက်ျားများအကြား တိုးဝှေ့နေခြင်းထက် မိမိအခန်းတွင်း၌ နမားဇ်ဆောက်တည်ခြင်းက ပိုမြတ်ကြောင်း ဖိကဟ်ပညာရှင်တို့က ဖော်ပြထားသည်။ မုစ်လင်မ်တို့ကမူ အစ္စလာမ်က ခြားနားပေးထားသည်များကို အားလုံးနှင့်တူအောင် ရောနှောကြသည်။
တူသွားတိုင်း ကောင်းသည်မဟုတ်ပါ။ တန်ဖိုးမြင့်သည့်အရာက တန်ဖိုးနိမ့်သည်အရာနှင့် တူသွားလျှင် တန်ဖိုးရှိသည့်ပစ္စည်းက တန်ဖိုးကျသွားသည်သာ ဖြစ်၏။ တန်ဖိုးတက်လာခြင်း မရှိပါ။ ဤသည်ကို မုစ်လင်မ်တို့ ကောင်းစွာ သဘောပေါက်ထားရမည်။ ဝတ်စားဆင်ယင်မှုပိုင်းဆိုင်ရာတွင်လည်း ထိုနည်းတူပင်ဖြစ်၏။ မုစ်လင်မ်တစ်ဦး၏ ဟန်ပန်သဏ္ဍာန်သည် အခြားသူတစ်ဦးနှင့် လုံးဝမတူညီပေ။ တူလည်း မတူနိုင်ပေ။ အစ္စလာမ်ကို အသွေးအသားထဲက လက်ခံလာပါမူ မုစ်လင်မ်ပုံပေါက်အောင် နေရသည်ကို နှလုံးသားထဲကပင် လိုလား နှစ်သက်လာပေလိမ့်မည်။ အတွေးအခေါ်များတွင် သူတစ်ပါးထံ အောက်ကြို့ရေးကိုသာ ဦးစားပေးနေသဖြင့် ကိုယ်လက်ခံကျင့်သုံးနေသည့် အစ္စလာမ်သည် အဘယ်မျှ ထယ်ဝါခန်းနားကြောင်း မစဉ်းစားတတ်တော့ပေ။ မုစ်လင်မ်တစ်ဦး၏ သဏ္ဍာန်ဖြင့် အစ္စလာမ်ကို ဖော်ပြရန် သွေးမရှိတော့။ ကိုယ့်အစ္စလာမ်ကို ကိုယ်တိုင်အထင်မကြီး၊ သေးသိမ်နိမ့်ကျသည်၊ လူရာမဝင်ရဲ ဖြစ်နေသဖြင့် ဗမာပြည်ရှိ မုစ်လင်မ်တို့၏ အစ္စလာမ်သည်လည်း တခြားသူများ၏ အသုံးချခံ ဘောလုံးတစ်လုံး ဖြစ်နေရသည်။ အနင်းခံဘဝမှ ဦးဆောင်သူသို့ ရောက်ဖို့ရန် အစ္စလာမ်တရားဒေသနာများကို ဟောရုံ၊ ပြောရုံသာ ဆောင်ရွက်နိုင်တော့သည်။ မုစ်လင်မ်တွင် အစ္စလာမ်၏ အရောင်အဆင်းမရှိသဖြင့် သုံးမရသည့် ဒိုက်ပုံကြီးကဲ့သို့ပင် ပေါ်လောပေါ်နေပေတော့သည်။
ရောမ ရောက်ရင် ရောမလိုကျင့်ခြင်းဟူသည်မှာ ပေါင်းသင်းဆက်ဆံရေးပိုင်းဆိုင်ရာ၊ ရာသီဥတုစသည်တို့တွင်သာ အကြုံးဝင်မည်။ အစ္စလာမ်တွင် ပါဝင်သည့် ယုံကြည်ချက်၊ ခဝပ်မှု၊ လူမှုဆက်ဆံရေး၊ အရောင်းအဝယ်ပုံစံ၊ စားသောက်ပုံစံ စသည်များ အားလုံးသည် မည်သည့်ဘာသာနှင့်မျှ မတူသည့် စည်းကမ်း၊ နည်းစနစ်များ ဖြစ်သည်။ ယုံကြည်ချက်မှစ၍ သေသူအား လုပ်ကိုင်ပေးရသည်အထိ အစ္စလာမ်၏ လုပ်ကိုင်ပုံနှင့် တခြားသူတို့၏ လုပ်ကိုင်ပုံသည် မတူပါ။ မတူအောင် ခွဲထားသည်များအား မတူသည့်အတိုင်းသာ ထားရပါမည်။ ထို့ပြင် မုစ်လင်မ်တို့သည် မိမိတို့ လက်ခံကျင့်သုံးနေသည့် အစ္စလာမ်တွင် မည်သို့သော နည်းစနစ်များ၊ စည်းကမ်းများရှိသည်ကို အချိန်တိုင်း လေ့လာရပါမည်။
အာရှူရာ၏အမလ်က အစ္စလာမ်၏ လုပ်ဆောင်ချက်သည် အခြားသူများနှင့် နည်းနည်းလေးမှ မတူကြောင်း၊ မတူအောင်လုပ်ရကြောင်းကို သင်ပေးနေပါသည်။ ကောင်းမှုလုပ်ခြင်းဖြစ်သော်လည်း လုပ်ကိုင်ပုံခြင်း မတူအောင် ခွဲခြားပေးခဲ့သည်။ ထို့ကြောင့် ခွဲခြားရမည့် နေရာတွင် ခွဲခြားရမည်။ ကွဲပြားရမည့် နေရာတွင် ကွဲပြားရပါမည်။ မတူရမည့်နေရာတွင် မတူခြင်းသည် အပြစ်မဟုတ်ပါ။ သိမ်ငယ်နိမ့်ကျစရာလည်း မဟုတ်ပါ။ ယနေ့အခါသမယတွင် မတူအောင် လုပ်သည်။ ထို့အတူ ရှေးရိုးကျသည့် နည်းများက ပို၍အောင်မြင်နေကြောင်း ဗဟုသုတအစုံ လေ့လာဖူးပါက သိပါလိမ့်မည်။ ပိုဟောင်းသည့်အရာက ပို၍ဈေးကြီးပါသည်။ အစ္စလာမ်သည် ကမ္ဘာ့လူသားထုအားလုံးအတွက် လူနေမှုလမ်းညွှန်စနစ် ဖြစ်သည်ကို မုစ်လင်မ်တို့ကိုယ်တိုင် အချက်အလက် တစ်ခုခြင်းစီကို ယုံကြည် လက်ခံရပါမည်။
**အာရှူရာမှာ ရိုဇဟ်ထားပါ ...
အာရှူရာနေ့တွင် ဖောသီစွာသုံးခြင်းဟူသည့် အမလ်တစ်ခုလည်း လူအများကြားတွင် ကျော်ကြားသည်။ လူအများကြားတွင်သာမက ပညာရှင်ကြီးများနှင့် ဟဒီးစ်ကျမ်းများတွင်ပါ ဖော်ပြထားသည်။ ယင်းသို့ ဖောသီစွာသုံးခြင်းနှင့် ပတ်သက်၍ ဆန်းစစ်ချက်နှစ်ခုကို ဤနေရာတွင် ဖော်ပြပေးပါမည်။ မုဟရ်ရမ်လသည် မြင့်မြတ် ထူးမြတ်သည့် လတစ်လဖြစ်ကြောင်း ကုရ်အာန်ကျမ်းတွင် အတိအလင်း ပါထားသလို အာရှူရာ၏ ရိုဇဟ်သည်လည်း အလွန်မွန်မြတ်ကြောင်း တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်ကိုယ်တိုင် လက်တွေ့ ကျင့်သုံးပြခဲ့သည်။ ထို့ပြင် ဤမုဟရ်ရမ်လ၌ပင် အစ္စလာမ်၏ ဒေါက်တိုင်၊ ရန်သူအပေါင်း ကြောက်ရသူများအား လုပ်ကြံခဲ့ကြသည်။ အစ္စလာမ်ကို ဆန့်ကျင်သည် အုပ်စုများ ပေါ်လာကြသည်။ အချစ်ကြီးသူများနှင့် အမုန်းကြီးသူများ ဆုံကြသည့် လတစ်လ ဖြစ်ပါသည်။ စာရှူသူများ အားလုံးအသိဖြစ်သော ကရ်ဗလာဖြစ်ရပ်အပါအဝင် တမန်တော်မြတ်၏ မြေးများ ရှဟီးဒ်ပြုခံသလို ခလီဖာစနစ်စတင်ပျက်စီးက မုစ်လင်မ်များအတွင်း သဘောထားများ ကွဲခဲ့ကြသည့် လတစ်လဖြစ်သည်။ ကရ်ဗလာဖြစ်ရပ်ကို ဝမ်းနည်းလွန်သူများရှိသလို ယင်းဖြစ်ရပ်ကိုပင် ကျေနပ်ပျော်ရွှင်သူများလည်း ရှိပေသည်။ အဲဟ်လေဗိုင်သ်များ ရက်ရက်စက်စက် အသတ်ခံရသည်ကို ပျော်သူများဘက်ကလည်း ၎င်းတို့၏အပျော်သည် အဲဟ်လေစွန္နသ်များအတွင်း ကူးစက်သွားစေရန်၊ ပျော်သည့် သဏ္ဍာန်ကိုဆောင်သည့် အမလ်များဖြစ်စေရန် လုပ်ကြံဟဒီးစ်များကို ဖြန့်ခဲ့သည်။ ဝမ်းနည်းသူများ၏ လုပ်ရပ်ကမူ အထင်အရှားပင်၊ ရင်ထုသည်။ ဓါးနှင့် မွှန်းသည်။ ငိုသည့် အခမ်းအနားများ လုပ်ကြသည်။ အဲဟ်လေစွန္နသ်သည် အလယ်အလတ်လမ်းစဉ် ဖြစ်ခြင်းကြောင့် အပျော်လွန်ရန်လည်း မလိုအပ်သလို ဝမ်းနည်းပိုပြရန်လည်း မလိုအပ်ပေ။ လုပ်ကိုင်ရမည့် နည်းစနစ်ကို တမန်တော်မြတ်က ကျင့်သုံးပြခဲ့ပြီးဖြစ်သည်။ ထို့အတူ အဲဟ်လေစွန္နသ်၏ ဓမ္မသတ်ပညာရှင်ကြီးများကလည်း အချိန်တိုင်း စမ်းစစ် ကြည့်ရှုကာ သင့်တော်သည့် ဓမ္မသတ်များကို ထုတ်ပြန်ပေးနေခဲ့သည်။ ထို့ကြောင့် ဤအာရှူရာအမလ်တွင် ဖောသီစွာသုံးခြင်းဟူသည် အဲဟ်လေဗိုင်သ်၊ ကရ်ဗလာဖြစ်ရပ်များအပေါ် ဝမ်းသာလွန်နေသူတို့က လုပ်ကြံပေးလိုက်သည့် လုပ်ရပ်တစ်ခုများ ဖြစ်နေမည်လားဟူသည်ကို ဟဇရသ်မုဖ်သီရရှီးဒ်အဟ်မဒ် ဟောထားသော (منکرات محرم ) အမည်ရှိ ဟောကြားမှုမှ ကောက်နှုတ်ဖော်ပြပေးပါမည်။
** ဤနေ့နှင့်ပတ်သက်၍ စွန္နသ် (ဟဒီးစ်)ဖြင့် အတည်ဖြစ်ထားသည့်အမလ်မှာ တစ်ခုသာရှိပြီး ယင်းမှာ ရိုဇဟ်ထားခြင်း ဖြစ်၏။ တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်က မိန့်သည်မှာ မုဟရ်ရမ်ဆယ်ရက်နေ့တွင် ရိုဇဟ်ထားခြင်းဖြင့် လွန်ခဲ့သည့်နှစ် တစ်နှစ်စာ ပြစ်မှုငယ်များအား ပလပ်မှုချီးမြှင့်သည်။ ပုဂ္ဂိုလ်တစ်ဦးက အို တမန်တော်၊ ဤနေ့တွင် ယဟူဒီများလည်း ရိုဇဟ်ထားကြပါသည်ဟု ပြောရာ တမန်တော်က အကယ်၍ ရှေ့နှစ်တွင် အသက်ရှင်လျှက်ရှိသေးပါမူ နောက်ထပ်ရိုဇဟ်တစ်လုံးဖြင့် ထပ်တွဲထားမည်ဟု မိန့်ပေသည်။ ထို့ကြောင့် မုဟ်ရမ် ကိုးရက်နှင့် ဆယ်ရက် သို့မဟုတ်၊ ဆယ်ရက်နှင့် ဆယ့်တစ်ရက်ကို ရိုဇဟ်ထားရမည်။ ဤသည်မှာ အာရှူရာ၏ အမလ်ဖြစ်သည်။ နောက်ထပ်အမလ်တစ်ခုနှင့် ပတ်သက်၍ ဟဇရသ်က အောက်ပါအတိုင်း ဆက်လက်ပြောထားသည်။ (ထိုဆင့်ပြန်မှုမှ တမန်တော်မြတ်ကိုယ်တိုင် ရိုဇဟ်ထားခြင်း အမလ်ကို အထူးအလေးထားကြောင်း သိရသည်။)
အာရှူရာနေ့တွင် မိမိ၏ မိသားစုအတွက် ဖောသီစွာသုံးစွဲလျှင် တစ်နှစ်ပတ်လုံး စားနပ်ရိက္ခာ ချောင်လည်မည်ဖြစ်သည်။ (အထက်ပါစာသားကို ဟဒီးစ်ဟုအမည်တပ်ထားသည်) ထင်ရှားကျော်ကြားသော ဟဒီးစ်ပညာရှင်များက ယင်းစာသားကို အချေအမြစ်မရှိသော ဆင့်ပြန်ချက်ဟု သတ်မှတ်ထားသည်။ ထို့ပြင် လူအများကြးတွင် ယင်းသို့လုပ်ဆောင်ခြင်းက စဝါးဗ် ကုသိုလ်ရမည့်လုပ်ရပ်ဟု ထင်နေသည်။ ထိုသို့ ကုသိုလ်ရမည့် လုပ်ရပ်ဟု ထင်မြင်ခြင်း၊ ယင်းသို့ယူဆ၍ လုပ်ဆောင်ခြင်းကို ရှောင်ရန်၊ မိမိ၏ အတွေးထဲမှ ထုတ်ရန် အရေးကြီးပါသည်။ ရှရီအသ်က ယင်းသို့ ဖော်သီစွာသုံးစွဲခြင်းကို စဝါးဗ်ရမည်ဟု မပြောထားပေ။ စဝါးဗ်ရမည်ဟု ထင်မြင်လိုက်ခြင်းကပင် ဗိဒ်အသ် ဖြစ်သွားပေသည်။ ဗိဒ်အသ်တိုင်းသည် လမ်းမှားမှုချည်းသာဖြစ်၍ လမ်းမှားမှု၏ အဆုံးသည် ဂျဟန္နမ် ငရဲသာလျှင် ဖြစ်ပါသည်။
ယင်းလုပ်ရပ်အား စဝါးဗ်ရမည်ဟု မရည်ရွယ်ဘဲ ရိုဇီချောင်လည်ရန်သာ ရည်ရွယ်၍ လုပ်ဆောင်ပါသည်ဟု ဆိုလျှင်လည်း စဝါးဗ်ရမည်ဟု ရည်ရွယ်၍ လုပ်နေသူများ၏ လုပ်ရပ်ကို ဝိုင်း၍ ထောက်ခံပေးသည်နှင့် အတူတူပင် ဖြစ်သည်။ လုပ်ရပ်တစ်ခုခုသည် စွန္နသ်နှင့် ဗိဒ်အသ်အတွင်း ဆင်တူဖြစ်လာပါက ထိုအလုပ်ကို မလုပ်ရန် ဝါဂျိဗ်ဖြစ်သည်။ ထို့ပြင် ရိုဇီကျယ်ဝန်းခြင်း၊ ရိက္ခာကြွယ်ဝရန် အခြားသော နည်းစနစ်များစွာ ရှိပါသည်။ ရိုဇီကြွယ်ဝရန် အကောင်းဆုံးနှင့် အထိရောက်ဆုံးသော အမလ်မှာ ပြစ်မှု(မကောင်းမှု) ကြီးငယ်ဟူသရွေ့မှ ရှောင်ခြင်း၊ သောင်ဗဟ်၊ အိစ်သိဂ်ဖာရ်တို့ ဖြစ်ပါသည်။ ဤအမလ်မှာ တိုတောင်းလွယ်ကူပြီး ကုရ်အာန်၊ ဟဒီးစ်တို့တွင် ထင်ရှားစွာ ဖော်ပြထားသည်။ ရိုဇီပေါများစေရန်အတွက် ထိုသို့သော အမလ်များကိုမူ မကျင့်သုံးဘဲ စားရမည့် အမလ်ကိုမူ ကျင့်သုံးကြသည်။ စားရသည်ကို ဦးစားပေးကြသည်မှာလည်း လျှာပေါ်တွင် အရသာတွေ့ကာ ကိုယ့်ဗိုက်ထဲရောက်မည့် အမလ်မျိုးဖြစ်သဖြင့် လိုလိုလားလား မှတ်မှတ်ရရ ရှိနေခြင်း ဖြစ်၏။ အိစ်သိဂ်ဖာရ်လုပ်ခြင်း၊ ဂုနာဟ်စွန့်လွှတ်ခြင်းတို့သည် အမှန်တကယ် ရိုဇီချောင်လည်စေသည် မှန်သော်လည်း လူသားဗိုက်ထဲ ဘာမှမရောက်၊ ထပ်၍ပင် အနစ်နာခံ စွန့်စား စွန့်လွှတ်ရမည်ဖြစ်သောကြောင့် ကျယ်ကျယ်ပြန့်ပြန့် လူသိမများပေ။ ယင်းအမလ်တွင်လည်း ရိုဇီပေါများစေမည့် အစွမ်းသတ္တိများပါကြောင်း မဖော်ပြကြပေ။ စားရမည့်အမလ်ကိုမူ လိုလားသည်။......။
အလ္လာဟ်အရှင်မြတ် တားထားသည်များကို မရှောင်၊ ခိုင်းထားသည်များကိုမလုပ်ဘဲ ရိုဇီ၏ ပိုင်ရှင်ကို စိတ်ဆိုးအောင်လုပ်ထားလျှင် အဘယ်မျှကောင်းသည့် ကျင့်စဉ်အညွှန်းပင် ဖြစ်ပါစေ ရိုဇီချောင်လည်လာမည်မဟုတ်ပါ။ (ရိုဇီချောင်လည်ခြင်းဟူသည်မှာ ပိုက်ဆံရနေခြင်း တစ်ခုတည်းကို မဆိုလိုပါ။) ရိုဇီကြွယ်ဝလိုလျှင် အဓိက အရေးကြီးဆုံးကျင့်စဉ်မှာ ရိုဇီ၏ ပိုင်ရှင်ဖြစ်သော အလ္လာဟ်အရှင်မြတ် ကျေနပ်အောင် နှစ်သက်အောင် နေထိုင်ခြင်း၊ ပြစ်မှုအတွင်း သက်ဆင်းနေခဲ့သည့် သက်တမ်းအတွက် သောင်ဗဟ်ပြု၍ ဂုနဟ်စွန့်ခြင်းသာ ဖြစ်ပါမည်။ (منکرات محرم، فقیہ العصر مفتی اعظم حضرت اقدس مولآنا رشید احمد)
အာရှူရာ၏အမလ်တွင် စွန္နသ်ဖြင့် အတည်ဖြစ်ပြီး တမန်တော်ကိုယ်တိုင် တစိုက်မတ်မတ် ကျင့်သုံးပြခဲ့သည်မှာ ရိုဇဟ်၏ အမလ်သာဖြစ်ကြောင်း အထက်ပါစကားများအပြင် အပေါ်ဆုံးတွင် တင်ပြခဲ့သည့် ဟဒီးစ်များမှ သိရပါသည်။ နဖိလ်ရိုဇဟ်ဖြစ်သော်လည်း တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ် စွဲမြဲစွာစောင့်ထိန်းခဲ့သည့် စွန္နသ်ရိုဇဟ် ဖြစ်ပါသည်။ ထို့ကြောင့် ရိုဇဟ်၏အမလ်သည် ပို၍ပြည့်စုံခိုင်လုံပြီး ကျင့်သုံးရန် အထူးသင့်လျော်ပါသည်။ မစားခြင်းအမလ်နှင့် စားခြင်းအမလ် ဆန့်ကျင်ဘက်နှစ်ခု တစ်နေ့တည်းတွင် ကျင့်သုံးနိုင်ကြောင်း ဆင့်ပြန်ထားသည့် ဆင့်ပြန်ချက်များအပေါ် ဟဒီးစ်၊ ဖိကဟ်ပညာရှင်တို့၏ သုံးသပ်ချက်အချို့ကို ဆက်လက်ဖော်ပြပါမည်။
ကာမူစွလ်ဖိက်ဟ် တွဲ ၄၊ စာ ၃၆၅တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။ အာရှူရာနေ့တွင် မိမိ၏ မိသားစုအတွက် ဖောသီစွာသုံးစွဲလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့၏ စားနပ်ရိက္ခာကို တစ်နှစ်ပတ်လုံး ချောင်လည်ပေးမည်ဖြစ်သည်။ (ဤနေရာတွင် ဟဒီးစ်ပညာရှင်တို့၏ ဟဒီးစ်ပိုင်းဆိုင်ရာ ဆန်းစစ်မှုကို ချန်လှပ်ခဲ့ပါမည်။ လိုရင်းသာ ဖော်ပြမည်။) အိဗ်နေဂျောင်ဇီက ယင်းဟဒီးစ်ကို လုပ်ကြံဟဒီးစ်ဟု သတ်မှတ်ထားသည်။ မုဂျဒ်ဒိဒီးန် ဖီရိုးဇ်အာဗာဒီက ယင်းစာသားသည် ဟဇရသ် ဟုစိုင်းန် ရသွီယလ္လာဟုအန်ဟုကို သတ်လိုက်သည့် အုပ်စုတို့ဘက်က လုပ်ကြံပေးလိုက်သည့် ယုတ်မာမှုတစ်ခုပင် ဖြစ်သည်ဟု ဆိုထားသည်။ ထို့ပြင် အာရှူရာနေ့တွင် မျက်စိ၌ စုရ်မာစွဲလျှင် အကျိုးရမည်ဟူသည့် ဖော်ပြချက်များသည်လည်း ဟဇရသ်ဟုစိုင်းန်ကို သတ်လိုက်သည့် အုပ်စုတို့ဘက်က တစ်နည်း အဲဟ်လေဗိုင်းသ် ဒုက္ခရောက်သည်ကို ဝမ်းသာသူတို့ဖက်က ထွင်ပေးလိုက်သည့် ယုတ်မာချက်များပင် ဖြစ်ပါသည်။ အာရှူရာနေ့မြတ်အတွက် အစ္စလာမ်ရှရီအသ်အရ အတည်ဖြစ်သည့် အမလ်မှာ ရိုဇဟ်စောင့်ထိန်းခြင်း တစ်ခုသာဖြစ်ပြီး တခြားမည်သည့်လုပ်ရပ်မှ အတည်သတ်မှတ်ထားခြင်း၊ စေခိုင်းထားခြင်း လုံးဝမရှိပါ။ အဲဟ်လေဗိုင်းသ်ကို အချစ်လွန်သူများက ရင်ထုပွဲ ဝမ်းနည်းပွဲများ ကျင်းပသည်ကို ဆန့်ကျင်သောအားဖြင့် တစ်ဖက်တွင် ထို့နေ့မှပင် ထူးထူးခြားခြား ပျော်ရွှင် ဖော်သီစွာ သုံးစွဲခြင်း တစ်နည်း ပျော်ပြသည်ဟူသည့် နည်းနည်းလမ်းများကို ရွေးချယ်ကြပေသည်။ ထိုသို့သော ဆင့်ပြန်ချက်များ (အာရှူရာတွင် ပျော်ရွှင်မှုကိုထုတ်ဖော်သည့် လုပ်ရပ်များ)၏ ဇစ်မြစ်ကိုလိုက်လျှင် အဆုံးတစ်နေရာတွင် အဲဟ်လေ့ဗိုင်းသ်ကို မုန်းသူများ၏ လက်ချက်ဖြစ်ကြောင်းကို တစ်နည်းမဟုတ် တစ်နည်း တွေ့ရပေသည်။ (အဲဟ်လေဗိုင်းသ်အပေါ် မလိုဆန္ဒထားသူများထံသို့ အလ္လာဟ့် လအ်နသ်သည် ကိယာမသ်နေ့တိုင်အောင် ကျပါစေ) ထို့ပြင် အာရှူရာ၌ စားသောက်ရာတွင် ဖော်သီစွာ သုံးပါဟူသည့် စကားသည် ထိုနေ့၌ ရိုဇဟ်စောင့်ထိန်းကြပါဟူသည့် အမိန့်ပေးချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်ကို အထင်အရှား မြင်နိုင်ပါသည်။ ( قاموس الفقہ)
စားခြင်းဆိုင်ရာ ဆင့်ပြန်ချက်များသည်လည်း အလွန်ခိုင်မာသည့် ဆင့်ပြန်သူအမည်များဖြင့် လာထားခြင်းဖြစ်ပါသည်။ သို့သော် စတင် လုပ်ကြံလိုသူများအဖို့ ယင်းအမည်များ ထည့်သွင်း သုံးစွဲရန် ဝန်လေးမည်မဟုတ်ပါ။ မိသားစုအား အာရှူရာတစ်ရက်ရောက်မှ ဖော်သီစွာ သုံးပေးရမည်မဟုတ်ပါ။ အချိန်တိုင်း နေ့တိုင်းတွင် ကောင်းမွန်သည့် ကိစ္စမျိုးတွေ့လျှင် ဖော်သီစွာ သုံးပေးရပါမည်။ တစ်ရက်တည်း မကန့်သတ်ထားပါ။ စားရမည်ဟူသည့် နေ့ကိုလည်း ရှရီအသ်က ပြပေးထားသည်။ စားရမည့်နေ့များမှာ ရှောက်ဝါလ် တစ်ရက်နေ့ (အီဒွလ်ဖိသိရ်) ဇုလ်ဟဂ်ျလ ၁ဝရက် (အီဒွလ်အဿွ်ဟာ) ၁၁၊ ၁၂၊ ၁၃ (အိုက်ယာမေ့သရှ်ရီးက်) ရက်များ ဖြစ်သည်။ ယင်းနေ့များတွင် ရိုဇဟ်ထားခွင့် လုံးဝမရှိပေ။ ကျန်ရှိရက်များတွင် ရိုဇဟ်၏အမလ်လုပ်ရန် ညွှန်ကြားထားသည်။ စားရန် မညွှန်ထားပေ။ စားရမည့်ရက်နှင့် ရိုဇဟ်ထားရမည့်ရက် တစ်ထပ်တည်း မဖော်ပြထားပါ။ အာရှူရာ၏ အမလ်တွင်မူ တစ်ဖက်တွင် ရိုဇဟ်၏အမလ်လုပ်ရန် အလွန်ထင်ရှားခိုင်မာစွာ ညွှန်ထားသည်။ တပြိုင်တည်း ကောင်းကောင်းစားရန်လည်း ညွှန်ထားသည်မှာ စဉ်းစားစရာဖြစ်၏။ ကောင်းကောင်းစားပြီးလျှင်လည်း တစ်နှစ်လုံးအတွက် အာမခံချက် ပေးထားပြန်သည်။ ပမာတစ်ခုနှိုင်းပြရလျှင် သေသူကို စဝါးဗ်ပို့ရာ၌ ကိုယ်တိုင် ထမင်းဟင်းများ ချက်ပြုတ်ကာ ကိုယ်တိုင်ပြန်စားပြီး သို့မဟုတ် သူဌေးများကိုပင် ပြန်ဖိတ်ကျွေးပြီး သေသူက ကုသိုလ်ရမည်ဟု မျှော်လင့်သည့်ပုံစံဖြစ်နေ၏။ ထို့ကြောင့် ဤသို့ ဆန့်ကျင်ဘက်အမလ်နှစ်ခု ဆုံနေခြင်းက အဲဟ်လေဗိုင်းသ်ကို မုန်းတီးသူတို့က သူတို့၏ အပျော်ကို ကျန်သူများပါ လိုက်လုပ်ကြရန် ယဉ်ယဉ်လေး ရိုက်သွင်းပေးလိုက်ခြင်းပင် ဖြစ်မည်ဟု ယူဆပါသည်။
