Thursday, January 30, 2014

မုဖီးဒ်ဘားသ် 3


အလျင်းရှည်လျားသော မက်ဆန္ဒများမထားသင့်ကြချေ။ အချိန်မရွေး မည်သည့်အသက်ရှုမှုသည် နောက်ဆုံးဖြစ်မည်ကို စဉ်းစားသင့်ကြသည်။ (အချိန်မရွေး၊ သေနိုင်သောကြောင့်တည်း)
ရစူလွလ္လာဟ်(ဆွ) ကိုယ်တော်က အာအေရှဟ်(ရသွေ့) သခင်မအား မိန့်တော်မူသည်၊ အကယ်၍ အသင်မသည် ကေယာမက်သ် ကမ္ဘာ့ တရားခွင်နေ့၌ ငါရစူလ်နှင့် အတုနေရန်အလိုရှိလျှင် သင်မသည် ဒွန္နယာ လောက၌ ခရီးသွားသူများ လမ်းခုလတ်၌ ခေတ္တနားနေကြသကဲ့သို့ နေထိုင်ကုန်၊ ပစ္စည်းကြွယ်ဝသူများအနီးအပါးတွင် ထိုင်ခြင်းမှ ရှောင်ကြဉ်ကုန်၊ အဝတ်အထည်ကို ဖာထေး၍ ဝတ်မရမှသာစွန့်ပစ်ကုန်။
အဘူအွစ်မာန်(ရဟေ့) သခင်ကဆိုသည်၊ ကျွန်ုပ်သည် အုမရ်(ရသွေ့) သခင်အား မင်ဗရ် ပလ္လင်ထက်တွင် ခွတ်ွဗဟ် ဖတ်ကြားနေသည်ကို တွေ့ရသည်၊ သခင်၏အင်္ကျီတွင်အဖာ(၁၂)ခုရှိသည်။
(တန်ဗီဟွလ်ဂါဖွေလီးန်ကျမ်း။)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် အလ်မုဖီးဒ် ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။


မုဖီးဒ်ဘားသ် 2


Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် အလ်မုဖီးဒ် ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။


မုဖီးဒ်ဘားသ် 1


Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် အလ်မုဖီးဒ် ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။


ရက်ပေါင်း (၄၀) တိတိ နမာဇ်အစကိုမှီသူအား လက်မှတ်နှစ်ခု ပေးအပ်ခြင်းအကြောင်း

အနတ်စ်ဗင်န်မာလစ်က် (ရသွေ့) သခင်ကဆင့်ပြန်ခဲ့သည်၊ ရစူလွလ္လာဟ် (ဆွ) ကိုယ်တော်ကမိန့်တော်မူသည်မှာ အကြင်သူရက်ပေါင်း (၄၀) တစ်စိတ်တစ်လက်(အိခ်လားစ်)ဖြင့် နမာဇ်ဝတ်ပြုရာ၌ သပ်က်ဗီရ်အူလာ(နမားဇ်၏ ပထမဦးဆုံးသပ်က်ဗီရ်) မှီလျှင် ထိုသူသည် လက်မှတ် နှစ်ခု ရပေသည်။ ပထမလက်မှတ်ကား ဂျဟန္နမ်ငရဲဘုံမှ လွတ်ကင်းသောလက်မှတ်ဖြစ်၍ ဒုတိယလက်မှတ်ကား မိုနာဖိက် (အရေခြုံ)မဟုတ်သော လက်မှတ်ဖြစ်ပေသည်။
(သိရ်မီဇီကျမ်း)

သပ်က်ဗီရ်အူလာသည် အေမာမ်ရှေ့ဆောင်ဆရာက နမာဇ်စတင်သောအခါ အလ္လာဟ်ဟို့အပ်က်ဗရ် ဟုဆို၍ လက်နှစ်ဖက်ကို နားအထိမြှောက်ခြင်း ဖြစ်ပေသည်။ ထိုသို့ ရက်ပေါင်း(၄၀)နမားဇ် အစမှီသူသည် ဂျဟန္နမ်ငရဲဘုံမှ လွတ်ကင်းသူဖြစ်သည်။ မိုနာဖိက်(အရေခြုံ) သည်ကား မိမိကိုယ်ကိုမွတ်စလင်ဟုဆို၍ စိတ်တွင်းဝယ် ကွဖ်ရ် မွေးမြူသူကို ဆိုပေသည်။

ရက်ပေါင်း (၄၀)ဟု သတ်မှတ်ခြင်းမှာ ပြောင်းလွဲသော အရာဝတ္ထုများသည် ရက်ပေါင်း (၄၀)ရှိပေသည်၊ လူသားသန္ဓေတည်ရာ၌ ရက်ပေါင်း (၄၀)မှာ ပြောင်းလွဲပေသည်၊ ကာလလရေကြည် ရက်ပေါင်း (၄၀)။ အသားတုံး ရက်ပေါင်း (၄၀)ထိုသို့ပင် ရက်ပေါင်း (၄၀)တွင် တစ်မျိုးပြီးတစ်မျိုး ပြောင်းလွဲသည်ဟု (ဟဒီးစ်) တော်မြတ်တွင် လာရှိပေသည်။

ဂျမာအတ် လွတ်သော်လည်း ဗလီသို့သွားရောက်က ဂျမာအသ် အကျိုးရခြင်းအကြောင်း
အဘူဟူရိုင်ရဟ် သခင်က ဆင့်ပြန်ခဲ့သည်၊ ရစူလွလ္လာဟ် (ဆွ) ကိုယ်တော်က မိန့်တော်မူသည်မှာ- အကြင်သူသေချာကျနစွာ ဝိုသူရေသန့်စင်၍ ဗလီဝတ်ကျောင်းတော်သို့ ရောက်သောအခါ ဂျမာအတ်ပြီးသွား ကြောင်းသိရမူလည်း ထိုသူသည် ဂျမာအသ်၏အကျိုးဆဝါဗ် ရပေသည်၊ ဂျမာအသ်ဖြင့် ဝတ်ပြုသော သူများထက်ဆဝါဗ်မလျှော့ဘဲ တန်းတူရပေသည်။
(အဘူဒါဝူးဒ် ၊နေစာအီ၊ ဟာကင်းမ်ကျမ်း။)

ဂျမာအသ်ဖြင့် ဝတ်ပြုရန် ဆန္ဒထား၍ ဗလီဝတ်ကျောင်းတော်သို့ သွားသည့်အတွက် ဂျမာအသ် မရငြားလည်း ဂျမာအသ် ၏ အကျိုး ဆဝါဗ် ကို အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူပေသည်၊ ထိုသို့ အလ္လာဟ်အရှင်မြတ်သည် အဖက်ဖက်မှ ကျွန်ုပ်တို့အတွက် ဆဝါဗ်ရစေရန် လမ်းညွှန်ခင်းပေးထားပါလျက် ပေါ့လျော့သူများအတွက် ဝမ်းနည်းမိပေသည်။

နမားဇ်ဝတ်ပြုရာတွင် လူများခြင်းဖြင့်ဆဝါးဗ်ပိုခြင်းအကြောင်း

ရစူလွလ္လာဟ်(ဆွ)ကိုယ်တော်က မိန့်တော်မူသည်မှာ လူနှစ်ယောက်တွင် တစ်ယောက်က အေမာမ်လုပ်၍ တစ်ယောက်က မွတ်က်သဒီအဖြစ်နှင့် နမားဇ် ဝတ်ပြုလျင် အလ္လာဟ်အရှင်မြတ်က လူလေးဦး တစ်ကိုယ်ချင်း ဝတ်ပြုသည်ထက် နှစ်သက်တော်မူပေသည်။ လူလေးဦး ဂျမာအသ်ကို (၈) ဦး တစ်ကိုယ်ချင်း ဝတ်ပြုသည်ထက်ပို၍ နှစ်သက်တော်မူသည်။ လူ(၈)ဦး ဂျမာအသ်ကို လူပေါင်း (၁၀၀) တစ်ကိုယ်ချင်းဝတ်ပြုသည်ထက် နှစ်သက်တော်မူသည်၊ ဂျမာအသ်တွင် လူများလေလေ၊ အလ္လာဟ်အရှင်မြတ် ပို၍ နှစ်သက်လေလေဖြစ်ပေသည်။
(ဗဇ်ဇာရ်ကျမ်းနှင့်တွာဗ်ရာနီကျမ်း)

အချို့သူတို့သည် အိမ်၌သော်၎င်း၊ ဆိုင်၌သော်၎င်း၊ (၂) ဦး၊ (၃)ဦး ဂျမာအသ် ပြု၍ ဝတ်ပြုလျှင်လုံလောက်သည်ဟု ထင်ကြပေသည်။ ထိုသို့ဝတ်ပြုခြင်းတွင် ဗလီဝတ်ကျောင်းတော်၏ သီးခြားသောအကျိုး ဆဝါဗ် မရရှိပေ။ ဂျမာအသ် များသောကြောင့် ပို၍ ရမည်ဖြစ်သော အကျိုး ဆဝါဗ်လည်း မရရှိပေ။

ဟဒီးစ် သြဝါဒ တော်တစ်ရပ်လာရှိသည်မှာ အလ္လာဟ်အရှင်မြတ်သည် သုံးမျိုးသောသူကိုမြင်၍၊ နှစ်သက် ပျော်ရွှင်တော်မူလေသည်။

၁။ ဂျမာအသ်၏ အတန်းများကို မြင်တော်မူ၍။

၂။ ညဥ့်ဝက်လောက်တွင် တဟဂျွဒ် နမာဇ်ဝတ်ပြုနေသူကို မြင်တော်မူ၍။

၃။ ကာဖီရ်များနှင့် စစ်ထိုးနေသူကို မြင်တော်မူ၍။

(ဂျာမေ့အစ်ွဂီးရ်ကျမ်း)
Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် အလ်မုဖီးဒ် ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

ယနေ့ထွက်လာသော Opposite Eye ဆိုတဲ့ Anti Islamic website ရဲ့ ကြောက်စရာ အစ္စလာမ် ဗိုင်းရပ်စ် ဆောင်းပါးအပေါ် ချေပချက်

By Mohammed Bilarl Rangooni
(31-1-2014 Fri 11:30 AM)

မွတ်စလင်မ်စိုးမိုးမှုကို ကြောက်တယ်တဲ့။ တကယ်ကြောက်ရမှာက လျှပ်ပေါ် လော်လီဝတ်စားဆင်ယင်ခြင်း စိုးမိုးမှု၊ ဒုစရိုက်စိုးမိုးမှု၊ အိမ်ထောင်မပြုအတူနေ စိုးမိုးမှု၊ ဘီယာယဉ်ကျေးမှု၊ နိုက်ကလပ်ယဉ်ကျေးမှုစိုးမိုးမှု၊ မောင်နဲ့နှမ သားနဲ့အမိ ကြည့်လို့မတော်တဲ့ ဗီဒီယို ရုပ်ရှင် စတိတ်ရှိုးစိုးမိုးမှု၊ ကေတီဗီ၊ မာဆတ်ယဉ်ကျေးမှု စိုးမိုးမှု၊ တရားမဝင် အမြှောင်မယားထားတဲ့ ယဉ်ကျေးမှု စိုးမိုးမှုတွေပါ။ မီဒီယာနဲ့ စာပေတွေက ဒါတွေကို တိုက်ခိုက်ရမှာ။ မွတ်စလင်မှာ အဲဒါအားလုံးကို တိုက်ဖျက်ထားတယ်။ ဒါ့ကြောင့် အဲဒါတွေနဲ့ စီးပွားရှာတဲ့ လူတွေက မွတ်စလင်မ်ကို ကြောက်ကြတယ်။

အစ္စလာမ်ဆန့်ကျင်ရေး တရားဟောရင် ပညာမဲ့ လူပြိန်းတွေ၊ အချောင်သမားတွေ၊ ကြာကူလီ၊ ယစ်ထုပ်၊ ဖိုးသုညတွေ ကတော့ ကြိုက်ကြမှာပါ။ ပညာတတ် လူတော်လူကောင်းတွေ မကြိုက်ပါ။

ဥရောပဟာ အထက်က စာရိတ္တ အညစ်အမှောင်ထဲမှာ နေရတာ ကြာလို့ Single Mother နဲ့ Living together ယဉ်ကျေးမှုနွံထဲမှာ ဥရောပရဲ့ သမီးပျိုတွေ နစ်နေတာ ဆယ်စုနှစ်နဲ့ ချီနေပါပြီ။ သူတို့ဟာ လူ့ဘဝရဲ့ တိကျပြည့်စုံတဲ့ အမှန်တရားတခုကို လိုအပ်လို့ ရှာဖွေနေကြပါတယ်။ စီးပွားရေးသမားတွေကလည်း အတိုးရဲ့ နွံမှာနစ်နေလို့ အတိုးမဲ့ လမ်းကြောင်းတခုကို ရှာဖွေနေကြပါတယ်။ ဟုတ်ပါတယ်။ အဲဒါတွေ အစ္စလာမ့် ယဉ်ကျေးမှုမှာ ရနိုင်ပါတယ်။ ဒါ့ကြောင့် နက်နဲသိမ်မွေ့စွာနဲ့ အရင်တုန်းက အမိုက်အမှောင်တွေကို တဖြည်းဖြည်း စွန့်ခွာနေပါတယ်။ ဒါဟာ ကမ္ဘာကြီးကို အစ္စလာမ်သာသနာ လွှမ်းမိုးအောင် မွတ်စလင်မ်တွေက လုပ်နေတာမဟုတ်ပါဘူး။ ကမ္ဘာကြီးက အစ္စလာမ်သာသနာကို လိုလားနှစ်သက်စွာ လေ့လာနေတာ၊ သင်ယူနေတာပါ။ မွတ်စလင်မ်အများစုဟာ အစ္စလာမ်ဘာသာရဲ့ ကျင့်ဝတ်တွေကို ၅၀ ရာခိုင်နှုန်းတောင် ပြည့်မီအောင် ကျင့်သုံးခြင်းမရှိကြသလို သိရှိမှုလည်း အားနည်းပါတယ်။ ဒါပေမယ့် အဓိကကျတဲ့ ကျင့်ဝတ်နဲ့ ယုံကြည်မှုတွေကိုတော့ ရာနှုန်းပြည့်နီးပါး သိရှိကျင့်သုံးကြပါတယ်။

အစ္စလာမ်ဆိုတာ နိုင်ငံရေး အတွေးအခေါ်တခုပဲ။ ဒါဟာ တကယ် ဟုတ်ခဲ့မယ်ဆိုရင်တောင် ခုခေတ်လူပြောများနေတဲ့ ဒီမိုကရေစီဆိုတဲ့ စည်းဘောင်မဲ့ လုပ်ချင်ရာ လုပ်ခွင့်ထက်တော့ သာပါတယ်။ အစ္စလာမ်မှာ လူတစ်ယောက် မွေးကင်းစကနေပြီး သေဆုံးတဲ့အချိန်အထိ စက္ကန့်တိုင်းတွေ့ကြုံရမယ့် ကိစ္စတွေအတွက် လမ်းညွှန်မှုတွေ ပါရှိပါတယ်။ မိတ်ဆွေဟာ သမ္မတတစ်ယောက်ဖြစ်ခဲ့မယ် ဆိုရင် အစ္စလာမ်ဟာ မိတ်ဆွေအတွက် နိုင်ငံရေးလမ်းညွှန်၊ အုပ်ချုပ်ရေး လမ်းညွှန်တစ်ခုပေါ့။ မိတ်ဆွေဟာ စစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်မယ်ဆိုရင် အစ္စလာမ်ဟာ မိတ်ဆွေအတွက် စစ်ရေး စစ်ရာ မဟာဗျူဟာ တစ်ခုပါ။ မိတ်ဆွေဟာ Geologist တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် အစ္စလာမ်ဟာ မိတ်ဆွေ လေ့လာနေတဲ့ ဘာသာရပ်အတွက် အတွေးအခေါ်ကောင်းတွေ သင်ပေးမှာပါ။ မိတ်ဆွေဟာ ဆေးပညာဆိုင်ရာ ပါရဂူတစ်ယောက်ဖြစ်မယ်ဆိုရင် အစ္စလာမ်ဟာ လူသားတို့ နေထိုင်ရမယ့်ပုံစံကို ညွှန်ပြတဲ့ သမားတော်လက်စွဲကျမ်းတခုပါ။ အကယ်လို့ မိတ်ဆွေဟာ အိမ်ထောင်ဦးစီး ဒါမှမဟုတ် အိမ်ရှင်မ ၊ သားသမီး၊ သားမက် ချွေးမ ဖြစ်ခဲ့မယ်ဆိုရင် အစ္စလာမ်ဟာ လူမှုဝတ္တရားကျမ်းစာအုပ်ကြီးပေါ့။ ဒါဆိုရင် ခုန နိုင်ငံရေးအတွေးအခေါ်တခုပဲ ဆိုတာ အစ္စလာမ်ကို နှိမ့်ချစော်ကားလိုက်တာပဲ၊ နိုင်ငံရေးထက် ပိုမြတ်တဲ့ အရေးတွေအတွက် အစ္စလာမ်မှာ အများကြီး ရှိပါတယ်။ လူအများ သိတဲ့ နိုင်ငံရေးဆိုတာ Dirty game တခုဖြစ်နေလို့ပါ။ မိတ်ဆွေအနေနဲ့ အစ္စလာမ်က ပြတဲ့ နိုင်ငံရေးကို သေချာလေ့လာပါ။ လူသားဆန်မှုတွေနဲ့ တရားမျှတမှုတွေကို တွေ့ရမှာပါ။ မြန်မာဘာသာနဲ့ ထုတ်ဝေထားတဲ့ ခလီဖာကြီး ၄ ပါး ဆိုတဲ့ စာအုပ်ကိုပဲ ဖတ်ကြည့်ပါ။ ဆရာ သိန်းဝင်း မြေထူး ရေးသားပါတယ်။

