Monday, April 15, 2013

လူတို့ အားကောင်းသောစကားကိုပြောပါလေ (၂း၈၃)

လူတို့ အားကောင်းသောစကားကိုပြောပါလေ (၂း၈၃)

တမန်တော်မြတ် (ဆွ) မိမိတို့အားပြောပြခဲ့သည့် အလွန်အရေးပါသော ဆုံးမစကားတစ်ရပ်သည် မည်သူ့ကိုမဆို နိမ့်ကျသောစကား မိုက်ရိုင်းသော စကားမပြောရန်ပင်ဖြစ်ပါသည်။ ထိုသို့ နိမ့်ကျသော စကားကိုပြောဆိုသည့်အခါ ကြားသူ၊ အပြောခံရသူသည် အလွန်ပင် စိတ်မချမ်းသာမှုကို ခံစားရ ပါသည်။ ထိုသို့ပြောခြင်းသည် ပြောသူကိုလည်း အားနည်းမှု စိတ်ပျက်မှုကို ဖြစ်စေပါသည်။

လူတိုင်းသည် နှလုံးနှင့် ဦးနှောက်ပါသူများ ဖြစ်သည့်အလျှောက် တွေးတောဆင်ခြင်တတ်သူဖြစ်သည်။ မကောင်းသည့်စကား၊ ဆဲဆိုသည့်စကား၊ ရိုင်းဆိုင်းသည့်စကား၊ မသင့်လျှော်စကားတို့သည် လူ့နှလုံး တွင် မခံနိုင်ဖြစ်လာကာ ရွံ့မုန်းခြင်းကို ပေါ်ပေါက်စေတတ်ပါသည်။ ဦးနှောက်သည်လည်း ထိုရွံ့မုန်းမှုကို တမဟုတ်ခြင်းတုံ့ပြန်သည့်အနေဖြင့် ပြောဆိုလာသူအား ရန်လိုမှု တိုက်ခိုက်မှု မကောင်းသည့် တုံ့ပြန်မှုကိုပြုလုပ်ခြင်သည့် အပြုအမူကိုဖြစ်ပေါ်စေလာပါသည်။

ယနေ့ခေတ်လူတို့သည် လူတစ်ဦး တစ်ယောက်အကြောင်း မကောင်းပြောစရာရှိလျှင် အလွန်လျှင်မြန်တတ်ကြသည်။ အမှားအယွင်း တစ်ခုတွေ့လျှင် မမြေးမမြန်း မစုံမစမ်းဘဲ ပြစ်တင်ဝေဖန်မှုသည် ပြင်းထန်ကြသလို စောလွန်းလှ လေသည်။ ကမ်းကုန်လောက်အောင် ပြစ်တင်ကြလေသည်။ မန်မာန ထောင်လွှားမူ၏ အဆုံးအဆင့် တွင် သေတွင်ရောက်အောင်ပို့ကလည်း လက်မနှေးကြသည်ကိုတွေ့ရသည်။ အာဂါတ တရား ကြီးမားကြသည့် လူသားတို့သည် မိမိလုပ်ရပ်ကို မဆင်ခြင်နိုင်ကြတော့ပေ။ သတိတရား လွင့်ပါး ကုန်ကြလေပြီ။..........credit to ........ Right Way