Monday, April 15, 2013

786 ဆိုသည်မှာ (၂)

786 ဆိုသည်မှာ
===========
ယနေ့ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် မကြာခဏဆိုသလို လက်ကမ်းစာစောင်များ၊ တရားပွဲများတွင် 786 အကြောင်းကိုတွေ့မြင်နေကြရ ပေသည်၊ သာသနာ့အယောင်ဆောင်ဘုန်းကြီးတစ်ဦးက 786 ဆိုတာဘာလဲ၊ 786 ကိုပေါင်းလိုက်ရင် 21 ရတယ်၊ ဆိုလိုတာက 21 ရာစုမှမြန်မာနိုင်ငံ ဟာစင်းလုံးချော အစ္စလာမ်နိုင်ငံဖြစ်ရမယ်၊ ခရစ်သက္ကရာဇ် 2100 မှာမြန်မာနိုင်ငံဟာ အစ္စလာမ်နိုင်ငံ ဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သတ်မှတ်ထားခြင်းဖြစ်ကြပါတယ်လို့ မဟုတ်မမှန် လုပ်ကြံဖန်တီးပြီးစော်ကားပြောဆိုနေကြပါတယ်၊ အမှန်မှာ အစ္စလာမ်သာသာဝင်များ သတ်မှတ်ထားသော 786 ဆိုသည်မှာ အယောင်ဆောင် ဘုန်းကြီးများစော်ကားပြောဆိုနေ သကဲ့သို့ (ခွန်ရှစ် ခြောက်) မဟုတ်ပါ၊ 786 (ခုနှစ်ရာရှစ်ဆယ့်ခြောက်)ဖြစ်ပါတယ်၊ ဗိစ္စမစ်လ္လာဟ်ကို အတိုကောက်ကိန်းဂ ဏန်းများဖြင့်ရေးမှတ်ရ လွယ်ကူ အောင်ပညာရှင်များက သတ်မှတ် ပေးထားခဲ့ခြင်းဖြစ်ပါတယ်၊ အရ်ဗီအက္ခရာ 28 လုံးမှာကိန်းဂဏန်း တန်ဖိုး ကိုယ်စီရှိကြပါတယ်၊ ထိုအထဲမှ ဗစ္စမစ်လ္လာဟိရ်ရဟ်မားနစ်ရ်ရဟီးမ်မှာ ပါရှိတဲ့အရ်ဗီဗျည်းအက္ခရာ များရဲ့တန်ဖိုးကိုပေါင်းလိုက်တဲ့အခါ 786 (ခုနှစ်ရာရှစ်ဆယ့်ခြောက်) ဆိုပြီးအဖြေရပါတယ်၊ ဒါကြောင့် 786 (ခုနှစ်ရာရှစ်ဆယ်ခြောက်) ကို ဗစ္စမစ်လ္လာဟ်ရဲ့ အစားအလွယ်တကူရေးမှတ်နိုင်ရန် အတွက်သတ်မှတ်ပေးထားခဲ့ခြင်းဖြစ်ပါတယ်၊ အရ်ဗီ ဗျည်းအက္ခရာ 28 လုံး၏ ကိန်းဂဏန်းတန်ဖိုးများမှာ အလစ်ဖ်(1)၊ ဗာအ်(2)၊ သာအ်(400)၊ ဆာအ်(500) ၊ဂျီးမ်(3)၊ ဟာ(8)၊ ခါ(600)၊ ဒါးလ်(4)၊ ဇားလ်(700)၊ ရာ(200)၊ ဇာ(7)၊ စီးန်(60)၊ ရှီးန် (300)၊ ဆွားဒ်(90)၊ ဒွါးဒ်(800)၊ သွာ (9)၊ ဇွာ(900)၊ အိုင်းန်(70)၊ ဂိုင်းန်(1000)၊ ဖွာ(80)၊ ကွားဖ်(100)၊ ကားဖ်(20)၊ လာမ်(30)၊ မီးမ်(40) ၊နူးန်(50) ၊ဝေါင်ဝ်(6)၊ ဟာအ်(5)၊ ယာ(10) တို့ဖြစ်ကြပါတယ်၊ အထက်ပါနည်းအတိုင်း ဗစ္စမစ်လ္လာဟ်တွင်ပါရှိသော အက္ခရာများဖြစ်ကြသော ဗာ(2) + စီးန် (60) + မီးန်(40) + အလစ်ဖ်(1) + လာမ်(30) + လာမ်(30) + ဟာအ်(5) + အလစ်ဖ်(1) + လာမ်(30) + ရာ(200) + ဟာ(8) + မီးမ်(40) +နူးန်(50) + အလစ်ဖ်(1) + လာမ်(30) + ရာ(200) + ဟာ(8) + ယာ(10) + မီးမ်(40) တို့ကိုပေါင်းလိုက်ရင်အဖြေက 786 (ခုနှစ်ရာရှစ်ဆယ့်ခြောက်) ဆိုပြီးရပါတယ်၊ ဒါ ကြောင့်ပညာရှင်များအနေနဲ့ အီမာန်ရှင်များ အလွယ်တကူသုံးစွဲလို့ရ အောင်ဆိုပြီး ဗစ္စမစ်လ္လာဟ်ရဲ့အစားအဖြစ် 786 (ခုနှစ်ရာရှစ်ဆယ်ခြောက်) ကိုသတ်မှတ်ပေးခဲ့ကြခြင်းဖြစ်ပါတယ်၊ 


ဒါဟာ ဖဲသမားများ တွက်သလိုမျိုး 7+8+6 ပေါင်းခြင်းကို အခြေမခံပါဘူး။ ၀ီရသူကို အခါပေးသော Policy Maker သိစေရန် တင်ပြပါသည်။