Wednesday, July 17, 2013

အလ္လာဟ်အသျှင်မြတ်နှင့်တရားမျှတမူ

အစ္စလာမ်၏ အုတ်မြစ် ဖြစ်သည့် အချက်များမှ တချက်မှာ အလ္လာဟ် အသျှင်မြတ်၏ တရားမျှတမှုရှိ ခြင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တရားမျှတမှု(အဒ်-လ်-)သည် ပြီး ပြည့်စုံသော ဂုဏ်ပုဒ်တော် ဖြစ်သည်။ အလ္လာဟ်အသျှင်မြတ်သည် ပြီး ပြည့်စုံ သော ဂုဏ်ပုဒ်များ၊ ပိုင်ရှင်ဖြစ်သည်၊
ချွတ်ယွင်းချက် မှန်သမျှမှ ကင်းဝေးတော်မူသော အရှင်မြတ် ဖြစ်သည့်အတွက် ညှင်းပန်းနှိပ်စက်မှု၊ မကောင်းမှုမှန် သမျှ သည် အလ္လာဟ်အသျှင်မြတ်၏ လုပ်ဆောင်မှုများတွင် ဝင်ရောက် စွက်ဖက်ခြင်း မပြု နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာများ သည်မသင့်လျော်သောဂုဏ်ပုဒ်၊ အကျင့်စာရိတ္တနှင့်သက်ဆိုင်သောဂုဏ်ပုဒ်များမှ ဖြစ်ပြီး၊ ထိုအ ပြု အမူများ သည် မသိနားမလည်ခြင်း၊ မတတ်စွမ်း ခြင်းတို့မှ အစပြု သောကြောင့် ဖြစ်သည်။
သို့သော် အလ္လာဟ်အသျှင်မြတ် သည် အရာအားလုံးကို သိကျွမ်းသူ၊ အလုပ်တိုင်းအပေါ် တတ်နိုင်စွမ်း ရှိသူဖြစ်၍ မည် သည့် အရာမှ လိုလားချက်ရှိသူ မဟုတ်ပေ။ ထို့ကြောင့် မွစ္စလင်(မ်)ညီနောင်များ အလ္လာဟ်အသျှင်မြတ်၏ တရားမျှ တ ခြင်း အပေါ် မလွဲမ သွေ လက်ခံယုံကြည်ရမည် ဖြစ်သည်။ ထို့ပြင် မိမိတို့၏ အလုပ်တိုင်း ၌ တရားမျှတမှုရှိရန်လည်း မိန့်ကြားထားသည်။
شَهِدَ اللّهُ أَنَّهُ لاَ إِلَهَ إِلاَّ هُوَ وَالْمَلاَئِكَةُ وَأُوْلُواْ الْعِلْمِ قَآئِمَاً بِالْقِسْطِ
အလ္လာဟ်အသျှင်မြတ်သည် မိမိမှ တပါးအခြား ခဝပ်ကိုးကွယ်ရာ အရှင် အ လျင်းမရှိကြောင်း မိမိကိုယ် တိုင် သက်သေ ခံတော်မူ၏။ ထိုနည်းတူစွာ မလာအိကာ ကောင်းကင်တမန်များနှင့် ပညာရှင် သုခမိန် အပေါင်းတို့သည် လည်း သက် သေ ခံကြ၏။ ထိုအရှင်မြတ် သည် တရားမျှတစွာ စီမံအုပ် ချုပ် လျက်ရှိတော်မူ၏။ (၃:၁၈)
အတိုချုံးအနေဖြင့် အလ္လာဟ်အသျှင်မြတ်သည် တရားမျှတသော အရှင်ဖြစ် ကြောင်းကို အာယသ်နှင့် ရေဝါယသ်များ၊ ဦး နှောက်၏ ဆုံးဖြတ်ချက်များအရ သိရှိနိုင်သည်။ ထို့ပြင် ဖန်ဆင်းထားသမျှ သည် စည်းစနစ်၊ အရွယ်အစား ပမာန၊ စာ ရင်း တိကျစွာတို့ဖြင့် ဖန်ဆင်း ခံရခြင်း ဖြစ်ပြီး စကြာဝဠာ တခုလုံး သည်လည်း တရားမျှတမှုဖြင့် လည်ပတ်နေသည်။ တမန်တော်မြတ်(ဆွ) မိန့် တော်မူထား သည်မှာ ကောင်းကင်နှင့် မြေပြင်တို့သည် တရားမျှတမှုများဖြင့် တည်ရှိနေခြင်း ဖြစ်သည်။သို့သော် ကျွန်ုပ်တို့အားလုံး ထိုကမ္ဘာကြီးကို ကောင်း မွန်စွာ မသိရှိ ကြပါ။ ရှိရှိသမျှ အဖန်ဆင်း ခံအားလုံး ကို လည်း ကောင်းမွန်စွာ မလေ့လာ နိုင်သေးပါ၊ မည်သည့်အခါမျှလည်း လေ့လာ နိုင်စွမ်းရှိလာ လိမ့်မည် မဟုတ်ပါ။
