##################
၁။ စကားပြောဆိုရာတွင် အလယ်အလတ်တန်းစား စကားမျိုးကို ဆိုသင့်၏ လူများစိတ်ညစ်သွားလောက်အောင်လည်
၂။ အမျိုးသမီးများသည် သူစိမ်းအမျိုးသားများ ကြားလောက်အောင် အသံမြင့်၍စကားမပြောရ။ ထိုနည်းတူပင် အမျိုးသားများသည် အမျိုးသမီးများရှေ့တွင် နားဝင်ချိုသည့် အသံမျိုးဖြင့် ကဗျာများ ရွတ်ဆိုခြင်းမှ ရှောင်ရမည်။
၃။ စကားပြောသည့်အခါ ဟန်လုပ်၍လည်းကောင်း၊ ဝါး
၍မပီတပီ အနေအထားဖြင့်လည်းကောင်း၊ မပြောဆိုရ။ ထိုနည်းတူပင် စကားပြောသည့်အခါ ကား၍ချဲ့၍ (တစိတ်ကို တအိတ်လုပ်၍) မပြောသင့်။
၎။ စကားကို စဉ်းစဉ်းစားစား ဆင်ဆင်ခြင်ခြင် ပြောသင့်၏ ရံဖန်ရံခါ မဆင်မခြင်ပြောသဖြင့် ဂျဟန္နမ်ငရဲလားစေမည့်စကားမျိုး နှုတ်မှထွက်သွားတတ်သောကြောင့် စဉ်းစဉ်းစားစား ဆင်ဆင်ခြင်ခြင် စကားပြောပါ။ ဂျဟန္နမ်ငရဲလားရမည့် ဒုက္ခမှချမ်းသာရာရပေမည်။
၅။ သူတပါးအား (ဖာစီက်)သူယုတ်မာ၊ ကာဖိရ်၊ မလ်အူးန်(အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်တော်မှဝေးရသူ)၊ အလ္လာဟ်အရှင်မြတ်၏ ရန်သူ၊ အီမာန်မရှိသူ(သစ္စာမဲ့သူ) ဟူ၍ မဆိုရ။
၆။ အယူဝါဒနှစ်မျိုး မထားသင့်။ ဆိုလိုသည်မှာ လူတို့အကြိုက်လိုက်၍(မယုံကြည်ပဲ
၇။ ကုန်းချော၊ ကုန်းတိုက် လုံးဝမလုပ်ပါနှင့်။
၈။ မှန်သောစကားကိုသာဆိုပါ။ မုသားမပြောလေနှင့်။ သို့ရာတွင် အချင်းချင်း အငြင်းပွားမှု့များ ပပျောက်သွားစေရန်နှင့် စေ့စပ်ဖျန်ဖြေရန် လိမ်လည်မုသားဆိုလိုက ဆိုနိုင်ပေသည်။
၉။ တဦးတယောက်အား အကြိုက်လိုက်သည့် သဘောဖြင့်(စိတ်တွင်မယုံကြည်ပဲ) မချီးမွမ်းလေနှင့်။
၁၀။ မည့်သည့်အခါမှ နောက်ကွယ်အတင်းမပြောလေနှင့်။ နောက်ကွယ်အတင်းပြောခြင်းဖြင့် (ဂုနာဟ်) အကုသိုလ်ပွားရုံမကဘဲ လောကီရေးရာ ပြဿနာများ၊ ဆုံးရှုံးနစ်နာမှု့များ ပေါပေါက်လေသည်။
၁၁။ နောက်ကွယ်အတင်းပြောဆိုရာတွင် နှုတ်လျှာဖြင့်ပြောခြင်းသာမက တဦးတယောက်ကို ဟန်အမူအရာလုပ်ပြပြီး ပြောင်လှောင်သရော်ခြင်းသည်လည်း နောက်ကွယ်အတင်းပြောခြင်း သဘောပင်ဖြစ်သည်။ ဤသို့ပြုမူခြင်းသည် ပို၍ဆိုးရွားသည့် နောက်ကွယ်အတင်းပြောခြင်းဖြစ်၏ ။
၁၂။ စကားနိုင်မလုပါနှင့်။ မိမိနှင့်စကားပြောသူသည် အမှန်စကားကို လက်မခံပါက စကားဆက်မပြောဘဲ နှုတ်ဆိတ်နေသင့်၏ မိမိဘက်ကမှားလျက် စကားနိုင်လုပြောခြင်းမှာ အလွန်ဆိုးရွားသည်အချက်ဖြစ်သည်။