အစ္စလာမ်ဘာသာဝင် မဟုတ်သူတွေကို သတ်ရမယ်ဆိုတဲ့ စာပိုဒ် အစ္စလာမ့် ကုရ်အာန်မှာ မပါဝင်ပါ။ မိတ်ဆွေလေ့လာနေတဲ့ Anti-Islam တွေ ထုတ်ဝေဖြန့်ချိတဲ့ ကုရ်အာန်မှာ ပါရင်တော့ အစ္စလာမ်ဘာသာနဲ့ မဆိုင်ပါ။

မိုဟာမက်(ဆွလ္လလ္လာဟုအလိုက်ဟိဝစလ္လမ်) ဆိုတဲ့ ပုဂ္ဂိုလ်အကြောင်း စာအုပ်စာပေများစွာ မြန်မာဘာသာနဲ့ ထုတ်ဝေထားတာရှိပါတယ်။ သီရိပျံချီအလ်လာမဟ် ဆရာကြီး ဃာဇီဟာရှင်မ်ရေးသားတဲ့ တမန်တော်မြတ် အထ္ထုပ္ပတ္တိ က လုံလောက်တဲ့ ရှင်းလင်းချက်ကိုပေးနိုင်မှာပါ။ သူဟာ မိတ်ဆွေပြောသလို တရားသော စစ်ခေါင်းဆောင်လဲ ဖြစ်သလို အိမ်ထောင်ဦးစီးကောင်း၊ သမားတော်ကောင်း၊ စာရိတ္တပြုပြင်ရေးသမား၊ တော်လှန်ရေးသမားကောင်း၊ သမ္မတကောင်း၊ သံတမန်ကောင်း၊ လူ့အခွင့်အရေး ခေါင်းဆောင်ကောင်း၊ ဆင်းရဲသားတို့ရဲ့ ခေါင်းဆောင်ကောင်း၊ သူဌေးတို့ရဲ့ ညွှန်ကြားရေးမှုးကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်လို့ပဲ ရည်ညွှန်းတာ အရည်အချင်းတစ်ခုကိုပဲ ပြောလို့ ကျန်တဲ့အရည်အချင်းတွေကို ဆက်ပြောပြတာပါ။ မွတ်စလင်မ်မဟုတ်သူတွေက မွတ်စလင်မ်တွေကို ဘာလုပ်ခဲ့လို့ ပြန်လည်တိုက်ခိုက်ရတာလဲ လေ့လာပါ။ စစ်ဆိုတာ အကြောင်းမဲ့မတိုက်ပါ။ မိတ်ဆွေအနေနဲ့ အတွေးအခေါ် ဘေးမချော်ဘူးလို့ ထင်ပါတယ်။

ဂျူးတွေကို မျောက်၊ ဝက်လို့ မသမုတ်ပါဘူး။ သူတို့ထဲက ဥပုသ်နေ့မှာ ငါးမဖမ်းရ အမိန့်ကို သွယ်ဝိုက်ကျူးလွန်တဲ့လူတွေဘဲ ဖြစ်သွားတဲ့ အဖြစ်အပျက်ကို သင်ခန်းစာယူဖို့ အသိပေးထားတာပါ။ ဂါထာပေး တေးဖြစ်ဆိုတာ ဒါကိုခေါ်ပါတယ်။

အစ္စလာမ်တွေဟာ ဥရောပကို သိမ်းဖို့ မကြံစည်ခဲ့ပါဘူး။ ဒါပေမယ့် ဥရောပနဲ့ ဂျူးတွေက အစ္စလာမ်ကို အနုနည်း အကြမ်းနည်းနဲ့ ဘာသာပျက်အောင်၊ လူမျိုး တုန်းအောင် သတ်ဖြတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဂျူးတွေဟာ ပါလက်စတိုင်းမှာ အကြမ်းနည်းနဲ့ မွတ်စလင်မ်တွေကို သတ်ဖြတ်နေတယ်။ မွတ်စလင်မ်အိမ်ရာတွေကို ဘူဒိုဇာနဲ့ ကော်ပြစ်တယ်။ ဥရောပကတော့ အနုနည်းဖြစ်တဲ့ အတိုး၊ အရက်၊ မိန်းမ၊ လောင်းကစား၊ စည်းစိမ်ဥစ္စာနဲ့ အစ္စလာမ်ဆိုတာ မေ့သွားအောင် လုပ်တယ်။ အစ္စလာမ်မှာ ဘာသာရေးအခြေခံတဲ့ ဂိုဏ်းကွဲတွေ များစွာပေါ်လာအောင် အနုနည်း အသုံးပြုပြီး ကြိုးစားခဲ့တယ်။ အောင်မြင်သင့်သလောက် အောင်မြင်ပါတယ်။ မှန်းသလောက်တော့ မပေါက်ခဲ့ဘူး။ အာဖဂန်က တာလီဘန်လို မိုဂျာဟစ်ဒ်တွေနဲ့ စစ်မှန်တဲ့ သာသနာ့ ပညာရှင် သမိုင်းပညာရှင်တွေက အစ္စလာမ်ဘာသာဝင်တွေရဲ့ ယုံကြည်မှုတွေကို တည့်မတ်ထိန်းသိမ်းပေးနိုင်ခဲ့တယ်။ ကုန်ကုန်ပြောမယ်။ ခင်ဗျားတို့ Anti-Islam တွေ သိပ်ကြောက်တဲ့ အလ္လာဟ်အရှင်မြတ်ကိုယ်တိုင် ထိန်းသိမ်းတယ်။

ကျနော်တို့သိထားတဲ့ အနောက်တိုင်း လျှပ်ပေါ်လော်လီ၊ ကာမရာဂ အားပေး မြှူဆွယ်တဲ့၊ တရားဝင် အပျော်လိင်ဆက်ဆံခွင့်ရှိတဲ့၊ မိန်းမသားတွေကို ကျွန်လို သဘောထားတဲ့၊ မိန်းမသားတွေကို ယောက်ျားတွေရဲ့ ဖျော်ဖြေရေးလို့ သဘောထားတဲ့၊ အတိုး၊ အရက်၊ ဘီယာလွှမ်းခြုံထားတဲ့ မယဉ်ကျေးမှုကြီးကို အစ္စလာမ့်ယဉ်ကျေးမှုက အပြုတ်တိုက်နိုင်ရင် လူသားဆန်တဲ့ ဝါဒတစ်ခု ပေါ်ထွန်းလာဖို့ရှိပါတယ်။ ဒါဟာ ကမ္ဘာအတွက် ကောင်းတဲ့ အပြောင်းအလဲပါ။ အထက်က အလုပ်တွေကို စီးပွားဖြစ် လုပ်ကိုင်နေတဲ့လူတွေနဲ့ ပတ်သက်ရာတွေကတော့ ကြောက်ကြမှာပါ။

ဟော်လန်ဆိုတာ တနေ့ထားခဲ့ရမယ့် ကမ္ဘာကို ကောင်းမွန်တဲ့ အသုံးအဆောင်နဲ့ အစားအစာတွေ တင်ပို့နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီနိုင်ငံကို မွတ်စလင်မ်တွေအနေနဲ့ ဒီကမ္ဘာမှာတင်မက သေဆုံးပြီးနောက် ပြန်လည်ရှင်ပြန်ထတဲ့ အချိန်မှာ အသုံးဝင်မယ့် အစ္စလာမ့်ယဉ်ကျေးမှုနဲ့ နည်းစနစ်တွေ ပြန်လည်ပို့ဆောင်ပေးဖို့ တာဝန်ရှိပါတယ်။ ကျနော်ဆိုရင် ဟော်လန် နို့ဆီမှ အကောင်းဆုံးလို့ သတ်မှတ်တာပါ။ သူတို့ ဒီလို ကောင်းတာတွေ ထုတ်လုပ်ပေးတဲ့အတွက် သူတို့ကိုလည်း ကောင်းတဲ့ ယဉ်ကျေးမှုနဲ့ အနာဂတ် ဘဝ သာယာစေချင်တယ်ဗျာ။ ခရစ်ယာန်ဘုရားကျောင်းမှာ လူမရှိတာ ခရစ်ယာန်ဘာသာနဲ့ပဲ ဆိုင်တယ်လေ။ အစ္စလာမ်ဘာသာနဲ့မှ မဆိုင်တာဗျာ။ မရောချပါနဲ့။ ဗမာပြည်မှာလဲ ဘုန်းကြီးကျောင်း လူမသွားတာ၊ စေတီမှာ လူမစည်တာ ဗုဒ္ဓဘာသာနဲ့ပဲ ဆိုင်တယ်လေ။ အစ္စလာမ် ဘာသာနဲ့မှမဆိုင်တာ။

အမေရိကန်ကိစ္စ ခင်ဗျားပြောတာ အမှန်ပဲ ဆိုရင် သတင်းကောင်းပေါ့ဗျာ။ မြန်မာနိုင်ငံမှာ မွတ်စလင်မ် တက္ကစီသမားတွေက ဂျေဂျေက ဇယားတွေ၊ ကေတီဗီ၊ မာဆတ်၊ နိုက်ကလပ်က ဇယားတွေ.... သူများထက် ငွေပိုပေးပြီး ငှားတယ်ဆိုရင်တောင် မလိုက်ကြဘူးဗျ၊ မသိလို့ ပါသွားတာ တစ်ကဏ္ဍနော်။ ငါးပါးသီလ ဘယ်သူတွေ ပိုလုံလဲ လေ့လာပေါ့ဗျာ။ ဗုဒ္ဓဘာသာမှာ အရက်ကို မသောက်နဲ့ပဲ တားမြစ်တာ။ မချက်နဲ့၊ မသယ်နဲ့။ မရောင်းနဲ့ လို့ တားမှမထားပဲဗျ။ အစ္စလာမ်မှာက မသယ်နဲ့လို့ တားထားတယ်လေ။ လေ့လာပါ။ လိုအပ်ရင် ယူသုံးပါ။ ထမင်းမစားခင်နဲ့ ထမင်းစားပြီး လက်ဆေးတာကိုတောင် ယူသုံးလိုက်ပြီလေ။ အစ္စလာမ့် ဝတ်ပြုမှုတွေမလုပ်ခင် ကိုယ်လက်သန့်စင်တာကို ဘုန်းကြီးကျောင်းတွေမှာ ယူသုံးထားတာပဲ။ စေတီဘုရားတွေမှာလဲ ယူသုံးပါ။ ရပါတယ်။ ကျေးဇူးရှင်ကိုတော့ ကျေးမစွပ်နဲ့ပေါ့။

အစ္စလာမ့်ကျင့်သုံးမှုစနစ်တွေကို အားလုံးယူသုံးမယ်ဆိုရင် ခင်ဗျားတို့ ယောက်ျားတွေက မိန်းမမှန်သမျှ မျက်စေ့အစာ ကျွေးလို့မရတော့ဘူး။ အမျိုးသားအခွင့်အရေး ဆုံးရှုံးသွားမယ်။ မိန်းမတွေရဲ့ ဘယ်နေရာမဆို ဖုံးအုပ်ထားတဲ့အတွက် ခင်ဗျားတို့အခွင့်အရေးတွေ ဆုံးရှုံးသွားမယ်။ ဒါပါပဲ။ လွတ်လပ်ခွင့်တွေ၊ Living Together တွေ ဆုံးရှုံးသွားမယ်။ ကာစီနို၊ နိုက်ကလပ်၊ ကေတီဗီ၊ မာဆက်၊ အခွန်ရှောင်ခွင့်၊ လာဘ်စားခွင့် တွေဆုံးရှုံးသွားမယ်။ ခင်ဗျားအတွေးနဲ့ ခင်ဗျားမှန်တယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားက အဲဒီပတ်ဝန်းကျင်က လာတာကိုး။

အစ္စလာမ်ဘာသာနဲ့ လွတ်လပ်ခြင်းကြားက တိုက်ပွဲ။ ဟုတ်ပါတယ်။ အချစ်နဲ့စစ်မှာ မတရားတာမရှိပါဘူး။ ခင်ဗျားဟာ ဒါကို တိုက်ပွဲလို့ ယူဆမယ်ဆိုရင် အောင်နိုင်သူကို မတရားဘူးလို့ မပြောကြေးနော်။ ဒါပေမယ့် လွတ်နေတာလဲ မကောင်းသလို လပ်နေတာလဲ မကောင်းပါဘူး။ အဲဒီနှစ်ခုပေါင်းလိုက်တော့ လွတ်လဲလွတ် လပ်လဲလပ် ဆိုတော့ ပိုမကောင်းပါဘူး။ အစ္စလာမ်က စည်းနဲ့ကမ်းနဲ့ လွတ်လပ်ခြင်းတွေကို ပေးထားပါတယ်။ အမှန်တရားကိုလေ့လာပါ။ အမုန်းတရားကို မလေ့လာပါနဲ့။

မွတ်စလင်မ်တို့ ဝတ်ပြုရာ အဆောက်အဦကို မတ်စ်ဂျိဒ် လို့ခေါ်ပါတယ်။ အဲဒီမတ်စ်ဂျိဒ်တွေထဲကို ခင်ဗျားဝင်ကြည့်ပါ။ ဆိတ်ငြိမ်မှု၊ တရားအားထုတ်မှုနဲ့ အချိန်မှန် ဝတ်ပြုတာတွေ ၊ ကျမ်းစာဖတ်ရွတ်တာတွေ၊ တရားလမ်းမှန် ဟောကြားတာတွေကိုပဲ ကြားရမှာပါ။ အပြင်က မနာလိုသူတွေရဲ့စကားကို မယုံပါနဲ့။ ခင်ဗျားစီးပွားရေးတခု လုပ်မယ်ဆိုရင် အပြင်လူစကားထက် စီးပွားရေးလုပ်နေတဲ့လူရဲ့စကားကို ပိုအလေးထားတယ်မဟုတ်လား။ ခင်ဗျားရဲ့ ကွယ်လွန်ပြီးနောက် ရှေ့ဆက်ရမယ့် ခရီးရှည်အတွက် ဘယ်လို ပြင်ဆင်ခဲ့သလဲ၊ ဘေးကလူပြောစကားထက် တကယ်ပြင်ဆင်နေတဲ့ မွတ်စလင်မ်တွေနဲ့ ထိတွေ့ ဆက်ဆံပါ။ သူတို့ထံက နည်းစနစ်ယူပါ။

ခင်ဗျားက ခင်ဗျားနဲ့မတူတဲ့လူကို မိစ္ဆာဝါဒလို့ပြောရင် ကျနော်ကလည်း ခင်ဗျားဝါဒကို မိစ္ဆာဝါဒလို့ ပြောမယ်ဗျာ။ ဒါဆိုရင် ရှုပ်ကုန်မှာပေါ့။ ကမ္ဘာ့ကောင်းကျိုးအတွက် စဉ်းစဉ်းစားစား ခေါင်းစဉ်တပ်ပါ။ အစ္စလာမ်ဟာ နူးညံ့သိမ်မွေ့တဲ့ လူတိုင်းလက်ခံနိုင်တဲ့ ဘာသာ၊ လူမှုရေး ကျင့်ဝတ်ဖြစ်တယ်ဆိုတာ ခင်ဗျားအရှေ့က အစ္စလာမ်လက်ခံလိုက်တဲ့ လူတွေက ခင်ဗျားကို ပြန်ရှင်းပြပါလိမ့်မယ်။

မွတ်စလင်မ်ကမ္ဘာဆိုတာ ခရစ်ယန်ကမ္ဘာနဲ့ ဘာကွာသလဲ။ ခရစ်ယန်ကမ္ဘာရှိရင် မွတ်စလင်မ်ကမ္ဘာလဲရှိမှာပေါ့။ ဒါမှမဟုတ်ရင် ကမ္ဘာပဲ ရှိမယ်။ Prefix တွေဖြုတ်လိုက်ပါ။ လူသားတွေကို Brain wash မလုပ်ပါနဲ့၊ misunderstand ဖြစ်အောင် မလုပ်ပါနဲ့။

နတ်ကိုးကွယ်မ၊ှု ယဇ်ပူဇော်မှု၊ လူကျွေးမှု၊ တွေကိုတောင် ရှေးဟောင်းဘာသာတရားတွေလို့ ခင်ဗျားတို့ သတ်မှတ်ပြီးမှ အခြေခံဥပဒေထဲမှာ အစ္စလာမ်ဘာသာကို ပုဒ်မနဲ့ တားဆီးဖို့ ဆိုတာ။ ခင်ဗျားတို့ ကြိုးစားကြည့်လေ။ ခင်ဗျားတို့ကို လူဖြစ်အောင် အတွေးအခေါ် အတတ်ပညာ နည်းပညာ သမိုင်းနဲ့ နိုင်ငံရေး ဥပဒေ သင်ကြားပေးခဲ့တဲ့ ပညာရှင်တွေက ထောက်ခံလား၊ ကန့်ကွက်လား သိရတာပေါ့။ ခရစ်ယန်ဘာသာထဲ လူတွေဝင်ရောက်တာကို ခင်ဗျား ဝမ်းသာမယ်၊ ဗုဒ္ဓဘာသာထဲ လူတွေ ဝင်ရောက်တာကို ခင်ဗျား ဝမ်းသာမယ်၊ စေတီ၊ ချာ့ခ်ျတွေမှာ လူများတာကို ခင်ဗျား ဝမ်းသာမယ်ဆိုရင် ... အစ္စလာမ်ဘာသာထဲကို လူတွေ ဝင်ရောက်တာ၊ မတ်စ်ဂျိဒ်တွေမှာ လူများတာတွေကိုလည်း ဝမ်းသာရမှာပေါ့။ ခင်ဗျားမှာ မျှတတဲ့ အတွေးအခေါ်ရှိရင်လေ။ ကျုပ်ကတော့ ဘယ်ဘာသာရေး နေရာဖြစ်ဖြစ် လူများလေ ကြိုက်လေပဲ၊ အဲဒီနေရာတွေက ငြိမ်းချမ်းမှုကို ဖော်ဆောင်ပေးနိုင်တယ် မဟုတ်လား။

