Saturday, January 25, 2014

ဤသို့ကျင့်ကြံနေထိုင်ပါ

ဟဇရသ်အဗူဂျုရိုင်ဂျာဗစ်ရ်ဗင်န်ဆုလိုင်မ်(ရသွေ့) ကအမိန့်ရှိသည်။ ကျွန်ုပ်သည် တမန်တော်မြတ်(ဆွ) အား ကျွန်ုပ်အား ဆုံးမရန်လျှောက်ထားခဲ့သည်။ တမန်တော်မြတ်(ဆွ)က အမိန့်ရှိတော်မူသည်။ မည်သည့်အခါမျှပင်ဖြစ်စေ အခြားသူများကို ဆဲရေးတိုင်းထွာခြင်းမပြုနှင့် ။ ဟဇရသ် အဗူဂျုရိုင်အမိန့်ရှိသည်။ ကျွန်ုပ်သည် ဤမိန့်ခွန်းကိုကြားနာရပြီးနောက်တွင် မည်သည့်အခါမျှပင် အခြာသူများအား ဆဲရေးတိုင်းထွာခြင်းမပြုတော့ချေ။ လွတ်လပ်သူများကိုဖြစ်စေ၊ ကျွန်များကို ဖြစ်စေ၊ ကုလားအုပ်များ၊ ဆိတ်များကိုပင် မဆဲတော့ချေ။ ထို့အပြင် တမန်တော်မြတ်(ဆွ) အမိန့်ရှိသည်မှာ မည်သည့်ကောင်းမှုကိုပင်ဖြစ်စေ သေးငယ်သည်ဟုသဘောထား၍ လက်မလွှတ်နှင့်။(မည်မျှဟူမူ) မိမိညီနောင်မွတ်စ်လင်မ်များအား ပြုံးရွှင်စွာစကားပြောဆိုခြင်းသည်ပင် ကောင်းမှုကုသိုလ်၌ အကျုံးဝင်သည်။ မိမိပုဆိုး၊ ဘောင်းဘီအား ခြေသလုံးတဝက်ထိမြင့်အောင်ဝတ်ပါ။ အကယ်၍ ဤမျှတိုင်မြင့်အောင်မဝတ်နိုင်ပါက အနည်းဆုံးခြေမျက်စိအပေါ်မြင့်အောင်ဝတ်ပါ။ ပုဆိုး၊ ဘောင်းဘီကိုခြေမျက်စိဖုံးအောင် ဝတ်ခြင်းမှရှောင်ပါ။ အကြောင်းမှာ ၎င်းသည် မာနထောင်လွှားခြင်း၏ အထိမ်းအမှတ်ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် မာနထောင်လွှားမှုကို မနှစ်သက်ချေ။ အကယ်၍ တစ်ဦးတစ်ယောက်က အသင့်အား ဆဲရေးတိုင်းထွာ၍ ၎င်းကသိရှိထားသော အသင့်၌လည်း အမှန်တကယ်ရှိသော အပြစ်အနားအဆာများကို ဖော်ထုတ်လျှင် အသင်က တုံ့ပြန်သဘောဖြင့် အသင်သိထားသော ၎င်း၏အမှန်တကယ်ရှိသော အပြစ်အနာအဆာများကို မဖော်ထုတ်နှင့်။ ဤသို့ဖြင့် သူတစ်ပါးအား အရှက်ခွဲခြင်း၊ ငယ်ကျိုးငယ်နာ ဖော်ထုတ်ခြင်းဖြင့် အလ္လာဟ်အရှင်ထံမှ ကျရောက်လာမည့် အပြစ်ဒဏ်သည် ထိုသူ့အပေါ်သို့သာ ကျရောက်ပေမည်။ (အဗူဒါဝူဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။