သို့သော် ဤလောကကြီးရှိ သိရှိလာခဲ့သမျှ အရာအားလုံးတွင် စည်းစနစ်၊ တရား မျှတမှုတည်ရှိနေသည်ကို လေ့လာ သိ ရှိခဲ့ကြသည်။ ထို့ ကြောင့် စကြာဝဠာကြီး တခုလုံးကို ဖန်ဆင်းရှင် သည် တရားမျှတမှုရှိသည့် အရှင်မြတ် ဖြစ်ကြောင်း ကို ရှာဖွေတွေ့ရှိကြမည် ဖြစ်သည်။ ထို့ကြောင့် အလ္လာဟ်အသျှင်မြတ်သည် ဖန်ဆင်းရာတွင်လည်းကောင်း၊ ကေယာမသ် နေ့၏ စာရင်းရှင်းခြင်းတွင်လည်းကောင်း တရား မျှသော အရှင်ဖြစ် သည်။
အရာများ၊ ဆုလဒ်များ၊ အပြစ်ဒဏ်များကို သူ့နေရာနှင့်သူ တရားနှင့် အညီ ဆုံးဖြတ်ချက်ချမည် ဖြစ်သည်။ မည်သည့် အရာမျှ ၄င်းတို့၏ ရပိုင် ခွင့်တွင် နစ်နာခဲ့လိမ့်မည်၊ နစ်နာလိမ့်မည် မဟုတ်ပေ။အလ္လာဟ်အသျှင်မြတ်သည် လူသား တိုင်း အား မိမိကိုယ်တိုင် ဆုံးဖြတ် ချက်ချနိုင်သူများအဖြစ်ဖန်ဆင်းထားသည်။ မကောင်းသောအရာ၊ ကောင်းသော အရာများ နှင့် ပတ်သက်၍ ကွဲကွဲပြားပြား သိရှိနိုင်ရန် လည်း ဦးနှောက်အ တွေးအခေါ်ကို ပေးသနားထားသည်။ ကောင်းမှုများ၊ မ ကောင်းမှုများကို ကွဲပြား စွာ သိရှိနိုင်ရန်တွင် အကူအညီ ရရှိစေရန်၊ ကောင်းမွန်သည့် လမ်း စဉ်ဘက်သို့ ဖိတ်ခေါ် ရန်နှင့် မကောင်းမှုမှန်သမျှမှ တားမြစ်ပေးရန် တမန် တော်များကို စေလွှတ် ပေးခဲ့သည်။ ဤအရာအားလုံးသည် ကောင်းခြင်း တခု တည်းအတွက်သာလျှင် ဖြစ်သည်။
ဤအတွက်ကြောင့် လူသားများ ကောင်းမွန် သော လမ်းတွင် လျှောက်လှမ်းမည်ဆိုလျှင် ကုသိုလ်ရရှိမည်ဖြစ်ပြီး၊ မ ကောင်းသောလမ်း တွင် လျှောက်လှမ်းခဲ့မည်ဆိုလျှင် အကုသိုလ်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ အလ္လာဟ်အ သျှင်မြတ် သည် လည်း တရားမျှတမှုပေါ် အခြေခံ၍ ကေယာမသ်နေ့တွင် ကောင်းမှုပြုသူများကို အကောင်းဆုံးသော ဆု လဒ်များ ပေးသနားပြီး၊ မကောင်းမှု ပြုသူများကို ထိုမကောင်းမှုနှင့်အညီ အပြစ် ဒဏ်ပေးလိမ့်မည် ဖြစ်သည်။ ဤသို့ပြုမူခြင်းသည် တရားမျှတခြင်းဖြစ်ပြီး "ညှင်းပန်းနှိပ်စက်ခြင်း"ဟု မခေါ်ဆိုနိုင်ပေ။
ကျမ်းတော်မြတ်ကုရ်အာန်၌ မိန့်တော်မူထားသည်မှာ
وَنَضَعُ الْمَوَازِينَ الْقِسْطَ لِيَوْمِ الْقِيَامَةِ فَلَا تُظْلَمُ نَفْسٌ شَيْئًا
စင်စစ် ငါအရှင်မြတ်သည် ကေယာမသ် ပြန်လည်ရှင်သန်ထကြွရမည့်နေ့ တွင် မျှတသော ချိန်ခွင်များကို ထားရှိ တော်မူ မည်။ သို့ဖြစ်ပေ ရာ မည်သူ တဦးတယောက်မျှ အနည်းငယ် စိုးစဉ်းမျှပင် မတရားသဖြင့် နှိပ်စက်ခြင်းကို ခံရမည် မဟုတ်ပေ။ (၂၁:၄၇)
ကျမ်းကိုး၊ (ကျမ်းတော်မြတ်ကုရ်အာန်)

သူရိန်လင်း Facebook မှ။

အလ်မုဖီးဒ်