Showing posts with label ဂျမာအသ်. Show all posts
Showing posts with label ဂျမာအသ်. Show all posts

Thursday, January 30, 2014

ရက်ပေါင်း (၄၀) တိတိ နမာဇ်အစကိုမှီသူအား လက်မှတ်နှစ်ခု ပေးအပ်ခြင်းအကြောင်း

အနတ်စ်ဗင်န်မာလစ်က် (ရသွေ့) သခင်ကဆင့်ပြန်ခဲ့သည်၊ ရစူလွလ္လာဟ် (ဆွ) ကိုယ်တော်ကမိန့်တော်မူသည်မှာ အကြင်သူရက်ပေါင်း (၄၀) တစ်စိတ်တစ်လက်(အိခ်လားစ်)ဖြင့် နမာဇ်ဝတ်ပြုရာ၌ သပ်က်ဗီရ်အူလာ(နမားဇ်၏ ပထမဦးဆုံးသပ်က်ဗီရ်) မှီလျှင် ထိုသူသည် လက်မှတ် နှစ်ခု ရပေသည်။ ပထမလက်မှတ်ကား ဂျဟန္နမ်ငရဲဘုံမှ လွတ်ကင်းသောလက်မှတ်ဖြစ်၍ ဒုတိယလက်မှတ်ကား မိုနာဖိက် (အရေခြုံ)မဟုတ်သော လက်မှတ်ဖြစ်ပေသည်။
(သိရ်မီဇီကျမ်း)

သပ်က်ဗီရ်အူလာသည် အေမာမ်ရှေ့ဆောင်ဆရာက နမာဇ်စတင်သောအခါ အလ္လာဟ်ဟို့အပ်က်ဗရ် ဟုဆို၍ လက်နှစ်ဖက်ကို နားအထိမြှောက်ခြင်း ဖြစ်ပေသည်။ ထိုသို့ ရက်ပေါင်း(၄၀)နမားဇ် အစမှီသူသည် ဂျဟန္နမ်ငရဲဘုံမှ လွတ်ကင်းသူဖြစ်သည်။ မိုနာဖိက်(အရေခြုံ) သည်ကား မိမိကိုယ်ကိုမွတ်စလင်ဟုဆို၍ စိတ်တွင်းဝယ် ကွဖ်ရ် မွေးမြူသူကို ဆိုပေသည်။

ရက်ပေါင်း (၄၀)ဟု သတ်မှတ်ခြင်းမှာ ပြောင်းလွဲသော အရာဝတ္ထုများသည် ရက်ပေါင်း (၄၀)ရှိပေသည်၊ လူသားသန္ဓေတည်ရာ၌ ရက်ပေါင်း (၄၀)မှာ ပြောင်းလွဲပေသည်၊ ကာလလရေကြည် ရက်ပေါင်း (၄၀)။ အသားတုံး ရက်ပေါင်း (၄၀)ထိုသို့ပင် ရက်ပေါင်း (၄၀)တွင် တစ်မျိုးပြီးတစ်မျိုး ပြောင်းလွဲသည်ဟု (ဟဒီးစ်) တော်မြတ်တွင် လာရှိပေသည်။

ဂျမာအတ် လွတ်သော်လည်း ဗလီသို့သွားရောက်က ဂျမာအသ် အကျိုးရခြင်းအကြောင်း
အဘူဟူရိုင်ရဟ် သခင်က ဆင့်ပြန်ခဲ့သည်၊ ရစူလွလ္လာဟ် (ဆွ) ကိုယ်တော်က မိန့်တော်မူသည်မှာ- အကြင်သူသေချာကျနစွာ ဝိုသူရေသန့်စင်၍ ဗလီဝတ်ကျောင်းတော်သို့ ရောက်သောအခါ ဂျမာအတ်ပြီးသွား ကြောင်းသိရမူလည်း ထိုသူသည် ဂျမာအသ်၏အကျိုးဆဝါဗ် ရပေသည်၊ ဂျမာအသ်ဖြင့် ဝတ်ပြုသော သူများထက်ဆဝါဗ်မလျှော့ဘဲ တန်းတူရပေသည်။
(အဘူဒါဝူးဒ် ၊နေစာအီ၊ ဟာကင်းမ်ကျမ်း။)