အချုပ်ဆိုရသော် အာရှူရာနှင့်ပတ်သက်၍ အမလ်လုပ်လိုပါက အာရှူရာ ဆယ်ရက်နေ့ကို ကြားခံ၍ ကိုးရက်နှင့် ဆယ်ရက် သို့မဟုတ် ဆယ်ရက်နှင့် ဆယ့်တစ်ရက် ရိုဇဟ်ထားနိုင်သည်။ ထားနိုင်သူများအတွက် ထားခြင်းက အကောင်းဆုံးဖြစ်၍ မထားသူများက အထူးတလည် ပျော်ပြနေရန် လုံးဝမလိုအပ်ပါ။ မိမိ၏ တစ်နေ့တာ ပုံမှန်အတိုင်း နေထိုင်သွားလာ စားသောက်သကဲ့သို့သာ နေရပါမည်။ ထို့ပြင် အချိန်တိုင်း မှန်ကန်သည့် ကျင့်ဆောက်တည်မှုများကိုသာ ကျင့်နိုင်ရန်နှင့် အမှားဘက်က ထွင်လိုက်သည်များကို အမှန်ထင်လျက် လုပ်မိခြင်းမှ အလ္လာဟ်အရှင်မြတ် ထိန်းသိမ်းပါရန် အချိန်တိုင်း ဆုတောင်းပြုပါ။ အာရှူရာအပါအဝင် မုဟရ်ရမ်လ ကုန်သည်အထိ ဤလ၏ မွန်မြတ်မှု ထူးမြတ်မှုများ ရှိနေသည်ဖြစ်ရာ ပြစ်မှုများမှ အထူးရှောင်ကြဉ်ရပါမည်။ ရင်ထုပွဲ၊ ဓါးမွှန်းပွဲများအပါအဝင် ဘာသာခြင်းတို့၏ ဘာသာရေးဆိုင်ရာ ပွဲများကို ကြည့်ခြင်း၊ အားပေးခြင်းတို့လည်း မလုပ်ပါရန် အထူးတားမြစ်ပါသည်။ မကောင်းမှုကို အားပေးပါက ယင်းမကောင်းမှု၏ပြစ်ဒဏ်ကို အားပေးသူလည်း ရောခံရပါမည်။ လူငယ်အမျိုးသား၊ အမျိုးသမီးများ ကလေးငယ်များအား အထူးထိန်းသိမ်း သွန်သင်ပါ။ အလ္လာဟ့်ရန်သူများ၊ အစ္စလာမ်ရန်သူများကို အားပေးသည့် မုစ်လင်မ် အသင်တို့နှင့် အသင်တို့၏ မျိုးဆက်သစ်များ မဖြစ်ကြပါနှင့် ပြောရင်းဖြင့် ဤအကြောင်းအရာကို အဆုံးသတ်လိုက်ပါသည်။
Credit; အလ်မုဖီးဒ်
၁ဝ၊ မုဟရ်ရမုလ်ဟရာမ်၊ ဟစ်ဂ်ျရီ ၁၄၃၈
11.10.2016 အင်္ဂါ
Tuesday, September 6, 2016
ကလေးငယ်ကို ခေါင်းရိတ်ပေးခြင်း စွန္နသ်အကြောင်း
ဤအကြောင်းအရာ ရေးသားရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အစ္စလာမ်တွင်ရှိသည့် အစ္စလာမ့်နည်းလမ်းများကို မုစ်လင်မ်နှင့် လူအများ သိစေရန်ရည်ရွယ်သည်။ ကလေးငယ်ကို ခေါင်းရိတ်ခြင်းအကြောင်းကို အဓိကဦးစားပေးရခြင်းမှာ ယနေ့အခါတွင် ကလေးကို ခေါင်းရိတ်ခြင်းသည် မသင့်တော်ကြောင်း မခိုင်လုံသည့် စကားရပ်များသည် လူအများကြားတွင် အလွန်ပျံ့နှံ့နေပေရာ မုစ်လင်မ်များကိုယ်တိုင် ယင်းစကားရပ်များကို လက်ခံသူများရှိနေသည်ကို တွေ့ရပါသည်။ အစ္စလာမ်ဘာသာရေးကို တတ်သိပညာရှင်များကိုယ်တိုင် ထိုအကြောင်းအရာများကို လက်လွတ်စပယ် ဖြန့်နေသည်ကို ၀မ်းနည်းဖွယ်တွေ့ရသည်။ အမှန်တကယ်ဆိုလျှင် ယင်းစကားရပ်သည် စွန္နသ်နှင့် ဆန့်ကျင်ကြောင်း၊ စွန္နသ်မည်သို့ရှိကြောင်း ထုတ်ဖော်ရမည်ဖြစ်သည်။ သို့သော် မည်သူမှ ပြန်လည် ရေးသားသည်ကို မတွေ့ရပါ။ ထို့ကြောင့် အစ္စလာမ့်၏ နည်းနှင့် ယင်း၏ကောင်းကျိုးကို သိမြင်စေရန် အလ်မုဖီးဒ်မှ ဖော်ပြအပ်ပါသည်။ မည်သူမဆို အစ္စလာမ်တွင်ရှိသည့် လုပ်ဆောင်ချက်များကို ကျင့်သုံးပါက လောကီတွင် ဆိုးကျိုးကင်းစင် ကျန်းမာပျော်ရွှင်ရမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ဤနေရာတွင် ကလေးမွေးရာတွင် ပြုကျင့်ရသည့် အစ္စလာမ့်နည်းများကို မိတ်ဆက်သဘောမျိုး တင်ပြထားပါသည်။ လေ့လာပါ။ ကျင့်သုံးပါ။ မျှဝေပါ။ တိုက်တွန်းပါ။
အစ္စလာမ်တွင် ကလေးငယ်တစ်ဦးမွေးဖွားလာပါက လုပ်ဆောင်ပေးရမည့် တာဝန်များရှိသည်။ အကျဉ်းချုံဖော်ပြရသော်
(၁) ကလေးမွေးမွေးပြီး အညစ်အကြေးများမှ ဆေးကြောသုတ်သင်ပြီးနောက် ကလေး၏ ညာဘက်နားတွင် အဇာန်ဆိုရမည်၊ ဝဲဘက်နားတွင် သပ်က်ဗီးရ်ဆိုပေးရမည်။ အဇာန်မှာ ဆွလာသ်အတွက် ဖိတ်ခေါ်သည့်အဇာန်အတိုင်းပင် ဖြစ်၏။
(၂) تَحْنِيْكٌ သဟ်နီးက်ပြုပေးခြင်း ( ကိုယ်ကျင့်တရားကောင်းမွန်ပြီး ဘာသာရေးကိုင်းရှိုင်းလိုက်နာသူက စွန်ပလွံခြောက် သို့မဟုတ် အချိုတစ်ခုခုကို ကျေအောင်ဝါး၍ ၎င်းမှအစိတ်အပိုင်းအနည်းငယ်ကို လက်ညှိုးဖြင့်ယူ၍ မွေးပြီးပြီးချင်းကလေးငယ်၏ ပါးစပ်အတွင်းသို့ ထည့်ပေးခြင်းဖြစ်၏။ ထို့သို့ထည့်ပေးရာတွင် လက်ညှိုးကို လက်ဝဲ လက်ယာဘက်များသို့ ဖြေးညှင်းစွာ လှုပ်ပေးရမည်။ ဤသည်မှာ စွန္နသ်ကျင့်စဉ်ဖြစ်၏။ ရင်သွေးငယ်လေးအား ခွံ့ပေးရန် အကောင်းဆုံးအဟာရမှာ စွန်ပလွန်သီးခြောက်ဖြစ်၏။ မရပါက အစိုကို အသုံးပြုနိုင်သည်။ ယင်းလည်း မရနိုင်ပါက အချိုတစ်ခုခုကို အသုံးပြုနိုင်သည်။ အခြားသောအချိုတွင် ပျားရည်သည် အကောင်းဆုံး အစားအစာဖြစ်၏။ ယင်းလည်းမရပါက မီးနှင့်ကျိုချက်မထားသည့် အစားအစာတစ်မျိုးမျိုးကို အသုံးပြုပါ။
(၃) ကလေးမွေးပြီးနောက် ကလေးကို ကောင်းသောအမည်နာမ မှည့်ပေးခြင်းဖြစ်၏။ အစ္စလာမ်တွင် အမည်ပေးရန်အတွက် အခမ်းအနားကျင်းပရန် မသတ်မှတ်ထားပါ။ အမည်ကို အစောဆုံးပေးခြင်းက အကောင်းဆုံးဖြစ်၏။ ခုနှစ်ရက်ပြည့်မှသာ အမည်ပေးရသည်မဟုတ်ပါ။ အကြောင်းကြောင့် ကြန့်ကြာလျှင်လည်း အမြန်ဆုံး အကောင်အထည်ဖော်ပါ။
(၄) အကီကဟ်ပြုခြင်း
အကီကဟ်ကို ခုနှစ်ရက်ပြည့်ပြီးနောက် ပြုပေးခြင်းသည် မုစ်သဟဗ်ဖြစ်၏။ ခုနှစ်ရက်တွင် မဆောင်ရွက်နိုင်ပါက ခုနှစ်ရက်စီတိုး၍ ဆောင်ရွက်နိုင်သည်။ ၁၄ရက်၊ ၂၁ရက် စသည်ဖြင့်။ ခုနှစ်ရက်ထက်ကျော်ပြီး တခြားမည်သည့်နေ့တွင်မဆို အကီကဟ်ပြုပါက မွေးသည့်နေ့ထက် တစ်ရက်စော၍ အကီကဟ်ပြုရမည်။ ကလေးက တနင်္ဂနွေမွေးလျှင် စနေကို အကီကဟ်ပြုရမည်။ သောကြာမွေးလျှင် ကြာသပတေးကို အကီကဟ်ပြုရမည်။ အကီကဟ်ပြုခွင့်သည့် အချိန်ကာလ ကုန်ဆုံးသည်ဟူ၍ မရှိပါ။ အကီကဟ်ကို ယခုအခါသမယတွင် ဆွေမျိုးအားလုံး၊ မိတ်ဆွေများပါ ဖိတ်ကျွေးသည်အထိ ကြီးကျယ်စွာပြုကြသည်။ တတ်နိုင်လို့ လုပ်သည်က ဘာမှပြဿနာမရှိ။ သို့သော် အားလုံးလိုလို ထိုပုံစံအတိုင်း လုပ်လာသဖြင့် ယင်းသို့မကျွေးမွေးပါက အကီကဟ်မဟုတ်သလို အထိ ယူဆသကဲ့သို့ဖြစ်လာခြင်းသည် မှား၏။ အစ္စလာမ့်၏ တာဝန်များသည် လူအများ လိုက်နာရာတွင် လွယ်ကူမှုကို အထူးဦးစားပေးထားသည်။ ထို့ကြောင့် သတ်မှတ်ထားသလောက်သာ လုပ်ဆောင်ခြင်းက ကောင်း၏။ အကီကဟ်အတွက် ဖိတ်ခေါ်ကျွေးမွေးရန် တာဝန်မရှိပါ။ သားကောင်ကို ဇဗဟ်ပြုပြီးပါက မိမိအတွက်၊ မိမိဆွေမျိုးမိတ်ဆွေများအတွက်နှင့် သူဆင်းရဲများအတွက်ဟု သုံးပုံ ပုံ ဝေငှလိုက်လျှင် တာဝန်ကျေပါသည်။
(၅) ခေါင်းရိတ်ပေးခြင်း၊ (၆) ခသ်နဟ်ပြုပေးခြင်း။ ယခု ခေါင်းရိတ်ခြင်းအကြောင်းကို ဖော်ပြမည်။
ကလေးမွေးပြီး ခုနှစ်ရက်မြောက်နေ့တွင် ကလေး၏ဦးခေါင်းမှ ဆံပင်ကိုရိတ်လိုက်ရမည်။ ရိတ်ပြီးသားဆံပင်နှင့် အညီ ငွေသားကိုချိန်တွယ်၍ ဆင်းရဲသားကို ပေးလှူလိုက်ရမည်။ ယင်းစွန္နသ်ကို အတည်ပြုထားသော ဟဒီးစ်များမှာ အောက်ပါအတိုင်းဖြစ်၏။ တမန်တော်မြတ်သည် မြေးတော်ဟစန်သခင်အတွက် အကီကဟ်ပြုပေးပြီးနောက် ဟဇရသ်ဖာသွိမဟ်သခင်မအား အို ဖာသွိမဟ် အသင်မသည် ဟစန်၏ ဆံပင်များကို ရိတ်၍ ငွေသားဖြင့် ချိန်တွယ်ပါ။ ရရှိလာသည့် ငွေသားကို ဆင်းရဲသူများကို ပေးလှူပါဟု မိန့်တော်မူ၏။ ဖာသွိမဟ်သခင်မမိန့်သည်မှာ ကျွန်မသည် ဟစန်၏ ဆံပင်များကို ငွေသားဖြင့် ချိန်တွယ်ရာ ငွေဒင်္ဂါးတစ်ပြား သို့မဟုတ် တစ်ပြားထက် နည်း၍ ရရှိသည်ဟု ဆိုသည်။
ဖာသွိမဟ်သခင်မသည် မိမိ၏ သားတော်များဖြစ်သော ဟစန်သခင်၊ ဟုစိုင်းန်သခင်၊ သမီးများဖြစ်သော ဇိုင်နဗ်သခင်မ၊ အွမ်မေ့ကုလ်စူးမ်သခင်မတို့၏ ဆံပင်များကို ရိတ်၍ ငွေသားဖြင့် ချိန်တွယ်ကာ ယင်းငွေသားကို ဆင်းရဲသူများအား ပေးကမ်းတော်မူသည်။
မတ်စ်အလဟ်အရ ယောက်ျားလေး၊ မိန်းကလေး နှစ်ဦးလုံး၏ ဆံပင်ကို ရိတ်ရမည်။ တစ်ဦးချင်းဆံပင်နှင့် အလေးချိန်တူငွေသားကို လှူဒါန်းလိုက်ပါ။ ဆံပင်ရိတ်ရာတွင် ခေါင်းတစ်လုံးရှိ ဆံပင်အားလုံးကို ရိတ်လိုက်ရမည်။ အချို့က ဆံပင်အချို့ကိုရိတ်ပြီး အချို့ကို ချန်ထားသည်။ ယင်းလုပ်ရပ်ကို အရဗီလို ကဇအ်ဟုခေါ်သည်။ ယင်းပုံစံကို တမန်တော်က တားထား၏။
ခေါင်းရိတ်ပြီးနောက် ဦးခေါင်းကို ကုံကုမံ၊ အမွှေးနံသာ စသည်တို့ဖြင့် သုတ်လိမ်းရမည်ဟု အစ္စလာမ့်တရားတော်က လမ်းညွှန်ထား၏။
ခေါင်းရိတ်ပြီးနောက် ဦးခေါင်းကို ကုံကုမံ၊ အမွှေးနံသာ စသည်တို့ဖြင့် သုတ်လိမ်းရမည်ဟု အစ္စလာမ့်တရားတော်က လမ်းညွှန်ထား၏။
ဆံပင်ရိတ်လိုက်ခြင်း၏ အကျိုးကျေးဇူး
* ကလေး၏ မွေးရာပါဆံပင်သည် မိခင်ဝမ်းတွင်းရှိအရာတို့ကြောင့် ညစ်ပေနေသည်။ ထိုညစ်ညမ်းသောဆံပင်ကို ဖယ်ရှား၍ သန့်ရှင်းမှုရရှိစေရန် ဖြစ်သည်။
* မွေးရာပါဆံပင်သည် အလွန်အားနည်းသည်။ ၎င်းကို ရိတ်လိုက်ခြင်းဖြင့် သန်မာသောဆံပင်များ ပေါက်လာသည်။
* မွေးရာပါဆံပင်ကို ဖယ်ရှားလိုက်ခြင်းဖြင့် ဆံပင်၏ အရင်းအမြစ်များ ပွင့်လာပြီး ကလေး၏ ကျန်းမာရေးအပေါ်မှာ အထူးကောင်းသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာပါသည်။
* ဆံပင်ရိတ်လိုက်ခြင်းဖြင့် မြင်ခြင်း၊ ရှုရှိုက်ခြင်း၊ စဉ်းစားနိုင်ခြင်း၊ ခွန်အား၊ စွမ်းအားများပါ တိုးလာသည်။
ဒုတိယအကျိုးကျေးဇူးမှာ ဆံပင်၏ အလေးချိန်နှင့်အတူ ငွေသားလှူဒါန်းခြင်းဖြစ်၏။ မိမိတွင် ကလေးမွေးဖွားခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပျော်ရွှင်မှုတွင် နွမ်းပါးသူများကိုပါ ပါဝင်စေခြင်းဖြစ်၏။ မိသားစုတစ်ခု၊ အိမ်တစ်အိမ်တည်း၏ ပျော်ရွှင်မှုမဟုတ်တော့ဘဲ အခြားသောသူများတွင်လည်း ပျော်ရွှင်မှုဖြစ်ရသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ ချီးမြှင့်မှုကို ထုတ်ဖော်ရာရောက်ပေသည်။
ထိုသို့သော ကောင်းခြင်းများရှိသည့် ခေါင်းရိတ်ခြင်းအား အချို့ ကဓားထိ၍ ပိုးဝင်မည်။ ပိုးဝင်လျှင် သေမည်။ အသင့်ကလေးကို မသတ်ပါနှင့်ဟူသည့် ခိုင်မာချက်မရှိသည့် စကားရပ်ဖြင့် စွန္နသ်တစ်ခုကို ဖျက်ဆီးလိုက်သည်။ အယူလွဲမှားအောင် လုပ်ထားပေသည်။ ဓားမထိအောင် ဂရုပြုလျှင် သို့မဟုတ် ကျွမ်းကျင်သူထံ ခေါင်းတုံးခိုင်းလျှင်လည်း ရ၏။ အဓိကမှာ စွန္နသ်၊ အစ္စလာမ့်နည်းကို ကျင့်သုံးလိုစိတ်ရှိရန်ဖြစ်၏။ ကလေးပေါင်းများစွာ၊ စာရေးသူတို့ ဘိုးစဉ်ဘောင်ဆက် ဆွေမျိုးများအားလုံး၊ ရှိရှိသမျှသော မုစ်လင်မ်မိသားစုများသည် မိမိတို့၏ ရင်သွေးငယ်များအား ခေါင်းတုံးပေးခဲ့ကြသည်။ မွေးပြီး ခုနှစ်ရက်တွင် ခေါင်းတုံးပေးလိုက်သည်။ တစ်ယောက်မျှ ခေါင်းတုံးစဉ် ဓားထိပြီး သေသည်ဟူ၍ မကြားဖူးပါ။ အသက် ခုနှစ်ဆယ် ရှစ်ဆယ်၊ ကိုးဆယ်နေထိုင်သွားခဲ့ကြသည်။ ထို့ကြောင့် မသေချာသည့် စကားရပ်ဖြင့် သေချာပြီးသာ ကျင့်စဉ်တစ်ခုကို မစွန့်လွှတ်ကြပါနှင့်ဟု ပြောရင်းဖြင့် အဆုံးသတ်လိုက်ပါသည်။
[ အစ္စလာမ်နှင့် သားသမီးပြုစုပျိုးထောင်ရေး (မွဖ်သီနူးရ်မုဟမ္မဒ်ဆွာဟိဗ်)။ ပြန့်ကျဲနေသော ပုလဲလုံးများ အတွဲ ၅ တို့မှ ကောက်နှုတ်ဖော်ပြသည်။]
Credit: အလ်မုဖီးဒ်က ရေးသားသည်။
Labels:
Mufeed Baath,
စွန္နသ်,
ချေပချက်
Thursday, September 1, 2016
ယုံကြည်ချက်၊ အစ္စလာမ် နှင့် ကုရ်ဘာနီပြုရခြင်းအကြောင်း
(ဆောင်းပါးတွင် ပါဝင်သော ပုဂ္ဂိုလ်မြတ်များ၏ နာမတော်များဖတ်မိလျှင် မိမိတို့ယုံကြည်ရာအလိုက် မေတ္တာပို့သပါ။)
လူတစ်ယောက်သည် သူတပါးကို မထိခိုက်သမျှကာလပတ်လုံး မိမိယုံကြည်ရာကို ထုတ်ဖော်ခွင့်နှင့် လိုက်နာ ကျင့်သုံးခွင့်ရှိခြင်းသည် ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်း၏ အခြေခံစည်းမျဉ်းတစ်ခုဖြစ်သည်။ သူတပါးကိုထိခိုက်ခြင်း ဟူသည် အသက်ရှင်သန်ခွင့်၊ ဥစ္စာပစ္စည်းပိုင်ဆိုင်ခွင့်နှင့် မိမိယုံကြည်ရာကို ထုတ်ဖော်ကျင့်သုံးခွင့် သုံးခုကို ထိပါးခြင်းဟု ပညာရှင်များက အနက်ဖွင့်သည်။ စိတ်ခံစားချက် ထိခိုက်ခြင်းကို သူတပါးထိခိုက်ခြင်း မြောက်သည်၊ မမြောက်ပါ စသည်ဖြင့် အကွဲအလွဲရှိကြသည်။ ဘာသာရေးယုံကြည်မှုသည် Freedom of Expression တွင်ပါဝင်သည့် ယုံကြည်ရာကို လိုက်နာကျင့်သုံးခြင်း၊ ထုတ်ဖော်ခြင်းဖြစ်သည်။ မတူသည့် ဒေသမှ မတူသည့် လူတို့သည် ကွဲပြားခြားနားသော ဘာသာရေးယုံကြည်ချက်များကို ခံယူ လိုက်နာကျင့်သုံးကြသည်။ ဘာသာရေးကို လုံးဝယုံကြည်မှုမရှိသော ဘာသာမဲ့များလည်း ရှိကြသည်။ မတူသောယုံကြည်ချက် ရှိကြသူတို့သည် မိမိတို့ လက်များကို ညာဘက်နှင့် ဗယ်ဘက် သတ်မှတ်ရာတွင် တူညီနေသည်က အံ့ဖွယ်ဖြစ်သည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် သတ်မှတ်ရာတွင် တူညီနေကြသည်။ တစ်ပတ်တွင် ခုနစ်ရက် သတ်မှတ်ရာတွင် တူညီကြသည်။ မိုးကောင်းကင် ရှိရာအရပ်ကို အပေါ်၊ မြေပြင်ရှိရာအရပ်ကို အောက် ဟု သတ်မှတ်ရာတွင် တူညီကြသည်။ (သိပ္ပံပညာရှင်များထံတွင် အပေါ်နှင့် အောက် ဟူသည်မရှိပေ။) တူချင်ရာတွင် တူကြပြီး မတူချင်ရာတွင် မတူကြသည်မှာ လူတို့၏ အရည်အချင်းတစ်ရပ်ဟု ပြောနိုင်သည်။ စကားတူရာ၊ ဒေသတူရာ၊ ယုံကြည်ချက်တူရာ စုမိကြပြီး Group အုပ်စုများဖြစ်ပေါ်လာသည်။ အားကောင်းသော အုပ်စုက အားနည်းသော အုပ်စုကို အနိုင်ယူခြင်း၊ ဗိုလ်ကျခြင်းတို့ပြုလုပ်ကြရာမှ အားနည်းသောအုပ်စုက ပြန်လည် ခုခံခြင်း၊ တွန်းလှန်ခြင်းကြောင့် စစ်ပွဲများပေါ်လာသည်။ ထိုစစ်ပွဲများ၏ နောက်ပိုင်းတွင် မြို့ပြနိုင်ငံများ၊ ထိုမှ နိုင်ငံငယ်များ၊ နောက်တွင် နိုင်ငံကြီးများ ဖြစ်လာသည်။ ကမ္ဘာ့နိုင်ငံများသည် ဤကဲ့သို့ပင် ဖြစ်တည်လာသည်ကို မည်သည့် သမိုင်းဆရာမှ မငြင်းနိုင်ပေ။ စစ်ပွဲတို့၏ အနိဋ္ဌာရုံများနှင့် နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် လူတို့သည် စားဝတ်နေရေးထက် ငြိမ်းချမ်းရေးကို ပိုမို လိုလားတောင့်တလာကြသည်။ ယနေ့တွင် နိုင်ငံများလည်း အတည်တကျဖြစ်သွားပြီ။ ကုလသမဂ္ဂနှင့် အခြား ကမ္ဘာ့အဖွဲ့အစည်းများလည်း ရှိနေပြီ၊ ထို့ကြောင့် နယ်မြေလု နိုင်ငံပြုသော စစ်များ မဖြစ်ပွားတော့ပဲ စီးပွားရေးနှင့် ဓနဥစ္စာ၊ သယံဇာတ၊ နည်းပညာ လုသော စစ်ပွဲများတော့ ကျန်သေးသည်။ ထိုစစ်ပွဲများသည် အသွင်သစ်ဖြင့် ကမ္ဘာကို ခြိမ်းခြောက်လျက်ရှိပေသည်။ ထို့အပြင် ဘာသာရေး ယုံကြည်ချက်နောက်ခံဖြင့် တိုက်ခိုက်သော စစ်ပွဲများကိုလည်း တွေ့ရှိရမည်ဖြစ်သည်။
