Monday, May 20, 2013

အချစ် ၊ ဘာသာတရားနှင့် လွတ်လပ်ခွင့်

မတရားဟောတဲ့ ၉၆၉ တရားခွေထဲမှာ အစ္စလာမ်ဘာသာဝင်တွေကို ဗုဒ္ဓဘာသာဝင်တွေရဲ့ရန်သူအဖြစ် ဟောထားတာကြားရပါတယ်။ အဓိကက မိန်းမ ကိစ္စပါ။ ဒါဟာလည်း အသိဥာဏ်မရှိတဲ့လူတွေကိုပဲ ဟောလို့ရပါ့မယ်။

ဗုဒ္ဓဘာသာဝင်မိန်းမပျို ဦးရေ   ၁၀၀   ယောက်လောက်ကိုပဲ ဘာသာတူကိုယူမလား ဘာသာကွဲကိုယူမလားဆိုပြီးတော့ မေးကြည့်ပါ -

အစ္စလာမ် ဘာသာဝင်မိန်းမပျို ဦးရေ   ၁၀၀   ယောက်လောက်ကိုပဲ ဘာသာတူကိုယူမလား ဘာသာကွဲကိုယူမလားဆိုပြီးတော့ မေးကြည့်ပါ -

ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ အိမ်ထောင်စုစာရင်းတွေ ရှိပါတယ်။ ဘယ်နှအိမ်ထောင်က ဗုဒ္ဓဘာသာဝင် နဲ့ အစ္စလာမ်ဘာသာဝင် ညားထားတာလဲ ဆိုတာ လက်တွေ့ သုတေသန လုပ်ကြည့်ပါ။

ဘာအဖြေထွက်သလဲ။ သင့်ပတ်ဝန်းကျင်မှာ သင်ကိုယ်တိုင် စစ်တမ်းလေး ထုတ်ကြည့်ပါ။

ဘာသာတရားလက်ခံတယ် လက်မခံဘူး ဆိုတာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင် အခွင့်အရေးပါ။

ကွန်မြူနစ်တွေက ဘာသာတရားကို ဘိန်း လို့တောင် သမုတ်ခဲ့ကြသေးတယ်။

ချစ်တယ် မချစ်ဘူး ဆိုတာ အပျို ၊ လူပျို ၊ အိမ်ထောင်ရှိ ၊ အိမ်ထောင်မဲ့ ၊ လိင်တူ ၊ လိင်ကွဲ တို့ရဲ့ ကိုယ်ပိုင် အခွင့်အရေးပါ။

ယုံကြည်ကိုးကွယ်တယ်ဆိုတာ အသိဥာဏ်ရှိသူတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပါ။

ဘာ့ကြောင့်များ ချုပ်ချယ်ချင်ကြတာလဲ။

လွတ်လပ်စွာ ယုံကြည်ခွင့် ၊ လွတ်လပ်စွာ ချစ်ကြိုက်ခွင့် ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် ဆိုတာတွေဟာ လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးတွေပဲ။