Tuesday, July 8, 2014

ရိုဇာဟ်နှင့်သက်ဆိုင်သည့် မတ်စ်အလာများနှင့် အမေးအဖြေများ (၂)


(၂၆) ဓမ္မသတ် အမေး/အဖြေ 
အမေး။ ရိုဇဟ်ရှိနေချိန်တွင် လက်ဖြင့် မနီသုက်ရည်ထုတ်ခြင်းဖြင့် ရိုဇဟ်ပျက်ပါသလား။ 
အဖြေ။ လက်ဖြင့် မနီသုက်ရည်ထုတ်ခြင်းဖြင့် ရိုဇဟ်ပျက်သွားသည်။ ကဇွာဖြည့်ရန် တာဝန်ရှိသည်။ ဤသို့ပြုလုပ်ခြင်းသည် အလွန်ဆိုးရွားပြီး လအ်နသ်ကျမည့် လုပ်ရပ်ဖြစ်သည်ကို သတိပြုအပ်သည်။ (ဖသာဝါဒါရုလ်အုလူးမ်ကျမ်း၊တွဲ-၆၊ စာ-၄၁၇) (ရဒ်ဒုလ်မုဟ်သားရ်ကျမ်း၊ တွဲ-၂၊ စာ-၆၁)
(၂၇) မဆ်အလဟ် 
နိဖားစ် (မီးတွင်းသွေးဆင်းနေချိန်)တွင်လည်း နမားဇ်အား ခွင့်လွှတ်ထားသည်။ ပြန်ဖတ်ရန်မလို။ ရိုဇဟ်မှာကား ခွင့်လွှတ်ချက် မရှိ၊ ကဇွာပြန်စောင့်ရမည်။ (ဘဟစ်ရှ်သီးဇေဝရ်တွဲကျမ်း၊တွဲ-၂၊ စာ-၆၁)

(၂၈) မဆ်အလဟ် 
ဖရ်ဇ်နမားဇ်ဝတ်ပြုနေစဉ် ဟိုက်ဇ်(ရာသီသွေး) ဆင်းလာပါက ထိုနမားဇ်၏တာဝန် ခွင့်လွှတ်ခြင်းခံရသည်။ သန့်ပြန့်သွားသည့်အချိန်၌ ထိုနမားဇ်အား ကဇွာပြန်ဖတ်ရန် မလိုတော့ပါ။ သို့သော် စွန္နသ်(သို့မဟုတ်) နဖိလ်နမားဇ်များ ဝတ်ပြုနေစဉ်၌ဖြစ်လျှင် ထိုနမားဇ်အား ကဇွာဖတ်ရမည်။

(၂၉) မဆ်အလဟ် 
ရိုဇဟ်ရှိနေစဉ် ဟိုက်ဇ်(ရာသီသွေး) ဆင်းလာလျှင် ရိုဇဟ်ပျက်သွားမည်။ သန့်ပြန့်ချိန်၌ ပြန်လည်ကဇွာဖြည့်ရမည်။ အကယ်၍ နဖိလ်ရိုဇဟ်ထားစဉ် ဟိုက်ဇ် (ရာသီသွေး) ဆင်းလာလျှင်လည်း ကဇွာဖြည့်ရမည်။ (ဘဟရှ်ဇေဝရ်တွဲကျမ်း၊တွဲ-၂၊ စာ-၅၉)
(၃ဝ) မဆ်အလဟ်
ရမဇာန်လမြတ်၌ ဟိုက်ဇ်(ရာသီသွေး)ဆင်းနေသူအမျိုးသမီးသည် နေ့အချိန်၌ သန့်ပြန့်စင်ကြယ်သွားလျှင် သန့်ပြန့်ပြီးသည့် အချိန်မှစ၍ စားခြင်း၊ သောက်ခြင်းမပြုတော့ဘဲ ရိုဇာထားသူများကဲ့သို့ နေရမည်။ သို့ရာတွင် ထိုနေ့အား ရိုဇာရသောနေ့ ဟူ၍ မသတ်မှတ်ရပါ။ ထိုနေ့၏ရိုဇာအား ကဇွာပြန်ဖြည့်ရမည်။ (ဘဟရှ်ဇေဝရ်တွဲကျမ်း၊တွဲ-၂၊ စာ-၆၁) (ဘဟဝါလာရေရှရဟ်ဝေကာယဟ်ကျမ်း တွဲ-၁ စာ-၃၁၆)