လူသားနှင့် ကမ္ဘာကြီးဘယ်ကစ ဖြစ်လာသည်ကို မည်သူမှ မသိသောကြောင့် ကမ္ဘာကြီးနှင့် လူသားတို့သည် အလိုအလျောက် မတော်တဆ ဖြစ်လာသည် ဟူသည့် ယုံကြည်ချက်ရှိသည့် အုပ်စုတစ်စု၊ ထိုအရာကို သိစရာမလိုပါဟု ခံယူသော အုပ်စုတစ်စု၊ ကမ္ဘာနှင့် စကြဝဠာသည် မဟာတန်ခိုးစွမ်းအားရှင်တပါးက ဖန်ဆင်းမှုကြောင့် ဖြစ်ပေါ်လာသည်ဟု ယုံကြည်ချက်ရှိသည့် အုပ်စုတစ်စု၊ မဟာတန်ခိုး စွမ်းအားရှင် အများအပြားက တိုက်ခိုက်ကြရာမှ ဖြစ်ပေါ်လာသည်ဟု ယုံကြည်သည့် အုပ်စုတစ်စု၊ စသည်ဖြင့် ယုံကြည်ချက် ဂိုဏ်းအသီးသီး ပေါ်ထွက်လာပေသည်။ ဖန်ဆင်းရှင်ကို ယုံကြည်သော အုပ်စုအားလုံးက ပထမဆုံးလူသားသည် "အာဒမ်" ဖြစ်သည်ဟူသော အဆိုပေါ်တွင် တူညီကြသည်။ ဖန်ဆင်းရှင်ကို မယုံကြည်သည့် အုပ်စုတို့တွင် ပထမဆုံးလူသား၏ အမည်နာမနှင့် ပတ်သက်၍ အဆိုမရှိချေ။ ဘာသာမဲ့အချို့နှင့် မတော်တဆ သီအိုရီကို လက်ခံသူတို့က လူသည် မျောက်က ဆင်းသက်လာသည်ဟူသော အယူအဆကို အခိုင်အမာ လက်ခံထားကြသော်လည်း မျောက်မှ ဆင်းသက်လာသည့် ပထမဆုံးလူ၏ အမည်နှင့် ပတ်သက်၍ ထုတ်ဖော်ထားခြင်း မရှိချေ။ ဖန်ဆင်းရှင်ကိုယုံကြည်သူတို့ လက်ခံသော ကျမ်းကြီးများတွင် ပထမဆုံး လူသားမှာ အာဒမ် ဖြစ်သည်ဟု ဖော်ပြထားသည်။ ဖန်ဆင်းရှင်ကို ယုံကြည်သူများသည် ဖန်ဆင်းရှင်ကို မတွေ့ရလို့ မယုံဘူး ဟူသည့် ဘာသာမဲ့နှင့် ဖန်ဆင်းရှင် လက်မခံသူတို့၏ စောဒကနှင့် အမြဲရင်ဆိုင်ရသည်။ ဖန်ဆင်းရှင် ရှိသည် နှင့် ဖန်ဆင်းရှင် မရှိပါ ဟူသည် တဖက်နှင့်တဖက် ဘယ်တော့မှ မပြီးနိုင်သည့် ဒီဘိတ်တစ်ခုအဖြစ် တည်ရှိနေခဲ့သည်။ ဖန်ဆင်းရှင်ကို ယုံကြည်ခြင်းနှင့် မယုံကြည်ခြင်းသည် လူတစ်ယောက်၏ မွေးရာပါ လွတ်လပ်ခွင့်ဖြစ်လေသည်။ မည်သူကမျှ အတင်းအကျပ် ယုံကြည်ခိုင်းခွင့် မရှိသလို တားဆီးခွင့်လည်း မရှိချေ။
ဖန်ဆင်းရှင်ကို ယုံကြည်သူတို့ထံတွင် ကောင်းကင်ကျကျမ်း ဟု ခေါ်ဆိုသည့် ဖန်ဆင်းရှင်ထံမှ လူသားတို့အတွက် ချမှတ်ပေးသော ကျမ်းကိုယ်စီရှိကြသည်။ ထိုကျမ်းများတွင် လူတို့ လိုက်နာရမည့် စည်းကမ်း၊ စည်းမျဉ်း၊ ဥပဒေ၊ လူလူချင်း တာဝန်များ ဝတ္တရားများ၊ ဝတ်ပြုဆည်းကပ်ခြင်းဆိုင်ရာ စည်းမျဉ်းများ၊ ဖန်ဆင်းရှင်ရှိခြင်းအကြောင်း၊ လူသားတမန်တော်များအကြောင်း၊ ယုံကြည်ချက် အရေခြုံများ၊ သူတော်ကောင်းများနှင့် သူယုတ်မာများ၊ ကုသိုလ်၊ အကုသိုလ်၊ ကောင်းကင်ဘုံ၊ ငရဲနှင့် တရားစီရင်မည့်နေ့၊ ရှေးလူသားအုပ်စုတို့ ပျက်ဆီးခြင်း၊ အလှူဒါနပြုလုပ်ရန်နှင့် မိမိကို စော်ကားလာပါက ပြန်လည်ခုခံရန်၊ အမျိုးသမီးတို့ အခွင့်အရေးနှင့် ယောက်ျားတို့၏ တာဝန်များ၊ ဆွေမျိုး၏ တာဝန်များ စသည်တို့ကို ဖန်ဆင်းရှင်၏ မုက္ခပါဌ်တော်များအဖြစ်ပါရှိသည်။ ဖန်ဆင်းရှင် လက်မခံသူများသည်လည်း ထိုကျမ်းများတွင် ပါဝင်သော ယုံကြည်ချက်မှအပ အဆုံးအမ အများစုကို နားလည်လက်ခံ လိုက်နာကျင့်သုံးကြသည်။ ဖန်ဆင်းရှင်ကို ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ လူနှင့် လူ့လောကအကျိုးကို ဆောင်သူကို လူကောင်းဟု သတ်မှတ်ပြီး ပျက်အောင်လုပ်သူကို လူဆိုးဟု သတ်မှတ်ကြသည်။ ဖန်ဆင်းရှင်ကို လက်ခံသော ဂိုဏ်းတွင် အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာနှင့် ဂျူးဘာသာတို့သည် လူအများသိသော ယုံကြည်ချက်အုပ်စုများဖြစ်ကြသည်။ ဖန်ဆင်းရှင်ကို လက်ခံသော အခြား လူသိနည်းသည့် ယုံကြည်ချက် အုပ်စုများလည်း ရှိကြသည်။ ဖန်ဆင်းရှင်ကို မယုံကြည်သူတို့သည် မိမိတို့ အထင်ကြီး လေးစားသူတို့၏ အဆုံးအမများ၊ ချမှတ်ထားသော စည်းကမ်းများနှင့် ထိုသူတို့က ကောင်းသည်ဟု ယူဆဟောကြားသော အပြုအမူများ၊ တရားအားထုတ်မှုများကို ဘာသာရေးအဖြစ် ဆောင်ရွက်ကြသည်။ ဖန်ဆင်းရှင်ကို ယုံကြည်သူတို့သည် ကောင်းကင်ကျ ကျမ်းကို ယုံကြည်ရသည်။ ထိုကျမ်းယူဆောင်လာပေးသော လူသား တမန်တော်များကို ယုံကြည်ရသည်။ ထိုအတိုင်း လိုက်နာကျင့်ကြံ ဆောက်တည်ရသည်။ ကောင်းကျိုးဆိုးပြစ်ကို ကမ္ဘာ့တရားစီရင်မည့်နေ့တွင် ခံစား စံစားရမည်ဟု မှတ်ယူကြသည်။ ဘာသာမဲ့တို့သည် မိမိတို့လက်ခံသော အရာများကို လက်ခံ၍ လက်မခံသော အရာများကို လက်မခံကြောင်း အကြောင်းအကျိုးပြကြသည်။ အုပ်စုသုံးခုလုံးသည် မိမိတို့ ရပ်တည်သည့် ယုံကြည်ချက်ကို အထောက်အပံ့ဖြစ်စေမည့် သိပ္ပံတွေ့ရှိချက်၊ လောက နိယာမ၊ လူ့သဘာဝများကို ကိုးကားပြီး အထောက်အထားအဖြစ် မိမိတို့ လက်ခံသည့် အယူအဆအပေါ် ခိုင်မာကြောင်း သက်သေပြကြသည်။
ယုံကြည်ချက်တစ်ခုမှ အခြားတစ်ခုသို့ ရွှေ့ပြောင်းယုံကြည်သူများ အမြောက်အမြားရှိသည်။ မြန်မာဝေါဟာရအားဖြင့် ဘာသာ ကူးပြောင်းသူဟု ခေါ်သည်။ ယုံကြည်သူများသည် မယုံကြည်သူများကို ဖိတ်ခေါ်ခွင့်၊ ရှင်းပြခွင့်ရှိသည်ဟု ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းက လက်ခံသည်။ လူကောင်းရှိသလို လူဆိုးလည်းရှိသဖြင့် ယုံကြည်ချက်များကို စော်ကားသော အုပ်စုများလဲ ဘာသာတိုင်းတွင် ရှိကြသည်။ ထိုသူများကို ငါတို့နဲ့ ဘာသာတူတာပဲဟု လွှတ်ပေးထားလျှင် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း ဖြစ်မည်မဟုတ်ချေ။ ထို့ကြောင့် အခြေခံဥပဒေများတွင် ဤအချက်ကို ထည့်သွင်းရေးဆွဲလေ့ရှိကြသည်။
အစ္စလာမ်ဘာသာသည် ဖန်ဆင်းရှင်ကို ယုံကြည်သော ကောင်းကင်ကျကျမ်းကို လိုက်နာသော တမန်တော်များကို ယုံကြည်သော ကမ္ဘာ့တရားစီရင်မည့်နေ့ကို ယုံကြည်သော ဘာသာတစ်ခုဖြစ်သည်။ ဖန်ဆင်းရှင်၏ အမည်နာမ၊ ကျမ်းစာ၊ တမန်တော်ယုံကြည်မှုတို့တွင် အခြား ဖန်ဆင်းရှင် ယုံကြည်သော ဘာသာများနှင့် ကွဲပြားသည်။ အခြေခံမူဝါဒအားဖြင့်မူ အခြား ဖန်ဆင်းရှင်လက်ခံသော ဘာသာများနှင့် တူညီသည်။ အစ္စလာမ်ဘာသာဝင်များတွင်လည်း အခြားဘာသာဝင်များနည်းတူ လူကောင်း၊ လူဆိုး ရှိသည်။ ထို့ကြောင့် ပြစ်မှုကျူးလွန်သူများကို ဘာသာနှင့် တွဲ၍ မမြင်ရန် အမြော်အမြင်ရှိသူတို့က တားမြစ်ကြခြင်းဖြစ်သည်။ လောကအပေါင်းကို စိုးပိုင်သော လူသားအပေါင်း၏ ဖန်ဆင်းရှင်ဖြစ်သော အလ္လာဟ်အရှင်မြတ်၏ ကျေနပ်သဘောတူမှု (ရေဒွာအေ မောင်လာ)သည် အစ္စလာမ်ဘာသာဝင်တို့၏ အန္တိမပန်းတိုင်ဖြစ်သည်။ ထိုပန်းတိုင်သို့ရောက်ရှိရန် ယုံကြည်သူဘာသာဝင်သည် ကောင်းကင်ကျ ကျမ်းစာ၊ တမန်တော်၏ ဘဝနေထိုင်မှု၊ အစ္စလာမ့်ဥပဒေ၊ အစ္စလာမ့်အဆုံးအမတို့နှင့်ကိုက်ညီစွာ ဘဝတည်ဆောက် အသက်မွေးမှု ပြုလုပ်ရသည်။ အစ္စလာမ်ဘာသာတွင် ဖန်ဆင်းရှင်အားယုံကြည်မှုနှင့် ခဝပ်ကိုးကွယ်မှုကဏ္ဍသည် ပင်မအချက်ကြီး ၅ ချက် (ယုံကြည်ချက်၊ ခဝပ်ကိုးကွယ်မှု၊ အပေးအယူ(စီးပွားရေး)၊ လူမှုရေး၊ အကျင့်စာရိတ္တ) အနက် နှစ်ခုဖြစ်သည်။ ထို့ကြောင့် အစ္စလာမ်ဘာသာဝင်သည် တရားအားထုတ်နေရုံနှင့် ပြီးပြည့်စုံပြီဟု ကျေနပ်နေရမည့်သူ မဟုတ်ချေ။ စီးပွားရေး၊ လူမှုရေးနှင့် အကျင့်စာရိတ္တပိုင်းများကိုပါ ဖန်ဆင်းရှင်သတ်မှတ်သည့် အတိုင်းဖြစ်ရန် ကြိုးစားအားထုတ်ဖို့လိုသည်။ စီးပွားရေးလုပ်ရာတွင် ဆောင်ရန်(လုပ်ပိုင်သည့်အရာများနှင့်) ရှောင်ရန် (အခွင့်မရှိသည့်အရာများ)ကို အစ္စလာမ်က ပြဌာန်းထားသည်။ အလှူဒါနကို ဘယ်အတိုင်းအတာချမ်းသာရင် ဘယ်လောက်လှူရမည်၊ ဘယ်အတိုင်းအတာ မချမ်းသာရင် အလှူစားခွင့် ရှိသည် (အလှူခံခွင့်မဟုတ်) ဟု သတ်မှတ်ပြဌာန်းထားသည်။ မိမိကိုယ်မိမိ တာဝန်ယူရန်နှင့် မိမိနှင့် သက်ဆိုင်သော မိဘ၊ မောင်နှမ၊ သားသမီး၊ အလုပ်သမားတို့အပေါ် တာဝန်ယူရန် ပြဌာန်းထားသည်။ အစ္စလာမ်တွင် ဘုန်းကြီးမရှိခြင်းမှာ အခွင့်ထူးခံလူတန်းစား မရှိကြောင်းနှင့် ဘာသာဝင်တိုင်းသည် တာဝန်ယူရဲ တာဝန်ခံရဲသော သတ္တိအပြည့်ရှိအောင် သင်ကြားထားခြင်းဖြစ်သည်။ အစ္စလာမ့်ပညာများကို တတ်ကျွမ်းသောပညာရှင်များ၊ သူတော်စဉ်များနှင့် အကြီးအကဲများသည် ဘုန်းကြီးများ မဟုတ်ကြချေ။ သူတို့သည်လည်း မိမိကိုယ်မိမိနှင့် အခြား တာဝန်ထိုက်သူများကို တာဝန်ယူရသော တာဝန်ခံများဖြစ်ကြသည်။ လူအများက ထိုသူတို့ကို ဂါရဝတရားနှင့် ရိုသေလေးစားကြသည်။
အစ္စလာမ်ဘာသာက လူ့လောကကို စွန့်ခွာ၍ မိမိတာဝန်ကို သူတပါးကိုယူခိုင်းပြီး ကိုယ်လွတ်ရုန်းခြင်းကို အားမပေးဘဲ သတ္တိရှိရှိ၊ တာဝန်ယူမှုအပြည့်ဖြင့် ကိုယ်တိုင်ရော မိသားစုကိုပါ တာဝန်ခံရဲသော သူများ ဖြစ်လာဖို့ အားပေးသည်။ ထို့ကြောင့် အစ္စလာမ်ဘာသာဝင်တို့သည် မိသားစုဘဝကို ခုံမင်သည်။ မိသားစုအတွက် ပေးဆပ်ကြသည်။ ကိုယ်လွတ်ရုန်းသူ ရှားသည်။ အစ္စလာမ်သည် တရားအားထုတ်ခြင်းကို အကြောင်းပြ၍ မိမိတာဝန်ကို သူများကို ထမ်းပိုးခိုင်းခြင်းမပြုရန် တားမြစ်သည်။ သို့သော် စေတနာသဒ္ဓါရှိစွာဖြင့် ပေးကမ်းမှုကိုမူ လက်ခံခွင့်ပေးထားသည်။ လူတိုင်းသည် ဖန်ဆင်းရှင်ရှေ့မှောက်တွင် သတ်မှတ်ပြီးဖြစ်သော အခွင့်အရေးနှင့် တာဝန်များရှိသည်။ ပေးအပ်ထားသော အခွင့်အရေးများကို ယူပိုင်ခွင့်ရှိပြီး တာဝန်များကို ထမ်းဆောင်ရသည်။ ပျက်ကွက်ပါက တရားစီရင်မည့်နေ့တွင် အစားပေးရမည်။ အလ္လာဟ်အရှင်မြတ်က ကောင်းသည်ဟု သတ်မှတ်သော အရာများကိုသာ ကောင်းသည်ဟု ယုံကြည်ရပြီး မကောင်းဟု သတ်မှတ်ထားသော အရာကို မကောင်းဟုသာ ယုံကြည်လက်ခံရခြင်းသည် အစ္စလာမ့်မူ ဖြစ်သည်။ ဥပမာ ငွေတိုးယူခြင်း၊ ပေးခြင်းကို အလ္လာဟ်အရှင်မြတ်က အကုသိုလ် (မကောင်းသောအလုပ်) ဟု သတ်မှတ်ထားသည်။ ထို့ကြောင့် အစ္စလာမ်ဘာသာဝင်တို့သည် ငွေတိုးပေးခြင်း ငွေတိုး စားခြင်းတို့ကို မပြုလုပ်ရချေ။ အတိုးမပါဘဲ ငွေချေးရသည်။ အတိုးဟု သဘောသက်ရောက်စေမည့် အရာမှန်သမျှမှ ရှောင်ရသည်။ အစ္စလာမ်ဘာသာဝင်တို့သည် အလ္လာဟ်အရှင်မြတ် ခွင့်ပြုသော အရာများကိုသာ စားသုံးရပြီး တားမြစ်ထားသော အရာများကို မစားသုံးရချေ။ ခွင့်ပြုသော အရာသည် သားကောင်ဖြစ်ပါက အရှင်မစားသောက်ရပေ။ သတ်ဖြတ်ရာတွင်လည်း စိတ်ထင်သလို မသတ်ဖြတ်ရဘဲ သတ်မှတ်ထားသော စည်းကမ်းအရသာ သတ်ဖြတ်ရသည်။ အစ္စလာမ်က ခွင့်ပြုသော သားကောင်အမျိုးအစားသည် နည်းပါးပြီး တားမြစ်ထားသော အမျိုးအစားသည် များပြားသည်။ အစ္စလာမ်သည် ဘာသာတရားဟု လူတို့ သတ်မှတ်သည်ထက် ပိုမိုသော လူမှုဘဝ လှပစွာနေထိုင်ရေး ကျင့်စဉ်တစ်ရပ်ဖြစ်သည်။ လူမှုဘဝ လှပစွာနေထိုင်ရေးအတွက် လိုအပ်သော အရာအားလုံးကို အစ္စလာမ်က ပြဌာန်းပြီးဖြစ်သည်။ ဥပမာ အိမ်ထောင်ပြုခြင်းကို ကောင်းမွန်သော အရာအဖြစ် ပြဌာန်းထားပြီး အစ္စလာမ့် အိမ်ထောင်ရေးဆိုသည်မှာ ဘာသာရပ်တစ်ခုအဖြစ် လေ့လာလို့ရအောင် ကျယ်ဝန်းသည်။ အမျိုးသမီးများကို မတရား ကာမေသုအမှုပြုလုပ်လိုသော ယောက်ျားတို့အရှုမှ ကာကွယ်မှုပြုထားသည်။ အမျိုးသမီးတစ်ဦးအတွက် ဖခင်၊ သား၊ အစ်ကို၊ ခင်ပွန်း တို့အပေါ် တာဝန်ရှိစေပြီး အမျိုးသားတစ်ဦးက မိခင်၊ သမီး၊ အစ်မ၊ ဇနီး တို့အတွက် တာဝန်ယူစေသည်။ ထိုသူတို့ မရှိမှသာ အမျိုးသမီးသည် မိမိကိုယ်ကို တာဝန်ယူရသည်။ အစ္စလာမ့်အုပ်ချုပ်ရေးတွင် အလွန်ကောင်းမွန်သော ခေတ်ရှေ့ပြေးစံနှုန်းများရှိပြီး ယနေ့တွင်လည်း ကျင့်သုံးလိုက ကျင့်သုံးနိုင်သော အချက်အလက်များနှင့် ပြည့်စုံသည်။ အစ္စလာမ့်စစ်တပ်တွင် ညှဉ်းပန်းနှိပ်စက်မှုလုံးဝ မလုပ်ရဘဲ မိန်းမ၊ သက်ကြီးရွယ်အို၊ လူမမယ်နှင့် စစ်ပွဲတွင် မပါဝင်သူများကို အန္တရာယ်မပြုရုံသာမက အကာအကွယ်ပါ ပေးရသည့် စည်းကမ်းရှိသည်။ ယုံကြည်သူတို့အဖို့ အစ္စလာမ်သည် ပြီးပြည့်စုံသော လမ်းညွှန်ချက်အဆုံးအမဖြစ်၍ မယုံကြည်သူတို့အဖို့ အတုယူဖွယ်များရှိသော လူမှုဘဝတည်ဆောက်နည်းပင်ဖြစ်သည်။
အစ္စလာမ်သည် စကြဝဠာတစ်တိုင်းလုံးတွင် လူကို အထွတ်အမြတ်ဆုံးဟု သတ်မှတ်သည်။ ထို့ကြောင့် လူမှအပ အခြားအရာနှင့် သတ္တဝါတိုင်းသည် လူတို့ အသုံးချခံ သို့မဟုတ် လူ့အကျိုးပြု သို့မဟုတ် လူတို့မှီဝဲရန် သို့မဟုတ် လူတို့ စီးပွားဖြစ်ရန် ဖြစ်လာသည်။ အစ္စလာမ်ဘာသာဝင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်သလို ထိုအရှင်မြတ်၏ တမန်တော်များနှင့် ထိုတမန်တော်တို့၏ လူမှုဘဝဖြစ်စဉ်များကိုလည်း အလေးထားရသည်။ တမန်တော်တို့အနက် အီဗရာဟင် တမန်တော်သည် အလ္လာဟ်အရှင်မြတ်၏ စမ်းသပ်မှုများထဲမှ ပြင်းထန်သော စမ်းသပ်မှုများကို အောင်မြင်ခဲ့သော တမန်တော်တစ်ပါးဖြစ်သည်။ စမ်းသပ်မှုမှာ အလ္လာဟ်အရှင်မြတ်အတွက် မိမိ၏ သားအရင်း(၏အသက်)ကို လှူဒါန်းရမည် ဟူ၍ဖြစ်သည်။ ထိုစမ်းသပ်မှုကို အီဗရာဟင် တမန်တော်က အောင်မြင်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်ကလည်း ကလေးအသက်ကိုမယူဘဲ သားကောင်တစ်မျိုးဖြင့် အစားထိုးပေးလိုက်သည်။ ထိုတမန်တော်ကြီး၏ စမ်းသပ်မှု အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် အစ္စလာမ်ဘာသာဝင်တိုင်းကို နှစ်စဉ် အသက်လှူသော ကျင့်စဉ်တစ်ရပ်ပြုလုပ်ခိုင်းသည်။ ထိုအရာကို ကုရ်ဘာနီ (စွန့်လှူခြင်း၊ စွန့်လှူမှုအကြောင်းခံဖြင့် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရယူခြင်း) ဟု ခေါ်သည်။ ထိုစွန့်လှူသော အသက်မှ ရလာသော အာဟာရကို မိမိကိုယ်တိုင် စားသုံးခွင့်ပေးပြီး ဆွေမျိုးနှင့် လူသားအားလုံးကိုပါ စားခွင့်ပေးသည်။ မယုံကြည်သူတို့အနက် အချို့သည် ထိုအရာကို မကောင်းပြောကြသည်။ မည်သူ့ကိုမျှ မထိခိုက်သော ယုံကြည်ချက်ပိုင်းဆိုင်ရာ ကျင့်သုံးမှုသည် လွတ်လပ်သော လူတိုင်းအတွက် အခွင့်ရှိသောအရာဖြစ်သည်။ ကုရ်ဘာနီ (စွန့်လှူ) သည်ကို လာမကြည့်သူသည် စိတ်၏ ခံစားချက်လည်း မဖြစ်ပေါ်ပေ။ လူတို့အာဟာရအတွက် သားကောင်သတ်ဖြတ်ခြင်းကို တားမြစ်ရန် မည်သည့် လူ့အဖွဲ့အစည်းကမှ မကြံစည်ဘူးချေ။ လူတို့အတွက် စားထိုက်သော သားကောင်တို့သည် အာဟာရသာဖြစ်ပေသည်။ ဖန်ဆင်းရှင် မယုံကြည်သူ ဘာသာဝင်အချို့က သားကောင်သတ်ဖြတ်ခြင်းကို ဆန့်ကျင်သော်လည်း တစ်ကမ္ဘာလုံးအာဟာရအတွက်မူ ၎င်းတို့ထံတွင်လည်း အဖြေမရှိချေ။ ဖန်ဆင်းရှင်သည် လူတို့အတွက် ဘယ်အရာက ကောင်းသည်။ ဘယ်အရာက ဆိုးသည်ကို သိတော်မူသောကြောင့် သတ်မှတ်ပြီးဖြစ်သည်။ ပြဌာန်းပြီးဖြစ်သည်။ အသစ်ပြဌာန်းရန် ပြင်ဆင်ရန် မလိုအပ်ချေ။ လူလုပ် ဥပဒေများသည်သာ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းတို့ ပြုရလေသည်။
၂၇/ ဇိလ်ကအ်ဒဟ်/ ဟိဂ်ျရီ ၁၄၃၇/ ယောင်မွလ်ခမီးစ်
1.9.2016
Credit: အလ်မုဖီးဒ်က ရေးသားသည်။
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။
Labels:
tauheed,
အီဒွလ် အဿွ်ဟာနှင့် ကုရ်ဘာနီ (ကဏ္ဍ),
ချေပချက်
Wednesday, May 4, 2016
မိအ်ရားဂ်ျည
တမန်တော်မြတ်ရှိစဉ်က မိအ်ရားဂ်ျတွင် ကျင့်ကြံခဲ့ပုံ
မိအ်ရားဂ်ျဖြစ်ရပ်နောက်ပိုင်းတွင် တမန်တော်မြတ်သည် ဤလောကကြီးအတွင်းဝယ် (၁၈)နှစ်ကြာသည်အထိ သက်ရှိထင်ရှား ရှိခဲ့သည်။ ထို(၁၈)နှစ်တာ ကာလအတွင်း မိအ်ရားဂ်ျနှင့် စပ်လျဉ်း၍ ယင်းညအား အလေးထားရန် အထူးတလည်မိန့်ကြားခြင်း (သို့) ဤညတွင် ကဒရ်ညကဲ့သို့ နိုးကြားနေခြင်းဖြင့် အကျိုးစဝါးဗ် ပိုရမည်ဟု မိန့်ကြားခြင်းမျိုး မရှိခဲ့ပါ။ တမန်တော်မြတ်ရှိနေစဉ်တွင် ယင်းည၌ မအိပ်ဘဲ နိုးကြားနေခြင်း၊ အလေးအနက်ပြုခြင်းများလည်း မရှိခဲ့ပါ။ ထို့ကြောင့် တမန်တော်မြတ်ရှိစဉ်က မိအ်ရားဂ်ျညတွင် အထူးအိဗာဒသ်ပြုခြင်း မရှိသည်ကို သိရပါသည်။
မိအ်ရားဂ်ျညသည် ထူးမြတ်မှုရှိသည့် ညများတွင် ပါဝင်မှု ရှိ၊ မရှိ
