Saturday, August 16, 2014

ဝူဇူ၏ ဒုအာများ စုစည်းမှု

ဝုဇူပြုလုပ်သည့်အခါ ရွတ်ဆိုနိုင်သည့် ဒုအာများကို တင်ပြထားခြင်းဖြစ်သည်။ ယင်းဒုအာများသည် မဆ်နူးန်မဟုတ်ပါ။  ဝုဇူတွင်ဖတ်ရွတ်ရမည့်ဒုအာနှင့် စပ်လျဉ်းပြီး ဆင့်ပြန်ချက်အရ ဝုဇူပြုလုပ်ပြီးဆုံးသွားသော အခါ ဖတ်ရသည့် ဒုအာတစ်ခုသာလျှင် ဟဒီးစ်တော်၌ ပါရှိပေသည်။ ကျန်သည့် အစိတ်အပိုင်းများကို ဆေးကြောသည့်အခါ ရွတ်ဖတ်သည့် ဒုအာများသည် ဟဒီးစ်နှင့်ဆင့်ပြန်မှုမရှိပါ။ သို့သော် ဆုတောင်းသည့် ဒုအာ၏နိယသ်ဖြင့် ဖတ်ရွတ်နိုင်ပါသည်။ တမန်တော်မြတ်ဖတ်ခဲ့သည်ဟု မှတ်ယူ၍ မဖတ်ရပါ။
ဝုဇူသည် အစ္စလာမ့်၏အမှတ်အသား တစ်ခုဖြစ်သလို အကျိုးထူးများစွာဖြစ်သည့် လုပ်ဆောင်ချက်တစ်ရပ်လည်း ဖြစ်ပေသည်။ ထို့ကြောင့် ဝုဇူပြုနေသည့် အချိန် ဒုအာတောင်းသည့်အနေဖြင့် ရွတ်ဆိုနိုင်သည့် စာသားများကို အာလင်မ်ပညာရှင်များက ပြသထားပေသည်။ တိုတောင်းလွယ်ကူပြီး ပြီးပြည့်စုံသည့် ဆုတောင်းမှုပါဝင်သည့် ဒုအာများကို ရေးသားတင်ပြလိုက်ပါသည်။ ဖတ်ရှုသူမိတ်ဆွေများအနေနှင့် မိမိ၏တစ်နေ့တွင် အနည်းဆုံး ငါးကြိမ်ခန့်ပြုလုပ်နေရသည့် ဝုဇူတွင် ဒုအာများကိုပါ တွဲစပ်လိုက်မည်ဆိုပါက သာပို၍ လှပပြည့်စုံသွားမည်ဖြစ်ပါသည်။ ဒုအာစုစုပေါင်း ၁၃ ပုဒ်ရှိပါသည်။ ဝုဇူတစ်ခါပြုရာတွင် ဒုအာတစ်ပုဒ်ကို ကျက်မှတ်လိုက်ပါက တစ်နေ့တွင် အနည်းဆုံး ငါးပုဒ်ခန့်ရရှိသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် ကျက်မှတ်ပြီး ကျင့်သုံးကြပါရန် အကြံပြုလိုပါသည်။
ဝုဇူပြုသည့်အခါ ရွတ်ဆိုနိုင်သည့် ဒုအာများကို ဆရာသခင်ကြီးဟဇရသ်မော်လာနာမဟ်မူးဒ်မမ်ဆာ(မဒ္ဒဇွစ်လ်ဟုအာလီ) ရေးသားပြုစုထားသည့် " တမန်တော်မြတ်၏ တောင်းဆုတော်များ" စာအုပ်အပါအဝင် အခြားသော ဆရာသခင်များပြုစုထားသည့် ဒုအာစာအုပ်ငယ်များစာတွင်လည်း ဖတ်ရှုလေ့လာနိုင်ပါသည်။ ယင်းစာအုပ်များတွင်ပါရှိသည့် ဒုအာများနှင့် ယခုတင်ပြထားသည့် ဒုအာတို့မှာ စာသားအနည်းငယ် ကွာခြားသည်။ သို့သော် အဓိပ္ပာယ်အားဖြင့် များစွာခြားနားမှု မရှိပါ။ ယခုတင်ပြထားသည့်ဒုအာမှာ ဟာရှိယာနူရွလ်အီဿွ ၌ပါရှိသည့် ဒုအာများဖြစ်သည်။ တိုတောင်းသည့်အတွက် ယင်းဒုအာကိုပင် ရွေးချယ်တင်ပြလိုက်ခြင်းဖြစ်ပါသည်။ ဤနေရာတွင် အရဗီစာသားနှင့် ဖတ်ရှုမှတ်သားရလွယ်ကူမှုတို့ကို ဦးစားပေးထားသောကြောင့် အဓိပ္ပာယ်မဖော်ပြထားပါ။ ထို့ကြောင့်အဓိပ္ပာယ်ကိုပါ သိရှိလိုပါက ဆရာသခင်များရေးသားထားသည့် စာအုပ်ငယ်များကို ဖတ်ရှုလေ့လာစေလိုပါသည်။
ဝူဇူပြုခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်စေသည့်အရာ၊ နှောင့်ယှက်သူရှိုက်သွာန်နှင့် ဝဆ်ဝစာသံသယစိတ်များကိုပါ ကင်းကွာစေသည့်အရာဖြစ်သဖြင့် အမြဲတစေ ဝုဇူဖြင့်နေနိုင်ရန်ကြိုးစား လုပ်ဆောင်ရပါမည်။ ထို့အတူ ဝူဇူ၏အစိတ်အပိုင်းတစ်ခုကို ဆေးကြောသည့်အခါတိုင်း အာခိရသ်အတွက် အကျိုးရှိစေမည့် ဒုအာတစ်ခုကိုပါ တွဲစပ်ရွတ်ဆိုသွားမည်ဆိုပါက မိတ်ဆွေ၏ဝုဇူသည် သာပိုကောင်းမွန်ပြီး စိတ်တည်ငြိမ်မှုပေးနိုင်သည့် ဝုဇူတစ်ခုအဖြစ်သို့ရောက်ရှိသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် များစွာမရှည်လျားသည့် ဒုအာအနည်းငယ်ကို ၂၄နာရီထဲမှ အချိန်အနည်းငယ်မျှထုတ်ကာ ကျက်မှတ်စေလိုပါသည်။ 


( "ဝုဇူပြုသည့်အချိန်ရွတ်ဖတ်နိုင်သည့်ဒုအာများ" ကို အလ်မုဖီးဒ်မှ တင်ဆက်ခြင်းဖြစ်ပါသည်။)

အလ်မုဖီးဒ်
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။