Thursday, July 4, 2013

သြဇီမှ မွတ်စလင်မ်ပါလီမန်အတွင်းရေးမှူး


သြဇီတွင် ဝန်ကြီးချူပ်၏ ပါလီမန် အတွင်းရေးမှူး အဖြစ် ခံအပ်ခံရသူ အစ္စလာမ်ဘာသာဝင် အမျိုးသား ကုရ်အာန်ကို ကိုင်တွယ်၍ ကျမ်းသစ္စာကျိန်ဆိုခဲ့
ဇူလိုင် ၂ ၊ ၂၀၁၃
M-Media
CANBERRA။    ။ လူမျိုးဘာသာ ယဉ်ကျေးမှုစုံ တိုင်းပြည်ဖြစ်သော သြစတေးလျနိုင်ငံတွင် မွတ်စ်လင်မ် ဥပဒေပြုလွှတ်တော်အမတ်ဖြစ်သော  အဒ် ဟျူးစစ် (Ed Husic)အား ပါလီမန်၏ ဝန်ကြိးချူပ် ကိုယ်စားပြု လွှတ်တော်အတွင်းရေးမှူးအဖြစ်  ခန့်အပ်ခြင်း ခံခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် သူသည် လွှတ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် လွှတ်တော်၏ အစိုးရအဖွဲ့ဝင်များအတွက် သီးသန့်နေရာတွင် ထိုင်ရမည့် ပထမဆုံး အစ္စလာမ်ဘာသာဝင် ဖြစ်လာခဲ့သည်။
မြို့တော် ကိန်ဘာရာ တွင်ပြုလုပ်သော ကျမ်းသစ္စာကျိန်ဆိုပွဲ၌ လေဘာပါတီခေါင်းဆောင် ကွင်တင်း ဘရိုက်စ် (Quentin Bryce) နှင့် ပါတီဝင် ၂၄ ဦးရှေ့ ကျမ်းသစ္စာကျိန်ဆိုလိုက်သည့် ဟျူးစစ်အား “ ဒါဟာ ဘာသာလူမျိုး ယဉ်ကျေးမှုစုံစံနစ်အတွက် အလွန်ဝမ်းသာကြည်နှူးဖွယ်နေ့တစ်နေ့ပါဘဲ။ ဒီစံနစ်ဟာ ကျွန်မတို့နိုင်ငံရဲ့ ရပ်တည်ချက်ဖြစ်တယ်။ ဟျူးစစ် အနေနဲ့ ပါလီမန် အတွင်းရေးမှူးအဖြစ် ကျွန်မတို့ရဲ့နိုင်ငံအပေါ် အကောင်းဆုံး အလုပ်အကျွေးပြုဖို့ မျှော်လင့်ပါတယ် ” ဟု ကွင်တင်း ဘရိုက်စ်မှ ပြောကြားလိုက်ကြောင်း AAP သတင်းဌာနမှ ဇူလိုင်လ ၁ ရက်၊ တနင်္လာနေ့က တင်ပြခဲ့သည်။
Broadband ဆိုင်ရာဝန်ကြီးအဖြစ် စွမ်းဆောင်ရည်ရှိခဲ့မှုကြောင့် ယင်းသို့ သမ္မတနှင့် ဒုသမ္မတတို့၏ ပါလီမန်အတွင်းရေးမှူးအဖြစ်  ခန့်အပ်ခံရခြင်းဖြစ်သည်။ ဘော့စနီးယန်းဇာတိဖြစ်သူ ဟျူးစစ်သည် ဆစ်ဒနီအနောက်ပိုင်း၌ ကြီးပြင်းကာ၊ Blacktown South Public School နှင့် Mitchell High School တွင် တက်ရောက်ခဲ့သည်။ University of Western Sydney တက္ကသိုလ်မှ ပထမဆုံးဘွဲ့ရကျောင်းသားအသုတ်ထဲပါဝင်ပြီး BA (applied communications) ဘွဲ့ကို ရယူခဲ့သူဖြစ်သည်။
