Thursday, June 27, 2013

အစ္စလာမ်သာသနာတော်မြတ်နှင့် ဆွောင်မ် ခေါ် ဥပုဒ်သီလဆောက်တည်ခြင်း (အပိုင်း - 5 -)

အစ္စလာမ်သာသနာတော်မြတ်နှင့် ဆွောင်မ် ခေါ် ဥပုဒ်သီလဆောက်တည်ခြင်း   (အပိုင်း - 5 -)


ရိုဇဟ် ပျက်စေသောအချက်များ

ရိုဇဟ် ပျက်စေသောအချက်များမှာ နှစ်မျိုးရှိ၏။ တစ်မျိုးမှာ - ရိုဇဟ် ပျက်၍ ထို(၁)ရက်အစား ကဿွာ(၁)ရက်သာ ပြန်ဖြည့်ရ၏။ ဒုတိယတစ်မျိုးမှာ ရိုဇဟ် ပျက်၍ ကဿွာဖြည့်ရမည့်အပြင် ကဖွာရာဟ်လည်း ထိုက်၏။

အောက်ပါအချက်များဖြင့် ''ရိုဇဟ်'' ပျက်၍ ကဿွာသာဖြည့်ရ၏။

(၁) ''ဆွိယာမ်''စောင့်ထိန်းသော သူ၏ ပါးစပ် အတွင်းသို့ အခြားသူ တစ်ဦးဦးက စားစရာ တစ်ခုခု အတင်း ထိုးထည့်၍ လည်ချောင်းအတွင်း ဝင်သွားခြင်း၊
(၂) ''ဆွိယာမ်''စောင့်ထိန်းထားကြောင်း သတိ ရှိလျက်နှင့် ၀ူဇူလုပ်နေစဉ်၊ သို့ ရေချိုးစဉ် လည်ချောင်း အတွင်း ရေဝင်သွားခြင်း၊
(၃) အန်ထွက်လာသော အန်ဖတ်များကို ပြန်လည် မျိုချခြင်း၊
(၄) လက်ထိုး၍ ပါးစပ်အပြည့် အန်ချခြင်း၊
(၅) ကျောက်ခဲ (သို့)မြေကြီး (သို့) အုတ်ခဲစ (သို့) သစ်စေ့ (သို့) စက္ကူစ စသည့် လူသားများ စားလေ့ မရှိသော အရာကို မျိုချခြင်း၊
(၆) သွားကြား ညှပ်နေသော ကုလားပဲစေ့ခန့်မျှ (သို့) ထိုထက်ကြီးသော အစားအစာ တစ်ခုကို လျှာဖြင့် ကလော်၍ မျိုချခြင်း၊
(၇) ရောဂါတစ်စုံတစ်ရာကြောင့် ဤမျှခန့်သွေးများ (သို့) ပြည်များ သွားမှထွက်လာ၍လည်ချောင်းထဲဝင်သွားခြင်း အကြင်သွေး (သို့) ပြည်သည်အချိန်အဆ၌ တံတွေးနှင့်တန်းတူဖြစ်သွားခြင်း၊ (သို့) တံတွေးထက်ပို၍များသွားခြင်း၊
(၈) မေ့လျော့၍ စားသောက်မိပြီး ''ရိုဇဟ်'' ပျက်ပြီဟု ထင်၍ ထပ်မံ စားသောက်ခြင်း၊
(၉) အရုဏ်တက်ချိန် (စွတ်ဗ်ဟိစွာဒစ်က်) ရောက်ပြီးသောအခါ မိုးသောက်ချိန် မရောက်သေးဟု ထင်၍ စားသောက်မိခြင်း၊
(၁ဝ) ရမ်ဿွန်လမှအပ၊ အခြား ရက်တွင်ထားသော နဖစ်လ်''ရိုဇဟ်''ကို တမင်ဖျက်ခြင်း၊
(၁၁) နေ့အချိန်မကုန်သေးဘဲ မိုးသားများကြောင့် နေဝင်ပြီဟု ထင်၍ အိဖ်သာရီ ပြုမိခြင်း။
(၁၂) မိမိ၏ဇနီးသည်အား နမ်းရှုံ့ခြင်းကြောင့် သုတ်ရည်ထွက်သွားခြင်း။
(၁၃) နားနှင့်နှာခေါင်းတွင်းသို့ စိုသောဆေးအားထည့်ခြင်း၊ (သို့) ခြောက်သွေ့သော ဆေးမှုံ့ ထည့်ခြင်း၊ ၎င်းဆေးသည် လည်ချောင်းနှင့် ဦးနောက်ထဲသို့ ရောက်သွားရန် ယုံကြည်ချက်ရှိနေခြင်း။
(၁၄) အိမ်ပျော်နေသူ အေဟ်သေလာမ် (အိမ်မက်မက်ပြီး)ဖြစ်၍ ရိုဇာဟ်ပျက်ပြီထင်၍ ၀ါဖြေလိုက်ခြင်း။
(၁၅) ပါးစပ်အပြည့်အံခြင်း။
(၁၆) လောဘန် (သို့) အမွှေးတိုင်၊ ခြင်ဆေးခွေ၊ ဆေးတံအခိုး၊ ဆေးလိပ်အငွေ့ အစရှိသည့်အရာများ၏ အငွေ့ကိုရည်ရွယ်ပြီး နှာခေါင်းတွင် ရှုရှိုက်ခြင်း၊ လည်ချောင်းတွင် ၀င်သွားခြင်း။
(၁၇) ပါးစပ်ထဲသို့ မျက်ရည် (သို့) ချွေးစက်များဝင်ရောက်သွားခြင်း၊ ၎င်းအရာများ၏ အရသာကို သိရှိခံစားရပြီးနောက် မျိုချလိုက်ခြင်း။
(၁၈) မိမိ၏လက် အကြောင်းပြု၍ မိမိ၏ ရှဟ်ဝသ် (ရမ္မက် ဆန္ဒ) အားဖြည့်ဆီးခြင်း။
(၁၉) သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ပြင်ပရှိအရာတစ်ခုခုကို ပါးစပ်တွင်ထည့်၍ မျိုချခြင်း။
(၂၀) ဂက်(စ)ပန့် (INHALER) ရင်ကြပ်ပန်းနာ ဝေဒနာရှင်များ အရေးပေါ်အသုံးပြုရသော ရှုသွင်းဆေးအသုံးပြုခြင်း။
(၂၁) နစ်ဝါးရ် (ကွမ်းစားဆေး) ငုံထားခြင်း။


အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဗန္ဒာဟ် စလာမသွလ္လာဟ် (မုဟမ္မဒီ)

အလ်မုဖီးဒ် (Al-mufeed)
ဆက်သွယ်ရန်
ဖုန်းထဲတွင် ထည့်သွင်းရန် Simple Islam.apk ဖိုင်ကို ကူးယူ Install လုပ်ထားပါ။