Sunday, May 31, 2015

ရှအ်ဗာန်လနှင့် ရှဗ်ဗေဗရာအသ်ညအကြောင်း


 လူသားကို အလ္လာဟ်ဖန်ဆင်းရခြင်း၏ ရည်ရွယ်ချက် 
အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့လူသားများအား ကမ္ဘာပေါ်သို့ တာဝန်မဲ့၊ အလကားသက်သက် စေလွှတ်လိုက်ခြင်းမဟုတ်ပေ။ တစ်နေ့တွင် အလ္လာဟ်အရှင်မြတ်ထံသို့ ပြန်ကြရမည်ဖြစ်သည်။ လူသားသည်လည်း ကမ္ဘာပေါ်တွင် ရှင်သန်နေစဉ် စားဖို့ ဝတ်ဖို့ အိပ်ဖို့ နေဖို့ ထိမ်းမြားဖို့သာ အာရုံထားမည်ဆိုပါက တိရိစ္ဆာန်နှင့် မည်သို့မျှ ကွာခြားမည်မဟုတ်ပါ။ လူသားဖြစ်သည့်အတွက် ထူးခြားမှုရှိရမည် .....။ အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် ထိုထူခြားမှု လူသားကို အလ္လာဟ်အရှင်မြတ်က ကမ္ဘာပေါ်သို့ စေလွှတ်လိုက်ရခြင်း၏ ရည်ရွယ်ချက်ကို အဖြေပေးမိန့်ထားသည်မှာ .... လူသား၊ ဂျင်န်တို့ကို အလ္လာဟ်အရှင်မြတ်အား အိဗာဒသ်ပြု ခဝပ်ဆည်းကပ်ရန်အတွက် ဖြစ်ပေသည်။ လူသားအနေဖြင့် ကမ္ဘာပေါ်တွင် အသက်ရှင်နေသရွေ့ အလ္လာဟ်နှစ်မြို့သည့် အလ္လာဟ်မိန့်ထားသည့်အရာများကို ကျင့်သုံးလုပ်ဆောင်နေရပေမည်။
ကမ္ဘာပေါ်တွင် ရှင်သန်စဉ် ကိုယ့်သဘောနှင့်ကိုယ် နေချင်သလိုနေခဲ့ပေမဲ့ သင်္ချိုင်းအတွင်း စံမြန်းရသည့်အခါမှာတော့ အလ္လာဟ်သဘောအတိုင်း နေရမည်ပင် ဖြစ်၏။

 ကဗရ်တစ်ခုမှ ပြန်ရှင်ထလာမည့် လူဦးရေနှင့် အလ္လာဟ်၏ဖန်ဆင်းမှု 
ကိယာမသ်နေ့ ပြန်လည်ရှင်ပြန်ထရာတွင် သင်္ချိုင်းတစ်ခုမှ သေသူပေါင်း ၇ဦးမှာ ၇ဝအထိ ပြန်လည်ထွက်လာကြမည်။ လူသား၏ ကိုယ်ခန္ဓာသည် သင်္ချိုင်းထဲသို့ရောက်သည့်အခါတွင် တစ်ကိုယ်လုံး ပုပ်ပွကာ မြေကြီးမှစားသွားမည်။ ခန္ဓာကိုယ်ရှိ မည်သည့်အစိတ်အပိုင်းမှ ကျန်မည် မဟုတ်တော့ပေ။ သို့သော် လူ့ခန္ဓာကိုယ်မှ မြီးညောင်းရိုးတစ်ခုကို ချန်ထားမည်။ အလ္လာဟ်အရှင်မြတ်သည် အဆိုပါအရိုးမှ လူ့တစ်ကိုယ်လုံးကို ကိယာမသ်နေ့၌ ပြန်လည်ဖြစ်စေတော်မူပေမည်။

 ကိယာမသ်တွင် ဝက်၏အနောက်မှ ဝင်ရမည့်သူများ 
ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် အီမာန်ရှင် မုစ်လင်မ်တို့၏ အမလ်များအနက် အရင်ဆုံး နမားဇ်ကို စစ်မေးတော်မူမည်။ ထိုသို့ ကမ္ဘာ့တရားခွင် ဟရှရ်သို့ အဖန်ဆင်းခံများ အုပ်စုလိုက် အတန်းလိုက် ဝင်ရမည်ဖြစ်ပေသည်။ အဖန်ဆင်းခံအားလုံးတွင် ဝက်သတ္တဝါသည် နောက်ဆုံးမှ ဝင်ရမည်။ ထိုအခါ ဝက်က လျှောက်ထားမည်မှာ အို ... အလ္လာဟ် ကျွန်တော်မျိုးကို အလ္လာဟ်ကဖန်ဆင်းလို့ ဝက်ဖြစ်ရတာပါ။ ကျွန်တော့ဆန္ဒကြောင့် ဖြစ်လာရတာမဟုတ်ပါ။ ကျွန်တော်မျိုးကို ဘာ့ကြောင့် အားလုံးရဲ့ နောက်ဆုံးမှ ဝင်စေရတာပါလဲ။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ဝက်သတ္တဝါအား အသင့်၏ အနောက်တွင် အဖန်ဆင်းခံကျန်ရှိပါသေးသည်ဟု မိန့်တော်မူမည်။ ဝက်၏ အနောက်တွင် နမားဇ်လွှတ်သူ၊ နမားဇ်မဆောက်တည်သူတို့ ရှိနေပေမည်။ ကမ္ဘာတွင် အသက်ရှင်စဉ် နမားဇ်ကို မလေးစား မဆောက်တည်သူတို့၏ ဟရှရ်သည် ဝက်၏အနောက်တွင် နေရမည် ဖြစ်၏။

 မျက်မြင်မှ အကန်းဘဝသို့ 
ကိယာမသ်နေ့တွင် အချို့သူတို့သည် ကမ္ဘာပေါ်တွင် အသက်ရှင်စဉ်က မျက်စိနှစ်လုံး အလင်းဆောင်ခဲ့သော်လည်း ဟရှရ်တွင် အကန်းအဖြစ်နဲ့ ရှင်ပြန်ထရမည်။ ထိုအခါ ၎င်းသူက အို ..... အလ္လာဟ် ! ကျွန်တော်မျိုးသည် ကမ္ဘာတွင်ရှင်စဉ်က မျက်စိမြင်သူဖြစ်ပါသည်။ ယခု အဘယ့်ကြောင့် မျက်ကန်းအဖြစ်နှင့် ပြန်ထရပါသနည်း။ အလ္လာဟ်အရှင်မြတ်မှ ပြန်လည်မိန့်မည်မှာ ကမ္ဘာတွင် ရှင်စဉ်က အသင့်ကို ဦးနှောက်၊ မျက်စိ၊ အသိဉာဏ် အားလုံးကိုပေးထားပါလျက် အလ္လာဟ်ရဲ့အမိန့်တွေ အသင့်ရှေ့ရောက်လာတာကို အသင်က မသိချင်ယောင် (မမြင်ချင်ယောင်၊ ကန်းချင်ယောင်)ဆောင်နေခဲ့တဲ့အတွက် အသင့်ကို အကန်းအဖြစ်နဲ့ ရှင်ပြန်ထစေခြင်း ဖြစ်သည်။ 

 အစ္စလာမ်သည် မှန်ကန်သည့် သာသနာဖြစ်ခြင်းနှင့်စပ်လျဉ်းသည့် ဖြစ်ရပ်တစ်ခု 
အဗ္ဗာစီယာမင်းဆက်များအနက်မှ မင်းတစ်ပါးဖြစ်သော ဟာရူးန်ရရှီးဒ်ဘုရင်၏ လက်ထက်တွင် ဖြစ်သည်။ ဘုရင်ကြီးသည် မှန်ကန်တိကျသည့် မင်းတစ်ပါးဖြစ်သည့်အပြင် သာသနာ့ပညာနှင့် ပညာရှင်များကို အလွန်ဂုဏ်ပေးလေးစားသည့် ဘုရင်တစ်ပါးဖြစ်ပေသည်။ တစ်နှစ်တစ်ခါ ပညာရှင်များကို ဖိတ်ကြားကာ သာသနာ့ပညာရပ်များ နှီးနှောဖလှယ်ပွဲကို စည်းကားစွာ ဘုရင့်နန်းတော်အတွင်း ကျင်းပသည်။ တိုင်းပြည်အနှံရှိ ထူးချွန်ပြောင်မြောက်သည့် သာသနာ့ပညာရှင်များကို ဖိတ်ခေါ်ကာ ဆွေးနွေးမှုပြုလေသည်။ ထိုထဲတွင် ဘာသာမဲ့ပညာရှင်တစ်ဦးလည်း ပါဝင်သည်။ သူသည်လည်း အင်မတန်ထူးချွန်ကာ အစ္စလာမ့်ပညာများကို တစ်ဖက်ကမ်းခတ်အောင် တတ်သိထားသူဖြစ်သည့်အပြင် သမ္မာကျမ်း၊ ဘိုင်ဘဲလ်ကျမ်းတို့ကိုပါ အထူးကျွမ်းကျင်လေသည်။ ဘုရင်ကြီးသည် ဆွေးနွေးပွဲဖြစ်သည့် အချိန်တိုင်း ၎င်းပုဂ္ဂိုလ်ကိုပါ ခေါ်ယူဆွေးနွေးလေသည်။ ၎င်းသည်လည်း အကျေအလည်ဆွေးနွေးနိုင်သူ ဖြစ်သည်။ ဘုရင်အနေဖြင့် ၎င်းကို မုစ်လင်မ်တစ်ဦးဖြစ်စေချင်သည်။ သို့သော် မိမိတတ်စွမ်းနိုင်သည့် ကိစ္စရပ်မဟုတ်ပေ။ ထို့ကြောင့် နှစ်တိုင်း သာသနာ့ဖလှယ်ပွဲသို့ သူ့ကိုဖိတ်ခေါ်၍ ပါဝင်စေခဲ့သည်။ 

တစ်ရက်တွင် ထိုပညာရှင်က ဘုရင်ကြီးကို စလာမ်မေတ္တာပို့သလေသည်။ ဘုရင်က ဝမ်းမြောက်စွာ စလာမ်၏အဖြေပေးပြီး မေးလိုက်သည်။ ဘာလဲ မုစ်လင်မ်ဖြစ်သွားပြီးလား။ ထိုအခါ ၎င်းပုဂ္ဂိုလ်က ဟုတ်ပါတယ် ဘုရင်ကြီး ကျွန်တော် အစ္စလာမ်ကိုလက်ခံပြီး မုစ်လင်မ်ဖြစ်သွားပါပြီဟု ပြန်ဖြေ၏။ ဘုရင်စဉ်းစားသည်မှာ ဤသို့သောသူမျိုး အစ္စလာမ်လက်ခံလာခြင်းမှာ သာမာန်တော့မဖြစ်နိုင်။ ထို့ကြောင့် ဆက်လက်၍ပင် ဘယ်လိုအကြောင်းကိစ္စကြောင့် အစ္စလာမ်ကို လက်ခံဖြစ်သွားတာလဲဟု မေးမြန်းလိုက်သည်။ ထိုအခါ ပြောပြသည်မှာ ကျွန်တော်သည် ပန်းပုဆရာတစ်ဦးဖြစ်သည်။ သစ်သားများကို လှပစွာ ပန်းပုထွင်းတတ်သူဖြစ်သည်။ ကျွန်တော်က ခရစ်ယာန်တွေရဲ့ ကျမ်းစာထဲက စာပိုဒ်လှလှလေး သုံး၊ လေးခုလောက်ကို ရှာဖွေထုတ်ယူပြီး အလွန်လှပသေသပ်တဲ့ သစ်သားပန်းပုနဲ့ထွင်းထုပြီး သူတို့ရဲ့ ကျောင်းဆောင်ကို လက်ဆောင်အဖြစ်ပို့ပေးလိုက်တယ်။ အဲ့ဒီ့လို ပို့ပေးပြီး စောင့်ကြည့်တယ်။ မနက်ကပို့လိုက်တာ ညနေအထိ၊ နောက်တစ်နေ့အထိ ဘာမှထူးခြားမှု ဖြစ်မလာခဲ့ဘူး။ ဒါနဲ့ ကျွန်တော်က ယဟူဒီတွေရဲ့ ကျမ်းစာထဲကနေ စာပိုဒ်တိုတိုလှလှ သုံး၊ လေးခု ရှာဖွေထုတ်ယူလိုက်တယ်။ အဲ့ဒီ့စာပိုဒ်လေးတွေကို လှပစွာ ပန်းပုထွင်းပြီး ယဟူဒီတွေရဲ့ ကျောင်းဆောင်ကို လက်ဆောင်အဖြစ် ပို့ပေးလိုက်တယ်။ သူတို့ထံကလည်း ဘာမှထူးခြားမှုပြန်မလာခဲ့ဘူး။ နောက်ဆုံး ကုရ်အာန်ကျမ်းမြတ်ထဲက အာယသ်အလှလေးတွေကို ရှာဖွေထုတ်ယူတယ်။ လှပသေသပ်စွာ ပန်းပုထွင်းပြီး မုစ်လင်မ်တွေရဲ့ ဗလီကိုပေးလိုက်တယ်။ မနက်က ပေးလိုက်တယ်။ ညနေကို ကျွန်တော်ထံ အဲ့ဒီ ပန်းပုကားချပ်တွေ ပြန်လာပေးတယ်။ ဘာဖြစ်လို့ ပြန်ပေးရတာလဲလို့ မေးတော့ အသင်ရေးထားတာ အမှားတွေပါတယ်။ အဲဒီအမှားတွေနဲ့ ဘယ်လောက်ပဲ လှနေပါစေ။ ကျွန်တော်တို့ လက်မခံဘူးလို့ ပြောသွားတယ်။ အမှန်တော့ ကျွန်တော်က ဘာသာတိုင်းရဲ့ ကျမ်းစာကို အမှားရေးပြီးဘဲ ပေးခဲ့ခြင်းဖြစ်တယ်။ ဒါပေမဲ့ အဲ့ဒီအမှားကို အစ္စလာမ်တစ်ခုကပဲ လက်မခံဘဲ ပြန်ပို့ခဲ့တဲ့အတွက် ဒီသာသနာက အမှန်တကယ်စစ်မှန်တိကျတဲ့ သာသနာ့ဖြစ်တယ်ဆိုတာကို ကျွန်တော်ကိုယ်တိုင် ယုံကြည်သွားပါတယ်။ ဆိုပြီး မိမိရဲ့ အစ္စလာမ်ဖြစ်လာခဲ့ပုံကို ဘုရင်ကြီးအား ပြောပြသည်။ 

 ရှအ်ဗာန်လမြတ်အကြောင်း 
ရှအ်ဗာန်လသည် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ လဖြစ်သည်။ ရှအ်ဗားန်ဟူသည် ဦးဂျိုနှစ်ခု (ညာဘက်ဂျိုနှင့် ဘယ်ဘက်ဂျို) ၏အလယ်နေရာကို ခေါ်ဆိုပေသည်။

ရှအ်ဗာန်စကားလုံးတွင် ရှီးန်၊ အိုင်းန်၊ ဗာ၊ အလိဖ်၊ နူးန်တို့ ပါဝင်သည်။
ရှီးန် = ရှရဖ် (မြင့်မြတ်မှု)
အိုင်းန် = အိဇ်ဇသ် (ဂုဏ်သိက္ခာ)
ဗာ = ဗရ်ကသ် (ကောင်းချီးမင်္ဂလာနှင့် တိုးပွားမှုရှိခြင်း)
အလိဖ် = အုလ်ဖသ် (ချစ်မြတ်နိုးမှု)
နူးန် = နဂျားသ် (လွတ်မြောက်မှု)

ဆိုလိုသည်မှာ အကြင်သူသည် ရှအ်ဗာန်လမြတ်တွင် အိဗာဒသ်ပြုခဲ့သော် အလ္လာဟ်အရှင်မြတ်က ဂျဟန္နမ်ငရဲမှ နဂျားသ် လွတ်မြောက်မှုကို ချီးမြှင့်၍ အရှင့်၏ အုလ်ဖသ် ချစ်မြတ်နိုးမှု ရရှိမည်။ ထိုသူ့အတွက် ဗရ်ကသ် ကောင်းချီးမင်္ဂလာနှင့် တိုးပွားမှုတို့ကို သတ်မှတ်ပေးမည်။ အိဇ်ဇသ် ဂုဏ်သိက္ခာကိုရရှိကာ ထိုသို့သောသူအတွက် ရှရဖ် မြင့်မြတ်သည့် အဆင့်အတန်းကို ချီးမြှင့်တော်မူပေမည်။

ရှအ်ဗာန်လသည် မိုးရွာတော့မည့် တိမ်တိုက်ကြီးတစ်ခုသဏ္ဍာန်နှင့် တူပေသည်။ မိုးရွာခါနီး မိုးတိမ်တို့သည် ကောင်းကင်ပေါ်ဝယ် အုံ့ဆိုင်းညှို့မှိုင်းနေပြီး မိုးရွာချိန်တန်လာသည့်အခါ တဝေါဝေါနှင့် အလျှံပယ်ရွာချလေတော့သည်။ ထိုအတိုင်းပင် ရှအ်ဗာန်လတွင် ပြုကျင့်ခဲ့သောကောင်းမှုကုသိုလ်များနှင့် တောင်းဆုဒုအာတို့သည် တိမ်တိုက်ပမာရှိနေပြီး ရမ်ဇာန်လမြတ်တွင် ယင်းတိမ်တိုက်မှ ရဟ်မသ်၊ မဂ်ဖိရသ်တို့ကို မိုးပမာ ရွာသွန်းမည် ဖြစ်ပေသည်။

