Monday, June 24, 2013

အစ္စလာမ်သာသနာတော်မြတ်နှင့် ဆွောင်မ် ခေါ် ဥပုဒ်သီလဆောက်တည်ခြင်း (အပိုင်း - 2 -)



 “ဆွောင်မ်” ဥပုဒ်သီလဆောက်တည်ခြင်း၏သမိုင်း

    ဆွောင်မ် ဟူသော ဥပုဒ်သီလဆောက်တည်ခြင်းသည် အစ္စလာမ်သာသနာတော်၏ ကျော်ကြားသော “အိဗာဒသ်” ကျင့်စဉ်များအနက် တစ်ပါးဖြစ်သည်။
ကမ္ဘာ့လူသားတို့၏ဖခင် ဟဇ်ရသ် အာဒမ် (အလိုင်)သည် ကမ္ဘာမြေပြင်သို့ ဆင်းသက်လာသောအခါ ထိုတမန်တော်ကြီး၏ အိဗာဒသ်ကျင့်စဉ်များအနက် “အိုင်ယာမိဗီးဇ်” (လစဉ် ၁၃-၁၄-၁၅ ရက်)များ၌ “ဆွောင်မ်” ဥပုဒ်ဆောက်တည်ရန် “ဖရဇ်” ဖြစ်ခဲ့၏။   ကြည့် - မအာရိဖုလ်ကုရ်အာန်ကျမ်း၊ တွဲ-၁)

    တမန်တော် နူးဟ် (အလိုင်)သည် အစဉ်အမြဲလိုလို “ဆွောင်မ” ဥပုဒ်ဆောက်တည်ခဲ့သည်။  ကြည့် - ဟုဂ်ျဂျသုလ္လာဟိ ဗာလိဂဟ်ကျမ်း၊ တွဲ-၁)

    ဂျူးလူမျိုးတို့သည် “သရှ်ရီးန်” မုဟရ်ရမ်လ (၁၀)ရက်နေ့ တစ်ရက်သာ ဥပုဒ်သာဆောက်တည်ကြသည်။ ထိုနေ့ကို “အာရူရာ” နေ့ဟုခေါ်ကြသည်။ ထိုနေ့တွင် တမန်တော်မူဆာ (အလိုင်)သည် သောင်ရသ်ကျမ်းလာ အမိန့်ပညတ်တော် ဆယ်ပါးရရှိခဲ့သည်။ သောင်ရသ်ကျမ်း၌ ထိုနေ့တွင် ဥပုဒ်ဆောက်တည်ရန် လေးနက်စွာ တိုက်တွန်းထား၏။  (အဟ်ဘားရ်ကျမ်း)
    တမန်တော် ဒါနိယားလ် (အလိုင်)သည် ရက်သတ္တသုံးပတ် ဥပုဒ် ဆောက်တည်ခဲ့သည်။   (၀ါနီအဲလ်ကျမ်း)
    တမန်တော် အိလ်ယားစ် (အလိုင်)သည် ရက်ပေါင်းလေးဆယ် နေ့/ည ဥပုဒ်ဆောက်တည်ခဲ့သည်။   (စလာသွီးနိအောင်ဝလ်ကျမ်း)
    တမန်တော် ယဟ်ယဟ် (အလိုင်) နှင့် ၎င်း၏ အွမ္မသ်နောက်လိုက်များသည်လည်း ဥပုဒ်ဆောက်တည်ခဲ့ကြ၏။   (မိရှ်ကားသ်ကျမ်း)
    တမန်တေ် အီစာ (အလိုင်)သည် ရက်လေးဆယ် ဥပုဒ်ဆောက်တည်တော်မူခဲ့သည်။   (မသ်သာကျမ်း)

    ဥပုဒ်ဆောက်တည်ရသောရက်၊ ဆောက်တည်ပုံ ဆောက်တည်နည်းများ၊ ဆောက်တည်ရသောလများ၊ ဆောက်တည်ရသောစည်းကမ်းများ မည်သို့ပင်ကွဲပြားခြားနားစေကာမူ ဥပုဒ်ဆောက်တည်မှုမပါသော သာသနာဟူ၍ ဤကမ္ဘာ၌ရှိမည်မထင်

ကျမ်းတော်မြတ်ကုရ်အာန်က “ဆွောင်မ်” ဥပုဒ်ဆောက်တည်မှု၏ သမိုင်းအား

 (کَمَاکُتِبَ عَلَی الَّذِیْنَ مِنْ قَبْلِکُمْ)
    “အသင်တို့ထက်အလျင်ရှိခဲ့သောသူတို့အပေါ် ပြဋ္ဌားန်တော်မူဘိသကဲ့သို့” ဟူ၍ တိုတိုတုတ်တုတ်ပင်ဖေါ်ပြထားသည်။ ဤသည်ကို ထောက်ရှုခြင်းအားဖြင့် တမန်တော်မြတ် (ဆွ) မပွင့်မီ ပွင့်ပေါ်ခဲ့သမျှသော နဗီတမန်တော်များနှင့် ၎င်းတို့၏ နောက်လိုက်များအပေါ် “ဆွလားသ်”နည်းတူ ဥပုဒ်ဆောက်တည်ရန်လည်း “ဖရ်ဇ်” ဖြစ်ခဲ့ကြောင်း ပေါ်လွင်နေပေသည်။ ကောင်းကင်ကျ ကျမ်းမရသော ဘာသာများ၌လည်း
ဥပုဒ်ဆောက်တည်မှုအကျိုးကို လက်ခံလျက် မိမိဘာသာဝင်များကို ဥပုဒ်ဆောက်တည်ရန် တိုက်တွန်းဆော်သြကာ ဥပုဒ်ဆောက်တည်မှုကို ဘာသာရေး၏ တစ်စိတ်တစ်ဒေသအဖြစ် သတ်မှတ်ထားကြောင်းတွေ့ရပေသည်။


“ဆွောင်မ်” ဥပုဒ်ဆောက်တည်မှု၏ အဓိကရည်ရွယ်ချက် -

ကျမ်းတော်မြတ်ကုရ်အာန်က ဥပုဒ်ဆောက်တည်မှု၏ အကြီးမားဆုံး ရည်ရွယ်ချက်အား

(لَعَلَّکُمْ تَتَّقُوْنَ)

“ပြစ်မှုဒုစရိုက်များမှ ရှောင်ကြဉ်ဖြစ်လာကြရန်” ဟူ၍ ဖော်ပြထားသည်။ လက်တွေ့၌လည်း ဥပုဒ်ဆောက်တည်ခြင်းကြောင့် လူသား၏စိတ်အတွင်း၌ “သက္က၀ါ” (အပြစ်ရှောင်ကြဉ်လိုစိတ်) တရားပေါက်ဖွားကာ ကောင်းမှုပြုချင်စိတ်များ ပေါ်လာပြီး မကောင်းမှုများရှောင်ကြဉ်ရန် သောကဖြစ်လာလေ့ရှိသည်။


အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဗန္ဒာဟ် စလာမသွလ္လာဟ် (မုဟမ္မဒီ)

အလ်မုဖီးဒ် (Al-mufeed)
ဆက်သွယ်ရန်
ဖုန်းထဲတွင် ထည့်သွင်းရန် Simple Islam.apk ဖိုင်ကို ကူးယူ Install လုပ်ထားပါ။