အစ္စလာမ်က ဘာသာမဟုတ်ဘူးတဲ့။ ထားပါတော့။ Religion နဲ့ System ကိုခွဲပြမယ်။ System တခုမှာ လူတိုင်းလက်ခံနိုင်တဲ့ အရာတွေ ပါဝင်နေတယ်။ လူမှုရေးစနစ်၊ အိမ်ထောင်ရေးစနစ်၊ သိပ္ပံနည်းကျ စနစ်၊ အစ္စလာမ့် System မှာလည်း လူတိုင်းလက်ခံနိုင်တဲ့အရာတွေ အများစု ပါဝင်တယ်။ Religion ကိုတော့ လူတိုင်းလက်မခံဘူးဗျ။ Religion မှာ သက်သေ အထောက်အထား ပြစရာမလိုဘူး။ ဒါမှမဟုတ် လူ့ ဦးနှောက်လိုက်မီအောင် အထောက်အထားမရှိဘူး၊ အစ္စလာမ်ဟာ ဘာသာတရားတခု မဟုတ်ဘူးလို့ ခင်ဗျားသုံးသပ်လိုက်တာက အစ္စလာမ်ရဲ့ System တွေကို ခင်ဗျားက လူတွေ လက်ခံမယ်၊ ကျင့်သုံးမယ်လို့ ယူဆလိုက်တာပါ။ ခင်ဗျားကိုယ်တိုင် လက်ခံတာလဲ ပါမယ်။ ဒါပေမယ့် ခင်ဗျားက အစ္စလာမ့်ရဲ့ Religion ကို လက်မခံနိုင်ဘူးလေ။ အစ္စလာမ့် System တွေကို အစ္စလာမ်မဟုတ်တဲ့ အခြားသူတယောက်က အစ္စလာမ့်ခေါင်းစဉ်အောက်က မဟုတ်ဘဲ ပြောခဲ့ရင် ခင်ဗျားနဲ့တကွ ကမ္ဘာကြီးတစ်ခုလုံး အဲဒီစနစ်တွေကို လက်ခံလိုက်မယ်။ ဟုတ်လား။ ခင်ဗျားနှလုံးသားကို မေးကြည့်ပါ။ အစ္စလာမ့်ရဲ့ Religion မှာ အလ္လာဟ်အရှင်မြတ်ကို ယုံရမယ်။ တမန်တော်မိုဟမ္မဒ်ကို လက်ခံရမယ်။ ဒါတွေကို ခင်ဗျား လုံးဝလက်မခံနိုင်ဘူးလေ။ အဲဒါတွေကလည်း အရှင်မြတ် အလင်းတရား ပေးတဲ့လူတွေမှ ယုံကြည်ခွင့်ရတာပါ။

ခင်ဗျား အသားလုံးဝမစား၊ အပင်လုံးဝမစားပဲ နေနိုင်တဲ့နေ့ ဟလာလ် နဲ့ လည်လှီးခြင်းကို ဝေဖန်ပါ။ အမေရိကန်၊ အစ္စရေးမှာ အနုမြူလက်နက် တစ်ခုမှ မရှိတော့တဲ့နေ့နဲ့၊ ခင်ဗျားလို ဘာသာတရားကို ဗန်းပြပြီး အမုန်းတရားနဲ့ ရန်တိုက်ပေးတဲ့ လူတွေမရှိတော့တဲ့နေ့မှ ဂျေဟားဒ်ကိုဝေဖန်ပါ။ ကာလသားရောဂါနဲ့ ဂနိုကျတဲ့ရောဂါတွေ ကမ္ဘာပေါ်မှာ ပျောက်ကွယ်တဲ့နေ့မှ လိင်အင်္ဂါ ထိပ်ဖုံးအရေပြားတွေ ဖြတ်တောက်တာကို ဝေဖန်ပါ။ ဥပဒေ ဆိုတာ လုံးဝမလိုအပ်ဘူးလို့ ကမ္ဘာ့လူသားထုတရပ်လုံး အတည်ပြုပြီးမှ ရှရှီအသ်ဥပဒေကို ဝေဖန်ပါ။

အမြင်မှန်စေသူ အမှန်တရား ဘက်တော်သား

Mohammed Bilarl Rangooni...

ဖန်ဆင်းရှင် ရှိခြင်း၏ သက်သေ

စဉ်းစားစမ်းပါ

ကျွန်ုပ်တို့လူသားများသည် ပထဝီမြေကြီးအပေါ်တွင်သွားလာ လှုပ်ရှားနေကြသည်ဟု ထင်ကြသည်။ သို့သော်အမှန်မှာ ကျွန်ုပ်တို့သည် ပထဝီမြေကြီးအောက်ဘက်၌ ဇောက်ထိုးတွဲလျားကျလျက်ရှိ နေကြသည်။ တစ်နည်းဆိုရလျှင် ပထဝီမြေကြီးသည် စကြာဝဠာကြီးတွင် ဘောလုံးကဲ့သို့တွဲလျားချိတ်ထားခံရ၍။ ပတ်ပတ်လည်တွင် လူသားများနေထိုင်လျက်ရှိနေကြ၏။ အချို့သည် မြန်မာနိုင်ငံဟု ခေါ်တွင်သော အစိတ်အပိုင်းပေါ်တွင် ရှိကြ၏။ အချို့က အာရေးဗီးယားဟု အမည်တွင်သော အစိတ်အပိုင်းပေါ်တွင်ရှိနေကြ၏။ တစ်ဖန်ပထဝီမြေကြီးသည် ရပ်တန့်လျက်ရှိသည် မဟုတ်၊ တစ်နာရီလျှင်မိုင်တစ်ထောင်နှုန်းဖြင့် အဆက်မပြတ်လည်ပတ်လျက်ရှိနေ၏။ ကမ္ဘာကြီးသည်အထက်ပါနှုန်းဖြင့် အဆက်မပြတ်လည်ပတ်လျက် ရှိနေသဖြင့် ဘီးတစ်ခုပေါ်တွင် ကျောက်စရစ်ခဲများစီထား၍ အားကုန်လှည့် လိုက်ပါက ကျောက်စရစ်ခဲများ လွင့်စဉ်သွားသကဲ့သို့ ကျွန်ုပ်တို့သည်လည်း လွင့်စဉ်သွားသင့်သည်။ သို့သော်ဤသို့ လွင့်စဉ်ခြင်းမရှိ၊ အဘယ်ကြောင့်ဆိုသော် တစ်ဖက်တွင် ပထဝီမြေကြီးသည် အချိုးကျကျ ကျွန်ုပ်တို့အားဆွဲငင် ထား၍၊ အခြားတစ်ဖက်တွင် လေထုကြီးသည်လည်းအချိုးကျကျကျွန်ုပ်တို့အား ဖိထားသောကြောင့်ဖြစ်သည်။ အထက်ပါအရာ နှစ်ခုသည် ကမ္ဘာပေါ်တွင် ရှိရှိသမျှသောအရာဝထ္ထုများကို ပထဝီမြေကြီးမည်သော ဘောလုံးပေါ်တွင်လေးဘက်လေးရံမှ ချိတ်ဆွဲထားနိုင်လေသည်။ လေထုကြီးသည် လူသားတို့၏ ခန္ဓာကိုယ်၏ တစ်လက်မပတ်လည်နေရာပေါ်တွင် ၁၅.၅ ပေါင်နှုန်းဖြင့် ဖိထား၏။ ဤသို့ဖိထားခြင်းကို ကျွန်ုပ်တို့လူသားများကမသိကြချေ။ အဘယ်ကြောင့်ဆိုသော် ကျွနု်ပ်တို့ ခန္ဓာကိုယ် အတွင်းရှိ သွေးကြောများအတွင်းရှိသွေးများသည် လည်းတစ်လက်မပတ်လည်လျှင် ၁၅ပေါင် ၈အောင်စနှုန်းဖြင့် တွန်းလျက်ရှိနေသောကြောင့်ဖြစ်သည်။

ကျွန်ုပ်တို့လူသားများသွားလာလှုပ်ရှားနေကြသော ဤပထဝီမြေကြီးသည် မိမိလမ်းကြောင်းပေါ်တွင် ၂၄ နာရီ လျှင်တစ်ပတ်ရစ်ပတ်ပြီး၊ နေ သည်မိမိလမ်းကြောင်းပေါ်တွင် တစ်နာရီလျှင်မိုင် တစ်ထောင်နှုန်းဖြင့် လည်ပတ်လျက်ရှိသည်။ အကယ်၍၊ တစ်နာရီလျှင်မိုင်နှစ်ရာနှုန်းသာ ရစ်ပတ်ပါက နေ့တာနှင့်ညတာများသည် လက်ရှိအချိန်ထက် ဆယ်ဆစီရွေ့လျားသွားမည်ဖြစ်သည်။ ထိုအခါ နေနှင့်ကြာမြင့်စွာ ထိတွေ့မှုကြောင့် သစ်ပင်မြက်ပင်များ လောင်ကျွမ်းသွားမည်ဖြစ်သည်။ အလောင်မခံရသော အပင်များရှိနေပါကလည်း ရှည်လျားသောညတာ၏ နှင်းရည်များဖြင့် ပျက်စီးသွားချေမည်။

ကျွန်ုပ်တို့အဖို့ အသက်ရှင်နိုင်ရန် အရေးပါသည့်အခန်းကဏ္ဍ၌ပါဝင်နေသော နေ သည်တစ်သောင်းနှစ်ထောင်ဖာရင်ဟိုက် ဒီဂရီ ပူလျက်ရှိပြီး ပထဝီမြေထက်မိုင်ပေါင်းသိန်းကိုးရာသုံးဆယ် ဝေးလံ၏။ အံ့သြစရာ ကောင်းသည်မှာ ကမ္ဘာနှင့်နေ သည်နီးကပ်လာခြင်းမရှိဘဲ၊ ပုံမှန်ဝေးလျက်ရှိနေ၏ ဤအချက်သည် ကျွန်ုပ်တို့အဖို့ အလွန်အရေးပါလျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော်၊ အကယ်၍ နေ သည်ယခုတည်ရှိနေသော နေရာမှအတိုင်းအတာတစ်ဝက်လောက် နီးကပ်လာပါက မြေပထဝီအပေါ်ရှိ စက္ကူများသည်ပင် လောင်ကျွမ်းသွားပေမည်။ တစ်ဖန် နေ သည်ယခုတည်ရှိနေသော နေရာမှအထက်သို့ နှစ်ဆမျှဝေးကွာသွားပါက အအေးဓာတ်လွန်ကဲ၍ လူသားများအသက်ရှင်နိုင်ကြမည်မဟုတ်ချေ။

ဤကဲ့သို့ပင်၊ အကယ်၍ မြေပထဝီ နှင့် နေ ၏အကြားအလယ်တွင် နေ ထက် အပူဓါတ်အဆပေါင်းတစ်သောင်းများသော ကြယ် တစ်ပွင့် ရောက်လာပါက ကျွန်ုပ်တို့နေထိုင်ကြသော ပထဝီမြေကြီးသည် မီးဖိုကြီးသဖွယ်ဖြစ်သွားချေမည်။

တစ်ဖန်ဤ ပထဝီမြေကြီးသည် တစ်နှစ်လျှင်စက်ဝိုင်း ၂၃ ခုပြုလုပ်လျက် စကြာဝဠာကြီး၏ အောက်ဘက်သို့ညွတ်၍ ရွေ့လျားလျက်ရှိသည်။ ဤသို့နိမ့်ဆင်းလာမှုကြောင့် ကျွန်ုပ်တို့သည် ရာသီဥတုအမျိုးမျိုးကို ရရှိကြသည်။ ရာသီဥတုပြောင်းလွဲမှုကြောင့် ပထဝီမြေကြီးသည် သစ်ပင်များပျိုးနိုင်၊ ပေါက်နိုင်သော အရည်အချင်းကို ရရှိလေသည်။ ထိုသို့အရည်အချင်းရရှိလာသည့်အတိုင်း လူသားများသည် အသီးအနှံများကို ရရှိကြလေသည်။

အထက်၌တင်ပြခဲ့သည့်အတိုင်း အကယ်၍၊ ပထဝီမြေကြီးသည် အောက်ဘက်သို့ညွတ်ကိုင်း၍ မလာပါကဝင်ရိုးစွန်းနှစ်ဖက်သည် အမှောင်အတိဖြစ်နေမည်ဖြစ်သည်။ တစ်ဖန် သမုဒ္ဒရာအတွင်းရှိ အခိုးအငွေ့များသည် ပထဝီမြေကြီး၏ တောင်ဘက်သို့၎င်း၊ မြောက်ဘက်သို့လည်းကောင်း ရွေ့လျားသွားမည်ဖြစ်သည်။ ထိုအခါ ပထဝီမြေကြီးသည် ရေခဲပြင်ဖြစ်သွားချေမည်။ သို့မဟုတ် လွင်တည်းခေါင်ဖြစ်ချေမည်။ ဤနည်းနှင်နှင် ပထဝီမြေကြီးသည် အကယ်၍ ညွတ်ကိုင်းလာခြင်းမရှိပါက။ ၎င်းအပေါ်တွင် လူသားများနှင့်အခြားသက်ရှိသတ္တဝါများသည် အသက်ရှင်နိုင်မည်မဟုတ်ချေ။

ယခုအချိန်အထိ ပထဝီမြေကြီး စနစ်တကျ လည်ပတ်လျက် ရှိနေခြင်းမှာ၊ ဤကမ္ဘာကြီးကို စီမံနေသူ တစ်ဦးရှိကြောင်း ညွှန်ပြလျက်ရှိသည်။ အကယ်၍ စီမံသူတစ်ဦးမရှိပါက ဤကဲ့သို့ စနစ်တကျ လည်ပတ်နိုင်မည် မဟုတ်ချေ။ ဤသို့စနစ်တကျဖြစ်ရန် စီမံနေသူသည် အလ္လာဟ်အရှင်မြတ် ဖြစ်သည်ကို
---- အို ---- လူသား---- 
အသင်စိတ်အေးအေးနှင့်စဉ်းစားစမ်းပါ။

(မော်လာနာဟာရူးန်လူလာသ်-မဟ်မူဒီ-)

(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် အလ်မုဖီးဒ် ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Saturday, January 25, 2014

ကိုယ်တော်မြတ်(ဆွ)သည် အခြားသောနဗီများထက် အချက် (၆) ချက်သာပိုမွန်မြတ်ခြင်း

ဟဇရသ်အဗူဟုရိုင်ရဟ်(ရသွေ့) ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ) အမိန့်ရှိတော်မူသည်။ ငါကိုယ်တော်မြတ်သည် အခြားသော နဗီများထက် အချက်(၆) ချက်တွင် သာပိုမွန်မြတ်ပေသည်။ ၎င်းတို့မှာ

(၁) ငါကိုယ်တော်မြတ်သည် ကလေမဟ်တော်၏ အနှစ်ချုပ်တစ်နည်းအားဖြင့် အမျိုးမျိုးသော အဓိပ္ပါယ်နှင့်ပြည့်စုံသော ကလေမာကို ချီးမြှင့်ခြင်းခံခဲ့ရပေသည်။

(၂)အရှိန်အဝါအားဖြင့် ငါကိုယ်တော်မြတ်အား အကူအညီပြုခဲ့သည်။(အလ္လာဟ်ရှင်မြတ်သည် ရန်သူများ၏ စိတ်နှလုံးထဲ၌ ငါကိုယ်တော်မြတ်အား အရှိန်အဝါဖြင့်ကြောက်ရွံ့ တုန်လှုပ်စေခြင်းများထည့်ပေးထားသည်။)

(၃)ဂနီမသ် စစ်သုံ့ပန်းပစ္စည်းများကို ငါကိုယ်တော်မြတ်အတွက် ဟလာလ်(သုံးစွဲခွင့်)ပြုပေးထားသည်။
(အလျင်က အွမ္မသ်သားများအဖို့ စစ်သုံ့ပန်းပစ္စည်းများကို မီးဖြင့်လောင်မြိုက်စေခဲ့သည်။)

(၄) ငါကိုယ်တော်မြတ်အတွက် ဤမြေပထဝီအားလုံးကို ဗလီဝတ်ကျောင်းတော်အဖြစ်ပြုပေးထားပေသည်။ (ယခင်အွမ္မသ်များအဖို့မူ အိဗာဒသ်ခဝတ်မှုပြုရန်အတွက် သီးသန့်သတ်မှတ်ထားသောနေရာများ၌သာ ဝတ်ပြုခွင့်ရှိပေသည်။) ၎င်းအပြင် ဤမြေပထဝီရှိ(မြေအားလုံးကိုလည်း ) ငါကိုယ်တော်မြတ်အတွက် သန့်ရှင်းမှုပြုပေးထားပေသည်။ (မြေဖြင့်သယမုမ်ပြု၍လည်း) သန့်ရှင်းမှုပြုနိုင်သည်။
ထို့ပြင် ခရီးလမ်းအား တိုတောင်းစေတော်မူပေသည်။ ဆိုလိုသည်မှာ ကိုယ်တော်ခရီးသွားရာတွင် မြေပထဝီအားကျုံစေလိုက်သည်။

(၅) ငါကိုယ်တော်မြတ်အား အဖန်ဆင်းခံအားလုံးတို့အပေါ်၌ နဗီအဖြစ်နှင့် ခန့်အပ်စေလွှတ်တော်မူခဲ့သည်။ (ယခင်က ပွင့်လေသမျှသော နဗီရစူလ်တမန်တော်များမှာမူကား သတ်မှတ်ထားသော မျိုးနွယ်များအတွက်သာ စေလွှတ်ခဲ့ခြင်းဖြစ်သည်။)

