Friday, May 24, 2013

ဘ၀တွက်တာ သိမှတ်စရာ


တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လာမ်) ထံသို့ လူတစ်ယောက်လာရောက်၍ "ဒွန္နယာ" နှင့် "အာခေရသ်" အတွက် အလွန်အရေးပါသော ကိစ္စရပ်များကို မေးမြန်းခဲ့သည်။
လာရောက်သူ။  ။ အို- ကိုယ်တော်၊ ကျွန်တော်ကြီးကျယ်သော ပညာရှင်တစ်ယောက်ဖြစ်ချင်ပါတယ်။
တမန်တော်။     ။ သင် အလ္လာဟ့်ကို ကြောက်ပါ။ အရှင်မြတ်အပေါ် အကြောက်တရားထား၍ အမိန့်တော် များကို နာခံခြင်းအားဖြင့် လူသားအတွက် ပညာ၏တံခါးများ ပွင့်လာလိမ့်မည်။
လာရောက်သူ။  ။ကျွန်တော် လူသားထဲက အကောင်းဆုံးကို ဖြစ်ချင်ပါတယ်။
တမန်တော်။     ။ အကောင်းဆုံး လူသားသည် လူတို့အား အကျိုးပြုသူပင်ဖြစ်သည်။ သို့ရှိရာ သင်သည် လူတို့အား အကျိုးပြုသူ ဖြစ်အောင် ကြိုးစားပါ။
လာရောက်သူ။  ။ ကျွန်တော်တရားမျှတသူ တစ်ယောက် ဖြစ်ချင်ပါတယ်။
တမန်တော်။     ။ သင်မိမိအတွက်နှစ်သက်သောအရာကို အခြားသူအတွက်လည်း နှစ်သက်ပါ။
လာရောက်သူ။  ။ ကျွန်တော် အလ္လာ့ဟ်ထံတော်အပါးမှာ အနီးဆုံးသူဖြစ်ချင်ပါတယ်။
တမန်တော်။     ။ အားလုံးထက် အလ္လာဟ်ကို ပို၍သတိရပါ။ သင်သည် အလ္လာဟ် နှင့်အနီးဆုံးသူ ဖြစ်လိမ့်မယ်။
လာရောက်သူ။  ။ ကျွန်တော် လူတော် လူကောင်း တစ်ယောက် ဖြစ်ချင်ပါတယ်။
တမန်တော်။     ။ သင် နမာဇ် ၀တ်ပြုရာမှာ အရှင်မြတ်ကို မြင်နေရတယ်လို့ မှတ်ထင်၍ ၀တ်ပြုပါ။ အကယ်၍ ဒီလိုစိတ်မျိုးမရလျှင် အလ္လာဟ်အရှင်မြတ်က သင့်ကို ကြည့်နေတယ်လို့ စိတ်က မှတ်ယူ၍ ၀တ်ပြုပါ။
လာရောက်သူ။  ။ ကျွန်တော် အီမာန် ပြည့်ဝတာကို လိုချင်ပါတယ်။
တမန်တော်။     ။ သင့်ရဲ့ စာရိတ္တကို မြှင့်တင်လိုက်ပါ။ အီမာန် ပြည့်ဝလာလိမ့်မယ်။
လာရောက်သူ။  ။ ကျွန်တော် အရှင့်အမိန့် နာခံသူ တစ်ယောက် ဖြစ်ချင်ပါတယ်။
တမန်တော်။     ။ သင့်အပေါ်မှာရှိတဲ့ ဖရဇ် တာဝန်တွေကို ကျေပွန်လျက်ရှိပါ။ သင် အမိန့်နာခံသူ ဖြစ်လာလိမ့်မယ်။
လာရောက်သူ။  ။ ကျွန်တော် အပြစ်ကင်းစင်သူအဖြစ် အရှင်မြတ်နဲ့ တွေ့ချင်ပါတယ်။
တမန်တော်။       ။ "ဂျနာဗသ်" ရေချိုးခြင်း၏ ဗရကသ်ဖြစ် အပြစ်ကင်းစင်သူအဖြစ်
ရှင်ပြန်ထရလိမ့်မည်။
လာရောက်သူ။      ။ ဟရှရ် တွင် "နူရ်"နှင့်အတူ ရှင်ပြန်ထသူဖြစ်ချင်ပါတယ်။