ဟဒီးစ်တော်များ၌ မိန့်ထားသည်မှာ ရမ်ဇာန်မှာ နှလုံးသားကို ဘယ်လိုစင်ကြယ်အောင်လုပ်သလဲ ထိုအတိုင်းပင် ရှအ်ဗာန်ရောက်လာသည့်အခါတွင်လည်း မိမိနှလုံးသားကို စင်ကြယ်အောင်လုပ်ပါ။

ရှအ်ဗာန်လသည် အားလုံးထက် မြင့်မြတ်သော လဖြစ်သည်။ ဤလသည် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ လဖြစ်သည်။ (ရဂျဗ်သည် အလ္လာဟ်၏ လဖြစ်သည်။ ရှအ်ဗာန်သည် တမန်တော်၏ လဖြစ်ပြီး ရမ်ဇာန်သည် အုမ္မသ်၏ လဖြစ်ပေသည်။)
ရှအ်ဗာန်လတွင် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် ရိုဇာများစွာ ထားတော်မူသည်။
ရှအ်ဗာန်လကို မြင့်မြတ်သည့် လနှစ်လက ခြံရံထားခြင်းဖြစ်သည်။ ထို့ကြောင့် ဤလတွင် အလ္လာဟ်အရှင်မြတ်က မဂ်ဖိရသ်ခွင့်လွှတ်မှုပြုပေးသည်။ (ဤလတွင် အလွန်မြင့်မြတ်သော ဗရာအသ်ညမြတ်သည်လည်း အပါအဝင်ဖြစ်သည်။)

 ရှဗ်ဗေဗရားအ်သ်ည 
ယင်းည၌ လူသားတို့၏ ပြီးခဲ့သည့်တစ်နှစ်တာကာလ၏ ကျင့်ဆောင်တည်မှုများကို အလ္လာဟ်ထံအပ်နှံကာ ဆန်းစစ်မှုပြုသလို လာမည့်တစ်နှစ်တာအတွက် ခန့်ခွဲမှုများကို ပြုပေသည်။

ရှဗ် ဟူသည် ဖာရစီဘာသာဖြင့် ညဥ့်ကို ခေါ်ဆိုခြင်းဖြစ်သည်။ ဗရာအသ်သည် အရဗီဘာသာဖြစ်၍ အဓိပ္ပါယ်မှာ ဝေငှသော၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးသော ဟူ၍ဖြစ်ပါသည်။ အချို့ လိုင်းလသုလ်ဗရာအသ် ဟူ၍လည်း ခေါ်ဆိုကြပေသည်။

ဗရာအသ်ညတွင် လာမည့်နှစ်တွင် ဘယ်နှစ်ယောက်မွေးဖွားမလဲ၊ ဘယ်နှစ်ယောက်အသက်ရှင်မလဲ ဘယ်နှစ်ယောက်သေဆုံးကြမလဲ၊ ဘယ်သူတွေ ကွယ်လွန်ကြမလဲ၊ လာမည့်နှစ်အတွက် ရိုဇီရိက္ခာ ဘယ်လောက်ယူမလဲ ဆိုသည်တို့ကို သတ်မှတ်ပေသည်။ လူတစ်ဦးတိုင်းအတွက် တစ်နှစ်ပတ်လုံး ရိုဇီမည်မျှရမည်ကို သတ်မှတ်ပေးသည်။
(ဗရားအသ်ညဟူသည် ရှအ်ဗာန်လ၏ အလယ်ရက်ဖြစ်သော ၁၅ရက်ညဥ့်ဖြစ်ပါသည်။)
၁၄ရက်နေ့ နေဝင်သည်နှင့် တစ်ပြိုင်နက် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင် ပထမ (ကမ္ဘာနှင့် အနီးဆုံးမိုးကောင်းကင်)သို့ ဆင်းသက်လာတော်မူပြီး .....
အို ... ငါအလ္လာဟ်အရှင်မြတ်၏ ကျေးကျွန်တို့ !! အသင်တို့ထဲမှာ အပြစ်တွေကနေ သောဝ်ဗာပြုမည့်သူ ရှိသလား။ ခွင့်လွှတ်စေချင်သူ ရှိသလား။ ငါအရှင်မြတ် ခွင့်လွှတ်ပေးမည်။
အသင်တို့ ရိုဇီရိက္ခာတွေကို လိုချင်ကြသလား။ ငါအရှင်မြတ် ရိုဇီချီးမြှင့်ပေးမည်။
အသင်တို့ ဒုက္ခတွေမှာ ရှိနေကြသလား။ သုခချမ်းသာကို ပေးမည် ...... ဟု မေးမြန်း ကြွေးကြော်တော်မူပေမည်။

ဗရားအ်သ်ညတွင် အိဗာဒသ်ပြုပြီး နောက်တစ်နေ့တွင် ရိုဇာစောင့်ထိန်းပါက အင်မတန်ကုသိုအကျိုးရရှိမည်ဟု ဟဒီးစ်တော်များတွင် ဖော်ပြပါရှိပါသည်။

 အလ္လာဟ့်ခွင့်လွှတ်မှုကို ရလိုလျှင် ဤ (၉)ချက်မှ ရှောင်ရှားကြ အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် ကျွန်ုပ်တို့လူသားများနှင့် အနီးကပ်ဆုံးနေရာသို့ ဆင်းသက်လာကာ အပြစ်များကို ခွင့်လွှတ်ပေးမည်ဟု မိန့်ကြားနေသည့်အတွက် လူသားအနေဖြင့် အောက်ပါ (၉)ချက်တွင် ပါဝင်သော အကြောင်းအရာများကို ရှောင်ကြဉ်ရပါမည်။ အကြင်သူတွင် ယင်း (၉)ချက်အနက် တစ်ချက်မဆို ရှိနေပါက ထိုသူ့၏ အမှားဝန်ချမှုနှင့် တောင်းဆုဒုအာတို့ကို လက်ခံခြင်းမပြုပေ။

(၁) ဂျာဒူ အမှောင့်ပယောဂပြုသူ၊ ပြုခိုင်းသူ
(ဂျာဒူ အမှောင့်ပယောဂပြုခြင်းသည် (ဟတ်က်ကုလ်အိဗာဒ်) အဖန်ဆင်းခံ၏ ရပိုင်ခွင့်နှင့် ၎င်း၏ အခွင့်အရေးကို လုယူသူ ပျက်စီးအောင် ဖျက်ဆီးသူ ဖြစ်သည်။ သူများပျက်စီးအောင်လုပ်လျှင် ကိယာမသ်တွင် ထိုသူ့အပြစ်များကို မိမိကယူရမည်ဖြစ်ပြီး မိမိ၏ ကုသိုလ်များကို ထိုသူ့အား ပေးအပ်လိုက်ရမည်။)
 ဂျာဒူ အမှောင့်ပယောဂပြုခြင်းမှ ကာကွယ်မှုရရှိရန် ကျင့်စဉ်တစ်ရပ် 
အာယသုလ်ကုရ်စီ တစ်ကြိမ်၊ ကုလ်လေးပုဒ် (စူရဟ် ကာဖိရူးန်၊ အိခ်လားဆွ်၊ ဖလပ်က်၊ နားစ်)တို့ကို တစ်ကြိမ်စီ (သုံးကြိမ်ဖတ်နိုင်က ပိုကောင်း၏) ဖတ်ပြီး ဒုအာတောင်းသည့်သဏ္ဍာန် လက်ဖြန့်၍ မှုတ်ပြီး ခန္ဓာကိုယ်အရှေ့ပိုင်းတစ်ခုလုံး (ခေါင်းမှ ခြေအဆုံးအထိ) ကို သပ်ချလိုက်ပါ။ ထို့နောက် ပထမအတိုင်း ဒုတိယတစ်ကြိမ်ဖတ်ပါ။ လက်ကိုမှုတ်ပြီး ခန္ဓာကိုယ်နောက်ကျောဘက်တစ်ခုကို သပ်ချပါ။ (အရှေ့အတွက် တစ်ခေါက်ဖတ်မှုတ်၊ အနောက်အတွက် တစ်ခေါက်ဖတ် မှုတ်) အမျိုးသမီးများ ကိုယ်မသန့်သည့်ကာလတွင် အာယသ်များကို ဖြတ်၍ဖတ်နိုင်ပါသည်။ ထိုကာလတွင်လည်း ပြုကျင့်ပါ။
(၂) အရက်သောက်သူ
(လူအချို့သည် ရမ်ဇာန်လတွင် အရက်ရှောင်လိုက်သည်။ အခါကြီးရက်ကြီးဟု သတ်မှတ်သည့်ကာလများတွင် အရက်ရှောင်လိုက်သည်။ အမှန်မှာ အစ္စလာမ်ကိုလက်ခံထားသည့် အီမာန်ရှင်အတွက် အရက်သည် အသက်ရှင်ချိန်မှာ သေသည်အထိ အချိန်တိုင်းတွင် ဟရာမ် လုံးဝမပြုပိုင်သည့်ကိစ္စဖြစ်ပါသည်။ တစ်ရက် တစ်မနက် တစ်လအတွက် သတ်မှတ်ထားခြင်းမဟုတ်။ ရာသက်ပန်အတွက် သတ်မှတ်ထားခြင်း ဖြစ်၏။)
(၃) ဇိနာအမှုကျူးလွန်သူ
(ယနေ့တွင် ဇိနာကို ဇိနာဟု မသတ်မှတ်တော့ပါ။ ရင်းနှီးခြင်း၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ကူညီခြင်း၊ သူ့ခံစားချက်တွေကို ကိုယ်ကနားလည်ပေးနေတာ၊ သူ့အကျင့်ကိုယ့်အကျင့် သိအောင် နောက်တော့ ယူမှာပေါ့ ဟူသည့် ပျားရည်လောင်းထားသော ချီးတွင်းထဲတွင် လူတိုင်းနစ်မွန်းနေကြသည်။ အလ္လာဟ်အရှင် ထိန်းသိမ်းတော်မူပါစေ။)
(၄) ဆွေမျိုးသားချင်းများနှင့် အဆက်အသွယ်ဖြတ်ထားသူ
(၅) မိဘကို စော်ကားသူ
(မိခင်၏ ခြေဖဝါးအောက်တွင် ဂျန္နသ်ရှိပြီး ယင်းဂျန္နသ်၏ သော့တံသည် ဖခင်ဖြစ်သည်။)
(၆) ဂုံးချောသူ
(နှစ်ဖက်ချွန်၊ ဟိုတစ်မျိုး ဒီတစ်မျိုးပြောသူ။ အပျော်သဘောဖြင့်ပင် ထိုအရာများကို ပြုလုပ်ခွင့်မရှိပါ။)
(၇)ကပ်စေးနှဲသူ
(သူတော်စင်ပင် ဖြစ်ပါစေ စေးနှဲ၊ တွန့်တိုသူသည် အလ္လာဟ်၏ ရန်သူပင် ဖြစ်သည်။ ရက်ရော၊ ပေးကမ်းသူသည် ဖာစိက်ပင် ဖြစ်လင့်ကစား အလ္လာဟ်အရှင်မြတ် ချစ်ခင်နှစ်သက်မှုကို ရရှိသူ ဖြစ်သည်။ ဤနေရာ၌ ဖာစိက်ဟူသည် နမားဇ်ကို သူ့အချိန်နှင့်သူ မဆောက်တည်သူကို ဆိုလို၏)
(၈) မနာလိုဝန်တိုစိတ်ရှိသူ
(မနာလိုဝန်တိုစိတ်ရှိသူသည် မည်သည့်အချိန်တွင်မှ စိတ်ချမ်းမြေ့မှုကို မရရှိပါ။ အခြားသူတစ်ဦးကို မနာလိုဖြစ်ကာ ဒုက္ခရောက်အောင် ကြံစည်ရင်းဖြင့်ပင် ကိုယ်တိုင်လောင်ကျွမ်းနေပေသည်။)
(၉) မုစလ်မာန်ညီနောင်အချင်းချင်း ၃ရက်ထက်ပိုပြီး မခေါ်မပြောဘဲ နေသူ
(အကြောင်းတစ်ခုခုကြောင့် မခေါ်မပြောဖြစ်နေပါက ပြန်ခေါ်နည်းတစ်ခုမှ မိမိဖက်မှ ဦးစွာ စလာမ်မေတ္တာပို့သလိုက်ခြင်းပင် ဖြစ်၏။)
အထက်ပါ အကြောင်းအရာများ ရှိနေပါက ထိုသို့သောသူ၏ တောင်းဆုများကို လက်ခံမည်မဟုတ်ပါ။ ထို့ကြောင့် စိတ်ရင်းအမှန်ဖြင့် မိမိ၏ လုပ်ရပ်များကို ရှေ့ဆက်မလုပ်တော့ပါဟု သောဝ်ဗဟ်ပြု ဝန်ချတောင်းပန်ကာ ထိုသို့သော ပြစ်မှုများကို နောက်နောင်တွင် မကျူးလွန်တော့ပါဟု ယတိပြတ် ဆုံးဖြတ်ချက်ချလိုက်ရပါမည်။ အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏သောဝ်ဗဟ်ကို လက်ခံတော်မူမည်ဖြစ်သည်။

 ဗရားအ်သ်ညတွင် ကောင်းမှုတည်ဆောက်ခြင်းကြောင့် ရရှိမည့်အကျိုးကုသိုလ် 
ဟဇရသ် အနတ်စ်ဗင်န်မာလိက် (ရသွီ)က မိန့်သည်မှာ အကြင်သူသည် ဗရားအ်သ်ညတွင် ဒရူးဒ်တစ်ကြိမ်ဖတ်ပါက အလ္လာဟ်အရှင်မြတ်သည် အလွန်ကြီးမားသော ဖရိရှ်သဟ်တစ်ပါးကို ဖန်ဆင်းတော်မူမည်။ ယင်းဖရိရှ်သဟ်၏ ဦးခေါင်းသည် အရရှ်အောက်တွင် ရှိနေပြီး ခြေထောက်မှာ မြေခုနှစ်ထပ်ပေါ်တွင် ရှိမည်။ အရရှ်၏ အရှေ့တွင် အင်မတန်ကြီးမားသော ရေကန်ကြီးတစ်ကန်ရှိပေမည်။ အလ္လာဟ်အရှင်မြတ်က ယင်းဖရိရှ်သဟ်ကြီးအား အဆိုပါရေကန်အတွင်း ရေဆင်းချိုးပြီး ခါလိုက်လျှင် ထွက်လာသော ရေစက်၊ ရေပေါက်များနှင့် အညီ ဖရိရှ်သာများဖန်ဆင်းကာ ထိုဒရူးဒ်ဖတ်သူ လူသားအတွက် အိစ်(စ)သိဂ်ဖာရ် ပြုပေးနေကြမည် ဖြစ်၏။ (ဤသည်မှာ ဒရူးဒ်တစ်ကြိမ်ကြောင့် ရရှိမည့် စဝါးဗ်ဖြစ်ပေသည်။ ထို့ကြောင့် များစွာသော ကောင်းမှုအမလ်များကို ကျင့်ဆောက်တည်ကာ ကုသိုလ်အတွက် လောဘထားရမည် ဖြစ်၏။)

ရောင်ဿွသုလ် အဖ်ကားရ်အမည်ရှိ ကျမ်း၌ ပါရှိသည်မှာ ... တစ်ခါက အီစာ အလိုင်းဟိစ္စလာမ်သည် လမ်းလျှောက်သွားနေရင်း ဆွတ်ဆွတ်ဖြူနေသော ကျောက်တုံးကြီး တစ်တုံးကိုတွေ့လေသည်။ တမန်တော်အီစာ အလိုင်းဟိစ္စလာမ်က အံ့သြစွာဖြင့် အလ္လာဟ်အရှင်မြတ်အား ဤအရာသည် မည်သို့သော ကျောက်တုံးပါနည်းဟု မေးလျှောက်ရာ အလ္လာဟ်အရှင်မြတ်က အသင် လက်ဖြင့်ညွှန်လိုက်ပါ မိန့်တော်မူလိုက်သည်။ လက်ဖြင့် ညွှန်လိုက်သည့်အခါ အက်ကွဲသွားကာ အထဲတွင် အဖိုးအိုတစ်ဦး နမားဇ်ဖတ်နေသည်ကို တွေ့မြင်ရလေသည်။ အဖိုးအို၏ မျက်ခုံးမွှေးသည်ပင် အောက်သို့ကျနေပေသည်။ အလ္လာဟ်အရှင်မြတ်က ကျောက်တုံးအတွင်း၌ပင် ရိုဇီချီးမြှင့်ကာ အိဗာဒသ်ပြုခွင့်ပေးထားလေသည်။ အီစာနဗီသည် အဖိုးအိုနမားဇ်ပြီးသည်အထိ စောင့်ဆိုင်းကာ ဤသို့အိဗာဒသ်ကို နှစ်ဘယ်လောက်အကြာမှ ပြုလုပ်နေပါသနည်းဟု မေးမြန်းရာ အဖိုးအိုက နှစ်ပေါင်းလေးရာ (၄ဝဝ) ရှိပြီဟု ပြန်ဖြေလေ၏။ (အလ္လာဟ်ဟုအပ်က်ဗရ်) အီစာနဗီအနေဖြင့် အင်မတန်အံ့သြကာ အဖိုးကတော့ အလ္လာဟ်ထံပါး တာဝန်ကျေပွန်တဲ့ပုဂ္ဂိုလ်ပဲ။ နှစ်ပေါင်းလေးရာရဲ့အိဗာဒသ်ဆိုတာ နည်းတဲ့အရည်အချင်းမှ မဟုတ်တာဟု ချီးမွမ်းပြောဆိုလေသည်။ ထိုအခါ အဖိုးအိုက အသင် ကျွန်ုပ်ကို ဤမျှမချီးမွမ်း အထင်မကြီးပါနှင့်။ နောက်ဆုံးတမန်တော် မုဟမ္မဒ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ရဲ့ အုမ္မသ်က ရှဗေဗရားအ်သ်ကဲ့သို့ ညမျိုးမှာ နဖိလ်နမားဇ်နှစ်ရကအသ်ဖတ်ပါက ဤနှစ်လေးရာအိဗာဒသ်ထက်ပင် သာမြတ်ပါသည် .... ဟု ဖြေကြား ပြောဆိုခဲ့လေသည်။