(၆)နဗီရစူလ်ပွင့်ပေါ်ခြင်းအစဉ်အလာကိုလည်း ငါကိုယ်တော်မြတ်အားဖြင့် အဆုံးသတ်စေခဲ့သည်။ ဆိုလိုသည်မှာ ငါကိုယ်တော်မြတ်၏ နောက်တွင် မည်သည့်နဗီရစူလ်တမန်တော်မျှ ပွင့်ပေါ်လာတော့မည်မဟုတ်ချေ။ (မွတ်စ်လင်မ်)

အလ်မုဖီးဒ်



Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

ဤသို့ကျင့်ကြံနေထိုင်ပါ

ဟဇရသ်အဗူဂျုရိုင်ဂျာဗစ်ရ်ဗင်န်ဆုလိုင်မ်(ရသွေ့) ကအမိန့်ရှိသည်။ ကျွန်ုပ်သည် တမန်တော်မြတ်(ဆွ) အား ကျွန်ုပ်အား ဆုံးမရန်လျှောက်ထားခဲ့သည်။ တမန်တော်မြတ်(ဆွ)က အမိန့်ရှိတော်မူသည်။ မည်သည့်အခါမျှပင်ဖြစ်စေ အခြားသူများကို ဆဲရေးတိုင်းထွာခြင်းမပြုနှင့် ။ ဟဇရသ် အဗူဂျုရိုင်အမိန့်ရှိသည်။ ကျွန်ုပ်သည် ဤမိန့်ခွန်းကိုကြားနာရပြီးနောက်တွင် မည်သည့်အခါမျှပင် အခြာသူများအား ဆဲရေးတိုင်းထွာခြင်းမပြုတော့ချေ။ လွတ်လပ်သူများကိုဖြစ်စေ၊ ကျွန်များကို ဖြစ်စေ၊ ကုလားအုပ်များ၊ ဆိတ်များကိုပင် မဆဲတော့ချေ။ ထို့အပြင် တမန်တော်မြတ်(ဆွ) အမိန့်ရှိသည်မှာ မည်သည့်ကောင်းမှုကိုပင်ဖြစ်စေ သေးငယ်သည်ဟုသဘောထား၍ လက်မလွှတ်နှင့်။(မည်မျှဟူမူ) မိမိညီနောင်မွတ်စ်လင်မ်များအား ပြုံးရွှင်စွာစကားပြောဆိုခြင်းသည်ပင် ကောင်းမှုကုသိုလ်၌ အကျုံးဝင်သည်။ မိမိပုဆိုး၊ ဘောင်းဘီအား ခြေသလုံးတဝက်ထိမြင့်အောင်ဝတ်ပါ။ အကယ်၍ ဤမျှတိုင်မြင့်အောင်မဝတ်နိုင်ပါက အနည်းဆုံးခြေမျက်စိအပေါ်မြင့်အောင်ဝတ်ပါ။ ပုဆိုး၊ ဘောင်းဘီကိုခြေမျက်စိဖုံးအောင် ဝတ်ခြင်းမှရှောင်ပါ။ အကြောင်းမှာ ၎င်းသည် မာနထောင်လွှားခြင်း၏ အထိမ်းအမှတ်ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် မာနထောင်လွှားမှုကို မနှစ်သက်ချေ။ အကယ်၍ တစ်ဦးတစ်ယောက်က အသင့်အား ဆဲရေးတိုင်းထွာ၍ ၎င်းကသိရှိထားသော အသင့်၌လည်း အမှန်တကယ်ရှိသော အပြစ်အနားအဆာများကို ဖော်ထုတ်လျှင် အသင်က တုံ့ပြန်သဘောဖြင့် အသင်သိထားသော ၎င်း၏အမှန်တကယ်ရှိသော အပြစ်အနာအဆာများကို မဖော်ထုတ်နှင့်။ ဤသို့ဖြင့် သူတစ်ပါးအား အရှက်ခွဲခြင်း၊ ငယ်ကျိုးငယ်နာ ဖော်ထုတ်ခြင်းဖြင့် အလ္လာဟ်အရှင်ထံမှ ကျရောက်လာမည့် အပြစ်ဒဏ်သည် ထိုသူ့အပေါ်သို့သာ ကျရောက်ပေမည်။ (အဗူဒါဝူဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

သေသူများနှင့် အပြောအဆို

ဟဇ်ရသ်စအီးဒ်ဗင်မူစိုင်ယဗ် (ရဟ) သခင်ကြီးက အမိန့်ရှိခဲ့သည်မှာ
ကျွန်တော်သည် ဟဇ်ရသ်အလီ(ရသွေ့)သခင်ကြီး၏ " ခိလာဖသ် " အချိန်ကာလတွင် တစ်နေ့သောအခါ မဒီနာမြို့တွင် သခင်ကြီးနှင့်အတူ ကဗရ်စ်သားန်တစ်ခုသို့ သွားရောက်ခဲ့ပါသည်။

ဟဇ်ရသ်အလီ (ရသွေ့) သခင်ကြီးသည် ထိုနေရာတွင် ဦးစွာပထမ စလာမ်မေတ္တာပို့သပြီနောက် သေသူများအား အို.... မိတ်ဆွေအပေါင်းတို့! ကျွန်တော်သည် အသင်တို့က ဒွန္နယာမှစွန့်ခွါသွားခဲ့ကြပြီးနောက် လောကတွင် ဖြစ်ပေါ်ခဲ့သော အကြောင်းအရာများကို အသင်တို့အား ပြောပြရမည်လော! သို့မဟုတ် အသင်တို့က မိမိတို့အပေါ် ဖြစ်ပေါ်လာသော အကြောင်းအရာများကို ကျွန်တော့်အား ပြောပြမည်လော! ဟု အမိန့်ရှိတော်မူ၏။

ထိုအချိန်တွင် ကဗရ်ထဲမှ ဝအလိုက်ကူမွတ်စ်စလားမ် ယားအမီးရွလ်မုအ်မိနီးန်! ကျွန်တော်များ၏ နောက်ပိုင်းတွင် ဒွန္နယာလောကထဲ၌ ဖြစ်ပေါ်လာသည့်အကြောင်းအရာများကို သခင်ကြီးက ကျွန်တော်များအား ပြောပြပါဟု အသံကျယ်လောင်စွာ ဖြေကြားသည်ကို ရှင်းရှင်းလင်းလင်း ကြားသိရပေသည်။ထိုအချိန်တွင် ဟဇ်ရသ်အလီ (ရသွေ့) သခင်ကြီးက ၎င်းတို့အား
အသင်တို့၏ ဇနီးကြင်ယာတော်များမှာ ဒုတိယအကြိမ် " နိကာဟ်" ပြုလိုက်ကြပေသည်။ အသင်တို့ ချန်ရစ်ထားခဲ့သော ဥစ္စာပစ္စည်းများကို အခြားသူများက ဝေယူလိုက်ကြပေသည်။ အသင်တို့ ဆောက်လုပ်ခဲ့သည့် အလွန်တည်တံ့ခိုင်မြဲသော နေအိမ်များကို ရန်သူများက သိမ်းပိုက်လိုက်ကြ၏။ ဤသည် ဒွန္နယာလောက၌ ကျွန်တော်တို့ထဲတွင် ဖြစ်ပေါ်လာသော သတင်းများပင် ဖြစ်ပါသည်။ ယခု အချိန်တွင် အသင်တို့ထဲ၌ ဖြစ်ပေါ်လာသော အကြောင်းအရာများကို ပြောပြပါဟု အမိန့်ရှိတော်မူ၏။

ထိုအချိန်တွင် ၎င်းသေသူတို့ထဲမှ တစ်ဦးက " ကျွန်တော်များ၏ ကဖန်ပိတ်များမှာ ဆွေးမြေ့ပြီး ပျက်စီးသွားပေသည်။ ဆံပင်နှင့် အမွှေးအမျှင်များမှာ ကျွတ်သွားခဲ့၏။ ခန္ဓာကိုယ်၏ အသားအရေမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပေသည်။ မျက်လုံးများမှာ ပါးပြင်ပေါ်သို့ ပျော်စီးကျခဲ့၏။ နှာခေါင်းထဲမှပြည်များ ယိုစီးနေပေသည်။ ကျွန်တော်များက ရှေ့သို့ ကြိုတင်ပို့ထားသည်များကို ရရှိခဲ့ပါသည်။ ချန်ရစ်ထားခဲ့သော အရာများမှာ ဆုံးရှုံးသွားသည် " ဟုပြောပြသည်ဟူ၏။

(အိဗ်နေအစာကစ်ရ်ကျမ်း၊ မွတ်စ်သဒ်ရတ်က်ကျမ်း)

Wednesday, January 15, 2014

အလ္လာဟ်အရှင်မြတ်တည်ရှိကြောင်း သက်သေနိမိတ်လက္ခဏာများ

ဒီလောကကြီးမှာ သက်ရှိများရပ်တည်နိုင်ရန် ဂေဟစနစ်ကို အံ့မခန်းကျယ်ပြန့်ကြီးမားတဲ့ စီမံကိန်းနဲ့ မျှတစွာဖန်တည်းတည်ဆောက်ထားခြင်းဟာ မုချ စီမံခန့်ခွဲနေတဲ့ အမြော်အမြင်ကြီးတဲ့ ဖန်ဆင်းရှင်ရှိနေတယ်ဆိုတာ တစ်ထစ်ချယုံကြည်လက်ခံစေပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီဂေဟစနစ် ချို့ယွင်းသွားတာနဲ့ သက်ရှိတို့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီးဖြစ်ပေါ်စေပါတယ်။

ဥပမာအားဖြင့် သြစတြေးလျနိုင်ငံမှာ ယခင်က ဆူးရှိတဲ့ရှားစောင်းပင်တွေဟာ တောကြီးတွေလို နေရာအနှံ့ပျံ့နှံ့လာပါတယ်။ အဲဒီအချိန်က သြစတြေးလျနိုင်ငံစတင်ထူထောင်နေတဲ့အချိန်ဖြစ်ပါတယ်။ နိုင်ငံရဲ့မြေကျယ်ပြန့်သလောက် ဒီရှားစောင်းပင်တွေဟာ အထိန်းအကွပ်မဲ့ တိုးပွားလာပါတယ်။ အခြေချနေထိုင်သူတွေဟာ သူတို့ရဲ့လယ်မြေတွေ၊ အိမ်မြေတွေကိုလည်း လွှမ်းမိုးသွားတဲ့အတွက် ရှင်းမနိုင်တော့ဘဲ ရွာတွေကို စွန့်ခွာသွားကြရတယ်။

တစ်ဖက်မှာ ဒီရှားစောင်းပင်ကိုပဲအစာအဖြစ်စားတတ်တဲ့ပိုးတစ်မျိုးရှိတယ်။ အဲဒီပိုးတွေမရှိတဲ့အတွက် ဒီအပင်တွေအထိန်းအကွပ်မဲ့ တိုးပွားနေတာပါ။ နောက်ပိုင်းမှာ ပညာရှင်တွေဟာ အခြားနေရာကနေ ရှားစောင်းပင်စားတဲ့ပိုးတွေကို ယူလာပြီးလွှတ်ပေးလိုက်ပါတယ်။ များမကြာမီမှာပဲ ပိုးတွေဟာ ရှားစောင်းပင်တွေကိုအနိုင်ရသွားပါတယ်။ လူတွေလည်း ရှားစောင်းပင်ဒုက္ခကနေ လွတ်မြောက်သွားကြပါတယ်။ လိုအပ်တဲ့အတိုင်းအတာတစ်ခုအထိသာ ရှားစောင်းပင်တွေရှင်သန်လျက်ရှိပါတယ်။ အဲဒီလိုထိန်းချုပ်နိုင်ဖို့ ပိုးအနည်းငယ်ပဲလိုပါတယ်။

ကမ္ဘာပေါ်မှာ အဲဒီလို အပြန်အလှန်ထိန်းချုပ်ထားတဲ့ ဂေဟစနစ်ကို ကျယ်ကျယ်ပြန့်ပြန့်တွေ့ရမှာဖြစ်ပါတယ်။ လူတွေ၊ တိရစ္ဆာန်တွေ၊ သစ်ပင်တွေ အသက်ရှင်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့အကာအကွယ်နဲ့ ထိန်းကွပ်မှုတွေ ဂေဟစနစ်အဖြစ်စီမံထားမှုတွေကို ဒီကမ္ဘာကြီးမှာ နေရာအနှံ့တွေ့မြင်နိုင်ပါတယ်။

အချို့ပိုးမွှားတွေဟာ အချိန်တိုအတွင်းမှာ အကောင်ရေများစွာ အလျင်အမြန်ပေါက်ဖွားပြီး တကမ္ဘာလုံးကို လွှမ်းမိုးသွားနိုင်တဲ့အခြေအနေရှိပါတယ်။ ဒါပေမယ့် အဲဒီပိုးမွှားတွေဟာ တကမ္ဘာလုံးကို ဘာကြောင့်မလွှမ်းမိုးသွားရတာလဲ။

တန်ခိုးတော်ရှင်ဟာ ဒီကမ္ဘာအတွက် ဂေဟစနစ်ကို ချမှတ်ထားတဲ့အတွက်ပဲဖြစ်ပါတယ်။

အလ္လာဟ်အရှင်မြတ်ဟာ ပိုးမွှားတွေကို လူတွေလို အသက်ရှုဖို့အဆုတ်မပေးထားပါဘူး။ ပိုးမွှားတွေဟာ လေပြွန်တစ်ခုတည်းနဲ့အသက်ရှုရပါတယ်။ ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားလာသလောက် လေပြွန်ကလိုက်၍မကြီးပါ။ အဲဒါကြောင့် ပိုးမွှားတွေဟာ အရွယ်အစားကြီးမားမှုမရှိကြသလို များစွာပျံ့နှံ့မှုလည်းမရှိတော့ပါ။

အကယ်၍ တန်ခိုးတော်ရှင်က အဲဒီလိုစီမံထားပေးခြင်းမရှိပါက လူတွေဒီလောကမှာ အသက်ရှင်ရပ်တည်နိုင်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ပါ။ ဘာကြောင့်လဲဆိုရင် ဘာမဟုတ်တဲ့ ပိုးမွှားလေးတစ်ကောင်ဟာ ခြင်္သေ့တွေ ကျားတွေလို အကောင်းကြီးတွေဖြစ်သွားနိုင်ပါတယ်။ သူတို့ရဲ့လျင်မြန်တဲ့ပေါက်ဖွားမှုကြောင့် အချိန်တိုအတွင်းမှာ တကမ္ဘာလုံးကို လွှမ်းမိုးသွားနိုင်ပါတယ်။

ဒီကမ္ဘာကြီးမှာ အဲဒီလိုဂေဟစနစ်နဲ့ သက်ရှိတို့အပေါ်စီမံခန့်ခွဲထားမှုဟာ သဘာဝအလျောက်တိုက်ဆိုင်၍ဖြစ်နေရပါတယ်လို့ ဒွိဟစိတ်နဲ့ ထင်မှတ်နိုင်ရန် အပုံဆယ်သိန်းပုံတစ်ပုံခန့်မျှပင် မဖြစ်နိုင်စကောင်းပါ။
(အလ်မုဖီးဒ်)

စွန္နသ်တော်နှင့်အညီအစ္စသိခါရဟ်ပြုနည်း (အစ - အဆုံး)



ဟဇရသ်အဗ္ဗဒွလ္လာဟ်ဗင်အုမရ်(ရသွေ့)သခင်ကအမိန့်ရှိသည်မှာ…….
အချို့အချိန်အခါတွင် လူသားသည်အလ္လာဟ်အရှင်မြတ်ထံ အကြင်အလုပ်သည် မိမိအတွက်ကောင်းပါက ဖြစ်မြောက်ပါရစေဟု အစ္စသိခါရဟ်ပြုလုပ်သည့်အခါ အလ္လာဟ်အရှင်မြတ်က ထိုသူနှင့်သဟဇာတဖြစ်မည့်အလုပ်ကို သတ်မှတ်ပေးတော်မူလိုက်သည်။
ဗန္ဓဟ်ကမူ အပေါ်ယံအားဖြင့် ထိုအလုပ်အစဉ်ပြေလာမှုကို သဘောမပေါက်သည့်အတွက် မိမိအရှင်သခင်အပေါ် စိတ်အလိုမကျဖြစ်ကာ ကျွန်တော်ကအလ္လာဟ်ထံတော်မှာ ကျွန်တော်နဲ့ သဟဇာတဖြစ်စေမယ့်အလုပ်ကိုချီးမြှင့်ပါလို့ တောင်းခံခဲ့တာပါ။ အခုဖြစ်လာတဲ့အလုပ်ဟာ ကျွန်တော့်အတွက် ဒုက္ခနှင့်သောကရောက်စရာတွေဖြစ်နေပါတယ်။ ဟု အလ္လာဟ်အရှင်မြတ်အပေါ်စောဒကတက်တော့သည်။
ကာလအတန်ငယ်ကြာမြင့်ပြီးနောက် ထိုဗန္ဓာဟ်သည် အလုပ်၏ရလဒ်ကို မြင်တွေ့လာသောအခါတွင်မှ အလ္လာဟ်အရှင်မြတ်က မိမိနှင့်သဟဇတဖြစ်စေမည့် အလုပ်ကိုသာ မိမိအတွက် စီမံပေးတော်မူပေသည် ဟု သဘောပေါက်ရတော့သည်။ အစကနဦးတွင်မူ သိနားလည်မှုမရှိသဖြင့် အလ္လာဟ်အရှင်မြတ်က မိမိအပေါ် မတရားဖိနှိပ်သည်ဟု ထင်ထားခဲ့သည်။
အထက်ပါဆင့်ပြန်ချက်ကို ထောက်ရှုကာ အချို့အချက်များကို သတိထားသုံးသပ်ရန် လိုအပ်လာသည်။ မည်သည့်ဗန္ဓာဟ်မဆို အလ္လာဟ်အရှင်မြတ်ထံ အစ္စသိခါရဟ်ပြုလုပ်တိုင်း အလ္လာဟ်အရှင်မြတ်သည် မိမိအတွက် ကောင်းသည့်အရာကို စီရင်ဆုံးဖြတ်တော်မူသည်ဟု ခံယူထားရမည်။
လူအများသည် အိစ္စသိခါရဟ်ပြုလုပ်နည်းနှင့် ပတ်သက်၍ နားမလည်ကြ။ အချို့က အစ္စသိခါရဟ် ပြုလုပ်ဖို့အတွက် သီးသန့်နည်းလမ်းနဲ့ ကျင့်ကြံမှုရှိနေတယ်။ ဒါတွင်မကသေးဘူး အိပ်မက်ဆိုတာလည်းလိုတယ်။ အိပ်မက်ထဲမှာ အဲ့ဒီအလုပ်ကို လုပ်ဖို့မလုပ်ဖို့လမ်းညွှန်မှုတွေပေးတယ် ဟုထင်နေကြတတ်သည်။