ရဂျဗ်လ ၂၇ ရက်ညသည် မိအ်ရားဂ်ျညဖြစ်သည်ဟု ကျော်ကြားပြီး ဤညတွင်လည်း ကဒရ်ကဲ့သို့ပင် ကျင့်ဆောင်ကြရမည်။ ကဒရ်ညမြတ်ကဲ့သို့ ထူးမြတ်မှုများ မိအ်ရားဂ်ျညတွင်လည်း ရှိသည်ဟု ယူဆရုံသာမက ကဒရ်ညထက်ပင် ပိုသည်ဟူ၍ တစ်နေရာ၌ရေးသားထားသည်ကို ကျွန်ုပ်(မွဖ်သီသကီး) ဖတ်ရှုခဲ့ဖူးသည်။ ထို့ပြင် မိအ်ရားဂ်ျည၌ ရကအသ်မည်မျှဖတ်ရမည်။ ရကအသ်တိုင်းတွင် မည်သည့်စူရဟ်များသာ ဖတ်ရသည်ဟူသော သီးသန့်နမားဇ်များလည်း ထွင်ထားသည်။ ထိုယူဆချက်၊ လုပ်ဆောင်ချက်များအားလုံးသည် မှားပါသည်။ အစ္စလာမ့်ရှရီအသ်တွင် ယင်းယူဆချက်များနှင့် လုပ်ဆောင်ချက်များ လုံးဝမပါဝင်ကြောင်း ကောင်းစွာ သိမှတ်ထားရပါမည်။ ထို့ပြင် ထူးမြတ်သည့် ညများဟု သတ်မှတ်သည့်ညများတွင် မိအ်ရားဂ်ျ မပါဝင်ပါ။
မိအ်ရားဂ်ျသည် ရဂျဗ် ၂၇ရက်တွင်သာ ဖြစ်ခဲ့ခြင်းလား
တမန်တော်မြတ်သည် မိအ်ရားဂ်ျ ကောင်းကင်ခရီး ကြွမြန်းတော်မူခဲ့သည်။ သို့သော် ရဂျဗ်လ ၂၇ ရက်ညတွင် မိအ်ရားဂ်ျခရီး ကြွမြန်းတော်မူခဲ့သည်ဟူ၍ အတိအကျ မဖော်ပြထားပါ။ မိအ်ရားဂ်ျဖြစ်သည့် ညနှင့်ပတ်သက်၍ မတူညီသော ဆင့်ပြန်ချက်များစွာ လာရှိထားသည်။ အချို့သောဆင့်ပြန်ချက်များ၌ ရဗီအွလ်အောက်ဝလ်လတွင် မိအ်ရားဂ်ျဖြစ်သည်ဟု ပါရှိပြီး အချို့ဆင့်ပြန်ချက်များ၌မူ ရဂျဗ်လဟု တင်ပြထားသည်။ သို့သာမက မိအ်ရားဂ်ျနှင့် ပတ်သက်သည့် ကျန်ရှိသော ဆင့်ပြန်ချက်များ၌ အခြားလများတွင် ဖြစ်သည်ဟုလည်း ဖော်ပြထားသည့်အတွက် မည်သည့်ညသည် မိအ်ရားဂ်ျညဖြစ်သည်ဟူ၍ တိကျစွာမပြောနိုင်ပါ။
မိအ်ရားဂ်ျည၏ ကျင့်စဉ် အဘယ့်ကြောင့် မှတ်တမ်းမရှိခဲ့ရသနည်း
မိအ်ရားဂ်ျညသည်လည်း ကဒရ်ကဲ့သို့ အထူးသတ်မှတ်မှုရှိသော ညဖြစ်ပြီး ကဒရ်ညမြတ်ကဲ့သို့ အထူးပညတ်တော်များ ရှိခဲ့ရိုးမှန်လျှင် ထိုည၏ နေ့ ရက်နှင့် လတို့ကို မှတ်တမ်းတင် ထိန်းသိမ်းရန် အရေးကြီးသည်။ ယခုမူ ထိုည၏ နေ့ရက်နှင့် လတို့အား မှတ်တမ်းတင် ထိန်းသိမ်းထားခြင်း မရှိထားသောကြောင့် ရဂျဗ်လ (၂၇) ရက်ညသာလျှင် မိအ်ရားဂ်ျညဖြစ်သည် ဟူ၍ အတိအကျ သတ်မှတ်ခွင့်မရှိပါ။ ရက်ကာလကို မှတ်တမ်းတင်ထားမှုမရှိခြင်းကြောင့် ယင်းညသည် အီမာန်ရှင်တို့အတွက် ထူးခြားသည့် တာဝန်များ သတ်မှတ်ထားခြင်း မရှိကြောင်းကို သိရပါသည်။
မိအ်ရားဂ်ျသည် ထူးမြတ်ခဲ့သည် မှန်သော်လည်း
တမန်တော်မြတ်သည် မိအ်ရားဂ်ျခရီး ကြွမြန်းတော်မူခဲ့သည်။ ထိုည၌ပင် ကြီးကျယ်သော ဖြစ်ရပ်များ၊ အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်အား အနီးကပ်ဆုံးသော အဆင့်၊ အပါးတော်၌ ခစားခြင်းဟူသော အခွင့်ထူးကို ပေးသနားခြင်း၊ အုမ္မသ်အတွက် နမားဇ်များအား လက်ဆောင်ပါးတော်မူခဲ့သည်။ တမန်တော်မြတ်ကိုယ်တိုင် ကြွမြန်းထားသည့် ထိုမိအ်ရားဂ်ျသည် ထူးမြတ်ကြီးကျယ်သည့်ည မုချဖြစ်ပြီး ထိုည၏ ကြီးမြတ်ထူးကဲမှုအပေါ် မည်သည့်မုစ်လင်မ်ကမျှ သံသယမဖြစ်ရပါ။ တမန်တော်မြတ်ကိုယ်တိုင် ကြွမြန်းခဲ့သည့် မိအ်ရားဂ်ျဖြစ်ရပ် ပေါ်ပေါက်ခဲ့သောညသည် ထွတ်မြတ်ခဲ့သည်။ ရဂျဗ် (၂၇) ရက်ညက ထွတ်မြတ်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ထို့ကြောင့် မွစ်လင်၏တာဝန်မှာ တမန်တော်ကိုယ်တိုင် သွားခဲ့သည့် မိအ်ရားဂ်ျညသည် အမှန်ပင်ဖြစ်ကြောင်း၊ ယင်းသို့သွားခဲ့သည့် ညက ထူးကဲကြောင်းကိုသာ စိတ်တွင် စွဲမှတ်ယုံကြည်ရမည် ဖြစ်ပြီး ယင်းညတွင် အိဗာဒသ်များ၊ တစ်ညလုံး မအိပ်ခြင်းများ ပြုလုပ်ရန် တာဝန်မရှိပါ။
တမန်တော်မြတ် နဗီဖြစ်ပြီး (၅) နှစ်မြောက်တွင် မိအ်ရားဂ်ျကို ရရှိခဲ့သည်။ ဤဖြစ်ရပ်နောက်ပိုင်းတွင် တမန်တော်မြတ်သည် လောက၌ (၁၈)နှစ်တိုင် သက်တော်ထင်ရှား ရှိခဲ့သည်။ ယင်း(၁၈)နှစ်တာ ကာလအတွင်း မိအ်ရားဂ်ျနှင့်ပတ်သက်၍ အထူးမိန့်ကြားခြင်း၊ ဤည၌ ကဒရ်ညကဲ့သို့ နိုးကြားနေခြင်းဖြင့် ကုသိုလ်များပြားစွာ ရမည် စသည်တို့ မိန့်ခဲ့ခြင်း မရှိပါ။ ထိုခေတ်ထိုအခါက ဤည၌နိုးကြားခြင်း၊ အလေးထားခြင်းများလည်း မရှိခဲ့ပါ။ တမန်တော်မြတ်ကိုယ်တိုင် နိုးကြားခြင်း မပြုခဲ့။ ဆွဟာဗဟ်များအား နိုးကြားရန် မိန့်ခြင်းလည်း မရှိခဲ့ပါ။ တမန်တော်မြတ် ကွယ်လွန်ပြီးနောက် နှစ်ပေါင်း ၁၀၀ အထိ ဤလောကတွင် ဆွဟာဗာများ ရှိနေကြသေးသည်။ ထိုရာစု တစ်ခုလုံးအတွင်း မည်သည့်ဆွဟာဗဟ်ကမျှ ရဂျဗ်လ (၂၇)ရက်ညအား အထူးအလေးထားသည့် ဖြစ်ရပ်များ မရှိခဲ့ပါ။ တမန်တော်မြတ်နှင့် ဆွဟာဗာများမလုပ်ခဲ့သည့် ကိစ္စရပ်များအား အစ္စလာမ့်အစိတ်အပိုင်းအဖြစ် သတ်မှတ်ခြင်း၊ စွန္နသ်ဟုသတ်မှတ်ခြင်း၊ ထိုလုပ်ရပ်အား စွန္နသ်ကဲ့သို့ အရေးတယူပြုလုပ်ခြင်းသည် ဗိဒ်အသ်ဖြစ်၏။
မိအ်ရားဂ်ျဟု ယူဆသည့်ညတွင် သီးသန့်အိဗာဒသ်ပြုခြင်း ဗိဒ်အသ်
ထိုညတွင် အိဗာဒသ်ပြုခြင်း၊ ယင်းညအား အလေးအနက်ထားခြင်းမှာ ဗိဒ်အသ်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်က ညတိုင်း ညတိုင်းတွင် တစ်ညလုံး မအိပ်ဘဲ အိဗာဒသ်ပြုနိုင်စွမ်း ချီးမြှင့်ပါက အကောင်းတကာ့ အကောင်းဆုံးပင်ဖြစ်သည်။ ညစဉ်နိုးကြားလျှက် အိဗာဒသ်ပြုပြီး အလားတူ (၂၇)ရက်ညတွင်လည်း နိုးကြားလျက် အိဗဒသ်ပြုမည်ဆိုပါက မည်သို့မျှဆိုရန် အကြောင်းမရှိပါ။
ရဂျဗ်လ (၂၇) ရက်နေ့တွင် ရိုဇာဟ်ရှိ / မရှိ
အချို့သူတို့က ရဂျဗ်လ (၂၇) ရက်နေ့၏ ရိုဇာဟ်သည် အာရှူရဟ်နှင့် အရာဖဟ်နေ့များ၏ ရိုဇာဟ်များကဲ့သို့ ထူးမြတ်မှုရှိသည်ဟု ယူဆထားသည်။ ထိုနေ့၏ ရိုဇာဟ်နှင့် စပ်လျဉ်း၍ ဆွဟီးစနဒ်ဖြင့် ဆင့်ပြန်ချက်မရှိပါ။
ဟဇရသ်အုမရ်က ဗိဒ်အသ်ဖြစ်ကြောင်း အတိအလင်းတားမြစ်ခြင်း
ဟဇရသ်အုမရ် အုပ်ချုပ်စဉ်က လူအချို့သည် ရဂျဗ်လ (၂၇) ရက်နေ့ ရိုဇဟ်ကို အထူးအလေးထား၍ စောင့်ထိန်းနေကြောင်း ကြားသဖြင့် ချက်ခြင်းအိမ်မှ ထွက်၍ လူတစ်ဦးခြင်းကို တွေ့ဆုံပြီး အသင်ကျွန်ုပ်ရှေ့၌ စားသောက်ပြီး ရိုဇဟ်မရှိကြောင်း သက်သေပြဟု ပြောပြီး ဇွတ်အတင်း စားသောက်စေသည်။ ထိုသို့ တိတိကျကျ လူတို့အား စားသောက်စေခြင်းမှာ လူတို့က ယနေ့အတွက် ရိုဇဟ်နှင့် ပတ်သက်၍ အထူးသတ်မှတ်ချက်နှင့် ထူးမြတ်မှုများမရှိဘဲ အခြားသောနေ့များ၌ နဖိလ်ရိုဇဟ်စောင့်ထိန်းနိုင်သကဲ့သို့ ဤနေ့တွင်လည်း နဖိလ်ရိုဇဟ်ထားနိုင်ပြီး မည်သို့မျှ ကွာခြားချက်မရှိ ဟု သိရှိလာကြစေရန်ဖြစ်သည်။ ဟဇရသ်အုမရ်သည် ရဂျဗ်လ (၂၇) ရက်နေ့တွင် ရိုဇဟ်စောင့်ထိန်းခြင်းအား ဗိဒ်အသ်ဟု အတိအလင်းတားမြစ်ခဲ့ပြီး အစ္စလာမ်အတွင်း ကိုယ့်ယူဆချက်ဖြင့် အပိုလုပ်ဆောင်ချက်များမရှိစေရန် ဆောင်ရွက်ခဲ့သည်။
ထိုည၌သာ နိုးကြားလိုသူတို့၏ စောဒက
အချို့က အဲ့ဒီညမှာ နိုးနိုးကြားကြားနဲ့ အိဗာဒသ်ပြုလုပ်ပြီး နေ့ဘက်မှာ ရိုဇဟ်ထားတာပဲ၊ အပြစ်ကျူးလွန်တာ၊ ခိုးမှုကျူးလွန်တာ၊ အရက်သောက်တာ၊ ဓားပြတိုက်တာမှ မဟုတ်ပဲ၊ အိဗာဒသ်ပြုကြတာပဲ၊ နေ့ဘက်မှာ ရိုဇဟ်ထားရင်လည်း မကောင်းတာလုပ်တာမှ မဟုတ်ပဲဟု စောဒက တတ်ကြသည်။
အစ္စလာမ်က အမိန့်နာခံရန် တောင်းဆိုထားခြင်း
ဟဇရသ်အုမရ်က ထိုနေ့၌ ရိုဇဟ်စောင့်ထိန်းရန် အလ္လာဟ်အရှင်မြတ်က မိန့်တော်မူခြင်းမရှိပဲ မိမိဘက်မှ ဖန်တီးပြီး အလေးအနက်ထားနေခြင်းသည် အဓိက မကောင်းခြင်းပင် ဖြစ်သည်ဟု မိန့်တော်မူသည်။ အစ္စလာမ့်မိန့်မှာချက်အားလုံး၏ အချုပ်မှာ အမိန့်နာခံခြင်းပင် ဖြစ်၏။ နမားဇ်ဝတ်ပြုပါဟု မိန့်သည့်အခါ နမားဇ်ဝတ်ပြုခြင်း အိဗာဒသ်ဖြစ်သည်။ နမားဇ်ဝတ်မပြုနှင့်ဟု မိန့်သည့်အခါ နမားဇ်ဝတ်မပြုခြင်းမှာ အိဗါဒသ်ဖြစ်သည်။ ရိုဇဟ်မထားနှင့်ဟု မိန့်လျှင် ရိုဇဟ်မထားခြင်း အိဗာဒသ်ဖြစ်သည်။ အကယ်၍ ထိုအချိန်၌ ရိုဇဟ်ထားလိုက်မည်ဆိုပါက ဒီးန်နှင့် ဆန့်ကျင်ခြင်း ဖြစ်သည်။ အစ္စလာမ်၏ လုပ်ဆောင်ချက်အားလုံးသည် အမိန့်နာခံခြင်း အတွင်း၌သာ ရှိ၏။
အစ္စလာမ်အတွင်း အပိုလုပ်ရပ်များ ထည့်သွင်းခြင်း
လူတစ်ဦးသည် ထိုနေ့၏ ရိုဇဟ်အား အလွန်အလေးထားနေလျှင် ၎င်းသည် အစ္စလာမ်အတွင်း မိမိဘက်မှ အပိုလုပ်ရပ်များ ဖြည့်စွက်သူပင် ဖြစ်သည်။ အစ္စလာမ်အား မိမိနည်း မိမိဟန်ဖြင့် ပြုလုပ်နေသူဖြစ်သည်။ ထို့ကြောင့် ဤပုံစံဖြင့် ရိုဇဟ်ထားခြင်း မပိုင်ပါ။ မွတ်စ်လင်မ်တစ်ဦးသည် အများအားဖြင့် အခြားရက်များတွင်လည်း ရိုဇဟ်ထားလေ့ရှိပြီး ရိုဇဟ်ထားနေကျရက်နှင့် တိုက်ဆိုင်နေပါက ထားပါ။ ထိုသူ့အတွက် တားမြစ်ချက်မရှိ။ သို့ရာတွင် ထိုနေ့၏ ရိုဇဟ်သည် ပို၍ထူးမြတ်သည်၊ ပို၍ ကုသိုလ်ဆဝါဗ်းရရှိမည်ဟု ယူဆပြီး စောင့်ထိန်းလျှင် (သို့) ထိုည၌သာ နိုးကြား၍ အိဗာဒသ်ပြုခြင်းဖြစ်လျှင် ဗိဒ်အသ်ဖြစ်သည်။
မုန့်အချိုများပြုလုပ်ခြင်း
ရဂျဗ်လ (၂၇) ရက်နေ့ ဓလေ့တစ်ခုမှာ နဇရ်ကိုး၍ မုန့်အချိုများ လုပ်ခြင်းဖြစ်သည်။ ထိုနေ့တွင် မုန့်အချိုမပြုလုပ်ပါက မည်မျှပင် နမားဇ်ဖတ်သူ၊ ရိုဇဟ်ထားသူ၊ အပြစ်ရှောင်ကြဉ်သူပင် ဖြစ်ပါစေ မုစ်လင်မ်မဟုတ်သကဲ့သို့ပင်။ ကိုယ်တိုင်လည်း မုန့်အချိုမလုပ်၊ မုန့်အချိုလုပ်သူများအားလည်း မလုပ်ရန် တားမြစ်ပါက ၎င်းအား လအ်နသ်ပို့ခြင်း၊ မကောင်းပြောခြင်းများဖြင့် ရှုတ်ချကြတော့၏။ ထိုသို့ မုန့်များပြုလုပ်ကြရန် ဆွဟာဗဟ်များ၊ သာဗိအီးန်များ၊ သဗ္ဗအ်သာဗီအီးန်များနှင့် အိမာမ်ကြီးများ၏ ညွှန်ကြားမိန့်ဆိုချက်၊ ပြုလုပ်ဆောင်ရွက်ချက် တစ်ခုမျှမရှိခဲ့ပါ။
အကျိုးမဲ့ကိစ္စများအတွင်း နစ်သွားသော အုမ္မသ်
ကျွန်ုပ်တို့ အုမ္မသ်သည် အထက်ပါကဲ့သို့ အကျိုးမရှိသည့် လုပ်ရပ်များတွင် နစ်သွားပြီ ဖြစ်၏။ အကျိုးမဲ့ကိစ္စများကို အရေးကြီးသည်ဟု မှတ်ယူနေသဖြင့် အမှန်တကယ် အကျိုးရှိ အရေးကြီးသည့် တာဝန်များ မှေးမှိန် ပျောက်ကွယ်သွားရတော့၏။ ထိုအချက်များနှင့် စပ်လျဉ်း၍ မိမိနောင်တော် မုစ်လင်မ်များအား တဖြည်းဖြည်းခြင်း သဘောပေါက်သည်အထိ ရှင်းပြရန်လိုအပ်ပါသည်။ အချို့သူတို့မှာ နားမလည်သဖြင့် ပြုလုပ်ကြခြင်းဖြစ်ပြီး ၎င်းတို့စိတ်အတွင်း၌ မည်သို့မျှ အတိုက်အခံပြုလိုမှု မရှိကြပါ။ ကုရ်အာန်နှင့် ဟဒီးစ်တော်များအရ မည်သို့မျှ အခြေအမြစ်မရှိသော ကိစ္စရပ်များဖြစ်သည့်အတွက် လူတို့အား ချစ်ခင်ကြင်နာစိတ်ဖြင့် သဘောပေါက် နားလည်အောင်ရှင်းပြရမည်။ ထိုအခမ်းအနားများ၌ ကိုယ်တိုင်ပါဝင်ခြင်း၊ အခြားသူများအား သွားဖို့တိုက်တွန်းခြင်းကိုလည်း ရှောင်ကြဉ်ရပါမည်။

နိဂုံးချုပ်တင်ပြရလျှင် ရဂျဗ်လသည် ရမဇာန်၏ အကြိုလဖြစ်ပြီး ရမဇာန်အတွက် မိမိကိုယ်တိုင် ယခုကတည်းက ကြိုတင်ပြင်ဆင်မှုများ လုပ်ထားရန် လိုအပ်ပါသည်။ တမန်တော်မြတ်သည် ရမဇာန်မရောက်မီ ၂ လအရင်ကပင် ဒုအာပြုခဲ့သည်။ ထို့ပြင် လမြတ်ရမဇာန်အတွက် မိမိကိုယ်မိမိ ယခုကတည်းက ပြင်ဆင်ကြ၊ ရမဇာန်သို့ရောက်ရှိလာလျှင် မိမိတို့၏ အချိန်များအား အလ္လာဟ်အရှင်မြတ်ကို သတိရတသရာတွင် များစွာ သုံးစွဲရန်၊ အိဗာဒသ်အတွက် သုံးစွဲရန် အချိန်ဇယားဆွဲ၍ အသင့်ပြင်ကြ ဟူ၍ လူတို့အား ကြိုတင်အသိပေး လှုံဆော်ခဲ့ပါသည်။ ကျွန်ုပ်တို့လည်း တမန်တော်ပြသလမ်းညွှန်ခဲ့သည့်အတိုင်း ဘ၀ရှင်သန် အမိန့်နာခံရမည်သာ ဖြစ်ပါသည်။
((ကမ္ဘာ့ဖိကဟ်ပညာရှင်များအဖွဲ့ချုပ် ဒု-ဥက္ကဌဖြစ်သော မုဖ်သီသကီး (အုဆ်မာနီ) ရေးသားသည်ကို မုဖ်သီအာဒမ် (မဇွာဟေရီ) ပြန်ဆိုတင်ပြထားသည့် အလ်မီဇားန် အတွဲ-၈၌ပါဝင်သည့် "မိအ်ရားဂ်ျအကြောင်း နှင့် ရဂျဗ်လတွင် ပြင်ဆင်ရမည့်အရာများ" ဆောင်းပါးကို မှီငြမ်းရေးသား၍ အလ်မုဖီးဒ်၏ ချစ်ပရိသတ်အတွက် ပြန်လည်တင်ဆက်လိုက်ပါသည်။))

Friday, September 11, 2015
မက္ကဟ်မြို့တော်တွင် သေဆုံးသူများကို ဂုဏ်ပြုခြင်း
၁၁.၉.၂၀၁၅ မက္ကဟ်မြို့တွင် ကရိန်းပြိုကျမှုကြောင့် သေဆုံးသွားသူ မုစလ်မာန်ဟာဂျီများကို ဤဟဒီးစ်တော်ဖြင့် ဂုဏ်ပြုအပ်ပါသည်။
ဟရမိုင်န် (မက္ကဟ် သို့မဟုတ် မဒီနာ) တွင် ကွယ်လွန်သူ
တမန်တော်မြတ် ဆွလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်တော်မူခဲ့သည်မှာ ..... အကြင်သူသည် မဒီနာမြို့၌ တည်းခိုပြီး မဒီနာမြို့၏ ဒုက္ခရောက်မှုအပေါ် သည်းခံခဲ့ပါလျှင် ငါကိုယ်တော်သည် ကိယာမသ်နေ့တွင် ထိုသူ့အတွက် သက်သေနှင့် ကြားဝင်အသနားခံပေးသူ ဖြစ်လိမ့်မည်။
အကြင်သူသည် မက္ကဟ်မြို့တော်တွင်လည်းကောင်း သို့မဟုတ် မဒီနာမြို့တော်တွင်လည်းကောင်း သေဆုံးကွယ်လွန်ခဲ့ပါလျှင် ထိုသူအား အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်နေ့တွင် ငြိမ်းချမ်းသာယာစွာဖြင့် ထစေတော်မူလိမ့်မည်။
[ဗိုင်ဟကီကျမ်း]
-----------------------
မက္ကဟ်မြို့တော်တွင် သည်းထန်စွာ မိုးရွာသွန်းနေပြီး ဟရာမ်ပရ်ဝဏ်အတွင်း ဆွဖာနှင့် မရ်ဝါနေရာအနီး လုပ်ငန်းအတွင်းမှ ကရိန်းသို့ မိုးကြိုးထိမှန်၍ မတော်တဆပြိုကျမှုကြောင့် ဟဂ်ျပြုရန် အွမ်ရာပြုရန် သွားကြသော နိုင်ငံတကာမှ မုစ်လင်မ်များစွာ သေဆုံးခဲ့ပါသည်။
မုစ်လင်မ်တို့၏ အောင်မြင်ခြင်းသည် သေပြီးမှရရှိသည်ဖြစ်သောကြောင့် မုစ်လင်မ်တို့သည် ထူးမြတ်သောသေခြင်းကို ရရှိဖို့ မုစ်လင်မ်တိုင်း လိုလားတောင့်တကြသည်။ ဤသို့ဂုဏ်ပြုရခြင်း၏ အကြောင်းမှာ မြန်မာစကားပြောသည့် တချို့သော လူ့မိုက်ရိုင်းများက မုစ်လင်မ်တို့၏ ဤအဖြစ်ကို ဆဲဆို၍ မကောင်းသည့်အသွင်တစ်ခုဖက်သို့ဆောင်ကာ ပြောဆိုနေသည်ကို တွေ့ရသဖြင့် ရေးသားလိုက်ရခြင်းဖြစ်သည်။
မှတ်ထားပါ........ မုစ်လင်မ်တို့သည် မက္ကဟ်ဟူသည့်နေရာတွင် သေဆုံးရခြင်းကို မြင့်မြတ်သည်ဟု မှတ်ယူသလို နောက်ဆုံးတမန်တော်ချုပ်ကလည်း ထိုသို့သောသူများအတွက် လက်ဆောင်သတင်းကောင်းကို ကြိုတင်ပေးပြီးသား ဖြစ်သဖြင့် ထိုနေရာ၌ မည်သို့ပင် သေသေ အောင်မြင်ပြီးသားပင်ဖြစ်ပါသည်။ မက္ကဟ်ဟူသည့်နေရာတွင် သေခြင်းက မြတ်သောသေခြင်းတစ်မျိုးတွင် အပါအဝင်ဖြစ်သောကြောင့် အသင်တို့ရှုတ်ချလျှင်လည်း အောင်မြင်မှုသရဖူကို ဆောင်းပြီးသားဖြစ်သောကြောင့် လမင်းကို ခွေးဟောင်သလိုပင် ဖြစ်နေမည်သာတည်း။
မြန်မာနိုင်ငံအတွင်းတွင်လည်း ယခုအချိန်အထိ ရေကြီးမှုနှင့် သဘာဝဘေးအန္တရာယ်၊ အစိုးရဘေးအန္တရာယ်တို့ကို ရင်ဆိုင်နေရဆဲဖြစ်သည်။ ကိုယ့်နိုင်ငံအတွက် အပူထားပါ။ အသင်တို့ထင်သလို ဘေးဒုက္ခရောက်တိုင်း မကောင်းမှုကြောင့်ဖြစ်ရသည်ဟူသည့် အယူအဆ အစ္စလာမ်တွင် လုံးဝ လုံးဝမရှိပါ။ အစ္စလာမ်တွင် ရှင်ခြင်း သေခြင်းသည် ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်၏ အမိန့်ကြောင့်ဖြစ်သလို မုစ်လင်မ်တို့သည် ဤကမ္ဘာလောကတွင် အခက်အခဲနှင့် ဆိုးရွားမှုတို့ ရင်ဆိုင်ခံစားရသည်နှင့်အမျှ နောင်တမလွန်လောကတွင် အောင်မြင်မှုများစွာကို ရရှိမည့်သူများ ဖြစ်ပါသည်။
သူတစ်ထူးဒုက္ခရောက်သည်ကို ဝမ်းသာသည့် နိုင်ငံသားများမဖြစ်ပါနှင့်။ မိမိတို့ယုံကြည်ရာ ဘာသာတရားကို မိမိတို့၏ ပြောဆိုမှုများဖြင့် သိက္ခာမချပါနှင့်။
အလ်မုဖီးဒ်
Friday, February 27, 2015
မြတ်နဗီဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် အသက်ရှင်လျှက် ရှိနေခြင်း၏ အထောက်အထား
အောက်ပါပို့စ်ကို ကူးယူလိုသူများ စာပါအကြောင်းအရာအားလုံးအပြည့်အစုံနှင့် ရေးသားသူအမည်ပါ ထည့်သွင်းကူးပါ။
တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် အသက်ရှင်လျှက်မရှိတော့ဟု ခံယူချက်ထားကာ စောဒကတတ်သူများသို့ .....
