Thursday, July 18, 2013

ပညာမဲ့တို့ ၏အချင်းလက္ခဏာများ

ဟသ်ွရသ်အဘူဒရ်ဒဟ်(ရသွေ့ )သခင်အမိန့် ရှိသည်မှာ အကြင်သူ၏အတွင်း၌ဖေါ်ပြပါ အချင်းလက္ခဏာ သုံးခုရှိပါက ထိုသူသည် တစ်ညလုံး နမာဇ်ဖတ်ပြီး တနေကုန်ရိုဇာဟ် ထားပါစေ အသိဥာဏ်မဲ့သူပင်ဖြစ်သည်။၎င်းအချင်းလက္ခဏာများမှာ

(၁)မိမိကိုယ်မိမိအထင်ကြီးခြင်း
(၂)လာယာအ်နီ(အကျိုးမဲ့အချည်းနှီး)စကားများများပြောခြင်း
(၃)အလုပ်တစ်ခုခုအား မိမိကိုယ်တိုင်ပင်ပြုလုပ်ခဲ့ပြီး ရလာဒ်ဆိုးသည့်အပေါ် မဆိုင်သူများအပေါ် ဒေါသထွက်ခြင်းတို့ ဖြစ်ပါသည်။

ဟသ်ွရသ်အုမရ်ဘင်န်အဗ်ဒွလ်အဇီးဇ်(ရဟေ)သခင်ကြီး အမိန့် ရှိသည်မှာ ဥာဏ်ပညာမဲ့ အသိဥာဏ်မရှိသူ၏ လက္ခဏာ နှစ်ခုရှိပါတယ်။၎င်းတို့ မှာ

(၁)မေးခွန်းတခုအား မစဉ်းစား မဆင်ချေပဲ လျှင်လျှင်မြန်မြန် အဖြေပေးခြင်း
(၂)တည်ငြိမ်အေးဆေးမှုမရှိဘဲ ဟိုဟိုဒီဒီ များများကြည့်ခြင်းတို့ ဖြစ်ပါတယ်။

ပညာမဲ့တစ်ယောက်၏အဖြေ....တနေ့ လူတစ်ယောက်သည် ဟသ်ွရသ်မုအာဝေယဟ်(ရသွေ့ )သခင်ကြီး၏ထိုင်ဝိုင်း၌စကားများနေသောကြောင့် သခင်ကြီးက၄င်းအား ဟောက်၍တိတ်ဆိတ်စွာနေရန်အမိန့် ရှိလေရာ ၄င်းကသခင်ကြီးအား ကျွန်တော်စကားပြောမိလို့ လားဟုပြန်မေးလေတော့သည်။

ဟသ်ွရသ်အဘူဟာသင်မ်ဘင်န်ဟိုင်ယ်ယာန်(ရဟေ)သခင်ကြီးက ပညာမဲ့ အသိဥာဏ်မဲ့သူတို့ ရဲ့ အချင်းလက္ခဏာ အချို့ တင်ပြထားပါတယ်။

၎င်းတို့ အနက်မှ ခုနှစ်ချက်အား တင်ပြပါမည်။

(၁)အဖြေမြန်မြန်ပေးခြင်း
(၂)မည်သည့်အလုပ်ကိုမျှစွဲစွဲမြဲမြဲမလုပ်ခြင်း
(၃)ကျယ်လောင်စွာ ရယ်မောခြင်း
(၄)ဟိုဘက်ဒီဘက် များများလှည့်ကြည့်ခြင်း
(၅)ကိုယ်နှင့်ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ သတင်းတိုင်းအား နားစွင့်ခြင်း
(၆)လူဆိုးလူမိုက်များနှင့်သာ ပေါင်းသင်ဆက်ဆံခြင်း
(၇)၄င်းအားမခေါ်ပဲ မျက်နာလွဲလိုက်လျှင် ပူဆွေးနေတတ်ပြီး ၄င်းဘက်သို့ အာရုံစူးစိုက်လျှင်လည်း မောက်မာပြန်လေသည်။ ၄င်းအား နူးညံ့သိမ်မွေ့စွာ ဆက်ဆံပါက ရိုင်းပြစွာ တုန့် ပြန်တတ်ပြီး မာကျောစွာဆက်ဆံပြန်သော်လည်း သီးခံ၍ နေတတ်ပြန်သည်။

ဟသ်ွရသ်အစ်ွမအီ(ရဟေ)သခင်ကြီးကမိန့် ဆိုခဲ့သည်မှာ အကယ်၍သင်သည် တစ်ဦးတစ်ယောက်၏ အသိဥာဏ်အား စမ်းသပ်လိုပါက ထိုင်ဝိုင်း၌ အခြေအမြစ်မရှိ အထောက်ထားမဲ့သော စကားတစ်ခွန်းကို တင်ပြလိုက်ပါ။ ထိုအခါ တစ်ဦးတယောက်သည် သင့်စကားအား စိတ်ဝင်တစားနားထောင်ပြီးလက္ခံ (သို့ )ထောက်ခံလိုက်ပါက ထိုသူသည်လျှင် အသိဥာဏ်မဲ့သူဖြစ်ပြီး အသင်၏ ထိုစကားအား ဝေဖန်သုံးသပ်သူသည်အသိဥာဏ်ရှိသူဖြစ်သည်။

Credit to: ဖြူစင် ချစ်သူ

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။