Monday, April 15, 2013

အားလပ်တဲ့အချိန်မှာ တန်ဖိုးရှိတဲ့အချိန်လေးတွေကို အကျိုးရှိရှိ အသုံးချရအောင် ။

ညီအစ်ကိုမောင်နှမအားလုံးကို စလာမ်ဖြင့် နှုတ်ခွန်းဆက်သပါတယ်
အခု သကြန် ၅ ရက် အားလပ်တဲ့အချိန်မှာ တန်ဖိုးရှိတဲ့အချိန်လေးတွေကို အကျိုးရှိရှိ အသုံးချရအောင် ။ မိမိတို့ရဲ့ wall မှာ အစ္စလာမ်သာသနာအကြောင်း Post လေးတွေ တင်ပါ။ အစ္စလာမ်ကို ရိုးရှင်းစွာ နားလည်သွားနိုင်မယ့် ပုံစံမျိုးလေးပေါ့။ အချက်အလက်ဆန်ဆန် တင်ရင်လည်းတင်။ စာစီစာကုံးဆန်ဆန် Essay သဘောမျိုးတင်ရင်လည်းတင်။ အခြေခံပညာ သင်ရိုးညွှန်းတမ်းတွေမှာ ဘာသာရေးသင်ရိုးတွေလည်း ပါလာတော့မှာလေ။ အဲဒီအခါ ကိုယ့်ဘက်က နောက်မကျအောင်ပေါ့။ ကိုယ့် Post သင်ရိုးဖြစ်ရမယ်တော့ မဟုတ်ဘူးလေ။ အားလုံးတွေ့သွားမှာပဲ ။ ဒါက အကြီးအကဲတွေလုပ်မှာ။ Facebook ထဲမှာ ကလောင်စွမ်းထက်တဲ့ ပညာရှင်တွေရော ပညာရှင်မဟုတ်သူတွေရော ရှိတယ်။ ကိုယ်ရေးတာလေး ယူသုံးဖြစ်သွားရင် ကုသိုလ်ရတာပေါ့။ ဘာမှ မဟုတ်ရင်တောင် ကိုယ်က အချက်အလက်စုဆောင်းတတ်သွားတာပေါ့။ ခေါင်းစဉ်တစ်ခုအတွက် အထောက်အထားလေးတွေ စုတတ်တဲ့ အလေ့အကျင့်ရတာပေါ့။ တကယ်လို့ ဒအ်ဝသ်စကားပြောရမယ်ဆိုရင်လည်း ကိုယ်ရှာထားတဲ့အချက်အလက် လေးတွေနဲ့ ပြောပြလို့အဆင်ပြေတာပေါ့။ အစ္စလာမ်ဘာသာကို မသိရှိတဲ့လူတွေကို ဘယ်လိုပြောပြမလဲ - ဥပမာ အီမာန်ဆိုတာဘာလဲ။ နမာဇ်ဖတ်ပုံဖတ်နည်း ။ နမာဇ်အချိန် သတ်မှတ်ပုံ၊ အရောင်းအ၀ယ်ပြုနည်း၊ စသဖြင့်ပေါ့။ wiki ထဲမှာဝင်ရှာလို့လည်းရတယ်။ ဘာသာရေးစာအုပ်တွေကို ကိုးကားလို့လည်းရတယ်။ ဗုခါရီလို ဟဒီးဆ်ကျမ်းတွေထဲက ယူလာလို့လည်းရတယ်။ ကျမ်းတော်မြတ်ကုရ်အာန်ကို တိုက်ရိုက်ကိုးကားရင်လည်းရတယ်။ ကျတော်စဉ်းစားမိသလောက် ခေါင်းစဉ်လေးတွေရေးပြမယ်လေ။ ပိုရင် လိုရင် comment ပေးကြပေါ့။ ကိုယ်သန်တဲ့အပိုင်းလေးကို Post လေးတွေတင် ။ သူများတင်ပြီးသားဆိုရင် credit ပေးပြီးယူသုံး။ ကိုယ့် Friend List ထဲက ဘာသာခြားတွေလည်း နားလည်သွားတာပေါ့။ ကိုယ်တင်တဲ့ပို့စ်အတိုင်း အပြင်မှာ ကျင့်သုံးကြပေါ့ ။ သယ်ရင်းတို့ ဘယ်လိုသဘောရလဲ။
