Wednesday, May 22, 2013

အလ္လာဟ်အရှင်မြတ်တည်ရှိကြောင်း သက်သေနိမိတ်လက္ခဏာများ..... (၂)

အလ္လာဟ်အရှင်မြတ်တည်ရှိကြောင်း သက်သေနိမိတ်လက္ခဏာများ.....
=====================================

ဒုတိယအကြောင်းခံ
---------------------
သက်ရှိတိုင်းသည် မိမိအသက်ရှင်ရပ်တည်နိုင်ရန် အတွက် လိုအပ်ချက်များကို ရှာဖွေဖြည့်ဆည်းကြရသည်။ ထိုသို့ ရှာဖွေဖြည့်ဆည်းနိုင်သည့် စွမ်းအားသည် ကိုယ်ပိုင် အရည်အချင်းမဟုတ်ဘဲ တန်ခိုးတော်အနန္တ၊ ဉာဏ်တော် အနန္တနှင့်ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်၏ ဖန်တီး စီမံပေးနေမှုပင်ဖြစ်ပါသည်။
သို့သော် သက်ရှိ တို့၏ {အသက်ရှင်ခြင်း}ဆို သည်မှာ အဘယ်နည်း။ ဤ{အသက်ရှင်ခြင်း}၏ နက်ရှိုင်းမှုကို ယနေ့အထိ မည်သူမျှ အတိအကျ သိရှိ နိုင်စွမ်း မရှိကြပါ။
ဤ{အသက်ရှင်ခြင်း}ဆိုသည်မှာ အလွန်နက်ရှိုင်း ၍ အံ့ဩဖွယ်ကောင်းသော ကိစ္စကြီးတစ်ခုဖြစ်သည်။ သက်ရှိတို့၏ အသက်ရှင်သန်နေမှုမှာ ဓာတ်ကြီးလေးပါး သက်သက်ပင်မဟုတ်ပါ။ သက်ရှိတို့အတွင်း၌ အံ့ဖွယ် ဖွံ့ဖြိုးလျက်ရှိသော စွမ်းအင်တစ်ခုရှိနေပါသည်။

ရှင်သန်ဖွံ့ဖြိုးလျက်ရှိသော အပင်တစ်ပင်၏အမြစ် သည် ကျောက်မြေကိုပင်ခွဲပစ်နိုင်သည်ဆိုသည့်စွမ်းအားမှာ အံ့ဩဖွယ်မဟုတ်ပါသလော။ အပင်သည် မိမိအသက်ရှင် ရပ်တည်နိုင်ရန် ရေ၊ မြေ၊ လေ တို့အပေါ် လိုအပ်သလို လွှမ်းမိုးထားသည်။
ဤသည်ကား တန်ခိုးတော်ရှင် အလ္လာဟ်အရှင် မြတ်၏လက်ရာတော်များပင်ဖြစ်ပါသည်။ ထိုအရှင် သည်ကား သက်ရှိတို့ အသက်ရှင်ရပ်တည်နိုင်ရန်အတွက် လိုအပ်ချက်ဟူသရွေ့ကို စီမံဖန်တီးပေးတော်မူသည်။
ထိုအရှင်သည်ကား သက်ရှိတို့၏ အဆင်း သဏ္ဌာန်ကို ဖန်တီးပြုလုပ်ပေးသော အနှိုင်းမဲ့ဗိသုကာ ဖြစ်သည်။ သစ်ရွက်တစ်ရွက်ကိုပင် အတုမခိုးနိုင်လောက် အောင် အလွန်အဆင့်မြင့်သော နည်းပညာဖြင့် ဖန်တီး ပြုလုပ်ထားသော အနှိုင်းမဲ့ ဒီဇိုင်းပညာရှင်ဖြစ်သည်။ ပန်းပွင့်များကို အလွန်လက်ရာမြောက်စွာ အရောင်အဆင်း ခြယ်သထားသည့် အနှိုင်းမဲ့ပန်းချီဆရာပင်ဖြစ်သည်။ ငှက်ကလေးများနှင့် ပိုးကောင်ကလေးများအား သာယာ သောအသံများချီးမြှင့်ထားသည့် အနှိုင်းမဲ့သံစဉ်ဖန်တီးသူ ဖြစ်သည်။ အသီးများ၌ ချို၊ ချဉ် အရသာပေါင်းစုံကို ဖန်တီးပြုလုပ်ပေးသည့် အနှိုင်းမဲ့ရသာဖန်တီးရှင်ဖြစ်သည်။
ပန်းများ၌ မွှေးရနံ့မျိုးစုံနှင့် ကြံပင်၌ ချိုသော အရသာကို ပြုလုပ်ဖန်တီးပေးထားသည်။
ထိုအပင်များသည်ပင် သက်ရှိတို့ အသက်ရှူ နိုင်ရန် အောက်ဆီဂျင်ရရှိရာ အကြောင်းခံဖြစ်နေသည်။

သက်ရှိတို့ အသက် ရှင်နေသည့် မူလ ပင်မ ဖြစ် သည့်အရာ Protoplasm တည်းဟူသော အလွန် သေးငယ်သည့်အရာအား microscope ကဲ့သို့ အဏု ကြည့်မှန်ဘီလူးဖြင့်သာ မြင်ရပါသည်။ ထိုအရာသည် လှုပ်ရှားနိုင်မှုနှင့် နေမှ စွမ်းအင်ကို စုပ်ယူနိုင်သည်။ ဆဲလ်အတွင်း၌ ထိုအရာသည် တစ်ကိုယ်တော် အသက် ရှင်ရပ်တည်လျက်ရှိသည်။ ထိုအရာကိုပင် သက်ရှိတို့ အသက်ရှင်နေရသည့်အကြောင်းခံ {ဘဝအသက်} ဟုခေါ်သည်။ ဤသည်သောအရာကိုပင် သက်ရှိတိုင်း ကိုယ်စီကိုယ်စီရရှိထားသောကြောင့် အံ့ဖွယ် အသက်ဆက် နေရခြင်းဖြစ်သည်။
အထက်ဖော်ပြပါ Protoplasm တည်းဟူ သော သေးငယ်သောအရာ၏ စွမ်းအားသည် သစ်ပင်၊ တိရစ္ဆာန်၊ လူများထက်ပင် ပို၍အံ့ဖွယ်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သက်ရှိတိုင်းသည် ဤအရာ ဖြင့်သာ ရှင်သန်ရပ်တည်နေရသောကြောင့်ဖြစ်သည်။
ဤသို့သော သက်ရှိတို့၏ ရှင်သန်ရပ်တည် နေသည့်ဖြစ်အင်ကြီးသည် သဘာဝအလျောက်တိုက်တိုက် ဆိုင်ဆိုင် အတိအကျ ဖြစ်ပျက်နေရခြင်းပါဟု ဒွိဟစိတ်ဖြင့် ထင်မှတ်နိုင်ရန် အပုံဆယ်သိန်းပုံတစ်ပုံ ခန့်မျှပင် မဖြစ်နိုင်စကောင်းပါ။


(အစ္စလာမ့်ရေးရာ ဒအ်ဝါဂရုပ်မှ မောင်ဥာဏ် တင်ပြသည်)