(၁) တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) မမွေးဖွာမီ အရင်ကတည်းက ကိုယ်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)နှင့် ပတ်သက်သော သတင်းကောင်းများသည် သောင်ရသ်၊ အိန်ဂျီလ်ကျမ်းစာအုပ်များတွင်လည်း လာရှိထားသည်။ ထိုလာရှိချက်များနှင့် ပတ်သက်ပြီး မွတ်စ်လင်မ်တိုင်းလက်ခံသလို တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)မမွေးဖွားခင်အရင်ကတည်းက လက်ခံထားသူများလည်း မြောက်များစွာရှိကြသည်။
ကိုယ်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) လာရှိမည်နှင့်ပတ်သက်ပြီး တမန်တော်အီစာ (အလိုင်ဟစ္စလာမ်)မှ သတင်းကောင်းပေးခဲ့သည်နှင့် စပ်လျဉ်း၍ ကျမ်းမြတ်ကုရ်အာန် (၆၁း၆ ) တွင် လာရှိသည်မှာ……
" ဝအီဇ်ကားလာ အီစဗ်နူမရ်ယမ ယားဗနီးအီစ်ရားအီးလ အီးန်နီးရစူးလွလ္လာဟိ အီလိုက်ကူမ့် မူဆွဒ်ဒီကလ်လီမားဗိုက်န ယဒိုက်ယ မီနသ်သောင်ရားသိ ၀မူဗရှ်ရှီရမ့် ဗိရစူးလီန် ယအ်သီး မင်းမ်ဗအ့်ဒီးစ်မူဟူး အဟ်မဒု ဖလမ့်မား ဂျားအဟူမ့် ဗီလ်ဗိုက်ယိနားသိ ကားလူး ဟားဇား စီဟ့်ရူးမ်းမူဗီးန် " ဆိုလိုသည်မှာ….. ထိုမှတစ်ပါးပြန်လည်သတိရရှိကြလေကုန်။ အခါတစ်ပါး၌ မရ်ယမ်၏ သားတော် တမန်တော်အီစာ(အလိုင်ဟိစ္စလာမ်)သည် (ဤသို့)ပြောကြားခဲ့လေ၏။ အို.. အီစ်ရာအီလီမျိုးနွယ်အပေါင်းတို့! ဧကန်မလွဲ ငါသည်မိမိအလျင်ရှိနေသော သောင်ရသ် (ကျမ်းဂန်)ကို ဟုတ်မှန်ကြောင်း ထောက်ခံအတည်ပြုသူအဖြစ်လည်းကောင်း၊ ငါ၏နောက်တွင် " အဟ်မဒ် " ဟူသော အမည်နာမနှင့်ပွင့်အံ့သော ရစူလ်တမန်တော်တစ်ပါးနှင့်ပတ်သက်၍ သတင်းကောင်းပြောကြားသူ အဖြစ် လည်းကောင်း၊ အသင်တို့ထံ(စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ်အရှင်မြတ်၏ရစူလ် တမန်တော်ဖြစ်၏။
ကျမ်းမြတ်ကုရ်အာန်၌လာရှိသည့် တမန်တော်အီစာ(အလိုင်ဟစ္စလာမ်)နှင့် ပတ်သက်သော ဤအကြောင်းအရာသည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) မမွေးဖွားခင် နှစ်ပေါင်းငါးရာအရင်မှ အကြောင်းအရာတစ်ခုဖြစ်သည်။ ဤအာယသ်တွင်ပါရှိသည့် တမန်တော်အီစာ(အလိုင်ဟစ္စလာမ်) သတင်းကောင်းပါးထားသော ရောက်ရှိလာမည့်တမန်တော်မှာ တမန်တော်မြတ်မိုဟမ္မဒ် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ဖြစ်ကြောင်းကို မွတ်စ်လင်မ်တိုင်းကလက်ခံထားကြသည်။ ထိုအချိန်က တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည် မွေးဖွားခြင်းပင်မရှိသေးပေ။ သို့သော် ကျမ်းမြတ်ကုရ်အာန်၏ရှင်းလင်းချက်အရ မွတ်စ်လင်မ်တိုင်းက ရစူလ်တမန်တော်အဖြစ် ရောက်ရှိမည်ဆိုခြင်းကို လက်ခံထားကြသည်။ ထိုကဲ့သို့လက်ခံထားခြင်းတွင် မည်သူတစ်ဦးတစ်ယောက်မျှလည်း စောဒကတက်ခြင်း မရှိပေ။
ထိုကဲ့သို့ မမွေးဖွားမီအရင်ကပင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ရောက်ရှိမည်ကို ယုံကြည်လက်ခံမည်ဆိုလျှင် ယခု တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)၏ ဝဖားသ်နောက်ပိုင်းတွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည် မိမိရောင်ဇွဟ်တွင် ခန္ဓာကိုယ်နှင့်တကွ အသက်ရှင်လျှက်ရှိခြင်းနှင့်စပ်လျဉ်း၍ အကီဒဟ်ထားခြင်းတွင် အဘယ်သို့သော ချို့ယွင်းချက်ရှိနိုင်ပါမည်နည်း? အသင်ယုံကြည်လက်ခံထားသော အလ္လာဟ်အရှင်မြတ်သည် ဤကဲ့သို့သော ကိစ္စကို ပြုနိုင်စွမ်းရှိသည်ဟု အသင်ယုံကြည်ခြင်းမရှိပါသလား? ထိုသို့ဆိုပါက အသင်သည် အလ္လာဟ်အရှင်မြတ်ကိုပင် သံသယဝင်ပြီး လျှို့ဝှက်စွာဖြင့် အရှင်မြတ်၏ကုဒ်ရသ်များအား ငြင်းပယ်သူဟု ထင်မှတ်ရပါသည်။
ဤကိစ္စနှင့်ပတ်သက်ပြီး တစ်ဦးတစ်ယောက်က မိမိအတွေးအခေါ်အတိုင်း အမျိုးမျိုးသော စောဒကများတက်မည်ဆိုလျှင် ကျမ်းမြတ်ကုရ်အာန်၌ပါရှိသော တမန်တော်အီစာ(အလိုင်ဟိစ္စလာမ်) သတင်းကောင်းပေးသော တမန်တော်မှာ ကိုယ်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ဖြစ်ကြောင်းကို မမြင်တွေ့ရဘဲ အဘယ်ကြောင့် လက်ခံပါသနည်း။ တမန်တော်အီစာ(အလိုင်ဟိစ္စလာမ်)၏နောက်ပိုင်း နှစ်ပေါင်း ၅ဝဝ ကျော်အထိ မွေးဖွားလာခြင်းပင်မရှိသေးသော၊ တွေ့မြင်ခြင်းပင် မရှိသေးသော မိုဟမ္မဒ်သခင် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ရောက်ရှိလာမည့်သတင်းအား အဘယ့်ကြောင့် လက်ခံပါသနည်း။
** ယခု တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ရောင်ဇွဟ်ထဲ၌ အသက်ရှင်လျက်ရှိခြင်းနှင့် ပတ်သက်ပြီး အပိုင်းနှစ်ပိုင်း ခွဲပြီးမြင်ရန်လိုအပ်ပါသည်။
ပထမသည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ဤဒွန္နယာ၏ သက်တမ်းအဆုံးထိ နေခဲ့သောအကြောင်းဖြစ်ပြီး ဒုတိယမှာ ဤဒွန္နယာမှခွဲခွဲသွားပြီးသောအခါ၌လည်း အာလမေဗရ်ဇခ်တွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် ခန္ဓာကိုယ်နှင့်တကွအသက်ရှင်လျက်ဖြင့် မိမိရောင်ဇွဟ်ထဲတွင်ရှိနေကြောင်းကို ခွဲခြားနားလည်ရန်လိုအပ်ပါသည်။
(၂) ကမ္ဘာကျော်စာအုပ်ဖြစ်သည့် သဇ်ကီရသူလ်အောဝ်လီယာကျမ်း စာအုပ်ထဲတွင် ဟဇ်ရသ် ရှိုင်းခ်ဖရီးဒူရ်ဒီးန်အတ်ွတွားရ်(ရဟမသုလ္လာအလိုင်းဟ်)သခင်ကြီးက အီမာမ်အဘူဟနီဖဟ် (ရဟမသုလ္လာအလိုင်းဟ်) သခင်ကြီးနှင့် ပတ်သက်ပြီး ရေးသားခဲ့သည်မှာ ………. တစ်နေ့သောအခါ အီမာမ်အဘူဟနီဖဟ်သည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ ရောင်သွာသို့ဇေယာရသ်ပြုရန် ရောက်ရှိလာသောအခါ ကိုယ်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)၏ ရောင်ဇွဟ်ရှေ့၌ " အတ်စ်စလားမုအလိုက်ကာ ယားစိုက်ယိဒလ်မွရ်စလီးန်" ဆိုလိုသည်မှာ …. " အို… ရစူလ်တမန်တော်များ၏ခေါင်းဆောင်! ကိုယ်တော့်အပေါ်သို့ အလ္လာဟ်အရှင်မြတ်ဘက်မှ ငြိမ်းချမ်းသာယာမှု အဖြာဖြာကျရောက်ပါစေ" ဟူ၍ စလာမ်မေတ္တာပို့သခဲ့ပါသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)၏ ရောင်ဇွဟ်ထဲမှ ….…. " ဝအလိုက်ကတ်စ်စလားမူ ယားအီမာမလ်မွတ်စ်လီးမီးန်" ဆိုလိုသည်မှာ …." အို… မွတ်စ်လင်မ်များ၏ခေါင်းဆောင် အသင့်အပေါ်သို့လည်း အလ္လာဟ်အရှင်မြတ်ဘက်မှ ငြိမ်းချမ်းသာယာမှုအဖြာဖြာ ကျရောက်ပါစေ" ဟု အသံထွက်ပေါ်လာခဲ့ပါသည်။
ဤကဲ့သို့ အဖြေထွက်ပေါ်လာခြင်းနှင့် ပတ်သက်ပြီး အကလ်အသိဥာဏ်ကောင်းသော လူသားဖြစ်မည်ဆိုပါက ဤသည် အသက်ရှင်လျှက်ရှိခြင်း၊ မရှိခြင်းနှင့်ပတ်သက်ပြီး ဆုံးဖြတ်နိုင်သော လုံလောက်သည့် အချက်တစ်ခုဖြစ်ပါသည်။ အသံသည် ခန္ဓာကိုယ်နှင့်ရူးဟ် ပေါင်းစပ်ပြီးဖြစ်ပေါ်လာသော အရာတစ်ခုဖြစ်ပါသည်။ ရူးဟ်ဝိညာဉ်တစ်ခုတည်းဖြင့် ထိုကိစ္စကို ပြုလုပ်နိုင်မည်မဟုတ်ပါ။ အကြင်သူက မိမိကိုယ်ကိုဟနဖီဟုပြောဆိုပြီး အီမာမ်အဘူဟနီဖဟ်သခင်ကြီး၏ ဤအကြောင်းအားမသိရှိဘဲ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ရောင်သွာထဲ၌ ဇင်န်ဒဟ် အသက်ရှင်လျှက်ရှိနေခြင်းနှင့်ပတ်သက်ပြီး စောဒကတက်ပါက ထိုသူ့အား ဟနဖီဟု မည်ကဲ့သို့သတ်မှတ်ရပါမည်နည်း။
အထက်ပါအကြောင်းအရာများအတွက်ကြောင့် အဟ်လေစွန္နသ်ဝလ်ဂျမာအသ်စွန္နီမွတ်စ်လင်မ်များက ဟယာသူန့်နဗီ (တမန်တော်မြတ်သည် ရှင်လျှက်ပင်ရှိနေသည်) ကို မိမိတို့၏ အကီဒဟ်ခံယူချက် ပြုလုပ်ထားသည်။ အဟ်လေစွန္နသ်ဝလ်ဂျမာအသ် စွန္နီမွတ်စ်လင်မ်များတွင် ဤအကီဒဟ်ကို မယုံကြည်သူသည် ဗာသွိလ်မမှန်ကန်သူပင် ဖြစ်သည်။
ထပ်မံ၍ဥပမာပေးရမည်ဆိုလျှင်
(၃) အကြင်သူသည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ ရောင်ဇွဟ်ရှေ့တွင် ဒရူးဒ် စလာမ် စလာဝသ် ပို့သသည်။ ထိုဒရူးဒ်စလာမ်များကို တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ကိုယ်တော်တိုင် မိမိနားနှင့်ကြားသိရှိသည် ဟူ၍ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ ဟဒီးဆ်များတွင်လာရှိထားသည်။ အကယ်၍ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အသက်ရှင်လျှက်မရှိပါက ထိုကဲ့သို့ကြားသိရန် မည်သည့်အကြောင်းရှိပါသနည်း။

(၄) အချို့ဟဒီးဆ်များတွင်လာရှိသည်မှာ တနင်္လာနေ့တွင် တမန်တော်မြတ် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ဖရိရှ်သဟ်ကောင်းကင်တမန်များက အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အတိုင်း ဤအွမ္မသ်များ၏အမလ်များကို တမန်တော်ထံသို့ပို့သသောအခါ တမန်တော်မြတ် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် မိမိအွမ္မသ်များ၏ ကောင်းမွန်သော အမလ်များကိုသိရှိပြီး ပျော်ရွှင်ဝမ်းသာ၍ မကောင်းသောအမလ်များကိုသိရှိသောအခါ ဝမ်းနည်းတော်မူပါသည်ဟု လာရှိထားသည်။ အကယ်၍ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် သေဆုံးကွယ်လွန်သွားသည်ဆိုပါက ထိုအမလ်များကို တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ထံသို့ ပို့သရန် မည်သည့်အကြောင်းရှိပါသနည်း?
တမန်တော်များသည် အလ္လာဟ်အရှင်မြတ်၏ အထူးဗန်ဒဟ်များဖြစ်သည့်အတွက် သာမာန်လူသားများနှင့် မည်သို့မျှ နှိုင်းယှဉ်စဉ်းစား၍မဖြစ်နိုင်ပေ။ ထိုကဲ့သို့ စဉ်းစားခြင်းသည် ရှိုက်သွာန်၏လှုံဆော်မှုသာဖြစ်သည်ကို သဘောပေါက်ရန်လိုအပ်ပါသည်။
(၅) နဗီတမန်တော်များသည် ဝဖါးသ်ဖြစ်သွားပြီးနောက်တွင် ချက်ချင်းပင် ဇင်န်ဒဟ် ပြန်လည်ရှင်သန်သွားသည်။ အလားတူ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည်လည်း ဝဖါးသ်ဖြစ်ပြီးနောက်တွင် ချက်ချင်းပြန်လည်၍ ဇင်န်ဒဟ် ရှင်သန်သွားသည်။ နဗီတမန်တော်များ၏ ဤဇင်န်ဒဂီသက်တမ်းသည် ဒွန္နယာလောက၏ သက်တမ်းထက် ပို၍အဆင့်မြင့်မားသည်။ အချို့သော ဟဒီးဆ်တော်များတွင်လာရှိထားသည်မှာ…. "အလ်အမ်ဗီယားအု ဟူမ့်ဖီလ်ကူဗူးရိ ယူဆွလ္လူးန်" ဆိုလိုသည်မှာ ….. နဗီတမန်တော်များသည် ၎င်းတို့၏ကဗရ်များတွင် နမားဇ်ဖတ်ကြသည် ဟူ၏။ အကယ်၍ အသက်သေဆုံးသည်ဟု ထင်မှတ်ပါက မည်ကဲ့သို့နမားဇ်ဖတ်နိုင်မည်နည်း။ နမားဇ်သည် ခန္ဓာကိုယ်နှင့်ရူးဟ်ဝိညာဉ်တို့ ပေါင်းစပ်ပြီးမှ ပြုလုပ်နိုင်သောအမလ်ဖြစ်သည်။ ဤသည်ကိုငြင်းပယ်ပါက ဤဟဒီးဆ်နှင့်အလားတူဟဒီးဆ်များအားလုံးကို ငြင်းပယ်ရာရောက်သည်။ ဟဒီးဆ်ကိုငြင်းပယ်သူသည် အဘယ်ကဲ့သို့သောသူဖြစ်သည်ကို သဘောပေါက်ရန်လိုအပ်ပါသည်။
တမန်တော်မူစာ(အလိုင်းဟိစ္စလာမ်)ကို တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ကိုယ်တော်တိုင်က ကဗရ်ထဲတွင် နမားဇ်ဖတ်နေသည်ကို မေ့အ်ရားဂ်ျညတွင် တွေ့မြင်ခဲ့ပါသည်။
(၆) သာဗီအီတစ်ပါးဖြစ်သော ဟဇ်ရသ်စအီးဒ်ဗီန်မူစိုင်ယဗ်သခင်(ရဟမသုလ္လာအလိုင်းဟ်) က အမိန့်ရှိခဲ့သည်မှာ… "ဟရှ်ရဟ်" အခင်းဖြစ်ပွားမှုတွင် မတ်စ်ဂျိဒေနဗဝီ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ ဗလီဝတ်ကျောင်းတော်၌ မည်သူတစ်ဦးတစ်ယောက်မျှလည်း အနားမကပ်နိုင်၍ အဇာန်နှင့်နမားဇ်မှာ မဖြစ်နိုင်ခဲ့ချေ။ ထိုအချိန်၌ ကျွန်တော်သည် ရောင်ဇွဟ်တော်ထဲမှ မှောင်နေသောနေရာတွင် ဝင်ရောက်ပုန်းခိုလျက်ရှိခဲ့ပါသည်။ ကျွန်တော်ပုန်းခိုနေသော နေရာတွင် အမှောင်ထုကြီးစိုးနေ၍ အချိန်များကိုခွဲခြား၍ သိနိုင်ခြင်းမရှိခဲ့ပေ။ သခင်ကြီးအား တပည့်များက ထိုအချိန်တွင် ၎င်းနေရာ၌ နမားဇ်များကို အဘယ်သို့ဝတ်ပြုခဲ့ပါသနည်း ဟု မေးမြန်းကြပေသည်။ ထိုအခါသခင်ကြီးက နမားဇ်အချိန်များတွင် ရောင်ဇွဟ်တော်အတွင်းထဲမှ သတိပေးချက်အသံတစ်မျိုးကို ကြားရပါသည်။ ကျွန်တော်သည် ၎င်းသတိပေးချက်အသံကိုကြားပြီး နမားဇ်အချိန်များကို ခန့်မှန်း၍ နမားဇ်ဝတ်ပြုခဲ့သည်ဟု အမိန့်ရှိခဲ့သည်။ (ဒါရမီကျမ်း)
အသံထွက်ပေါ်လာခြင်းသည် ခန္ဓာကိုယ်နှင့်ရူးဟ်ဝိညာဉ်ပေါင်းစပ်ပြီးမှ ထွက်ပေါ်လာနိုင်သော အရာဖြစ်၍ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ရောင်ဇွဟ်ထဲ၌ ခန္ဓာကိုယ်နှင့်တကွ ရှင်သန်နေခြင်းတွင် အဟ်လေစွန္နသ်ဝလ်ဂျမာအသ်၏အကီဒဟ်ဖြစ်သော ဟယာသူန့်နဗီဖြစ်ခြင်းတွင် မည်သည့်ဒွိဟသံသယမျှ ကျန်ရှိတော့မည်မဟုတ်ပေ။
(၇) ဟဒီးဆ်တစ်ပုဒ်တွင်လာရှိသည်မှာ.. အကြင်သူက တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)၏ ရောင်ဇွဟ်အနားတွင် စလာမ်ပို့သပါက တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ကိုယ်တော်တိုင် စလာမ်၏ အဖြေအားပေးလျှက်ရှိပါသည် ဟူ၏။ စလာမ်ပေးသောအခါ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က ရူးဟ်နှင့်ပင် စလာမ်ယူကြောင်း မည်သည့်အထောက်မျှမရှိပေ။ ဗရ်ဇခ်၏ရှင်သန်မှုတွင် လူသားအားလုံးအတွက် ရူးဟ်ဝိညာဉ်သာ ရှိပါသည်။ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ ရှင်သန်ခြင်းမှာမူ မည်သည့်လူသားများ၏ရှင်သန်ခြင်းနှင့်မျှလည်း တူမည်မဟုတ်ပေ။ ဤအကြောင်းကို ရှိုင်းခ်အဗ်ဒူလ်ဟတ်က်မုဟဒ်ဒီစေဒဲဟ်လဝီက မိမိကျမ်းစာအုပ်ဖြစ်သော "ဂျဇ်ဗူလ်ကူလူးဗ်" ကျမ်းစာအုပ်တွင် အကျယ်တဝင့်ရေးသားထားပေသည်။
အို….စောဒကတက်သူ! ဤသည် ဟဒီးဆ်များပင်ဖြစ်သည်။ အသင်သည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သေဆုံးကွယ်လွန်သွားပြီဟု ယုံကြည်ယူဆလိုက်ပါက ဤဟဒီးဆ်များကိုလည်း ငြင်းပယ်လိုက်ရာ အလိုလိုရောက်ရှိသွားမည်ဖြစ်သည်။
(၈) မည်သည့်အချိန် မိုင်ယသ်အား ကဗရ်ထဲမြှုပ်နှံပြီးနောက်တွင် ဖရိရှ်သာနှစ်ပါးရောက်ရှိလာပြီး သေဆုံးသူအား မေးခွန်းသုံးခုမေးမြန်းသည်။ ထိုမေးခွန်းသုံးခုထဲတွင် ဒုတိယမေးခွန်း၌ သေဆုံးသူအား တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ကိုပြသပြီး "မားသကူးလု ဖီးဟာဇရ်ရဂျူလိ" …ဆိုလိုသည်မှာ “ဤပုဂ္ဂိုလ်နှင့်ပတ်သက်ပြီး အသင်၏ဖြေကြားချက်မှာ အဘယ်သို့ရှိပါသနည်း" ဟူသော မေးခွန်းပါဝင်သည်။
ဤနေရာတွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အား ပြသပြီးမေးမြန်းမည်ဖြစ်သောကြောင့် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သေဆုံးကွယ်လွန်သွားသည်ဟု ယုံကြည်ပါက တမန်တော်မရှိတော့သည့်အတွက် မည်သူ့ကိုပြသပါမည်နည်း? တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည် ရူးဟ်အဖြစ်သာရှိနေပြီး ခန္ဓာကိုယ်နှင့်ရှင်သန်မှုမဟုတ်ပါက "ဟာဇရ်ရဂျူလိ" ဟု (လက်ရှိတည်ရှိသောစကားလုံးညွှန်းဆိုမှုဖြင့်) ပြောဆိုနိုင်မည်မဟုတ်ပေ။ ခန္ဓာကိုယ်နှင့် ရူးဟ်ဝိညာဉ်ပေါင်းစပ်မှသာလျှင် ထိုကဲ့သို့ ပြောဆိုနိုင်မည်ဖြစ်ပါသည်။
အသင်သည် ဦးနှောက်ကောင်းသူဖြစ်ပါလျှင် သေချာစွာစဉ်းစားပြီး အမှန်ကိုရှာဖွေတွေ့ရှိပါလိမ့်မည်။ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)အား ပြသပြီးမေးမြန်းရာတွင် မေးမြန်းခံရသူသည် အီမာန်ရှင်ဖြစ်ပါက တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ကို တွေ့မြင်သိရှိပြီး " အရှ်ဟဒုအန်လားအိလားဟ အီလ္လလ္လားဟု ဝအရှ်ဟဒုအန္န မုဟမ္မဒန် အဗ်ဒုဟူး ဝရစူးလုဟူး" ဆိုလိုသည်မှာ…"အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာမရှိ။ မိုဟမ္မဒ်သခင် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်၏ ဗန်ဒဟ်အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်တော်မူပါသည်" ဟု ဖြေကြားမည်။ မေးမြန်းသောဖရိရှ်သာနှစ်ပါးက ၎င်းအီမာန်ရှင်၏အဖြေကိုကြားသိပြီး အသင်သည် ဤကဲ့သို့ဖြေကြားမည်ကို ကျွန်တော်တို့သိရှိကြပါသည် ဟု ပြန်လည်ပြောကြားမည်။ ဤဟဒီးဆ်သည် သိရ်မီဇီကျမ်းတွင်လာရှိသည်။ အလားတူ မစ်ရှ်ကားသ်ကျမ်းစာအုပ် အိစ်ဗားသေအဇာဗေကဗရ်၏အခန်း၌လည်း ကဗရ်ထဲတွင် သေဆုံးကွယ်လွန်သူအား တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ကို ပြသခြင်း၊ သေဆုံးသူကတွေ့ခြင်း၊ မြင်ခြင်း၊ သိရှိခြင်းများနှင့်ပတ်သက်သောရိဝါယသ် ဆင့်ဆိုမှုများကိုလည်း အကျယ်တဝင့်လေ့လာနိုင်သည်။
ဤဟဒီးဆ်များအရ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည် ရောင်ဇွဟ်ထဲတွင် ခန္ဓာကိုယ်နှင့်တကွ ရှင်သန်နေသည်ဟူသည်မှာ စစ်မှန်သောအထောက်အထားတစ်ခုဖြစ်ပါသည်။ သို့ပါ၍ ဟယာသူန့်နဗီ၏ကိစ္စတွင် မည်သည့်ဒွိဟသံသယမျှ မရှိပေ။ အကြင်သူက ဤကဲ့သို့သောအထောက်အထားများအား မတွေ့မမြင် မစဉ်းစားခဲ့ပဲ လက်တစ်ဆစ်စာတောင်မရှိသော မိမိအကလ်အသိဥာဏ်ကိုအသုံးပြုပြီး အမျိုးမျိုးသော စောဒကများကိုတက်ကာ ထိုယုံကြည်ရမည့်အကြောင်းအရာအား ငြင်းဆိုပါက ယင်းကိစ္စအတွက် ၎င်းသူနှင့် အလ္လာဟ်အရှင်မြတ်သာ ရှင်းလင်းရမည့်အကြောင်းကိစ္စဖြစ်သည်။
(၉) ဟဇရသ်အဘူဘကရ်ဆီဒ်ဒီးက်(ရသွိ)သခင်ကြီးသည် ဟီဂ်ျရီ(၁၃)ခုနှစ်၊ ဂျူမာဒလ်အာခစ်ရ်လ(၂၂) ရက်၊ တနင်္လာနေ့နှင့်အင်္ဂါနေ့အလယ်ကြားညတွင် သက်တော်(၆၃)နှစ်အရွယ်၌ ဝဖါးသ်ပြု အလ္လာဟ့်အမိန့်ခံသွားခဲ့သည်။ သခင်ကြီး၏နောက်ဆုံးစကားမှာ…. ရဗ်ဗိ သဝဖ်ဖနီး မွတ်စ်လိမန် ဝအလ်ဟစ်က်နီး ဘိစ်ဆွားလိဟီးန် ။ ဆိုလိုသည်မှာ….. အို … အလ္လာဟ်အရှင်မြတ်! ကျွန်တော်မျိုးအား မွတ်စ်လင်မ်အဖြစ်နှင့် ဝဖါးသ်ချီးမြှင့်တော်မူပြီး သူတော်စင် သူတော်ကောင်းများ၏ အုပ်စုတွင် ထည့်သွင်းပေးတော်မူပါ ဟူ၏။
သခင်ကြီးက မကွယ်လွန်မီအလျင် ... မိမိဂျနာဇဟ်ကို တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)၏ ရောင်ဇွဟ်တော်၏ အခန်းရှေ့သို့ယူဆောင်သွားပြီး အတ်စ်စလားမု အလိုက်က ယားရစူးလလ္လားဟိ ဟားဇား အဘူးဘတ်က်ရီန် ယတ်စ်သအ်ဇိနု အသအ်ဇိနု လဟူး ဖိဒ်ဒုခူးလိ ။ ဆိုလိုသည်မှာ .... အတ်စ်စလားမုအလိုက်က ယားရစူးလလ္လားဟ်! ဤသည်မှာ အဘူဘကရ်ဖြစ်ပါသည်။ ၎င်းကအခွင့်တောင်းခံပါသည်။ ကိုယ်တော်သည် ၎င်းအား ဝင်ခွင့်ပြုပါသလော ဟု တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ထံမှ ခွင့်တောင်းရန်အတွက်လည်းကောင်း၊ အကယ်၍ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ထံမှ ခွင့်ပြုပါလျှင် မိမိဂျနာဇဟ်ကို တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)၏ ဘေးတွင် ဒဖန်ပြုလုပ်ရန်၊ သို့မဟုတ်ပါက အများမွတ်စ်လင်မ်တို့အား ဒဖန်ပြုလုပ်သော ကဗရ်စသားန်သင်္ချိုင်းသို့ယူဆောင်သွား၍ ဒဖန်ပြုလုပ်ရန်အတွက် မှာကြားခဲ့ပါသည်။
သခင်ကြီးအလ္လာဟ့်အမိန့်ခံသွားသောအခါ သခင်ကြီး၏မှာကြားချက်အတိုင်း သခင်ကြီး၏ဂျနာဇဟ်ကို တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အခန်းရှေ့သို့ယူဆောင်လာ၍ အခွင့်တောင်းခံကြရာ အကွယ်မှအသံပေးသူ၏ "အဒ်ခိလုလ် ဟဘီးဗ အလလ်ဟဘီးဗ်" ဆိုလိုသည်မှာ…. " အသင်တို့သည် ချစ်သူအား ချစ်သူထံသို့ ယူဆောင်လာပေးကြပါ " ဟူသောကြေငြာချက်ကို ရှင်းလင်းစွာ ကြားသိခဲ့ကြပေသည်။ ထို့ကြောင့် သခင်ကြီးအား တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)၏အနီးအနားတွင် ဒဖန်ပြုလုပ်ခဲ့ကြပေသည်။ (နဇ်ဟသူလ်မဂျာလိစ်ကျမ်း၊ အတွဲ-၂၊ စာမျက်နှာ-၂၆၄)
အို…. တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)အား မိမိရောင်ဇွဟ်တွင် အသက်ရှင်လျှက်ရှိနေခြင်းအား ငြင်းဆန်စောဒကတက်သူ!