စဉ်းစားမိသလောက် ခေါင်းစဉ်တွေကတော့ -------
၁ ။ အစ္စလာမ်အဓိပ္ပာယ်
၂ ။ အစ္စလာမ်သည် ကမ္ဘာဦးသာသနာဖြစ်ခြင်း (လူသားအစ အာဒမ်က - အာဒမ့် သာသနာ အစ္စလာမ်ပါ)
၃ ။ ယုံကြည်ချက် ကလိမဟ် (အစ္စလာမ့်သစ္စာတရား) (အီမာနီယားသ်)
၎ ။ ကိုးကွယ်ခြင်း (အိဗာဒါးသ်) (နမာဇ် - ရိုဇဟ်-ဇကာသ်-ဟဂ်ျ)
၅ ။ အပေးအယူ (မိုအာမလားသ်)
၆ ။ လူမှုရေး - နေထိုင်မှုနှင့် ပေါင်းသင်းဆက်ဆံရေး (မိုအာရှရသ်)
၇ ။ ကိုယ်ကျင့်တရား (အခ်လာကီယသ်)
၈ ။ ကောင်းမှုနှင့် မကောင်းမှု (ကုသိုလ်နှင့် အကုသိုလ်)
၉ ။ အလ္လာဟ်အရှင်မြတ်အကြောင်း
၁၀။တမန်တော်များအကြောင်း ၊ ကောင်းကင်ကျကျမ်းများ ၊ ကုရ်အာန်ကျမ်းတော်မြတ်
၁၁။ဂျန္နသ် - ဂျဟန္နမ်အကြောင်း
၁၂။ တက္ကဒီရ် (အလ္လာဟ်အရှင်မြတ်၏အသိတော်၌ အကြောင်းကိစ္စတစ်ခုမဖြစ်မီအလျှင်ကြိုတင် သိရှိနေပြီးဖြစ်ခြင်း)
၁၃။ သေပြီးနောက် ရှင်ပြန်ထရမည့်အပြင် မသေဆုံးသော ဘ၀တစ်ခုရရှိခြင်း (အာခိရသ်)
၁၄။ အစ္စလာမ့်သမိုင်း
၁၅။ အစ္စလာမ်က ပြသသော လူမှုဘ၀ (မွေးသည့်အချိန်မှ သေဆုံးသည့်အချိန်အထိ)
၁၆။ အစ္စလာမ်က ပြသသော အမျိုးသမီးအခွင့်အရေး
၁၇။ အစ္စလာမ်က ပြသသော လူ့အခွင့်အရေး
၁၈။ အစ္စလာမ်က ပြသသော ထိမ်းမြားလက်ထပ်ခြင်း
၁၉။ အစ္စလာမ်က ပြသသော ဟလာလ် - ဟရာမ် ၊ ဂျာအိဇ် နာဂျာအိဇ်
၂၀။ အစ္စလာမ်က ပြသသော တကိုယ်ရေသန့်ရှင်းမှုနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး
၂၁။ အစ္စလာမ်နှင့် သိပ္ပံပညာ
၂၂။ အစ္စလာမ်က ပြသသော ပညာရေး (သာသနာ့ပညာ-လောကဓာတ်ပညာ)
နောက်ထပ်စဉ်းစားလို့ရတဲ့ ကဏ္ဍတွေရှိရင်ထပ်တင်ပြပါ့မယ်။ တစ်ချို့ခေါင်းစဉ်တွေက ကျယ်ဝန်းတယ် ။ ခေါင်းစဉ်ခွဲတွေ ထပ်သုံးရမယ်။ ဘာပဲဖြစ်ဖြစ်လေ ကိုယ်သန်တာကို ကိုယ်ရေးပေါ့။
အားလုံးရဲ့valuable Post များကို မျှော်လင့်လျက်