Thursday, June 13, 2013

FACEBOOK အကြောင်းနဲနဲပြောမယ် (၃)



အခုတစ်လောကျနော့်ဆီကို Facebook account ကသုံးလို့ မရဘူးဖြစ်သွားတယ်ဆိုပြီး မိတ်ဆွေတစ်ချို့ ရောက်လာကြတယ်။ သူတို့တွေရဲ့ password တွေကို လဲ ဘယ်သူမှမသိကြဘူးလေ။ ပြီးတော့ ဖုန်းထဲက android facebook application ကိုဘဲသုံးကြတယ်။ ဒါပေမယ့် နောက်ပိုင်းကြတော့သုံးလို့မရတော့ဘူး account ထဲမှာရှိတဲ့လူတွေရဲ့ ပုံတွေပြပြီး အမည်တွေကို ရိုက်ထည့်ခိုင်းတယ် သူတို့ တွေကလဲ သတင်းတွေကို ဘဲကြည့်ကြတာဆိုတော့ ပုံတွေပြတော့ ဘယ်လူက တင်ထားမှန်းဘယ်သိပါ့မလဲ ဗျာ။ အဲဒီတော့ ရမ်း ပြီးဖြည့်တာပေါ့ ။အဲဒီလိုထပ်မှား ထပ်ရမ်းနဲ့ နောက်ဆုံး account ကသုံးလို့လုံးဝမ ရတော့ဘူးလေ။ ဘာကြောင့်ဒီလိုဖြစ်တာလဲ ဆိုတာကျနော်လဲသိချင်တာပေါ့။ နောက်ဆုံးတော့ ဘာလဲဆိုတော့ ဘာ POST တစ်ခုမှမတင်၊ like လဲမလုပ်၊ share လဲမလုပ်ဘဲ စာတွေကိုဒီအတိုင်းဘဲထိုင်ဖတ်နေတော့ FACEBOOK က နေ account ကအလွတ်ကြီး ကို သံသယဝင်လာတာပေါ့ ။ လူမဟုတ် ပဲတခြားတစ်ခုခုအတွက် အကောင့်လုပ်ထားလားဆိုပြီးတော့ ၊ FACEBOOK POLICY အရ အဲဒါကိုခွင့်မပြုဘူးလေ။ အဲဒါကြောင့်လူဖြစ်ကြောင်းသက်သေပြခိုင်းတာတဲ့။
ကဲဒါဆို account လောဂ့်(log) မကျအောင် post မတင်ရင်တောင် like သို့ share လေးဘာလေးလုပ်ပေးကြပါလို့ account အသစ်လုပ်သမားများအား သတိပေးရင်း ဒီ Post လေးကို ဒီမှာဘဲ ရပ်လိုက်မယ်နော် ။
 inshalla နောက်ထပ် post များ မျှော်။

မင်းကြီး မင်းလေး။ 

အလ်မုဖီးဒ် (Al-mufeed)
ဆက်သွယ်ရန်