အသင်သည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ဝဖါးသ်ဖြစ်ပြီးနောက်တွင် မိန့်ကြားခဲ့သော ဟဇ်ရသ်အဘူဘကရ် (ရသွိ)သခင်၏မိန့်ခွန်းအား အထောက်အထားပေးနေခဲ့သည်။ အသင်ပေးသော အထောက်အထားသည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည် လောကတွင်သက်တမ်းစေ့ပြီး လူသဘာဝအတိုင်း ဝဖါးသ်ဖြစ်သွားခဲ့ကြောင်း ဖြစ်ပါသည်။ အဘူဘက္ကရ်ဆွီဒီးက်(ရသွိ)သခင်၏ မည်သည့်စကားလုံးတွင်မျှ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် မိမိရောင်ဇွဟ်တွင် ခန္ဓာကိုယ်နှင့်တကွအသက်ရှင်လျက်မရှိဟု မိန့်ကြားခဲ့သည့် မည်သည့်အထောက်အထားမျှ မရှိပေ။ ထို့ကြောင့်သာ သခင်ကြီးက မိမိကွယ်လွန်ချိန်တွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ထံပါးတွင်ဒဖန်ဖြစ်ရန်အတွက် ခွင့်တောင်းခဲ့ခြင်းဖြစ်ပါသည်။ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ အမိန့်တော်အတိုင်း ဝင်ခွင့်ရရှိသောအခါ အဘူဘက္ကရ်(ရသွိ) ၏ ဂျနာဇဟ်အား တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ဘေးတွင် ဒဖန်ပြုခဲ့ခြင်းဖြစ်ပါသည်။
ထိုကဲ့သို့ ဟဇ်ရသ်အဘူဘကရ်ဆွီဒီးက် (ရသွိ)သခင်ကြီးက တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏အနီးနားတွင် မိမိအား ဒဖန်ရန်အတွက် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏အခန်းရှေ့တွင် အခွင့်တောင်းခံခိုင်းခဲ့သည်ကို အသင် အဘယ်ကြောင့်မသိရှိပါသနည်း။ တမန်တော်မြတ်(ဆွ)သည် ခန္ဓာကိုယ်နှင့်တကွရှင်သန်ခြင်းမဟုတ်ဟု ထင်မြင်ယူဆပါက ထိုဝင်ခွင့်တောင်းခံခြင်းမှာ မည်သို့မျှဖြစ်နိုင်ရန်အကြောင်းမရှိပေ။ သို့ပါသောကြောင့် အသင့်၏စောဒကသည် ဗာသွီလ်အပေါ်သို့ရောက်ရှိနေသည်ကို သတိပြုရန်လိုအပ်ပါသည်။
(၁ဝ) ဟဇ်ရသ်အဘူဒ်ဒရ်ဒါးအ်(ရသွိ)သခင်ကြီးက တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်မှာ… အသင်တို့သည် သောကြာနေ့တွင် ငါတမန်တော်အပေါ် ဒရူးဒ်များစွာပို့သကြပါ။ ထိုနေ့သည် ငါတမန်တော်မြတ်ထံသို့ မလာအိကဟ်ကောင်းကင်တမန်များက အသွားအလာအများဆုံးရှိသော နေ့ပင်ဖြစ်ပါသည်။ အသင်တို့ထဲမှ တစ်ဦးဦးကပို့သသော ဒရူးဒ်များကို မုချဧကန် ငါတမန်တော်မြတ်ထံသို့ ပို့ကြပါသည်။ ထိုအချိန်တွင်ဆွဟာဗဟ်များက ယားရစူးလလ္လားဟ်! ကိုယ်တော်၏ဝဖါးသ်ပြုပြီးနောက် အဘယ်သို့ဖြစ်မည်နည်း ဟု မေးမြန်းကြပေသည်။ တမန်တော်မြတ်(ဆွ)က မုချဧကန် အလ္လာဟ်အရှင်မြတ်သည် မြေကြီးအား တမန်တော်များ၏ခန္ဓာကိုယ်ကိုစားခြင်းမှ ဟရာမ်ပြုထားတော်မူ၏။ အလ္လာဟ်အရှင်မြတ်၏ တမန်တော်များသည် ကဗရ်ထဲတွင်လည်း အသက်ရှင်လျက်ပင်ရှိကြပါသည်။ ၎င်းတို့သည် အလ္လာဟ့်ထံမှ ရီဇစ်က်ရိက္ခာကိုလည်း ရရှိကြပေသည် ဟု ဖြေကြားတော်မူ၏။ (အိဗ်နေမာဂျဟ်ကျမ်း)
တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် ရောင်ဇွဟ်ထဲ၌ ခန္ဓာကိုယ်နှင့်ရှင်သန်ခြင်းမဟုတ်ပါက အထက်ပါဟဒီးဆ်၏ ရီဇစ်က်ရိက္ခာဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို ပြန်လည်ရှင်းပြရန်လိုအပ်ပါသည်။
ခန္ဓာကိုယ်နှင့်ရူးဟ်ဝိညာဉ် ပေါင်းစပ်ပြီးမှသာလျှင် စားသောက်ခြင်းအလုပ်ကို ပြုလုပ်နိုင်ပါသည်။ ရူးဟ်ဝိညာဉ်ဖြင့်သာ ရှင်သန်သည်ဟုယူဆပါက အလ္လာဟ်အရှင်မြတ်ထံမှရရှိသော ရီဇစ်က်ရိက္ခာများအား မည်ကဲ့သို့စားသောက်နိုင်ပါမည်နည်း။ အိဗ်နေမာဂျဟ်ကျမ်းတွင်ပါရှိသော တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ အထက်ပါ ဟဒီးဆ်တော်မှာ မှားယွင်းသည်ဟု အသင်ငြင်းဆိုပါမည်လား။ ဖြေပေးစေချင်ပါသည်။
တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် မိမိရောင်ဇွဟ်ထဲ၌ အသက်ရှင်နေတော်မူခြင်း၏ အထောက်အထောက်များနှင့် စောဒကတက်သူအတွက် အဖြေများ အပိုင်း (၂)
(၁) ဟိဂ်ျရီ (၆ဝဝ)ခုနှစ်တွင် ဘဂ်ဒါးဒ်မြို့၌ အလွန်နာမည်ကျော်ကြားသော ရှိုင်းခ်စိုင်ယဒ်အဟ်မဒ် ရီဖါအီ (ရဟမသုလ္လာအလိုင်းဟ်) အမည်ရှိ အဲဟ်လွလ္လာဟ်ဝလီသူတော်စင်ကြီးတစ်ဦးရှိခဲ့သည်။ သခင်ကြီး၏ ခေတ်ကာလနှင့် ဂေါင်စူလ်အအ်ဇွမ်ရှိုင်းခ်အဗ်ဒူလ်ကာဒိရ်ဂျီလာနီ (ရဟ်မသုလ္လလ္လာအလိုင်းဟ်) သခင်ကြီး၏ ခေတ်ကာလသည် တစ်ခုတည်းပင်ဖြစ်သည်။

ဟဇ်ရသ်ရှိုင်းခ်စိုင်ယဒ်အဟ်မဒ် ရီဖါအီ(ရဟ်မသုလ္လာအလိုင်းဟ်) သခင်ကြီးသည် သစောင်ဝုဖ် အတွင်းပြုပြင်ရေးလမ်းစဉ် နှင့်ပတ်သက်၍ အလ်ဗူရ်ဟားနူလ်မူအိုက်ယဒ်ဟု နာမည်ကျော်ကြားသော ကျမ်းစာအုပ်ကို ပြုစုရေးသားခဲ့သူ ဖြစ်သည်။ နှစ်တစ်နှစ်၌ သခင်ကြီးသည် မက္ကဟ်မြို့တွင် ဟဂ်ျပြုပြီးနောက် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ကို ဇိယာရသ်ပြုရန်အတွက် မဒီနဟ်မြို့ရှိ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ ရောင်ဇွဟ်တော်ရှေ့သို့ရောက်ရှိလာပြီး အောက်ပါကဗျာနှစ်ပုဒ်ကို ရွတ်ဆိုခဲ့သည်။
(၁) ၀ဖီ ဟားလသိလ် ဘုအ်ဒိ ကွန့်သု ရူးဟိ အူရ်စိလုဟား* သုကဗ်ဗိလုလ်အရ်ဒွ ၀ဟိယ အန့်နီး နားအီဘသီး။
(၂) ၀ဟားဇိဟီး ဒေါက်လသုလ် အရှ်ဘားဟိ ကဒ်ဟဒွရသ် * ဖမ်ဒုဒ် ယမီးနက ကိုက်သဟွဇ်ဇွ ဘိဟား ရှဖသီး။
ဆိုလိုသည်မှာ .....
(၂) ၀ဟားဇိဟီး ဒေါက်လသုလ် အရှ်ဘားဟိ ကဒ်ဟဒွရသ် * ဖမ်ဒုဒ် ယမီးနက ကိုက်သဟွဇ်ဇွ ဘိဟား ရှဖသီး။
ဆိုလိုသည်မှာ .....
(၁) ယားရစူးလလ္လားဟ်! ကျွန်တော်သည် ရပ်ဝေးဒေသတွင်ရှိခဲ့စဉ်က မိမိရူးဟ်ဝိညာဉ်အား ကိုယ်တော့်ထံသို့စေလွှတ်လေ့ရှိခဲ့ပါသည်။ ထိုရူးဟ်ဝိညာဉ်က ဤနေရာသို့လာရောက်ပြီး ကိုယ်တော့်ရောင်ဇွဟ်တော်၏မြေကို ကျွန်တော့်အစား နမ်းရှုပ်လေ့ရှိခဲ့ပါသည်။
(၂) ယားရစူးလွလ္လားဟ်! ကျွန်တော့်ခန္ဓာကိုယ်၏ အစိတ်အပိုင်းများအားလုံးမှာ ယခုအချိန်တွင် ကိုယ်တော်ထံသို့ ရောက်ရှိလာပြီး ဖြစ်သည်။ သို့ပါ၍ ကျွန်တော့်နှုတ်ခမ်းမှာ အရသာခံစားရန်အတွက် ကိုယ်တော်သည် မိမိယာဘက်လက်တော်ကို ကမ်းလင့်ပေးတော်မူပါ .... ဟူ၏။
သခင်ကြီးက အထက်ပါ ကဗျာနှစ်ပုဒ်ကိုရွတ်ဖတ်သောအခါ ရောင်ဇွဟ်တော်ထဲမှာ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏လက်တော် ထွက်လာခဲ့ပါသည်။ သခင်ကြီးသည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ လက်တော်ကိုကိုင်၍ နမ်းရှုပ်ပြီးနောက် ထိုနေရာ၌ပင် သတိလစ်ပြီး လဲကျသွားခဲ့ပါသည်။ သခင်ကြီးသည် သတိပြန်လည်လာသောအခါ မိမိနဖ်စ်ကိုချေမှုန်းရန်အတွက် မတ်စ်ဂျိဒေနဗဝီတွင် ဝင်ထွက်သွားလာနေကြသူများက ၎င်းတို့၏ခြေထောက်များဖြင့် နင်းသွားကြစေရန် ခန္ဓာကိုယ်ကို မတ်စ်ဂျိဒေနဗ၀ီ၏ လှေခါးပေါ်၌ လှဲချခဲ့သည်။

ထိုအချိန်တွင် ဤဖြစ်အင်ကို လူပေါင်းကိုးသောင်းတို့က မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ကြသည်။ ထိုသို့တွေ့မြင်ကြသူများထဲတွင် ဂေါင်စူလ်အအ်ဇွမ်ရှိုင်းခ်အဗ်ဒူလ်ကာဒိရ်ဂျိလာနီ(ရဟမသလုလ္လာဟိအလိုင်းဟ်)သခင်ကြီးလည်း ပါဝင်သည်ဟူ၍ ဟကီမွလ်အွမ္မသ် ဟဇ်ရသ်မော်လာနာရှားဟ်အရှ်ရဖ်အလီထာန၀ီ(ရဟ်မသုလ္လာဟိအလိုင်းဟ်)သခင်ကြီးက မိမိ၏ မ၀ါအိဇ်ွတွင် အမိန့်ရှိခဲ့သည်။ (အလ်ဗွရ်ဟားနူလ်မူရှိုက်ယဒ်ကျမ်း)
မှတ်ချက်
တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည် မိမိရောင်ဇွဟ်ထဲ၌ ခန္ဓာကိုယ်နှင့်တကွ အသက်ရှင်လျက် မရှိနေခဲ့ပါက ကိုယ်တော်မြတ်၏လက်သည် အဘယ်သို့ထွက်လာပြီး ထိုသူတော်စင်ကြီးအား နှုတ်ဆက်ခဲ့ပါသနည်း။ ထိုနေရာတွင်ရှိခဲ့သော လူပေါင်းကိုးသောင်းက ထိုဖြစ်အင်ကိုတွေ့မြင်ခဲ့သည်။ ဤသည် ဟီဂ်ျရီ(၆၀၀)ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော အကြောင်းအရာ တစ်ခုဖြစ်သည်။ ထိုတွေ့မြင်သူများတွင် ဂေါင်စူလ်အအ်ဇွမ်ရှိုင်းခ်အဗ်ဒူလ်ကာဒိရ်ဂျိလာနီ(ရဟ်) သခင်ကြီးလည်း ပါဝင်ခဲ့သည်။
အကယ်၍ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည် ခန္ဓာကိုယ်နှင့်ရူးဟ်ဝိညာဉ်တို့ ပေါင်းစပ်ပြီး ရှင်သန်နေသည်မဟုတ်ဘဲ ရူးဟ်ဝိညာဉ်သာရှင်သန်နေသည်(သို့မဟုတ်)ဒွန္နယာ၏ရှင်သန်ခြင်းမျိုးမဟုတ်ဘဲ ရူးဟ်ဝိညာဉ်၏ ရှင်သန်ခြင်းမျိုးဖြင့် ရှင်သန်နေသည်ဟု ပြောမည်ဆိုပါက အဆိုပါလက်သည် ထွက်ပေါ်လာနိုင်စရာ အကြောင်းမရှိပါ။ လက်ဟူသည် ရူးဟ်ဝိညာဉ်နှင့်ခန္ဓာကိုယ် တွဲစပ်ပြီးမှသာ လှုပ်ရှားနိုင်သောအရာဖြစ်သည်။ ထိုကိစ္စအား ရှင်းလင်းစွာ နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။
ထို့နည်းတူစွာ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) မေအ်ရားဂ်ျသို့ ကြွမြန်းခြင်းနှင့်ပတ်သက်ပြီး ရူးဟ်ဝိညာဉ်နှင့်ဖြစ်ခဲ့သည်ဟု ဆိုသော အချို့ပညာရှင်များ၏အဆိုများကို အဟ်လေစွန္နသ်ကလက်မခံပေ။ ရူးဟ်နှင့်သွားသည်ဆိုသော မေအ်ရားဂ်ျသည် မှန်ကန်မှုမရှိပေ။ ယခုတမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က မိမိရောင်ဇွဟ်၌ ရူးဟ်နှင့်ခန္ဓာကိုယ်ပေါင်းစပ်ပြီး ရှင်သန်နေခြင်းမှာ ဒွိဟသံသယလုံးဝမရှိ၍ ဟယာသူန့်နဗီ၏အကီဒဟ်ကို အဟ်လေစွန္နသ်က လက်ခံထားလျက်ရှိပါသည်။
ဤအကီဒဟ်ကိုဆန့်ကျင်သူသည် မမှန်ကန်သောဗာသွီလ်အယူအဆပေါ်တွင်ရှိနေသူပင် ဖြစ်၏။
ထိုအကြောင်းအရာများသည် မှားယွင်းသည်ဟုအသင်ပြောဆိုမည်ဆိုပါက အသင်သည်မိမိ၏ သဘောအတိုင်းသာ ဖြစ်မည်။ ငြင်းဆန်သူအတွက် မည်သည့်ဆေးမှမရှိပေ။
(၂) ဟဇ်ရသ် အလ္လာမဟ်အဘူအဗ်ဒူလ္လာဟ်ရှရ်ဖူဒ်ဒီးန်ဗီန်မိုဟမ္မဒ်စအီးဒ် ဘူဆွိုက်ရီး (ရဟ်)သခင်ကြီးသည် နာမည်ကျော်ကြားသော ကဗျာဆရာကြီးနှင့် အလွန်ကြီးကျယ်သောပညာရှင်ကြီးတစ်ဦး ဖြစ်ခဲ့ပါသည်။ ထိုပညာရှင်ကဗျာဆရာကြီးသည် မိမိခေတ်တွင်ရှိသော ဘုရင်မင်းမြတ်ကြီး၏ အထူးကဗျာဆရာကြီး တစ်ဦးလည်းဖြစ်သည်။
အလ္လာမဟ် ဘူဆွိုက်ရီး(ရဟ်)သခင်ကြီးသည် လေဖြတ်ပြီးမကျန်းမမာဖြစ်သွားသောအခါ …. ကျွန်တော်သည် မိမိသက်တမ်းတစ်လျှောက်လုံးကို ဘုရင့်ချီးကျူးမှုတွင် ကုန်ဆုံးစေခဲ့သည်။ ယခုနောက်ဆုံးအချိန်တွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)၏ ချီးကျူးမှုနှင့်ပတ်သက်၍ ကဆွီဒဟ်ကဗျာရေးသားမည်… ဟု ရည်ရွယ်ကာ ကဆွီဒဟ်ဗူရ်ဒဟ်ကို စပ်ဆိုသီကုံးခဲ့သည်။
သခင်ကြီးသည် အဆိုပါကဆွီဒဟ်ကို ရေးသားပြီးနောက် ညအချိန်တွင် အိပ်ပျော်သွားရာ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ကို အိပ်မက်မြင်မက်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က အိပ်မက်ထဲမှာ မိမိလက်တော်ဖြင့် သခင်ကြီး၏ခန္ဓာကိုယ်ကို ပွတ်သပ်ပေးပြီး စောင်တစ်ထည်ခြုံလွှမ်းသွားပေးခဲ့သည်။ သခင်ကြီး အိပ်ရာမှနိုးသောအခါ လေဖြတ်နေသောခန္ဓာကိုယ်မှာ ပကတိအတိုင်း ကောင်းမွန်ပြီး ကျန်းမာသွားခဲ့သည့်အပြင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က အိပ်မက်ထဲတွင် ခြုံလွှမ်းသွားပေးခဲ့သော စောင်ကိုလည်း လက်ဝယ်ရရှိခဲ့သည်။
နံနက်မိုးလင်းပြီးနောက် သခင်ကြီးက အပြင်ထွက်ပြီးလမ်းလျှောက်သွားနေသောအခါ သူတော်စင်ကြီး တစ်ပါးက သခင်ကြီးအား အထက်ပါ ကဆွီဒဟ်ကဗျာကို ရွတ်ဆိုပြရန်အတွက် တောင်းဆိုလေ၏။ သခင်ကြီးသည် ထိုကဆွီဒဟ်ကဗျာကို ရေးဖွဲ့ခဲ့သောအကြောင်းအား ယခုအချိန်အထိ မည်သူတစ်ဦးတစ်ယောက်ကိုမျှလည်း အသိပေးခြင်းမရှိသေးပေ။ ထို့ကြောင့် အဆိုပါသူတော်စင်ကြီးထံမှ ၎င်းကဆွီဒဟ်ကဗျာအကြောင်းကို ကြားသိပြီး အလွန်အံ့သြစွာဖြင့် သူတော်စင်ကြီးအား အသင်သည် ထိုအကြောင်းကို အဘယ်သို့သိပါသနည်း ဟု မေးမြန်းလေ၏။

ထိုအခါသူတော်စင်ကြီးက ဤအကြောင်းကို ကျွန်တော့်အား တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ကိုယ်တော်တိုင်က အိပ်မက်ထဲတွင် အမိန့်ရှိတော်မူခဲ့၍ ကျွန်တော်သိနေရခြင်းဖြစ်သည် ဟု ပြောပြခဲ့ပါသည်။ (အိတ်ွရူလ်ဝရ်ဒဟ် ရှရ်ဟေကဆွီဒဟ်ဗူရ်ဒဟ်ကျမ်း)
မှတ်ချက်
ကဆွီဒဟ်ဗူရ်ဒဟ်သည် အလွန်ကျော်ကြားသော ကဆွီဒဟ်တစ်ပုဒ်ဖြစ်သည့်အပြင် ၎င်း၏အကျိုးကျေးဇူးများသည်လည်း မြောက်များစွာရှိပါသည်။ ကဆွီဒဟ်ဗူရ်ဒဟ်အားရေးသားခဲ့သော အလ္လာမဟ် ဘူဆွိုက်ရီး(ရဟ်)သခင်ကြီးအား ခြုံလွှမ်းပေးခြင်းခံရသောစောင်ကို သခင်ကြီးက လက်ဝယ်ရရှိခဲ့ခြင်းကိစ္စမှာ အဘယ်သို့နည်း။ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်)သည် သေဆုံးကွယ်လွန်သွားသည်ဟု ယုံကြည်ပါက ထိုကိစ္စသည် အဘယ်သို့ဖြစ်နိုင်ပါမည်နည်း။ မုချဧကန် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် မိမိရောင်ဇွဟ်ထဲတွင်ခန္ဓာကိုယ်နှင့်တကွ အသက်ရှင်လျက်ရှိမှသာ ထိုကိစ္စကိုပြုလုပ်နိုင်မည်ဖြစ်သည်။
အို…စောဒကတက်သူ! အသင်သည် အလ္လာဟ်အရှင်မြတ်၏အချစ်ဆုံး တမန်တော် မိုဟမ္မဒ်ဒူရ်ရစူးလွလ္လာဟ် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အား မည်ကဲ့သို့သော အမြင်ဖြင့်ကြည့်ရှုနေခဲ့သည်ကို သတိထားရန် လိုအပ်ပါသည်။
(၃) သူတော်စင်ကြီးတစ်ပါးသည် ဟဂ်ျ၏ ရည်ရွယ်ချက်ဖြင့် မိမိနေရာဌာနမှ ထွက်ခွာပြီး အီရားက်နိုင်ငံ ဘဂ်ဒါးဒ်မြို့သို့ ရောက်ရှိလာခဲ့သည်။ သူတော်စင်ကြီးသည် မိမိပိုင် ဥစ္စာပစ္စည်းများထဲမှ အချို့သောပစ္စည်းများကို ဇာဟစ်ဒ်ဒွန္နယာလောက၏ ဥစ္စာပစ္စည်းများကို မက်မောတွယ်တာခုံမင်ခြင်း ကင်းမဲ့သူပုဂ္ဂိုလ်တစ်ဦးထံ၌ အမာနသ်အဖြစ် အပ်နှံထားခဲ့သည်။
သူတော်စင်ကြီးက အဆိုပါဇာဟစ်ဒ်ထံမှ ထွက်ခွာနေချိန်၌ ဇာဟစ်ဒ်က သူတော်စင်ကြီးအား သခင်ကြီးသည် ဟဂ်ျပြုပြီးနောက် မဒီနဟ်မြို့သို့ရောက်ရှိသောအခါ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အား ကျွန်တော့်ဘက်မှ စလာမ်မေတ္တာပို့သပြီးနောက် အကယ်၍ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ နံဘေး၌ အဘူဘကရ်နှင့်အူမရ်တို့မရှိခဲ့ပါလျှင် ကျွန်တော်သည် နှစ်စဉ်နှစ်တိုင်း ဇိယာရသ်အတွက် ကိုယ်တော့်ထံသို့ လာရောက်ရန်ဆန္ဒရှိကြောင်း တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သို့ လျှောက်တင်ပေးပါရန် မှာကြားလိုက်လေ၏။
သူတော်စင်ကြီးသည် အစီအစဉ်အတိုင်း ဟဂ်ျပြုပြီးနောက် ဇိယာရသ်ပြုရန်အတွက် မဒီနဟ်မြို့သို့ရောက်ရှိလာသောအခါ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ကို အိပ်မက်မြင်မက်လေ၏။
အိပ်မက်ထဲတွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က ထိုသူတော်စင်ကြီးအား ဘဂ်ဒါးဒ်မြို့မှ ဇာဟစ်ဒ်၏မှာကြားချက်များကို မေးမြန်းတော်မူ၏။ သူတော်စင်ကြီးက တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အား အဆိုပါ ဇာဟစ်ဒ် မှာကြားထားသည့်အတိုင်း တစ်ခုမကျန် အားလုံးကို ပြောပြခဲ့သည်။
ထိုအချိန်တွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က ဟဇ်ရသ်အလီ(ရသွိ)သခင်အား ၎င်းဇာဟစ်ဒ်ကို ဖမ်းဆီးလာရန်အတွက် အမိန့်ရှိတော်မူ၏။ ဟဇ်ရသ်အလီ(ရသွိ)သခင်က တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ အမိန့်တော်အရ ထိုဇာဟစ်ဒ်ကို ချက်ချင်းပင် ဖမ်းဆီးခေါ်ဆောင်လာခဲ့၏။ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က ၎င်းဇာဟစ်ဒ်ကို သေဒဏ်ပေးရန်အတွက် အမိန့်ရှိတော်မူ၏။
ဟဇ်ရသ်အလီ(ရသွိ)သခင်က ၎င်းကို သုတ်သင်ရှင်းလင်းလိုက်ရာမှ သွေးစက်သုံးစက်မှာ အိပ်မက်မြင်မက်သူ သူတော်စင်၏အ၀တ်ပေါ်၌ ထိပေခဲ့သည်။ သူတော်စင်သည် အိပ်ရာမှနိုးသောအခါ မိမိအ၀တ်ပေါ်၌ ထိုသွေးသုံးစက်ကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရ၍ ၎င်းအ၀တ်ကို အထောက်အထားအဖြစ် သိမ်းဆည်းထားခဲ့သည်။
ဟဂ်ျနှင့်ဇိယာရသ်၏ကိစ္စများ ပြီးဆုံးသွားခဲ့ပြီးနောက် သူတော်စင်ကြီးသည် အပြန်ခရီးတွင် မိမိအပ်နှံထားသော ပစ္စည်းများကိုပြန်ယူရန်အတွက် ဘဂ်ဒါးဒ်မြို့ရှိ အဆိုပါဇာဟစ်ဒ်ထံသို့ သွားရောက်ရာ ၎င်းဇာဟစ်ဒ်ကို မတွေ့မြင်ရတော့ပေ။ သို့သော်လည်း ထိုနေရာတွင် ၎င်းဇာဟစ်ဒ်နှင့် ရုပ်ဆင်းသဏ္ဍန်တူသော ပုဂ္ဂိုလ်တစ်ဦးကိုတွေ့မြင်၍ စုံစမ်းမေးမြန်းရာမှ ထိုသူမှာ အဆိုပါဇာဟစ်ဒ်၏ သားတော်မောင်ဖြစ်ကြောင်းကို သိရှိခဲ့ရ၏။
သူတော်စင်ကြီးက ထိုသူအား ဇာဟစ်ဒ်၏အကြောင်းအရာများကို မေးမြန်းသောအခါ ၎င်းက မိမိဖခင်မှာ အိပ်ပျော်နေစဉ်အချိန်၌ ကျွန်တော်များ၏အလယ်ကြားမှ ရုတ်တရက်လုယူသွားသကဲ့သို့ ယူသွားခြင်းခံလိုက်ရပေသည်။ ထိုအချိန်မှစ၍ ယခုအချိန်အထိ ဖခင်၏သတင်းအစအနမျှပင် မရရှိခဲ့ပါ ဟု ပြောပြလေသည်။
ထိုအချိန်တွင် သူတော်စင်ကြီးက အဆိုပါ ဇာဟစ်ဒ်နှင့်ပတ်သက်၍ မဒီနဟ်မြို့တွင်မြင်မက်ခဲ့သော အိပ်မက်ကို ဇာဟစ်ဒ်၏သားတော်မောင်အား အသေးစိတ်ပြောပြပြီး မိမိအ၀တ်ပေါ်၌ ထိပေခဲ့သောသွေးစက်များကို ထုတ်ပြခဲ့ပါသည်။
ဇာဟစ်ဒ်၏သားတော်မောင်က သူတော်စင်ကြီးအား ၎င်းအပ်နှံထားသောပစ္စည်းများကို ပြန်လည် ပေးအပ်ပြီးနောက် မိမိဖခင်၏လမ်းစဉ်ဖြစ်သော ဟဇ်ရသ်အဘူဘကရ်(ရသွိ)နှင့် ဟဇ်ရသ်အူမရ်(ရသွိ)သခင်ကြီးတို့အား ပုတ်ခတ်ရှုတ်ချခြင်းမှ အပြီးအပိုင် သောင်ဝ်ဗဟ် ပြုလုပ်လိုက်လေတော့သည်။ (နဇ်ဟသူလ်မဂျာလိစ်ကျမ်း၊ အတွဲ-၂၊ စာမျက်နှာ-၂၆၁)
မှတ်ချက်
အို … စောဒကတက်သူ! ထိုအကြောင်းအရာများအား အသင်သည် သိရှိပြီးနောက်လည်း တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် မိမိရောင်ဇွဟ်ထဲတွင် အသက်ရှင်လျက်ရှိကြောင်းကို ငြင်းဆန်ပါမည်လော…? တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် သေဆုံးကွယ်လွန်သွားပါက ထိုသွေးသုံးစက်၏ အထောက်အထားသည် မည်ကဲ့သို့ ကျန်ရှိနေခဲ့ပါမည်နည်း? အို..စောဒကတက်သူ! အသင်သည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) မိမိရောင်ဇွဟ်ထဲ၌ အသက်ရှင်လျက်ရှိကြောင်းကို ငြင်းဆန်နေမည်ဆိုပါကလည်း အသင့်သဘောသာဖြစ်ပါသည်။ ငြင်းဆန်သူအတွက် မည်သည့်ဆေးမျှမရှိပေ။
(၄) ဟဇ်ရသ် အဘူဟာမိဒ်ကဇ်ဝီနီး(ရဟ်)သခင်ကြီးက အမိန့်ရှိခဲ့သည်မှာ…. အရပ်ဒေသတစ်ခုမှ သားအဖနှစ်ဦးသည် ခရီးထွက်ခဲ့ကြရာဝယ် လမ်းခုလတ်၌ ဖခင်မှာ ၀ဖါးသ်ပြု အလ္လာဟ့်အမိန့်ခံသွားရာ ရုတ်တရက် ကွယ်လွန်သွားသောဖခင်၏ဦးခေါင်းမှာ လူ့ဦးခေါင်းမှ ခီန်ဇိးန်ဝက်တိရစ္ဆာန်၏ဦးခေါင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။
သားဖြစ်သူမှာ မိမိဖခင်နှင့်ပတ်သက်၍ ယင်းအဖြစ်မျိုးကိုတွေ့မြင်သောအခါ အလွန်ဝမ်းနည်းကြေကွဲစွာဖြင့် အလ္လာဟ်အရှင်မြတ်၏ထံတော်ပါးတွင် ငိုယိုတိုင်တည်ရင်းဖြင့် အိပ်ပျော်သွားလေ၏။ ထိုအချိန်တွင် ၎င်းအိပ်မက်မြင်မက်သည်မှာ ပုဂ္ဂိုလ်တစ်ဦးက ၎င်းအား… အသင့်ဖခင်မှာ အတိုးစားသူဖြစ်၍ စည်းကမ်းအတိုင်း ၎င်း၏ဦးခေါင်းသည် ခီန်ဇီရ်ဝက်တိရစ္ဆာန်၏ဦးခေါင်းဖြစ်သွားခဲ့ပေသည်။ သို့သော်လည်း အသင့်ဖခင်သည် သက်ရှိထင်ရှားရှိခဲ့စဉ်က တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အပေါ်သို့ ဆွလားသ် ဒရူးဒ်ပို့သလေ့ရှိ၍ ယနေ့ ၎င်း၏ဤအခြေအနေမျိုးတွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က ၎င်းအတွက် ရှဖာအသ်ပြု အသနားခံခဲ့တော်မူသောကြောင့် ငါသည် ၎င်း၏ဦးခေါင်းကို ယခင်အတိုင်း လူ့ဦးခေါင်းအဖြစ် ပြန်လုပ်ပေးလိုက်သည် ဟု အမိန့်ရှိခဲ့သည်။
သားဖြစ်သူမှာ အိပ်ရာမှနိုးသောအခါ ဖခင်၏ဦးခေါင်းမှာ ခီန်ဇီရ်ဝက်တိရစ္ဆာန်၏ ဦးခေါင်းအဖြစ်မှ လူ့ဦးခေါင်းအဖြစ်သို့ ပြန်လည်၍ပြောင်းလဲသွားသည်ကို တွေ့မြင်ခဲ့ပြီး အလ္လာဟ်အရှင်မြတ်ကို မြောက်များစွာ ကျေးဇူးတင်ခဲ့သည်။ (နဇ်ဟသူလ်မဂျာလိစ်ကျမ်း၊ အတွဲ-၂၊ စာမျက်နှာ-၁၄၁)
*******ငြင်းပယ်သူအတွက်ကား မည်သည့်ဆေးမှမရှိပေ။*********

(၅) ဟာဖီဇ်အဘူနအီးမ်(ရဟ်)က ဟဇ်ရသ်စွဖ်ယာန်စောင်ရီ(ရဟ်)သခင်ကြီးထံမှ ဤသို့ဆင့်ပြန်ခဲ့၏။
ဟဇ်ရသ်စွဖ်ယာန်စောင်ရီ(ရဟ်)သခင်ကြီးက အမိန့်ရှိခဲ့သည်မှာ ..တစ်နေ့သ၌ ကျွန်တော်သည် အပြင်သို့ထွက်လာခဲ့သောအခါ လုလင်ပျိုတစ်ဦးသည် မိမိခြေလှမ်းတိုင်းတွင်
အလ္လာဟွမ္မ ဆွလ်လိအလား မုဟမ္မဒီန် ၀အလား အားလိမိုဟမ္မဒ် ဟု ဆိုနေလျက်ရှိသည်ကို တွေ့မြင်ခဲ့ရသည်။ ကျွန်တော်က ၎င်းအား မိတ်ဆွေ! အသင်သည် အီလ်မ်အသိပညာကို တတ်သိသောကြောင့် ဤကဲ့သို့ ခြေလှမ်းတိုင်းမှာ ဒရူးဒ်ရွတ်ဆိုနေပါသလော သို့မဟုတ် မတတ်သိဘဲ ရွတ်ဆိုနေပါသလော ဟု မေးမြန်းခဲ့၏။
ထိုအခါလုလင်ပျိုက ကျွန်တော့်အား အသင် အဘယ်သူပါနည်း ဟုမေးမြန်းလေ၏။ ထိုအခါကျွန်တော်က စွဖ်ယာန်စောင်ရီ ဖြစ်ကြောင်းဖြေကြားရာ ၎င်းက အီရားက်၏စွဖ်ယာန်လော ဟု ထပ်မံမေးမြန်းလေ၏။ ကျွန်တော်က ဟုတ်မှန်ပါသည်ဟု ဖြေကြားရာ ၎င်းက အို…စွဖ်ယာန်! အသင်သည် အလ္လာဟ်အရှင်မြတ်ကိုသိပါသလော ဟု မေးမြန်းလေ၏။ ကျွန်တော်က သိပါသည်ဟု ဖြေကြားရာ ၎င်းက အို..စွဖ်ယာန်! အသင်သည် အဘယ်နည်းဖြင့် အလ္လာဟ်အရှင်မြတ်ကိုသိပါသနည်း ဟုမေးမြန်းပြန်ရာ ကျွန်တော်က
အလ္လာဟ်အရှင်မြတ်သည် ညအချိန်ကို နေ့အချိန်ဖြင့်လည်းကောင်း၊ နေ့အချိန်ကို ညအချိန်ဖြင့်လည်းကောင်း အပြောင်းအလွဲပြုလုပ်ခြင်းနှင့်မိခင်ဝမ်းကြာတိုက်၌ သန္ဓေသားကို တည်စေခြင်းဖြင့် အလ္လာဟ်အရှင်မြတ်ကို သိခဲ့ပါသည် ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။
ထိုအခါ လုလင်ပျိုက ကျွန်တော့်အား အို..စွဖ်ယာန်!အသင်သည် အလ္လာဟ်အရှင်မြတ်အား အရှင်မြတ်နှင့် ထိုက်သင့်သောနည်းဖြင့် မသိခဲ့သေးပါ ဟူ၍ ပြောဆိုလေ၏။ ထိုအခါ ကျွန်တော်က ၎င်းအား အို…လုလင်ပျို! အသင်သည် အလ္လာဟ်အရှင်မြတ်ကို အဘယ်နည်းဖြင့်သိခဲ့ပါသနည်း ဟု မေးမြန်းရာ ၎င်းက..