ဂျမာအသ်ဖြင့် ဝတ်ပြုရန် ဆန္ဒထား၍ ဗလီဝတ်ကျောင်းတော်သို့ သွားသည့်အတွက် ဂျမာအသ် မရငြားလည်း ဂျမာအသ် ၏ အကျိုး ဆဝါဗ် ကို အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူပေသည်၊ ထိုသို့ အလ္လာဟ်အရှင်မြတ်သည် အဖက်ဖက်မှ ကျွန်ုပ်တို့အတွက် ဆဝါဗ်ရစေရန် လမ်းညွှန်ခင်းပေးထားပါလျက် ပေါ့လျော့သူများအတွက် ဝမ်းနည်းမိပေသည်။

နမားဇ်ဝတ်ပြုရာတွင် လူများခြင်းဖြင့်ဆဝါးဗ်ပိုခြင်းအကြောင်း

ရစူလွလ္လာဟ်(ဆွ)ကိုယ်တော်က မိန့်တော်မူသည်မှာ လူနှစ်ယောက်တွင် တစ်ယောက်က အေမာမ်လုပ်၍ တစ်ယောက်က မွတ်က်သဒီအဖြစ်နှင့် နမားဇ် ဝတ်ပြုလျင် အလ္လာဟ်အရှင်မြတ်က လူလေးဦး တစ်ကိုယ်ချင်း ဝတ်ပြုသည်ထက် နှစ်သက်တော်မူပေသည်။ လူလေးဦး ဂျမာအသ်ကို (၈) ဦး တစ်ကိုယ်ချင်း ဝတ်ပြုသည်ထက်ပို၍ နှစ်သက်တော်မူသည်။ လူ(၈)ဦး ဂျမာအသ်ကို လူပေါင်း (၁၀၀) တစ်ကိုယ်ချင်းဝတ်ပြုသည်ထက် နှစ်သက်တော်မူသည်၊ ဂျမာအသ်တွင် လူများလေလေ၊ အလ္လာဟ်အရှင်မြတ် ပို၍ နှစ်သက်လေလေဖြစ်ပေသည်။
(ဗဇ်ဇာရ်ကျမ်းနှင့်တွာဗ်ရာနီကျမ်း)

အချို့သူတို့သည် အိမ်၌သော်၎င်း၊ ဆိုင်၌သော်၎င်း၊ (၂) ဦး၊ (၃)ဦး ဂျမာအသ် ပြု၍ ဝတ်ပြုလျှင်လုံလောက်သည်ဟု ထင်ကြပေသည်။ ထိုသို့ဝတ်ပြုခြင်းတွင် ဗလီဝတ်ကျောင်းတော်၏ သီးခြားသောအကျိုး ဆဝါဗ် မရရှိပေ။ ဂျမာအသ် များသောကြောင့် ပို၍ ရမည်ဖြစ်သော အကျိုး ဆဝါဗ်လည်း မရရှိပေ။

ဟဒီးစ် သြဝါဒ တော်တစ်ရပ်လာရှိသည်မှာ အလ္လာဟ်အရှင်မြတ်သည် သုံးမျိုးသောသူကိုမြင်၍၊ နှစ်သက် ပျော်ရွှင်တော်မူလေသည်။

၁။ ဂျမာအသ်၏ အတန်းများကို မြင်တော်မူ၍။

၂။ ညဥ့်ဝက်လောက်တွင် တဟဂျွဒ် နမာဇ်ဝတ်ပြုနေသူကို မြင်တော်မူ၍။

၃။ ကာဖီရ်များနှင့် စစ်ထိုးနေသူကို မြင်တော်မူ၍။

(ဂျာမေ့အစ်ွဂီးရ်ကျမ်း)
Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် အလ်မုဖီးဒ် ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Monday, December 30, 2013