ကိုယ်တော်မြတ် (ဆွ) သင်ကြားလမ်းညွှန်ပေးတော်မူခဲ့သည့် အစ္စသိခါရဟ်ပြုလုပ်နည်း တွင် အထက်ပါအချက်အလက်များမပါရှိကြောင်းကို ကောင်းစွာနားလည် ထားရန်လိုအပ်အရေးကြီးသည်။

အိစ္စသိခါရဟ်၏အဓိပ္ပါယ်
အိစ္စသိခါရဟ် ဟူသည် အရဗီစာလုံးဖြစ်ပြီး ကောင်းရာကောင်းကြောင်းတောင်းခံခြင်း ဟူသောအဓိပ္ပါယ်ဆောင်ထားသည်။
အလ္လာဟ်အရှင်မြတ်ထံတော်တွင် မိမိအတွက် ကောင်းရာကောင်းကြောင်းတောင်းခံခြင်းကို ဆိုလိုသည်။

အမိုက်ခေတ်က အိစ္စသိခါရဟ် ပြုလုပ်ကြပုံ
အမိုက်ခေတ်သမယရှိ လူများသည် အရေးကြီးသည့်ကိစ္စရပ် (အိမ်ထောင်ရေး၊ စီးပွားရေး၊ ခရီးသွားလာရေး) စသည့်ကိစ္စများနှင့် ကြုံတွေ့လာသည့်အခါမြှားအိမ်မှ မြှားများကိုကောက်ယူကာ အတိတ်နမိတ်ဖွင့်ဆိုသည့်အစဉ်အလာရှိခဲ့ကြသည်။ ထိုမြှားများသည် ကအ်ဗာဟ်ကျောင်းတော်ကြီးကို သန့်ရှင်းရေးပြုလုပ်သူ ထံရှိပြီး ယင်းမြှားများအနက် အချို့တွင် အမရနီရဗ်ဗီ (ကျွန်ုပ်အရှင်က ကျွန်ုပ်အား အမိန့်ပေးသည်။)အချို့တွင် နဟားနီရဗ်ဗီ (ကျွန်ုပ်အရှင်က ကျွန်ုပ်ကို တားမြစ်သည်။) ဟူသော စာတန်းရေးသားထားသည်။ အချို့တွင်မူ မည်သို့မျှရေးသားထားခြင်းမရှိ။ ကအ်ဗာဟ်ကျောင်းတော်အား ခေဒ်မသ်ပြုသူသည် မြားအိတ်ကို လှုပ်၍ အတိတ်နမိတ်ကောက်သူအား ထိုမြားအိတ်ထဲမှ မြားတစ်ချောင်းနှိုက်ထုတ်စေသည်။
အကယ်၍ အမရနီးရဗ္ဗီး (ကျွန်ုပ်အရှင်က ကျွန်ုပ်အား အမိန့်ပေးသည်) ဟုရေးသားထားသည့်မြားထွက်လာသည့် အခါ ထိုသူသည် အလုပ်ကိစ္စအား အစပြုရတော့သည်။ အကယ်၍ နဟားနီးရဗ္ဗီး ကျွန်ုပ်အရှင်က ကျွန်ုပ်အားတားမြစ်သည်)ဟုရေးသားထားသည့်မြားထွက်လာပါက ထိုသူသည်အလုပ်ကို မလုပ်ရတော့။ မည်သို့မျှရေးသားထားခြင်းမရှိသည့် မြားထွက်လာပါက တစ်ဖန်ပြန်လည်၍ နှိုက်စေသည်။ အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန် စူရာမာအိဒဟ် ၏အာယသ်နံပါတ် ၃ တွင် ထိုလုပ်ရပ်ကို ဟရာမ်ဖြစ်ကြောင်း သတိပေးတားမြစ်တော်မူထားသည်။

ဟရာမ်ဖြစ်ခြင်းတွင် အကြောင်းအရင်း နှစ်ခုရှိသည်။
(၁) ထိုသို့သောလုပ်ဆောင်မှုတွင် အခြေအမြစ်မရှိသောကြောင့် အလ္လာဟ်အရှင်မြတ်နှင့် မည်သို့မျှ ပတ်သက်ဆက်နွယ်မှု မရှိခြင်း။
(၂) ကျွန်ုပ်အရှင်က ကျွန်ုပ်အား အမိန့်ပေးသည်၊ ကျွန်ုပ်အရှင်က ကျွန်ုပ်အား တားမြစ်သည် စသည်များသည် အထောက်အထားမဲ့ အလ္လာဟ်နာမတော်အား အလွဲသုံးစားလုပ်ခြင်းသာဖြစ်သည်။
ကိုယ်တော်မြတ် (ဆွ) က မိမိ၏အဆွေတော်များကို ထိုသို့သော အတိတ်နမိတ်ကောက်ခြင်းအစား အစ္စသိခါရဟ်ပြုလုပ်နည်းကို သင်ကြားပေးတော်မူခဲ့သည်။

အစ္စသိခါရဟ်အရေးကြီးလိုအပ်ပုံ
လူ၏အသိဉာဏ်မှာ တိမ်လွန်းလှသည်။ လူသားအနေနှင့် အလုပ်တစ်ခုခု လုပ်ဆောင်လိုသည့်ဆန္ဒဖြစ်ပေါ်လျှင် ထိုအလုပ်သည် မိမိကို အကျိုးပေးမည်။ မပေးမည်။ ရလာဒ်ကောင်း ဖြစ်မည်။ မဖြစ်မည်ကို မတွေးဆ မမှန်းဆတတ်ပဲ သို့လောသို့လောဟူသော သံသယအတွေးတွင်သာ တ၀ဲလည်လည်ဖြစ်နေရတတ်သည်။ ထိုဝဲဂယက်မှ လွတ်ကျွတ်ကာ ယတိပြတ်ဆုံးဖြတ်ချက်ရရှိစေသည့် အစ္စသိခါရဟ်ပြုလုပ်ရန်လမ်းညွှန်ကို ဟဒီးစ်တော်တွင် အတိအလင်းလာရှိပြီးဖြစ်သည်။
အရေးကြီးသည့် ကိစ္စရပ်တစ်ခုခုနှင့် ကြုံကြိုက်ခဲ့သည့်အခါ နမားဇ်နှစ်ရကအသ်ဝတ်ပြု၍ အလ္လာဟ်အရှင်မြတ်ထံတော်တွင် ထိုအလုပ်လွယ်ကူစေရန်နှင့် ယင်းမှအောင်မြင်မှုရရှိရန် ဒုအာတောင်းခံရမည်။

အစ္စသိခါရဟ်၏ထွတ်မြတ်မှု
အစ္စသိခါရဟ်ပြုလုပ်ရန် ဟဒီးစ်တော်အမြောက်အများတွင် အလေးအနက်တိုက်တွန်းထားပေသည်။ အတိုချုံးလိုသဖြင့် ဟဒီးစ်တော် ၃ ပုဒ်သာတင်ပြပါမည်။

(၁) ဟဇ်ရသ်ဂျာဗိရ် သခင်က ပြောပြသည်မှာ တမန်တော်မြတ်က မိမိ၏ အဆွေတော်များအား အစ္စသိခါရဟ်၏ ဒိုအာကို ကုရ်အာန်ကျမ်း၏စူရဟ်များ ကျက်မှတ်ခိုင်းသကဲ့သို့ (ကျက်မှတ်ထားကြရန်) သင်ကြားပေးတော်မူသည်။ (ဗုခါရီကျမ်း)

(၂) ဟဇ်ရသ် စအဒ်သခင်က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်က မိန်တော်မူသည်မှာ လူသားတို့၏ ကံကောင်းခြင်းဟူသည် အလ္လာဟ်အရှင်၏ သတ်မှတ်စီမံခြင်းကို ကျေနပ်နှစ်သက်ခြင်း၊ အလ္လာဟ်ထံ အစ္စသိခါရဟ် ကောင်းရာကောင်းကြောင်း တောင်းခံခြင်းပင်ဖြစ်သည်။ လူသားတို့၏ ကံမကောင်းခြင်းဟူသည် အစ္စသိခါရဟ်ဖြင့် အလ္လာဟ်ထံမှ လမ်းညွှန်မှုမခံယူခြင်း၊ အလ္လာဟ်အလိုတော်ဖြစ်သော် လမ်းညွှန်မှုကို မနှစ်သက်ခြင်းပင် ဖြစ်သည်။ (မစ်ရှ်ကားသ်ကျမ်း)

(၃) ဟဇ်ရသ်အနပ်စ်က ဆင့်ပြန်ခဲ့သည်။ ကိုယ်တော်မြတ်သခင်က အစ္စသိခါရဟ်ပြုသူသည် မည်သည့်အခါမျှ အလဟဿအချည်းအနှီးဖြစ်မည်မဟုတ်။ မရှ်ဝါရဟ် တိုင်ပင်ဆွေးနွေးသူသည် မည်သည့်အခါမျှ အရှက်တကွဲဖြစ်မည်မဟုတ် ဟု မိန့်တော်မူထားလေသည်။ (တွဗ်ရာနီကျမ်း)

အစ္စသိခါရဟ်၏ အနှစ်သာရနှင့် အကျိုးကျေးဇူး
အစ္စသိခါရဟ်ပြုရခြင်း၏ အကြောင်းမှာ …
၁။ လူသားသည် မိမိအရှင်သခင်ထံမှ လမ်းညွှန်မှုကို ခံယူရာရောက်ခြင်း၊
၂။ မိမိ၏ ကိစ္စရပ်အား အလ္လာဟ်ထံအပ်နှင်းခြင်းနှင့် အလ္လာဟ်အရှင်မြတ်၏နှစ်သက်မှုကို ခံယူရန်အတွက် အလ္လာဟ်ဘက်သို့ ပြည့်ပြည့်၀၀ အာရုံစိုက်ရောက်စေခြင်း၊
၃။ အလ္လာဟ်အရှင်မြတ်သည် မိမိဗန္ဓဟ် အား ကူညီဆောင်မတော်မူမည်ဖြစ်ခြင်း။
၎။ အလ္လာဟ်ထံမှ ဂရုဏာတံခါးပွင့်၍ ဗန္ဓဟ်အတွက်ကောင်းကျိုးပြုသည့်လမ်း၊ ဖြောင့်ဖြူးစေတော်မူခြင်း တို့ကြောင့်ဖြစ်သည်။
အစ္စသိခါရဟ်၏နောက်ဆက်တွဲအကျိုးကျေးဇူးတစ်ရပ်မှာ လူသားသည် ဖရိရှ်သာ၏ အရည်အချင်းကို ရရှိသွားပေသည်။ အကြောင်းမှာ အစ္စသိခါရဟ်ပြုသူသည် မိမိ၏ ပင်ကိုဆုံးဖြတ်ချက်ကို အသုံမချပဲ မိမိ၏ကျေနပ်နှစ်သက်မှုကို အလ္လာဟ်အရှင်မြတ်၏အလိုတော်အောက်ဝယ်ထားရှိသည့်အတွက်ပင် ဖြစ်သည်။

အစ္စသိခါရဟ်ပြုလုပ်ရန်အမိန့်
လုပ်ပိုင်သည့်ကိစ္စရပ်များ၌သာ အစ္စသိခါရဟ်ပြုခြင်းသည် စွန္နသ်ဖြစ်သည်။ ဟဒီးစ်တော်များတွင် ယင်းနှင့်ပတ်သက်၍ အလေးအနက်တိုက်တွန်းထားပေသည်။

မည်သည့်ကိစ္စများတွင် အစ္စသိခါရဟ်ပြုရမည်နည်း
အကျိုးပေးခြင်းနှင့် ဆုံးရှုံးနစ်နာခြင်း စုံတွဲနေသည့်ကိစ္စရပ်များ၌ သာ အစ္စသိခါရဟ်ပြုရမည်။ သဘာဝအရဖြစ်စေ ရှရီအသ်တရားတော်အရဖြစ်စေ ယတိပြတ်ကောင်းခြင်း ဆိုးခြင်းပေါ်လွင်နေသည့်ကိစ္စများ အတွက် အစ္စသိခါရဟ်ပြုခြင်းမှာ မပိုင်ပါ။ ဥပမာ နမားဇ်ဝတ်ပြုရန်အတွက် (သို့) မပိုင်သည့်ကိစ္စရပ်တစ်ခုခုအား ကျူးလွန်ရန်အတွက် အစ္စသိခါရဟ်ပြုခြင်းများသည် မပိုင်ပါ။

အစ္စသိခါရဟ်ကိုမည်သူပြုလုပ်ရမည်နည်း
ကျွန်ုပ်တို့၏လူမှုနယ်ပယ်တွင် ကာယကံရှင်ကိုယ်တိုင် အစ္စသိခါရဟ်မပြုလုပ်ပဲ သူတော်စဉ် (သို့) အာလင်မ်တစ်ပါးပါးကို တစ်ဆင့်ခံပြုခိုင်းသည်ကို များသောအားဖြင့်တွေ့မြင်ရတတ်သည်။ အချို့သူတို့သည် မိမိသည် အပြစ်ကျူးလွန်သူဖြစ်၍ အစ္စသိခါရဟ်ပြုလုပ်ရန်မထိုက်၊ အာလင်မ် (သို့) သူတော်စဉ်တစ်ပါးပါးကို အစ္စသိခါရဟ်ပြုလုပ်ခိုင်းရသည်ဟု ယုံကြည်ထားကြသည်။

ရှရီအသ်တရားတော်တွင် အပြစ်ရှိသူ အစ္စသိခါရဟ်မပြုလုပ်ရ၊ သူတော်စဉ်တစ်ပါးပါးကိုသာ အစ္စသိခါရဟ်ပြုလုပ်ခိုင်းရမည်ဟု စည်းကမ်းချက်များ ပြဌာန်းမထားပါ။ ဟဒီးစ်တော်တွင် ကာယကံရှင်ကိုယ်တိုင် အစ္စသိခါရဟ်ပြုလုပ်ရန် တိုက်တွန်းထားသည်။ အစ္စသိခါရဟ်၏ ဒိုအာတွင်ပါရှိသည့် ရွတ်ဆိုမှုအားလုံးသည် ကာယကံရှင်နှင်သာ သက်ဆိုင်နေသည်ကို တွေ့ရမည်။ မိမိသာ ကောင်းရာကောင်းကြောင်းကို တောင်းခံသူဖြစ်သောကြောင့် စွန္နသ်တော်နှင့်ကိုက်ညီကာ အကောင်းဆုံးဖြစ်ရန်အတွက် မိမိကိုယ်တိုင်ပင် အစ္စသိခါရဟ်ပြုလုပ်ရမည်ပင်ဖြစ်သည်။ သို့မှသာ စွန္နသ်တော်အပေါ် လိုက်နာကျင့်သုံးရာရောက်ကာ ကုသိုလ်အကျိုးကိုပါရရှိပေမည်။
ဘာသာရေးကိုင်းရှိုင်းသည့် ပုဂ္ဂိုလ်အား တစ်ဆင့်အစ္စသိခါရဟ်ပြုလုပ်ခိုင်းခြင်းတွင် အပြစ်မဖြစ်ပါ။

အစ္စသိခါရဟ်ပြုလုပ်နည်းနှင့်ဒိုအာ
စွန္နသ်တော်နှင့်အညီ အစ္စသိခါရဟ်ပြုနည်းမှာ "အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် လမ်းနှစ်သွယ်မြင်နေရပါသောကြောင့် ကျွန်တော်မျိုးနှင့် အပ်စပ်သဟဇာတ ဖြစ်မည့်လမ်းကို အရှင်ဆုံးဖြတ်ပေးတော်မူပါဟု " နိယသ်ပြုပြီး (အစ္စသိခါရဟ်၏နိယသ်ဖြင့်) နဖိလ်နမားဇ် နှစ်ရကအသ် ၀တ်ပြုပါ။ နမားဇ်ပြီးနောက် တမန်တော်မြတ် (ဆွ) လမ်းညွှန်သင်ကြားထားသော အစ္စသိခါရဟ်ဒိုအာကို ဖတ်ပါ။ ထိုဒုအာသည် အလွန်ဆန်းကြယ်လှပြီး အရှင့်၏ရစူလ်ကသာ တောင်းခံနိုင်ပါသည်။ သာမာန်လူသားတစ်ယောက်အနေဖြင့် ကြိုးစားအားထုတ်ပြီး အခြားစာသားများဖြင့် တောင်းခံလျှင်လည်း ဤဒိုအာကဲ့သို့ စူးရှထိရောက်မည်မဟုတ်ပါ။


