Wednesday, May 15, 2013

၇၈၆ ရှင်းလင်းချက် (အသိပညာနှင့်အတတ်ပညာကိုအခြေခံသည်)

၇၈၆ ရှင်းလင်းချက်

၇၈၆ တန်ဖိုးရှိ ဂဏန်းရရှိပုံကိုသိရန် အတတ်ပညာ နှစ်ခု အသိပညာတစ်ခု လိုအပ်ပါသည်။

၁။ အရဗီအက္ခရာတို့၏ ဂဏန်းဖလှယ်ပုံ နံသင့်ဇယားကွက် ကို သိရမည်။ ပုံတွင် အရဗီ အက္ခရာတိုင်း၏ တန်ဖိုးများကို ဖော်ပြထားသည်။ 1.2.3.4.5.6.7.8.9.10.20.30.40.50.60.70.80.90.100.200.300.400.500.600.700.800.900.1000 ဟူ၍ ၂၈ လုံးရှိသည်။

၂။ ၇၈၆ ဆိုသော တန်ဖိုးကို မည်သည့်အရာက ရရှိစေသနည်း။ မွတ်စလင်မ်တို့၏ ကျမ်းစာ ကုရ်အာန်ကျမ်းတော်မြတ်၏ အဖွင့် ဒေသနာတော် “ ဗိစ်မစ်လ်လာ ဟိရ်ရဟ်မာနစ်ရ်ရဟီးမ် “ ကို ဂဏန်းတန်ဖိုးဖလှယ်ရာမှ ရရှိသည်။

၃။ အရဗ်တို့၏ ဂဏန်းတန်ဖိုးဖလှယ်ပုံမှာ မြန်မာတို့နှင့်မတူချေ။ အရဗီ အက္ခရာတို့၏ နံသင့်တန်ဖိုးများကို ပေါင်းရသည်။ “ ဗိစ်မစ်လ်လာ ဟိရ်ရဟ်မာနစ်ရ်ရဟီးမ် “ တွင် အရဗီ အက္ခရာ ၁၉ လုံးပါဝင်သည်။ ထို ၁၉ လုံးတို့၏ နံသင့်တန်ဖိုးများပေါင်းလျှင် ၇၈၆ ရသည်။ ခုနစ်ရာရှစ်ဆယ့်ခြောက် ဖြစ်ပါသည်။ ခွန် ရှစ် ခြောက် မဟုတ်ပါ။ Numerical value ဖြစ်ပါသည်။ Natural number များကို တန်းစီရေးခြင်းမဟုတ်ပါ။

ချေပချက် ။ ။ ဘုန်းတော်ကြီးတရားဟော အခွေများတွင် ၇+၈+၆ = ၂၁ ဟူ၍ ပညာမဲ့ဆန်ဆန် ဟောပြောထားချက်များကို ချေပပါသည်။ ထိုဘုန်းကြီးဟော ၇+၈+၆=၂၁ ဟူသည် အထက်ပါ အတတ်ပညာ ၂ မျိုး အသိပညာ ၁ မျိုး နှင့် လုံးဝ မပတ်သက်ပါကြောင်းရှင်းလင်းအပ်ပါသည်။ အစ္စလာမ်ဘာသာရေး အကြောင်းအရာများကို အမှားမှား အယွင်းယွင်း ဟောပြောခဲ့သော ဘုန်းကြီးများသည် မုသာဝါဒါ ကျူးလွန်သူများဖြစ်ကြောင်း သိစေအပ်ပါသည်။ ထိုဘုန်းကြီးတရားဟော မုသာဝါဒါ အခွေများ မြန်မာနိုင်ငံအတွင်း ပြန့်နှံ့နေခြင်းမှ ရပ်ဆိုင်းအောင်ပြုလုပ်ပေးပါရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဂိုဏ်းချုပ်ဆရာတော်အရှင်သူမြတ်များအား ရိုသေလေးစားစွာ လျှောက်ထားအပ်ပါသည်။

လက်ဆင့်ကမ်းပေးပါရန်။ (မည်သူမဆို ဤ Picture ကို မူရင်းအတိုင်း ရှင်းလင်းပွဲများတွင် သုံးစွဲခွင့်ပြုသည်)

( Credit to : အမှန်တရားလိုလားသူ )