ထိုသို့ ထူးမြတ်ကာ ဗရ်ကသ်များချီးမြှင့်ထားသည့် ညထူး ညမြတ်ကို ကျွန်ုပ်အနေနှင့် ပိုင်ဆိုင်ထားခြင်း ဖြစ်ပါသည်။ ထိုသို့သော ကုသိုလ်အကျိုးများကို ချီးမြှင့်သည့် ညဖြစ်ကြောင်း သိရှိပြီးနောက်တွင် အမလ်ကောင်းမှုများကို သေချာစွာပြုလုပ်ရပေမည်။

 ပေးကမ်း၊ ချီးမြှင့်မှုများ ပြည့်နှက်နေသည့် ညမြတ်တွင် ကျင့်ဆောက်တည်ဖွယ်ရာများ 
ရှဗေဗရားအ်သ်သည် ၁၄ရက်နေ့မဂ်ရိဗ်ပြီးသည်နှင့် စတင်ဝင်ရောက်ပြီဖြစ်ပြီး အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်ပထမထပ်သို့ ဆင်းသက်ကာ မိမိ၏ ကျေးကျွန်များကို ချီးမြှင့်ပေးကမ်းမှုများ ပြုတော်မူပေသည်။ ထိုသို့သောညမြတ်တွင် ဒုအာ၊ ဇိကိရ်၊ သိလာဝသ်၊ နဖိလ်နမားဇ်များကို အချိန်ပြည့် ကျင့်ဆောက်တည်နေခြင်းသည် အင်မတန်ကောင်းမွန်ကာ စဝါးဗ်ကုသိုလ် များစွာရရှိမည့် အကြောင်းခံလည်း ဖြစ်ပါသည်။ တောင်းဆုဒုအာများကို လက်ခံမည့် ညမြတ်တစ်ခုဖြစ်သည့် အားလျော်စွာ ရှေးဆရာသခင်ကြီးများမှ ကောင်းမှုကျင့်ဆောက်တည်နည်းများ ဆုတောင်းမှုကို လက်ခံခြင်းခံရမည့် နည်းလမ်းအား ညွှန်ပြခဲ့သည်များလည်း ရှိပေသည်။

 မဂ်ရိဗ်နှင့် အိရှာအ်၏ ကြားအချိန်တွင် စူရဟ်ယာစီးန်ကို နိယသ်ရည်စူးချက် ပြုလုပ်ပြီးဖတ်ခြင်း 
အောက်ပါ ရည်စူးချက်တစ်ခုတိုင်းအတွက် စူရဟ်ယာစီးန်တစ်ခေါက်စီ (စုစုပေါင်း ၄ကြိမ်) ဖတ်ပါ။
(၁) အသက်ရှည်ရန်
(၂) ဘေးဗလာ၊ ဒုက္ခအပေါင်းနှင့် ရောဂါဘယများ ဝေးကွာရန်
(၃) ဟလာလ် ရိုဇီရိက္ခာ ပေါများကြွယ်ဝရန်
(၄) မိမိ၏ နောက်ဆုံးထွက်သက်သည် ကောင်းသောအဖြစ်နှင့် အသက်ထွက်ရန်၊ အီမာန်နှင့်တကွ ကမ္ဘာမှ ခွဲခွါခွင့်ရရှိရန်။
ရည်စူးမှုတစ်ခုအတွက် စူရဟ်ယာစီးန်တစ်ကြိမ်ဖတ်ပြီးတိုင်း ယုံကြည်ချက်အပြည့်ဖြင့် အလ္လာဟ်အရှင်မြတ် အမှန်ပင်လက်ခံမည်ဟု မှတ်ယူကာ တောင်းဆုပြုပါ။
မိမိ၏ ပြီးခဲ့သည့်တစ်နှစ်စာရင်းကို အလ္လာဟ်ယူနေသည့်အချိန်၊ လာမည့်တစ်နှစ်ပတ်လုံးအတွက် သတ်မှတ်ပေးနေသည့်အချိန်တွင် မိမိ၏လိုလားချက်များကို ငိုငိုပြီး တောင်းခံပါ။ အလ္လာဟ်လက်ခံမည်ဟူသည့် ယုံကြည်ချက်အပြည့်ဖြင့် ဆုမွန်ဒုအာပြုပါ။

 ကွယ်လွန်သူများအပေါ် အီစွာလေစဝါးဗ် ပို့သပါ။ 
အီစွာလေစဝါးဗ်ကို မိမိအိမ်မှပင် ပို့သမှု ပြုနိုင်ပါသည်။ စူရဟ်ယာစီးန် ဖတ်ပြီး စဝါးဗ်ပို့သပါ။
ဟဇရသ်အလီ (ရသွီ)က အမိန့်ရှိသည်မှာ အကြင်သူသည် စူရဟ်အိခ်လားဆွ် (ကုလ်ဟုဝလ် လားဟု အဟဒ်) ၁၁ကြိမ်ဖတ်ပြီး စဝါးဗ်ပို့သမည်ဆိုလျှင် ကဗရ်ရှိသူအားလုံး၏ အရည်အတွက်နှင့်အညီ ကုသိုလ်စဝါးဗ်ကို အလ္လာဟ်အရှင်မြတ် ပြန်လည်ချီးမြှင့်မည်။

ဟဇရသ်အနတ်စ်သခင် မိန့်သည်မှာ အကြင်သူက စူရဟ်အိခ်လားဆွ် (ကုလ်ဟုဝလ် လားဟု အဟဒ်) ၁၁ကြိမ်ဖတ်ပြီး စဝါးဗ်ပို့သမည်ဆိုလျှင် ကဗရ်၌ အဇားဗ်ပြစ်ဒဏ်ခံနေရသူများ ရှိပါက အလ္လာဟ်အရှင်မြတ်သည် ပြစ်ဒဏ်ကို လျှော့ပေးတော်မူမည်ဖြစ်၏။

ထို့အတူ စူရဟ်ဖာသိဟဟ် နှစ်ကြိမ်ဖတ်ပါက ကုရ်အာန် တစ်ခသမ်၏ ကုသိုလ်ရမည်။ စူရဟ်အိခ်လားဆွ် (ကုလ်ဟုဝလ် လားဟု အဟဒ်) သုံးကြိမ်ဖတ်လျှင် ကုရ်အာန်တစ်ခသမ်၏ စဝါးဗ်ရမည်။ ထို့အတူ စူရဟ်သကာစုရ် (စူရဟ်အမှတ် ၁ဝ၂)၊ စူရဟ်မုလ်က် (စူရဟ်အမှတ် ၆၇)၊ စူရဟ်အလိဖ်လာမ်(မ)မီးမ် စဂ်ျဒဟ် (စူရဟ်အမှတ် ၃၂) တို့ကို အီစွာလေစဝါးဗ့်ပို့သရာတွင် ဖတ်ရွတ်ပါက ကောင်းမွန်ပါသည်။

 ဆွလာသုသ် သပ်စ်ဗီးဟ် ဖတ်ပါ 
ဆွလာသုသ် သပ်စ်ဗီးဟ်နမားဇ်သည် အင်မတန်အကျိုးကုသိုလ်ကြီးမားများပြားသော နဖိလ်နမားဇ် တစ်ခုပင်ဖြစ်သည်။ မိမိသက်တမ်း တလျှောက်လုံးတွင် အနည်းဆုံး တစ်ကြိမ်ဖတ်နိုင်ခဲ့ရမည်။ တစ်နှစ်တစ်ခါ၊ တစ်လတစ်ခါ၊ တစ်ပတ်တစ်ခါ ဖတ်နိုင်ပါက အကောင်းဆုံးပင် ဖြစ်သည်။ ဤကဲ့သို့ ကုသိုလ်မြောက်မြားစွာရမည့် ညဥ့်များတွင် ထိုသို့သော နဖိလ်နမားဇ်ကို အထူးဆောက်တည်သင့်ပါသည်။ ထို့အတူ အခြားသော နဖိလ်များစွာကိုလည်း ဆောက်တည်ရမည်ဖြစ်သည်။

တတ်စွမ်းသလောက် ကုရ်အာန်သိလာဝသ်ကို များစွာပြုရမည် ဖြစ်၏။
မိမိနိုင်သလောက် ဆွဒကဟ် ခိုင်ရားသ် အလှူဒါနပြုပါ။
ဇိကိရ်၊ ဒရူးဒ်များစွာပြုလုပ်ပါ။ စုဗ်ဟာနလ္လာဟ်၊ အလ်ဟမ်ဒုလစ်လ်လာဟ်၊ စုဗ်ဟာနလ်လာဟိ ဝဗိဟမ်ဒိဟီ စုဗ်ဟာနလ်လားဟိလ် အဇွီးမ် စသည်ဖြင့် ပြုလုပ်ပါ။ (စုဗ်ဟားနဟူသည့် စာလုံးသည် အင်မတန်ထူးမြတ်မှုရှိသည့် စာလုံးပင်ဖြစ်ပါသည်။)

 ဗရားအ်သ်ညတွင် မပြုလုပ်ရမည့် ကိစ္စရပ်များ 
- အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အုပ်စုလိုက် ဂျမာအသ်ဖြင့် နဖိလ်နမားဇ်ဖတ်ခြင်း မပြုလုပ်ရပါ။
- ရိုတီဖီးရားမုန့်၊ စွစ်ကီဖီးရားမုန့်တို့ကို ပြုလုပ်ရမည်ဟူ၍ မရှိပါ။
- ဗရားအ်သ်ညမြတ်တွင် အိမ်၌ ဖယောင်းတိုင်များ၊ မီးလုံးများကို အပြည့်ထွန်းညှိခြင်း မပြုလုပ်ရပါ။ ထိုလုပ်ရပ်တို့သည် အစ္စလာမ်နှင့် မသက်ဆိုင်ပါ။
- သေသူများသည် ထိုညတွင် ပြန်လာသည်ဟု ယုံကြည်ကာ ၎င်းတို့၏ အဝတ်အစားများကို ထုတ်ထားခြင်း၊ ပြသသည့်ပုံစံပြုခြင်းတို့ လုံးဝမလုပ်ရပါ။ ထိုယုံကြည်မှုကိုလည်း မထားရပါ။

ဖသာဝါဗဇ်ဇာဇီယာကျမ်း၌ လာရှိသည်မှာ အကြင်သူက သူတော်စင်တွေရဲ့ ဝိညာဉ် မိမိထံကိုလာတယ်ဟု ယူဆလျှင် ယင်းအကြောင်းအရာသည် ရှရီအသ်တွင် လုံးဝမရှိသည့် ကိစ္စရပ်ဖြစ်သည်။ ထိုသို့သော်သူ၏ အီမာန်ပျက်စေသည်အထိပင် ဖြစ်နိုင်သည်ဟု ရေးသားဖော်ပြထားသည်။
ထို့အတူ ကုရ်အာန်ကျမ်းမြတ်တွင် ဗရ်ဇခ်လောကသို့ရောက်ပြီးနောက် ဝိညာဉ်တွေက လူ့လောကသို့ နောက်ပြန်လာရန် အကြောင်းမရှိဟု မိန့်ကြားထားပါသည်။ သက်ရှိလူ့လောကဖက်မှ ကုသိုလ်ပေးပို့ခြင်းသာ ရှိပေသည်။

 ဗရားအ်သ်ညတွင် ......... 
အမျိုးသားများအနေဖြင့် အိရှာအ်နမားဇ်ပြီးပါက မိမိအိမ်သို့ပြန်လာပြီး နဖိလ်အိဗာဒသ်များပြုလုပ်ကာ ဖတ်ရွတ်ခြင်းက ပိုကောင်းသည်။ 

တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် မိမိအိမ်နှင့် ဗလီ ကပ်လျက်ရှိသော်လည်း အိမ်၌ပင် အိဗာဒသ်ပြုတော်မူပေသည်။ အဘယ်မျှ နီးကပ်သနည်း ဆိုသော် တမန်တော်ဗလီအတွင်း အိအ်သိကားဖ်ထိုင်စဉ် ဦးခေါင်း၌ ဆီထည့်လိုသည့်အခါ ပြတင်းပေါက်မှပင် အိမ်ခန်းအတွင်း ဦးခေါင်းထည့်လိုက်ပြီး ဟဇရသ်အာအိရှဟ်သခင်မမှ ဆီထည့်ပေးလေသည်။ ဆိုလိုသည်မှာ ထိုမျှ နီးကပ်စွာရှိသည်။ တမန်တော်၏ အိမ်သည် အဘယ်မျှ ကျဉ်းသနည်းဆိုသော် တမန်တော် နမားဇ်ဖတ်သည့်အခါ စဂ်ျဒဟ်ပြုရန်အတွက် ဟဇရသ်အာအိရှဟ်သခင်မ၏ ခြေထောက်ကို တို့လိုက်သည်။ သခင်မက ခြေထောက်ကို ရုတ်လိုက်၍ ကိုယ်တော်စဂ်ျဒဟ်ပြုတော်မူပေသည်။ ထိုမျှကျဉ်းသောအိမ်ဖြစ်ပြီး တစ်ဖက်တွင် ကျယ်ဝန်းသော ဗလီနှင့် နီးကပ်စွာရှိနေသော်လည်း ကိုယ်တော်သည် အိမ်သို့သွား၍ နဖိလ်အိဗာဒသ်များ ပြုလုပ်တော်မူခဲ့ပေသည်။ ထို့ကြောင့် အမျိုးသားများအနေဖြင့်လည်း အိရှာအ်ဆွလားသ်ပြီးပါက အပြင်တွင်မနေဘဲ မိမိအိမ်သို့ပြန်၍ အိဗာဒသ်ပြုသင့်လှသည်။ အိမ်ရှိအမျိုးသမီးများလည်း အားတတ်မည်။ ထို့အတူ မိမိအိဗာဒသ်ပြုနေသည်ကို တွေ့မြင်၍ ကျန်သူများလည်း အိဗာဒသ်ပြုချင်စိတ် ဖြစ်ပေါ်လာပေမည်။

