Thursday, June 27, 2013

အစ္စလာမ်သာသနာတော်မြတ်နှင့် ဆွောင်မ် ခေါ် ဥပုဒ်သီလဆောက်တည်ခြင်း (အပိုင်း - 4 -)

အစ္စလာမ်သာသနာတော်မြတ်နှင့် ဆွောင်မ် ခေါ် ဥပုဒ်သီလဆောက်တည်ခြင်း   (အပိုင်း - 4 -)


    “ရမဿွာန်” လမြတ်သည် အလွန်မွန်မြတ်သော လတစ်လဖြစ်ရုံသာမက ၎င်းလမြတ်၌ပြုကျင့်သော အမလ်အေဗာဒသ်တိုင်းသည်လည်း အလွန်အကျိုးထူးပေသည်။ ၎င်းလမြတ်၏ အေဗာဒသ်များအနက် “သရာဝီးဟ်” ဆွလာသ်
ဝတ်ပြုခြင်းသည်လည်း အလွန်အရေးကြီး၍ အကျိုး စ၀ါးဗ် အမြောက်အမြားရရှိသော “အေဗာဒသ်” တစ်ခုဖြစ်သည်။ ၎င်းဆွလားသ်သည် “ရကအသ်”(၂၀) ဖြစ်လေသည်။

    “သရာဝီးဟ် ဆွလားသ်” ၀တ်ပြုခြင်းသည် “စွန္နသ် မုအက္ကဒဟ်” ဖြစ်သည်။ အမျိုးသား/အမျိုးသမီးအားလုံးအတွက် အမိန့်ပညတ်ချက်တစ်ခုတည်းပင်ဖြစ်သည်။ “သရာဝီးဟ် ဆွလားသ်” သည် “ရကအသ်” (၂၀) ဖြစ်သည်။ ၎င်းပြင်
ဤ ရကအသ် (၂၀)သည်လည်း တမန်တော်မြတ် (ဆွ)နှင့် “အဆ်ွဟာဗ်” တော် သာဝကကြီးများမှ အတည်ဖြစ်ခဲ့သည်။ ဒီအတွက်ကြောင့် “သာဗိအီးန်” များ ”အအိမ်မာအေ မုဂ်ျသဟိဒီးန်” အိမာမ် အဘူဟနီဖဟ် (ရဟေ့)၊
အိမာမ် ရှာဖိအီ (ရဟေ့)၊ အိမာမ် အဟ်မဒ်ဗင်န် ဟန်ဗလ် (ရဟေ့)၊ တို့ထံတွင် “သရာဝီးဟ် ဆွလားသ်” သည် ရကအသ် (၂၀) ဖြစ်သည်။ အိမာမ် မာလိက် (ရဟေ့) ၏ အဆိုတစ်ခုအရလည်း “သရာဝီးဟ် ဆွလာသ်”သည် ရကအသ် (၂၀)ပင်ဖြစ်သည်။
ထို “မဇ်ဟဗ်” ကြီးလေးခု၏ “အိမာမ်”ကြီးလေးပါးသည် “ သရာဝီးဟ် ဆွလားသ်” အား “ရကအသ်” (၂၀)ထက် လျော့နည်း၍ မရွေးချယ်ခဲ့ပေ။ ဤအဆိုသည် “ဖေကာဟ်” ဓမ္မသတ်ပညာရှင်အများစု၏ အဆိုဖြစ်သည်။
ယနေ့တိုင်အောင် အကမ္ဘာ့အရှေ့ဖျားမှ ကမ္ဘာ့အနောက်ဖျားတိုင်အောင် လောကတစ်ခွင်လုံးတွင်  “အွမ္မသ်” အများအပြား ညီညွတ်သော အမလ်ဖြစ်သည်။ ယနေ့တိုင်အောင် “မတ်စ်ဂျီဒ် ဟရာမ်” ကအ်ဗဟ်ကျောင်းတော်ကြီးနှင့် မဒီနဟ်ရွှေမြို့တော်ရှိ
“ မတ်စ်ဂျီဒ် နဗ၀ီ” ၀တ်ကျောင်းတော်ကြီးတို့တွင် “သရာဝီးဟ် ဆွလားသ်” ရကအသ် (၂၀)သာလျှင် ၀တ်ပြုကြသည်။ “သရာဝီးဟ် ဆွလားသ်” (၈) ရကအသ် ၀တ်ပြုသူသည် အလွန်နည်းပါး၍ ဤသည်လည်း မှားယွင်းမှုတစ်ခုသာဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် အကြင် “ ရိဝါယသ်” တွင် (၈) ရကအသ်ဟုလာရှိသည်။ ထို “ရိဝါယသ်” သည် “သဟ်ဂျွဒ် ဆွလားသ်” ကို ဆိုလိုသည်။ “ သရာဝီးဟ် ဆွလားသ်” ကိုဆိုလိုခြင်းမဟုတ်ပေ။ ဤ “ဆွလားသ်” (၂)မျိုးသည် သီးခြားစီဖြစ်သည်။

“ဟဒီးစ်” . . . .
    ဟဇရသ် အိဗ်နုအဗ်ဗါးစ် (ရသွီ)သခင်က ဆင့်ပြန်ခဲ့သည်။ “ရမ်ဿွာန်”လမြတ်တွင် နဗီတမန်တော်မြတ် (ဆွ) သည် “သရာဝီ ဆွလားသ် ရကအသ်” (၂၀)နှင့် “၀ိသ်ရ် ဆွလားသ်” အားဝတ်ပြုလေ့ရှိခဲ့သည်။  ကြည့်   -  ဖိက်ဟီးမစာအိလ်ကျမ်း၊ စာမျက်နှာ၊ ၂၇၇-၂၇၈၊ တွဲ-၁)
“သရာဝီးဟ် ဆွလားသ် ရကအသ်” (၂၀) ဖြစ်ကြောင်း လာရှိသည့် အခြားသော “ဟဒီးစ်”တော်အမြောက်အမြားလာရှိပေသေးသည်။ “ဟဒီးစ်” ကျမ်းကြီးများတွင်လေ့လာနိုင်သည်။





အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဗန္ဒာဟ် စလာမသွလ္လာဟ် (မုဟမ္မဒီ)