Wednesday, June 26, 2013

အစ္စလာမ်သာသနာတော်မြတ်နှင့် ဆွောင်မ် ခေါ် ဥပုဒ်သီလဆောက်တည်ခြင်း (အပိုင်း - 3 -)

အစ္စလာမ်သာသနာတော်မြတ်နှင့် ဆွောင်မ် ခေါ် ဥပုဒ်သီလဆောက်တည်ခြင်း   (အပိုင်း - 3 -)

တောင်းစုဒိုအာများ လက်ခံခြင်းနှင့် ရှိုင်သွာန်များအား ချုပ်နှောင်ထားခြင်း

    ဟဇ်ရသ်အလီ (ရသွီ့) သခင်က ဆင့်ပြန်ခဲ့သည်။ ရမ်ဿွာန်လ၏ ပထမညသို့ရောက်သောအခါ တမန်တော်မြတ် (ဆွ)သည် တရားစကားများမိန့်ကြားတော်မူရန်အတွက် မက်တက်ရပ်တော်မူသည် ပြီးနောက် အလ္လာဟ်အရှင်မြတ်အား ချီးမွှမ်းထောပနာပြုပြီး မိန့်ကြားတော်မူသည်မှ။ အို . . . . လူသားတို့ အသင်တို့ဘက်မှ အသင်တို့ရန်သူ (ဂျင်န်နာသ်၊ ရှိုင်သွာန်)များအတွက် အလ္လာဟ်အရှင်မြတ်သည် လုံလောက်ပေသည်။ ၎င်းနောက် အလ္လာဟ်အရှင်မြတ်သည် လုံလောက်ပေသည်။ ၎င်းနောက်အလ္လာဟ် အရှင်မြတ်သည် လုံလောက်ပေသည်။ ၎င်းနောက်အလ္လာဟ်အရှင်မြတ်သည် အသင် တို့၏  တောင်းဆုဒိုအာများအား လက်ခံရန် ကတိပြုထားပြီးဖြစ်သည်။ ကျမ်းတော်မြတ်ကုရ်အာန်ထဲတွင် အရှင်မြတ်က မိန့်မြွတ်ထားသည်မှာ ငါအရှင်ထံတော်ပါ၌ တောင်းဆိုကြကုန်လော့၊ ငါအရှင်အသင်တို့ ၏ တောင်းဆုဒိုအာများကို လက်ခံတော်မူအံ့။  (ကုရ်အာန်) ကောင်းစွာနားဆင်ကြလော့ အလ္လာဟ်အရှင်မြတ်သည် ဆိုးသွမ်းသောရှိုင်သွာန်တိုင်းအပေါ်၌ ဖရစ်ရှ်သာ (၇)ပါးအား ထိန်းသိမ်းရန်အတွက် သက်မှတ်ပေးထားသည်။ ဤသည်ကြောင့် ယခုမှစ၍ ရမ်ဿွာန် ကုန်ဆုံးသည်အထိ ချုပ်နှောင်ထားခြင်းခံရပေမည်။ ၎င်းနောက်ဤသည်ကိုလည်း နားဆင့်လော့ . . . ရမဿွာန်လမြတ်ရဲ့ ပထမဆုံးညမှနောက်ဆုံးညတိုင်အောင် မိုးကောင်းကင်၏ တံခါးများကိုဖွင့်လှစ်ပေးထားမည်။ ၎င်းနောက်ဤလမြတ်၌ တောင်းဆုဒိုအာများ လက်ခံသည်။ ရမ်ဿွာန်လရဲ့ နောက်ဆုံး (၁၀)ရက်၏ ပထမညကို ရောက်သောအခါ တမန်တော်မြတ် (ဆွ) သည် များသောအားဖြင့် မိမိ၏အချိန် အား အေဗာဒသ်၌ သာမွှေ့လျော့နေရန်အတွက် မိမိ၏ အိမ်သူသက်ထားများနှင့် တသီးတခြားနေ ထိုင်ခဲ့သည်။ ညလုံးပေါက်နိုးကြားနေရန်ကြိုးပမ်းခဲ့သည်။

နေ့နှင့်ည လူဦးရေသိန်းပေါင်းများစွာ လွှတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း

    ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်မတ်စ်အူးဒ် (ရသွီ့)သခင်က ရစူလ်ကိုယ်တော်မြတ် (ဆွ) မိန့်ကြားတော်မူသည်မှာ ရမဿွာန်လ၏ ပထမညသို့ရောက်သောအခါ ဂျန္နသ်၏ တံခါးပေါက်များ ဖွင့်ခြင်းခံရပေမည်။
(၎င်းနောက် တစ်လလုံးလုံးဤတံခါးများအား ဖွင့်လှစ်ထားမည်။)ထိုတံခါးများမှ တစ်ခုတစ်လေမျှပင် ရမ်ဿွာန်လ မကုန်ဆုံးမီ ပိတ်လိမ့်မည်မဟုတ်ပေ။ ၎င်းနောက် ဂျဟန္နမ် တံခါးပေါက်များ ပိတ်ခြင်းခံရမည်။ (၎င်းနောက်
တစ်လလုံးလုံး ဤတံခါးများအား ပိတ်ထားမည်။) ဤလအတွင်း၌ ဂျဟန္နမ်၏ တံခါးပေါက်တစ်ခုတစ်လေမျှပင် ဖွင့်လိမ့်မည်မဟုတ်ပေ။ ၎င်းနောက်ဆိုးသွမ်းသော ရှိုင်သွာန်များအား ချုပ်နှောင်ထားလိမ့်မည်။

    ၎င်းနောက် ရမ်ဿွာန်လ၏ ညတိုင်း၌ အသံပြုသူတစ်ဦးက တစ်ညလုံး အာရုဏ်ဦးရောက်သည်အထိ အသံပြုနေမည်မှာ အို . . . ကောင်းမှုပြုလုပ်ရန် လိုလားသူအပေါင်းတို့ ကောင်းမှုများပြုလုပ်ရန် ရည်ရွယ်ရင်း
ပျော်ရွှင်နေပါလော့။ အို . . . မကောင်းမှုပြုလုပ်သူတို့ မကောင်းမှုများမှ ကြဉ်ရှောင်ကြကုန်လော့။ ၎င်းနောက် ဤကဲ့သို့လည်း အသံပြုနေမည်ဖြစ်သည်။ ပြစ်မှုများမှ လွတ်ငြိမ်းချမ်းသာခွင့် ရယူလိုရှိပါ၏လောထိုသူ၏ ပြစ်မှုများကို
လွတ်ငြိမ်းချမ်းသာခွင့် ချီးမြှင့်တော်မူအံ့။ သောင်ဗဟ်အမှားဝန်ခံလိုသူရှိပါ၏လော့ ထိုသူ၏ သောင်ဗဟ် အမှားဝန်ခံမှုကို ငါအရှင်လက်ခံတော်မူအံ့။ ဆုမွန်ဒိုအာတောင်းခံလိုသူရှိပါ၏လော့ ထိုသူ၏တောင်းဆုဒိုအာကို လက်ခံတော်မူအံ့။
ငါအရှင်ထံမှ တစ်စုံတစ်ရာ တောင်းခံလိုသူရှိပါ၏လော့။ ထိုသူ၏တောင်းဆိုမှုကို ပြည့်ဝစေတော်မူအံ့။

    ၎င်းနောက် ရမ်ဿွာန်လ၏ နေ့စဉ်နေ့တိုင်း ၀ါလွတ်သည့်အချိန်၌ ခြောက်သောင်းသော လူဦးရေကို ဂျဟန္နမ်မှ လွတ်ငြိမ်းခွင့်ချီးမြှင့်ပေးသနားတော်မူအံ့။ အီဒွလ်ဖိသိရ် နေ့သို့ရောက်လာသောအခါ အလ္လာဟ်အရှင်မြတ်သည်
ရမ်ဿွာန်လအစမှ အဆုံးတိုင် နေ့စဉ်လွတ်ငြိမ်းချမ်းသာခွင့် ချီးမြှင့်တော်မူအံ့။ (ဆိုလိုသည်မှာ အီးဒ်နေ့တွင် ခြောက်သောင်း အကြိမ်သုံးဆယ် စုစုပေါင်း (၁၈)သိန်းကို တစ်ရက်တည်းတွင် လွတ်ငြိမ်းချမ်းသာခွင့် ချီးမြှင့်တော်မူပေမည်။)




အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဗန္ဒာဟ် စလာမသွလ္လာဟ် (မုဟမ္မဒီ)









အလ်မုဖီးဒ် (Al-mufeed)
ဆက်သွယ်ရန်
ဖုန်းထဲတွင် ထည့်သွင်းရန် Simple Islam.apk ဖိုင်ကို ကူးယူ Install လုပ်ထားပါ။