Wednesday, February 12, 2014

မုဖီးဒ်ဘားသ်


လောကီနှင့် လောကုတ္တရာ

၁။ အလ္လာဟ်ကိုကြောက်ရွံ့လျှင် ---- လူတို့တွင်ပညာအရှိဆုံးပင်ဖြစ်သည်။

၂။ အားလုံးထက်ပို၍ချမ်းသာကြွယ်ဝသူဖြစ်လိုလျှင် ---- တင်းတိမ်ရောင့်ရဲလော့။

၃။ တရားအမျှတဆုံးသောသူဖြစ်လိုလျှင် ---- မိမိနှစ်သက်သည်ကို သူတစ်ပါးအဖို့ နှစ်သက်လော့။

၎။ အမွန်မြတ်ဆုံးသောသူမှာ ---- လူတို့အားအကျိုးပြုဆုံးသောသူ။

၅။ အလ္လာဟ်၏အထူးရွေးချယ်ခံရသူဖြစ်လိုလျှင် ---- အလ္လာဟ်အရှင်မြတ်အားများစွာတသ သတိရလော့။

၆။ အကောင်းဆုံးဝတ်ပြုသူဖြစ်လိုလျှင် ---- အရှင်မြတ်အားဖူးမြင်နေဘိသကဲ့သို့ ဝတ်ပြုလော့။

၇။ အီမာန်ယုံကြည်မှုပြည့်စုံစေရန် ---- စာရိတ္တကောင်းမွန်အောင်ပြုပြင်လော့။

၈။ အမိန့်နာခံသူဖြစ်လိုလျှင် ---- တာဝန်များကို ကျေပွန်စွာဆောင်ရွက်ကုန်။

၉။ အလ္လာဟ်နှင့် တွေ့သည့်အချိန်တွင် အပြစ်ဒုစရိုက်မှကင်းသူအဖြစ်တွေ့လိုလျှင် ---- မေထုံမှီဝဲပြီးနောက် သန့်ရှင်းအောင်ရေချိုးလော့။

၁၀။ ကိယာမသ်နေ့တွင် နူးရ် လင်းရောင်ခြည်နှင့်ထလိုလျှင် ---- မည်သူ့အပေါ်မျှမတရားမပြုလေနှင့်။

၁၁။ သနားကြင်နာစေလိုလျှင် ---- မိမိကိုယ်ကိုသနားလော့။ အဖန်ဆင်းခံများကိုသနားလော့။

၁၂။ မကျေနပ်မှုမှလုံခြုံစွာနေလိုသော် ---- မည်သူတစ်ဦးတစ်ယောက်အပေါ် မတရားသဖြင့်အမျက်မထွက်လေနှင့်။

၁၃။ ဆုဒိုအာကိုပြည့်ဝလိုသော ---- ဟရာမ်ဟု တားမြစ်ထားသောအရာများမှရှောင်ပါ။

၁၄။ လူအပေါင်းရှေ့မှောက်အရှက်မကွဲလိုသော် ---- မိမိအရှက်အင်္ဂါကိုထိန်းသိမ်းလော့။

၁၅။ အလ္လာဟ်အရှင်မြတ်မှ အပြစ်များကိုဖုံးအုပ်ပေးတော်မူသည်ကို ခံယူလိုလျှင် ---- မိမိညီအစ်ကို (ဝါ) သူတစ်ပါးတို့၏ အပြစ်ကိုဖုံးအုပ်လော့။
အိုအရှင် ရေးသူ၊ ဖတ်သူအားလုံးကို လိုက်နာနိုင်သော သောဝ်ဖီးက်ပေးသနားတော်မူပါ။

(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။