 ဒုက္ခမှ သုခသို့ 
အလ္လာဟ်အရှင်မြတ်က မုစ်လင်မ်ကိုပေးသည့် ဒုက္ခသည် အစားချေသည့် ဒုက္ခဖြစ်သည်။ ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်သည် အီမာန်ရှင်အား အသက်နှုတ်သည့်အချိန်တွင် ပြစ်မှုအပေါင်းမှ သန့်ရှင်းနေသည့်အဖြစ်ကို လိုလားသည်။ ထို့ကြောင့်အပြစ်များကို စင်ကြယ်ရန် အသက်ရှင်နေစဉ် ဒုက္ခဖြင့် ဆေးကြောလိုက်သည်။ မုစ်လင်မ်၏ ဘေးဗလာသည် အပြစ်များမှ ကင်းလွတ်ခွင့်ရမည့် နိအ်မသ်ပင် ဖြစ်ပါသည်။
ဒုက္ခဟူသည် မုစ်လင်မ်အတွက် စမ်းသပ်မှုတစ်ခုလည်း ဖြစ်ပေသည်။ ဟဇရသ်အနတ်စ်သခင်က တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ကို မည်သူသည် စမ်းသပ်မှုအခံရဆုံးဖြစ်သနည်း ဟု မေးလျှောက်ရာ ကိုယ်တော်က နဗီတမန်တော်များသည် စမ်းသပ်မှုအခံရဆုံးသောသူများဖြစ်သည်။ ထို့နောက် သာသနာ့အဆင့်အတန်း ဘယ်လောက်ရှိသလဲ ထိုအဆင့်အတန်းနှင့် အညီ စမ်းသပ်မှုကို ခံစားရမည်ဖြစ်သည်ဟု မိန့်တော်မူပေသည်။
ဗရားအ်သ်ညမြတ်တွင် အလ္လာဟ်ကိုယ်တော်တိုင် ဒုက္ခထဲမှရှိနေသလား ငါအလ္လာဟ်အရှင်မြတ် သုခချီးမြှင့်မည်ဟု မေးမြန်းတော်မူမည်ဖြစ်သည်။ အဘယ်မျှသနားကြင်နာသည့် အရှင်မြတ်ပင် ဖြစ်ဘိသနည်း။ သာမာန်အခြေအနေအရ ဒုက္ခသည်ပင် သုခအတွက်ပေးခြင်းဖြစ်သလို ဒုက္ခကိုမခံစားဘဲ သုခကို တိုက်ရိုက်ခံစားခွင့်ချီးမြှင့်ရန် ကိုယ်တော်တိုင် ကျေးကျွန်တို့နှင့် အနီးဆုံးနေရာသို့ ဆင်းသက်ခါ မေးမြန်းနေပေသည်။ ထို့သို့သော အခွင့်အရေးထူးကို လက်လွတ်မခံဘဲ အခက်အခဲ အကြပ်အတည်းတိုင်းမှ လွတ်မြောက်မှုရရန် ဆုတောင်းမှုပြုရမည် ဖြစ်ပါသည်။
 မုစ်လင်မ်တို့အနေဖြင့် ....... 
- အချိန်ဖြုန်းသူဖြစ်နေခြင်းမှ ရှောင်ပါ။ မိမိ၏ သက်တမ်းကို သေခြင်းတရားမရောက်ခင် တန်ဖိုးထားပါ။
- အလုပ်ချိန်ထဲမှ တန်ဖိုးကြီးညတွင် ကုသိုလ်များသည့် ကောင်းမှုများပြုရန် အချိန်ထုတ်ပါ။
- နုပျိုချိန်ကို အိုမင်းမစွမ်း မဖြစ်ခင်အလျင် တန်ဖိုးထားပါ။
- အလ္လာဟ်အရှင်မြတ်၏ ပေးကမ်းမှုတွင် ပေးသည့်အချိန်ရှိသလို ယူသည့်အချိန်လည်း ရှိပါသည်။ အရှင်ပေးကမ်းနေသည့်အချိန်တွင် ရရှိသည့်နိအ်မသ်ကို စည်းကမ်းရှိစွာ တန်ဖိုးထား သုံးစွဲရမည်။
- ကျန်းမာသန်စွမ်းနေသည့်အချိန်ကို နာမကျန်း၊ အိပ်ထာထဲလဲခြင်းမျိုး မဖြစ်ခင် တန်ဖိုးထားရမည် ဖြစ်ပါသည်။

မြင့်မြတ်လသည့်လ၌ မြင့်မြတ်သည့် ညဥ့်မြတ်ကို အမလ်အိဗာဒသ် ဒုအာ ဇိကိရ်အပြည့်ဖြင့် ကုန်ဆုံးနိုင်ရန် ကြိုးစားပါ။ ထို့သို့သော ညမျိုးတွင် အိပ်နေခြင်း၊ ဂိမ်းဆော့နေခြင်း၊ မလိုလားအပ်သည့် စကားလက်ဆုံကျမှုများ ဖြစ်နေခြင်းတို့ကို လုံးဝမပြုသင့်ပါ။ ရှောင်ကြဉ်ပါ။ အင်တာနက်ကြည့်ခြင်းကိုလည်း တတ်နိုင်ပါက ပိတ်ထားပါ။ မုစ်လင်မ်တို့အတွက် လက်တွေ့၏ အမလ်များဖြင့်သာ အောင်နိုင်မှုကို ရယူနိုင်မည်ဖြစ်ပြီး ကိယာမသ်နေ့တွင် မိမိ၏ အမလ်စာရင်းလှပကောင်းမွန်ရန် ကိုယ်တိုင်ကြိုးစားမှသာ အောင်မြင်မှုကို ရရှိမည်ဖြစ်ပါသည် ဟု ပြောရင်းဖြင့် နိဂုံးချုပ်အပ်ပါသည်။
--။--။--။--

အထက်ပါအကြောင်းအရာတို့သည် ၂၄ရက် တနင်္ဂနွေနေ့ မစီးဒီးခါန်းမတ်စ်ဂျိဒ်၌ ဟောကြားခဲ့သည့် တရားတော်အား စာသားပုံစံ ပြန်လည်တင်ဆက်ခြင်းဖြစ်ပါသည်။

သတိပေးချက်။ အထက်ပါအကြောင်းအရာကို ကူးယူလျှင် အလ်မုဖီးဒ်မှ ကူးယူကြောင်း ထည့်သွင်းရေးသားပါ။ တစ်ဝက်တစ်ပျက် မိမိလိုသလောက် ကူးယူခြင်း လုံးဝခွင့်မပြုပါ။ မိမိ မလုပ်သည့်အရာကို လုပ်သယောင်ဆောင်ခြင်းသည် လိမ်လည်မှုဖြစ်၏။ ထို့ကြောင့် ဒီးန်ဖြန့်ချိလိုလျှင်လည်း မှန်ကန်သည့် နည်းလမ်းဖြင့်သာ ဖြန့်ချိပါ။ စာသားကူး၍ အမည်ပြောင်းတပ်သည့် လုပ်ရပ်မျိုး မပြုပါနှင့်။

အလ်မုဖီးဒ်
ရှအ်ဗာန်/ ၁၃/ ယောင်မုလ်အဟဒ်/ ဟစ်ဂ်ျရီ ၁၄၃၆


Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

လက်ချောင်းများဖြင့် ဇိကိရ်ပြုခြင်း


လက်၏အစိတ်အပိုင်းများအနက် လက်ချောင်းဟူသည့် အစိတ်အပိုင်းလေးဖြင့် ကျွန်ုပ်တို့ နေ့စဉ် အလုပ်ပေါင်းများစွာကို ပြုလုပ်နေကြသည်။ ယင်းလက်ချောင်းတစ်ချောင်းတွင် အဆစ် ၃ဆစ်ရှိသည်။ အဆစ်တစ်ခုတိုင်းက သူ့တာဝန်နှင့်သူ ထမ်းဆောင်နေသည်။ ယင်းတာဝန်ကို လူ့၏ ဦးနှောက်မှ ခိုင်းစေသည်။ ဦးနှောက်ကို နှလုံးသား၏ စိတ်ဆန္ဒဟူသည့်အရာမှ ခိုင်းစေခြင်းဖြစ်သည်။ အဆုံးတွင် ထိုစိတ်ဆန္ဒ၏ စေခိုင်းမှုအတိုင်း ကျန်ခန္ဓာကိုယ် အစိတ်အပိုင်းများက လိုက်လံလုပ်ဆောင်ပေးကြသည်။ မျက်လုံးက ခိုင်းသည့်အတိုင်း ကြည့်ရသည်။ နားက နားထောင်လိုသည့်အရာကို ကြားအောင် လုပ်ပေးသည်။ ခြေထောက်က သွားချင်သည့်နေရာသို့ ရောက်အောင်ပို့ပေးရသည်။ လက်က ထိတွေ့ကိုင်တွယ်ချင်သည့်အရာကို ထိတွေ့ ကိုင်တွယ်ပေးရသည်။ နှာခေါင်းက ရနံ့များကို ခံစားပေးရသည်။
ထိုအစိတ်အပိုင်းအားလုံးသည် စိတ်နှင့် ဦးနှောက်တို့ ပေါင်းစပ်ရာမှာ ပေါ်ပေါက်လာသည့် အမိန့်အတိုင်း လိုက်လံလုပ်ဆောင်ပေးလေသည်။ တစ်နည်းခန္ဓာကိုယ်အတွင်း ပိုင်ဆိုင်ထားသည့် အလုပ်သမားများပင်ဖြစ်သည်။ ခိုင်းတာလုပ်ရသည်။ မည်သို့မျှ ပြန်လည်ပြောဆိုခွင့် မရှိ။ သို့သော် ယင်းအစိတ်အပိုင်းတို့၏ ပြန်ပြောခွင့်မရှိခြင်းသည် ဤလောကတွင်သာဖြစ်၏။ ကိယာမသ်နေ့ ဟရှရ်သို့ရောက်သည့်အခါ ကမ္ဘာလောက၌ အချိန်တိုင်း တတွတ်တွတ်ပြောခဲ့သောပါးစပ်ကို အလ္လာဟ်က ပိတ်စေလိုက်မည်။ ကမ္ဘာတွင်ရှင်စဉ်က ပြန်ပြောခွင့်မရခဲ့သည့် ထို လက်ခြေ လျှာတို့ကို စကားပြောခွင့် ပေးလိုက်မည်ဖြစ်သည်။ ထိုအခါတွင် ၎င်းအစိတ်အပိုင်းတို့က သူတို့လုပ်ဆောင်ခဲ့ရသည့် ကိစ္စရပ်အားလုံးကို တစ်လုံးတစ်ပါဒမျှမကျန် အားလုံးကုန်စင်အောင် သက်သေပေး ဝန်ခံထွက်ဆိုကြလိမ့်မည်။ ကောင်းမှု၊ မကောင်းမှုအားလုံးကို ပြန်ပြောကြလိမ့်မည်။ ထိုအချိန် လူသား၏ ဘုရင်ဖြစ်သော စိတ်နှလုံး ဝန်ကြီးဖြစ်သော ဦးနှောက်တို့က ဘာမျှပြောခွင့်ရမည် မဟုတ်ပါ။ ထို့ကြောင့် ယင်းလက်ချောင်းများ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကောင်းမှုလုပ်ငန်းများတွင် အသုံးချပါဟု ဆိုဆုံးမထားပေသည်။

စာရေးစက္ကူ၊ ဖောင်တိန်၊ မှင်အိုး၊ လက်နှိပ်စက်၊ ကွန်ပျူတာခေတ်တို့ကို ကျော်လွန်ခါ ယနေ့ကာလသည် ဖုန်း၊ ဟန်းဆက်ခေတ် ဖြစ်နေပေသည်။ ဟန်းဆက်ကို အသုံးပြုရန် အလ္လာဟ်ပေးထားသည့် ဤလက်ချောင်းကလေးများကို အသုံးပြုနေကြသည်။ လက်ညှိုးလေးဖြင့် တစ်ချက်ထိလိုက်လျှင် အခြေအနေတစ်ခုမှ တစ်ခုသို့ ပြောင်းသွားလောက်အောင် လက်ချောင်းလေးများက အသုံးဝင်နေသည်။

အံ့ဖွယ်ကောင်းလောက်အောင် ဟန်းဆက်များသည် တစ်နေ့တမျိုး မရိုးရအောင် တီထွင်ထုတ်လုပ်နေကြသည်။ ဈေးနှုန်းများသည်လည်း ဆင်းရဲသားမိသားစုပေါင်း ထောင်ချီ၍ စားသောက်ခွင့်ရနိုင်မည့် ဈေးနှုန်းမျိုး၊ မည်သူမျှတော့ ဟန်းဆက်၏ တန်ကြေးမှ ဆင်းရဲသားထမင်းဖိုးသို့ ပြောင်းလဲသုံးဆွဲမည်မထင်ပါ။ သို့သော် ..... သို့သော် ထူးခြားဆန်းပြားလှပါသည်ဟူသည့် ယင်းဟန်းဆက်ကို သုံးဆွဲရန် အလ္လာဟ်ချီးမြှင့်ထားသည့် လက်မရှိလျှင် ဘာများအသုံးဝင်မည်နည်း။ လက်တော့ရှိပါရဲ့ လက်ချောင်းများ မရှိလျှင်၊ လက်ချောင်းတော့ ရှိပါရဲ့၊ လက်အဆစ်ကလေးများ ကွေးချည် ဆန့်ချည် မပြုနိုင်လျှင်၊ ထိုသို့ပြုနိုင်ပါရဲ့ လက်ချောင်းတွင် အထိမခံနိုင်သည့် အနာ ဒဏ်ရာမျိုးရှိနေလျှင်၊ ထို့သို့မဟုတ်ဘဲ လက်တွင် အာရုံခံစားနိုင်စွမ်းကင်းမဲ့ခါ ထုံနေသည့် လက်ချောင်းဖြစ်နေလျှင် ........ ဘာများ ပြုနိုင်ပါသေးသနည်း။ စဉ်းစားကြည့်ပါ။

တစ်နေ့ တစ်နေ့ ယင်းလက်ချောင်းသေးသေးကလေးဖြင့် တစ်ကမ္ဘာလုံးကို ပတ်မွှေနေသည်။ အလ္လာဟ်ပေးထားသည့် နိအ်မသ်ကို ဖြုန်းပစ်နေသည်။ စိတ်လွတ်လပ်မှုအတွက် နိအ်မသ်ကို ဖြုန်းတီးသည်။ ထိုသို့သော အလ္လာဟ်ချီးမြှင့်ထားသည့် လက်ချောင်းကလေးကို အသုံးပြုကာ အလ္လာဟ်ပေးထားသည့်အချိန်တွင် အလ္လာဟ်ပေးထားသည့် လေကိုရှုရှိုက်ရင်းဖြင့် အလ္လာဟ်အမိန့်ဖီဆန်သူများက အလ္လာဟ်အမိန့်များကို မေ့နေစေရန် ထုတ်လုပ်ထားသည် ဂိမ်းကို ဖုန်းဖန်သားပြင်ပေါ်တွင် ပွတ်ဆော့နေသည်။ ယင်းလက်ချောင်းကလေးများဖြင့် ဇိနာချက်တင်များ ပြုနေသည်။ ယင်းလက်ချောင်းကလေးဖြင့် အလ္လာဟ်တားထားသည့် ဓာတ်ပုံကို ရိုက်နေသည်။ ယင်းလက်ချောင်းကလေးဖြင့် နိကာပြုပိုင်သည့် ယောက်ျားမိန်းမများ ကလူကျီစယ်နေကြသည်။ ယင်းလက်ချောင်းကလေးဖြင့် မိန်းကလေးက ယောကျာ်းလေးကို၊ ယောက်ျားလေးက မိန်းကလေးကို "ကျု " ခြင်းဟုဆို၍ ဇိနာကို ဇိနာမှန်းမသိ၊ အပြစ်ကို အပြစ်မှန်းမသိအောင် ကျူးလွန်နေကြသည်။ အချိန်ဖြုန်း၍ စိတ်အရသာအတွက် အလ္လာဟ်ကိုမေ့စေသည့် ဂိမ်းဟူသည့်နစ်မျောမှုတွင် စိတ်ပါလက်ပါ အုပ်စုလိုက် အလ္လာဟ်နိအ်မသ်များကို သုံးစွဲ၍ အလ္လာဟ်အမိန့်များကို ဖီဆန်နေကြသည်။

အသက်ရှင်နေသရွေ့ ထိုလက်များ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတို့သည် အသင်စေခိုင်းသည့်အတိုင်း ဘာမျှမပြောဘဲ လိုက်နာလုပ်ဆောင်ပေးနေမည်။ ကိယာမသ်နေ့ရောက်သည့်အချိန် ယင်းအစိတ်အပိုင်းတို့ကို အလ္လာဟ်ကိုယ်တော်တိုင် ပြောဆိုနိုင်စွမ်းချီးမြှင့်၍ အသင်ပြုမူခဲ့သည့် ပြုမူချက်ဟူသမျှကို တစ်ခုမကျန် အားလုံး အလ္လာဟ်အရှေ့၊ ဖရိရှ်သဟ်များ၊ နဗီများ၊ ကမ္ဘာ့လူသားထုတစ်ရပ်လုံးအရှေ့တွင် ဖွင့်ဟ ပြောဆိုမည်ဖြစ်ပေသည်။

ထို့ကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတို့ကို အလ္လာဟ်အမိန့်နာခံမှုနှင့် အလ္လာဟ်ခိုင်းထားသည့် လုပ်ငန်းများတွင်သာ အသုံးချရမည်ဖြစ်ပြီး အလ္လာဟ်မနှစ်သက်သည့် တားမြစ်ထားသည့် လုပ်ရပ်များတွင် အသုံးချခြင်းမှ ရှောင်ကြဉ်ရပေမည်။ အလ္လာဟ်အရှင်မြတ်သည် အသင့်လုပ်ရပ်အားလုံးကို အသင့်ခန္ဓာကိုယ်၌ပင် မှတ်တမ်းတင် သိမ်းဆည်းထားသည်ကို အသင်သတိပြုပါ။

ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို သူ့နေရာနှင့်သူ သုံးစွဲနည်းကို အစ္စလာမ်တွင် ညွှန်ပြထားပြီးဖြစ်သည်။ ယခုယင်းလက်ချောင်းလေးများဖြင့် ဇိကိရ်ပြုရမည့်အကြောင်းနှင့် ဇိကိရ်ပြုနည်းကို တင်ဆက်မည်ဖြစ်သည်။ တစ်နေ့နမားဇ်ငါးကြိမ်ပြီးနောက် စုဗ်ဟာနလ္လာဟ် ၁ဝကြိမ်၊ အလ်ဟမ်ဒုလစ်လ်လာဟ် ၁ဝကြိမ်၊ အလ္လာဟ်ဟုအပ်က်ဗရ် ၁ဝကြိမ် ထိုမျှခန့်ကိုလက်ချောင်းလေးများဖြင့် အလွယ်တကူ ရေတွက်ဇိကိရ်ပြုနိုင်သည်။ လက်ချောင်းကလေးများဖြင့် အကြိမ် တစ်ရာ၊ နှစ်ရာအထိ ဇိကိရ်ပြုနိုင်ပေသည်။ ထိုသို့ လက်ချောင်းကလေးများဖြင့် ဇိကိရ်ပြုထားပါက ကိယာမသ်တွင် အသင့်၏ ဤလုပ်ဆောင်ချက်ကို သက်သေပေးကြမည့်အပြင် ဤသို့ဇိကိရ်ပြုခြင်းသည် အင်မတန်မွန်မြတ်လှပေသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် မိမိလက်ချောင်းတော်များဖြင့် ဇိကိရ်ပြုခဲ့ကြောင်း ဟဒီးစ်ဆင့်ပြန်ချက်များတွင် လာရှိထားပေသည်။ ထို့ကြောင့် ကျွန်ုပ်အနေဖြင့်လည်း လက်ချောင်းကလေးများ အသုံးပြု၍ ဇိကိရ် ဝဇီဖာများကို ရေတွက်ဇိကိရ်ပြုရပါမည်။

 ဝဇီဖာများနှင့် ဇိကိရ်တို့ကို လက်ချောင်းများဖတ်ခြင်းသည် အကောင်းဆုံးဖြစ်ခြင်း 
မုဟာဂျိရားသ် ဆွဟာဗီယဟ်တစ်ဦးဖြစ်သော ဟဇရသ်ယုဆိုင်ရဟ် ရသွီယလ္လာဟုအန်ဟာ သခင်မက ဆင့်ပြန်သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က ကျွန်မတို့အား မိန့်သည်မှာ အသင်မတို့သည် " စုဗ်ဟာနလ္လားဟိလာအိလားဟ အိလ်လလ်လား၊ စုဗ်ဟာနမလိကိလ်ကုဒ်ဒူးစ်၊ ယာစုဗ္ဗူးဟု ယားကုဒ္ဒူးစု ရဗ္ဗုလ္မလာအိကဟ္" တို့ ဖတ်ရွတ်ခြင်းကို မိမိတို့အတွက် အရေးကြီးတာဝန်တစ်ခုအဖြစ် သတ်မှတ်ထားပါ။ ထိုဇိကိရ်တို့ကို ဖတ်ရာတွင် မိမိတို့၏ လက်ချောင်းများဖြင့် ရေတွက်ပါ။ အဘယ့်ကြောင့်ဆိုသော် ထိုလက်ချောင်းများကို ကိယာမသ်နေ့တွင် စကားပြောနိုင်စွမ်းပေးကာ ၎င်းတို့လုပ်ဆောင်ခဲ့ရသည်များကို ပြန်လည် အမှတ်ရစေလိမ့်မည်။ ဇိကိရ်ပြုခြင်းမှ မေ့နေခြင်းမျိုး မဖြစ်စေနှင့်။ ရဟ်မသ်မှ လက်မဲ့ဖြစ်ရမည်။ (အကြောင်းမှာ ဇိကိရ်မပြုပါက များစွာသောကုသိုလ်တို့မှ လက်မဲ့ဖြစ်ရပေမည်။) သိရ်မီဇီကျမ်း၊ အဗူဒါဝူးဒ်ကျမ်း

ကိယာမသ်နေ့၌ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို စကားပြောနိုင်စွမ်းပေးအပ်၍ ယင်းခန္ဓာကိုယ်ပိုင်ရှင် ပြုမူခဲ့သည့် ကိစ္စရပ်အားလုံးကို သက်သေခံခိုင်းမည် ဖြစ်သည်။ "" မှတ်သား သတိပြုကြပါ။ ထို(ကိယာမသ်)နေ့၌ ၎င်းတို့၏ နှုတ်လျှာများ၊ လက်၊ ခြေထောက်တို့မှ ထိုသူပြုခဲ့သည်များအား သက်သေထွက်ဆိုမည် ဖြစ်သည် ""ဟု ကုရ်အာန်ထဲတွင် မိန့်ထားပေသည်။

အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်နေ့၌ လူသား၏ လုပ်ရပ်များနှင့် ပတ်သက်ပြီး ယင်းလက်ချောင်း (ထို့အတူ အစိတ်အပိုင်းအားလုံး) တို့ကို မေးမည်ဖြစ်၍ စကားပြောဆိုနိုင်စွမ်း ပေးလိုက်မည်ဖြစ်သည်။ ၎င်းလက်ချောင်းအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းက ၎င်းတို့လုပ်ဆောင်ခဲ့ရသည့် အကောင်းအဆိုး လုပ်ရပ်တိုင်းကို ဝန်ခံထွက်ဆိုကြမည်ဖြစ်သည်။ ထို့ကြောင့်ပင် မြတ်နဗီက ဇိကိရ် သပ်စ်ဗီးဟ်တို့ကို မိမိတို့၏ လက်ချောင်းများဖြင့် ရေတွက်မှုပြုကြပါဟု မိန့်ခြင်းဖြစ်ပေသည်။ သို့မှာသာ ယင်းအစိတ်အပိုင်းသည် ကိယာမသ်နေ့၌ အသင်ပြုခဲ့သည့် ဤကောင်းမှုကို သက်သေခံထွက်ဆိုပေးမည် ဖြစ်သည်။

ဝဇီဖာများနှင့် ဇိကိရ်သပ်စ်ဗီးဟ်တို့ကို လက်ချောင်းများဖြင့် ရေတွက်မှုပြုခြင်းသည် အကောင်းဆုံးဖြစ်သည်။ သပ်စ်ဗီးဟ်ဖြင့်လည်း ရေတွက်ခွင့်ရှိပေသည်။ ထိုသို့သပ်စ်ဗီးဟ်ကို အသုံးပြုခြင်းအပြင် မိမိခန္ဓာကိုယ်အစိတ်အပိုင်း၏ လက်ချောင်းများကိုသုံးစွဲ၍ ကောင်းမှုတွင် ၎င်းတို့ကိုပါ ပါဝင်စေရမည်။ ခန္ဓာကိုယ်တစ်ခုလုံးကို အရှင့်အမိန့်နာခံမှု အရှင့်အတွက် ကောင်းမှုပြုရာ၌ သုံးစွဲခြင်းတွင် အလ္လာဟ်၏ ကျေနပ်နှစ်သက်မှုရှိပေသည်။ လူသားသည် မိမိခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းဖြင့်မဆို ပြစ်မှုကျူးလွန်ခြင်းမှ ရှောင်ရှား ထိန်းသိမ်းထားရမည် ဖြစ်၏။ သို့မှာသာ ကိယာမသ်နေ့တွင် ၎င်းတို့က အလ္လာဟ်အရှေ့ ပြစ်မှုများ၏ သက်သေပေးခြင်းမျိုးမဖြစ်တော့ဘဲ ပြစ်ဒဏ်ခတ်ခံရခြင်းမှလည်း လွတ်ကင်းမှု ရရှိမည်ဖြစ်သည်။

 လက်ချောင်းကလေးများဖြင့် ဇိကိရ်ပြုသည့်နည်း 
လက်ချောင်း ဥပမာ လက်ညှိုးတစ်ချောင်းတွင် အဆစ် လေးဆစ်ရှိသည်။ လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ်၊ လက်သန်း ယင်းလေးချောင်းတွင် အဆစ်လေးဆစ်ရှိ၍ လက်မတွင် အဆစ် သုံးဆစ်ရှိသည်။ ယင်းအဆစ်ကလေးများကို အသုံးပြုကာ ဇိကိရ်ကို ရေတွက်ရသည်။
နည်းနှစ်ခုကို ဤနေရာတွင်ဖော်ပြပါမည်။ ပထမနည်းမှာ လက်ငါးချောင်းဖြင့် ၃၃ကြိမ်အထိ ရေတွက်နည်းဖြစ်၍ ဒုတိယနည်းမှာ အကြိမ် ၄ဝ ရေတွက်နည်းဖြစ်သည်။ နည်းနှစ်ခုလုံးအတွက် ညာဘက်လက်ကို အသုံးပြုပါမည်။
 ပထမနည်း 
ညာလက်ညှိုး၏ အောက်ဆုံးအဆစ်မှ တစ်(၁) ဟု စတင်ရေတွက်ပါ။ ထိုအတိုင်း တဆစ်ခြင်းဆီ အပေါ်တက်၍ ရေတွက်သွားပါ။ လက်ညှိုးထိပ်ရောက်လျှင် လေး(၄) ကြိမ်ပြည့်မည်။ ပြန်၍ အောက်သို့ရေတွက်ပါ။ လက်ညှိုးအောက်ခြေရောက်လျှင် ခုနှစ်(၇) ကြိမ်ပြည့်ပြီး ဖြစ်မည်။
လက်ချောင်းတစ်ချောင်းကို နှစ်ခါပြန်ရေတွက်သည့် ပုံစံဖြစ်သည်။ သတိပြုရမည့်အချက်မှာ နှစ်ခါပြန်ရေတွက်ရာတွင် လက်ထိပ်ကို တစ်ခါသာရေတွက်မည်။ အဆစ်များကိုသာ နှစ်ခါပြန်ရေတွက်ခြင်း ဖြစ်၏။
အထက်ပါပုံစံအတိုင်း လက်ချောင်းအားလုံး၏ လက်ဆစ်ကလေးများကို နှစ်ခါစီ ရေတွက်ပါ။ လက်ငါးချောင်းပြည့်သည့်အခါ သုံးဆယ့်သုံး (၃၃)ကြိမ် ပြည့်ပြီးဖြစ်ပါမည်။
ထိုနည်းအတိုင်း သုံးကြိမ်ရေတွက်လျှင် ကိုးဆယ့်ကိုးကြိမ် (၉၉)ကြိမ် ရမည်ဖြစ်ပြီး တစ်ကြိမ်ထပ်တိုးလျှင် အကြိမ် တစ်ရာပြည့်ပါမည်။ ပုံတွင် ကြည့်ရှုနိုင်သည်။

 ဒုတိယနည်း 
လက်တစ်ချောင်းရှိ လက်ထိပ်အပါအဝင် လက်ဆစ်သုံးခုလုံးကို နှစ်ခါပြန်ရေတွက်ခြင်း ဖြစ်သည်။ လက်တစ်ချောင်းတွင် ရှစ်(၈)ကြိမ် ရေတွက်နိုင်ပါသည်။ လက်လေးချောင်းတွင် သုံးဆယ့်နှစ် (၃၂)ကြိမ် ရမည်ဖြစ်ပြီး လက်မတွင် ခြောက် (၆)ကြိမ် စုစုပေါင်း သုံးဆယ့်ရှစ် (၃၈)ကြိမ် ရပါမည်။ နှစ်ကြိမ်တိုးပါက အကြိမ်လေးဆယ် (၄ဝ) ရွတ်ဖတ် ရေတွက်နိုင်ပါသည်။

အလ်မုဖီးဒ်
ဟစ်ဂ်ျရီ ၁၄၃၆/ ရှအ်ဗာန်/ ၁၃/ ယောင်မုလ်အဟဒ်

စာသား ကော်ပီယူသူများ credit အပြည့်ကူးပါ။

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Friday, May 29, 2015

ဖုန်းဘေလ် ချေးငွေအကြောင်း

ရေးသားသူ >> အလင်းသစ်

မေး - Telenor ဖုန်းတွင် ဖုန်းဘေလ် ကုန်သွားပါက 500 ကျပ် ပိုက်ဆံအကြွေးချေးနိုင်သည်။ သို့သော် မိမိဘက်မှ ပိုက်ဆံပြန်ဖြည့်ချိန်၌ ချေးထားသည့် 500 ကျပ် ပြန်ဖြတ်သည့်အပြင် 25 ကျပ်ပါ ထပ်ဖြတ်သည်။ ထိုပုံစံဝန်ဆောင်ခကို အချို့က အတိုးဟုပြောသည်။ ၄င်းအရာမှန်ပါသလား။ (အတိုးဖြစ်ပါသလား)

အဖြေ - Telenor မှချေးလိုက်သည့် 500 ကျပ်သည် ပိုက်ဆံမဟုတ်ပါ။ ကုမ္ပဏီ၏ လိမစ် (ပမာဏ) တစ်ခုသာဖြစ်သည်။ ၄င်းလီမစ်ဖြင့် ဥပမာ massage ပို့လို့ရသည်။ အင်တာနက် သုံးလို့ရသည်။ ဖုန်းပြောလို့ရသည်။ သို့သော် ဖုန်းထဲ၌ရှိသည့် ဘေလ်ကိုပြ၍ ဈေးဝယ်လို့မရပါ။ အကြောင်းမှာ ဖုန်း၌ရှိသော ဘေလ်သည် ပိုက်ဆံဟု လူတို့က ပြောဆိုသုံးနှုန်းပေမဲ့ အမှန်မှာ ပြင်ပတွင် သုံးဆွဲနိုင်သည့် ပိုက်ဆံမဟုတ်ဘဲ လိမစ် (ပမာဏ)တစ်ခုသာ ဖြစ်ပါသည်။

တဖန် မိမိကပြန်ဆပ်ချိန် 525 ကျပ်ဖြတ်သည်မှာ ပိုက်ဆံဖြစ်သည်။ သဘောမှာ 500 ကျပ်ဆိုသည့် ပိုက်ဆံချေးခြင်းအပေါ် 525 ကျပ် ဖြတ်ခြင်းမဟုတ်ဘဲ 500 ဟူသည့် ကုမ္ပဏီ၏ လီမစ် (ပမာဏ) အစား 525 ကျပ် ဖြတ်ခြင်းသာဖြစ်သည်။ ထို့ကြောင့် အတိုးအမိန့်ထဲ မပါပေ။ အတိုးဟူသည်မှာ အမျိုးအစားတူသည့် အရာ၏အစား ပိုယူခြင်းကို အတိုးဟုခေါ်သည်။ ဖော်ပြပါပုံစံ ဖုန်းဘေလ်ချေးခြင်းတွင် အမျိုးအစားမတူပါ။

~ အလ်မုဖီးဒ် ~
ရှအ်ဗာန်/ ၁၁/ ယောင်မုစ်စဗ်သိ/ ဟစ်ဂ်ျရီ ၁၄၃၆

Thursday, May 28, 2015

ဂျွမ်အဟ် (သောကြာ)ညတွင် စူရဟ်ဒုခါန်ဖတ်ခြင်း

ဟဇ်ရသ်အဗူဟုရိုင်ရဟ် ရသွီယလ္လာဟုအန်ဟုက ဆင့်ပြန်သည်။တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ် မိန့်တော်မူသည်မှာ .... အကြင်သူသည် ဂျွမ်အဟ်ည၌ စူရဟ်ဒုခါန် (စူရဟ်အမှတ် ၄၄) ကို ဖတ်ပါက မနက်ရောက်သည့်အခါ ထိုသူ့၏ အပြစ်များသည် ခွင့်လွှတ်မှု ရရှိပြီး ဖြစ်မည်။

ဟဇ်ရသ် အုမာမဟ် ရသွီယလ္လာဟုအန်ဟုက မြတ်နဗီ ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်၏ မိန့်ကြားမှုကို ဆင့်ပြန်သည်မှာ အကြင်သူသည် ဂျွမ်အဟ်၏ ည သို့မဟုတ် နေ့အချိန်တွင် စူရဟ်ဒုခါန်ကို ရွတ်ဖတ်လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အတွက် ဂျန္နသ်ဥယျာဉ်တော်၌ နန်းဆောင်တစ်ခုကို ဆောက်လုပ်ပေးမည် ဖြစ်၏။ (ကုရ်သူဗီကျမ်း)

(မအာရိဖုလ်ကုရ်အာန်၊ အတွဲ ၇)

~ အလ်မုဖီးဒ် ~
ဟစ်ဂ်ျရီ ၁၄၃၆/ ရှအ်ဗာန်/ ၁၁/ ယောင်မုလ်ဂျွမ်အဟ်

Tuesday, May 26, 2015

အချင်းချင်း တွေ့ဆုံခြင်းဆိုင်ရာ စည်းကမ်းချက်များ


 ၁။ တစ်ဦးတစ်ယောက်အား တွေ့ဆုံရန် (သို့မဟုတ်) တစ်ခုခုပြောရန် သွားရောက်သည့်အခါ ထိုသူသည် အလုပ်တစ်ခုခုလုပ်နေသည် (ဥပမာ ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ရွတ်နေခြင်း၊ ဝဇီဖဟ် - ဒုအာ တစ်ခုခုဖတ်နေခြင်း၊ တစ်ဦးတည်း အကြောင်းရှိ၍ စာရေးနေခြင်း၊ အိပ်ရန် အသင့်ဖြစ်နေခြင်း) ကို တွေ့ရပါက သို့မဟုတ် အလုပ်တစ်ခုခု၌ မွေ့လျော်နေသည်ကို အကြောင်းတစ်မျိုးမျိုးဖြင့် သိရပြီး ဤအချိန်၌ အဆိုပါ ပုဂ္ဂိုလ်နှင့်တွေ့မည်ဆိုလျှင် ၎င်းအတွက် အကျပ်အတည်း ဖြစ်စေမည်။ စိတ်ဒုက္ခရောက်စေမည်ကို သိရလျှင် ၎င်းပုဂ္ဂိုလ်အား စလာမ်လည်း မဆို၊ စကားလည်း မဆိုဘဲ ပြန်လာသင့်၏။ အရေးကြီးကိစ္စရှိလျှင် ခွင့်တောင်း၍ တွေ့ခွင့်ပေးပါက မိမိပြောလိုသည့်စကားကို ပြောနိုင်သည်။ ဤသို့ ခွင့်ပန်ပြီးမှ ပြောခြင်းဖြင့် တစ်ဘက်သား အခက်အခဲမရှိနိုင်ပေ။ ဖြစ်နိုင်လျှင် အဆိုပါပုဂ္ဂိုလ် အားလပ်သည့်အခါတွင်မှ တွေ့ပြီး မိမိပြောလိုသည့်ကိစ္စကို ပြောရမည်။

