အလ္လာဟ်အရှင်မြတ်တည်ရှိကြောင်း သက်သေနိမိတ်လက္ခဏာများ=====================================ပဉ္စမအကြောင်းခံ------------------သက်ရှိတိုင်း၏အသက်ရှင်ရပ်တည်မှုသည် Phenomena ဟုခေါ်သည့် သဘာဝဖြစ်စဉ်များတွင် တည်ရှိပါသည်။ ထိုအရာများကို ယနေ့အခါမှာ ကျွန်ုပ်တို့ပြည့်ပြည့်ဝ၀သိရှိနိုင်ပြီဖြစ်သည်။ သို့သော် ဆင့်ကဲဖြစ်စဉ်အယူအဆကို ပြောဆိုခဲ့သည့် ဒါဝင်မှာ ထိုအခန်းကဏ္ဍကို မသိရှိခဲ့ပါ။ ဥပမာ မျိုးဗီဇသယ်ဆောင်ထားသည့် Genes များ၏အံ့ဖွယ်ထူးဆန်းမှုများ၊ အဆိုပါ Genes များသည် မည်မျှပါးလွှာ၍ အနုစိပ်ကျ သေးနုပ်သနည်းဟူမူ လောက၌ရှိသမျှသောသက်ရှိများ၏ Genes များကို စုစည်းလိုက်မည်ဆိုလျှင် လက်ချောင်းတစ်ချောင်းစာထက်သေးငယ်သောနေရာမှာပင် စုစည်းနိုင်မည်ဖြစ်သည်။
အဆိုပါ Genes များကို အလွန်အားကောင်းသော အနုကြည့်မှန်ပြောင်းဖြင့်ပင် ခက်ခက်ခဲခဲတွေ့မြင်ရပါသည်။ ၎င်း၏အဖော်ဖြစ်သည့် Chromosomes ခရိုမိုစုန်းမ်များသည်လည်း သက်ရှိတိုင်း၏ဆဲလ်များတွင် တည်ရှိနေကြသည်။ ဤအရာများသည် လူနှင့်တိရစ္ဆာန်များ၏ ဘိုးဘေးမျိုးဗီဇအကျင့်ဓလေ့များကို သယ်ဆောင်ထားကြသည်။ ဤအနုစိပ်အရာလေးများတွင် ထောင်သောင်းမကသော ဘိုးဘေးအစဉ်အဆက်တို့၏အကျင့်အမူ၊စိတ်နေသဘောတရားများကိုပါ အတိုင်းအတာတစ်ခုအထိ အဘယ်ကဲ့သို့ ထိန်းသိမ်းသယ်ဆောင်လာပါသနည်း။
အလွန်အံ့ဩစရာကောင်းသည်မှာ လူ၏ဆဲလ်အတွင်းရှိ Genes များသည် သိန်းသန်းချီသော ပိုးများကဲ့သို့တည်ရှိ ပြီး အလွန်နုနယ်သေးငယ်သော နေရာလေးများတွင်နေရာယူ၍ လူ့ဘဝဖြစ်အင်ကြီးများကို စိုးမိုးအုပ်ချုပ်မင်းမူနေခြင်းမှာ ဖန်ဆင်းရှင်၏ အလွန်အဆင့်မြင့်မားသောတန်ခိုးတော်၏လက်ရာဖြစ်ကြောင်းကို မည်သူမျှမငြင်းနိုင်ပါ။
လူသည် ဆဲလ်ပေါင်းများစွာဖြင့်ပေါင်းစပ်ဖွဲ့စည်းထားသော သက်ရှိဖြစ်ပါသည်။ ဆဲလ်တိုင်းတွင် များစွာသော ခရိုမိုစုန်းမ်များရှိကြသည်။ ခရိုမိုစုန်းမ်များတွင်လည်း များစွာသော Genes များကို တွေ့ရပါသည်။ ရှေးလွန်လေပြီးသော ဘိုဘွားတို့၏ အကျင့်စရိုက်တိုင်းသည် ဂျင်း တစ်ခုစီ၌ ရှိနေပါသည်။ ထိုဂျင်း များထဲမှ ပို၍အားကောင်းသောမျိုးဗီဇ ဂျင်း မှာ ထိုသူ့အပေါ်လွှမ်းမိုးသွားသည်။ ထိုအားကောင်းသော ဂျင်းမျိုးဗီဇအတိုင်း ထိုသူ၏ အကျင့်စရိုက် ရုပ်သွင်ပြင်၊ အသားအရောင်စသည်တို့ ဖြစ်တည်ကြပါသည်။
ဆဲလ်များမှာ အလွန်ကျယ်ပြန့်၍ မျိုးစုံလှသော အစွမ်းသတ္တိများစုစည်းရာနေရာ ဖြစ်သည်။ ထိုဆဲလ်များကို အပင်များ သက်ရှိသတ္တဝါများတွင် တွေ့ရှိရပါသည်။ လူသည်လည်း ထိုသို့ဆဲလ်များပေါင်းစပ်ခြင်းဖြင့် အလွန်အဆင့်မြင့်သောသက်ရှိတစ်မျိုးဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။
ဤသို့ဆဲလ်များအတွင်း အံ့မခန်းဂုဏ်သတ္တိများသွတ်သွင်း၍သက်ရှိများဖြစ်ပေါ်စေခြင်းမှာ တိုက်ဆိုင်၍ဖြစ်နေရပါသည်ဟု ဒွိဟစိတ်ဖြင့် ထင်မှတ်နိုင်ရန် အပုံဆယ်သိန်းပုံတစ်ပုံ ခန့်မျှပင် မဖြစ်နိုင်စကောင်းပါ။
အစ္စလာမ့်ရေးရာ ဒအ်ဝါဂရူးပ်မှကောက်နုတ်တင်ပြသည်။
အလ်မုဖီးဒ် (Al-mufeed)
ဆက်သွယ်ရန်