ပညာနှင့် ဥစ္စာဘယ်ဟာမြတ်သလဲ
ဟဇရသ်အလီ ကို လူတစ်ယောက်က "တကယ်လို့ လူတစ်ယောက်ကို အခန်းတွင်းမှာ
ထည့်ထားပြီး တံခါးအားလုံးပိတ်ထားရင် 'ရိုဇီ' သူ့ထံ ဘယ်လိုရောက်လာမလဲ"
လို့ မေးတယ်။ ဟဇရသ်အလီ က "သူ့ 'မော့သ်' လာမယ့်လမ်းက 'ရိုဇီ' လာလိမ့်မယ်"
လို့ ဖြေကြားလိုက်တယ်။
ဟဇရသ်အလီ ထံ လူဆယ်ယောက်လာ၍ ပြောသည်မှာ "ကျွန်တော်တို့ လူဆယ်ယောက်
မေးခွန်းတစ်ခုကို မေးချင်ပါတယ်။ အဖြေကို ခိုင်လုံတဲ့အကြောင်းပြချက်
ဆယ်ခုနဲ့ဖြေဆိုပေးပါ" ဟဇရသ်အလီ က မေးခွင့်ပြုလိုက်တဲ့အခါ ထိုဆယ်ယောက်က
မေးခွန်းကို တင်ပြကြတယ်။ "ပညာနှင့် ဥစ္စာဘယ်ဟာမြတ်သလဲ" ဟဇရသ်အလီ က
"ပညာကမြတ်တယ်" လို့ ဖြေပြီးတော့ ခိုင်လုံတဲ့ အကြောင်းပြချက် ဆယ်ချက်ကို
အောက်ပါအတိုင်း အမိန့်ရှိတယ်။
၁။ ဥစ္စာကို သင်က ထိန်းသိမ်းစောင့်ရှောက်ရသည်။ ပညာက သင့်ကို
စောင့်ရှောက်ထိန်းသိမ်းပေးသည်။
၂။ ဥစ္စာဟာ 'ဖိရ်အောင်နဲ့ ဟာမန်' တို့ ချန်ရစ်ခဲ့ကြတဲ့ အမွေဖြစ်တယ်။ ပညာဟာ
နဗီတမန်တော်တို့ ချန်ရစ်ခဲ့တဲ့ အမွေဖြစ်တယ်။
၃။ ဥစ္စာကိုသုံးစွဲရင် လျော့နည်းသွားတယ်။ ပညာဟာ ကြာရင်မလျော့တတ်ပေ။
၎။ ဥစ္စာဟာ ကြာရင် ဆွေးမြေ့တတ်တယ်။ ပညာဟာ ကြာရင် မဆွေးမြေ့တတ်ပေ။
၅။ ဥစ္စာဟာ ခိုးသူတို့ရန်ကို ကြောက်ရတယ်။ ပညာကို ခိုးမှာကို မစိုးရိမ်ရပေ။
၆။ ဥစ္စာရှင်ဟာ တစ်ခါတစ်ရံ ကပ်စေးနဲလို့ အခေါ်ခံရတယ်။ ပညာရှင်ဟာ
အမြဲပဲစွန့်ကြဲသူလို့ ကင်ပွန်းတပ်ခံရတယ်။
၇။ ပညာနဲ့ နှလုံးသားဟာ လင်းဝင်းတယ်။ ဥစ္စာနဲ့နှလုံးသားမှာ မှောင်အတိကျတယ်။
၈။ ဥစ္စာများလာတဲ့အခါ မာန၀င်လာနိုင်တယ် "ဖိရ်အောင်" အစရှိတဲ့သူတို့ဟာ မိမိကိုယ်ကို "ခိုဒါ"
လို့ ကြွေးကြော်ခဲ့ကြတယ်။ ပညာများလာတဲ့အတွက်ကြောင့် တမန်တော်မြတ် ဟာ
ပိုပြီး ရိုကျိုးခဲ့တယ်။
၉။ ဥစ္စာကြောင့် ရန်သူများလာတတ်တယ်။ ပညာကြောင့် ခင်မင်သူများလာတတ်တယ်။
၁၀။ ဥစ္စာကြောင့် ကေယာမသ်နေ့မှာ စာရင်းစစ်ခံရမယ်။ ပညာကြောင့် စာရင်းစစ်မခံရဘူး။

Simple Islam
Web: http://aaitee.blogspot.com
Email: haroonrangoni@gmail.com
မိမိဖုန်းထဲတွင် နေ့စဉ် သအ်လီမ်များကို ဖတ်ရှုလေ့လာလိုပါက Simple Islam apk ဖိုင်ကို ကူးယူ Install လုပ်ထားပါ။