အဓိပ္ပါယ်
အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် အရှင်မြတ်၏ အကြွင်းမဲ့သိတော်မူသော ဉာဏ်ကို အားထားလျှက် အရှင့်ထံတော်မှကောင်းကောင်းကြောင်းကို တောင်းခံပါ၏ အရှင်မြတ်၏ အကြွင်းမဲ့တတ်စွမ်းနိုင် ခြင်းကို အားထားကာ ကျွန်တော်မျိုးအား စွမ်းစောင်နိုင်မှုပေးသနားတော်မူပါရန် တောင်းခံပါ၏ အရှင်မြတ်၏ ကြီးကျယ်မြင့်စွင့်တော်မူသော ကူညီစောင်မမှုများကို မျှော်ကိုးအားထားတောင်းခံပါ၏ မုချဧကန် အရှင်မြတ်သည် အကြွင်းမဲ့စွမ်းစောင်နိုင်တော်မူပါသည်။ ကျွန်တော်မျိုးတွင် တတ်စွမ်းနိုင်ခြင်းမရှိပါ။ ထို့ပြင် အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူပါသည်။ ကျွန်တော်မျိုးတွင် အကြွင်းမဲ့သိခြင်းမရှိပါ။ အရှင်မြတ်သည်သာ လျှင် အကွယ်အကာဟူသမျှကို အကြွင်းသိမြင်တော်မူသော အရှင်ဖြစ်ပါသည်။

အို အလ္လာဟ်အရှင်မြတ် အကယ်၍ ဤ အလုပ် (မိမိလုပ်လိုသည့်အလုပ်ကို ရည်စူးရန်) သည် ကျွန်တော်မျိုးအဖို့ ကျွန်တော်မျိုး၏ သာသနာရေး၊ အသက်ရှင်သန်ရေးနှင့် နောင်ရေးကိစ္စများတွင် ကောင်းခြင်းမင်္ဂလာရှိမည်ဟု အရှင်မြတ်သိရှိတော်မူထားပါလျှင် ယင်းကိစ္စကို ကျွန်တော်မျိုးအတွက် ဖြစ်မြောက်စေတော်မူပါ။ လွယ်ကူစေတော်မူပါ။ ထို့နောက်ယင်းကိစ္စတွင် တိုးပွားမှုအဖြာအဖြာ ပေးသနားတော်မူပါ။ အကယ်၍ ဤအလုပ် (မိမိလုပ်လိုသည့်အလုပ်ကို ရည်စူးရန်) သည်ကျွန်တော်မျိုးအဖို့ ကျွန်တော်မျိုး၏ သာသနာရေး၊ အသက်ရှင်သန်ရေးနှင့် နောင်ရေးကိစ္စများတွင် မကောင်းဖြစ်မည်၊ အဆိုးဖြစ်မည်ဟု အရှင်သိရှိတော်မူထားပါလျှင် ယင်းကိစ္စကို ကျွန်တော်မျိုးထံမှ လွှဲဖယ်စေတော်မူပါ။ ထို့ပြင် မည်သည့်နေရာ၌မဆို ကျွန်တော်မျိုးအတွက် ကောင်းခြင်းအပေါင်းကို သတ်မှတ်ပေးတော်မူပါ။ ထို့နောက်ယင်းကိစ္စကို ကျွန်တော်မျိုးအဖို့ အရှင်နှစ်မြို့တော်မူပါ။

(မှတ်ချက်)။ ။ မျဉ်းသားထားသောနေရာတို့တွင် မိမိဆန္ဒထားရှိသော (အိမ်ထောင်ရေး၊ စီးပွားရေး၊ ခရီးသွားလာရေး) စသည်တို့ကို အာရုံပြုလိုက်ပါ။

ရှေးယခင် သူတော်စဉ်ကြီးများက အစ္စသိခါရဟ်ပြုလုပ်ပြီးနောက် သန့်ပြန့်သောအိပ်ယာပေါ်တွင် ကိဗလဟ်ဖက်သို့မျက်နှာမူလျှက် ၀ူဇူဖြင့်အိပ်စက်ရမည်။ အိပ်ရာမှပြန်ထသောအခါ စိတ်အတွင်း၌ အခိုင်အမာပေါ်ပေါက်လာသောအကြောင်းသည် အသင့်အတွက် အကောင်းဆုံးဖြစ်သောကြောင့် ထိုအတိုင်းပင် ပြုလုပ်ဆောင်ရွက်ရမည် ဟု မိန့်ထားသည်။ (ဒီးန်ကီးဗာသီးန်၊ ဟဇရသ်ထာနဝီ)

အစ္စသိခါရဟ်ပြုလုပ်ရန်အချိန်အကန့်အသတ်မရှိ
အချို့လူများသည်ကား ညအိပ်စက်အနားယူသည့်အခါမှသာ (သို့မဟုတ်) အိရှာနမာဇ်ဝတ်ပြုပြီးမှသာ အစ္စသိခါရဟ်ပြုလုပ်ရသည်ဟု လွဲမှားစွာ လှေနံဓါးထစ် သတ်မှတ်ထားကြသည်။ ထိုသို့သတ်မှတ်ဆုံးဖြတ်ထားရန်မလိုပေ။ အခွင့်ကြုံလျှင် ကြုံသည့်အလျောက် အစ္စသိခါရဟ်ပြုခွင့်ရှိသည်။ ည၊ နေ့၊ အိပ်စက်ချိန်၊ နိုးကြားချိန် အစရှိသည့်ကန့်သတ်ချက်များလည်း မရှိပေ။
ညအခါတွင် စိတ်တည်ငြိမ်မှုရှိနေတတ်ကြသောကြောင့် များသောအားဖြင့် ညတွင် အစ္စသိခါရဟ်ပြုလုပ်လေ့ရှိကြသည်။

အချို့လူတို့သည် လုပ်ငန်းဆောင်တာများအတွက် အစ္စသိခါရဟ်ပြုခြင်းကိုသာ အဓိကထားတတ်ကြပြီး အရေးကြီးလှသည့် အမလ်တစ်ခုဖြစ်သည့် မရှ်ဝါရဟ် တိုင်ပင်ဆွေးနွေးမှုကို လက်လွှတ်ထားကြသည်။ ကိစ္စရပ်တစ်ခုခုအတွက် အစ္စသိခါရဟ်ပြုလုပ်လိုသည့်အခါ ထိုကိစ္စနှင့်ပတ်သက်၍ မိမိမိတ်ဆွေများ၊ အကြီးအကဲများ၊ သိနားလည်တတ်ကျွမ်းသူများနှင့်လည်း မရှ်ဝါရဟ် လုပ်ရမည်။ မရှ်ဝါရဟ်လုပ်ခြင်းမှာ ကျမ်းမြတ်ကုရ်အာန်လာ အမိန့်တော်အရဖြစ်သည့်အပြင် ဟဒီးစ်တော်များတွင်လည်း မရှ်ဝါရဟ်လုပ်ကြရန် အတွက် အလေးအနက်တိုက်တွန်းထားတော်မူသည်။

အိပ်မက်ရရန်အဓိကမဟုတ်
အချို့လူတို့သည် အစ္စသိခါရဟ်ပြုလုပ်ပြီးနောက် အိပ်မက် မက်မည်။ အိပ်မက်တွင် ထိုအလုပ်နှင့်ပတ်သက်၍ လုပ်သင့်မလုပ်သင့် လမ်းညွှန်မှုပေးမည်ဟု သိမှတ်ထားကြသည်။ အစ္စသိခါရဟ်ပြု လုပ်လိုက်သည့်အပေါ် အိပ်မက်ရရန် အရေးမကြီးသည့်အတွက်ကြောင့် အိပ်မက်ဖြင့် ထိုအလုပ်လုပ်သင့်၊ မလုပ်သင့် တိတိကျကျသိစေမည်ဟု ယတိပြတ်မှတ်ယူခြင်းများမပြုလုပ်ရန် သတိထားရမည်။ အိပ်မက်ရလိုက ရမည်၊ မရလျှင်လည်း အကြောင်တစ်စုံတစ်ရာမရှိကြောင်း ကောင်းစွာသိရှိထားရမည်။

အစ္စသိခါရဟ်ပြုလုပ်ခြင်း၏ရလဒ်
အစ္စသိခါရဟ်ပြုလုပ်ပြီးနောက် များသောအားဖြင့် ကာယကံရှင်၏စိတ်သည် တစ်ဘက်သို့ အခိုင်အမာရောက်ရှိနေတတ်သောကြောင့် ထိုစိတ်ကူးရရာကို ဦးစားပေးလုပ်ရသည်။ အကယ်၍ လတ်တလောအားဖြင့် စိတ်သည် တစ်ဘက်ဘက်သို့ အခိုင်အမာရောက်ရှိခြင်းမရှိဘဲ ဇဝေဇဝါဖြစ်နေသော်လည်း အလ္လာဟ်အရှင်မြတ်က မိမိနှင့်သဟဇာတဖြစ်သည့်ကိစ္စကို စီရင်ဆုံးဖြတ်တော်မူကြောင့် အစ္စသိခါရဟ်ပြုရကျိုးနပ်ပေပြီ ဟုပညာရှင်အချို့က ဖွင့်ဆိုထားကြသည်။ အစ္စသိခါရဟ်ပြုလုပ်ပြီးနောက် ဗန္ဓဟ်ကိုယ်တိုင်ကပင် စိတ်ကူထင်မှတ်ခဲ့ခြင်းမရှိသော်လည်း မိမိနှင့်သဟဇာတဖြစ်မည့် လိုက်လျောညီထွေမှုရှိသည့် အခြေအနေများ ဖြစ်ပေါ်လာတတ်သည်။

ပမာအားဖြင့် လူတစ်ဦးသည် လမ်းတစ်ခု(သို့) ကိစ္စတစ်ခုကို အလွန်ကောင်းသည်ဟုမှတ်ယူ နေရာမှ ရုတ်တရတ် အတားအဆီးများဆိုက်ရောက်လာလေရာ အလ္လာဟ်အရှင်မြတ်က ဖယ်ရှားပေးတော်မူလိုက်သည်။

အလားတူပင် အစ္စသိခါရဟ်ပြုလုပ်ပြီးနောက် လူသားနှင့် သဟဇာတဖြစ်မည့်ကိစ္စများကို အလ္လာဟ်အရှင်မြတ်က ဖန်တီးပေးတော်မူမည်ဖြစ်၍ လတ်တလောတွင်မူ လူသားသည်ကောင်းခြင်းကောင်းရာ မည်သို့မည်ပုံ မည်သည့်နေရာတွင်ရှိနေသည်ကို သိနားလည်နိုင်မည်မဟုတ်။ အလ္လာဟ်အရှင်မြတ်ကသာ စီရင်ဆုံးဖြတ်သတ်မှတ်ပေးတော်မူပေမည်။

တစ်ခေါက်တည်း အစ္စသိခါရဟ်ပြုလုပ်သည့်အပေါ် ထူးခြားမှုတစ်စုံတစ်ရာလည်းမတွေ့ရှိရ၊ စိတ်၏ရှုပ်ထွေးမှုသံသယသည်လည်း မပျောက်ပြယ်လျှင် ဒုတိယနေ့တါင် တဖန် အစ္စသိခါရဟ်လုပ်ပါ။ ဤနည်းအတိုင်း ခုနှစ်ရက်တိုင်ပြုလုပ်ပါက အင်န်ရှာအလ္လာဟ် မုချဧကန် ထိုအမှုကိစ္စ၏ အကောင်းအဆိုးနှစ်ရပ် ကို ခွဲခြားသိရှိရပါလိမ့်မည်။ (ဒီးန်ကီးဗါသီးန်၊ ဟဇရသ်ထာနဝီ)

ဤသည်သာသင့်အတွက်အကောင်းဆုံးပါ။
အလုပ်ကိစ္စသာ ပြီးမြောက်သွားသည်။ သို့သော် ယင်းအလုပ်ကိစ္စနှင့်ပတ်သက် ၍ ကောင်းခြင်းကောင်းရာဟူ၍လည်းမမြင်ရ စိတ်နှင့်တိုက်ဆိုင်ခြင်းလည်းမရှိသောကြောင့် ဗန္ဓဟ်သည် အလ္လာဟ်အရှင်မြတ်အား အို.. အရှင် ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ထိုအလုပ်ကိစ္စနှင့် ပတ်သက်၍ မရှ်ဝါရဟ်နှင့် အစ္စသိခါရဟ်ပြုခဲ့ပါသော်လည်း ဖြစ်လာသည့်အခြေအနေတွင် ကျွန်တော်မျိုး၏ စိတ်အလိုကျလည်းမဖြစ်၊ ကောင်းရာကောင်းခြင်းဟူ၍လည်း မတွေ့ရပါ။ ဟုစောဒကတတ်တော့သည်။ ဤသို့သောတွေးဆမှု အတွက် ဟဇရသ်အဗ်ဒုလ္လာဟ်ဗင်န်အုမရ် က အိုအမိုက်အမှား သင်သည် မိမိ၏တိမ်ကောလွန်းလှသည့် ဦးနှောက်နှင့်တွေးဆ၍ အလုပ်သည် မိမိနှင့်သဟဇာတမဖြစ်ဟု ပြောနေခြင်းဖြစ်သည်။ လောကအပေါင်း၏ စီမံခံခွဲမှု ဟူသ၍တို့သည် ထိုအရှင်မြတ်၏အသိတော် တွင်သာရှိနေတော်မူသဖြင့် သင့်အဖို့မည်သည့်အရာက ကောင်းသည်၊ မည်သည့်အရာက မကောင်းသည်ကို ထိုအရှင်ကသာ သိတော်မူသောကြောင့် သင်နှင့်သင့်လျော်အပ်စပ်သည့်အရာကို သင့်အတွက်သတ်မှတ်ပေးတော်မူခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ထိုသတ်မှတ်တိုင်းတာ စီရင်ပေးမှုသည် သင့်လျော်ပါမှ သင်ဤဘ၀သက်တမ်းတွင် သိရှိရမည်။ မသင့်လျော်ပါက သင်ဤဘ၀သက်တမ်းတွင် သိရှိနိုင်မည်မဟုတ်ပါ။ နောင်တမလွန်ဘဝသို့ရောက်ရှိကာ အကျိုးနှင့်ကြောင်းကို ခွဲခြားတွေ့ရှိမှ အလ္လာဟ်အရှင်မြတ်ကမိမိအတွက် အကောင်းဆုံးသတ်မှတ်ပေးတော်မူခဲ့ခြင်းဖြစ်ကြောင်း သင်မြင်မည်၊ ဟု အသိပေးထားသည်။

အသင်သည်ကလေးကဲ့သို့ပါ
သာဓကအားဖြင့်တင်ပြရလျှင် ကျွန်ုပ်တို့၏ အဖြစ်သည် မိဘကိုအပူကပ်နေသည့် ကလေးတစ်ယောက်နှင့် မခြားလှပါ။ ကလေးက မိဘကို ဒါစားမယ်၊ ဟိုဟာစားမယ်ဟု ပူဆာသော်လည်း ကလေးတွင် ဥပါဒ်အန္တရာယ်သက်ရောက်မည်ကို စိုးရိမ်သောကြောင့်မိဘအနေနှင့် လိုက်လျောခြင်းမပြုသည်ကို သိနားလည်မှုမရှိသောကလေးက ငါ့မိဘတွေက ငါစားချင်တာကိုမကျွေးဘဲ ခါးလွန်းတဲ့ဆေးတွေတိုက်ပြီး ငါ့ကို မတရားသက်သက်နှိပ်စက်တယ်ဟုထင်တတ်သည်။ ကလေးက သောက်ရသောဆေးဝါးကို မိမိအတွက်ဘေးဟုမှတ်ယူနေတတ်သည်။ သို့သော်အချိန်တန်လူလားမြောက်ပြီးနောက် အလ္လာဟ်အရှင်မြတ်က ၎င်းကိုအသိဉာဏ်ချီးမြှင့်တော်မူလိုက်လျှင် ထိုအချိန်တွင်မှ ကလေးက ငါကတော့ သေမင်းကိုလက်ယပ်ခေါ်ခဲ့ တာ၊ ငါ့မိဘတွေက ငါ့ရဲ့ဘ၀နဲ့ သုခချမ်းသာဖက်ကို ဦးတည်ပေးခဲ့တာပါလား ဟု သိနားလည်လိုက်မည်။ အမှန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် မိမိ၏ဗန္ဓဟ်လူသားများအပေါ် မိဘထက်သာပို၍ သနားကြင်နာတော်မူသောကြောင့် မိမိ၏ဗန္ဓဟ်အတွက် နိဂုံးကောင်းမည့်လမ်းကို ရွေးချယ်ပေးတော်မူခြင်းဖြစ်သည်။ ထိုကောင်းခြင်းကောင်းရာကို အလျဉ်းသင့်ပါမှ မိမိ၏ဘဝသက်တမ်းတွင် သိမြင်လာမည်။ သို့မဟုတ်ပါက သိမြင်ခွင့်ရမည်မဟုတ်ပေ။

