Wednesday, June 26, 2013

ရိုဇာ နှင့် လူမှု့ဆက်ဆံရေး

ရိုဇာ နှင့် လူမှု့ဆက်ဆံရေး

အစ္စလာမ်သည် အလဟ်အလတ်ကျင့်ကြံရသော အစွန်းမရောက်သော သာသနာဖြစ်သည် ။ မျှတစွာ ကျင့်ကြံနေထိုင်ရသည် ။ သူဆင်းရဲများကို ကောင်းစွာ ဆက်ဆံရန် သွန်သင် ဆုံးမ ပဲ့ပင်ထားပါသည် ။

ဝမ်းပြည့်နေသူသည် သူဆင်ရဲကျောမွဲလူတန်းစား၏ ဒုက္ခကို စာနာတတ်ရန် မလွယ်ကူပေ ။ ကိုယ်က ဗိုက်ပြည့်နေလျှင် စာရမယ် ၊ သောက်ရမယ်တို့ကို နားလည်ပေးနိုင်မည်မဟုတ်ပါ ။

ရိုဇာသည် အစ္စလာမ်သာသနာဝင်များကို မေတ္တာ ဂရုဏာသွန်းလောင်းပေးသည် ။
သူဆင်းရဲများကို ပြုစုပေးသည့် နည်းစနစ်ကို လေ့ကျင့်ပေးသည် ။ ဤအချက်များသည် အစ္စလာမ့်လူနေမှု့ဘဝ၏ အခန်းကဏ္ဏတစ်ရပ်ဖြစ်သည် ဖြစ်သည် ။ အနောက်နိုင်ငံအျား၌ ဆင်ရဲမွဲတေသူအျား ကိုကူညီရန် မရေမတွက်နိုင်သော ဥပဒေများ ပြဌာန်းကြသည် ။ သို့သော် ခေါင်းပုံဖြတ် ကိုယ်ကျိုးရှာမှု့များသည် အနောက်နိုင်ငံများ၌ အစဉ်အမြဲ ရှိမြဲရှိနေသည် ။

တရုတ်နိုင်ငံ လွတ်လပ်ရေးခေါင်းဆောင် မော်စီတုန်းက တရုတ်နိုင်ငံ လူနေမှု့ဘဝ ပြသနာနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားရာ၌ ဤသို့အလေးပေးပြောဆိုခဲ့သသည် ။
ကိုယ်ကိုတိုင် ထမင်းဝအောင်စားနေရလျှင် မိမိရဲ့အိမ်နီးနားချင်းများနှင့် စားရမဲ့များကိုလည်း မျှဝေစားသုံးကြ ။ ကိုယ်က အငတ်ခံပြီး ဆာလောင်မွတ်သိပ်နေသူများကို ကျွေးတတ်အောင်ကြိုးစားကြ။

ဤအချက်သည် စင်စစ် မောစီတုန်း၏ ဒဿနမဟုတ်ပါ ။ အစ္စလာမ့် အဆုံးအမ မှ ဖြစ်ပါသည် ။

အစ္စလာမ်သည် ဆင်းရဲကျော်မွဲ လူတန်းစားတို့အားကိုးအားထားပြုရာဖြစ်၏ ။
လူကုန်ထံတို့၏ အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးသည် ။ အစ္စလာမ့် က စီးပွားရှာဖွေခြင်းကို မဆန့်ကျင်သည့် အပြင် ရှာဖွေသုံးစွဲပုံကိုပင် ဆင်းရဲသားဝေစုအတွက် ခွဲဝေပုံစည်းစနစ်များပင် သတ်မှတ်ထားပါသည် ။ အကြင်သူသည် အစ္စလာမ့် အမိန့်ညတ်တော်များ ကိုသာ အမှန်တကယ် လိုက်နာမည်ဆို လျှင် မည်သည့် ဖောင်ဒေးရှင်း မှ လိုမည် မဟုတ်ပေ ။ 
 
အလ်မုဖီးဒ် (Al-mufeed)
ဆက်သွယ်ရန်
haroonrangoni@gmail.com
http://aaitee.blogspot.com
ဖုန်းထဲတွင် ထည့်သွင်းရန် Simple Islam.apk ဖိုင်ကို ကူးယူ Install လုပ်ထားပါ။