Wednesday, May 22, 2013

မွတ်စလင်မ်တိုင်း သိထားသင့်သည့် အမေးအဖြေများ (၂)


၂။ အလ္လာဟ်အရှင်မြတ်ကို မည်သူဖန်ဆင်း ခဲ့သနည်း။ အလ္လာဟ်အရှင်မြတ် အဖြစ်သို့ ရောက်ရှိလာသည့် အလ္လာဟ်အရှင်မြတ်၏ အတ္ထုပ္ပတ္တိကို ဖော်ပြပါ။

၂။ [ဖြေ] - ဖန်ဆင်းခြင်းသည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ စကြဝဠာခပ်သိမ်း၌ မည်သူထံတွင်မှ မရှိသော အရာဖြစ်သည်။ လူသည် တီထွင်မှု (invent) လုပ်သည်။ သို့သော် သူတီထွင် လုပ်ကိုင်သမျှ အရာအားလုံးသည် နိယာမဥပဒေသအားဖြင့် ရှိပြီးသားဖြစ်သည်။ လူသည်ဖော်ထုတ် တွေ့ရှိရုံမျှ ဖြစ်သည်။ ဥပမာအားဖြင့် လျှပ်စစ်မီးသီး ပြုလုပ်သော နည်းပညာသည် ရှိပြီးသားဖြစ်၏။ အက်ဒီဆင် (Edison) သည် ၎င်းနည်းပညာကို ရှာဖွေတွေ့ရှိသူသာ ဖြစ်သည်။ ဖန်ဆင်းသူမဟုတ်။ ဗုဒ္ဓသည် သစ္စာတရားကို တွေ့ရှိသူသာဖြစ်သည်။ ဖန်ဆင်းသူမဟုတ်။ ဆိုလိုသည်မှာ ဖန်ဆင်းခြင်း သဘောသည် ဖန်ဆင်းခံတို့နှင့် လုံးဝ ကွဲပြားခြားနားမှု ရှိသည်။ ဖန်ဆင်းရှင် ဟူသည် အကြောင်း အရာအားလုံး၏ အစကနဦး အကြောင်းကို ပြုလုပ်သူ (Creator) ပင်ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းသူကို ထပ်မံ ဖန်ဆင်းခြင်းရှိခဲ့ရမည် ဟူသော အတွေးမှာ အဓိပ္ပာယ်မရှိချေ။ ဖန်ဆင်းခြင်း မခံရသူအဖို့ အတ္ထုပ္ပတ္တိ လည်းမလိုချေ။
Allah cannot be created. Allah Created everything.

(Simple Islam) (Islamic Teachings) ဆက်သွယ်ရန် - haroonrangoni@gmail.com