တမန်တော်မူစာ ၏ ဖြစ်ရပ်မှန်တစ်ခု
ကျွန်တော်သည် ကျွန်တော်၏ ရှိုင်းခ် ဟဇရသ်ဒေါက်တာ အဗ္ဗဒွလ်ဟိုင်းယ် ထံမှ တစ်ခါမှ မကြားဖူး၊ မဖတ်ဖူးသည့်( စာအုပ်တစ်အုပ်တွင် မလွဲမသွေရှိနေမည်မှာ သေခြာပါသည်။) ဖြစ်ရပ်မှန်တစ်ခုကို ဤသို့နားထောင်ခွင့် ရခဲ့သည်။ ဟဇရသ်မူစာ သည်အလ္လာဟ်အရှင်မြတ်နှင့် တူရ်တောင်တွင် စကားဆိုရန်အတွက် ကြွမြန်းစဉ် လမ်းခုလတ်တစ်နေရာတွင် ပုဂ္ဂိုလ်တစ်ယောက်နှင့် ဆုံမိကာ ၎င်းက အိုမူစာ အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်စကားပြောဆိုရန် အခွင့်အရေးရရှိသည့်အတွက်ကြောင့် အလ္လာဟ်အရှင်မြတ်၏ရှေ့တော်မှောက်တွင် မိမိ၏လိုအပ်ချက်နှင့် ဆန္ဒများတင်ပြရန်အတွက် ထိုထက်ကောင်းသည့်အခွင့်အရေးအဘယ်မှာရှိမည်နည်း။ ထိုနေရာသို့ရောက်သောအခါ ကျွန်တော့်အတွက် ဒိုအာတောင်းခံပေးပါ။ ကျွန်တော်သည် ဘေးဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်နေရပါသည်။ ကျွန်တော့်အပေါ်သို့ တောင်တန်းတစ်ခုပြိုကျနေသည့်အလား ဒုက္ခများကျရောက်နေပါသည်။ ငတ်ပြတ်ခေါင်းပါးခြင်း၏အန္တရာယ်သာမက ပူဆွေးဝမ်းနည်းမှုအသွယ်သွယ်တွင် နစ်မွန်းနေရပါသည်။ ထို့ကြောင့် ကျွန်တော်ငြိမ်းချမ်းသာယာမှုရရန်အတွက် အလ္လာဟ့်ထံ ဒိုအာပြုပေးပါ။ ဟုလျှောက်တင်သဖြင့် တမန်တော်မူစာက ကောင်းပါပြီ၊ အသင့်အတွက် ကျွန်ုပ်ဒိုအာပြုပေးမည်ဟု အတိပြုခဲ့သည်။

ထို့သူ့ကို ငါအရှင်အမြောက်အများပေးလိုက်ပြီ
တူရ်တောင်သို့ ရောက်သောအခါ တမန်တော်မူစာသည် အလ္လာဟ်အရှင်မြတ်နှင့် စကားပြောဆိုတော်မူလေသည်။ မူစာ (အလိုင်) က မိမိအား ဒုအာအတွက် မှာကြားလိုက်သည့် ပုဂ္ဂိုလ်ကို သတိရကာ ထိုသူ့အတွက် အလ္လာဟ်အရှင်မြတ်ထံ ဤသို့ ဒိုအာဆုပန်လိုက်သည်။ အို အလ္လာဟ်အရှင်မြတ် အရှင်မြတ်၏ဗန္ဓဟ်တစ်ယောက်သည် မည်သည့်နေရာတွင် နေထိုင်လျှက်ရှိပါသည်။ သူ့အမည်မှာ မည်သူမည်ဝါဖြစ်ပါသည်။ သူက သူခံစားနေရသော ဒုက္ခများကို အရှင်မြတ်ထံတင်ပြပေးရန်ကျွန်ုပ်အားမှာ ကြားလိုက်ပါသည်။ အိုအလ္လာဟ်… သူသည် အရှင်မြတ်၏ ဗန္ဓဟ်တစ်ဦးဖြစ်ပါ၍ မိမိ၏ဂရုဏာတော်ဖြင့် ထိုသူချမ်းသာသုခနှင့် ငြိမ်းချမ်းမှုရစေရန် ထိုသူ၏ဒုက္ခဟူသရွေ့ကို ဖယ်ရှားပေးတော်မူပါ။ ထို့ပြင်မိမိထံမှ နိအ်မသ်စည်းစိမ်တော်များ ၎င်းအားချီးမြှင့်ပေးသနားတော်မူပါ… ဟုလျှောက်ထားပန်ကြားလိုက်ရာ အလ္လာဟ်အရှင်မြတ်က အို မူစာ ထိုသူ့အားနိအ်မသ်အနည်းငယ် ပေးရမည်လော၊ သို့မဟုတ် များများစားပေးရမည်လော ဟုမေးတော်မူသဖြင့် မူစာနဗီက (အရှင်မြတ်ထံတောင်းခံသည့်နောက် အမြောက်အများသာတောင်းခံမည်)ဟု စဉ်းစားမိကာ အို အရှင်မြတ် နိအ်မသ်တော်များချီးမြှင့်သည့်နောက် အမြောက်အများသာချီးမြှင့်တော်မူလိုက်ပါဟု ပန်ကြားတော်မူလိုက်သည်။ ထိုအခါအလ္လာဟ်အရှင်မြတ်က သို့ဆိုလျှင် ငါအရှင်မြတ်က ထိုဗန္ဓဟ်ကို အမြောက်အများပေးတော်မူလိုက်ပြီဟု မိန့်တော်မူလိုက်သည်။ မူစာနဗီသည် စိတ်အေးသွားကာ ထိုတူရ်တောင်တွင်ပင် မိမိနေရမည့်ရက်နှင့်အမျှ နေထိုင်တော်မူခဲ့သည်။

ဒွန္နယာလောကတစ်ခုလုံးသည်ပင် နည်းလွန်းလှသည်
အလ္လာဟ်အရှင်မြတ်သည် ထိုပုဂ္ဂိုလ်အတွက် ဒိုအာလက်ခံထားတော်မူပြီးဖြစ်ရာ မူစာနဗီသည်တူရ်တောင်မှအပြန် ထိုပုဂ္ဂိုလ်၏ အခြေအနေကို တစေ့တစောင်းလေ့လာရန် အာသီသဖြစ်လာသောကြောင့် ၎င်းနေထိုင်ရာအိမ်သို့သွားရောက်၍ တံခါးခေါက်သည်။ လူတစ်ယောက်ထွက်လာသဖြင့် မူစာနဗီက ကျွန်တော်မည်သူမည်ဝါနှင့် တွေ့ချင်ပါသည်ဟုပြော လိုက်ရာ ထိုသူက သူသေဆုံးသွားတာကြာပြီ ဟုဖြေသဖြင့် မူစာနဗီက အံအားသင့်ကာ သူဘယ်တုံးက ဆုံးတာလဲဟု မေးလိုက်သည်။ ၎င်းက ဘယ်နေ့ဘယ်အချိန်ကဆုံးခဲ့တာပါဟု ဖြေကြားသည်။ မူစာနဗီက ထိုရက်ကို တွက်စစ်ကြည့်လိုက်ရာ ထိုပုဂ္ဂိုလ်အတွက် မိမိဒုအာတောင်းခံပေးပြီး အချိန်အနည်းငယ်ကြာမြင့်ပြီးနောက် သေဆုံးသွားခြင်းဖြစ်သည်ကို သိလိုက်ရတော့သည်။ မူစာနဗီက ဝမ်းနည်းကြေကွဲစွာဖြင့် အို အရှင် ကျွန်တော်မျိုးသည် အရှင်မြတ်ထံ ထိုသူ့အတွက် ငြိမ်းချမ်းသာယာမှုနှင့် နိအ်မသ်စည်းစိမ်ဥစ္စာ ချီးမြှင့်ပါဟု တောင်းခံခဲ့သည့်အပေါ် အရှင်မြတ်က သူ၏ဘ၀သက်တမ်းကို နိဂုံးချုပ်လိုက်ရပါသလား..ထိုအဖြစ်အပျက်ကို ကျွန်တော်မျိုးနားမလည်နိုင်တော့ပါဟု အရှင်မြတ်ထံလျှောက်တင်ခဲ့သည်။ ထိုအခါ အလ္လာအရှင်မြတ်က အို မူစာ ငါအရှင်မြတ်သည် ထိုသူ့အတွက် နေ့အ်မသ်စည်းစိမ်ကို နည်းနည်း (သို့) များများ ချီးမြှင့်ရမည်လော ဟုမေးမြန်းခဲ့ရာ အသင်က များများစားစားချီးမြှင့်တော်မူပါဟု ပြန်လည်ဖြေကြားခဲ့သည် မဟုတ်ပါသလော၊ ငါအရှင်မြတ်ထံတော်တွင် များများစားစား၏ပမာနအောက်ဝယ် ဒွန္ဒယာလောက တစ်ခုလုံးသည် နည်းလွန်းမက နည်းလွန်းလှသည့်အတွက်ကြောင့် နေ့အ်မသ်များများစားစားကို ဒွန္နယာတွင် မည်သို့မျှမရနိုင်၊ များများစားစားတွင် တမလွန်ဘ၀သက်တမ်းနှင့် ဂျန္နသ်သုခဘုံ၏ စည်းစိမ်များသာ အကြုံးဝင်သောကြောင့် ငါအရှင်မြတ်သည် များများစားစားနှင့်ကိုက်ညီသည့် တမလွန်၏နေအ်မသ်စည်းစိမ်များချီးမြှင့်လိုက်ခြင်းပင် ဖြစ်သည် ဟုမိန့်ကြားတော်မူခဲ့သည်။

လူသားသည် မိမိ၏တိမ်ကောလွန်းလှသည့်အသိဉာဏ်ဖြင့် အလ္လာဟ်အရှင်မြတ် စီရင်ဆုံးဖြတ် သတ်မှတ်ထားတော်မူသည့် ကိစ္စရပ်များကို မည်ကဲ့သို့ သိရှိနိုင်မည်နည်း။ ထိုအရှင်ကသာ မည်သည့်ကိစ္စသည် မည်သည့်ဗန္ဒဟ်နှင့် သင့်လျော်အပ်စပ်သည်ကို သိတော်မူလေသည်။ လူသားသည် အချို့အချက် အလက်များကို သာမာန်အမြင်လောက်နှင့်သာကြည့်ကာ အလ္လာဟ်အရှင်မြတ်အပေါ် မကောင်းမြင်၊ အရှင်မြတ်၏စီရင်ဆုံးဖြတ်မှုများကို မကောင်းထင်မြင်ကြသည်။ အမှန်စင်စစ် မည်သည့်အရာက မည်သူ့အတွက် မည်သို့ကောင်း၍ မည်ကဲ့သို့ဖြစ်မည်ကို အလ္လာဟ်အရှင်မြတ်မှအပ မည်သူမျှမသိမမြင်မဆုံးဖြတ်နိုင်ပါ။

ဖြစ်သမျှအကြောင်းအကောင်းချည်း
သူတော်စဉ်တစ်ပါးသည် မိမိဇနီးနှင့်အတူတောထဲတွင်နေထိုင်သည်။ အိမ်၌ပစ္စည်းများသယ်ပိုးရန်အ တွက်မြည်းတစ်ကောင်မွေးထားသည်။ အိမ်ကိုစောင့်ရှောက်ရန်ခွေးတစ်ကောင်ကိုလည်း မွေးထားသည်။ နံနက်စောစော ဖဂျရ်ဆွလာသ်ဝတ်ပြုရန်အတွက် နှိုးဆော်ပေးရန်ဟုရည်ရွယ်ကာ ကြက်ဖတစ်ကောင်ကိုလည်း မွေးထားသည်။ အလ္လာဟ်အရှင်မြတ်၏အလိုတော်ဖြင့် တစ်ရက်တွင် တောတွင်းမှ ဝံပုလွေတစ်ကောင် လာချောင်း၍ကြက်ဖကို ဖမ်းဆီးသွားသည်။ ထိုအခါ ဇနီးဖြစ်သူက နှမြောသဖြင့် ယူကျုံးမရဖြစ်ကာ ငိုလေသည်။ ထိုအခါ သူတော်စဉ်က ဖြစ်သမျှအားလုံးဟာ အလ္လာဟ်အရှင်မြတ်၏အလိုတော်ကြောင့်ဖြစ်သဖြင့် အကောင်းဟူ၍သာ ယူဆသင့်ပါသည် ဟုနှစ်သိမ့်စကားဆိုလေသည်။ ထို့နောက်ရက်အတန်ကြာသောအခါ ခွေးအတစ်ကောင်လာ၍ အိမ်၌မွေးထားသောမြည်းကို သတ်ဖြတ်သွားပြန်သည်။ ဇနီးက နှမြော၍ ငိုပြန်သည်။ ထိုအခါ သူတော်စဉ်က ဖြစ်သမျှအကြောင်း အကောင်းချည်းဖြစ်သဖြင့် မငိုရန်နှစ်သိမ့်စကားဆိုသည်။ ထိုနောက်ရက်အတန်ကြာသောအခါ အိမ်၌မွေးထားသောခွေးလဲ သေသွားတော့၏။ ထိုအခါ ဇနီးက ဝမ်းနည်း၍ ငိုပြန်တော့၏။ ထိုအခါသူတော်စဉ်ကလည်း မငိုရန်နှင့် ဖြစ်သမျှအကြောင်း အကောင်းချည်းဖြစ်ကြောင့် နှစ်သိမ့်စကားဆိုပြန်၏။ ထိုအခါ ဇနီးဖြစ်သူက အားမလိုအားမရဖြစ်ကာ စိတ်အတွင်း၌ ငါ့ရဲ့ခင်ပွန်းကတော့ ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ကြုံတွေ့နေတာတောင်အကောင်းချည်းပဲပြောနေသည် ဟု တွေးထင်မိ၏။ ထိုသို့ရှိနေရင်း တစ်ရက်သောအခါ ဓားပြတစ်စုသည် အဆိုပါသူတော်စဉ်တို့နေထိုင်ရာ ကွင်းပြင်သို့လာရောက်ပြီး ရှိရှိသမျှသော အိမ်မှပစ္စည်းများကို လုယူသွားကြ၏။ အိမ်ရှိ ယောက်ျားမိန်းမအားလုံးကိုလည်း ကျေးကျွန်ပြုရန် ဖမ်းဆီးချုပ်နှောင်ကာ ခေါ်ဆောင်သွားကြ၏။ အိမ်ရှိ ယောက်ျားမိန်းမအားလုံးကိုလည်း ကျေးကျွန်ပြုရန် ဖမ်းဆီးချုပ်နှောင်ကာ ခေါ်ဆောင်သွားကြ၏။ အဆိုပါကွင်းပြင်ရှိ အိမ်များကို ဓားပြများသိသွားရခြင်း၏ အကြောင်းအရင်းမှာ အိမ်ရှိ ခွေးများ၊ မြည်းများ၊ ကြက်ဖများက မြည်တွန်အော်ဟစ်ကြသောကြောင့် အိမ်၏သဲလွန်စရကာ ၀င်ရောက်လုယက်ကြခြင်းဖြစ်သည်။ သူတော်စဉ်၏ အိမ်တွင် ခွေးလည်းမရှိ၊ ကြက်ဖလည်းမရှိ၊ မြည်းလည်းမရှိသဖြင့် သူတော်စဉ်၏ အိမ်ရှိကြောင်းကို ဓားပြတို့မသိလိုက်သောကြောင့် လွတ်မြောက်သွားကြခြင်းဖြစ်၏။ ထိုအခါ သူတော်စဉ်က ဇနီးသည်အား မိမိကနှစ်သိမ့်စကားဆိုခဲ့သော ဖြစ်သမျှအကြောင်းအကောင်းချည်းပဲ ဟူသောစကား မှန်ကန်ကြောင်းကို ရှင်းပြလေ၏။ ခွေး၊ မြည်း၊ ကြက်ဖများမသေဘဲ ယခုတိုင်ရှိနေပါက ၎င်းတို့ကြောင့် ဓားပြအတိုက်ခံရ ဖမ်းဆီးချုပ်နှောင်ခြင်းခံရမှာ သေချာ၏။

အချုပ်ဆိုရလျှင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ လောကီရေးရာ စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ အီမာန်သက်ဝင်ယုံကြည်သူဖြစ်ပါက ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ အဆုံးအဖြတ် စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ မည်သည့်အခါမျှ အံ့သြလိမ့်မည်မဟုတ်ပေ။ စကြဝဠာတစ်ခုလုံးကို စိုးမိုးအုပ်ချုပ်တော်မူသောအရှင်မြတ်၏ စီမံခန့်ခွဲမှုအပေါ် အံ့အားသင့်ခြင်းထက် မိမိနားမလည်နိုင်၊ မမြင်စွမ်းနိုင်သည့်အပေါ် အံ့အားသင့်ထိုက်ပေသည်။ (သဗ်လိဂီဒီးန်ကျမ်း)

အစ္စသိခါရဟ်ပြုလုပ်ပြီးနောက် ပူပင်ကြောင့်ကြရန်မလိုတော့
ဟဇရသ်အဗ္ဗဒွလ္လာဟ်ဘင်န်အုမရ်သခင်က မောင်မင်းတို့အလုပ်တစ်ခုခုအတွက် အစ္စသိခါရဟ်ပြုလုပ် ပြီးသည့်နောက် ပူစရာမလိုတော့ပါ။ အလ္လာဟ်အရှင်မြတ်က အကောင်းဆုံးကိုပဲ စီရင်ဆုံးဖြတ်ပေးတော်မူလိမ့် မယ်။ အဲဒီဆုံးဖြတ်သတ်မှတ်မှုဟာ ကိုယ့်အမြင်မှာ ကောင်းကောင်း မကောင်းကောင်း နောက်ဆုံးမှာတော့ ထာဝရကောင်းခြင်းနဲ့ ဆုံစည်းရလိမ့်မယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ အဲဒီအကောင်းဆုံး စီရင်ဆုံးဖြတ်ချက်အတွက် အခြေအနေကိုတော့ ဒီလောကမှာ လက်ငင်းသိရှိရလိမ့်မယ်။ ဒါမှမဟုတ်ရင် နောင်တမလွန်အာခေရသ်မှာ ဗန္ဒာဟ်က အလ္လာဟ်အရှင်မြတ်က ငါနဲ့ သဟဇာတဖြစ်မဲ့ကိစ္စရပ်ကိုပဲ စီရင်ဆုံးဖြတ်သတ်မှတ်ပေးတော်မူခဲ့ပါလား ဟု အဲဒီတော့မှ အိစ္စသိခါရဟ် ရဲ့စူးရှထိရောက်မှုကို သိသွားလိမ့်မယ် ဟုမိန့်တော်မူပေသည်။