“ဟမမ်သု ဖဖစခ ဟီမ့်မသီး ၀အဇမ်သူ ဖနကဒွ အဇီးမသီး ဖအရဖ်သု အန္န လီး မုဒဗ်ဗိရန် ယူဒဗ်ဗိရုနီး“
ဆိုလိုသည်မှာ.. ကျွန်တော်သည် အလုပ်ကိစ္စတစ်စုံတစ်ရာကို ပြုလုပ်ရန်အတွက် စိတ်ကူးပါက ကျွန်တော့်စိတ်ကူးခြင်းကို ပယ်ဖျက်လိုက်သည်။ ကျွန်တော်သည် အလုပ်ကိစ္စတစ်စုံတစ်ရာကို ဆောင်ရွက်ရန်အတွက် စိတ်ထဲတွင် အပြီးအပိုင်ဆုံးဖြတ်ပါက ကျွန်တော့်ဆုံးဖြတ်ချက်ကို ဖြတ်တောက်လိုက်ပါသည်။ ဤအကြောင်းအရာများဖြင့် ကျွန်တော်သည် မိမိအနောက်တွင် အရာအားလုံးကို စီမံဖန်ဆင်းသောအရှင်မြတ်က စီမံလျက်ရှိကြောင်းကို သိရှိခဲ့ပါသည် ဟု ရှင်းပြလေ၏။
တစ်ဖန် ကျွန်တော်က ၎င်းအား အသင်သည် မိမိခြေလှမ်းတိုင်းတွင် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အပေါ် အဘယ်ကြောင့် ဆွလားသ်ဒရူးဒ်ကို ပို့သလျက်ရှိပါသနည်း ဟု မေးမြန်းရာ ၎င်းက မိမိဖြစ်အင်ကို အောက်ပါအတိုင်းပြောပြခဲ့ပါသည်။
ကျွန်တော်သည် မိမိမိခင်နှင့်အတူ ဟဂ်ျပြုရန်အတွက် ထွက်ခွာလာခဲ့၏။ မက္ကဟ်မြို့သို့ ရောက်ရှိပြီး တည်းခိုနေစဉ် ရုတ်တရက် မိခင်ကြီး၏၀မ်းဗိုက်မှာ ဖောင်းတက်လာကာ မျက်နှာမှာလည်း မည်းနက်သွားခဲ့ပါသည်။ ထိုအချိန်တွင် ကျွန်တော်သည် မိမိမိခင်မှာ ကဗီရဟ်ငရဲတွင် ပါဝင်နေသည်ကို သိရှိခဲ့ပါသည်။
သို့ပါ၍ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ထံတော်ပါးတွင် လက်မြှောက်၍ ဒိုအာဆုမွန်တောင်းဆို သောအခါ သီဟာမဟ် ဟူသောနယ်မြေဘက်မှ မိုးတိမ်တစ်ကွက်မှာ ကျွန်တော်တို့ရှိနေသောနေရာ တည့်တည့်သို့ ရွေ့လျားရောက်ရှိလာလေ၏။
ထိုမိုးတိမ်ပေါ်မှ ၀တ်ဖြူစင်ကြယ်ဝတ်ဆင်ထားသော ပုဂ္ဂိုလ်တစ်ပါးဆင်းသက်လာပြီး မိမိလက်ဖြင့် ကျွန်တော့်မိခင်၏မျက်နှာနှင့်ဝမ်းဗိုက်ကို ပွတ်သပ်လိုက်သောကြောင့် မိခင်၏မျက်နှာနှင့် ၀မ်းဗိုက်မှာ အကောင်းပကတိ ပြန်ဖြစ်သွားခဲ့ပါသည်။
ကျွန်တော်က ထိုပုဂ္ဂိုလ်အား ကျွန်တော့်မိခင်နှင့် ကျွန်တော်၏ဤဒုက္ခကို ကယ်တင်ပေးသောအသင်မှာ အဘယ်သူပါနည်း ဟု မေးမြန်းရာ ၎င်းက ကျွန်ုပ်သည် အသင်၏တမန်တော် မုဟမ္မဒူရ်ရစူးလွလ္လားဟ် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ဖြစ်ပါသည်ဟု ဖြေကြားလေး၏။
ထိုအခါ ကျွန်တော်က တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အား ယားရစူးလလ္လားဟ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ! ကျွန်တော့်ကို ဆုံးမပါ ဟု လျှောက်ထားရာ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က အသင်သည် မိမိခြေလှမ်းတိုင်းမှာ
အလ္လာဟွမ္မ ဆွလ်လိအလား မုဟမ္မဒီန် ၀အလား အားလိ မုဟမ္မဒ် ဟူသော ဒရူးဒ်ကိုရွတ်ဖတ်ပါ ဟု အမိန့်ရှိခဲ့သည်။ ထိုအချိန်မှစ၍ ကျွန်တော်သည် ၎င်းကျင့်စဉ်ကို အမလ်လုပ်လျက်ရှိသည် ဟု ဖြေကြားလေသည်။ (နဇ်ဟသူလ်မဂျာလိစ်ကျမ်း၊ အတွဲ-၂၊ စာမျက်နှာ-၁၄၂)
မှတ်ချက်
မှတ်ချက်
အို…ငြင်းဆန်သူ….. တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် ဇင်ဒဟ်အသက်ရှင်သန်သည့် အဖြစ်ရှိမနေခဲ့ပါက ထိုကဲ့သို့သောအကြောင်းအရာများ မည်ကဲ့သို့ပေါ်ပေါက်လာနိုင်ပါမည်နည်း။ ငြင်းဆန်သူအတွက်မည်သည့် ဆေးမှမရှိပေ။
အထက်ပါအကြောင်းအရာများသည် သဇ်ကိရသူလ်ရစူးလ်စာအုပ်ထဲမှ အကြောင်းအရာများဖြစ်ပါသည်။ ထိုစာအုပ်ထဲမှ နောက်ဆုံးအကြောင်းအရာတစ်ခုကို တင်ပြချင်ပါသေးသည်။ ထိုအကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်သည်။
တမန်တော်မြတ်(ဆွ)၏အတ္ထုပ္ပတ္တိစာအုပ်ကို စီစဉ်ရေးသားခဲ့သူ ကျွန်တော် မော်လာနာမိုဟမ္မဒ်မိုဟမ္မဒ်အဗ္ဗါးစ်(ကာစီမီ)သည် (၁၉၆၁)ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ဒါရူလ်အူလူးမ်ဒီယိုဗန်ဒ် ကျောင်းတွင် ကျွန်တော့်အား သဖ်စီရေဗိုင်ဒွါဝီကျမ်းစာအုပ်ကို သင်ကြားပေးသော ကျေးဇူးရှင် ဆရာတော်ကြီး ဟဇ်ရသ်မော်လာနာစိုင်ယဒ်ဖခ်ရူလ်ဟစန်(ရဟ်)ထံမှ အောက်ပါအကြောင်းအရာကို ကြားသိခဲ့ရသည်။
ဆရာကြီး မော်လာနာ စိုင်ယဒ်ဖခ်ရူလ်ဟစန်(ရဟ်)က ပြောပြသည်မှာ…..
ဟဇ်ရသ် ခါဂျဟ်နိဇွာမုဒ်ဒီးန် အောင်လီယဟ်(ရဟ်)သခင်ကြီး၏ တပည့်ဖြစ်သူ ဟဇ်ရသ်အမီးရ် ခူစ်ရို(ရဟ်)သည် သခင်ကြီး၏ ခလီဖဟ်လည်း ဖြစ်ခဲ့၏။ တစ်နေ့တွင် တပည့်ဖြစ်သူ ဟဇ်ရသ်အမီးရ်ခူစ်ရို(ရဟ်)သည် မိမိ၏ဆရာဖြစ်သူ ဟဇ်ရသ်ခါဂျဟ်နိဇွာမုဒ်ဒီးန်အောင်လီယဟ်(ရဟ်)သခင်ကြီး ထံသို့ မိမိစီစဉ်ရေးသားထားသော စာအုပ်တစ်အုပ်ကိုယူလာ၍ ပြခဲ့၏။ အမီးရ်ခူစ်ရို(ရဟ်)သည် ထိုစာအုပ်ကို ဟဇ်ရသ်ရှိုင်းခ်စအ်ဒီ(ရဟ်)သခင်ကြီး စီစဉ်ရေးသားထားသော ဂုလီစ်သားန်စာအုပ်နှင့် ယှဉ်ပြိုင်ရန်အတွက် ရေးသားခဲ့ခြင်းဖြစ်သည်။
ဆရာကြီးသည် တပည့်ဖြစ်သူက စီစဉ်ရေးသားထားသောစာအုပ်ကိုကြည့်ရှုပြီး ဤစာအုပ်ကို ရေထဲတွင် မျှောလိုက်ပါ ဟု အမိန့်ရှိတော်မူ၏။ ထို့ကြောင့်တပည့်ဖြစ်သူ အမီးရ်ခူစ်ရို(ရဟ်)သည် မိမိ စီစဉ်ရေးသားထားသော စာအုပ်ကို ရေထဲတွင်မျှောလိုက်၏။
ထို့နောက် သူသည် ၎င်းစာအုပ်ထက်အဆင့်မြင့်သော စာအုပ်တစ်အုပ်ကို အလွန်ကြိုးစား၍ရေးသားပြီး မိမိဆရာကြီးထံသို့ ယူလာ၍ပြပြန်လေ၏။ ထိုအခါ ဆရာကြီးက မိမိတပည့်အား ဤစာအုပ်ကို မီးရှို့လိုက်ပါ ဟု အမိန့်ရှိတော်မူ၏။
၎င်းနောက် ဆရာကြီးသည် မိမိတပည့်ဖြစ်သူ အမီးရ်ခူစ်ရို(ရဟ်)အား မိမိအနား၌ လာထိုင်ရန်ခေါ်လေ၏။ တပည့်ဖြစ်သူ အမီးရ်ခူစ်ရို(ရဟ်)က မိမိဆရာကြီး၏အနားတွင် သွားထိုင်လေ၏။ ထိုအခါ ဆရာကြီးသည် မိမိအမာမဟ်ခေါင်းပေါင်းကို ဖြည်၍ ဟဇ်ရသ်အမီးရ်ခူစ်ရို(ရဟ်)၏ဦးခေါင်းတွင် တစ်ဝက်အုပ်ပေးပြီး မိမိဦးခေါင်းတွင် တစ်ဝင်အုပ်ထားလိုက်၏။ ထို့နောက် အမီးရ်ခူစ်ရို(ရဟ်)အား
အို..ခူစ်ရို! အဘယ်အရာကို တွေ့မြင်နေရပါသနည်း ဟု မေးမြန်းလေ၏။ ထိုအခါ အမီးရ်ခူစ်ရို(ရဟ်)က မဒီနဟ်မြို့ကို တွေ့မြင်နေရပါသည် ဟု ဖြေကြားလေ၏။ ဆရာကြီးက အမီးရ်ခူစ်ရို(ရဟ်)သခင်အား အသင် ဤအတိုင်း ဆက်လက်၍ ကြည့်ရှုနေပါ ဟု အမိန့်ရှိလေ၏။
တဖြည်းဖြည်းနှင့် အမီးရ်ခူစ်ရို(ရဟ်)သည် မတ်စ်ဂျိဒေနဗ၀ီ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ ဗလီဝတ်ကျောင်းတော်ကို တွေ့မြင်နေရပြီဖြစ်ကြောင်း မိမိဆရာကြီးအား ပြောဆိုအသိပေးလေ၏။
ထို့နောက် အမီးရ်ခူစ်ရို(ရဟ်)သည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ၏ ရောင်ဇွဟ်တော်ကို တွေ့မြင်လာရလေ၏။ ဆက်လက်၍ သူသည် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ကို တွေ့မြင်ရလေ၏။ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) သည် ရွှေပုလ္လင်ပေါ်တွင် ထိုင်နေတော်မူ၏။ ဂုလီစ်သားန် ကျမ်းစာအုပ်ကို စီစဉ်ရေးသားခဲ့သူ ဟဇ်ရသ် ရှိုင်းခ်စအ်ဒီ(ရဟ်)သခင်ကြီးသည် ယပ်တောင်တစ်ချောင်းဖြင့် တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ကို ဘေးမှယပ်ခပ်ပေးနေပြီး ဂုလီစ်သားန်စာအုပ်ထဲမှ ဘလဂလ်အူလာ ဘိကမားလိဟီး…. ဟူသော ကဗျာကို ရွတ်ဆိုနေလေ၏။
တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) က ဟဇ်ရသ် ရှိုင်းခ်စအ်ဒီ(ရဟ်)သခင်ကြီးအား အို..စအ်ဒီ! ထိုကဗျာကို ဆက်လက်ရွတ်ဆို၍ ငါကိုယ်တော်မြတ်ကိုယပ်ခတ်ပေးနေပါ ဟု မိန့်ကြားတော်မူ၏။
ထိုအချိန်တွင် ဆရာကြီး ဟဇ်ရသ်ခါဂျာနိဇွာမုဒ်ဒီးန်အောင်လီယဟ်(ရဟ်)သခင်ကြီးသည် မိမိတပည့် ဖြစ်သူ အမီးရ်ခူစ်ရို(ရဟ်)၏ဦးခေါင်းပေါ်မှ မိမိအမာမဟ်ခေါင်းပေါင်းကို ပြန်လည်ရုပ်သိမ်းလိုက်ရာ အမီးရ်ခူစ်ရို(ရဟ်) မြင်တွေ့နေရသော မြင်ကွင်းမှာ ပျောက်ကွယ်သွားခဲ့၏။
ထို့နောက် ဟဇ်ရသ်ခါဂျဟ်နိဇွာမုဒ်ဒီးန်အောင်လီယဟ်သခင်ကြီးသည် မိမိတပည့်ဖြစ်သူ အမီးရ်ခူစ်ရို(ရဟ်)အား အို…ခူစ်ရို! တွေ့ပြီးလား၊ ဂုလီစ်သားန်စာအုပ်ကို စီစဉ်ရေးသားခဲ့တဲ့ ရှိုင်းခ်စအ်ဒီ(ရဟ်) ဆိုတာ အဲဒီလိုပုဂ္ဂိုလ်ဖြစ်တယ်၊ သူ့စာအုပ်ထဲက ဘလဂလ်အူလာ ဆိုတဲ့ကဗျာလေးကို တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) ဟာ ဘယ်လောက်များနှစ်သက်တော်မူသလဲဆိုတာ တွေ့ပြီလား၊ အဲဒီကဗျာလေးကြောင့် သူ့စာအုပ်နဲ့ သူ့ရဲ့အဆင့်အတန်းဟာ ဘယ်လောက်အထိမြင့်မားသွားတယ်ဆိုတာ တွေ့ပြီလား၊ မင်းဟာ အဲဒီလိုပုဂ္ဂိုလ်ရဲ့စာအုပ်နဲ့ ယှဉ်ပြိုင်ဖို့အတွက် စာအုပ်ရေးတာ အလွန်မှားတယ်၊ မင်းရဲ့စာအုပ်ဟာ အရေးအသားတွေ ဘယ်လောက်ပဲမြင့်မားပေမယ့် ရေနဲ့ပဲထိုက်တန်တယ်၊ မီးနဲ့ပဲထိုက်တန်တယ်၊ အဲဒါကြောင့် ငါကမင်းစာအုပ်ကို ရေထဲမျှောခိုင်းတာ၊ မီးရှို့ခိုင်းတာဖြစ်တယ်၊ အို…ခူစ်ရို! နောက်နောင်ကို ဒီလိုမလုပ်ပါနဲ့ ဟူ၍ ဆုံးမစကားများမိန့်ကြားတော်မူလေ၏။
မှတ်ချက်…………အထက်ပါအကြောင်းအရာများသည် ပုံပြင်မဟုတ်ပါ ။
တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) မိမိရောင်ဇွဟ်ထဲ၌ ဇင်ဒဟ်အဖြစ်ရှိခြင်းနှင့် ပတ်သက်ပြီး
မိမိအသိဥာဏ်အတိုင်း တိုင်းတွာပြီး စောဒကတက်သော စောဒကတက်သူ!
