Wednesday, July 9, 2014

ရိုဇာနှင့်သက်ဆိုင်သည့် မတ်စ်အလာများနှင့် အမေးအဖြေ (၄)



ရိုဇာဖျက်ခွင့်ရှိသည့်ပုံစံ
(၁) ရုတ်တရက် ရောဂါဝေဒနာဖြစ်ပေါ်လာပြီး ရိုဇဟ်မဖျက်လျှင် အသက်အန္တရာယ်ပင် စိုးရိမ်ရသော အခြေအနေ၌ ရိုဇဟ်ဖျက်ခြင်း အကောင်းဆုံးဖြစ်သည်။ ဥပမာဆိုရသော် ရုတ်တရက်မချိမဆန့်ဗိုက်နာခြင်း၊ (သို့မဟုတ်)မြွေကိုက်ခံလိုက်ရခြင်းကြောင့် ဆေးသောက်ရမည်ဖြစ်ခြင်း စသည့်အခြေအနေတွင် ရိုဇဟ်ဖျက်ခြင်းပိုင်သည်။ အလားတူ ရေငတ်မွတ်ရာ၌ ဘေးအန္တရာယ်ဖြစ်နိုင်သည်အထိ စိုးရိမ်ရလျှင် ရိုဇဟ်ဖျက်ခြင်းပိုင်သည်။ (ဘဟရှ်ဇေဝရ်တွဲကျမ်း၊တွဲ-၃၊ စာ-၁၇) (ဟိဒါယဟ်ကျမ်း၊အတွဲ-၁၊ စာ-၂၀၁) (မရာကီယုလ်ဖလာဟ်ကျမ်း၊ စာ-၂၁၂)

(၂) ကိုယ်ဝန်ဆောင်အမျိုးသမီးသည် မိမိ၏အသက် (သို့မဟုတ်) မိမိကလေး၏ အသက်အန္တရာယ်ရှိသည်အထိ စိုးရိမ်ရလျှင် ရိုဇဟ်ဖျက်ခြင်းပိုင်သည်။ သို့ရာတွင် မိမိကိုယ်တိုင်က (ဤသို့အသက်အန္တရာယ် စိုးရိမ်ရသည်အထိဖြစ်လာမည်ကို သိလျက်နှင့် တမင်ပြုလုပ်ခြင်းဖြစ်လျှင် အပြစ်ထိုက်မည်။ (ဘဟရှ်သီးဇေဝရ်တွဲကျမ်း၊တွဲ-၃၊ စာ-၁၇)

(၄၇) ဓမ္မသတ် အမေး/အဖြေ
မေး။ ဗလီ၌ဝါဖြေခြင်းနှင့်စဟ်ရီစားခြင်းမည်သို့ပါနည်း။

ဖြေ။ ဗလီ၌ဝါဖြေခြင်း၊ စဟ်ရီစားခြင်း ပိုင်သည်။ အကောင်းဆုံးပုံစံမှာ အိအ်သိကာဖ်၏နိယသ်ပြု၍ ဝါဖြေခြင်းဖြစ်သည်။ သို့သော် ဗလီ၌ညစ်ပေမှုများ၊ ဆူညံမှုများမဖြစ်စေရ။ (ဖသာဝါမဟ်မူဒီယဟ် အတွဲ-၁၊ စာ-၅၀-၈)

(၄၈) ဓမ္မသတ် အမေး/အဖြေ
မေး။ မုအဇ်ဇင်န်သည် နေမဝင်မီ (၇)မိနစ်ခန့်စော၍ အဇာန်ဆိုလိုက်ရာ ကျွန်ုပ်က၎င်း၏အဇန်ဆိုခြင်း အပေါ်ဝါဖြေလိုက်မိသည်။ သို့ရှိရာ ကျွန်ုပ်၏ရိုဇဟ်ပိုင်ပါသလား။

ဖြေ။ ရိုဇဟ်မပိုင်ပါ။ အသင်သည် ထိုအဇာန်အား အချိန်မှန်ဆိုခြင်းဟု စိတ်ချယုံကြည်မှုအပြည့်ဖြင့် ဝါဖြေလိုက်ခြင်းဖြစ်မူ ကဇွာဖြည့်ရန် ဝါဂျစ်ဗ်ဖြစ်၏။ (အချိန်မှန်ဆိုခြင်း ဟုတ်/ မဟုတ်) သံသယရှိနေလျက်ဝါဖြေခြင်းဖြစ်ပါက ကဖွာရဟ်ထိုက်မည်။ (အဟ်စနုလ်ဖသာဝါကျမ်း၊ အတွဲ-၁၊ စာ-၃၈၁)

(၄၉) မဆ်အလဟ်
စွန်ပလွန်သီးနှင့် စွန်ပလွန်အခြောက်များဖြင့် ဝါဖြေခြင်းသည် အမြတ်ဆုံးဖြစ်သည်။ အကယ်၍ အခြားသောအရာများဖြင့် ဝါဖြေလျှင်လည်းမက္ကရူဟ်မဖြစ်ပါ။ (ဂျဝါဟိရလ်ဖိကဟ်ကျမ်း၊ အတွဲ-၁၊ စာ-၃၈၁)

(၅ဝ) မဆ်အလဟ်
စွန်ပလွန်သီးအစိုနှင့် စွန်ပလွန်သီးအခြောက်များဖြင့် ဝါဖြေခြင်းပို၍မြတ်သည်။ (ဖသာဝါဒါရလ်အုလူမ်ကျမ်း၊ အတွဲ-၆၊ စာ-၄၉၄)

(၅၁) မဆ်အလဟ်
ရိုဇဟ်စောင့်ထိန်းသူအတွက် ဝါဖြေချိန်၌ ဒိုအာတောင်းခံခြင်းကို ခွင့်ပြုထားသည်။ ယင်းဒိုအာအား လက်ခံတော်မူမည်ဟူသော သီးသန့်ကတိလည်းပြုထားတော်မူသည်။(ဟာကင်ကျမ်း) (ဗဟရှ်တီးဇေဝရ်ကျမ်း၊ အတွဲ-၃၊ စာ-၇၁)

(၅၂) ဓမ္မသတ် အမေး/အဖြေ
မေး။ (မုအဇ်ဇင်န်သည်) ရမ်ဇာန်လမြတ်၌ ဝါဖြေပြီးမည်မျှ အကြာတွင် အဇာန်ဆိုရပါမည်နည်း။

ဖြေ။ နေဝင်ပြီးနောက် ဝါဖြေ၍လည်းအဇာန်ဆိုနိုင်သည်။ (ဂျမာအသ်တစ်ခုလုံးသည်) ဝါဖြေခြင်းကြောင့် ငါးမိနစ်၊ ခုနစ်မိနစ်မျှ နောက်ကျ၍ ဂျမာအသ်ရပ်နိုင်သည်။ (ဖသာဝါရဟီမီယဟ်ကျမ်း၊အတွဲ-၂၊ စာ-၃၈)

ဤတွင်ရိုဇဟ်ဥပုသ်ဆိုင်ရာ ဓမ္မသတ် အမေး/ အဖြေများ ပြီးဆုံးပြီဖြစ်ပါသည်။


ရမဇာန်လမြတ်အထူးထုတ် အလ်မီဇားန်စာစောင်မှ ပြန်လည်ကောက်နှုတ်တင်ပြသည်။

အလ်မုဖီးဒ်
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။