Monday, February 24, 2014

ဗိုက်အောင့်ခြင်းနှင့် အစာမကြေခြင်းအား ကုစားရန်နည်းလမ်း

ကိသာဗွလ်သွစ်ဗ်ကျမ်းစာအုပ်တွင် အဗူနအီးမ်သခင်က ဟဇရသ်အဗူဟိုရိုင်ရဟ် သခင်ထံမှ ဆင့်ပြန်ခဲ့သည်။ ၎င်းသခင်ကပြောဆိုသည်မှာ ကျွန်ုပ်သည် ဗိုက်အောင့်ဝေဒနာကြောင့် ဗလီထဲတွင် လဲလျောင်းနေခဲ့သည်။ တမန်တော်မြတ်(ဆွ) ကြွလာတော်မူပြီး "အသင် ဝေဒနာခံစားနေရသလား" ဟုမေးမြန်းတော်မူသည်။ ကျွန်ုပ်က "အို--ကိုယ်တော်မြတ်၊ ဟုတ်မှန်ပါသည်" ဟုဖြေကြားသောအခါ တမန်တော်မြတ်(ဆွ)က အသင်သည် နမားဇ်ဝတ်ပြုပါလေ။ အဘယ်ကြောင့်ဆိုသော် နမားဇ်တွင် ဝေဒနာပျောက်ကင်းရာ ဆေးရှိပေသည်။
ထို့ပြင် အချို့သောဆင့်ပြန်ချက်များတွင် ဟဇရသ် အာအေရှာဟ်(ရသွေ့)သခင်မထံမှ ဖော်ပြထားသည်မှုာ ဇိကိရ်နှင့် နမားဇ်ဖြင့် အစာကိုကြေညက်အောင် ပြုကြကုန်။ အစာစားပြီးပြီးခြင်း အိပ်စက်ခြင်းမပြုကြနှင့်။ ဤသို့ပြုခြင်းဖြင့် နှလုံးသား၌ ချေးညှော်ကပ်ငြိသွားပေသည်။
ဤဟဒီးစ်တော်မှ အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရ တသမှုနှင့် နမားဇ်တို့သည် ဒီ်းန်နှင့်ဒွန္နယာ
(သာသနာရေးနှင့် လောကီရေး) တို့အတွက် အကျိုးရှိသည်ကို သိရှိရပေသည်။

(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။