(၃၁) မဆ်အလဟ်
ညသန့်ပြန့်သွားခဲ့လျှင် ညအချိန်၌ ရေမချိုးဖြစ်ခဲ့လျှင်လည်း ရိုဇာစောင့်ထိန်းရမည်။ နံနက်အချိန်၌ ရေချိုးလိုက်ရမည်။ အကယ်၍ နံနက်အချိန်ရောက်မှ (စဟ်ရီချိန်ကုန်ဆုံးပြီးမှ) သန့်ပြန့်သွားခြင်းဖြစ်လျှင် သန့်သည့်အချိန်မှ စ၍ ရိုဇဟ်၏နိယသ် ပြုခြင်းမပိုင်။ သို့ရာတွင် တစ်နေ့တာလုံး ရိုဇာထားသူများ ကဲ့သို့နေရမည်။ စားခြင်း၊ သောက်ခြင်းများမပြုရတော့ပါ။ ထိုနေ့၏ ရိုဇဟ်အား ကဇွာဖြည့်ရမည်။ (ဘဟရှ်ဇေဝရ်တွဲကျမ်း၊တွဲ-၃၊ စာ-၇ဝ)

(၃၂) ဓမ္မသတ် အမေး/အဖြေ
အမေး။ ကိုယ်ဝန်ဖြစ်တည်စကာလတွင် ကိုယ်ဝန်ဆောင်သူမ၏တန်ဆာတွင် ဆရာဝန်မ (သို့မဟုတ်)သားဖွားဆရာမများသည် လက်အိပ်စွပ်၍လည်းကောင်း တစ်ခါတရံ လက်အိတ်ပင်မစွပ်ဘဲသော် လည်းကောင်း လက်ချောင်းကလေးများဖြင့် နှိုက်၍ စမ်းသပ်ကြည့်ရှုတတ်ကြသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီး၏ရိုဇဟ် မည်သို့ဖြစ်မည်နည်း။ 

အဖြေ။ လက်နှိုက်၍ စစ်ဆေးစမ်းသပ်သူ ဆရာဝန်မ၊ (သို့မဟုတ်) သားဖွားဆရာမသည် ခြောက်သွေ့သော လက်အိပ်ကိုစွပ်၍ စမ်းသပ်ခြင်းဖြစ်လျှင်၊ ခြောက်သွေ့သောလက်ဖြင့် နှိုက်၍စမ်းသပ်ခြင်းဖြစ်လျှင် ရိုဇဟ်မပျက်ပါ။ အကယ်၍ အရည်/ ရေစိုနေသောလက်အိတ်(သို့မဟုတ်) အရည်/ ရေစိုနေသောလက်ဖြင့် စမ်းသပ်ခြင်းဖြစ်ပါက ရိုဇဟ်ပျက်သွားမည်။ (ဒုရ်ရေမုခ်သားရ်ကျမ်း)

(၃၃) မဆ်အလဟ်
ကိုယ်ဝန်ဆောင်အမျိုးသမီးသည် (ရိုဇဟ်စောင့်လျှင်) မိမိ (သို့မဟုတ်) ရင်သွေးဒုက္ခဖြစ်စေမည်ဟု ယူဆရလျှင် ရိုဇာမစောင့်ထိန်းဘဲ နေခွင့်ရှိသည်။ ကဇွာပြန်စောင့်ရမည်။ (အာလမ်ဂီရီကျမ်း၊ တွဲ-၂ စာ-၃၃) (ကိသာဘုစ်စောင်မ်)

(၃၄) မဆ်အလဟ် ကိုယ်ဝန်ဆောင်သူ အမျိုးသမီးသည် မိမိ (သို့မဟုတ်) မိမိရင်သွေး၏ အသက်အန္တရာယ်ဖြစ်မည်ကို စိုးရိမ်ရလျှင် ရိုဇဟ်ဖျက်ခြင်း ပိုင်သည်။ (ဘဟရှ်ဇေဝရ်တွဲကျမ်း၊တွဲ-၃၊ စာ-၁၇)

(၃၅) ဓမ္မသတ် အမေး/အဖြေ
အမေး။ နို့တိုက်ကျွေးခြင်းဖြင့် ရိုဇဟ် (သို့မဟုတ်) ဝုဇူပျက်သွားပါသလား။ 