တမန်တော်။       ။ သင် မတရား မလုပ်လျှင် ကေယာမသ် နေ့၌ "နူရ်"နှင့် အတူ ရှင်ပြန်ထရလိမ့်မည်။
လာရောက်သူ။      ။ အလ္လာဟ်အရှင် ကျွန်တော့်ကိုသနားတာကိုလိုချင်ပါတယ်။
တမန်တော်။       ။ သင်မိမိကိုယ်ကိုလည်း သနားပါ။ အရှင်မြတ်ရဲ့ အဖန်ဆင်းခံ များကိုလည်း သနားပါ။ အလ္လာဟ်အရှင်မြတ်က သင့်ကို သနားတော်မူလိမ့်မယ်။
လာရောက်သူ။      ။ ကျွန်တော် အပြစ်တွေ လျော့နည်းတဲ့ အဖြစ်ကို လိုချင်ပါတယ်။
တမန်တော်။       ။ သင်"အိစ်သိဂ်ဖာရ်" များများ ဖတ်ပါ။ အပြစ်တွေ လျော့နည်း သွားလိမ့်မယ်။
လာရောက်သူ။      ။ ကျွန်တော် သူတော်စင် ဖြစ်ချင်ပါတယ်။
တမန်တော်။       ။ ဒုက္ခ ရောက်တဲ့အချိန် အရှင်မြတ်ကို အပြစ်မတင်နဲ့၊ သင် သူတော်စင် ဖြစ်သွားလိမ့်မယ်။
လာရောက်သူ။      ။ ကျွန်တော် ရိုဇီ များများလိုချင်ပါတယ်။
တမန်တော်။       ။ အမြဲ သန့်ပြန့်စွာနေပါ။ ရိုဇီမှာ "ဗရ်ကသ်" ရရှိမည်။
လာရောက်သူ။      ။ ကျွန်တော် အလ္လာဟ်နဲ့ရယ်၊ ရစူလ် နဲ့ရယ်၊ မိတ်ဆွေဖြစ်ချင်တယ်။
တမန်တော်။       ။ အလ္လာဟ် သဘောကျတာကို သင်လည်း သဘောကျပါ။ အလ္လာဟ်နဲ့ ရစူလ် မကြိုက်တာကို သင်လည်း ရွံ့မုန်းပါ။ အလ္လာဟ်နဲ့ ရစူလ်ရဲ့ မိတ်ဆွေ ဖြစ်သွားလိမ့်မယ်။
လာရောက်သူ။      ။ ကျွန်တော် အရှင်မြတ်၏ အမျက်တော်နဲ့ ကင်းဝေးချင်ပါတယ်။
တမန်တော်။       ။ တစ်ဦး တစ်ယောက် အပေါ်မှာ မတရား ဒေါသမထွက်နဲ့၊ အလ္လာဟ့် အမျက်တော်နဲ့ ကင်းဝေးလိမ့်မယ်။
လာရောက်သူ။      ။ ကျွန်တော် အရှင်မြတ် ထံတော်ပါးမှာ "ဆုတောင်းတိုင်းပြည့်သူ" ဖြစ်ချင်ပါတယ်။
တမန်တော်။       ။ ဟရာမ် ဖြစ်သော အရာများနှင့် ဟရာမ် အလုပ်များကို ရှောင်ပါ။ "ဆုတောင်းတိုင်း ပြည့်သူ" ဖြစ်သွားလိမ့်မယ်။
လာရောက်သူ။      ။ ကေယာမသ် နေ့မှာ လူအများရှေ့မှာ ကျွန်တော် သေးသိမ် နိမ့်ကျမှာကို မလိုလားပါဘူး
တမန်တော်။       ။ သင့် အရှက်အင်္ဂါကို ထိန်းသိမ်းမယ်ဆိုရင် အလ္လာဟ်အရှင်မြတ်က ကေယာမသ် နေ့မှာ သင့်ကို သေးသိမ် နိမ့်ကျသူအဖြစ် ပြုတော်မူမှာ မဟုတ်ဘူး။

Simple Islam - Islamic Teachings ( http://aaitee.blogspot.com ) haroonrangoni@gmail.com