၁၃။ လောကီရေးရာဖြစ်စေ၊ လောကုတ္တရာရေးရာဖြစ်စေ အကျိုးမရှိသည့် စကားမျိုးကိ လုံးဝမပြောလေနှင့်။
၁၄။ ခေတ်(အချိန်အခါ)ကို မကောင်းမပြောလေနှင့်။ အကြောင်းကား အချိန်ကာလသည် မည်သည့်ကောင်းကျိုး၊ ဆိုးကျိုးကိုမျှမပေးနိုင်။ ဤသို့အချိန်ကာလကို မကောင်းပြောခြင်းသည် အဆုံး၌ အလ္လာဟ်အရှင်မြတ်အား ပုတ်ခတ်ပြောဆိုရာ ရောက်ပေသည်။ (အလ္လာဟ်အရှင်မြတ်ကျတော်မျိုးတို
၁၅။ ဘာသာတရား မရိုသေ၊ မကိုင်းရှိုင်းသူအား ချီးမွမ်းစကား၊ ဂုဏ်ပေးစကား မဆိုလေနှင့်။
၁၆။ ကလေးသူငယ်များ၊ ရူးသွပ်နေသူများ၊ ဘာသာခြားများ၏ နောက်ကွယ်အတင်းပြောခြင်း ဟရာမ်ဖြစ်၏ ။
၁၇။ သူတပါး၏နောက်ကွယ်အတင်းပြောခြင်း
၁၈။ ငယ်ရွယ်သူတိုင်းသည် မိမိထက်ကြီးသူအား အမည်ဖြင့်မခေါသင့်။ ကြည်ညိုလေးစားသည့် အသွင်ဆောင်သည့် အခေါအဝေါဖြင့် ခေါသင့်သည်။
၁၉။ တဦးတယောက်အားခေါဝေါသည့်အခါ ကြည်ညိုလေးစားရာရောက်သည့် အသုံးအနှုန်းများကို သုံးရမည့် တာဝန်ရှိသကဲ့သို့ပင် တဦးတယောက်ထံစာရေးသားရာ၌လည်း ကြည်ညိုလေးစားရာရောက်သည့် အသုံးအနှုန်းဖြင့်ရေးသားရမည့် တာဝန်ရှိပေသည်။ ဖိကဟ်ပညာရပ်များထဲတွင် "ရေးသားခြင်းသည်လည်း ပြောဆိုခြင်းကဲ့သို့ပင်ဖြစ်၏" ဟုဆိုထား၏ ။ မိမိထက်ကြီးသူများထံ စာရေးသားရာတွင် ကြည်ညိုလေးစားရာရောက်သည့် အခေါအဝေါ အသုံးအနှုန်းဖြင့် မလွဲမသွေ ရေးသားသင့်သည်။ မိမိထက်ကြီးသူများထံ စာရေးသားရာတွင် ၎င်း၏အမည်ကို မရေးသားမီ ကောင်းမွန်သင့်လျော်သည့် ဂုဏ်ပုဒ်များကို ဖော်ပြပြီးမှ အမည်ကို ရေးသင့်ပေသည်။ ပြီးလျှင်၎င်းနှင့်သင့်လျော်သည့် ဒိုအာကိုပါ ရေးသင့်ပေသည်။ ဗဟစ်ရှ်သီးဇေဝရ်ကျမ်း ပထမတွဲတွင်ပါရှိသော မိမိထက်ကြီးရင့်သူများထံ စာရေးရာတွင် သုံးနှုန်းအပ်သည့် ဂုဏ်ပုဒ်၊ ဂုဏ်ဒြပ်စသည့်တို့ကို လေ့လာဆည်းပူးထားသင့်ပေသည်
၂၀။ မိမိထက်ငယ်ရွယ်သူများထံ စာရေးသားရာ၌လည်း ၎င်းတို့နှင့်လိုက်လျောညီထွေသည့် စကားလုံးများကို သုံးနှုန်းရေးသားသင့်သည်။ မိမိထက်ငယ်ရွယ်သူများထံ စာရေးသားသည့်အခါ ချစ်ခင်ကြင်နာ အားပေးမှု့သဘောသက်ရောက်သည့် စကားမျိုးကို ရေးသားသုံးနှုန်းသင့်သည်။ ဤသည်မှာ အချင်းချင်းချစ်ခင်မှု့နှင့်ဆက်ဆ
ဟကီမုလ်အွမ္မသ် ဟဇရသ် မော်လာနာ ရှားဟ်မုဟမ္မဒ် အရှ်ရဖ်အလီထာနဝီ(ရဟ)၏
" အာဒါဘူလ် မုအာရှရသ် " အမည်ရှိစာအုပ်မှကူးယူ ဖော်ပြပါသည်။
ဒိုအာလိုလားသူ ဗန္ဒာဟ် Zayar Htunု