(၄ဝ) ဓမ္မသတ် အမေး/အဖြေ
မေး။ တစ်ရက်တာခရီးအတွက် ရိုဇဟ်အား ကဇွာပြုနိုင်ပါသလား။ သုံးရက်တာခရီးဖြစ်မှသာ ကဇွာပြုနိုင်ပါသလား။
ဖြေ။ (၄၈)မိုင်ဝေးသော ခရီးဖြစ်လျှင် ရိုဇာမထားဘဲ နေခွင့်ရှိ၏ (ကဇွာဖြည့်ရမည်)။ ထို့ထက်နည်းသော ခရီးအတွက် ရိုဇဟ်မထားဘဲနေခွင့်မရှိပါ။ (ဖသာဝါဒါရုလ်အုလူးမ်ကျမ်း၊ တွဲ- ၆၊ စာ-၄၇၃)
(၄၁) မဆ်အလဟ်
အကယ်၍ ခရီး၌(၁၅)ရက်ကြာသည်အထိနေရန် ရည်စူးထားပါက ထိုသူ့အနေဖြင့် ရိုဇဟ်မထားဘဲ နေခြင်းမပိုင်ပါ။ အဘယ်ကြောင့်ဆိုသော် တရားတော်အရ ခရီးသယ် မဖြစ်တော့သောကြောင့်ဖြစ်သည်။ သို့သော်လည်း (၁၅)ရက်ထက်နည်း၍နေရန် ရည်ရွယ်လျှင် ရိုဇဟ်မထားခြင်းပိုင်သည်။ (ကဇွာဖြည့်ရမည်)။ (ဘဟရှ်သီးဇေဝရ်တွဲကျမ်း၊ တွဲ - ၃၊ စာ-၁၉)

မေး။ ရမဇာန်လမြတ်၌ အကြောင်းမဲ့ ရိုဇဟ်မထားဘဲ ပေါ်ပေါ်လွင်လွင်စားသောက်ခြင်းနှင့်စပ်လျဉ်း၍ မည်သို့အမိန့်ရှိပါသနည်း။
ဖြေ။ ဤသို့သောပုဂ္ဂိုလ်များသည် ဖာစိက်များဖြစ်၍ အစ္စလာမ်၏ ဖရပ်ဇ်တာဝန်များကို သေးသိမ်စေသူ ဖြစ်သည်။ ကြီးလေးသော အပြစ်ထိုက်၏။ အရှက်အကြောက်မဲ့သူများဖြစ်၏။ (ဖသာဝါရဟီမီယဟ်ကျမ်း၊ တွဲ-၃၊ စာ-၁၀၄)
(၄၃) ဓမ္မသတ် အမေး/အဖြေ
မေး။ စာမေးပွဲရှိနေသဖြင့် ယင်းစာမေးပွဲ၌ အနှောက်အယှက် တစ်စုံတစ်ရာဖြစ်မည်ကို စိုးရိမ်ရပါလျှင် မည်သို့ပြုရမည်နည်း။ ရိုဇဟ်ထားရမည်လား။ နောက်မှကဇွာဖြည့်ရမည်လား။
ဖြေ။ စာမေးပွဲကြောင့် ရိုဇဟ်မထားဘဲနေခြင်း (သို့မဟုတ်)ရိုဇဟ်ဖျက်လိုက်ခြင်းများ မပြုပိုင်ပါ။ ရိုဇဟ်စောင့်၍စာမေးပွဲဖြေရမည်။ အလ္လာဟ်အရှင်မြတ် ကူညီစောင်မတော်မူလိမ့်မည်။ (ဖသာဝါရဟီမီယဟ်ကျမ်း၊ တွဲ-၂၊ စာ-၃၄)
(၄၄) ဓမ္မသတ် အမေး/အဖြေ
မေး။ လယ်လုပ်ခြင်း (သို့မဟုတ်) ထမင်းဟင်းချက်ပြုတ်ရခြင်း စသော ပင်ပန်းသည့်အလုပ်များ လုပ်ရခြင်းကြောင့် ရိုဇာအားကဇွာပြုပိုင်ပါသလား။
ဖြေ။ ထိုအကြောင်းပြချက်များဖြင့် ရမဇာန်လမြတ်၏ ရိုဇဟ်အားကဇွာလုပ်ခြင်းမပိုင်ပါ။ (ဖသာဝါဒါရုလ်အုလူးမ်ကျမ်း၊တွဲ-၆၊စာ-၄၆၆)
(၄၅) ဓမ္မသတ် အမေး/အဖြေ
မေး။ လူတစ်ဦးသည် ရိုဇဟ်ထားလျက်ရှိနေစဉ် ရေချိုးရန်တာဝန်ထိုက်၍ရေချိုးသည့်အခါ "ဂရ်ဂရဟ်" အာခံတွင်းသို့ ရေရောက်အောင်ဆေးကြောခြင်းမပြု၊ နှာနုသို့ရောက်အောင်လည်း ရေထည့်သွင်းခြင်းမပြုပါက ၎င်း၏ရေချိုးခြင်းပိုင်ပါသလား။ ဤပုံစံဖြင့် ရေချိုးပြီး နမားဇ်ဝတ်ပြုပါက ၎င်း၏ နမားဇ်များပိုင်ပါမည်လား။
ဖြေ။ ရိုဇဟ်ထားရှိနေသူအတွက် ရေချိုးသည့်အခါ အာခံတွင်းထဲနှင့် နှာနုထဲထိရေရောက်အောင် သွင်းရန်အမိန့်မရှိပါ။ ရိုဇဟ်ပျက်သွားမည်ကိုစိုးရိမ်ရသောကြောင့် ဖြစ်သည်။ ဖတ်ခဲ့သော နမားဇ်များ ပိုင်ပါသည်။ ပြန်ဖတ်စရာမလိုပါ။ (ဖသာဝါရဟီမီယဟ်ကျမ်း၊ တွဲ-၅၊ စာ-၁၉၈)
(၄၆) ဓမ္မသတ် အမေး/အဖြေ
မေး။ ရှောင်ဝလ်လ၌ (၆)လုံးရိုဇဟ်အား နဖိလ်အဖြစ်စောင့်လေ့ရှိကြ၏။ ယင်းရိုဇဟ်များအား အီးဒ်ပြီးနောက်တစ်နေ့မှ စထားရမည်လား။ တစ်လအတွင်း မည်သည့်နေ့၌မဆို ထားနိုင်ပါသလား။
ဖြေ။ ဒုရ်ရေမုခ်သားရ်ကျမ်း၌ "၎င်းရိုဇဟ်များအား ရက်ခြား၍ထားခြင်းသည် အကောင်းဆုံးနှင့် မုစ်သဟဗ်ဖြစ်၏။ ရက်မခြားဘဲ ဆက်တိုက်ထားလျှင်လည်း မက္ကရူမဖြစ်ဟုရေးသားထားသည်။ (ဖသာဝါဒါရုလ်အုလူးမ်ကျမ်း၊တွဲ-၆၊စာ-၄၉၁)