Tuesday, November 5, 2013

မည်သည့်ရေသည် အကောင်းဆုံးဖြစ်သနည်း

ဗိစ်မိလ္လာဟိရ်ရဟ်မားန်နိရ်ရဟီးမ်

မည်သည့်ရေသည် အကောင်းဆုံးဖြစ်သနည်း

နံပါတ်တစ် အကောင်းဆုံးရေမှာ မိုးရေဖြစ်သည်။ ၎င်းနောက်တွင် စီးတွေနေသောရေဖြစ်သည်။ ၎င်းသည်အရှေ့ဖက်မှ အနောက်ဖက်သို့ (သို့မဟုတ်) အနောက်ဖက်မှ အရှေ့ဖက်သို့ (သို့မဟုတ်) တောင်ဘက်မှ မြောက်ဘက်သို့ (သို့မဟုတ်) မြောက်ဘက်မှ တောင်ဘက်သို့ စီးတွေနေသောရေဖြစ်သည်။ ၎င်းရေများမှလွဲ၍ အခြားသောရေများသည်လည်း အကျိုးရှိပေသည်။ အကျယ်ကို သိလိုပါက ဆေးကျမ်းများတွင် ကြည့်ရှုနိုင်သည်။ သို့သော် တွင်းရေနှင့် ချောင်းရေကို ရော၍သောက်ခြင်းမှာ မကောင်းပေ။ ဤသို့သောက်ခြင်းဖြင့် ဆိုးရွားသောရောဂါများပေါ်ပေါက်လာမည်ကို စိုးရိမ်ရပေသည်။

အကျိုးကျေးဇူး

စဖရွစ်စအာဒသ်ကျမ်းတွင် ရေးသားထားသည်မှာ ကိုယ်တော်မြတ်(ဆွ)က အမိန့်ရှိသည်။ ညအချိန်တွင် ပန်းကန်များနှင့် ရေအိပ်(အိုး၊ ခွက်)များကို ဖုံးထားကြကုန်။ အဘယ်ကြောင့်ဆိုသော် တစ်နှစ်လုံးတွင် ရောဂါဘေးဘယများကျရောက်သောည တစ်ညရှိလေသည်။ ထိုညတွင် ဖုံးအုပ်ထားခြင်းမရှိသော ပန်းကန်ခွက်ယောက်များတွင် ထိုရောဂါများကျရောက်လေသည်။

တစ်ခါတရံ ကိုယ်တော်မြတ်(ဆွ)သည် နို့၌ရေရော၍သုံးဆောင်လေ့ရှိသည်။ ထိုသို့ပြုရခြင်း၏အကြောင်းခံမှာ လတ်ဆတ်သောနို့တွင် အပူဓါတ်တစ်မျိုးပါဝင်သောကြောင့် ရေရောလိုက်သဖြင့် မျှတသွားသည်။ ထိုနည်းတူပင် ပျားရည်တွင် ရေအေးအေးကိုရော၍ သောက်သုံးလေ့ရှိတော်မူသည်။ သို့မှသာ အပူ၊ အအေး ညီမျှသွားမည်။ ထို့ပြင် စွန်ပလွံသီးကို တစ်ည(သို့မဟုတ်) နှစ်ည ရေတွင်စိမ်၍ တစ်ဖန်၎င်းအရည်ကို အရေကြည်ခံ၍ သောက်သုံးတော်မူလေ့ရှိခဲ့သည်။

သိမှတ်ဖွယ်ရာ

အစ္စလာမ်သာသနာ့ပညာရှင်များက ရေးသားထားကြသည်မှာ စွန်ပလွံစိမ်ရေကို သောက်ခြင်းဖြင့် ကာမအားအပြင် နှလုံးနှင့်ဦးနှောက်တို့ကို အားဖြစ်စေရန်အတွက် အလွန်အကျိုးရှိပေသည်။ သို့သော် အပျော်အပါးအတွက် စွန်ပလွံစိမ်ရည်အားသောက်ခြင်း သုံးစွဲခြင်း ဖြစ်လျှင် ဟရာမ်ဖြစ်သည်။ အကယ်၍ အိဗာဒသ်ခဝပ်မှုပြုရာတွင် အင်အားရှိစေရန်အတွက် ရံဖန်ရံခါ သောက်သုံးပါက သောက်သုံးနိုင်ပေသည်။
(စွန်ပလွံစိမ်ရည်ဟုဆိုရာတွင် အချဉ်မဖောက်သေးသော်၊ အချိုဓာတ်ရှိနေသည့်အရည်ကို ဆိုလိုသည်။ အချဉ်ဖောက်သည်အထိရောက်လျှင် မူးစေသည့်ဓာတ်ပါဝင်လာသည့်အတွက် မသောက်ရပါ။)

(သွစ်ဗ်ဗေနဗဝီ)

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။