Tuesday, June 2, 2015

ဒုအာတောင်းရာတွင် ----

အကြင်သူက အလ္လာဟ်အရှင်မြတ်အား အဘယ်သို့ ထင်မြင်ထားသနည်း။ ထိုထင်မြင်ချက်အတိုင်းပင် အလ္လာဟ်အရှင်မြတ်ကလည်း ၄င်းသူကို ဆက်ဆံတော်မူမည်ဟု ဟဒီးစ်တော်များတွင် လာရှိထားသည်။

ဆိုလိုသည်မှာ လူသားအနေဖြင့် တောင်းဆုဒုအာပြုသည့်အချိန် အလ္လာဟ်အရှင်မြတ်က မိမိ၏ဒုအာကို လက်ခံမည်ဟု ထင်မြင်ထားလျှင် အလ္လာဟ်အရှင်မြတ်ကလည်း ထိုသူ၏ဒုအာကို လက်ခံမည်။ ဤသို့မဟုတ်ဘဲ လက်မခံနိုင်ဘူးဟု ထင်မြင်လျှင် အလ္လာဟ်ကလည်း ၄င်း၏ထင်မြင်ချက်အတိုင်း လက်ခံမည်မဟုတ်ပေ။

ထို့ကြောင်း တောင်းဆုပြုသည့်အခါ အလ္လာဟ်အရှင်မြတ်က မိမိဆုတောင်းကို မုချလက်ခံမည်ဟု ယုံကြည့်အပြည့်အဝရှိနေရမည်။ ဤသည်လည်း တောင်းဆုများ လက်ခံခြင်းခံရရန် အကြောင်းခံတစ်ခုဖြစ်၏။

တောင်းဆုပြုသည့်အခါ ပြစ်မှုမြောက်သည့် အကြောင်းကိစ္စများကို တောင်းခံခြင်းမပြုရပါ။ ထိုသို့သောအရာများ တောင်းခံခြင်းသည်လည်း ပြစ်မှုကျူးလွန်ခြင်းတစ်မျိုးပင် ဖြစ်၏။

မိမိတောင်းခံလိုက်သည့် တောင်းဆုကို အလ္လာဟ်အရှင်မြတ်က မုချလက်ခံမည်ဟု ယုံကြည်လျက် တောင်းဆုပြု၍ ပြစ်မှုများမှ ဝန်ခံပြီး နောက်နောင်တွင် ထို့သို့ကျူးလွန်မိခြင်းမှ အလ္လာဟ်အရှင်မြတ်မှ ထိန်းသိမ်းပေးရန်အတွက်ပါ ထည့်သွင်းဆုတောင်းရပါမည်။

~ အလ်မုဖီးဒ် ~
ဟစ်ဂ်ျရီ ၁၄၃၆/ ရှအ်ဗာန်/ ၁၅/ ယောင်မုလ်အရ်ဗာအ်