အဖြေ။ ရိုဇဟ် နှင့် ဝုဇူ မပျက်ပါ။ (ဖသာဝါဒါရုလ်အုလူးမ်ကျမ်း၊တွဲ-၆၊ စာ-၄ဝ၈) (ဘဟဝါလာရေ ရဒ်ဒွလ်မိုဟ်သားရ်ကျမ်း၊ တွဲ-၂၊ စာ-၁၁ဝ)

(၃၆) ဓမ္မသတ် အမေး/အဖြေ
အမေး။ အမျိုးသမီးများအဖို့ ရိုဇဟ်ထားနေစဉ် နှုတ်ခမ်းနီဆိုးမိခြင်းဖြင့် ရိုဇဟ်၌ ထိခိုက်မှုရှိပါသလား။ 

အဖြေ။ ပါးးစပ်အတွင်းသို့ ဝင်ရောက်နိုင်သည်ဟု သံသယ ရှိပါက မက္ကရူဟ်ဖြစ်သည်။ (အဟ်စနုလ်ဖသာဝါကျမ်း၊ တွဲ-၄၊ စာ-၄၂၄) 

(၃၇) ဓမ္မသတ် အမေး/အဖြေ 
မေး။ လူတစ်ဦးသည် ရိုဇဟ်ထားပြီးမှ မကျမ်းမမာဖြစ်ပြီး အသက်အန္တရာယ်အထိ စိုးရိမ်ရမှုမရှိသော်လည်း အခြေအနေဆိုးနေသည်။ ထိုအခြေအနေ၌ ဆရာဝန်က ဆေးတိုက်ကျွေးသဖြင့် သောက်လိုက်လျှင် အပြစ်ထိုက်ပါသလား။ ကဇွာဝါဂျစ်ဗ် ဖြစ်မည်လား။ (သို့မဟုတ်) ကဖ္ဖာရဟ် ထိုက်မည်လား။ 

ဖြေ။ ရောဂါပြင်းထန်လျှင် (သို့မဟုတ်) အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ထင်မြင်ယူဆချက် အလေးသာနေလျှင် ရိုဇာဖျက်ခြင်း ပိုင်သည်။ ကဇွာသာလျှင် ဝါဂျစ်ဗ်ဖြစ်ပြီး ကဖွာရဟ် မထိုက်ပါ။ သို့သော် ဆေးထိုးခြင်းဖြင့် ကုသနိုင်ပါက ရိုဇဟ်မဖျက်ပိုင်ပါ။ (အဟ်စနုလ်ဖသာဝါကျမ်း၊ တွဲ-၄၊ စာ-၄၂၂)

(၃၇) ဓမ္မသတ် အမေး/အဖြေ 
မေး။ ယခုခေတ်၌ နှာစေးခြင်း၊ နှာရည်ယိုခြင်းများအတွက် ဆေးစားခြင်း၊ ဆေးသောက်ခြင်း မပြုကြတော့ဘဲ ရှုရှိုက်ရုံဖြင့် ယင်းဆေး၏စူးရှမှုသည် ဦးနှောက်သို့တိုင် ရောက်ရှိပြီး နှာစေးခြင်းလည်း ပျောက်ကင်းသွားတတ်သည်။ ရိုဇဟ်ထားသည့်အချိန်၌ ဤသို့ရှူဆေး ရှုရှိုက်မိလျှင် ရိုဇဟ်၌ထိခိုက်ပါသလား။ 

ဖြေ။ ရိုဇာထားသည့်အချိန်၌ ဆေးအသုံးပြုခြင်းသည် ဆင်ခြင်ရမည့် ကိစ္စဖြစ်သည်။ အကယ်၍ ၎င်းရှူဆေး၌ အမှုန့်များ မပါဝင်လျှင် ရိုဖဟ်မပျက်ပါ။ ဥပမာ-အမွှေးအကြိုင်၊ ရေမွှေးများ(သို့မဟုတ်)ပန်းများ စသည်တို့ရှူရှိုက်ခြင်းဖြင့် ရိုဇဟ်မပျက်သကဲ့သို့ပင်ဖြစ်သည်။ (ရဒ်ဒုလ်မုဟ်သားရ်ကျမ်း)