အိစ္စသိခါရဟ်ပြုလုပ်သူသည် အကျိုးမဲ့မည်မဟုတ်
ကိုယ်တော်မြတ်က 


မိမိ၏ကိစ္စရပ်များ၌ အိစ္စသိခါရဟ်ပြုသူသည် မည်သည့်အခါမျှ အကျိုးမဲ့ဖြစ်မည်မဟုတ်၊ ၎င်းပြင် မိမိ၏အလုပ်များအတွက် မရှ်ဝါရဟ် တိုင်ပင်ဆွေးနွေးသူသည် မည်သည့်အခါမှ အရှက်တကွဲအကျိုးနည်း မည်မဟုတ်၊ ဟုမိန့်တော်မူထားကြောင်း ဟဒီးစ်တော်တစ်ပါးတွင်လာရှိသည်။

မရှ်ဝါရဟ် တိုင်ပင်ဆွေးနွေးပြီးနောက်မှ လုပ်ဆောင်ခြင်းမလုပ်ဆောင်ခြင်းသည် မရှ်ဝါရဟ်၏ လမ်းညွှန်ချက်နှင့် ညီနေသည့်အတွက် အရှက်တကွဲအကျိုးနည်းမည် မဟုတ်ကြောင်းဆိုလိုခြင်းဖြစ်သည်။

အထက်ပါဟဒီးစ်တော်တွင် ကိုယ်တော်မြတ်က အိစ္စသိခါရဟ်ပြုလုပ်သူသည် မည်သည့်အခါမျှ အကျိုးမဲ့မည်မဟုတ်ဟု မိန့်တော်မူထားသည်။ အိစ္စသိခါရဟ်ပြုသူ၏ နောက်ဆက်တွဲရလဒ်အခြေအနေသည် ယတိပြတ်ကောင်းမည်ဟု ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ အလ္လာဟ် အိစ္စသိခါရဟ်ပြုခဲ့သူ၏ နှလုံးသားတွင် မိမိ၏ အလုပ်ကောင်းမွန်ချောမွေ့စွာမဖြစ်ဟု အားငယ်နေရသည့်တိုင် အောင်မြင်မှုကိုမူ မုချရရှိမည်။ ထို့အပြင် မရှ်ဝါရဟ်ဖြင့် အလုပ်လုပ်သူသည် မည်သည့်အခါမျှအရှက်ရမည်မဟုတ်သောကြောင့် လတ်တလောတွင် အလုပ်ပျက်စီးသွားသည့်တိုင် အခြားတစ်ဖက်တွင် မိမိ၏အကြီးအကဲများ မိတ်ဆွေများနှင့် တိုင်ပင်ဆွေးနွေး၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မိမိ၏စိတ်ဆန္ဒသက်သက်ဖြင့် မိမိ၏ကိုယ်စွမ်းသက်သက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းမဟုတ်ရုံသာမက ယင်းကိစ္စနှင့် ပတ်သက်၍အလ္လာဟ်အရှင်မြတ်အလိုတူသည့်အတိုင်း နာခံမည် စသည့်မှန်ကန်သည့်ခံယူချက်များကြောင့် စိတ်သက်သာမှုရရှိမည်ပင်ဖြစ်သည်။ ထို့ကြောင့်အလုပ်တစ်ခုခုနှင့် ပတ်သက်၍ လုပ်သင့်၊ မလုပ်သင့် သိလိုလျှင် ဟဒီးစ်တော်တွင် အချက်နှစ်ချက်ကို လုပ်ရန်လမ်းညွှန်ထားသည်။ (၁)၊ အိစ္စသိခါရဟ်ကောင်းရာကောင်းကြောင်းတောင်းခံခြင်း (၂)၊ မရှ်ဝါရဟ် တိုင်ပင်ဆွေးနွေးခြင်း။

အကျဉ်းနည်းဖြင့် အိစ္စသိခါရဟ်ပြုနည်း
အထက်တင်ပြပါ စွန္နသ်တော်နှင့်အညီ အိစ္စသိခါရဟ်ပြုနည်းမှာ အချိန်ရခြင်းအပေါ်ထောက်ရှု၍ အိစ္စသိခါရဟ်၏နိယသ်ဖြင့် နဖိလ်နမားဇ်နှစ်ရကအသ် ဝတ်ပြုကာ အိစ္စသိခါရဟ်ဒိုအာဖတ်ခြင်းဖြစ်ပါသည်။ သို့သော်အရေးပေါ်အလုပ်တစ်ခုပေါ်ပေါက်လာကာ နမားဇ်ဝတ်ပြုရန် ဒိုအာဖတ်ရန်ပင် အချိန်မရပဲ လုပ်မလုပ်ရန် အတွက် ချက်ခြင်းဆုံးဖြတ်ရမည့်အခြေအနေမျိုးတွင်

အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအတွက် ကောင်းမွန်မှန်ကန်သည့်လမ်းကို ရွေးချယ်ပေးတော်မူပါ။ ဟူသောဒိုအာဖတ်လိုက်ရန် မြတ်နဗီက သင်ပြပေးတော်မူထားသည်။

ကိုယ်တော်မြတ်(ဆွ)ကပင်အလား တူဒိုအာတစ်ပုဒ်ကို သင်ကြားပေးတော်မူထားသေးသည်။ 

အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား တရားလမ်းမှန်နှင့် ဖြောင့်မတ်ကောင်းမွန်သည့်လမ်းပေါ်တွင် ထားရှိတော်မူပါ။

ထိုသို့သော မပ်စ်နူးန်ဒိုအာ တစ်ပုဒ်လည်းရှိသေးသည်။ 
အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ နှလုံးသားတွင် စစ်မှန်သည့်လမ်းကို သွတ်သွင်းပေးသနားတော်မူပါ။ 

အရေးပေါ်ဆုံးဖြတ်ရသည့်အခြေအနေမျိုးတွင် ဖော်ပြပါ ဒိုအာများအနက် မိမိနှစ်သက်ရာဒိုအာကို ဖတ်လိုက်ပါ။ အကယ်၍ အရဗီဘာသာဖြင့်မရပါက မြန်မာဘာသာဖြင့် ဤသို့ဒိုအာပြုပါ။
အိုအလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် ဤကိစ္စရပ်နှင့်ပတ်သက်၍ ဝေခွဲမရဖြစ်နေရပါသောကြောင့် ကျွန်တော်မျိုးအား မှန်ကန်သည့်လမ်းကို ညွှန်ပြပေးတော်မူပါ။

နှုတ်လျှာဖြင့် ပြောခွင့်မကြုံသည့်အခြေအနေမျိုးတွင် မိမိ၏စိတ်တွင်းမှပင် အိုအလ္လာဟ်အရှင်မြတ် ကျရောက်နေသော ဤဒုက္ခအခက်အခဲအစား ကျွန်တော်မျိုးအတွက် ကောင်းမွန်သည့်စစ်မှန်သောလမ်းကို အရှင်မြတ်ညွှန်ပြပေးတော်မူပါ။ အရှင်မြတ်ကိုယ်တော်တိုင်လည်း ထိုစစ်မှန်သောလမ်းကို နှစ်သက်တော်မူပါဟု ဆုပန်လိုက်ပါ။

ပါကစ္စတန်နိုင်ငံ မွဖ်သီချုပ်၏ဓလေ့တော်
ကျွန်ုပ်၏ကျေးဇူးရှင် ဖခင်ကြီးပါကစ္စတန်နိုင်ငံမွဖ်သီချုပ် ဟဇရသ်မော်လာနာမွဖ်သီမုဟမ္မဒ်ရှဖီးအ် သခင်သည် မိမိဘဝသက်တမ်းတစ်လျှောက်တွင် အရေးပေါ်ကိစ္စရပ်တစ်ခုခုနှင်ကြုံတွေ့လာ၍ ချက်ခြင်းလက်ငင်းဆုံးဖြတ်ပေးရတော့မည်ဆိုလျှင် ဖခင်သည် ခေတ္တခဏမျက်စိကို မှိတ်ထားလိုက်သည်ကို ကျွန်တော်တွေ့ခဲ့ရပါသည်။ သခင်၏ထိုဓလေ့ကို သိမထားသောသူသည် သခင်ကြီးမည်သည့်အတွက်ကြောင့် ထိုမျက်လွှာပိတ်သည်ကို သိနိုင်မည်မဟုတ်ပါ။ ဖခင်ကြီးသည် မျက်လွှာပိတ်ကာ အလ္လာဟ်ဖက်သို့အာရုံပြု၍ မိမိနှလုံးသားမှ အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးကိုယ်တိုင် ဆုံးဖြတ်ပေးရမည့်ကိစ္စအပေါ် ဇဝေဇ၀ါဖြစ်နေရပါသောကြောင့် အလ္လာဟ်အရှင်မြတ်နှစ်သက်တော်မူသည့်လမ်းကို ကျွန်တော်မျိုး၏နှလုံးသားတွင် ထင်ဟပ်ပေးသနားတော်မူပါ ဟု ဆုပန်နေခြင်းဖြစ်ပါသည်။ ထိုသို့ဖြင့် မိမိ၏နှလုံးသားမှပင် အစ္စသိခါရဟ်ကိစ္စတစ်ခု ပြီးမြောက်စေခဲ့သည်။

ကိစ္စရပ်တိုင်းကို အစမပြုမီအလျင် အလ္လာဟ်အရှင်မြတ်ဘက်တော်သို့အာရုံပြုပါ။
ကျွန်ုပ်၏ရှိုက်ခ် ဟဇရသ်ဒေါက်တာအဗ္ဗဒွဟိုင်းယ်သခင်က အကြင်သူသည် မည်သည့်ကိစ္စကိုမဆို အစမပြုမီအလျင် အလ္လာဟ်ဘက်သို့အာရုံပြုပါက အလ္လာဟ်အရှင်မြတ်သည်ထိုသူ့အား မုချဧကန် ကူညီစောင်မတော်မူမည်ပင်ဖြစ်သည် ဟု မိန့်မှတ်ကာ ဆက်လက်၍ အသင်သည် ထိုခဏတွင် မည်သည်ကို မည်သို့လုပ်လိုက်ကြောင်း အမှုမဲ့အမှတ်မဲ့ဖြစ်နေမည်ဟု မိန့်ပါသည်။ သဘောမှာ အသင်သည်ထိုမျက်စိတစ်မှိတ်မျှတွင် အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ အာရုံပြုကာ အလ္လာဟ်နှင့် ဆက်သွယ်ရင်း အလ္လာဟ်အရှင်မြတ်ထံတော်မှ ကောင်းရာကောင်းကြောင်းကို တောင်းခံလိုက်သည်။ မိမိအတွက် လမ်းစစ်လမ်းမှန်ကို တောင်းခံလိုက်သည်။ သို့ဖြင့် သင်သည် စစ်မှန်သည့်လမ်းကို ရရှိရုံသာမက အလ္လာဟ်ဘက်တော်သို့ အာရုံပြုလိုက်သည့်အတွက် ကုသိုလ်အကျိုးစဝါးဗ်ကိုလည်း ရရှိလိုက်မည်။ အလ္လာဟ်အရှင်မြတ်သည် ဗန္ဒာဟ်လူသားမှ ထိုသို့သောအခြေအနေမျိုးတွင် မိမိဘက်သို့အာရုံပြုခြင်းကို အလွန်နှစ်သက်တော်မူသောကြောင့် ကုသိုလ်အကျိုးစဝါးဗ်များပေးသနားတော်မူခြင်းဖြစ်သည်။ ထို့ကြောင့် လူသားသည် အလ္လာဟ်အရှင်မြတ်နှင့် ဆက်သွယ်ရေးကိစ္စကို အကျင့်လုပ်ထားရန်လိုအပ်သည်။ လူသားတစ်ယောက်အဖို့ နံနက်မိုးလင်းမှစ ၍ ညမိုးချုပ်အထိ လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်ရသည့်ကိစ္စပေါင်း မည်မျှကြုံနိုင်ရမည်ကို မပြောနိုင်ပါ။ အမှတ်မထင် ထိုသို့ကြုံဆုံလာလျှင် ချက်ခြင်းအလ္လာဟ်ဘက်သို့အာရုံပြု လိုက်ပြီး အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ စိတ်တွင်းဝယ် အရှင်နှစ်သက်သည့်ကိစ္စကို ထည့်ပေးသနားတော်မူပါဟု ဒုအာပြုလိုက်ပါ။

အဖြေမပေးမီအလျှင် ဒုအာပြုခြင်း၏ဓလေ့တော်
ဟကီမွလ်အွမ္မသ် ဟဇရသ်မော်လာနာ အရှ်ရဖ်အလီထာနဝီသခင်က တစ်ဦးတစ်ယောက် ကျွန်ုပ်ထံလာရောက်၍ သခင်ကြီးကျွန်တော်စကားတစ်ခွန်းလောက်မေးမြန်းပါရစေဟု ပြောလာသည့်အခါ ကျွန်ုပ်သည် ချက်ခြင်းအလ္လာဟ်အရှင်မြတ်ဘက်သို့အာရုံပြု၍ အို အလ္လာဟ်မေးမြန်းသူအတွက် မှန်ကန်သည့်အဖြကို ကျွန်တော်မျိုး၏နှလုံးသားတွင် ထည့်သွင်းပေးတော်မူပါဟု ဆုပန်လိုက်သည်။ ကျွန်ုပ်သည် ထိုသို့အလ္လာဟ်ဖက်သို့ အာရုံပြုသည့်အကျင့်ကို မိမိဓလေ့စရိုက်ပြုထားပါသည်ဟု မိန့်ကြားပါသည်။

ဤသည်ကိုသာလျှင် အလ္လာဟ်အရှင်မြတ်နှင့်ဆက်သွယ်ခြင်းဟုခေါ်ဆိုပါသည်။ ထို့ကြောင့်အကြောင်းကိစ္စတစ်ခုခုပေါ်ပေါက်လာလျှင် ချက်ခြင်းအလ္လာဟ်ဖက်သို့ အာရုံပြုလိုက်ရမည် ပင်ဖြစ်သည်။ ကျွန်ုပ်၏ရှိုက်ခ် ဟဇရသ်ဒေါက်တာအဗ္ဗဒွလ်ဟိုင်းယ်သခင်က အို မိတ်ဆွေတိုပ မိမိ၏အရှင်မြတ်နှင့် စကားစမြည်ပြောသည့် အလေ့အထလုပ်ကြပါ။ အကြောင်းကိစ္စတစ်ခုခု ပေါ်ပေါက်လာလျှင် ချက်ခြင်းပင် အလ္လာဟ်အရှင်မြတ်ထံတော်မှ အကူအညီတောင်းခံပါ။ အလ္လာဟ်ဘက်တော်သို့အာရုံပြု၍ အလ္လာဟ့်ထံတော်ပါးမှ ဟေဒါယသ်တရားလမ်းမှန်ကို တောင်းခံပါ။ မိမိ၏ ဘဝသက်တမ်းတစ်လျှောက်လုံးတွင် ထိုသို့ပင် အမြဲကျင့်ဆောင်နေလျှင် နှလုံးသားတွင် စက္ကန့်အမျှ အလ္လာဟ့်ဖက်သို့ အာရုံရောက်နေသည့်အရည်အချင်းများ ရရှိသွားမည် ဟုမိန့်ပါသည်။

ဆက်လက်၍ ကျွန်ုပ်တို့အနေနှင့် ရှေးယခင် သူတော်စင်တို့၏ ကြိုးပမ်းမှုများနှင့် ပေးဆပ်မှုများကို မည်သို့ တုပနှိုင်းယှဉ်နိုင်မည်နည်း။ သို့သော်လည်း ကျွန်ုပ်အသင့်အား အကောင်းဆုံးအချက်တစ်ချက်ညွှန်ပြမည်။ ထိုအတိုင်းလိုက်နာကျင့်သုံးပါက အင်န်ရှာအလ္လာဟ် အောင်မြင်ထွန်းတောက်ကာ ပန်းတိုင်သို့ရောက်ရှိမည်မှာ သေချာပါသည်။ ထိုအချက်မှာအလ္လာဟ်အရှင်မြတ်နှင့် တိုက်ရိုက်ဆက်သွယ်လိုက်ခြင်းပင်ဖြစ်သည်ဟု ပြောပြခဲ့ပါသည်။

အို အလ္လာဟ်အရှင်မြတ် ကျွန်ုပ်တို့အားလုံးကို ထိုသိရှိရသည့်သွန်သင်မှုအပေါ် လက်တွေ့လိုက်နာကျင့်သုံးနိုင် သည့်သောက်ဖီးက်စွမ်းအား ပေးသနားတော်မူပါ။ (အာမီးန်)



စွန္နသ်တော်နှင့်အညီ အိစ်သေခါရာပြုလုပ်နည်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

ဟောကြားသူ - ဟဇ်ရသ်မော်လာနာ မုဖ်သီ သကီးအုစ်မာနီ - ဒါရွလ်အိုလူးမ် -ကရာချိ
ပြန်ဆိုသူ - မော်လာနာ ဟာဖိဇ် မိုဟမ္မဒ်ဇကီး မဟ်မူဒီ - ကျောင်းဆရာ - ဒါရွလ်အိုလူးမ် - ရန်ကုန်။

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်နှင့်တကွ အီမာန်ရှင်တိုင်းကို အိစ်သိခါရဟ် စွန္နသ်တော်အား အကောင်အထည်ဖော်နိုင်ခွင့် ပေးသနားတော်မူပါစေ။ အာမီးန်။

အလ်မုဖီးဒ်
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။