 ၂။ ကောင်းစွာမရင်းနှီးသူနှင့် တွေ့ဆုံသည့်အခါ ၎င်း၏ အိမ်တွင်းရေး အခြေအနေကို မမေးနှင့်။ ထိုနည်းတူပင် ၎င်း၏ ဥစ္စာပစ္စည်းအကြောင်း၊ ဝင်ငွေအကြောင်း၊ လက်ဝတ်ရတနာများအကြောင်း စသည်တို့နှင့် စပ်လျဉ်း၍ မမေးလေနှင့်။

 ၃။ တစ်ဦးတစ်ယောက်နှင့် တွေ့ဆုံရန်သွားသည့်အခါ အဆိုပါပုဂ္ဂိုလ် ငြီးငွေ့လောက်အောင်၊ အလုပ်ပျက်လောက်အောင် ကြာရှည်စွာ စကားမပြောရ။ ကြာရှည်စွာ မထိုင်ရ။

 ၄။ တစ်ဦးတစ်ယောက်နှင့် တွေ့ဆုံသည့်အခါ တစ်ဘက်သား ပျော်ရွှင်စေရန် ပြုံးရွှင်စွာဖြင့် တွေ့ဆုံပါ။

 ၅။ မိမိမရောက်ဖူးသော နေရာဒေသတစ်ခုသို့ ရောက်သည့်အခါတွင် မိမိ မည်သူမည်ဝါဖြစ်ကြောင်း၊ မည်သည့်နေရာမှ လာခဲ့ကြောင်း၊ မည်သည့်ကိစ္စဖြင့် လာရောက်ကြောင်းကို ရောက်လျှင် ရောက်ချင်း ပြောပြသင့်သည်။

 ၆။ တစ်ဦးတစ်ယောက်နှင့် တွေ့ဆုံရန်သွားသည့်အခါ မိမိတွေ့လိုသည့်ပုဂ္ဂိုလ် အလုပ်တစ်ခုခုတွင် မွေ့လျော်နေပါက ရောက်လျှင်ရောက်ချင်း မိမိစကားကို မစသေးဘဲ အခြေအနေကို လေ့လာစောင့်ဆိုင်းသင့်သည်။ အဆိုပါပုဂ္ဂိုလ်က မိမိနှင့်စကားပြောရန် အသင့်အနေအထားရှိသည့် အခါမှသာ စကားကို အစပြုပြောသင့်၏။

 ၇။ တစ်ဦးတစ်ယောက်အနေဖြင့် တစ်ဦးတည်း လွတ်လပ်စွာနေလိုသောအချိန်မျိုး၌ ၎င်းထံ မသွားသင့်ပေ။ ဤသို့သောအချိန်မျိုး၌ ၎င်းထံသွားခြင်းဖြင့် ၎င်းအတွက် အနှောင့်အယှက်ဖြစ်လိမ့်မည်။

 ၈။ တစ်ဦးတစ်ယောက်နှင့် တွေ့ရန်သွားသည့်အခါ ၎င်း၏ရှေ့တွင်တွေ့ရသော စာများရေးထားသည့်စာရွက်၊ သို့မဟုတ် စာအုပ်ကို ကိုင်မကြည့်သင့်ပေ။ စာရွက်ပေါ်တွင် လျှို့ဝှက်ချက်တစ်ခုခုကို ရေးသားထားကောင်း ရေးသားထားနိုင်ပေသည်။ ထိုနည်းတူပင် စာရွက်တွင်ရေးကာ စာအုပ်ကြားတွင် ညှပ်ထားကောင်း ညှပ်ထားမည်ဖြစ်ရာ ထိုစာရွက်များကို ကြည့်ရှုပါက ၎င်းသူ နှစ်ခြိုက်မည် မဟုတ်ပေ။

 ၉။ အသင်တို့နှင့် တွေ့ဆုံရန် တစ်ဦးတစ်ယောက်ရောက်လာပါက နေရာရှိသော်ငြားလည်း လာသောပုဂ္ဂိုလ်အား ဂုဏ်ပေးသည့်အနေဖြင့် မိမိလက်ရှိထိုင်နေသည့်နေရာမှ အနည်းငယ်မျှ ရွေ့လျားပေးလိုက်သင့်၏။

 ၁ဝ။ မိမိနှင့် လာရောက်တွေ့ဆုံသူအား နူးညံ့သိမ်မွေ့စွာ၊ ယဉ်ကျေးပျူငှာစွာ ဆက်ဆံပါ။

 ၁၁။ တစ်ဦးတစ်ယောက်ထံ တွေ့ရန်သွားပါက စလာမ်မေတ္တာပို့သခြင်း၊ စကားပြောဆိုခြင်း၊ အချင်းချင်းလက်ဆွဲနှုတ်ဆက်ခြင်း ပြုလုပ်ရမည်ကို သတိပြုသင့်သည်။ အထက်ပါကိစ္စရပ်များအနက် တစ်ခုခုကို မဆောင်ရွက်ဘဲ တိရိစ္ဆာန်များကဲ့သို့ တိတ်ဆိတ်စွာ မထိုင်သင့်ပေ။

 ၁၂။ မိမိမရောက်ဖူးသေးသော နေရာဒေသအသစ်သို့ ရောက်သူတိုင်းသည် မိမိနှင့်ပတ်သက်၍ အိမ်ရှင်က မမေးမီ မိမိမည်သည့်ကိစ္စနှင့် မည်သည့်နေရာမှ လာရောက်ကြောင်းကို အလျဉ်းသင့်သလို အိမ်ရှင်အား ပြောပြရမည်။ အိမ်ရှင်ကလည်း ဧည့်သည်အား ၎င်း၏အကြောင်း ပြောပြနိုင်လောက်သည့် အချိန်ကို ပေးရပေမည်။ ဧည့်သည်နှင့် တွေ့ဆုံချိန်တွင် အိမ်ရှင်သည် ခေတ္တမျှ မိမိအလုပ်ကို ရပ်နားကာ ဧည့်သည်နှင့် စကားပြောရမည်။

 ၁၃။ တစ်ဦးတစ်ယောက်နှင့် တွေ့ဆုံရန် သွားရာတွင် အချို့သူများ၏ အားနည်းချက်(မှားယွင်းချက်)တစ်ရပ်မှာ မိမိတွေ့လိုသူထံသို့ မိမိလာမည့်အကြောင်း ကြိုတင်အကြောင်းကြားထားခြင်း မပြုဘဲလည်းကောင်း၊ မိမိအစီအစဉ်ဖြင့် စားသောက်မသွားဘဲလည်းကောင်း ထမင်းစားချိန်၌ ၎င်းထံသို့ ရောက်သွားတတ်ကြခြင်းပင် ဖြစ်၏။ ထိုအချိန်မျိုးတွင် အိမ်ရှင်အနေဖြင့် ချက်ခြင်း ထမင်းအစီအစဉ်လုပ်ရန်မှာ မလွယ်ကူလှပေ။ ကံအားလျော်စွာ ကား၊ ရထားတို့၏ အခက်အခဲကြောင့် ထမင်းစားချိန်တွင် ရောက်သွားခဲ့သော် မိမိသွားလိုသည့်အိမ်သို့ မသွားသေးဘဲ ထမင်းကို မိမိဘာသာစီစဉ်ပြီးမှ သွားရောက်သတင်းပို့သင့်သည်ကို အထူးဂရုပြုရမည်။
--------။--------။--------

အလ်မုဖီးဒ်
ရှအ်ဗာန်/ ၈/ ယောင်မုလ်အရ်ဗာအ်/ ဟစ်ဂ်ျရီ ၁၄၃၆


(မုဖ်သီနူးရ်မိုဟမ္မဒ် ဆွာဟိဗ် ဘာသာပြန်သော အစ္စလာမ်နှင့် လူမှုဆက်ဆံရေး စာအုပ်မှ ကူးယူတင်ဆက်သည်။ အထက်ပါ အကြောင်းအရာများကို ကူးယူသူများအနေဖြင့် အကြောင်းအရာ အစမှ အဆုံးအထိ ကူးယူပြီး အလ်မုဖီးဒ်မှ ကူးယူကြောင်း ထည့်သွင်း ဖော်ပြပါ။ မူလ စာရေးသူနှင့် ဘာသာပြန်ဆိုသူအပါအဝင် အလ်မုဖီးဒ်၏ စာမျက်နှာလင့်ခ်တို့ကိုပါ ပူးတွဲ ဖော်ပြပါ။)

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

စောင့်ဆိုင်းခြင်းဆိုင်ရာ စည်းကမ်းများ


 ၁။ တစ်ဦးတစ်ယောက်ကို တွေ့ဆုံရန် စောင့်ဆိုင်းပါက မိမိ၎င်းအား စောင့်နေသည်ကို မသိစေဘဲ စောင့်ဆိုင်းသင့်သည်။ မိမိက ၎င်းအားစောင့်နေသည်ကို အဆိုပါ ပုဂ္ဂိုလ်သိသွားပါက ၎င်း၏စိတ် စနိုးစနောင့်ဖြစ်ရရုံမက ၎င်း၏ လုပ်လက်စလုပ်ငန်းတွင် အနှာင့်အယှက်ဖြစ်ပေမည်။ ထို့ကြောင့် အဆိုပါပုဂ္ဂိုလ် မတွေ့မမြင်ရသည့်နေရာမှ စောင့်ဆိုင်းရမည်။

 ၂။ တစ်ဦးဦး ဝဇီဖဟ်များ ဖတ်ရွတ်နေချိန်တွင် ၎င်း၏အနီးအနားသို့ သွားရောက်ထိုင်ခြင်းမှာ ၎င်း၏အာရုံကို ပြောင်းစေပြီး အနှောင့်အယှက်ဖြစ်စေသည်။ လိုအပ်၍ ၎င်းနှင့်တွေ့လိုက ဝဇီဖဟ်ဖတ်ပြီးမှ တွေ့သင့်၏။

 ၃။ ကျွန်ုပ်ထံ ရောက်လာသည့် စာများအတွက် ပြန်ကြားချက်ကို နောက်နေ့မကူးစေဘဲ၊ တစ်နေ့စာ တစ်နေ့ပြီးအောင် ရေးသားပြန်ကြားလေ့ရှိ၏။ ဤသို့ ချက်ခြင်း ရေးသားပြန်ကြားရခြင်း၏ အကြောင်းအရင်း နှစ်ရပ်ရှိ၏။ ပထမအကြောင်းအရင်းမှာ တစ်ဘက်သားအနေဖြင့် ပြန်ကြားစာကို စောင့်ဆိုင်းနေရသည့်ဒုက္ခမှ ကင်းဝေးစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ဤသို့မဟုတ်က ကျွန်ုပ်၏စိတ်တွင် ၎င်းစာကို ပြန်ကြားရန် နောက်ကျနေပြီ၊ စောင့်ဆိုင်းရသည့်ဒုက္ခနှင့် ရင်ဆိုင်နေရပြီဟု တွေးကာ သောကရောက်နေတတ်၏။ ဒုတိယအကြောင်းမှာကား သူတစ်ပါးအား စောင့်ဆိုင်းရသည့် ဒုက္ခ မပေးချင်၊ မိမိကိုယ်တိုင်လည်း စောင့်ဆိုင်းရသည့်ဒုက္ခကို မခံနိုင်သောကြောင့် ဖြစ်၏။

 ၄။ ခရီးသွားရာတွင် ဘူတာရုံသို့ ရထားထွက်ချိန်ထက် စော၍ ရောက်သင့်၏။ ရထားထွက်ရန် စောင့်ဆိုင်းရသည့်ဒုက္ခမှာ မကြီးလှ။ နောက်ကျမှရောက်လျှင် ကတိုက်ကရိုက် လုပ်ရတတ်ပြီး စိတ်ဆင်းရဲရတတ်၏။ ရံဖန်ရံခါ ရထားပင် မမီဘဲဖြစ်တတ်၏။

 ၅။ အချို့သူတို့သည် ကျွန်ုပ်မြင်နိုင်လောက်သောနေရာတွင် ထိုင်၍ ကျွန်ုပ်အား လက်ဆွဲနှုတ်ဆက်ရန် စောင့်ဆိုင်းနေတတ်ကြလေသည်။ ဤသည်ကို သိသောအခါ စိတ်ထဲ စနိုးစနောင့်ဖြစ်ရလေသည်။ ကျွန်ုပ်ရှေ့ဆက် အလုပ်မလုပ်နိုင်တော့ဘဲ ထိုလူများက ကျွန်ုပ်တို့ သင်နှင့်နှုတ်ဆက်ရန် စောင့်နေကြတယ် ဟု ကျွန်ုပ်အားပြောနေသည့်အလား ထင်မှတ်မိသည်။ ထို့ကြောင့် တစ်ဦးဦးအား မမြင်မတွေ့ရသည့်နေရာမှ စောင့်ဆိုင်းသင့်၏။
--------။--------။--------

အလ်မုဖီးဒ်
ရှအ်ဗာန်/ ၈/ ယောင်မုလ်အရ်ဗာအ်/ ဟစ်ဂ်ျရီ ၁၄၃၆


(မုဖ်သီနူးရ်မိုဟမ္မဒ် ဆွာဟိဗ် ဘာသာပြန်သော အစ္စလာမ်နှင့် လူမှုဆက်ဆံရေး စာအုပ်မှ ကူးယူတင်ဆက်သည်။ အထက်ပါ အကြောင်းအရာများကို ကူးယူသူများအနေဖြင့် အကြောင်းအရာ အစမှ အဆုံးအထိ ကူးယူပြီး အလ်မုဖီးဒ်မှ ကူးယူကြောင်း ထည့်သွင်း ဖော်ပြပါ။ မူလ စာရေးသူနှင့် ဘာသာပြန်ဆိုသူအပါအဝင် အလ်မုဖီးဒ်၏ စာမျက်နှာလင့်ခ်တို့ကိုပါ ပူးတွဲ ဖော်ပြပါ။)

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

စကားနားထောင်ခြင်းဆိုင်ရာ စည်းကမ်းချက်များ


 ၁။ တစ်ဦးတစ်ယောက်၏ စကားကို ကောင်းစွာအာရုံစူးစိုက်၍ နားထောင်သင့်၏။ တစ်စုံတစ်ရာ မရှင်းလင်းသည့် အချက်ရှိပါက ပြောသူအားပြန်၍ ရှင်းလင်းသေချာစွာ မေးပြီးမှ လိုက်နာကျင့်သုံးအပ်၏။ မရှင်းလင်းသည့် အကြောင်းတစ်စုံတစ်ရာ ရှိပါလျက် နှင့် ပြန်လည်မေးမြန်းဆန်းစစ်ခြင်းမပြုဘဲ၊ မိမိသဘောအတိုင်း မလုပ်သင့်။ မိမိထင်ရာလုပ်ခြင်းဖြင့် ရံဖန်ရံခါ စကားပြောသူ၏ ရည်ရွယ်ချက်နှင့် လွဲချော်သောကြောင့် ဒုက္ခဖြစ်စေတတ်သည်။

 ၂။ သင့်အား တစ်ဦးတစ်ယောက် စကားပြောလာသည့်အခါ စိတ်ဝင်စားစွာ နားထောင်ပါ။ စိတ်မဝင်စားသလို နားထောင်ပါက ပြောသူသည် စိတ်အနှောင့်အယှက်ဖြစ်လိမ့်မည်။ အထူးသဖြင့် ပြောသူသည် မိမိအကျိုးအတွက်ပြောသူ၊ မိမိ၏ အမေးကို ဖြေကြားနေသူ၊ မိမိက ရိုသေလေးစား ကြည်ညိုထိုင်သူ ဖြစ်ပါက ပို၍ပင် လေးစားစွာနားထောင်ရမည်။ ယင်းအခြေအနေမျိုးတွင် စိတ်မဝင်စားသလို နားထောင်ခြင်းမှာ ပို၍ပင် ဆိုးဝါးသည်။