ရှင်သန်ခြင်းနှင့်သေဆုံးခြင်း နှစ်မျိုးတွင် ရှင်သန်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်နှင့်တကွ ရူးဟ်ဝိညာဉ်ပါ ရှင်သန်နေခြင်းဖြစ်ပြီး သေဆုံးခြင်းဆိုသည်မှာ ခန္ဓာကိုယ်ထဲမှ ရူးဟ်ဝိညာဉ်ထွက်သွားခြင်းကို မောသ်သေဆုံးခြင်းလို့ ခေါ်ပါသည်။ တမန်တော်မြတ်(ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) နှင့်ပတ်သက်ပြီး အဟ်လေစွန္နသ်ဝလ်ဂျမာအသ်၏ အကီဒဟ်မှာ ခန္ဓာကိုယ်နှင့်ရူးဟ်ဝိညာဉ်ပါ အတူတကွ ရှင်သန်ခြင်းအဖြစ် လက်ခံထားသည်။ ဒွန္နယာ၏ရှင်သန်ခြင်း၊ ဗရ်ဇခ်၏ရှင်သန်ခြင်း စသည့်စောဒကများသည် ဤအကီဒဟ်နှင့် မည်သို့မျှမသက်ဆိုင်ပေ။
အသင့်အနေဖြင့် ထပ်မံပြီး စောဒကတက်မည်ဆိုပါက ထိုစောဒကများအတွက် အဖြေများအား ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့ရှိ ဒါရူးလ်အူးလူးမ်၏ ရှိုင်ခုလ်ဟဒီးစ်ဖြစ်သော မုဖ်သီသကီးအွတ်စ်မာနီသခင်နှင့် မင်န့်ဟာဂျူလ်ကူရ်အာန်၏ အကြီးအကဲဖြစ်သော မော်လာနာဒေါက်တာစိုင်ယိဒ်မိုဟမ္မဒ်တွာဟေရူးလ်ကာဒရီတို့ထံသို့ မေးမြန်းပါရန် လမ်းညွှန်ပေးလိုက်ပါသည်။
အမှန်တရားဘက်တော်သူ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။
Labels:
History,
Islam,
Mufeed Baath,
Mufeedbaat,
Q & A,
Tauheed,
ချေပချက်
Thursday, January 30, 2014
ယနေ့ထွက်လာသော Opposite Eye ဆိုတဲ့ Anti Islamic website ရဲ့ ကြောက်စရာ အစ္စလာမ် ဗိုင်းရပ်စ် ဆောင်းပါးအပေါ် ချေပချက်
By Mohammed Bilarl Rangooni
(31-1-2014 Fri 11:30 AM)
မွတ်စလင်မ်စိုးမိုးမှုကို ကြောက်တယ်တဲ့။ တကယ်ကြောက်ရမှာက လျှပ်ပေါ် လော်လီဝတ်စားဆင်ယင်ခြင်း စိုးမိုးမှု၊ ဒုစရိုက်စိုးမိုးမှု၊ အိမ်ထောင်မပြုအတူနေ စိုးမိုးမှု၊ ဘီယာယဉ်ကျေးမှု၊ နိုက်ကလပ်ယဉ်ကျေးမှုစိုးမိုးမှု၊ မောင်နဲ့နှမ သားနဲ့အမိ ကြည့်လို့မတော်တဲ့ ဗီဒီယို ရုပ်ရှင် စတိတ်ရှိုးစိုးမိုးမှု၊ ကေတီဗီ၊ မာဆတ်ယဉ်ကျေးမှု စိုးမိုးမှု၊ တရားမဝင် အမြှောင်မယားထားတဲ့ ယဉ်ကျေးမှု စိုးမိုးမှုတွေပါ။ မီဒီယာနဲ့ စာပေတွေက ဒါတွေကို တိုက်ခိုက်ရမှာ။ မွတ်စလင်မှာ အဲဒါအားလုံးကို တိုက်ဖျက်ထားတယ်။ ဒါ့ကြောင့် အဲဒါတွေနဲ့ စီးပွားရှာတဲ့ လူတွေက မွတ်စလင်မ်ကို ကြောက်ကြတယ်။
အစ္စလာမ်ဆန့်ကျင်ရေး တရားဟောရင် ပညာမဲ့ လူပြိန်းတွေ၊ အချောင်သမားတွေ၊ ကြာကူလီ၊ ယစ်ထုပ်၊ ဖိုးသုညတွေ ကတော့ ကြိုက်ကြမှာပါ။ ပညာတတ် လူတော်လူကောင်းတွေ မကြိုက်ပါ။
ဥရောပဟာ အထက်က စာရိတ္တ အညစ်အမှောင်ထဲမှာ နေရတာ ကြာလို့ Single Mother နဲ့ Living together ယဉ်ကျေးမှုနွံထဲမှာ ဥရောပရဲ့ သမီးပျိုတွေ နစ်နေတာ ဆယ်စုနှစ်နဲ့ ချီနေပါပြီ။ သူတို့ဟာ လူ့ဘဝရဲ့ တိကျပြည့်စုံတဲ့ အမှန်တရားတခုကို လိုအပ်လို့ ရှာဖွေနေကြပါတယ်။ စီးပွားရေးသမားတွေကလည်း အတိုးရဲ့ နွံမှာနစ်နေလို့ အတိုးမဲ့ လမ်းကြောင်းတခုကို ရှာဖွေနေကြပါတယ်။ ဟုတ်ပါတယ်။ အဲဒါတွေ အစ္စလာမ့် ယဉ်ကျေးမှုမှာ ရနိုင်ပါတယ်။ ဒါ့ကြောင့် နက်နဲသိမ်မွေ့စွာနဲ့ အရင်တုန်းက အမိုက်အမှောင်တွေကို တဖြည်းဖြည်း စွန့်ခွာနေပါတယ်။ ဒါဟာ ကမ္ဘာကြီးကို အစ္စလာမ်သာသနာ လွှမ်းမိုးအောင် မွတ်စလင်မ်တွေက လုပ်နေတာမဟုတ်ပါဘူး။ ကမ္ဘာကြီးက အစ္စလာမ်သာသနာကို လိုလားနှစ်သက်စွာ လေ့လာနေတာ၊ သင်ယူနေတာပါ။ မွတ်စလင်မ်အများစုဟာ အစ္စလာမ်ဘာသာရဲ့ ကျင့်ဝတ်တွေကို ၅၀ ရာခိုင်နှုန်းတောင် ပြည့်မီအောင် ကျင့်သုံးခြင်းမရှိကြသလို သိရှိမှုလည်း အားနည်းပါတယ်။ ဒါပေမယ့် အဓိကကျတဲ့ ကျင့်ဝတ်နဲ့ ယုံကြည်မှုတွေကိုတော့ ရာနှုန်းပြည့်နီးပါး သိရှိကျင့်သုံးကြပါတယ်။
အစ္စလာမ်ဆိုတာ နိုင်ငံရေး အတွေးအခေါ်တခုပဲ။ ဒါဟာ တကယ် ဟုတ်ခဲ့မယ်ဆိုရင်တောင် ခုခေတ်လူပြောများနေတဲ့ ဒီမိုကရေစီဆိုတဲ့ စည်းဘောင်မဲ့ လုပ်ချင်ရာ လုပ်ခွင့်ထက်တော့ သာပါတယ်။ အစ္စလာမ်မှာ လူတစ်ယောက် မွေးကင်းစကနေပြီး သေဆုံးတဲ့အချိန်အထိ စက္ကန့်တိုင်းတွေ့ကြုံရမယ့် ကိစ္စတွေအတွက် လမ်းညွှန်မှုတွေ ပါရှိပါတယ်။ မိတ်ဆွေဟာ သမ္မတတစ်ယောက်ဖြစ်ခဲ့မယ် ဆိုရင် အစ္စလာမ်ဟာ မိတ်ဆွေအတွက် နိုင်ငံရေးလမ်းညွှန်၊ အုပ်ချုပ်ရေး လမ်းညွှန်တစ်ခုပေါ့။ မိတ်ဆွေဟာ စစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်မယ်ဆိုရင် အစ္စလာမ်ဟာ မိတ်ဆွေအတွက် စစ်ရေး စစ်ရာ မဟာဗျူဟာ တစ်ခုပါ။ မိတ်ဆွေဟာ Geologist တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် အစ္စလာမ်ဟာ မိတ်ဆွေ လေ့လာနေတဲ့ ဘာသာရပ်အတွက် အတွေးအခေါ်ကောင်းတွေ သင်ပေးမှာပါ။ မိတ်ဆွေဟာ ဆေးပညာဆိုင်ရာ ပါရဂူတစ်ယောက်ဖြစ်မယ်ဆိုရင် အစ္စလာမ်ဟာ လူသားတို့ နေထိုင်ရမယ့်ပုံစံကို ညွှန်ပြတဲ့ သမားတော်လက်စွဲကျမ်းတခုပါ။ အကယ်လို့ မိတ်ဆွေဟာ အိမ်ထောင်ဦးစီး ဒါမှမဟုတ် အိမ်ရှင်မ ၊ သားသမီး၊ သားမက် ချွေးမ ဖြစ်ခဲ့မယ်ဆိုရင် အစ္စလာမ်ဟာ လူမှုဝတ္တရားကျမ်းစာအုပ်ကြီးပေါ့။ ဒါဆိုရင် ခုန နိုင်ငံရေးအတွေးအခေါ်တခုပဲ ဆိုတာ အစ္စလာမ်ကို နှိမ့်ချစော်ကားလိုက်တာပဲ၊ နိုင်ငံရေးထက် ပိုမြတ်တဲ့ အရေးတွေအတွက် အစ္စလာမ်မှာ အများကြီး ရှိပါတယ်။ လူအများ သိတဲ့ နိုင်ငံရေးဆိုတာ Dirty game တခုဖြစ်နေလို့ပါ။ မိတ်ဆွေအနေနဲ့ အစ္စလာမ်က ပြတဲ့ နိုင်ငံရေးကို သေချာလေ့လာပါ။ လူသားဆန်မှုတွေနဲ့ တရားမျှတမှုတွေကို တွေ့ရမှာပါ။ မြန်မာဘာသာနဲ့ ထုတ်ဝေထားတဲ့ ခလီဖာကြီး ၄ ပါး ဆိုတဲ့ စာအုပ်ကိုပဲ ဖတ်ကြည့်ပါ။ ဆရာ သိန်းဝင်း မြေထူး ရေးသားပါတယ်။
အစ္စလာမ်ဘာသာဝင် မဟုတ်သူတွေကို သတ်ရမယ်ဆိုတဲ့ စာပိုဒ် အစ္စလာမ့် ကုရ်အာန်မှာ မပါဝင်ပါ။ မိတ်ဆွေလေ့လာနေတဲ့ Anti-Islam တွေ ထုတ်ဝေဖြန့်ချိတဲ့ ကုရ်အာန်မှာ ပါရင်တော့ အစ္စလာမ်ဘာသာနဲ့ မဆိုင်ပါ။
မိုဟာမက်(ဆွလ္လလ္လာဟုအလိုက်ဟိဝစလ္လမ်) ဆိုတဲ့ ပုဂ္ဂိုလ်အကြောင်း စာအုပ်စာပေများစွာ မြန်မာဘာသာနဲ့ ထုတ်ဝေထားတာရှိပါတယ်။ သီရိပျံချီအလ်လာမဟ် ဆရာကြီး ဃာဇီဟာရှင်မ်ရေးသားတဲ့ တမန်တော်မြတ် အထ္ထုပ္ပတ္တိ က လုံလောက်တဲ့ ရှင်းလင်းချက်ကိုပေးနိုင်မှာပါ။ သူဟာ မိတ်ဆွေပြောသလို တရားသော စစ်ခေါင်းဆောင်လဲ ဖြစ်သလို အိမ်ထောင်ဦးစီးကောင်း၊ သမားတော်ကောင်း၊ စာရိတ္တပြုပြင်ရေးသမား၊ တော်လှန်ရေးသမားကောင်း၊ သမ္မတကောင်း၊ သံတမန်ကောင်း၊ လူ့အခွင့်အရေး ခေါင်းဆောင်ကောင်း၊ ဆင်းရဲသားတို့ရဲ့ ခေါင်းဆောင်ကောင်း၊ သူဌေးတို့ရဲ့ ညွှန်ကြားရေးမှုးကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်လို့ပဲ ရည်ညွှန်းတာ အရည်အချင်းတစ်ခုကိုပဲ ပြောလို့ ကျန်တဲ့အရည်အချင်းတွေကို ဆက်ပြောပြတာပါ။ မွတ်စလင်မ်မဟုတ်သူတွေက မွတ်စလင်မ်တွေကို ဘာလုပ်ခဲ့လို့ ပြန်လည်တိုက်ခိုက်ရတာလဲ လေ့လာပါ။ စစ်ဆိုတာ အကြောင်းမဲ့မတိုက်ပါ။ မိတ်ဆွေအနေနဲ့ အတွေးအခေါ် ဘေးမချော်ဘူးလို့ ထင်ပါတယ်။
ဂျူးတွေကို မျောက်၊ ဝက်လို့ မသမုတ်ပါဘူး။ သူတို့ထဲက ဥပုသ်နေ့မှာ ငါးမဖမ်းရ အမိန့်ကို သွယ်ဝိုက်ကျူးလွန်တဲ့လူတွေဘဲ ဖြစ်သွားတဲ့ အဖြစ်အပျက်ကို သင်ခန်းစာယူဖို့ အသိပေးထားတာပါ။ ဂါထာပေး တေးဖြစ်ဆိုတာ ဒါကိုခေါ်ပါတယ်။
အစ္စလာမ်တွေဟာ ဥရောပကို သိမ်းဖို့ မကြံစည်ခဲ့ပါဘူး။ ဒါပေမယ့် ဥရောပနဲ့ ဂျူးတွေက အစ္စလာမ်ကို အနုနည်း အကြမ်းနည်းနဲ့ ဘာသာပျက်အောင်၊ လူမျိုး တုန်းအောင် သတ်ဖြတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဂျူးတွေဟာ ပါလက်စတိုင်းမှာ အကြမ်းနည်းနဲ့ မွတ်စလင်မ်တွေကို သတ်ဖြတ်နေတယ်။ မွတ်စလင်မ်အိမ်ရာတွေကို ဘူဒိုဇာနဲ့ ကော်ပြစ်တယ်။ ဥရောပကတော့ အနုနည်းဖြစ်တဲ့ အတိုး၊ အရက်၊ မိန်းမ၊ လောင်းကစား၊ စည်းစိမ်ဥစ္စာနဲ့ အစ္စလာမ်ဆိုတာ မေ့သွားအောင် လုပ်တယ်။ အစ္စလာမ်မှာ ဘာသာရေးအခြေခံတဲ့ ဂိုဏ်းကွဲတွေ များစွာပေါ်လာအောင် အနုနည်း အသုံးပြုပြီး ကြိုးစားခဲ့တယ်။ အောင်မြင်သင့်သလောက် အောင်မြင်ပါတယ်။ မှန်းသလောက်တော့ မပေါက်ခဲ့ဘူး။ အာဖဂန်က တာလီဘန်လို မိုဂျာဟစ်ဒ်တွေနဲ့ စစ်မှန်တဲ့ သာသနာ့ ပညာရှင် သမိုင်းပညာရှင်တွေက အစ္စလာမ်ဘာသာဝင်တွေရဲ့ ယုံကြည်မှုတွေကို တည့်မတ်ထိန်းသိမ်းပေးနိုင်ခဲ့တယ်။ ကုန်ကုန်ပြောမယ်။ ခင်ဗျားတို့ Anti-Islam တွေ သိပ်ကြောက်တဲ့ အလ္လာဟ်အရှင်မြတ်ကိုယ်တိုင် ထိန်းသိမ်းတယ်။
ကျနော်တို့သိထားတဲ့ အနောက်တိုင်း လျှပ်ပေါ်လော်လီ၊ ကာမရာဂ အားပေး မြှူဆွယ်တဲ့၊ တရားဝင် အပျော်လိင်ဆက်ဆံခွင့်ရှိတဲ့၊ မိန်းမသားတွေကို ကျွန်လို သဘောထားတဲ့၊ မိန်းမသားတွေကို ယောက်ျားတွေရဲ့ ဖျော်ဖြေရေးလို့ သဘောထားတဲ့၊ အတိုး၊ အရက်၊ ဘီယာလွှမ်းခြုံထားတဲ့ မယဉ်ကျေးမှုကြီးကို အစ္စလာမ့်ယဉ်ကျေးမှုက အပြုတ်တိုက်နိုင်ရင် လူသားဆန်တဲ့ ဝါဒတစ်ခု ပေါ်ထွန်းလာဖို့ရှိပါတယ်။ ဒါဟာ ကမ္ဘာအတွက် ကောင်းတဲ့ အပြောင်းအလဲပါ။ အထက်က အလုပ်တွေကို စီးပွားဖြစ် လုပ်ကိုင်နေတဲ့လူတွေနဲ့ ပတ်သက်ရာတွေကတော့ ကြောက်ကြမှာပါ။
ဟော်လန်ဆိုတာ တနေ့ထားခဲ့ရမယ့် ကမ္ဘာကို ကောင်းမွန်တဲ့ အသုံးအဆောင်နဲ့ အစားအစာတွေ တင်ပို့နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီနိုင်ငံကို မွတ်စလင်မ်တွေအနေနဲ့ ဒီကမ္ဘာမှာတင်မက သေဆုံးပြီးနောက် ပြန်လည်ရှင်ပြန်ထတဲ့ အချိန်မှာ အသုံးဝင်မယ့် အစ္စလာမ့်ယဉ်ကျေးမှုနဲ့ နည်းစနစ်တွေ ပြန်လည်ပို့ဆောင်ပေးဖို့ တာဝန်ရှိပါတယ်။ ကျနော်ဆိုရင် ဟော်လန် နို့ဆီမှ အကောင်းဆုံးလို့ သတ်မှတ်တာပါ။ သူတို့ ဒီလို ကောင်းတာတွေ ထုတ်လုပ်ပေးတဲ့အတွက် သူတို့ကိုလည်း ကောင်းတဲ့ ယဉ်ကျေးမှုနဲ့ အနာဂတ် ဘဝ သာယာစေချင်တယ်ဗျာ။ ခရစ်ယာန်ဘုရားကျောင်းမှာ လူမရှိတာ ခရစ်ယာန်ဘာသာနဲ့ပဲ ဆိုင်တယ်လေ။ အစ္စလာမ်ဘာသာနဲ့မှ မဆိုင်တာဗျာ။ မရောချပါနဲ့။ ဗမာပြည်မှာလဲ ဘုန်းကြီးကျောင်း လူမသွားတာ၊ စေတီမှာ လူမစည်တာ ဗုဒ္ဓဘာသာနဲ့ပဲ ဆိုင်တယ်လေ။ အစ္စလာမ် ဘာသာနဲ့မှမဆိုင်တာ။
အမေရိကန်ကိစ္စ ခင်ဗျားပြောတာ အမှန်ပဲ ဆိုရင် သတင်းကောင်းပေါ့ဗျာ။ မြန်မာနိုင်ငံမှာ မွတ်စလင်မ် တက္ကစီသမားတွေက ဂျေဂျေက ဇယားတွေ၊ ကေတီဗီ၊ မာဆတ်၊ နိုက်ကလပ်က ဇယားတွေ.... သူများထက် ငွေပိုပေးပြီး ငှားတယ်ဆိုရင်တောင် မလိုက်ကြဘူးဗျ၊ မသိလို့ ပါသွားတာ တစ်ကဏ္ဍနော်။ ငါးပါးသီလ ဘယ်သူတွေ ပိုလုံလဲ လေ့လာပေါ့ဗျာ။ ဗုဒ္ဓဘာသာမှာ အရက်ကို မသောက်နဲ့ပဲ တားမြစ်တာ။ မချက်နဲ့၊ မသယ်နဲ့။ မရောင်းနဲ့ လို့ တားမှမထားပဲဗျ။ အစ္စလာမ်မှာက မသယ်နဲ့လို့ တားထားတယ်လေ။ လေ့လာပါ။ လိုအပ်ရင် ယူသုံးပါ။ ထမင်းမစားခင်နဲ့ ထမင်းစားပြီး လက်ဆေးတာကိုတောင် ယူသုံးလိုက်ပြီလေ။ အစ္စလာမ့် ဝတ်ပြုမှုတွေမလုပ်ခင် ကိုယ်လက်သန့်စင်တာကို ဘုန်းကြီးကျောင်းတွေမှာ ယူသုံးထားတာပဲ။ စေတီဘုရားတွေမှာလဲ ယူသုံးပါ။ ရပါတယ်။ ကျေးဇူးရှင်ကိုတော့ ကျေးမစွပ်နဲ့ပေါ့။
အစ္စလာမ့်ကျင့်သုံးမှုစနစ်တွေကို အားလုံးယူသုံးမယ်ဆိုရင် ခင်ဗျားတို့ ယောက်ျားတွေက မိန်းမမှန်သမျှ မျက်စေ့အစာ ကျွေးလို့မရတော့ဘူး။ အမျိုးသားအခွင့်အရေး ဆုံးရှုံးသွားမယ်။ မိန်းမတွေရဲ့ ဘယ်နေရာမဆို ဖုံးအုပ်ထားတဲ့အတွက် ခင်ဗျားတို့အခွင့်အရေးတွေ ဆုံးရှုံးသွားမယ်။ ဒါပါပဲ။ လွတ်လပ်ခွင့်တွေ၊ Living Together တွေ ဆုံးရှုံးသွားမယ်။ ကာစီနို၊ နိုက်ကလပ်၊ ကေတီဗီ၊ မာဆက်၊ အခွန်ရှောင်ခွင့်၊ လာဘ်စားခွင့် တွေဆုံးရှုံးသွားမယ်။ ခင်ဗျားအတွေးနဲ့ ခင်ဗျားမှန်တယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားက အဲဒီပတ်ဝန်းကျင်က လာတာကိုး။
အစ္စလာမ်ဘာသာနဲ့ လွတ်လပ်ခြင်းကြားက တိုက်ပွဲ။ ဟုတ်ပါတယ်။ အချစ်နဲ့စစ်မှာ မတရားတာမရှိပါဘူး။ ခင်ဗျားဟာ ဒါကို တိုက်ပွဲလို့ ယူဆမယ်ဆိုရင် အောင်နိုင်သူကို မတရားဘူးလို့ မပြောကြေးနော်။ ဒါပေမယ့် လွတ်နေတာလဲ မကောင်းသလို လပ်နေတာလဲ မကောင်းပါဘူး။ အဲဒီနှစ်ခုပေါင်းလိုက်တော့ လွတ်လဲလွတ် လပ်လဲလပ် ဆိုတော့ ပိုမကောင်းပါဘူး။ အစ္စလာမ်က စည်းနဲ့ကမ်းနဲ့ လွတ်လပ်ခြင်းတွေကို ပေးထားပါတယ်။ အမှန်တရားကိုလေ့လာပါ။ အမုန်းတရားကို မလေ့လာပါနဲ့။
မွတ်စလင်မ်တို့ ဝတ်ပြုရာ အဆောက်အဦကို မတ်စ်ဂျိဒ် လို့ခေါ်ပါတယ်။ အဲဒီမတ်စ်ဂျိဒ်တွေထဲကို ခင်ဗျားဝင်ကြည့်ပါ။ ဆိတ်ငြိမ်မှု၊ တရားအားထုတ်မှုနဲ့ အချိန်မှန် ဝတ်ပြုတာတွေ ၊ ကျမ်းစာဖတ်ရွတ်တာတွေ၊ တရားလမ်းမှန် ဟောကြားတာတွေကိုပဲ ကြားရမှာပါ။ အပြင်က မနာလိုသူတွေရဲ့စကားကို မယုံပါနဲ့။ ခင်ဗျားစီးပွားရေးတခု လုပ်မယ်ဆိုရင် အပြင်လူစကားထက် စီးပွားရေးလုပ်နေတဲ့လူရဲ့စကားကို ပိုအလေးထားတယ်မဟုတ်လား။ ခင်ဗျားရဲ့ ကွယ်လွန်ပြီးနောက် ရှေ့ဆက်ရမယ့် ခရီးရှည်အတွက် ဘယ်လို ပြင်ဆင်ခဲ့သလဲ၊ ဘေးကလူပြောစကားထက် တကယ်ပြင်ဆင်နေတဲ့ မွတ်စလင်မ်တွေနဲ့ ထိတွေ့ ဆက်ဆံပါ။ သူတို့ထံက နည်းစနစ်ယူပါ။
ခင်ဗျားက ခင်ဗျားနဲ့မတူတဲ့လူကို မိစ္ဆာဝါဒလို့ပြောရင် ကျနော်ကလည်း ခင်ဗျားဝါဒကို မိစ္ဆာဝါဒလို့ ပြောမယ်ဗျာ။ ဒါဆိုရင် ရှုပ်ကုန်မှာပေါ့။ ကမ္ဘာ့ကောင်းကျိုးအတွက် စဉ်းစဉ်းစားစား ခေါင်းစဉ်တပ်ပါ။ အစ္စလာမ်ဟာ နူးညံ့သိမ်မွေ့တဲ့ လူတိုင်းလက်ခံနိုင်တဲ့ ဘာသာ၊ လူမှုရေး ကျင့်ဝတ်ဖြစ်တယ်ဆိုတာ ခင်ဗျားအရှေ့က အစ္စလာမ်လက်ခံလိုက်တဲ့ လူတွေက ခင်ဗျားကို ပြန်ရှင်းပြပါလိမ့်မယ်။
မွတ်စလင်မ်ကမ္ဘာဆိုတာ ခရစ်ယန်ကမ္ဘာနဲ့ ဘာကွာသလဲ။ ခရစ်ယန်ကမ္ဘာရှိရင် မွတ်စလင်မ်ကမ္ဘာလဲရှိမှာပေါ့။ ဒါမှမဟုတ်ရင် ကမ္ဘာပဲ ရှိမယ်။ Prefix တွေဖြုတ်လိုက်ပါ။ လူသားတွေကို Brain wash မလုပ်ပါနဲ့၊ misunderstand ဖြစ်အောင် မလုပ်ပါနဲ့။
နတ်ကိုးကွယ်မ၊ှု ယဇ်ပူဇော်မှု၊ လူကျွေးမှု၊ တွေကိုတောင် ရှေးဟောင်းဘာသာတရားတွေလို့ ခင်ဗျားတို့ သတ်မှတ်ပြီးမှ အခြေခံဥပဒေထဲမှာ အစ္စလာမ်ဘာသာကို ပုဒ်မနဲ့ တားဆီးဖို့ ဆိုတာ။ ခင်ဗျားတို့ ကြိုးစားကြည့်လေ။ ခင်ဗျားတို့ကို လူဖြစ်အောင် အတွေးအခေါ် အတတ်ပညာ နည်းပညာ သမိုင်းနဲ့ နိုင်ငံရေး ဥပဒေ သင်ကြားပေးခဲ့တဲ့ ပညာရှင်တွေက ထောက်ခံလား၊ ကန့်ကွက်လား သိရတာပေါ့။ ခရစ်ယန်ဘာသာထဲ လူတွေဝင်ရောက်တာကို ခင်ဗျား ဝမ်းသာမယ်၊ ဗုဒ္ဓဘာသာထဲ လူတွေ ဝင်ရောက်တာကို ခင်ဗျား ဝမ်းသာမယ်၊ စေတီ၊ ချာ့ခ်ျတွေမှာ လူများတာကို ခင်ဗျား ဝမ်းသာမယ်ဆိုရင် ... အစ္စလာမ်ဘာသာထဲကို လူတွေ ဝင်ရောက်တာ၊ မတ်စ်ဂျိဒ်တွေမှာ လူများတာတွေကိုလည်း ဝမ်းသာရမှာပေါ့။ ခင်ဗျားမှာ မျှတတဲ့ အတွေးအခေါ်ရှိရင်လေ။ ကျုပ်ကတော့ ဘယ်ဘာသာရေး နေရာဖြစ်ဖြစ် လူများလေ ကြိုက်လေပဲ၊ အဲဒီနေရာတွေက ငြိမ်းချမ်းမှုကို ဖော်ဆောင်ပေးနိုင်တယ် မဟုတ်လား။
အစ္စလာမ်က ဘာသာမဟုတ်ဘူးတဲ့။ ထားပါတော့။ Religion နဲ့ System ကိုခွဲပြမယ်။ System တခုမှာ လူတိုင်းလက်ခံနိုင်တဲ့ အရာတွေ ပါဝင်နေတယ်။ လူမှုရေးစနစ်၊ အိမ်ထောင်ရေးစနစ်၊ သိပ္ပံနည်းကျ စနစ်၊ အစ္စလာမ့် System မှာလည်း လူတိုင်းလက်ခံနိုင်တဲ့အရာတွေ အများစု ပါဝင်တယ်။ Religion ကိုတော့ လူတိုင်းလက်မခံဘူးဗျ။ Religion မှာ သက်သေ အထောက်အထား ပြစရာမလိုဘူး။ ဒါမှမဟုတ် လူ့ ဦးနှောက်လိုက်မီအောင် အထောက်အထားမရှိဘူး၊ အစ္စလာမ်ဟာ ဘာသာတရားတခု မဟုတ်ဘူးလို့ ခင်ဗျားသုံးသပ်လိုက်တာက အစ္စလာမ်ရဲ့ System တွေကို ခင်ဗျားက လူတွေ လက်ခံမယ်၊ ကျင့်သုံးမယ်လို့ ယူဆလိုက်တာပါ။ ခင်ဗျားကိုယ်တိုင် လက်ခံတာလဲ ပါမယ်။ ဒါပေမယ့် ခင်ဗျားက အစ္စလာမ့်ရဲ့ Religion ကို လက်မခံနိုင်ဘူးလေ။ အစ္စလာမ့် System တွေကို အစ္စလာမ်မဟုတ်တဲ့ အခြားသူတယောက်က အစ္စလာမ့်ခေါင်းစဉ်အောက်က မဟုတ်ဘဲ ပြောခဲ့ရင် ခင်ဗျားနဲ့တကွ ကမ္ဘာကြီးတစ်ခုလုံး အဲဒီစနစ်တွေကို လက်ခံလိုက်မယ်။ ဟုတ်လား။ ခင်ဗျားနှလုံးသားကို မေးကြည့်ပါ။ အစ္စလာမ့်ရဲ့ Religion မှာ အလ္လာဟ်အရှင်မြတ်ကို ယုံရမယ်။ တမန်တော်မိုဟမ္မဒ်ကို လက်ခံရမယ်။ ဒါတွေကို ခင်ဗျား လုံးဝလက်မခံနိုင်ဘူးလေ။ အဲဒါတွေကလည်း အရှင်မြတ် အလင်းတရား ပေးတဲ့လူတွေမှ ယုံကြည်ခွင့်ရတာပါ။
ခင်ဗျား အသားလုံးဝမစား၊ အပင်လုံးဝမစားပဲ နေနိုင်တဲ့နေ့ ဟလာလ် နဲ့ လည်လှီးခြင်းကို ဝေဖန်ပါ။ အမေရိကန်၊ အစ္စရေးမှာ အနုမြူလက်နက် တစ်ခုမှ မရှိတော့တဲ့နေ့နဲ့၊ ခင်ဗျားလို ဘာသာတရားကို ဗန်းပြပြီး အမုန်းတရားနဲ့ ရန်တိုက်ပေးတဲ့ လူတွေမရှိတော့တဲ့နေ့မှ ဂျေဟားဒ်ကိုဝေဖန်ပါ။ ကာလသားရောဂါနဲ့ ဂနိုကျတဲ့ရောဂါတွေ ကမ္ဘာပေါ်မှာ ပျောက်ကွယ်တဲ့နေ့မှ လိင်အင်္ဂါ ထိပ်ဖုံးအရေပြားတွေ ဖြတ်တောက်တာကို ဝေဖန်ပါ။ ဥပဒေ ဆိုတာ လုံးဝမလိုအပ်ဘူးလို့ ကမ္ဘာ့လူသားထုတရပ်လုံး အတည်ပြုပြီးမှ ရှရှီအသ်ဥပဒေကို ဝေဖန်ပါ။
အမြင်မှန်စေသူ အမှန်တရား ဘက်တော်သား
Mohammed Bilarl Rangooni...

Technology,
ချေပချက်
Subscribe to:
Posts (Atom)