ဂျမာအသ်ထွက်လျှင်ရရှိမည့်အကျိုးရလဒ်များ

၁။ အလ္လာဟ်အရှင်မြတ်ကျေနပ်နှစ်သက်တော်မူပေမည်။

၂။ အီမာန်တွင် စိုပြေလန်းဆန်းမှုရှိလာမည်။

၃။ အစ္စလာမ်သာသနာရှင်သန်လာမည်။

၎။ ကောင်းသောအမလ်များရှင်သန်လာမည်။

၅။ သက်တမ်းတွင် သာသနာ၏ လိုအပ်ချက်ကို သိရှိမှုဖြစ်လာမည်။

၆။ အရှင်မြတ်၏ ကြောက်စိတ် နှလုံးသာတွင်ဖြစ်ပေါ်လာမည်။

၇။ အရှင်နှင့် ဆက်သွယ်မှု ခိုင်မြဲလာမည်။

၈။ အချိန်တိုင်း အလ္လာဟ်အပေါ် အာရုံထားနိုင်သည့် အခွင့်အရေးရရှိလာမည်။

၉။ အရှင့်ထံတော်မှာသာ တောင်းခံတတ်လာမည်။

၁၀။ နှလုံးသားတွင် အလင်းရောင်ဖြစ်ပေါ်လာမည်။

၁၁။ နှလုံးသားတွင်ပျော်ရွှင်အေးချမ်းမှုကိုခံစားရမည်။

၁၂။ သက်တမ်းတွင်အေးချမ်းတည်ငြိမ်မှုရရှိမည်။

၁၃။ အာခေရသ်ကိုသတိရမှုဖြစ်လာမည်။

၁၄။ အချိန်တိုင်းသေချင်းတရားကိုသတိရမှုဖြစ်လာမည်။

၁၅။ ကွယ်လွန်မည့်အလျှင်သေခြင်းတရားအတွက်ပြင်ဆင်ထားနိုင်သောအခွင့်အရေးရရှိလာမည်။

၁၆။ ဒွန္နယာလောကအားတပ်မက်မှုကင်းသောအခွင့်အရေးရရှိမည်။

၁၇။ ပစ္စည်းဥစ္စာ၏အလိုရမ္မက်နည်းပါးလာမည်။

၁၈။ အီမာန်နှင့်တကွကွယ်လွန်သေဆုံးသူဖြစ်မည်။

၁၉။ ကွယ်လွန်ခါနီးအချိန်တွင်ကောင်းကင်တမန်များကသတင်းကောင်းပေးကြမည်။

၂၀။ ကဗရ်အတွင်း၌ပြေလည်သောဆက်ဆံမှုနှင့်ကြုံတွေ့ရမည်။

၂၁။ ကေယာမသ်နေ့တွင် အင်န်ရှာအလ္လာဟ် အရှင်မြတ်၏ ဂုဏ်ပြုခြင်းခံရမည်။

၂၂။ အလ္လာဟ်ရှင်မြတ်နှင့် အရှင်မြတ်၏တမန်တော်ထံမှ စစ်မှန်သောချစ်ခင်မှုပြုခြင်းခံရမည်။

၂၃။ အရှင်မြတ်၏အမိန့်တော်များကိုထမ်းဆောင်ရာ၌ လွယ်ကူမှုရှိမည်။

၂၄။ တမန်တော်မြတ်(ဆွ) စွန္နသ်တော်များမိမိ၏သက်တမ်းတွင် ထမ်းဆောင်နိုင်သူဖြစ်လာမည်။

၂၅။ တမန်တော်မြတ်(ဆွ)၏ စွန္နသ်တော်များ လူအများစုအတွင်း၌ရှင်သန်လာမည်။

၂၆။ နမာဇ်ဆောက်တည်သောသက်တမ်းဖြစ်လာမည်။

၂၇။ နမာဇ်ဆောက်တည်မှု လူအများစုအထဲတွင်ဖြစ်လာမည်။

၂၈။ ကျွန်ုပ်တို့၏ နမာဇ်ဝတ်ပြုမှုများမှန်ကန်လာမည်။

၂၉။ နမားဇ်အတွင်းရှိ အရည်အချင်းများ မိမိသက်တမ်းတွင်ဝင်ရောက်လာမည်။

၃၀။ ဗလီဝတ်ကျောင်းတော်များစည်ကားလာမည်။
၃၁။ ဗလီဝတ်ကျောင်းတော်များတွင် မြို့၊ ရွာတို့နှင့်ပက်သက်၍ဒိုအာတောင်းဆိုမှုများဖြစ်လာမည်။