 ၃။ တစ်ဦးတစ်ယောက်က အသင့်အား အလုပ်တစ်ခုခုလုပ်ခိုင်းလာပါက ၎င်းအား လုပ်ပေးနိုင်မည် သို့မဟုတ် လုပ်မပေးနိုင်သည်ကို တိတိကျကျအဖြေပေးရမည်။ သို့မှသာ ခိုင်းသောသူ စိတ်အေးရမည်။ အလုပ်ခိုင်းသောသူက အသင်အလုပ်လုပ်လိမ့်မည်ဟု ယူဆကာ စိတ်အေးနေပြီး သင့်အနေနှင့် အဆိုပါအလုပ်ကို လုပ်ရန်လုံးဝမရည်ရွယ်သဖြင့် မလုပ်သောကြောင့် အဆိုပါအလုပ် မပြီးမြောက်သည်ကို နောက်မှသိရပါက အလုပ်ခိုင်းသောသူသည် စိတ်မချမ်းမသာ ဖြစ်ရတတ်သည်။
 ၄။ အီဒုလ်ဖိသ်ရ်၏ ခုသ်ဗဟ်နှင့် အီဒုလ်အဿွဟာ၏ ခုသ်ဗဟ်တို့အား နားထောင်ခြင်းမှာ ဝါဂျိဗ်တာဝန်ဖြစ်၏။ အလားတူပင် ဘာသာရေးဆိုင်ရာ စကားရပ်များကို အထူးဂရုစိုက်၍ နားထောင်ခြင်းများလည်း ဝါဂျိဗ်တာဝန်ဖြစ်၏။ (ရှာမီ)
 ၅။ ပုန်းလျှိုး၍ ဖြစ်စေ၊ အိပ်ချင်ဟန်ဆောင်၍ ဖြစ်စေ၊ တစ်ဦးတစ်ယောက်၏ စကားကို ၎င်းမသိအောင် နားထောင်ခြင်းမှာ ကုရ်အာန်ကျမ်းလာ ပညတ်တော်အရ ဟရာမ် မပြုပိုင်သည့် ကိစ္စရပ်ဖြစ်၏။ သို့ရာတွင် ဒုက္ခပေးသူ တစ်ဦးတစ်ယောက်၏ ရန်မှ မိမိကိုယ်မိမိ ကာကွယ်ရန်လည်းကောင်း၊ အခြားသူတစ်ဦးတစ်ယောက်အား အကာအကွယ်ပေးရန်လည်းကောင်း၊ ပုန်းလျှိုး၍ဖြစ်စေ၊ အိပ်ချင်ဟန်ဆောင်၍ဖြစ်စေ နားထောင်ပါက နားထောင်ပိုင်ခွင့် ရှိ၏။

 ၆။ တစ်ဦးတစ်ယောက် ဆုံးမသည့် သဘောအရသော်လည်းကောင်း၊ သင်ပေးသည့် သဘောအရသော်လည်းကောင်း စကားပြောပါက စကားဆုံးသည်အထိ နားထောင်ရမည်။ စကားတစ်ဝက်တစ်ပျက်နှင့် ထလာခြင်းမှာ စကားကို တန်ဖိုးမထားရာလည်းရောက်၊ ပြောဆိုနေသည့် ပုဂ္ဂိုလ်အား စော်ကားရာလည်း ရောက်၏။

 ၇။ တစ်ဦးတစ်ယောက်က လူအများရှိရာ ထိုင်ဝိုင်းတွင် တရားဟောကြားနေပါက ဟောကြားနေသူဘက်သို့သာ အာရုံစူးစိုက်နေသင့်သည်။ အခြားသူတစ်ဦးဦးနှင့် စကားမပြောရ။ စကားပြောနေဆဲတွင် အဆိုပါထိုင်ဝိုင်းထဲမှ အခြားသူတစ်ဦးဦးနှင့် စကားပြောခြင်းမှာ တရားစကားအား အလေးမထားရာလည်း ရောက်၏။ ဤသို့ ပြုမူခြင်းမှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းလည်း ဖြစ်၏။

 ၈။ တစ်ဦးတစ်ယောက်က မိမိအား အကွယ်တစ်နေရာရာမှ ခေါ်ဝေါ်အသံပေးခဲ့သော် မိမိအနေဖြင့် ခေါ်သံကြားပြီးဖြစ်သဖြင့် ယခုပင်လာတော့မည်ဖြစ်ကြောင်းကို ၎င်းအား အသိပေးရမည်။ ခေါ်နေသူ ဆက်တိုက် ခေါ်နေသော်လည်း အသံမပေးဘဲ တိတ်ဆိတ်စွာ မနေရချေ။
 ၉။ တစ်ဦးတစ်ယောက်က အလုပ်တစ်ခုခုလုပ်ရန် တောင်းဆိုလာပါက စေ့စပ်သေချာစွာဖြင့် အဆိုပါအလုပ်ကို အကောင်အထည်ဖော်သင့်၏။ ခိုင်းသောသူ စိတ်ဆင်းရဲအောင် မသေချာ၊ မစေ့မစပ် မလုပ်သင့်။ အလုပ်လုပ်ပြီးကလည်း ခိုင်းသောသူအား အလုပ်ပြီးမြောက်သွားကြောင်း အသိပေးရမည်။ သို့မှာသာ အလုပ်ခိုင်းသူလည်း စောင့်ဆိုင်းနေရသည့် ဒုက္ခမှလွတ်ကင်း၍ မိမိ၏တာဝန်လည်း ပေါ့သွားမည် ဖြစ်၏။

 ၁ဝ။ တစ်ဦးတစ်ယောက် ပြောသည့်စကားကို နားမလည်သဘောမပေါက်ဘဲ ဟုတ်ကဲ့ ဟူ၍လည်းကောင်း၊ ကောင်းပါပြီဟူ၍လည်းကောင်း မပြောရ။ သဘောပေါက် နားလည်သည်အထိ ကာယကံရှင်အား ပြန်မေးရမည်။
 ၁၁။ မှောင်နေ၍သော်လည်းကောင်း၊ တစ်စုံတစ်ရာနှင့် ကွယ်နေ၍သော်လည်းကောင်း အသံကို မသိ၍ဖြစ်စေ၊ အခြေအနေကို မသိ၍ ဖြစ်စေ မည်သူနည်း၊ မည်သည့်အသံနည်း စသည်ဖြင့် မေးမြန်းလာပါက ကျွန်တော်ပါ၊ ကျွန်တော့်အသံပါ ဟု မဖြေရပေ။ မိမိ၏အမည်ကို ဖော်ပြရမည်။ ဥပမာ မုဟမ္မဒ်ခလီးလ်ပါ မည်သူမည်ဝါဟူ၍ ကွဲပြားအောင် ဖြေရမည်။

 သူတစ်ပါး၏ ဖြေကို ပြီးပြည့်စုံစွာပေးရမည် 
 ၁၂။ နေထိုင်သွားလာ အကျင့်အမူတိုင်းတွင် မိမိကြောင့် သူတစ်ပါးဒုက္ခမဖြစ်စေရန်၊ အကျပ်အတည်း တစ်စုံတစ်ရာမရှိစေရန် အထူးဂရုပြုရမည်။ ထို့ကြောင့် မကွဲပြားသည့်စကားမျိုးကို မည်သည့်အခါမှ မဆိုသင့်ပေ။ တစ်ဦးတစ်ယောက်၏ မေးမြန်းချက်ကို ကောင်းမွန်စွာ သဘောပေါက်နားလည်ပြီး ရှင်းလင်းတိကျသည့်အဖြေကို ပေးသင့်သည်။ သို့မှာသာလျှင် သူတစ်ပါးအား ထပ်ပြန်တလဲလဲမေးရသည့် ဒုက္ခမှ ချမ်းသာရာ ရစေမည်။

 အဖြေကို ချက်ခြင်းပေးရမည် 
 ၁၃။ တစ်ဦးတစ်ယောက်၏ မေးမြန်ချက်ကို ကြားပါလျက် အဖြေမပေးခြင်း၊ အချိန်အတန်ကြာမှ အဖြေပေးခြင်းမှာ မပြုအပ်သည့် အချက်ဖြစ်၏။

 နားမထောင်အပ်သည့် အသံများ 
 ၁၄။ တစ်ဦးတစ်ယောက် သီချင်းဆိုနေပါက ၎င်း၏သီချင်းဘက်သို့ နားမစွင့်ရ။ အဘယ့်ကြောင့်ဆိုသော် သဘာဝစိတ်ဓါတ်တွင် ပြစ်မှုဒုစရိုက်များကို ကျူးလွန်လိုစိတ်များ ပြည့်နှက်နေလေရာ သီချင်းသံသည် ယင်းစိတ်များကို အားပေး အားမြှောက် ပြုသောကြောင့်ပင် ဖြစ်၏။ နှလုံးသားကိုလည်း သီချင်းက ဖျက်ဆီးတတ်၏။ ဟရာမ်ကိစ္စရပ် တစ်ခုခုဘက်သို့ ပို့ဆောင်အားပေးသည့် ကိစ္စရပ်သည်လည်း ဟရာမ်ဖြစ်၏။

 ၁၅။ သူစိမ်းအမျိုးသမီးတစ်ဦးဦးနှင့် ယောက်ျားပျိုတစ်ဦးဦး၏အသံကို မရည်ရွယ်ဘဲကြားရလျှင်လည်း ဆက်လက်မကြားစေရန် နားကို ပိတ်ထားလိုက်ရမည်။

 ၁၆။ အမျိုးသမီးသည်လည်း မိမိ၏အသံကို သူစိမ်းအမျိုးသားများ မကြားရစေရန် အထူးဆင်ခြင်ရပေမည်။

 ဆရာနှင့် ပတ်သက်၍ 
 ၁။ တစ်ဦးတစ်ယောက် မိမိ၏ဆရာသခင်အား မကောင်းပြောပါက နှုတ်ဆိတ်မနေဘဲ ဆရာသခင်ဘက်မှ ခုခံကာကွယ်ပြောဆိုသင့်သည်။ အကယ်၍ ဆရာသခင်ဘက်မှ ခုခံကာကွယ်ပြောဆိုခြင်း မပြုနိုင်က အဆိုပါနေရာမှ ချက်ခြင်းထွက်ခွာလာရမည်။

 ၂။ ဆရာသခင်က မိမိအား စကားပြောသည့်အခါ ဆရာဘက်သို့ မျက်နှာမူလျက် အထူးအာရုံစူးစိုက်ကာ နားထောင်ရမည်။ ဆရာစာသင်နေချိန်တွင် ကျောင်းသားများသည် ဆရာ၏ သင်ပြပို့ချမှုကို အာရုံစူးစိုက်၍ နားထောင်ရမည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများအားလုံး တည်တည်ငြိမ်ငြိမ် ထားရမည်။ တိတ်ဆိတ်စွာနားထောင်ရမည်။ မျက်စိအစုံဖြင့် ဆရာ့ထံကြည့်လျက် နားအစုံဖြင့် စွင့်နေရမည်။ စိတ်နှလုံး၊ ဦးနှောက် စသည့်အစိတ်အပိုင်းများကို နိုးကြား နေစေရမည်။ ဖျတ်ဖျတ်လတ်လတ် နေရမည်။

 ၃။ ဆရာ၏စကားကို နားမလည်သဘောမပေါက်ပါက ဆရာ၏အားနည်းချက်ဟု မယူဆသင့်ဘဲ၊ မိမိအသိဉာဏ်အားနည်းမှု၊ အာရုံစူးစိုက်ခြင်း နည်းပါးမှုဟု မှတ်ယူရမည်။
--------။--------။--------
အလ်မုဖီးဒ်
ရှအ်ဗာန်/ ၈/ ယောင်မုလ်အရ်ဗာအ်/ ဟစ်ဂ်ျရီ ၁၄၃၆
(မုဖ်သီနူးရ်မိုဟမ္မဒ် ဆွာဟိဗ် ဘာသာပြန်သော အစ္စလာမ်နှင့် လူမှုဆက်ဆံရေး စာအုပ်မှ ကူးယူတင်ဆက်သည်။ အထက်ပါ အကြောင်းအရာများကို ကူးယူသူများအနေဖြင့် အကြောင်းအရာ အစမှ အဆုံးအထိ ကူးယူပြီး အလ်မုဖီးဒ်မှ ကူးယူကြောင်း ထည့်သွင်း ဖော်ပြပါ။ မူလ စာရေးသူနှင့် ဘာသာပြန်ဆိုသူအပါအဝင် အလ်မုဖီးဒ်၏ စာမျက်နှာလင့်ခ်တို့ကိုပါ ပူးတွဲ ဖော်ပြပါ။)

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Saturday, May 23, 2015

သီချင်း နားမထောင်ခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူး

မုစလ်မာန်သည် ကမ္ဘာပေါ်မှာ အသက်ရှင်နေစဉ် အလ္လာဟ်တားထားသည့် တီးလုံးသံ၊ သီချင်းသံတို့ကို နားထောင်ခြင်း၊ အရသာယူကာ နားဆင်ခြင်းမှ မိမိ၏နားကို ထိန်းသိမ်းခဲ့ပါက ကိယာမသ်နေ့ရောက်လျင် အလ္လာဟ်အရှင်မြတ်သည် အင်မတန် သာယာနာပျော်ဖွယ်ကောင်းသော ဖရိရှ်သဟ်၊ ဟူရ်၊ နဗီတို့၏အသံများကို နားဆင်ခွင့် ချီးမြှင့်တော်မူပေမည်။

သီချင်းနားထောင်ခြင်း မပြုခဲ့သူတို့အား......

အလ္လာဟ်အရှင်မြတ်၏ ချီးမွမ်းမှုများအကြောင်း စပ်ဆိုထားသည့် တေးသွားကို ဟူရ်ကညာပျိုများက သီဆိုပြမည်ဖြစ်သည်။ ယင်း၏ ကြာချိန်မှာ နှစ်ပေါင်း ၇ဝ ဖြစ်သည်။ ပျင်းသွားခြင်း၊ အီသွားခြင်းများမရှိဘဲ အသံနှင့် ကဗျာအလိုက်တို့၏ သာယာမှုတွင် နစ်မျောနေမည်သာ ဖြစ်၏။

ထို့ပြင် ပထမသီဆိုမှုထက် ပိုကောင်းသောအရာကို အလ္လာဟ်အရှင်က ချီးမြှင့်ပေးမည်။ ၄င်းမှာ တမန်တော်ဒါဝူးဒ် အလိုင်ဟိစ္စလာမ်၏ ဇဗူရ်ကျမ်းကို ဖတ်ပြခြင်းပင် ဖြစ်၏။ လောကတွင် တမန်တော်ဒါဝူးဒ် ဇဗူရ်ကျမ်းကို ရွတ်ဖတ်ပါက ကောင်းကင်ရှိ ငှက်များ၊ ရေထဲရှိငါးများကပါ နားထောင်ကြသည်အထိ အသံကောင်းသူ ဖြစ်သည်။ ကိယာမသ်နေ့ အလ္လာဟ်ကိုယ်တော်တိုင် ဖတ်ပြခိုင်းလျှင် မည်မျှအသံကောင်းမည်ကို စဉ်းစားကြည့်ပါ။

ထို့ထက်ကောင်းသော အလွန်သာယာကြည်နူးဖွယ်ကောင်းသော  အသံကို အလ္လာဟ်အရှင်မြတ်က ထပ်၍ချီးမြှင့်နားဆင်စေမည်။ ယင်းအသံမှာ အလ္လာဟ်အရှင်၏ အချစ်ဆုံးတမန်တော် မြတ်နဗီ ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ စူရဟ်ယာစီးန် ဖတ်ရွတ်သံဖြစ်ပေသည်။

အားလုံးထက်အကောင်းတကာ့ အကောင်းဆုံးကို ထပ်၍ ချီးမြှင့် ကြားနာစေမည်။ ယင်းအသံမှာ အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင်၏ စူရဟ်ရဟ်မာန်၊ သို့မဟုတ် စူရဟ်သွာဟာ ဖတ်ပြသည့်အသံတော် ဖြစ်ပေမည်။ အခြားဆင့်ဆိုမှုတွင် စူရဟ်အင်န်အာမ်ကို ဖတ်ပြတော်မူမည်ဟု လာရှိသည်။

ထိုသို့ကောင်းမွန်လှသည့်အသံတို့ကို ကမ္ဘာပေါ်၌ အသက်ရှင်စဉ် သီချင်းနားထောင်ခြင်း၊ ကြည့်ခြင်း၊ တီးခတ်ခြင်းစသည့် မပြုပိုင်သည့် အမှုကိစ္စတို့ကို ရှောင်ကြဉ်ခဲ့သူတို့ကိုသာ ချီးမြှင့်မည်ဖြစ်၏။

ဆင့်ပြန်မှုတစ်ခုတွင် လာရှိသည်မှာ ကိယာမသ်နေ့၌ အလ္လာဟ်အရှင်မြတ် မေးတော်မူမည်။ ကမ္ဘာပေါ်တွင် အသက်ရှင်နေစဉ် မိမိ၏ မျက်စိနှင့် နားကို ရှိုက်သွာန်၏ တီးလုံးသံများ နားဆင်ခြင်း၊ အတီးသမားများကို ကြည့်ခြင်းကနေ ထိန်းသိမ်းရှောင်ကြဉ်ခဲ့ကြသူတွေ အဘယ်မှာနည်း။ ၄င်းတို့ကို အခြားသူတို့မှ သီးခြားခွဲထုတ်ပါ။

ဖရစ်ရှ်သဟ်တို့က ထိုသို့သော သူများကို သီးခြားခွဲထုတ်ကာ ကတိုးနှင့် အမွှေးတုံး၏ တောင်ကုန်းပေါ်တွင် ထိုင်စေမည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်က ဖရိရှ်သဟ်တို့အား ဤသူများကို ငါအရှင်မြတ်၏ သန့်ရှင်းစင်ကြယ်မှုနှင့် မြင့်မြတ်မှု အကြောင်း ဖွဲ့ဆိုထားသော တေးကဗျာတို့ကို သီဆိုပြဟု အမိန့်ပေးမည်။

ထိုအခါ ဖရိရှ်သဟ်များက ၄င်းတို့အား အလွန်သာယာနာပျော်ဖွယ် နားဝင်ပီယံရှိလှတဲ့ ချစ်စရာအသံဖြင့် အလ္လာဟ်အရှင်မြတ်အကြောင်းကို ဆိုပြပါမည်။ ကြားရသူအပေါင်းသည် ဤအသံမျိုးကို မည်သည့်အခါကမျှ ကြားဖူးခဲ့ကြမည် မဟုတ်ပါ။

** သီချင်းနားထောင်ခဲ့သော နားကို ..........

ကိယာမသ်နေ့တွင် သီချင်းနားထောင်ခဲ့သော နားထဲသို့ ခဲရည်ကျိုပြီး လောင်းထည့်မည် ဖြစ်၏။

ထို့ကြောင့် သီချင်းသံမှ ရှောင်ကြဉ်ပြီး နားဆင်ခဲ့ခြင်းများ ရှိပါက စစ်မှန်သည့်သောဝ်ဗဟ်ပြု၍ အလ္လာဟ်ထံ ခွင့်လွှတ်မှု တောင်းခံရပါမည်။ ပြစ်ဒဏ်မှ ရှောင်ကာ ဂုဏ်ပြုပေးခြင်းကို ခံယူရင်း အရသာရှိလှသည့် အသံများကို နားဆင်သူတို့တွင် ပါဝင်အောင် ကြိုးစားရပါမည်။

{ကောက်နှုတ်ချက်ဖြစ်ပါသည်}

~အလ်မုဖီးဒ်~
ဟစ်ဂ်ျရီ ၁၄၃၆/ ရှအ်ဗာန်/ ၅/ ယောင်မုလ်အဟဒ်

Friday, May 22, 2015

နမားဇ်ပြီးနောက် .......

တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် နမားဇ်ဆောက်တည်ပြီးနောက်တွင် အိစ်သိဂ်ဖာရ် သုံးကြိမ် ပြုတော်မူပြီးနောက် " အလ္လာဟွမ်မ အန်သပ်(စ)စလာမု ဝမင်န်ကပ်(စ) စလာမု သဗာရပ်က်သ ယာဇလ်ဂျလာလိ ဝလ်အစ်က်ရာမ်" ကို ရွတ်ဖတ်တော်မူသည်ဟု ဟဇရသ်စောဝ်ဗာန် ရသွီယလ္လာဟုအန်(န)ဟု က ပြောပြတော်မူခဲ့၏။

တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်အား နမားဇ်ဆောက်တည်ပြီးတိုင်း အလ္လာဟ်ထံပါးတော်တွင် ကဗရ်အဇားဗ်မှ လွတ်ငြိမ်းခွင့်ရရန် အမြဲပင် တောင်းဆုပြုတော်မူသည်ကို တွေ့မြင်ခဲ့ကြောင်း ဟဇရသ်အာအိရှဟ်သခင်မ ရသွီယလ္လာဟုအန်(န)ဟာ ပြောပြတော်မူခဲ့သည်။

ထို့ကြောင့် မိမိ၏နမားဇ်ပြီးတိုင်း တမန်တော်၏ အထက်ပါ စွန်နသ်တော်နှစ်ခုကိုပါ ထည့်သွင်းလိုက်ပါက ပို၍ပင် ပြည့်စုံသွားမည် ဖြစ်ပြီး မုစလ်မာန်တိုင်း ကျင့်ဆောက်တည် သင့်လှပါသည်။

{သုဟ်ဖာအေခဝါသီးန် မှ ကောက်နှုတ်သည်}

~အလ်မုဖီးဒ်~
ဟစ်ဂ်ျရီ ၁၄၃၆/ ရှအ်ဗာန်/ ၄/ ယောင်မုစ်စဗ်သိ

Thursday, May 21, 2015

ကိယာမသ်တွင် အသင့်ကို မေးမည့်အရာ

ကိယာမသ်နေ့တွင် အသင့်အား အသင်ကိုယ်တိုင် ပြုမူ ကျင့်ဆောက်တည်ခဲ့သည့် အရာများကို စစ်ဆေးမေးမြန်းမည် ဖြစ်၏။
အခြားသူ၏ ပြုမူခဲ့ခြင်းများကို အသင့်အားမေးမည်မဟုတ်ပါ။

ထို့ကြောင့် မိမိဘာဖြစ်နေလဲ၊ ဘာလုပ်နေလဲ၊ ဘာလုပ်ပြီးပြီလဲ ... ဟူသည့်အချက်ကို အရင်ကြည့်ပါ။
သူများ ဘာဖြစ်နေလဲ၊ ဘာလုပ်နေလဲ၊ ဘာလုပ်ခဲ့လဲ ဟူသည်တို့ကို မျက်စိဒေါက်ထောက် လိုက်မကြည့်နှင့်။

ကဗရ်တွင် အသင့်၏ လုပ်ဆောင်ချက်များကို မေးမည်ဖြစ်၏။
အခြားသူ၏ လုပ်ဆောင်ချက်ကို အသင့်အား မေးမည်မဟုတ်။

ကိယာမသ်နေ့ ကျင့်ဆောက်တည်မှုစာရင်းကို ပေးအပ်ရာတွင် အသင့်၏ စာရင်းကိုသာ ပေးမည်ဖြစ်ပြီး အခြားသူ၏ စာရင်းကို အသင့်အား လာပေးမည် မဟုတ်ပါ။

သူတစ်ပါးအပေါ် ဝေဖန်လေကန်နေခြင်းထက် မိမိ၏ ပြစ်မှုများ ချို့ယွင်းချက်တို့ကိုသာ စဉ်းစားဆင်ခြင် နေရမည်။

ကိယာမသ်တွင် မိမိရလဒ်ကောင်းရန် သူများတွေက လာရောက်ကူညီပေးမည် မဟုတ်ပါ။ မိမိကျိုးပမ်းခဲ့မှု၏ ရလဒ်ကသာ အသုံးဝင်မည် ဖြစ်သည်။

~အလ်မုဖီးဒ်~
ဟစ်ဂ်ျရီ ၁၄၃၆/ ရှအ်ဗာန်/ ၃/ ယောင်မုလ်ဂျွမ်အဟ်

Tuesday, May 19, 2015

ဇိနာကြောင့် ဆုံးရှုံး နစ်နာမှုများ

ဇိနာဟုဆိုရာတွင် မျက်စိဇိနာ၊ နား၏ ဇိနာ၊ ပါးစပ်၏ ဇိနာ၊ စိတ်နှလုံး၏ ဇိနာ၊ ထိတွေ့မှု၏ ဇိနာ၊ အတူနေလိုက်ခြင်း၏ ဇိနာ အားလုံးအကျုံးဝင်ပါသည်။

မကောင်းမှု၏ နိဂုံးသည် အမြဲမကောင်းပါ။ မကောင်းမှုကြီးသလောက် နိဂုံး၏ ဆိုးကျိုးသည်လည်း ထိုမျှကြီးမားသည်။ ဇိနာသည် ကြီးမားသော ပြစ်မှုဖြစ်၍ ၄င်းကြောင့် များစွာသော ဆုံးရှုံးမှုတို့ကို ရင်ဆိုင်ရပေသည်။

* စီးပွါးရေးတွင် နစ်နာသည်။
ဇိနာပြစ်မှုကြောင့် ဗရ်ကသ်များမှ လက်မဲ့ ဖြစ်သွားသည်။ မည်မျှပင် ချမ်းသာပါစေ အမြဲ အကြွေး တင်နေမည်။ သပ်က်ဝါဖြင့် ဗရ်ကသ်များ ရရှိသည်။

* ရိုဇီ ကြပ်တည်းသည်။
ဇိနဟ်ပြုသူသည် အလ္လာဟ်အမိန့်မှ မျက်နှာလွှဲသူဖြစ်၍ ရိုဇီကြပ်တည်းခြင်းကို ခံရမည်။

*အောင်မြင်မှုလမ်းစ ပိတ်ခြင်းခံရမည်။
ဇိနာပြုသူသည် မိမိ၏ ပြစ်မှုမှ သောဝ်ဗဟ်မပြုလျှင် အောင်မြင်မှုတံခါး အပိတ်ခံရမည်။ လုပ်ငန်းတစ်ခု အောင်မြင်မှု နီးကပ်လာမှ တစ်ခုမဟုတ်တစ်ခု အနှောင့်အယှက် ဝင်လာမည်။ သား၏ ဆွေမျိုးဆက်ရန် သတင်းရောက်လာသည်။ တစ်ဝက်တစ်ပျက်နှင့် ပျက်သွားမည်။

* ဒုက္ခပေါင်းစုံ ကြုံရမည်။
ဇိနာအကျင့် မစွန့်လွှတ်လျှင် ဒုက္ခများသည် ပုတီးကုန်းကြိုးပျက်သကဲ့သို့ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်လာမည်။

* သေးသိမ်မှုဖြစ်မည်။
ဇိနာပြုသူသည် မိမိ၏ ဂုဏ်သိက္ခာကို ကိုယ်တိုင် ဖျက်ဆီးသူ ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ထံတွင်လည်း သိက္ခာမရှိ။ အခြားသူများ ရှေ့မှောက်တွင်လည်း  သိက္ခာမဲ့ပင် ဖြစ်၏။ (အလ္လာဟ့်အရှေ့သိက္ခာမဲ့နေလျှင် ကျန်သူများအရှေ့ သိက္ခာရှိနေပါကလည်း ဘာများ အသုံးဝင်မည်နည်း။)

* သာသနာပိုင်းဆိုင်ရာတွင် ဆုံးရှုံးမှု ဖြစ်လာမည်။
မကောင်းမှုကို မကောင်းမှုဟု ယူဆသည့် အသိတရား ပျောက်ဆုံးသွားမည်။ စိတ်တွင် ဇိနာကို မကောင်းမှုဟု မထင်တော့။ ပမာအားဖြင့် ယောကျာ်း၊ မိန်းမ စခြင်း၊ နောက်ပြောင်ခြင်း၊ စာပေးခြင်း၊ မျက်စာပစ်ပြခြင်း၊ နှုတ်ဆက်ခြင်း၊ နှစ်ယောက်တည်း အတူနေခြင်းတို့ကို ပြစ်မှုဖြစ်သည်ဟု မမှတ်ယူတော့ပေ။ တခါတရံ ဆုံကြုံခွင့် ရပါစေဟု ဒုအာပြုနေမည်။ ပြစ်မှုကျုးလွန်ရန် ဒုအာပြုခြင်းသည်လည်း ပြစ်မှုဖြစ်ကြောင်း မေ့နေသည်။

* မခံချင်စိတ် မရှိတော့။
ဇိနာအမှုပြုနေသူ စိတ်တွင် အီမာန်ပိုင်းဆိုင်ရာ မခံချင်စိတ် ကုန်ဆုံးသွား၏။ မကောင်းမှုကို မိသားစုတွင်၊ မုစလ်မာန်များတွင် မြင်တွေ့နေပါကလည်း မည်သို့မျှမခံစားရတော့ပေ။

* သောဝ်ဗဟ်၏ အခွင့်အရေး ရုပ်သိမ်းခံရသည်။
ဇိနာအမှုအတွက် သောဝ်ဗဟ် ပြုလိုစိတ် ဖြစ်ပေါ်လာခြင်း မရှိ။ ပို၍ ခိုင်မာမှုကိုသာ ရည်ရွယ်နေမည်။

* စိတ်ထား မာကြော ခက်ထန်လာမည်။
ဇိနာကြောင့် စိတ်ထား မာကြောလာမည်။ ဆုံမစကား ပြောလျှင်လည်း နားမဝင်တော့ချေ။ ကျောက်ခဲပင်လျင် အလ္လာဟ်ကိုကြောက်၍ ကွဲအပ်သွားသည်။ လူ့စိတ်က ပြစ်မှုအပေါ် တုန်လှုပ်မှု တစ်ချက်မှ ဖြစ်ပေါ်ခြင်း မရှိ။

* အမိန့် နာခံခြင်း ပျောက်ဆုံးသွား၏။
ဇိနာ၏ အမင်္ဂလာကြောင့် စိတ်ဓါတ် သေသွားသည်။ ကောင်းသောအမလ်များကို စိတ်ပါဝင်စွာ ပြုလုပ်လိုစိတ် မရှိတော့ပါ။ စွန်နသ်တော်ကို လိုက်နာလိုစိတ် ကုန်ခမ်းနေမည်။

* အလ္လာဟ်အရှင်မြတ်နှင့် ဝေးကွာမှု ဖြစ်လာမည်။
ဇိနာတွင် နစ်နေသူသည် အလ္လာဟ်ကို သတိမရ၊ သိလာဝသ်လုပ်ရန် စိတ်မပါ၊ နမားဇ်ဆောက်တည်လိုစိတ် မရှိ ဖြစ်လာ၏။

*နဗီ၏ ကျိန်စာကို ခံထိုက်သူ ဖြစ်လာ၏။
တမန်တော်မြတ်က ပြစ်မှု ကျူးလွန်သူ အမျိုးမျိုးတို့အပေါ် ကျိန်စာပို့ခဲ့သည်။ ဇိနာသည်လည်း ပြစ်မှုတစ်ခုပင်ဖြစ်ရာ ထိုကျိန်စာမှ မလွတ်ကင်းပေ။

* အလ္လာဟ်ရဟ်မသ်မှ မက်ကင်းသူ ဖြစ်လာ၏။
ဇိနာပြုသူ၏ စိတ်နှလုံးသည် အနည်းငယ်သော ကိစ္စရပ်တွင်လည်း အရှင့်၏ ရဟ်မသ်တော်မှ မျှော်လင့်ချက်မဲ့သွားသည်။ စိတ်ဓါတ်ကျသည့်ရောဂါ ဖြစ်လာ၏။

* နိဂုံး မကောင်းမည်ကို စိုးရိမ်ရ၏။
ဇိနာပြစ်မှု၏ အမှောင်သည် လူသားကို ဤမျှ အားနည်းစေသည်မှာ အဆုံးသတ် နိဂုံးမကောင်းမည်ကိုပင် စိုးရိမ်ရ၏။ အတွင်းပိုင်းဆိုင်ရာ ဆူဖီတို့က မိန့်သည်မှာ ဇိနာမှ သောဝ်ဗဟ်မဖတ်သူသည် နောက်ဆုံးအချိန်တွင် အီမာန်မှ လက်မဲ့ ဖြစ်တတ်ပါသည်။

ဇိနာ၏ အရင်ဆုံး တခါးပေါက်မှာ စိတ်ကူးယဉ်ခြင်း ဖြစ်၏။ စိတ်တွင်း၌ သူစိမ်းတစ်ဦးဦးနှင့် စိတ်ကူးယဉ်နေမည်။ အရသာ ယူနေမည်။ ထိုသို့ပြုခြင်းကြောင့် နှလုံးသား အမှောင်လွှမ်းလာသည်။ နှလုံးသားကို သောဝ်ဗဟ်၊ အိစ်သိဂ်ဖာရ်ဖြင့် ပြန်လည် လင်းဝင်းအောင် ပြုလုပ်ရပေမည်။

ယနေ့ ချက်တင်ဟူသည့် ဇိနာသည် အမွှေးအကြိုင်ဖြင့် လူတိုင်းထံသို့ စွဲမက်ဖွယ်ရနံပေးကာ သုံးစွဲရန် ဖိတ်ခေါ်နေသည်။ စာနဲ့ပဲ ပြောခြင်းပါ၊ ဘာစိတ်မှ မရှိဘူး၊ ရိုးရိုးသားသား ခင်ကြတာ၊ စ နောက် တာပါ။ သူ့ကို တကယ်ယူမလို့ (ယခုအထိ နိကဟ် မရှိသေး) စသဖြင့် ဇိနာကို စကားလုံးလဲ၍ ပြောင်းသုံးကြသည်။ လူတို့က အပြစ်ဟု မသတ်မှတ်ခြင်းကြောင့် ပြစ်မှုဖြစ်ခြင်းမှ လွတ်ကင်းသွားခြင်းမျိုး မရှိပါ။ ဇိနာသည် ဇိနာသာ ဖြစ်၏။

နိကဟ်သည် ဗရ်ကသ်ရှိစေ၍ ဇိနာသည် အဇားဗ်ရှိစေသည်။ ထို့ကြောင့် ...ဇိနာကို ရှောင် ... နိကဟ်ကို ဆောင် .. ပါ။

{အရှက်တရားနှင့် ကာအိနြေ္ဒ၊ အတွဲ - ၃ မှ ကောက်နှုတ်သည်။}
အလ်မုဖီးဒ်
ဟစ်ဂ်ျရီ ၁၄၃၆/ ရှအ်ဗာန်/ ၁/ ယောင်မုလ်အရ်ဗာအ်

(အထက်ပါ အကြောင်းအရာကို ကူးယူးပါက အလ်မုဖီးဒ်မှ ကူးကြောင်း ထည့်သွင်းရေးသားပါ။)