၁၉၆၆ ခုနှစ်တွင် သြစတေးလျသို့ရောက်လာခဲ့သော သူ၏မိဘနှစ်ပါး နှင့် ဇနီးဖြစ်သူ ဘရစ်ဂျစ်အား “ လကမ္ဘာကို ကျော်လွန်ပြီ ” ဟူ သူက ခန့်အပ်ခံရပြီးနောက် ၀မ်းသာအားရပြောကြားခဲ့သည်။
ဆစ်ဒနီအနောက်ပိုင်းဒေသအတွက် လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရသော ၂၀၁၀ ခုနှစ်မှစ၍ ဟျူးစစ်မှာ ထင်ရှားလာသည်။ ကျမ်းမြတ်ကုရ်အာန်စာအုပ်ပေါ်လက်တင်၍ ကျမ်းသစ္စာဆိုခဲ့သူဖြစ်သည်။
အခြားထင်ရှားသည့် မွတ်စ်လင်မ် အမျိုးသမီးတစ်ဦးမှာ ပါကစ္စတန်ဇာတိသူ မဲဟ်ရင်း ဖာရူကီ (Mehreen Faruqi) ဖြစ်သည်။ ၂၀၁၃ ခုနှစ်၊ ဧပြီလတွင် သြစတေးလျ၏ ပထမဆုံး မွတ်စ်လင်မ်အမျိုးသမီး လွှတ်တော် အမတ်အဖြစ် ခန့်အပ်ခံရသည်။
သြစတေးလျ လွှတ်တော်အမတ်သစ်များ ရွေးကောက်တင်မြှောက်မှုအတွက် အဓိကအားဖြည့် ကူညီခဲ့သော ဟျူးစစ် က ပြည်သူပြည်သားတို့၏လိုအပ်ချက်များအား တိုင်းပြည်၏ ထိပ်ပိုင်းအဆင့်အထိ သိရှိအောင် ဆောင်ရွက်သွားမည်ဟု အခိုင်အမာ ပြောခဲ့သည်။
ကီဗင် ရုဒ် (Kevin Rudd) ကို ကနဦးကတည်းက ကျွန်တော် ထောက်ခံကူညီလာခဲ့ပေမယ့် ဒီလို ခန့်အပ်ခံရဖို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပါဘူး။ ကျွန်တော့်ရဲ့မဲဆန္ဒရှင်များထဲက ပြည်သူ့အသံကို သြစတေးလျရဲ့ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်နှစ်ဦးဆီ လက်ဆင့်ကမ်းပေးနိုင်ပါလိမ့်မယ်။ ဒေသခံတွေက သူတို့ကလေးတွေ ကျောင်းကောင်းကောင်း မတက်နိုင်မှာကို ပူပန်နေကြတယ်။ တကယ်လို့ တိုနီ အက်ဘော့ Tony Abbott သာ အာဏာရယင် မတတ်စွမ်းနိုင်တဲ့ကလေးမိဘတွေဟာ ဒီအခွင့်အရေးဆုံးရှုံးရတော့မယ်ဆိုပြီး စိုးရိမ်နေကြတယ်။ အနောက်ပိုင်းဆစ်ဒနီမှာ broadband တပ်ဆင်မှုကို သူတို့တစ်တွေကလည်း ထောက်ခံကြပါတယ် ” ဟု ဟျူးစစ်က Blacktown Sun သတင်းစာသို့ ပြောကြားသည်။
သြစတေးလျတွင် မွတ်စ်လင်မ်အသိုင်းအ၀ိုင်းရှိနေသည်မှာ နှစ်ပေါင်း ၂၀၀ ကျော်နေပြီဖြစ်ပြီး နိုင်ငံ့လူဦးရေ သန်း၂၀ ၌ ၁.၇ ရာခိုင်နှုန်း ပါဝင်နေသည်။ သြစတေးလျနိုင်ငံတွင် ခရစ်ယာန်ဘာသာ၏ နောက် အစ္စလာမ်သည် ဒုတိယအကြီးမားဆုံး သာသနာဖြစ်သည်။
Ref: OnIslam