၃၂။ ထိုဒိုအာများကြောင့် မြို့၊ ရွာများ စည်ပင်သာယာဝပြောလာမည်။

၃၃။ လူသားသည် မိမိသက်တမ်းရရှိခြင်း၏ ရည်ရွယ်ချက်ကို သဘောပေါက်နားလည်လာမည်။

၃၄။ လူသားဖြစ်ခြင်း၏တာဝန်မှာ အရှင်မြတ်၏ခ၀ပ်ကိုးကွယ်ခြင်းဖြစ်၍ တာဝန်ကျေနိုင်သည့် အရည်အချင်းရရှိလာမည်။

၃၅။ တမန်တော်မြတ်(ဆွ) အွမ္မသ်နောက်လိုက်တစ်ဦး၏ သက်တမ်းမွေးမြူသည့် နည်းစနစ်ကို နားလည်သဘောပေါက်လာမည်။

၃၆။ တမန်တော်မြတ်(ဆွ)၏ နောက်လိုက်တစ်ဦး၏ အထူးတာဝန်မှာဒအ်ဝသ်ကြိုးပမ်းမှုဖြစ်၍ တာဝန်ကျေပြွန်ပေသည်

၃၇။ သာသနာ့ပညာ စူးစမ်းရှာဖွေလိုသည့်ဆန္ဒများ ဖြစ်ပေါ်လာပေမည်။

၃၈။ သာသနာ့ပညာ၏တာဝန်ဝတ္တရားများသိရှိနားလည်လာမည်။
၃၉။ သာသနာ့ပညာရှင်များအား တန်ဖိုးထားတတ်သည့် စိတ်ဓါတ်များပေါက်ဖွားလာမည်။

၄၀။ ကောင်းမှုနှင့်မကောင်းမှုများ၏ တန်ကြေးများသိနားလည်လာမည်။
၄၁။ သာသနာ့ပညာနှင့်လက်တွေ့ကျင့်ဆောင်မှုတို့တွင်ဆက်သွယ်မှုရှိလာမည်။

၄၂။ မကောင်းမှုများမှ အရှင်မြတ်ထံဝန်ချတောင်းပန်သည့်အခွင့်ရေးရရှိလာမည်။

၄၃။ စိတ်ရိုင်းမှပြောင်းလဲမှုဖြစ်ပြီး အမိန့်နာခံသောစိတ်ဖြစ်လာမည်။
၄၄။ စိတ်ကြိုက်သက်တမ်းကိုစွန့်လွှတ်၍ အရှင်မြတ်နှစ်သက်သောသက်တမ်းမွေးမြူသူဖြစ်လာမည်။

၄၅။ စိတ်နှလုံးကျဉ်းကြပ်မှုနှင့် သောကဖိစီးမှုများအားလုံး အရှင်မြတ်၏လမ်းပေါ်တွင်ပပျောက်သွားပေမည်။

၄၆။ လောကီသောကကင်းဝေးသူ ဖြစ်လာမည်။ ဤသည်ပင် အရှင်ချီးမြင့်သော အကြီးမားဆုံးစည်းစိမ်တစ်ခုဖြစ်၏။
၄၇။ အရှင်မြတ်၏အဖန်ဆင်းခံများနှင့် ပတ်သက်၍ သောကပိုက်ထွေးနိုင်သည့်စွမ်းအား ရရှိလာမည်။ ဤသည်မှာ အေဗာဒသ် ထက်ပင်သာပိုမွန်မြတ်လေသည်။

၄၈။ ကောင်းမှုများအားလုံးတွင် စိတ်ဖြူစင်မှုရရှိလာမည်။

၄၉။ အရှင်မြတ်၏တာဝန်ဝတ္တရားများနှင့် လူသားများ၏တာဝန်ဝတ္တရားများသိရှိနားလည်လာမည်။

၅၀။ အရှင်မြတ်၏တာဝန်ဝတ္တရားများကိုကျေပြွန်စွာထမ်းဆောင်နိုင်သည့်အရည်အချင်း ရရှိလာမည်။

(တင်ပြသူ-ဟာဖိဇ်မုဟမ္မဒ်ဟစံန်)

အလ်မုဖီးဒ် (Al-mufeed)
ဆက်သွယ်ရန်
ဖုန်းထဲတွင် ထည့်သွင်းရန် Simple Islam.apk ဖိုင်ကို ကူးယူ Install လုပ်ထားပါ။