(၃၈) ဓမ္မသတ် အမေး/အဖြေ 
မေး။ လူတစ်ဦးသည် လိပ်ခေါင်းရောဂါ ဝေဒနာခံစားနေရပြီး ကျင်ကြီးစွန့်သည့်အခါ လိပ်ခေါင်းသည် အပြင်သို့ထွက်လာတတ်ပြီး ရေဆေးသန့်စင်ပြီး ဖိပေးမှ အတွင်းသို့ ဝင်သွားလေ့ရှိသည်။ လက်ကိုရေစွတ်၍ အသားပိုကို (သို့မဟုတ်) အသားပိုကို ရေစွတ်၍ ဖိပေးရပါသည်။ ယင်းအသားပိုအား အတွင်းသို့ပြန်သွင်းရာ၌ တစ်ခါတစ်ရံ သွင်း၍ပင်မရဘဲ တစ်ခါတစ်ရံတွင်မူ ဒုက္ခခက်ခဲမှုဖြင့် သွင်းရပါသည်။ တစ်ခါတစ်ရံ ဤသို့ဖိ၍ သွင်းခြင်းကြောင့် သွေးများပင်ထွက်လာတတ်ပါသည်။ မေးလိုသည့်အချက်မှာ ရိုဇဟ်ရှိချိန်၌ ဤသို့ပြုခြင်းကြောင့် ရိုဇဟ်ပျက်နိုင်ပါသလား။ 

ဖြေ။ (၁)။ ဤအခြေအနေမျိုးတွင် ရိုဇဟ်၌ မည်သည့်ထိခိုက်မှုမျှမဖြစ်ပါ။ အဘယ်ကြောင့်ဆိုသော် အသားပို၏ဘေးမှ စအို၏နေရာသို့ ရေရောက်ရုံဖြင့် ရိုဇဟ်မပျက်ပါ။ ခြွင်းချက်ရှိသူဖြစ်စေ၊ မရှိသူဖြစ်စေ ရိုဇဟ်မပျက်ပါ။

ဖြေ။ (၂)။ ရိုဇဟ်ရှိနေချိန်၌ လက်ကိုရေစွတ်၍ လိပ်ခေါင်းအသားပိုကိုဖိခြင်း (သို့မဟုတ်) ဆေးကြောပြီးသည့်ရေဖြင့် အသားပို အားစွတ်စိုစေခြင်း၊ ဖိခြင်းတို့သည် ရိုဇဟ်ကို ပျက်စေသောအရာများ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် အသားပိုအပေါ်၌ စွတ်စို၍ ကျန်ရှိနေသောရေများသည် အသားပိုနှင့် အတူ အတွင်းသို့ ဝင်ရောက်သွားမည်ဖြစ်သော်လည်း ထိုအချက်အား ရှောင်ကြဉ်နိုင်ရန်မှာ လိပ်ခေါင်းရောဂါ ပြင်းထန်စွာခံစားနေရသူများအဖို့ မဖြစ်နိုင်သောကြောင့်ပင်တည်း။
** ဝမ်းဗိုက်အတွင်းသို့ ဝင်ရောက်သွားခြင်းအား ဟန့်တားပိတ်ပင်၍ မရသော အရာများဝင်သွားခြင်းဖြင့် ရိုဇဟ်ကိုမပျက်စေပါ။ ဥပမာ-အာခံတွင်း ပလုတ်ကျင်းပြီးနောက် ကျန်ရစ်နေသေးသော ရေကဲ့သို့ဖြစ်သည်။ လိပ်ခေါင်း၏စွတ်စိုမှုမှာ ထို့ထက်ပို၍ပင် များပြားသေးသည်။ (ဖသာဝါရရှီဒီယဟ်ကာမိလ်ကျမ်း၊ စာ-၃၇၂)
** လိပ်ခေါင်းအသားပိုသည် "မောင်ဒွအေဟုက်နဟ်" အောက်ဘက်၌ ရှိသည်။ စအိုလမ်းကြောင်းမှ ဝင်ရောက်လာသောအရာများသည် ယင်း "မောင်ဒွအေဟုက်နဟ်" အထိ မရောက်သရွေ့ ရိုဇဟ် မပျက်ပါ။ သို့ရာတွင် မောင်ဒွအဟုက်နဟ် ထဲသို့ရောက်ရှိသွားတတ်သော လိပ်ခေါင်းအမျိုးအစားလည်း ရှိတတ်ရာ ထိုအမျိုးအစားဖြစ်လျှင် ရေစွတ်၍တင်လိုက်ခြင်းဖြင့် ရိုဇဟ်ပျက်သွားမည်။ (အဟ်စနုလ်ဖသာဝါကျမ်း၊ တွဲ-၄၊ စာ-၄၃ဝ)