Wednesday, May 22, 2013

မွတ်စလင်မ်တိုင်း သိထားသင့်သည့် အမေးအဖြေများ (၅)


၅။ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာကို ဖန်ဆင်းသည်ဟု ဆိုရာတွင် ဘယ်အကျိုးကို မျှော်ကိုးပြီး ဖန်ဆင်းပါသနည်း။

၅။ [ဖြေ]- အလ္လာဟ်အရှင်မြတ်သည် ပရမတ္တဖြစ်သည်။ လူသည် အနတ္တဖြစ်၏။ အနတ္တသဘောမှာ ပရမတ္တအလိုကို နာခံရခြင်း၊ ကိုယ့်အလိုအတိုင်းမဖြစ်ဘဲ သူ့အလိုအတိုင်းဖြစ်ရခြင်းကို ခေါ်သည်။ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာအပါအဝင် စကြာဝဠာတစ်ခုလုံးကို လူသားအကျိုးအတွက်သာ ဖန်ဆင်းတော်မူ၏။ လူသားကို အလ္လာဟ်ရှင်မြတ်အား ကိုးကွယ်ဝတ်ပြုရန် ဖန်ဆင်းတော်မူခြင်း ဖြစ်၏။ တစ်နည်းအားဖြင့် ကမ္ဘာသည် လူ့လောက လူ့ဘုံဖြစ်၍ လူသားမွေးဖွား ရှင်သန် နေထိုင်ရန် ဝတ္ထုပစ္စည်း သယံဇာတ အပြည့်အစုံဖြင့် သဟဇာတဖြစ်စွာ အကျိုးပြုသော ဂုဏ်ဒြပ်ရှိသကဲ့သို့ ကမ္ဘာ၏ နမူနာကိုယူ၍ လူသားသည် လူသား အချင်းချင်းအပေါ် အကျိုးပြုတတ်ရန် မျှော်ကိုးပြီး ကမ္ဘာကို အလ္လာဟ်အရှင်မြတ်က ဖန်ဆင်းထားခြင်းဖြစ်ပါသည်။

Credit to original writer

(Simple Islam) (Islamic Teachings) ဆက်သွယ်ရန် - haroonrangoni@gmail.com