Thursday, May 21, 2015

ကိယာမသ်တွင် အသင့်ကို မေးမည့်အရာ

ကိယာမသ်နေ့တွင် အသင့်အား အသင်ကိုယ်တိုင် ပြုမူ ကျင့်ဆောက်တည်ခဲ့သည့် အရာများကို စစ်ဆေးမေးမြန်းမည် ဖြစ်၏။
အခြားသူ၏ ပြုမူခဲ့ခြင်းများကို အသင့်အားမေးမည်မဟုတ်ပါ။

ထို့ကြောင့် မိမိဘာဖြစ်နေလဲ၊ ဘာလုပ်နေလဲ၊ ဘာလုပ်ပြီးပြီလဲ ... ဟူသည့်အချက်ကို အရင်ကြည့်ပါ။
သူများ ဘာဖြစ်နေလဲ၊ ဘာလုပ်နေလဲ၊ ဘာလုပ်ခဲ့လဲ ဟူသည်တို့ကို မျက်စိဒေါက်ထောက် လိုက်မကြည့်နှင့်။

ကဗရ်တွင် အသင့်၏ လုပ်ဆောင်ချက်များကို မေးမည်ဖြစ်၏။
အခြားသူ၏ လုပ်ဆောင်ချက်ကို အသင့်အား မေးမည်မဟုတ်။

ကိယာမသ်နေ့ ကျင့်ဆောက်တည်မှုစာရင်းကို ပေးအပ်ရာတွင် အသင့်၏ စာရင်းကိုသာ ပေးမည်ဖြစ်ပြီး အခြားသူ၏ စာရင်းကို အသင့်အား လာပေးမည် မဟုတ်ပါ။

သူတစ်ပါးအပေါ် ဝေဖန်လေကန်နေခြင်းထက် မိမိ၏ ပြစ်မှုများ ချို့ယွင်းချက်တို့ကိုသာ စဉ်းစားဆင်ခြင် နေရမည်။

ကိယာမသ်တွင် မိမိရလဒ်ကောင်းရန် သူများတွေက လာရောက်ကူညီပေးမည် မဟုတ်ပါ။ မိမိကျိုးပမ်းခဲ့မှု၏ ရလဒ်ကသာ အသုံးဝင်မည် ဖြစ်သည်။

~အလ်မုဖီးဒ်~
ဟစ်ဂ်ျရီ ၁၄၃၆/ ရှအ်ဗာန်/ ၃/ ယောင်မုလ်ဂျွမ်အဟ်